← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

*(9) ခိုးယူလုယက်ခံခဲ့ရခြင်း

လင်းမိန်ဟွေ့ တစ်ယောက် ကြောင်အမ်းသွားရလေသည်။

သူမ စိတ်ထဲ၌ အလွန်ခွဲခြားဆက်ဆံခံရခြင်းကြီးကို ခံစားလိုက်ရသည်။ သူမ၏ မှတ်ပုံတင် ပြောင်းလဲခွင့် မရအောင် ကံကြမ္မာက ဖန်တီးထားသည်လော။

“မှတ်ပုံတင်စာအုပ်က ဘာဖြစ်လို့လဲသူက ဒီမှာ ငယ်ငယ်လေးကတည်းက နေခဲ့တာပဲကို...”

စုန့်ယီက တစ်စုံတစ်ရာ မှားယွင်းနေပြီကို သိလိုက်သည်နှင့် မှတ်ပုံတင်စာအုပ်ကို ယူ၍ မျက်မှောင်ကြုတ်လိုက်သည်။

ကျိုးချွေ့ဟွား သည်လည်း ပြောလာလေ၏။

“ဘာပြဿနာရှိလို့လဲ ၊ ဒီနေ့ မပြောင်းဖြစ်ရင် နောက်မှ ပြောင်းတာပေါ့”

တိုက်တိုက်ဆိုင်ဆိုင်ပင် လင်းရှောင်ရှု သည်လည်း အပြင်မှ ဝင်ရောက်လာသည်။ အထဲထဲ၌ တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို မြင်သည်နှင့် သူက ချက်ချင်း နှုတ်ဆိတ်ကာ ဘေး၌ ရပ်နေလိုက်သည်။

စုန့်ယီသည်လည်း ယနေ့ မှတ်ပုံတင် ပြောင်းလဲခွင့် ရမည်မဟုတ်ကြောင်း သဘောပေါက်သွားသည်။ သို့သော် လင်းမိန်ဟွေ့သာ ဤသည်ကိုသိသွားလျှင် မည်မျှ ဝမ်းနည်းလိမ့်မည်ကို သူ သိသည်။

သူ စိတ်ပူနေဆဲတွင် လင်းမိန်ဟွေ့က သူ၏အနီးသို့ ရောက်လာပြီး ခိုင်မာသည့် လေသံဖြင့်မေးလိုက်သည်။

“ကျွန်မရဲ့ မှတ်ပုံတင်ကို ပြောင်းလဲဖို့ တကယ်ပဲ လုံးဝ မဖြစ်နိုင်တော့ဘူးလား”

“မိန်းကလေး၊ မင်းရဲ့နေရပ်လိပ်စာကို ကြည့်ပါဦး…”

ရဲအရာရှိက အနည်းငယ် ရှက်ရွံ့နေပုံရသည်။

“အစ်မ”

လင်းရှောင်ရှုသည် ဤအချိန်၌ ဝင်ပြောလိုက်လေသည်။ သူက ပေါ့ပေါ့ဆဆဖြင့် ဂရုမစိုက်စွာပြောလာလေ၏။

“အစ်မရဲ့ မှတ်ပုံတင်ပြောင်းဖို့ မစဉ်းစားနေနဲ့တော့၊ အဲဒီတုန်းက အစ်မရဲ့ မှတ်ပုံတင်ရဖို့အတွက် ကျွန်တော့်ရဲသ မိဘတွေက တော်တော်လေး ကြိုးစားခဲ့ရတာ၊ အစ်မက...”

“လင်းရှောင်ရှု!”

ကျိုးချွေ့ဟွားသည် သူ၏ စကားကို ဆက်မပြောနိုင်အောင် ရုတ်တရက် ရပ်တန့်လိုက်သည်။

လင်းရှောင်ရှုသည်လည်း သူ မည်သည့်အရာများကို ပြောမိသွားသည်ကို သဘောပေါက်သွားပြီး ပါးစပ်ကို အမြန်ပိတ်ကာ ဘေး၌ ရပ်နေလိုက်လေသည်။

သို့သော် လင်းမိန်ဟွေ့သည်က တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ချက်ချင်း ရိပ်မိသွားသည်။ သူမက လင်းရှောင်ရှုကို ဆွဲခေါ်၍ ပြောလိုက်သည်။

“လင်းရှောင်ရှု၊ ငါ့ကို ပြော၊ ငါ့ရဲ့မှတ်ပုံတင်မှာ ဘာပြဿနာရှိတာလဲ”

လင်းရှောင်ရှုက သူမ ဤသို့ ကြည့်နေသည်ကို တွေ့သောအခါ ရုတ်တရက် စိတ်မလုံမလဲ ဖြစ်သွားပြီး ကြောက်ရွံ့စွာ နှစ်လှမ်းခန့် နောက်ဆုတ်လိုက်သည်။

သူ မတိုင်ခင်က မှားယွင်းစွာ ပြောမိသည်ဟု ငြင်းဆန်ရန် အလုပ်တွင် လင်းမိန်ဟွေ့၏ မျက်လုံးချင်းဆုံမိပြီး ပါးစပ်မှ စကားမထွက်နိုင် ဖြစ်သွားသည်။

“လင်းရှောင်ရှု၊ ပြောစမ်း”

လင်းမိန်ဟွေ့၏ အသံသည်က အနည်းငယ် တင်းမာလာခဲ့သည်။

“ဒီလိုလေ”

လင်းရှောင်ရှု မျက်နှာလွှဲလိုက်သည်။

“အစ်မကို သူများဆီကနေ ကျွန်တော်တို့မိသားစုက ဝယ်ထားတာ။ အစ်မရဲ့မှတ်ပုံတင်ရဖို့ တော်တော်ခက်ခဲခဲ့တာ၊ အခု...အခု...”

ဤမျှ ပြောပြီးသော် လင်းရှောင်ရှု ဆက်မပြောနိုင်တော့ ပေ။လင်းမိန်ဟွေ့ တစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

လင်းရှောင်ရှုကို ဖမ်းထားသည့် သူမ၏ လက်မှာ ရုတ်တရက် အားပြတ် ပြေလျော့သွားပြီး နောက်သို့ ယိုင်ကျသွားခဲ့သည်။

စုန့်ယီက သူမနောက်၌ ရပ်နေပြီး လျှင်မြန်စွာထိန်းပေးလိုက်လေသည်။ ဤသို့သော အမှန်တရားမျိုး ဖြစ်လိမ့်မည်ဟု သူမ မည်သည့်အခါကမျှ မထင်ခဲ့ပေ။

ကျိုးချွေ့ဟွားသည်လည်း ဆယ်စုနှစ်များစွာကြာ ဖုံးကွယ်ထားခဲ့သည့် ကိစ္စများ တစ်နေ့၌ ပေါ်ထွက်လာလိမ့်မည်ဟု မထင်ထားခဲ့။ သူမသည် လင်းမိန်ဟွေ့ကို တစ်စုံတစ်ရာ ပြောရန် ဆွဲခေါ်လိုက်သော်လည်း လင်းမိန်ဟွေ့က သူမ၏လက်ကို ရှောင်လိုက်သည်။

ထိုအချိန်တုန်းက လင်းကွားချင်းသည်က ကျန်းမာရေး မကောင်းခဲ့ချေ။ သူတို့သည်က ဤဘဝ၌ နောက်ထပ် ကလေး ရနိုင်တော့မည် မဟုတ်ဟု ထင်ခဲ့မိကြသည်။ သို့နှင့် မှောင်ခိုသမား တစ်ယောက်ဆီမှ ဆက်သွယ်၍ ကလေးတစ်ယောက် ဝယ်လိုက်သည်။

တစ်ဘက်မှ ပုဂ္ဂိုလ်က လင်းမိန်ဟွေ့သည်ကား ယောက်ျားလေးဟု လိမ်ပြောခဲ့သည်။

ဇနီးမောင်နှံနှစ်ယောက်လုံးက နောက်တစ်ကြိမ် ထပ်ကြည့်သောအခါ ခေါင်းကို ဆံပင်ရိတ်ထားပြီး ဆံပင်တိုတိုနှင့် ပိန်ပိန်ပါးပါးလေး ဖြစ်နေသည့် လင်းမိန်ဟွေ့ကို မြင်လျှင် ချက်ချင်း ယုံကြည်သွားခဲ့ကြသည်။

သူတို့အနေဖြင့် သေသေချာချာ စစ်ဆေးချင်သော်လည်း မှောင်ခိုသမားက လက်မခံချေ။ စိတ်မချလျှင် အခြားနေရာ၌ သွားဝယ်ဟု ပြောခဲ့သည်။

ကလေးကို ဝယ်ရန်မှာ ဤမျှ မလွယ်ကူပါချေ။ အထူးသဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမြင်သာရေးများ လုပ်ဆောင်ပြီးနောက်တွင် လူကုန်ကူးသူများကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးခဲ့သည်။

ကျိုးချွေ့ဟွားက ကလေးက အတော်လေး ဉာဏ်ကောင်းပုံရပြီး ကြီးကြီးမားမား ပြဿနာ မရှိသည်ကို တွေ့သောအခါ ချက်ချင်း ငွေပေး၍ ဝယ်လိုက်သည်။ ညဘက်ကိုရောက်၍ လင်းမိန်ဟွေ့ကို ရေချိုးပေးမှသာ မိန်းကလေးမှန်း သိသွားရလိမ့်မည်ဟု သူမ မထင်ထားခဲ့‌ ပေ။

အလိမ်ခံရပြီးနောက် ရှက်ရွံ့ခြင်းနှင့် ဒေါသတို့သည် သူတို့နှစ်ယောက်၏ စိတ်ထဲ၌ ပြည့်နှက်သွားသည်။ ဈေးကြီးပေးဝယ်ခဲ့သည့် ကိုင်တွယ်ရလွယ်ကူသည့် ကလေးတစ်ယောက်က မိန်းကလေး ဖြစ်နေသည်ကို မြင်သောအခါ လင်းကွားချင်းက ပို၍ ဒေါသထွက်သွားသည်။ကံဆိုးသည်မှာ ကလေးက ဝယ်ပြီးသွားခဲ့ပြီဖြစ်ကာ မှောင်ခိုသမားလည်း ထွက်ပြေးသွားပေပြီ။ ငွေပြန်ရမည့် နည်းလမ်း မရှိတော့ချေ။

ဘုရားသခင် မျက်စိပွင့်သွားသည်လားမသိ။ လင်းမိန်ဟွေ့ သုံးနှစ်ပြည့်သောအခါ ကျိုးချွေ့ဟွား၌ ကိုယ်ဝန်ရှိလာသည်။

လင်းရှောင်ရှုကို မွေးဖွားပြီးနောက် လင်းမိသားစု၏ လင်းမိန်ဟွေ့အပေါ် ထားသည့် သဘောထားက ပို၍ပင် ဆိုးရွားလာခဲ့သည်။

လင်းမိန်ဟွေ့ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ရပြီး သူမ၏ ယခင်ဘဝတုန်းက လင်းမိသားစုက သူမကို သက်ကြီးရွယ်အို တစ်ယောက်ဆီ ထောင်ပေါင်းများစွာသော မင်္ဂလာဆောင်ကြေးနှင့် အဘယ်ကြောင့် ရောင်းရန် ဆန္ဒရှိခဲ့သည်ကို နောက်ဆုံးတွင် သဘောပေါက်သွားသည်။

သူမသည်က လင်းမိသားစု၏ သွေးသားရင်းချာ မဟုတ်ခဲ့ခြင်း ဖြစ်ပေသည်။

ထို့ကြောင့် သူတို့သည်က အတိုင်းအဆမရှိ ရက်စက်ခဲ့သည်။ လုပ်စရာအိမ်အလုပ်များလည်း မဆုံးနိုင်ရှိနေပြီး ဆူပူကြိမ်းမောင်းခြင်းလည်း မဆုံးနိုင်ခဲ့ချေ။ ကြီးလာလျှင် နွားများကဲ့သို့ အခြားလူဆီ ရောင်းစားခြင်းဆိုသည့်အရာဖြစ်ခဲ့သည်။

“မိန်ဟွေ့ ဘာဖြစ်တာလဲ”

စုန့်ယီသည် သူမကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။ သူ၏ မျက်လုံးများထဲ၌ မဖုံးကွယ်နိုင်သည့် ပူပန်မှုများ ရှိနေလေသည်။

လင်းမိန်ဟွေ့က တွေဝေစွာဖြင့် မျက်လုံးကို ပင့်မ,ကြည့်လိုက်သည်။ ဤအချိန်ကဲ့သို့ စိတ်ပိုင်းဖြတ်နိုင်သည့်အခိုက်အတန့်မျိုး သူမ၌ မည်သည့်အခါမျှ မရှိခဲ့။

“ကျွန်မ မှတ်ပုံတင်ပြောင်းလို့ မရဘူးဆိုရင် အခု အိမ်ထောင်စုစာရင်း အသစ်လျှောက်ပြီး ပြောင်းရွှေ့လို့ရမလား”

ရဲအရာရှိက ဤသို့သော လျှို့ဝှက်ချက်ကြီးကို မြင်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့။ သို့သော် လင်းမိန်ဟွေ့က သတိပေးလိုက်သောအခါ ပြောလာလေသည်။

“သေချာပေါက် ရပါတယ်၊ ဒါပေမဲ့ ဒီလိုလုပ်ရင်တော့ မင်းရဲ့ မူရင်းမှတ်ပုံတင်က ပျက်ပြယ်သွားလိမ့်မယ်”

“ပျက်ပြယ်သွားပါစေ၊ ကိစ္စမရှိပါဘူး”

လင်းမိန်ဟွေ့က မတိုင်ခင်ကထက် ပို၍ တည်ငြိမ်နေပုံရသည်။

“ကျွန်တော် ဒါကို အထက်အရာရှိတွေကို တင်ပြရပါမယ်၊ မင်းရဲ့ အခြေအနေအရဆိုရင်တော့ အထူးကိစ္စအဖြစ် ပြောင်းရွှေ့ခွင့်ရနိုင်ပါတယ်၊

မင်း ပြန်သွားပြီး သတင်းကို စောင့်နေလို့ရတယ်၊အချိန်ကျလာရင် ကျွန်တော်တို့ အကြောင်းကြားပါမယ်”

အဖြေရရှိပြီးနောက် လင်းမိန်ဟွေ့ ခေါင်းငြိမ့်လိုက်သည်။ ပြီးနောက် လင်းမိသားစုကို နောက်တစ်ကြိမ် ထပာမကြည့်တော့ဘဲ စုန့်ယီကို ဆွဲခေါ်၍ ထွက်သွားခဲ့လေသည်။

လင်းရှောင်ရှုက နောက်မှ အော်ပြောလိုက်သည်။

“အစ်မ၊ အိမ်ကနေ တကယ်ပဲ ထွက်သွားတော့မှာလား”

လင်းမိန်ဟွေ့ ခဏရပ်လိုက်သော်လည်း နောက်သို့ မလှည့်ဘဲ အမြန်ထွက်သွားခဲ့သည်။

သူမ၏ နောက်၌ ကျန်ရစ်ခဲ့သောလင်းရှောင်ရှုသည်လည်း မှတ်ပုံတင် ပြောင်းရွှေ့ပြီးလျှင် လင်းမိန်ဟွေ့နှင့် သူတို့မိသားစုကြား၌ မည်သည့်အရာမျှ မပတ်သက်တော့ကြောင်း သဘောပေါက်သွားပြီး သူ၏ စိတ်ထဲ၌ နောင်တများက ပထမဆုံးအကြိမ်အဖြစ် နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။

သို့သော် လင်းမိန်ဟွေ့က စုန့်ယီကို ဆွဲခေါ်၍ ထွက်သွားသောအချိန်တွင် စုန့်ယီ ထင်ထားသလိုမျိုး စိတ်ဓာတ်ကျဆင်စနေပုံ မရခဲ့ ပေ။

ယခင်ဘဝတုန်းကသာ ဤသို့ သိခဲ့ရခဲ့မည်ဆိုလျှင် သူမ ဝမ်းနည်းမှုများ ဖြစ်လာလိမ့်မည်ဖြစ်သည်။

သို့သော် လူတစ်ယောက်က ငရဲတံခါးကို ဖြတ်ကျော်ပြီးသွားသောအခါ အရာအားလုံးက သူမအတွက် ရှင်းရှင်းလင်းလင်း ဖြစ်သွားခဲ့ပေပြီ။

“အစ်ကိုစုန့်ယီ”

လင်းမိန်ဟွေ့က ကောင်းကင်မှ အလင်းရောင်တန်းကို လက်ညှိုးထိုးပြပြီး နှလုံးသားထဲမှ လာသည့်အပြုံးဖြင့် ပြုံးပြုံးရွှင်ရွှင်ပြောလာလေသည်။

“ဒီနေ့ကစပြီး ဒါက ကျွန်မရဲ့ဘဝသစ်ဖြစ်တော့မယ်”

သူမ ထိုမကောင်းသည့် ကိစ္စများကို မပြောချင်ပေ။ စုန့်ယီသည်လည်း အရှေ့မှစ၍ ပြောမည် မဟုတ်။ သူ ခေါင်းငြိမ့်၍ လင်းမိန်ဟွေ့၏ စကားကို ထပ်ပြောလိုက်သည်။

“ဒီနေ့ကစပြီး ဒါက မင်းရဲ့ဘဝသစ် ဖြစ်လိမ့်မယ်”

မှတ်ပုံတင်ကိစ္စက ယာယီအားဖြင့် ပြေလည်သွားပြီဆိုသော်လည်း တရားဝင် အတည်ဖြစ်ရန်မှာ ရက်အတန်ကြာဦးမည် ဖြစ်သည်။

ရဲများက မနေ့က ရွာသို့ ရောက်လာခြင်စကြောင့် ဖြစ်နိုင်သည်။ နောက်နေ့ လင်းမိန်ဟွေ့ ပစ္စည်းဝယ်ရန် အပြင်ထွက်သောအခါ သူမကို လက်ညှိုးထိုး၍ ပြောဆိုသူများ များစွာ လျော့သွားခဲ့လေသည်။

မည်သို့ပင် ဖြစ်စေ မြို့နှင့်ယှဉ်လျှင် ရွာက အဆင်မပြေသေးပါချေ။ ဆန်ဆီဆိုင်တစ်ဆိုင်က နေ့စဉ်သုံးပစ္စည်းအချို့ ရောင်းသည်မှအပ ကျန်သည်များ အားလုံးက မြို့၌ ဝယ်ရသည်။

လင်းမိန်ဟွေ့ အပြင်သို့ ထွက်ခါနီးဆဲဆဲတွင် လူတစ်ယောက်ကပြောလာသည်ကို ကြားလိုက်သည်။

“သူက အဖမ်းခံရတာလား”

“မဟုတ်ဘူး၊ ငါ အရင်တုန်းက လင်းမိသားစုက တော်တော်လေး ကြီးပွားတာပဲလို့ ထင်ခဲ့တာ၊ သူတို့က ဗိုက်တောင်မကြီးဘဲနေ ကလေးရနေခဲ့တယ်လေ၊

သူတို့က ဆွေမျိုးတွေဆီကို လည်ပတ်တုန်း မွေးတာလို့ ပြောခဲ့တယ်၊ ဒါပေမဲ့ ဒီအသက်အရွယ်ကျမှတော့ မမှန်တော့ဘူးလို့ သိလိုက်ရတာပဲ”

“လင်းမိသားစုက သူမကို ငယ်ငယ်လေးကတည်းက ဒီလောက်ထိဆိုးဆိုးရွားရွား ဆက်ဆံခဲ့တာ၊ ဒါတောင် သူတို့ အရင်က ပြောထားတဲ့ အိမ်ထောင်ချပေးမယ့်လူက အသက် ၆၀ ကျော်နေပြီတဲ့ ၊ မင်းကြားထားသေးလား”

“အဲလောက်တောင် အိုနေပြီလား”ထိုလူက အံ့သြသွားပြီး အခြားတစ်စုံတစ်ရာ ထပ်ပြောရန် လုပ်နေဆဲတွင် သူ၏ ဘေးနားမှ အဒေါ်ကြီးက လက်မောင်းကို ဆွဲလိုက်သည်။

“တိတ်တော့၊ သူ ရောက်လာပြီ”

လင်းမိန်ဟွေ့က ပွင့်ပွင့်လင်းလင်း ပြန်ပြုံးပြလိုက်သည်။ သူတို့ နောက်ကွယ်မှ ပြောနေသည်ကို သူမက မကျေမနပ် မဖြစ်ပါချေ။

“ဒေါ်လေးဝမ်၊ ဒီနေ့ ပစ္စည်းတွေ ဝယ်ဖို့ထွက်တာလား”

ရွာမှလူများက ကောလာဟလ ပြောရသည်ကို နှစ်သက်သည်။ ရဲစခန်းမှ ထွက်လာသည့်အချိန်မှစ၍ သူမက လင်းမိသားစု၏ သွေးသားရင်းချာ မဟုတ်သည့် သတင်းက ရွာတစ်ရွာလုံးသို့ မကြာမီ ပျံ့နှံ့သွားလိမ့်မည်ကို သူမ သိသည်။

တခြားသူများက သူမကို နောက်ကွယ်မှ ရယ်မောသည်ထက် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်က ပိုကောင်းသည်။

အဒေါ်ကြီးနှစ်ယောက်က နောက်ကွယ်မှ ကောလာဟလ ပြောနေသည် ဖမ်းမိခံလိုက်သည့်အတွက် အနည်းငယ် ရှက်ရွံ့သွားကြသည်။ လင်းမိန်ဟွေ့က ဂရုမစိုက်သည်ကို မြင်သောအခါ သူတို့လည်း စိတ်သက်သာရာရသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လင်းမိန်ဟွေ့ကို ကြင်ကြင်နာနာ ပြုံးပြလိုက်သည်။

“ဟုတ်တယ်၊ ဒီနေ့ ရာသီဥတုက ကောင်းတယ်၊ နေပူဆာလှုံလို့ ကောင်းတယ်လေ”

ခဏကြာအောင် စကားပြောပြီးနောက် လင်းမိန်ဟွေ့က သူတို့ကို နှုတ်ဆက်၍ စုန့်ယီ၏အိမ်ဘက်သို့ လျှောက်သွားခဲ့သည်။

ဤရက်ပိုင်းများတွင်လည်း လင်းရှောင်ရှုက သူမဆီသို့ လာချင်ခဲ့သေးသည်။ သို့သော် လင်းမိန်ဟွေ့က ဆင်ခြေများပေး၍ ပြန်တားထားခဲ့သည်။

တချို့အရာများက သူလုပ်ခဲ့သည်မဟုတ်ဆိုသည်ကို သိသော်လည်း လင်းရှောင်ရှုကို သူမ အပြစ်မတင်ဘဲမနေနိုင်ပါချေ။ ဆိုရလျှင် သူမက သူတော်စင်တစ်ယောက် မဟုတ်ပေ။

ကိစ္စများကို တွေးမိပြီးနောက် လင်းမိန်ဟွေ့က ဤညနေ စုန့်ယီနှင့် ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။

*(10)

စုန့်ယီ၏အိမ်၌ စုန့်ယီက အိမ်အလုပ်များ အားလုံးနီးပါးကို လုပ်လေ့ရှိသည်။

သူက လင်းမိန်ဟွေ့ကို ကူညီခိုင်းရန် တောင်းဆိုသည်က အလွန်ပင် နည်းပါးလှသည်။ ယခုအချိန်တွင် သူက အပြင်သို့ထွက်သွားသည့်အတွက် သူမအနေဖြင့် မည်သည့်အရာကို လုပ်ရမည်မှန်း မသိနိုင်ဖြစ်နေခဲ့ရကာ လင်းမိန်ဟွေ့မှာ အိမ်၌ တစ်ယောက်တည်း ပျင်းနေခဲ့ရသည်။

သူမက အဝတ်စုတ်နှင့် တံမြက်စည်းကိုယူ၍ စုန့်ယီ၏အိမ်ကို အပြင်ရော အတွင်းပါ သန့်ရှင်းရေး လုပ်ခဲ့သည်။ အားလုံး သန့်ရှင်းရေး လုပ်ပြီးနောက် ပေရေနေသည့်ရေများကို သွန်ရန် ပြင်ဆင်ဆဲတွင် နောက်မှ ရင်းနှီးသည့် ခြေသံများ ကြားလိုက်ရသည်။

စုန့်ယီက မည်သည့်အရာများ ပါဝင်သည် မသိသည့် ပုံးတစ်လုံးကို ကိုင်၍ ဝင်လာခဲ့သည်။ အပြင်ဘက်၌ နေက ပူနေပြီး သူ၏နဖူးမှ ချွေးများက တစိမ့်စိမ့်ကျနေခဲ့သည်။ သို့သော် သူက ရှက်ရွံ့နေပုံမရဘဲ ပို၍ ရင့်ကျက်တည်ငြိမ်နေပုံရသည်။

“အစ်ကိုစုန့်ယီ”

လင်းမိန်ဟွေ့ အနည်းငယ် ထူးဆန်းနေသကဲ့သို့ခံစားရသည်။ သူမအနေနဲ့ရှေ့တိုး၍ ကူညီပေးချင်သော်လည်း စုန့်ယီက သူမကို ရှောင်၍ “ရတယ်” ဟုပြောကာ ပုံးကို စားပွဲပေါ်သို့ တင်လိုက်လေသည်။

လင်းမိန်ဟွေ့က လက်ကိုင်ပဝါတစ်ထည် ယူလာပေးခဲ့သည်။ စုန့်ယီ ချွေးသုတ်ပြီးနောက် ရေခွက်ကြီးတစ်ခွက်ကို မော့သောက်လိုက်သည်။ သူ အတော်လေး ရေငတ်နေပုံရသည်။

“အရင်ကတည်းက ဒါကို ဝယ်ချင်ခဲ့တာ၊ ဒါပေမဲ့ တစ်ယောက်တည်း ကြည့်ရမှာဆိုတော့ သိပ်ပြီး မကြည့်ချင်ဘူး၊ အခု မင်းလည်း အိမ်မှာရှိနေပြီဆိုတော့ ပျင်းတဲ့အချိန်တွေမှာ အချိန်ဖြုန်းလို့ရအောင် တီဗွီကြည့်လို့ရပြီ”

“တီဗွီ”

လင်းမိန်ဟွေ့ ထိတ်လန့်သွားသည်။

တီဗွီဝယ်ခြင်းက ငွေများစွာ ကုန်ကျပေလိမ့်မည်။ ကျိုးချွေ့ဟွား၏ တစ်သောင်းဟူသည့် စကားကို ထားဦး။ စုန့်ယီ မည်မျှပင် ချမ်းသာစေကာမူ ဤသို့သော အသုံးစရိတ်များကို သူမက သည်းမခံနိုင်ချေ။

၎င်းကို သူမအတွက် သီးသန့် ဝယ်ခြင်းဟု ကြားလိုက်သောအခါ လင်းမိန်ဟွေ့က ချက်ချင်း ငြင်းဆိုလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မ အိမ်မှာ တခြားအလုပ်တွေ လုပ်နေလို့ရတယ်။ တီဗီကို ပြန်အပ်လိုက်ပါ၊ အခု မလိုအပ်သေးဘူး”

“ကိုယ် အကုန်ဝယ်ပြီးသွားပြီ”

စုန့်ယီက တီဗီကို ထုတ်ယူလိုက်သည်။ ၎င်းသည်ကကြီးမား၍ လေးလံသည့် အရာတစ်ခု ဖြစ်အေသည်။စုန့်ယီက တီဗွီကို စားပွဲပေါ်သို့ တင်လိုက်ကာ ချိန်ညှိပြီးမှ သူ မည်သည့်အရာ ကျန်ရစ်သည်ကို သတိရသွားသည်။

“ကိုယ့်ရဲ့မှတ်ဉာဏ်ကတော့.. ဝယ်ပြီးတာနှင့် ကြည့်လို့ ရပြီဟု ထင်ခဲ့တာ၊ မနက်ဖြန်ကျမှ မြို့ကိုသွားပြီး အင်တာနာ ချိတ်ဆက်ဖို့ လူရှာရဦးမယ်”

“အစ်ကိုစုန့်ယီ၊ ဒါက ဘယ်လောက်ကျလဲ”

လင်းမိန်ဟွေ့က စိုးရိမ်တကြီး မေးလိုက်ပြီး စုန့်ယီကို တီဗွီပြန်ပေးရန် ပြောချင်သော်လည်း တစ်ဖက်လူက သူမအတွက် စိတ်ရောကိုယ်ပါ မြှုပ်နှံထားပုံကို မြင်သောအခါ သူ့ကို စိတ်ထိခိုက်အောင် မလုပ်ရဲတော့ပေ။

“ပိုက်ဆံက အရေးမကြီးပါဘူး”

စုန့်ယီက ရွှင်လန်းစွာ ပြောလိုက်ပြီး သူမကို စိတ်ပူစရာ မလိုကြောင်း ပြလိုက်သည်။

လင်းမိန်ဟွေ့ကတော့ အနည်းငယ် စိတ်အသက်မသာ ဖြစ်သွားရသည်။

“အစ်ကိုစုန့်ယီ၊ ရှင်က ကျွန်မအပေါ် အရမ်းကောင်းလွန်းတယ်။ နောင်ကျရင် ကျွန်မ ဘယ်လိုပြန်ဆပ်ရတော့မှာလဲ”

“ဒါက ကိုယ် ကိုယ့်ရဲ့သဘောနှင်သ မင်းအတွက် လုပ်ပေးတာပါ”

စုန့်ယီက သူမ၏ စိတ်ဓာတ်ကျနေသည့်ပုံကို မြင်သောအခါ ချက်ချင်း နှစ်သိမ့်ပေးလိုက်သည်။ ပြီးသွားမှသာ သူပြောခဲ့သည့် စကားက အလွန်ပင် ဒွိဟဖြစ်သွားပြီကို သဘောပေါက်သွားပြီး ချက်ချင်း ပြောင်းပြောလိုက်သည် ။

“အခုတော့ ကိုယ်တို့တွေက အိမ်ထောင်စုမှတ်ပုံတင်တစ်ခုတည်းမှာ မကြာခင် အိမ်ထောင်စုမှတ်ပုံတင်တစ်ခုတည်မှာမှာ အတူတူ မှတ်ပုံတင်တော့မှာလေ၊ အခုလည်း မင်းက ကိုယ်ကို အစ်ကိုလို့ ခေါ်နေတာဆိုတော့ ကိုယ် မင်းကို ညီမလေးတစ်ယောက်လို သဘောထားမှာပါ”

ဤအကြောင်း ပြောပြီးနောက် သူ အနည်းငယ် ခါးသီးလာရသည်။

ဤတစ်ကြိမ် လင်းမိသားစုကြောင့် မဟုတ်လျှင် သူ့အနေနဲသ လင်းမိန်ဟွေ့နှင့် ဤဘဝ၌ မည်သည့်အရာမျှ မပတ်သက်နိုင်တော့ခြင်းဖြစ်နိုင်သည်။

တခြားကိစ္စများအတွက်ကိုတော့ သူ မည်သည့်အခါမျှ မတွေးရဲခဲ့ပါချေ။

လင်းမိန်ဟွေ့အပေါ် ပို၍ ကြင်နာချင်ရုံသာဖြစ်သည်။ ယခင်က သူမ လိုအပ်ခဲ့သည်များကို ဖြည်းဖြည်းချင်း ဖြည့်ဆည်းပေးချင်ခဲ့သည်။

လင်းမိန်ဟွေ့၏ နှာခေါင်းထိပ်က အနည်းငယ် စူးရှလာရသည်။ သူမ ခေါင်းငုံ့၍ စိတ်ခံစားမှုများကို ထိန်းချုပ်လိုက်ကာ ပြောလေသည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မ အဲဒီပိုက်ဆံကို တတ်နိုင်သမျှ မြန်မြန် ပြန်ဆပ်ပါမယ်”

“မလိုအပ်ပါဘူး…”

စုန့်ယီက မစဉ်းစားဘဲ ငြင်းဆိုလိုက်သည်။

လင်းမိန်ဟွေ့သည်လည်း ထပ်ပြောလည်း အလကားဖြစ်မည်ကို သိသည်။ စုန့်ယီက သူမ၏ပိုက်ဆံကို မည်သို့ ယူမည်နည်း။

သူမ နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ သို့သော် ကျန်ရှိသည့် စကားလုံးများကိုတော့ သူမ ဆက်မပြောတော့ချေ။ စုန့်ယီကို ကောင်းမွန်စွာ ပြန်ဆပ်ရမည်ဟုသာ စိတ်ပိုင်းဖြတ်လိုက်သည်။

“စကားမစပ်”

စုန့်ယီ တစ်စုံတစ်ရာ သတိရသွားပြီး သူ၏မျက်လုံးထဲ၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။”ကိုယ် ဒီနေ့ ရဲစခန်းသွားမေးခဲ့တာ၊ သူတို့ရဲ့ အထက်အရာရှိတွေက မင်းကို အထူးအခြေအနေနဲ့ ပြောင်းရွှေ့ခွင့်ပေးဖို့ သဘောတူလိုက်ပြီလို့ ပြောတယ်၊ ရက်အနည်းငယ်အတွင်းမှာပဲ အဆင်ပြေသွားမယ်လို့ ခန့်မှန်းရတယ်”

“တကယ်လား”

လင်းမိန်ဟွေ့၏ မျက်နှာပေါ်၌လည်း ကာလကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သည့် အပြုံးတစ်ခု ပေါ်လာသည်။

“ဟုတ်တယ်”

စုန့်ယီ ဤသို့ပြောနေရင်းဖြင့် သူ၏ဗိုက်က ဂွီးကနဲ မြည်သွားခဲ့သည်။

သူ ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်ပြီး :

“ကိုယ် ထမင်းချက်လိုက်တော့မယ်”

သူ ပြောရင်းဖြင့် အထဲကိုဝင်သွားရန် အလုပ်တွင် လင်းမိန်ဟွေ့က သူ့ကို တားလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ရှင် အရင်ရေသွားချိုးလိုက်ပါလား၊ ဒီနေ့ ကျွန်မ ချက်ပေးမယ်”

စုန့်ယီက ငြင်းချင်သော်လည်း သူ တစ်နေကုန် အပြင်ထွက်နေသည့်အတွက် ချွေးများဖြင့် တစ်ကိုယ်လုံး ပေပွနေသည်ကိုတွေးလိုက်မိသည်။

သူ သူ့ကိုယ်သူ စိတ်ပျက်သွားခဲ့ရပြီး ငြင်းမရနိုင်တေားဘဲ သဘောတူလိုက်သည်။

သူရေချိုးပြီးနောက် စွပ်ကျယ်အင်္ကျီလက်ပြတ်ကိုဝတ်၍ ထွက်လာသောအချိန်တွင် စားပွဲပေါ်၌ အရသာရှိသည့် အစားအစာများ ချထားပြီးသား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဟင်းပွဲအားလုံးက သက်သတ်လွတ်များချည်းသာ ဖြစ်နေသော်လည်း ကောင်းမွန်လွန်းပုံရကာ စုန့်ယီ၏ဗိုက်က အနံ့ရသည်နှင့် ထပ်၍ မြည်လာရပြန်သည်။

လင်းမိန်ဟွေ့၏ လက်ရာက အတော်လေး ကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

လင်းမိန်ဟွေ့က ပန်းကန်ခွက်ယောက်များကို ယူ၍ လျှောက်ဝင်လာရုံသာ ရှိသေးသည်။ စုန့်ယီက ဤမျှ မြန်မြန် ရေချိုးပြီးသွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

သူမ နေရာ၌ပင် အံ့သြသွားရပြီး မျက်နှာနှစ်ဖက်လုံး ရဲလာကာ ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်မိသည်။

စုန့်ယီသည်လည်း ၎င်းကို သတိထားမိသောကြောင့် ချက်ချင်းပင် ရှင်းပြလိုက်သည်။

“ကိုယ့်ရဲ့အဝတ်တွေက လျှော်ထားပြီး မခြောက်သေးလို့ ဒါကိုပဲ ဝတ်လို့ရတာ...”

စုန့်ယီက သူမထက် ရှစ်နှစ်ကြီးသည်။ သူ့၏ ခန္ဓာကိုယ်ကလည်း ကြွက်သားများပြီး လက်မောင်းများက သန်မာသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပေသည်။ သူ၏ ခါး၌ အပိုအဆီ တစ်စက်မျှ မရှိချေ။

သူ၏ ဆံပင်များက စိုနေသေးပြီး မခြောက်သေးဘဲ ရှိနေသေးကာ လည်ပင်း၌လည်း မျက်နှာသုတ်ပဝါတစ်ထည်ကို ပတ်ထားသည်။ လင်းမိန်ဟွေ့က ၎င်းကို မြင်သောအခါ မျက်နှာနီရဲလာပြီး နားရွက်များပါ ပူလာရသည်။

မတော်တဆ ဖြစ်မည်စိုး၍ စုန့်ယီက ဇူလိုင်လ၏ ပူပြင်းသည့် ရာသီ၌ပင် အမြဲတမ်း တစ်ကိုယ်လုံးကိုလုံစေသည့် တင်းကျပ်သော အဝတ်အစားများ ဝတ်ထားခဲ့ကာ သူ၏လက်မောင်းများကို မပြရဲခဲ့ ပေ။

လေထုက အနည်းငယ် ဝိုးတဝါးဖြစ်နေပြီး သူတို့နှစ်ယောက်လုံး ခဏခန့် မည်သည့်အရာမျှ မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။

ခဏတာတိတ်ဆိတ်ပြီးနောက် စုန့်ယီက စ၍ ပြောလိုက်သည် ။

“ဒါဆိုရင်...”

သူ အနည်းငယ် နောင်တရနေသည်။ အစကတည်းက သိခဲ့လျှင် ယနေ့ လင်းမိန်ဟွေ့ အိပ်ပျော်သွားမှ ရေချိုးဖြစ်လိမ့်မည်။ ညဘက်ကျလျှင် လေက အားကပြင်းသောကြောင့် အဝတ်များ လျှော်ပြီး အပြင်၌ လှန်းထားလျှင် နောက်နေ့ ဝတ်၍ ရပေမည်။

တစ်နည်းအားဖြင့်တော့ လက်ရှိတွင်လည်း ထိုအဝတ်များကို သွားဝတ်ရမည်။ စုန့်ယီ ထွက်သွားရန် အလုပ်တွင် လင်းမိန်ဟွေ့က ပန်းကန်ခွက်ယောက်များကို ချ၍ နွေးထွေးသည့် လေသံဖြင့် ပြောသည်။

“အစ်ကိုစုန့်ယီ၊ အရင်ဆုံးထမင်းစားရအောင်”

ဤကဲ့သို့ ဖြစ်လာသောအခါတွင် စုန့်ယီသည်လည်း ရှက်ရွံ့နေ၍ မရတော့ဘဲ ထမင်းစားရန် ထိုင်ချလိုက်ရသည်။ အစပိုင်း၌ သူတို့နှစ်ယောက်လုံး အနည်းငယ် ရှက်နေကြသည်။

သို့သော်လည်း ထမင်းစတင်စားသောက်သည့်အချိန်တွင် စုန့်ယီက လင်းမိန်ဟွေ့၏ ဟင်းချက်လက်ရာကို အံ့သြသွားပြီး စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။

“ဒီဟင်းက တကယ်ကို အရသာရှိတယ်”

“တကယ်လား ၊ အရသာရှိရင် များများစားလေ”

လင်းမိန်ဟွေ့သည်လည်း မျက်လုံးများမှေးကျဥ်းသွားသည်အထိ ပြုံးလိုက်လေသည်။ လင်းမိသားစု၌တုန်းက သူမကသာ အစားအစာများ အားလုံးကို ချက်ပြုတ်ခဲ့ရသည်။

သူမ၏ ယခင်ဘဝတုန်းက ကျန်းမိသားစုနှင့် လက်ထပ်သောအခါ သူမကို တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဆက်ဆံခံခဲ့ရသည်။

လင်းမိန်ဟွေ့၏ စိတ်ဓာတ်ကျသွားသည့်အမူအရာကို အကဲခတ်မိသောအခါ စုန့်ယီက သူ မှားယွင်းပြောမိပြီဟု ထင်သွားခဲ့လေသည်။

သူက သူ၏တူကို ချလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။

“ညီမလေးလင်း၊ ဘာဖြစ်လို့လဲ”

စုန့်ယီ၏ ဂရုစိုက်သည့်မျက်နှာကို မြင်သောအခါ လင်းမိန်ဟွေ့၏ စိတ်ထဲမှ အတိတ်အကြောင်းများက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

မှန်ပေသည်။ ဤသည်က ယခင်ဘဝမဟုတ်တော့ပေ။ သူမက ကျန်းမိသားစုနှင့်လည်း လက်မထပ်ခဲ့။

ယခု သူမနှင့် စုန့်ယီ အတူတူ နေကြပြီဆိုသောကြောင့် အရင်ကကဲ့သို့ စိတ်ပူစရာ မလိုတော့ ပေ။

“ဘာမှမဟုတ်ပါဘူး၊ အစ်ကိုစုန့်ယီ”

လင်းမိန်ဟွေ့က သူမ အဆင်ပြေကြောင်း ပြသသည့်အနေဖြင့် ခေါင်းခါရမ်းလိုက်သည်။

ညစာစားပြီးသောအခါတွင် လင်းမိန်ဟွေ့က ပန်းကန်များ ဆေးချင်သော်လည်း စုန့်ယီက သူမကို မထိခိုင်းတော့ပေ။

“ကိုယ် ဆေးလိုက်မယ်”

စုန့်ယီက အများအားဖြင့် စကားနည်းသည်။ အချိန်ကြာမြင့်စွာ အတူနေပြီးမှ စုန့်ယီက မျက်နှာအေးစက်သော်လည်း စိတ်ရင်းကောင်းကြောင်း လင်းမိန်ဟွေ့ သဘောပေါက်လာခဲ့သည်။သူက မည်သည့်အရာကိုမျှ မပြောသော်လည်း သူ၏လုပ်ရပ်များက ပြသနေခဲ့သည်။

စုန့်ယီ ရေပိုက်ခေါင်းအောက်၌ ပန်းကန်များကို ဆေးနေသည်ကို မြင်သောအခါ လင်းမိန်ဟွေ့ စိတ်ထဲ၌ နွေးထွေးသွားသည်။

လင်းမိန့်ဟွေ့တစ်ယောက် မအိပ်မီ ဗိုက်က အနည်းငယ် နာလာရသည်။

သို့သော် သူမ အာရုံမစိုက်မိပေ။

လင်းမိန်ဟွေ့က မနေ့ညက အအေးမိ၍ ဖြစ်မည်ဟု ထင်လိုက်သည်။ မထင်မှတ်ဘဲ နောက်နေ့မနက်စောစော အိပ်ရာမှ ထသောအခါ အိပ်ယာခင်း၏ အလယ်၌ သွေးစွန်းနေသည်ကို တွေ့လိုက်ရပြီး သူမ၏မျက်နှာ နီရဲသွားသည်။

သူမ၏ ဘဝက စတင်လာခဲ့ပြီ။

လင်းမိန်ဟွေ့၏ မျက်နှာက ရုတ်တရက် ရှက်ရွံ့စွာ နီရဲသွားသည်။ သို့သော် သူမ ရာသီသွေးထွက်လျှင် သုံးရသည့်အဝတ်ကို မယူမီတွင် စုန့်ယီက အထဲက အသံကြောင့် စိတ်ပူပန်စွာနှင့် ချက်ချင်းပြေးဝင်လာခဲ့လေ၏။

All Chapters