အခန်း (၇-၈)
Vol. 1 Ch. 7-8
(7)
စုန့်ယီ အံ့အားသင့်သွားပြီးမေးလိုက်မိသည်။
“မင်းရဲ့ အိမ်ထောင်စုစာရင်းကို ပြောင်းမှာလား၊ဘဘာလို့ အိမ်ထောင်စုစာရင်းကို ပြောင်းဖို့ စဉ်းစားမိတာလဲ”
လင်းမိန်ဟွေ့ ခေါင်းငုံ့လိုက်လေ၏။
“ကျွန်မက လက်ထပ်မှတ်ပုံတင်အတွက် လျှောက်ဖို့ အသက်မပြည့်သေးဘူး ဘယ်လိုပဲဖြစ်ဖြစ်၊ လက်ထပ်မှတ်ပုံတင်စာအုပ်ပို့ရပြီးရင် ကျွန်မရဲ့ အိမ်ထောင်စုစာရင်းကို ဒီကို ပြောင်းရမှာပဲ၊
ဒါကြောင့် ကျွန်မ အိမ်ထောင်စုစာရင်းကိုအခုကတည်းက အရင်ပြောင်းချင်တာ”
စုန့်ယီသည်ကား အမြဲတစေ သူမ၏ ဆန္ဒများကို လိုက်လျောပေးတတ်သူ ဖြစ်သည်။ ဤစကားကို ကြားသောအခါ သူ ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။
“မင်းလိုချင်တယ်ဆိုရင် ကိုယ် ဆောင်ရွက်ပေးမယ်”
“တကယ်လား”
လင်းမိန်ဟွေ့ စိတ်လှုပ်ရှားစွာခေါင်းထောင်လိုက်သည်။ သူမ၏ မျက်လုံးများတွင် ဖုံးကွယ်၍မရသည့် ပျော်ရွှင်မှုများ အပြည့်အဝ ရှိနေသည်ကို တွေ့ရပေလိမ့်မည်။
“အင်း”
စုန့်ယီ ကူကယ်ရာမဲ့သည့်အပြုံးဖြင့် ပြုံးလိုက်မိသည်။ လင်းမိန်ဟွေ့က ကလေးငယ် တစ်ယောက်နှင့်တူသည်။
အသေးအဖွဲကိစ္စလေးဖြင့်ပင် အချိန်ကြာမြင့်စွာ ပျော်ရွှင်နိုင်တတ်သည်။ သူ့အနေဖြင့် ဤအခြေအနေ၌ များစွာ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးသော်လည်း၊ လုပ်ဆောင်ပေးနိုင်သည့် တစ်ခုသော ကိစ္စမှာ သူမ၏ ဆန္ဒကို ဖြည့်ဆည်းပေးပြီး ပိုမို ပြုံးပျော်စေရန် လုပ်ဆောင်ပေးခြင်းပင် ဖြစ်လိမ့်မည်။
လင်းမိန့်ဟွေ့ကတော့ ရင်ထဲမှ ကျောက်တုံးကြီးတစ်ခု ကျဆင်းသွားသကဲ့သို့ ခံစားရသည်။
ထို့ကြောင့် သူမ၏ အစာစားချင်စိတ်တို့ကလည်း ပိုမို ဖြစ်ပေါ်လာခဲ့သည်။ ယခင်ကကဲ့သို့ မျိုချရန် မခက်ခဲတော့ပါချေ။ သူမ၏ရှေ့မှ ယုန်သားသည်လည်း ပို၍ အရသာရှိလာသကဲ့သို့ ခံစားရသည်။
စုန့်ယီက ယုန်ပေါင်နှစ်ခုကိုယူ၍ သူမ၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေ၏။
“မင်း အရမ်း ပိန်နေတယ်၊ ပိုပြီးစားပါဦး။”
“အစ်ကိုစုန့်ယီ၊ ရှင်လည်း စားဦးလဆ”
လင်းမိန်ဟွေ့က ယုန်ပေါင်တစ်ခြမ်းကို သူ့ပန်းကန်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
အိမ်တွင် မည်သောာအရသာရှိသည့် အစားအစာများရှိစေကာမူ ထိုသူက အမြဲတစေ သူမကို ဦးစားပေးတတ်သည်ကို တွေးမိပြီးနောက် လင်းမိန်ဟွေ့၏ စိတ်ဆုံးဖြတ်ချက်က ပိုမို ခိုင်မာလာခဲ့ရသည်။
“ရှင် မစားဘူးဆိုရင် ကျွန်မလည်း မစားတော့ဘူး”
စုန့်ယီတစ်ယောက် သူမကို မငြင်းဆန်နိုင်တော့ဘဲ ပြုံး၍ သဘောတူလိုက်ရသည်။ သူက ယုန်သားနှစ်တုံးစာ စားခဲ့ပြီး အသားအများစုသည်ကား လင်းမိန်ဟွေ့၏ ဗိုက်ထဲသိုးသာ ရောက်ရှိသွားခဲ့သည်။
ထမင်းစားပြီးနောက် သူက လင်းမိန်ဟွေ့ ခြေထောက်စိမ်ရန်အတွကင ရေနွေး ယူလာပေးခဲ့ပြန်သည်။
နောက်တစ်နေ့တွင် လင်းမိသားစုထံမှ အိမ်ထောင်စုစာရင်းလက်မှတ် ယူရန်နှင့် အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ရန် နှစ်ဦးသား သဘောတူခဲ့ကြသည်။
လင်းမိန်ဟွေ့ ခြေထောက်စိမ်ပြီးသည့်နောက့တွင် စုန့်ယီက ရေဇလုံးကို ပြန်ယူ၍ သွန်ပစ်လိုက်သည်။
သူက လင်းမိန့်ဟွေ့ ညသန်းခေါင်တွင် ရေငတ်ကာ နိုးလာမည်ကို စိုးရိမ်သဖြင့် သူမအတွက် ရေတစ်ခွက်လည်း ယူလာပေးခဲ့ကာ အိပ်ရာဘေးတွင် တင်ထားပေးခဲ့သည်။
ဤသို့ ဂရုစိုက်မှုများကြောင့် လင်းမိန်ဟွေ့ စိတ်ထဲမှ အကြီးအကျယ် ကျေးဇူးတင်မိခဲ့သည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် အခြေအနေသည်က စီစဉ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပါချေ။
လင်းမိန်ဟွေ့အနေဖြင့် အိမ်ထောင်စုစာရင်းကို ပြောင်းရွှေ့ပြီး ပျော်ရွှင်သော ဘဝတွင်နေထိုင်ရန်အတွက် အိပ်မက်မက်နေဆဲတွင်သာ ရှိသေးချိန်တွင် အပြင်ဘက်မှ ဆူညံသော စကားသံများကို ကြားကာ နိုးလာခဲ့ရသည်။
သူမ အိပ်ချင်မူးတူးဖြင့် ထလိုက်ပြီး အပြင်တွင် မည်သည့်အကြောင်းများကို ပြောဆိုနေကြောင်းကို သေသေချာချာ နားထောင်ကြည့်သောအခါ ကျိုးချွေ့ဟွား၏ အသံကျယ်ကြီးကို ကြားလိုက်ရလေသည်။
“စုန့်ယီက ကျွန်မ ဆယ်နှစ်ကျော် မွေးထားတဲ့ သမီးကို ခေါ်သွားတာ၊ သူက ငယ်ရွယ်သေးတာကို သိသိကြီးနဲ့ လှည့်စားပြီး အိမ်ကိုပြန်မလာခိုင်းဘူး၊ သူမရဲ့ နာမည်ပျက်အောင် လုပ်တယ်! စုန့်ယီ၊ မင်း အပြင်မထွက်လာရင် ငါ ရဲကိုခေါ်ပြီး ဖမ်းခိုင်းမယ်”
လင်းမိန်ဟွေ့တ၀်ယောက် လန့်ဖြန့်သွားပြီး အိပ်ချင်စိတ်များ လုံးဝ ပျောက်ကွယ်သွားရသည်။
သူမ အိပ်ရာပေါ်မှ ထ၍ ဖိနပ်ပင်မစီးနိုင်ဘဲ ပြေးထွက်သွားခဲ့လေသည်။ ထို့နောက် အခန်းတံခါးကိုဖွင့်လိုက်သည်နှင့် အဝတ်အစားလဲ၍ အပြင်ထွက်ရန် ပြင်ဆင်နေသည့် စုန့်ယီကို တွေ့လိုက်ရသည်။
စုန့်ယီက မျက်မှောင်ကြုတ်နေခဲ့သော်လည်း သူမကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာက ပြေလျော့သွားခဲ့သည်။ သို့သော်လည်း သူ၏ မျက်လုံးများက သူမ၏ ခြေဗလာများဆီ ရောက်ရှိသွားလျှင် မျက်ခုံးများက တွန့်ချိုးသွားရပြန်သည်။
“ဖိနပ် သွားစီးလိုက်”
သူက စကားလုံးအနည်းငယ်လောက်နှင့် သတိပေးလိုက်သည်။
“ကိစ္စမရှိဘူး၊ ကိုယ် အကုန်လုံးကို ဖြေရှင်းလိုက်မယ်။”
ဤသို့ ပြောပြီး သူက တံခါးဖွင့်၍ ထွက်သွားခဲ့သည်။ လင်းမိန်ဟွေ့က မည်သို့ စိတ်ချနိုင်မည်နည်း။
သူမက ကျိုးချွေ့ဟွား၏ စရိုက်ကို ကောင်းစွာသိသည်။ သူမ ရူးသွပ်သွားလျှင် မည်သူမျှ မတားဆီးနိုင်ပေ။လင်းမိန့်ဟွေ့ ဖိနပ်ကို လျင်မြန်စွာ စီး၍ အပြင်သို့ အလောတကြီး ထွက်သွားခဲ့ရသည်။ အပြင်ရောက်သည်နှင့် လူအုပ်ကြီးကို မြင်သောအခါ သူမ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
အပြင်တွင် ကျိုးချွေ့ဟွားနှင့် လင်းကွားချင်း ဦးဆောင်၍ လင်းရှောက်ရှူက မျက်နှာညှိုးငယ်စွာဖြင့် အနားတွင် ရပ်နေသည်။
သူသည်က မလွဲမရှောင်သာစွာဖြင့် ဆုံးရှုံးမှုအတွက် လာရောက်ဖြေရှင်းခိုင်းခံရခြင်း ဖြစ်ရမည်။ ထို့နောက် မနေ့ကမှ လင်းမိန်ဟွေ့နှင့် စကားများပြောထားပြီးဖြစ်၍ သူမကို တွေ့သောအခါ သူ့အတွက် မအီမသာ ဖြစ်ကာ မျက်နှာလွှဲထားလိုက်မိလေသည်။
ကျိုးချွေ့ဟွားက သူမ ထွက်လာသည်ကို မြင်လျှင် ပို၍ ဒေါသထွက်လာပုံရပြီး သူမကို ဆွဲခေါ်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း လင်းမိန်ဟွေ့က စုန့်ယီ၏ နောက်တွင် ကမန်းကတန်း ပုန်းကွယ်ကာ ရပ်လိုက်ပြီး သူမ၏လက်ကို လာဆွဲရန် လုပ်သည့် ကျိုးချွေ့ဟွားကို ရှောင်ဖယ်လိုက်သည်။
ကျိုးချွေ့ဟွားက သူမ၏ လုပ်ရပ်ကို မြင်သောအခါ ပို၍ ဒေါသထွက်လာရသည်။ သို့သော်လည်း သူမက လင်းမိန်ဟွေ့ကို မပြောဆိုဘဲ စုန့်ယီကို ပစ်မှတ်ထားကာ ပြောလာလေ၏။
“စုန့်ယီ၊ မင်း လင်းမိန်ဟွေ့ကို ဘာဆေးတွေ တိုက်ကျွေးပေးထားလိုက်တာလဲ၊ အခုဆို သူက ငါတို့နဲ့ နီးနီးကပ်ကပ်တောင် မနေချင်တော့ဘူး”
သူမ ပြောလိုက်သည့် စကားကြောင့် လင်းမိန်ဟွေ့ ရယ်ချင်သွားရသည်။
ကျိုးချွေ့ဟွားမှ ဤသို့စကားမျိုး ပြောဆိုလာသည်မှာ မည်မျှပင် အရှက်မဲ့နေပါသနည်း။
စုန့်ယီမှ မည်သည်ကိုမျှ မပြောခင်၌ပင် သူမက တိုက်ရိုက် ပြန်ချေပလိုက်သည်။
“အမေ၊ အမေ ဒီလိုမျိုး လူတွေကို အပြစ်မရှိဘဲ စွပ်စွဲလို့ မရဘူး၊ အမေကသာ ကျွန်မကို ကျန်းမိသားစုနဲ့ အတင်းအကျပ် လက်ထပ်ခိုင်းခဲ့တာလေ၊ ဒါကို ဘာလို့ စုန့်ယီကို အပြစ်တင်နေရတာလဲ”
ကျိုးချွေ့ဟွား၏ မျက်နှာအမူအရာက ပြောင်းသွားသည်။ လင်းမိန်ဟွေ့သည်က ဤမျှ တိုက်ရိုက် ပြောဆိုလိမ့်မည်ဟု သူမ မထင်ထားပုံ ရသည်။
“ငါ မင်းကို ကျန်းမိသားစုနဲ့ လက်ထပ်ခိုင်းတာက မင်းအတွက် ကောင်းအောင်လို့ပဲ၊ အခု မင်းင စုန့်ယီနဲ့ လိုက်သွားပြီး နာမည်လည်းမရှိ၊ အဆင့်အတန်းလည်းမရှိ၊ ဘယ်လိုပုံစံလဲ”
“စိုးရိမ်မနေပါနဲ့”
လင်းမိန်ဟွေ့က လှောင်ပြောင်၍ ဆက်ပြောခဲ့သည်။
“ဒီလိုရှိနေတာက အဖေထက်တောင် အသက်ကြီးတဲ့ ယောက်ျားနဲ့ လက်ထပ်ရတာထက်တော့ ပိုကောင်းတယ်”
ဤစကားများ ထွက်လာသည်နှင့် လူအုပ်ကြီးလည်း တုန်လှုပ်သွားခဲ့လေသည်။
ကျိုးချွေ့ဟွား သည်းမခံနိုင်တော့ချေ။ လင်းမိန်ဟွေ့က သူမ၏အစီအစဉ်ကို အကြိမ်ကြိမ် ဖျက်ဆီးရန် ကြိုးစားနေခဲ့သည်။
သူမက အနားတွင် တိတ်ဆိတ်စွာ ရပ်နေသည့် လင်းကွားချင်းဆီ လှည့်၍ အသံကို နှိမ့်ပြောလိုက်သည်။
“ဘာလို့ ဘာမှမပြောတာလဲ”
လင်းကွားချင်းလည်း တုံ့ပြန်လာခဲ့လေသည်။ သူနှင့် ကျိုးချွေ့ဟွားတို့ နှစ်ဦးလုံးသည်ကား ကောင်းသည့်အရာတွင်ဖြစ်စေ ၊ဆိုးသည့်အရာတွင်ဖြစ်စေ စိတ်သဘောတူညီကြသည်။
“လင်းမိန်ဟွေ့၊ မင်း မျက်စိကန်းပြီးဖြစ်ဖြစ်၊ အဓိပ္ပာယ်မရှိတာတွေကို နားထောင်ပြီးဖြစ်ဖြစ် ထင်ရာတွေ လျှောက်ပြောမနေနဲ့၊ မင်းရဲ့မိသားစုက မင်းကို ဘယ်တော့မှ မထိခိုက်စေဘူး၊ အခု ငါတို့နဲ့ အိမ်ပြန်လိုက်ခဲ့စမ်း! အပြင်မှာ ရှက်စရာတွေ မလုပ်နေနဲ့!”
လင်းမိန်ဟွေ့က မည်သူ ရှက်ရမည်ဖြစ်ကြောင်းကို လူအများကြားတွင် ဖော်ပြရန်ကိုပင် ရှက်နေခဲ့သည်။
စုန့်ယီ၏ ခံစားချက်များသည်လည်း အေးစက်သွားခဲ့သည်။ သူသည်က မည်သည့်အခါမျှ အခြားသူများဖြင့် ပဋိပက္ခ မဖြစ်ခဲ့ဖူးပေ။
ဤတစ်ကြိမ်တွင် လူအများရှေ့၌ သူ့ထက် အကြီးများကို ပထမဆုံးအကြိမ် ပြန်ပြောဆိုခြင်းပင် ဖြစ်သည်။
“ဦးလေးလင်း၊ အခုပြောနေတာတွေက ဘာကို ဆိုလိုတာလဲဆိုတာ အတော်လေး ရှင်းရှင်းလင်းလင်း သိသင့်တယ်၊ တကယ်လို့ ကျွန်တော်တို့ တကယ် ကိစ္စကြီးကြီးမားမား ဖြစ်လာရင် ဘယ်သူ့အတွက်မှ မကောင်းဘူး၊ ဘာဖြစ်လို့ အမြန်ပြန်သွားဖို့ မလုပ်တာလဲ”
လင်းကွားချင်းက သူ၏အလုပ်မှ နုတ်ထွက်ထားခဲ့သည်။ ယခုလင်းမိန်ဟွေ့က သူ၏စကားကောင်းများကို နားမထောင်ပေ။
သူက မည်သို့ပြန်လှည့်သွားနိုင်ပါမည်နည်း။ ကျန်းမိသားစုထံမှ သတို့သမီးဈေးကို မရရှိခဲ့လျှင်ပင် သူက အခြားမိသားစုတစ်စုကို ရှာဖွေတွေ့ရှိခဲ့ပြီးသားပင်။
ယခု လင်းမိန်ဟွေ့ကို ကြည့်ရသည်မှာ ပြန်သွားရန် ရည်ရွယ်ချက် မရှိတော့ပေ။ ထို့ကြောင့် သူ မျက်လုံးလှန်၍ လက်ဝှေ့ရမ်းလိုက်သည်။
“ကောင်းပြီ၊ မင်း လင်းမိန်ဟွေ့ကို လက်ထပ်ချင်တယ်ဆိုရင် ငါတို့ကို သတို့သမီးတင်တောင်းလက်ဖွဲ့အဖြစ် ယွမ်တစ်သောင်း လက်ဆောင်ပေးလိုက်၊
လင်းမိန်ဟွေ့က မင်းနဲ့ ဒီကစပြီး အတူနေလိမ့်မယ်၊ ငါတို့လည်း မင်းတို့ကို ဘယ်တော့မှ လာမနှောင့်ယှက်တော့ဘူး”
တစ်သောင်း ..
လင်းမိန်ဟွေ့ မျက်လုံးများ ပြူးကျယ်သွားသည်။
သူမ ဒေါသဖြင့် ရယ်မောလိုက်မိလေသည်။
“အဖေ၊ အဖေက အများကြီး စိတ်ကူးယဉ်တတ်တာပဲ၊ တစ်သောင်းလား၊ အဖေ သမီး အကြိမ်ရေအများကြီး ရောင်းချနေရုံနဲ့တင် လုံလောက်နေပြီ၊ အခုလို ပြောရတာ မရှက်ဘူးလား”
ဤသို့ ငြင်းပယ်ခံရသောအခါ လင်းကွားချင်း၏ မျက်နှာက ချက်ချင်း နီရဲသွားသည်။ ကျိုးချွေ့ဟွားက စကားကို အမြန်ဆုံး လွှဲလိုက်သည်။“ဟုတ်တယ်၊ တစ်သောင်းပဲ ၊ မင်းဆိုတဲ့ စုန့်ယီက ယွမ်တစ်သောင်းကို တတ်နိုင်ရင် ဒီနေ့ကစပြီး လင်းမိန်ဟွေ့က ငါတို့မိသားစုနဲ့ ဘာမှမဆိုင်တော့ဘူး”
ဤသည်က ၁၉၉၀၏ ခုနှစ်များသာ ဖြစ်သည်။ ယွမ်တစ်သောင်းဟူသည်က မည်သို့သော အခြေအနေရှိသနည်း။
ကျေးလက်ဒေသ၌ အိမ်တစ်လုံး ဆောက်ရန် ယွမ် ၃၀၀၀ မကုန်နိုင်ပေ။ သို့သော်လည်း လင်းကွားချင်းက ယွမ်တစ်သောင်း တောင်းဆိုခဲ့သည်။
လင်းမိန်ဟွေ့၏ မျက်လုံးများက ဒေါသဖြင့် နီရဲနေသည်။
လင်းဇနီးမောင်နှံ၏ ဤစကားများကို ကြားပြီးသော် သူတို့ ခေါ်ဆောင်လာခြင်းကို ခံရသည့် လူအချို့က ခေါင်းညိတ်ကြသည်။
အချို့ကမူ သဘောမတူကြပေ။
မည်သို့ပင်ကြည့်စေ ယွမ်တစ်သောင်းဟူသည်က သေးငယ်သည့် ပမာဏ မဟုတ်ပေ။
“အဖေ၊ အမေ၊ အမေတို့က ကျွန်မကို ကလေးဘဝကတည်းက ဒီအရွယ်အထိမွေးမြူဖို့ ယွမ်တစ်သောင်းတောင် ကုန်ခဲ့ဖူးလား”
လင်းမိန်ဟွေ့၏ အသံတွင် သူမ၏ မကျေနပ်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
လင်းမိသားစုအတွက် သူမက သတ်မှတ်ထားသည့် နံပါတ်တ၀်ခု သို့မဟုတ် ကုန်ပစ္စည်းတစ်ခုမျှသာ ဖြစ်နေသည်ကို သူမ သိနေသော်လည်း ယခုကဲ့သို့ အရှက်မရစေရန် အပေါ်ယံမှ ဖုံးကွယ်ထားသည်များကို ဖယ်ရှားပြောဆိုလိုက်ရသောအချိန်တွင် သူမ စိတ်မသက်မသာ ဖြစ်မိရသည်။
စုန့်ယီက သူမ၏ ပခုံးကို ပုတ်၍ တိတ်တဆိတ် နှစ်သိမ့်ပေးလိုက်သည်။
သူသည်လည်း လင်းမိသားစုက တမင်တကာ ဒုက္ခပေးနေသည်၊ ခြင်္သေ့ကဲ့သို့ ပါးစပ်ဟ၍ တောင်းဆိုနေသည်ကို သိနေသည်။
သူတို့သည်ကား သူ့ဘက်မှ ယွမ်တစ်သောင်း မပေးနိုင်ဟု ဆုံးဖြတ်ထား၍ ဤမျှ ရိုင်းစိုင်းနေခြင်းပင် ဖြစ်သည်။
စုန့်ယီ ခဏမျှ တိတ်ဆိတ်နေခဲ့သည်ကိုမြင်လျှင် ကျိုးချွေ့ဟွားက အောင်ပွဲရသွားသကဲ့သို့ ဝင့်ကြွားနေခဲ့သည်။ ထိုအချိန်တွင် စုန့်ယီက ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။
“တစ်သောင်း၊ ကျွန်တော် ပေးမယ်။”
လင်းမိန်ဟွေ့တစ်ယောက် မျက်လုံးများပင် ပြူးကျယ်သွားရသည်။
သူ ရူးသွားတာလား?
တစ်သောင်း၊ ဂဏန်းငါးလုံး ..
၎င်းသည် နည်းသည့် ပမာဏမဟုတ်ပေ။
စုန့်ယီ သွားများ အံကြိတ်လိုက်သည်။
တစ်သောင်းသည်က တကယ်ပင် များပြားလှသော်လည်း၊ လင်းမိန်ဟွေ့၏ ဘဝဖြင့် လဲလှယ်ရမည်ဆိုလျှင် ဤတစ်သောင်းသည်က မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သူ၏အဖွား၌ သူ့အဖေ သတ္တုတွင်းလုပ်သားများထံမှ ရရှိခဲ့သည့် လျော်ကြေးငွေ အနည်းငယ် ကျန်ရှိနေသေးသည်။
သူသည်လည်း နှစ်ပေါင်းများစွာ ချွေတာ၍ ငွေများ အနည်းငယ် စုဆောင်းထားသည်များ ရှိသည်။
မိသားစု၏ အထည်ဖိုးကူပွန်များကို စားနပ်ရိက္ခာကူပွန်များဖြင့် လဲလှယ်လိုက်လျှင် တစ်သောင်းဆိုသည့်ပမာဏကို ရရှိအောင် ရှာဖွေနိုင်သည်။
သို့သော်လည်း ဤတစ်သောင်းကို ပေးလိုက်ရုံဖြင့်တော့ မပြီးပေ။
ဆက်ဆံရေးကို ဖြတ်တောက်လိုပါလျှင် တစ်ဖက်သား၏ နှောင့်ယှက်လိုစိတ်ကို လုံးဝ ဖယ်ရှားပစ်ရမည်။
သူ တည့်တိုး ပြောလိုက်သည်။
“ဒါပေမဲ့ ဒီကိစ္စကို ရဲက သက်သေခံရမယ်”
*(8)
စုန့်ယီ၏စကားများကို ကြားပြီးမနောက်တွင် ကျိုးချွေ့ဟွားတစ်ယောကင မပျော်နိုင်တော့ပေ။
“ဘာလို့ ရဲကိုခေါ်ရမှာလဲ၊ ငါတို့ကို ယွမ်တစ်သောင်း ပေးလိုက်ရင် အခုချက်ချင်း ပြန်သွားပေးလိုက်မယ်၊ ဒီအချိန်ကစပြီး မင်း လင်းမိန်ဟွေ့ကို မိဘအိမ်ကို အလည်ပြန်ခေါ်လာရင်တောင် ငါတို့ အသိအမှတ်ပြုပေးမယ်”
ရွာသားများက ရဲကို သဘာဝကျစွာ ကြောက်ကြသည်။ ရဲက သူတို့အိမ်တံခါးဝသို့ ရောက်ရှိလာသည်ကို အလွန် ရှက်စရာကောင်းသည်ဟု သဘောထားကြသည်။
ထို့ကြောင့် ကျိုးချွေ့ဟွားအနေဖြင့် စုန့်ယီ၏ တောင်းဆိုမှုကို မလိုလားခဲ့ပေ။ သူမက အသံကျယ်ကျယ်ဖြင့် အော်ပြောသည်။
“စုန့်ယီ၊ အခု ပိုက်ဆံပေးလိုက်၊ ငါတို့ ချက်ချင်း ပြန်သွားမယ်”
လူအုပ်ထဲတွင် ဆွေးနွေးသံများ စတင်လာသည်။ လင်းရှောက်ရှူကမူ ရှက်ရွံ့နေပုံရပြီး မည်သည့်အချိန်ကတည်းက ပျောက်ကွယ်သွားမှန်း မသိခဲ့ရပေ။
လင်းမိန်ဟွေ့တစ်ယောက် သူမရှေ့တွင် ရပ်နေသည့် ရင်းနှီးသော လူနှစ်ဦးကို ကြည့်၍ အလွန်စိမ်းသက်နေသကဲ့သို့ ခံစားရသည်။
သူမ စုန့်ယီ၏ လက်ကို ဆွဲကိုင်၍ ခိုင်မာစွာ ပြောလိုက်သည်။
“ရဲကို ခေါ်လိုက်ပါ”
သူမသည်က လင်းမိသားစုအား ယွမ်တစ်သောင်း ပေးမည်မဟုတ်ပေ။ ရဲကို ခေါ်ပြီးသည်နှင့် လင်းမိသားစုနှင့် လုံးဝ ဆက်ဆံရေး ဖြတ်တောက်ပစ်လိမ့်မည်။
စုန့်ယီက သူမ၏လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူမ မည်သည်ကို ဆိုလိုသည်ကို နားလည်သွားပြီးနောက် စိတ်ချလက်ချဖြင့် ပြုံးလိုက်ပြီး ကောင်လေးတစ်ယောက်ကို မြို့နယ်ရဲစခန်းသို့ လူသွားခေါ်ရန် ခိုင်းစေလိုက်သည်။
ကျိုးချွေ့ဟွားက ဤသို့ မြင်သောအခါ ထိတ်လန့်သွားသည်။ သူမအနေဖြင့် ပိုက်ဆံကိုသာ လိုချင်ခြင်းဖြစ်သည်။ ရဲများနှင့် ပြဿနာ မဖြစ်လိုပေ။
ကံမကောင်းစွာဖြင့် လင်းမိန်ဟွေ့ကို ပြန်ခေါ်ရန်အတွက် သူမက ယနေ့ လူများစွာကို အထူးတလည်ခေါ်ဆောင်လာခဲ့သည်။ ထို့ကြောင့် စိုးရိမ်တကြီးဖြင့် ရပ်နေရုံမှအပ မည်သည်ကိုမျှ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။
ရဲများက မကြာမီ ရောက်ရှိလာခဲ့ပြီး ဆူညံနေသည့် လူအုပ်ကြီးလည်း ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
အထူးသဖြင့် လင်းကွားချင်းနှင့် ကျိုးချွေ့ဟွားက မတိုင်ခက်ကအထိ မာန်ထောင်နေခဲ့ကြသော်လည်း လက်ရှိတွင်တော့ မှိုင်တွေသွားကြသည်။
သူတို့နှစ်ဦး တွန့်ဆုတ်စွာဖြင့် ရဲအရာရှိတစ်ဦးကို မြှောက်ပင့်၍ ပြုံးလိုက်ကြသည်။
“မင်္ဂလာပါ၊ ရဲဘော်”
ရဲက လမ်း၌ အခြေအနေအကြောင်းကို အနည်းငယ် သိထားပြီးသားပင်။ သူတို့က လင်းကွားချင်း၏ မြှောက်ပင့်မှုများကို မတုံ့ပြန်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။
နောက်ဆုံးတွင် သူ၏ မျက်လုံးများက စုန့်ယီဆီသို့ ရောက်ရှိသွားသည်။
“ဘာတွေဖြစ်နေတာလဲ”
စုန့်ယီက ကိစ္စများကို စကားလုံး အနည်းငယ်ဖြင့် ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်သောအခါ ရဲက လင်းမိသားစုမှ သမီးကို ရောင်းစားခြင်း၊ အတင်းအကြပ်လက်ထပ်စေလိုခြင်းတို့ကို ချက်ချင်း နားလည်သွားသည်။
သူက ဘေးဘက်ကိက လှည့်၍ လင်းကွားချင်းကို ပြောလိုက်သည်။
“အခု တိုင်းပြည်က လွတ်လပ်စွာ လက်ထပ်ခြင်းနဲ့ ဒီမိုကရေစီဆန်တဲ့ ချစ်ခြင်းမေတ္တာတို့ကို မြှင့်တင်နေတာ၊ ဒီလိုမျိုးလုပ်တာက အဖွဲ့အစည်းရဲ့ဥပဒေကို ချိုးဖောက်တာ၊ ပိုပြီးတော့ အမျိုးသမီးတွေရဲ့ ဆန္ဒကိုပါ ချိုးဖောက်တာပဲ”
“ပြီးတော့ မင်းတို့လူတွေ၊ လာကြည့်နေကြတဲ့ ပွဲကြည့်ပရိသတ်တွေ..”
ဤအထိ ပြောလာသောအခါ ရဲအရာရှိ၏ အသံသည် အနည်းငယ် ပိုမိုကျယ်လာသည်။ လူအုပ်ကြီးက ရုတ်တရက် တိတ်ဆိတ်သွားပြီး ရဲအရာရှိ ဒေါသထွက်မည်ကို စိုးရိမ်၍ အားလုံး ခေါင်းငုံ့ကုန်ကြသည်။
“မင်းတို့ သိရဲ့လား၊ တခြားသူတွေအကြောင်းကို ကောလဟာလ ဖြန့်တာလည်း ဥပဒေချိုးဖောက်တာပဲ”
“မင်းတို့က မဟုတ်တာတွေကို လုပ်ကြံပြီး မကောင်းဆိုးဝါးလိုမျိုး ဆဲဆိုနေတာ၊ အကြီးအကဲတွေဆီကို ရောက်သွားရင် မင်းတို့တွေအားလုံး ရဲစခန်းမှာ နှစ်ရက်လောက် အချုပ်ခံရလိမ့်မယ်၊
ဒီလို အဓိပ္ပာယ်မရှိတာတွေ ပြန့်နှံ့သွားရင် ဒီကောင်မလေးက ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်တော့မှာလဲ”
ရဲစခန်းသို့ ဝင်ရခြင်းသည် ခြံစည်းရိုးပေါ်တွင် ထိုင်ရခြင်းနှင့် တူညီသည်။
မည်သို့သော ရာဇဝတ်မှုပင် ကျူးလွန်ပါစေ၊ ရွာထဲ၌ ခေါင်းမဖော်နိုင်သည့်သူအဖြစ် သတ်မှတ်ခံရလိမ့်မည်။ ဆိုးရွားသည်ဆိုလျှင် “ဆဌမ” ဟုပင် ခေါ်ခံရလိမ့်မည်။
သူတို့ထဲမှ အချို့သည်က မဟုတ်မမှန် ကောလာဟလ ပြောဆိုခဲ့မိမှုများအတွက် အလွန် စိုးရိမ်ပူပန်နေကြသည်။
သူတို့က နေရာမှ ချက်ချင်း ပျောက်ကွယ်သွားရန်ကိုသာ ဆုတောင်းနေကြရသည်။
ရဲများ၏ လမ်းညွှန်မှုအောက်တွင် စုန့်ယီ၏အိမ်ကို ဝိုင်းထားသည့် လူအုပ်ကြီးက လျင်မြန်စွာ ပြန့်ကျဲသွားပြီး လင်းကွားချင်းနှင့် ကျိုးချွေ့ဟွားတို့ နှစ်ဦးတည်းသာ ကျန်ခဲ့သည်။
သူတို့နှစ်ယောက်လည်း ဤသို့ မြင်သောအခါ ထွက်သွားလိုခဲ့ကြသည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူတို့လှည့်မပြန်ခင်၌ပင် တားဆီးခံလိုက်ရလေသည်။
“ရဲဘော်၊ ကျွန်မတို့ အမှားကို နားလည်ပါပြီ”
ကျိုးချွေ့ဟွားက တောင်းပန်သကဲ့သို့ ပြုံးလိုက်ပြီး လင်းမိန်ဟွေ့ကို ခါးသီးစွာ စူးစိုက်ကြည့်လိုက်လေသည်။
ရဲက သူတို့ကို ဆုံးမလိုပုံရသော်လည်း စုန့်ယီက သူမကို တားလိုက်သည်။”အန်တီလင်း စိတ်မပူပါနဲ့၊ ကျွန်တော် သတို့သမီးဈေးကို ပေးပါ့မယ်၊ ဒါပေမဲ့ ဒီကစပြီး လင်းမိန်ဟွေ့ကို တခြားဘယ်သူနဲ့မှ အတင်းအကျပ် လက်ထပ်ခိုင်းလို့ မရဘူး”
ကျိုးချွေ့ဟွားက ကိစ္စသည် ဤအထိ ရောက်နေသည်အထိ သတို့သမီးဈေး ရရှိဦးမည်ဟု မထင်ထားခဲ့ပေ။ သူမ ချက်ချင်း “အို” ဟု ဆိုပြီး ပြုံးကာ ပြောလိုက်သည်။
“တကယ်လား”
လင်းမိန်ဟွေ့ စကားပြောလိုသော်လည်း စုန့်ယီက သူမအဝတ်ကို ဆွဲလိုက်သည်။
သူမ စိတ်ထဲတွင် ခံစားချက်များ ရောထွေးနေသည်။ စုန့်ယီက သူမအတွက် ဤသို့ လုပ်ဆောင်နိုင်လိမ့်မည်ဟု သူမ မည်သည့်အခါမျှ မထင်ခဲ့မိပေ။
စုန့်ယီဖြစ်စေ၊ ကျန်းမိသားစုဖြစ်စေ၊ လက်ဆောင်အဖြစ် ယွမ်တစ်သောင်းဟူသည်က နည်းသည့် ပမာဏမဟုတ်ပေ။
လင်းမိန်ဟွေ့ မျက်ခုံးများ အေးစက်စွာ ချလိုက်ပြီး အပေါ်သို့ ရောက်ရှိလာတော့မည့် ကျိုးချွေ့ဟွား၏ လက်ကို တားလိုက်သည်။
“အမေ၊ ကျွန်မ လက်ဆောင်ကို ပေးပါ့မယ်။ ဒါပေမဲ့ အခြေအနေတစ်ခုရှိတယ်။ ဒီနေ့ကစပြီး ကျွန်မ လင်းမိသားစုနဲ့ ဘာမှမဆိုင်တော့ဘူး။ ပြီးတော့ ကျွန်မရဲ့ အိမ်ထောင်စုစာရင်းကိုလည်း စုန့်ယီရဲ့ နာမည်အောက်ကို ပြောင်းမယ်”
“အိမ်ထောင်စုစာရင်း ပြောင်းမှာလား”
လင်းကွားချင်းက သူ၏အလုပ်ကို နုတ်ထွက်ထားခဲ့သည်။ အိမ်ထောင်စုစာရင်း ပြောင်းလိုက်ပါလျှင် လင်းမိန်ဟွေ့က သူတို့၏ သမီး မဟုတ်တော့သည်ဟု ဆိုလိုသည်မလား။
“ငါ သဘောမတူဘူး၊ အိမ်ထောင်စုစာရင်း ပြောင်းဖို့တောင် မစဉ်းစားနဲ့”
“ယွမ်တစ်သောင်းနဲ့ ကျွန်မကို ဆယ်ယောက်လောက် ရောင်းလို့ရတယ်၊ ဘာလို့ အိမ်ထောင်စုစာရင်းတစ်ခုတည်းကို မစွန့်လွှတ်ချင်ရတာလဲ”
လင်းမိန်ဟွေ့က လှောင်ပြောင်လိုက်သည်။
ရဲကလည်း လင်းဇနီးမောင်နှံသည်က အလွန်လွန်ကဲနေသည်ကို သိသည်။
ထို့အပြင် အမျိုးသမီးများစွာသည်က လက်ထပ်ပြီးပါလျှင် သူတို့၏ အိမ်ထောင်စုစာရင်းကို ပြောင်းကြရသည်သာ။ သို့သော်လည်း လင်းကွားချင်းကမူ အခြားနည်းဖြင့် တွေးထားသည်။
သူက ယွမ်တစ်သောင်း ရရှိပြီးလျှင်ပင် လင်းမိန်ဟွေ့က သူ၏ လင်းမိသားစု၏ သမီးအဖြစ် ရှိနေသေးသည်။ နောင်တခြားနေရာသို့ သွားလျှင် ပြဿနာတစ်စုံတစ်ရာ ရှိလာပါလျှင် သူမကို အကူအညီ တောင်းနိုင်သည်ဟု ယူဆထားသည်။
ရွာသားများ၌ အယူအဆ ခိုင်မာစွာရှိနေတတ်သည်။ အိမ်ထောင်သည် အမျိုးသမီးဆိုသည်မှာ သွန်ပစ်လိုက်သည့် ရေနှင့် တူသည်ဟု သဘောထားကြသည်။
လင်းကွားချင်းသည်က ပိုက်ဆံကိုလည်းလိုချင်သော်လည်း သူမ၏ဘဝကို ချယ်လှယ်ခွင့်ကိုတော့ မဆုံးရှုံးလိုပေ။
ထို့ကြောင့် သူက လင်းမိန်ဟွေ့၏ အိမ်ထောင်စုစာရင်းကို သေချာ ပြောင်းပေးရန် မလိုလားခြင်းပင်ဖြစ်သည်။
“ကောင်းပြီ၊ ဒီလူငယ်စုံတွဲက တကယ်ပဲ ကောင်းမွန်တဲ့ဘဝကို နေထိုင်ချင်ကြတယ်၊ မိဘတွေအနေနဲ့ မလွန်ကဲကြနဲ့၊ ဒီနေ့က အင်္ဂါနေ့လည်း ဖြစ်နေတာဆိုတော့ အိမ်ထောင်စုစာရင်းစာအုပ် ယူလာပြီး ကျွန်တော်နဲ့ ရဲစခန်းလိုက်ခဲ့ပါ၊ ကျွန်တော်တို့က ခင်ဗျားတို့နဲ့အတူတူ ပြောင်းရွှေ့ဖို့အတွက်ကူညီပေးနိုင်တယ်”
ပြောရလျှင် ရဲအရာရှု၏စကားကြောင့် သူတို့နှစ်ဦးအတွက် ငြင်းဆန်ရန် ပို၍ ခက်ခဲသွားသည်။
သို့သော်လည်း ကိစ္စက ဆုံးဖြတ်ပြီးသွားပြီဖြစ်၍ ကျိုးချွေ့ဟွား၏ မျက်နှာက အလွန် အရုပ်ဆိုးသွားခဲ့လေသည်။
သူမက အိမ်သို့ တုံ့ဆိုင်းစွာဖြင့် ပြန်လျှောက်သွားခဲ့ပြီး အိမ်ထောင်စုစာရင်းစာအုပ်ကို သွားယူခဲ့သည်။ လင်းရှောင်ရှူကလည်း အိမ်၌ ရှိနေသည်။
သူက သူ၏မိသားစုနှင့်အတူ အပြင်ဘက်၌ ရှက်ရွံ့စရာအဖြစ် မနေလိုသောကြောင့် ပြန်ရောက်လာသည်မှာ ကြာပြီပင်။
သူတို့မိသားစု၏ သတင်းသည်ကား ကျောင်းသို့ပင် ရောက်ရှိနေပြီ။ သူ မည်သို့ စာဆက်သင်နိုင်တော့မည်နည်း။
ယခုအချိန်၌မူ သူက ခြေထောက်ကို ထပ်ထိုင်ကာ စာအုပ်ငယ်လေးကို ဖတ်နေသည်။
ကျိုးချွေ့ဟွား အိမ်ထဲသို့ အလျင်အမြန် ဝင်လာသည်ကို မြင်သည်နှင့် သူက ထိုင်ခုံပေါ်မှ ခုန်ထ၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အမေ၊ ဘယ်လိုလဲ၊ အစ်မ ပြန်ပါလာပြီလား။”
ကျိုးချွေ့ဟွား သူ့ကို မြင်သောအခါ ဒေါသထွက်သွားသည်။ ပြဿနာဖြစ်လာသောအခါ သူမ၏သားက မည်သူ့ထက်မဆို ပိုလျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။
သို့သော်လည်း ယခုမူ အပြင်၌ လူများစွာက သူမကို စောင့်နေကြသည်။ ထို့ကြောင့် သူမလည်း လင်းရှောက်ရှူကို ဆုံးမရန် မတတ်နိုင်တော့ဘဲ ဗီရိုထဲမှ အိမ်ထောင်စုစာရင်းစာအုပ်ကို ယူ၍ ထွက်သွားခဲ့သည်။
“စကားမပြောနဲ့တော့၊ မင်းအစ်မက သူမရဲ့အိမ်ထောင်စုစာရင်းကို ပြောင်းချင်နေတယ်”
“အိမ်ထောင်စုစာရင်း ပြောင်းမှာလား”
လင်းရှောက်ရှူ မျက်မှောင်ကြုတ်လိုက်သည်။
“အစ်မရဲ့ အိမ်ထောင်စုစာရင်းက မဟုတ်...”
“ပါးစပ်ပိတ်စမ်း!”
ကျိုးချွေ့ဟွား အော်လိုက်သည်။
သူမ အပြင်ဘက်ကို ကြည့်လိုက်သော်လည်း မည်သူမျှ မကြားပုံမရပေ။ ထို့ကြောင့် သူမ အသံကို နိမ့်လိုက်ပြီး
“ကောင်စုတ်လေး၊ မဟုတ်တာတွေ မပြောနဲ့”
လင်းရှောက်ရှူက ကျိုးချွေ့ဟွား ထွက်သွားသည့် နောက်ကျောကို ကြည့်၍ အနည်းငယ် စိတ်ပူနေသည်။ သူသည်လည်း စာအုပ်ကို ဆက်ဖတ်၍ မရတော့သည်နှင့် သူတို့နှင့်အတူ အပြင်သို့ လိုက်သွားခဲ့လေသည်။
ရဲစခန်း ရောက်သောအခါ ရဲက အိမ်ထောင်စုစာရင်းစာအုပ်ကို ယူ၍ အချက်အလက်များ ယှဉ်ကြည့်သည်။အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ရန်အတွက် ကျေးရွာကော်မတီ၏ အတည်ပြုချက်နှင့် စာဖြင့်ရေးသားထားသည့် လက်မှတ် ထုတ်ပေးရန် လိုအပ်သည်။
သက်ဆိုင်ရာ ရဲစခန်း၌ လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို သွားရောက်လုပ်ဆောင်နိုင်သည်။ ရဲများ၏ အကူအညီဖြင့် လက်မှတ်အချို့ကို လျင်မြန်စွာ ရရှိသွားသည်။
ကျန်သည့်အပိုင်းများကိုမူ အချက်အလက်များ ယှဉ်၍ အတည်ပြုပြီးသည့်နောက်၌ နှစ်ဖက်စလုံးက လက်မှတ်ထိုးပြီးလျှင် အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ခြင်း အောင်မြင်သွားလိမ့်မည်။
လင်းမိန်ဟွေ့က စုန့်ယီ၏ နောက်၌ စိုးရိမ်တကြီးဖြင့် ရပ်နေခဲ့သည်။
စုန့်ယီ သူမ၏ စိုးရိမ်စိတ်ကို သတိထားမိပြီး သူမလက်ကို ဆုတ်ကိုင်လိုက်လေသည်။
အလားတူပင် လင်းမိသားစု၏ တခြားမိသားစုဝင်များသည်လည်း အလွန် စိုးရိမ်နေပုံရသည်။
အထူးသဖြင့် လင်းကွားချင်းသည်က စိတ်မတည်မငြိမ် ဖြစ်နေခဲ့ပြီ။ သူ အချိန်တိုင်း သူ၏အိတ်ကပ်များကို စမ်းကြည့်နေသည်။
ဆေးလိပ်ထုတ်၍ သောက်ချင်ပုံရသော်လည်း ၎င်းသည် ရဲစခန်းဖြစ်သည်ကို သိသောအခါ နောက်ဆုံးတွင် လက်လျှော့လိုက်သည်။
“ဟေး”
ရဲအရာရှိက အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရသည်။ လင်းမိန်ဟွေ့၏ ရင်ထဲတွင် ရုတ်တရက် တုန်လှုပ်သွားသည်။
“ဘာလို့ မင်းရဲ့ အချက်အလက်တွေမှာ တစ်ခုခု မှားနေတာလဲ”
“ဘာများမှားနေလို့လဲ”
စုန့်ယီက လင်းမိန်ဟွေ့ ပခုံးကို ပုတ်၍ ရှေ့တိုးပြီး စစ်ဆေးကြည့်လိုက်သည်။
“ဒီနေရာကို ကြည့်ပါ”
ရဲအရာရှိက နေရာတစ်ခုကို လက်ညှိုးထိုးပြသည်။
“မွေးသက္ကရာဇ်က မမှန်ဘူး၊ ပြီးတော့ အိမ်ထောင်စုစာရင်းရဲ့တခြား အချက်အလက်လည်း ရှိတယ်၊ ဘယ်လိုလုပ် တခြားနေရာက ပြောင်းလာတာလဲ”