အခန်း (၃၁၉-၃၂၁)
Vol. 22 Ch. 319-321
အခန်း (၃၁၉) သူတို့ကိုယ်ပိုင်ကစားပွဲမှာ သူတို့ကိုရိုက်ချ
“စစ်သူကြီး ...”
ဖြန်း ....
ဟန်ယွီယွမ်က ရုတ်တရက်လှည့်လိုက်ပြီးနောက် သူ၏ငယ်သားကို ရိုက်ချလိုက်သည်။
လက်အောက်ငယ်သားသည် ရိုက်ချက်ကြောင့်နောက်ဆုတ်သွားကာ သူ၏မျက်နှာကချက်ချင်း ယောင်ကိုင်းလာလေ၏။ နှစ်ပတ်ခန့်လည်သွားပြီးနောက်သူက မူးဝေသွားကာ မြေကြီးပေါ် လဲကျသွား၏။
“ထွက်သွား”
ဟန်ယွီယွမ်က ဟိန်းဟောက်လိုက်သည်။
“ပြောမိတဲ့အတွက် တောင်းပန်ပါတယ် ... အခုထွက်သွားပါတော့မယ်”
ဟန်ယွီယွမ်သည် ထိုလက်အောက်ငယ်သားကိုစိတ်ထဲမထားတော့ပေ။ ထိုအစား သူက ပြုံးလျက် စီးဝူယာ့ကို ကြည့်ကာပြောလိုက်တော့သည်။
“သူကအဲ့လိုပဲလေ ကြမ်းကြုတ်တဲ့စိတ်နေစိတ်ထားရှိတယ်။ အချစ်နဲ့အမုန်းကြားမှာ ရှင်းလင်းတဲ့ မျဉ်းကြောင်းတစ်ခုကို သူဆွဲထားတာ ... ဒါပေမဲ့သူကအင်မတန်သစ္စာရှိပြီး ကျုပ်ရဲ့အရည်အချင်းရှိဆုံး လက်အောက်ငယ်သားတွေထဲက တစ်ယောက်။ စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီးမဆုံးဖြတ်တတ်ဘူးလေ။ သူကအဆင်ခြင်မဲ့ပြီး စိတ်မရှည်တတ်တဲ့ပုံပေါ်ပေမဲ့ သူ့အလုပ်ကိုကောင်းကောင်းလုပ်တယ်။ သူက ဘယ်တော့မှမဆွဲဘူး”
သူက လက်တစ်ဖက် မြှောက်လိုက်ရာ ကြီးမားသည့်စွမ်းအင်ဓားသွားက ပေါ်ထွက်လာ၏။ ပြီးနောက် စီးဝူယာ့၏လက်ကိုတုပ်နှောင်ထားသည့်ကြိုးကိုဖြည်ပေးလိုက်ရာ ကြိုးက ချက်ချင်း ပြုတ်ကျသွား၏။ စီးဝူယာ့က သူ့လက်ကိုဆန့်လိုက်တော့သည်။ သူက သက်ပြင်းရှည်ကြီးချပြီး ပြောလိုက်တော့၏။
“ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေကို ဖြေရှင်းတဲ့နည်းကို ကျုပ်အထင်ကြီးမိပါရဲ့ စစ်သူကြီးဟန် ... ဘယ်သူကများ ကျုပ်ကို ဖမ်းချင်နေတာလဲ သိချင်မိတယ်။ ကျုပ်ကိုပြောပြနိုင်မလား”
“ဒီအကြောင်းတွေ သိဖို့ အဓိပ္ပာယ်မရှိဘူး ... ခင်ဗျားမသေခင်ထိ ခင်ဗျားကို ဘယ်သူမှမထိစေရဘူးလို့ အာမခံတယ်” ဟန်ယွီယွမ်က ပြော၏။
“ခင်ဗျား ... ကျုပ်ကိုမပြောဘူးပေါ့”
ဟန်ယွီယွမ်က ဘယ်ဖက်ကိုမျက်နှာမူလျက် လက်သီးဆုပ်မိုးကာပြောလိုက်တော့သည်။ “ကျုပ်ကို ခိုင်းထားတဲ့အတိုင်းပါ”
“စိတ်ဝင်စားစရာပဲ” စီးဝူယာ့က ပြုံးလိုက်၏။
ဟန်ယွီယွမ်က သက်ပြင်းချကာပြောလိုက်တော့သည်။
“ခင်ဗျားက ကျုပ်ရဲ့မျှော်လင့်ချက်မဲ့နေတဲ့ ညီလေးကိုသတ်ခဲ့တယ်။ ပုံမှန်ဆို ခင်ဗျားကို ထက်ပိုင်းပိုင်းပြီး ခင်ဗျားရဲ့လမ်းကိုပို့လိုက်မှာ ဒါပေမဲ့ အခြေအနေတစ်ခုလုံးက ကျုပ်ရဲ့ကိုယ်ရေးကိုယ်တာ အငြိုးအတေးထက် ပိုအရေးကြီးတယ်”
“ဟန်ယွီဖန်းက ကြွက်ငါးကောင်ရဲ့ခေါင်းဆောင် ... ရှန့်စုရှုမြို့ရဲ့ပုန်ကန်မှုကလည်း သူတို့လုပ်တာပဲ ခင်ဗျားက တော်ဝင်အစောင့်ရဲ့မဟာစစ်သူကြီး ရှစ်ယောက်ထဲကတစ်ယောက် ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာ ဆက်နွယ်မှုကို ဖယ်ရှားပြီးခင်ဗျားတာဝန်ကိုပဲ လုပ်သင့်တာ” စီးဝူယာ့က ပြောလိုက်သည်။ ယင်းက စကားစစ်ထိုးသည်သာဆိုလျှင် သူက ဟန်ယွီယွမ်ကိုမကြောက်ပေ။ အဆုံးတွင်မူ ဟန်ယွီယွမ်က သိုင်းသမားမျှသာဖြစ်သည်။
ဟန်ယွီယွမ်က ပြုံးပြီးပြောလိုက်တော့၏။ “ကျုပ်ကို တော်ဝင်ရုံးတော်က လုပ်ခလစာပေးထားတယ် ဆိုမှတော့ သူတို့ကို ခစားတာ သဘာဝပဲပေါ့။ ဒါက မတူညီတဲ့ကိစ္စနှစ်ခုပဲလေ။ ဟန်ယွီဖန်းကို ဖမ်းမိခဲ့တဲ့သူက ကျုပ်ဖြစ်နေရင် သူ့ကိုသတ်လိုက်မှာပဲ”
စီးဝူယာ့က ခေါင်းညိတ်ကာပြောလိုက်မိ၏။
"ကျုပ် သိချင်မိပါရဲ့ ... ဟန်ယွီဖန်းရဲ့အရည်အချင်းနဲ့ သူက အံ့ဖွယ်မြို့တော်ထဲမှ အဟန့်အတားမရှိ ဘယ်လိုများသွားလာနိုင်တာလိမ့်ပေါ့ ... အစကတော့ သူက အရည်အချင်း အလွန်ရှိတယ်လို့ထင်ခဲ့တာ ဒါပေမဲ့ အခု မရိုးရှင်းမှန်းသိလိုက်ရပြီ”
ဖြန်းးးး
ဟန်ယွီယွမ်သည် သူ့ရှေ့ရှိစားပွဲကို လက်ဝါးဖြင့်ရိုက်ချပြီးပြောလိုက်တော့သည်။
“ဂိုဏ်းချုပ်စီး ... တစ်စုံတစ်ယောက်က ခင်ဗျားကို ကာကွယ်ပေးနေတာကြောင့် ခင်ဗျားပေါ် ကျုပ်လက်မတင်ဘူးလို့ မထင်နဲ့ ... ကျုပ်စိတ်ရှည်သည်းခံမှုက အတိုင်းအတာရှိတယ်”
ဟန်ယွီယွမ်က ပြောပြီးသည်နှင့် လက်အောက်ငယ်သားတစ်ဦးက သူ့နားချဉ်းကပ်လာကာ တီးတိုးပြောလိုက်တော့၏။ အမျက်ဒေါသအရိပ်အယောင်များသည် ရှင်းလင်းသွားကာ မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ဖူးပွင့်လာတော့သည်။
“ဂိုဏ်းချုပ်စီး ... ပွဲကစပြီပဲ” ဟန်ယွီယွမ်က နာခံခြင်းနွေဦးမျှော်စင်ကိုလက်ညှိုးထိုးပြလိုက်၏။ မျှော်စင်ဝင်ပေါက်၌ မြစ်တစ်စင်းက စီးဆင်းနေလေသည်။ မျှော်နန်း၏ပြတင်းပေါက်ကနေ အရာအားလုံးကိုမြင်နိုင်သည့် ယင်းက ရှုထောင့်ပဲဖြစ်သည်။
ကလောက် ... ကလောက်
ထောက် ... ထောက်
မျှော်နန်းအဆုံး၌ လူတစ်စုက ဝင်လာတော့သည်။ ထိုလူတစ်စုသည် အနီရောင် ပန်းပွင့်ထည်များ ကာထားသည့်မြင်းလှည်းတစ်စီးကို ဦးဆောင်လာ၏။ မြင်းလှည်းဘေး၌ ရံရွေတော်မိန်းကလေး များစွာကလည်း လျှောက်နေသည်။
မြင်းလှည်းရှေ့တွင် ဦးဆောင်နေသည့်သူက မယ်တော်ကြီးဘေးရှိ အကျော်အမော်လီယွင်ကျောက်ပဲ ဖြစ်သည်။ သူက သတ်ဖြတ်လိုစိတ်ဖြင့် ဖြည်းဖြည်းချင်းလျှောက်လာလေ၏။ တဖွဲ့လုံးက ဖြည်းဖြည်းချင်း ချဉ်းကပ်လာတော့သည်။ ယင်းက မယ်တော်ကြီး၏မြင်းလှည်းပဲဖြစ်သည်။
“ရပ်” လီယွင်ကျောက်၏ စူးရှုသည့်အသံက ပွဲကြည့်စင်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားလေသည်။ သူက လေထဲခုန်တက်လိုက်ပြီးနောက်ပတ်ဝန်းကျင်ကိုလေ့လာကာ မြင်းလှည်းဘေးသို့ဖြည်းဖြည်းချင်း ဆင်းသက်လိုက်၏။ ပြီးနောက် သူက ညင်သာစွာပြောလိုက်တော့သည်။
“မယ်တော်ကြီး ... မင်းသမီးလေး ကျွန်တော်မျိုးတို့ရောက်ပါပြီ”
ထိုစဉ် စစ်သည်နှစ်စုက နန်းတော်၏အခြားတစ်ဖက်ကနေပေါ်ထွက်လာ၏။ လီယွင်ကျောက်က စိတ်အနှောင့်ယှက်ဖြစ်ပုံမပေါ်ပေ။ သူတို့မည်သူမှန်းသူသိနေ၏။ စစ်သည်နှစ်စုက မြင်းလှည်းရှေ့၌ ရပ်တန့်လိုက်သည်။
“အဘွား”
“အဘွား”
ထိုစဉ် ကျက်သရေရှိပြီး အထက်တန်းလွှာဆန်သည့်အဖွားအိုတစ်ဦးက အားလုံး၏မြင်ကွင်းရှေ့၌ ပေါ်လာသည်။ ကားလိုက်များဘေးသို့လိပ်တင်လိုက်ပြီးနောက် သူမက ခြေကြွကာမြင်းလှည်း အပြင်ဖက်သို့ထွက်လိုက်၏။ သူမက အနည်းငယ်ဖြူဖျော့နေသည်။ သို့သော်ငြား မျက်လုံးထဲ၌ မောပန်းနွမ်းနယ်ရိပ်မရှိချေ။
ကျောင်းယွဲ့သည်မြင်းလှည်းထဲမှအမြန်ထွက်ကာ သူမကိုကူတွဲလိုက်၏။
“ဖွားဖွား”
မယ်တော်ကြီးက လှည့်လာပြီးကျောင်းယွဲ့၏လက်ကိုကိုင်ထားကာပြောလိုက်တော့၏။
“ချစ်လှစွာသောမြေးလေး”
ကျောင်းယွဲ့က နန်းတွင်းဝတ်စုံကိုဝတ်ထားလေ၏။ လူတစ်ယောက်သည် သတိမထားမိပါက မိစ္ဆာဝေဟင်မျှော်နန်းမှ ပဉ္စမမြောက်တပည့်ဆိုးဆိုတာ မှန်းဆမိရန်ခက်ခဲလှသည်။
မျှော်နန်းထဲ၌ စီးဝူယာ့သည် ကျောင်းယွဲ့ကိုမြင်သောအခါ အနည်းငယ်အံ့ဩထိတ်လန့်သွား၏။ ကျောင်းယွဲ့သည် မင်းသမီးယွင်ကျောင်း၏သမီးဖြစ်မှန်းသူသိသော်ငြား မြင်လိုက်ရသည့်အချိန်၌ မထိတ်လန့်ဘဲ မနေနိုင်ချေ။
ဟန်ယွီယွမ်က ပြုံးပြီးပြောလိုက်၏။
"ကျောင်းယွဲ့ ... မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပဉ္စမမြောက်တပည့် ... မင်းသမီးယွင်ကျောင်းရဲ့သမီး ... မယ်တော်ကြီးက အရှင်မင်းသားကို မင်းသမီးကျောင်းယွဲ့ဆိုတဲ့ ဘွဲ့ပေးဖို့အမိန့်ပေးပြီးသွားပြီ။ နှမြောစရာက မင်းသမီးလေးအဖြစ် နေရမဲ့ရက်က နည်းနေတာပဲ”
“သူက မင်းသတ်ချင်တဲ့သူလား” စီးဝူယာ့က မေးပြီး ဇဝေဇဝါဖြစ်သွား၏။
“သူတင်မကဘူး မင်းကောပဲ” ဟန်ယွီယွမ်က စီးဝူယာ့ကိုကြည့်ပြီးပြုံးလိုက်၏။ သူက ဉာဏ်ထက်သည်ဟု တွေးထား သည့် လူများ၏ကံကြမ္မာကို ဆုံးဖြတ်ရန် အခွင့်အာဏာရှိနေသည်ဟူသော ခံစားချက်မျိုးကို သဘောကျသည်။ စစ်မြေပြင်၌ ရန်သူများ၏ ခေါင်းကို ဖြတ်သည့်အချိန်ထက် ပိုပြီးစိတ်ကျေနပ်နေ၏။
မယ်တော်ကြီးက ဒုတိယမင်းသားနဲ့ စတုတ္ထမင်းသားကို တစ်ချက်ကြည့်ပြီး သိမ်မွေ့စွာ ပြောလိုက်သည်။ "မင်းတို့ထလို့ရပြီ ... ဒါနန်းတော်မဟုတ်ဘူး”
“အဖွား ... ကုစားဖို့အတွက် စံအိမ်တော်ကို လာမယ်ဆိုတာသိပြီးသားပါ။ ဒါကြောင့် အဖွားအတွက် ပွဲတချို့အမဲလိုက်ပေးမယ် ... ကျွန်တော်တို့တွေ ရူပေ့မြို့မှာအကောင်းဆုံး စားဖိုမှူးကိုလည်း ခေါ်ထားတယ်” လျိုပင်းက ပြော၏။
လျိုဟွမ်သည် အခွင့်ကောင်းကို လျိုပင်းအား ခိုးယူခွင့်ပေးမှာ မဟုတ်ချေ။ သူက ချက်ချင်းပြောလိုက်၏။
“အဖွားအတွက်ဖျော်ဖြေမှုတစ်ခုလည်း ပြင်ထားတယ် ... နန်းတော်ထဲမှာဆို ပျင်းစရာကောင်းပေမဲ့ ဒါက ရူပေ့လေ ... အဖွားနားထောင်ရတာကြိုက်တဲ့ သီချင်းတွေပြင်ဆင်ပေးနိုင်ပါတယ်”
ထိုစကားကိုလီယွင်ကျောက်ကြားသောအခါ အရိုအသေပေးပြီးပြောလိုက်၏။ "အရှင်မင်းသား ... မယ်တော်ကြီးဘေးကင်းဖို့ သေချာချင်ပါတယ်။ စံအိမ်တော်ထဲကို မသိကျွမ်းတဲ့သူတွေကို ဖိတ်ခေါ်တာ မလုပ်ရင်ပိုကောင်းလိမ့်မယ်”
“လီကုန်းကုန်း ... ကျုပ်ယုံကြည်ရတဲ့လူတွေကိုပဲခေါ်လာမှာပေါ့” ဒုတိယမင်းသားလျှိုဝမ်က ပြောလိုက်လေ၏။
လီယွင်ကျောက်က မျက်မှောင်ကျုံ့လိုက်သည်။ မင်း သူတို့ကိုယုံပေမဲ့ ငါ မယုံဘူးလေ ...
မယ်တော်ကြီးက လက်ဝေ့ယမ်းပြီးပြောလိုက်တော့၏။ “နောက်ဆုံးတော့ အပြင်ထွက်လာဖို့ အခွင့်အရေးရပြီ ... လေကောင်းလေသန့်ရှူနိုင်ပြီ။ စကားများနေတာရပ်တော့”
“နားလည်ပါပြီ”
ကျန်သည့်သူများက အရိုအသေပေးလိုက်၏။ ကျောင်းယွဲ့က မယ်တော်ကြီးကို ကူတွဲကာ မြင်းလှည်းထဲကနေ ဆင်းပြီး စံအိမ်တော်ထဲကိုဝင်သွားသည်။
စံအိမ်နှစ်ခုလုံးက အစောင့်အကြပ်များထူထဲစွာဝန်းရံထား၏။ မည်သူ့ကိုမှ ဝင်ခွင့်မပေးပေ။
လီယွင်ကျောက်သည် ပတ်ဝန်းကျင်ကို ခဏတဖြုတ်လေ့လာပြီးနောက် စံအိမ်တော်ထဲ ဝင်သွားလိုက်၏။
ထိုစဉ်စံအိမ်တော်နားသို့ မြင်းလှည်းများစွာက ဖြည်းဖြည်းချင်းချဉ်းကပ်လာ၏။ ထိုမြင်းလှည်းများထဲမှ တစ်စီးမှ လုကျိုးနှင့် ရှောင်ယွမ်အာသည် ထူးခြားစွာ ဝတ်စားထားသည့် ကျန်းအိုက်ကျန့်ကို ကြည့်လိုက်၏။
ကျန်းအိုက်ကျန့်က အနေခက်စွာပြောလိုက်၏။
“ကျုပ်ကို အဲ့လိုမကြည့်နဲ့ ... နောက်ပိုင်း ဖျော်ဖြေမှုအတွက် စင်ပေါ်တက်မှာ”
“မင်းရဲ့အဖွားအတွက်လား” လုကျိုးက ၎င်းကိုမြင်တောင်မမြင်နိုင်လျှင် သူက နှစ်ထောင်ချီ နေလာတာအချည်းနှီးဖြစ်ပေလိမ့်မည်။
“ပန်းပွင့်ကို ငှားဖို့ ဗုဒ္ဓအဖြစ်ယောင်ဆောင်တယ်” ကျန်းအိုက်ကျန့်က အနေခက်စွာ ခေါင်းကုတ်လိုက်၏။ သူ့အဖွားကိုမမြင်ရတာအတော်ကြာပြီဖြစ်သည်။ သူက လူတိုင်းကို အငြိုးအတေးထားသော်ငြား ထိုလူများထဲ၌ သူ့အဖွားမပါပေ။
“မင်းကို လျှော့တွက်ခဲ့မိတာပဲ” လုကျိုးက မုတ်ဆိတ်သပ်ကာပြောလိုက်တော့သည်။
“ဒါဘာမှမဟုတ်ပါဘူး ... ဆရာကြီးရဲ့ သတ္တမတပည့်နဲ့ယှဉ်ရင်ဝေးပါသေးတယ်။ ဆရာကြီး မသိပေမဲ့ သူကျင့်မင်တာအိုဂိုဏ်းကိုရှင်းခဲ့စဉ်က ဂိုဏ်းထဲမှာ သူလျှိုနှစ်ရာကျော်လောက် ထည့်ထားခဲ့တာ ... တကယ်အထင်ကြီးမိပါရဲ့” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။
“ဒီတော့ လျှိုဟွမ်နားမှာ မင်းရဲ့လူတွေဘယ်လောက်ထားထားလဲ” လုကျိုးက မေးလိုက်လေ၏။
…
အခန်း(၃၂၀) လှည့်ပတ်ကျီစယ်
ကျန်းအိုက်ကျန့်က မလုံမလဲ ပြောလိုက်သည်။ “နည်းနည်းပေါ့ ”
လုကျိုးက ကျန်းအိုက်ကျန့်ကို ကြည့်လိုက်သည်။
ကျန်းအိုက်ကျန့်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။
“လျိုဟွမ်က အရမ်းဉာဏ်များတယ်။ အရင်က ကျွန်တော် သူ့အနားမှာ လူတချို့ သူလျိုထည့်ထားဖူးတယ်။ ဒါပေမဲ့ သူတို့အားလုံး … မော့လီရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားကြတယ်။ ဒါကြောင့် ကျွန်တော် ယုံရမဲ့သူများများစားစား မရှိဘူး ”
ထိုရှင်းပြချက်ဖြင့် လုကျိုးက လူများသည် စာတစ်စောင် မည်သို့လုပ်နိုင်သည်ကို နားလည်သွားတော့သည်။ သူက ပြောလိုက်၏။
“ မင်း အခုကစပြီး မိစ္ဆာဝေဟင်မျှော်နန်းဆီ မင်းကိုယ်တိုင် စာရေးသင့်တယ် ”
“ပြဿနာ မရှိဘူး ” ကျန်းအိုက်ကျန့်က ပြန်ဖြေလိုက်သည်။ ရှာတွေ့သမျှ ဟာကွက်များကို လိုက်လံဖြည့်ရမည် ဖြစ်၏။
ကျွီ
ရထားလုံးက နွေဦးစံအိမ်ထဲ ဝင်ရောက်လာသည်။
ရှောင်ယွမ်အာက ရထားလုံးမှ ခေါင်းလေးပြူကာ ကြည့်လိုက်သည်။ ထို့နောက် သူမက အထဲကို ကြည့်လိုက်ရင်း “ တပည့်တို့ချည်းပဲ မဟုတ်ဘူး”
ကျန်းအိုက်ကျန့်က ပြောလိုက်သည် “ ပုံမှန်ပါပဲ .. ဒုတိယမင်းသားက မယ်တော်ကြီး ဘာကြိုက်မှန်း သိလို့ သဘင်အဖွဲ့သားတွေကို ဖိတ်ခေါ်ထားတယ် ”
လုကျိုးက ပြတင်းပေါက်မှ မကြည့်လိုက်ပေ။ ထိုစဉ် သူတို့ရထားလုံးဆီ အစောင့်အကြပ်တချို့ ရောက်လာကြ၏။
ကျန်းအိုက်ကျန့်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ သူတို့က ကျွန်တော်တို့ ဇာစ်မြစ်ကို လာစစ်တာ။ ကျွန်တော် ပြောလိုက်မယ် ”
လုကျိုးက လုံးလုံး စိတ်မပူပေ။ သူက လန်လော့သာ သူ့တာဝန်ကျရှုံးသွားလျှင် ဘာဆက်လုပ်ရမည်ကိုသာ တွေးတောနေသည်။ သူက မဟာနည်းစနစ် ထုတ်လွှင့်ပြီး နတ်ခြင်္သေ့ပေါ် တက်ကာ ထွက်ပြေးနေရလိမ့်မည်။ အကယ်၍ ဒီလိုသာဖြစ်ခဲ့ပါက မိစ္ဆာအိုကြီးအတွက် နာမည်ပျက်စရာ ဖြစ်ပေမည်။ အဆုံးသတ်၌ လုကျိုးက မုတ်ဆိတ်အသာသပ်ကာ မေးလိုက်သည် “ မင်းဆီမှာ ထွက်ပြေးဖို့ အစီအစဉ်ရှိလား ”
ကျန်းအိုက်ကျန့်က အပြုံးလေးဖြင့် ပြောလာသည်။
“ ပရိယာယ်ကြွယ်တဲ့ ယုန်တစ်ကောင်ဆီမှာ တွင်းသုံးခု ရှိတတ်ကြတယ်မလား။ ဒါပေမဲ့ လောင်ချန်းပေ့ကတော့ မလိုလောက်ပါဘူး ”
လုကျိုးက သူ့အား ဘာမှထပ်မမေးတော့ပေ။
ထိုစဉ် အပြင်ဘက်မှ အသံများကို ကြားလိုက်ရသည်။
“ ကျုပ်ကို အရှင့်သား ဒုတိယမင်းသားကိုယ်တိုင် ဖိတ်ထားတာပါ။ လောကဝတ်တွေ မလိုပါဘူးဗျာ။ ကျုပ်မျိုးရိုးက ရီ … ကျုပ်ကို သဘင်ခေါင်းဆောင်ရီလို့ ခေါ်နိုင်ပါတယ်။ ကျုပ် သဘင်အဖွဲ့ကို ဒီအတွက် အချိန်အများကြီးပေးပြီး ပြင်ဆင်ထားတာပါ။ ကျုပ်တို့ အကောင်းဆုံး လုပ်နိုင်မှာပါ …”
“ ကျေးဇူးပါ … ဆရာတို့ သေချာသွားကြပါ ”
ပထမရထားလုံး၏ ခရီးသွားများကို စစ်ဆေးပြီးနောက် သူတို့က စံအိမ်ထဲ ဝင်ခွင့်ရသွားသည်။
ရှောင်ယွမ်အာက ပါးစပ်ကို အုပ်လိုက်ရင်း ရယ်လိုက်ကာ “ရှစ်စွင်း အဲဒီလူက ထူးဆန်းတယ် ”
လုကျိုးက ရှောင်ယွမ်အာလောက် သိချင်စိတ် မဖြစ်သော်လည်း ပြတင်းပေါက်ကနေ တစ်ချက်ကြည့်လိုက်သည်။ သို့သော် သူက ထူးထူးဆန်းဆန်း လေယူလေသိမ်းနှင့် အမျိုးသားအသံကို ကြားလိုက်ရသည်။ ကမ္ဘာကြီးထဲ၌ ထူးဆန်းမှုအမျိုးမျိုး ရှိလေသည်။
သိပ်မကြာခင် လုကျိုးတို့ အလှည့် ရောက်လာသည်။
အစောင့်အကြပ်များက စစ်ဆေးဖို့ ရောက်လာသည့်အခါ ကျန်းအိုက်ကျန့်က ခုန်ဆင်းလိုက်ပြီး “ဆရာတို့ ကျုပ်က မိသားစုဝင်ပါ။ ဒီမှာ ဒုတိယမင်းသား ပေးထားတဲ့ အမှတ်အသားပြားပါ ”
အစောင့်အကြပ်များက ခက်ခဲအောင် မလုပ်ကြဘဲ စံအိမ်ထဲ ဝင်ခွင့်ပေးလိုက်သည်။
ကျန်းအိုက်ကျန့်က ရထားလုံးထဲ ပြန်ဝင်လာကာ “ အဲဒီရီမျိုးနွယ်က ဒီမှာ ဘယ်လိုအလုပ်လုပ်ရမလဲဆိုတာ ကောင်းကောင်းသိထားပုံပဲ။ လူ့အသိုင်းအဝိုင်းကြား ဒီလိုရှင်သန်ရတာပဲ”
ရှောင်ယွမ်အာက မျက်လုံးဝေ့ကြည့်လိုက်ရင်း “ ရှင်နဲ့ အဲဒီရီမျိုးနွယ်က အတူတူပဲ။ လူကောင်းတွေ မဟုတ်ဘူး”
“ငါလည်း လူကောင်းလို့ မပြောဖူးပါဘူး”
ရထားလုံးက ရပ်တန့်သွားပြီးနောက် သုံးယောက်သား ဆင်းလိုက်ကြသည်။ အခြားလူများလည်း ရထာလုံးပေါ်မှ ဆင်းလာကြ၏။ သူတို့က သီးသန့်ခြံဝန်းလေးထဲ ရောက်လာကြပြီး သဘင်အုပ်စုတစ်ခုစီ ခွဲထားလေသည်။ ပတ်ဝန်းကျင်က သာယာပြီး ကန့်သတ်ထားလေသည်။ ခြံဝန်းအပြင်ဘက်၌ အစောင့်အကြပ်များစွာ စောင့်ကြပ်နေကြပြီး ကျင့်ကြံသူများစွာလည်း ရှိနေသည်။
သူတို့ကို ဝင်ခွင့်ပေးလိုက်သည့်သူက ကျန်းအိုက်ကျန့်ကို လာပြောသည်။
“ ကိုယ့်ဘာသာ အသင့်ပြင်ထားကြ။ မင်း အရှေ့ကအလှည့် ပွဲမပြီးခင် အချိန်ကို လာအကြောင်းကြားပေးမယ် ”
“ စိတ်မပူပါနဲ့ ” ကျန်းအိုက်ကျန့်က ရင်ဘတ်ကော့ကာ ပြောလိုက်သည်။
အခြားလူများလည်း ကပွဲရွင်ပွဲအတွက် ပြင်ဆင်ကြ၏။
အရာရှိများ ထွက်သွားပြီးနောက် ကျန်းအိုက်ကျန့်က လုကျိုးဆီ လျှောက်လာကာ “လောင်ချန်းပေ့ လုပ်ရမှာဆိုလို့ ပြပွဲအတွင်း ရေလိုက်ငါးလိုက်နေရုံပဲ … မော့လီကိုယ်တိုင် ထွက်မလာလောက်ဘူးလို့ ထင်တာပဲ။ ခဏနေရင် ကျွန်တော်တို့ လျှို့ဝှက်လမ်းကြောင်းကနေ သွားကြမယ်”
“ရေလိုက်ငါးလိုက်လား”
“ နောက်တာပါ … လောင်ချန်းပေ့က ပွဲကြည့်ပရိသတ်ပဲ လုပ်လိုက် ” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။
ဒီလိုမှပေါ့ … ငါ ဒီအသက်အရွယ်ရောက်နေတာကို လူငယ်တွေနဲ့ ကခုန်ခိုင်းချင်နေတာလား …
ထိုစဉ် မယ်တော်ကြီးက ခြံဝန်းထဲ အနားယူနေသည်။
ဒုတိယမင်းသား လျိုဟွမ်က သူမကို အပြင်ဘက်မှ စောင့်ဆိုင်းနေသည်။
“အဘွား ပြင်ဆင်တာတွေ ပြီးသွားပါပြီ။ ဒါတွေက အဘွား အရင်တုန်းက ကြိုက်ခဲ့တဲ့ သဘင်အဖွဲ့တွေချည်းပဲ ”
“ကောင်းလိုက်တာကွယ် ”
ကျောင်းယွဲ့က လျိုဟွမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မယ်တော်ကြီးအား ကူတွဲပေးလိုက်သည်။ “ဘွားဘွားက အရင်တုန်းက သီချင်းတွေ နားထောင်ရတာကို သဘောကျတာလား”
မယ်တော်ကြီးက ညင်ညင်သာသာ ပြုံးလိုက်ရင်း “နန်းတော်က ခြောက်ကပ်ပြီးတော့ ပျင်းစရာကောင်းတယ်လေ။ အဲဒီအချိန်လောက်ပဲ ပျော်ရွင်ရတာ … ကျောင်းယွဲ့ အဘွားကို အဖော်ပြုပြီး နန်းတော်ထဲ မနေချင်ဘူးလားကွယ်”
ကျောင်းယွဲ့က ပြန်ဖြေလိုက်သည်။
“ ဘွားဘွားဆီမှာ မြေးတွေအများကြီး ရှိတယ်လေ … ပိုသာတဲ့လူတွေ ရှိမှာပါ ”
“သူတို့က ကျေးဇူးမသိတတ်တဲ့ ကောင်စုတ်တွေ … ငါ သဘောအကျဆုံးက မင်းရဲ့ စန်းရှစ်ရှိုးပဲ။ ဒါပေမဲ့ သူက ငယ်ငယ်ရွယ်ရွယ် သေသွားခဲ့ရတယ်” မယ်တော်ကြီးက သက်ပြင်းချကာ ပြောလိုက်သည်။
“စန်းရှစ်ရှိုးလား ”
“အဲဒီအကြောင်း မပြောဘဲနေရအောင်။ လာလာ အဘွားနဲ့အတူတူ သီချင်းလိုက်နားထောင်လှည့် … ”
မယ်တော်ကြီးက ခြေလှမ်းကို နှေးပစ်လိုက်ကာ “ရှောင်ယွင် ”
လီယွင်ကျောက်က ချက်ချင်း ရောက်လာသည်။
မယ်တော်ကြီးက ပြောလိုက်သည်။ “ သေချာစောင့်ကြည့်ထားလိုက်”
“နားလည်ပါပြီ ”
ထို့နောက် သူတို့က ရွှင်းထျန်းဥယျာဉ်ဆီ ထွက်လာလိုက်ကြသည်။
စင်မြင့်နှင့် သဘင်အသုံးအဆောင်များက နေရာအကျယ်ကြီးတွင် စီထားလေသည်။ အတီးအမှုတ်သမားများက စင်မြင့်ပေါ်တွင် ရိုရိုကျိုးကျိုး စောင့်နေကြ၏။
မယ်တော်ကြီးက အထဲဝင်လာသည်။ လီယွင်ကျောက်က သူမကို ဂုဏ်သရေရှိ နေရာဆီ ပို့ဆောင်ပေးခဲ့သည်။ ထိုထိုင်ခုံက စင်မြင့်ကို အကောင်းဆုံး မြင်ရသည့် အနေအထား ဖြစ်၏။ သူမဘေးတွင် တခြားထိုင်ခုံများလည်း ရှိကြသည်။
သူမက ပြောလိုက်၏။
“ငါတို့က မိသားစုတွေပဲ။ ကြိုက်တဲ့နေရာမှာ ထိုင်ကြ ”
သူမက ကြိုက်သည့်နေရာ ထိုင်နိုင်ကြောင်း ပြောသော်လည်း မည်သူမှ မထိုင်ရဲကြပေ။ ဒုတိယနှင့် စတုတ္ထမင်းသားတို့လည်း အထဲဝင်လာသည်။
မယ်တော်ကြီးက ကျောင်းယွဲ့ကို ဘေးနားဆွဲခေါ်ကာ ထိုင်ခိုင်းလိုက်သည်။ ထို့နောက် အတီးအမှုတ်သမားများက စတင်တီးမှုတ်ကြကုန်သည်။
ဂီတအကြောင်း မသိသူများအတွက် ပျင်းစရာကောင်းလွန်းလှသည်။ ဥပမာအားဖြင့် ဒုတိယနှင့် စတုတ္ထမင်းသားတို့က သီချင်းနားထောင်ရင်း စိတ်ပျံ့လွင့်နေကြသည်။ ဂီတသံကို ဒီဘက်နားက ဟိုဘက်နားက ပြန်ထွက်သွားသည်။
ခဏအကြာတွင် မယ်တော်ကြီးက ပေါ့ပေါ့ပါးပါး ရေရွတ်လိုက်သည်။
“တော်တယ် ”
အခြားလူများလည်း သူမနောက်မှ လိုက်ကာ လက်ခုပ်ဩဘာပေးကြသည်။
“အဘွားက ကောင်းတယ်ပြောမှတော့ တကယ်ကောင်းတာပဲ ဖြစ်ရမယ်။ သူတို့ကို ဆုချသင့်တယ်” လျိုဟွမ်က လက်ဝေ့လိုက်ပြီးနောက် စတုတ္ထမင်းသား လျိုပင်းကို ကြည့်လိုက်ကာ “ ရှစ်တိရော ဘယ်လိုထင်လဲ”
“ဒါပေါ့ ” လျိုပင်းလည်း ပြန်ဖြေလိုက်၏။
နောက်ထပ် ဖျော်ဖြေမှုနှစ်ခုက အဖွင့်ပွဲနှင့် ယှဉ်လျှင် မှေးမှိန်သွားလေသည်။ မယ်တော်ကြီးက သူတို့ကို စိတ်ဝင်စားသည်ဟု မထင်ပေ။
ဒုတိယမင်းသားနှင့် စတုတ္ထမင်းသားတို့လည်း ထိုအရာကို မြင်သည့်အခါ ခေါင်းယမ်းလိုက်ကြသည်။
တတိယမြောက် အဖွဲ့အလှည့်ကျလာသည့်အခါ ကျောင်းယွဲ့က ထူးထူးဆန်းဆန်း အဝတ်အစား ဝတ်ထားပြီး မုတ်ဆိတ်မွေးအတု တပ်ထားကာ ဦးထုပ်အရှည်ဆောင်းထားသည့် အမျိုးသားကို မြင်လိုက်ရ၍ အကြည့်များ တောက်ပလာသည်။ သူမက ထိုမြင်ကွင်းကြောင့် တအံ့တဩ ဖြစ်နေမိ၏။
စစ်ရှစ်ရှိုးမလား … သူက ဒီမှာ ဘာလာလုပ်တာလဲ …
ဖျော်ဖြေမှုက မည်မျှဆိုးရွားကြောင်း ညွှန်းဆိုဖို့ပင် မလိုတော့ပေ။
ထိုစဉ် ဒုတိယမင်းသားက စားပွဲကို ရိုက်လိုက်ကာ “ လုံးဝကို စုတ်ပြတ်နေတာပဲ … အစောင့်တွေ … ”
မယ်တော်ကြီးလည်း ဖျော်ဖြေမှုကြောင့် စိတ်ညစ်နေလေသည်။ ကြည့်ရသည်မှာ မှော်လှည့်ကွက်နှင့် လေ့ကျင့်ခန်း ကစားပြသလိုသာ ဖြစ်နေသည်။ အဓိပ္ပါယ်မရှိလှပေ။
“ သူတို့ကို ခေါ်သွားလိုက် ” လျိုဟွမ်က ပြောလိုက်သည်။
ထိုစဉ် ကျောင်းယွဲ့က အလျင်စလို ထပြောလိုက်သည်။ “ ကျွန်မကတော့ ကောင်းတယ်လို့ ထင်တယ်”
“ဟမ် ” လျိုဟွမ်က ကျောင်းယွဲ့ကို ကြည့်လိုက်သည်။
မယ်တော်ကြီးက ခေါင်းအသာညိတ်ကာ “ကျောင်းယွဲ့က ကောင်းတယ်ဆိုမှတော့ ကောင်းလို့ပဲ။ ငါလည်း ကြိုက်ပါတယ် ”
ထူးထူးဆန်းဆန်း အဝတ်အစားနှင့် အမျိုးသားက မယ်တော်ကြီးအား ဦးညွှတ်လိုက်ပြီး
“မယ်တော်ကြီးကို ကျေးဇူးတင်ပါတယ်ခင်ဗျ ”
“ ကောင်းတယ် ” မယ်တော်ကြီးက လေသံအတက်အကျမရှိ ပြောလိုက်သည်။
လျိုဟွမ်လည်း ကူကယ်ရာမဲ့နေကာ လက်ဝေ့ပြလိုက်သည်။ “ဆုချီးမြင့်လိုက်ကြ ”
လေထဲ ခြေသံများ ပဲ့တင်ထွက်လာသည်။ လူအများစုက နွေဦးစံအိမ်ဆီ သွားလိုက်ကြသည်။ ဤသည်မှာ အများပိုင်နေရာ မဟုတ်ချေ။
ဘာလို့များ လာရောက်သူ များနေရတာလဲ …
မယ်တော်ကြီးက ပြောလိုက်သည်။ “ရှောင်လီ ”
လီယွင်ကျောက်က အလျှင်စလို ခါးကုန်းကာ မယ်တော်ကြီးနား ကပ်နားထောင်လိုက်သည်။
“ရုတ်ရုတ်သဲသဲနဲ့ ဘာဖြစ်တာလဲ”
လီယွင်ကျောက်က ခေါင်းညိတ်ကာ “ကျွန်တော်မျိုး တစ်ချက်သွားကြည့်လိုက်ပါ့မယ်”
သူက မြေကို ကန်ကာ လေထဲ ခုန်တက်လိုက်သည်။ အပေါ်စီးမှ စံအိမ်တစ်ခုလုံးကို လေ့လာလိုက်၏။
ဟမ် …
သူက စံအိမ်တစ်ခုလုံး အဝိုင်းခံထားရသည်ကို မြင်လိုက်ရသည်။ လီယွင်ကျောက် ပြန်ဆင်းလာပြီး ဒူးတစ်ဖက်ထောက်ကာ “မယ်တော်ကြီး ကျွန်တော်မျိုးတို့ အရှင့်သားကို မေးသင့်ပါတယ် ”
မယ်တော်ကြီးက လျိုဟွမ်နှင့် လျိုပင်းကို ကြည့်လိုက်သည်။
လျိုဟွမ်က လက်ဝေ့လိုက်ပြီးနောက် လက်နှစ်ဖက်ယှက်လိုက်ကာ “အဘွား … သီချင်းနဲ့ ကခုန်မှုတွေက အသေးစား ဖျော်ဖြေမှုတွေပါ။ ကျွန်တော် ကြီးကြီးမားမား ပြင်ဆင်ပေးထားပါသေးတယ်”
“ကြီးကြီးမားမားလား”
လျိုပင်းက ရယ်မောကာ “ မကြာတော့ဘူးမလား ”
“ဒါပေါ့” လျိုဟွမ်က လက်ခုပ်တီးလိုက်သည်။
ထိုစဉ် တခြားအမျိုးသမီးများ ခြံရံလျက် ဝေဝေဆာဆာ လိမ်းကျံထားပြီး ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ယောက်က ရွှင်းထျန်းဥယျာဉ်ထဲ ဝင်ရောက်လာသည်။
…
အခန်း (၃၂၁) ပွဲကြီးပွဲကောင်း
မယ်တော်ကြီးက အသက်ကြီးပြီဖြစ်သော်ငြား သူမက အမျိုးသမီးကို မှတ်မိသေးသည်။
“ကိုယ်လုပ်တော်လီလား”
ကိုယ်လုပ်တော်လီဟူသည်ကား မော့လီ၏ဘွဲ့အမည်ဖြစ်သည်။ မော့လီက လေအသွင်နှယ် လျှောက်လာ၏။ သူမ၏လှုပ်ရှားမှုများက ကျက်သရေရှိကာ သိမ်မွေ့သည်။ မယ်တော်ကြီးဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာကာ အရိုအသေပေးကာပြောလိုက်တော့၏။
“နှုတ်ဆက်ပါတယ် ... မယ်တော်ကြီး”
မယ်တော်ကြီးက ပြောလိုက်၏။
“ဒီကိုဘာကိစ္စရှိလို့ရောက်လာတာလဲ ... ကိုယ်လုပ်တော်လီ မယ်မင်းက နန်းတော်ထဲမှာရှိသင့်တာမဟုတ်ဘူးလား”
မော့လီက ခပ်ဖျော့ဖျော့ပြုံးလျက် တဖက်သို့လှည့်ကာ လက်တစ်ချောင်းထောင်ပြီး ပြောလိုက်တော့သည်။
“တစ်စုံတစ်ယောက်ကိုဖမ်းဖို့ပါ”
“တစ်ယောက်ယောက်ကိုဖမ်းဖို့လား”
ဘေးတွင်ထိုင်နေသော စတုတ္ထမင်းသားက ရယ်မောပြီးပြောလိုက်၏။ “ဒီနေရာမှာ ဘယ်သူ့ကိုဖမ်းဖို့ ရောက်လာတာလဲ ... အစ်ကိုတော် မင်းက အသေးအဖွဲလေးကို ချဲ့ကားပြောနေတာပဲ ... ဒါ့အပြင်မင်းက တစ်ယောက်ယောက်ကို ဖမ်းဖို့ရည်ရွယ်နေတာဆိုရင် ဘာကြောင့်များ ကိုယ်လုပ်တော်လီကို လိုအပ်မှာလဲ”
သူတို့နှစ်ယောက်ကြားရှိ စကားပြောဆိုမှုက ရုတ်ခြည်းတင်းမာသွား၏။
ဒုတိယမင်းသားလျိုဟွမ်က ထရပ်ပြီးပြောလိုက်တော့သည်။
“စတုတ္ထညီလေး ... မလောရအောင် ကိုယ်လုပ်တော်လီက အမျိုးသမီးတစ်ယောက်ဆိုပေမဲ့ ဉာဏ်ထက်မြက်တယ် ပြီးအောင်ပြောပါစေ”
ဒုတိယမင်းသားထောက်ခံပေးထားသောကြောင့် မော့လီသည် မပြီးဆုံးသေးသောစကားကို ဆက်ပြော၏။ သူမသည် ထူးခြားဆန်းပြားစွာဝတ်ဆင်ထားသည့်လူကို လက်ညှိုးထိုးပြီး ပြောလိုက်၏။
“သူ့ကို ဖမ်းဖို့ပဲ”
မင်ရှစ်ရင်က ကြက်သေသေသွား၏။ ငါပေါ်သွားပြီလား ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
သူက ထူးဆန်းသောလေသံဖြင့်ပြောလိုက်၏။ “မင်းမှားတာ ဖြစ်ရမယ် ... မှားတာပဲ”
ဝှစ် ဝှစ်
ခေါင်မိုးပေါ်ကနေ သံချပ်ကာဝတ်လူနှစ်ယောက်က စံအိမ်တော်၌ ပေါ်လာ၏။
ကျောင်းယွဲ့က မော့ကြည့်ပြီးမျက်မှောင်ကျုံ့လိုက်သည်။
“မော့လီက လျိုဟွမ်ကို အရိုအသေပေးပြီးပြောလိုက်၏။ “အရှင့်ကို စိတ်မပျက်စေရပါဘူး”
“သိပ်ကောင်းတယ်”
“ဒီလူရဲ့က မိစ္ဆာဝေဟင်မျှော်နန်းရဲ့စတုတ္ထမြောက်တပည့် မင်ရှစ်ရင်ပဲ” မော့လီက ကြေညာလိုက်၏။
လူတိုင်းက တစ်ယောက်နှင့်တစ်ယောက်တီးတိုးပြောလိုက်တော့သည်။
စင်မြင့်ပေါ်က သဘင်အဖွဲ့သားများကလည်း စင်အောက်ပြေးဆင်းကြပြီးကြောက်လန့်နေကြ၏။ ထူးခြားသော ဝတ်စုံကို ဝတ်ထားသည့်လူက ကောလာဟလများထွက်နေသည့် လူဆိုးနှင့်မတူပေ။ လျှိုပင်းက ပြောပြီး ဇဝေဇဝါဖြစ်သွား၏။ “မင်ရှစ်ရင်လား”
“အမှန်ပဲ”
“အဘွား ... မိစ္ဆာဝေဟင်မျှော်နန်းက တော်ဝင်မြို့တော်နဲ့ အမြဲတမ်းမတည့်ခဲ့တာ ... လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့လူဆိုးကြီးကျိက နန်းတော်ကနေ တော်ဝင်တံဆိပ်တော်ကို ခိုးသွားခဲ့တယ်။ အရှေ့ဖက်ဒေသက ကျွန်တော်တို့တိုင်းပြည်ကို ဆက်သထားတဲ့ မင်းသမီးကလည်း မိစ္ဆာဝေဟင်မျှော်နန်းရဲ့ယွီရှန်းရုန် ပြန်ပေးဆွဲတာခံလိုက်ရတယ်။ သတ္တမတပည့် စီးဝူယာ့ကလည်း တာ့ယန်နဲ့ယုံပေ့ကြား အချင်းဖြစ်ပွားအောင် သွေးထိုးစကားပြောခဲ့တယ်။ ကျင့်ကြံသူတစ်သောင်းကျော်က ဒါကြောင့် သူတို့အသက်ဆုံးရှုံးခဲ့တာ။ အပြစ်ကျုးလွန်တဲ့သူတွေကို ကျွန်တော်မျိုးမတို့ ဘယ်လိုလုပ် မသုတ်သင်ဘဲနေရမလဲ”
မော့လီက ပြောလိုက်၏။
မယ်တော်ကြီးက မော့လီကိုကြည့်ပြီးပြောလိုက်သည်။
“ဒါက ငါ့ကိုပြချင်တဲ့ ပွဲကြီးပွဲကောင်းလား”
“ကိုယ်လုပ်တော်အနေနဲ့ အရှင်မင်းသားရဲ့ဝန်ထုပ်ဝန်ပိုးကိုမျှဝေပေးတာက ကျွန်တော်မျိုးမအတွက် သဘာဝပါပဲ”
“မင်းဘာလုပ်ဖို့ ရည်ရွယ်နေတာလဲ” မယ်တော်ကြီးက မေးလိုက်၏။
“သူ့ကိုခေါင်းဖြတ်မယ်” မော့လီက အေးတိအေးစက်ပြော၏။
ကျန်သည့်သူများက ထိတ်လန့်သွားသည်။ သူတို့က မော့လီကိုမယုံနိုင်စွာကြည့်လိုက်၏။
နန်းတော်မှလူများသည် ထိုအမျိုးသမီးက ဒုတိယမင်းသားဖက်မှဖြစ်မှန်း သိထားရုံရှိ၏။ ထိုမျှ ဆုံးဖြတ်ချက်ပြတ်သားပြီး ရက်စက်လိမ့်မည်ဟုတော့ သူတို့မထင်ပေ။
ဝှစ်
ရုတ်တရက် မင်ရှစ်ရင်က ခြေဆောင့်နင်း၏။ မြားတစ်စင်းပမာ နွေဦးစံအိမ်ဆီသို့ တဟုန်ထိုး သွားလိုက်သည်။
“မင်းတို့ငါ့ကို ဒီတစ်ခေါက်မိသွားပြီ ... ငါ ပြန်လာခဲ့မယ်”
ဝှစ်
ခေါင်မိုးပေါ်တွင် ရပ်နေသည့်အကျော်အမော်တစ်ယောက်က မင်ရှစ်ရင်ဆီပျံသွားသည်။ မင်ရှစ်ရင်က ပြုံးလိုက်သည်။ “ပွင့်ချပ်ငါးလွှာလား” သူ၏ခွဲခွာခြင်းချိတ်ကောက်က ပေါ်ထွက်လာ၏။ နန်းတော်မှ ပညာရှင်က နှာခေါင်းရှုံ့ကာ ပြောလိုက်တော့သည်။ “ပွင့်ချပ်ငါးလွှာက မင်းကို ဖြေရှင်းဖို့ လုံလောက်နေပြီ”
စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ပေါ်လာ၏။ ပေခြောက်ဆယ်ခန့် မြင့်မားသော စိတ်ဝိညာဉ်သဏ္ဌာန်က လူတိုင်း၏ အာရုံစိုက်မှုကို ရသွားသည်။
ဘန်း ဘန်း ဘန်း
ရန်သူနှစ်ယောက်တိုက်ခိုက်ကြတော့၏။
အစက မင်ရှစ်ရင်သည် ထွက်ပြေးရန် ရည်ရွယ်ခဲ့၏။ သို့သော်ငြား သူသည် ယခုအချိန်၌ ချုပ်နှောင်ခံရတော့သည်။ မော့လီက စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်၏။ “မင်းသမီးကျောင်းယွဲ့ ဘယ်လိုထင်လဲ”
ကျောင်းယွဲ့က ပြောလိုက်၏။ "ကျွန်မကိုပြောနေတာလား”
“ရှင်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပဉ္စမမြောက်တပည့်ပဲလေ မင်းသမီးလေး ... ကျွန်မက ရှင့်ရှစ်ရှိုးကို ဖမ်းတော့မှာဆိုတော့ ကျွန်မကိုခွင့်လွှတ်ပေးဖို့မျှော်လင့်တယ်။" မော့လီက အရိုအသေပေးကာပြောလိုက်၏။
မယ်တော်ကြီးက မျက်မှောင်ကျုံ့သွားသည်။ သူမသည် လောကီရေးရာများနှင့် ပတ်သက်ပြီး ဘယ်တော့မှ ခေါင်းရှုပ်မခဲခဲ့ပေ။ သူမက ကျင့်ကြံခြင်းလောကကိုလည်း အာရုံစိုက်တာရှားသည်။ သူမက အသက်ရှည်ရှည်နေချင်စိတ်သာ မရှိလျှင် ကျင့်ကြံမှာမဟုတ်ပေ။ တိုက်ခိုက်ရခြင်းနှင့် သတ်ဖြတ်ရခြင်းကို မနှစ်သက်ပေ။ ထို့ကြောင့် သူမသည် လူတစ်ယောက်၏စိတ်နေသဘောထားကို ပျိုးထောင်ပေးနိုင်သည့် ကျင့်စဉ်ကိုသာ သင်ယူပြီး ကုသရာ၌ အထောက်အကူဖြစ်ခဲ့သည်။ သက်တော်ရှည်ဧကရာဇ် နတ်ရွာစံသွားပြီးနောက် သူမသည် အသက်ရှည်သည့်ကျင့်ကြံဆင့်ကို လက်လျော့ခဲ့သည်။ သို့သော်ငြား ယခုဘဝတွင် မင်းသမီးယွင်ကျောင်း၏သမီးနှင့်တွေ့ရလိမ့်မည်ဟု မထင်ထားပေ။ သူမက ကျောင်းယွဲ့ကို တစ်ပါးသူတို့ ထိခိုက်အောင်လုပ်တာ မည်ကဲ့သို့ ခွင့်ပြုနိုင်မည်နည်း။
“ကိုယ်လုပ်တော်လီ ... မင်းရမ်းကားလွန်းတာပဲ” မယ်တော်ကြီးက အသံမြှင့်လိုက်၏။
မော့လီက ချက်ချင်းဒူးထောက်လိုက်သည်။ “အဘွား ... ဘာကိုဆိုလိုမှန်း မသိပါဘူး”
“ကျောင်းယွဲ့က တော်ဝင်မိသားစုဝင် ... မင်းသမီးယွင်ကျောင်းရဲ့သမီး။ အခုသူက တော်ဝင်မိသားစုကို ပြန်လာပြီး သူက ငါ့ရဲ့မြေးမပဲ ငါ့ကိုဆန့်ကျင်ဖို့ကြိုးစားနေတာလား” မယ်တော်ကြီးက အသံတိုးတိုး ပြောလိုက်၏။
ဒုတိယမင်းသားလျိုဟွမ်က မျက်မှောင်ကျုံ့သွားသည်။ နန်းတော်အတွင်းရှိ ရုန်းကန်မှုများကို မယ်တော်ကြီးစိတ်ဝင်စားမှုပြတာကို သူတစ်ခါမှမတွေ့ခဲ့ဖူးပေ။ ထို့အပြင် ကျန်သည့်ကိစ္စရပ်များကို ဂရုစိုက်တာလည်းရှားပါး၏။ အထူးသဖြင့် သက်တော်ရှည် ဧကရာဇ်နတ်ရွာစံသွားပြီးနောက် ဖြစ်သည်။ မယ်တော်ကြီးကကျောင်းယွဲ့အတွက်ရပ်တည်ပေးလိမ့်မည်ဟု သူမထင်ထားပေ။
ကိစ္စတွေက ရှုပ်ထွေးတော့မှာပဲ
ဘန်း ဘန်း ဘန်း
နွေဦးစံအိမ်အထက်၌ မင်ရှစ်ရင်နှင့် ပွင့်ချပ်ငါးလွှာပညာရှင်တို့က တိုက်ခိုက်နေကြသေးသည်။
မင်ရှစ်ရင်က တိုက်ခိုက်နေပြီးထွက်ပြေးရန်လမ်းကြောင်းကိုရှာနေ၏။
စတုတ္ထမင်းသားလျှိုပင်းက ပြောလိုက်သည်။
"အဘွားပြောတာမှန်တယ် ကျောင်းယွဲ့က ကျွန်တော်တို့ရဲ့ညီမလေးပါပဲ”
လျိုဟွမ်က နှာမှုတ်ကာပြောလိုက်၏။ "ကောင်းကင်ဘုံရဲ့သားတော်တွေတောင် တူညီတဲ့အပြစ် ခံစားရတာပဲ ... အရပ်သားတွေက ပြစ်မှုတစ်ခါကျုးလွန်မိမှာပေါ့”
ကျိ ကျိ
စစ်သည်တော်များသည် သူတို့ဓားများကိုဆွဲထုတ်ကြသည်။
“ကျောင်းယွဲ့ကို ဘယ်သူထိရဲလဲဆိုတာကြည့်မယ်” မယ်တော်ကြီးက ဒေါသတကြီးထရပ်ကာ အားလုံးကိုအေးတိအေးစက်ကြည့်လိုက်သည်။
စတုတ္ထမင်းသားလျှိုပင်းက ပြော၏။
“အစ်ကို ... အဘွားက ငြိမ်းငြိမ်းချမ်းချမ်း ဒီကိုအနားယူဖို့ ရောက်လာတာ ... မင်းသူ့ကို ဒေါသထွက်စေခဲ့တာကြောင့် သူ အခြေအနေဆိုးသွားခဲ့ရင် တာဝန်ယူဖို့ ခက်ခဲလိမ့်မယ်နော်”
လျိုဟွမ်က အရိုအသေပေးပြီးပြောလိုက်၏။ “အဘွားအခြေအနေအလုံးစုံကိုတွေးပါ ... လီမယ်တော်က အခု ဝင်ပါမှာလား”
လီယွင်ကျောက်သည် စိတ်အခြေအနေဖတ်ရန် အချက်ကျကျလုပ်နိုင်တာမရှိဘဲ သူ၏လက်ရှိရာထူး ရနိုင်မှာမဟုတ်ပေ။ သူက လျင်မြန်စွာပြောလိုက်၏။ “မယ်တော်ကြီးဆီက အမိန့်ကိုပဲနာခံတာပါ" သူက ရုတ်တရက်လေးလံသွား၏။
လူတိုင်းက ကိုယ်ပိုင်အစီအစဉ်၊ ကိုယ်ပိုင်အဖွဲ့ရှိကြသည်။ မယ်တော်ကြီးက ဤကိစ္စ၌ ဝင်ပါရန် မရည်ရွယ်ထားပေ။ သူမက ကျောင်းယွဲ့ကို ကာကွယ်ချင်ရုံသာဖြစ်သည်။
မော့လီကပြောလိုက်သည်။ “အဘွားတော် ... အခြေအနေတစ်ခုလုံးကို ကျေးဇူးပြုပြီးစဉ်းစားပါ။ မိစ္ဆာဝေဟင်မျှော်နန်းကိုသုတ်သင်ရှင်းလင်းရမယ်။ လောကီရေးရာတွေနဲ့ ဝေးဝေးနေနေတာဆိုတော့ မိစ္ဆာဝေဟင်မျှော်နန်းလုပ်ခဲ့တာမသိဘူး ... ဒီလူတွေကိုမေးလို့ရပါတယ်”
မယ်တော်ကြီးက ခေါင်းခါလိုက်သည်။ “ရှောင်လီ”
လီယွင်ကျောက်က မယ်တော်ကြီးဖက်လှည့်လိုက်၏။ “သူ့ပါးစပ်ကို ရိုက်လိုက်"
“အင်း”
ဝှစ်
လီယွင်ကျောက်သည် လျှပ်ပြက်သည့်အရှိန်ဖြင့်လှုပ်ရှားပြီး မော့လီဘေး၌ပေါ်လာ၏။ သူက စွမ်းအားလှိုင်းကို ထုတ်ပြီး လက်ကိုလွှဲချလိုက်တော့သည်။
ဖြန်း
လီယွင်ကျောက်၏လက်ဝါးက မော့လီ၏ပါးစပ်ပေါ် ကျသွားတော့သည်။
မော့လီက မရှောင်ခဲ့ပေ။ သူမက အရိုက်ခံလိုက်၏။ သွေးများက နှုတ်ခမ်းထောင့်မှစီးကျလာသည်။ လီယွင်ကျောက်သည် ပြီးနောက် မူလနေရာသို့ပြန်သွားလိုက်၏။
လျိုဟွမ်ကမျက်မှောင်ကျုံ့သွားသည်။ သို့သော် သူဒေါသထွက်သံမပါရဲပေ။ မယ်တော်ကြီးက တစ်စုံတစ်ယောက်ကိုရိုက်ရန် ဆုံးဖြတ်ထားလျှင် မည်သူကပြောရဲမည်နည်း။
မယ်တော်ကြီးက မေးလိုက်၏။ “ကိုယ်လုပ်တော်လီ ဘာပြောစရာရှိသေးလဲ”
မော့လီက ဒူးညွတ်၍ ဂါရဝပြုကာပြောလိုက်၏။
"ကျွန်တော်မျိုးမ အမှားလုပ်မိပါတယ်။ တစ်ရက်ကျ အမကျောင်းယွဲ့ဆီ သွားလည်ပြီးတောင်းပန်ပါ့မယ်”
သူမ၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် တစွန်းတစ ပေါ်လာပြီးနောက် ပျောက်ကွယ်သွားသည်။ ပြီးနောက် လေထဲ၌ တိုက်ခိုက်နေသော မင်ရှစ်ရင်ကို လက်ညှိုးထိုးကာပြောလိုက်တော့သည်။
“အဘွား သူ့ကိုကော ကာကွယ်မှာလား”
မင်ရှစ်ရင်က တိုက်ခိုက်နေသည့်သူတစ်ယောက်နှစ်ယောက်ကို မော့ကြည့်လိုက်သည်။
ကျောင်းယွဲ့က စကားပြောချင်၏။ သို့သော်ငြား မင်ရှစ်ရင်၏ရယ်သံကြောင့်နှောင့်ယှက်ခံလိုက်ရ၏။ မကြာမီ၌ သူကပြောလိုက်တော့သည်။ “ဒီနေရာက အံ့ဖွယ်မြို့တော်မဟုတ်ဘူး။ ဒါတောင် ငါ့ကိုဒီမှာထားဖို့စဉ်းစားနေသေးတယ်။ ဉာဏ်ရှိတဲ့အတွေးပဲ”
ဝှစ်
ပွင့်ချပ်ငါးလွှာကပေါ်လာလေ၏။
ဘန်း
မင်ရှစ်ရင်က သူ့လက်ကိုမြှောက်လိုက်သည်။ သက်ရောက်အားကြောင့် သူက လွင့်ကျလာ၏။
ဖုန်း
အဆောက်အဦတစ်ခုပြိုလဲသွားသည်။ ဖုန်များတထောင်းထောင်းထလာ၏။ မော့လီကပြုံးကာ ပြောလိုက်တော့သည်။ “မင်း လွတ်မြောက်မှာမဟုတ်ဘူး”
ပွင့်ချပ်ငါးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်က ဆက်လက်ဆင်းသက်နေပြီး ကျယ်လောင်စွာ ပြောလိုက်တော့သည်။
“ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မင်ရှစ်ရင်မှာ ရှိတာအကုန်ပဲပေါ့ အညံ့ခံလိုက်တော့”
စိတ်ဝိညာဉ်သဏ္ဌာန်၏လက်ထဲစွမ်းအင်ဓားသွားက ပေါ်လာပြီး ရောက်ချလာ၏။ တစ်ဖက်ခြံဝန်းထဲ၌ ရုတ်ရုတ်သဲသဲအသံကို ကြားရသည်။
“သွားကြည့်ရအောင်” ကျန်းအိုက်ကျန့်က စောင့်မနေနိုင်တော့ပေ။ ခြံဝန်းထဲမှထွက်စဉ် နန်းတော်၏ လက်ရွေးစင်များ တိုက်ခိုက်တာကိုတွေ့လိုက်ရသည်။ သူ၏လက်များကလည်း ဓားကို ပိုက်ထားလိုက်သည်။
“လုပ်ကြံသူတစ်ယောက်လား” ကျန်းအိုက်ကျန့်က တအံ့တဩဖြင့်ကျယ်လောင်စွာ ပြောလိုက်မိသည်။