အခန်း (၂၅၅-၂၅၆)
Vol. 13 Ch. 255-256
အပိုင်း(၂၅၅) ဆုန့်ဝမ်၏ နှလုံးသား ပုံအပ်ခြင်းနှင့် အကောင်းဆုံးသော အမမေ
ဆုန့်ဝမ်က "သူတို့ ဒီမှာပဲ ဆက်နေချင်ကြတယ်တဲ့" ဟု ပြောလိုက်သည်။
တုံယန်ကလည်း "ဒါကတော့ သေချာတာပေါ့... တို့ဆီမှာက စားစရာသောက်စရာလည်း ရှိတယ်... အခြေစိုက်စခန်း ဆောက်လုပ်ပြီးသွားရင် ကုန်တိုက်တွေ... အပန်းဖြေစရာတွေလည်း ရှိလာမှာဆိုတော့ ဘယ်သူက ပြန်ချင်တော့မှာလဲ" ဟု ဝင်ပြောလေသည်။
ရန်မေက သက်ပြင်းချရင်း "ငါတို့ဆီက ကုန်တိုက်ကြီး ဆောက်ပြီးသွားရင် ထိုက်ယန်တောင်ရဲ့ ဗဟိုချက်မ ဖြစ်လာလောက်တယ်" ဟု မှတ်ချက်ပြုသည်။
"အဲ့ဒီအချိန်ကျရင် တခြား ခိုလှုံရေးစခန်းကလူတွေ သူတို့နေရာ ပြန်သွားကြရင်တောင်... စားသောက်ကုန် ဝယ်ယူဖို့အတွက် ငါတို့ဆီကိုပဲ မကြာခဏ လာကြရမှာ"
လင်းယွမ်က ပြုံးလိုက်ပြီး "လိုချင်တာကလည်း အဲ့ဒီရလဒ်ပဲလေ... မဟုတ်ရင် ကုန်တိုက်ဆောက်ပြီးတော့ ငါတို့လူတွေကြီးပဲ ဝယ်သုံးနေရမှာလား" ဟု ပြောလိုက်သည်။
ဆုန့်ဝမ်က စဉ်းစားခန်းဝင်ကာ "ဒါဆို တို့နေရာက အချက်အချာကျတဲ့ နေရာဖြစ်လာပြီပေါ့... ရေမကြီးခင်တုန်းကလိုဆိုရင် ဒီနားက အိမ်ခြံမြေဈေးတွေ တက်လာတော့မှာလား" ဟု မေးလိုက်သည်။
လင်းယွမ်က ရယ်မောလိုက်ပြီး "တောင်ကြားထဲက လူနေအိမ်ရာတွေနဲ့ မြေကွက်တွေ အကုန်လုံးက ငါတို့ပိုင်တာလေ... ဒီအချိန်ကျရင် မီးဝါးတော အပြင်ဘက်မှာ နေရာရှာနေသူတွေ... အိမ်ဆောက်ချင်သူတွေ အများကြီး ရှိလာမှာပါ" ဟု ရှင်းပြသည်။
မိန်းကလေး သုံးယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး တုံယန်က "ဒါဆို ကျွန်မတို့နေရာက တကယ်ကြီး ဖွံ့ဖြိုးတိုးတက်လာတော့မှာပေါ့နော်" ဟု အံ့သြတကြီး ပြောလေသည်။
ရန်မေက "ဒါက မလွဲမသွေ ဖြစ်လာမယ့် ကိစ္စပဲ... ငါတို့တောင်ကြားက တောင်နံရံတွေ ကာရံထားတော့ လုံခြုံရေးလည်း ကောင်းတယ်... အစွမ်းပိုင်ရှင်တွေလည်း အများကြီး တပ်စွဲထားတာလေ"
"ကုန်တိုက်ကြီးသာ ဖွင့်လှစ်လိုက်ရင်... ငွေသုံးစရာ နေရာတွေ အများကြီးရှိလာပြီး လူတွေလည်း အများကြီး ရောက်လာကြမှာ"
"ဒီနေရာ စည်ကားလာဖို့က အချိန်မရွေး ဖြစ်လာနိုင်တယ်" ဟု သုံးသပ်ပြသည်။
လင်းယွမ်က "ဒီကိစ္စက ကျိန်းသေပေါက် ဖြစ်လာမှာပါ... သံသယဖြစ်စရာ မလိုဘူး... ဒါပေမဲ့ နင်တို့ စိတ်ချပါ... ငါတို့ခိုလှုံရေးစခန်းက လူတွေအတွက် မီးဝါးတော ဘက်မှာ နေစရာလိုဏ်ဂူတွေ တူးဖော်ပြီးသားပါ... နေစရာမရှိမှာ ပူစရာမလိုဘူး" ဟု ပြောလိုက်သည်။
အားလုံးက ရယ်မောလိုက်ကြပြီး ထမင်းစားရင်း အနာဂတ် ထိုက်ယန်တောင်၏ ပုံရိပ်ကို ဆွေးနွေးနေကြတော့သည်။
လူတိုင်း၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်နှင့် စောင့်စားခြင်းများ ပြည့်နှက်နေ၏။
ညစာစားပြီးနောက် ဆုန့်ဝမ်က ပန်းကန်ဆေးရန် ထလိုက်သော်လည်း ရန်မေက သူမကို တားလိုက်သည်။
"ဝမ်ဝမ်... ဒီနေ့ နင် ဘာမှ မလုပ်နဲ့... ငါနဲ့ ယန်ယန်ပဲ လုပ်လိုက်မယ်... နင် လင်းယွမ်နဲ့ ခဏ နားနေလိုက်"
"ရှင်" ဆုန့်ဝမ်မှာ ဘာမှန်းမသိဘဲ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
လင်းယွမ်ကတော့ တစ်စုံတစ်ခုကို ရိပ်မိလိုက်သကဲ့သို့ ရန်မေကို လှမ်းကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှား ဝမ်းနည်းမှု အရိပ်အယောင်တချို့ကို မြင်လိုက်ရသည်။
ရန်မေက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး နူးညံ့စွာ ပြုံးပြလိုက်သည်။
ထို့နောက် ဘာမှနားမလည်သေးသော တုံယန်ကို ဆွဲခေါ်ကာ ပန်းကန်ဆေးရန် ခေါ်သွားလေသည်။ အလုပ်ပြီးသွားသောအခါ အိမ်ကိုပါ သန့်ရှင်းရေး လုပ်လိုက်ပြီး တုံယန်ကို လက်ဆွဲကာ "ယန်ယန်... ငါနဲ့ အမှိုက်သွားပစ်ရအောင်" ဟု ခေါ်ထုတ်သွားပြန်သည်။
"ဟင်... ဪ... အင်း အင်း"
ထို့နောက် သူမတို့နှစ်ဦးသည် လင်းယွမ်နှင့် ဆုန့်ဝမ်ကို နှုတ်ဆက်ကာ အိမ်ထဲမှ ထွက်ခွာသွားကြတော့သည်။
ထိုအချိန်တွင် ဆုန့်ဝမ်သည် ဘယ်လောက်ပဲ နားမလည်ဖြစ်နေပါစေ... အခုချိန်မှာတော့ အခြေအနေကို သဘောပေါက်သွားလေပြီ။ ကျောက်စိမ်းဖြူလို ဝင်းမွတ်နေတဲ့ သူမ၏ ပါးပြင်လေးမှာ သွေးရောင်လွှမ်းသွားတော့သည်။
သူမက လင်းယွမ်ကို ခိုးကြည့်လိုက်ရာ လင်းယွမ်ကလည်း ပြုံးစစ မျက်နှာထားဖြင့် သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ရှက်သွေးဖြာကာ ခေါင်းငုံ့သွားပြီး ဆိုဖာပေါ်တွင် ဒူးနှစ်ဖက်ကို ပိုက်ကာ ကျုံ့ကျုံ့လေး ထိုင်နေမိသည်။
တီဗီ ဖန်သားပြင်ထက်တွင် လင်းယွမ် ကြိုတင်ဒေါင်းလုဒ် ဆွဲထားသော ဖျော်ဖြေရေး အစီအစဉ်တစ်ခု လာနေသည်။
သို့သော် ယခုအချိန်တွင် နှစ်ယောက်စလုံး တီဗီထဲမှ အကြောင်းအရာကို စိတ်မဝင်စားနိုင်ကြတော့ပေ။
တိတ်ဆိတ်နေသော ဧည့်ခန်းထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းနေသကဲ့သို့ နှစ်ယောက်စလုံး အနည်းငယ် ပူအိုက်လာသည်ဟု ခံစားလိုက်ရသည်။
လင်းယွမ်က ထရပ်လိုက်ပြီး ရေတစ်ခွက် ငှဲ့ကာ ဆုန့်ဝမ်ဘေးသို့ လျှောက်သွားပြီး "ရေသောက်မလား" ဟု ကမ်းပေးလိုက်သည်။
ဆုန့်ဝမ်က သူ့ကို မကြည့်ရဲဘဲ ရေခွက်ကို လှမ်းယူကာ ခေါင်းငုံ့လျက် "ကျေးဇူးပါ" ဟု တိုးတိုးလေး ပြောလိုက်သည်။
လင်းယွမ်က ရယ်မောလိုက်ပြီး သူမဘေးတွင် ဝင်ထိုင်ကာ "ဘာလို့ ရုတ်တရက်ကြီး စိမ်းကားသွားရတာလဲ... ငါ့ကို ကျေးဇူးတင်ပါတယ်လို့တောင် ပြောနေတယ်" ဟု စလိုက်သည်။
"ဟင်... ကျွန်မ... ကျွန်မက ဟိုလေ"
ဆုန့်ဝမ်မှာ ပျာပျာသလဲ ဖြစ်သွားပြီး ဘာပြောရမှန်းမသိ ဖြစ်နေရှာသည်။ ဦးနှောက်တစ်ခုလုံး ရပ်တန့်သွားသလိုပင်။
လင်းယွမ်က အနည်းငယ် တိုးကပ်သွားပြီး သူမ၏ သွယ်လျသော ပေါင်တန်ပေါ်သို့ လက်ကို ဖွဖွလေး တင်လိုက်သည်။
ဆုန့်ဝမ်မှာ ဓာတ်လိုက်သွားသလို တုန်တက်သွားပြီး ဒူးနှစ်ဖက်ကို အလိုအလျောက် စေ့ထားလိုက်မိသည်။
သူမသည် ဒီနေ့တွင် ဂျင်းဘောင်းဘီ ကျပ်ကျပ်လေးကို ဝတ်ဆင်ထားရာ လင်းယွမ်၏ လက်ဖဝါး အထိအတွေ့ကို သိသိသာသာ ခံစားနေရသည်။
သူမ၏ မျက်နှာလေးမှာ ချက်ချင်းဆိုသလို နီရဲတက်လာပြီး ရေခွက်ထဲမှ ထွက်နေသော ရေနွေးငွေ့များနှင့် ပေါင်းစပ်လိုက်သောအခါ မီးခိုးငွေ့များ ထွက်နေသော ရေနွေးအိုးလေး တစ်လုံးနှယ် ဖြစ်နေတော့သည်။
လင်းယွမ်က မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။ သူမပုံစံလေးက အသည်းယားစရာ ကောင်းလွန်းနေသည်။
သူက ထပ်မံ၍ တိုးမလာတော့ဘဲ လက်ကို သူမ၏ ပေါင်ပေါ်တွင်သာ တင်ထားလိုက်ပြီး...
"မျက်စိတစ်မှိတ်အတွင်းမှာတင် (၆) လလောက်တောင် ရှိသွားပြီပဲနော်"
"မိန်တုဥယျာဉ်မှာ ငါတို့တွေ ပထမဆုံး စတွေ့ကြတုန်းက အချိန်ကို မှတ်မိသေးလား... အဲ့တုန်းက ဇွန်လလောက်ပဲ ရှိသေးတယ်"
"အခု အောက်တိုဘာလတောင် ရောက်နေပြီ"
"မကြာခင် ဆောင်းတွင်းတောင် ရောက်တော့မယ်" ဟု အတိတ်ကို ပြန်ပြောင်းပြောလိုက်သည်။
လင်းယွမ်၏ စကားများကြောင့် ဆုန့်ဝမ်၏ စိတ်လှုပ်ရှားမှုများလည်း တဖြည်းဖြည်း ပြေလျော့သွားကာ မိန်တုဥယျာဉ်တွင် နေထိုင်ခဲ့စဉ်က ဘဝကို ပြန်လည် မြင်ယောင်လာမိသည်။
သူမက "ဟုတ်တယ်နော်... ကျွန်မ မှတ်မိသေးတယ်... ရေကြီးမှု စဖြစ်ကာစတုန်းက တိုက်ပေါ်မှာ ပထမဆုံးအကြိမ် ဆူပူအုံကြွမှု ဖြစ်တုန်းကလေ... လူတစ်ယောက်က အပေါ်ထပ်ကို ပြေးတက်လာပြီး ကျွန်မအခန်းတံခါးကို အတင်း ထုနှက်နေတာ... ကျွန်မမှာ ကြောက်လွန်းလို့ တံခါးကို ကျောမှီရင်း တစ်ညလုံး မျက်စိမမှိတ်ရဲခဲ့ဘူး" ဟု ပြောပြသည်။
လင်းယွမ်က သူမ၏ နူးညံ့သော လက်ကလေးကို သနားကြင်နာစွာ ဆုပ်ကိုင်လိုက်ပြီး "အဲ့ဒီအချိန်တုန်းက လူတွေအကုန်လုံး လန့်ဖျပ်နေကြတာ... မိန်းကလေး တစ်ယောက်တည်းနဲ့ ဘယ်လိုများ တောင့်ခံခဲ့ပါလိမ့်" ဟု ပြောလိုက်သည်။
ဆုန့်ဝမ်က ပြုံးလိုက်ပြီး သူမ၏ ခန္ဓာကိုယ်လေးက လင်းယွမ်၏ ပခုံးနားသို့ အလိုအလျောက် ယိမ်းယိုင်သွားကာ "ကျွန်မက တိုက်ရိုက်ထုတ်လွှင့်သူဆိုတော့ အိမ်မှာ မုန့်တွေ အများကြီး စုထားမိတာလေ"
"အဲ့ဒီ မုန့်တွေကို အားပြုပြီး (၆) လလောက် တောင့်ခံနိုင်ခဲ့တာ... အဲ့ဒီကာလတွေတုန်းက တံခါးဖွင့်ပြီး အပြင်မထွက်ရဲဘူး... အပြင်ဘက်မှာ နေ့တိုင်းလိုလို လူတွေ အော်ဟစ်သတ်ဖြတ်နေတဲ့ အသံတွေ ကြားနေရတာကိုး"
"ကျွန်မအခန်းတံခါးသော့ကို ဖျက်ပြီး ဝင်ချင်တဲ့လူတွေလည်း ရှိခဲ့တယ်... အဲ့တုန်းက သူတို့ တံခါးလက်ကိုင်ဘုကို မကိုင်နိုင်အောင် မီးနဲ့တောင် ရှို့ခဲ့ရသေးတာ"
"ဒါပေမဲ့ ကျွန်မ ဆက်ပြီး မတောင့်ခံနိုင်တော့မှန်း သိလိုက်ရတယ်... ဖေဖေနဲ့ မေမေဆီ ဖုန်းဆက်တယ်... အရင်က သူငယ်ချင်းတွေဆီ ဖုန်းဆက်တယ်... ဘယ်သူနဲ့မှ အဆက်အသွယ် မရတော့ဘူး"
"ဖေဖေနဲ့ မေမေ ပို့လိုက်တဲ့ နောက်ဆုံး အသံဖိုင်လေးက... စားစရာတွေ များများစုထားဖို့ မှာခဲ့တာ"
"ဒါပေမဲ့ အဲ့ဒီအချိန်မှာ စားစရာတွေက ကုန်ခါနီးနေပြီ... ဗိုက်စာလွန်းလို့ မနေနိုင်တော့တဲ့အဆုံး ဒရုန်းလေးနဲ့ အပြင်ကပစ္စည်းတွေ လိုက်ကောက်ရင်း ကံစမ်းခဲ့ရတာ"
"ရှင်နဲ့ အဒေါ်ကြီးလီ ကျွန်မအခန်းရှေ့ ရောက်လာတဲ့ နေ့အထိပေါ့"
ပြောရင်းဖြင့် သူမ၏ မျက်ဝန်းအိမ်လေးများ နီရဲလာကာ ဝမ်းနည်းမှု အရိပ်အယောင်များ ယှက်သန်းလာသည်။
"လင်းယွမ်အစ်ကိုသာ မရှိခဲ့ရင်... ကျွန်မလည်း အပြင်က သနားစရာကောင်းတဲ့ မိန်းမတွေလိုပဲ ဗိုက်စာတာ မခံနိုင်တော့ဘဲ အခန်းထဲက ထွက်... ပြီးရင် လူယုတ်မာတွေရဲ့ လက်ချက်နဲ့"
သူမ ဆက်မပြောတော့ပေ။ ထိုကဲ့သို့ ဆိုးရွားလှသော နိဂုံးမျိုးကို တွေးကြည့်ရုံမျှဖြင့် ကြောက်လန့်နေမိသည်။
လင်းယွမ်က သူမ၏ ခါးလေးကို ဖွဖွလေး ဖက်လိုက်ပြီး "ပထမဆုံးအကြိမ် နင် အစားအသောက် လာတောင်းတုန်းက ငါ ငြင်းလွှတ်လိုက်တာကို အပြစ်တင်မိလား" ဟု မေးလိုက်သည်။
ဆုန့်ဝမ်က ခေါင်းကို ခါလိုက်ပြီး "ရှင့်ရဲ့ စေတနာကို ကျွန်မ နားလည်ပါတယ်... ကျွန်မကို သနားပြီး အစားအသောက် လှမ်းပေးလိုက်တာထက်စာရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် လမ်းပြပေးခဲ့တာက ပိုပြီး တန်ဖိုးရှိပါတယ်"
"အစ်ကိုလင်းယွမ်ရဲ့ ပြတ်သားတဲ့ သဘောထားသာ မရှိခဲ့ရင် အခုချိန်ထိ အားငယ်တတ်တဲ့ တိုက်ရိုက်ထုတ်လွှင့်သူ ကောင်မလေးတစ်ယောက် အဖြစ်နဲ့ပဲ ရှိနေဦးမှာ"
"အဲ့ဒီလိုသာဆိုရင်... အခုချိန်လောက်ဆို ရုပ်ရည်လေးကို အရင်းပြုပြီး အစားအသောက်လေး တစ်လုပ်တစ်ဇွန်းအတွက် ကိုယ့်ကိုယ်ကိုယ် ရောင်းစားနေရတဲ့ ဘဝ ရောက်နေလောက်ပြီ"
"အခု ပြန်စဉ်းစားကြည့်ရင် အဲ့ဒီလိုဘဝမျိုး ရှင်သန်ရမယ့်အစား သေလိုက်တာကမှ မြတ်ဦးမယ်"
လင်းယွမ်က ရယ်မောလိုက်ပြီး "အဲ့ဒါက နင့်ရဲ့ စိတ်ဓာတ်က မူလကတည်းက ကြံ့ခိုင်နေလို့ပါ"
"ငါ အမြဲတမ်း မှတ်မိနေတာ တစ်ခုရှိတယ်... နင့်ကို ပထမဆုံး စတွေ့တုန်းကလေ... အဲ့တုန်းက နင်က အစားမှားပြီး ဗိုက်တွေနာလို့ ငါ့အခန်းတံခါး လာခေါက်တုန်းကပေါ့... မျက်နှာလေးက ဖြူဖတ်ဖြူရော် ဖြစ်နေတာတောင် လှလွန်းလို့ အံ့သြခဲ့ရတာ"
"အမှန်အတိုင်း ပြောရရင်... အဲ့တုန်းက စိတ်မထိန်းနိုင်ဘဲ အစားအသောက်တွေ ပေးမိတော့မလို့"
ဆုန့်ဝမ်က သူ့ကို မျက်စောင်းလေး ထိုးလိုက်ပြီး "ရှင်ကတော့လေ စကားတွေ တတ်လွန်းတယ်... အမမေကိုရော ဒီလိုပဲ လိမ်ဖမ်းလိုက်တာလား"
လင်းယွမ်က အပြစ်ကင်းစင်သော မျက်နှာထားဖြင့် "ဘယ်ကသာ... ငါက နင်တို့အပေါ် တကယ် စိတ်ရင်းမှန်နဲ့ ဆက်ဆံတာပါ"
"စဉ်းစားကြည့်လေ... ငါသာ တစ်ခုခု လုပ်ချင်တယ်ဆိုရင် အဲ့တုန်းကတည်းက နင့်ကို အပေးအယူ လုပ်လို့ ရနေတာပဲကို"
ဆုန့်ဝမ်သည် နှုတ်ခမ်းလေးကို စေ့ကာ ပြုံးလိုက်မိသည်။
လင်းယွမ်၏ စိတ်နေသဘောထားကို သူမ ကောင်းကောင်းကြီး သိသည်။ သူက မိန်းမလှလေး တွေ့တိုင်း စိတ်ယိုင်တတ်သူမျိုး မဟုတ်ပေ။
ဒီလောက် ကြာမြင့်နေပြီ ဖြစ်သော်လည်း သူ့ဆီမှာ အမမေ တစ်ယောက်တည်းသာ ရှိခဲ့သည်။
တကယ်တမ်းပြောရရင် ခိုလှုံရေးစခန်းထဲမှာ လှပတဲ့ မိန်းကလေးတွေ အများကြီး ရှိသော်လည်း လင်းယွမ်က တခြားသူတွေရှေ့တွင် ဘယ်တုန်းကမှ မျက်နှာသာ ပေးလေ့မရှိသလို အထင်လွဲစရာ ကိစ္စမျိုးလည်း မလုပ်ခဲ့ပေ။
သူမနှင့် သူ့ကြားက ဆက်ဆံရေးကလည်း ရမ္မက်ကြောင့် ဖြစ်လာသည် မဟုတ်ဘဲ မုန်တိုင်းများစွာကို အတူတူ ဖြတ်ကျော်ရင်း သံယောဇဉ် တွယ်လာခဲ့ကြခြင်း ဖြစ်သည်။
သူမ မှတ်မိနေပါသေးသည်။ အမိုးပေါ်တွင် သူမကို အစွမ်းအသုံးပြုနည်း သင်ပေးတုန်းက... မိုးရေတွေစိုပြီး သူမ အဝတ်အစားတွေ ကပ်နေသည့်အခါ သူက ချက်ချင်းဆိုသလို သူ့အင်္ကျီကို ချွတ်ပြီး သူမကို လွှမ်းခြုံပေးခဲ့သည်။
ချန်ဟုန်က သူမကို လိုက်သတ်၍ အလွန်အမင်း အားငယ်နေချိန်တွင်လည်း သူက အပေါ်ထပ်မှ ပြေးဆင်းလာပြီး သူမကို ကယ်တင်ပေးခဲ့သည်။
သူမ ဒဏ်ရာရထားသည်ကို မြင်လိုက်ရချိန်တွင် သူ့မျက်ဝန်းထဲ၌ ပေါ်လာသော ဒေါသနှင့် စိုးရိမ်ပူပန်မှုများကိုလည်း ယခုထိတိုင် မှတ်မိနေဆဲ။
ဒါက ကမ္ဘာပျက်ကပ်ဘေး ဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
ရေမကြီးခင်တုန်းက အမျိုးသားများ သူမကို ကြည့်လျှင် မရိုးသားသော အကြည့်များ ပါဝင်နေတတ်သည်။
ရေကြီးပြီးနောက်ပိုင်းတွင် ထိုအကြည့်များက ပိုမို ရိုင်းစိုင်းလာခဲ့သည်။
သူ တစ်ယောက်တည်းသာ သူမကို စိုးရိမ်ပူပန်သော စိတ်ဖြင့် ကြည့်ခဲ့ဖူးသည်။
သူ့အပေါ် ဘယ်အချိန်ကတည်းက စိတ်ဝင်စားမိလဲဆိုတာ သူမကိုယ်တိုင်လည်း မသိတော့။ ဒီစိတ်ခံစားချက်က သူမကို သူ့အနားသို့ တိုးကပ်သွားစေခဲ့သည်။
တကယ်တမ်းပြောရရင် သူမ သူ့ဆီကနေ အစားအသောက် လုံလောက်အောင် လဲလှယ်ထားပြီးသား ဖြစ်သည်။
ဒါပေမဲ့ နေ့တိုင်းလိုလို ငါးဖမ်းထွက်၊ ဒါမှမဟုတ် ပေါက်စီရောင်းပြီး သူ့အိမ်သို့ ပျော်ပျော်ပါးပါးကြီး သွားရောက် လဲလှယ်လေ့ ရှိသည်။
သူမ စိတ်ထဲတွင်သာ သိသည်။ အဲ့ဒီအချိန်တုန်းက သူမ စားစရာ မလိုတော့ပေမယ့် လင်းယွမ်ကို တွေ့ချင်ရုံ သက်သက်ဖြင့် သွားခဲ့ခြင်း ဖြစ်သည်။
"ဒါဆို ဘာလို့ အပေးအယူ မလုပ်ခဲ့တာလဲ... ကျွန်မရဲ့ဆွဲဆောင်မှုက မလုံလောက်လို့လား" ဆုန့်ဝမ်က နောက်ပြောင်ကာ မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး လက်တစ်ဖက်ဖြင့် အားစိုက်လိုက်ရာ သူမကို ဘေးမှနေ၍ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
ဆုန့်ဝမ်က အာမေဋိတ်သံ တစ်ချက်ပြုလိုက်ပြီး သူ့လည်ပင်းကို အလိုအလျောက် ဖက်တွယ်ထားလိုက်မိသည်။
နှစ်ယောက်သား မျက်နှာချင်းဆိုင်အနေအထားဖြင့် ပူးကပ်လုနီးပါး ဖြစ်သွားကြသည်။
တစ်ယောက်နှင့်တစ်ယောက် နှလုံးခုန်သံကိုပင် ကြားနေရပြီး ဝင်သက်ထွက်သက်များကိုပါ ခံစားနေရသည်။
လင်းယွမ်က သူမ၏ လှပသော မျက်နှာလေးနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားပြီး "ဆုန်တပေါင်... ငါ အခု အပေးအယူ လုပ်ချင်တယ်ဆိုရင်ရော... နောက်ကျသွားပြီလား" ဟု မေးလိုက်သည်။
ဆုန့်ဝမ်၏ ရင်ထဲတွင် ဗြောင်းဆန်သွားပြီး ပါးပြင်နှစ်ဖက်လုံး ရဲခနဲ ဖြစ်သွားသည်။
ဆုန်တပေါင် ဆိုသည်မှာ သူမ တိုက်ရိုက်ထုတ်လွှင့်စဉ်က အသုံးပြုခဲ့သော နာမည်ဝှက် ဖြစ်သည်။
လင်းယွမ်က ဒီလို ရုတ်တရက်ကြီး ခေါ်လိုက်လိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
သူမ စကားမပြန်နိုင်ခင်မှာပင် သူမ၏ နှုတ်ခမ်းနီနီလေး ပိတ်ဆို့ခံလိုက်ရတော့သည်။
အချိန်အတန်ကြာမှ နှုတ်ခမ်းချင်း ခွာလိုက်ကြသည်။
ဆုန့်ဝမ်၏ မျက်ဝန်းများမှာ ရီဝေနေပြီး "အမမေတို့ ပြန်လာကြတော့မှာ" ဟု တိုးတိုးလေး ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "သူတို့ ဒီည ပြန်လာကြမှာ မဟုတ်တော့ဘူး" ဟု ပြောလိုက်သည်။
"ရှင်"
ဆုန့်ဝမ် ကြောင်သွားသည်။ နောက်တစ်ခဏတွင် လင်းယွမ်က ထပ်မံ၍ တိုးကပ်လာပြန်သည်။
သူမက အလျင်အမြန် တားဆီးလိုက်ပြီး "ဟို... ဟိုလေ... ဒီနေရာကြီးမှာတော့ မလုပ်နဲ့"
လင်းယွမ်က သဘောပေါက်လိုက်ပြီး သူမ၏ တင်ပါးလေးကို ပင့်မကာ မတ်တတ်ထရပ်လိုက်သည်။
သူမကလည်း လင်းယွမ်၏ ခါးကို ခြေထောက်နှစ်ဖက်ဖြင့် ချိတ်တွယ်ထားပြီး ရင်ခွင်ထဲတွင် အလိုက်သင့်လေး လိုက်ပါလာသည်။
လင်းယွမ်က သူမ၏ အခန်းဆီသို့ လျှောက်သွားလိုက်သည်။ အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် လင်းယွမ် ခြေလှမ်းများ ရပ်တန့်သွားသည်။
ဆုန့်ဝမ်က သူ့အမူအရာ ထူးခြားနေသည်ကို သတိထားမိလိုက်သဖြင့် ရင်ခွင်ထဲမှ ခေါင်းထောင်ကာ အခန်းထဲသို့ လှမ်းကြည့်လိုက်သည်။
ချက်ချင်းဆိုသလို သူမလည်း အံ့သြမှင်သက်သွားရသည်။
အခန်းထဲတွင် ကုတင်ခင်းနှင့် စောင်များကို အနီရောင် ပြောင်းလဲထားသည်ကို တွေ့လိုက်ရသည်။
ခေါင်းအုံးများကလည်း အနီရောင်ဖြစ်ပြီး အပေါ်တွင် "မင်္ဂလာ" စာလုံးနှစ်ထပ် ပါရှိသည်။
ကုတင်ခေါင်းရင်း နံရံပေါ်တွင်လည်း ဆေးရောင်စုံဖြင့် ရေးဆွဲထားသော အနီရောင် "မင်္ဂလာ" စာလုံးနှစ်ထပ် ရှိနေသည်။
ဘယ်ညာ ဝဲယာတွင်လည်း နှစ်တစ်ရာ ချစ်ခင်ပေါင်းဖက်ခြင်း ၊ ကိစ္စအဝဝ ပြီးပြည့်စုံပါစေ ဟူသော စာတန်းများကို အနုပညာလက်ရာမြောက်စွာ ရေးဆွဲထားသည်။
ကုတင်ခေါင်းရင်းတွင် မြေပဲ၊ စွံပလွံသီး အစရှိသော မင်္ဂလာ အသီးအနှံများကိုပင် သေသေချာချာ ပြင်ဆင်ထားသေးသည်။
လင်းယွမ်မှာ အခန်းတွင်း ပြင်ဆင်ထားမှုများကို ကြည့်ပြီး ကြောင်အမ်းအမ်း ဖြစ်နေသော်လည်း ဆုန့်ဝမ်မှာတော့ ပါးစပ်ကို လက်ဖြင့် အုပ်ထားရင်း မျက်ရည်များ စီးကျလာတော့သည်။
"ရှင်... ရှင် ဘယ်အချိန်တုန်းက... ပြင်ဆင်လိုက်တာလဲ" ဆုန့်ဝမ်က ဝမ်းသာအားရ မေးလိုက်သည်။
လင်းယွမ်က အဖြစ်မှန်ကို စိတ်ထဲတွင်သာ သိမ်းထားလိုက်ပြီး ပြုံးလျက် "နင်သဘောကျရဲ့လား" ဟု မေးလိုက်သည်။
"အင်း"
ဆုန့်ဝမ်မှာ အတိုင်းထက်အလွန် ကြည်နူးသွားပြီး လင်းယွမ်ကို အနမ်းမိုး ရွာချလိုက်တော့သည်။
လင်းယွမ်ကလည်း ပြင်းပြင်းထန်ထန်ပင် တုံ့ပြန်လိုက်လေသည်။
အောက်ထပ်ရှိ လိုဏ်ဂူထဲတွင်...
တုံယန်နှင့် ရန်မေတို့သည် ကုတင်ပေါ်တွင် လှဲလျောင်းနေကြသည်။
တုံယန်က "အမမေ... ဘာလို့ ဒီနေ့ အိမ်ပြန်မအိပ်တာလဲဟင်" ဟု နားမလည်စွာ မေးလိုက်သည်။
ရန်မေက အတွေးစ ပြတ်သွားပြီး ပြုံးကာ "ငါ ဒီရက်ပိုင်း ဓမ္မတာလာနေလို့ ဗိုက်အောင့်နေတာ... ညဘက်ကျရင် ဟိုလှိမ့်ဒီလှိမ့်နဲ့ အိပ်မပျော်ဖြစ်နေမှာ... လင်းယွမ်က အသံကြားရင် လန့်နိုးတတ်တော့ သူ့ကို အားနာလို့... နင် ဒီည ငါ့ကို အဖော်လုပ်ပေးမယ်မလား" ဟု ပြောလိုက်သည်။
တုံယန်က သဘောပေါက်သွားပြီး ရန်မေကို ဖက်လိုက်ကာ "အမမေ... ဓမ္မတာလာရင် ဗိုက်နာတတ်တာလား... ညီမလည်း အရင်တုန်းက အဲ့လိုပဲ... နာလိုက်တာမှ သေမလိုပဲ"
"ဒါပေမဲ့ အစွမ်းတွေ နိုးထလာပြီးနောက်ပိုင်း ဘယ်တုန်းကမှ မနာတော့ဘူး... အမလည်း အစွမ်းနိုးထလာတာပဲ မဟုတ်ဘူးလား... အခုထိ နာနေတုန်းလား"
သူမက ရန်မေ၏ ဗိုက်လေးကို ပွတ်သပ်ပေးရင်း စိုးရိမ်တကြီး မေးလိုက်သည်။
ရန်မေက သူမကို ကြည့်ပြီး ကျေးဇူးတင်စွာ ပြုံးလိုက်သည်။ ထို့နောက် တုံယန်၏ ဖောင်းအစ်နေသော ပါးပြင်လေးကို ဆွဲညှစ်လိုက်ပြီး "အရင်လောက်တော့ မနာတော့ပါဘူး... ယန်ယန်က တကယ်ချစ်ဖို့ကောင်းတာပဲ... နွေးထွေးလိုက်တာ" ဟု ပြောလိုက်သည်။
တုံယန်က ခစ်ခနဲ ရယ်လိုက်ပြီး ရှက်သွေးဖြာစွာဖြင့် "အရင်တုန်းက ဖေဖေနဲ့ မေမေက ညီမကို ပျင်းလိုက်တာ လွန်ရောဆိုပြီး ပြောနေကျ... ဘယ်သူမှ ဒီလို မချီးကျူးဖူးဘူး... ကဲ... အမအတွက် ရေနွေး သွားခပ်ပေးမယ်" ဟု ပြောကာ ထထွက်သွားသည်။
"အေး... ကျေးဇူးပါဟာ" ရန်မေက ပြုံးလျက် ပြောလိုက်သည်။
တုံယန် ပျော်ရွှင်စွာ ထွက်သွားပြီး ရန်မေအတွက် ရေနွေးတစ်ခွက် သွားငှဲ့ပေးသည်။
ရန်မေက လိုဏ်ဂူ အမိုးကို ငေးကြည့်ရင်း တစ်စုံတစ်ခုကို တွေးတောနေမိသည်။ မျက်နှာပေါ်တွင် ဝမ်းနည်းရိပ်သန်းနေသော်လည်း နောက်ဆုံးတွင် သက်ပြင်းချလိုက်ပြီး...
"ရန်မေ ရေ... ရန်မေ... ခေတ်ကာလကြီးက ပြောင်းလဲသွားပြီဟဲ့... သူက ဒီလောက် အရည်အချင်းရှိတဲ့ ယောက်ျားတစ်ယောက်ပဲ... ဘေးနားမှာ မိန်းမတွေ ဝိုင်းဝိုင်းလည်နေမှာ အသေအချာပေါ့"
"နင်က အိမ်ထောင်ကျဖူးတဲ့ မိန်းမ... ပန်းပွင့်ကြွေ ဖြစ်နေပြီ... ဘာတွေများ ပိုပြီး မျှော်လင့်နေဦးမှာလဲ"
"အနည်းဆုံးတော့ ဆုန့်ဝမ်က အပျိုစင်လေးလေ"
သူမ ထိုသို့ တွေးလိုက်မိပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် လှောင်ပြောင် ရယ်မောလိုက်မိသည်။
သို့သော် ရင်ထဲတွင်တော့ ဝမ်းနည်းမှု၊ နာကျင်မှုများက ရှိနေဆဲပင်။
တုံယန်က တဒုန်းဒုန်း ပြေးဝင်လာပြီး သူမ၏ မျက်ဝန်းများ နီရဲနေသည်ကို မြင်လိုက်ရသဖြင့် "အမမေ... နာနေတုန်းလား... ရော့ ရေနွေးလေး သောက်လိုက်ဦး" ဟု အားပေးလိုက်သည်။
ရန်မေက ပြုံးကာ ထထိုင်လိုက်ပြီး "သိပ်တော့ မနာတော့ပါဘူး" ဟု ပြောလိုက်သည်။
တုံယန်က ရေခွက်ကို ကမ်းပေးလိုက်ရာ ရန်မေက လှမ်းယူပြီး တစ်ငုံမျှ သောက်လိုက်သည်။
တုံယန်က "ညီမ ကြားဖူးတာတော့ မိန်းကလေးတွေ ကိုယ်ဝန်ရသွားရင် ဓမ္မတာမလာတော့ဘူးတဲ့... အနည်းဆုံး (၁၀) လလောက်ပေါ့... တချို့ဆို ကလေးမွေးပြီးရင် ဓမ္မတာလာရင် ဗိုက်နာတာတွေပါ ပျောက်သွားရောတဲ့... အံ့သြစရာပဲနော်"
"အမမေ... အမသာ အစ်ကိုလင်းနဲ့ ကလေးတစ်ယောက်လောက် မွေးလိုက်ရင် နောင်ကျ ဗိုက်မနာလောက်တော့ဘူး" ဟု ပြောလိုက်သည်။
ရန်မေ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။
ကလေးတစ်ယောက် မွေးရမယ်...
ဒါက သူမ ရင်ထဲတွင် အလိုချင်ဆုံး ဆန္ဒတစ်ခုပင်။ သူမ အသက်ကလည်း မငယ်တော့ပေ။ အခု မမွေးလျှင် နောက်ကျသွားဖို့သာ ရှိသည်။
တကယ်တော့ (၂၇) နှစ်ဆိုသည်မှာ သိပ်မကြီးသေးသော်လည်း ရန်မေ၏ အမြင်တွင်တော့ မငယ်တော့ပေ။
သူမ စိုးရိမ်ပူပန်နေမိသည်။ အထူးသဖြင့် လင်းယွမ်ဘေးတွင် မိန်းကလေးတွေ များလာလေလေ သူမ ပိုပြီး စိုးရိမ်လေ ဖြစ်သည်။
အရင်တုန်းက တိုက်ခန်းထဲတွင် နေထိုင်စဉ်က ပြင်ပအခြေအနေ အန္တရာယ်များလွန်းသဖြင့် ဒီကိစ္စကို ထည့်မတွက်ခဲ့ပေ။
ယခု ထိုက်ယန်တောင်ပေါ်သို့ ရောက်လာပြီးနောက် ပြင်ပအန္တရာယ်များက သိပ်ပြီး မစိုးရိမ်ရတော့သဖြင့် ထိုအတွေးများ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်သည်။
ထိုက်ယန်တောင်သို့ မထွက်ခွာမီကတည်းက သူမ လင်းယွမ်ကို အရိပ်အမြွက် ပြောပြဖူးသော်လည်း လင်းယွမ်က ဘာမှ ပြန်မပြောခဲ့ပေ။
နောက်ပိုင်းတွင် သူမ နားလည်သွားသည်။ ရေဘေးကြီးကို ဖြတ်ကျော်ပြီး ထိုက်ယန်တောင်သို့ သွားရမည့် ခရီးလမ်းတစ်လျှောက် အန္တရာယ်များလွန်းသဖြင့် အချိန်အခါ မဟုတ်သေးမှန်း သဘောပေါက်ခဲ့သည်။
ယခုတော့ အခြေအနေတွေ ပြောင်းလဲသွားပြီ။ မောင်လေးက ထိုက်ယန်တောင် တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သလို သူ့ကို ခြိမ်းခြောက်နိုင်မည့် အရာလည်း မရှိသလောက်ပင်။
ဒါဆိုရင်... ကလေးကိစ္စကို နောက်တစ်ကြိမ် ပြောကြည့်ရင် ကောင်းမလား...
သူမ နှုတ်ခမ်းကို စေ့လိုက်ပြီး ထိုကိစ္စကို ရင်ထဲတွင် သိမ်းဆည်းထားလိုက်သည်။
ဒီညကတော့ အိပ်ပျော်ဖို့ ခက်ခဲမည့် ညတစ်ညပင်။
ရန်မေတစ်ယောက် အိပ်မပျော်ဘဲ လူးလှိမ့်နေသလို အပေါ်ထပ်မှ လင်းယွမ်နှင့် ဆုန့်ဝမ်တို့ကလည်း တစ်ညလုံး အိပ်မပျော်နိုင်အောင် ဖြစ်နေကြသည်။
ဆုန့်ဝမ်မှာ အတွေ့အကြုံ လုံးဝမရှိပေ။ အစွမ်းနိုးထထားပြီး အလိုအလျောက် ကုသနိုင်စွမ်း ရှိသော်လည်း...
သူမ၏ ခုခံနိုင်စွမ်းက နည်းလွန်းသည်။
အတွေ့အကြုံ မရှိတာတစ်ခုတည်းကြောင့် မဟုတ်ဘဲ ခံနိုင်ရည်နှင့် ခွန်အားပိုင်းတွင် လင်းယွမ်ကို လုံးဝ မယှဉ်နိုင်ခြင်း ဖြစ်သည်။
လင်းယွမ်၏ အမြင်အရဆိုလျှင် အမမေလောက်တောင် အခြေအနေ မကောင်းပေ။
အမမေက မခံနိုင်တော့လျှင် တခြားနည်းလမ်းများ သုံးကာ တိုက်ပွဲ အမြန်ပြီးဆုံးအောင် ကူညီပေးတတ်သည်။
ဆုန့်ဝမ်ကတော့ အတွေ့အကြုံ မရှိသဖြင့် တစ်ညလုံး ထိပ်တိုက်ရင်ဆိုင်ရင်း ဘယ်နှစ်ခါလောက် သတိလစ်သွားမှန်းပင် မမှတ်မိတော့။
နောက်ဆုံးတွင် လင်းယွမ်က မရက်စက်နိုင်တော့သဖြင့် စိတ်ကို လျှော့ချလိုက်ပြီး သူမကို နည်းလမ်းတချို့ သင်ပြပေးကာ တိုက်ပွဲကို အဆုံးသတ်လိုက်ရသည်။
သို့သော် လင်းယွမ်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု အမှတ် (၅၀) ရှိသော ခန္ဓာကိုယ်ကြီးမှာ အိမ်သာတက်သလောက် အချိန်လေးအတွင်းမှာပင် မူလအတိုင်း ပြန်လည် အားပြည့်လာသည်။
ကံဆိုးသည်မှာ ဆုန့်ဝမ်တစ်ယောက် အိပ်မောကျသွားလေပြီ။
လင်းယွမ်က ပြုံးလိုက်ပြီး သူမ၏ ကျောပြင်လေးကို ပွတ်သပ်ပေးရင်း မိုးလင်းခါနီးမှ ထလိုက်သည်။
ဧည့်ခန်းထဲတွင် သန္ဓေပြောင်း နေကြာပန်း အလင်းရောင်အောက်၌ ဖိနပ်တစ်ရံကို တွေ့လိုက်ရသည်။
ရန်မေ၏ ဖိနပ်ပင်။
လင်းယွမ်က ရန်မေ၏ အခန်းဘက်သို့ ကြည့်လိုက်ရာ သူမ အခန်းထဲတွင် မရှိဘဲ မီးဖိုချောင်ဘက်မှ အသံကြားနေရသည်။
သူမက မနက်အစောကြီး ပြန်ရောက်လာပြီး ထမင်းချက်နေခြင်း ဖြစ်သည်။
သူမက မိမိနှင့် ဆုန့်ဝမ် နိုးသွားမည်စိုးသဖြင့် လှုပ်ရှားမှုများကို တမင် ဖြည်းဖြည်းသာ လုပ်နေသည်ကို လင်းယွမ် သတိထားမိလိုက်သည်။
လင်းယွမ်၏ မျက်ဝန်းထဲတွင် အားနာစိတ်နှင့် ကြည်နူးစိတ်များ ရောထွေးသွားပြီး မီးဖိုချောင် တံခါးကို တွန်းကာ ဝင်သွားလိုက်သည်။
အလုပ်ရှုပ်နေသော ရန်မေက သတိမထားမိလိုက်ပေ။
ရုတ်တရက် လက်တစ်စုံက သူမ၏ ခါးကို ဖက်လိုက်ပြီး ရင်းနှီးနေသော ကိုယ်သင်းနံ့ကို ရလိုက်သဖြင့် ရန်မေ၏ ကိုယ်လုံးလေး တုန်သွားသော်လည်း ရုန်းကန်ခြင်းမပြုဘဲ ဆန်ပြုတ်ကိုသာ ဆက်မွှေနေရင်း "နိုးသွားကြပြီလား" ဟု နူးညံ့စွာ မေးလိုက်သည်။
လင်းယွမ်က သူမ၏ ပါးပြင်ကို ပွတ်သပ်ရင်း "ဟင့်အင်း... ကျွန်တော် နိုးနေတာ ကြာပြီ"
"ဝမ်ဝမ်ရော"
"အိပ်နေတုန်းပဲ... ကျွန်တော့်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို အမလည်း သိသားပဲ"
ရန်မေက သူ့ကို မျက်စောင်းထိုးလိုက်ပြီး လက်မောင်းကို ဖွဖွလေး ရိုက်ကာ "သူများက အပျိုစင်လေးလေ... ရှင်ကလည်း လျှော့ဦးမှပေါ့" ဟု တိုးတိုးလေး ပြောလိုက်သည်။
လင်းယွမ်က "သူက ဇွဲကောင်းနေတာကိုး... ကျွန်တော့်ကို ကျေနပ်သွားအောင် လုပ်ပေးမယ်ဆိုပြီး မပြီးနိုင် မစီးနိုင် ဖြစ်နေတာ"
"အဲ့ဒီအချက်ကတော့ အမနဲ့ တော်တော်တူတယ်"
ရန်မေက ခစ်ခနဲ ရယ်လိုက်ပြီး မနေ့ညက ဆုန့်ဝမ်တစ်ယောက် မျက်မှောင်ကြုတ်ကာ ဒီလူဆိုးကောင်ကြီး ကျေနပ်အောင် ကြိုးစားပမ်းစား ပြုစုပေးနေမည့် ပုံစံကို မြင်ယောင်လာမိသည်။
"ရှင်ကတော့လေ... ကျွန်မတို့တွေကို အနိုင်ကျင့်ဖို့ပဲ တတ်တယ်"
လင်းယွမ်က ဟီးခနဲ ရယ်လိုက်ပြီး လက်က အောက်ဘက်သို့ ဖြည်းဖြည်းချင်း လျှောဆင်းသွားသည်။
ရန်မေက သူ့လက်ကို အမြန်လှမ်းဆွဲထားပြီး "မလုပ်နဲ့... ထမင်းချက်နေတယ်လေ... ဒီနေ့ ဘယ်မှမသွားဘဲ အိမ်မှာ ဝမ်ဝမ်ကို စောင့်ရှောက်ပေးလိုက်ပါဦး" ဟု တားလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်လိုက်သော်လည်း လက်က မရပ်တန့်ဘဲ သူမ၏ နားရွက်လေးကို ကိုက်ရင်း "အမမေ... ပင်ပန်းသွားပြီမလား" ဟု တိုးတိုးလေး မေးလိုက်သည်။
ရန်မေ၏ အသက်ရှူသံများ မြန်ဆန်လာပြီး "ဘာကို ပင်ပန်းတာလဲ"
"အခန်းကို ပြင်ဆင်ပေးထားတာလေ... အမ တော်တော်လေး စိတ်နှစ်ပြီး လုပ်ပေးထားတာပဲ"
"အင်း... ဟို... သိပ်လည်း မဟုတ်ပါဘူး... အို"
သူမ စကားမဆုံးခင်မှာပင် လင်းယွမ်က ပွေ့ချီလိုက်ပြီး အိပ်ခန်းဆီသို့ ခေါ်ဆောင်သွားတော့သည်။
ရန်မေက သူ့လက်မောင်းကို ပုတ်ရင်း "ဓမ္မတာလာနေတယ်လို့" ဟု တိုးတိုးလေး ပြောလိုက်သည်။
လင်းယွမ် ကြောင်သွားပြီး ရပ်တန့်လိုက်ကာ "တကယ် လာနေတာလား"
"ဒါဆို ရှင်က လိမ်တယ် ထင်နေလို့လား" ရန်မေက စိတ်ဆိုးသလို ပြောလိုက်သည်။
လင်းယွမ်က မတတ်သာတော့ဘဲ သူမကို ပြန်ချပေးလိုက်ပြီး ဒီအတိုင်းလေးပဲ ဖက်ထားရင်း "အမ ဘယ်လို စိတ်ကူးမိတာလဲ" ဟု မေးလိုက်သည်။
"ဘာကိုလဲ"
"အခန်းကို အဲ့လို ပြင်ဆင်လိုက်တာလေ"
ရန်မေက ပြုံးလိုက်ပြီး သူ့မျက်နှာကို နူးညံ့စွာ ကိုင်တွယ်ရင်း "ဝမ်ဝမ်က အမနဲ့ မတူဘူးလေ... သူက အပျိုစင်လေး... ပထမဆုံးအကြိမ်မလား"
"ဒီလို အခမ်းအနားလေး လုပ်ပေးတာက သူ့အတွက် အရေးကြီးတယ်... ပြီးတော့ မောင်လေးအတွက်လည်း အရေးကြီးတယ်လေ"
"နောက်ဆို သူ့ကို ကောင်းကောင်း ဆက်ဆံနော်... ကြားလား"
လင်းယွမ်က မနေနိုင်တော့ဘဲ သူမကို တင်းကျပ်စွာ ဖက်ထားလိုက်မိသည်။ ရင်ထဲတွင် ကြည်နူးမှုများ ပြည့်လျှံနေ၏။
ရန်မေက သူ့ရင်ခွင်ထဲတွင် မှီတွယ်ရင်း "အမကိုလည်း ကောင်းကောင်း ဆက်ဆံပေးပါ" ဟု တိုးတိုးလေး ပြောလိုက်သည်။
လင်းယွမ်၏ နှလုံးသား တုန်ခါသွားပြီး "အမမေ... စိတ်ချပါ... အမတို့ အကုန်လုံးကို ကျွန်တော် တန်ဖိုးထားပြီး ဆက်ဆံပါ့မယ်"
"အမက ကျွန်တော့်ရင်ထဲမှာ အမြဲတမ်း အကောင်းဆုံးသော အမျိုးသမီးပါ"
ဆက်ရန်...
အပိုင်း(၂၅၆) တိုက်ခိုက်ရေးပါရမီရှင် တင်းယန်
ဆုန့်ဝမ် အိပ်မက်တစ်ခု မက်နေမိသည်။
အိပ်မက်ထဲတွင် သူမသည် တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ရင်း ယှဉ်ပြိုင်မှု တစ်ခု လုပ်နေရ၏။ ထိုစဉ် အင်တာနက်အသုံးပြုသူ လူအုပ်ကြီးက ရောက်ရှိလာပြီး သူမကို တမင်သက်သက် ရှုံးနိမ့်စေရန် ပြုလုပ်ကြလေသည်။
သူမက အကြိမ်ကြိမ် တောင်းပန်အသနားခံသော်လည်း မဲအရေအတွက်မှာ တက်မလာခဲ့ပေ။
တစ်ဖက်မှ တိုက်ရိုက်ထုတ်လွှင့်သူက ထိုပွဲစဉ်ကို အနိုင်ရသွားပြီး သူမကို အင်တာနက်အသုံးပြုသူများရှေ့တွင် အဝတ်အစားများ ချွတ်ပြရန် အတင်းအကျပ် ဖိအားပေးလာသည်။
သူမ ထိတ်လန့်တုန်လှုပ်သွားရသည်။ ဤကဲ့သို့သော ပြိုင်ပွဲကြေးမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ချေ။
သူမသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ချက်ချင်း ပိတ်ပစ်လိုက်ပြီး တစ်ဖက်လူ၏ မလျော်ကန်သော တောင်းဆိုမှုကို ငြင်းဆန်ချင်စိတ် ဖြစ်ပေါ်လာသည်။
သို့သော် အင်တာနက်ပေါ်တွင် ဆဲဆိုသံများက မိုးမွှန်သွားပြီး သူမကို အရှုံးမပေးရဲသောသူဟု စွပ်စွဲကြသလို၊ လူများစွာက သူမကို ဖော်လို လုပ်ထားခြင်းမှ ပယ်ဖျက်ပစ်မည်ဟု ခြိမ်းခြောက်လာကြသည်။
သူမ စိတ်ပူလွန်းသဖြင့် ငိုကြွေးမိလေသည်။ ထိုအချိန်တွင် ရုတ်တရက် တံခါးပွင့်သွား၏။
လူတစ်စု အခန်းထဲသို့ ဝင်ရောက်လာကြသည်။ ထိုအထဲတွင် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားနှင့် လျှိုအားလုံ ပါဝင်သလို၊ ယုတ်မာကောက်ကျစ်သော ချန်ဟုန်လည်း ပါဝင်နေသည်။
သူတို့က မဲညစ်စွာ ပြုံးရယ်လျက် သူမကို ဖမ်းချုပ်ကာ အဝတ်အစားများကို ဆွဲဖြဲပြီး တိုက်ရိုက်ထုတ်လွှင့်မှု၏ ရှုံးကြေးကို ပေးဆပ်ခိုင်းရန် ကြိုးပမ်းကြတော့သည်။
သူမ ချက်ချင်းပင် စူးစူးဝါးဝါး အော်ဟစ်လိုက်မိသည်။ ငိုယိုအော်ဟစ်ကာ ဆဲဆိုသော်လည်း အရာမထင်ခဲ့ပေ။
အင်တာနက်အသုံးပြုသူများကမူ လက်ခုပ်တီး အားပေးနေကြပြီး တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ပေါ်တွင် မှတ်ချက်ပေးသူများစွာက မြှောက်ပေးနေကြသည်။
ညစ်ညမ်းသော စကားလုံးပေါင်းစုံသည် ဖုန်းမျက်နှာပြင်ပေါ်တွင် မပြတ်တမ်း ပေါ်လာနေတော့သည်။
ထိုစဉ် သူမ၏ ဖုန်းမျက်နှာပြင်ပေါ်တွင် ရုတ်တရက် ပွဲတော်မီးပန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများ လက်ာသွားသည်။ သူမကို လက်ဆောင်အများဆုံးပေးထားသည့် အစ်ကိုကြီးက ဖုန်းမျက်နှာပြင်ထဲမှ ရုတ်တရက် လမ်းလျှောက်ထွက်လာခဲ့သည်။
"အစ်ကိုလင်း"
ဆုန့်ဝမ်သည် မမျှော်လင့်ထားသော အံ့သြဝမ်းသာမှုကြောင့် အော်ဟစ်လိုက်မိသည်။
သူမ၏ နံပါတ်တစ် ပရိသတ်အစ်ကိုကြီးမှာ အစ်ကိုလင်း ဖြစ်နေခဲ့သည်ပဲ။
အစ်ကိုလင်းက တစ်ချက်တည်းနှင့် ချန်ဟုန်နှင့် လျှိုအားလုံတို့ကဲ့သို့ လူဆိုးများကို ထိုးကြိတ်ကာ မောင်းထုတ်လိုက်သည်ကို တွေ့လိုက်ရသည်။
ထို့နောက် သူက သူမကို ပွေ့ဖက်လိုက်ပြီး လူအများကြည့်နေကြသည့်အလယ်တွင် သူမကို နက်ရှိုင်းစွာ နမ်းရှိုက်လိုက်လေသည်။
သူက အင်တာနက်အသုံးပြုသူ အားလုံးကို ပြောလိုက်၏။
"မင်းတို့ သူ့ကို မကာကွယ်နိုင်ရင်... ငါ ကာကွယ်မယ်"
သူမမှာ ပြောမပြတတ်အောင် ရင်ထဲထိခိုက် ခံစားသွားရပြီးနောက် အစ်ကိုလင်း၏ ပွေ့ချီခြင်းကို ခံလိုက်ရကာ အခန်းထဲသို့ ရောက်သွားလေသည်။
သူမ တွေးလိုက်မိသည်မှာ နောင်တွင် တိုက်ရိုက်ထုတ်လွှင့်မှုများ မလုပ်တော့ဘဲ အစ်ကိုလင်း၏ ဘေးနားတွင်သာ အေးချမ်းစွာ နေသွားတော့မည် ဟူ၍ပင်။
ထို့နောက် နှစ်ဦးသား ရှက်စရာကောင်းသော အပြုအမူတချို့ ပြုလုပ်ရန် ပြင်ဆင်နေစဉ် ရုတ်တရက် အခန်းတံခါး ပွင့်သွားပြန်သည်။
ဆုန့်ဝမ်သည် တံခါးဝတွင် ရန်မေက မျက်နှာသေဖြင့် သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူမ ချက်ချင်းပင် ကြောက်လန့်တကြားဖြစ်ကာ ခြေဖျားလက်ဖျားများ အေးစက်သွားပြီး ကြီးမားသော ထိတ်လန့်မှုတစ်ခုက နှလုံးသားကို လွှမ်းခြုံသွားတော့သည်။ အသိစိတ်လွတ်သွားသူနှယ် သူမ အော်ဟစ်လိုက်မိသည်။
"အစ်ကိုလင်း... အစ်ကိုလင်း"
ရုတ်တရက် သူမ အိပ်မက်မှ လန့်နိုးလာခဲ့သည်။
တစ်စုံတစ်ယောက်က သူမ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ပေးနေသည်ကို ခံစားလိုက်ရ၏။
လင်းယွမ်က မီးအိမ်ကို ဖွင့်လိုက်ပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ... အိပ်မက်ဆိုး မက်လို့လား"
ဆုန့်ဝမ်၏ တောင့်တင်းနေသော ခန္ဓာကိုယ်မှာ အလိုလို ပျော့ပျောင်းသွားရသည်။ သူမသည် လင်းယွမ်၏ ရင်ခွင်ထဲသို့ အလိုက်သင့်လေး တိုးဝင်လိုက်ရင်း ပြောလိုက်သည်။
"အိပ်မက် မက်နေတာလား"
လင်းယွမ်က ပြုံးလျက် သူမ၏ နဖူးပြင်ကို နမ်းရှိုက်လိုက်ပြီး မေးလိုက်သည်။
"ဘာအိပ်မက် မက်လို့လဲ"
ဆုန့်ဝမ်က ရှက်သွေးဖြာစွာဖြင့် ခေါင်းခါလိုက်သည်။ အပျိုစင်ဘဝကို စွန့်လွှတ်ပြီးစမို့ သူမသည် လင်းယွမ်နှင့် ပွင့်လင်းမြင်သာ ရှိရန် ဝန်လေးနေသေးကာ ခန္ဓာကိုယ်ကို စောင်ဖြင့် လုံအောင်ပတ်ထားရင်း အလွတ်ပေးလိုက်ရမည်ကို စိုးရွံ့နေမိသည်။
လင်းယွမ်က ပြုံးရွှင်စွာဖြင့် စောင်ထဲသို့ လက်လျှိုဝင်လိုက်သည်။
ချက်ချင်းပင် ဆုန့်ဝမ်ထံမှ မူနွဲ့နွဲ့ အော်ဟစ်သံလေး ထွက်ပေါ်လာပြီး နှစ်ယောက်သား စောင်ထဲတွင် ခေတ္တမျှ ကျီစယ်ဆော့ကစားနေကြလေသည်။
ထို့နောက်မှ သူမက မောဟိုက်နေသော အသံဖြင့် လင်းယွမ်၏ ဖိတ်ခေါ်မှုကို ငြင်းဆန်လိုက်ရသည်။
ခါးများနာကျင်ကာ တစ်ကိုယ်လုံး ကိုက်ခဲနေသဖြင့် သူမ တောင့်ခံနိုင်စွမ်း မရှိတော့ခြင်း ဖြစ်သည်။
လင်းယွမ်လည်း ဆက်မလုပ်တော့ဘဲ သူမနှင့်အတူ လှဲအိပ်လိုက်ရင်း မေးလိုက်သည်။
"စောစောက အိပ်မက်ထဲမှာ ကိုယ့်နာမည်ကို တောက်လျှောက်ခေါ်နေတာ ကြားတယ်... ကိုယ့်အကြောင်း မက်တာလား"
ဆုန့်ဝမ်က ရှက်ရွံ့စွာ ခေါင်းငြိမ့်ပြလိုက်ပြီး သူမ၏ အိပ်မက်အကြောင်း ပြောပြလိုက်သည်။
အိပ်မက်ဆိုသည်မှာ ရှုပ်ထွေးပွေလီတတ်သည့် အရာမျိုး ဖြစ်သော်လည်း ပြောရင်းဆိုရင်း နောက်ဆုံးတွင် သူမ၏ မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ယှက်သန်းလာကာ မေးလိုက်သည်။
"ကျွန်မ... အမမေအပေါ် အရမ်း အားနာဖို့ကောင်းနေမလား"
"အမမေက ကျွန်မကို ညီမအရင်းလို ဆက်ဆံတာ... ကျွန်မကတော့"
လင်းယွမ်က ရယ်မောရင်း ခေါင်းခါလိုက်ကာ သူမ၏ ပါးပြင်လေးကို ဖွဖွလေး ဆွဲလိုက်ရင်း နူးညံ့စွာ ပြောလိုက်သည်။
"နင်ကတော့... အမမေက ဘာမှ မသိဘူးလို့ နင် ထင်နေတာလား"
"မနေ့ညက သူ တုံယန်ကိုခေါ်ပြီး တမင် ရှောင်ပေးသွားတာ... ငါတို့အတွက် အခန်းဖယ်ပေးတာ ဘာအတွက်လို့ ထင်လဲ"
"သူက နင့်ကို လက်ခံပြီးသားပါ"
"နင် စောစောက ပြောသလိုပဲလေ... သူက နင့်ကို ညီမအရင်းလို သဘောထားတာ... နောက်ဆို နင်တို့နှစ်ယောက်က တကယ်ကို ညီအစ်မတွေလို ခေါ်ဝေါ်ဆက်ဆံရတော့မှာ"
ဆုန့်ဝမ်၏ မျက်နှာလေးမှာ ရဲခနဲ ဖြစ်သွားသော်လည်း စိတ်ထဲတွင်မူ ကြီးမားသော နှစ်သိမ့်မှုတစ်ခု ရရှိသွားခဲ့သည်။
လင်းယွမ်က တီးတိုး ပြောလိုက်သည်။
"ညကျရင် နင့်ရဲ့ အမမေကိုပါ ဒီမှာ လာအိပ်ဖို့ ခေါ်လိုက်ရမလား"
ဆုန့်ဝမ် ချက်ချင်း ကြောင်အသွားပြီးနောက် မျက်နှာတစ်ခုလုံး နီရဲသွားကာ အလျင်အမြန် ပြောလိုက်သည်။
"မ... မဖြစ်ပါဘူး... ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လင်းယွမ်က ဟားတိုက် ရယ်မောလိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
"မနေ့ညက ငါ လျှော့ပေးထားလို့နော်... နောက်ဆို နင်တစ်ယောက်တည်း ငါ့ကို ရင်ဆိုင်ရင်တော့ အထိနာသွားလိမ့်မယ်"
ဆုန့်ဝမ်သည် ချက်ချင်း သဘောမပေါက်လိုက်သော်လည်း သဘောပေါက်သွားသည့်အခါတွင် မျက်နှာတစ်ခုလုံး နီရဲကာ ရှက်လွန်းသဖြင့် စောင်ထဲသို့ အမြန်တိုးဝင်သွားတော့သည်။
လင်းယွမ်သည် သူမ၏ ပုံစံကို ကြည့်ပြီး သဘောကျကာ ဟားတိုက် ရယ်မောလိုက်မိသည်။
ဆုန့်ဝမ်၏ အစွမ်းမှာ တကယ်ကို အံ့မခန်း ဖြစ်သည်။ ကိုယ်တိုင် ပြန်လည်ကုသနိုင်စွမ်းမှာ အလွန် အားကောင်းလှသဖြင့် တစ်ညတည်းနှင့် နလန်ထူလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ရန်မေသာ ဆိုလျှင် ယခုလို မနက်ပိုင်းမျိုး၌ အိပ်ရာထနိုင်မည် မဟုတ်ပေ။
သို့သော် ဆုန့်ဝမ်ကမူ အိပ်ရာထနိုင်နေပြီ ဖြစ်သည်။
ဆုန့်ဝမ်သည် တိုက်ခိုက်နိုင်စွမ်း မကောင်းသော်လည်း ပြန်လည်ကုသနိုင်စွမ်းတွင် ထိပ်တန်းအဆင့် ရှိသူဟု ဆိုရပေမည်။
နှစ်ယောက်သား အတူတူ အိပ်ရာထပြီး အခန်းတံခါး ဖွင့်လိုက်သည်နှင့် စားပွဲပေါ်တွင် ပန်းကန်ခွက်ယောက်များနှင့် မနက်စာ အဆင်သင့် ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။
မနက်စာမှာ ပင်လယ်စာ အသားပြုတ်ဆန်ပြုတ် ဖြစ်ပြီး ငါး၊ ကြက်သား၊ ပုစွန်မြီး စသည်တို့ကို အချိန်ကြာမြင့်စွာ ပြုတ်ထားခြင်း ဖြစ်သည်။
ရန်မေသည် ဆိုဖာပေါ်တွင် ပြုံးရွှင်စွာ ထိုင်နေပြီး ဆုန့်ဝမ် ထွက်လာသည်ကို မြင်သောအခါ ထရပ်ကာ လျှောက်လာရင်း ပြုံး၍ ပြောလိုက်သည်။
"နိုးပြီလား... လာ... မနက်စာ လာစားကြ"
ဆုန့်ဝမ်မှာ နေရခက်ကာ ရန်မေကို ကြည့်ရန် အားနာနေမိသည်။
ဘာကြောင့်မှန်း မသိ၊ သူမ စိတ်ထဲတွင် ယောက္ခမနှင့် တွေ့ဆုံနေရသကဲ့သို့ ခံစားနေရသည်။
"အမ... အမမေ... မင်္ဂလာနံနက်ခင်းပါ"
ဆုန့်ဝမ်က အသံတိုးတိုးဖြင့် အားငယ်စွာ ပြောလိုက်သည်။
ရန်မေက ပြုံးလျက် သူမ၏ လက်ကို ဆွဲကိုင်လိုက်ပြီး သူမ၏ ခါးကို ဖက်ရန်ပြင်နေသော လင်းယွမ်၏ လက်မောင်းကို ရိုက်ထုတ်လိုက်ကာ ပြောလိုက်သည်။
"ဝမ်ဝမ်က ပထမဆုံးအကြိမ်လေ... နင်ကလည်း ညှာတာဖို့ ကောင်းတယ်"
"လာ... ဝမ်ဝမ်... အမ ပင်လယ်စာ အသားပြုတ်ဆန်ပြုတ် လုပ်ထားတယ်... အားရှိအောင် များများသောက်နော်"
"ဒယ်အိုးထဲမှာ အမဲသားပြားတွေလည်း ကြော်ထားတယ်... အမ သွားယူပေးမယ်"
သူမသည် တကယ့်ကို ယောက္ခမတစ်ယောက်ကဲ့သို့ ဆုန့်ဝမ်ကို ဂရုတစိုက် ပြုစုနေလေသည်။
လင်းယွမ်က အလျင်အမြန်ပင် ပြောလိုက်သည်။
"ကျွန်တော် သွားယူမယ်... ကျွန်တော် သွားယူလိုက်မယ်... အမမေလည်း ထိုင်စားလေ"
ရန်မေက သူ့ကို မတားတော့ဘဲ ပြုံးလျက် ခေါင်းငြိမ့်ပြလိုက်သည်။
သူမသည် ဆုန့်ဝမ်ကို ဆွဲခေါ်ကာ စားပွဲဘေးတွင် ထိုင်စေပြီး တီးတိုးစကား ပြောနေလေသည်။
မကြာမီ ဆုန့်ဝမ်ထံမှ ရယ်သံလွင်လွင်လေး ထွက်ပေါ်လာပြီး မီးဖိုချောင်ထဲရှိ လင်းယွမ်ကို ခိုးကြည့်ကာ ရန်မေနှင့် တီးတိုး ဆက်ပြောနေပြန်သည်။
ထိုအခါမှ သူတို့နှစ်ဦးကြားရှိ ထူးဆန်းသော ယောက္ခမနှင့် ချွေးမ ဆက်ဆံရေးမျိုး ပျောက်ကွယ်သွားပြီး ညီအစ်မ ဆက်ဆံရေးသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
လင်းယွမ်သည် မီးဖိုချောင်ထဲတွင် အမဲသားပြားကို ကောက်ယူရင်း အပြင်သို့ လှမ်းကြည့်ကာ ထိုမြင်ကွင်းကြောင့် စိတ်ထဲတွင် အလွန် အံ့သြသွားရသည်။
အမမေတွင် မည်သို့သော မှော်အစွမ်း ရှိနေသလဲ မသိ၊ ဆုန့်ဝမ်နှင့် ဤမျှ မြန်မြန်ဆန်ဆန် ရင်းနှီးသွားကာ ရယ်မော ပြောဆိုနိုင်ခြင်းမှာ အံ့ဘွယ်ပင်။
"ဘာတွေ ပြောနေကြတာလဲ... ပျော်နေကြတာပဲ"
လင်းယွမ်က ပန်းကန်ပြားကို ချလိုက်ရင်း ပြုံး၍ မေးလိုက်သည်။
ရန်မေက ပြုံးလျက် ပြောလိုက်သည်။
"မိန်းကလေးချင်း ပြောတဲ့ လျှို့ဝှက်ချက်တွေပါ... နင် စပ်စုမနေနဲ့"
ဆုန့်ဝမ်ကလည်း ပါးစပ်ကို အုပ်၍ ခိုးရယ်နေလေသည်။
လင်းယွမ်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"မဟုတ်သေးပါဘူး... အမတို့နှစ်ယောက်က ဒီလောက် မြန်မြန် ပေါင်းမိသွားကြပြီလား"
ဆုန့်ဝမ်က ရန်မေ၏ လက်မောင်းကို ချိတ်လိုက်ရင်း ပြုံးစိစိဖြင့် ပြောလိုက်သည်။
"ကျွန်မက အစကတည်းက အမမေဘက်ကပဲလေ"
လင်းယွမ်က စိတ်ထဲတွင် ပျော်ရွှင်နေသော်လည်း မျက်နှာထားကို တမင်တင်းကာ ဟိန်းဟောက်လိုက်သည်။
"ဒီလိုလား... ညကျရင် နင့်ကို ငါ ဘယ်လို မှတ်လောက်အောင် လုပ်မလဲဆိုတာ စောင့်ကြည့်"
ဆုန့်ဝမ် ချက်ချင်း မျက်နှာပျက်သွားပြီး ရန်မေကို အလျင်အမြန် ကြည့်ကာ အကူအညီ တောင်းလိုက်သည်။
"အမမေ... ကြည့်ပါဦး သူက"
ရန်မေက ပြုံးလျက် ပြောလိုက်သည်။
"ဒီည ဝမ်ဝမ်က အမနဲ့ အိပ်မှာနော်... မောင်လေး... နင်က ဝမ်ဝမ် အခန်းမှာ သွားအိပ်"
လင်းယွမ် ချက်ချင်း မျက်နှာငယ်သွားရှာသည်။
"မလုပ်ပါနဲ့"
"ဝမ်ဝမ်က ပထမဆုံးအကြိမ်ဆိုတော့ နင် သူ့ကို နားခိုင်းမှပေါ့... တစ်နေ့ကုန် နွားသိုးကြီးလို လုပ်နေရင် ဘယ်သူက ခံနိုင်မှာလဲ"
ဆုန့်ဝမ် မျက်နှာနီရဲသွားသော်လည်း ထိုစကားကြောင့် တခစ်ခစ် ရယ်မောလိုက်မိပြန်သည်။
လင်းယွမ်ကို ကြည့်လိုက်သောအခါ အစ်ကိုလင်းက တကယ်ပင် နွားသိုးကြီးနှင့် တူနေသလို ခံစားလိုက်ရသည်။
"ဟင်... တုံယန်ရော"
စားသောက်နေရင်း ဆုန့်ဝမ်က ရုတ်တရက် သတိရပြီး မေးလိုက်သည်။
တုံယန်သည် အမြဲတမ်း အိမ်တွင် အတူစားလေ့ရှိသော်လည်း ဒီနေ့တွင်မူ သူမကို မတွေ့ရပေ။
ရန်မေက ပြုံး၍ ပြောလိုက်သည်။
"မနက်က အမ အောက်ထပ်ဆင်းပြီး သူ့အတွက် ဆန်ပြုတ် ပြုတ်ပေးထားခဲ့တယ်... သူ အပေါ်တက်လာပြီး ဆူညံနေရင် နင်တို့ကို အနှောင့်အယှက် ဖြစ်မှာစိုးလို့လေ"
ဆုန့်ဝမ် စိတ်လှုပ်ရှားသွားပြီး ရန်မေ၏ လက်မောင်းကို မနေနိုင်ဘဲ ဖက်လိုက်ကာ ပြောလိုက်သည်။
"အမမေ... အမက တကယ် ကောင်းတာပဲ"
ရန်မေက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"မိသားစုတွေပဲဟာ... ဘာတွေ ပြောနေတာလဲ... မြန်မြန် သောက်လိုက်ဦး... အေးကုန်တော့မယ်"
"ဟုတ်"
ဆုန့်ဝမ် ပျော်ရွှင်စွာ ခေါင်းငြိမ့်လိုက်သည်။
ထိုမနက်စာ ဝိုင်းလေးတွင် သုံးဦးသား ပျော်ရွှင်စွာ စားသောက်ခဲ့ကြသည်။ မိန်းကလေး နှစ်ယောက်က တစ်ဘက်တည်း ပူးပေါင်းလိုက်ကြပြီး လင်းယွမ်ကို ဝိုင်းဝန်း အပြစ်တင်ကြလေသည်။
လင်းယွမ်က အပေါ်ယံတွင် နောက်ပြောင်နေသော်လည်း စိတ်ထဲ၌ အလွန် ကျေနပ်ပီတိ ဖြစ်နေရသည်။
သူမတို့ ဤမျှ သဟဇာတ ဖြစ်စွာ နေထိုင်နိုင်ခြင်းက သူ အမြဲတမ်း စိုးရိမ်ခဲ့ရသော ပြဿနာကို ဖြေရှင်းလိုက်သလိုပင်။
ဒါတွေအားလုံးက အမမေ၏ ကျေးဇူးကြောင့်မှန်း သူ ကောင်းကောင်း သိထားပါသည်။
ထမင်းစားပြီးနောက် လင်းယွမ်က ပန်းကန်ခွက်ယောက်များကို ဆေးကြောရန် ပြင်ဆင်သော်လည်း ဆုန့်ဝမ်က ဝင်လုကာ ယူသွားလေသည်။
သူမသည် ယခင်က ရန်မေ လုပ်နေကျ အလုပ်များကို တာဝန်ယူ လုပ်ကိုင်ပေးခြင်းဖြင့် မိသားစုဝင် တစ်ယောက်အဖြစ် အလိုအလျောက် ခံယူလိုက်ခြင်း ဖြစ်သည်။
လင်းယွမ် ပို၍ပင် ပျော်ရွှင်စွာ ပြုံးလိုက်မိသည်။ ဒီတစ်နေ့လုံး သူ ဘယ်မှ မသွားတော့ဘဲ အိမ်မှာပင် အချောအလှ နှစ်ယောက်နှင့် အချိန်ကုန်ဆုံးခဲ့သည်။
ညရောက်သောအခါ တင်းယန် ပြန်ရောက်လာသည်။
သူမသည် ဆုန့်ဝမ်နှင့် လင်းယွမ်ကြားမှ ပုံမှန်မဟုတ်သော အခြေအနေကို ချက်ချင်း အာရုံခံမိလိုက်သည်။
သို့သော် ထူးဆန်းသည်မှာ သူမက ဘာမှ မမေးမြန်းဘဲ ယခင်အတိုင်းပင် ထမင်းစားကာ အခန်းထဲ ဝင်အိပ်လေသည်။
ဆုန့်ဝမ်မှာ ရင်တမမ ဖြစ်နေပြီး တင်းယန်၏ မျက်နှာထားကို အမြဲတမ်း အကဲခတ်နေမိသည်။
တင်းယန်က ဘာမှ မမေးသည်ကို မြင်ရတော့မှ သက်ပြင်းချနိုင်သော်လည်း တပြိုင်နက်တည်းမှာပင် သံသယ ဝင်မိလေသည်။
တင်းယန်၏ စူးရှသော အာရုံခံနိုင်စွမ်းနှင့်ဆိုလျှင် ပုံမှန်မဟုတ်သည်ကို မရိပ်မိဘဲ မနေနိုင်ပေ။
ဘာကြောင့် သူမ ဘာမှ မပြောရတာလဲ...
နောက်ပိုင်းတွင် အမမေက တင်းယန်၏ အခန်းထဲ ဝင်သွားပြီး အကြာကြီး နေသည်ကို သူမ တွေ့လိုက်ရသည်။
ဆုန့်ဝမ် မနေနိုင်တော့ဘဲ လင်းယွမ်ကို သွားရှာလိုက်သည်။
"အစ်ကိုလင်း... အမမေက တင်းယန်ရဲ့ အခန်းထဲ ဝင်သွားတာ ကြာလှပြီ ပြန်မထွက်လာသေးဘူး... အစ်ကို သွားကြည့်သင့်တယ် ထင်တယ်"
လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး... အမမေ ရှင်းလိုက်ပါလိမ့်မယ်"
ဆုန့်ဝမ်က အာမေဋိတ်သံဖြင့် အံ့သြစွာ မေးလိုက်သည်။
"အမမေက ရှင်းမယ် ဟုတ်လား"
လင်းယွမ်က ရယ်လျက် ပြောလိုက်သည်။
"စိတ်ချပါ... တင်းယန်က အကုန်သိပြီးသားပါ"
ဆုန့်ဝမ် ချက်ချင်း မျက်နှာနီရဲသွားကာ အလျင်အမြန် မေးလိုက်သည်။
"တင်းယန်လည်း သိတယ်"
"သိတာပေါ့... သူက အိမ်မှာ နေတာပဲ... မသိဘဲ နေမလား"
ဆုန့်ဝမ် စိတ်ပူသွားကာ "ဒါဆို တင်းယန်က ဘယ်လို ထင်မှာလား"
"ဘယ်လိုထင်ရမှာလဲ... နင် မြင်တဲ့အတိုင်းပဲလေ... သူက ပုံမှန်အတိုင်းပါပဲ"
"ဒါ... ဒါပေမဲ့" ဆုန့်ဝမ်မှာ စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်။
လင်းယွမ်က ပြုံးလျက် ပြောလိုက်သည်။
"ကဲပါ... ကဲပါ... နင် သိပ် လျှောက်တွေးမနေပါနဲ့တော့... အခန်းထဲသွားပြီး လိမ်လိမ်မာမာလေး အိပ်တော့နော်... ညကျရင် ငါ လာခဲ့မယ်"
ဆုန့်ဝမ်က အလျင်အမြန်ပင် ပြောလိုက်သည်။
"ဒီည အစ်ကို တင်းယန် အခန်းဘက် သွားပြီး သူ့ကို အဖော်ပြု စကားပြောပေးလိုက်ပါလား... သူ စိတ်ထဲမှာ ခံစားနေရမလားလို့ ကျွန်မ ထင်နေလို့"
လင်းယွမ် ပြုံးလိုက်ပြီး "ဘာလဲ... တစ်ညတည်းနဲ့ ရိုးသွားပြီလား" ဟု မေးလိုက်သည်။
"ဟာ... ဘာတွေ ပြောနေတာလဲ"
"ကိုယ့်ယောက်ျားကို အပြင်တွန်းပို့တဲ့ မိန်းမမျိုး ဘယ်မှာ ရှိလို့လဲ"
ဆုန့်ဝမ်က နှုတ်ခမ်းကို ကိုက်လိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။
"အစ်ကိုက ကျွန်မ တစ်ယောက်တည်းပိုင်တာ မဟုတ်ဘူးဆိုတာ ကျွန်မ သိပါတယ်"
လင်းယွမ် ချက်ချင်း အပြုံးပျောက်သွားပြီး သူမရှေ့သို့ လျှောက်သွားကာ ပွေ့ဖက်လိုက်ရင်း ပြောလိုက်သည်။
"အနည်းဆုံးတော့ မနေ့ညက ငါက နင်တစ်ယောက်တည်း ပိုင်တဲ့သူ ဖြစ်ခဲ့တယ် မဟုတ်လား"
ဆုန့်ဝမ်က သူ့ကို ပြန်လည် ဖက်တွယ်လိုက်ရာ ရင်ထဲမှ စိုးရိမ်ပူပန်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လုံခြုံအေးချမ်းမှုက အစားထိုး ဝင်ရောက်လာသည်။
သူမက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"အစ်ကိုက ဒီလောက် အရည်အချင်းရှိတာ... မိန်းမတစ်ယောက်တည်းက ပိုင်ဆိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်မှန်း ကျွန်မ သိပါတယ်... ဒါပေမယ့် ကျွန်မက အစ်ကို့ကို ချစ်မိသွားပြီလေ... ဟင်း"
"ထားလိုက်ပါတော့... ချစ်မိမှတော့လည်း မပြောင်းလဲနိုင်တော့ဘူး... ဒီကိစ္စလေးတစ်ခုကြောင့်နဲ့ အားလုံးရဲ့ သံယောဇဉ်ကို မပျက်စီးစေချင်ဘူး... အစ်ကို ဒီည တင်းယန်ဘက်ကို သွားပြီး သူ့ကို ကောင်းကောင်း အဖော်ပြုပေးလိုက်ပါ"
"နင် သေချာလို့လား"
"အင်း... သွားပါ... ကျွန်မ ဆုံးဖြတ်ပြီးပါပြီ... ခဏတာ စွန့်လွှတ်အနစ်နာခံခြင်းက ပိုကောင်းတဲ့ ရလဒ်ကို ရစေမှာပါ" ဆုန့်ဝမ်က တရားမျှတသည့် လေသံကြီးဖြင့် ပြောလိုက်သည်။
လင်းယွမ်က သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ရင်း ပြောလိုက်သည်။
"စိတ်ချပါ... အမမေက ဖြေရှင်းနေပါပြီ... ခဏနေရင် ငါ သူ့ဘက်ကို သွားပြီး စကားပြောကြည့်လိုက်ဦးမယ်... ဘာမှ မဖြစ်ပါဘူး"
ထိုအခါမှ ဆုန့်ဝမ် စိတ်သက်သာရာ ရသွားပြီး အခန်းထဲသို့ ပြန်ဝင်ကာ အနားယူလေတော့သည်။
လင်းယွမ်သည် သူမကို အခန်းပြန်ပို့ပြီးနောက် တင်းယန်၏ အခန်းတံခါးဝသို့ ရောက်လာခဲ့သည်။
သူ တံခါးကို ဖွဖွ ခေါက်လိုက်ရာ အတွင်းမှ စကားပြောသံများ ရပ်တန့်သွားပြီး တင်းယန်၏ အသံ ထွက်ပေါ်လာသည်။
"ဝင်ခဲ့... တံခါး မပိတ်ထားဘူး"
လင်းယွမ် တံခါးဖွင့်ဝင်လိုက်သောအခါ ရန်မေနှင့် တင်းယန်တို့ ကုတင်စွန်းတွင် ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။
တင်းယန်၏ မျက်ဝန်းများမှာ နီရဲနေပြီး ငိုထားသည့် လက္ခဏာများ ထင်ရှားနေသည်။
လင်းယွမ်ကို မြင်သောအခါ သူမ မျက်နှာလွှဲသွားပြီး ကြည့်ပင် မကြည့်ပေ။
ရန်မေက သူမ၏ လက်ဖမိုးကို ပုတ်ပေးလိုက်ပြီးနောက် လင်းယွမ်ကို မျက်စိဖြင့် အချက်ပြကာ ထရပ်လိုက်ရင်း ပြောလိုက်သည်။
"အမ ရေသွားငှဲ့လိုက်ဦးမယ်... နင်တို့နှစ်ယောက် ပြောနှင့်ကြ"
ထိုသို့ပြောရင်း သူမ တံခါးဝသို့ လျှောက်လာကာ လင်းယွမ်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ လင်းယွမ်က ခေါင်းအသာငြိမ့်ပြလိုက်၏။
ထို့နောက်မှ သူမ အခန်းတံခါးကို ပြန်ပိတ်ပေးလိုက်သည်။
လင်းယွမ်သည် ကုတင်နားသို့ လျှောက်လာပြီး ဝင်ထိုင်လိုက်ကာ ပြောလိုက်သည်။
"ဒီရက်ပိုင်း နင် ပင်ပန်းနေပြီ... နေ့တိုင်း ဟိုပြေးဒီပြေးနဲ့ဆိုတော့... ရက်နည်းနည်းလောက် နားမလား"
တင်းယန်က နှာခေါင်းရှုံ့လိုက်ရင်း "နားရမယ် ဟုတ်လား... အိမ်ထဲမှာ အောင်းနေရင် ရှင် သတို့သားလောင်း လုပ်နေတာကို အနှောင့်အယှက် ဖြစ်မှာပေါ့" ဟု ပြောလိုက်သည်။
လင်းယွမ် ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး ပြောလိုက်သည်။
"နင်လည်း သိသားပဲ... နင်နဲ့ ဆုန့်ဝမ်က ငါ့ဘေးမှာ အစောဆုံး ရှိခဲ့ကြတဲ့သူတွေပါ... နင်တို့နှစ်ယောက်စလုံးက ငါ့စိတ်ထဲမှာ အရမ်း အရေးပါပါတယ်"
တင်းယန်က ချက်ချင်း မေးလိုက်သည်။
"အရေးပါတယ် ဟုတ်လား... ဒါဆို ဘာလို့ သူ့ကို အရင်လိုချင်ရတာလဲ... ကျွန်မကိုကျတော့ ဘာလို့ မလိုချင်တာလဲ"
လင်းယွမ် ဆွံ့အသွားပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ရင်း ပြောလိုက်သည်။
"ဒါက ဘယ်လိုဖြစ်သွားတာလဲ ဆိုတော့... နင် ဒီလို ပြောမယ်ဆိုရင် ငါတို့နှစ်ယောက် အတူရှိခဲ့တဲ့အချိန်က ဆုန့်ဝမ်ထက်တောင် စောသေးတယ်"
"ပြီးတော့ ဒီကိစ္စက တကယ်ကို ရုတ်တရက် ဖြစ်သွားတာ... ငါလည်း ဘာမှ မပြင်ဆင်ရသေးဘူး... အမမေ ငါ့ကို ထောင်ချောက်ဆင်လိုက်တာ"
"ဟွန်း... ရှင်က အခု ရန်မေအပေါ် တာဝန်လွှဲချချင်နေတာလား"
"မဟုတ်ရပါဘူး... ငါ ပြောချင်တာက ဒီကိစ္စမှာ ဘယ်သူ့ကို အရင် ဘယ်သူ့ကို နောက် ဆိုတာမျိုး မရှိပါဘူး... ငါက တကယ်တော့ နင့်ကို အရင်လိုချင်ခဲ့တာပါ... နင်ကြည့်လေ... ဟိုတစ်ခေါက် ကျောက်တွင်းတုန်းက ငါ စိတ်မထိန်းနိုင် ဖြစ်လုနီးပါး ဖြစ်ခဲ့သေးတယ်"
"နင့်ရဲ့ ဆွဲဆောင်မှုကို ငါက ဘယ်လိုမှ တောင့်မခံနိုင်ပါဘူးကွာ"
သူက ပြောရင်းဆိုရင်း သူမအနားသို့ တဖြည်းဖြည်း တိုးကပ်သွားသည်။
တင်းယန်က ဒေါသတကြီးဖြင့် သူ့ကို လက်သီးနှင့် ထိုးလိုက်သည်။
တကယ်တော့ ရန်မေက လင်းယွမ်နှင့် ဆုန့်ဝမ်၏ ကိစ္စကို ဆောင်ရွက်ပေးရန် စီစဉ်ထားကြောင်း ဟိုတစ်နေ့ကတည်းက သူမကို အသိပေးထားပြီး ဖြစ်သည်။
တင်းယန်သည် ထိုစဉ်က ကြားကြားချင်း ဒေါသထွက်ခဲ့ပြီး ဘာကြောင့် ဆုန့်ဝမ်အတွက် အထူးတလည် ပြင်ဆင်ပေးရသနည်းဟု မေးခွန်းထုတ်ချင်ခဲ့သည်။
ရန်မေက စကားတစ်ခွန်းသာ ပြောခဲ့သည်။ ဆုန့်ဝမ်က ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ အပျိုစင် မိန်းကလေးတစ်ယောက်မို့ အခမ်းအနားလေး တစ်ခုတော့ ရှိသင့်ကြောင်း ပြောခဲ့သည်။
တင်းယန်သည် ထိုစဉ်က စကားမပြောနိုင် ဖြစ်သွားခဲ့သည်။ သူမသည် မျက်ဝန်းများ နီရဲကာ မျက်ရည်များ ဝဲလျက် လှည့်ထွက်သွားခဲ့သည်။
နောက်တစ်နေ့တွင် သူမ ပြန်မလာခဲ့ခြင်းက သူမ၏ သဘောထားကို ပြသလိုက်ခြင်းပင်။
သူမ သဘောတူလိုက်ပြီ ဖြစ်သည်။
သို့သော် စိတ်ထဲတွင်မူ မကျေမနပ် ဖြစ်နေဆဲမို့ သူမ ပေါက်ကွဲထွက်ပေါက် လိုအပ်နေသည်။
လင်းယွမ် ယခု လုပ်ရမည်မှာ သူမကို စိတ်ထွက်ပေါက် ပေးလိုက်ရန်ပင် ဖြစ်သည်။
သူသည် နာကျင်သွားဟန်ဆောင်ကာ သူမ ထိုးလိုက်သည့် ရင်ဘတ်နေရာကို အုပ်လျက် အော်ဟစ်လိုက်သည်။
"အား... နာလိုက်တာ... အား... တင်းယန်... နင့်ရဲ့ အစွမ်းတွေ တိုးတက်လာလိုက်တာ... ဒီတစ်ချက်နဲ့တင် ငါ့အသည်းနှလုံးတွေ တုန်ခါသွားတာပဲ"
တင်းယန်က ဒေါသထွက်ရမလို ရယ်ရမလို ဖြစ်သွားပြီး သူ့ကိုယ်ပေါ်သို့ ခွတက်လိုက်ကာ မိုးစက်များသဖွယ် လက်သီးချက်များဖြင့် ထုရိုက်ရင်း အော်ပြောလိုက်သည်။
"ဟန်ဆောင်နေလိုက်... ဟန်ဆောင်နေလိုက်... သေလိုက်စမ်း အသိစိတ်မရှိတဲ့လူ"
လင်းယွမ်သည် သူမ စိတ်ကြိုက် ထုရိုက်သည်ကို ခံယူနေပြီး ရုတ်တရက် လက်ကို ဆန့်ထုတ်ကာ သူမ၏ လက်နှစ်ဖက်ကို ဖမ်းချုပ်လိုက်ပြီး ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
ချက်ချင်းပင် တင်းယန်သည် သူ့ရင်ခွင်ထဲသို့ အပြည့်အဝ ရောက်ရှိသွားတော့သည်။
တင်းယန်က မျက်လုံးအဝိုင်းသားဖြင့် "ကျွန်မကို လွှတ်" ဟု အော်လိုက်သည်။
"မလွှတ်ဘူး"
"ရှင်... အု"
သူမ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် နှုတ်ခမ်းနီနီလေးမှာ အပိတ်ခံလိုက်ရသည်။
သူမက မျက်လုံးပြူးကာ ဒေါသတကြီး စိုက်ကြည့်ရင်း လင်းယွမ်၏ နှုတ်ခမ်းကို အားကုန် ကိုက်ချလိုက်သည်။
လင်းယွမ် နာကျင်သွားသော်လည်း မလွှတ်ပေးဘဲ ဗလုံးဗထွေး ပြောလိုက်သည်။
"ကိုက်သတ်ရင်လည်း မလွှတ်ဘူး"
စိတ်ဓာတ်မာကျောသော တင်းယန်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အနည်းငယ် ပျော့ပျောင်းသွားသည်။
နှစ်ယောက်သား အချိန်အတော်ကြာ လုံးထွေးနေကြပြီးနောက် တင်းယန် မောဟိုက်ကာ တောင့်မခံနိုင်တော့သဖြင့် လင်းယွမ်ကို တွန်းထုတ်လိုက်သည်။
ထို့နောက် သူမက အားကုန်ဆွဲလိုက်ရာ လင်းယွမ်၏ တီရှပ်အင်္ကျီမှာ စုတ်ပြဲသွားပြီး ရင်အုပ်ကြွက်သားကို အားကုန် ကိုက်ချလိုက်ပြန်သည်။
သို့သော် ဤကိုက်ချက်မှာ ကားတာယာကို ကိုက်လိုက်ရသကဲ့သို့ ဖြစ်နေသည်။
လင်းယွမ်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့်ဆိုလျှင် သူမ သွားကျိုးသွားလျှင်တောင် လင်းယွမ်၏ အရေပြား ပေါက်ပြဲသွားမည် မဟုတ်ပေ။
သို့သော် လင်းယွမ်က နာကျင်ဟန်ဆောင်ကာ အော်လိုက်ပြန်သည်။
"အား... တင်းယန်... နင်က ခွေးနှစ်မှာ မွေးထားတာလား"
တင်းယန်က ကျေနပ်အားရစွာ ပြုံးလိုက်ပြီး "ဟုတ်တယ်... ကျွန်မက ခွေးနှစ်ပဲ... ဘာဖြစ်လဲ" ဟု ပြောလိုက်သည်။
ထို့နောက် သူမသည် လက်ကမြင်းကာ လင်းယွမ်၏ ကြယ်သီးများကို ဖြုတ်လိုက်သည်။
လင်းယွမ်လည်း လက်များကို သူမ၏ စွပ်ကျယ်အောက်သို့ လျှိုသွင်းလိုက်ရာ မီးစာကုန် ဆီခန်းသကဲ့သို့ ထိလိုက်သည်နှင့် တောက်လောင်သွားတော့သည်။
တင်းယန်က သူ နှေးကွေးနေသည်ကို အားမလိုအားမရ ဖြစ်ကာ သူမ၏ အတွင်းခံကို ကိုယ်တိုင် ဆွဲဖြုတ်ပစ်လိုက်သည်။
ထို့နောက် သူ့ကိုယ်ပေါ်သို့ ခွလိုက်ရင်း ပြောလိုက်သည်။
"မနေ့က ဟိုမိန်းမကို သုံးခဲ့တဲ့ အားအင်တွေ ဒီနေ့ ကျွန်မအတွက် နှစ်ဆပြန်ပေးရမယ်"
လင်းယွမ်က ဟားခနဲ ရယ်မောလိုက်ပြီးနောက် "နင် ပြောတာနော်... ပြီးမှ နောင်တမရနဲ့" ဟု ပြောလိုက်သည်။
"ကျွန်မရာဇဝင်မှာ နောင်တရတယ် ဆိုတာ မရှိဘူး"
လင်းယွမ်က ကိုယ်ကို လှန်လိုက်ပြီး သူမကို အောက်သို့ ဖိချလိုက်သည်။
သူမ၏ အာမေဋိတ်သံများကြားတွင် တိုက်ပွဲကြီး စတင်လေတော့သည်။
.....
ဆရာမတွေလည်း လိမ်ညာတတ်ကြောင်း သက်သေပြလိုက်ခြင်းပင်။
တင်းယန်၏ ရာဇဝင်တွင် နောင်တရခြင်းဟူသည့် စကားလုံး ရှိနေခဲ့သည်။
ညတစ်ဝက်အထိ သူမ အရှုံးမပေးဘဲ သွားစေ့ထားကာ အားကုန်ထုတ်၍ တိုက်ခိုက်ခဲ့သည်။
ညဉ့်နက်ပိုင်း ရောက်သောအခါ သူမ လက်နက်ချ အရှုံးပေးလိုက်ရပြီး နောက်ဆုံးတွင် လင်းယွမ် ဆက်မလုပ်နိုင်စေရန် အစွမ်းကိုပင် ထုတ်သုံးလိုက်ရသည်။
ပြောရမည်ဆိုလျှင် သူမ၏ 'အစွမ်းသွင်းခြင်း' စွမ်းရည်ကို သူမ ကောင်းကောင်း နားလည်အသုံးချတတ်နေပြီ ဖြစ်သည်။
လင်းယွမ်မှာ အားသွင်းပေါက်ကိုပင် ရှာမတွေ့တော့လောက်အောင် ထိုနေရာတစ်ခုလုံးကို သူမက အစွမ်းအလင်းတန်းများဖြင့် လုံခြုံစွာ ဖုံးအုပ်ထားလိုက်ခြင်း ဖြစ်သည်။
ထိုအစွမ်းအလင်းတန်းမှာ တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း နှစ်မျိုးစလုံး ရသဖြင့် အလွန် အသုံးဝင်လှသည်။
သို့သော် ဘယ်မိန်းကလေးမျိုးကများ ဤနေရာတွင် ဒီအရာကို သုံးပါမည်နည်း။
တင်းယန်သည် တကယ့်ကို တိုက်ခိုက်ရေးပါရမီရှင်ပင် ဖြစ်သည်။ တိုက်ပွဲတုံ့ပြန်နိုင်စွမ်းမှာ အလွန် ထက်မြက်လှသည်။
ကံကောင်းသည်မှာ လင်းယွမ်က သာမန် မဟုတ်ပေ။ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း ကို အားလျော့ကာ သုံးလိုက်ရာ တင်းယန်မှာ ချက်ချင်းပင် မူးဝေသွားပြီး ခံစစ်ကျိုးပေါက်ကာ အစွမ်းအလင်းတန်းများကို ဆက်လက် မထိန်းချုပ်နိုင်တော့ပေ။
ထိုအချိန်မှစ၍ မြို့တံခါး ကျိုးပေါက်ကာ စစ်ပွဲအခြေအနေ ပြောင်းလဲသွားပြီး တင်းယန်မှာ လက်နက်ချ အသနားခံရတော့သည်။ ၎င်းမှာလည်း တစ်မျိုးတစ်ဖုံ အရသာ ရှိနေပြန်သည်။
....
အခန်းတံခါးအပြင်ဘက်တွင် ရန်မေသည် ဧည့်ခန်း၌ ထိုင်ကာ ရေနွေးကြမ်းသောက်ရင်း အခန်းထဲမှ လှုပ်ရှားသံများကို နားထောင်နေမိသည်။ သူမ၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ချိုးသွားပြီး ပြုံးလိုက်မိလေသည်။
သူမသည် ခြေသံလုံလုံဖြင့် ထိုနေရာမှ ထွက်ခွာလာပြီး ကိုယ့်အခန်းကိုယ် ပြန်လာခဲ့သည်။
ကြာမြင့်စွာကတည်းက ဆုန့်ဝမ်နှင့် တင်းယန်၏ ကိစ္စသည် သူမ၏ ရင်ထဲတွင် ရှိနေခဲ့သည်။
ယခု နောက်ဆုံးတွင် ဖြေရှင်းနိုင်လိုက်ပြီမို့ သက်ပြင်းချနိုင်လိုက်သော်လည်း မေးခွန်းတစ်ခုကို တွေးမိလိုက်ပြန်သည်။
"ယန်ယန်လေး ကျန်သေးတယ်"
သူမ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ တုံယန်က ဆုန့်ဝမ်၊ တင်းယန်တို့နှင့် မတူပေ။
ထိုကောင်မလေးက အသက်ငယ်လွန်းသေးသည်။ အထက်တန်းကျောင်း ပြီးကာစသာ ရှိသေးပြီး လောကအမြင် မရင့်ကျက်သေးသလို ကြုံတွေ့ဖူးသည့် အတွေ့အကြုံလည်း နည်းပါးသည်။
တစ်ခါတစ်ရံတွင် ဤအရွယ် မိန်းကလေးများသည် အချစ်နှင့် လေးစားအားကျမှုကို ခွဲခြားမသိတတ်ကြပေ။
သူမ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ခက်ခဲလှပါလား။
သူမ ရှင်းလင်းစွာ သိထားသည့် အရာတစ်ခု ရှိသည်။ မောင်လေးက ပို၍ ထူးချွန်လာသည်နှင့်အမျှ သူ့ကို စိတ်ဝင်စားသည့် မိန်းကလေးများ ပို၍ များပြားလာမည် ဖြစ်သည်။
သူမ တစ်ယောက်တည်းဖြင့် အပြင်မှ မိန်းမဆိုးများကို ကာကွယ်နိုင်မည် မဟုတ်ပေ။
သူမကိုယ်တိုင်လည်း ထိုကိစ္စများကို မကျွမ်းကျင်လှပါ။
ထို့ကြောင့် တင်းယန်နှင့် ဆုန့်ဝမ်တို့ကဲ့သို့ ဒုက္ခပင်လယ်ဝေချိန်ကတည်းက အတူတူ ရုန်းကန်လာခဲ့ကြသူများကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
အားလုံးက တစ်ယောက်အကြောင်း တစ်ယောက် သိပြီးသားဖြစ်သလို ညီအစ်မ သံယောဇဉ်လည်း ရှိကြသည်။ သူစိမ်းများ လက်ထဲ ပါသွားမည့်အစား သူမတို့ကို အဖွဲ့ထဲ ထည့်လိုက်ခြင်းက ခံစစ်စည်းကို ပိုမို ခိုင်မာစေလိမ့်မည်။
"တုံယန်လေးက ငယ်လွန်းသေးတယ်... စောင့်ကြည့်ရဦးမယ်... သူ နည်းနည်း ပိုကြီးလာရင် အချစ်ဆိုတာ ဘာလဲ သိလာပြီး တခြား အတွေးတွေ ရှိလာမလားပေါ့"
ကံကောင်းသည်မှာ မောင်လေးက တုံယန်အပေါ် အထူးတလည် သဘောထားခြင်းမျိုး သူမ မတွေ့ရပေ။
တုံယန်ကသာ မောင်လေးအပေါ် တစ်ဖက်သတ် စိတ်ဝင်စားနေခြင်း ဖြစ်သည်။
"မောင်လေးက သူ့အပေါ် ပိုတဲ့သံယောဇဉ် မရှိလောက်ပါဘူး"
ရန်မေ ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သော်လည်း သိပ်တော့ မသေချာလှပေ။
ဆက်ရန်...