← Chapters

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

အခန်း (၃၀၁) ကျင့်စဉ်တစ်မျိုးက နည်းလမ်းမျိုးစုံကိုဆန့်ကျင်ခြင်း

ပုံသဏ္ဌာန်မမှန်သည့် ချွန်ထက်သောဓားသွားများက လုကျိုးဆီသို့ ရောက်လာလေ၏။ လုကျိုးက သူ၏ညာလက်ကို စားပွဲပေါ်တင်ထားလိုက်သည်။

ဘန်း

သူ၏လက်ကို ဗဟိုပြုလျက် ကနဦးချီများက ပတ်ဝန်းကျင်တွင် ပျံ့သွားလေ၏။ ထက်မြေ့သော ဓားသွားများသည် မြေကြီးပေါ် လွင့်စဉ်သွားသည့်သေရည်များအဖြစ် အသွင်ပြောင်းလဲသွားသည်။

လုကျိုး၏ ကာကွယ်ရေးစွမ်းအင်သည် သေရည်များ စွန်းထင်းခြင်းမရှိအောင် သူ့ကို ကာကွယ်ပေးထား၏။

သေရည်များက မိုးဖွဲလေးများပမာ ကျဆင်းလာတော့သည်။ ယင်းက နောက်တစ်ကွက်ဖြစ်၏။ ရလဒ်က သိသာနေပြီဖြစ်သည်။

ကုန်းယွမ်တုက မျက်ခွံလန်သွား၏။ ယင်းက သူဓားသင်္ချိုင်းထဲ၌ နှစ်ပေါင်းများစွာ ခဲရာခဲဆစ် အပတ်တကုတ် ကြိုးစားလေ့ကျင့်ခဲ့သည့် ဓားလမ်းကြောင်းပဲဖြစ်သည်။ သူက အရာဝတ္ထုတိုင်းကို ဓားအဖြစ်ပြောင်းလဲခြင်းကို သင်ယူခဲ့သည်။ သူ၏ကျင့်စဉ်သည် လုကျိုးနှင့်အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

တိုက်ပွဲကို ကြည့်နေကြသည့်ကျန်သည့်သူများက ဖြစ်ပျက်နေတာကိုနားမလည်နိုင်တော့ချေ။ အလွန်ဆုံးမှ သူတို့သည် ချီကို စွမ်းအင်အဖြစ်သာ သိပ်သည်းနိုင်တာဖြစ်သည်။ သေရည်ကို ဓားသွားအဖြစ် မည်ကဲ့သို့ပြောင်းလဲနိုင်မည်နည်း။ သေရည်က ချွန်ထက်သည့် ရေခဲဆူးချွန်အဖြစ် ပြောင်းလဲနိုင်သည့် ရေမဟုတ်ပေ။

လန်လော့က ပြောလိုက်၏။

"သေရည်နားတဝိုက် ရစ်ပတ်နေတဲ့ လေဟာနယ်တစ်ခုကို စွမ်းအင်က ဖွဲ့တည်လိုက်တယ်။ ဒါအတွက် ကနဦးချီကို စွမ်းအင်အဖြစ်ပြောင်းလဲတဲ့နေရာမှာ ကျင့်ကြံသူက ကျွမ်းကျင်မှု မြင့်မားဖို့လိုတယ်”

“နားလည်ပြီ” ဟွားဝူတောက်က လက်သီးဆုပ်မိုးလိုက်၏။

ကျင့်ကြံသူများသည် သူတို့၏ပြိုင်ဘက်များကို အဆင့်မြင့်လက်နက်များဖြင့် တိုက်ခိုက်သောအခါ သူတို့ကိုယ်သူတို့ သို့မဟုတ် သူတို့လက်နက်များကို စွမ်းအင်အဖြစ်ရစ်ပတ်ထားလျက် အတွင်းအားဖြင့် ထောက်ပံ့ထားကြလေ၏။ ရေသည် လုံလောက်အောင်မာကျောမှုကို မပိုင်ဆိုင်ထားပေ။ ထို့ကြောင့် ထိခိုက်မှု များများစားစား ဖြစ်စေနိုင်မှာမဟုတ်ပေ။ ထိုအကြောင်းအရင်းကြောင့် မည်သည့်ကျင့်ကြံသူကမှ ထိုကဲ့သို့အရာကို လေ့ကျင့်ပြီး အချိန်ကိုမဖြုန်းကြပေ။

ကုန်းယွမ်တုက ထိုအရာကိုလေ့ကျင့်ပြီးအလွယ်တကူလုပ်နိုင်လိမ့်မည်ဟု လူတိုင်းကမထင်ထား ကြပေ။ ပိုတောင်အံ့ဩစရာကောင်းသည်က လုကျိုးက အေးအေးလူလူ လုပ်ပြသွားခြင်းပဲဖြစ်သည်။

“တတိယအကွက်” ကုန်းယွမ်တုက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီးနောက် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်၏။ စွမ်းအင်ဓားသွားများစွာက သူ့နားတဝိုက်၌ ချက်ချင်းပေါ်လာ တော့ သည်။

ထိုအရာကိုမြင်သောအခါ ရှောင်ယွမ်အာက နှုတ်ခမ်းစူပြီးပြောလိုက်တော့သည်။ “စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်က စွမ်းအင်ဓားသွားနှစ်ခုပဲ ထိန်းသိမ်း နိုင်တယ်လို့ပြောထားတာမဟုတ်လား ... ဒါ လိမ်တာပဲ”

ကုန်းယွမ်တုက သူမကိုကြည့်တောင်မကြည့်ဘဲပြောလိုက်တော့သည်။

“ဒါက စွမ်းအင်ဓားသွားနှစ်ခု မဟုတ်ဘူးလို့ ဘယ်သူက ပြောတာလဲ ... ကောင်မလေး”

“ဟမ်”

ကုန်းယွမ်တုနား၌ စွမ်းအင်ဓားသွားများလည်ပတ်နေလေ၏။

အနီးကပ်ကြည့်သောအခါ စွမ်းအင်ဓားသွားများက လူတစ်ယောက်၏လက်ချောင်းကဲ့သို့ ပါးလျနေကြောင်း ရှာတွေ့သွားသည်။ ထို့အပြင် အရွယ်အစားက ကျုံ့သွားပုံပေါ်သည်။ နှစ်ခု ၊ နှစ်ခုကနေ လေးခု၊ အရွယ်အစားက အရေအတွက်တိုးလာသည်နှင့်အမျှကျုံ့သွားတော့သည်။

လန်လော့က ခေါင်းခါလိုက်သည်။ "အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးတယ်လို့ ထင်မြင်ချက်ရှိနေသေးတုန်းပဲ။ မျက်စိနောက်စရာကောင်းလွန်းရင်တောင် အဓိပ္ပာယ်မရှိဘူး”

ကုန်းယွမ်တုက လန်လော့ပြောသည်ကိုမထောက်ခံပေ။

“အရေအတွက်က အစီအရင်တစ်ခုဖွဲ့တည်လို့ရတယ်”

မရေမတွက်နိုင်သည့် စွမ်းအင်ဓားသွားများက ယခုဆိုရွှေအပ်လေးများပမာ သေးသွယ်နေပြီး ဓားအစီအရင်တစ်ခုဖွဲ့စည်းလိုက်တော့သည်။

“ဒါမျိုးလုပ်နိုင်တယ်လား” ကျန်သည့်သူများက ဆွံ့အကုန်၏။ ယင်းက စိတ်နက်နဲမှုဉာဏ် အလင်း ပွင့်ခြင်းအပေါ် သူတို့၏သဘောပေါက်မှုကို ကျော်လွန်စေ၏။ ယင်းကဆန်းကြယ်ဉာဏ်အလင်း ပွင့်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်သည် စိတ်နက်နဲမှုဉာဏ်အလင်းပွင့်ခြင်းနယ်ပယ် ထုတ်ဖော်သည့် ဓားအစီအရင် မဟုတ်ပေ။ ဆိုရလျှင် ကုန်းယွမ်တု၏ နားလည်သဘောပေါက်မှု ဗဟုသုတနှင့် ထိန်းချုပ်မှုက ပြီးပြည့်စုံလုနီးပါးဖြစ်နေသည်။

“ဒီဓားအစီအရင်က ငါ နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ ဓားသင်္ချိုင်းထဲက အဆုံးသတ်ခုနစ်ပါးဓားကို မှီငြမ်းထားတာပဲ” ကုန်းယွမ်တုက ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်သည်။

“အစ်ကိုကျိ ... ဒီအစီအရင်ကို ဖြိုခွဲနိုင်မလားဆိုတာ သိချင်မိတယ်”

အဆုံးသတ်ခုနစ်ပါးအစီအရင်လား ... ကျန်သည့်သူများသည် ကုန်းယွမ်တု၏အရှက်မဲ့မှုကြောင့် ဆွံ့အသွား၏။ သူသည် ဓားသင်္ချိုင်းထဲ၌ အဆုံးသတ်ခုနစ်ပါးအစီအရင်ကို ကြာမြင့်စွာလေ့လာခဲ့၏။ ထိုသို့တိုင် လုကျိုးကို အချိန်တိုအတွင်းဖြိုခွင်းရန်ပြောနေ၏။ ယင်းသည် ပုံမှန်လက်ရည်ယှဉ်ခြင်း ဟုတ်သည်လော ... ပိုရိုးသားသင့်သည်မဟုတ်လော။

ဟွားဝူတောက်က မျက်လုံးများပြူးကျယ်သွားသည်။ ကုန်းယွမ်တုနေရာတွင် သူ့ကိုယ်သူ ပြန်မြင်နေမိသည်။ ထိုစဉ်က သူသည် လိပ်ခွံကျင့်စဉ်ကို နှစ်ပေါင်းနှစ်ဆယ်ကျော်လေ့လာခဲ့ပြီး မျှော်နန်းသခင်ကို တစ်ချက်တည်းဖြိုခွင်းခိုင်းခဲ့၏။ ပြန်တွေးကြည့်မိသောအခါ သူ့ကိုယ်သူ ရူးမိုက်ပြီး တုံးအကြောင်းတွေးမိလိုက်၏။ သူက ခေါင်းခါလိုက်တော့သည်။ မြောက်ပိုင်းမြို့တော်မှ ဓားလက်ရွေးစင်သည် ထိုကဲ့သို့ တူညီသည့်အမှားမျိုး မည်သို့ပြုလုပ်နိုင်ရသနည်း။

မြေပြင်ပေါ်သို့ စွမ်းအင်ဓားသွားများ ထိုးစိုက်သွားပြီး ခုနစ်စင်ကြယ်ဖွဲ့စည်းလိုက်တော့သည်။ သိပ်သည်းလွန်းသည့် အစက်အပြောက်များက ရွှေရောင်အလင်းဖျော့ဖျော့ဖြင့် တောက်ပနေလေ၏။

၎င်းကို နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကိုရင်ဆိုင်ရာ၌ အသုံးပြုခဲ့လျှင် ခြေဆောင့်ချက်တစ်ချက်တည်းဖြင့် ဤဓားအစီအရင်ကို ဖြိုခွင်းရန် လုံလောက်နေပြီဖြစ်သည်။ ပြဿနာက ဤအစီအရင်ကို ဖြိုခွင်းရန် စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ် ကျင့်ကြံသူ တစ်ယောက်အတွက် ခက်ခဲနေတာပဲဖြစ်သည်။

လန်လော့သည် ထိုမြင်ကွင်းကြောင့် ခေါင်းခါလိုက်သည်။

ဖန်လီထန်းက ပြောလိုက်သည်။

“အရည်အသွေးက အရေးကြီးတယ်ဆိုတာမှန်တယ် ... ဒါပေမဲ့ အရည်အသွေးနဲ့ အရေအတွက် နှစ်ခုလုံးအားထားခဲ့ရင် အင်မတန်ကြောက်ဖို့ကောင်းသွားမှာ ... ဘယ်လိုထင်လဲ လောင်လန်”

လန်လော့က အံ့ဩသင့်သွားလေ၏။ “ဒီအဖိုးကြီးက တစ်ချက်လောက်မတိုက်ခိုက်ရရင် မနေနိုင်ဘူးပဲ”

ထိုစဉ် လုကျိုးက မလှုပ်မယှက်ဖြစ်နေလေ၏။ သူ့ညာလက်ရှိသေရည်ခွက်ကို မြှောက်ကာ တစ်ငုံသောက်လိုက်တော့သည်။ သူက ဘယ်ခြေကို လှုပ်ရှားလျက် ဖြည်းဖြည်းချင်းရှေ့သို့ တိုးလိုက်သည်။ စားပွဲကပါလိုက်ပါလာပြီး သူက နောက်သို့မီတာဝက်ခန့်နောက်ဆုတ်သွားကာ ဓားအစီအရင်၏ အကျယ်အဝန်းအပြင်ဖက်သို့ရောက်သွားသည်။ ပြီးနောက် သူက အကဲဖြတ်လိုက်တော့သည်။

“အားနည်းလိုက်တဲ့ဓားအစီအရင်ပဲ”

“ဟမ်”

“ငါက အစီအရင်ထဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းကို အချိန်မရွေးတိုက်ခိုက်နိုင်တယ်” လုကျိုးက လက်ဖဝါးကို မှောက်ချလိုက်၏။ စွမ်းအင်ဓားသွားနှစ်ခုက ပါးလျသည့် လေထဲကနေ ပေါ်လာသည်။ သူတို့က အင်မတန်မျက်စိဖမ်းစားနိုင်စွမ်းရှိလေ၏။

ကုန်းယွမ်တုက နောက်သို့ဆုတ်သွား၏။ သူ၏လည်ပင်းထဲတစ်ဆို့နေသည်ဟုခံစားရသည်။ သူက ရုတ်တရက်ကြီး အညှာအတာမဲ့သော တန်ပြန်တိုက်ကွက်ကို ခံစားလိုက်ရသည်။ သူက အဆုံးသတ်ခုနစ်ပါး ဓားအစီအရင်ကို အတော်ကြာလေ့လာခဲ့၏။ အတွေးများ၊ ရှုပ်ထွေးသော ပုံသဏ္ဌာန်များ၊ သီအိုရီများ အားလုံး ပြီးပြည့်စုံ၏။ သူက ၎င်းကို တုပမှုတောင် ပြုလုပ်ခဲ့၏။ သို့သော်ငြား သူက ရိုးရှင်းပြီး အားနည်းချက်တချို့ကို ကျော်ကြည့်ခဲ့မိသည်။ သူ၏ရန်သူကို အစီအရင်အတွင်း နေရန် ဖိအားမပေးနိုင်ခဲ့ချေ။ သူ၏ရှာဖွေများအားလုံးအရ ရန်သူသည် အစီအရင်၏အကျယ်အဝန်းအတွင်း ရှိမည်ဟုသာ ယူဆခဲ့တာပဲဖြစ်၏။ ဓားအစီအရင် မည်မျှအစွမ်းထက်စေကာမူ ပြိုင်ဘက်က ၎င်း၏ အကျယ်အဝန်းအတွင်း မရှိနေလျှင် အသုံးမဝင်၊ အဓိပ္ပာယ်မဲ့နေလိမ့်မည်။

ကုန်းယွမ်တု၏ တုံ့ပြန်မှုကိုမြင်သောအခါ ကျန်သည့်သူများက သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။ သုတေသန ပြုလုပ်ရာ၌ အယူသည်းသည့်ပါရမီရှင်များ ချို့တဲ့တာ မရှိပေ။ သူတို့သီအိုရီက မည်မျှခိုင်မာစေကာမူ ကျင့်ကြံသူများက လက်တွေ့ အသုံးမချနိုင်လျှင်အားလုံးက မိုက်မဲရာ ရောက်နေလိမ့်မည်။ ကုန်းယွမ်တုက ညာလက်ကို ဆန့်ထုတ်လိုက်၏။

ဝှစ်

လေပြင်းတစ်ချက် ပေါ်လာပြီးနောက် အဆုံးသတ်ခုနစ်ပါး ဓားအစီအရင်က လေနှင့်အတူ ပျောက်ကွယ်သွားသည်။ ကုန်းယွမ်တုက မျက်လုံးမှိတ်ထားလျက် ဆိတ်ဆိတ်နေလေ၏။

ကျန်သည့်သူများက ထူးဆန်းနေတော့သည်။ ကုန်းယွမ်တု နောက်ထပ်ဘာလုပ်မည်ဆိုတာ သူတို့သိချင်နေတော့သည်။

လုကျိုးက စားပွဲပေါ် သေရည်ခွက်ကို ချလျက် ဖြည်းဖြည်းချင်းလှုပ်ရှားလိုက်သည်။

“မင်းရဲ့အစွဲအလမ်းကို လွှတ်ချလိုက်။ မင်းရဲ့အကန့်အသတ်က အချိန်တချို့ရှိနေသေးတုန်းပဲ။ ငါက မင်းထက် အသက်ကြီးပြီဆိုပေမဲ့ အသက်အကန့်အသတ်ကို မကြောက်ဘူး မင်းကို နောက်ထပ် အခွင့်အရေးပေးနိုင်တယ်”

“အခွင့်အရေးလား” ကုန်းယွမ်တုက မျက်လုံးဖွင့်လိုက်၏။ သူ၏မျက်လုံးဖြူဖြူထဲ၌ အနီရောင်ရေးရေးလေး ပေါ်နေလေ၏။

လုကျိုးက ပြောလိုက်တော့သည်။

“မင်းနောက်ထပ် ရာစုနှစ်အထိ ရှင်သန်နိုင်မယ်လို့ ငါ အာမခံပေးနိုင်တယ်” မဟာအသက် အကန့်အသက်ကိုကျော်လွှားရန် ယုံကြည်ချက်မရှိပေ။ မည်သူကမှ မတတ်စွမ်းနိုင်ပေ။

လုကျိုးသည် တံခါးပိတ်ကျင့်ကြံနေစဉ် သူ့စိတ်ထဲ၌ အရေးတကြီးဖြေရှင်းရန်ပြဿနာရပ်များ ပေါ်လာသည်။ သူတို့ထဲမှ တစ်ခုက မဟာအကန့်အသတ်ပဲဖြစ်သည်။

“ဒါမလိုဘူး” ကုန်းယွမ်တု၏အကြောင်းပြန်ချက်က အားလုံးကို အံ့ဩသွားစေ၏။ ယခုအချိန်၌ သူ၏ခန္ဓာကိုယ်ထဲ ကနဦးချီများပေါ်ထွက်လာပြီး စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ် အဆင့်တွင် မဟုတ်တော့ပေ။ အာရုံခံသိပ်သည်းခြင်းနယ်ပယ်၊ ဗြဟ္မာပင်လယ်နယ်ပယ်၊ နတ်ဒေဝါဦးတည်နယ်ပယ်ကနေ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်တို့ဖြစ်သည်”

“ကျုပ်နောက်ဆုံးသိုင်းကွက်” ကုန်းယွမ်တုက လုကျိုးကိုကြည့်လိုက်သည်။

“ခင်ဗျားရဲ့လမ်းညွှန်ပြသမှုကို ကြင်နာစွာပြသပေးပါ” သူက နောက်ဆုံးအကွက်ကို ပြသလိုက်ရာသူသည် စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်တွင် မရှိတော့ဘဲ ခွန်အားအကုန်အသုံးပြုမည်ဟုဆိုလိုတာပဲဖြစ်သည်။ သူအသက်ပုံအပ်ရန်ဆန္ဒရှိသည်။

ဝှစ်

စိတ်ဝိညာဉ်သဏ္ဌာန်က မြင့်မားလွန်းသောကြောင့် ထိပ်ပိုင်းကို မမြင်နိုင်ပေ။ မရေမတွက်နိုင်သော စွမ်းအင်ဓားသွားများသည်စိတ်ဝိညာဉ်သဏ္ဌာန်များ၌ ပြွတ်သိပ်စွာပျံသန်းနေလေ၏။ အချိန်အတိုင်း အတာ တစ်ခုအတွက် မိစ္ဆာဝေဟင်မျှော်နန်းတစ်ခုလုံးက စွမ်းအင်ဓားသွားများပြည့်နေဟန်ပေါ်သည်။

လန်လော့နှင့်ဖန်လီထန်းတို့က မော့ကြည့်ပြီးခေါင်းခါလိုက်ကြ၏။

ထိုစဉ်ဟွားဝူတောက်သည် လူတိုင်းကို ကာပေးရန်လျှို့ဟယ်တာအိုစည်းတံဆိပ်ကို ထုတ်ဖော်လိုက်၏။ လုကျိုးတစ်ဦးတည်းသာလျှင် လျှို့ဟယ်တာအိုစည်းတံဆိပ်၏အပြင်ဖက်၌ ကျန်နေခဲ့တာဖြစ်၏။ သူက လက်နောက်ပစ်လျက်ရပ်နေတော့သည်။

ထိုစဉ် ကုန်းယွမ်တုက ကြမ်းပြင်ကိုဆောင့်နင်းလိုက်၏။ သူက စိတ်ဝိညာဉ်သဏ္ဌာန်၏ထိပ်သို့ ပစ်လိုက်ရာ စိတ်ဝိညာဉ်သဏ္ဌာန် စွမ်းအင်များ စတင်စုစည်းနေတေ့သည်။

တစ်ချိန်ထဲတွင် လက်ဝါးကိုပူးကပ်လိုက်၏။

ဝှစ် ဝှစ် ဝှစ်

စွမ်းအင်ဓားသွားများက ကုန်းယွမ်တုနားတစ်ဝိုက် ဆက်လက်စုဝေးနေသည်။ ဤစွမ်းရည်ဖြင့် သူ၏လျှို့ဝှက်ကတ်ကိုထုတ်ပြနေပုံပေါ်သည်။ ပုံသဏ္ဌာန်မမှန်သည့်စွမ်းအင်ဓားသွားများ ဓားအစီအရင်တစ်ခုနှင့် သာမန်စွမ်းအင်ဓားသွားများ မရေမတွက်နိုင်အောင်ရှိနေသည်။ သူ၏ခွန်အားအကုန် စုစည်းထားလေ၏။

ကုန်းယွမ်တုက တတ်စွမ်းသမျှသုံးပြီးရုတ်တရက်တိုက်ခိုက်လိမ့်မည်ဟု မည်သူကမထင်ထားပေ။

သူသတ်ဖို့ကြိုးစားနေတာလား....

သို့သော် အစောတုန်းက တွမ့်လင်းထျန်ပြောခဲ့သည့်အတိုင်းပေ။ ကျင့်ကြံခြင်းလောကထဲ၌ အကြွင်းမဲ့ မျှတမှုဆိုတာမရှိပေ။

စွမ်းအင်ဓားသွားထောင်ချီက ကုန်းယွမ်တုနှင့်သူ့စိတ်ဝိညာဉ်သဏ္ဌာန်၏ထိန်းချုပ်မှုအောက်၌ တောင်တစ်တောင်ပမာ လဲပြိုကျလာ၏။

ရွှေနန်းဥယျာဉ်တောင်ပေါ်ရှိ ကနချီများအားလုံးကို ကြီးမားသည့်စိတ်ဝိညာဉ်သဏ္ဌာန်က စုစည်းလိုက်တော့သည်။

တောအုပ်ထဲရှိငှက်များအားလုံးက ပျံသန်းကုန်၏။ ဧရိယာရှိတစ်ကီလိုမီတာ၏လေက ပရမ်းပတာ ဖြစ်လာပြီး တိမ်များက စတင် တလှိမ့်လှိမ့်တက်လာတော့သည်။ စွမ်းအင်ဓားသွားများက စွမ်းအင်လုံလုံလောက်လောက် စုစည်းပြီးသည်နှင့် လုကျိုးဆီသို့ ပစ်ထုတ်လိုက်တော့၏။

“ရှစ်စွင်း...”

“မျှော်နန်းသခင်...”

လုကျိုး၏နဖူးဆီသို့ စွမ်းအင်ဓားသွားများ ထိမည့်တော့မည့်အချိန်တွင် သူက လေသံအတက်အကျ မရှိဘဲပြောလိုက်၏။

“ထွက်သွား”

…

အခန်း (၃၀၂) ပွင့်ချပ်ကိုးလွှာ၏ လျှို့ဝှက်ချက်

ဤသည်မှာ လုကျိုး ဆင်ခြင်လေ့လာထားသည့် တတိယ ကောင်းကင်ကျမ်း မဟုတ်ပေ။ မဟာနည်းစနစ်တစ်ခုသာ ဖြစ်၏။

အသံက မိုးခြိမ်းသံလိုမျိုး အားလုံးနားထဲ ဟိန်းထွက်သွားသည်။

ပြောမထွက်နိုင်သည့် အမှန်တရားများကို ပြောနိုင်ရန်၊ ကမ္ဘာအသီးသီးရှိ သက်ရှိများ၏ လျှာမှ ပြောလိုက်သည့် စကားများကို နားလည်ရန် ဤသည်မှာ အပြောစွမ်းအား ဖြစ်၏။

ရွှေအပ်များနှင့် တူသည့် အလွန်သိပ်သည်းနေသော စွမ်းအားဓားများက လေထု စုဝေးနေကြသည်။ သူတို့ကို ဖန်နှင့် ပြုလုပ်ထားသည့်အလား အသံလှိုင်းကြောင့် လွင့်စဉ်သွားကြ၏။ ထို့နောက် လေထဲ ပျောက်သွားကြသည်။ တစ်ဖက်တွင် လုကျိုး နဖူးအနီးရှိ စွမ်းအားဓား တစ်ထောင်က ရောင်ပြန်ဟပ်သွားသည့်အလား အပေါ်ဘက် ထောင်တက်သွားကြသည်။

ကုန်းယွမ်တု၏ စိတ်ဝိညာဉ်သဏ္ဌာန်ကြီးက အသက်တစ်ရှိုက်စာမျှသာ ကြာမြင့်လိုက်သည်။ ထို့နောက် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကြီးက လေမုန်တိုင်း အသံလှိုင်းအောက် ပူပေါင်းအလား ပေါက်ထွက်သွားသည်။

ကုန်းယွမ်တုဆီ စွမ်းအားဓားများစွာ ဝင်ရောက်လာသောကြောင့် လန့်ဖြတ်သွားလေသည်။ သူက ဒီလိုမျှော်လင့်မထားခဲ့ပေ။ သူ့ကာကွယ်ရေး စွမ်းအားအလွှာကို စွမ်းအားဓားများက ပူပေါင်းသဖွယ် ထိုးဖောက်ပစ်လိုက်သည်။ တချို့စွမ်းအားဓားများက သူ့လက်မောင်း၊ မျက်နှာ၊ နောက်ကျောနှင့် ခြေထောက်ဆီ ကျရောက်လာသည်။ ထိုစဉ် သူ့မျက်နှာအထက် ထိတ်လန့်သွားသည့် အမူအရာမျိုး ပေါ်လာသည်။ သူ လဲမကျသွားခင် အသံတစ်သံ ထွက်လာ၏။

ထိုစဉ် ဟွားဝူတောက်၏ လျို့ဟယ်စည်းတံဆိပ်က ချက်ချင်း ကြေမွသွားသည်။ တခြားလူများလည်း လွင့်စဉ်သွားကြ၏။

ထိုမဟာနည်းစနစ်ကို ကြုံတွေ့ဖူးသော တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာပင် လန့်သွားကြသည်။

အပြောစွမ်းအားက အားလုံး၏ မျှော်မှန်းနှုန်းထက် ကျော်လွန်နေသည်။ အသံလှိုင်းက ကုန်းယွမ်တု လဲကျသွားပြီးနောက်တွင်ပင် ဆက်လက် ပျံ့နှံ့သွားဆဲ ဖြစ်၏။

ဝုန်း

အားနည်းသည့် အကာအရံက အသံလှိုင်းကြောင့် ပေါက်ထွက်သွားတော့သည်။ အကာအရံလည်း လွှင့်ပျယ်သွားရ၏။

ကုန်းယွမ်တုလည်း မြေပေါ်ကို လဲကျသွားသည်။

မိစ္ဆာဝေဟင်မျှော်နန်းတစ်ခုလုံး တိတ်ဆိတ်မှုသာ ကြီးစိုးသွားသည်။

လုကျိုးက မော့ကြည့်လိုက်သည်။

အကာအရံမရှိတော့ဘူးပဲ … သူ့တိုက်ခိုက်အားက အရင်ထက် ပိုပြင်းသွားပုံပဲ …ကိစ္စတွေက ပိုခေါင်းကိုက်စရာ ဖြစ်တော့မှာပဲ။

လုကျိုးက ခေါင်းကုတ်လိုက်မိသည်။ ဒါက သူ ရည်ရွယ်ထားသလို မဟုတ်ပေ။

အခု အကာအရံမရှိတော့ပြီ ဖြစ်၍ ဖြောင့်မတ်ခြင်းလမ်းစဉ်က ဘာလုပ်ကြမည်နည်း။

လန်လော့နှင့် အခြားလူများလည်း ဆွံ့အနေကြသည်။ သူတို့က ကုန်းယွမ်တုကိုလည်း လှမ်းကြည့်လိုက်ကြ၏။

လုကျိုးလည်း ကုန်းယွမ်တုကို လှည့်ကြည့်လိုက်သည်။

အားလုံးကို အံ့ဩသွားစေသည်က ကုန်းယွမ်တုက မသေဆုံးသွားပေ။ အကာအရံစွမ်းအား အားပျော့သွားသော်လည်း နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အဆင့်နှင့် ထိပ်တန်းကျင့်ကြံသူ တစ်ယောက်ထက် အားကောင်းနေဆဲ ဖြစ်၏။ ထွက်ခွာခြင်း မဟာနည်းစနစ်က အကာအရံကို ကြေမွသွားစေသော်လည်း ကုန်းယွမ်တုကိုတော့ မသတ်လိုက်ပေ။

သူက ဘယ်လိုများလုပ်လိုက်ပါ့လိမ့် …

ကုန်းယွမ်တုက ခဏကြာသည့်အထိ မြေပေါ် လဲနေသည်။ ထို့နောက် သူ့ဘာသာ အားပြုထလိုက်၏။ သူက မြေပြင်ကို ကြည့်ကာ ငိုရမည်လား ရယ်ရမည်လား မသိတော့ပေ။ သူက လုံးလုံး ရှုံးသွားလေပြီ။ သူက ယောကျ်ားဖြစ်၍ သူ့မာနနှင့်သူ ရှိ၏။ သူက တခြားသူများရှေ့ ငိုမည် မဟုတ်ပေ။ အဆုံးသတ်၌ သူက အသာရယ်မောလိုက်၏။ သူက ခန္ဓာကိုယ်မှ နာကျင်မှုများကို လျစ်လျူရှုကာ ပြောလိုက်သည်။

“ငါ ရှုံးသွားပြီ ”

လုကျိုးက ကုန်းယွမ်တုကို ကြည့်လိုက်ကာ “မင်း တွေးပြီးသွားပြီလား”

“ဘာကိုလဲ”

“ မင်း ရှုံးရတဲ့ အကြောင်းအရင်းကိုပေါ့ ”

“ မတွေးရသေးဘူး ” ကုန်းယွမ်တုက ခေါင်းခါလိုက်ပြီ လုကျိုးကို ကြည့်လိုက်ပြီးနောက် စားပွဲဆီ သွားကာ လုကျိုးနှင့် မျက်နှာချင်းဆိုင်ဘက် ထိုင်ခုံဆွဲထိုင်လိုက်သည်။

နှစ်ယောက်သား ကိုယ့်ဘာသာ သေရည်လောင်းထည့်လိုက်ကြသည်။

“ မင်းဆီမှာ နှစ်တစ်ရာ ကျန်သေးတယ်။ ဒီအတိုင်း အလကားဖြစ်ခံလိုက်တော့မှာလား” လုကျိုးက မေးလိုက်သည်။

ကုန်းယွမ်တုက သက်ပြင်းချကာ “ အစ်ကိုကျိ မသိသေးတာာ ရှိသေးတယ်”

သူက သေရည်ကရားကို မကာ သူ့ပါးစပ်ထဲ လောင်းထည့်လိုက်သည်။ ပါးစပ်အပြည့် သောက်လိုက်ပြီးနောက် သူက ပြန်ချလိုက်ပြီး “ငါ့ဆီမှာ အဲလောက်အချိန် မရှိတော့ဘူး ”

“ဘာလို့လဲ”

“ ငါ့အဆီအနှစ်နဲ့ သွေးကို သုံးထားတာ ကြာလှပြီ …” ကုန်းယွမ်တုက ပြောလိုက်သည်။ အဆီအနှစ်နှင့် သွေးက အသက်ဓာတ်၏ အခြေခံ ဖြစ်လေသည်။

လုကျိုးက မျက်မှောင်အသာကြုတ်ကာ “မင်း ကျင့်ကြံဆင့် တိုးတက်လာအောင်လို့လား ”

ကုန်းယွမ်တုက အပြင်းအထန် ချောင်းဆိုးလိုက်သည်။ သွေးစများပင် မြင်နေရ၏။ သူက သွေးချောင်းဆိုးနေခြင်း ဖြစ်သည်။

မဟာနည်းစနစ်မှ ထိခိုက်သွား၍အတွက်လား ဒါမှမဟုတ် သူ့ဒဏ်ရာဟောင်းများကြောင့်လားတော့ မသိရပေ။ သူက သွေးချောင်းဆိုးပြီးနောက် သူ့ဆံပင်တစ်ဝက်လောက်က အဖြူရောင် ပြောင်းသွားလေသည်။ သူက စိတ်ထဲမထားသည့်အလား နှုတ်ခမ်းထောင့်မှ သွေးကို သုတ်ကာ နောက်ထပ် သေရည်ထပ်သောက်လိုက်သည်။ ထို့နောက် သူက ပြုံးလိုက်ရင်း “ နည်းနည်းလောက်ပေါ့ ”

“ဟမ်”

“ နောက်ထပ်နည်းနည်းဆိုရင် ငါ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်သွားလိမ့်မယ် ”

ဘေးနားရှိ ရပ်နေသူအားလုံးလည်း တအံ့တဩ ဖြစ်သွားကြသည်။

ကျင့်ကြံရေး ဗဟုသုတ သိထားသူတိုင်း ပွင့်ချပ်ကိုးလွှာက မည်သည်ကို ဆိုလိုမှန်း ကောင်းကောင်းသိကြလေသည်။ ပွင့်ချပ်ရှစ်လွှာသည် လူသားများ ရရှိနိုင်သည့် နောက်ဆုံးကန့်သတ်ချက် ဖြစ်၏။ ယခုအချိန်အထိ ပွင့်ချပ်ကိုးလွှာအဆင့် အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်သူ မရှိခဲ့ဖူးပေ။ အနည်းဆုံးတော့ မည်သူမှ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများကို မသိကြပေ။

လူသားများ ကင်းမဲ့သည့် မြူခိုးတောအုပ်အတွင်း၌ သို့မဟုတ် မည်သူမှ မသွားလာရဲသည့် ပင်လယ်ရှိ ဝဲကတော့များအတွင်း၌ပင် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ မရှိခဲ့ပေ။ စာအုပ်များ၊ မှတ်တမ်းများ၌လည်း ဘာမှမရှိပေ။

“နည်းနည်းလောက်ပဲ …. ဒါပေမဲ့ မဖြတ်ကျော်နိုင်တဲ့ ချောက်နက်ကြီးလိုပဲ ” လုကျိုးက ပြောလိုက်သည်။

“အစ်ကိုကျိရော မခံစားမိဘူးလား”

“ ဘာကိုလဲ” လုကျိုးက မေးလိုက်သည်။

“ အသက်ဓာတ် လွင့်ပြယ်သွားတဲ့ ခံစားချက်လေ … အဲဒါက ထူးဆန်းပြီးတော့ ရှင်းပြလို့ မရဘူး” ကုန်းယွမ်တုက အသံတိုးကာ ပြောလိုက်သည်။

“ ငါ့ကျင့်ကြံဆင့် တိုးတက်လာတိုင်း အသက်ရွယ်ရလာသလို ခံစားမိတယ်။ မြန်မြန်ဆန်ဆန် အိုမင်းလာသလိုပဲ။ ငါ ရပ်တန့်နိုင်တာ ဘာမှမရှိဘူး … ”

ကုန်းယွမ်တု အကြည့်များ၌ ကူကယ်ရာမဲ့မှုများ မြင်တွေ့နေရသည်။

“ ငါ ရပ်တန့်ဖို့ ကြိုးစားလိုက်တိုင်း ငါ ကြိုးစားစုဆောင်းထားခဲ့တဲ့ ကမ္ဘာဦးချီတွေက ငါ့ချီပင်လယ်ထဲကနေ ထွက်ကုန်တယ် ”

“ အဲလိုခံစားချက် ဘယ်တုန်းက စခံစားမိတာလဲ” လုကျိုးက မေးလိုက်သည်။

“ ဓားသင်္ချိုင်းထဲ ဆယ်နှစ်မြောက်မှာဆိုတော့ … နှစ် ၃၀ တုန်းကပဲ ”

“ ပထမတုန်းက မင်း ရပ်တန့်ခဲ့တယ်။ ဒါပေမဲ့ ဒုတိယအချိန်ကျ မင်း မလုပ်နိုင်ခဲ့ဘူး ”

“ ငါ့ဆီမှာ ရွေးစရာ မရှိဘူး ” သူ့ဆံပင်များသာ အညစ်အကြေးများနှင့် ဖုံးမနေလျှင် သူ့ဆံဖြူများက ပိုသိသာနေလိမ့်မည်။

လုကျိုးက အတွေးထဲ နစ်မျောသွားဟန်ပေါ်သည်။ ထို့နောက် သူက တွေးလိုက်မိသည်။

“တကယ်လို့ သူ ပြောတာအမှန်ဆိုရင် လူသားတစ်ယောက်ရဲ့ ကျင့်ကြံဆင့် ကန့်သတ်ချက်က ပွင့်ချပ်ရှစ်လွှာပဲ။ ငါ နမူနာအနေနဲ့ သူ တစ်ယောက်တည်း ရှိတာ … ”

ကုန်းယွမ်တုက ချောင်းထပ်ဆိုးလာသည်။ ဒီတစ်ခေါက် သူ့ဆံပင်များက အကုန် အဖြူဖြစ်သွားလေသည်။ ဖုန်မှုန့်များကပင် ဆံပင်အရောင်ကို မဖုံးအုပ်ထားနိုင်တော့ပေ။ အခြားလူများလည်း တအံ့တဩ ဖြစ်သွားကြ၏။ သူတို့က အဖြစ်အပျက်ကို နားမလည်ကြပေ။

လုကျိုးက ကုန်းယွမ်တု၏ ဆံပင်ဖြူဖြူများကို ကြည့်ကာ သဘောပေါက်သွားသည်။

“အရူး ”

“ငါသာ မလုပ်ရင် ချက်ချင်း သေသွားလိမ့်မယ်” ကုန်းယွမ်တုက ထပ်ရယ်မောလိုက်သည်။ သူက သေရည် ဆက်မသောက်တော့ပေ။ သူ့ညာဘက်လက်က တုန်ယင်နေ၏။

“ တစ်ခါတလေ ရူးမိုက်တာက မမှားဘူး”

ထို့နောက် သူက သေရည်ကရားကို မကာ ပါးစပ်အပြည့် လောင်းထည့်လိုက်သည်။ သေရည်က သူ့ဗိုက်ကို အနှောင့်အယှက်ပေးလေသည်။ သို့သော်လည်း သူက စိတ်ထဲ မထားပေ။ သူဘာသာ ပျော်ရွင်နေလေ၏။ သူ ခေါင်းတလားထဲ ဝင်ပြီးကတည်းက ဒီလိုမခံစားရသည်မှာ ကြာမြင့်လှလေပြီ။

သေရည်အနံ့က သူ့အား အသက်ရှင်နေသည့် လူသားဟု ခံစားရစေသည်။

ကံဆိုးစွာဖြင့် သေရည်သောက်ပြီးသည့်အခါ ကုန်းယွမ်တု၏ ဆံပင်ဖြူဖြူများက ပို၍ပင် ဖြူဆွတ်လာသည်။ သူ့ဆံပင်မှ အညစ်အကြေးများလည်း ကွာကျသွားလေ၏။ သူ့အရေပြားက တွန့်လိမ့်နေ၍ အရေပြားဟုပင် မခေါ်နိုင်လောက်တော့ပေ။

သစ်ခေါက်နှင့်တူသည်ဟု ပြောလျှင်ပင် အပိုမဟုတ်ပေ။

“ အမှန်အတိုင်းပြောရရင် ငါ တိုက်ခိုက်တုန်းက အစ်ကိုကျိကို သတ်နိုင်လောက်တယ်ဆိုပြီး လျှပ်တစ်ပြက် အတွေး ဝင်လာသေးတယ်” ကုန်းယွမ်တုက ရယ်မောရင်း ပြောလိုက်သည်။

“ ငါသာ မင်းကို လုပ်စရာကိစ္စမရှိရင် ဓားသင်္ချိုင်းမှာ တွေ့ကတည်းက မင်း သေနေလောက်ပြီ ” လုကျိုးက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

ကုန်းယွမ်တုက ခေါင်းညိတ်လိုက်သည်။ သူက အဆုံးသတ်ခုနှစ်ပါး အစီအရင်နှင့် သူ့နတ်ဆိုးဓားအကြောင်း အမှတ်ရလိုက်သည်။

လုကျိုးက နတ်ဆိုးဓားကို နာခံအောင်လုပ်နိုင်ပြီး အဆုံးသတ်ခုနှစ်ပါး အစီအရင်ကို ချိုးဖောက်နိုင်လေသည်။ ကုန်းယွမ်တုကို အနိုင်ယူခြင်းက ဘာမှမဟုတ်ပေ။

“ အစ်ကိုကျိက ငါ့ထက် အသက်ကြီးပြီးတော့ နက်နဲတဲ့ ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ သိပ်မကြာခင် ငါ ခံစားခဲ့ရသလို အစ်ကိုကျိလည်း ခံစားလာရလိမ့်မယ်” ကုန်းယွမ်တုက ရယ်ရယ်မောမောဖြင့် “ ငါတို့ရဲ့အကြီးတွေလည်း အဆင့်တက်ဖို့ ကြိုးစားရင်း ဒီလိုခံစားခဲ့ကြရလောက်တယ် ”

…

အခန်း (၃၀၃) အနောက်အရပ်ဖြတ်သန်းခွင့်ကိုကျော်လွန်၍ နှုတ်ဆက်ခြင်း

လုကျိုးသည် ကုန်းယွမ်တု၏ဖော်ပြချက်နှင့် သူ တံခါးပိတ်ကျင့်ကြံစဉ်က ခံစားခဲ့ရသောအထိအတွေ့ အကြောင်း စဉ်းစားလိုက်သည်။

"အသက်အကြီးဆုံးသေမျိုးက နှစ်တစ်ရာပဲ ... ဖြစ်နိုင်တာက ကျင့်ကြံသူတွေဆိုတာ နောက်ထပ် သေမျိုး တစ်မျိုးပေါ့”

ကုန်းယွမ်တုက လုကျိုးကို တစ်ချက်ကြည့်လိုက်၏။ သူ၏အကြည့်သည် လုကျိုး၏ဆံပင်ထဲရှိ အဖြူရောင်အမျှင်များဆီရောက်သွားကာပြောလိုက်တော့သည်။

“ဒါကို ရှင်းပြတဲ့နောက်ထပ်နည်းတစ်ခုပဲ အစ်ကိုကျိ ... ခင်ဗျား အတော်ပြောင်းလဲသွားတယ်”

သူတို့သည် ရန်သူတော်ဟောင်းကြီးများဖြစ်၏။ တစ်နည်းအားဖြင့် ရန်သူတော်ဟောင်းကြီးများသည် တစ်ယောက်ကို တစ်ယောက် မိတ်ဆွေများထက် ပိုကောင်းကောင်းသိကျွမ်းကြသည်။

လုကျိုးက သဘောထားကြီးစွာ ခေါင်းညိတ်လိုက်၏။ သူသည် တခြားသောကမ္ဘာမှလာသည့် တခြားသူဆိုတာ ကုန်းယွမ်တုကို ဘယ်တော့မှ ပြောပြနိုင်မှာ မဟုတ်ပေ။

“မင်း အတော်ပြောင်းလဲသွားတယ်” လုကျိုးသည် သူ့ရှေ့ရှိလူနှင့် သူ့မှတ်ဉာဏ်ထဲရှိလူကို နှိုင်းယှဉ်ကြည့်မိချိန်၌ ပြောလိုက်တော့သည်။ သူ့မှတ်ဉာဏ်ထဲရှိကုန်းယွမ်တုသည် ဘယ်တော့မှ ထောက်ခံတတ်သည့် အကျင့်စရိုက်မရှိပေ။

တောင်သည် ကျားနှစ်ကောင်အတွက် သေးလွန်းသည်။ ကုန်းယွမ်တုက ကောက်ကျစ်ကာ စိတ်ရှည်ပြီး သဘာဝအားဖြင့် ဉာဏ်များသည်။ သူသည် အများစုသည်းမခံနိုင်သည့်အရာကို လုပ်ခဲ့သည်။ ဓားသင်္ချိုင်းထဲ၌ နှစ်တစ်ရာနီးပါး ပုန်းနေခဲ့သည်။ နောက်ထပ် လက်ရွေးစင်တစ်ယောက်နှင့် တစ်မိုးအောက်တွင် မည်ကဲ့သို့ ရှင်သန်နေထိုင်နိုင်မည်နည်း။ သေခါနီးလူတစ်ယောက်က ပိုကြင်နာလာတာဖြစ်နိုင်၏။ လက်ရှိကုန်းယွမ်တုက ယခင်လူနှင့် မတူတော့ပေ။

သုံးချီသောက်ပြီးနောက် နေထွက်လာတော့သည်။

နေရောင်သည် ကုန်းယွမ်တုအပေါ်ဖြာကျလာ၏။ သူက သူ့ကိုယ်သူ အလွန်နှစ်ခြိုက် ခံစားနေလေသည်။ လန်လော့၊ ဖန်လီထန်းနှင့် ဟွားဝူတောက်ကိုကြည့်ပြီး တွမ့်မူရှန်း၊ ရှောင်ယွမ်အာနှင့် ကျန်သည့်သူများကို ကြည့်လိုက်သည်။ ပြီးနောက် သူက မိစ္ဆာဝေဟင်မျှော်နန်းကို ကြည့်လိုက်တော့၏။ သူက “ငါနဲ့ ဓားရေးယှဉ်ခဲ့တဲ့နှစ်ယောက်က ...”

“လန်လော့” လန်လော့က သူ့အမည်ကိုထပ်ပြောလိုက်ပြန်သည်။ ကုန်းယွမ်တုက အကောင်းဆုံး အခြေအနေ၌ ရှိနေတာ မဟုတ်သောကြောင့် ကုန်းယွမ်တု၏ မှတ်ဉာဏ်များက မကောင်းတော့တာဟု လန်လော့ တွေးလိုက်၏။

အစက ဖန်လီထန်းသည် သူ့ကိုယ်သူ သူတောင်းစားအိုကြီးအဖြစ် ရည်ညွှန်းရန်ပြင်လိုက်၏။ သို့သော်ငြား စဉ်းစားပြီးနောက် စကားအမှန် ဆိုလိုက်သည်။ “ကျုပ်က ဖန်လီထန်း”

ကုန်းယွမ်တုက အနည်းငယ်အံ့ဩသင့်သွားသည်။ သူကပြောလိုက်၏။

“ကျင့်မင်တာအိုဂိုဏ်းရဲ့အကြီးမြတ်ဆုံးလက်ရွေးစင် ... ခင်ဗျားကို မှတ်မိတယ်”

“ချီးကျူးလွန်းနေပါပြီ”

“ကျင့်မင်တာအိုဂိုဏ်းရဲ့ အရင်ဂိုဏ်းချုပ်ယွမ်က ကွယ်လွန်သွားပြီး ခင်ဗျားက အကြီးအကဲ ရှစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရင်း ဒဏ်ရာရသွားတယ်လို့ကြားထားတယ်။ ပြီးတော့ စတုတ္ထ မင်းသားက ခင်ဗျားကိုကယ်သွားပြီး နယ်စပ်ကိုခေါ်သွားတာ ... ဟုတ်တယ်မလား” ကုန်းယွမ်တုက ဖန်လီထန်းကို ဇဝေဇဝါအကြည့်ဖြင့်ကြည့်လိုက်လေ၏။

ကျန်သည့်သူများက ဖန်လီထန်းကို ကြည့်လာကြသည်။

ဒါက ဖန်လီထန်း ကျင့်မင်တာအိုဂိုဏ်းကနေ ထွက်လာရတဲ့အကြောင်းအရင်းလား ...

“အားလုံးက ပြီးခဲ့ပါပြီ ... အခုချိန်မှာ ပြောလို့အကျိုးမထူးဘူး" ဖန်လီထန်းကပြောပြီး လက်ဝေ့ယမ်း ပြလိုက်၏။

ကုန်းယွမ်တု ထိုအကြောင်းကို ဘယ်လိုသိလဲဆိုတာ မေးရန်ကလည်း အရေးမကြီးပေ။

“အစ်ကိုကျိ ... ခင်ဗျားက တကယ်အရည်အချင်းရှိတယ်လို့ ကျုပ်ပြောရမှာပဲ။ လန်လော့နဲ့ ဖန်လီထန်းလို အဖိုးကြီးတွေကိုတောင် သိမ်းသွင်းနိုင်ခဲ့တယ် ... ကျုပ် အထင်ကြီးမိပါရဲ့”

ကုန်းယွမ်တုပြောပြီးနောက် ပြင်းပြင်းထန်ထန်ချောင်းဆိုးတော့သည်။ သွေးမပါသော်ငြား သူ၏ ဆံပင်များက ပိုတောင်ဖြူရော်လာသည်ဟု ထင်မှတ်ရသည်။ ခဏအတွင်း သူရင့်ရော်လာလေ၏။

သွေးသားအဆီအနှစ်တို့ ခန်းခြောက်နေသည့် လူတစ်ယောက်သည် အဆင်မပြေနိုင်သည့် နည်းလမ်းကို သုံး၍ ကျင့်ကြံဆင့် ယာယီမြှင့်တင်ရန် သူ၏အသက်ဓာတ်အားလုံးကို လဲလှယ်လိုက်သည့် လူတစ်ယောက်နှင့် တူနေပေ၏။ အရေးပေါ်ကုသခြင်းကတောင် သူ့ကို ယခုအချိန်တွင် မကူညီ နိုင်တော့ပေ။ ကုပေးနိုင်မည်ဆိုလျှင်တောင် လုကျိုးက ကုန်းယွမ်တုအပေါ်၌ သုံးရန် မစဉ်းစားထားပေ။ ဆိုရလျှင် အစောတုန်းက ကုန်းယွမ်တုသည် သူ၏ ထိတ်လန့်ဖွယ်သိုင်းကွက်ဖြင့် သူ့ကို သတ်ရန်ရည်ရွယ်ခဲ့သောကြောင့်ဖြစ်သည်။

ကုန်းယွမ်တု၏အကြည့်က လုကျိုးဆီရောက်သွား၏။ သူ၏လေသံက ကွဲပြားသွားပုံပေါ်ကာ ပြောလိုက်တော့သည်။

“အချိန်စေ့ခါနီးပြီ ... ခင်ဗျား အခေါင်းထဲမဝင်တော့ဘူးလား” လုကျိုးက ဘေးရှိခေါင်းတလားကို ကြည့်လိုက်သည်။ အစက သူသည် မိစ္ဆာဝေဟင်မျှော်နန်းထဲ၌ နေလိုပါက ကုန်းယွမ်တုကို နောက်ထပ်အခွင့်အရေးပေးရန် စီစဉ်ထားသည်။ သို့သော်ငြား ဓားသင်္ချိုင်းထဲ၌ ကုန်းယွမ်တုရလာခဲ့သည့် အသိအမြင်များကို ကြားပြီးနောက် ယင်းက မဖြစ်နိုင်ကြောင်း သိလိုက်သည်။

“ရပါတယ်” ကုန်းယွမ်တုက ခေါင်းတလားကိုကြည့်တောင်မကြည့်ဘဲ ခေါင်းခါလိုက်လေ၏။ “ကျုပ် ရုတ်တရက်ကြီး စုန်းမန္တန်တစ်ခုကို တွေးမိသွားလို့ ... တစ်ယောက်ယောက်က ကျုပ်အလောင်းကို ပြန်အသက်သွင်းချင်တယ်ဆိုရင် ကြည့်ရတာကြောက်စရာကောင်းနေမှာနော်"

“မင်းမှန်တယ်” လုကျိုးက ခေါင်းညိတ်ပြီး သူ၏သေရည်ခွက်ကိုမြှောက်လိုက်၏။

ကုန်းယွမ်တု၏နှုတ်ခမ်းက တွန့်ကွေးသွားပြီး သူက ရယ်မောကာပြောလိုက်တော့၏။ “ခင်ဗျား ... အဖိုးကြီး ... ကောင်းတာလေးမပြောနိုင်ဘူးလား” လေပြင်းတစ်ချက်စတင်ဝှေ့တိုက်လာ၏။

အရံအတားက ထောက်ပံ့ပေးထားသော ကာကွယ်မှုမရှိဘဲ လေတိုက်ခတ်ရာမှ မြက်ပင်တို့ လှုပ်ရှားမှုကို မိစ္ဆာဝေဟင်မျှော်နန်းထဲ၌ ခံစားမိသည်။

နေရောင်ခြည်က ကြက်သွေးရောင်အဖြစ်ပြောင်းလဲသွားပြီး မိစ္ဆာဝေဟင်မျှော်နန်းထဲအရာအားလုံး ကို သွေးဆေးကန်ပမာ ထင်မှတ်ရစေသည်။

ရွှီး ....

ထိတ်လန့်ဖွယ်မြင်ကွင်းကဖြစ်ပေါ်လာသည်။

ကုန်းယွမ်တု၏ခြေထောက်များသည် သဲမှုန်များပမာ စတင်ပြီး တစစီပြိုကွဲလာလေ၏။ သူ သဲရုပ်တုဖြစ်တော့မည်ဟု တွေးလိုက်မိသည်။

"ခင်ဗျား သေရည်ကြိုက်တာပဲ ပိုသောက်သင့်တယ်” လုကျိုးက သူ့ခွက်ကိုမြှောက်လိုက်သည်။

“ဒါပေါ့” ကုန်းယွမ်တု၏အသံက ရှတတဖြစ်မနေတော့ပေ။ အသံက ဖျတ်လတ်မှု၊ ငယ်ရွယ်မှုနှင့် ယခုအချိန်တွင် ရွှင်ပြမှုတို့ပြည့်နေလေ၏။ သူသည် ခမ်းနားသောကျင့်စဉ်ကို ပိတ်ဆို့ထားခဲ့ပြီး သူ၏ စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ကို ပိတ်ဆို့ထားခဲ့သည်။ ခန္ဓာကိုယ်အတွင်းရှိ ပိတ်ဆို့ထားသော စွမ်းအင်ချီပင်လယ်သည် ထိန်းချုပ်မှုကို ခံနိုင်ရည်မရှိတော့ပေ။ သေရည်များက သူ၏ ဗိုက်ထဲရောက်လာလေ၏။ သူ၏ခြေထောက်မရှိတော့ လေနှင့်အတူလွင့်ပျယ်သွားလေ၏။ လေက ပိုကြမ်းလာသည်။

ယခုအချိန်တွင် လူတိုင်း၏အာရုံစိုက်မှုက ကုန်းယွမ်တုအပေါ်တွင်သာ ရှိနေသည်။

သူ၏စွမ်းအားက ပတ်ဝန်းကျင်ဆီရောက်သွားပြီး ကနဦးချီတို့က သဘာဝနှင့်အတူပြန်သွားကာ လေနှင့်အတူ ပျောက်ကွယ်သွားလေ၏။

“သေရည်ကောင်းပဲ”

ကုန်းယွမ်တုက သေရည်ခွက်ကို ချလိုက်သည်။ သူ့ရှေ့တွင် လက်နှစ်ဖက်ကိုထားလိုက်၏။ ပျောက်ကွယ်သွားနေစဉ် သူက ပြောလိုက်သည်။

“နောက်ဆုံးစကားရှိသေးလား”

“ထားလိုက်တော့”

လုကျိုးက ခေါင်းခါလိုက်တော့သည်။ သူမည်သည်ကို ပြောနိုင်မည်နည်း။ သူက သီးခြားကမ္ဘာမှ ဖြစ်၏။ ကုန်းယွမ်တုနှင့်သူ၏ ရင်းနှီးကျွမ်းဝင်မှုသည် ကျိထျန်းတောက်၏မှတ်ဉာဏ်များမှသာ ဖြစ်သည်။ သူ ကူးပြောင်းလာချိန်မှစပြီး ဖြစ်ပျက်သမျှအရာအားလုံးကိုတွေးမိသောအခါ သူ ရှင်သန်လာပုံနှင့် ထိပ်သီးဂိုဏ်းကြီးဆယ်ဂိုဏ်းကို ခုခံခဲ့ပုံ၊ သူ၏မွေးရပ်မြေနှင့် သူ၏စိတ်ထဲ ကဗျာတစ်ပုဒ်က ပေါ်လာတော့သည်။ သူ၏ရှုပ်ထွေးနေသောခံစားချက်များကို စကားလုံးများအဖြစ် ဖော်ပြရန် ပြီးပြည့်စုံနေပုံပေါ်၏။ ထို့ကြောင့် သူက ပြောပြလိုက်သည်။

“သေရည်နောက်ထပ် တစ်ခွက်ထပ်သောက်လိုက် ကျုပ်ရဲ့မိတ်ဆွေကြီး ... အနောက်အရပ်ကို ကျော်လွန်ခွင့်က ကျုပ်တို့ရဲ့ ခွဲခွာမှုဖြစ်လိမ့်မယ် ..."

လုကျိုးက သေရည်ခွက်ကိုမြှောက်ပြီးအပြောင်ရှင်းလိုက်တော့သည်။

ကုန်းယွမ်တုကလည်း သူ၏နောက်ဆုံးခွက်ကိုသောက်လိုက်လေ၏။ သူက စားပွဲပေါ်သေရည်ခွက်ကို တင်လိုက်တော့သည်။ စွမ်းအင်လှိုင်းဖျော့ဖျော့တစ်ခုက ပြန့်ကားလာပြီး သူ၏ခန္ဓာကိုယ်သည် လေထဲ၌ သဲမှုန်များပမာ လေထဲတစစီလွင့်ပြယ်သွားတော့၏။ ကျန်ရှိသည်က သူ၏ခေါင်းဖြစ်၏။ သူက မေးလိုက်သည်။

“အနောက်အရပ်ဖြတ်သန်းခွင့်က ဘယ်မှာလဲ”

သူက လုကျိုး၏အဖြေကိုမကြားနိုင်တော့ပေ။ ရွှေနန်းဥယျာဉ်တောင်ပေါ်တွင် လေနှင့်အတူ လွင့်ပြယ်သွားခဲ့ပြီ။

လုကျိုးအရှေ့ရှိခုံက အခုဆို ရှင်းလင်းသွားပြီဖြစ်၏။

မိစ္ဆာဝေဟင်မျှော်နန်းထဲ၌ ယခုဆိုတိတ်ဆိတ်မှုတို့က တဖန်ကြီးစိုးလာပြန်သည်။

အတော်ကြာတိတ်ဆိတ်ငြိမ်သက်နေပြီးနောက် လုကျိုးက လက်နောက်ပစ်ထားလျက် ခြေကြွလိုက် တော့သည်။ သူက ခေါင်းတလားနှင့်ပျက်စီးနေသောမြေပြင်ကိုကြည့်လိုက်၏။

ကျန်သည့်သူများက တိတ်ဆိတ်နေကြ၏။ ထိုသူသည် သူတို့ဆရာ၏ ရန်သူတော်ကြီးဖြစ်သည်။

ကုန်းယွမ်တုသည် သူ၏ သွေးနှင့်အဆီအနှစ်ကိုသုံးပြီး သက်တမ်းကိုနှစ်တစ်ရာ လျှော့ချခဲ့သည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းကို စိန်မခေါ်ခဲ့လျှင်တောင် မည်သည့်နည်းနှင့်မဆိုဆုံးပါးမှာပဲဖြစ်သည်။ အစက သူသည် ခေါင်းတလားထဲ၌ သေရန်စီစဉ်ခဲ့၏။ ဤနည်းဖြင့် သူက အကောင်းပကတိအလောင်းဖြင့် ထွက်ခွာသွားနိုင်လိမ့်မည်။ သူက အစောတုန်းက သေရည်သောက်နေစဉ်တွင် အသိအမြင်အချို့ ရလာပြီး နောက်ဆုံးအချိန်၌ စိတ်ပြောင်းလဲသွားတာ ဖြစ်နိုင်သည်။

“ဒါတွေကို ရှင်းလိုက်တော့” လုကျိုးက တည်ငြိမ်စွာပြောလိုက်လေ၏။

“နားလည်ပါပြီ”

လုကျိုးသည် ခန်းမကျယ်ထဲဝင်လိုက်အချိန်၌ လူတိုင်းက သူ့နောက်မှလိုက်ပါလာသည်။ ကျန်သည့်သူများက အရိုအသေပေးလိုက်တော့သည်။ “မျှော်နန်းသခင် ...”

“ရှစ်စွင်း ...”

လုကျိုးက လှည့်ကြည့်ပြီးနောက် ကျယ်လောင်စွာပြောလိုက်သည်။

“မင်ရှစ်ရင်နဲ့ ကျောင်းယွဲ့ ဒီနေရာမှာ ဘာကြောင့်မရှိတာလဲ”

တွမ့်မူရှန်းက လက်သီးဆုပ်မိုးလျက်ပြောလိုက်သည်။ “ရှစ်စွင်း တံခါးပိတ်ကျင့်ကြံနေတုန်းက လောင်စစ်က စာပို့လိုက်ပါတယ်။ သူက အံ့ဖွယ်မြို့တော်မှာရှိနေပြီး ရှစ်မေ့ကျောင်းယွဲ့ကို သူနဲ့အတူ ပြန်ခေါ်လာပါမယ်တဲ့ ... ဒါကြောင့် သူက အချိန်ထပ်တိုးတောင်းထားပါတယ်”

“သူ ဆန္ဒရှိသလိုလုပ်နိုင်တယ်”

တွမ့်မူရှန်းက နောက်ပြန်ဆုတ်သွားလေ၏။ လုကျိုးက ဖန်လီထန်း၊ လန်လော့ နှင့် ဟွားဝူတောက်ကို ကြည့်လိုက်သည်။ သူတို့၏ဖြူရော်နေသောဆံပင်နှင့် ရင့်ရော်နေသောသွင်ပြင်ကို ကြည့်လိုက်၏။ အနေခက်လိုက်လေခြင်း။ မိစ္ဆာဝေဟင်မျှော်နန်းသည် သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်ရေးဂေဟာတစ်ခု ဖြစ်လာပုံပေါ်သည်။

ရှောင်ယွမ်အာတစ်ဦးတည်းကသာ ငယ်ရွယ်ပြီး စိတ်ဓာတ်ခွန်အားတို့ မြင့်တက်နေပုံပေါ်သည်။

လုကျိုးသည် လေထဲ၌ ကုန်းယွမ်တု လွင့်ပြယ်သွားသည့် မြင်ကွင်းကိုပြန်တွေးလိုက်သည်။ သူက အတွေးတစ်ချို့ရလိုက်၏။ သူက အကြောင်းပြန်လှန်ကတ်ရှိသည်။ ထို့ကြောင့် မစိုးရိမ်ပေ ... သို့သော် ကျန်သည့်သူများက မည်သို့ဖြစ်မည်နည်း။

“မျှော်နန်းသခင် … ကျန်းအိုက်ကျန့်ဆီက စာပါ"

“ဖတ်လိုက်” လုကျိုးက ပြောလိုက်သည်။

“ဆရာကြီး ... သမာသမတ်ဂိုဏ်းကို ငရဲဂိုဏ်းက သုတ်သင်လိုက်ပါပြီ။ ကျန့်ယွမ်ရှန်းက ပျောက်နေတုန်းပဲ ... ငရဲဂိုဏ်းရဲ့လုပ်ရပ်တွေက တော်ဝင်မိသားစုရဲ့အာရုံစိုက်မှုကို ရသွားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ... အန်းရန်မြို့နဲ့ ရှန့်စုရှုမြို့က ပုန်ကန်မှုဖြစ်နေတော့ ပုန်ကန်မှုကြေင့် တော်ဝင်မိသားစုက လက်ရှိမှာ ငရဲဂိုဏ်းကိုဖြေရှင်းဖို့ ဘာမှအားစိုက်မထုတ်နိုင်ပါဘူး ... ပြီးတော့ ဆရာကြီးရဲ့ စတုတ္ထနဲ့ ပဉ္စမတပည့်က အံ့ဖွယ်မြို့တော်မှာ ဘေးကင်းပါတယ်။ ပြီးတော့ သူတို့ကို စောင့်ရှောက်ထားပါတယ်။ ပြီးတော့ နောက်ထပ်သတင်းတစ်ခုရှိတယ် ... ကြွက်ငါးကောင် သေသွားပြီ။ သတ်လိုက်တဲ့သူက ဆရာကြီးရဲ့ဆဋ္ဌမမြောက်တပည့် ယဲ့ထျန်းရှင်းပဲ”

စာဖတ်ပြီးနောက် ခန်းမကျယ်ကတိတ်ဆိတ်သွားပြန်၏။

All Chapters