← Chapters

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း (၃၁၃) လက်ဖြင့်ညွန်ကြားပြသခြင်း

ပါမာက ကျင်းယန်နန်းတော်၏ရှုခင်းကို ကြည့်နေလိုက်သည်။ သူသည် လွတ်လမ်းအကြောင်း ကိစ္စရပ်များစွာကို အမှတ်ရပြီး သက်ပြင်းချကာပြောလိုက်တော့၏။

“အရှင်မင်းသား ... ဒုတိယမင်းသားက လုပ်နိုင်ပါ့မလား” မော့လီက ပြုံးကာပြောလိုက်တော့သည်။

“မင်းသားငါးပါး ထဲမှာ ဒုတိယမြောက်အရှင်မင်းသားက နှလုံးသားအမဲ့ဆုံးနဲ့ အရက်စက်ဆုံးပဲ ... အဲ့ဒီတုန်းက တတိယမင်းသားကို အရှင်မင်းကြီးက မျက်နှာသာပေးခဲ့တယ်။ နန်းတော်က ထီးနန်း အမွေဆက်ခံသူ ပြောင်းလဲခါနီးပဲ။ ဒုတိယမင်းသားက အစီအစဉ်ဆွဲပြီးအားလုံးကို မီးလောင်ပြာချ တတိယမင်းသားနဲ့ သက်ဆိုင်တာအားလုံးကိုရှင်းခဲ့တာ ... သူက တတိယမင်းသားကိုရင်ဆိုင်တဲ့ နေရာမှာ အောင်မြင်ခဲ့တယ်ဆိုတော့ သူအဖို့စက္ကူကျားနဲ့တူတဲ့ စတုတ္ထမင်းသားကိုဖြေရှင်းဖို့ လွယ်ကူမှာပဲ”

ပါမာက ပြောလိုက်၏။ "ရှစ်တိ" (ဆရာတူညီလေး)

“ရှစ်မေ့...”(ဆရာတူညီမ) မော့လီက သူ့ကို အမှန်ပြင်ပေးလိုက်၏။

“…” ပါမာသည် သူ့အရေပြားပေါ်၌ထလာသည့် ကြက်သီးကို ဖိနှိပ်ထားလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။ “ဘယ်သူ့ကိုမှဂရုမစိုက်ဘူး ဒါပေမဲ့ လျှိုပင်းက သေကိုသေရမယ်”

မော့လီက နှာခေါင်းရှုံ့ကာပြောလိုက်၏။

“စိတ်မပူပါနဲ့ ရှစ်ရှိုး ... ကျွန်မက ရှစ်ရှိုးထက် သူ့ကိုပိုသေစေချင်နေတာပါ”

စတုတ္ထမင်းသားလျှိုပင်းသည် နယ်စပ်၌ နှစ်ပေါင်းများစွာနေခဲ့၏။ သူက လော့လန်ကို ရင်ဆိုင်ရာ၌ တပ်ဖွဲ့များစွာကိုဦးဆောင်ခဲ့သည်။ အလောင်းများက နေရာအနှံ့ရှိခဲ့ပြီး သေကြေပျက်စီးမှုများစွာ ရှိသည်။ အရှက်ကွဲစရာအကောင်းဆုံးဖြစ်ရပ်က လျှိုပင်းသည် တာ့ယန်၏မဟာစစ်သူကြီး ဆယ်ဦးကို ဦးဆောင်ပြီး သူတို့ဘုရင်ကိုဖမ်းသွားခဲ့သည်။ ထိုတိုက်ပွဲ၌ နှစ်ဖက်လုံးရှိကျင့်ကြံသူများက သုံးရက်သုံးညတိုင်တိုင်တိုက်ခိုက်ခဲ့သည်။ မည်သူကမှ သေကြေပျက်စီးသည့်အရေအတွက်ကို လိုက်မရေနိုင်ပေ။ နန်းတော်၌ ဆောင်ရွက်ချက်၌ မှတ်တမ်းတင်ထားသောအခါ ကောင်းကင်ထဲ၌ ငှက်မရှိ မြေပြင်ပေါ်၌ သားရဲမရှိဟုသာရေးထားခဲ့၏။ တစ်ခုတည်းသောအရာက မျက်စိတဆုံး မြင်နိုင်သည်က လူသေများနှင့် အရိုးများသာဖြစ်သည်။

တစ်လကြာညောင်းသွား၏။

လုကျိုးသည် နောက်ဆုံးတွင် သူ၏ ကောင်းကင်ကျမ်းစာကိုဆင်ခြင်ပြီးနောက် ထူးကဲစွမ်းအားကို ပြန်လည်ရရှိလာသည်။ သူ၏တပည့်များကိုလည်း ကျင့်ကြံရာ၌ ညွှန်ကြားပြသပေးခဲ့၏။ တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာက ယခုအခေါက်အတောအတွင်း သူတို့ခွန်အားများ အတော်လေး တိုးတက်လာပြီး ကျင့်ကြံဆင့်တိုးလာလေ၏။

သူက ရေတံခွန်သို့ လျှောက်သွား၏။ ရေတံခွန်အောက်၌ တွမ့်မူရှန်းလေ့ကျင့်ပြီး ရေစက်များက သူ၏ ခန္ဓာကိုယ်အပေါ် ကျဆင်းလာသည်ကိုတွေ့မြင်လိုက်၏။ သူက မုတ်ဆိတ်သပ်ကာ ထိုမြင်ကွင်းကြောင့် ခေါင်းညိတ်လိုက်တော့သည်။

လုကျိုးကိုမြင်သောအခါ တွမ့်မူရှန်းက ရေတံခွန်အောက်၌ အရိုအသေပေးလိုက်၏။ “ရှစ်စွင်း”

လုကျိုးသည် တွမ့်မူရှန်းက မည်သည့်ကျင့်စဉ်မှအသုံးမပြုဘဲ သူ့စွမ်းအားသက်သက်ဖြင့် တွမ့်မူရှန်း ခုခံနေတာကိုတွေ့လိုက်ရ၏။ သူက “ရေတံခွန်က မင်းကနဦးခံနိုင်ရည်နဲ့ လှံစွမ်းရည်ထိန်းချုပ်မှုကို လေ့ကျင့်ပေးနိုင်တယ်”

“ကျွန်တော်နားလည်ပါပြီ”

တွမ့်မူရှန်းက လက်တစ်ဖက်မြှောက်ပြီး မြေကြီးထဲ၌ ထိုးစိုက်ထားသောနယ်ရှင်လှံကို မြေကြီးကနေ ဆွဲနှုတ်လိုက်ပြီးနောက် သူ့လက်ထဲ ဝှီကနဲပါလာလေ၏။ သူက နယ်ရှင်လှံကိုစတင်ဝေ့ယမ်းကာ ရေနား ဝေ့ယမ်းလိုက်၏။ လုကျိုးက မျက်မှောင်ကျုံ့သွားသည်။ တွမ့်မူရှန်းက အလွန်ကြိုးစားပေ၏။ သူက စကားနားထောင်သည်။ သို့သော်ငြား အနည်းငယ်တုံးအပေ၏။ နတ်ဒေဝါထိပ်သီး နည်းနိဿယသည် တွမ့်မူရှန်းအတွက်မသင့်တော်ခဲ့လျှင် တွမ့်မူရှန်းအဖို့ဤအဆင့်ရောက်ရန်က ခက်ခဲပေလိမ့်မည်။ အဆုံးကျသူက ပြောလိုက်တော့၏။

“မင်းရဲ့စွမ်းအားကို အားမကိုးဘဲ မင်းဖာသာမင်း ရေခြောက်အောင် လုပ်နိုင်မယ်ဆိုရင် အသေးအမွှား အောင်မြင်မှုလို့ သတ်မှတ်လို့ရမယ်”

“နားလည်ပါပြီ" ရေတံခွန်က မိုးများသည်းထန်စွာရွာ သွန်းခြင်းနှင့်တူပေ၏။ သူ့လှံစွမ်းရည်သက်သက်ဖြင့် ခြောက်အောင် မည်ကဲ့သို့ လုပ်ရမည်နည်း။ သူက အရံအတားတစ်ခု ဖွဲ့ရန် လှံကိုလျင်မြန်စွာ ရွေ့ရတာ ဖြစ်မည်။ သူက စိတ်ထဲ ညည်းတွားလိုက်သော်ငြား ပြောသည့်အတိုင်း လုပ်၏။ သူ၏ အုတ်မြစ်က ခိုင်မာသော်ငြား သူတို့က ချို့တဲ့နေသေးသည်။ သူက ကောင်းကောင်းလေ့ကျင့်ရန်လိုအပ်၏။

‘တင်း ... တွမ့်မူရှန်းကို သင်ကြားပြသပြီးပါပြီ။ ကုသိုလ်မှတ်သုံးရာ”

လုကျိုးက စနစ်မျက်နှာပြင်ကို ကြည့်လိုက်၏။ လတ်တလော၌ သူသည် တပည့်များကို ညွှန်ကြား ပြသပေးခြင်းဖြင့် ကုသိုလ်မှတ် သုံးထောင့်နှစ်ရာ ရလာခဲ့သည်။ ကုသိုလ်မှတ်များရလာသည့်အပြင် သူက တပည့်များ၏ကျင့်ကြံဆင့်များ အမှန်တကယ်တိုးတက်လာစေချင်သည်။

ထိုစဉ် ရှောင်ယွမ်အာကပျံသန်းလာလေ၏။

“ရှစ်စွင်း” သူမက ဘယ်ညာလျင်မြန်စွာ တဖျတ်ဖျတ် လှုပ်ရှားနေလေ၏။ ဤနေရာသို့ စာကလေးတစ်ကောင် ပျံသန်းလာကာ သူမက လိုက်ဖမ်းနေ၏။ ၎င်းက မောပန်းနေသည်။ စာကလေးကို မိသွားချိန်၌ လွှတ်ပေးလိုက်ပြန်သည်။ ပြီးနောက် လုကျိုးနားရောက်လာကာ မျှော်လင့်တကြီး မေးလိုက်၏။ “တပည့်အခု ခုနစ်စင်ကြယ်တိမ်ယံခြေလှမ်းနဲ့ ရင်းနှီးနေပါပြီ” သူမက ချီးကျူးခံရန် စောင့်ဆိုင်းနေတာသိသာ၏။ လုကျိုးက သူမခေါင်းကိုခေါက်လိုက်သည်။

“တကယ်ပဲ မင်းရဲ့ခုနစ်စင်ကြယ်တိမ်ယံခြေလှမ်းက တိုးတက်လာပြီ ဒါပေမဲ့ စာကလေးက လူမဟုတ်ဘူးလေ ... အဲဒါနဲ့ လေ့ကျင့်ရင် ကောင်းမှာမဟုတ်ဘူး”

“ဪ”

“မင်းရဲ့ရှစ်ရှိုးဆီက သင်ယူသင့်တယ်” လုကျိုးက တွမ့်မူရှန်းကို လက်ညှိုးထိုးပြလိုက်၏။

“ဟုတ်” ရှောင်ယွမ်အာသည် ရေတံခွန်၏အဆုံးမရှိသောရေစီးကြောင်းများကို ကြည့်လိုက်၏။ သူမ ကျောစိမ့်သွားတော့သည်။ အေးစက်သောရေအောက်၌ ရပ်ရမည့်အတွေးက သူမကိုတုန်ယင်စေ၏။ သူမက အကြည့်လွှဲကာ ပြောလိုက်တော့၏။ “ရှစ်စွင်း ... တပည့်ကို တခြားတစ်ခုသင်ပေးနိုင်မလား”

လုကျိုးက အံ့ဩသွားတော့၏။ ရှောင်ယွမ်အာက ထိုကဲ့သို့တောင်းဆိုမှုမျိုးပြုလုပ်ခဲသည်။ ပုံမှန်ဆို သူမက အတော်လေးနာခံ၏။ ထို့ကြောင့် သူက မေးလိုက်တော့၏။ “ဘာကိုသင်ယူချင်တာလဲ”

“လက်ရေးလှကော ... ရှစ်စွင်းရဲ့လက်ရာတွေက အမြဲတမ်းကြည့်လို့ကောင်းတယ်။ တပည့် သင်ယူချင်တယ်” ရှောင်ယွမ်အာကပြောလိုက်၏။

“အရူး မလုပ်နဲ့” လုကျိုးက တင်းမာသောမျက်နှာထားဖြင့်ပြောလိုက်လေ၏။

“လက်ရေးလှက လူတစ်ယောက်ရဲ့စိတ်နေသဘောထားကိုပျိုးထောင်ပေးနိုင်တယ်ဆိုတာမှန်တယ်။ ဒါပေမဲ့ မင်းက တာအိုအထွတ်အထိပ်ကျောက်စိမ်းကျင့်စဉ်ကို ကျင့်ကြံနေတာ ... လက်ရေးလှက ကွန်ဖြူးရှပ်အခွဲက ချဲ့ထွင်ကောင်းကင်အစွမ်းကိုကျင့်ကြံသူတွေနဲ့ပိုသင့်တော်တယ်”

“ဪ” ရှောင်ယွမ်အာက ညှိုးငယ်သွားပုံရသည်။

လုကျိုးက နေကိုမော့ကြည့်လိုက်သည်။ စောနေသေး၏။ လုကျိုးကမုတ်ဆိတ်သပ်ကာ ပြောလိုက်တော့သည်။ “မင်းရဲ့လက်သီးသိုင်းကို သရုပ်ပြ ... မင်းရဲ့အခြေအနေကိုမြင်ချင်တယ်”

“အင်း” ရှောင်ယွမ်ကခေါင်းညိတ်လိုက်သည်။ ပြီးနောက် ဘေးရှိသစ်ပင်ကြီးအောက်တွင် စတင်သရုပ်ပြသည်။

တလတာလေ့ကျင့်ပြီးနောက် ရှောင်ယွမ်အာသည် လက်သီးကျင့်စဉ်၌ များများစားစားမတိုးတက် ခဲ့ပေ။ သို့သော်ငြား သူမစိတ်နေသဘောထားက ယခင်ကထက်ပိုကောင်းလာ၏။ သူမ၏လှုပ်ရှားမှု များက မြန်လည်းမမြန် နှေးလည်းမနှေး သေချာပေါက်တိုးတက်မှုတရပ်ဖြစ်သည်။ ခဏအကြာတွင် သူမသရုပ်ပြပြီးသွားသည်။

လုကျိုးက ခေါင်းညိတ်လိုက်၏။ ပြစ်ချက်တချို့ ရှိသော်ငြားကောင်းမွန်သည့် သရုပ်ပြသမှုတစ်ကွက် ဖြစ်သည်။ “မဆိုးဘူး”

“ချီးကျူးတာ ကျေးဇူးတင်ပါတယ် ... ရှစ်စွင်း” ရှောင်ယွမ်အာသည် သူမကို လုကျိုးချီးကျူးတာ မြင်သောအခါ ပြုံးဖြဲဖြဲဖြစ်သွား၏။

ဒီကောင်မလေးရဲ့စိတ်နှလုံးက လေ့ကျင့်ဖို့လိုသေးတာပဲ ... လောလို့မရဘူး။ နောင်ကျ ငါ သူ့ကို ညွှန်ကြားပြသရဦးမှာပဲ။

ထိုစဉ်ကျိုးကျစ်ဖုန်းက ပြေးလာပြီးအရိုအသေပေးကာပြောလိုက်၏။ "မျှော်နန်းသခင် ... ကျန်းအိုက်ကျန့်ဆီက စာပါ”

“ဖတ်လိုက်”

ကျိုးကျစ်ဖုန်းက စာကိုဖွင့်ပြီးကျယ်လောင်စွာ ဖတ်လိုက်၏။ “စီးဝူယာ့ကိုတားပေးတာအတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး။ သူက ကျွန်တော်စစ်ဆေးတာကို ဝင်မစွက်ဖက်ရုံတင်မကဘူး သတင်းအချက်အလက်တချို့ပါ ပေးလိုက်ပါသေးတယ်”

ထိုစကားကိုကြားသောအခါ လုကျိုးက ဝေခွဲမရဖြစ်သွား၏။ အဲ့ဒီလူလိမ်လူကောက်ကို သူ ဘယ်တုန်းက သူဘာလုပ်မိလို့လဲ ...

ကျိုးကျစ်ဖုန်းက ဆက်ဖတ်သည်။ “မယ်တော်ကြီးက အနားယူဖို့ရူပေ့ကိုသွားချင်နေတယ် ... ဆရာကြီးရဲ့တပည့်ကျောင်းယွဲ့က လိုက်သွားဖို့များတယ်။ ဖြစ်ချင်တော့ ဒုတိယမင်းသားလျှိုဟွမ်းက စတုတ္ထမင်းသားလျှိုပေ့ကို နှစ်လအတွင်းရူပေ့မှာ အမဲလိုက်ဖို့အတွက်ဖိတ်ထားတယ်။ မော့လီကလည်း လက်ရွေးစင်တစ်ယောက်အနေနဲ့ ပံ့ပိုးဦးမှာ ... သူတို့လှုပ်ရှားမလားဆိုတာ သံသယဖြစ်မိတယ်။ သတင်းအချက်အလက်အသစ် ထပ်ရရင် စာပို့လိုက်မယ်”

ယခုအခေါက်တွင် ကျန်းအိုက်ကျန့်၏စာထဲ၌ ‘ဟား ... ဟား ... ဟား ...’ ဟုမပါပေ။

လုကျိုးက မျက်မှောင်ကျုံ့သွားတော့၏။ ကျောင်းယွဲ့က အရူးတစ်ယောက် မဟုတ်ချေ။ ၎င်းက ထောင်ချောက်တစ်ခုမှန်း သူမ ရှင်းရှင်းလင်းလင်းသိနေချိန်၌ အဘယ်ကြောင့် သွားမည်နည်း။ ကျန်းအိုက်ကျန့်က သူ၏စာထဲတွင် မင်ရှစ်ရင်ကို ထည့်မပြောထားပေ။ ထိုသို့ဆိုလျှင် မင်ရှစ်ရင် ဘာလုပ်နေသနည်း။ သူက ပဒုမ္မာစင်မြင့်ပေါ်၌ မဟာစုန်းအတတ်ကို သတိရသွားချိန်၌ အနည်းငယ် ဒေါသထွက်သွားလေ၏။

“ရာရာစစ ငါ့တပည့်ကိုထိရဲတယ်”

ကျောင်းယွဲ့သည် မင်းသမီးယွင်ကျောင်း၏သမီး ဖြစ်သောကြောင့် တော်ဝင်မိသားစုဝင်တစ်ဦးအဖြစ် သတ်မှတ်၍ရသည်။ မော့လီက ထိုမျှရဲတင်းလွန်းနေ၏။ ကံကောင်းသည်မှာ သူတို့က တော်ဝင် နန်းတော်ထဲတွင် ရှိနေသေးပြီး မော့လီကလည်းပြောင်ပြောင်တင်းတင်း မလှုပ်ရှားအောင် ထိန်းချုပ် ထား၏။

“ချင်ကျွင်းကို ဒီခေါ်လာခဲ့”

“နားလည်ပါပြီ" ခဏအကြာတွင် ကျိုးကျစ်ဖုန်းက ချင်ကျွင်းကို ခေါ်လာတော့သည်။

လုကျိုးက ချင်ကျွင်းကိုကြည့်ပြီးပြောလိုက်တော့သည်။

“မင်းကိုတာဝန်တစ်ခုပေးမယ်”

ချင်ကျွင်းကအပျော်လွန်သွားသည်။ သူက အရိုအသေပေးကာပြောလိုက်၏။

“ဘာမဆိုပြောပါ ဆရာကြီး”

“အံ့ဖွယ်မြို့တော်ကို ပြန်ပြီး ငါ့ရဲ့အချက်အလက်အရင်းအမြစ် ဖြစ်ပေး”

“ဟမ်”

“မင်းဆန္ဒမရှိဘူးလား”

“ဒါပေါ့ ကျွန်တော်ခစားပေးရဖို့ ဝမ်းသာတာပေါ့ ဆရာကြီး” ချင်ကျွင်းက ထစ်သွားလေ၏။ “ဒါက ဒါက ပထမသခင်လေး...”

ရှောင်ယွမ်အာက သူ့ကို စိန်းစိန်းဝါးဝါးကြည့်ကာ ပြောလိုက်တော့၏။

“ရှင်က တုံးတာလား ... ဘယ်သူနဲ့ စကားပြောနေတယ်လို့ ထင်လဲ”

ချင်ကျွင်းက တုန်ယင်သွားကာအမြန်ပြောလိုက်၏။

“နဝမသခင်မလေး မှန်ပါတယ် ... ကျွန်တော်က အရူးတစ်ယောက်ပါ”

“မယ်တော်ကြီးအကြောင်း မင်း ဘာတွေသိလဲ”

“ကျွန်တော်သိသလောက်တော့ သူက နာမကျန်းဖြစ်နေပြီး အမြဲတမ်းကုသနေရတာ ... တခြား အကြောင်းကိုတော့ လီယွင်ကျောက်ဆီ မေးလိုက်ပါ့မယ်” ချင်ကျွင်းက ရိုးရိုးသားသားပြန်ဖြေ၏။

“ကောင်းပြီ” လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်၏။

“ငါ့တပည့် ကျောင်းယွဲ့နဲ့ မင်ရှစ်ရင်ကို ဂရုစိုက်ပေးဖို့ လီယွင်ကျောက်ကို ပြောလိုက်။ သူတို့ တစ်ခုခုဖြစ်ရင် ငါ သူ့ကို စာရင်းရှင်းမှာ။ အဲဒီလူလိမ်လူကောက် ယွီကျန့်ဟိုင်ကို ထပ်တွေ့ရင် ငါ့ကို အကြောင်းကြားဖို့ ပြောလိုက်"

“ကျွန်တော် သူ့ကိုတွေ့တာနဲ့ မိစ္ဆာဝေဟင်မျှော်နန်းဆီ စာပို့ငှက်လွှတ်၊ အမြန်ဆုံး အကြောင်းကြားလိုက်ပါ့မယ်” ချင်ကျွင်းက အရိုအသေပေးလိုက်သည်။

…

အခန်း (၃၁၄) လောင်ပါ့ရဲ့ ကျင့်စဉ်ကို ပြည့်စုံစေခြင်း

လီယွင်ကျောက်က ကျောင်းယွဲ့ကို မယ်တော်ကြီးနှင့် တွေ့ဖို့ နန်းတော်ဆီ ခေါ်လာခဲ့သူ ဖြစ်၏။ ထို့အပြင် သူက ကျောင်းယွဲ့ ဘေးကင်းရမည်ဟု အာမခံ ပေးထားခဲ့သေးသည်။ လုကျိုးအနေနှင့် သူ့ကို စိတ်ချလိုက်သည်မှာ ပုံမှန်သာ ဖြစ်၏။ သို့သော်လည်း တော်ဝင်မြို့တော်မှာ တော်ဝင်မြို့တော်သာ ဖြစ်သည်။ လီယွင်ကျောက်နှင့် မယ်တော်ကြီး ရှိနေလျှင် ပြဿနာကြီးကြီးမားမား မရှိသင့်ပေ။

“မော့လီက ဒုတိယမင်းသား အင်အားစုဘက်ကပဲ။ ဒုတိယမင်းသား လျိုဟွမ်က ဘယ်လိုလူမျိုးလဲ”

လုကျိုးက မေးလိုက်သည်။

ချင်ကျွင်းက အရိုးသားဆုံး ပြန်ဖြေလိုက်သည်။

“ ဒုတိယမင်းသားက ရေရှည်ကြည့်တတ်ပြီးတော့ စိတ်ရှည်တဲ့သူပါ။ သူက ရည်မှန်းချက် မအောင်မြင်မချင်း ရပ်တန့်မဲ့သူတော့ မဟုတ်ဘူး ”

လုကျိုးက ချင်ကျွင်းကို ကြည့်ကာ မေးလိုက်သည်။

“ အဲဒါ ဒုတိယမင်းသားအပေါ် မင်းရဲ့ သုံးသပ်ချက်လား”

ချင်ကျွင်းက အရာရှိတစ်ယောက် ဖြစ်လေသည်။ သူ့အနေနှင့် တော်ဝင်မိသားစုဝင် တစ်ယောက်အကြောင်း သည်လိုမျိုး ပြောဖို့ အလှည့်အပြောင်းဖြစ်ဟန်ပေါ်သည်။

ချင်ကျွင်းက သက်ပြင်းချလိုက်ကာ “ အစပိုင်းမှာ အရှင်မင်းမြတ်မှာ အမွေဆက်ခံသူ ဆယ်ယောက်ရှိတယ်။ အကြောင်းအရင်းအမျိုးမျိုးကြောင့်ငါးယောက်ပဲ ကျန်တော့တယ်။ အခုလက်ရှိ အိမ်ရှေ့စံ ပထမမင်းသား လျိုကျစ်က သူ့ဆီ ဘာမှမဖြစ်ခဲ့ရင်တော့ ပလ္လင်ကို ဆက်ခံရလောက်တယ် …”

ထို့နောက် သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ အိမ်ရှေ့စံက ရူပေ့က အလေ့အကျင့်တွေကို စွဲလမ်းနေပြီးတော့ သူ့ဘာသာ မထိန်းချုပ်နိုင်ဘူး။ သူက နန်းတော်မှာ အခြားမျိုးနွယ်က အကမယ်တွေကို ခေါ်ပြီး ဖျော်ဖြေခိုင်းခဲ့သေးတယ်။ ဧကရာဇ်က အဲဒီအကြောင်း သိသွားတော့ ဒေါသူပုန်ထသွားရော … အဲဒါကြောင့် သူက အမည်ခံ အိမ်ရှေ့စံပဲ ရှိတာ။ ဒုတိယမင်းသား လျိုဟွမ်ကျ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေရှိပြီး ဆုံးဖြတ်ချက် ပြတ်သားတယ်။ ဒါပေမဲ့ သူက ရက်စက်ပြီးတော့ လှည့်ကွက်အများကြီးပဲ။ တတိယမင်းသား လျိုချန်းကို ဧကရာဇ်က မျက်နှာသာအပေးဆုံးပဲ။ သူ အိမ်ရှေ့စံ ဖြစ်လာမယ်လို့တောင် ထင်ထားကြတာ။ ဒါပေမဲ့ သူက ကံဆိုးသွားတယ်။ ကျင်းဟယ်နန်းတော်မှာ တစ်ရက်ကျ မီးလောင်ခဲ့တယ်။ အဲဒီမှာ လူအယောက်တစ်ထောင် မီးထဲပါသွားပြီးတော့ တတိယမင်းသားလည်း ပျောက်သွားခဲ့တယ်။

ကျုပ် တစ်ခါစုံစမ်းခဲ့ဖူးပေမဲ့ အဲဒီ မီးလောင်မှု နောက်ကွယ် တရားခံက ဒုတိယမင်းသားပဲ …”

သူ့စကားအဆုံးတွင် ဦးညွှတ်လိုက်သည်။ သူက နန်းတော်၏ လျှို့ဝှက်ချက်များကို ထုတ်ပြောနေသည် မဟုတ်ပါလော။ အကယ်၍ တစ်ယောက်ယောက်သာ သိသွားခဲ့လျှင် အကျိုးဆက်က ရာထူးပြန်သိမ်းခံရတာကနေ ခေါင်းဖြတ်ခံရသည့်အထိ ဆိုးရွားသွားနိုင်သည်။

လုကျိုးက ဒုတိယမင်းသားသည် ဒီလောက်ရက်စက်လိမ့်မည်ဟု မထင်ထားပေ။ မော့လီက သူ့နောက်လိုက်နေသည့်အတွက် သူတို့က တစ်လှေတည်း စီးနေကြသူမှန်း သိသာလှသည်။

သူက မေးလိုက်၏ “ ဒုတိယမင်းသားက အမဲလိုက်ကွင်းမှာ စတုတ္ထမင်းသားကို လုပ်ကြံမယ် ထင်လား ”

ချင်ကျွင်းက အလျင်စလို ပြောလာသည်။

“ အသေအချာကြီးတော့ မပြောရဲဘူး။ ဒါပေမဲ့ သူ့အရင်အပြုအမူတွေအရတော့ ဖြစ်နိုင်ခြေရှိတယ်။ အမဲလိုက်ကွင်းကို ဒုတိယမင်းသား စီစဉ်တာဆိုတော့ အဲဒီနေရာမှာ လှုပ်ရှားပါ့မလားတော့ မပြောတတ်ဘူး။ ဒါပေမဲ့ ရူပေ့ထဲက တခြားနေရာတွေမှာတော့ ဖြစ်နိုင်ခြေရှိတယ်။ ဒုတိယမင်းသားက သူ့အတွက်သူ အလီဘိုင် စီစဉ်ထားမှာပဲ။ အခြားလူတွေက သူ တရားခံမှန်း သိထားရင်တောင် ဘာမှတတ်နိုင်တာ ရှိမှာ မဟုတ်ဘူး ”

“ငါက နန်းတော်ကြားက အရှုပ်အထွေးတွေကို စိတ်မဝင်စားဘူး။ မင်းသားတွေရဲ့ သေခြင်းရှင်ခြင်းက ငါနဲ့ မဆိုင်ဘူး“ လုကျိုးက မုတ်ဆိတ်အသာသပ်ပြီး ပြောလိုက်သည်။

“ သူ့ကို တောင်အောက်ပြန်လိုက်ပို့လိုက်”

“နားလည်ပါပြီ ” ကျိုးကျစ်ဖုန်းက ချင်ကျွင်းအား ရွှေနန်းဥယျာဉ်တောင်အောက်သို့ ခေါ်လာပေးသည်။

ထို့နောက် လုကျိုးက ရေတံခွန်အောက် ထိုင်နေဆဲ ဖြစ်သည့် တွမ့်မူရှန်းကို ကြည့်လိုက်သည်။ သူက အပတ်တကုတ် ကြိုးစားနေသည်။ သူက ရှောင်ယွမ်အာကို ကြည့်လိုက်ပြီး “ယွမ်အာ … မင်းလည်း ကျင့်ကြံရေးပေါ် မပျင်းမရိ ကြိုးစား ”

“ ဟုတ် ” သူမက ရှစ်စွင်း ထွက်သွားသည်ကို ကြည့်နေရင်း လက်ဝှေ့ထိုးတာ ဆက်လက် လေ့ကျင့်နေလိုက်သည်။

ယခု တောင်ပေါ်ရှိ ကျန်ခဲ့သည့် တပည့်များမှာ တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာသာ ဖြစ်၏။ အခြားတပည့်များ မရှိတော့ပေ။ လုကျိုးက ဆရာကောင်းဖြစ်ဖို့ အခွင့်အရေး မရလိုက်ပေ။

လုကျိုးက လျှောက်လာရင်း ပြန်လည်သုံးသပ်ရေးဂူဘက်ဆီ ဦးတည်လိုက်သည်။

လုကျိုးကို မြင်ကာ ကျူးဟုန်ကုန်းက ပျော်ရွင်သွားလေသည်။ သူက မျက်ရည်များပင် ဝဲလာမိ၏။ သူက ဦးညွှတ်ကာ “ ရှစ်စွင်းကို ဂါရဝပြုပါတယ်။ ရှစ်စွင်း လာတွေ့တာ အရမ်းပျော်လွန်းလို့ ကျွန်တော်တော့ သုံးရက်သုံးညလောက် အိပ်ပျော်နိုင်တော့မှာ မဟုတ်ဘူး ”

လုကျိုးက ဒီလိုအဆင့်နိမ့် ချီးကျူးစကားများအား ထုံနေလေပြီ။ သူက ပြန်လည်သုံးသပ်ရေးဂူဆီ လျှောက်လာကာ “ မင်း ဘာအမှားလုပ်ခဲ့လဲဆိုတာ ပြောစမ်း ”

ကျူးဟုန်ကုန်းက ခေါင်းညိတ်ပြလိုက်ပြီး သူ့အမှားလုပ်ခဲ့သမျှအားလုံးကို စာရင်းပြုစုလိုက်သည်။

“အရင်ဆုံး ကျွန်တော် ချီရှစ်ရှိုးရဲ့ အရူးလုပ်ခံပြီး တောင်ကနေ ထွက်မသွားသင့်ပါဘူး။ ဒုတိယက ချီရှစ်ရှိုးကို မကူညီခဲ့သင့်ပါဘူး။ တတိယက မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း သူ့ဆီ သတင်းမပို့ခဲ့သင့်ပါဘူး။ လေးခုမြောက်က ကျွန်တော် ပျက်သုဉ်းခြင်းကိုးပါးမိုးကြိုးကို ဆင့်ကဲမပြောင်းပစ်လိုက်သင့်ပါဘူး”

“ မင်းက မင်းအပြုအမူတွေကို ဆင်ခြင်ပေးနေတာလား” လုကျိုးက မေးလိုက်သည်။

“ကျွန်တော် မလုပ်ရဲပါဘူး” ကျူးဟုန်ကုန်းက တုန်တုန်ယင်ယင်ဖြင့် ချက်ချင်း ဒူးထောက်လိုက်သည်။

လုကျိုးက ကျူးဟုန်ကုန်း၏ နောက်ကျောသည် ဒဏ်ရာများရှိနေသည်ကို မြင်လိုက်ရသည်။ ထိုအရာက အရိုက်ခံထားရမှ အမာရွတ်များ ဖြစ်၏။ ထိုအရာမှလွဲ၍ သူက ပျက်သုဉ်းခြင်းကိုးပါးမိုးကြိုးကြောင့် တန်ပြန်ရိုက်ချက် ခံထားရလေသည်။ ပြန်လည်သုံးသပ်ရေးဂူထဲရှိ လေအေးများပါ ထည့်ပေါင်းလိုက်လျှင် ကျူးဟုန်ကုန်းက အတော်လေး ပင်ပန်းနွမ်းလျနေဟန်ပေါ်သည်။ သို့သော်လည်း ကျူးဟုန်ကုန်း၏ သစ္စာရှိမှုက တိုးတက်လာပုံပေါ်၏။

ကျူးဟုန်ကုန်းအတွက် ဇင်အဝတ်က သူ ထင်ထားသည့်ထက်ပင် ပို၍ အရေးပါပုံပေါ်သည်။ နောက်ဆုံးတွင် သူက ပြောလိုက်သည် “ထပြော ”

“ ရှစ်စွင်း ကျေးဇူးပါ ”

လုကျိုးက မေးလိုက်သည် “ မင်း မျှော်နန်းရောက်တာ ဘယ်လောက်ကြာပြီလဲ”

“ နှစ် ၂၀ ရှိပါပြီ ”

လုကျိုးက တိတ်ဆိတ်သွားလေသည်။ ခဏအကြာတွင် သူက လက်နောက်ပစ်လျက် ပြန်လည်သုံးသပ်ရေးဂူထဲမှ ထွက်သွားတော့သည်။

“ ရှစ်စွင်း ကောင်းကောင်းသွားပါ ” ကျူးဟုန်ကုန်းက နားမလည်ဖြစ်နေသော်လည်း ဘာမှမမေးရဲပေ။

လုကျိုးက ဂူအပြင်ဘက် ရောက်ပြီးနောက် ရပ်လိုက်ကာ ပြောလိုက်သည်။

“ ပျက်သုဉ်းခြင်းကိုးပါးမိုးကြိုးက မိုးကြိုးကနေ အစပြုလာတာ။ ရှစ်လွှာမြောက်က သံသရာပဲ။ ကောင်းကောင်းအသုံးပြုနိုင်ရင် မင်း ယင်ယန်လှည့်ပတ်မှုကနေ အဆုံးမဲ့စွမ်းအား ရလာနိုင်ပြီး သံသရာထဲ မကျရောက်တော့ဘူး။

ကိုးလွှာမြောက်က အမွှာအင်ကြင်းပင်ပဲ တစ်ဝက်က ညှိုးနွမ်းနေပြီး တစ်ဝက်က လန်းဆန်းတယ်။ အင်ကြင်းပန်း ပွင့်တဲ့အခါ လန်းဆန်းနေတဲ့အခြမ်းက ပျောက်ကွယ်သွားလိမ့်မယ်။ သုံးလအတွင်း မင်း တန်ပြန်ရိုက်ချက် သက်ရောက်မှုတွေကို ဖယ်ရှားခဲ့ … မင်း ကျရှုံးရင် နောက်သုံးနှစ်လုံး ပြန်လည်သုံးသပ်ရေးဂူထဲပဲ နေရမယ်။ မင်း အောင်မြင်ရင်တော့ တောင်ပိုင်းမျှော်နန်းဆီ ရွေ့ရမယ်”

လုကျိုးစကားအဆုံးတွင် ကျူးဟုန်ကုန်း၏ အဖြေကို မစောင့်တော့ဘဲ မိစ္ဆာဝေဟင်မျှော်နန်းဘက် ဦးတည်လိုက်သည်။

ကျူးဟုန်ကုန်းက လုကျိုး စကားများကြားသည့်အခါ ကြောင်တောင်တောင်ဖြစ်နေသည်။ သူက ခဏတာ ကြောင်အမ်းနေပြီးနောက် စိတ်ထဲ ပျော်ရွင်မှုများ အစားထိုးဝင်ရောက်သွားလေသည်။ သူက ဒူးထောက်ကာ “ ရှစ်စွင်း ကျေးဇူးပါ ကျေးဇူးပါ …”

ကျွမ်းကျင်ကပ်ဖားတစ်ယောက်အဖြစ် ကျူးဟုန်ကုန်းက ဘာပြောရမှန်း မသိတော့ဘဲ ထိုစကားများသာ ထပ်ကာထပ်ကာ ပြောနေမိသည်။ သူ့မျက်နှာ၌ မျက်ရည်များ စိုရွဲနေသည်။

လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ရောက်သည့်အခါ စနစ်ဆီမှ အသိပေးချက် ရောက်လာသည်။

“ပျက်သုဉ်းခြင်းကိုးပါးမိုးကြိုး ကျင့်စဉ်ကို ပြည့်စုံအောင်လုပ်ပါ။ ဆုလာဘ် ကုသိုလ်ရမှတ် တစ်ထောင် ရရှိပါမယ် ”

“ ကျူးဟုန်ကုန်းကို သင်ကြားပြသပေးသည့်အတွက် ကုသိုလ်ရမှတ် သုံးရာရရှိပါမယ် ”

လုကျိုးက ကျူးဟုန်ကုန်းအား အနည်းငယ် လမ်းညွှန်ပေးခဲ့လိုက်ရုံမျှဖြစ်ကာ သူ့တပည့်များ၏ ကျင့်စဉ်ကို ပြီးပြည့်စုံအောင် လုပ်ခြင်းဖြင့် အမှတ်ရနိုင်သည်ကို မေ့နေမိသည်။

သူက မှတ်ဉာဏ်များကို ထပ်ရှာကြည့်လိုက်သည်။ သူ့တပည့်ကိုးယောက်အနက် ပြီးပြည့်စုံသည့် ကျင့်စဉ်ရှိသည်မှာ ကျူးဟုန်ကုန်းက နောက်ဆုံးဖြစ်ပုံပေါ်သည်။ ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ စီးဝူယာ့နှင့် ယဲ့ထျန်းရှင်းတို့ ကျင့်ကြံသည့် ကျင့်စဉ်များက ပြီးပြည့်စုံ၏။ လေးယောက်လုံးက တခြားလူများထက် သာလွန်သည့် ကျင့်ကြံဆင့်မျိုး ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလော။

လုကျိုးက စနစ်ကို တစ်ချက်ကြည့်လိုက်သည်။

ကုသိုလ်ရမှတ် - ၄၅၀၀

ထို့နောက် သူက ယင်ယန် အသွင်ပြောင်းခြင်းကိုးမျိုး စိတ်ဝိညာဉ်သဏ္ဍာန်၏ ဈေးကို ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။ အဆုံးသတ်၌ သူက မျက်လုံးမှိတ်ထားလိုက်ပြီး ကောင်းကင်ကျမ်းကိုသာ ဆင်ခြင်လိုက်သည်။

သုံးလအတွင်း လုကျိုးက တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့အား သင်ကြားပြသပေးခြင်းနှင့် အချိန်ကုန်ဆုံးခဲ့သည်။ သူက ကျူးဟုန်ကုန်း၏ တိုးတက်နှုန်းကို စစ်ဆေးရန် ပြန်လည်သုံးသပ်ရေးဂူဆီ ရံဖန်ရံခါ သွားလေ့ရှိသည်။

ကံဆိုးစွာဖြင့် သူက မင်ရှစ်ရင်နှင့် ကျောင်းယွဲ့ဆီမှ ဘာသတင်းမှ ရောက်မလာသေးပေ။ အကယ်၍ သူတို့သာ တောင်ပေါ်ရှိနေလျှင် သူတို့ကိုလည်း သင်ကြားပေးနိုင်လောက်သည်။

မနက်စောစော၌ …

လုကျိုးက တရားထိုင်ပြီးပြီးချင်း ကျိုးကျစ်ဖုန်းသည် ခန်းမကျယ်ထဲ စာတစ်စောင်နှင့်အတူ ရောက်လာကြောင်း မြင်လိုက်ရသည်။

ဤသည်မှာ အံ့ဖွယ်မြို့တော်ဆီမှ သတင်းရလာဖို့ အချိန် ဖြစ်၏။

“မျှော်နန်းသခင် ချင်ကျွင်းဆီက စာရောက်လာပါတယ်”

“ဖတ်လိုက် ”

“ဆရာကြီး … ကျောင်းယွဲ့က မယ်တော်ကြီးဘေးနား ရှိနေပါတယ်။ လီယွင်ကျောက်က မယ်တော်ကြီး သိပ်နေမကောင်းဘူးလို့ ပြောပါတယ်။ ပြီးတော့ မင်ရှစ်ရင်က တော်ဝင်မြို့ထဲ မရှိတော့ဘူး။ လီယွင်ကျောက်က ကျောင်းယွဲ့ကို သူ့အသက်နဲ့ ကာကွယ်ပေးမယ်လို့ အာမခံထားတာ ဆရာကြီးကို စိတ်အေးစေအောင်လို့ပါ။ အခုတလော ဒုတိယမင်းသားက ရူပေ့မှာရှိတဲ့ အမဲလိုက်ကွင်းဆီ ထွက်သွားပါပြီ။ တကယ်လို့ ထူးထူးခြားခြားအဖြစ်အပျက်မရှိရင် မယ််တော်ကြီးလည်း ရက်ပိုင်းအတွင်း ထွက်သွားပါလိမ့်မယ် ”

“မျှော်နန်းသခင် ကျွန်တော် ဒီကိစ္စကို စုံစမ်ဖို့ ရူပေ့ဆီ သွားချင်ပါတယ် ” ကျိူးကျစ်ဖုန်းက စာကို ဖတ်ပြီးနောက် ပြောလိုက်သည်။

“အကျိုးမရှိဘူး ” အကယ်၍ အံ့ဖွယ်မြို့တော်တွင် ရှိကြသည့် ကျန်းအိုက်ကျန့်နှင့် ချင်ကျွင်းတို့ နှစ်ယောက်လုံး ဘာမှရှာမတွေ့လျှင် အပြင်လူဖြစ်သည့် ကျိုးကျစ်ဖုန်းက ဘာများ ရှာတွေ့မည်နည်း။

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ မော့လီအား မည်သို့ဖြေရှင်းရမည်ကို စဉ်းစားလိုက်သည်။ တပည့်များ၏ ဆရာဖြစ်သူအနေနှင့် သူက သူမကို လွတ်မထားနိုင်ပေ။ ထိုစဉ် သူက စနစ်ပေါ်တွင် တာဝန်အသစ်ရှိနေကြောင်း သတိထားမိလိုက်သည်။

မော့လီကို သတ်ပါ …

သူက အကျိုးအကြောင်းသင့်သည်ဟု ထင်မိသော်လည်း ဘာမှမထူးခြားသလို ခံစားမိလိုက်သည်။

တာဝန်ပဲ ဖြစ်ဖြစ် တာဝန်မဟုတ်ဘဲ ဖြစ်ဖြစ် မော့လီရဲ့ ကံကြမ္မာကို သတ်မှတ်ပြီးသွားလေပြီ …

…

အခန်း (၃၁၅) ထူးကဲသောကတ်များက ခက်ခဲမှုကို တိုးစေ

“ဒါအကုန်ပဲ” လုကျိုးက လက်ဝှေ့ယမ်းလိုက်၏။

“ဒါဆို ကျွန်တော်ထွက်သွားပါဦးမယ်”

ကျိုးကျစ်ဖုန်း ထွက်သွားပြီးနောက် လုကျိုးက သူ၏ထူးကဲစွမ်းအားကို စုစည်းနေ၏။ လက်ရှိတွင် သူက ကောင်းကင်ကျမ်းစာ၏ ထူးကဲစွမ်းအားကို နှစ်ကြိမ် အသုံးပြုနိုင်သည်။ အကန့်အသတ် တိုးလာတာ မရှိပေ။ သူက ကောင်းကင်ကျမ်းစာ စာလိပ်ကို ဆက်လက်ဆင်ခြင်နေလျှင် သူတရားထိုင်ခြင်း လမ်းကြောင်းက တိုးတက်လာနိုင်လိမ့်မည်။ ထူးကဲစွမ်းအားလမ်းကြောင်းများ ပိုမိုသိုလှောင်နိုင်မှာ မဟုတ်ချေ။ လုကျိုးက သူ၏ကုသိုလ်မှတ်များကို ထပ်ကြည့်လိုက်၏။

အမှတ်ခုနစ်ထောင့်ငါးရာ ...

သူသည် ကုန်လွန်ခဲ့သည့်သုံးလ၌ တပည့်များကို ညွှန်ကြားပြသပေးခြင်းဖြင့် အမှတ်များစွာ ရရှိခဲ့သည်။

ကုသိုလ်မှတ် လေးဆယ့်တစ် ...

ငါ ... ကံစမ်းမဲမနှိုက်တာ အတော်ကြာနေပြီ။ ခဏတာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ကံစမ်းမဲဆယ်ခုဆက်တိုက် နှိုက်လိုက်၏။

ထင်သည့်အတိုင်းပင် ကျေးဇူးတင်ရှိကြောင်း စာဆယ်စောင်ရရှိလိုက်၏။ ကံစမ်းမဲနှိုက်ရန် သို့မဟုတ် အကြောင်းမရှိပေ။

ကံအတိုင်းပဲထားလိုက်တာပေါ့ ဆက်နှိုက်မယ်။

“ကံစမ်းမဲ”

“တင်း ... ကုသိုလ်မှတ်ငါးဆယ်နှင့် ကံကောင်းမှတ်ငါးမှတ်သုံးလိုက်ပါပြီ ... အထူးရတနာသေတ္တာ တစ်လုံးရရှိပါပြီ”

လုကျိုးက ထိုအသိပေးသံကို ကြားသောအခါ သူက တက်ကြွသွား၏။ စနစ်သည် ကြင်နာရန် ရုတ်တရက် ဆုံးဖြတ်လိုက်လေလော၊ သို့တည်းမဟုတ် သူပိုကံကောင်းလာသလောမသိ ကံကောင်းမှတ် ငါးဆယ့်တစ်မှတ် ရပြီးမှ ထူးခြားသောရတနာသေတ္တာကိုရရှိတာ ယုံနိုင်ရန် ခက်ခဲနေသည်။

မည်သို့ပင်ဆိုစေကာမူ သူက အာဖရိကအကြီးအကဲတစ်ဦးအဖြစ်မှ ဥရောပတော်ဝင်မျိုးနွယ်အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

သူ့ရှေ့ရှိစားပွဲပေါ်၌ ထူးခြားသော ရတနာသေတ္တာတစ်လုံး ပေါ်လာသည်။ ရတနာသေတ္တာက မကြီးပေ။ အံဆွဲတစ်လုံး အရွယ်အစားခန့်သာ ရှိ၏။ သေတ္တာထဲ၌ ပစ္စည်းကြီးကြီးမားမား ရှိပုံ မပေါ်ပေ။

“အချိန်အကန့်အသတ်သုံးရက် ... အချိန်အကန့်အသတ်သုံးရက်အတွင်း မဖွင့်နိုင်ရင် ကွယ်ပျောက် သွားပါမယ်”

လုကျိုးက ခါးကိုင်းပြီး ရတနာသေတ္တာသည် သူနောက်ဆုံးအခေါက်က တပည့်များ၏ လက်နက်ဖြင့် ဖွင့်လှစ်ခဲ့သည့် သေတ္တာနှင့် တူနေသလားဟု စဉ်းစားလိုက်သည်။ ထိုသို့သာဆိုလျှင် သုံးရက်က အချိန်ကြပ်သည်။

သူက ဘယ်ညာကြည့်ပြီးနောက် သေတ္တာကို စတင်လေ့လာတော့၏။ သေတ္တာ၏ခြောက်ဖက်လုံး၌ ထူးခြားသောသွေးကြောများ၊ သို့မဟုတ် ပုံသဏ္ဌာန်များ မရှိပေ။ သို့သော် သူ့ကိုမျက်နှာမူနေသော သေတ္တာ၌ ခလုတ်တစ်ခုရှိနေသည်။

သူက ရယ်မောလိုက်၏။ ဒါကို အလွယ်တကူဖွင့်နိုင်မယ်ဆိုရင် ဒါကိုဖွင့်ဖို့အချိန်အကန့်အသတ် ဘာလို့ထားတော့မှာလဲ ... ကြည့်ရတာစနစ်က တုံးအတဲ့အခိုက်အတန့်ရှိနေသေးပုံပဲ။

လုကျိုးက လက်မြှောက်ပြီး ကြေးနီသေတ္တာကို ရိုက်ချလိုက်၏။ သူ ခလုတ်မနှိပ်ရသေးခင် အထဲတွင် မည်သည့်ရတနာ ပါဝင်နေလည်းဆိုတာ သူသိချင်၏။ ‘ကလစ်’

“တင်း ... သင်သည် ယင်ယန်အသွင်ပြောင်းခြင်းကိုးပါး စိတ်ဝိညာဉ်သဏ္ဌာန်၊ ထူးခြားသော နားချိန် တစ်ခု (သေတ္တာပွင့်သွားသည်နှင့် သုံးစွဲ၍ရမည်) အကြောင်းပြန်လှန်ကတ် နှစ်ဆယ်၊ အတိုက်အခိုက်ဒဏ်ပြင်းကာကွယ်ကတ်ငါးဆယ် ရရှိမည်... သေတ္တာကို ဖွင့်ရန် ဆန္ဒ ရှိပါသလား”

လုကျိုးသည် စနစ်အသိပေးစာကို မြင်လိုက်ရသောအခါ ကြက်သေသေသွားလေ၏။ ဆုလာဘ်များက များပြားလွန်းလှသည်။

ယင်ယန်အသွင်ပြောင်းခြင်းကိုးမျိုးတစ်ခုကတင် ကုသိုလ်မှတ်သုံးသောင်းကျသင့်၏။ သူ၏ ပိုင်ဆိုင်မှုတွင်းရှိ အကြောင်းပြန်လှန်ကတ်နှစ်ကတ်က ယခုဆို အကြောင်းပြန်လှန်ကတ် နှစ်ဆယ့် နှစ်ကတ် ရှိသွားပြီဖြစ်သည်။

ဒီထူးခြားတဲ့နားချိန်က ဘာလဲ။

လုကျိုးက ထပ်မနှိပ်ပေ။ အသွင်ကူးပြောင်းလာသည့်လူတစ်ယောက်အနေဖြင့် နားချိန်က ဘာမှန်းသူသိသည်။ ဤထူးခြားသောကတ်က ဆုလာဘ်များကို သူရရှိချိန်၌ သုံးစွဲနိုင်သည်ကို တစ်ခုခုကန့်သတ်ထားလေသလော။ ထိုသို့သာဆိုလျှင် သေတ္တာကိုမဖွင့်ခင် ဂရုတစိုက် စဉ်းစားရပေမည်။

လုကျိုးက ခြေထောက်ဖြည်းဖြည်းချင်း ကြွလိုက်၏။ ယင်ယန်အသွင်ပြောင်းခြင်း ကိုးမျိုးနှင့် အကြောင်းပြန်လှန်ကတ်နှစ်ဆယ် သူစိတ်မလှုပ်ရှားဟု ပြောလျှင်လိမ်ရာ ရောက်မည်။

သူက မျက်မှောင်ကျုံ့ပြီး ရေရွတ်ပြောလိုက်၏။

"သုံးရက်အကန့်အသတ်လား...”

အမဲလိုက်ပွဲက စတော့မှာ ... ဒါကို ငါ့အတွက် ခက်ခဲမှုတိုးအောင်ကြိုးစားနေတာလား။ လုကျိုးက စိတ်ထဲ ရှုတ်ချလိုက်သည်။ သူက သေတ္တာကိုဖွင့်တော့မည့်အချိန်၌ ခန်းမကျယ်အပြင်ဖက်ကနေ အသံတစ်သံကြားလိုက်ရ၏။

“မျှော်နန်းသခင်...”

လုကျိုးက လှည့်ကြည့်လိုက်ရာ လမ်းလျှောက်ဝင်လာသော လန်လော့ကို တွေ့လိုက်ရ၏။ ငွေရောင် မျက်နှာဖုံးအောက်ရှိ သူ၏မျက်ဝန်းများက ယခုဆို ပိုအသက်ဝင်လာပုံပေါ်သည်။ သူသည် လန်လော့ကို မိစ္ဆာဝေဟင်မျှော်နန်းထဲ လက်ခံစဉ်က ခေါင်းမာပြီးဖြေရှင်းရခက်သည့်သူကို ဖြေရှင်းရန် ပြင်ဆင်ထားခဲ့၏။ သို့သော်ငြား ကိစ္စများက အဆင်ပြေလာပုံပေါ်သည်။ သူက လက်ဝှေ့ယမ်းလျက် ပြောလိုက်၏။

"တခမ်းတနား နှုတ်ဆက်မနေနဲ့တော့”

လန်လော့က လုကျိုးကို အရိုအသေပေးပြီးပြောလိုက်၏။

"အမဲလိုက်ပွဲမှာ ဝင်စွက်ဖက်မယ်လို့ ကြားထားတယ် ... မျှော်နန်းသခင်”

“အဟုတ်ပဲ” လုကျိုးက ခေါင်းညိတ်လိုက်၏။

“ဒီဖြစ်ရပ်နောက်ကွယ်မှာ ကြိုးကိုင်သူက မော့လီပဲ ... ဒါကြောင့် ရူပေ့ကို မျှော်နန်းသခင်နဲ့ အတူသွားဖို့တောင်းဆိုပါရစေ” လန်လော့ကပွင့်ပွင့်လင်းလင်းပြော၏။

လုကျိုးက လန်လော့ကိုကတိတစ်ခုပေးခဲ့သည်။ မော့လီက လန်လော့၏တစ်ခုတည်းသော ပစ်မှတ် ဖြစ်၏။ လန်လော့က မော့လီသေတာကို မတွေ့ရလျှင် ငြိမ်းငြိမ်းချမ်းချမ်း မနေထိုင်နိုင်လောက်ဟု သူတွေးမိသည်။ သူကမေးလိုက်၏။

“မင်းရဲ့ဒဏ်ရာတွေ မပျောက်သေးဘူး ... ကျင့်ကြံဆင့်က ပြန်မကောင်းသေးဘူး။ မင်း လိုက်ချင်တာ သေချာလား”

လန်လော့ကမတ်မတ်ရပ်လျက်ပြောလိုက်၏။

"မော့လီက နန်းတော်အတွင်းပိုင်းထဲမှာ အမြဲတမ်း နေနေတာ ... သူအပြင်ထွက်လာပြီဆိုမှတော့ ဒါက ကောင်းကင်ဘုံက ချီးမြှင့်တဲ့ အခွင့်အရေးတစ်ခုပေါ့”

“လူကြီးလူကောင်းတစ်ယောက်အတွက် ဆယ်နှစ်ကြာပြီးမှလက်စားချေရင်တောင် မနောက်ကျဘူး”

“ကျွန်တော်က လူကြီးလူကောင်းတစ်ယောက်မဟုတ်ဘူး”

“…” လုကျိုးသည် လန်လော့ထိုမျှခေါင်းမာလိမ့်မည်ဟုမထင်ထားပေ။ သူက မုတ်ဆိတ်သပ်ပြီး ပြောလိုက်တော့၏။

“ဒီလိုဆိုမှတော့ ငါ ကတိတည်မယ် ... မင်းရဲ့ကျင့်စဉ် ဘယ်လောက်ပြန်ရပြီလဲ”

“လေးဆယ်ရာခိုင်နှုန်း” လန်လော့က ရိုးသားစွာပြန်ပြောလိုက်သည်။

လုကျိုးက ခေါင်းညိတ်လိုက်၏။ လန်လော့၏အခြေအနေက ဖန်လီထန်းနှင့် မတူညီပေ။ ဖန်လီထန်း၏ ကျင့်ကြံမှုအခြေခံက ဖျက်ဆီးခံလိုက်ရ၏။ ဟေးမုလျန်၏အကူအညီဖြင့် ဖန်လီထန်းက ပိုမြန်မြန်ဆန်ဆန် ပြန်ကောင်းလာ၏။ တစ်ဖက်တွင်မူ လန်လော့က နတ်ဆရာဆယ်ပါးနှင့် တိုက်ပွဲ၌ သူ၏ ချီပင်လယ်ကို ဖောက်ခွဲပစ်ခဲ့တာဖြစ်သည်။ လန်လော့အဖို့ ကျင့်စဉ်လေးဆယ် ရာခိုင်နှုန်း ပြန်ရသည်က အတော်လေး ချီးကျူးစရာ ကောင်းနေ၏။ သူက မေးလိုက်သည်။

“လေးဆယ်ရာခိုင်နှုန်း ... မင်း စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု မသုံးရင် ‌အစောပိုင်း နတ်ဝိညာဉ်သဏ္ဌာန် ကျင့်ကြံသူတစ်ယောက်နဲ့ တိုက်ခိုက်နိုင်လောက်တယ်။ မော့လီကို သတ်ဖို့ ယုံကြည်ချက်ရှိလား"

ထောက် ...

လန်လော့က ဒူးထောက်လျက် လက်သီးဆုပ်မိုးလိုက်သည်။ သူက စကားလုံးတိုင်းကို ရှင်းရှင်း လင်းလင်း ကျယ်လောင်စွာ ပြောလိုက်လေ၏။

“ကျေးဇူးပြုပြီး ကျုပ်ဆန္ဒကို ဖြည့်ဆည်းပေးပါ ... မျှော်နန်းသခင်” ခန်းမကတိတ်ဆိတ်သွားလေ၏။

လုကျိုးက လန်လော့ကိုမကြည့်ပေ။ ထိုအစားလက်နောက်ပစ်ထားလျက် လန်လော့ကို ပတ်လျှောက်လိုက်သည်။

ကျောင်းယွဲ့က အံ့ဖွယ်မြို့တော်တွင် ရှိ၏။ မင်ရှစ်ရင်က သိုသိုသိပ်သိပ်နေနေတာဖြစ်ရမည်။

လုကျိုးက စဉ်းစားလိုက်တော့သည်။ မော့လီပေါ်လာသရွေ့ သူက စီးတော်ယာဉ်နှင့် အသေရိုက်ချက်ကတ်ကို သုံးနိုင်သည်။ ပြဿနာက မော့လီ၏ဘေး၌ လက်ရွေးစင်များစွာ ရှိနေတာပဲဖြစ်သည်။ ပဒုမ္မာစင်မြင့်ပေါ်၌ ပေါ်လာသည့် ခမ်းနားသော နတ်ဆရာလည်းရှိသေးသည်။ သူ့အဖို့ သူ၏ ကျင့်စဉ်ဖြင့် များပြားသည့် လက်ရွေးစင်များကို ဖြေရှင်းဖို့က မဖြစ်နိုင်ပေ။ သို့သော် မော့လီက ဉာဏ်ထက်မြတ်ပြီး မူလဝေ့ကျိုးယန်နှင့် ယှဉ်လျှင် ပိုကောက်ကျစ်၏။ ထိုအကြောင်းအရင်းကြောင့် လန်လော့ကို ခေါ်သွားတာက မဆိုးလှသည့်အကြံဟု သူတွေးမိသည်။

“မလှုပ်နဲ့” လုကျိုးက လက်ကိုရုတ်တရက်မြှောက်လိုက်၏။ ခွန်အားမြှင့်တင်ထားသော အရေးပေါ် ကုသရေးကတ်က သူ့လက်ဖဝါးထဲ၌ ပေါ်လာ၏။ သူက ၎င်းကို ခြေမွှလိုက်သည်။ ဆန်းကြယ်သော စွမ်းအားက သူ့လက်ဖဝါးထဲ၌ သိပ်သည်းလာပြီး စွမ်းအားက သမုဒ္ဒရာလှိုင်းတစ်ခုပမာ ဖြစ်နေသည်။

“ဒါက...” လန်လော့က ထိတ်လန့်သွားသည်။ သူက မလှုပ်ခဲ့ပေ။ ဆိုရလျှင် လုကျိုးက ဆန္ဒရှိပါက လုကျိုးအတွက် သူ့ကိုသတ်ဖို့ကလွယ်ကူနေမှန်းသူသိနေ၏။ ယနေ့အချိန်ထိ လုကျိုးစောင့်နေရန် မလိုပေ။

လန်လော့ကအခြေအနေကို သဘောမပေါက်သေးခင် သူ၏ခန္ဓာကိုယ်ကို စွမ်းအင်လေပွေက ရစ်ပတ်ထား၏။ စွမ်းအင်များက ခန္ဓာကိုယ်၏ ထူးကဲချီသွေးကြောရှစ်ကြောထဲ စီးဝင်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်းကရုဏာလေထက် အဆပေါင်းများစွာ ပိုသန်မာသည့် ကုသခြင်းစွမ်းအားက ပေါ်ထွက်လာ၏။

“ကြာပုံစံ” လုကျိုးက လက်ပြန်ရုပ်လိုက်သည်။

လုကျိုးက သူ၏ဒဏ်ရာများကို ကုသပေးနေကြောင်း လန်လော့နောက်ဆုံးတော့ သဘောပေါက် သွားသည်။ သူက လုကျိုးကို အရိုအသေပေးပြီးနောက် ချက်ချင်း တင်ပျဉ်ခွေချိတ် ထိုင်လိုက်၏။ သူက လက်အုပ်ချီလျက် ကြာပုံစံထိုင်လိုက်သည်။ သူ့နားတဝိုက်ရစ်ဝဲနေသောစွမ်းအင်ကို ခံစားမိ၏။

လုကျိုးသည် လန်လော့ကိုစိတ်ကျေနပ်စွာကြည့်လိုက်သည်။ သူက လန်လော့လှည့်စားမှာကို မစိုးရိမ်ပေ။ ထို့အပြင် ခွန်အားမြှင့်တင်ခြင်း အရေးပေါ်ကုသခြင်းကတ်က လန်လော့၏ ဒဏ်ရာကိုသာ ကုသပေးနိုင်၏။ လန်လော့က ကျင့်စဉ် ပြန်ကောင်းလာရန် သူ့ကိုယ်သူသာ အားကိုးရဦးမှာပဲဖြစ်သည်။

တစ်နာရီခန့် ကြာညောင်းသွား၏။ လန်လော့က မျက်လုံးဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ ပတ်ဝန်းကျင်ကို ကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်၏။ သူက လက်ပြန်ရုပ်ကာ ခြေထောက်ဖြည်းဖြည်းချင်း ကြွလိုက်သည်။

လုကျိုးက လန်လော့၏သစ္စာရှိမှုတိုးလာကြောင်း သတိပြုမိလိုက်သည်။ သူက မေးလိုက်သည်။

“မင်းရဲ့ဒဏ်ရာတွေ ဘယ်လိုနေလဲ”

လန်လော့က တလေးတစား လက်သီးဆုပ်မိုးလျက် ပြောလိုက်၏။ ဒဏ်ရာကိုးဆယ်ရာခိုင်နှုန်း ပျောက်ကင်းသွားပါပြီ ... ကျုပ်ရဲ့ကျင့်စဉ်အရ ဘာမှဖြစ်မလာခဲ့ရင် သုံးလအတွင်း ပြန်ကောင်းသွားမှာ သေချာပါတယ်”

“ကောင်းတယ်” လုကျိုးက ခေါင်းညိတ်လိုက်၏။

“အခွင့်အရေး ပေးမယ်ဆိုရင် မော့လီကို အနိုင်ယူဖို့ ယုံကြည်ချက်ရှိပါတယ်။” လန်လော့က ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။ ဆိုရလျှင် သူက ပွင့်ချပ်ရှစ်လွှာ လက်ရွေးစင်ဖြစ်သည်။ ပိန်လှီနေသော ကုလားအုတ်က မြင်းတစ်ကောင်ထက်တော့ ပိုကြီးသေး၏။

လုကျိုးက လန်လော့၏စကားကို သံသယမရှိပေ။ “မင်း ... မျှဝေချင်တဲ့အစီအစဉ်ရှိလား”

All Chapters