အခန်း (၅၅၉-၅၆၁)
Vol. 38 Ch. 559-561
အပိုင်း ( 559 )
လျူချင်းယွမ် : ရှုကျိုးက ဘာတွေလုပ်ခဲ့တာလဲ ၂
“ အဲ့လို အဆင့်ရှိတဲ့ စစ်သည်တော်တွေအတွက်ဆိုရင် အဆင့်၉ ပညာရှင်က အစီအရင်ကို မဦးဆောင်ဘူးဆိုရင်၊ စစ်တပ်ဆယ်ခုကတောင် သူတို့ကို ရပ်တန့်နိုင်မှာ မဟုတ်ဘူး “
အဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးသည် အသာအယာ သက်ပြင်းချနေတော့သည်၊ သူသည် ကွမ်ဟန်ကို စောင့်ကြပ်ရန် ကျန်နေခဲ့သည့် လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။
တစ်ခြားသော အဌမအဆင့် အထွတ်အထိပ် ပညာရှင် အများစုကမူ ကောင်းကင်ဂိတ်ကို စောင့်ကြပ်ရန် ထွက်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် အဌမအဆင့် ပညာရှင်က စစ်တပ်အဆင့် တိုက်ပွဲအစီအရင်ကို ကွပ်ကဲမည်ဆိုလျှင်တောင်မှ၊ ပကတိ အထွတ်အထိပ် ပညာရှင်ကို ယှဥ်နိုင်ရန် မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
“ ဒါဆိုရင် ကမ္ဘာတစ်ဖက်ကို ဘာလို့ တပ်ဖွဲ့ အများကြီး လွှတ်လိုက်ရတာလဲ။ အဲ့တာက သေဒဏ်ပေးလိုက်တာပဲ မဟုတ်ဘူးလား “ တစ်စုံတစ်ဦးမှ မေးခွန်းထုတ်လာခဲ့သည်။
အဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးမှ ပြန်ပြောလာခဲ့သည် “ အဲ့လူတွေကို ကမ္ဘာ့ကြယ်ရဲ့ အဆင့်၉ ပညာရှင်နဲ့ ယှဥ်ဖို့လွှတ်ထားတာ၊ ပကတိ အထွတ်အထိပ် ပညာရှင်ကို မဟုတ်ဘူး။ တကယ်လို့ ပကတိ အထွတ်အထိပ် ပညာရှင်က သူကိုယ်တိုင် လှုပ်ရှားလာပြီဆိုရင်တော့ အဲ့တာက နောက်ဆုံးတိုက်ပွဲပဲ “
“ အဲ့တာဆို နောက်ဆုံးတိုက်ပွဲက စတော့မှာလား “
အားလုံး၏ စိတ်နှလုံးသားများ တုန်လှုပ်သွားကာ အမူအရာများ ပြောင်းလဲသွားတော့သည်။
အဌမအဆင့် အထွတ်အထိပ် ပညာရှင် ပြောခဲ့သည့်အတိုင်းပင် များသောအားဖြင့် ပကတိ အထွတ်အထိပ် ပညာရှင်သည် လူကိုယ်တိုင် လှုပ်ရှားလေ့ မရှိပေ။
ကမ္ဘာနှစ်ခု၏ အပြင်းအထန်ဆုံးသော တိုက်ပွဲမှာပင်၊ နဝမအဆင့် ပညာရှင်တို့၏ ထိပ်တိုက်ရင်ဆိုင်မှုသာ ဖြစ်ခဲ့သည်။
ပကတိ အထွတ်အထိပ် ပညာရှင်က မလှုပ်ရှားရခြင်းသည် နှစ်ဖက်စလုံး၏ တိတ်တဆိတ် သဘောတူညီမှုဖြစ်သည်။
ပကတိ အထွတ်အထိပ်အဆင့်ဆိုသည်မှာ မြင့်မားလွန်းလှသော တည်ရှိုမှုတစ်ခုဖြစ်ပြီး၊ အကယ်၍ ထိုကဲ့သို့ လူတစ်ဦးက လှုပ်ရှားလာခဲ့မည်ဆိုပါက၊ သေချာပေါက် သွေးမုန်တိုင်း တိုက်ခတ်သွားမည် ဖြစ်သည်။
ဤအခိုက်အတန့်တွင် လူတိုင်း တိတ်ဆိတ်သွားကာ အသက်ရှူကြပ်လုမတတ်ပင် ဖြစ်သွားခဲ့ကြသည်။
တစ်ချိန်တည်းမှာပင်
လေဟာနယ်အတွင်းရှိ တိကျွမ်းသည် လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် ပုလ္လင်ပေါ်ရှိ မှုန်ဝါးဝါး မျက်နှာတစ်ခု တည်ရှိရာဘက်သို့ ကြည့်နေကာ အေးစက်စွာ ပြောဆိုလိုက်သည် “ မြေအောက်လောကဘုရင်၊ မင်းက ငါနဲ့ တိုက်ခိုက်နေတာလား “
ကမ္ဘာ့ကြယ်ခေါင်းဆောင်ဖြစ်သူ၊ မြေအောက်လောကဘုရင်မှ သူ၏ပါးစပ်ကို ဖွင့်ဟလာခဲ့ရာ ခမ်းနားထည်ဝါသော အသံတစ်သံ ပျံ့လွင့်လာခဲ့သည် “ ရှုကျိုးကို လွှဲပေးရင် ငါတို့ ကမ္ဘာ့ကြယ်က ကွမ်ဟန်က တပ်ဖွဲ့တွေ အားလုံးကို ရုတ်သိမ်းပြီးတော့ ကမ္ဘာနှစ်ခုစစ်ပွဲကနေ ထွက်သွားပေးမယ် “
ထိုစကားလုံးများသည် ကွမ်ဟန်တစ်ခုလုံးကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။
မြေအောက်လောကဘုရင်သည် ထိုစကားကို စိတ်ဝိညာဥ်စွမ်းအားဖြင့် ပေါင်းစပ်ပြောဆိုခဲ့သောကြောင့်၊ ၎င်းသည် ကွမ်ဟန်တစ်ခုလုံးသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။
အဌမအဆင့် အထွတ်အထိပ် ပညာရှင်တို့မှ အစပြု၍ ပထမအဆင့်နှင့် ဒုတိယအဆင့် ပညာရှင် .. စသည်ဖြင့် အားလုံးသည် ထိုစကားကို ရှင်းရှင်းလင်းလင်း၊ ပီပီသသ ကြားသိခဲ့ရသည်။
ရှုကျိုးကို လွှဲပေးရင်၊ ကမ္ဘာ့ကြယ်က ကမ္ဘာနှင်ခု စစ်ပွဲကနေ နှုတ်ထွက်သွားမှာလား
“ ရှုကျိုးက ဘယ်သူလဲ “
တစ်စုံတစ်ဦးမှ မေးခွန်းထုတ်လာခဲ့သည်၊ ထိုလူက ကွမ်ဟန်စစ်မြေပြင်သို့ ယခုမှရောက်ရှိလာသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။
“ အရူး၊ မင်းက ရှုကျိုးကို မသိဘူးလား။ သူက ကောင်းကင်ဂိတ်ကို ဖွင့်လှစ်ခဲ့တဲ့ ပထမဦးဆုံး သူရဲကောင်းလေ “
“ အဆင့်၆နယ်ပယ်မှာ ရှိတဲ့ အဲ့ဒီရှုကျိုးက အမှောင်နယ်မြေက တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကို သတ်လိုက်တယ်လေ “
တစ်စုံတစ်ဦးသည် ရှုကျိုး၏ အောင်မြင်မှုများအကြောင်းကို လျင်မြန်စွာ ဖြန့်ဝေပေးလာခဲ့သည်။
၃၈မျဥ်းပြိုင်ကို ကျော်ဖြတ်ခဲ့ပြီးသည့်နောက်တွင်၊ ရှေ့တန်းစစ်တပ်သည် ကမ္ဘာ့ကြယ်ဘက်သို့ နောက်ထပ် မိုင်ငါးထောင်အထိ ချီတက် သိမ်းပိုက်ခဲ့ကြသည်။
ဤဖြစ်စဥ်ကာလအတွင်းတွင် အမျိုးမျိုးသော တပ်ဖွဲ့များသည် အသေးစားနှင့် အကြီးစား အောင်ပွဲများကို အသီးသီး ရရှိခဲ့ကြသည်။
၎င်းတို့အနက် အထင်ရှားဆုံးနှင့် အတောက်ပဆုံး ယူနစ်ကမူ တပ်မဟာ ၂၃သာလျှင် ဖြစ်သည်။
တပ်မဟာ ၂၃သည် အမှောင်နယ်မြေ တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်ကို သတ်ဖြတ်ခဲ့ပြီး၊ ကမ္ဘာ့ကြယ် တပ်ဖွဲ့ ဆယ်ခုကျော်ကို အမှောက်သိပ်ကာ၊ ကမ္ဘာ့ကြယ် သိုင်းပညာရှင် နှစ်သိန်းကျော်အထိ သုတ်သင်ရှင်းလင်းခဲ့လေသည်။
ထိုကဲ့သို့သော အောင်မြင်မှုများသည် ရှေ့တန်းတပ်ဖွဲ့များကြားတွင် လုံးဝချွန်ထွက်နေခဲ့သည်။
“ ရှုကျိုးကို လွှဲပေးစေချင်နေတာလား။ မင်းတို့က အိမ်မက်မက်နေကြတာပဲ “
ကြယ်ပြာတိုက်ပွဲ အစီအရင်အတွင်းရှိ အဌမအဆင့် ပညာရှင်တစ်ဦးသည် မြေအောက်လောကဘုရင်ကို အော်ပြောလိုက်သည်။ အဌမအဆင့် ပညာရှင်တစ်ဦးနှင့် ကွမ်ဟန်တွင် နှစ်ပေါင်းများစွာ ကြာရှည်သည်အထိ တိုက်ခိုက်နေခဲ့သော လူတစ်ဦးဖြစ်သည့်အလျောက် အကြောက်တရားကင်းမဲ့မှုမှာ မည်သို့မျှ ရှားပါးမနေခဲ့ပေ။
ယခုတွင် ရန်သူက သူတို့၏ ရဲဘော်ရဲဘက်တစ်ဦးကို လွှဲပြောင်းပေးရန် တောင်းဆိုလာခဲ့သည်၊ ဤကဲ့သို့သော အရှက်ခွဲမှုမျိုးအား မည်သူက သည်းခံနိုင်လိမ့်မည်နည်း
“ ဂုဏ်သိက္ခာကြီးမားလွန်းတဲ့ မြေအောက်လောကဘုရင်ကြီးက အဆင့်၆ နယ်ပယ်က ဂျူနီယာလေးတစ်ယောက်ကို ဖမ်းဖို့ လူကိုယ်တိုင် ရောက်လာခဲ့တာလား။ တကယ်ကို ရှက်ကြောပြတ်နေကြတာပဲ “
တစ်ခြားလူတစ်ဦးမှာလည်း ကမ္ဘာ့ကြယ် ခေါင်းဆောင်က မျက်နှာပျက်သွားရမည်ကို ဂရုစိုက်မနေဘဲ ပေါ်ပေါ်တင်တင် လှောင်ပြောင်ပြောဆိုလာခဲ့သည်။
“ ကွမ်ဟန်ကနေ ဆုတ်သွားပေးမှာလား။ ဘယ်လိုဟာကြီးလဲ၊ ငါတို့မောင်းထုတ်လိုက်လို့ သူတို့က ဒီအထိ ရောက်နေခဲ့ရတာလေ။ သူတို့က အဲ့လိုစကားမျိုးကို ပြောရဲနေသေးတာလား “
လူတော်တော်များများသည် သူတို့၏ ဒေါသသံများကို ဖော်ထုတ်ပြသလာခဲ့သည်။
ကြယ်ပြာဂြိုဟ်၏ အထွန်းတောက်ဆုံး ပါရမီရှင်တစ်ဦးကို ရန်သူ့လက်ထဲသို့ ထည့်ပေးလိုက်ရခြင်းကို မည်သူကမှ မြင်တွေ့ချင်မည် မဟုတ်ပေ။
လေဟာနယ်အတွင်းရှိ တိကျွမ်းသည် ၃၈မျဥ်းပြိုင်အလွန်တွင် ရှိနေသည့် မြေအောက်လောကဘုရင်ကို ကြည့်ကာ အေးအေးလူလူ စကားပြောလိုက်သည် “ မြေအောက်လောကဘုရင်၊ ငါနဲ့မတိုက်ဘူးဆိုရင် ပြန်ဆုတ်သွားလိုက်ပါ “
ပုလ္လင်ပေါ်၌ သွေးနီရောင် လျှပ်စီးတန်းများသည် ကမ္ဘာ့ပင်လယ်လှိုင်းလုံးကြီးများသကဲ့သို့ လိမ်ယှက်လာခဲ့ပြီး၊ မြေအောက်လောကဘုရင်သည် တိကျွမ်းကို အေးစက်စက် စိုက်ကြည့်လာခဲ့သည်။
“ တိကျွမ်း၊ ငါမလုပ်ရဲဘူးလို့ မင်းထင်နေတာလား “
သူ၏စကားပြောဆိုမှု ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ပုံရိပ်တစ်ချို့သည် သွေးပင်လယ်အတွင်း ပေါ်လာခဲ့သည်။
မျက်လုံးသုံးလုံးဘုရင်၊ မင်ကျိနှင့် စားပွဲဝိုင်းမှ တစ်ခြားလူအားလုံး ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူတို့၏ အသွင်အပြင်များသည် အလွန်တရာ ခံ့ညားနေခဲ့ပြီး၊ သူတို့၏ အရှိန်အဝါများမှာလည်း ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို နှောင့်ယှက်နေကာ အချိန်နှင့် ဟင်းလင်းပြင်တို့ကိုပင် အနည်းငယ် ပုံပျက်သွားစေခဲ့သည်။
အဆိုပါ ပုံရိပ်များသည် ၃၈မျဥ်းပြိုင်တွင် အတူတကွ ပေါ်လာခဲ့ပြီး၊ သူတို့ခန္ဓာကိုယ်များထံမှ ထုတ်လွှတ်နေသည့် အရှိန်အဝါများသည် ကွမ်ဟန်တစ်ခုလုံးကို ဖိနှိပ်နေသည့်အလား ဖြစ်နေခဲ့သည်။
ဤအချိန်၌ သန်းနှင့်ချီသော ကြယ်ပြာဂြိုဟ် စစ်သည်တော်အားလုံး အံ့ဩတုန်လှုပ်သွားကြသည်၊ ထိုကဲ့သို့သော အရှိန်အဝါမျိုးသည် အလွန်တရာ အားကောင်းနေခဲ့ပြီး၊ လူတစ်သိန်းပေါင်းစပ်ထုတ်လွှင့်သည့် အရှိန်အဝါကပင် ၎င်းကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
“ ကမ္ဘာ့ကြယ်ရဲ့ ပကတိ အထွတ်အထိပ် ပညာရှင်အားလုံး ရောက်လာကြပြီ။ သူတို့က နောက်ဆုံးစစ်ပွဲကို ဆင်နွှဲနေချင်ကြတာလား “
အဌမအဆင့် အထွတ်အထိပ်မှ စစ်သည်တော်များကပင် အနည်းငယ် ကြောက်လန့်သွားကြသည်။
သူတို့သည် နှစ်ပေါင်းများစွာကြာရှည်သည်အထိ တိုက်ခိုက်နေခဲ့ပြီး၊ အကြောက်တရားမီးတောက်ကို ငြှိမ်းသက်နိုင်လုနီးပါး ဖြစ်နေခဲ့သော်လည်း၊ ဤကဲ့သို့သော တည်ရှိမှုများ ရှေ့တွင်မူ သူတို့သည် အဆိုပါ မီးတောက်ကို မဖိနှိပ်နိုင်ကြတော့ပေ။
ပုလ္လင်ပေါ်ရှိ မြေအောက်လောကဘုရင်မှ စကားထပ်ပြောလာခဲ့သည် “ ရှုကျိုးကို လွှဲပေးလိုက်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါ့ရဲ့ ကမ္ဘာ့ကြယ် တပ်မတော်က ကွမ်ဟန်တစ်ခုလုံးကို ချေမှုန်းလိမ့်မယ် “
ဤအခိုက်အတန့်တွင် လူတော်တော်များများ၏ စိတ်နှလုံးသားများ လှုပ်ခါသွားခဲ့သည်။
“ ကမ္ဘာ့ကြယ်ရဲ့ ပကတိ အထွတ်အထိပ် ပညာရှင်တွေအားလုံးက သူ့ကို လာခေါ်ရတဲ့အထိ ဖြစ်သွားလောက်အောင်၊ ရှုကျိုးက တကယ်ပဲ ဘာတွေကို လုပ်ခဲ့တာလဲဟ “
“ အဲ့ဒီလူတွေရဲ့ မျက်လုံးတွေထဲမှာ ရှုကျိုးက တော်တော်ကြီးကို အရေးကြီးနေတာများလား “
လူတော်တော်များများသည် ဤအထွတ်အထိပ် ပညာရှင်များအားလုံး ပေါ်ထွက်လာရခြင်းက ရှုကျိုးကို ခေါ်ဆောင်သွားရန်အတွက်သာ ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလိုက်ရကာ အလွန်တရာ တုန်လှုပ်သွားကြသည်။
ရှုကျိုးက ကောင်းကင်ဘုံ လျှို့ဝှက်ချက်တွေကို ပိုင်ဆိုင်ထားတာများလား
ဤအခိုက်အတန့်တွင် လူတော်တော်များများ၏ မျက်လုံးများ တောက်ပနေခဲ့ပြီး၊ အတွေးများ လှုပ်ခတ်နေကာ ဦးနှောက်ကို အလုပ်ပေးနေကြသည်။
သို့သော် အကြောက်တရားများလည်း ရှိနေသေးသည်။
တကယ်လို့ ရှုကျိုးကို လွှဲမပေးလိုက်ဘူးဆိုရင်၊ နောက်ဆုံးတိုက်ပွဲကို တကယ်ကြီး လုပ်ကြတော့မှာလား
ထိုအချိန်တွင် ခံ့ညားထည်ဝါသော နောက်ထပ် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့ကာ ကောင်းကင်ပြင်နှင့် သူရိန်နေမင်းတို့ကို ပိတ်ဆို့သွားခဲ့သည်။
“ တိုက်ချင်တယ်ဆိုရင်လည်း မြန်မြန်စလိုက်တော့၊ မင်းတို့ကို ငါကြောက်မနေဘူး “
လေဟာနယ်အတွင်းမှ စကားပြောဆိုနေခဲ့သည့် တိကျွမ်းသည် နတ်ဘုရားတစ်ပါးသဖွယ်ဖြစ်နေသည့် သူ၏ အစစ်အမှန် ပုံသဏ္ဍာန်ကို ယခုတွင် အပြည့်အဝ ထုတ်ဖော်ပြသလာခဲ့သည်။
……………………………………………………………………………………………………………………………..
အပိုင်း ( 560 )
လျူချင်းယွမ် : ရှုကျိုးက ဘာတွေလုပ်ခဲ့တာလဲ ၃
သူ၏ အရှိန်အဝါ ပျံ့လွင့်လာခဲ့ပြီး၊ ကွမ်ဟန်ကို ဖိနှိပ်နေသည့် အရှိန်အဝါကို ချက်ချင်း မောင်းထုတ်သွားခဲ့သည်။
ကွမ်ဟန်စစ်မြေပြင်ရှိ လူတိုင်းမှာ တအံ့တဩဖြစ်သွားကြသည်။
မထင်မှတ်ထားစွာဖြင့် တစ်စုံတစ်ဦးသည် ပကတိ အထွတ်အထိပ် ပညာရှင်များကို ရင်ဆိုင်နေခဲ့ပြီး၊ ထိုလူမှာလည်း ပကတိ အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်နေခဲ့သည်။
နယ်ပယ်ပိုမြင့်လေလေ၊ အများနှင့်တစ်ယောက် တိုက်ခိုက်ရန် ခက်ခဲလေလေဖြစ်ပြီး၊ ယခုကဲ့သို့ ပကတိ အထွတ်အထိပ် ပညာရှင်များစွာကို တစ်ကိုယ်တော် စိန်ခေါ်ခြင်းမှာ မဖြစ်နိုင်သော အရာဖြစ်သည်။
“ အဲ့တာက တိကျွမ်းပဲ။ အကြီးအကဲ တိကျွမ်းပဲ၊ သူတကယ် မသေသေးဘူး “
တစ်စုံတစ်ဦးသည် သူ့ကို မှတ်မိသွားခဲ့သည်၊ တိကျွမ်းက ဤကမ္ဘာတွင် ပျောက်ကွယ်နေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သော်လည်း၊ နဝမအဆင့်တွင် ပြိုင်ဘက်ကင်းခဲ့သည့် သူ၏ ဂုဏ်သတင်းအား အကြီးအကဲတစ်ချို့က ပြောဆိုမျှဝေပေးနေစဲပင် ဖြစ်သည်။
“ အကြီးအကဲ တိကျွမ်းက တော်တော်ကြီးကို စွမ်းပင်မဲ့ ခုနစ်ယောက်တစ်ယောက်ကြီးကတော့ နည်းနည်းလေး ပြဿနာများလိမ့်မယ် “
လူတော်တော်များများသည် ကောင်းကင်ထက်ရှိ ပုံရိပ်ကို ကြည့်ကာ စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်၊ သူတို့၏ စိတ်ခံစားချက်များမှာ ဖော်ပြ၍ မရနိုင်လောက်သည်အထိ ဖြစ်နေခဲ့ရသည်။
တိကျွမ်းသည် အဆင့်တူ ပညာရှင်ခုနစ်ဦးကို တစ်ကိုယ်တော် ရင်ဆိုင်နေခဲ့ရသည်။
သို့သော် သူ၏ အားမာန်မှာ ပြိုင်ဘက်ကင်းနေစဲဖြစ်ပြီး၊ သူသည် အေးအေးဆေးဆေး စကားထပ်ပြောလာခဲ့သည် “ တကယ်လို့ မင်းတို့မှာ ဘောတွေရှိတယ်ဆိုရင်၊ မင်းတို့ရဲ့ လူအင်အား သန်းနဲ့ချီတဲ့ တပ်မတော်ကြီးကို ပို့ပြီးတော့ နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲလိုက်။ ငါမင်းတို့ကို ကြောက်မနေဘူး “
ပုလ္လင်ပေါ်ရှိ မြေအောက်လောကဘုရင်သည် တိကျွမ်းကို စိုက်ကြည့်ကာ၊ အမူအရာ မည်းမှောင်သွားခဲ့သည်။
သူသည် အင်အားသန်းနှင့်ချီသော တပ်မတော်ကို စေလွှတ်နိုင်မည် မဟုတ်ပေ၊ ၎င်းမှာ ဟန်ပြခြိမ်းခြောက်မှုတစ်ခုသာလျှင် ဖြစ်သည်။
အမှောင်နယ်မြေက နှစ်ဝက်အတွင်း ဆင်းသက်လာတော့မည်ဖြစ်သည့်အတွက်၊ မည်သည့်အတွက်ကြောင့် လူအင်အားကို ဖြုန်းတီးရမည်နည်း
သို့ရာတွင် တိကျွမ်း၏ ခိုင်မာသော ရပ်တည်ချက်သည် မြေအောက်လောကဘုရင်ကိုပင် အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။
အစပိုင်းတွင် သူသည် ကမ္ဘာ့ကြယ်၏ ပကတိ အထွတ်အထိပ် ပညာရှင်အားလုံးကို ခေါ်ဆောင်ကာ ပြိုင်ဘက်ကို ခြိမ်းခြောက်ရန် ပြင်ဆင်ထားခဲ့သည်၊ သို့သော် ယခုတွင်ကား အဆိုပါ ရှုကျိုးသည် တိကျွမ်း၏ မျက်လုံးထဲတွင် သူတို့တွေးထင်ထားသည်ထပ် ပိုမိုအရေးပါနေပုံရသည်။
မြေအောက်လောကဘုရင်သည် တိကျွမ်းကို နက်နက်နဲနဲ ကြည့်ရှုကာ အေးစက်စွာ ပြောဆိုလာခဲ့သည် “ နှစ်ဝက်အတွင်းမှာ ငါမင်းနဲ့တိုက်မယ် “
ထို့နောက်တွင် သူသည် တောင်ပိုင်းစစ်နယ်မြေရှိရာဘက်သို့ လှမ်းကြည့်ကာ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ကြယ်ပြာဂြိုဟ်ရဲ့ ပကတိ အထွတ်အထိပ် ပညာရှင် အကုန်လုံးက ဟိုကိုရောက်နေကြတာပဲ ………. အစီအရင်တွေ ဖျက်စီးနေကြတာလား။ နှမြောစရာပဲ မင်းရဲ့ ကြိုးစားအားထုတ်မှု အကုန်လုံးက အလဟာသ ဖြစ်သွားရမှာ၊ ရလဒ်က ဘယ်လိုမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး “
စကားပြောဆိုနေရင်းဖြင့် မြေအောက်လောကဘုရင်သည် လှောင်ပြုံးပြုံးကာ တိကျွမ်းကို စိုက်ကြည့်နေခဲ့သည်။
မကြာခင်မှာ အချိန်မှာပင် သူနှင့် ကမ္ဘာ့ကြယ်၏ တစ်ခြားသော ပကတိ အထွတ်ထိပ် ပညာရှင်များသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
တစ်ခဏ အကြာတွင် ဤနေရာရှိ ဟင်းလင်းပြင်သည် ပုံမှန်အနေအထားအတိုင်း ပြန်ဖြစ်သွားခဲ့သည်။
ကွမ်ဟန်စစ်မြေပြင်အတွင်းရှိ စစ်သည်တော်တိုင်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေကြတော့သည်။
ကောင်းကင်ထက်ရှိ တိကျွမ်းကမူ အမူအရာ မည်းမှောင်သွားခဲ့သည်၊ မြေအောက်လောကဘုရင်က ရှုကျိုးကို မခေါ်သွားခဲ့သော်လည်း၊ သူသည် ထိုလူများက တောင်ပိုင်းစစ်မြေပြင်၏ လုပ်ဆောင်မှုများကို ကြန့်ကြာသွားစေရန် ရည်ရွယ်ရင်းဖြင့် ကွမ်ဟန်အား ပိုမိုဖိအားပေးနှောင့်ယှက်လာတော့မည်ဆိုသည်ကို သိနေခဲ့သည်။
“ နှစ်ဝက် …. “
တိကျွမ်းသည် မျက်မှောင်ကြုတ်သွားခဲ့ကာ စိုးရိမ်တကြီး ဖြစ်သွားတော့သည်။
…
ထိုစဥ် ကွမ်ဟန်စစ်တပ်အတွင်းရှိ
လျူချင်းယွမ်နှင့် ရှန့်ဝမ်ချန်းတို့မှာလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းများ ချနေကြတော့သည်။
ချက်ချင်းဆိုသလိုပင် သူတို့သည် တစ်ဦးကိုတစ်ဦး လှည့်ကြည့်ကာ နိုးနိုးကြားကြား ဖြစ်သွားကြသည်။
“ အဲ့ကလေး ရှုကျိုးက ပကတိ အထွတ်အထိပ် ပညာရှင်တွေကိုတောင် ဖင်ပူသွားအောင် လုပ်ခဲ့တာလား “
“ အဲ့ကလေးက ဘာတွေများ လုပ်ခဲ့တာပါလိမ့် “
လျူချင်းယွမ်၏ မျက်နှာသည် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
ရှန့်ဝမ်ချန်းမှာလည်း အသာအယာ သက်ပြင်းချ၍ ပြောလာခဲ့သည် “ ငါတို့နဲ့ လမ်းခွဲသွားခဲ့တဲ့ အချိန်တုန်းက သူက အဆင့်၅ နယ်ပယ်ကို ရောက်ခါစပဲရှိသေးတာလေ၊ ဟုတ်တယ်မလား။ သူက အဆင့်၆ကို ရောက်သွားလောက်ပြီမလား “
လျူချင်းယွမ်မှ ခေါင်းခါပြလိုက်သည် “ အဲ့လောက်ကြီး မမြန်သင့်ဘူးလေ၊ ဟုတ်တယ်မလား။ အဆင့်၅ကနေ အဆင့်၆ကို သွားတာက၊ အလယ်ပိုင်း သုံးဆင့်ရဲ့ နောက်ဆုံး ကူးပြောင်းမှုပဲလေ၊ ကျော်ဖြတ်ဖို့အတွက် တော်တော်ကြီးကို ခက်ခဲနေမှာ သေချာတယ်။ အဆင့်၅ အထွတ်အထိပ်ကို ရောက်တာကတင် သူ့အတွက် တော်တော်လေးကို အထင်ကြီးဖို့ကောင်းနေပြီ “
ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြလိုက်သည် “ နှစ်လအတွင်းမှာ အဆင့်၅ အထွတ်အထိပ်ကို ရောက်တာက အဲ့ကလေးရဲ့ အံ့မခန်း အရည်အချင်းတွေနဲ့ လုံးဝအံ့ကိုက်ပဲ “
“ စကားပြောမနေတော့ဘူး၊ သူ့ကိုပဲ မြန်မြန်ရှာလိုက်ရအောင်။ ကမ္ဘာ့ကြယ်ရဲ့ ပကတိ အထွတ်အထိပ် ပညာရှင်ကတောင် သူ့ကို ဖမ်းချင်နေပြီဆိုတော့ သူ့ရဲ့ အခြေအနေက တော်တော်လေးကို ဆိုးနေလောက်ပြီ “
ရှန့်ဝမ်ချန်းမှ လေးလေးနက်နက် ပြောဆိုလာခဲ့သည်။
လျူချင်းယွမ်သည် သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး၊ ထို့နောက်တွင် ရှန့်ဝမ်ချန်းနောက်သို့ လိုက်ကာ ထွက်ခွာသွားတော့သည်။
…………………………………………………………………………………………………………………………………….
အပိုင်း ( 561 )
အဆုံးစွန်သော ဆင့်ကဲဖြစ်စဥ်၊ ကြယ်တာရာ T-Rex နတ်ဘုရား
ရှုကျိုးက ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်သို့ ပြန်ရောက်သွားပြီဆိုသည့် စစ်ဌာန၏ သတင်းကို ကြားလိုက်ရသောအခါတွင် ရှန့်ဝမ်ချန်းနှင့် လျူချင်းယွမ်တို့နှစ်ဦးစလုံးသည် စိတ်သက်သာရာစွာဖြင့် တစ်ပြိုင်နက် သက်ပြင်းချနေကြတော့သည်။
“ အဲ့ကလေးက ကြိုပြေးသွားရလောက်အထိ ဉာဏ်ပြေးနေတာပဲ “
လျူချင်းယွမ်သည် ရှုကျိုးက စစ်မြေပြင်တွင် ပြေးလွှားနေနိုင်သေးသည်ဟု တွေးပူကာ မှတ်ချက်ပေးလာခဲ့သည်။
ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့မှာ ဒုတိယ ဦးစားပေးမျှသာ ဖြစ်သည်၊ သို့သော် အဓိက အရာမှာ ကြယ်ပြာဂြိုဟ်ပေါ်မှ လူများသာလျှင် ဖြစ်သည်။ သူတို့၏ ကိုယ်ပိုင်လုံခြုံဘေးကင်းရေးအတွက် ရှုကျိုးကို လွှဲပြောင်းပေရန်း ကြိုးပမ်းလာမည့်လူများ သေချာပေါက် ရှိလာမည် ဖြစ်သည်။
မြေအောက်လောကဘုရင်၏ ပြောစကားကို လူတိုင်းက ကြားသိခဲ့ရသည်။
အကယ်၍ ရှုကျိုးကိုသာ လွှဲပြောင်းပေးမည်ဆိုပါက၊ ကမ္ဘာ့ကြယ်သည် ထပ်မံ၍ ကျူးကျော်လာတော့မည် မဟုတ်ပေ။
လူအများစုက ထိုကိစ္စလေးအတွက်ကြောင့်နှင့် ရှုကျိုးကို လွှဲပြောင်းမပေးချင်ကြသော်လည်း၊ လူအနည်းစုသည် အတွေးလွန်စပြုနေခဲ့ပြီ ဖြစ်သည်။
အထူးသဖြင့် လနတ်ဘုရားဂိုဏ်းမှ လူများဖြစ်ပြီး၊ သူတို့သည် ရှုကျိုးအား သူတို့၏ အမြင့်ဆုံး ပစ်မှတ်အဖြစ် ထပ်မံ၍ သတ်မှတ်လိုက်နိုင်ပေသည်။
“ မြန်မြန်ပြန်ကြစို့ “
လျူချင်းယွမ်သည် ရှုကျိုးက တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေသဖြင့် စိတ်အားထက်သန်စွာဖြင့် ပြောလာခဲ့သည်။
ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြလိုက်သည်၊ စစ်ဌာနနှင့် ညှိနှိုင်းခဲ့ပြီးသည့်နောက်တွင် သူတို့သည် အာကသယာဥ်ကို ယူကာ ကြယ်ပြာဂြိုဟ်သို့ ပြန်သွားတော့သည်။
…
ရှုကျိုးကမူ အပြင်ဘက်မှ ဖြစ်ရပ်များကို မသိဘဲ ကျင့်ကြံရင်းဖြင့်သာ အချိန်ဖြုန်းနေလျက်ရှိသည်။
ယခုလက်ရှိ အချိန်တွင် သူသည် ရွှေအူတိုင် စတုတ္ထ အသွင်ပြောင်းခြင်းအထိ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။
သူသည် ရွှေအူတိုင် ပဥ္စမ အသွင်ပြောင်းခြင်းအဆင့်နှင့် ခြေတစ်လှမ်းမျှသာ လိုတော့သည်။
အကယ်၍ တစ်ခြားသော ပါရမီရှင်တစ်ဦးဦးသာ ဖြစ်နေမည်ဆိုပါက၊ အလွန်တရာ ပျော်ရွှင်သွားကာ ကမ္ဘာသိအောင် ကြေညာလာမည် ဖြစ်သည်။
ရွှေအူတိုင် ပဥ္စမ အသွင်ပြောင်းခြင်း အဆင့်မှာ ဤကမ္ဘာကြီး၏ အကန့်အသတ် ဖြစ်သည်။
နှစ်ပေါင်းရာနှင့်ချီ၍ ကြာရှည်သည်အထိ လူအနည်းငယ်ကသာလျှင် ထိုအဆင့်သို့ ရောက်ရှိထားခဲ့သည်။
ရွှေအူတိုင် ပဥ္စမအဆင့်သို့ ရောက်ရှိခြင်းသည် စူပါ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်နေပြီဟု ဆိုလိနေခြင်းဖြစ်ပြီး၊ လူဘီလီယံပေါင်းများစွာထဲမှ တစ်ဦးတည်းသော၊ နှိုင်းယှဥ်၍ မရသော တည်ရှိမှုတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် ရှုကျိုးအတွက်မူ ၎င်းက မည်သို့မျှ လုံလောက်မနေခဲ့ပေ။
သူလိုချင်သော အရာမှာ ပဥ္စမ အသွင်ပြောင်းခြင်း(သို့) ဆဌမ အသွင်ပြောင်းခြင်း မဟုတ်ဘဲ အင်မော်တယ် ရွှေအူတိုင်သာ ဖြစ်နေခဲ့သည်။
ထို့အပြင် အဆိုပါ ရွှေအူတိုင်သည် နဝမ အသွင်ပြောင်းခြင်း မဟုတ်ဘဲ ၎င်း၏ အထက်တွင် ရှိနေသည့်၊ နတ်ဆေးလုံး ရွှေရောင် အူတိုင်အဖြစ် အပြည့်အဝ ပြောင်းလဲသွားသည့် ဒသမအဆင့် အသွင်ပြောင်းခြင်း ဖြစ်သည်။
ထိုအချိန်မှသာလျှင် ၎င်းသည် အင်မော်တယ် ရွှေအူတိုင်တစ်ခုဖြစ်လာမည် ဖြစ်သည်။
“ ဂလု “
ရှုကျိုးမှ နောက်ထပ်ဆေးတစ်လုံးသောက်လိုက်ရာ၊ ဆေးပုလင်းက ဟောင်းလောင်းဖြစ်နေသည်ကိုသာ မြင်တွေ့လိုက်ရသည်။
“ ဟမ်။ အဆင့်၇တစ်ပိုင်း ဆေးတွေ ကုန်သွားပြီလား “
ရှုကျိုးသည် မှတ်ချက်မပေးဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည် “ ရွှေအူတိုင် ကျင့်ကြံရတာက တကယ်ကြီးကို အကုန်အကျများတာပဲ …………. အမှတ်တစ်သန်းကတောင် ဒီလိုမျိုး ကုန်သွားတယ် “
“ ငါ့ဆီမှာ အမှတ် ငါးသန်းကျော် ရှိနေသေးတာက တော်တော်ကံကောင်းတယ် “
ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ စစ်ဌာန၏ လဲလှယ်မှု စာမျက်နှာကို ဖွင့်ကာ သတ္တမတစ်ပိုင်းအဆင့် ဆေးလုံး အလုံးတစ်ရာကို ထပ်မံ၍ ဝယ်ယူလိုက်ပြန်သည်။
စစ်ပွဲရမှတ် ၂သန်းသည် သမုဒ္ဒအတွင်းမှ ရေတစ်စက်မျှသာ ဖြစ်နေခဲ့သည်။
အကယ်၍ သူကသာ မူလနတ်ဆေးလုံးကို မသန့်စင်နိုင်ဘူးဆိုပါက၊ သူသည် ဆေးလုံးများကို ယခုကဲ့သို့ သုံးစွဲနေနိုင်လိမ့်မည် မဟုတ်ဘဲ၊ ဆေးသုံးစွဲခြင်း၏ ဘေးထွက်ဆိုးကျိုးများက သူ၏ အမြင့်ပိုင်းအဆင့်သို့ သွားရာ လမ်းကြောင်းကို ဖြတ်တောက်လိုက်မည် ဖြစ်သည်။
ရှုကျိုးသည် နတ်ဆေးလုံးအတွင်းတွင် ရှိနေသည့် အဆိပ်အတောက်များက ပိုမိုကြောက်မက်ဖွယ်ကောင်းလာသည်ဟု ခံစားနေခဲ့ရသည်။ ကြည့်ရတာတော့ မိုးကြိုးရေကန်ဆီ အလည်သွားရဦးမဲ့ပုံပဲ
ထိုစဥ် ရုတ်တရက်ဆိုသလိုပင်
“ ဟမ် “
ရှုကျိုးသည် စံအိမ်သို့ မြန်မြန်ဆန်ဆန် ချဥ်းကပ်လာနေသည့် ရင်းနှီးသော အရှိန်အဝါနှစ်ခုကို အာရုံခံမိသွားခဲ့သည်။
“ ဆရာနဲ့ ဌာနမှူးလား “
ရှုကျိုးသည် တစ်ခဏခန့် အာရုံခံနေခဲ့ကာ သူတို့ကို နှုတ်ဆက်ရန် မတ်တပ်ထရပ်လိုက်သည်။
အပြင်ဘက်ဘက်၌ ရှုကျိုး ထွက်လာသည်ကို မြင်လိုက်ရသောအခါတွင် လျူချင်းယွမ်နှင့် ရှန့်ဝမ်ချန်းတို့ နှစ်ဦးစလုံးသည် သူ့အနားသို့ လျင်မြန်စွာ ချဥ်းကပ်လာကြသည်။
“ မင်းက ဘယ်အချိန်တုန်းက ပြန်ရောက်နေတာလဲ “ လျူချင်းယွမ်မှ မေးမြန်းလာခဲ့သည်။
ရှုကျိုးသည် ဇဝေဇဝါ ဖြစ်သွားသော အမူအရာဖြင့် ပြန်ဖြေလိုက်သည် “ လွန်ခဲ့ရက်ပိုင်းလောက်ကပါ။ ဆရာကရော ဘာလို့ ပြန်ရောက်လာတာလဲ။ ရှေ့တန်းက အခြေအနေက တည်ငြိမ်သွားပြီလား “
“ တကယ်လို့ မင်းကတောင် ပြန်လို့ရတယ်ဆိုရင်၊ ငါတို့ကရော ဘာလို့ ပြန်မလာနိုင်ရမှာလဲ “ လျူချင်းယွမ်သည် သူ့ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်၊ ဒီကလေးက ငါ့ကို ဘယ်လိုအမူအရာမျိုးနဲ့ ကြည့်နေတာလဲဟ
ရှုကျိုးသည် ခေါင်းခါရမ်းကာ ပြောပြလိုက်သည် “ ကျွန်တော့်ကို ပကတိ အထွတ်အထိပ် ပညာရှင်တစ်ယောက်က အတင်းအကြပ် အိမ်ပြန်ခိုင်းလိုက်တာလေ၊ သူပြောတာတော့ ရှေ့တန်းစစ်မြေပြင် ဆက်နေရင် အန္တရာရှိလိမ့်မယ်တဲ့ “
“ အဲ့တာကြောင့် ပြန်လာပြီးတော့ ကျင့်ကြံနေရတာပဲ “
“ ပကတိ အထွတ်အထိပ် ပညာရှင်လား “
လျူချင်းယွမ်နှင့် ရှန့်ဝမ်ချန်းတို့သည် အကြည့်များ ဖလှယ်လိုက်ကြသည်၊ သူက စီနီယာ တိကျွမ်းကို ပြောနေတာများလား
သူတို့သည် ထိုကိစ္စကို များများစားစား တွေးတောစဥ်းစားမနေခဲ့ပေ၊ သို့သော် လျူချင်းယွမ်သည် ရှုကျိုးကို ငေးကြည့်နေရင်းဖြင့် ရုတ်တရက် အံ့အားသင့်သွားခဲ့သည် “ ဟမ်။ မင်းက ဘယ်အသက်ရှူသံ ဖုံးကွယ်ခြင်း နည်းစနစ်ကို လေ့ကျင့်ထားတာလဲ။ ငါကတောင် မင်းရဲ့နယ်ပယ်ကို မမြင်နိုင်တော့ဘူး “
ရှန့်ဝမ်ချန်းမှာလည်း အနည်းငယ် အံ့ဩသွားခဲ့ပြီး၊ ရှုကျိုးကို အနီးကပ် ထပ်မံကြည့်ရှုလိုက်သည်၊ သို့သော် သူသည်လည်း သူ၏နယ်ပယ်ကို မမြင်နိုင်ခဲ့ပေ။
သူသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ မင်းက အဆင့်၆နယ်ပယ်ကို ရောက်နေပြီလား “
“ အဆင့်၆လား “ ရှုကျိုးမှ ခေါင်းခါပြလိုက်သည် “ ကျွန်တော်က အဆင့်၆ အထွတ်အထိပ်ကို ရောက်နေပြီ “
“ ဘာဖြစ်တယ် “
လျူချင်းယွမ်သည် တစ်ခဏခန့် မှင်သက်သွားပြီး ချက်ချင်း ပြန်ပြောလာခဲ့သည် “ ကောင်စုတ်လေး၊ အမှန်ကို ပြောစမ်း၊ အခုမင်းက ဘယ်နယ်ပယ်မှာလဲ “
ရှန့်ဝမ်ချန်းမှာလည်း ထိုအတိုင်းပင် ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းရဲ့ ဆရာတွေကို မစရဘူး၊ ရိုးရိုးသားသား ပြောပါ “
နှစ်လအတွင်းတွင် အစောပိုင်း ပဥ္စမအဆင့်မှ ဆဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန်မှာ မည်သို့မျှ မဖြစ်နိုင်လှပေ။
ဆေးများသုံးစွဲမည်ဆိုလျှင်တောင်မှ အောင်မြင်လိမ့်မည် မဟုတ်ချေ။
ဆေးသုံးစွဲခြင်းမှာလည်း ကန့်သတ်ချက်များ ရှိနေပြီး၊ ၎င်းတို့ကို တစ်သက်လုံး သုံးစွဲ၍ရနေလိမ့်မည် မဟုတ်ပေ၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက လူတိုင်းက ဆဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေမည် ဖြစ်သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် ခေါင်းတခါခါဖြင့် သူ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်ရုံသာ တတ်နိုင်တော့သည်။
“ ဘုမ်းးးး “
အားကောင်းသော အရှိန်အဝါတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲမှ ပေါက်ထွက်လာခဲ့ပြီး၊ ကောင်းကင်ထက်သို့ ထိုးတက်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် လျူချင်းယွမ်နှင့် ရှန့်ဝမ်ချန်းတို့၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။
“ ဒါ …. ဒါက … တကယ်ကြီးကို အဆင့်၆ အထွတ်အထိပ် ဖြစ်နေတာလား “
ရှန့်ဝမ်ချန်းသည် ရှုကျိုးကိုကြည့်ကာ လေးလေးနက်နက် စကားပြောလာခဲ့သည် “ မင်းဆေးဘယ်နှလုံး သောက်ခဲ့လဲ။ ဆေးအဆိပ်အတောက်တွေ စုပြုံနေတာက မင်းရဲ့တက်လမ်းကို ဖြတ်လိမ့်မယ်နော် “
ရှုကျိုးမှ ပြန်ဖြေလိုက်သည် “ စိတ်မပူပါနဲ့ဗျာ၊ ကျွန်တော်က ဘုံကိုးဆင့် မိုးကြိုးရေကန်မှာ အခေါက်ခေါက် အခါခါ သန့်စင်ခဲ့ပြီးပြီ။ ကျွန်တော်က မူလ နတ်ဆေးလုံးကို ကျင့်ကြံခဲ့ပြီးပြီ၊ ဆေးအဆိပ်တွေ စုပြုံနေတာက ကျွန်တော့်ကို ဘာထိခိုက်မှုမှ မဖြစ်စေနိုင်တော့ဘူး “
“ ပြီးတော့ အခု ကျွန်တော်က ရွှေအူတိုင် စတုတ္ထ အသွင်ပြောင်းခြင်းကို ရောက်နေပြီ၊ ပဥ္စမ အသွင်ပြောင်းခြင်းနဲ့ ခြေတစ်လှမ်းပဲ လိုတော့တယ် “
“ ဘာကြီး “
လျူချင်းယွမ်နှင့် ရှန့်ဝမ်ချန်းတို့သည် သူ၏စကားလုံးများကြောင့် ကြောင်တောင်တောင် ဖြစ်သွားကြတော့သည်။
မူလနတ်ဆေးလုံးလား။ ရွှေအူတိုင် စတုတ္ထ အသွင်ပြောင်းခြင်းလား
ဒီ …. ဒီကောင်က လူရော ဟုတ်ရဲ့လားဟ
ငါတို့က အိမ်မက်မက်နေတာများလား
“ ချင်းယွမ်၊ ငါ့ကို ရိုက်ကြည့်စမ်းပါ “ ရှန့်ဝမ်ချန်းမှ ရေရွတ်ပြောဆိုလာခဲ့သည်။
“ ဖပ် “
လျူချင်းယွမ်သည် တင်ပါးကို ရိုက်ချလိုက်သည်။
“ လူယုတ်မာလေး၊ မင်းက ငါ့ကို တကယ်ကြီး ရိုက်လိုက်တာလား “ ရှန့်ဝမ်ချန်းမှ ကျိန်ဆဲလာတော့လေသည်။
ထို့နောက်တွင် သူသည် မယုံကြည်နိုင်ဖြစ်နေသော အမူအရာဖြင့် ရှုကျိုးကို ကြည့်လိုက်သည် “ မင်းက ရွှေအူတိုင် စတုတ္ထ အသွင်ပြောင်းခြင်းအဆင့်ကို တကယ်ရောက်နေတာလား “