← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

5) ကျွန်မကို ခေါ်သွားပေးပါ

စုန့်ယီနှင့် လင်းမိန်ဟွေ့တို့ ဈေးဝယ်စင်တာမှ မထွက်ခွာမီ စုန့်ယီမှ သူမအတွက် ပစ္စည်းများစွာ ဝယ်ပေးခဲ့သည်။

သူ့၏မိသားစုက ဆင်းရဲသော်လည်း လင်းမိန်ဟွေ့ကို ကူညီရာတွင် သူသ အလွန် ရက်ရောနေခဲ့သည်။

လင်းမိန်ဟွေ့၏ ကျန်းမာရေးမကောင်းခြင်းကို စိုးရိမ်သဖြင့်လည်း နို့မှုန့်တစ်ထုပ် ဝယ်ပေးခဲ့သည်။

ထို့အပြင် ကောင်မလေးများသည်က အလှအပကြိုက်တတ်သည့်အကြောင်းကို သိသောကြောင့် Pechoin ၏ နှင်းခရမ်ကိုလည်း ငွေအကုန်ခံ၍ ဝယ်ပေးခဲ့သည်။

အပြင်ပိုရောက်သော် စုန့်ယီက လမ်းဘေးတွင် တစ်ပြားတန် သကြားပန်းချီ ရောင်းချနေသည်ကို တွေ့မြင်ရသဖြင့် လင်းမိန်ဟွေ့အတွက် တစ်ခု ဝယ်ပေးခဲ့ပြန်သည်။

သူက လင်းမိန်ဟွေ့၏ မွေးရာပါ ရာသီခွင်ကိုလည်း တိကျစွာ မေးမြန်းခဲ့ကာ မြွေနှစ်ဖြစ်ကြောင်းကို သိရှိခဲ့သည်။

လင်းမိန်ဟွေ့သည်ကား ငယ်ရွယ်လှပြီး စိတ်ဓာတ်သည်လည်း ရိုးသားမှုအပြည့်ရှိသည်။

သူမက စုန့်ယီ၏ နောက်မှ လိုက်ပါလာပါလာခဲ့ကာ စုန့်ယီတစ်ယောက် ဝယ်ခြမ်းနေသည်ကိုကြည့်က် နဖူးများပင်ရှုံ့နေခဲ့ရသည်။ သို့သော် စုန့်ယွီကတော့ လျစ်လျူရှုထားခဲ့လေသည်။

သူတို့နှစ်ဦး ဖြည်းဖြည်းချင်း သွားခဲ့ကြကာ ရွာပြန်သည့် နောက်ဆုံးကားကို မှီသည်ဆိုရုံမျှသာ မှီလိုက်ကြသည်။

ကား၏အရှိန်ကြောင့် ဟိုဘက် ဒီဘက် ယိမ်းထိုးနေသော်လည်း ယခုတစ်ကြိမ်၌ လင်းမိန်ဟွေ့၏ စိတ်ဓာတ်များက လာစဉ်ကကဲ့သို့ စိတ်ဓာတ်ကျမနေခဲ့တော့ချေ။

ထိုအစား သူမသည်က ပို၍ တက်ကြွလာခဲ့သည်။ လမ်းတစ်လျှောက်လုံး ကားသံများနှင့်အတူ သူမသည်လည်း တတွတ်တွတ် ပြောဆိုနေခဲ့သည်။ စုန့်ယီကသူမ၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေခဲ့ပြီး တစ်ခါတစ်ရံ တစ်လုံးစ နှစ်လုံးစ ပြန်ပြောပေးခဲ့သည်။

လင်းမိန်ဟွေ့သည်ကား သူမ၏ ယခင်ဘဝကတည်းက ပျော်ပျော်ရွှင်ရွှင် နေတတ်သူဖြစ်သည်။

သို့သော်လည်း ကျန်းမိသားစုနှင့် လက်ထပ်ပြီးသည့်နောက် နေ့စဉ်ဘဝ၏ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် သူမ၏ စိတ်ရင်းအမှန်များ ပျောက်ဆုံးသွားခဲ့ရသည်။

ယခု ဘဝသစ်သို့ ပြန်ရောက်လာသောအခါ စုန့်ယီရှေ့၌ သူမ ပြန်လည်ပျော်ရွှင်လာခဲ့ရသည်။

ပစ္စည်းများက များစွာပါရှိ၍ လင်းမိန်ဟွေ့အတွက် လင်းမိသားစုထံ ပြန်ယူသွားရန် မလွယ်ကူသဖြင့် စုန့်ယီအိမ်၌ပင် ဦးစွာ ထားခဲ့ရသည်။

လင်းမိန်ဟွေ့က မည်မျှ မသွားချင်စေကာမူ ဤည၌ လင်းမိသားစုထံ ပြန်၍ ကိစ္စရပ်များကို ရှင်းပြရမည်ဖြစ်သည်။

စုန့်ယီက သူမနှင့်အတူ ပြန်လိုက်ခဲ့ရမည်လောဟု မေးမြန်းသည့်အခါ လင်းမိန်ဟွေ့က ခေါင်းယမ်းလိုက်သည်။

“မစိုးရိမ်ပါနဲ့၊ တစ်ခုခုဖြစ်ရင် ကျွန်မ ရှင့်ဆီကို အမြန်ဆုံးလာခဲ့မယ်”

လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီကို ဤကိစ္စရပ်များ၌ ပါဝင်စေလိုစိတ် မရှိခဲ့ပါခေေ။ သူမက လင်းမိသားစု၏ စိတ်နေစိတ်ထားကို အလွန် သိသည်။

သူတို့သာ ငွေကြေး မရရှိပါက ဒေါသထွက်မည်ဖြစ်၍ စုန့်ယီပေါ်သို့ ဒေါသမုန်တိုင်း ပုံချလိမ့်မည်။

စုန့်ယီမှာ လူကောင်းတစ်ဦးဖြစ်သည်။ နေ့ခင်းဘက်က သူမသည် ထိုအချက်ကို ကောင်းစွာ သဘောပေါက်ခဲ့သည်။

သူမသာ တစ်ဖက်လူနှင့် လက်ထပ်လိုလျှင်ပင် မိသားစုကိစ္စရပ်များကို ဦးစွာ ရှင်းလင်းရမည်ကိုလည်း သိနေခဲ့သည်။

နှစ်ဦးသား နှုတ်ဆက်ပြီးနောက် လင်းမိန်ဟွေ့က လင်းမိသားစုဘက်သို့ လျှောက်သွားခဲ့သည်။ ဤတစ်ကြိမ် အိမ်သို့ ပြန်ရောက်သော် ကျန်းမိသားစုနှင့် မည်သည့်အခါမျှ လက်ထပ်မည်မဟုတ်ဟူသည်ကို လင်းမိသားစုအား ရှင်းရှင်းလင်းလင်း ပြောပြရန် သူမ ဆုံးဖြတ်ထားခဲ့သည်။

မမျှော်လင့်ဘဲ လင်းမိန်ဟွေ့ လင်းမိသားစုအိမ်အတွင်းသို့ ဝင်သည်နှင့် မျက်နှာဆီသို့ ဦးတည်လာသည့် ပန်းကန်လုံးတစ်လုံးဖြင့် ပစ်ခတ်ခံလိုက်ရသည်။

ကံကောင်းစွာဖြင့် အချိန်မီ ရှောင်တိမ်းလိုက်နိုင်၍ မထိခိုက်ခဲ့ပေ။ သို့သော် ကံမကောင်းစွာဖြင့် အစိတ်အပိုင်းများက မြေကြီးပေါ် ပြန့်ကျဲကာ ပြန်လည်လွင့်စင်သွားသောကြောင့် သူမ၏ လက်ဖဝါးနောက်ဘက်၌ အနီရောင်အစင်းကြောင်းတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

ကျိုးချွေ့ဟွားက တံခါးဝ၌ မတ်တပ်ရပ်၍ ဒေါသတကြီး တံမြက်စည်းကို ပစ်ပေါက်လိုက်ကာ “ထွက်သွား” ဟု အော်ဟစ်လိုက်သည်။

လင်းမိန်ဟွေ့သည် အခြေအနေကို အနည်းငယ် ရှုပ်ထွေးနေ၍ ဖြစ်ပေါ်လာသည့် အခြေအနေသည် သူမ ထင်ထားသည်နှင့် ကွဲပြားလိမ့်မည်ဟု မည်သည့်အခါမျှ မထင်ခဲ့မိပါ။

“အမေလား”

သူမ စမ်းသပ်လိုစွာ မေးမြန်းလိုက်သည်။

“နင့်ဆီမှာ ပြန်လာဖို့အတွက် ဘယ်လိုများ သတ္တိရှိရတာလဲ”

ကျိုးချွေ့ဟွားက ရက်စက်သည့်ပုံစံဖြင့် ခါးခါးသီးသီး ပြောဆိုလိုက်သည်။ သူမ၏အမူအရာမှာနောက်တစ်စက္ကန့်တွင် လင်းမိန်ဟွေ့ကို တစ်စစီ ဆွဲဖြဲတော့မည့်နှယ် ဖြစ်နေလဲ့သည်။

“အပြင်မှာပဲ သေလိုက်ပါလား ၊ ငါ့ကိုပြောစမ်း၊ ဒီနေ့ ဘယ်သူနဲ့ ထွက်သွားတာလဲ”

“နင်က စုန့်ယီနဲ့သွားနေတာမလား”

လင်းမိန်ဟွေ့ စကားမပြောမီ ကျိုးချွေ့ဟွားသည် ထပ်မံ ဆဲဆိုပြန်သည်။

“ဒီနေ့က ကျန်းမိသားစုက မင်းကို လာခေါ်မယ့်နေ့ပဲ၊ နင် သိရဲ့လား။ မိန်းကလေးတစ်ယောက်က ယောက်ျားတစ်ယောက်နဲ့ သွားပျော်ရင် နင့်ရဲ့ ဂုဏ်သတင်း ပျက်စီးသွားပြီ။ နင် ကောင်းမွန်တဲ့လက်ထက်ပွဲကို ထပ်လိုချင်သေးလား”လင်းမိန်ဟွေ့အနေဖြင့် သူမ ကျိုးချွေ့ဟွား နားလည်သွားပြီဟု ထင်ခဲ့သော်လည်း ဤမျှလောက် စိတ်ဒုက္ခ ပေးနေဆဲဟု မမျှော်လင့်ခဲ့မိပါချေ။ သူမ၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားခဲ့ရသည်။

“အမေ၊ ကျွန်မရဲ့ ဂုဏ်သတင်း ပျက်စီးသွားပြီး လက်ထပ်လို့မရမှာကို စိုးရိမ်တာလား၊ ဒါမှမဟုတ် အမေ မင်္ဂလာပိုက်ဆံ မရမှာကို စိုးရိမ်တာလား၊ ဒါမှမဟုတ် ကျွန်မ အပြင်မှာ တစ်ခုခု ဖြစ်သွားမှာကို တကယ်ပဲ စိုးရိမ်တာလား”

ကျိုးချွေ့ဟွားသည်ကား အရူးတစ်ဦးနှယ် ဖြစ်နေခဲ့သည်။

“ငါ မင်းကို ဒီလောက်အထိ ပြုစုခဲ့တာ၊ မင်း ငါ့ကို တင်တောင်းလက်ဖွဲ့တောင်မှပြန်မပေးရင် ငါက မင်းဆီက ဘာလိုချင်နေရဦးမှာလဲ၊ အခုတော့ကောင်းသွားပြီ!

မင်း ဒီနေ့ စုန့်ယီနဲ့ ထွက်သွားတာ တစ်ရွာလုံးက သိကုန်ပြီ၊ ကျန်းမိသားစုလည်း သိသွားပြီ၊ သူတို့ စေ့စပ်ပွဲကို ဖျက်လိုက်ပြီ၊ မင်းကို မလိုချင်တော့ဘူး”

“အဲဒါ မကောင်းဘူးလား”

လင်းမိန်ဟွေ့က လှောင်ပြုံးပြုံးရင်း ပြန်ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မလည်း သူနှင့် လက်ထပ်ချင်စိတ် မရှိဘူး”

“မင်း မျက်လုံးဖြူဝံပုလွေမ”

ကျိုးချွေ့ဟွားက သူမကို ပြောဆိုပြီး ရိုက်နှက်ရန် ပြင်လိုက်သည်။

“လင်းကွားချင်း၊ ဒီကို လာပြီး ငါ့ကို ကူပြီး ဆုံးမလိုက်စမ်းပါဦး၊ ဒီမိန်းကလေးက တကယ်ကို ပုန်ကန်နေပြီ”

လင်းကွားချင်းသည်ကား မတိုင်မီအချိန်ကပင် ဘေး၌ တုတ်တစ်ချောင်းကို ကိုင်ဆောင်၍ ရပ်နေခဲ့သည်။ ကျိုးချွေ့ဟွား၏ ဒေါသနှင့် ယှဉ်လျှင် သူသည်က ပို၍မကောင်းလှပါချေ။

တုတ်ကို ကိုင်ထားသည့် လက်၌ သွေးကြောများ ထောင်နေ၍ မျက်ခုံးကြား၌ ဒေါသများ ပျံ့နှံ့နေခဲ့သည်။

စုန့်ယီကြောင့် နောက်ဆုံးတွင် ပျော်ရွှင်လာခဲ့သည့် လင်းမိန်ဟွေ့၏ စိတ်ခံစားချက်သည် သူမရှေ့က မြင်ကွင်းကြောင့် လျင်မြန်စွာ ပျက်စီးသွားခဲ့သည်။

သူမအား တစ်ဖက်လူများက နက်ရှိုင်းသည့် လွှမ်းမိုးထားသောကြောင့် အသက်ရှူရန်ပင် ခက်ခဲလုနီးပါးဖြစ်နေခဲ့ရပြီး သူမအနေနဲ့ ဤသည်က ပို၍ ရယ်စရာကောင်းသည်ဟု ခံစားခဲ့ရသည်။

ဤသည်မှာ သူမ၏ မိဘဆွေမျိုးများပင်။ ဤသည်မှာ သူမ၏ ယခင်ဘဝ၌ သေလောက်အောင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် တရားခံ မိသားစုများဖြစ်က သူမသည်ကသူမ၏ မိသားစုကို မမုန်းလိုခဲ့ချေ။

သူတို့က သူမကို မည်သို့ ကောင်းမွန်သည့်ဈေးဖြင့် ရောင်းချရမည်ကိုသာ စဉ်းစားနေခဲ့ကြသည်။ သူတို့ လိုချင်သည်ကို မရရှိပါက ဟန်ဆောင်မှုများကို ဖယ်ရှားကာ သူမကို ပြင်းပြင်းထန်ထန် ဖိနှိပ်ကြပေမည်။

“ငါ ပြောမယ်၊ ငါ တခြားတစ်ယောက်နဲ့ ဆက်သွယ်ထားပြီးပြီ၊ ဒီရက်ပိုင်း မင်းရဲ့အိမ်ခန်းမှာ ရိုးရိုးသားသားနေစမ်း၊ သုံးရက်နေရင် ငါ လာခေါ်မယ်။ ပြဿနာ ထပ်မရှာနဲ့တော့”

ကျိုးချွေ့ဟွားက ပါးစပ်ကို ဟ၍ ပိတ်ပင်စကားများဆိုနေခဲ့သော်လည်း လင်းမိန်ဟွေ့သည်က သူမ မည်သည်ကို ပြောဆိုနေသည်ကို နားမလည်ခဲ့တော့ချေ။

လင်ကွားချင်း၏ တုတ်က သူမအပေါ်သို့ ကျရောက်တော့မည့်အချိန်တွင် ရုတ်တရက် လက်တစ်စုံက သူမကို ဆွဲဖမ်း၍ အနောက်သို့ ဆွဲခေါ်သွားခဲ့သည်။

လင်းမိန်ဟွေ့တစ်ယောက် ယိုင်ထိုးလဲကျသွားခဲ့ကာ နွေးထွေးသည့် ရင်ခွင်တစ်ခုအတွင်း ကျရောက်သွားခဲ့သည်။

သူမ ခေါင်းမော့ကြည့်လိုက်ရာ စုန့်ယီ၏ မျက်လုံးများအတွင်း၌ ဖိနှိပ်ထားသည့် ဒေါသများကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

စုန့်ယီသည်ကား လင်းမိန်ဟွေ့ကို သူ့နောက်၌ ကာကွယ်ထားခဲ့ပြီး သူ၏ ဆုံးဖြတ်ချက်သည်က အလွန်ပင် မှန်ကန်သည်ဟု ပထမဆုံးအကြိမ် ခံစားမိခဲ့သည်။

လင်းမိန်ဟွေ့ ထွက်ခွာသွားပြီးနောက် သူသည်က တကယ်ပင် စိုးရိမ်ခဲ့သဖြင့် လင်းမိန်ဟွေ့နောက်သို့ လိုက်ပါသွားခဲ့သည်။

လင်းမိန်ဟွေ့ အိမ်ပြန်ရောက်ပါက ပြန်မည်ဟု စဉ်းစားထားခဲ့သည်။ မမျှော်လင့်ဘဲ လင်းမိန်ဟွေ့ ဝင်ရောက်သွားပြီး မကြာမီ လင်းမိသားစုထံမှ အော်သံကျယ်ကျယ် ကြားလိုက်ရသည်။

လင်းကွားချင်းသည်လည်း ရိုက်နှက်ရန် ပြင်နေသည်မှာ ပြောဖွယ်မလိုတော့ပါချေ။

စုန့်ယီသည် ထိုသို့ ထူထဲသည့် တုတ်ဖြင့် လင်းမိန်ဟွေ့၏ ပိန်ပါးသည့် ခန္ဓာကိုယ်ကို ရိုက်နှက်ပါက မည်သည် ဖြစ်ပေါ်သွားမည်ကို စဉ်းစားပင် မစဉ်းစားရဲတော့ပေ။

သူ အလွန်တုန်လှုပ်သွားခဲ့သည်။ ယနေ့ သူမနှင့်အတူ လိုက်ပါလာခဲ့ခြင်းက အလွန်အမင်း ကံကောင်းသည်ဟု သူ ခံစားခဲ့ရသည်။

သူ မျက်မှောင်ကြုတ်ရင်း ပြောလိုက်လေ၏။

“ခင်ဗျားတို့ အရမ်းတရားလွန်နေတာ မဟုတ်ဘူးလား”

ကျိုးချွေ့ဟွားက အရူးမတစ်ဦးနှယ် ပါးစပ် ဟ၍ ဆဲဆိုလိုက်သည်။

“မင်းက ဘယ်သူ့ကို လာပြောနေတာလဲ၊ ငါတို့ရဲ့ ကလေးတွေကို ငါတို့ ဆုံးမဖို့ မင်းရဲ့ ခွင့်ပြုချက်လိုနေသေးလို့လား”

“ဟုတ်တယ်၊ ကျွန်တော်က ခင်ဗျားတို့မိသားစုအတွင်းပိာင်းက ဆုံးမတာတွေအတွက် တကယ်ကို မဝင်ရောက်နိုင်ဘူး”

စုန့်ယီက လင်းကွားချင်းထက် ခေါင်းတစ်လုံး ပိုမိုမြင့်သည်။ ထို့ကြောင့် ထိုဇနီးမောင်နှံနှစ်ဦးရှေ့၌ ရပ်နေသည်မှာ အနည်းငယ်ထိတ်လန့်စရာကောင်းနေဆဲပင်။

ထို့ကြောင့်လည်း လင်းကွားချင်း၏ တုတ်သည်လည်း မကျရောက်ခဲ့ပါချေ။

စုန်ယီက သူတို့နှစ်ဦးကို အေးစက်စက် ကြည့်လိုက်ရင်း ဆက်ပြောခဲ့သည်။“ဒါပေမဲ့ ခင်ဗျားတို့က လင်းမိန်ဟွေ့ရဲ့ သဘောဆန္ဒကို ဆန့်ကျင်ပြီး တခြားတစ်ယောက်နဲ့ အတင်းအကြပ် လက်ထပ်ခိုင်းမယ်ဆိုရင်တော့ ကျွန်တော် ဝင်ပါရလိမ့်မယ်၊ ဒါ့အပြင် အခု လင်းမိန်ဟွေ့က ကျွန်တော်နဲ့အတူရှိနေတာဆိုတော့ ကျွန်တော်က ပိုပြီးတောင် ဂရုစိုက်ရမှာပဲ”

လင်းမိန်ဟွေ့သည်ကား သူမ၏ နှာခေါင်းဝက ကျဉ်လာသည်ကို မငိုမိစေရန် မနည်း ထိန်းချုပ်ထားခဲ့ရသည်။ သူမသည်က ဤမျှလောက်အထိ ကာကွယ်စောင့်ရှောက်ခံရသည်မှာ မည်သည့်အခါမျှ မရှိခဲ့ဖူးခဲ့ပေ။

အထူးသဖြင့် စုန့်ယီက _

“အခု လင်းမိန်ဟွေ့က ကျွန်တော်နဲ့အတူရှိနေတယ်”

ဟု ပြောဆိုလိုက်ပြီးနောက်တွင် သူမသည်က မငိုဘဲ မနေနိုင်တော့ပါချေ။ သို့သော် သူမ ငိုကြွေးနေခြင်းသည်က ပြဿနာကို မဖြေရှင်းနိုင်ဟူသည်ကို သူမသိထားသည်။

“ကောင်းပြီ”

ကျိုးချွေ့ဟွားသည်လည်း လှောင်ပြုံးပြုံးရင်း ပြောလာသည်။

“မင်းနဲ့ လင်းမိန်ဟွေ့က အတူရှိနေတယ်လို့ ပြောတဲ့အတွက်၊ ငါတို့ဘက်က သူမကို မွေးပြီး ပြုစုခဲ့တဲ့ ပိုက်ဆံကို ပေးရင် မင်းနဲ့အတူ သွားခွင့်ပြုလိုက်မယ်”

လင်းမိန်ဟွေ့တစ်ယောက် အံ့အားထိတ်လန့်စွာနှင့် ကျိုးချွေ့ဟွားကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

“အမေ၊ ကျွန်မက အမေ့ရဲ့ ကလေးအရင်းရော ဟုတ်ရဲ့လား၊ အမေက ကျွန်မကို ရောင်းစားဖို့အတွက် ဒီလောက်တောင် ရက်စက်ရတာလား”

“မင်း ငတုံးမပဲ! မင်း အမေ့ကို ဘယ်လိုတွေပြောနေတာလဲ”

ကျိုးချွေ့ဟွားတစ်ယောက် သူမကြောင့် ဒေါသထွက်သွားခဲ့ရပြီး လင်းမိန်ဟွေ့ကို ရိုက်နှက်ရန်အတွက် လက်လှမ်းလိုက်သည်။

လင်းကွားချင်းသည်လည်း အရှေ့တိုးလာကာ သူမ၏ လည်ပင်းကို ဆွဲညှစ်လိုက်လေသည်။

ပါးရိုက်သံ ထွက်ပေါ်တော့မည့်အချိန်၌ပင် စုန့်ယီက မျက်စိလျင်လက်လျင်မြန်စွာပင် ကျိုးချွေ့ဟွား၏ လက်ကောက်ဝတ်ကို ဆွဲကိုင်၍ ပြင်းပြင်းထန်ထန် တွန်းလိုက်သည်။

ဘန်း..

ကျိုးချွေ့ဟွား၏ ဖောင်းပွနေသည့် ခန္ဓာကိုယ်က ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကာ ဘေးမှ ကျောက်စရစ်များပေါ်တွင် ခေါင်းရိုက်မိသဖြင့် သွေးစိမ်းရှင်ရှင် ထွက်လာရသည်။ သူမ ရုတ်တရက် အော်ဟစ်လိုက်လေ၏။

လင်းကွားချင်းသည်လည်း စုန့်ယီကို တုတ်ဖြင့် မောင်းထုတ်ရန် အရှေ့တိုးလာသည်။ လင်းကွားချင်းသည်ကား တစ်နှစ်ပတ်လုံး လယ်လုပ်ငန်းများ လုပ်ကိုင်နေရသော်လည်း အသက် ၄၀ ကျော်ပြီဖြစ်သဖြင့် စုန့်ယီကဲ့သို့ အသက် ၂၀ အရွယ် လူငယ်တစ်ဦးနှင့် ယှဉ်လျှင် အနည်းငယ် အားနည်းနေခဲ့သည်။

လမ်းမပေါ်မှ ဆူညံသံများက မကြာမီပင် အိမ်နီးချင်းများကို လန့်နိုးစေ၍ လူများက လာရောက်ကြည့်ရှုကြသည်။

သို့သော်လည်း စုန့်ယီ၏ အေးစက်သည့် အကြည့်ရှေ့၌မူ မည်သူမျှ ရှေ့ထွက်ရဲသူ မရှိခဲ့ပါချေ။

လင်းကွားချင်းက သူ၏ လက်ကို ပြန်ရုပ်လိုက်ရလေသည်။ သူ့အနေဖြင့် ခဏတာမျှ မည်သည်ကိုမျှ မလုပ်ရဲတော့သော်လည်း သူ၏ ပြင်းထန်ရက်စက်သည့် မျက်လုံးများသည်က လင်းမိန်ဟွေ့ကို သတ်ဖြတ်ချင်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။

စုန့်ယီတစ်ယောက် ဤလူနှစ်ဦးမှ လင်းမိန်ဟွေ့ကို လူတစ်ဦးအဖြစ် လုံးဝ မသတ်မှတ်ဟူသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

သူ ဒေါသထွက်လာသည့်အခါ၌ လင်းကွားချင်းကို ရိုက်နှက်ရန်ပင် စိတ်များပေါ်ထွက်လာခဲ့သည်။

ထိုအချိန်၌ သူ၏ လက်ဖဝါးပေါ်၌ နူးညံ့သည့် ထိတွေ့မှုကို သူ ခံစားလိုက်ရသည်။ လင်းမိန်ဟွေ့၏ အသံက သူ့၏နောက်မှ အလွန်နူးညံ့စွာ ထွက်ပေါ်လာသည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မကို ခေါ်သွားပါ၊ ကျွန်မ ရှင်နဲ့အတူ အိမ်ပြန်ချင်တယ်”

နူးညံ့သည့် အသံကြောင့် စုန့်ယီတစ်ယောက် သတိပြန်ဝင်လာခဲ့သည်။

ထို့နောက် သူ၏ ပတ်ပတ်လည်၌ စုရုံးနေသည့် လူများကို ကြည့်လိုက်မိကာ လင်းမိန်ဟွေ့၏ လက်ကို ဆွဲပြီး လူအုပ်ထဲမှ ပြေးထွက်လာခဲ့လေသည်။

*(6)

အလွန်ရိုးရှင်းလွယ်ကူသည့် ကြင်ဖက်တွေ့ဆုံမှုသည်ကား ကလစ်တစ်ချက်နှိပ်ရုံပင် ဤအဖြစ်အပျက်သည် စုန့်ယီက လင်းမိန်ဟွေ့ကို ခေါ်သွားသည်အဖြစ်နှင့် နောက်ဆုံး ပြီးဆုံးခဲ့လေသည်။

ရွာလေးက အလွန်ပင် သေးငယ်လှပေသည်။ မည်သည့်အဖြစ်အပျက်ကိုမဆို ဖမ်းဆုပ်၍ အဆများစွာ ချဲ့ကားနိုင်သည်။

လင်းမိန်ဟွေ့ကို စုန့်ယီ ခေါ်သွားပြီးနောက်၌ ကောလာဟလများကလည်း အတောင်ပံပါသည်နှယ် ရွာ၏ ထောင့်တိုင်းသို့ ပျံ့နှံ့သွားတော့သည်။

ထိုညက ဖြစ်ပေါ်ခဲ့သည့် အကြောင်းအရာများလည်း ချဲ့ကား ပြောဆိုခံခဲ့ရသည်။

စုန့်ယီနှင့် လင်းမိန်ဟွေ့ တို့နှစ်ယောက် မြို့ထဲသို့ လျှောက်သွားနေသည်ကို လူအချို့ မြင်သည်မှ စ၍ စုန့်ယီနှင့် လင်းမိန်ဟွေ့သည်က အချိန်ကြာမြင့်စွာ လျှို့ဝှက်ချစ်ကြိုက်ခဲ့ကြ၍ လင်းမိသားစုက သဘောမတူသောကြောင့် တစ်ညတည်း ထွက်ပြေးကြသည့် ဇာတ်လမ်းအဖြစ် ပြောင်းလဲသွားသည်။

တတိယမြောက် ဗားရှင်းကမူ လင်းမိန်ဟွေ့၏ နားသို့ ရောက်ရှိသောအခါ၌ လင်းမိန်ဟွေ့သည်က ကိုယ်ဝန်ရှိနေ၍ စုန့်မိသားစု၌ ကလေးမွေးတော့မည်ဟူသည့် ဇာတ်လမ်း ဖြစ်နေခဲ့သည်။

ဤသည်နှင့်ပတ်သက်၍ လင်းမိန်ဟွေ့တစ်ယောက် စကားမပြောနိုင်ဖြစ်နေခဲ့သည်။ ဤသည်မှာ နေရာကျဥ်းမြောင်းသည့် ရွာ၌ နေထိုင်ရခြင်း၏ အဆင်မပြေမှုပင်။

မည်သည့်အကြောင်းအရာမဆို အနည်းငယ်မျှပျံ့နှံ့သွားသည်နှင့် ထိုအတင်းအဖျင်း ပြောတတ်သူများက အတင်းပြောကြလိမ့်မည်။

သူတို့ ဘဝ၏ အပျော်ဆုံးအချိန်သည်က တခြာစလူများ၏ဘဝအကြောင်းကို စုပေါင်း၍ စီစဉ်ကြသည့်အချိန်ပင်ဖြစ်လောက်သည်။ သူတို့က မရှိသည့် အတင်းအဖျင်းများကိုပင် ဖန်တီးကြသည်ဟုပင် ထင်ရသည်။

စုန့်ယီ၏ အိမ်၌ ကုတင်တစ်လုံးသာ ရှိသောကြောင့် လူနှစ်ဦး အတူတူ အိပ်စက်ရန်အတွက် အဆင်မပြေပါချေ။

လင်းမိန်ဟွေ့ကို အလေးထားသည့်အနေဖြင့် စုန့်ယီက အိပ်ခန်းကို လင်းမိန်ဟွေ့အား ပေးလိုက်၍ သူ၏ အိပ်ရာအတွက်ကိုမူ ဧည့်ခန်း၌ အိပ်ရာခင်းတစ်ခုကိုသာ ခင်းထားခဲ့သည်။

ကံကောင်းစွာဖြင့် ယခုသည်က ဆောင်းရာသီအချိန်အခါ မဟုတ်သေးချေ။ နံနက်ရောက်သည်နှင့် သူက အိပ်ယာခင်းများကို သိမ်းဆည်းလိုက်၍ ရနိုင်ပြီး ညဘက် မြေကြီးပေါ်တွင် အိပ်ခြင်းသည်လည်း သိပ်မအေးပါပေ။

ဤသို့ အဆင်ပြေသော်လည်း လင်းမိန်ဟွေ့ကတော့ စုန့်ယီအတွက် အပြစ်ရှိသလို ခံစားနေရဆဲပင်။

တစ်နေ့တွင်တော့ သူတို့နှစ်ဦး ထမင်းစားနေစဉ် သူမက စုန့်ယီကို အခန်းအတွင်း အိပ်ခိုင်း၍ သူမက အောက်ဘက်၌ အိပ်မည်ဟု ကမ်းလှမ်းခဲ့သည်။

စုန့်ယီ၏ တူကိုင်ထားသည့် လက်က ခဏရပ်တန့်သွားက၍ ခေါင်းယးကိုခါရမ်းလိုက်သည်။

“မိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ကြမ်းပြင်မှာ အိပ်ခိုင်းနိုင်မလဲ၊ ကိုယ် အခုပဲ ပြောခဲ့တယ်၊ ရက်နည်းနည်းလောက်ကြာရင် ဘေးညးဘက်အခန်းကို ရှင်းလိုက်မယ်၊ ပြီးရင် တောင်ပေါ်ကိုတက်ပြီး သစ်ပင်နည်းနည်း ခုတ်ပြီး သစ်ပြားတွေ ခင်းလိုက်မယ်။”

ဘေးဘက်အခန်းသည်ကား ပစ္စည်းမျာကို သိုလှောင်ထားသည့်နေရာသာဖြစ်သည်။ အခန်းတစ်ခန်းဟု ပြော၍ရသော်လည်း ပစ္စည်းများ များစွာ ရှိသည်။

စုန့်ယီက ဤရက်ပိုင်းတွင် ၎င်းပစ္စည်းများကို ရှင်းလင်းကာအလုပ်များနေသော်လည်း ယနေ့အထိ မပြီးစီးသေးပါချေ။

သူက လင်းမိန်ဟွေ့ကိုလည်း ဝင်ရောက် မကူညီစေလိုခဲ့ပေ။ အထဲမှ ပစ္စည်းများသည်က အလွန်လေးလံ၍ ဖုန်ထူသည်ဟု ပြောခဲ့သည်။

လင်းမိန်ဟွေ့သည်ကား အင်အားနည်းပါးသည့် မိန်းကလေးတစ်ဦးဖြစ်၍ ကောင်းမွန်စွာ နေထိုင်ရန်သာ လိုအပ်သည်ဟု ဆိုခဲ့သည်။

ဤအချိန်၌ ရွာအတွင်း သူတို့အကြောင်း ကောလာဟလများသည်က ပို၍ ဆိုးရွားလာခဲ့သည်။

ဤခေတ်ကာလသည်ကား ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမြင်သာမှု နောက်ပိုင်း၌ ရှိနေသေး၍သာ သူတို့အဆင်ပြေနေသေးသည် ပြောဆိုကြသည်။ လွန်ခဲ့သည့် ဆယ်နှစ်၊ နှစ်ဆယ်ခန့်ကဆိုလျှင် စုန့်ယီ လုပ်ကိုင်ခဲ့သည်များကို အဓမ္မမှု ကျူးလွန်သည်ဟု စီရင်ရန် ပြောဆို၍ရလောက်သည်ဟု အပုတ်အပွသတင်းများအဖြစ် ပြောဆိုလာကြသည်။

လင်းမိန်ဟွေ့အနေဖြင့် လင်းမိသားစုအိမ်သို့ ပြန်သွားခဲ့သေးသည်။

သို့သော်လည်း ကျိုးချွေ့ဟွားက သူမကို အဝေးမှ မြင်သည်နှင့် တံခါးကို လုံခြုံစွာ ပိတ်ဆို့၍ အတွင်းသို့ မဝင်စေခဲ့ပေ။ အကြိမ်အတော်များစွာ ငြင်းပယ်ခံရပြီးနောက် လင်းမိန်ဟွေ့လည်း လုံးဝ လက်လျှော့လိုက်တော့သည်။

သူမ၏‌မောင်လေး လင်းရှောင်ရှူသည် ကျောင်းမှ ပြန်လာ၍ ဤကောလာဟလများကို ကြားသောအခါ လင်းမိန်ဟွေ့ကို သွားရောက်ရှာဖွေ၍ မေးခဲ့သည်။

“အစ်မ၊ တကယ်ပဲ အိမ်ကိုမပြန်တော့ဘူးလား”

ထိုအချိန်တွင် လင်းမိန်ဟွေ့က ယာကွင်းအတွင်း၌ ပြောင်းဖူးများကို ချိုးယူနေခဲ့သည်။ သူမက ထိုစကားကို ကြားလျှင် ခေါင်းကို ခါရမ်းလိုက်သည်။

“ငါကအိမ်မပြန်ချင်တာ မဟုတ်ဘူး၊ ငါ့ရဲ့မိဘတွေ လုပ်ခဲ့တာက ငါ့ရဲ့နှလုံးသားကို အရမ်း အေးခဲစေခဲ့တာ”

“ကျန်းမိသားစုက မကောင်းဘူးလား”

လင်းရှောင်ရှူသည်ကား သဲအိတ်များဖြင့်ည ဆော့ရသည်ကို နှစ်သက်သည်။ လင်းမိသားစုက သူ့ကို အလွန် ချစ်ခင်ကြသည်။

သူက ကျိုးချွေ့ဟွား ကိုယ်တိုင် ချုပ်ပေးထားသည့် အလွန်လှပသည့်ဖိနပ်များကို စီးထားခဲ့လေသည်။

ဤစကားကို ကြားပြီးနောက် သူက နှုတ်ခမ်းကို အသာ ကွေးညွတ်လိုက်သည်။

“ကျန်းမိသားစုက ချမ်းသာတယ်၊ မင်း လက်ထပ်ရင် ကောင်းကောင်းစားရမယ်၊ ကောင်းကောင်းသောက်ရမယ်၊ အလုပ်လည်း လုပ်စရာမလိုဘူး၊ မင်းရဲ့ အခု ပုံစံကို ကြည့်ဦး”လင်းရှောင်ရှူက သူ၏ ခြေထောက်ကို ဆန့်ထုတ်၍ ပြောင်းပင်ကို ကန်လိုက်သည်။

လင်းမိန်ဟွေ့က သူမ၏မောင်ဖြစ်သူက သူမ ယခု လုပ်နေသည်များကို စိတ်ထဲမှ ရွံမုန်းနေသည်ကို ခံစားလိုက်ရသည်။

သူမ ခဏတာ တိတ်ဆိတ်သွား၍ ပြန်မေးလိုက်သည်။

“မင်းလည်း ငါ ကျန်းမိသားစုနဲ့ လက်ထပ်စေချင်တာလား”

“ကျန်းမိသားစုက အစ်မကို လက်ဆောင်တွေ အများကြီး ပေးခဲ့တယ်”

လင်းရှောင်ရှူက သူမ နောင်တရနေပြီဟု ထင်၍ မျှော်လင့်တကြီးဖြင့် ထိုင်ချလိုက်သည်။

“အမေက အစ်မကို နောက်ထပ် ကောင်းမွန်တဲ့ လက်ထပ်ပွဲတစ်ခုအကြောင်း ပြောပြီးပြီ၊ အစ်မ လက်ထပ်ရင် အဲဒီလက်ထပ်ပွဲက တင်တောင်းလက်ဆောင်တွေကလည်း အများကြီးပဲ၊

ကျွန်တော်လည်း ခရိုင်က နည်းပညာအလယ်တန်းကျောင်း တက်ဖို့ စီစဉ်ထားတယ်၊ ကျောင်းလခကလည်း တော်တော်လေး များတယ် ၊ မင်း လက်ထပ်ရင် ငါ ပိုက်ဆံရလိမ့်မယ်”

လင်းမိန်ဟွေ့တစ်ယောက် ငယ်စဉ်ကတည်းက သူမ ချစ်ခင်အလိုလိုက်ပေးခဲ့ရသည့် မောင်ဖြစ်သူကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

လင်းမိသားစုက လင်းရှောင်ရှူကို ပိုမို ချစ်ပေးခဲ့ကြသည်။ မည်သည့်အခြေအနေနှင့်အကြောင်းအရာတွင်ပင်ဖြစ်စေကာမူ သူ့ကို ဦးစွာ ပေးပြီးမှ သူမကို ပေးမည်ဆိုသည့် အမှန်တရားကို သူမ သိထားခဲ့သည်။

ထို့ကြောင့် သူမ ကျောင်းတက်စဉ်က စာသင်ခန်းအတွင်း၌ အဆင့်အကောင်းဆုံးများထဲ ပါဝင်ခဲ့သော်လည်း သူမက မိသားစု၏ အကြံဉာဏ်ကို နားထောင်၍ ကျောင်းထွက်ခဲ့ရသည်။

လင်းရှောင်ရှူသည်ကား အားကစား စာမေးပွဲ ဖြေဆိုနေသောကြောင့် သူ့အတွက် ငွေကြေးစုရန်အတွက် ထွက်ခဲ့ရခြင်းဖြစ်ပေသည်။

သူ၏ ရမှတ်များက မကောင်းသဖြင့် ငွေကြေးဖြင့် လိုက်၍သာ အလယ်တန်းကျောင်း တက်ခဲ့ရသည်။ သို့သော်လည်း သူမကတော့ သူမ၏မောင်လေးကို အမှန်တကယ် ချစ်ခင်သောကြောင့် မလိုလားသော်လည်း မောင်ဖြစ်သူ၏ အနာဂတ်အတွက် ကျောင်းစာကိုဆက်လက် မသင်ယူခဲ့ဘဲ သူ့ကို ထောက်ပံ့ပေးရန်အတွက်သာ ဆန္ဒရှိခဲ့သည်။

သို့သော်လည်း လင်းမိန်ဟွေ့အနေဖြင့် တစ်နေ့နေ့တွင် လင်းရှောင်ရှူ၏ ပါးစပ်မှ ဤစကားလုံးများကို ကြားရလိမ့်မည်ဟု မည်သည့်အခါမျှ မမျှော်လင့်ခဲ့ပါချေ။

“ငါ ဘယ်သူနဲ့ လက်ထပ်ရမယ်ဆိုတာ မင်းသိလား လင်းရှောင်ရှူ”

လင်းမိန်ဟွေ့ တုန်ယင်နေသည့် နှုတ်ခမ်းများနှင့် ပြောဆိုလိုက်သည်။

“အမေ.. သူတို့က ငါ့ကို လိမ်ခဲ့တာ၊ သူတို့တွေ ငါ့ကို လက်ထပ်ခိုင်းမယ့်သူက ဒီနှစ် အသက် ၆၇ နှစ်ရှိပြီ၊ သူက အရက်သမားဖြစ်နေရုံတင်မကဘူး၊ လူတွေကိုလည်း ရိုက်နှက်တတ်တယ်”

ထို့ကြောင့်လည်း သူမ၏ ယခင်ဘဝ၌ သူက သူမကို သေလောက်အောင် ရိုက်နှက်ခဲ့ခြင်းပင်။ လင်းရှောင်ရှူက သူမ၏ အကြည့်ကို ရှောင်ဖယ်လိုက်လေ၏။

“ကျွန်တော်ကတော့ အဲလိုမသိထားပါဘူး၊ အစ်မ နားကြားမှားတာ ဖြစ်နိုင်တာပဲ၊ အစ်မ လက်ထပ်ရမယ့်လူက ဘယ်လိုလုပ် အဘိုးကြီး ဖြစ်နိုင်မှာလဲ”

“ဒါ့အပြင်”

လင်းရှောင်ရှူက သူ၏ ခြေထောက်ကို ဆန့်ထုတ်၍ ခူးထားသောပြောင်းဖူးကို ကန်လိုက်သည်။

“လူတိုင်းက ဒီလိုပဲ မဟုတ်ဘူးလား၊ အစ်မ လက်ထပ်မှ တင်တောင်းလက်ဖွဲ့အဖြစ် ပိုက်ဆံ ရပြီး မိသားစုကိုလည်း ထောက်ပံ့နိုင်မှာ၊ ကျွန်တော်လည်း ကျောင်းတက်ဖို့ ပိုက်ဆံရလာလိမ့်မယ်”

တကယ်တမ်းတွင် သူသည်က လင်းမိန်ဟွေ့ကို လုံးဝ မကျေနပ်ခဲ့ပါချေ။

ဤကဲ့သို့ကိစ္စများသည်က ရှေးခေတ်ကတည်းက ဤသို့ ဖြစ်ခဲ့သည်ဟူသည်မှာ မှန်ကန်သည်မဟုတ်ပါလား။ သူမက မိန်းကလေးဖြစ်သောကြောင့် မိသားစုကို ထောက်ပံ့ရန်အတွက် တခြားသူများအတွက် ပေးဆပ်ရခြင်း၊ အမြတ်ထုတ်ခံရခြင်း၊ ရောင်းစားခံရခြင်းတို့က အမှန်ပင် ထိုက်တန်ပေသည်။

လင်းမိန်ဟွေ့အတွက်ကတော့ သူမ၏ မောင်လေ့ကို ဤကဲ့သို့ ထြစ်နေလိမ့်မည်ဟု မည်သည့်အခါကမျှ သတိမထားမိခဲ့ပါချေ။

သူမသည် လင်းရှောင်ရှူကို ပထမဆုံးအကြိမ် တွေ့ဖူးသကဲ့သို့ ကြည့်လိုက်မိသည်။ ရုတ်တရက် သူမ ထရပ်လိုက်ကာ သူ့ကို တံခါးဘက်သို့ တွန်းထုတ်လိုက်လေသည်။

“အစ်မ၊ အစ်မ ဘာလုပ်နေတာလဲ”

လင်းရှောင်ရှူက လင်းမိန့်ဟွေ့၏ အတွန်းခံလိုက်သောကြောင့် ဟန်ချက်ပျက်သွားခဲ့ကာ မတိုင်ခင်ကမှ ချုပ်ထားသည့် ဖိနပ်အသစ်များကို နှစ်ခါခန့် နင်းမိသွားသောကြောင့် ရုတ်တရက် စိတ်မပျော်တော့ချေ။

“ထွက်သွား၊ ပြန်မလာနဲ့တော့”

လင်းမိန်ဟွေ့က သူ့ကို တံခါးအပြင်ဘက်သို့ တွန်းထုတ်လိုက်ကာ နောက်သို့ပြန်လှည့်လိုက်သည်။

လင်းရှောင်ရှူက တခြားတစ်စုံတစ်ရာကို ပြောဆိုလိုနေပုံရသော်လည်း တံခါးပိတ်လိုက်မှုကြောင့် နှာခေါင်းနားလေးကို ထိလုနီးပါးဖြစ်သဖြင့် အနည်းငယ် ဒေါသထွက်သွားရလေသည်။

“မင်း နောင်တမရစေနဲ့”

လင်းရှောင်ရှူက အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်သည်။

“အစ်မ အခု စုန့်ယီအိမ်မှာ နေနေတာ၊ ကျွန်တော် သတိမပေးဘူးလို့ အစ်မ မပြောနဲ့နော်၊ အပြင်မှာ အစ်မအကြောင်းကို ပြောနေတာတွေက ဘယ်လောက်တောင် နားထောင်လို့ မကောင်းဖြစ်နေလဲသိရဲ့လား၊

အစ်မ မသိဘူးလို့ ကျွန်တော် မယုံဘူး၊ အစ်မ ကျန်းမိသားစုနဲ့ လက်မထပ်ချင်ရင်တောင် အမေနဲ့ အဖေတို့ကို တကယ်ပဲ အဆက်ဖြတ်တော့မလို့လား”

လင်းမိန်ဟွေ့က တံခါးနောက်ကွယ်၌ မှီထားခဲ့ကာ မည်သည်ကိုမျှ မပြောခဲ့ပါချေ။

လင်းရှောင်ရှူက စည်းရုံးရေးမှူးတစ်ဦးနှယ် လင်းမိသားစုထံသို့ သူမ ပြန်လာရန် စည်းရှုံးချင်နေပုံရသည်။

သို့သော်လည်း လင်းမိသားစုထံသို့ သူမ ပြန်သွားပါက မည်သည့်အရာများက သူမကို စောင့်ကြိုနေမည်နည်း။ကျန်းမိသားစု မရှိလျှင်ပင် ဝမ်မိသားစုနှင့် စွမ်းမိသားစုတို့ ရှိနေသေးသည်။ လင်းရှောင်ရှူက သူမ ကြုံတွေ့ခဲ့ရသည်များနှင့် ရင်ဆိုင်ခဲ့ရသည်များကို မည်သည့်အခါမျှ နားလည်နိုင်မည် မဟုတ်ပါချေ။

သူမ မည်သည့်အကြောင်းကြောင့်နှင့်မှ ပြန်မသွားနိုင်တော့ပေ။ ယခင်က အနည်းငယ် တွေဝေမှုနှင့် မျှော်လင့်ချက် ရှိခဲ့လျှင်ပင် လင်းရှောင်ရှူ ပြောဆိုသည်များကို နားထောင်ပြီးနောက် သူမ၏ အတွေးများသည် ပို၍ ခိုင်မာလာခဲ့သည်။

စုန့်ယီ အပြင်မှ ပြန်လာပြီးနောက် သူမ ယနေ့ တစ်စုံတစ်ရာ မှားနေသည်ကို သတိထားမိခဲ့သည်။

သူ ယနေ့တွင် အပြင်မှ ယုန်တစ်ကောင်ကို ပစ်နိုင်ခဲ့သည်။

ရွာသားများသည်ကား နှစ်သစ်ကူးပိတ်ရက်များမှလွဲ၍ အသားသိပ်မစားကြပေ။ သို့သော်လည်း စုန့်ယီသည်က ငယ်သေး၍ ခွန်အားကောင်းသည်။ သူ့အနေနဲ့ မကြာခဏ တောင်ပေါ်တက်၍ တောကြက်များနှင့် ယုန်များ လိုက်ဖမ်းလေ့ရှိသည်။

လင်းမိန်ဟွေ့သည်ကား ငယ်ရွယ်သေးကာ စားနိုင်သောက်နိုင်ပေသည်။ သူမက သူမစားသောက်ချင်သည့်အကြောင်းကို မျက်နှာပေါ်တွင် မဖော်ပြ၊ မပြောဆိုသော်လည်း စုန့်ယီက အကုန်သိနေခဲ့သည်။

သို့သော်လည်း စုန့်ယီအနေဖြင့် ယနေ့တွင် လင်းမိန့်ဟွေ့က ယုန်များကို အမွေးနုတ်၍ ချက်ပြုတ်ပြီးသား ဖြစ်နေလိမ့်မည်ဟု မထင်ခဲ့ချေ။

လင်းမိန်ဟွေ့က တူဖြင့် အသားတချို့ကို မစားဘဲ ဘေးဘက်သို့ဖယ်ထားလိုက်သည်။

“ဘာဖြစ်တာလဲ”

စုန့်ယီသည် အနည်းငယ် စိတ်ပူသွားခဲ့ကာ သူမ၏ နဖူးကို စမ်းလိုက်သည်။

“နေမကောင်းဘူးလား”

လင်းမိန်ဟွေ့က မည်သည့်အရာမျှမဖြစ်သကဲ့သို့ ဟန်ဆောင်ပြုံးလိုက်၍ ခေါင်းယမ်းလိုက်လေသည်။

“ရာသီဥတုက အရမ်းပူတယ်၊ ထမင်းစားချင်စိတ် မရှိဘူး”

စုန့်ယီသည်လည်း သူမကို ဤသို့ မြင်သောအခါ အပြင်မှ တစ်စုံတစ်ရာက သူမကို ထိခိုက်စေခြင်းမျိုး ဖြစ်နိုင်သည်ကို သိလိုက်လေသည်။

သူ့အနေဖြင့် အပြင်လူများ၏ အတင်းအဖြင်း စကားပြောဆိုသည်ကိုမူ တား၍ မရရှိသည်ကို စိတ်ပူနေခဲ့သည်။ ထို့ကြောင့် စဉ်းစားပြီးနောက်၌ သူက ခရိုင်မြို့သို့ ပြောင်းရန်ပင် စဉ်းစားခဲ့သည်။

လင်းမိန်ဟွေ့က တစ်စုံတစ်ရာကို စဉ်းစားနေပုံရသည်။ ခဏအကြာတွင် သူမက နှုတ်ခမ်းကို ကိုက်၍ ဆုံးဖြတ်ချက် ချထားသည့်ပုံစံဖြင့် ပြောလာလေ၏။

“အစ်ကိုစုန့်ယီ၊ ကျွန်မရဲ့ အိမ်ထောင်စုမှတ်ပုံတင်ကို ရှင့်ဆီ အရင်ပြောင်းချင်တယ်၊ ကောင်းမယ်လို့ ထင်လား”

All Chapters