မုန့်ချင်ကျိုး တစ်ယောက် စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားပြီးတော့ မထင်မှတ်ထားဘဲ မျက်မမြင်ဓားသူတော်စင်စနစ် နိုးထလာပြီး မျက်မမြင်ဓားသူတော်စင် ဖြစ်လာခဲ့တယ်။ စာအုပ်ထဲက ဇာတ်ကွက်တွေ အကုန်လုံးကို သိနေတဲ့အတွက် မုန့်ချင်ကျိုးက ဇာတ်လိုက် ပါးရိုက်မယ့်အချိန်တွေအတွက် အသုံးချခံ မဖြစ်ချင်ခဲ့ဘူး။ အဲဒါနဲ့ သူက အေးအေးဆေးဆေး ဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်ပြီး ပန်းစိုက်၊ ခွေးနဲ့အတူ လမ်းလျှောက်၊ အားတဲ့အချိန် အစေခံမလေးကို စနောက်ရင်းနဲ့ ဖြောင့်မတ်တဲ့ ဇနီးသည်ကို အဖော်ပြုနေရင်းနဲ့ နေ့ရက်တွေ ကုန်ဆုံးဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ သူ မသိခဲ့တာက... သူက နန်းတော်ကြီးတစ်ခုမှာ နေနေတာ၊ ညုတုတု အစေခံမလေးက အေးစက်ပြီး လှပတဲ့ ဓားနတ်မိမယ်၊ သူ ပျိုးနေခဲ့တဲ့ ပန်းတွေက နှစ်တစ်သောင်း နတ်ဆေးပင်တွေ၊ သူနဲ့ လမ်းလျှောက်ထွက်နေတဲ့ခွေးက တိုင်းပြည်ရဲ့ အစောင့်အရှောက်သားရဲ၊ ပြီးတော့ သူ့ရဲ့ဖြောင့်မတ်တဲ့ဇနီးက လက်ရှိ ဧကရီ ဖြစ်နေတယ် ဆိုတာပဲ။ ဧကရီက မုန့်ချင်ကျိုး အရှေ့မှာ လူတိုင်းကို ဟန်ဆောင်ခိုင်းပြီးတော့ သာမန်မိသားစုပုံစံ နေခိုင်းခဲ့တယ်။ သူ အားတဲ့အချိန် အေးအေးချမ်းချမ်း နေနိုင်အောင်ပေါ့။ ဒါပေမဲ့ သူက သူ့ရဲ့ ဧကရီ သရုပ်မှန်ကို ဖုံးကွယ်ထားတဲ့ အပြင်ကို မန်ချင်ကျိုးကလည်း ဓားသူတော်စင် စွမ်းအားတွေကို ဖုံးကွယ်ထားခဲ့တယ်။ သူပုန်ဧကရာဇ်ဘုရင် - "တုန်းဖန်လျူလီ၊ ခင်ဗျားက မုန့်ချင်ကျိုးရဲ့ ဆွဲဆောင်မှုနဲ့ နှစ်မွန်းနေပြီးတော့ တိုင်းပြည်အရေးကို လျစ်လျူရှုနေတယ်။ ခင်ဗျား အပြစ်ပေးခံရသင့်တယ်..." မုန့်ချင်ကျိုး - "ပေါက်ကရတွေ၊ ငါ့ရဲ့ ဆွဲဆောင်မှုနဲ့ နစ်မွန်းနေတာက ငါ့မိန်းမ ကိစ္စပဲ..." ရန်သူ သံတမန်များ - "နယ်မြေ ပေးရင်ပေး၊ လျော်ကြေးငွေ ပေးရင်ပေး၊ မဟုတ်ရင်တော့ တိုင်းပြည်နဲ့ မိသားစု ပျက်စီးမှာကို ရင်ဆိုင်ရမယ်..." မုန့်ချင်ကျိုး - "ငါ့မှာ မြေကွက် သေးသေးလေး တစ်ခုပဲ ရှိတာကို မင်းတို့က လိုချင်သေးတယ်လား။ ဓား...လာခဲ့စမ်း..." မဟာမိတ်တိုင်းပြည်တွေက ဧကရီရဲ့ ပေါင်းစည်းမှု လမ်းကြောင်းကို နှောင့်နှေးအောင် လျို့ဝှက်ကြံစည်နေကြတဲ့အခါ မုန့်ချင်ကျိုးက နယ်စပ်ကို တစ်ယောက်တည်း သွားပြီးတော့ မျက်လုံးကို ဖွင့်လိုက်တယ်။ အဲဒီအချိန်မှာပဲ ဓားသူတော်စင်တစ်ပါး ထွက်ပေါ်လာတော့တယ်။ မုန့်ချင်ကျိုး - "ငါ့အိမ်ရှေ့မှာရှိတဲ့ မြေကွက်က တကယ်ပဲ ဒီလောက်တောင် ဆွဲဆောင်မှု ရှိတာလား။ ဘာလို့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေ အားလုံးက လာတိုက်ယူကြရတာလဲ..."

