ဧကရီရဲ့ ကြင်ရာတော်နဲ့ သူ သဘောအကျဆုံးဝန်ကြီးတွေက ငါ့အပိုင်ပဲ
Vol. 1 Ch. 14
မဟာကျင်းမြို့တော်၊ နန်းရင်းဝန်အိမ်တော်။
မဟာကျင်းပြည်ထောင်စု၏ နန်းရင်းဝန် ဖြစ်သကဲ့သို့ ယဉ်ကျေးမှုဝန်ကြီးလည်း ဖြစ်သည့် ကျန်းစန်းဟိုင်သည် ဧကရီအား အကြံပေးရန်၊ နိုင်ငံတော်အရေးများကို ခွဲဝေထမ်းရွက်ရန်နှင့် နန်းတွင်းစာမေးပွဲများအပါအဝင် ဘာသာရေး၊ အခမ်းအနားများကို ကြီးကြပ်ရန် တာဝန်ရှိသူဖြစ်၏။ ၎င်း၏ အတည်ပြုချက်မပါဘဲ မည်သည့်အရာမျှ ဆက်လက်လုပ်ဆောင်၍ မရနိုင်ပေ။
မဟာကျင်းပြည်ထောင်စုတွင် အဓိကမဏ္ဍိုင်ကြီး နှစ်ခုရှိပြီး တစ်ယောက်မှာ နံနက်ခင်းအလင်းနယ်ပယ်၏ တစ်ဝက်တစ်ပျက်အဆင့်သို့ ရောက်ရှိနေသည့် မဟာလူသား စစ်သူကြီး ချင်းဖုန်းဟော်ဖြစ်ပြီး အခြားတစ်ယောက်မှာမူ ကျန်းစန်းဟိုင်ပင် ဖြစ်သည်။
သို့သော်လည်း ပြည်သူတို့၏ စိတ်နှလုံးအတွင်း ကျန်းစန်းဟိုင်၏ ဂုဏ်သတင်းမှာ ချင်းဖုန်းဟော်ထက် များစွာ သာလွန်လျက် ရှိ၏။ ဧကရီ၏ လက်အောက်ရှိ အရှိန်အဝါ အကြီးမားဆုံးသော နန်းရင်းဝန်ဆိုသည့် ဘွဲ့ထူးမှာ အမည်ခံမျှသာ မဟုတ်ချေ။
နေ့စဉ်နှင့်အမျှ မရေမတွက်နိုင်သော အရာရှိများသည် ကျန်းစန်းဟိုင်ထံ မျက်နှာသာရရန်နှင့် ရာထူးတက်ရန် မျှော်လင့်ချက်များဖြင့် လက်ဆောင်ပဏ္ဏာများကို ကိုင်ဆောင်ကာ နန်းရင်းဝန်အိမ်တော်အပြင်ဘက်တွင် စုရုံးနေကြ၏။
မုန့်ချင်ကျိုးသည် လမ်းမများအတိုင်း လျှောက်လှမ်းလာစဉ် ယမန်နေ့က ရွှေပုလ္လင်ခန်းမအတွင်း ဖြစ်ပွားခဲ့သော ဖြစ်ရပ်ကြီးအကြောင်းကို သာမန်ပြည်သူများ ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသည်။
“မင်း ကြားပြီးပြီလား... ဧကရီက မျက်မမြင်တွေကို သဘောကျတာတဲ့။”
“ကြားတာပေါ့... မနေ့က ရွှေပုလ္လင်ခန်းမမှာ ဧကရီက ကျင့်ကြံခြင်းအဆင့်လည်း မရှိတဲ့ မျက်မမြင်တစ်ယောက်ကို ဒုတိယယဉ်ကျေးမှုဝန်ကြီးအဖြစ် ခန့်ဖို့ အဆိုပြုခဲ့တာတဲ့။ အဲ့ဒီမျက်မမြင်က သာမန်လူမဟုတ်ဘူး။ ကောင်းကင်လျို့ဝှက်ချက်တွေကို မြင်နိုင်စွမ်းရှိပြီး အကျင့်ပျက်ခြစားနေတဲ့ အရာရှိတစ်စုကို ချက်ချင်းဖော်ထုတ်ပြီး လုံရှန်ဘုရင်ကိုတောင် သတ်ပစ်လိုက်တယ်တဲ့လေ...”
“ဘုရားရေ... တာဝန်စထမ်းတဲ့ ပထမဆုံးနေ့မှာတင် လူကွက်မျက်ခဲ့တာလား။”
“ဒါနဲ့ ဧကရီရဲ့ ကြင်ရာတော်က ဒီသတင်းကို ကြားရင် ဘယ်လိုထင်မလဲမသိဘူး။”
“ဘယ်လိုထင်မှာလဲ၊ တိုင်းပြည်အုပ်ချုပ်တဲ့ ဧကရီတစ်ယောက်က သူ့ကြင်ရာတော် တစ်ယောက်တည်းကိုပဲ သစ္စာရှိနေရမယ်လို့ စည်းကမ်းရှိလို့လား။ တခြား မျက်နှာသာ ပေးရတဲ့ ဝန်ကြီးတစ်ယောက် ထပ်ထားတာ ဘာအန္တရာယ်ရှိလို့လဲ။ ဧကရီရဲ့ ကြင်ရာတော်ကရော ကန့်ကွက်ရဲပါ့မလား။”
ထို့ပြင် ချောမောလှပသည်ဟု မိမိကိုယ်ကိုယ် ယူဆကြသော လူငယ်အချို့မှာ ဧကရီ၏ စိတ်နှလုံးကို ရရှိနိုင်ရန်အလို့ငှာ တုတ်ချောင်းများဖြင့် မိမိတို့၏ မျက်လုံးများကို ဖောက်ထုတ်ကာ မျက်မမြင်သူရဲကောင်းအဖြစ် သရုပ်ဆောင်ရန် ပြင်ဆင်နေကြသည် ဟူ၍လည်း မုန့်ချင်ကျိုး ကြားသိလိုက်ရ၏။
ဝါးခမောက်ဆောင်းထားသော စုချင်ချိုးက စိတ်ပျက်လွန်းသဖြင့် မျက်လုံးကိုသာ လှန်ကြည့်နေမိတော့သည်။
အဓိပ္ပာယ်မရှိလိုက်တာ။ အစကနေ အဆုံးထိ ဧကရီ့အချစ်တော် ဝန်ကြီးနဲ့ ဧကရီ့ကြင်ရာတော်က တစ်ယောက်တည်း (မုန့်ချင်ကျိုး)ပဲ။
တစ်ဖက်တွင်မူ မုန့်ချင်ကျိုးသည် အတွေးနက်နေကာ မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်၏။
“ဧကရီက မျက်မမြင်တွေကို သဘောကျတာလား... ဒါကြောင့်ကိုး... ငါ့ကို ဘာအကြောင်းပြချက်မှမရှိဘဲ ထူးထူးခြားခြား ဆက်ဆံနေတာ ဘာလို့လဲ တွေးနေတာ။”
ဟုတ်၏၊ မုန့်ချင်ကျိုးသည် ထိုစကားများကို ယုံကြည်သွားခြင်း ဖြစ်သည်။
“ငါတော့ ဧကရီရဲ့ လက်ကိုင်တုတ် အစေခံတစ်ယောက် မဖြစ်ချင်ဘူး။ စောစောစီးစီး အနားယူပြီး အေးအေးဆေးဆေး နေထိုင်ချင်ရုံသာ ရှိတာ... ဘာလို့များ တိုက်ခိုက်ရင်း ဒဏ်ရာရအောင် လုပ်နေရမှာလဲ။”
စုချင်ချိုးမှာ စကားပြောရန် တွန့်ဆုတ်နေမိ၏။ ဧကရီကို အထင်မလွဲ စေချင်သော်လည်း အပြင်သို့ ထုတ်မပြောဖြစ်ခဲ့ပေ။ သူတို့ လျှောက်လှမ်းလာစဉ် လမ်းသွားလမ်းလာများက တောင်ဝှေးကို အားပြုလျက် အနက်ရောင်နှင့် ရွှေရောင် ရောယှက်နေသည့် မြွေနဂါးဝတ်ရုံကို ဝတ်ဆင်ထားသော မျက်မမြင်လူငယ်တစ်ဦး ဖြတ်သန်းသွားသည်ကို မြင်လိုက်ကြရရာ ချက်ချင်းပင် တစ်လမ်းလုံး တိတ်ဆိတ် သွားတော့သည်။
“ပြည်သူတွေကို အနှောင့်အယှက်မဖြစ်အောင် မြန်မြန်သွားကြစို့...”
မုန့်ချင်ကျိုးက ဆိုပြီးနောက် အလျင်အမြန်ပင် ထွက်ခွာခဲ့သည်။ မကြာမီတွင် နန်းရင်းဝန်အိမ်တော်သို့ ရောက်ရှိလာကြသည်။ မုန့်ချင်ကျိုးသည် အဝင်ဝတွင် ရပ်တန့်ကာ အစောင့်များကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။
“မုန့်ချင်း လာတွေ့တယ်လို့ အကြောင်းကြားပေးပါဦး...”
အစောင့်က မုန့်ချင်ကျိုး ဝတ်ဆင်ထားသော အရာရှိဝတ်စုံကို မြင်လိုက်ရသည့် အခါတွင်မူ ကြောက်လန့်တကြား မျက်နှာပျက်သွားပြီး အထဲသို့ အပြေးအလွှား ဝင်သွားတော့သည်။ မုန့်ချင်ကျိုးမှာ ဝေခွဲမရဖြစ်လျက် မိမိ၏ မျက်နှာကို ပြန်စမ်းကြည့်မိ၏။
“ငါက အဲ့ဒီလောက်တောင် ကြောက်ဖို့ကောင်းလို့လား။ ငါက သေမင်းလည်း မဟုတ်ပါဘူး။ ဘာလို့ လူတိုင်းက ငါကို မြင်တာနဲ့ တစ္ဆေတွေ့သလို ဖြစ်နေကြတာလဲ...”
စုချင်ချိုးက သူ၏နား အနားသို့ တိုးကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“သခင်လေးက တာဝန်စထမ်းတဲ့ ပထမဆုံးနေ့မှာတင် နယ်စားတစ်ယောက်ကို သတ်ခဲ့တာလေ...”
“ဒါပဲလား။”
မုန့်ချင်ကျိုးက နားမလည်နိုင်စွာဖြင့် ခေါင်းကို စောင်းလိုက်သည်။
“ငါ့ရဲ့ဇနီး တုန်းဖန်လေးတောင် ဘာမှမပြောဘူးလေ။ သူလည်း အံ့သြပုံမရတော့ ဒါက ပုံမှန်ပဲလို့ ထင်နေတာ။”
စုချင်ချိုးမှာ စကားပြောစရာ မရှိတော့ပေ။ (ဧကရီအတွက်မူ ထိုအဆင့်မှာ ဘာမှမဟုတ်သောကြောင့် ဖြစ်သည်)
မကြာမီတွင် ကျန်းစန်းဟိုင်၏ စာကြည့်ဆောင်သို့ ရောက်ရှိလာကြသည်။ ကျန်းစန်းဟိုင်သည် မုန့်ချင်ကျိုးအား မြင်သည်နှင့် အလျင်အမြန်ပင် ထရပ်လိုက်ပြီး ပြုံးရွှင်စွာဖြင့် တွဲကူလိုက်၏။
“အားနာစရာတွေ လုပ်မနေပါနဲ့ ဝန်ကြီး... ထိုင်ပါဦး။”
မင်းရဲ့ တကယ့်သရုပ်မှန်က ဧကရီရဲ့ ကြင်ရာတော်လေ။ မင်း ဦးညွှတ်တာကို ငါက ဘယ်လိုလုပ် လက်ခံရဲမှာလဲ။ ကျန်းစန်းဟိုင်က စိတ်ထဲကတွေးနေသည်။
မုန့်ချင်ကျိုးက စားပွဲ၏ တစ်ဖက်တွင် ထိုင်လိုက်ကာ လက်အုပ်ချီလျက် ဆိုလိုက်၏။
“ကျုပ် တာဝန်စထမ်းတဲ့အနေနဲ့ နန်းရင်းဝန်ကို လာရောက်ဂါရဝပြုတာပါ... ခိုင်းစရာ အလုပ်ရှိရင်လည်း အမိန့်ပေးနိုင်ပါတယ်။”
ကျန်းစန်းဟိုင်က လက်ယမ်းလျက် ဆို၏။
“လုပ်စရာ အလုပ်တွေ အများကြီး မရှိပါဘူး...” (မင်းကို ငါက ဘယ်လိုလုပ် ခိုင်းရဲမှာလဲ)
ထိုစဉ် စာကြည့်ဆောင်အတွင်းရှိ အရာရှိများထဲတွင် ဝူတျဲ (ကျောက်ကော် စေလွှတ်လိုက်သော လုပ်ကြံသတ်ဖြတ်သူ)လည်း ရှိနေ၏။ မုန့်ချင်ကျိုးကို ကြည့်ရင်း သူက မိမိဘာသာ တွေးနေမိသည်။
ဒီယဉ်ကျေးမှုဝန်ကြီးကို အရင်ဆုံး ချဉ်းကပ်ရမယ်... ကျင့်ကြံခြင်းမရှိတဲ့ သာမန်လူ တစ်ယောက်က ငါ့ရဲ့ အလှအပအောက်မှာ ဒူးထောက်သွားမှာပဲ။ ဒီဝန်ကြီးကို ထိန်းချုပ်ပြီး သူနဲ့ ဧကရီကြားက ဆက်ဆံရေးကို အသုံးချမယ်ဆိုရင် နန်းတွင်းထဲကို ဝင်ဖို့ မခက်တော့ဘူး။ အဲ့ဒီအခါကျရင် ဧကရီရဲ့ ကြင်ရာတော်ကို အောင်အောင်မြင်မြင် လုပ်ကြံနိုင်မှာပဲ။ ငါက တကယ်ကို ပါရမီရှင်ပဲ...
ဝူတျဲက အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေတော့သည်။
...