အခန်း (၃၀၇-၃၀၉)
Vol. 21 Ch. 307-309
အခန်း (၃၀၇) မဟာလေရတနာစည်းတံဆိပ်
အကြီးအကဲသုံးယောက်က ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့က လုကျိုး၏ အကြောင်းပြန်မှုကို စောင့်ဆိုင်းနေလေ၏။
ဖန်လီထန်းက ထည့်ပြောလိုက်သည်။
“ပုံမှန်ဆို ကျင့်ကြံသူတစ်ယောက်က နည်းလမ်းတွေ ပိုပြီး ကျင့်ကြံနေရင် ပိုနှေးလိမ့်မယ်။ ကျင့်ကြံသူအများစုက သူတို့ဘဝမှာ ကျင့်စဉ်နှစ်မျိုး ဒါမှမဟုတ် သုံးမျိုးကိုပဲ အထူးပြုကျင့်ကြံဖို့ ရွေးချယ်ကြတာ”
လုကျိုးက မထောက်ခံပေ။ သူက မုတ်ဆိတ်သပ်လျက် ပြောလိုက်၏။
“မင်းရဲ့စကားက မှန်ပါရဲ့၊ ဒါပေမဲ့ အဲဒါက ကျင့်ကြံသူပေါ်လည်း မူတည်သေးတယ်။ တာအိုကိုယ်ပျောက်ခြင်းဆိုတာက ပြောရရင် ထွက်ပြေးတဲ့စွမ်းရည်တစ်မျိုးပဲလေ။ တာအိုဂိုဏ်းအောက်မှာ နည်းလမ်းပေါင်း ရာချီထောင်ချီ ရှိနေတာ။ အမျိုးအစားတွေက စိတ်ရှုပ်ထွေးစေနိုင်တယ်။ ဒါတောင်မှ ကျင့်စဉ်ရဲ့ အားသာချက်တွေကို ပေါင်းစည်းနိုင်တဲ့ နည်းလမ်းတစ်ခု ဟုတ်မနေဘူး။ တကယ်တော့ သူတို့ရဲ့ ကျင့်ကြံမှုမှာ သုံးနိုင်တဲ့ စွမ်းအင်က လူတိုင်းမှာ အကန့်အသတ်ရှိတယ်။ ကျင့်စဉ်တစ်မျိုးတည်းကို ပြီးပြည့်စုံတဲ့ အနေအထားထိ ရောက်အောင် ကျင့်ကြံနိုင်တဲ့သူ တွေက ခမ်းနားတဲ့ ကျင့်ကြံသူတွေလို့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ ငါ့ရဲ့တပည့်တွေကတော့ တခြားသူတွေနဲ့မတူဘူး”
သူ ပြောပြတာကို နားလည်စေရန် အကြီးအကဲသုံးယောက်ကို အသေးစိတ် ရှင်းပြရန် မလိုအပ်ချေ။ ကျန်သည့်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်ဆိုလျှင် ကျင့်ကြံရန်အတွက် အမျိုးမျိုးသော လမ်းကြောင်းများမှ တစ်ခုကိုသာ ရွေးချယ်နိုင်သည်။ သို့သော် သူ့ရှေ့ရှိ ကျင့်ကြံသူကမူ မိစ္ဆာဝေဟင်မျှော်နန်း၏ နဝမတပည့်ဖြစ်သည်။ ပါရမီအရ သူမကို မည်သူမျှ ကျော်မတက်နိုင်လောက်ပေ။ သူမက ကျင့်စဉ်အချို့ ပိုမိုသင်ယူရန် အချိန်နှင့် စွမ်းအား ရှိခဲ့မည် ဆိုလျှင် ယင်းက ကိစ္စကောင်းတစ်ရပ် ဆိုတာ သေချာ၏။
လန်လော့က လက်သီးဆုပ်လိုက်သည်။
ဖန်လီထန်းက ပြောလိုက်လေ၏။
“လန်လော့ မင်းတစ်ဘဝလုံး တာအိုကိုယ်ပျောက်ခြင်းကို လေ့လာခဲ့တာပဲ။ အားလုံးကထွက်ပြေးဖို့ပဲလေ။ ဒါပေမဲ့ မင်း သတ်ဖြတ်ခြင်းသိုင်းကိုလည်း မင်း တိတ်တဆိတ် သင်ယူခဲ့တာပဲ မဟုတ်လား။ မဟုတ်ရင်.. အခု မင်း ဒီနေရာမှာ ရပ်နေနိုင်မယ်လို့ ငါ မထင်ဘူး”
လန်လော့က သူတောင်းစားကြီးကို ကြည့်တောင် မကြည့်ပေ။ သေရေးရှင်ရေး အခြေအနေမှာ ငါ့အခြေအနေကို ချနင်းနေတာ ဒီသူတောင်းစာအိုကြီးက တကယ်ရက်စက်တာပဲ။
ဖန်လီထန်းက လုကျိုးဘက်လှည့်ပြီး လက်သီးဆုပ်မိုးကာ ပြောလိုက်တော့သည်။
“အထွတ်အထိပ် သန့်စင်ကျောက်စိမ်းကျင့်စဉ်က ရှောင်ယွမ်အာအတွက် အသင့်တော်ဆုံး ကျင့်စဉ်တွေထဲက တစ်ခုဆိုတာ ကျုပ်ထောက်ခံတယ်။ ဒါပေမဲ့ သူက ခဏပဲ ကျင့်ကြံရသေးတာ။ သူ့အုတ်မြစ်ကို ဖြည်းဖြည်းချင်း တည်ဆောက်ရမယ်”
ပြီးနောက် သူက ဘူးသီးခြောက်ကို ထုတ်လိုက်၏။ သူမ၏ နိဗ္ဗာနခါးစည်းဖြင့် ပုလင်း၏ ဘူးဆို့ကို ဖယ်ရှားစဉ်က သူ လုပ်ပြခဲ့ပုံကို အမှတ်ရစေရန် ဖြစ်သည်။ စစ်ဆေးမှုအရ သူမက အခြေခံထိန်းချုပ်မှု ချို့တဲ့နေတာ သိသာ၏။ သို့သော်ငြား ယင်းက ညတွင်းချင်း လေ့ကျင့်၍ရသည့်အရာမဟုတ်ပေ။
“ကျုပ်ထောက်ခံတယ်”
ဟွားဝူတောက်က ပြောသည်။ လန်လော့က လက်မခံပေ။
“သူက သင်ယူခါစလို့ ခင်ဗျားပြောလိုက်တာ မဟုတ်လား။ ဒီလိုဆိုမှတော့ သူ့မှာအခု တည်ငြိမ်တဲ့အုတ်မြစ်ရှိဖို့ ခင်ဗျားဘယ်လိုများ မျှော်လင့်ထားတာလဲ။ နှစ်တစ်ရာလောက် ကျင့်ကြံပြီးမှ ရနိုင်တဲ့ ထိန်းချုပ်မှုကို မိန်းမငယ်လေးက ပြလာလိမ့်မယ်လို့ ခင်ဗျားမျှော်လင့်နေတာလား။ ခင်ဗျားအစား ရှက်မိတယ်”
ဖန်လီထန်းက အံ့ဩသွားလေ၏။
“ကျုပ်ထောက်ခံတယ်”
ဟွားဝူတောက်က ထပ်ပြောပြန်သည်။ ဖန်ကျုံး၊ ကျိုးကျစ်ဖုန်း၊ ဟွားယွဲ့ရှင်းနှင့် ကျန်သည့် အမျိုးသမီး ကျင့်ကြံသူများက ဇဝေဇဝါ ဖြစ်သွားကြသည်။
လုကျိုးက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်လေ၏။ သူက ထိုအဘိုးကြီးများကို ခက်ခဲသည့်အချိန် ပေးခဲ့သည်။ သူတို့အဖို့ ကြက်ဥထဲက အရိုးရွေးဖို့က ခက်ခဲမှန်း တွေးထင်ထားပြီးသား ဖြစ်သည်။ လက်နောက်ပစ်ထားလျက် သူက ရှောင်ယွမ်အာကို ကြည့်ကာ ပြောလိုက်တော့သည်။
“မင်း အကြီးအကဲ သုံးယောက် သင်ပြပေးတာကို ရင်ထဲ မှတ်သားထားရမယ်။ ပြီးတော့ မင်းရဲ့ပစ္စည်းတွေကို အားကိုးလွန်းနေတယ်။ ဒီနေ့ကစပြီး မင်းရဲ့နိဗ္ဗာနခါးစည်း၊ တိမ်ယံလျှောက်လမ်းဖိနပ်၊ တိမ်ယံငှက်မွေးဝတ်စုံတွေကို သိမ်းထားရမယ်။ မလိုအပ်ရင် သုံးခွင့်မရှိဘူး”
“ဟမ်..”
ရှောင်ယွမ်အာက မကျေမချမ်း ဖြစ်သွားသည်။
လုကျိုးက ထပ်ပြောလိုက်၏။
“ပွင့်ချပ်ငါးလွှာအဆင့်ကို ရောက်ပြီးမှ ဒါကို ပြန်စဉ်းစားပေးမယ်”
အကြီးအကဲသုံးဦးက ခေါင်းညိတ်လိုက်၏။ ယင်းက အရေးအကြီးဆုံး ကိစ္စရပ်ဖြစ်သည်။ သို့သော်ငြား သူတို့က တိုက်ရိုက်ပြောထုတ်ရသည်အထိ သတ္တိမရှိကြပေ။ သူမ၏ ရတနာများက မယောင်ရာ ဆီလူးနေသည့်ပမာပင်။ သူမ၏ ခိုင်မြဲသော ကျင့်ကြံဆင့်ကို နောက်သို့ ပြန်ဆွဲနေ၏။ တစ်စုံတစ်ယောက်က ၎င်းကို ထောက်ပြမည် ဆိုလျှင် သူတို့က သူမ၏ရတနာကို တပ်မက်နေတာ သို့မဟုတ် အားကျနေတာဟု တွေးထင်သွားလောက်သည်။ သူမ၏ဆရာ ထုတ်ပြောတာကို အသင့်တော်ဆုံး ဖြစ်၏။
“ဟုတ်ကဲ့ ရှစ်စွင်း..”
ရှောင်ယွမ်အာက ထိုအချက်ကို လက်မခံလိုသော်ငြား လိမ်လိမ်မာမာ ခေါင်းညိတ်လိုက်လေ၏။
“တင်း.. ရှောင်ယွမ်အာကို ညွှန်ကြားပြသပြီးပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၃၀၀”
မြန်လိုက်တာ ငါ ကုသိုလ်မှတ် ၉၀၀ ရနေပြီးပြီ။ လမ်းညွှန်ခြင်းလမ်းကြောင်းက ကျယ်ဝန်းတဲ့ လမ်းကျယ်တစ်ခု ဖြစ်နေပုံပဲ။
“ဒါဆို သွားတော့..”
လုကျိုးက လက်ဝှေ့ယမ်းလိုက်လေ၏။ တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာက တစ်ပြိုင်နက်တည်း အရိုအသေ ပေးပြီးနောက် ထွက်သွားသည်။ အကြီးအကဲသုံးဦး၏ ရင်ထဲ ခံစားချက်များ ပြည့်သွားတော့၏။ ဟွားဝူတောက်က ထုတ်ပြောလိုက်တော့သည်။
“ကျုပ်ရဲ့ မျက်စိနဲ့သာ မမြင်ရဘူးဆိုရင် ဒါက မျှော်နန်းသခင် တပည့်တွေကို သင်ပြပေးတဲ့ နည်းလမ်းဆိုတာ ယုံမှာ မဟုတ်ဘူး။ အပြင်လောကက ပြောနေတာနဲ့ မတူဘူးပဲ”
လုကျိုးသည် ထိုကောလာဟလများ ဘာမှန်း သိထားပေ၏။ သူက သူတို့ကို ဖျော်ဖြေချင်စိတ် မရှိပေ။
ဖန်လီထန်းက ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ သူက လက်သီးဆုပ်မိုးကာ ပြောလိုက်တော့သည်။
“ကျုပ်တစ်ခုလောက် မေးချင်ပါတယ် မျှော်နန်းသခင်”
“ဘာများလဲ”
လုကျိုးက လှည့်ကြည့်လိုက်၏။
“တွေးကြည့်တော့မှ မိစ္ဆာဝေဟင်မျှော်နန်းထဲ ရောက်နေတာ အခုဆို အချိန်တချို့ ရှိသွားပြီ။ တခြားကျင့်စဉ်တွေရဲ့ အားသာချက်ကို လေ့လာနေတယ်လို့ ကြားထားတယ်။ အဲဒါ အမှန်ပဲလား”
ဖန်လီထန်းက မေးလိုက်၏။ ယင်းက ဟွားဝူတောက်နှင့် လန်လော့တို့ သိချင်နေသည့် အကြောင်းအရာလည်း ဖြစ်သည်။ လုကျိုးသည် ဗုဒ္ဓဇင်၊ ဗုဒ္ဓရွှေခန္ဓာ၊ မိစ္ဆာဇင်၊ တာအိုကျင့်စဉ်၊ တာအိုကိုးပါး ဖြတ်တောက်ခြင်း လက်သင်္ကေတတို့ကို ကျွမ်းကျင်ကြောင်း သူတို့ သိထားသည်။ ဓားနှင့် ဓားမော့သိုင်းအတွက်မူ သူ့တပည့်များကို ကြည့်ပြီး သူတို့ ကျွမ်းကျင်ပုံကို သူတို့ ပြောနိုင်ပေ၏။ လုကျိုးက ပြောလိုက်သည်။
“တစ်မိုးအောက်က ဂိုဏ်းတွေက တူညီတဲ့ပန်းတိုင်နောက် လိုက်နေကြတာ”
သူ့ညာလက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။ ယခုအခေါက်တွင် သူ၏လက်ထဲ၌ အသုံးပစ္စည်းကတ် ရှိမနေပေ။ သူက ကနဦးချီကို ဆွဲထုတ်ပြီး အသုံးပစ္စည်းကတ်ပုံ ရေးဆွဲရန် ကြိုးစားလိုက်၏။ လက်သင်္ကေတက ပိုရိုးရှင်းလာသည်ဟု သူ ခံစားမိသည်။ အသုံးပစ္စည်းကတ်များက လုကျိုး ကတ်များအသုံးပြုသည့် အချိန်၌ သင်ပြပေးနေသေည့် ပညာရှင်များသဖွယ် ဖြစ်နေသည်။ မိုးကောင်းကင်အောက်ရှိ အမျိုးမျိုးသော ဂိုဏ်းများက တူညီသည့်ပန်းတိုင်ကို လိုက်ကြသည်။ အနှစ်သာရအရ သူတို့အားလုံးက ကနဦးချီကို သုံးပြီး စွမ်းအင်အဖြစ် သိပ်သည်းတာပဲ ဖြစ်သည်။ တိုက်ခိုက်သည်ဖြစ်စေ။ ခုခံသည်ဖြစ်စေ။ သိမ်မွေ့သည်ဖြစ်စေ။ လွှမ်းမိုးသည်ဖြစ်စေ။ သူတို့၏ စိတ်ကူးဉာဏ်အပေါ်သာ မူတည်နေသည်။
ကနဦးချီက လုကျိုး၏ လက်ဖဝါးထဲ သိပ်သည်းလာပြီး နာရီလက်တံ ပြောင်းပြန်ပုံသဏ္ဌာန်လှည်ပတ်နေလေ၏။
ယင်းက ပြီးစီးသွားသည့် လက်သင်္ကေတတစ်ခု ပေါ်လာလေ၏။
အကြီးအကဲသုံးယောက်က လုကျိုး၏ လက်ဖဝါးပေါ်ရှိ လက်ဝါးရာကို စိုက်ကြည့်လိုက်သည်။
“မဟာလေကြောင်းရတနာစည်းတံဆိပ်..”
လုကျိုးက ဘယ်လက်ဖြင့် မုတ်ဆိတ်သပ်လျက် စည်းတံဆိပ်ကို ကျေနပ်စွာ ထုတ်ပြလိုက်သည်။ ယင်းက အသုံးပစ္စည်းကတ်များက ထုတ်ဖော်သည့် ကြီးမားသည့် စည်းတံဆိပ်ကိုးခုနှင့် ယှဉ်နိုင်ပေ၏။ သို့သော်ငြား ယင်းက သရုပ်ပြမှုတစ်ခုသာ ဖြစ်သည်။ သူ၏ခွန်အားအပြည့်ဖြင့် ထုတ်ပြစရာ မလိုပေ။
အကြီးအကဲသုံးယောက်က တအံ့တဩဖြင့် နှုတ်ခမ်းသပ်မိသွားသည်။ မဟာလေကြောင်းရတနာစည်းတံဆိပ်နားတစ်ဝိုက်၌ အက္ခရာအသေးလေးများ ရစ်ဝဲနေလေ၏။ သူတို့ထဲမှ တစ်ခုက တာအိုကိုးပါး ဖြတ်တောက်ခြင်း လက်သင်္ကေတတစ်ခု ဖြစ်သည်။
“ကျုပ်ရဲ့အမြင် ကျယ်သွားပြီ”
“ဒါကို ဘယ်လိုလုပ် ဒီလောက် အလွယ်တကူ လုပ်နိုင်ရတာလဲ”
“အံ့ဩဖို့ ကောင်းလိုက်တာ၊ မယုံနိုင်စရာကောင်းလိုက်တာ”
“တကယ့်ကို လူအိုကြီးတွေ ဖားတဲ့ မျှော်နန်းဆိုတာ အမှန်ပဲ”
လုကျိုးက လက်သီးဆုပ်လိုက်၏။ မဟာလေကြောင်းရတနာစည်းတံဆိပ်က ပျော်ကွယ်သွားတော့သည်။
ဟွားဝူတောက်က လုံလောက်သည်ဟု ထင်ပုံမရပေ။ သူက လက်သီးဆုပ်မိုးလျက် ထပ်ပြောလိုက်သည်။
“မျှော်နန်းသခင် ဒီလိုဆိုရင် လျို့ဟယ်တာအိုစည်းတံဆိပ်ကိုရော.. သုံးနိုင်လား”
လုကျိုးက တည်ငြိမ်ပုံပေါ်၏။ သို့သော်ငြား စိတ်ထဲတွင်မူ ကျိန်ဆဲနေလေ၏။ ခင်ဗျားဘာကြောင့် ဒီလိုနည်း လုပ်နေရတာလဲ။ လိုအပ်တာထက် ပိုပြီး သရုပ်မဆောင်ချင်ဘူး။ ဘယ်အချိန်ကျမှ ပြီးမှာလဲ။ လန်လော့သည် လုကျိုးက တာအိုကိုးပါး ဖြတ်တောက်ခြင်း လက်သင်္ကေတသုံးတာကို တွေ့ဖူးသည်။ ထို့ကြောင့် ထပ်မြင်ရတာ မအံ့ဩပေ။ လျို့ဟယ်တာအိုစည်းတံဆိပ်သည် ဟွားဝူတောက်၏ ဖန်တီးမှု ဖြစ်သည်။ စွမ်းရည်သည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ရှိ ကျွင်းကျင်သူတစ်ယောက် ထုတ်ဖော်လျှင် ၎င်း၏ အလားအလာ အပြည့်အဝကို ရောက်နိုင်မည်။ ထို့အပြင် သူ နှစ်ပေါင်း၂၀ကျော် ကျင့်ကြံလာခဲ့သည့် လိပ်ခွံကျင့်စဉ်ဖြစ်၏။ လုကျိုး၏ ကျင့်စဉ်က နတ်ဒေဝါဦးတည်နယ်ပယ်တွင်သာ ရှိသေးသည်။ သူ မည်ကဲ့သို့ သုံးနိုင်မည်နည်း။
ဖန်လီထန်းက ပြောလိုက်၏။
“ခင်ဗျားပြောတာ အဓိပ္ပာယ်ရှိတယ်။ ကျေးဇူးပြုပြီး သရုပ်ပြရင်း ကျွန်တော်တို့ကို အမြင်ချဲ့ပေးပါ မျှော်နန်းသခင်”
“ကျုပ်ထောက်ခံတယ်”
လန်လော့က ပြောလိုက်၏။ အဘိုးအိုလေးဦး၏ ပြောစကားများသည် အနီးရှိ လူငယ်ကျင့်ကြံသူလေးများ၏ နားထဲ ရောက်သွားသည်။ အားလုံးက အဝေးကနေ လေ့လာနေရာမှ အနီးကပ် ရွေ့လာကြသည်။ အားလုံးက တလေးတစား ရပ်နေပြီး အသေးစိတ် လွဲချော်သွားမှာကို စိုးရိမ်နေ၏။ ထိုအဘိုးအိုလေးယောက်အဖို့ ဤကဲ့သို့ ဆွေးနွေးနေတာ ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။
လုကျိုးက မုတ်ဆိတ်သပ်လိုက်၏။ ငါ ပြစ်ချက်မဲ့ကတ်ကို သုံးသင့်လား။ မဟုတ်ဘူး.. မဟုတ်ဘူး ရှိုးပြဖို့ သက်သက် သုံးလိုက်ရင် ဖြုန်းတီးရာ ရောက်နေမှာ။
…
အခန်း (၃၀၈) အသက်ကြီးပေမဲ့ မပျက်စီးသေးဘူး
ဖန်ကျုံး၊ ကျိုးကျစ်ဖုန်း၊ ဟွားယွဲ့ရှင်းနှင့် အမျိုးသမီး ကျင့်ကြံသူများက မျှော်လင့်စောင့်စားနေကြသည်။ သူတို့က ဗဟုသုတနှင့် အတွေ့အကြုံ လိုအပ်နေသည့် အငယ်လေးများ ဖြစ်ကြသည်။ သူတို့က ဒီလိုအခွင့်အရေးမျိုးကို လက်လွတ်ခံမည် မဟုတ်ပေ။ အကြီးအကဲသုံးယောက်လည်း မျှော်လင့်နေကြ၏။ သူတို့အကြည့်များက လုကျိုးပေါ် ရောက်နေသည်။
လုကျိုးက မုတ်ဆိတ်သပ်လိုက်သည်။ သူက တွေးနေဟန်ပေါ်၏။
ဟွားဝူတောက်က လက်ဝေ့လိုက်ကာ “လျို့ဟယ်စည်းတံဆိပ်က ကျုပ် နှစ် ၂၀ ကြိုးပမ်းလေ့လာခဲ့တဲ့ ရလဒ်ပဲ။ ဒါက သင်္ကေတခြောက်ခုရဲ့ ဆင့်ကဲပုံစံပဲ။ ကျုပ် သင်္ကေတကိုးခုအထိ ထုတ်ဖော်နိုင်တယ်။ အဲဒါကို ပါကွားစည်းတံဆိပ်နဲ့ အကူပေးထားရင် ပွင့်ချပ်ရှစ်လွှာအဆင့် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိတယ်။ သင်္ကေတတစ်ခုချင်းစီက ထိန်းချုပ်မှု တိကျကောင်းမွန်မှ ဖြစ်လာတာ … နောက်ထပ် သင်္ကေတတစ်ခု ဖွဲ့စည်းဖို့ ခက်တယ်။ အဲဒါကြောင့် လျို့ဟယ်စည်းတံဆိပ်ပေါ်က သင်္တေကကို လျှော့မတွက်သင့်ဘူး။ ကျုပ် မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်တုန်းက သင်္ကေတခြောက်ခုတည်းနဲ့ တွမ့်မူရှန်း အားအပြည့်ထုတ်တိုက်တာကို ခံနိုင်ခဲ့တယ် ”
သူတို့က တွမ့်မူရှန်း၏ နတ်ဒေဝါထိပ်သီးကျင့်စဉ်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ပြီးလေပြီ။ ထိုအရာက အားကောင်းကာ လွှမ်းမိုးနိုင်သည့် လှံတိုက်ကွက် ဖြစ်၏။ သို့သော်လည်း ဟွားဝူတောက်က သင်္တေကခြောက်ခုတည်းဖြင့် ကာကွယ်တားဆီးနိုင်ခဲ့သည်။
ဖန်ကျုံးက အားပါးတရ ပြောလိုက်သည် “အကြီးအကဲဟွား သင်္ကေတ ထုတ်ဖော်နိုင်တာ အများဆုံး ဘယ်လောက်လဲ”
“ ငါ လျို့ဟယ်စည်းတံဆိပ်ကို ဖန်တီးတုန်းက ဆယ်ခုက အများဆုံးပဲ။ ဒါပေမဲ့ ငါ့ကျင့်ကြံဆင့်နဲ့ အသိအမြင်အရ ကိုးခုအထိပဲ ထုတ်ဖော်နိုင်တယ်”
“ဆယ်ခုမြောက် သင်္ကေတရော ရှိတာလား”
“ဒါပေါ့ ”
“အကြီးအကဲဟွားရဲ့ အောင်မြင်မှုက တကယ်ကို ပြိုင်ဘက်ကင်းပဲ” ဖန်ကျုံးနှင့် အခြားလူများက တအံ့တဩ ဖြစ်နေကြသည်။
ကျင့်ကြံရေးနည်းလမ်းက မည်သို့ပင်ဖြစ်စေကာမူ ကျင့်စဉ်အသစ်ဖန်တီးဖို့ ကျင့်ကြံသူက ကျင့်စဉ်ကို ကျွမ်းကျင်နေဖို့ လိုအပ်ပေသည်။
တွမ့်မူရှန်း၏ ကျင့်ကြံဆင့်က ပွင့်ချပ်နှစ်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အဆင့်သာ ရှိသေး၏။ သူ့အတွက် ကျင့်စဉ်အသစ်ဖန်တီးဖို့ စောလွန်းနေသေးသည်။ အနည်းဆုံး သူ့အနေနှင့် ပွင့်ချပ်ငါးလွှာအဆင့် ရောက်အောင်စောင့်ပြီးမှ ကျင့်ကြံရေးနည်းလမ်းအသစ် ဖန်တီးသင့်ပေသည်။
“အကြီးအကဲဟွား နှစ်၂၀ကျော် အချိန်ယူဖန်တီးထားရတဲ့ ကျင့်စဉ်ကို ဘယ်သူက အသစ်ဖန်တီးနိုင်မှာလဲ” ကျိုးကျစ်ဖုန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
အခြားလူများလည်း ခေါင်းညိတ်လိုက်ကြ၏။
ကျိုးကျစ်ဖုန်း ပြောသည်က မှန်ပေသည်။ ဟွားဝူတောက်က လျို့ဟယ်စည်းတံဆိပ်အတွက် နှစ် ၂၀ အချိန်ယူခဲ့ရသည်။ အခြားလူများက နောက်ကွယ်မှ သဘောတရားကို နားလည်လျှင်ပင် တစ်ခါတည်းဖြင့် ပုံတူပွားနိုင်ဖို့ ခက်ပေလိမ့်မည်။
ထိုစဉ် အကြီးအကဲသုံးယောက်လုံးက လုကျိုးအား ဒီအရာမှ မျက်နှာမပျက် နောက်ဆုတ်စေနိုင်မည့် နည်းလမ်းကို စတင်စဉ်းစားနေကြသည်။
ဟွားဝူတောက်က သူ့စကားတွေကို နောင်တရသွားလေသည်။ သူက ပါးစပ်သရမ်းပြီး မျှော်နန်းသခင်အား လျို့ဟယ်စည်းတံဆိပ်ကို ဟန်ရေးပြခိုင်းဖို့ မပြောလိုက်သင့်ပေ။
သူ မျှော်နန်းသခင်ကို ရန်စမိသွားရင် ဘယ်လိုလုပ်မလဲ …
သူက အတွေးထဲ နစ်မျှောနေသည့် လုကျိုးအား တစ်ချက်ကြည့်လိုက်သည်။ ကြည့်ရသည်မှာ လုကျိုးကို နောက်ဆုတ်ခိုင်းဖို့ အတော်လေး ကြိုးစားရပေမည်။ သူက လုကျိုး မျက်နှာကယ်တင်ပေးဖို့ တစ်ခုခုလုပ်ပေးရမည်။
ဖန်လီထန်းက မေးလိုက်သည်။ “ လောင်ဟွား လျို့ဟယ်စည်းတံဆိပ်ရဲ့ ကန့်သတ်ချက်က သင်္ကေတဆယ်ခုလား”
“ဟုတ်ပါတယ်”
“ နောက်တစ်ယောက်က ပထမဆုံးကြိုးစားကြည့်တဲ့အခါ သင်္ကေတဘယ်နှခု ထွက်လာနိုင်မယ် ထင်လဲ” ဖန်လီထန်းက မေးလိုက်သည်။
မှန်ပေသည်။ သူတို့က လောင်ဖန်းကို ဒီလိုအခြေအနေမျိုး၌ အားကိုးလို့ရမည်မှန်း သိထားသည်။
ဤသည်မှာ မေးခွန်းကောင်း ဖြစ်၏။ သူတို့က အခြေအနေပြန်ထိန်းနိုင်မည့် နည်းလမ်းကို ရှာတွေ့သွားလေပြီ။
ဟွားဝူတောက်က အလျှင်စလို ပြန်ဖြေလိုက်သည်။ “ ယွင်ဂိုဏ်းမှာရှိတုန်းက ဂိုဏ်းချုပ်က ပထမသင်္ကေတ ထုတ်ဖော်နိုင်ဖို့ သုံးရက်အချိန်ယူခဲ့ရတယ်။ ဒုတိယသင်္ကေတအတွက် ဆယ်ရက်၊ တတိယတစ်ခုအတွက် တစ်လ … အဲဒီနောက် တစ်နှစ်ကြာပြီးတဲ့အထိ သင်္ကေတအသစ် ရှိမလာတော့ဘူး။ ဂိုဏ်းချုပ်က လေ့လာဖို့ အချိန်မရှိတာနဲ့ နောက်ပိုင်း လက်လျော့သွားတယ်”
လူအများစုက သိချင်စိတ်ဖြင့် လိပ်ခွံနည်းလမ်းကို လေ့လာကြည့်ကြလေသည်။ မည်သူကမှ သူ့လိုမျိုး နှစ် ၂၀ အချိန်ယူ လေ့လာကြမည် မဟုတ်ချေ။
“အာ အဲဆို မင်းကလွဲပြီး သင်္ကေတလေးခု ထုတ်ဖော်နိုင်တဲ့သူ မရှိသေးဘူးပေါ့ ”
“အမှန်ပါပဲ”
“ ဆယ်ခုမြောက် သင်္ကေတက ဘာလဲ”
“ပေါင်းစည်းခြင်းပါ” တစ်ယောက်မှ မထုတ်ဖော်နိုင်သောကြောင့် ဟွားဝူတောက်က ထုတ်ပြောဖို့ စိတ်စနိုးစနောင့်ဖြစ်မနေပေ။ သူက သူ့ဘာသာ တွေးလိုက်၏။
ဒီလောက်ဆို အခြေအနေ ထိန်းလို့ရပြီမလား …
မည်သူကမှ မလုပ်နိုင်သောကြောင့် မျှော်နန်းသခင် မလုပ်နိုင်သည်လည်း ပုံမှန်သာ ဖြစ်ပေသည်။
ဟွားဝူတောက်က ခေါင်းစဉ်ပြောင်းတော့မည့်ဆဲဆဲတွင် လုကျိုးက ရုတ်ချည်း ထပျံသန်းသွားပြီး လသာဆောင်မှ ထွက်သွားသည်။ သူက လက်နောက်ပစ်လျက် ပြိုင်ပွဲကွင်းပေါ် မနှေးမမြန် အလျှင်ဖြင့် လျှောက်လာလေသည်။
လုကျိုး၏ အမူအရာက တည်ငြိမ်နေသည်။ သူက စိတ်ဆုံးဖြတ်ထားဟန်ပေါ်၏။ မိစ္ဆာဝေဟင်မျှော်နန်း၏ ခေါင်းဆောင်တစ်ယောက်အနေနှင့် သူ့မာနနှင့် ဂုဏ်သိက္ခာကို မည်သို့ပျက်စီးခံမည်နည်း။ လုကျိုးက ချီအနည်းငယ် ထုတ်လိုက်သည်။ ဤသည်က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်ထဲသာ ဖြစ်သည်။ သို့သော်လည်း သူ့ယုံကြည်ချက်နှင့် ပုံစံအနေအထားအရ မည်သူမှ သူ့ကို လျှော့မတွက်ရဲကြပေ။ တကယ်တော့ သူတို့က သူ့ကို လေးစားနေကြသေး၏။
အားလုံးက လုကျိုးကို အာရုံစိုက်ထားကြသည်။ ထိုစဉ် သူ့ခြေထောက်အောက်မှ အလင်းစက်ဝန်းတစ်ခု ပေါ်လာသည်။
“ပါကွားစည်းတံဆိပ်ပဲ … ပါကွားစည်းတံဆိပ်ပဲ ” ကျိုးကျစ်ဖုန်းက တအံ့တဩ ရေရွတ်လိုက်သည်။
လုကျိုးက နောက်တစ်လှမ်း လှမ်းလိုက်သည့်အခါ အလင်းစက်ဝန်းက ပိုမိုတောက်ပလာသည်။
လျို့ဟယ်စည်းတံဆိပ် ပေါ်ထွက်လာ၏။
လုကျိုးက ကျိထျန်းတောက်၏ မှတ်ဉာဏ်သန်းချီကို ရရှိထားလေသည်။ ယခုအချိန် ပြိုင်ဖက်ကင်း အတွေ့အကြုံများနှင့် ဗဟုသုတများက အတားအဆီးမရှိ ထွက်ပေါ်လာကြသည်။
အကြီးအကဲသုံးယောက်လည်း လုကျိုးကို မျက်တောင်မခတ် ကြည့်လိုက်ကြသည်။
ယခု သင်္ကေတပေါ်ထွက်လာဖို့ အချိန် ဖြစ်၏။
လုကျိုးက ဟွားဝူတောက် မဟုတ်ပေ။ နည်းစနစ်ကို သူ့အတွေ့အကြုံနှင့် ဗဟုသုတတစ်ခုတည်းအပေါ် အခြေခံပြီး အသုံးပြုဖို့ ကြိုးစားခြင်းက မလုံလောက်ပေ။ သူက အခြားလူများကို အပေါ်မှ ကြည့်လိုက်သည်။
ဝှစ်
ပထမရွှေရောင် သင်္ကေတ “ကောင်းကင်” စာလုံး ပေါ်ထွက်လာသည်။
ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးတို့က လေးစားကြည်ညိုမှုအပြည့်ဖြင့် ကြည့်လိုက်ကြသည်။
လုကျိုးက ညာဘက်လက်ကို အသာဝေ့လိုက်သည်။
ဒုတိယသင်္ကေတ “မြေကြီး” စာလုံး ထွက်ပေါ်လာသည်။
လုကျိုးက ဒုတိယသင်္ကေတကို ထုတ်လွှင့်ပြီးသည့်အခါ အားလုံးကို ကြည့်လိုက်သည်။ သူက သက်ရောက်မှုကို ကျေနပ်နေ၏။
ကျိုးကျစ်ဖုန်း၊ ဖန်ကျုံးနှင့် အခြားလူများက သူ့အား တလေးတစား ကြည့်နေကြသည်။ အကြီးအကဲသုံးယောက်ပင် မျှော်လင့်စောင့်စားမှုအပြည့်ဖြင့် ကြည့်နေကြ၏။
အမှန်တော့ လုကျိုးက ဒုတိယသင်္ကေတ ထုတ်ဖော်လိုက်စဉ်က သူ့ကန့်သတ်ချက် ရောက်သွားကြောင်း ခံစားမိလိုက်သည်။ သူ့ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်သာ ရှိသေးသည် မဟုတ်ပါလော။ သူက လျို့ဟယ်စည်းတံဆိပ်တွင် သင်္ကေတနှစ်ခု ထုတ်ဖော်ပြရုံနှင့် လုံလောက်ပြီဟု တွေးထားခဲ့သည်။
သူတို့က ငါ့ကို ဘာလို့ မျှော်လင့်တကြီး ကြည့်နေရတာလဲ … ငါ့ကို ဆင်းလာဖို့ ဘာလို့မပြောသေးတာလဲ။
လုကျိုးက ဘယ်ဘက်လက်ကို ဝေ့လိုက်သည်။
ဝှစ်
သူ့ချီများက လှုပ်ရှားသွားသည်။ ယခင်လောက် မတည်ငြိမ်သည်မှာ သိသာလှ၏။
တတိယသင်္ကေတ “မွေးဖွားခြင်း ” ပေါ်ထွက်လာသည်။
သူက ကြိုတင်လေ့လာထားခြင်းမျိုး မရှိဘဲ အချိန်တိုအတွင်း သီအိုရီတစ်ခုတည်းဖြင့် တတိယသင်္ကေတကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်၏။ လုကျိုးက ယွင်ဂိုဏ်းချုပ်အား ပါရမီအားဖြင့် ကျော်လွန်နေသည်မှာ သိသာလှသည်။
လေးခုမြောက် သင်္ကေတအတွက်မူ လုကျိုးက ဖွဲ့စည်းဖို့ ဖြစ်နိုင်သည်ဟု မထင်မိပေ။
သို့သော်လည်း သူတို့က တအံ့တဩ ဖြစ်နေသောကြောင့် လုကျိုးအား နောက်ဆုတ်ရန် နည်းလမ်းပေးဖို့ မေ့လျော့သွားကြဟန်ပေါ်သည်။ သူတို့က မျှော်လင့်တကြီး အမူအရာများဖြင့် ဆက်လက်ကြည့်နေကြ၏။
ထားလိုက်ပါတော့ ငါ လေးခုမြောက် သင်္ကေတ မဖွဲ့စည်းနိုင်ရင်လည်း ဘာမှမဖြစ်ဘူး …
လုကျိုးက လေထဲရပ်နေရင်း ချီပင်လယ်ထဲမှ ချီစွမ်းအားများကို လှည့်ပတ်လိုက်သည်။ ချီစွမ်းအားများ ထွက်ပေါ်လာသည့်အခါ သူ့ပတ်ဝန်းကျင်တွင် ချီများ ထွက်ပေါ်လာသည်ကို ရုတ်ချည်း ခံစားမိလိုက်၏။
ငါ တိုက်မိတော့မှာလား … နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်လေးနဲ့ လေးခုမြောက် သင်္ကေတ ဖော်ထုတ်ဖို့ လက်တွေ့ မဖြစ်နိုင်ပေ။
သူက မျက်မှောင်အသာကြုတ်လိုက်သည်။
ငါ ဘာလုပ်ရမလဲ …
ထိုစဉ် ဟွားဝူတောက်က အသိပြန်ကပ်လာသည်။ သူက အလျှင်စလို ပြောလိုက်သည် “ မျှော်နန်းသခင်ကတော့ တကယ်ကို အံ့ဖွယ်ပါပဲ ”
လန်လော့လည်း ဝင်ပြောလိုက်သည် “ လျို့ဟယ်စည်းတံဆိပ်က သင်္ကေတသုံးခုကို အချိန်တိုအတွင်း ထုတ်ဖော်နိုင်တယ်ဆိုတော့ မျှော်နန်းသခင်ရဲ့ ပါရမီက တကယ်ကို ပြိုင်ဖက်ကင်းပဲ”
လသာဆောင်ရှိ လူအိုကြီးများက လုကျိုးအား ထွက်လမ်းပေးလိုက်ကြသည်။
နောက်ဆုံးတွင် လုကျိုး ထွက်လမ်းရသွားလေပြီ။ သို့သော်လည်း သူ့လေးခုမြောက် သင်္ကေတက ဖွဲ့စည်းနေသည့် အနေအထားတွင် ရှိနေကြောင်း သတိထားမိလိုက်သည်။ သူက ရပ်တန့်နိုင်ပုံမပေါ်ပေ။
သူက လေးခုမြောက် သင်္ကေတ ထွက်ပေါ်လာပြီး ချီစွမ်းအား ပြန့်ကျဲကာ သူ့အား ပြုတ်ကျလာစေမည်ကို ကြိုမြင်လိုက်သည်။ လုကျိုးက လက်ဝါးဖြင့် အသာတွန်းလိုက်၏။ ထိုစဉ် သူ့စိတ်က ကြည်လင်နေသည်။ ထူးခြားအံ့ဖွယ် စွမ်းအား ထွက်ပေါ်လာ၏။ ပါကွားစည်းတံဆိပ်လည်း ယခင်ထက် ပိုမိုတောက်ပလာသည်။ ကောင်းကင်၊ မြေကြီး၊ မွေးဖွားခြင်း စသည့် သင်္ကေတများလည်း ယခင်ထက် ရွှေရောင်ပိုတောက်လာသည်။ သို့သော်လည်း ထိုစဉ် သင်္ကေတများမှ အလင်းရောင်က အပြာရောင် ပြောင်းသွားလေ၏။
…
အခန်း (၃၀၉) တတိယမြောက် ကောင်းကင်ကျမ်းစာ စာလိပ်ကျင့်စဉ်
ကျန်သည့်သူများက ရွှေရောင်အလင်းကို မြင်နေကျဖြစ်၏။ အပြာရောင် ပြောင်းသွားသောအခါ သူတို့ မည်ကဲ့သို့ မထိတ်လန့်ဘဲ နေမည်နည်း။
“အကြီးအကဲဟွား ဒါက ခင်ဗျားရဲ့ လျိုဟယ်တာအိုစည်းတံဆိပ် ဟုတ်သေးရဲ့လား”
ဖန်လီထန်းက မေးလိုက်တော့သည်။
“ဟုတ်တယ် မမှားပါဘူး”
“အရံအတားရဲ့စွမ်းအားကို သုံးတာလား”
အကြီးအကဲသုံးဦးသည် သူတို့မြင်နေရသည့်အရာကို အဓိပ္ပာယ်မဖော်နိုင်ကြပေ။
ဟွားဝူတောက်အဖို့ ထိုထူးဆန်းသော စွမ်းအားကို လုကျိုးသုံးတာကို တတိယအကြိမ် မြင်ဖူးတာပဲ ဖြစ်သည်။ ပထမဆုံးက လုကျိုးသည် လျှို့ဝှက်အခန်းထဲ၌ တံခါးပိတ်ကျင့်ကြံနေစဉ်က ဖြစ်ပြီး ဒုတိယအခေါက်က ပဒုမ္မာစင်မြင့်ပေါ်၌ ခမ်းနားသော စုန်းအတတ်ကို ဖျက်ဆီးစဉ်က ဖြစ်သည်။ ယနေ့က တတိယအကြိမ် ဖြစ်သည်။
သို့သော်ငြား ပုံမှန်ဆို ရွှေရောင်အလင်းသည် ချီ၏သိပ်သည်းမှုမှ စွမ်းအင်အဖြစ် ပြောင်းလဲရာမှ ပေါ်ပေါက်လာတာ ဖြစ်သည်။ ယင်းက ကွန်ဖြူးရှပ်ဗုဒ္ဓနှင့် တာအိုဂိုဏ်းများအတွက် တူညီပေ၏။
အခင်းအကျင်းများ ခွန်အားပံ့ပိုးမှုနှင့် တိုက်ခိုက်မှု နှစ်မျိုးလုံးအတွက် ပြာလဲ့လဲ့ အလင်း ပေါ်လာတော့သည်။ ကုသခြင်းကျင့်စဉ်အချို့က အစိမ်းရောင် သို့မဟုတ် အပြာရောင်ဖြစ်သည်။ အချို့သော အစီအရင်များက ဓာတ်ကြီးငါးပါးပေါ် မူတည်ပြီး ဒြပ်များပေါ်မူတည်ကာ အရောင်ပြောင်းလဲ၏။
မိစ္ဆာဇင်က အနက်ရောင်ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ စွမ်းအင်များ၏ အရောင်က ဟန်ချက် သို့မဟုတ် အကြောင်းအရင်းတစ်ခု အမြဲတမ်း ရှိ၏။
လျိုဟယ်တာအိုစည်းတံဆိပ်က ရွှေရောင်အလင်း ဖြာထွက်သင့်သည်။
သူတို့ရှေ့ရှိ အပြာရောင်လျို့ဟယ်တာအိုစည်းတံဆိပ်ကို မြင်သောအခါ လုကျိုးသည် အရံအတား၏ စွမ်းအားကို ယူသုံးသည်ဟုသာ သူတို့ ကောက်ချက်ချမိကြသည်။
“အမ်..”
ဟွားဝူတောက်က သင်္ကေတများ.. သေခြင်း၊ ရေ၊ မီး.. ဒြပ်ရှိခြင်း၊ ဒြပ်မဲ့ခြင်း၊ ခွဲခွာခြင်း၊ ပေါ်ပေါက်ခြင်းတို့က လုကျိုးနား၌ ပေါ်ပေါက်လာလေ၏။ ယခင်က သင်္ကေတသုံးခုအပြင် ယခု သင်္ကေတကိုးခု ရှိနေပြီဖြစ်၏။
လုကျိုးသည် လျို့ဟယ်တာအို စည်းတံဆိပ်၏ သင်္ကေတကိုးခုကို အောင်မြင်စွာ ထုတ်ဖော်နိုင်ခဲ့သည်။ လုကျိုးက သင်္ကေတကိုးခုကို တစ်ချက် ကြည့်လိုက်၏။ ကောင်းကင်ကျမ်းစာစာလိပ်၏အပိုင်းက သူ့စိတ်ထဲ၌ ပေါ်လာတော့သည်။ ဒါက ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ စာလိပ်ရဲ့ တတိယကျင့်စဉ် မဟုတ်ဘူးလား။ ဖြစ်နိုင်တာက ဒီကျင့်စဉ်က သူတို့ မထုတ်ဖော်ရသေးတဲ့နည်းလမ်းတွေကို သုံးခွင့်ပေးတာမျိုးလား။
ဘာမှမရှိသည့် အနေအထားကနေ တစ်ပြိုင်နက်တည်း အရာအားလုံး ရှိလာ၏။ သံသရာတွင် နေထိုင်ပြီး ၎င်းကနေ သင်ယူနိုင်၏။ ယင်းက အတိတ်ဘဝ၏ စွမ်းအားဖြစ်သည်။ ရှုမျှော်ဆောင်က သင်္ချိုင်းကုန်းပမာ တိတ်ဆိတ်လေနေ၏။ ပုံမှန်ဆို ပေါက်ပေါက်ဖောက်နေကျ ဖန်လီထန်းက လေးစားသည့်အနေဖြင့် လက်တစ်ဖက် မြောက်လိုက်သည်။
ဟွားဝူတောက်ကလည်း ပျာယာခတ်သွား၏။ မယုံနိုင်သည့် အမူအရာက သူ၏ရင့်ရော်သော မျက်နှာပေါ်၌ အတိုင်းသား ပေါ်နေသည်။ သူက လက်သီးဆုပ်မိုးလိုက်သည်။
“ဟွားဝူတောက်က ရှုံးနိမ့်ကြောင်း လက်ခံပါတယ်”
“မျှော်နန်းသခင်ရဲ့ စွမ်းဆောင်ရည်က အကန့်အသတ်မဲ့လိုက်တာ”
ဖန်ကျုံးက ထုတ်ပြောလိုက်သည်။
လုကျိုးက နောက်ဆုတ်ရန် နည်းလမ်းတစ်ခု မလိုအပ်တော့ချေ။ သူက ရလဒ်ကို ကျေနပ်၏။ သူ့ရှေ့၌ သင်္ကေတကိုးခု ရှိနေပြီး အောက်ရှိ ပါးကွားအစီအရင်က သူ၏ခုခံခြင်းစွမ်းအားကို စမ်းသပ်နေ၏။ သူ့၌ထူးကဲသော စွမ်းအားအချို့ ကျန်ရှိသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်၏။
“ပေါ်ပေါက်စေ”
ဝှစ်..
ဒဿမမြောက် သင်္ကေတပေါင်းစည်းခြင်း ပေါ်ပေါက်လာပြီး သင်္ကေတကိုးခုနှင့် စုစည်းသွား၏။ သင်္ကေတဆယ်ခုက စက်ဝိုင်းတစ်ခု ဖွဲ့တည်လျက် ပါးကွားစည်းတံဆိပ်ကို လုကျိုးခြေထောက်အောက်၌ ဖြည်းဖြည်းချင်း ရုတ်တရက် ပြန့်ကားလာစေ၏။
အလယ်တွင် ကျင့်ကြံခြင်းစက်ကွင်းကို ဗဟိုပြုထားပြီး ၎င်းက ပြန့်ကားသွားကာ ရှုမျှော်ဆောင်နန်းနှင့် ရွှေနန်းဥယျဉ်ဆောင်တစ်ဝက်ကို လွှမ်းခြုံသွား၏။ ၎င်းက မြင့်မားလှသည့် မိစ္ဆာဝေဟင်မျှော်နန်းကိုတောင် ထိမိသွားသည်။ အရွယ်အစားအားဖြင့် ၁၂ဆတိုးလာ၏။ ကွာဟချက်က သင်္ကေတတစ်ခုတည်းသာ ဖြစ်သော်ငြား ၎င်း၏ အရွယ်အစားက ကြီးမားလွန်းလှသည်။
“သင်္ကေတဆယ်ခု လျို့ဟယ်တာအို စည်းတံဆိပ်လား”
ဟွားဝူတောက်က မှင်တက်သွားသည်။ ကျန်သည့်သူများက အပြာရောင် လျိုဟယ်တာအိုစည်းတံဆိပ်ကို ကြည့်လိုက်ကြသည်။ အချိန်အတိုင်းအတာ တစ်ခုအတွင်း မည်သူမျှ စကားမပြောနိုင်ပေ။
သင်္ကေတကိုးခုသည် သူတို့ကို အထင်ကြီးစေရန် လုံလောက်တာထက် ပိုနေပြီဖြစ်၏။ ဒဿမမြောက် သင်္ကေတပေါ်ပေါက်လာမှုဖြင့် သူတို့၏ ခမ်းနားမှုကို မည်ကဲ့သို့ ထိန်းသိမ်းနိုင်တော့မည်နည်း။
“ပျောက်ကွယ်..”
သင်္ကေတကိုးခုလျိုဟယ်တာအိုစည်းတံဆိပ်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး လုကျိုးက ဖြည်းဖြည်းချင်း ဆင်းသက်လိုက်၏။ သူက အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားတာကို ဝမ်းသာသည်။ သူက သူ့အသွင်အပြင်ကို ထိန်းသိမ်းထားနိုင်တာက အရေးကြီး၏။ အမူအရာက တည်ငြိမ်နေလျက် မုတ်ဆိတ်သပ်လိုက်တော့သည်။ သူ့နားတစ်ဝိုက်ရှိ လူများကို သူ့သရုပ်ပြသမှု၏အာနိသင်ကို တွေ့မြင်လိုက်ရပြီးဖြစ်သည်။ ရလဒ်ကို သူ အင်မတန် ကျေနပ်နေ၏။ မည်သို့ပင် ဆိုစေကာမူ နောင်ကျ ထိုလူအိုကြီးများရှေ့၌ ကြွားလုံးထုတ်ခြင်းမှ ထိန်းသိမ်းရန် သူ့စိတ် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူ အပတ်တကုပ် စုဆောင်းထားခဲ့ရသော ထူးကဲစွမ်းအားတို့ ထပ်မရှိတော့ပေ။ သူက ဤနေရာတွင် ကြွားလုံးထုတ်ခြင်းထက် တပည့်များကို ညွှန်ကြားပြသပေးရန် စွမ်းအင်များ ပိုသုံးရမည်။ သို့သော်ငြား ထိုအရာကနေ ဘာမှမရဟု မဆိုနိုင်ပေ။ သူ၏ သရုပ်ပြသမှုကနေ ကောင်းကင်ကျမ်းစာ၏ တတိယမြောက်ကျင့်စဉ်သည် အတိတ်ဘဝများ၏စွမ်းအားဖြစ်ကြောင်း အတည်ပြုလိုက်၏။ တစ်နည်းဆိုရလျှင် သူက တခြားသူ၏ စွမ်းအင်ကို ဤကျင့်စဉ်ဖြင့် အသုံးပြုနိုင်၏။ စနစ်၏ အသေရိုက်ချက် ကတ်က တူညီသော အာနိသင် ရှိသည်။ ဆိုလိုသည်က ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစာစာလိပ်သည် အသေရိုက်ချက်ကတ်နှင့် ပြစ်ချက်မဲ့ကတ်ကို ထာဝရပိုင်ဆိုင်ထားသည်ဟု ဆိုလိုတာ မဟုတ်ပါလော။ သို့သော်ငြား ထိုစွမ်းအားကို အသုံးပြုပြီး သူ၏ရန်သူကို မသတ်နိုင်ကြောင်းလည်း မှတ်မိသွား၏။ သူ ယခုပိုင်ဆိုင်ထားသည့် ကောင်းကင်ကျမ်းစာစာလိပ်သည် သေရိုက်ချက်ကတ်နှင့် ပြစ်ချက်မဲ့ကတ်ကဲ့သို့ အစွမ်းမထက်ပေ။
လုကျိုးက ရှေ့တစ်လှမ်းတိုးလိုက်တော့သည်။ ကျန်သည့်သူများက အလိုလိုပင် နောက်ဆုတ်လိုက်မိ၏။ သူတို့က အရိုအသေပေးလိုက်သည်။ မည်သူမျှ အသက်ပြင်းပြင်း မရှုရဲကြတော့ချေ။
လုကျိုးက ရှုမျှော်ဆောင်ဆီ ပြန်သွားလေ၏။ သူက ရှေ့ရှိ အကြီးအကဲများကို ထူးမခြားနားကြည့်ပြီး ပြောလိုက်၏။
“မေးစရာရှိသေးလား အကြီးအကဲဟွား..”
ဟွားဝူတောက်သည် အချိန်အတော်ကြာ စိတ်မတည်ငြိမ်နိုင် ဖြစ်နေပြီး ကြောင်အနေလေ၏။ သူသည် လျို့ဟယ်တာအို စည်းတံဆိပ်ကို နှစ်ပေါင်း၂၀ကြာ လေ့လာခဲ့၏။ ထိုသို့တိုင် မျှော်နန်းသခင်က ၎င်းကို အလွယ်တကူ တုပခဲ့၏။ သူ မည်မျှ တည်ငြိမ်နိုင်မည်နည်း။
ဟွားဝူတောက်နားတွင် ရပ်နေသည့် ဖန်လီထန်းက သူ့ကို တွန်းတိုက်လိုက်သည်။
“အကြီးအကဲဟွား..”
ဟွားဝူတောက်က သတိပြန်ဝင်လာ၏။ သူ့မျက်နှာပေါ်ရှိ ချွေးများကို သုတ်ကာ ပြောလိုက်တော့သည်။
“ကျုပ် ကျုပ်မှာ မေးစရာမရှိတော့ပါဘူး”
သို့သော်ငြား သူက လျို့ဟယ်တာအို စည်းတံဆိပ်အကြောင်းမေးခွန်းများစွာ အမှန်တကယ် မေးချင်နေ၏။ သူက ထပ်မေးရဲသည့် သတ္တိမရှိတော့တာပဲ ဖြစ်သည်။
လန်လော့က လက်သီးဆုပ်မိုးလိုက်၏။
“သင်္ကေတဆယ်ခု လျို့ဟယ်တာအိုစည်းတံဆိပ်ကို ထုတ်သုံးတာ ပထမဆုံးအကြိမ် ဟုတ်တယ် မဟုတ်လား”
ဖန်လီထန်းက ချီးကျူးလိုက်၏။
“ဒါတင် မကဘူး။ ဒါမျိုး တခြားသူတွေ လုပ်နိုင်မယ်လို့ မထင်ဘူး။ ပံ့ပိုးအားပေးမှုမရှိဘဲ ဘယ်သူကမှ လျို့ဟယ်တာအိုစည်းတံဆိပ်ရဲ့ ဒဿမမြောက် သင်္ကေတကို ထုတ်ပြနိုင်မှာ မဟုတ်ဘူး။ ကျုပ်မျက်လုံးနဲ့ မြင်ရတာသာ မဟုတ်ရင် တခြားသူက ကျုပ်ကို သေအောင်ရိုက်ရင်တောင် ယုံမှာမဟုတ်ဘူး”
ထိုသို့ ပြောပြီးနောက် သူက လုကျိုးကို အရိုအသေပေးပြီး ပြောလိုက်၏။
“မျှော်နန်းသခင် လျို့ဟယ်တာအိုစည်းတံဆိပ်ကို သုံးတာ ပထမဆုံးအကြိမ် တကယ်ဟုတ်ရဲ့လား”
လုကျိုးက ခေါင်းညိတ်လိုက်၏။ ယင်းက အမှန်ပဲ ဖြစ်သည်။ ဖန်လီထန်း ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ယင်းက အမှန်သာဖြစ်သည်။
သူ၏ လျိုဟယ်တာအိုစည်းတံဆိပ်ကို ဂုဏ်ယူဝင့်ကြွားနေသော ဟွားဝူတောက်က ထိုးနှက်ကြီးတစ်ခု ကြုံလိုက်ရသည့်ပမာ ခံစားလိုက်ရသည်။
“အရံအတားရဲ့ စွမ်းအားလား”
လန်လော့က မေးလိုက်သည်။ လုကျိုးက သူ့ကို ချက်ချင်း မဖြေပေ။ ယင်းမှာ အနည်းဆုံးတော့ သူသည် သင်္ကေတဆယ်ခု လျို့ဟယ်တာအိုစည်းတံဆိပ်ကို အမှန်တကယ် ထုတ်ပြနိုင်ရန် ပွင့်ချပ်ရှစ်လွှာကျင့်ကြံဆင့် ရှိရန် လိုအပ်ကြောင်း သိထားသောကြောင့် ဖြစ်၏။ ကောင်းကင်ကျမ်းစာစာလိပ်၏ စွမ်းအားကို တတ်မြောက်သည်ဟု သူ မဆိုနိုင်ပေ။ အဆုံးကျ သူက ပြောလိုက်၏။
“သင်္ကေတဆယ်ခု လျို့ဟယ်တာအိုစည်းတံဆိပ်ကို ထုတ်ပြနိုင်ဖို့ စွမ်းအားအရင်းအမြစ်တစ်ခု လိုအပ်တယ်”
ဟွားဝူတောက်က ဒူးတစ်ဖက်ထောက်လိုက်လေ၏။ သူက လက်သီးဆုပ်မိုးကာ ပြောလိုက်တော့သည်။
“မျှော်နန်းသခင် ကျုပ် ရိုင်းပြစွာနဲ့ တစ်ခုလောက် တောင်းဆိုချင်ပါတယ်။ အရံအတားရဲ့စွမ်းအားကို မျှော်နန်းသခင် သုံးမယ်လို့ ကျုပ် မထင်ထားမိဘူး။ ကျေးဇူးပြုပြီး အပြစ်ပေးပါ မျှော်နန်းသခင်”
သူက ထိုအရာအားလုံး ဖြစ်ရခြင်း၏ တရားခံ ဖြစ်သည်။ ရွှေနန်းဥယျဉ်တောင်က ၎င်း၏ အရံအတား ဆုံးရှုံးနေပြီဖြစ်၏။ တစ်ဖန်လုကျိုးသည် သရုပ်ပြသဖို့ရန် အရံအတား၏ စွမ်းအားကို အသုံးပြုခဲ့ရသည်။ နောင်ကျ လုကျိုးသည် အစွမ်းထက်သော ရန်သူများကို မည်ကဲ့သို့ ဖြေရှင်းရတော့မည်နည်း။ ထို့ကြောင့် သူက အမြန်တောင်းပန်လိုက်သည်။ ကျန်သည့်သူများက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်၏။ လုကျိုး၏အကြည့်က ဟွားဝူတောက်ဆီ ရောက်သွားတော့သည်။ ဟွားဝူတောက်၏ သစ္စာရှိမှု တက်လာတာကို သူ မြင်လိုက်ရ၏။ သူက ပြောလိုက်သည်။
“မင်း ထလို့ရပြီ”
“ကျေးဇူးပါ မျှော်နန်းသခင်”
ဟွားဝူတောက်က ပြောလိုက်၏။
“အရံအတားရဲ့စွမ်းအားပေမဲ့ ပြင်ပအားပဲ။ အရံအတားက ငါတို့နိုင်မနိုင် ဆိုတဲ့အချက်ကို ဆုံးဖြတ်ပေးနိုင်တာ မဟုတ်ဘူး”
လုကျိုးက ပြောပြီး ဖန်လီထန်းကို ကြည့်လိုက်၏။
“ဖန်လီထန်း..”
ဖန်လီထန်းက လက်သီးဆုပ်မိုးလိုက်သည်။ လုကျိုးက ပြောလိုက်သည်။
“မင်း ဒီတောင်ကို ပထမဆုံး လာတဲ့အချိန် အရံအတားကို ဘယ်လို ဖြတ်ခဲ့လဲ”
ဖန်လီထန်းက တောက်ပစွာ ပြုံးလိုက်လေ၏။ သူက သေရည်ဘူးသီးခြောက်ကို လှည့်ပတ်ကာ ပြောလိုက်၏။
“လွယ်ပါတယ်။ အစီအရင်တစ်ခု နှစ်ခု သိရုံပါပဲ။ အစီအရင်က အစွမ်းထက်ပေမဲ့ နှစ်ပေါင်းများစွာ ကြာပြီးတော့ အင်မတန် ကျိုးပဲ့လွယ်လာတာလေ။ အစီအရင်က ကနဦးချီရဲ့ထောက်ပံ့မှုနဲ့ ကြိမ်ဖန်များစွာ ပြုပြင်ထားတယ်ဆိုတာ သိသာတယ်။ ဒါပေမဲ့ အစီအရင်သွေးကြောတွေက ထိခိုက်နေသေးတုန်းပဲ။ ဒါ့အပြင် ကျုပ်ရဲ့ဒီသေရည်ဘူးသီးခြောက်က သာမန်ပစ္စည်းမဟုတ်ဘူးလေ”
သူက သေရည်ဘူးသီးခြောက်ကို လှည့်ပတ်လိုက်ရာ ၎င်းသည် လေထဲ လည်ပတ်နေပြီးနောက် ရွှေရောင်အလင်းတစ်ခုကို ရှေ့သို့ ပေါ်ထွက်လာစေ၏။