အခန်း (၄၆၇-၄၆၈)
Vol. 24 Ch. 467-468
အပိုင်း(၄၆၇) ကြောက်မက်ဖွယ်ကောင်းသော အာနိသင်
ထို့နောက်တွင် လော်ယွမ်က ပင်လယ်ပြင်ဆီသို့ ဦးတည်ပျံသန်းသွားလိုက်သည်။
သူသည် ရေခဲပြင်ပေါ်မှ ကပ်၍ အလင်းတန်းတစ်မျှင်ကဲ့သို့ လေဟုန်စီးကာ လျင်မြန်စွာ ဖြတ်သန်းသွားသည်။
အဆုံးအစမဲ့ လေပွေလှိုင်းများနှင့် လေဆင်နှာမောင်းများသည် သူ၏ဘေးပတ်လည် သုံးမိုင်၊ လေးမိုင် ဝန်းကျင်ခန့်တွင် ဖြစ်ပေါ်လိုက်၊ ပျက်စီးသွားလိုက် ဖြစ်နေကြသည်။
ကြီးကျယ်ခမ်းနားသော သဘာဝလွန် ဖြစ်ရပ်ဆန်းကြီးက ကောင်းကင်နှင့် မြေကြီးအကြား လွှမ်းခြုံထားလေသည်။
သရဲမျက်နှာ မြင်းလည်ဆံမွေးဖြင့် ပြုလုပ်ထားသော ဝတ်စုံမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သော်လည်း ခါးပတ်အဖြစ် အသုံးပြုထားသည့် ကျန်ရှိနေသော လည်ဆံမွေးများကတော့ ကျန်ရှိနေသေးသည်။
အာနိသင် အနည်းငယ် လျော့ကျသွားသော်လည်း သူ၏အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် ဝ.၆ မိုင်နှုန်းခန့်အထိ ရှိနေသေးရာ ပုံမှန်ပျံသန်းခြင်းအတွက်မူ လုံလောက်သည်ထက် ပိုနေသေးသည်။
မျက်စိတစ်ဆုံး မြင်နေရသည်မှာ ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲသွားသော ပင်လယ်ပြင်ကြီးပင် ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းလောက်အောင် မဲနက်နေသော ရေခဲပြင်ထုကြီးဖြစ်ပြီး နေရာအချို့တွင် အေးခဲသွားသော လှိုင်းလုံးကြီးများ၏ အရေးအကြောင်းများကိုပင် မြင်တွေ့နေရသည်။
ရေခဲပြင်အောက်တွင် ပင်လယ်သတ္တဝါအချို့၏ ရုပ်အလောင်းများကို ရံဖန်ရံခါ တွေ့မြင်နေရသည်။ ထိုအထဲတွင် ဧရာမပင်လယ်သားရဲကြီးများလည်း ပါဝင်သည်။
ကမ္ဘာကြီး၏ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် ကြောက်ရွံ့တုန်လှုပ်၍သော်လည်းကောင်း၊ စူးစမ်းလိုစိတ်ကြောင့်သော်လည်းကောင်း၊ သို့မဟုတ် အောက်ဆီဂျင် လိုချင်၍သော်လည်းကောင်း ရေခဲပြင်ပါးလွှာနေချိန်တွင် ရေခဲပြင်ကို ဖောက်ထွက်ရန် ကြိုးစားခဲ့ကြပုံရသည်။
သို့သော် ရေခဲပြင်ပေါ်သို့ ရောက်ရှိချိန်တွင်မူ ပြန်လည်ထွက်ပြေးရန် မဖြစ်နိုင်တော့ဘဲ ပြင်းထန်လှသော အအေးဒဏ်အောက်တွင် ရေခဲရုပ်တုများအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ကြရသည်။
ပင်လယ်သတ္တဝါ အများစုမှာ ငါးများဖြစ်ကြပြီး သွေးအေးသတ္တဝါများ ဖြစ်ကြသည်။၎င်းတို့သည် နို့တိုက်သတ္တဝါများထက် အအေးဒဏ်ကို ပိုမိုကြောက်ရွံ့ကြသည်။
ရေနေသတ္တဝါများ ဖြစ်သည့်အားလျော်စွာ ရေခဲမှတ်အထက်ရှိသော အပူချိန်တွင်သာ ရှင်သန်ကျက်စားလေ့ရှိကြပြီး ကုန်းနေရေနေ သွေးအေးသတ္တဝါများထက် အအေးဒဏ်ခံနိုင်စွမ်း နည်းပါးကြသည်။
အနှုတ် ၃၀ ခန့်ရှိသော ပြင်းထန်သည့် အအေးဒဏ်နှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့အတွက် သေလမ်းမှလွဲ၍ အခြားမရှိတော့ပေ။
လော်ယွမ်သည် ပေ ၇၀၀ ခန့် ရှည်လျားသည့် ဧရာမသန္ဓေပြောင်း ငါးကြီးတစ်ကောင်၏ ရုပ်အလောင်း ရေခဲပြင်ထဲတွင် နစ်မြုပ်နေသည်ကို တွေ့လိုက်ရသည်။
လေယာဉ်တင်သင်္ဘောတစ်စင်းကိုပင် မှောက်လှန်ပစ်နိုင်လောက်အောင် ကြောက်မက်ဖွယ် ခွန်အားကြီးမားလှသော ထိုသတ္တဝါကြီးသည် ဤကဲ့သို့သော ဆောင်းတွင်းကာလတွင်မူ မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ပေ။
၎င်း၏ဘေးပတ်လည်တွင် ဥက္ကာပျံဝင်တိုက်ထားသကဲ့သို့ ဖြစ်ပေါ်နေသော ကြီးမားသည့် တွင်းချိုင့်ကြီးများကသာ ၎င်းမသေဆုံးမီ ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့ရကြောင်း သက်သေပြနေလေသည်။
လော်ယွမ်သည် နာရီဝက်ခန့် ပျံသန်းပြီးနောက် ရပ်တန့်လိုက်သည်။ ဤနေရာသည် ကမ်းခြေနှင့် မိုင် ၆၀၀ ကျော် ကွာဝေးပြီး ပင်လယ်ပြင်၏ အလယ်တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူက ရေခဲဖုံးလွှမ်းနေသော ပင်လယ်ပြင်ကို ကြည့်ရှုရင်း ရေခဲထု၏ အနက်နှင့် ပင်လယ်သတ္တဝါများ၏ ရှင်သန်မှု အခြေအနေကို လေ့လာရန် ဆုံးဖြတ်လိုက်သည်။
သူက ကိုယ်လက်လှုပ်ရှား အနည်းငယ် ပြုလုပ်လိုက်ပြီးနောက် ရေခဲပြင်ပေါ်သို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
လက်သီးချက် မကျရောက်မီမှာပင် လက်သီးဆုပ်မှ စူးရှသော အလင်းဖြူတန်းများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် လေဖိအားကြောင့် ရှေ့ရှိလေထုမှာ အပြာရောင်အရည်ကြည်များအဖြစ်သို့ပင် ပြောင်းလဲသွားလေသည်။
နောက်တစ်ခဏ၌ လက်သီးချက်သည် ရေခဲပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။ ကမ္ဘာနှင့် ဥက္ကာပျံ ဝင်ဆောင့်သကဲ့သို့ ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး ရေခဲပြင်တစ်ခုလုံး ရေလှိုင်းများပမာ တုန်ခါသွားလေသည်။
သူ၏လက်ရှိခွန်အားအရ အားကုန်သုံး၍ ထိုးလိုက်သော လက်သီးတစ်ချက်သည် ယမ်းအား ပေါင် ၆၀၀၀ ကျော်နှင့် ညီမျှပြီး ၎င်းသည် တာဝေးပစ် ဒုံးကျည် ခြောက်စင်း တစ်ပြိုင်နက် ပေါက်ကွဲသည်နှင့် ညီမျှသော စွမ်းအင်ဖြစ်သည်။
လက်သီးတစ်ချက်တည်းဖြင့်ပင် မာကျောသော ရေခဲပြင်ကြီးမှာ အနက် ပေ ၂၀၀ ခန့်နှင့် အချင်း ပေ ၆၅၀ ခန့်ရှိသော ကြီးမားသည့် တွင်းကြီးတစ်တွင်း ဖြစ်ပေါ်သွားခဲ့သည်။
ထို့အပြင် လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသော အက်ကွဲကြောင်းများသည် မိုင်ပေါင်းများစွာအထိ ရှည်လျားပြီး ကောင်းကင်မှ စီးမိုးကြည့်ပါက ရေခဲပြင်ကြီးပေါ်တွင် ဧရာမပင့်ကူအိမ်ကြီးတစ်ခု တင်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
သို့သော် ထိုမျှလောက် ပြင်းထန်သော လက်သီးချက်ဖြင့်ပင် ပင်လယ်ရေခဲပြင်ထုကို ဖောက်ထွင်းနိုင်ခြင်း မရှိသေးပေ။
လော်ယွမ်က စုစုပေါင်း လက်သီး ခုနစ်ချက်ခန့် ဆက်တိုက်ထိုးနှက်လိုက်ပြီးမှသာ ဥက္ကာပျံ ဝင်တိုက်ထားသကဲ့သို့ ဖြစ်နေသော တွင်းကြီးထဲတွင် ပင်လယ်ရေများ စီးဝင်လာသည်ကို တွေ့လိုက်ရသည်။
ရေခဲထုမှာ ပေ ၁၀၀၀ ကျော်အထိ နက်ရှိုင်းလေသည်။ အန္တာတိကတိုက်ကို စံထားကြည့်မည်ဆိုလျှင် ဤမျှလောက် ရေခဲထုထည်သည် အစပျိုးရုံသာ ရှိသေးသည်ဟု ဆိုရမည်။
သို့သော် လော်ယွမ် စိတ်သက်သာရာ ရသွားသည်မှာ အပြင်ဘက်တွင် ရာသီဥတု အေးခဲကာ သက်ရှိများ မျိုးသုဉ်းလုနီးပါး ဖြစ်နေသော်လည်း ပင်လယ်ပြင်အောက်တွင်မူ သက်ရှိများ၏ တက်ကြွလှုပ်ရှားမှုနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
အမှန်တကယ်တွင် ရေခဲပြင်အောက်ရှိ ပင်လယ်ရေ၏ အပူချိန်မှာ သိပ်မနိမ့်လှပေ။ ရေခဲပြင်နှင့် ထိကပ်နေသော အပိုင်းသည် သုည ဒီဂရီ ဝန်းကျင်သာ ရှိပြီး ပိုမိုနက်ရှိုင်းသော နေရာများတွင် အပူချိန် ပိုမြင့်မားလေသည်။
ဤကဲ့သို့သော အပူချိန်သည် ပင်လယ်သတ္တဝါများ ရှင်သန်ရန်အတွက် အနှောင့်အယှက် မဖြစ်စေပေ။
လတ်ဆတ်သော အောက်ဆီဂျင် ရနံ့ကို ရလိုက်သည်နှင့် လှုပ်ရှားမှုများ ငြိမ်သက်သွားပြီးနောက်တွင် ပင်လယ်သတ္တဝါ အများအပြားသည် ဤနေရာသို့ အလုအယက် စုဝေးရောက်ရှိလာကြသည်။
မိနစ်အနည်းငယ် အတွင်းမှာပင် ရေအောက်၌ ငါးအုပ်ကြီးများဖြင့် ပြည့်နှက်သွားလေသည်။
ထိုအဆီတစ်ဝင်းဝင်းနှင့် ပင်လယ်စာများကို ကြည့်ရင်း လော်ယွမ် တစ်ယောက် ဤနေရာတွင် ခေတ္တနားရန် ဆုံးဖြတ်လိုက်သည်။
ကပ်ဘေးကြီး ကျရောက်ပြီးကတည်းက အသားစားရရန်မှာ အလွန်တရာ ဇိမ်ကျသော ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။
သူသည် အမြင့်ဆုံး ခေါင်းဆောင်တစ်ယောက် ဖြစ်သော်လည်း နေ့စဉ်စားသောက်မှုပုံစံမှာ သာမန်လူများနှင့် မကွာခြားဘဲ ဟင်းသီးဟင်းရွက်နှင့် ကစီဓာတ်ကိုသာ အဓိက စားသောက်ရသည်။
ချက်ပြုတ်ပုံ ပိုမိုသေသပ်ကောင်းမွန်ပြီး အရသာ ပိုရှိသည်မှလွဲ၍ ကြီးကြီးမားမား ကွာခြားမှု မရှိပေ။
ကုန်းနေသတ္တဝါများမှာ ယခုအခါ ရှားပါးသတ္တဝါများ ဖြစ်ကုန်ကြပြီ ဖြစ်၍ စားသောက်ရန် မသင့်တော်တော့သော်လည်း ဤပင်လယ်သတ္တဝါများမှာမူ ကောင်းမွန်စွာ ရှင်သန်နေကြဆဲဖြစ်ရာ လော်ယွမ်အနေဖြင့် လက်လွတ်ခံမည် မဟုတ်ပေ။
တစ်မိနစ်ခန့် အကြာတွင် ၁၀ ပေခန့် ရှည်လျားသော အမည်မသိ သန္ဓေပြောင်း ငါးကြီးတစ်ကောင်ကို ရေခဲပြင်ပေါ်သို့ ဖမ်းဆီးတင်လိုက်နိုင်ပြီ ဖြစ်သည်။
ဗိုက်ခွဲ၊ အူနုတ်၊ ရေဆေးကြော သန့်စင်ပြီးနောက် လော်ယွမ်က ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။
ဤနေရာတစ်ခုလုံး ရေခဲများဖြင့်သာ ဖုံးလွှမ်းနေပြီး မီးမွှေးရန် ထင်းရှာတွေ့နိုင်မည် မဟုတ်သော်လည်း ဒါက သူ့အတွက် အခက်အခဲ မဟုတ်ပေ။
သူ၏ စိတ်စွမ်းအားသည် သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ယှဉ်လျှင် ပြောပလောက်အောင် မရှိသော်လည်း အသားကင်ရန်အတွက်မူ လုံလောက်သည်ထက် ပိုလေသည်။
သို့သော် စမ်းသပ်လိုက်သည်နှင့် လော်ယွမ် လက်မှိုင်ချသွားရသည်။ စိတ်ကူးလိုက်ရုံနှင့် ငါးက မီးကျွမ်းသွားရုံသာမက ချက်ချင်းပင် အငွေ့ပျံသွားလေတော့သည်။
သတိပြန်ဝင်လာချိန်တွင် သန္ဓေပြောင်း ငါးကြီးတစ်ကောင်လုံး စားမရတော့သည့် အခြေအနေသို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။
ထိုအခါမှ လော်ယွမ်က သူသည် "စိတ်ဝိညာဉ် မီးတောက်" ကို အသုံးပြုမိလိုက်ကြောင်း သတိထားမိလိုက်သည်။
ထိုသို့ပြောခြင်းက ပို၍ တိကျပေလိမ့်မည်။ အမှန်တကယ်တွင် အပူပေးခြင်းနှင့် သက်ဆိုင်သော စိတ်စွမ်းအားသည် "စိတ်ဝိညာဉ် မီးတောက်" စွမ်းရည်နှင့် တစ်သားတည်း ပေါင်းစပ်သွားပြီ ဖြစ်သည်။
စိတ်စွမ်းအားဖြင့် အပူပေးခြင်းသည် "စိတ်ဝိညာဉ် မီးတောက်" ဖြစ်လာပြီး "စိတ်ဝိညာဉ် မီးတောက်" သည်ပင်လျှင် စိတ်စွမ်းအားဖြင့် အပူပေးခြင်း ဖြစ်သည်။
ခရမ်းနုရောင်အဆင့်ရှိသော "ဉာဏ်ပညာနှလုံးသား" ကို စားသုံးပြီးနောက် "စိတ်ဝိညာဉ် မီးတောက်" စွမ်းရည်ကို ရရှိခဲ့ကတည်းက အပူပေးခြင်းဆိုင်ရာ စိတ်စွမ်းအားသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။
စွမ်းအား ပိုမိုပြင်းထန်လာပြီး ထိန်းချုပ်ရ ပိုခက်ခဲလာသည်။ အနည်းငယ် စမ်းသပ်ကြည့်ရုံဖြင့်ပင် အားလွန်သွားသည့် ဖြစ်ရပ်များ ဖြစ်ပေါ်လာလေသည်။
သို့သော် ထိန်းချုပ်ရခက်ခဲသည် ဆိုရုံမျှဖြင့် ထိန်းချုပ်၍ မရနိုင်ဟု မဆိုလိုပေ။
ယခင်က ခန္ဓာကိုယ်ခွန်အား ရုတ်တရက် တိုးတက်လာစဉ်ကကဲ့သို့ပင် အချိန်တိုအတွင်း အသားမကျနိုင်သော်လည်း အကြိမ်ကြိမ် လေ့ကျင့်ပါက ပြန်လည်ထိန်းချုပ်နိုင်မည် ဖြစ်သည်။
လော်ယွမ်က နောက်ထပ် သန္ဓေပြောင်းငါးတစ်ကောင်ကို ဖမ်းယူ၍ ဆက်လက် စမ်းသပ်လိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ မီးကျွမ်းသွားသော ငါးရုပ်အလောင်းများသည် တောင်ပုံရာပုံ ဖြစ်လာသည်။
နာရီဝက်ခန့် ကြာသောအခါ အသားအရောင် အနည်းငယ် မည်းနက်နေသော ငါးကင်တစ်ကောင်ကို သူ ဂရုတစိုက် ထိန်းချုပ်ကင်လိုက်နိုင်ပြီ ဖြစ်သည်။
သို့သော် လော်ယွမ်ကို သံသယ ဖြစ်စေသည်မှာ ထိုငါးကင်မှ မွှေးပျံ့သော အနံ့ မထွက်လာသည့်အပြင် ငါးညှီနံ့ပင် ပျောက်ဆုံးနေခြင်း ဖြစ်သည်။
အပေါ်ယံ အသားများ မီးကျွမ်းမသွားသည်ကို မြင်နေရ၍သာ မဟုတ်လျှင် သူ နောက်တစ်ကြိမ် ထပ်မံကျရှုံးပြန်ပြီဟု ထင်မှတ်မိပေလိမ့်မည်။
လော်ယွမ်က ငါးအသားကို ဖဲ့ကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။ ငါးအသားအရောင်မှာ ထူးဆန်းနေပြီး သဘာဝမဟုတ်သော မီးခိုးရောင်သမ်းနေသည်။
သူက နှာခေါင်းနားတေ့၍ အနံ့ခံကြည့်လိုက်ရာ ထူးဆန်းသော အနံ့သင်းသင်းလေးကိုသာ ရလိုက်သည်။ မွှေးသည်ဟုလည်း မဆိုနိုင်၊ နံသည်ဟုလည်း မပြောနိုင်သော အနံ့မျိုး ဖြစ်သည်။
အနည်းဆုံးတော့ သူ တစ်ခါမှ မရဖူးသော အနံ့မျိုး ဖြစ်သည်။
သူ အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ပါးစပ်ထဲသို့ ထည့်ကာ ဖြည်းညှင်းစွာ ဝါးကြည့်လိုက်သည်။
သို့သော် နှစ်ချက်၊ သုံးချက်မျှ ဝါးပြီးသည်နှင့် မျက်နှာပျက်သွားကာ ချက်ချင်း ပြန်ထွေးထုတ်လိုက်ရသည်။
ငါးအသား၏ အရသာမှာ အလွန်တရာ ထူးဆန်းလှသည်။ ငါးအသားနှင့် မတူဘဲ အမည်မသိ ဒြပ်ပေါင်းအစုအဝေး တစ်ခုကို စားနေရသကဲ့သို့ ဖြစ်နေသည်။
ကင်နေစဉ်အတွင်း ဤသန္ဓေပြောင်းငါး၏ အသားဓာတ်များမှာ ထူးဆန်းစွာ ပြောင်းလဲသွားပုံရသည်။
သူ့စိတ်ထဲတွင် အလွန်အံ့ဩသွားပြီး စဉ်းစား၍ မရနိုင်အောင် ဖြစ်နေသည်။ သူက မအောင်မြင်လိုက်သော ငါးကင်ပုံကြီးကို လှမ်းကြည့်လိုက်သည်။
ထိုမအောင်မြင်လိုက်သော ငါးကင်များထဲမှ အချို့မှာ အပေါ်ယံသာ မီးကျွမ်းနေပြီး အတွင်းပိုင်းမှာ ကောင်းမွန်နေသေးသည်။
စစ်ဆေးကြည့်လိုက်သောအခါ နောက်ဆုံးကင်လိုက်သော ငါးကင်ကဲ့သို့ပင် အသားများမှာ မီးခိုးရောင် ဖြစ်နေပြီး အနံ့အသက်လည်း ကင်းမဲ့နေသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် လော်ယွမ်သည် စနစ်မှ ဖော်ပြထားသော "စိတ်ဝိညာဉ် မီးတောက်" ၏ အာနိသင် ဖော်ပြချက်ကို ရုတ်တရက် ပြန်သတိရလိုက်မိသည်။
"ပစ်မှတ် အရာဝတ္ထု၏ မိုက်ခရို အမှုန်များကို လှုပ်ရှားမှု မြန်ဆန်စေခြင်းဖြင့် အပူချိန် မြင့်တက်စေသည်။ အမှုန်အမွှားအဖြစ် ပြိုကွဲစေသည်အထိ ဖြစ်စေနိုင်သည်" ဟူသော အချက်ကို သတိရလိုက်ပြီး သူ အတွေးနက်သွားသည်။
ယခင်က သူသည် "စိတ်ဝိညာဉ် မီးတောက်" ၏ အပူချိန် ပြောင်းလဲပေးနိုင်စွမ်းကိုသာ အာရုံစိုက်ခဲ့ပြီး သက်ရှိများနှင့် ဒြပ်ဝတ္ထု ဖွဲ့စည်းပုံများကို ဖျက်ဆီးနိုင်စွမ်း ရှိကြောင်း လျစ်လျူရှုထားခဲ့မိသည်။
အရာဝတ္ထုတစ်ခု၏ အတွင်းစွမ်းအင်ကို မြှင့်တင်ရာတွင် နည်းလမ်းနှစ်ခုရှိသည်။
တစ်ခုမှာ စွမ်းအင်သက်ရောက်စေခြင်း ဖြစ်ပြီး တစ်ခုမှာ အပူကူးပြောင်းခြင်း ဖြစ်သည်။
မိုက်ခရိုဝေ့ဖ် မီးဖိုဖြင့် အပူပေးခြင်းသည် စွမ်းအင်သက်ရောက်စေခြင်း နည်းလမ်းဖြစ်ပြီး မီးဖြင့် အပူပေးခြင်းသည် အပူကူးပြောင်းခြင်း နည်းလမ်းဖြစ်သည်။
"စိတ်ဝိညာဉ် မီးတောက်" သည် ပထမနည်းလမ်းတွင် ပါဝင်သော်လည်း မိုက်ခရိုဝေ့ဖ်ကဲ့သို့ မော်လီကျူးအဆင့် အပူပေးခြင်းထက် ပိုမိုနက်ရှိုင်းသည်။
၎င်းသည် အရာဝတ္ထု၏ အတွင်းစွမ်းအင် အနှစ်သာရထဲထိ ထိုးဖောက်ဝင်ရောက်ပြီး ကွမ်တမ် အဆင့်ရှိ မိုက်ခရို အမှုန်များကို တိုက်ရိုက် တုန်ခါ လှုပ်ရှားစေခြင်း ဖြစ်သည်။
ထိုသို့ မိုက်ခရို အမှုန်များကို တုန်ခါစေခြင်းသည် လုံးဝ ဖရိုဖရဲ လှုပ်ရှားစေခြင်း ဖြစ်ပြီး ထိုလုပ်ဆောင်ချက် ဖြစ်ပေါ်နေစဉ်တွင် သက်ရှိများ၏ မော်လီကျူး ဖွဲ့စည်းပုံများပါ ပျက်စီးသွားရခြင်း ဖြစ်လေသည်။
ဆက်ရန်...
အပိုင်း(၄၆၈) ညတစ်ည
လော်ယွမ်က နောက်ဆုံးတွင်တော့ အသားပြည့်ဖြိုးနေသည့် သန္ဓေပြောင်းငါးများကို အစိမ်းစားမည့်အကြံကို လက်လျှော့လိုက်သည်။
ညနေစောင်းလာသည်နှင့်အမျှ မူလကတည်းက မည်းမှောင်နေသော ကောင်းကင်ကြီးသည် ပိုမိုမှောင်မိုက်လာခဲ့သည်။
သို့သော် လော်ယွမ်ကမူ ပြန်ရန်စိတ်ကူး မရှိသေးချေ။ ကပ်ဘေးဆိုးကြီး ကျရောက်ပြီးကတည်းက လူသားမျိုးနွယ် ရှင်သန်ရပ်တည်ရေးဆိုသည့် ဝန်ထုပ်ဝန်ပိုးကြီးကို ပခုံးပေါ်ထမ်းထားခဲ့ရသဖြင့် ယခုလို စိတ်လွတ်ကိုယ်လွတ်နှင့် အရာရာကို မေ့ထားလိုက်ရသည့် အချိန်မျိုး မရှိခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
သူ ခရီးဆက်ခဲ့သည်။ သဲကန္တာရထဲမှ အထီးကျန်ခရီးသွားတစ်ယောက်ကဲ့သို့ပင်။
နာရီအနည်းငယ် ကြာပြီးနောက်တွင် သူသည် အီကွေတာမျဉ်းအနီးသို့ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။ ထိုနေရာတွင် ပင်လယ်ပြင်ကြီးကို ပြန်လည်မြင်တွေ့လိုက်ရသည်။
ဤနေရာရှိ အပူချိန်မှာ သုည ဒီဂရီ ဝန်းကျင်ခန့်သာ ရှိသော်လည်း အခြားဒေသများနှင့် နှိုင်းယှဉ်လျှင်မူ သံသယဖြစ်ဖွယ်မရှိအောင် ပိုမိုနွေးထွေးနေသည်။
အထူးသဖြင့် ပင်လယ်ရေစီးကြောင်းများ ဆုံတွေ့ရာအရပ် ဖြစ်နေသောကြောင့် ဤဧရိယာတွင် ရေခဲရန် ခဲယဉ်းလှသည်။
ဧရာမရေခဲတောင်ကြီးများသည် ပင်လယ်ပြင်ထက်၌ ကျွန်းကြီးများသဖွယ် ပေါလောပေါ်လျက်ရှိပြီး ရေခဲပြင်ကြီးများမှာလည်း နေရာအနှံ့ ဖုံးလွှမ်းနေသည်။
ရေစီးကြောင်း၏ တွန်းပို့မှုကြောင့် ရေခဲတုံးအချင်းချင်း ရိုက်ခတ်သံများမှာလည်း မရပ်မနား ထွက်ပေါ်နေသည်။
ဤထူးခြားသည့် ရွေးချယ်ခံမြေနေရာသည် ယခုအခါတွင် ကမ္ဘာ့အကြီးမားဆုံး သက်ရှိများ စုဝေးရာနေရာ ဖြစ်လာခဲ့ချေပြီ။
ရေခဲပြင်များပေါ်တွင် သန္ဓေပြောင်းငှက်များနှင့် ရေနေနို့တိုက်သတ္တဝါများ အပါအဝင် သက်ရှိအများအပြား ပြည့်နှက်နေသည်။
ပိုမိုကြီးမားသော ရေခဲတောင်ကြီးများပေါ်တွင်မူ သက်ရှိများ များပြားလွန်းလှသဖြင့် ရေခဲ၏ မူလအရောင်ကိုပင် မမြင်တွေ့ရတော့ပေ။
သာမန်မျက်စိဖြင့် မမြင်နိုင်သော ရေခဲပြင်အောက်တွင်မူ သာ၍များပြားသော ပင်လယ်ရေအောက် သက်ရှိများက ဤမျှော်လင့်ချက်နယ်မြေအား ကြိတ်ကြိတ်တိုး နေရာယူထားကြသည်။
ညအချိန် ရောက်လာပြီဖြစ်၍ သက်ရှိအားလုံးသည် အချင်းချင်း ပူးကပ်ကာ ခွေနေကြသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ အတော်အတန် တိတ်ဆိတ်ငြိမ်းချမ်းနေပုံ ပေါက်နေသည်။
လော်ယွမ် ရောက်ရှိလာမှုသည် မည်သူ့ကိုမျှ အနှောင့်အယှက် မဖြစ်စေခဲ့ပေ။
သူ့အနီးရှိ ဧရာမသန္ဓေပြောင်းငှက်ကြီးတစ်ကောင်က သူ့ကို တစ်ချက်သာ လှမ်းကြည့်ပြီး ဘေးလူမရှိသကဲ့သို့ပင် ၎င်း၏ တောက်ပသော အမွေးအတောင်များကို ဆက်လက်ရှင်းလင်းကာ အတောင်ပံအောက်သို့ ခေါင်းပြန်လျှိုဝင်သွားသည်။
ခပ်လှမ်းလှမ်းရှိ ရေဘီလူးကြီးတစ်ကောင်မှာဆိုလျှင် လှုပ်ပင်မလှုပ်ရှားပေ။
သို့သော် လေထုထဲတွင် လွှမ်းခြုံနေသော ပြင်းထန်သည့် သွေးညှီနံ့များနှင့် ရေခဲပြင်ပေါ်တွင် နေရာအနှံ့ တွေ့ရသော သွေးကွက်သစ်များ၊ ပုပ်သိုးနေသော သွေးဟောင်းများက ဤနေရာသည် ငြိမ်းချမ်းရေးနယ်မြေ မဟုတ်ကြောင်း လော်ယွမ်အား သတိပေးနေသည်။
ဤနေရာရှိ သက်ရှိများသည် အချင်းချင်း ပြန်လည် စားသောက်ကြသည်။ အားနည်းသူက အားကြီးသူ၏ သားကောင်ဖြစ်ရသည့် သဘာဝတရား၏ နိယာမများကို ဤနေရာတွင် အထင်အရှား တွေ့မြင်နေရသည်။
ထူးခြားသော ပတ်ဝန်းကျင်အခြေအနေကြောင့် ၎င်းတို့သည် ထူးခြားသော ရှင်သန်မှုအလေ့အထများကို ပိုင်ဆိုင်ထားကြသည်။
ဤနေရာတွင် အစားအစာက အလွန်ပေါများလွန်းလှသည်။ ခေါင်းတစ်ချက် ငုံ့လိုက်ရုံဖြင့် အစာကို ဖမ်းမိနိုင်သလို မိမိကိုယ်တိုင်လည်း အခြားသူ၏ အစာ ဖြစ်သွားနိုင်သည်။
သို့သော် ယခုအခါ ညအချိန်ရောက်ပြီ ဖြစ်သလို တစ်နေ့တာ၏ အအေးဆုံးအချိန်လည်း ရောက်တော့မည် ဖြစ်သည်။
သက်ရှိအများစုသည် အအေးဒဏ်ကို ကာကွယ်ရန် အမဲလိုက်ခြင်းကို ရပ်နားထားကြသည်။
မူလက သားကောင်နှင့် မုဆိုး ဖြစ်ခဲ့ကြသော်လည်း ယခုအချိန်တွင်တော့ ညဉ့်၏ အအေးဒဏ်ကို အတူတကွ ရင်ဆိုင်ရန် တစ်ဦးကိုတစ်ဦး မှီခိုနေကြခြင်း ဖြစ်သည်။
နောက်တစ်နေ့ နံနက်မိုးလင်းသည်နှင့် ဤနေရာသည် သွေးချောင်းစီးရာ သတ်ကွင်းကြီးအဖြစ် ပြန်လည် ပြောင်းလဲသွားပေလိမ့်မည်။
သို့သော် အနည်းဆုံးတော့ ယခုအချိန်တွင် ငြိမ်သက်နေဆဲပင်။
လော်ယွမ်က ရေခဲပြင်ပေါ်တွင် တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။
လမ်းတစ်လျှောက်တွင် ဧရာမသတ္တဝါကြီး တစ်ကောင်ပြီး တစ်ကောင်ကို ဖြတ်ကျော်လာခဲ့သည်။
ညဉ့်နက်လာသည်နှင့်အမျှ ပိုမိုအေးခဲလာသောကြောင့် ဧရာမသတ္တဝါကြီးများသည် ဆောင်းခိုနေသကဲ့သို့ မလှုပ်မယှက် ငြိမ်သက်နေကြသည်။
သတ်ကွင်းထဲတွင် အသက်ဆက်လက် ရှင်သန်နိုင်သော သန္ဓေပြောင်းသတ္တဝါများသည် အဆင့်နိမ့်များ မဟုတ်ကြပေ။
အဆင့်(၅) နှင့် အဆင့်(၆) သတ္တဝါများမှာ နေရာအနှံ့တွင် ရှိနေပြီး အဆင့်(၇) သတ္တဝါများကိုလည်း မကြာခဏ တွေ့ရတတ်သည်။
အဆင့်(၈) ရှိသော သတ္တဝါများကိုပင် ရံဖန်ရံခါ တွေ့ရှိရသည်။
စနစ်မှ မစ်ရှင်အချက်ပေးသံများက သူ့ဦးနှောက်ထဲသို့ မရပ်မနား ဝင်ရောက်လာသည်။
မိုင် ၆၀ ခန့်သာရှိသော ခရီးလမ်းတစ်လျှောက်တွင် အဆင့်(၈) သန္ဓေပြောင်းသတ္တဝါ သုံးကောင်ကို သူ တွေ့ရှိခဲ့သည်။
သူ၏ လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် ထိုမစ်ရှင်များကို လက်ဖျားဖြင့်တို့ထိရုံမျှဖြင့် အလွယ်တကူ ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည်။
ဤနေရာတစ်ဝိုက်ကိုသာ သေချာစွာ ရှာဖွေလိုက်ပါက အဆင့်တစ်ဆင့်တက်သွားပြီး အရည်အသွေးမှတ် တစ်မှတ်ပင် ရနိုင်ချေ ရှိသော်လည်း လော်ယွမ်ကမူ မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ လျစ်လျူရှုထားလိုက်သည်။
ကပ်ဘေးမတိုင်မီက သန္ဓေပြောင်းသတ္တဝါများသည် လူသားတို့၏ အကြီးမားဆုံး ရန်သူများ ဖြစ်ခဲ့ကြသည်။
သို့သော် ကပ်ဘေးသင့်ပြီးနောက်တွင်တော့ ၎င်းတို့သည်လည်း လူသားများနည်းတူ ရက်စက်ကြမ်းကြုတ်သော ပတ်ဝန်းကျင်တွင် ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်နေကြရရှာသည်။
သူ မသတ်ဖြတ်ခြင်းမှာ ပျော့ညံ့ခြင်းကြောင့် မဟုတ်၊ ကပ်ဘေးသင့်သူအချင်းချင်း ကိုယ်ချင်းစာသော ကရုဏာစိတ်ကြောင့်သာ ဖြစ်သည်။
......
မကြာမီတွင် သူသည် ထိုဧရိယာကို ဖြတ်ကျော်လာခဲ့ပြီး ပင်လယ်ပြင်မှာလည်း ပြန်လည် အေးခဲသွားခဲ့သည်။
နောက်ဆုံးတွင် သူ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ လက်ကောက်ဝတ်ရှိ အချိန်ကို ကြည့်လိုက်ရာ ည ၉ နာရီ ရှိနေပြီဖြစ်သည်။
မိုးလည်းချုပ်နေပြီဖြစ်၍ ပြန်ရန် ဆုံးဖြတ်လိုက်သည်။ အပြန်လမ်းတွင် မိုးထိအောင် မြင့်မားသည့် လျှပ်စီးသစ်ပင်ကြီးအနီးမှ သူ တမင်ဖြတ်သန်းလာခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် လျှပ်စီးသစ်ပင်ကြီးက လျှပ်စီးများကို စုပ်ယူနေချိန် ဖြစ်နေသည်။
မိုင်ထောင်ပေါင်းများစွာ ကျယ်ဝန်းသော ဧရိယာတစ်ခုလုံးတွင် လျှပ်စီးများ လက်နေပြီး မိုးချုန်းသံများ ညံနေသည်။
မရေမတွက်နိုင်သော လျှပ်စီးတန်းများသည် ကောင်းကင်ယံတွင် လျှပ်စစ်မြွေကြီးများသဖွယ် တွန့်လိမ်ရွေ့လျားနေကြသည်။
ကြီးမားသော သစ်ပင်၏ ပင်စည်ကြီးမှာ လျှပ်စစ်စီးနေသော တောင်ကြီးတစ်လုံးကဲ့သို့ ဧရိယာတစ်ခုလုံးကို နေ့ခင်းဘက်အလား လင်းထိန်သွားစေပြီး ကြောက်မက်ဖွယ်ကောင်းသော တည်ငြိမ်လျှပ်စစ်များဖြင့် ပြည့်နှက်နေသည်။
မီးတောင်ပေါက်ကွဲမှုများကို ထည့်မတွက်လျှင် ဤနေရာသည် ယခုကမ္ဘာပေါ်တွင် အလင်းရောင်ကို မြင်တွေ့နိုင်သော တစ်ခုတည်းသောနေရာ ဖြစ်လောက်သည်။
ကမ္ဘာပေါ်တွင် ကျန်ရှိနေသေးသော အဆင့်(၉) သက်ရှိတစ်ခုအနေဖြင့် ယခုကဲ့သို့ ဆိုးရွားသော ပတ်ဝန်းကျင် အခြေအနေများသည် ၎င်းအပေါ် မည်သို့မျှ သက်ရောက်မှု မရှိပေ။
၎င်းသည် ကောင်းမွန်စွာ ရှင်သန်နေဆဲဖြစ်ပြီး စွမ်းအင်စုပ်ယူစဉ် ထွက်ပေါ်လာသော အပူချိန်ကြောင့် ဤနေရာတစ်ဝိုက်ကို နွေးထွေးနေစေသည်။
သစ်ပင်၏ အမြစ်များအနီးတစ်ဝိုက်တွင် စက်ဝိုင်းပုံသဏ္ဌာန် သစ်တောတစ်ခုပင် ဖြစ်တည်နေပြီ ဖြစ်သည်။
လျှပ်စီးသစ်ပင်နှင့် နီးကပ်စွာ ပေါက်ရောက်နေသော အပင်အချို့ဆိုလျှင် လျှပ်စစ်ဓာတ်အားကို စုပ်ယူနိုင်စွမ်း ရှိလာရန်ပင် ဆင့်ကဲပြောင်းလဲလာကြသည်။
သစ်ရွက်များပေါ်တွင် လျှပ်စီးမှုန်လေးများ တဖျပ်ဖျပ် တောက်ပနေသည်ကို ကြည့်ခြင်းအားဖြင့် လျှပ်စီးသစ်ပင်မှ လျှပ်စီးများကို စုပ်ယူနေစဉ်တွင် ထိုအပင်ငယ်လေးများကလည်း လေထုထဲမှ လျှပ်စစ်ဓာတ်အားကို စုပ်ယူနေကြကြောင်း ထင်ရှားနေသည်။
မကြာမီ အချိန်ကာလတစ်ခုတွင် ဤနေရာ၌ ထူးခြားဆန်းပြားသော သစ်တောတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
ဆယ်စုနှစ်များ၊ ရာစုနှစ်များ ကြာပြီးနောက် အပင်များ မျိုးပွားပျံ့နှံ့သွားသည်နှင့်အမျှ ကမ္ဘာကြီးတစ်ခုလုံးတွင် ဤကဲ့သို့သော ထူးခြားသည့် အပင်များဖြင့် ပြည့်နှက်သွားနိုင်ချေရှိသည်။
သို့သော် ထိုအချိန်ရောက်လျှင် လူသားများသည် အာကာသထဲတွင် လေလွင့်နေကြလောက်ပြီ ဖြစ်သည်။
ထို့နောက် လော်ယွမ်သည် အချိန်ဆွဲမနေတော့ဘဲ လေဟာနယ်ကွေးညွတ်ပျံသန်းခြင်း စနစ်ကို မောင်းနှင်လိုက်ရာ ၁၀ မိနစ် မပြည့်ခင်မှာပင် အိမ်သို့ ပြန်ရောက်လာခဲ့သည်။
......
"ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ" ဟွမ်ကျားဟွေက ညည်းတွားလိုက်သည်။
အမျိုးသမီးများ အားလုံး အိပ်ရာမဝင်ကြသေးဘဲ သူ့ကို စောင့်နေကြပုံရသည်။
လော်ယွမ်က အားနာသည့်လေသံဖြင့် "ကိစ္စရှိလို့ အပြင်ခဏသွားနေတာ... ငါ့ကို စောင့်မနေကြပါနဲ့... စောစောစီးစီး အိပ်ကြပါ" ဟု ပြောလိုက်သည်။
"ထမင်း ပူနေတုန်းပဲ... စားဖို့ မမေ့နဲ့နော်"
လော်ယွမ် ခေါင်းညိတ်လိုက်ပြီး မီးဖိုချောင်သို့ သွားကာ နွေးနေသေးသော ထမင်းဟင်းများကို ကုန်စင်အောင် စားသောက်လိုက်သည်။
ပန်းကန်ဆေးရန် ပြင်လိုက်စဉ် ဝမ်ရှကွမ် ဝင်လာခဲ့သည်။
"ကျွန်မ ဆေးလိုက်ပါ့မယ်"
လော်ယွမ် သူမကိုကြည့်ပြီး ကြောင်သွားသည်။ ယခုအချိန်တွင် သူမသည် ပုံမှန်ဝတ်စုံကို လဲလှယ်လိုက်ပြီဖြစ်ပြီး ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။
တိုကပ်နေသော ညအိပ်ဝတ်စုံအောက်တွင် စွင့်ကားသော တင်ပါးအလှကို ဖုံးကွယ်ထားရန် ခက်ခဲနေသည်။
ကမ္ဘာပျက်ကပ်ကာလ စက်ရုံများက ဤကဲ့သို့သော ညအိပ်ဝတ်စုံမျိုး ထုတ်လုပ်ပေးမည်မဟုတ်ရာ ဝမ်ရှကွမ် ကိုယ်တိုင် ပြုပြင်ချုပ်လုပ်ထားသည်မှာ ထင်ရှားလှသည်။
ခေါင်းကိုငုံ့ကာ ဝင်လာသော ဝမ်ရှကွမ်၏ မျက်နှာလေးမှာ ရှက်သွေးဖြာ၍ ရဲတွတ်နေသည်။
လော်ယွမ် ချက်ချင်းပင် အခြေအနေကို သဘောပေါက်လိုက်ပြီး တည်ငြိမ်နေသော သူ့စိတ်အစဉ်မှာ ဂယက်ထသွားခဲ့သည်။
သူ့စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် အနည်းငယ် အပြစ်တင်မိသွားသည်။ ဒီရက်ပိုင်း သူ ဝမ်ရှကွမ်ကို အနည်းငယ် လျစ်လျူရှုမိခဲ့သည်မှာ အမှန်ပင်။
သူမက ကိုယ့်အားကိုယ်ကိုးတတ်ပြီး သီးသန့်နေတတ်သူဖြစ်ရာ သူမအပေါ်ထားရှိသည့် အာရုံစိုက်မှုက မလွဲမသွေ လျော့နည်းနေခဲ့သည်။
သူ ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်ပြီး ပန်းကန်ဆေးနေသော ဝမ်ရှကွမ်ကို ငေးကြည့်နေမိသည်။
မီးဖိုချောင်ထဲတွင် မီးရောင်များ လင်းထိန်နေသဖြင့် သူမ၏ သွယ်လျသော ခြေတံရှည်ကြီးများမှာ ပိုမိုဖြူဖွေးကာ ဆွဲဆောင်မှု ရှိနေသည်။
ကျောပြင်နောက်မှ စူးရှပူနွေးသော အကြည့်များကို သတိပြုမိလိုက်ပုံရပြီး ဝမ်ရှကွမ်၏ မျက်နှာမှာ ပို၍ နီရဲလာကာ တစ်ကိုယ်လုံးပင် တုန်ယင်လာသည်။
လှည့်ထွက်ပြေးချင်စိတ်များ ပေါ်လာသော်လည်း ခဲယဉ်းစွာ ဆုံးဖြတ်ချက်ချထားရသဖြင့် ဒီအတိုင်း လက်မလျှော့လိုက်ချင်ပေ။
ကမ္ဘာပျက်ကပ်ကြီးထဲတွင် ကြည်နူးစရာ အချစ်ဇာတ်လမ်းများ ရှိလာမည် မဟုတ်ကြောင်း၊ နားလည်မှုနှင့် အတူလက်တွဲသွားခြင်းသာ ရှိကြောင်း သူမ ကောင်းစွာ နားလည်သဘောပေါက်ပြီး ဖြစ်သည်။
အတူနေရန် ဆုံးဖြတ်ပြီးမှတော့ ဆက်လက်၍ မာနကို တင်းခံနေလျှင် တစ်ယောက်နှင့်တစ်ယောက် ပိုမိုဝေးကွာသွားရုံသာ ရှိပေလိမ့်မည်။
......
မည်သည့် အခမ်းအနားမှ မရှိသလို၊ ကတိသစ္စာပြုခြင်းများလည်း မရှိခဲ့ပေ။
အမှောင်ထု လွှမ်းခြုံထားသော အခန်းထဲတွင် စိတ်လှုပ်ရှားဖွယ်ရာ အငွေ့အသက်များ ပြည့်နှက်နေသည်။
ဝမ်ရှကွမ်သည် မက်မွန်ပွင့်လေးသဖွယ် မျက်နှာလေး ရဲနေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။
ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများကို ချွတ်လိုက်ရုံမျှဖြင့်ပင် သူမမှာ ရှက်လွန်း၍ မနေတတ် မထိုင်တတ် ဖြစ်နေရှာသည်။
ဆက်လက်ဖြစ်ပေါ်လာသော ပထမဆုံးအကြိမ် အတွေ့အကြုံသည် သူမအတွက် သာယာမှုထက် နာကျင်မှုကိုသာ ပေးစွမ်းနိုင်ခဲ့သည်။
သို့သော် စိတ်ထဲတွင် ဖြစ်ပေါ်နေသော ကျေနပ်မှုနှင့် ပျော်ရွှင်မှုများကမူ သူမ၏ နှလုံးသားတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။
"ရှင့်ရဲ့ ခန္ဓာကိုယ်ကို နောက်ဆုံးတော့ ကျွန်မ ပိုင်ဆိုင်ခွင့် ရသွားပြီပဲ" ကိစ္စပြီးဆုံးသွားသောအခါ ဝမ်ရှကွမ်က ရင်ဘတ်ကို စောင်ပါးလေးဖြင့် ကာလျက် ချစ်စဖွယ် မျက်နှာပေးလေးဖြင့် ပြောလိုက်သည်။
"နင့်စကားက ပြောင်းပြန် ဖြစ်မနေဘူးလား" လော်ယွမ်က သူမဘက်သို့ လှည့်ကာ မေးလိုက်သည်။
ဝမ်ရှကွမ်က ရှက်သွေးဖြာစွာ ပြုံးလိုက်ပြီး စကားပြန်မပြောတော့ပေ။ သို့သော် သူမ၏ စိတ်ထဲတွင်တော့ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
'ကျွန်မစိတ်ထဲမှာတော့ ဒီလိုပဲ... ရှင့်ကို လူအများကြီး ပိုင်ဆိုင်ကြပေမယ့်... ကျွန်မစိတ်ထဲမှာတော့ ရှင်က ကျွန်မတစ်ယောက်ထဲပိုင်တဲ့သူပါ...'
ဆက်ရန်...