← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

**(3) လက်မှတ်သွားယူရအောင်

လင်းမိန်ဟွေ့သည်ကား ဤစကားများ ပြောရန်အတွက် သတ္တိကို မနည်းမွေးမြူပြီးနောက် ခေါင်းကိုငုံ့ချကာ စုန့်ယီ၏မျက်နှာကို မော့ကြည့်ရန်ပင် မဝံ့ရဲတော့ချေ။

သူမ သိသည်။ သူမသည်ကား အလွန်ပင်မျက်နှာပြောင်တိုက်လွန်းနေခဲ့သည်။

သူမက လင်းမိသားစုကို လိမ်ညာရန်အတွက် တစ်စုံတစ်ယောက်နှင့် အတုအယောင်လက်ထပ်ရန် လိုအပ်သည့်အပြင် ဤသို့ လှည့်ဖျားလိုသည်ကိုပင် စုန့်ယီအတွက် ကောင်းစေလိုကြောင်းဟု နာမည်တပ်၍ ပြောလိုသည်။

သို့သော် ဤနည်းလမ်းမှလွဲ၍ သူမတွင် အခြားရွေးချယ်စရာ မရှိပေ။

တခြားရွေးချယ်စရာ တစ်ခုခုများ ရှိခဲ့သော် လင်းမိန်ဟွေ့သည် စုန့်ယီကို လက်ထပ်ပြီး မိမိခံစားချက်များကို လိမ်ညာရန် မည်သည့်အခါမှ ရွေးချယ်မည် မဟုတ်ပေ။

“ကိုယ်... ကိုယ်...”

စုန့်ယီသည် သူမ၏ စကားများကြောင့် စိတ်လှုပ်ရှားသွားဟန်ရှိကာ ခဏတာ တွေဝေသွားသည်။

“ကိုယ့်ကို ခဏလောက် စဉ်းစားခွင့်ပေးပါဦး”

အခြေအနေက ပြန်ကောင်းလာသည်ကို မြင်သည့်အခါ လင်းမိန်ဟွေ့၏ မျက်လုံးများတွင် မျှော်လင့်ချက်များ လင်းလက်လာသည်။

“အစ်ကိုစုန့်ယီ၊ သေသေချာချာစဉ်းစားပါဦး၊ အလျင်မလိုပါနဲ့”

“ဒါပေမဲ့..ကိုယ်က ယောက်ျားတစ်ယောက်အနေနဲ့ ကွာရှင်းရင်တောင် ဂုဏ်သိက္ခာ ထိခိုက်မှာမဟုတ်ဘူး။

မင်းကတော့ မိန်းကလေးလေ၊ ဆိုတော့ နောက်ပိုင်းမှာ မင်း ချစ်တဲ့သူနဲ့ တွေ့ရင်တော့... ”

ဤအကြောင်းကို ပြောရင်း စုန့်ယီသည် တွေဝေသွားသည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီနည်းက အဆင်မပြေလောက်ဘူး။”

သူ နောက်ဆုံး၌ စိတ်ဆုံးဖြတ်လိုက်သည်ကို မြင်လိုက်ရသည့်အခါ လင်းမိန်ဟွေ့သည် သူမ၏စကားကို ပြန်ရုပ်သိမ်းတော့မလို ဖြစ်သွားသည်။

သူမက သူ၏လက်ကို အလျင်အမြန် ဆွဲယူကာ ရင်ဘတ်ပေါ် တင်လိုက်သည်။ ထို့နောက်သူ့ကို သေသေချာချာ ကြည့်ပြီး ပြောလိုက်လေသည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မပြောတာ နားထောင်ပါဦး။”

“ဒါက အတုအယောင်လက်ထပ်တာပါပဲ။ အရေးမကြီးပါဘူး။ ကျွန်မ နောက်ပိုင်း ကြိုက်တဲ့သူနဲ့ တွေ့ရင် ရှင်က ရှင်းပြပေးလို့ရတယ်။ အဲဒီလိုပဲ၊ ရှင် ကြိုက်တဲ့သူနဲ့ တွေ့ရင်လည်း ကျွန်မ ဘယ်တော့မှ ဝင်မပါဘူး။

ဝင်ပြီးတော့တောင် ရှင်းပြပေးမှာပါ။ ရှင် ကျွန်မကို လက်ထပ်မယူဘူးဆိုရင် ဒီနေ့အိမ်ပြန်ရောက်တာနဲ့ ညဘက်ကျရင် ကျွန်မ ကျန်းမိသားစုကို ရောင်းစားခံရမှာ သေချာတယ်။”

“ကျွန်မရဲ့မိသားစုက ဘယ်လောက် အောက်တန်းကျတယ်ဆိုတာ ရှင်လည်းသိပါတယ်။ တခြားဘာမှ မပူပါနဲ့။ ကျွန်မ ရှင်နဲ့လက်ထပ်တာက ကောင်းကောင်းမွန်မွန် နေထိုင်ချင်လို့ပါ။

ရှင် ကျွန်မကို လက်ထပ်လိုက်တာက ကျွန်မကို တကယ်ကယ်ဆယ်လိုက်တာပါပဲ။ မဟုတ်ရင် ရှင်က ကျွန်မကို မီးတွင်းထဲ တွန်းပို့လိုက်တာနဲ့ အတူတူပဲဖြစ်သွားလိမ့်မယ်။”

လင်းမိန်ဟွေ့တစ်ယောက် သူမကိုယ် သူမ မကောင်းသူတစ်ယောက်လို ခံစားနေရသည်။

စုန့်ယီကို သူမနှင့် လက်ထပ်ရန်အတွက် သူမတွင် ခွင့်လွှတ်ပေးရန် တောင်းပန်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိပါချေ။

မှန်ပေသည်။ သူမ၏ မိဘအရင်းများထံမှ သက်ကြီးပိုင်းလူကြီးတစ်ယောက်ထံ ရောင်းစားခံရခြင်းသည် တကယ်ကို သနားစရာကောင်းသည်။

သူမ၏ စကားကို ကြားပြီးနောက် စုန့်ယီသည်ကား တကယ်ပင် တိတ်ဆိတ်သွားသည်။

သူသည်လည်း ဤနှစ်၌ ၂၆ နှစ် ရှိပြီ။ သူ၏အဖွား မဆုံးမီက နောင်တရဆုံး အရာသည်ကား သူ့ကို လက်ထပ်ပြီး ကလေးမွေးဖွားလာသည်ကို မမြင်လိုက်ရခြင်းပင်။

စုန့်ယီသည်ကား လက်ထပ်ခြင်းကဲ့သို့ ကိစ္စကို များစွာ စိတ်အားထက်သန်ခြင်း မရှိဘဲ တစ်သက်လုံး တစ်ယောက်တည်း နေရန် ပြင်ဆင်ထားခဲ့သည်။

သို့သော်လည်း တစ်နေ့တွင် လင်းမိန်ဟွေ့သည်က သူ့ထံလာပြီး အတုအယောင်လက်ထပ်ရန် အဆိုပြုမည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။

လင်းမိန်ဟွေ့သည်ကား သူ ဆက်လကာ တွေးနေသည်ဟု ထင်ကာ အခြေအနေကောင်းလာစေရန်အတွက် မျက်ရည်နှစ်စက် ညှစ်ချလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ရှင် တကယ်မကူညီဘူးဆိုရင် ကျွန်မ တကယ်ပဲ...”

“လင်းမိန်ဟွေ့၊ မင်း သေချာစဉ်းစားပါ။ မင်း ကိုယ့်ကို လက်ထပ်ရင် အတုအယောင်လက်ထပ်တာ ဖြစ်နေရင်တောင် မင်းအတွက် နောက်ဆုတ်စရာ လမ်းမရှိတော့ဘူးဆိုတဲ့ သဘောပဲ။”

စုန့်ယီသည် သူမကို စကားဖြတ်ကာ သူမကို သေသေချာချာ ကြည့်လိုက်သည်။

စုန့်ယီ၏ မျက်လုံးများက အမှန်တကယ်ကို လှပလွန်သည်။ ထိုမျက်လုံးများထဲတွင် ဝဲဂယက်ငယ်လေးရှိနေသကဲ့သို့ လူများကို အလွန်အမင်း ဆွဲဆောင်နိုင်သည်

ထိုမျက်လုံးများနှင့် စိုက်ကြည့်ခံရသည့်အခါတွင် လင်းမိန်ဟွေ့၏ ရင်ထဲ၌ ဆတ်ခနဲ တုန်ယင်သွားပြီး ရူးမိုက်စွာ ခေါင်းညိတ်လိုက်သည်။

“ကျွန်မ သိပါတယ်”

“ဒါဆို... ရှင် သဘောတူလိုက်ပြီလား။”

လင်းမိန်ဟွေ့တစ်ယောက် သတိထား၍ မျက်လုံးများကို ပင့်မ,ကြည့်လိုက်သည်။

“မင်းကို ကျန်းမိသားစုဆီ ရောင်းစားခံရတာကို ကိုယ် တကယ်မမြင်ချင်ဘူး။”

စုန့်ယီသည် ခါးခါးသီးသီး ပြုံးလိုက်သည်။

လင်းမိန်ဟွေ့သည်ကား ရွာတွင် ထက်မြက်ပြီး ချောမောသည်ဟု လူသိများသည့် မိန်းကလေးတစ်ယောက်ဖြစ်ပေသည်။ လူများစွာက သူမကို ချစ်ကြိုက်ကြောင်း ထုတ်ဖော်ပြောဖူးသည်။

သူကိုယ်တိုင်လည်း သိနေခဲ့သည်။ သူ၏ ဂုဏ်သတင်းအရဆိုလျှင် ကျန်းမိသားစုသာ မရှိခဲ့ပါက သူနှင့် လင်းမိန်ဟွေ့သည်က တစ်သက်လုံး ပတ်သက်စရာ မည်သည်အကြောင်းမျှ ရှိမည်မဟုတ်ပေ။“ကောင်းပြီ! အစ်ကိုစုန့်ယီ ဒါဆို ကျွန်မကို စောင့်နေပါ”

လင်းမိန်ဟွေ့၏ ရင်၌ လေးလံစွာ ချိတ်ဆွဲခံထားရသော ကျောက်တုံးကြီးတစ်တုံး ပြုတ်ကျသွားသလိုပင်။

ပြဿနာများ ထပ်မံ မဖြစ်ပွားစေရန်နှင့် ကျိုးချွေ့ဟွား၏ အတွေးများကို လုံးဝရပ်တန့်ပစ်ရန် သူမ၏ စိတ်၌ အကြံတစ်ခု ရလာပြီး အနောက်ကိုလှည့်ကာ တံခါးမှ ပြေးထွက်သွားသည်။

စုန့်ယီတစ်ယောက် လက်ကို ဆန့်ထုတ်လိုက်သော်လည်း သူမကို ဆွဲမထားလိုက်မိပေ။

“လင်းမိန်ဟွေ့၊ မင်း ဘာလုပ်တာလဲ။”

“ကျွန်မ ခဏနေ ပြန်လာခဲ့မယ်၊အစ်ကို စုန့်ယီ၊ အိမ်မှာပဲ စောင့်နေနော်”

လင်းမိန်ဟွေ့သည်ကား လက်ဝှေ့ယမ်းလိုက်ပြီး စုန့်ယီ၏ အမြင်အာရုံမှ အလျင်အမြန် ပျောက်ကွယ်သွားတော့သည်။

စုန့်ယီတစ်ယောက် စိုးရိမ်နေသော်လည်း လင်းမိန်ဟွေ့ ပြဿနာဖြစ်သည် သို့မဟုတ် နောင်တရခြင်း ဖြစ်နိုင်သည်ဟု သူ့ကိုယ်သူ နှစ်သိမ့်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။

သို့သော်လည်း ဤသို့နည်းဖြင့်ဆိုလျှင် တခြားအလုပ်များ လုပ်ရန် စိတ်ကူးမရှိတော့ပေ။

သူသည်ကား သူ၏တံမြက်စည်းကို ဆုပ်ကိုင်ထားပြီး ကိစ္စများကို သူ့စိတ်ထဲ၌ ထားကာ အိမ်ကို ပြန်လည်သန့်ရှင်းရေး လုပ်နေလိုက်သည်။

နာရီဝက်ခန့် ကြာသောအခါ လင်းမိန်ဟွေ့တစ်ယောက် စုန့်ယီ၏ အိမ်တံခါးဝ၌ ပြန်ပေါ်လာခဲ့သည်။

သူမ၏ လက်ထဲတွင် ပလပ်စတစ်အိတ်တစ်လုံးကို ကိုင်ထားပြီး အထဲ၌ တစ်ခုခုပါဝင်ဟန်ရှိသည်။ သူမသည် အထဲသို့ဝင်လာပြီး စုန့်ယီကို ဆွဲထုတ်သွားခဲ်သည်။

“ဘာဖြစ်တာလဲ”

စုန့်ယီတစ်ယောက် အနည်းငယ် ထူးဆန်းနေခဲ့သည်။ သူ မတိုင်ခင်ကမှ ကြမ်းပြင်လှဲထားသည့်အတွက် သူ၏လက်များက မဆေးရသေးဘဲ ဖုန်များပေနေသည်။ သူသည်ကား လင်းမိန်ဟွေ့ကို သူ၏သဘောနှင့်သူ မထိရဲသည့်အတွက် သူမ ဆွဲခေါ်သွားခြင်းကိုသာ လက်ခံရုံသာ ရှိနေခဲ့သည်။

“လာခဲ့လေ၊ ကျွန်မ အိမ်ကနေ မိသားစုမှတ်ပုံတင်စာအုပ် ခိုးလာတာ။ အခု မြို့ထဲကိုသွားပြီး လက်ထပ်စာချုပ် သွားယူကြရအောင်။”

“မင်း ဘာခိုးလာတာ ”

စုန့်ယီတစ်ယောက် သူ နားမှားသွားသည်ဟု ထင်လိုက်မိသည်။

“မိသားစုမှတ်ပုံတင်စာအုပ်လေ။”

လင်းမိန်ဟွေ့က ပလပ်စတစ်အိတ်ထဲမှ အဖုံးနီစာအုပ်တစ်အုပ်ကို ထုတ်ကာ စုန့်ယီရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။

“မင်း ကိုယ့်စကားကို နားထောင်ဦး...”

“နားမထောင်ဘူး။”

လင်းမိန်ဟွေ့က ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး ပြန်ပြောခဲ့သည်ဝ

“ရှင် နောင်တရပြီး ကျွန်မကို လက်ထပာမယူချင်တော့ဘူးဆိုရင်တောင် မရဘူး”

အချိန် ကြာကြာတွေး၍ အိပ်မက်များရှည်ကြာစွာ မက်နေခြင်းကို ရှောင်ရှားရန်အတွက် လင်းမိန်ဟွေ့သည် အိမ်ကိုပြန်ရောက်သည့်အခါ သူမတို့မိသားစု၏ မိသားစုမှတ်ပုံတင်စာအုပ်ရှိသည့်နေရာကို တန်းသွားခါ်သည်။

ကံကောင်းစွာပင် အိမ်၌ မည်သူမျှ မရှိနေပေ။ သူမသည်ကား သန်းခေါင်စာရင်းစာအုပ်ကို ယူပြီးနောက် ကျိုးချွေ့ဟွားနှင့် လင်းကွားချင်းတို့ လာရှာခြင်းနှင့် ကြုံတွေ့ရမည်ကို ကြောက်နေ၍ ကြောက်လန့်တကြား အမြန်ဆုံးပြန်လာခဲ့ခြင်းဖြ်သည်။

စုန့်ယီတစ်ယောက် ထိုဝိုင်းစက်သည့်မျက်လုံးများ၏ စိုက်ကြည့်ခြင်းကို ခံရသည်။ လင်းမိန်ဟွေ့မှ သူ့ကို ခြိမ်းခြောက်လိုခြင်း ဖြစ်နိုင်သော်လည်း ကံမကောင်းစွာနှင့်ပင် အာနိသင်မရှိခဲ့ချေ။

သူ ချောင်းဆိုးလိုက်ပြီးနောက် သူ၏ အပြုံးကို ဖုံးကွယ်လိုက်သည်။

“ကိုယ် နောင်တရမှာ မဟုတ်ပါဘူး။”

“ကောင်းပြီ၊ ဒါဆိုအခုပဲ လက်ထပ်စာချုပ် သွားယူကြရအောင်”

လင်းမိန်ဟွေ့က သူ့ကို ထပ်မံ ဆွဲခေါ်ရင်း ပြောလိုက်သည်။

စုန့်ယီသည်လည်း သူမကို မတွန်းလှန်နိုင်တော့၍ သူ၏ မိသားစုမှတ်ပုံတင်စာအုပ်ကိုသာ ရှာဖွေပြီး တံခါးကို သော့ခတ်ကာ သူမနောက်သို့ လိုက်ပါသွားရတော့သည်။

ကံကောင်းစွာနှင့် မြို့ထဲသို့ နောက်ဆုံးဘတ်စ်ကား တစ်စီး ကျန်နေသေးသည်။

သူတို့နှစ်ဦး ကားပေါ်တက်ကာ မြို့ထဲသို့ ရောက်ရန် နာရီဝက်ခန့် လမ်းလျှောက်ခဲ့ရသည်။

ကားပေါ်မှ ဆင်းဆင်းချင်းတွင် လင်းမိန်ဟွေ့က လမ်းညွှန်ချက်များ တောင်း၍ စုန့်ယီကို မြို့ပြရေးရာရုံးသို့ တိုက်ရိုက်ခေါ်သွားသည်။

နေ့လယ်စာစားချိန်ဖြစ်ပြီး လမ်းဘေးဈေးသည်တစ်ဦးကို ဖြတ်သွားသည့်အချိန်တွင် စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့၏ ဗိုက်ထဲမှ အသံ ထွက်လာသည်ကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

လင်းမိန်ဟွေ့ကတော့ မလှုပ်မယှက်ပင် ရှိနေဆဲ။ သူမကလက်ထပ်စာချုပ် ရရှိခြင်းသည်ကသာ အရေးကြီးဆုံးဟု ထင်နေဟန်ရှိသည်။

အရပ်ဘက် မြို့ပြဗျူရိုရုံးသို့ ရောက်သည့်အခါ လင်းမိန်ဟွေ့က သန်းခေါင်စာရင်းစာအုပ်ကို ဝန်ထမ်းထံပေးပြီး ပြောလိုက်သည်။

“မင်္ဂလာပါ ၊ ကျွန်မတို့ လက်ခပာမှတ်ပုံတင်လက်မှတ်လာယူတာပါ။”

ဝန်ထမ်းက ခေါင်းမော့ကြည့်လိုက်သည့်အခါ အနည်းငယ် ကလေးဆန်သည့် မျက်နှာပေါက်ရှိသည့် မိန်းကလေးတစ်ယောက်၏နောက်တွင် သူမထက် သိသိသာသာ ပို၍ ရင့်ကျက်သည့် အမျိုးသားတစ်ဦး လိုက်ပါလာသည်ကို တွေ့မြင်လိုက်ရသည်။ သို့သော် သူသည်က အံ့ဩခြင်းမရှိပေ။

နိုင်ငံတော်မှ လွတ်လပ်စွာချစ်ခြင်းနှင့် လွတ်လပ်စွာလက်ထပ်ခြင်း မူဝါဒကို အဆိုပြုပြီးကတည်းက မိသားစုက လက်မခံသည့် လူငယ်များစွာသည် သူတို့မိသားစု၏ သန်းခေါင်စာရင်းစာအုပ်ကို ခိုးယူပြီး မင်္ဂလာဆောင်လိုင်စင် ယူလေ့ရှိသည်။သို့သော်လည်း စာအုပ်ပေါ်မှ အချက်အလက်များကို စစ်ဆေးပြီးနောက် ဝန်ထမ်းသည် သက်ပြင်းချလိုက်သည်။

လင်းမိန်ဟွေ့တစ်ယောက် တစ်ခုခုဖြစ်သွားပြီဟု ထင်ကာ မေးခါနီးတွင် ဝန်ထမ်းသည် တောင်းပန်သည့်ပုံစံနှင့် အိမ်ထောင်စုမှတ်ပုံတင်စာအုပ်ကို တွန်းပေးလိုက်သည်ကို တွေ့လိုက်ရသည်။

“တောင်းပန်ပါတယ် ကောင်မလေး၊ မင်းက လက်ထပ်စာချုပ်ယူဖို့ အသက်မပြည့်သေးဘူး။”

စုန့်ယီ လင်းမိန်ဟွေ့၏ မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူရော် ဖြစ်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ၊ သေသေချာချာကြည့်ပါဦး၊ ကျွန်မ အသက် ၂၀ ပြည့်နေပါပြီ”

လင်းမိန်ဟွေ့က ပြောရင်း သန်းခေါင်စာရင်းစာအုပ်ကို တစ်ချက် ထပ်ကြည့်လိုက်သည်။

သူမ၏ မွေးသက္ကရာဇ်ကို ရှင်းရှင်းလင်းလင်း မြင်ပြီးနောက် သူမသည်ကား မျက်နှာကို အရိုက်ခံလိုက်သလို ဖြစ်သွားပြီး ထိုနေရာ၌ပင် ကြက်သေသေသွားသည်။

ဤစာမျက်နှာပေါ်မှ မွေးသက္ကရာဇ်သည်က လင်းမိသားစု ပြောပြထားသည်နှင့် အဘယ်ကြောင့် ကွာနေရသည်နည်း။

သူမသည် သန်းခေါင်စာရင်းစာအုပ်ပေါ်မှ နံပါတ် မှားနေသည်ဟု ထင်ကာ ဝန်ထမ်းကို ရှင်းပြခိုင်းလိုက်သည်။

“ဒီကရဲဘော်၊ ဒါကအမှားဖြစ်နိုင်ပါတယ်၊ ကျွန်မ တကယ် ဒီနှစ်မှာ ၂၀ ပြည့်နေပါပြီ။ ဖြစ်နိုင်လားဆိုတာ ကြည့်ပါဦး...”

“တောင်းပန်ပါတယ် မိန်းကလေး၊ ငါတို့အားလုံးက အိမ်ထောင်စုမှတ်ပုံတင်စာအုပ်ကိုပဲ အခြေခံအဖြစ် ယူပါတယ်။ မှားခဲ့ရင်တောင် မင်းအနေနဲ့ မှားပြီးမှတ်မိတာပဲ ဖြစ်နိုင်ပါတယ်။”

လင်းမိန်ဟွေ့ စိတ်အခြေအနေမကောင်းဖြစ်နေသည်ကို မြင်သည့်အခါ စုန့်ယီလညာ့ လင်းမိန်ဟွေ့ကို အလျင်အမြန် ဆွဲခေါ်ကာ ဝန်ထမ်းကို တောင်းပန်သည့်အပြုံးနှင့် ပြုံးပြလိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်တော်တို့ မှားနေတာ ဖြစ်မယ်။”

ထိုသို့ ပြောပြီးသည်နှင့် သူက လင်းမိန်ဟွေ့ကို ဆွဲခေါ်သွားခဲ့လေသည်။

(4)

“အိမ်ထောင်စုမှတ်ပုံတင်စာရင်းစာအုပ်က ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ”

လင်းမိန်ဟွေ့သည်ကား အလွန်အမင်းစိုးရိမ်လွန်း၍ မျက်ရည်များပင် ကျတော့မလို ဖြစ်နေခဲ့ရသည်။ သူမက အိမ်ထောင်စုမှတ်ပုံတင်စာရင်းစာအုပ်ကို ထပ်မံယူ၍ စစ်ဆေးကြည့်လိုက်ပြန်သည်။

ထိုစာအုပ်ပေါ်မှ နံပါတ်များကို ရှင်းရှင်းလင်းလင်း ကြည့်ပြီးနောက်တွင် သူမ လုံးလုံးလျားလျား စိတ်ဓာတ်ကျသွားပြီး သူမ၏မျက်နှာပေါ်မှ စိတ်ပျက်အားငယ်မှုများက ပေါ်လွင်ထင်ရှားလာခဲ့သည်။

စုန့်ယီတစ်ယောက်လည်း စိတ်မသက်မသာ ဖြစ်နေခဲ့ရသည်။ လင်းမိန်ဟွေ့သည်က အသက်မပြည့်သေးသည်ကို သူ မမျှော်လင့်ခဲ့ပါချေ။

လင်းမိန်ဟွေ့မှ အသက်မပြည့်သေးဘဲ လက်ထပ်စာချုပ်ကို အလျင်အမြန် ယူရန် ကြိုးစားခြင်းက များစွာ တာဝန်မဲ့သည်ဟု ခံစားရသော်လည်း လင်းမိန်ဟွေ့၏မျက်နှာပေါ်မှ ဤမျှလောက် စိတ်ပျက်အားငယ်နေမှုအရိပ်အယောင်များကို သူ မကြည့်ရက်နိုင်ပေ။

“မင်း ဗိုက်ဆာနေပြီလား၊ အရင်ဆုံးသွားစားလိုက်ကြမလား”

စုန့်ယီ သူမကို အကြံပြုလိုက်သည်။

လင်းမိန်ဟွေ့သည်ကား အစာ စားရန်အတွက်ပင် စိတ်မပါဝင်တော့သော်လည်း စုန့်ယီ၏ နောက်သို့ လိုက်၍ စားသောက်ဆိုင်ငယ်လေးတစ်ဆိုင်၌ ထိုင်လိုက်ရသည်။

စုန့်ယီလည်း လင်းမိန်ဟွေ့၏ အကြိုက်ကို မခန့်မှန်းနိုင်သည့်အတွက် နာမည်ကြီးဟင်းပွဲအချို့ကိုသာ ရွေးချယ် မှာယူလိုက်ရလေသည်။

ထို့နောက်တွင် ပန်းကန်ခွက်ယောက်များကို ယူ၍ ရေနွေးနှင့် တစ်ကြိမ် ဆေးကြောကာ လင်းမိန်ဟွေ့၏ ရှေ့တွင် ချပေးလိုက်သည်။

“ကောင်းကင်ကြီးက ကြီးသလို မြေကြီးကလည်း ကြီးတယ်၊ အစားအသောက်က အရေးအကြီးဆုံးပဲ”

စုန့်ယီသည် နှစ်သိမ့်ပေးလိုက်သည်။

“အသက်မပြည့်သေးတာက အရေးမကြီးပါဘူး၊ အဆိုးဆုံးမှ ကိုယ်တို့တွေ နောက်ထပ် တစ်နှစ်လောက် စောင့်ရုံပဲ ရှိလိမ့်မယ်”

“မပူပါနဲ့၊ ကိုယ် မင်းကို လက်ထပ်ဖို့ သဘောတူပြီးကတည်းက မင်း နောင်တမရသရွေ့တော့ ဘယ်တော့မှ နောက်မဆုတ်သွားပါဘူး”

လင်းမိန်ဟွေ့မှ တုံ့ပြန်မှု မရှိသည်ကို မြင်သည့်အခါ စုန့်ယီသည် အဆင်မပြေစွာ နှစ်သိမ့်လိုက်သည်။

၎င်းသည်က နောက်ထပ်တစ်နှစ် စောင့်ရမည့် ကိစ္စ မဟုတ်ပေ။

လင်းမိန်ဟွေ့သာ လက်ထပ်စာချုပ် မရရှိပါက လင်းမိသားစုက သူမကို သွားခွင့်ပြုတော့မည် မဟုတ်ဟု စိတ်ပျက်စွာ တွေးလိုက်သည်။

ကျန်းမိသားစုကို လက်ထပ်ခြင်းကို ရှောင်ရှားရန် သူမ မည်သည်ကို လုပ်ဆောင်ရမည်နည်း။

“မင်း အိမ်က ကိစ္စတွေအတွက် စိုးရိမ်နေတာလား”

စုန့်ယီက သူမ မည်သည်ကို တွေးနေသည်ကို သိဟန်ရှိသည်။

“မင်းသာ စိုးရိမ်နေရင် ကိုယ် မင်းကို မြို့ထဲမှာ အခန်းတစ်ခန်း ငှားပေးမယ်၊ မင်း မြို့ထဲမှာ နေလို့ရတယ်၊ အိမ်ကို မပြန်သေးနဲ့ဦး၊

အခြေအနေ ငြိမ်သွားတဲ့အခါ မင်းမိသားစုက မင်းကို ကျန်းမိသားစုကို လက်ထပ်ဖို့ အတင်းအကျပ် မလုပ်နိုင်တော့ဘူး”

စုန့်ယီအနေဖြင့် သူမကို သူ့နေရာ၌ နေရန် ဆိုသည့်စကားမျိုး မပြောသည်မှာ လင်းမိန်ဟွေ့၏ မိန်းကလေးတစ်ယောက်အတွက် ဂုဏ်သတင်းကို ထိခိုက်စေမည်ကို စိုး၍ ဖြစ်သည်။

လင်းမိန်ဟွေ့မှ ပျော်ရွှင်သည့် လက္ခဏာကို မပြလာသည်ကို မြင်သည့်အခါ စုန့်ယီက သူ၏ ဥာဏ်ရည်ကို ထပ်မံထုတ်သုံးလိုက်သည်။

“မင်း အရင်စားလိုက်လေ၊ စားသောက်ပြီးရင် ကိုယ် မင်းကို လည်ပတ်ဖို့ ခေါ်သွားပေးမယ်၊ ကောင်းပြီလား။”

“ဘယ်ကို သွားလည်မှာလဲ”

လင်းမိန်ဟွေ့က မှိုင်းမှောင်စွာဖြင့် ပြောလိုက်လေသည်။

“လျှို့ဝှက်ချက်လေ”

စုန့်ယီက သူမကို မရှင်းပြဘဲ အချိန်ဆွဲထားလိုက်သည်။

လင်းမိန်ဟွေ့အတွက်တော့ ဤအချိန်တွင် သူမသည်က တစ်လှမ်းချင်းစီသာ လှမ်းနိုင်တော့သည်။ ခဏအကြာ၌ လင်းမိန်ဟွေ့၏ စိတ်ခံစားချက်သည်က များစွာ ကောင်းမွန်လာသည်။

အစားအသောက်များ ရောက်လာသည့်အခါတွင် စုန့်ယီ မှာယူထားသည့် ဟင်းပွဲများစွာက သူမ၏ အကြိုက်နှင့် ကိုက်ညီနေသည်ကို လင်းမိန်ဟွေ့ တွေ့ရှိလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ဒါက နည်းနည်းတော့ ဈေးကြီးလွန်းတယ်”

စားပွဲပေါ်မှ ဂျုံမှုန့်ဖြူဘန်းမုန့်ပေါင်းများကို ကြည့်ရင်း လင်းမိန်ဟွေ့သည်က တံတွေးကို မမျိုဘဲ မနေနိုင်ခဲ့ပါချေ။

သူတို့သည်ကား ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းရေးခေတ်တွင် မတိုင်မီကထက် ပိုမိုကြွယ်ဝချမ်းသာလာသည်ဖြစ်သော်လည်း လူများစွာသည်ကား ဆင်းရဲပြီး ပြောင်းဖူးမှုန့်ကိုသာ အများဆုံး စားနိုင်နေကြသည်။

စုန့်ယီတစ်ယောက် ပြုံး၍ ဟင်းပန်းကန်တစ်ခုထဲမှ ဟင်းကို ယူကာ သူမ၏ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။

“မင်း ဘာကြိုက်တတ်လဲဆိုတာကိာ ကိုယ် မသိဘူးလေ၊ ဒါကြောင့် စိတ်ထင်ရာလေးတွေ မှာလိုက်တာ၊ အရသာ မကိုက်ရင် တခြားတစ်ခုခု သွားစားရအောင်”

“ဒီလောက်ဆို လုံလောက်ပါပြီ”

လင်းမိန်ဟွေ့၏ ရင်၌ နွေးထွေးသွားသည်။

လင်းမိန်ဟွေ့အနေဖြင့် သူမ၏ပန်းကန်ထဲမှ အစားအသောက်များကို အားပါးတရ စားနေသည်ကို မြင်သည့်အခါ စုန့်ယီလည် သူ၏မိသားစု၏ ငွေကြေးအခြေအနေကို စဉ်းစားလိုက်မိသည်။

စုန့်မိသားစု၏ သုံးဆက်မြောက်မျိုးဆက်များသည် လယ်သမားများသာ ဖြစ်ချေသည်။ သူတို့တွင် အခြေခံမရှိသလို လုပ်အားလည်း မရှိ။ မိသားစု၏ ငွေကြေးအခြေအနေသည်က များစွာ တင်းကျပ်နေသည်။

မိုင်းတွင်းပိုင်ရှင်က သူ့ကို ငွေအချို့ ပေးခဲ့သော်လည်း သူ၏အဖွားက သူ့ကို တစ်ယောက်တည်း ပြုစုပျိုးထောင်ရာ၌ နှစ်များစွာကြာအောင် ငွေများစွာ ကုန်ခဲ့ရသည်။ယခုမူ ထမင်းစားသောက်ရန် အဖော်တစ်ယောက် ထပ်တိုးလာပေပြီ။

စုန့်ယီတစ်ယောက် စိုးရိမ်ပူပန်လာခဲ့ကာ ပိုမိုကောင်းမွန်သည့် အသက်မွေးဝမ်းကျောင်းနည်းလမ်း ကို ရှာဖွေရန် စဉ်းစားလိုက်သည်။

စားပြီးနောက် စုန့်ယီက လင်းမိန်ဟွေ့ကို ထပ်မံ ခေါ်သွားသည်။

လင်းမိန်ဟွေ့သည်ကား မတိုင်ခင်က စုန့်ယီပြောခဲ့သည်ကို ကြာပြီ မေ့သွားပေပြီ။ ကုန်တိုက်အနားသို့ ရောက်သည့်အချိန်တွင် စုန့်ယီမှ သူမကို အဝတ်ဆိုင်တံခါးဝသို့ ခေါ်သွားပြီး သူမကို အထဲသို့ တွန်းပို့လိုက်သည့်အခိုက် သူမ ထိတ်လန့်သွားရသည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မတို့ ဒီမှာ ဘာလုပ်မလို့လဲ”

လင်းမိန်ဟွေ့တစ်ယောက် ပြောရင်း လှည့်၍ ထွက်သွားရန် ပြင်လိုက်သည်။

ဆိုင်သည်ကား ကျယ်ဝန်းပြီး တောက်ပသည်။ ဘေးနားမှ အရောင်းဝန်ထမ်းသည်လည်း သူတို့ဝင်လာသည်ကို မြင်သည့်အခါ ပြုံး၍ လာမေးသည်။

“ရဲဘော်၊ ရဲဘော်က အတော်လေးချောတာပဲ၊ ဘာများပြပေးရမလဲ... ”

သူမက လင်းမိန်ဟွေ့၏ အထောက်အထားကို မသေချာသည့်အတွက် ဆက်ပြောလိုက်သည်။

“ရဲဘော်ရဲ့ညီမလေးအတွက် အဝတ်အစား လာဝယ်တာလား၊ အခုပဲ ခေတ်ဆန်တဲ့ပုံစံတချို့ ရောက်ထားတာလေ၊ အရင်ဆုံး စမ်းကြည့်မလား”

စုန့်ယီသည်ကား သူမ ခေါ်လာသည့်နာမည်ကို များစွာ ဂရုမစိုက်သော်လည်း လင်းမိန်ဟွေ့က မတူပေ။ သူမသည်ကား မတိုင်ခင်ကမှ စုန့်ယီကို ဆွဲထုတ်ရန် ကြိုးစားလုပ်ခဲ့ရသည်ပင်။

ထို့ကြောင့် အရောင်းဝန်ထမ်းက ဤသို့ပြောလိုက်သည့်အခါ သူမသည်က သေသေချာချာ ပြန်ပြောလိုက်သည်။

“ကျွန်မ သူ့ညီမ မဟုတ်ဘူး၊ သူ့ရဲ့ဇနီးပါ”

“အာ၊ တောင်းပန်ပါတယ်”

အရောင်းဝန်ထမ်းသည်က မျက်နှာပေါ်တွင် တောင်းပန်သည့်အမူအရာနှင့် ပြောလိုက်သည်။

စုန့်ယီကတော့ များစွာ မတွေးဘဲ သူ့ဘေးမှ အနီရောင် ပန်းပွင့်ဒီဇိုင်း ဂါဝန်ကို စိုက်ကြည့်လိုက်သည်။

၎င်းက သူ့ကို ရုပ်ရှင်ထဲမှ ဇာတ်ကောင်တစ်ယောက် ဤသို့ပုံစံမျိုး ဝတ်ထားသည်ကို သတိရစေသည်။

ထို့ကြောင့် သူက လှမ်းမေးလိုက်သည်။

“ဒါက ဘယ်လိုလဲ”

“ရဲဘော်၊ ရဲဘော်က တကယ် ကြည့်တတ်တာပဲ။ ဒါက မြို့ကြီးရဲ့ အခေတ်အမီဆုံး ပစ္စည်းပဲ၊ တစ်ပေကို လေးယွမ်နဲ့ ရောင်းပါတယ်”

“အစ်ကိုစုန့်ယီ၊ ဒီဝတ်စုံက ခြောက်ယွမ်၊ ခုနစ်ယွမ်လောက် ကျလိမ့်မယ်”

လင်းမိန်ဟွေ့က စုန့်ယီ၏အနားသို့ကပ်လာပြီး အသံကို တိုးကာ ပြောလိုက်သည်။ သူမ၏ ပါးများက အနည်းငယ် နီရဲနေသည်။

“ဒီဆိုင်က အဝတ်အစားတွေက အရမ်းဈေးကြီးတယ်၊ ကျွန်မ မလိုချင်တော့ဘူး။”

လင်းမိန်ဟွေ့ နီးကပ်လာသည့်အခါ စုန့်ယီသည်က သူမ၏ ကိုယ်နံ့ကို ရလိုက်သည်။

မနှစ်မြို့ဖွယ်ရာ အနံ့မဟုတ်ဘဲ နှာခေါင်းဖျားတွင် စွဲမြဲနေသည့် သင်းပျံ့သည့် ရနံ့တစ်ခုသာ ဖြစ်သည်။

သူ၏ နှလုံးသား၌ ဒိတ်ခနဲ ဖြစ်သွားပြီး သူ၏ကျောက အလိုလို တင်းမာသွားသည်။ သူ့ဘေးတွင် ချထားသည့် လက်ချောင်းများကလည်း လှုပ်ရှားသွားခဲ့သည်။

“မင်း ကြိုက်လား”

“ကြိုက်တယ်၊ ဒါပေမဲ့...”

စုန့်ယီသည်ကား သူမနှင့် ဤသို့နီးကပ်စွာနေခြင်းကို မကျင့်သားသေးဟန်ရှိသည်။ သူ ချောင်းအသာဆိုးလိုက်ပြီးနောက် နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်လေသည်။

အရောင်းဝန်ထမ်းက အဝတ်ချိတ်တန်းကို အသုံးပြု၍ ဂါဝန်ကို ချွတ်ပြီး ပြုံးရွှင်စွာနှင့် လင်းမိန်ဟွေ့၏ ရင်ခွင်ထဲ ထိုးထည့်ပေးလိုက်သည်။

“အရင် စမ်းဝတ်ကြည့်မလား၊ အဝတ်အစားက ကောင်းမကောင်းဆိုတာ ဝတ်ကြည့်မှပဲ သိတာလေ”

လင်းမိန်ဟွေ့တစ်ယောက် အဝတ်အစားများကို အနည်းငယ် ရှက်ရွံ့စွာ ကိုင်ထားပြီး အလိုလို ငြင်းဆန်လိုသော်လည်း ခေါင်းမော့လိုက်သည့်အခါ စုန့်ယီ၏ အနည်းငယ်မျှ မျှော်လင့်နေသည့် မျက်လုံးများကို ဆုံလိုက်ရသည်။

သူမ ခဏတာ လှုပ်ရှားသွားပြီး မတုံ့ပြန်နိုင်မီတွင် ကန့်လန့်ကာနောက်သို့ တွန်းပို့ခံလိုက်ရသည်။

လင်းမိန်ဟွေ့သည်ကား ဤသို့ဝတ်စုံမျိုးကို တစ်ခါမျှ မဝတ်ဖူးသည့်အတွက် အဝတ်လဲပြီးနောက် အနည်းငယ် အဆင်မပြေဖြစ်နေရသည်။ သူမ အပြင်သို့ထွက်ရန် အချိန်အတော်ကြာခဲ့လေသည်။

“ဒီဝတ်စုံက မင်းနဲ့ အရမ်းလိုက်တယ်၊”

အရောင်းဝန်ထမ်းသည်လည်း မတွန့်ဆုတ်ဘဲ ချီးမွမ်းလာသည်။

“မိန်းကလေး၊ မင်းက အသားအရေ ဖြူတယ်၊ ဒီဝတ်စုံနဲ့ဆို အရမ်းလှပြီး လိုက်ဖက်နေတာပဲ၊ ကျွန်မ ဒီဝတ်စုံကို ရောင်းလာတာ တစ်လခွဲလောက်ရှိပြီ၊ မင်းလောက် လှလှပပ ဝတ်ဆင်နိုင်တဲ့သူကို တစ်ခါမှ မမြင်ဖူးဘူး”

လင်းမိန်ဟွေ့၏ နားရွက်များက ချီးမွမ်းသံကြောင့် နီရဲလာပြီး သူမက ရှက်ရွံ့စွာနှင့် စုန့်ယီကို မော့ကြည့်လိုက်သည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မ ကြည့်ကောင်းရဲ့လား”

စုန့်ယီသည်ကား လင်းမိန်ဟွေ့က ချောမောသည်ကို အမြဲတစေသိခဲ့သော်လည်း ဂါဝန်ဝတ်လိုက်သည့်အခါ ပို၍ လှလာမည်ဟု တစ်ခါမျှ မထင်ခဲ့ဖူးပေ။

သူ၏မျက်နှာက အနည်းငယ် နီရဲသွားပြီး ရှက်ရွံ့စွာဖြင့် ခေါင်းစောင်းလိုက်သည်။

“လှတယ်”

“ရဲဘော် ၊ရဲဘော်ရဲ့ ဇနီးအတွက် တစ်ထည်လောက် ဝယ်ပေးမလား”

အရောင်းဝန်ထမ်းသည်က ဘေးမှ စိတ်အားထက်သန်စွာ မေးလိုက်သည်။

လင်းမိန်ဟွေ့သည်လည်း ပထမတွင် မလိုချင်ခဲ့သော်လည်း သူမက “ဇနီး” ဟု ခေါ်လိုက်သည့်အချိန်တွင် ချက်ချင်း စိတ်သက်သာရာရသွားပြီး ငြင်းဆန်သည့် စကားပြောရန် နှေးကွေးသွားခဲ့သည်။

စုန့်ယီက အဝတ်အစားလက်မှတ်ကို လှမ်းပေးလိုက်သည့်အချိန်တွင် လင်းမိန်ဟွေ့၏ ရင်ထဲ၌ နာကျင်သွားရတော့သည်။သို့သော်လည်း စုန့်ယီသည်က သတိမထားမိဘဲ သူမတွင် တခြားကြိုက်နှစ်သက်သည့် အရာတစ်ခုခု ရှိနေသည်ဟု ထင်လိုက်သည်။

“နောက်ထပ် နှစ်ထည်လောက် ရွေးကြည့်မလား”

လင်းမိန်ဟွေ့၏ မျက်နှာအမူအရာ ပြောင်းသွားပြီး အရောင်းဝန်ထမ်း စကားမပြောမီတွင် သူမက ချက်ချင်း ငြင်းဆန်လိုက်လေ၏။

“မယူတော့ဘူး”

ထိုသို့ပြောပြီးနောက် စုန့်ယီကို ဆွဲထုတ်သွားခဲ့သည်။

သူမသာ တစ်လှမ်းလောက်နှေးကွေးသွားပါက စုန့်ယီ၏ ပိုက်ဆံအိတ်က များစွာ လျော့သွားမည်ကို သူမ ကြောက်နေခဲ့ပေသည်။

All Chapters