← Chapters

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄) တာ့ရှစ်ရှိုးရဲ့ ရည်မှန်းချက်

အခြားသူများလည်း အံ့ဩကုန်ကြသည်။ သူတို့က ဖြစ်နိုင်ခြေအမျိုးမျိုးကို တွေးထားကြသော်လည်း ယဲ့ထျန်းရှင်း ဖြစ်လိမ့်မည်ဟု မထင်ထားကြပေ။ ယဲ့ထျန်းရှင်းက မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်သွားစဉ်က သူမ ကျင့်ကြံဆင့် တစ်ပိုင်းတစသာ ပြန်ကောင်းသေးသည်။ သူမအတွက် အသက်ရှင်လျက်ထိန်းထားနိုင်ဖို့ပင် ခက်လှသည်။ သူမက အချိန်တိုအတွင်း ကျင့်ကြံဆင့် မည်သို့ပြန်ကောင်းသွားသနည်း။

တွမ့်မူရှန်းက လက်နှစ်ဖက်ယှက်ကာ “ ရှစ်စွင်း တံခါးပိတ် လေ့ကျင့်နေတုန်း ကြွက်ငါးကောင် ကိစ္စ ဖြစ်သွားတာပါ။ ကျွန်တော်တို့လည်း ရှစ်စွင်းကို မနှောင့်ယှက်ရဲတော့ … ”

“ကောင်းပြီ ” လုကျိုးက ကောင်းကင်ကျမ်းကို လေ့လာဆင်ခြင်နေစဉ် လတ်တလော သီးသန့်လေ့ကျင့်မှုက ကွဲပြားလေသည်။ အကယ်၍ သူသာ နှောင့်ယှက်ခံလိုက်ရလျှင် နိုးထလာနိုင်မည် မဟုတ်လောက်ပေ။

ဟွားဝူတောက်က ပြောလိုက်သည်။ “ ယဲ့ထျန်းရှင်းက အစကတည်းက မိစ္ဆာဝေဟင်မျှော်နန်း တပည့်တစ်ယောက်ပါ။ သူမကို နှင်ထုတ်ထားတယ်ဆိုပေမဲ့ အလွန်ဆုံး သူမက ပြန်လမ်းရှာတွေ့ထားတဲ့ သိုးငယ်လေးလိုပါပဲ ”

လန်လော့က သက်ပြင်းချကာ “ အဲဒါ သတိလက်လွတ်ဖြစ်ပြီး မော့လီ လှည့်ကွက်ထဲ ရောက်သွားတဲ့ ကျုပ်အမှားပါ … ကျုပ် သူမ ထိန်းချုပ်တာတောင် ခံလိုက်ရတယ် ”

အခြားလူများက လန်လော့အား တအံ့တဩ ကြည့်လိုက်ကြသည်။ သူတို့က ပေနက်လွှာမှ ထိပ်ဆုံးလူသည် သူ့အတိတ်အပြုအမူများကို ပြန်လည်သုံးသပ်လိမ့်မည်ဟု မထင်ထားကြပေ။ ဤသည်မှာ ရှားပါးမြင်ကွင်း ဖြစ်၏။ သို့သော်လည်း ဒီအတွက် လန်လော့ကို အပြည့်အဝ အပြစ်တင်၍ မရပေ။ ဒဏ္ဍာရီလာ မျိုးနွယ် သို့မဟုတ် ပိုင်လူမျိုးကို သတ်ဖြတ်သူက တပ်မဟာသုံးခု၏ ခေါင်းဆောင် ဝေ့ကျိုးယန် ဖြစ်သည်။ ဝေ့ကျိုးယန်အစစ်က သေဆုံးသွားလေပြီ။ ကြိုးကိုင်သူ မော့လီက နန်းတော်အတွင်း ပုန်းအောင်းနေလေသည်။ သူမက လန်လော့၏ ရန်သူ ဖြစ်၏။

လုကျိုးက အကြီးအကဲသုံးယောက်ကို ကြည့်လိုက်သည်။ သူတို့က ကုန်းယွမ်တုနှင့် ယှဉ်ပြိုင်ပြီး မောပန်းနေကြဟန်ပေါ်သည်။ ထို့ကြောင့် သူက ပြောလိုက်သည် “အကြီးအကဲတို့ ပြန်နားလိုက်ကြပါ ”

သုံးယောက်လုံး လုကျိုးအား လက်နှစ်ဖက် အရိုအသေပေးလိုက်ကြသည်။ ထို့နောက် သူတို့က ဘာမှမပြောဘဲ ခန်းမကျယ်ထဲမှ ထွက်သွားလိုက်ကြ၏။

အခြားလူများလည်း တိတ်ဆိတ်နေကြသည်။ သူတို့က ခွင့်ပြုချက်မရှိဘဲ ထွက်မသွားရဲကြပေ။

ရှောင်ယွမ်အာက လုကျိုးဆီ လျှောက်လာကာ “ ရှစ်စွင်း … တပည့် ရှစ်ကျဲထျန်းရှင်းကို သွားရှာလိုက်ရမလား ”

“ မလိုဘူး ” လုကျိုး သူမကို ကြည့်လိုက်သည်။ သူ့သဘောထားက ရှင်းသည်။

အခြားလူများလည်း ပါးစပ်ပိတ်နေလိုက်ကြ၏။

စိတ်ထဲ၌ လုကျိုးက သူ့ဘာသာ တွေးမိနေသည်။

သူမက ကြွက်ငါးကောင်ကို သတ်လိုက်တာဆိုတော့ မိစ္ဆာဝေဟင်မျှော်နန်းကို ဒီလောက်နဲ့ ပေးဆပ်လို့ ရမယ် ထင်နေတာလား … သူမက ကြွက်ငါးကောင်ကို ဖြေရှင်းပြီးတာတောင် ငါ့ကို လာတွေ့ဖို့ တွေးမထားဘူး။ ငါက အရင်ဆုံး သစ္စာဖောက်ကို သွားမဆက်သွယ်နိုင်ဘူး။

တွမ့်မူရှန်းက ဦးညွှတ်ကာ “ ရှစ်စွင်း ကျွန်တော်တော့ လောင်စစ်နဲ့ ပတ်သက်ပြီး နည်းနည်းစိတ်ပူမိတယ်။ သူက အံ့ဖွယ်မြို့တော်ထဲမှာဆိုတော့ … ”

လုကျိုး လက်ယမ်းလိုက်ပြီး “ ဒီရက်ပိုင်း နန်းတော်ထက် ဘေးကင်းတဲ့နေရာ မရှိဘူး။ စိုးရိမ်နေဖို့ မလိုဘူး”

“နားလည်ပါပြီ”

အကယ်၍ ဒီလိုသာ မဟုတ်လျှင် လုကျိုးက နတ်ခြင်္သေ့ကို စီးနင်းကာ မော့လီ၏ အသက်ကို နှုတ်ယူဖို့ သွားလောက်လေပြီ။ သူက သူမကို နောက်ထပ်ပြကွက်ဆန်းများ လုပ်ဖို့ အခွင့်အရေး ပေးမည် မဟုတ်ပေ။ ထို့အပြင် ကျန်းအိုက်ကျန့်က သူတို့ကို စောင့်ရှောက်ပေးနေသောကြောင့် ပြဿနာရှိမည် မဟုတ်ချေ။

လုကျိုးက တတိယနည်းစနစ်ကို လေ့လာလိုသော်လည်း ကုန်းယွမ်တု မသေခင် ပြောခဲ့သည့် စကားကို ပြန်လည်အမှတ်ရလိုက်၍ သက်ပြင်းသာ ချလိုက်သည်။ ထို့နောက် သူက စနစ်ရှိ ကုသိုလ်ရမှတ်များကို တစ်ချက်ကြည့်လိုက်သည်။

ကုန်းယွမ်တု၏ သေဆုံးမှုက သူ့အား ကုသိုလ်ရမှတ် ၁၅၀၀ ပေးထားလေသည်။ သူက အမြင့်ဆုံးဆုလာဘ်နှင့် ပစ်မှတ်ဖြစ်ကြောင်း သိသာလှ၏။

ပွင့်ချပ်ကိုးလွှာအဆင့်က ဘယ်တော့မှ မရနိုင်တာ အမှန်ပဲလား … အစကတည်းက ဒီနှစ်တစ်ထောင် သက်တမ်းကို ဘယ်သူမှ မလွန်ဆန်နိုင်ခဲ့ဘူးလား …

ကုန်းယွမ်တုက သူ့ရန်သူ ဖြစ်သော်လည်း သူတို့သည် မျိုးဆက်တူမှ ဖြစ်၏။ သူ ဘာမှမခံစားဘူးပြောလျှင် လိမ်ညာနေခြင်းသာ ဖြစ်လိမ့်မည်။ သူက ကျိထျန်းတောက် သေဆုံးမှု ဖြစ်နိုင်ခြေသည် ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်လှမ်းဖို့ ကြိုးစားရင်း ကျရှုံးသွားတာ ဖြစ်ရမည်ဟု ရုတ်ခြည်း တွေးမိသွားသည်။

ဒဏ္ဍာရီလာ ထာဝရရှင်သန်မှု၏ လျှို့ဝှက်ချက် ချန်းဟွမ် … ထျန်းကျန့်မြစ်မှ အလောင်းများကို ဆယ်နေခြင်း … ဒီကမ္ဘာ၌ သူတစ်ယောက်တည်း ထာဝရရှင်သန်မှု၏ လျှို့ဝှက်ချက်ကို ရှာနေခြင်း မဟုတ်ပေ။

အစပိုင်းတွင် လုကျိုးက ထိုကိစ္စအပေါ် အာရုံမစိုက်ခြင်းမှာ သူ့တွင် အကြောင်းပြန်လှန်ကတ်များ ရှိနေ၍ ဖြစ်သည်။ သို့သော်လည်း ကျိထျန်းတောက်၏ သေဆုံးမှုက မြင်ရသလောက် ရိုးရှင်းပုံမပေါ်ပေ။ စနစ်က သူ့အား တူညီသော အမှားကို ကျူးလွန်မိအောင် ကာကွယ်ပေးဖို့ လုံလောက်မည် မဟုတ်ချေ။ ထို့အပြင် သူ့တပည့်များတွင် အကြောင်းပြန်လှန်ကတ် မရှိကြပေ။ သူတို့ တစ်ရက်ကျ အသက်အရွယ် ရလာကြလိမ့်မည်။ သူ့တပည့်များ သေဆုံးသွားလျှင် မည်သူက သူ့အတွက် ကုသိုလ်ရမှတ် စုဆောင်းပေးမည်နည်း။ ထိုအတွေးများဖြင့် သူက စနစ်ကို ရာသက်ပန် မှီခို၍ မရကြောင်း တွေးမိလာသည်။

လုကျိုးက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်အကြောင်း တွေးမိသွားသည်။ ထိုငမိုက်သားများ မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်သွားကတည်းက ပွင့်ချပ်ရှစ်လွှာအဆင့် ပိုင်ဆိုင်ထားကြသည်။ ဒီနှစ်တွေမှာ သူတို့ပါရမီဖြင့် ကုန်းယွမ်တုလိုမျိုး ထာဝရရှင်သန်မှုကို ရဖို့နှင့် ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ရှိဖို့ လျှို့ဝှက်ချက်ကို ရှာဖွေနေကြမည်လား။

ပွင့်ချပ်ရှစ်လွှာနဲ့ ကိုးလွှာကြားက ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်က ဘာတွေလဲ …

“ ချင်ကျွင်းကို ဒီခေါ်ခဲ့”

“ ဟုတ် ”

ခဏအကြာတွင် ဖန်ကျုံးက ချင်ကျွင်းကို ခန်းမကျယ်ထဲ ခေါ်လာသည်။

ချင်ကျွင်းက မင်းသားချီ ဖြစ်၏။ သူ ခန်းမကျယ်ထဲ ဝင်လာသည့်အခါ လူအုပ်ကို မြင်လိုက်ရ၍ ချွေးစေးများထွက်လာသည်။ သူက တုန်တုန်ယင်ယင်ဖြင့် ဘာပြောရမှန်းပင် မသိတော့ပေ။ သူက လက်နှစ်ဖက်ယှက်လိုက်ပြီး “ဆရာကြီး … ”

“ အရင်တုန်းက မင်း ယွီကျန့်ဟိုင်အတွက် ရှက်စရာအလုပ်တွေ ဘာလုပ်ပေးခဲ့တာလဲ” လုကျိုးက မေးလိုက်သည်။

“ပြောလိုက် ” ရှောင်ယွမ်အာက ဘေးကနေ ဝင်ထောက်ပေးသည်။

ချင်ကျွင်းက ရှောင်ယွမ်အာကြောင့် အလန့်တကြားဖြစ်သွားသည့်နောက် တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူက နောက်အနည်းငယ် ဆုတ်ကာ အလျှင်စလို လက်ဝေ့လိုက်ပြီး “ဆရာကြီး နားလည်မှုလွဲနေတာ ရှိပါတယ်။ ကျုပ် ဂိုဏ်းချုပ်ယွီကို ရှက်စရာကိစ္စတွေကို တစ်ခါမှ မကူညီပေးဖူးပါဘူး။ သူက အိမ်တော်ကို သုံးကြိမ်လာလည်တဲ့ ဧည့်သည်ပါပဲ။ သူ ရောက်လာတိုင်း အံ့ဖွယ်မြို့တော်ထဲ တစ်ပတ်လောက် ပတ်ကြည့်ရုံပါ။ ကျုပ် လုပ်ပေးတာဆိုလို့ သတင်းအချက်အလက် နည်းနည်းပေးရုံပါပဲ။ ဒါပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း တစ်ခါမှ မပါဖူးပါဘူး။ ဆရာကြီး ဒီကိစ္စကို သေချာစစ်ဆေးပေးပါ ”

“ဘယ်လိုအချက်အလက်မျိုးလဲ ” လုကျိုးက မေးလိုက်သည်။

“ တော်ဝင်အစောင့်တပ်နဲ့ အဆုံးသတ်ဆယ်ပါး အစီအရင်အကြောင်းပါ။ ပြီးတော့ အန်းယန်နဲ့ ရှန့်စုရှုမြို့ရဲ့ အခြေအနေတွေပါ။ ပြီးတော့ … ” ချင်ကျွင်းက ခေါင်းကုတ်ကာ “မင်းသားငါးပါးအကြောင်းပါ ”

“မင်းသားတွေလား”

“ ကျုပ်လည်း သူ မင်းသားတွေအပေါ် ဘာလို့စိတ်ဝင်စားနေမှန်း မသိပါဘူး ”

“ ဆက်ပြော ” လုကျိုး၏ သဘောထားက ရှင်းလှသည်။

မင်း သိထားသမျှ အရာအားလုံးကို မခြွင်းမချန် ပြောပြ …။

မိစ္ဆာဝေဟင်မျှော်နန်းသည် ချင်ကျွင်ကို ကူညီပေးခဲ့ဖူးသည်။ သူက မိစ္ဆာဝေဟင်မျှော်နန်း၏ ဂုဏ်သတင်းနှင့် စည်းကမ်းများကို သိထားသည်မှာ ပုံမှန်သာ ဖြစ်၏။ သူက ဘာမှမဖုံးကွယ်ရဲဘဲ အားတက်သရော ပြောပြလိုက်သည်။ “လွန်ခဲ့တဲ့ တစ်လ ဂိုဏ်းချုပ်ယွီ အံ့ဖွယ်မြို့တော်ဆီ နောက်ဆုံးတစ်ခေါက် လာတုန်းက သူနဲ့ စီနီယာဓားနတ်ဆိုးတို့ တိုက်ခိုက်မယ်ဆိုပြီး ပြောခဲ့တယ်။ အဲဒါကလွဲပြီး ဘာမှမပြောခဲ့ပါဘူး။ ကျုပ် ကောင်းကင်ဘုံကို ကျိန်ဆိုရဲပါတယ် ”

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ တွေးကြည့်လိုက်သည်။ ကြည့်ရသည်မှာ မင်းသားချီ တန်ဖိုးက အဆုံးသတ်သွားလေပြီ။ သူက ယွီကျန့်ဟိုင်၏ ရည်မှန်းချက်ကို အစကတည်းက မှန်းဆမိပြီးသား ဖြစ်၏။ ယွီကျန့်ဟိုင်က တော်ဝင်အစောင့်တပ်နှင့် အဆုံးသတ်ဆယ်ပါး အစီအရင်ကို အနာဂတ်အတွက် သင်ယူနေခြင်းသာ ဖြစ်သည်။ အန်းယန်နှင့် ရှန်စုရှုမြို့၏ ကမောက်ကမဖြစ်မှုများက သူနှင့် သက်ဆိုင်နေရမည်။

“ သူက ယွီရှန်းရုန်နဲ့ တိုက်တော့မှာလား ”

“ပထမသခင်လေးနဲ့ ဒုတိယသခင်လေးတို့က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်တွေပါ။ သူတို့ကျင့်ကြံဆင့်က အကြီးအကဲတွေကို ကျော်လွန်ပြီး ရွယ်တူကြား ပြိုင်ဖက်ကင်း ဖြစ်နေပါပြီ။ ပါရမီကို အလေးထားကြတဲ့သူဆိုတော့ ဘယ်သူက ဘယ်သူ့ထက် သာလဲ သိချင်ကြတာ ဖြစ်မယ် ” ချင်ကျွင်းက ပြောလိုက်သည်။

မိစ္ဆာဝေဟင်မျှော်နန်း၏ သံမဏိစည်းမျဉ်းက အချင်းချင်း တိုက်ခိုက်ဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားလေသည်။

သူတို့က မိစ္ဆာဝေဟင်မျှော်နန်းမှ ဖြစ်ခဲ့ဖူးသောကြောင့် တစ်ယောက်နှင့် တစ်ယောက် လေးစားကြသည်။

သူတို့ ထွက်သွားပြီးနောက် အဘယ်ကြောင့် ရန်သူ ဖြစ်သွားမည်နည်း။

“ ဘယ်အချိန် ဘယ်နေရာမှာလဲ” လုကျိုးက မေးလိုက်သည်။

“ နောက်လေးလနေရင် ဖြစ်လောက်မယ်။ နေရာကိုတော့ ကျုပ်လည်း မသိပါဘူး ”

နှစ်ယောက်လုံးက ကြောက်မက်ဖွယ် မိစ္ဆာများ ဖြစ်ကြသည်။ သူတို့ အသေအကျေတိုက်ပွဲ ဆင်နွဲမည့်နေရာကို မည်သူမှ မသိနိုင်လောက်ပေ။

လုကျိုးက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး လှေကားမှ ဆင်းလာလိုက်သည်။ သူက ချင်ကျွင်းကို ကြည့်ကာ မေးလိုက်သည် “ ယွီကျန့်ဟိုင်ရဲ့ ကျင့်ကြံဆင့်အမှန်ကို သိလား ”

ချင်ကျွင်းက လုကျိုးနှင့် မျက်လုံးချင်း မဆိုင်ရဲပေ။ သူက ခေါင်းသာ ယမ်းလိုက်သည်။

လူတစ်ယောက်၏ ကျင့်ကြံဆင့်က ကိုယ်ပိုင်လျှို့ဝှက်ချက် ဖြစ်သောကြောင့် ထုတ်ဖော်မပြောမည်မှာ သဘာဝကျလှသည်။

“ထားလိုက်ပါတော့ ” လုကျိုးက လက်ဝေ့ပြလိုက်ကာ “ ဒီနေ့တော့ ဒီလောက်ပဲ”

“ ကျွန်တော် သွားလိုက်ပါဦးမယ် ”

“တပည့်လည်း သွားလိုက်ပါဦးမယ်”

တစ်ယောက်ပြီး တစ်ယောက် ထွက်သွားသည့်အခါ လုကျိုးက စနစ်ကို တစ်ချက်ကြည့်လိုက်သည်။

ကုသိုလ်ရမှတ် - ၁၅၀၀

ငါ သောက်ရမ်း ဆင်းရဲနေတာပဲ …

…

အခန်း (၃၀၅) နောင်ကျ မင်းတို့တွေကို သင့်တော်သလို ညွှန်ပြပေးမယ်

အရာအားလုံးက ကုသိုလ်မှတ်များနှင့် သက်ဆိုင်နေသည်။ သူ့ကိုယ်သူတောင် မကျွေးမွေးနိုင်လောက်အောင် ဆင်းရဲနေခဲ့လျှင် စိတ်ဝိညာဉ်သဏ္ဌာန်များ ဝယ်ယူပြီး သူ့အဆင့်ကို မည်သို့ တိုးတက်အောင် ပြုလုပ်ရမည်နည်း။

လုကျိုးသည် ထိုလူလိမ်လူကောက်များကို ပြန်ခေါ်ရန် အမြဲတမ်းတွေးခဲ့သည်။ သို့သော် ပြဿနာက ကျန်ရှိသည့် သုံးယောက်သည် ဖြေရှင်းရခက်ခဲသူများ ဖြစ်သည်။

လောင်ချီသည် ချုပ်နှောင်ခြင်းမန္တာန်ကြောင့် ထိခိုက်ထားပြီး သူ၏ကျင့်ကြံဆင့် ဆုံးရှုံးနေတာ သိသာ၏။ သို့သော်ငြား သူက ခေါင်းမာလျက် ပုန်းနေသေးသည်။ မင်ရှစ်ရင်၏ အရည်အချင်းဖြင့်တောင့် သူ့ကို ခေါ်မလာနိုင်ပေ။ သူ့ကို ဖမ်းဖို့က ခက်ခဲသည့် တာဝန်တစ်ရပ်ဆိုတာ သိသာနေသည်။ သူ၏လက်ရှိကျင့်ကြံဆင့်က မင်ရှစ်ရင်နှင့် ယှဉ်တောင် မယှဉ်နိုင်ချေ။

လုကျိုး၌ တတိယနည်းစနစ်ရှိ၏။ သို့သော်ငြား ယင်းက ဘာမှန်းမသိပေ။ သို့သော် သူ့ကို အံ့ဩသွားစေသည်က ခမ်းနားခြင်း ကျင့်စဉ်၊ ထွက်ခွာခြင်းသည် သူ၏ထူးကဲစွမ်းအား၏ တစ်ဝက်ကိုသာ ယုတ်လျော့စေခဲ့၏။ တစ်နည်း ဆိုရလျှင် ဖွင့်လှစ်ခြင်းကျမ်းစာ စာလိပ်သည် သူ့ကို တတိယကျင့်စဉ် ပေးစွမ်းခဲ့ပြီး သူ၏ထူးကဲစွမ်းအားကိုလည်း တိုးမြှင့်ပေး၏။ ယွီကျန်းဟိုင်နှင့် ယွီရှန်းရုံတို့အတွက် သူတို့ကို သူ ယှဉ်ပြိုင်ရန် မလိုအပ်ပေ။ သူတို့နှစ်ယောက်လုံးက ပွင့်ချပ်ရှစ်လွှာကျင့်ကြံဆင့်ရှိကြောင်း သေချာနေသည်။

လုကျိုးက ထရပ်လိုက်လေ၏။

“ငါ့ရဲ့ကျင့်ကြံဆင့် တိုးတက်အောင် လုပ်ရမယ်။ အဲလိုမှ မဟုတ်ရင် ငါတပည့်တွေရဲ့ ကျင့်စဉ်တိုးတက်အောင် လုပ်ပေးရမယ်။ ပြောရရင် နက်နဲတဲ့ ကျင့်ကြံဆင့်နဲ့ပဲ အဲဒီလူလိမ်လူကောက်တွေကို ဖမ်းနိုင်မှာ။ ပြီးမှ ပွင့်ချပ်ကိုးလွှာအဆင့်ရဲ့ လျှို့ဝှက်ချက်ကို ရှာရမယ်”

“ယွမ်အာ..”

လုကျိုးက အသံမြင့်လိုက်သည်။ ရှောင်ယွမ်အာက အနီးအနား ပတ်ဝန်းကျင်တွင် ကျင့်ကြံနေပုံပေါ်၏။ သူမ ရှစ်စွင်း၏အသံကို ကြားသောအခါ လျှပ်ပြတ်သည့်ပမာ ခန်းမကျယ်ထဲ၌ ပေါ်လာတော့သည်။

“ရှစ်စွင်း တပည့် ဒီမှာပါ”

သူမက ဒူးတောင် မထောက်ပေ။ မျက်နှာထက် ပြုံးဖြဲဖြဲဖြင့် ခုန်ဆွခုန်ဆွ ရောက်လာတော့သည်။

လုကျိုးက တည်ငြိမ်စွာ မေးလိုက်၏။

“မင်းရဲ့အပြုအမူက ဘယ်လိုလဲ သိက္ခာရှိရှိနေ”

ရှောင်ယွမ်အာက နှုတ်ခမ်းဆူလျက် မကျေမချမ်း ခံစားလိုက်ရသည်။ သူမက ပြောလိုက်တော့သည်။

“ရှစ်စွင်း တပည့် နောက်ပိုင်း အမှားမလုပ်မိပါဘူး”

“အဲလောက် သေချာမနေနဲ့”

လုကျိုးက လက်နောက်ပစ်ထားလျက် ပြောလိုက်တော့သည်။

“ဟမ်.. မင်းအခု အရွယ်ရောက်လာပြီ။ ကလေးလို နေလို့မရတော့ဘူး။ တစ်ခါတလေတော့ မင်း လွတ်လွတ်လပ်လပ် နေလို့ရတယ်”

လုကျိုးက စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။

“ဟုတ်”

အတိတ်တုန်းက သူမသည် ဘယ်တုန်းကမှ ထိန်းချုပ်ထားခြင်း မရှိဘဲ အသေးငယ်ဆုံးသော ရန်စမှုကို ကြုံရလျှင်တောင် တစ်ပါးသူ၏မိသားစုကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

အချိန်က ယခု မတူညီတော့ပေ။ ကျင့်ကြံခြင်းလောကထဲရှိ လူတိုင်း၏ ရင်တွင်းနှလုံးသားက မှန်းဆ၍ မရချေ။ အန္တရာယ်က ထောင့််တိုင်း၌ ရှိနေသည်။ သူမက ကလေးလို တစ်သက်လုံး ပြုမူနေမည် ဆိုလျှင် သူမ ခြေထောက်နှစ်ချောင်းပေါ် ဘယ်တော့မှ ရပ်နိုင်မှာ မဟုတ်ပေ။

“မင်းရဲ့ စန်းရှစ်ရှုံးကို ခေါ်လိုက်”

“အခုချက်ချင်း..”

ခဏအကြာတွင် တွမ့်မူရှန်းက ခန်းမထဲသို့ ရှောင်ယွမ်အာနှင့်အတူ ဝင်လာလေ၏။ လက်ရှိတွင် မိစ္ဆာဝေဟင်မျှော်နန်းထဲ၌ သူတို့နှစ်ယောက်သာလျှင် ရှိသည်။

လုကျိုးက ကျူးဟုန်ကုန်း၊ လောင်ပါ့ကို ပြန်လည်သုံးသပ်ရေးဂူထဲ၌ သူ၏အပြုအမူများ သုံးသပ်ခိုင်းထားသည်။

“ရှစ်စွင်း..”

တွမ့်မူရှန်းက အရိုအသေပေးလိုက်သည်။

လုကျိုးက သူတို့နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။

“မင်းတို့ရဲ့ နတ်ဒေဝါထိပ်သီး ကျင့်စဉ်က ဘယ်လိုလဲ”

“ကျွန်တော် တိုးတက်လာပေမဲ့ တိုးတက်တာ နှေးတယ်လို့ ခံစားနေရတယ်”

“မင်းရော ဘယ်လိုလဲ ယွမ်အာ..”

“ရှစ်စွင်း တပည့်အဆင်ပြေတယ်။ တပည့် မကြာခင်မှာ ပွင့်ချပ်တစ်ခု ထပ်ပေါ်လာတော့မယ်လို့ ခံစားမိတယ်”

ရှောင်ယွမ်အာက ချီးကျူးခံရမှာကို စောင့်နေသည့်ပမာ သူမမျက်နှာထက်တွင် စိတ်အားထက်သန်သည့် အမူအရာ ပေါ်လာလေ၏။

လုကျိုးက ဆွံ့အသွားတော့သည်။ သူတို့၏ မွေးရာပါပါရမီဖြင့် သူတို့ကို လမ်းညွှန်ပြသပေးရန် အမှန်တကယ် လိုအပ်သည်လော။ သို့သော် သူ၏အမူအရာက မပြောင်းလဲသွားဘဲ ပြောလိုက်တော့သည်။

“နောင်ကျ မင်းတို့အားလုံးကို ငါ သင့်တော်သလို သင်ပေးမယ်”

တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာသည် ထိုစကားကို ကြားသောအခါ ပျော်ရွှင်မှုကြောင့် ပြုံးဖြီးသွားတော့သည်။

“ကျေးဇူးပါ ရှစ်စွင်း..”

နောက်နေ့နံနက်စောစောတွင် ဖြစ်သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ ရှုမျှော်ဆောင်တွင် ဖြစ်သည်။ ရှုမျှော်ဆောင်က အောက်၌ ကြီးမားကျယ်ဝန်းသည့် မြေပြင်တစ်ခု ရှိသည်။ ကျင့်ကြံရန်အတွက် အလွန်သင့်တော်သည့် နေရာလည်း ဖြစ်ပြီး မြင်ကွင်းကောင်းသည့် နေရာလည်း ဖြစ်သည်။

လုကျိုးက ရှုမျှော်ဆောင်၌ ဝင်ထိုင်လိုက်လေ၏။ သူက အောက်တွင် ရပ်နေသော တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့ကို ငုံ့ကြည့်လိုက်လေ၏။

“မင်းအရင်သွား..”

လုကျိုးက တွမ့်မူရှန်းကို လက်ညှိုးထိုးပြလိုက်သည်။

“မင်းရဲ့ ကနဦးချီကို မသုံးဘဲ နတ်ဒေဝါထိပ်သီး

ကျင့်စဉ်ကို တစ်ပတ်လှည့်ပြ..”

“ဟုတ်ကဲ့ ရှစ်စွင်း..”

တွမ့်မူရှန်းက သူ့လက်ဖဝါးကို ရိုက်ထုတ်လိုက်၏။ လက်ထဲ၌ နယ်ရှင်လှံက ထွက်ပေါ်လာပြီး ကျင့်စဉ်ကို စတင်သရုပ်ပြတော့သည်။

မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်ကိုးယောက်က အပြင်လောက၌ ဂုဏ်သတင်းတစ်ခု ရှိသည်။ လူတိုင်းက သူတို့၏တပည့်များအပေါ် ဂိုဏ်းချုပ်၏ ဆက်ဆံမှုအကြောင်း သိချင်နေကြသည်။ မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ ကျန်သည့်သူများသည် လုကျိုးက ရုတ်တရက် သူ့တပည့်များကို သင်ပြပေးချင်ကြောင်း ကြားသောအခါ သူတို့က အမြန်ရောက်လာပြီး အဝေးကနေ လေ့လာကြတော့သည်။ အထူးသဖြင့် အကြီးအကဲသုံးယောက်ပဲ ဖြစ်သည်။ သူတို့၏ အဆင့်အတန်းကို သူတို့ သတိရှိထား၏။ သူတို့တွေးထားသည်။ သူတို့ ကြည့်ချင်သော်ငြား အငယ်များနှင့် ဘေးချင်းယှဉ်ရပ်ပြီး မကြည့်ချင်ပေ။ ထို့ကြောင့် သူတို့က အတူတကွရပ်ပြီး တစ်ဖက်ကနေသာ လေ့လာနေ၏။ သူတို့ကလည်း သိချင်နေတာ ဖြစ်သည်။

“အားလုံး ဝင်လာခဲ့”

လုကျိုးက လက်ဝှေ့ယမ်းလျက် အကြီးအကဲ သုံးယောက်ကို‌ ခေါ်လိုက်သည်။ ဆိုရလျှင် သူတို့က မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲသုံးယောက်ဖြစ်သည်။

“ကျေးဇူးပါ မျှော်နန်းသခင်”

လန်လော့၊ ဖန်းလီထျန်းနှင့် ဟွားဝူတောက်တို့က ရှုမျှော်ဆောင်ဆီ လျှောက်သွားလိုက်၏။ သူတို့က ငုံ့ကြည့်လိုက်ကြတော့သည်။

တွမ့်မူရှန်းသည် ရဲစွမ်းသတ္တိရှိသော အပြုအမူဖြင့် လှံကို ဝှေ့ယမ်းနေလေ၏။ သူ၏ လှုပ်ရှားမှုများက မာန်ပါပြီး လွှမ်းမိုးနိုင်စွမ်းရှိကာ သူ့စွမ်းရည် ပြသမှုကို သူတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်၏။

ခဏအကြာတွင် တွမ့်မူရှန်းက ပြီးသွားသည်။ သူက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။

“ရှစ်စွင်း ကျွန်တော် ပြီးသွားပါပြီ”

လုကျိုးက အကြီးအကဲသုံးယောက်ကို ကြည့်ပြီး ပြောလိုက်တော့သည်။

“အကြီးအကဲတို့ ဘယ်လိုထင်လဲ”

“မျှော်နန်းသခင် ကျုပ်တို့က အကြီးအကဲတွေ သက်သက်ပါပဲ စည်းကျော်ပြီး မျှော်နန်းသခင်ရဲ့တပည့်တွေကို မညွှန်ပြရဲပါဘူး”

ဟွားဝူတောက်က အမြန်လက်သီးဆုပ်မိုးလိုက်၏။ အခြားသော နေ့ရက်၌ သူတို့ကို ညွှန်ပြပေးတာက ကိစ္စတစ်ရပ် ဖြစ်သည်။ သူတို့က ကိုယ့်ကိုယ်ကိုယ်တော့ ထိန်းချုပ်ထားရအုံးမှာပဲ ဖြစ်၏။ ဆိုရလျှင် တွမ့်မူရှန်းက သူတို့တပည့် မဟုတ်ပေ။

အမှန်တွင်မူ လုကျိုးက စိတ်ထဲမထားချေ။ သူတို့က သူ၏တပည့်ကို သင်ပြပေးရန် ဆန္ဒမရှိလျှင် သူက တွန်းအားမပေးဖို့ ဆုံးဖြတ်ထား၏။ ထိုအရာကနေ ကုသိုလ်မှတ်များ သူ မရနိုင်လျှင် အချည်းနှီး ဖြစ်ပေလိမ့်မည်။

လုကျိုးက မတ်တပ်ရပ်လျက် ရှုမျှော်ဆောင်၏ အစွန်းဆီသို့ လျှောက်သွားတော့သည်။ သူက လက်ဝါးကို တွန်းထုတ်လိုက်၏။ ရွှေရောင်တောင်ပနေသည့် လက်ဝါးရာအသေးလေးက ပေါ်ထွက်လာသည်။ ပြီးနောက် သူက ပြောလိုက်၏။

“မရှောင်နဲ့..”

ဘန်း..

လက်ဝါးရာက တွမ့်မူရှန်း၏ ခြေထောက်ပေါ် ကျရောက်သွားသည်။ သူက မလှုပ်ဘဲ လက်ခံလိုက်သည်။ လုကျိုး၏ လက်ဝါးရာက အင်အားသိပ်မပါပေ။ သူက တွမ့်မူရှန်းကို စမ်းသပ်ရုံမျှသာ ရည်ရွယ်ထား၏။

“မင်းရဲ့အုတ်မြစ်က အဆင်ပြေတယ်”

တွမ့်မူရှန်းက လုကျိုးကို ကျေးဇူးတင်စကား ပြောတော့မည့် အချိန်၌ လုကျိုးက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ မင်းက တိုက်ခိုက်တဲ့နေရာမှာ စိတ်မရှည်ဖြစ်လွန်းတယ်။ ပြီးတော့ မင်းရဲ့တိုက်ကွက်တွေမှာ ဖိအားများလွန်းတယ်”

သူသည် သူ၏ပြိုင်ဘက်များနှင့် တွမ့်မူရှန်း၏တိုက်ကွက်များ ဖလှယ်မှုကနေ ပြောနိုင်ပေ၏။

လန်လော့နှင့်ကျန်သည့်သူများက ခေါင်းညိတ်လိုက်သည်။ အမှန်တကယ်တွင် တွမ့်မူရှန်း၏ ပြဿနာဘာမှန်း သူတို့ သိကြသည်။ ယင်းက သူ၏ အကျင့်စရိုက်နှင့် သက်ဆိုင်နေတာပဲ ဖြစ်သည်။ သူက ပါရမီမြင့်မားသော်ငြား ကျန်သည့် အကြီးများနှင့် ယှဉ်လျှင် အငယ်တစ်ယောက် ဖြစ်နေသေး၏။ ဆရာတစ်ယောက်အဖို့ သူ့ကျောင်းသားများ၏ ပြဿနာရပ်ကို သတိပြုမိရန် မခက်ခဲပေ။ ထို့အပြင် သူတို့က ကြောက်မက်ဖွယ်ကောင်းသည့် ကျင့်ကြံဆင့်များ ရှိသည့် အကြီးတစ်သိုက် ဖြစ်သည်။ လုကျိုးသည် ကျိထျန်းတောက်၏ နှစ်တစ်ထောင်ကြာ မှတ်ဉာဏ်များ ရှိနေတာ ဖြစ်၏။ တစ်စိတ်တစ်ပိုင်း ပျောက်ဆုံးနေသော်ငြား သာမန်လူများ ယှဉ်နိုင်ဖို့ မျှော်လင့်၍ ရသည့်အရာ မဟုတ်ပေ။

တွမ့်မူရှန်းသည် လုကျိုး၏စကားကို နားထောင်ပြီးနောက် ခေါင်းကုပ်လိုက်သည်။ သူ့ကျော မတ်ထားပြီးနောက် မလှုပ်ရဲတော့ချေ။

လုကျိုးက ပြောလိုက်သည်။

“မင်း နေ့စဉ်နေ့တိုင်း သုံးလကြာအောင် တောင်အနောက်က ရေတံခွန်ထဲမှာ ခြောက်နာရီကြာ လေ့ကျင့်ရမယ်”

“ဟုတ်ကဲ့ ရှစ်စွင်း..”

တွမ့်မူရှန်းက ဆန္ဒမရှိပုံမပေါ်ပေ။ အမှန်တကယ်တွင် သူက ပျော်ရွှင်နေပုံရသည်။ ဆိုရလျှင် အတိတ်တုန်းက သူ၏ရှစ်စွင်းက ဤကဲ့သို့ မဟုတ်ပေ။ ယခင်က သူ၏ရှစ်စွင်းသည် သူတို့အပေါ်သာ လက်သီးမိုးများ ရွာချပြီး အကြမ်းဖက်လျက် သင်ကြားပြသပေးတာ ဖြစ်သည်။ လက်ရှိတွင် သူ၏ရှစ်စွင်းက သူတို့ကို သင်ပြပေးရန် စိတ်နေသဘောထားကို ဖိနှိပ်ထားရုံသာမက ကျင့်စဉ်အမှန်ကိုတောင် သင်ပေးသေးသည်။ သူ မည်ကဲ့သို့ မပျော်ဘဲ နေမည်နည်း။

“တင်း.. တွမ့်မူရှန်းကို သင်ကြားပြသပြီးပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၃၀၀”

လုကျိုးသည် စနစ်မှ အသိပေးသံကို ကြားသောအခါ သူ၏သံသယများကို အတည်ပြုလိုက်နိုင်၏။ ထိုမတိုင်ခင်က သူ၏တပည့်များကို သင်ကြားပြသပေးခြင်းဖြင့်သာ ကုသိုလ်မှတ်ရခဲ့သည်။ ယခုသူတို့ကို သင်ပြပေးနေပြီဖြစ်၏။

သူသည် အစတွင် ရှောင်ယွမ်အာကို ညွှန်ပြပေးစဉ်က ကုသိုလ်မှတ်ရခဲ့သည်။ ယခု ထိုအကြောင်း တွေးမိသောအခါ လက်တစ်ကမ်းတွင် ကုသိုလ်မှတ်ရနိုင်ကြောင်း သိလိုက်ရသည်။

“ဒါက ပြောင်မြောက်တဲ့ နည်းလမ်းပဲ မျှော်နန်းသခင်.. လူတစ်ယောက်ရဲ့ ခံနိုင်ရည်ကို လေ့ကျင့်ဖို့အတွက် ရေတံခွန်မှာ လေ့ကျင့်တာက နည်းလမ်းကောင်းတစ်ခုပဲ”

“ကြည့်ရတာ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်တွေက အကြောင်းအရင်းမရှိ အစွမ်းထက်နေတာ မဟုတ်ဘူးပဲ”

“ကျုပ် ဉာဏ်အလင်းပွင့်သွားပါပြီ”

လန်လော့က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

လုကျိုးက သူတို့သုံးယောက်ကို သံသယဖြင့် ကြည့်လိုက်၏။ သူတို့ သုံးယောက်က သူတို့အမြင်များ ထုတ်ပြလာရန် မျှော်လင့်ခဲ့မိသည်။ ထိုအဘိုးအိုတစ်စုကို ကပ်ဖားခြင်း မျှော်နန်းဟုသာ ခေါ်တာက ပိုသင့်တော်ပေလိမ့်မည်။ ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့သည် ထိုမြင်ကွင်းကို အားကျနေကြ၏။ ကျစ်မင်တောက်ဂိုဏ်းနှင့် ကောင်းကင်ဓားဂိုဏ်းရှိ ဆရာများကတောင် သူတို့တပည့်များကို ကိုယ်တိုင် မသင်ပြပေးပေ။

“မင်းရဲ့ကနဦးချီကို သုံးပြီး ထပ်လုပ်ကြည့်..”

လုကျိုးက ပြောလိုက်သည်။

“ဟုတ်ကဲ့ ရှစ်စွင်း..”

…

အခန်း (၃၀၆) ကြောက်ခမန်းလိလိ ပါရမီ

တွမ့်မူရှန်းက အတော်လေး ခက်ထန်လှသည်။ သူ့ကမ္ဘာဦးချီကို မပါဘဲ သူ့လှုပ်ရှားမှုများက ကန့်သတ်ခံထားရ၍ မကျေမနပ် ဖြစ်နေမိသည်။ လူအုပ်က ကြည့်နေသောကြောင့် သူ့အားအပြည့်ကို ထုတ်မသုံးနိုင်ပေ။ သို့သော်လည်း ယခု သူက ရှစ်စွင်း၏ အမိန့်ကို ကြားလိုက်ရပြီ ဖြစ်၍ စိတ်အားတက်ကြွလာလေ၏။ သူ့လက်ထဲ နယ်ရှင်လှံ ပေါ်ထွက်လာသည့်အခါ တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။

ဘန်း

တွမ့်မူရှန်း လက်ဖျားမှ စွမ်းအား စီးဆင်းလာသည်။

ထိုမြင်ကွင်းကြောင့် အမျိုးသမီးကျင့်ကြံသူများက မျက်လုံးအပြူးသား ဖြစ်သွားကာ အထင်ကြီးလေးစားသည့် အရိပ်အယောင်များ ပေါ်ထွက်လာကြသည်။ ပါရမီကောင်းကြသူများ ဖြစ်သော ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့ နှစ်ယောက်လုံးပင် တအံ့တဩ ဖြစ်သွားကြသည်။

အပြင်လူများက ပျော်ပွဲရွှင်ပွဲကို အာရုံစိုက်ထားစဉ် အတွင်းလူများက လက်တွေ့ကို လေ့လာလိုက်ကြသည်။ လသာဆောင်ရှိ လူအိုကြီးလေးယောက်က ခေါင်းခါလိုက်ကြသည်။

ထိုစဉ် တွမ့်မူရှန်းက နတ်ဒေဝါထိပ်သီးကျင့်စဉ်ကို ဆက်လက် ဟန်ရေးပြလိုက်သည်။ လသာဆောင်မှ စွမ်းအားထွက်လာကာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားလေသည်။

တွမ့်မူရှန်းက အားအပြည့်ထုတ်လိုက်ပြီး “ ရှောင်ရှစ်မေ့ နောက်ဆုတ်နေ ”

တွမ့်မူရှန်းက လေထဲ ခုန်ဝင်ကာ ကျွမ်းထိုးလိုက်ပြီး လှံဖြင့် ပစ်လွှတ်လိုက်သည်။

ထိုအရာကို မြင်ကာ ဟွားဝူတောက်က မျက်မှောင်ကြုတ်လိုက်သည်။

“ မပြည့်စုံသောနတ်ဒေဝါ ဖျန်ဖြေခြင်းပဲ”

သူက တွမ့်မူရှန်းနှင့် မကြာခဏ လက်ရည်စမ်းလေ့ရှိသောကြောင့် တွမ့်မူရှန်း၏ တိုက်ကွက်အားလုံးနီးပါး သိထားလေသည်။

မပြည့်စုံသောနတ်ဒေဝါ ဖျန်ဖြေခြင်းက နတ်ဒေဝါထိပ်သီးကျင့်စဉ်၏ အားအကောင်းဆုံး တိုက်ကွက် ဖြစ်ပေသည်။ လုကျိုးကိုယ်တိုင်ပင် ထိုတိုက်ကွက်ဖြင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျင့်ကြံသူရာချီကို နှိမ်နင်းပစ်ခဲ့သည်။ သူက ဒုက္ခမိုင်တစ်ရာရှုကွင်းကို အသက်သွင်းရင်း ထိုတိုက်ကွက်ကို ထုတ်သုံးလေ့ရှိသည်။

သို့သော်လည်း တွမ့်မူရှန်းက ဒီလိုတိုက်ကွက် ထုတ်နိုင်သည်ဟု မထင်ထားပေ။ ရန်သူလည်း ငြိမ်ခံနေစရာအကြောင်း မရှိပေ။

သိုသော် ဟွားဝူတောက်က ဒါသည် ဟန်ရေးပြမှုသပ်သပ်ဖြစကြောင်း အမှတ်ရလိုက်၍ ဘာမှဝင်မပြောတော့ပေ။ တိုက်ကွက် ကျရောက်လာသည်။ နယ်ရှင်လှံ၏ လှံအရိပ်ထောင်ချီက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားလေသည်။

ဘန်း

နယ်ရှင်လှံက မြေပေါ် ထိုးစိုက်သွားသည်။ သူက ဟန်ရေးပြမှု ပြီးဆုံးသွားလေပြီ။

တွမ့်မူရှန်းက လေထဲကျွမ်းထိုးလိုက်ပြီးနောက် မြေပေါ် ဖြည်းဖြည်းချင်း ဆင်းသက်လာလိုက်၏။

“ ရှစ်စွင်း … ကျွန်တော် ဟန်ရေးပြတာ ပြီးဆုံးသွားပါပြီ ”

အနီးရှိ ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က လက်ခုပ်တီးလိုက်ကြသည်။ အမျိုးသမီး ကျင့်ကြံသူများလည်း အပါအဝင် ဖြစ်၏။

ထိုစဉ် လသာဆောင်ရှိ လုကျိုး၏ အမူအရာက တည်ငြိမ်နေသည်။ သူ မုတ်ဆိတ်အသာသပ်ကာ အကြီးအကဲသုံးယောက်ကို ကြည့်လိုက်ပြီး “ ခင်ဗျားတို့ရော ဘယ်လိုထင်လဲ။ စိတ်ထဲရှိသလိုသာ ပြောကြပါ”

သူတို့က အရင်ကလို အတူတူပြုမူမည်ကို စိုးရိမ်သောကြောင့် နောက်စကားကို ထည့်ပြောခဲ့ခြင်း ဖြစ်သည်။

ဟွားဝူတောက်က အတွေးအများဆုံးရှိပုံပေါ်သည်။ သူက လက်နှစ်ဖက်ယှက်ကာ “ ကျုပ် ပြောပါရစေ”

“ပြောပါ ”

“ ခမ်းနားပေမဲ့ အယောင်ဆောင်ဆန်တယ်” ဟွားဝူတောက်၏ စကားက တိုတောင်းလှသည်။

“ ဒါပါပဲ ”

တွမ့်မူရှန်းက နားမလည်ဖြစ်သွားလေ၏။

ဖန်ကျုံး၊ ကျိုးကျစ်ဖုန်းနှင့် အမျိုးသမီး တပည့်များလည်း အတူတူ ဖြစ်ကြသည်။

လုကျိုးက လန်လော့ကို ကြည့်လိုက်သည်။

လန်လော့က ထရပ်လိုက်ပြီး လသာဆောင်အစွန်းဘက် ရောက်လာကာ မြေပေါ် စိုက်ထားသည့် နယ်ရှင်လှံကို ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းယမ်းလိုက်ပြီး “မလိုအပ်ဘဲ အရိုင်းဆန်တဲ့ အင်အားကို ပြသလိုက်တာပဲ”

တွမ့်မူရှန်းက ပိုနားရှုပ်သွားလေသည်။

လုကျိုးက ဖန်လီထန်းကို ကြည့်လိုက်သည်။

ဖန်လီထန်းက သေရည်ကရားကို မ လိုက်ရင်း ပြောလိုက်သည် “ ပေါ့တန်တဲ့ အားစိုက်ထုတ်မှုပဲ ”

တွမ့်မူရှန်း၏ ပါးပြင်က ပူလာသည်။ သူက ရှက်သွားမိသည်။ သို့သော်လည်း သူက ဘယ်နေရာ အမှားလုပ်လိုက်မှန်း မသိသေးချေ။ သူက သတ္တိစုစည်းကာ ရှစ်စွင်း၏ အကဲဖြတ်မှုကို စောင့်နေလိုက်သည်။

အကြီးအကဲသုံးယောက်က အမြင်ကို ပြောပြပေးပြီးနောက် ကိုယ့်နေရာကို ပြန်ထိုင်လိုက်ကြသည်။ တစ်ချိန်တည်းဆိုသလို သူတို့က လုကျိုး၏ အမူအရာကို ကြည့်လိုက်ကြသည်။

လုကျိုးက တည်ငြိမ်နေ၏။ သူက ထိုမှတ်ချက်များကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပုံမပေါ်ပေ။

လုကျိုးက တွမ့်မူရှန်း၏ နယ်ရှင်လှံကို ကြည့်ကာ မေးလိုက်သည်။

“ မင်း အကြီးအကဲသုံးယောက် ပြောတာ ကြားတယ်မလား”

“ ဟုတ် … ကြားပါတယ် ”

လုကျိုးက ခေါင်းခါကာ “ မင်းက နတ်ဒေဝါထိပ်သီးကျင့်စဉ် နည်းလမ်းတွေကို မကျွမ်းကျင်သေးဘဲနဲ့ မင်းဘာသာ တိုက်ကွက်အသစ် ဖန်တီးဖို့ လုပ်နေတာလား”

တွမ့်မူရှန်း၏ မျက်နှာက နီရဲလာသည်။ သူက ဘာမှမပြောရဲပေ။ သူ့ရှစ်စွင်းက လသာဆောင်မှ ဆင်းလာကာ သူ့ကို ရိုက်တော့မည်လား။

“ ငါ မိစ္ဆာဝေဟင်မျှော်နန်းအပေါ်မှာ မပြည့်စုံသောနတ်ဒေဝါ ဖျန်ဖြေခြင်းကို ဟန်ရေးပြတာ မှတ်မိသးလား” လုကျိုးက မေးလိုက်သည်။

“ ကျွန်တော် မှတ်မိပါတယ်”

“ အဲဒါကို စိတ်ထဲမှာ မှတ်ထားပြီး လေ့ကျင့် … မင်း လျို့ဟယ်စည်းတံဆိပ်ကို ချိုးဖောက်နိုင်တဲ့အခါ မင်း အောင်မြင်ပြီ” လုကျိုးက ပြောလိုက်သည်။

ဟွားဝူတောက်က အနည်းငယ် အံ့ဩသွားလေသည်။ သူ့စိတ်ထဲ ခံစားချက်ဆိုးဆိုးတစ်ခု ရလာမိသည်။

“ဟုတ် ရှစ်စွင်း … ကျွန်တော် မပြည့်စုံသောနတ်ဒေဝါ ဖျန်ဖြေခြင်းကို သေချာကျွမ်းကျင်အောင် လုပ်ပါ့မယ်” တွမ့်မူရှန်းက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။

“ ဒါပဲ ”

“နားလည်ပါပြီ”

တွမ့်မူရှန်းက နယ်ရှင်လှံကို ပြန်ယူလိုက်သည်။

“ တင်း … တွမ့်မူရှန်းကို လမ်းညွှန်သင်ကြားပေးတဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀ ရရှိပါမယ် ”

လုကျိုးက ကုသိုလ်ရမှတ် ထပ်မံရရှိသည့်အတွက် အံ့ဩသွားလေသည်။ တပည့်များ၏ ပြဿနာကို ဖြေရှင်းပေးသည်မှာ ဆရာတစ်ယောက်၏ ဝတ္တရား ဖြစ်၏။

ဒါက ဆရာတစ်ယောက် လုပ်သင့်လုပ်ထိုက်တာ ဖြစ်ပေသည်။

ထိုစဉ် တောင်တစ်လျှောက် လေပြင်းပြင်းတစ်ချက် တိုက်ခတ်သွားသည်။

လုကျိုးက ကောင်းကင်ကို မော့ကြည့်လိုက်၏။

အမှန်ပင် လေက ပိုပြင်းထန်လာသည်။

ဟွားဝူတောက်က လက်နှစ်ဖက်ယှက်ကာ “မျှော်နန်းသခင် ရွှေနန်းဥယျာဉ်တောင်ရဲ့ အကာအရံက ပျောက်ကွယ်သွားပြီဆိုတော့ ဒီလိုသာဆက်ဖြစ်နေရင် ဖြောင့်မတ်ခြင်း လမ်းစဉ်က လူတွေ ရောက်လာမှာစိုးမိတယ်”

လန်လော့က ခေါင်းခါကာ “ကျုပ်တော့ မထင်ဘူး”

“ဟမ်”

“မျှော်နန်းသခင်က ကောင်းကင်ဓားဂိုဏ်းကို ပဒုမ္မာစင်မြင့်ပေါ်မှာ အနိုင်ယူထားပြီး ကျင့်ကြံသူအများကြီးကို ကယ်တင်ပေးခဲ့တာ။ ဒီသတင်းက ကျင့်ကြံရေးလောကထဲ ပျံ့နှံ့သွားလောက်ပြီ။ ဖြောင့်မတ်ခြင်းလမ်းစဉ်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရတနာတွေကို တပ်မက်ပြီး အမြင်မရှိလို့ အမှားတွေအများကြီး လုပ်ထားပြီးပြီ။ အခု အကာအရံ ပျောက်ကွယ်သွားပြီဆိုတော့ မင်းသာ သူတို့ဆိုရင် တောင်ပေါ် ပြေးတက်လာမှာလား ” လန်လော့က မေးလိုက်သည်။

ဖန်လီထန်းက ရယ်မောကာ “လောင်ဟွား … မင်းက ယွင်ဂိုဏ်းကဆိုတော့ ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ နည်းလမ်းတွေကို ပိုကောင်းကောင်း သိမှာပါ … ”

ဟွားဝူတောက်က ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်။

လုကျိုးက ဖြောင့်မတ်ခြင်းလမ်းစဉ်ဟု ခေါ်သည့်အရာအကြောင်း ကောင်းကောင်းသိလေသည်။ ပထမအကြိမ်တွင် ဖြစ်စေ၊ ဒုတိယအကြိမ်တွင် ဖြစ်စေ ဖြောင့်မတ်ခြင်းလမ်းစဉ်က မိစ္ဆာလမ်းစဉ်အား ဒဏ်ခတ်သည်ဟု အမည်တပ်ကာ ဆန့်ကျင်တိုက်ခိုက်ရသည်ကို ကြိုက်လေသည်။ ဤတစ်ကြိမ်လည်း ခြွင်းချက်ဖြစ်မည် မဟုတ်ပေ။

လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်ပြီး “ သူတို့က ကြွက်သာသာပါပဲ။ ငါသာ ရှိနေရင် ဘယ်သူမှ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ခေါင်းပေါ် မတက်နင်းရဲဘူး”

သူက လေသံအပြောင်းအလဲမရှိ ပြောလိုက်သော်လည်း မေးခွန်းပြန်မထုတ်နိုင်သည့် စွမ်းအားမျိုး ပါဝင်နေသည်။

အကြီးအကဲသုံးယောက်ပင် ခံစားမိလိုက်ကြ၏။

ဖန်လီထန်းက သက်ပြင်းချကာ “ကျင့်မင်တာအိုဂိုဏ်း၊ ကောင်းကင်ဓားဂိုဏ်းနဲ့ သမာသမတ်ဂိုဏ်းတွေကို ရှင်းထုတ်ပြီးပြီ။ သူတို့ လာချင်ရင်တောင် အများကြီးတွေးရဦးမှာပဲ ”

အခြားလူများလည်း ခေါင်းညိတ်လိုက်ကြသည်။

“ ရှစ်စွင်း တပည့် ရောက်ပါပြီ” ရှောင်ယွမ်အာက ကွင်းပြင်အလယ်ရောက်လာသည်။

လေးယောက်သား အကာအရံအကြောင်း ဆွေးနွေးပွဲ အဆုံးသတ်ကာ ရှောင်ယွမ်အာကို ကြည့်လိုက်ကြသည်။

လန်လော့က ပြောလိုက်သည်။ “တိမ်ယံငှက်မွေးဝတ်စုံပဲ ”

“တိမ်ယံခြေလှမ်းဖိနပ်ပဲ ” ဖန်လီထန်းက ထပ်ပြောလိုက်သည်။

“နိဗ္ဗာနခါးစည်း ..”ဟွားဝူတောက်လည်း ဝင်ပြောလိုက်သည်။

သူတို့က တစ်ပြိုင်နက် သက်ပြင်းချလိုက်ကြ၏။

သူတို့တစ်ဘဝလုံး အချိန်ပေးကာ ရှာဖွေကြရသော ပစ္စည်းများသည် တခြားတစ်ယောက်ဆီ အလကားကျရောက်သွားလေသည်။ ယှဉ်နှိုင်းမှုက ပိုမိုခါးသီးစေသည်။ ရှောင်ယွမ်အာသည် ကြောက်ခမန်းလိလိ ပါရမီထူးကဲရုံသာမက ရှားပါးရတနာများစွာလည်း ပိုင်ဆိုင်ထားသည်။

လုကျိုးက ရှောင်ယွမ်အာကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး “ ဟန်ရေးပြတော့ ”

ရှောင်ယွမ်အာက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီး ဟန်ရေးစပြလိုက်သည်။

သူမ၏ လှုပ်ရှားမှု၊ ခြေလှမ်းနှင့် လက်သီများက အသာအယာလေး ဖြစ်၏။ သူတို့က ဟာကွက်ကင်းလေသည်။ အထူးသဖြင့် သူမ၏ ခုနှစ်စင်ကြယ် တိမ်ယံခြေလှမ်း ဖြစ်၏။ ပထမတန်းစား ကိုယ်ဖော့သိုင်းကို တိမ်ယံခြလှမ်းဖိနပ်များက ထောက်ပံ့ပေးထားသည်။ အကယ်၍ သူမ ချီများသာ ထုတ်သုံးလိုက်လျှင် သူမ အရိပ်သာလျှင် မြင်ရပေမည်။

ရှောင်ယွမ်အာက ဟန်ရေးဆက်ပြနေစဉ် တခြားလူများက တအံ့တဩ ငေးကြည့်နေကြသည်။

“ ရှစ်စွင်း တပည့်ပြီးသွားပါပြီ ” ရှောင်ယွမ်အာက သူမ ရှစ်စွင်းဖြစ်သူ၏ ချီးကျူးမှုကို အားတက်သရောအကြည့်များဖြင့် စောင့်ဆိုင်းနေသည်။

ယခင်ကဲ့သို့ လုကျိုးက မှတ်ချက်ပေးဖို့ အလျှင်မလိုပေ။ ထို့အစား သူက အကြီးအကဲသုံးယောက်ကို ကြည့်ကာ “ ဘယ်လိုထင်ကြလဲ ”

လန်လော့က အရင်ဦးဆုံး ပြောလိုက်သည်။ “ အထွတ်အထိပ် သန့်စင်ကျောက်စိမ်းကျမ်းလား ”

“ ဟုတ်ပါတယ် ” ရှောင်ယွမ်အာက ဖြေလိုက်သည်။

လန်လော့က လုကျိုးဘက်လှည့်ကာ ပြောလိုက်သည်။ “မျှော်နန်းသခင်ဆီ တစ်ခုပဲ မေးချင်တာ ရှိပါတယ် ”

“ဘာများလဲ” လုကျိုးက သူ့တပည့်များ ညွှန်ကြားမှု တောင်းခံသည့်အခါ မအံ့ဩသော်လည်း အကြီးအကဲသုံးယောက်ထဲမှ တစ်ယောက်က လမ်းညွှန်မှု တောင်းခံသည့်အခါ ဆရာတစ်ယောက်လိုမျိုး ခံစားလိုက်ရသည်။

လန်လော့က မေးလိုက်သည် “အထွတ်အထိပ် သန့်စင်ကျောက်စိမ်းကျမ်းက လူတစ်ယောက်ရဲ့ လှုပ်ရှားမှု၊ ခြေလှမ်းနဲ့ လက်သီးတွေကို အဓိကထား ကျင့်ကြံရပါတယ်။ သူမက ဘာလို့ ကိုယ်ပျောက်သိုင်းကို ကျင့်ကြံတာပါလဲ။ မျှော်နန်းသခင်က နတ်ဆရာဆယ်ယောက်နဲ့ တိုက်ပွဲမှာ တောက်ကိုးပါး ဖြတ်တောက်ခြင်းလက်ဟန်ကို ထုတ်သုံးခဲ့ပါတယ်။ တာအိုကိုယ်ပျောက်ကျင့်စဉ်ကို ကျင့်ကြံတာ ဘာမှမဖြစ်သင့်ဘူး”

All Chapters