← Chapters

အခန်း ၂၈၅

Vol. 20 Ch. 285

အခန်း ၂၈၅

Vol. 20 Ch. 285

အပိုင်း(၂၈၅) သစ္စာဖောက်ရတဲ့ အကြောင်းရင်းက နက်ခဲတယ်

"လီရွှမ်ကျင်း... မင်းက ကောင်းကင်ကြည့်ဆောင်ကို သစ္စာဖောက်ရဲတယ်ပေါ့။"

ဒေါသတကြီး တောက်လောင်နေသော မကောင်းဆိုးဝါးမီးတောက်များသည် လိပ်တက်လာသော မီးခိုးငွေ့များကဲ့သို့ ကမ္ဘာတစ်ခုပြီးတစ်ခုကို လောင်ကျွမ်းစေပြီး ကြယ်များက မီးတောက်အမြီးတန်းများဖြင့် ကျဆင်းလာကာ မိုးသည်းထန်စွာ ရွာသွန်းလေ၏။

လီတိုင်ယွမ်၏ မျက်လုံးများ သွေးရဲနေပြီး နှုတ်ခမ်းများမှာ နားရွက်များအထိ ကွဲအက်သွားမတတ် ထူးဆန်းသော အကွေးတစ်ခုအဖြစ် ပွင့်ဟသွားကာ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ဖောင်းကားလာပြီး ယခင်က လှပပြီး ကျက်သရေရှိသော အသွင်အပြင်မျိုး မရှိတော့ပေ။

ဤအခြေအနေကို မြင်သောအခါ။

ယွမ်ယန်နယ်ပယ်တွင်းရှိ မိသားစု(၄)ခုလုံး ထိတ်လန့်သွားကြသည်။

ချူရှီရန်သည် အကြောင်ရင်းကို ချက်ချင်း သဘောပေါက်သွားပြီး ဒေါသတကြီး အော်လိုက်သည်။ "လီရွှမ်ကျင်း... မင်းနဲ့ သူက ကောင်းကင်ကြည့်ဆောင်ရဲ့ နန်းဆောင်သခင်တွေလား။။"

"သဘောပေါက်ပြီ၊ သဘောပေါက်ပြီ။"

"ငါ သိသားပဲ။ လီမိသားစုက အမြဲတမ်း အကျိုးအကြောင်း ဆင်ခြင်နိုင်တဲ့သူတွေပါ။ ချင်လွမ်ဘိုးဘေး ဆိုတာက ရှေးခေတ် ဧကရာဇ်ခေတ်ရဲ့ မဟာဗျူဟာမှူးလို့ လူသိများတာလေ။ ဘယ်လိုလုပ် သူက လူမိုက်နဲ့ ဝက်လို မျိုးဆက်တွေကို မွေးဖွားနိုင်မှာလဲ။ တိုက်ပွဲမစခင် သတ္တိကြောင်တာက စစ်ရေးမဟာဗျူဟာမှာ ကြီးမားတဲ့ တားမြစ်ချက်တစ်ခုဆိုတာ မသိဘူးလား။ ဘာလို့ သူတို့က မိသားစု(၅)ခုကြားက ငြိမ်းချမ်းရေး ဆွေးနွေးပွဲလို အဓိပ္ပာယ်မရှိတဲ့အရာကို အတင်းအကျပ် မြှင့်တင်နေရတာလဲ။"

"ဒါဆို မိသားစုတစ်ခုလုံးက ကောင်းကင်ကြည့်ဆောင်ရဲ့ လက်ပါးစေတွေပဲ ဖြစ်ရမယ်။"

ချူမိသားစု၏ ဘိုးဘေးသည် လူသားဧကရာဇ်ခေတ်တွင် အရဲရင့်ဆုံးနှင့် အကျွမ်းကျင်ဆုံး စစ်နတ်ဘုရား ဆက်ခံသူအဖြစ် လူသိများပြီး မိသားစု(၅)ခုကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အမြဲတမ်း ပြင်းထန်စွာ ဆန့်ကျင်ခဲ့သည်။ ထို့ကြောင့် ယခင်ညှိနှိုင်းမှုများအတွင်း ကျိဝူရွှမ်ကို သူ အခက်တွေ့အောင် လုပ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ မိသားစုခေါင်းဆောင် တစ်ယောက်အနေနှင့်။

ချူရှီရန်သည် လျှို့ဝှက်ချက်များစွာကို သိရှိပြီး ကောင်းကင်ကြည့်ဆောင် ရှိနေကြောင်းကိုလည်း သိကာ ကျိမိသားစု၏ နောက်ကွယ်ရှိ အင်အားစုမှာ ကောင်းကင်ကြည့်ဆောင် ဖြစ်ကြောင်းကိုလည်း အလွန် ရှင်းလင်းစွာ သိရှိထားသည်။ ထို့ကြောင့် ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် သူ အံ့သြပြီး ဒေါသထွက် သွားခဲ့သည်။

ချက်ချင်းပင် နက်ရှိုင်းသော ရှုပ်ထွေးမှုတစ်ခု ပေါ်ပေါက်လာသည်။

"မကောင်းဆိုးဝါးကို နှိမ်နင်းမယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။"

လီရွှမ်ကျင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး နဝမမြောက် နန်းဆောင်သခင်ကို အေးစက်စွာ စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ "တိုင်ယွမ် အသက်ရှင်နိုင်ဖို့ အခွင့်အလမ်း နည်းနည်းလေးကို ကယ်တင်ဖို့အတွက် ကောင်းကင်ကြည့်ဆောင်ရဲ့ နန်းဆောင်သခင်ကို သတ်မယ်။"

ထိုစကားကို ကြားသောအခါ ချူရှီရန်က အစပိုင်းတွင် အံ့အားသင့်သွားပြီး အံ့သြစွာ မေးလိုက်သည်။ "လီတိုင်ယွမ်ကို ကယ်ဖို့အတွက်နဲ့တင် မင်းက ကောင်းကင်ကြည့်ဆောင်ကို သစ္စာဖောက်လိုက်တာလား။"

"ကောင်းကင်စောင့်ရှောက်သူရဲ့ သဘောသဘာဝကို မင်း မသိဘူးလား။ သူက ရန်သူတွေအတွက် နေရာနည်းနည်း ချန်ထားပေးကောင်း ချန်ထားပေးနိုင်ပေမယ့် သစ္စာဖောက်တွေကိုတော့ လုံးဝ ရက်ရက်စက်စက် ကိုင်တွယ်လိမ့်မယ်။ မင်းရဲ့ မိသားစုတစ်ခုလုံးကို စတေးပြီးတော့ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ရတာ တန်လို့လား။"

လီရွှမ်ကျင်းက ဘာမှ မရှင်းပြတော့။ အချိန်က အရေးကြီးပြီး မမျှော်လင့်ထားသော အဖြစ်အပျက်များ ဖြစ်ပေါ်လာမည်ကို သူ မလိုလားပေ။ သူက ကျယ်လောင်စွာ အော်လိုက်သည်။

"ယွမ်ယန်နယ်ပယ်က လုံးဝ ပိတ်ဆို့ခံထားရပြီ။ မင်းတို့ အားလုံး အသက်ရှင်ချင်တယ်ဆိုရင် ဒီမကောင်းဆိုးဝါးကို ချေမှုန်းဖို့ ငါ့ကို ကူညီပေးကြ။ အဲဒါပြီးမှ လီရွှမ်ကျင်း အသက်ရှင်နေသေးရင် သူ့ရဲ့ ကံကြမ္မာကို မင်းတို့ ဆုံးဖြတ်လို့ရတယ်။"

ချူရှီရန်က ပထမဆုံး တုံ့ပြန်လိုက်ပြီး ခေါင်းညိတ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"မိသားစု(၄)ခုက သွေးတူပြီး ဘုံရန်သူတစ်ယောက်ကြောင့် အတူတကွ ပေါင်းစည်းထားတယ်။ အရင်က ရန်ငြိုးတွေကို ဘေးဖယ်ထားပြီး တစ်ယောက်ကိုတစ်ယောက် ကူညီဖို့ ငါတို့ အစွမ်းကုန်ကြိုးစားသင့်တယ်။"

"ချူမိသားစုရဲ့ လူငယ်မျိုးဆက်တွေ... အဓိကအားဖြင့် အနှောင့်အယှက်ပေးဖို့နဲ့ အကူအညီပေးဖို့အတွက် ပေ(၃၀၀၀ နောက်ဆုတ်ပြီးတော့ အရေးအကြီးဆုံးက မင်းတို့ရဲ့ ကိုယ်ပိုင် လုံခြုံရေးကို သေချာစေဖို့အတွက် သင်္ကေတလေးခုနဲ့ ဒြပ်ငါးပါး အခင်းအကျင်းကို တည်ဆောက်ကြ။"

ချူမိသားစုမှ သူရဲကောင်း(၃)ဦးသည် မျိုးနွယ်စုဝင်(၁၀၀)ကို ဦးဆောင်ကာ မည်သည့် ညည်းညူမှု သို့မဟုတ် တွန့်ဆုတ်မှုမျှမရှိဘဲ ကျယ်လောင်စွာ တုံ့ပြန်လိုက်ကြသည်။ "ဘိုးဘေးရဲ့ အမိန့်ကို နာခံပါ့မယ်။"

မြင့်မြတ်မိသားစုများမှ တကယ့်ဆက်ခံသူများက သာမန်လူများ ပုံဖော်ထားသကဲ့သို့ ဘယ်သောအခါမျှ ယုတ်မာခြင်းမရှိပေ။ သူတို့ကြားတွင် အလိုလိုက်ခံရသော ကလေးဆိုးများ အလွန်နည်းပါးသည်။ အကြောင်းမှာ သာမန်လူများနှင့်မတူဘဲ သူတို့၏တိုးတက်နိုင်မှု အခွင့်အလမ်းမှာ လုံးဝ ပိတ်ဆို့မခံထားရသောကြောင့်ပင်။ သူတို့တွင် တောက်ပသောအနာဂတ်နှင့် အကန့်အသတ်မရှိသော ဖြစ်နိုင်ခြေများ ရှိသည်။ ပိုမိုမြင့်မားသော အမြင်များကို ရှာဖွေခြင်းသည် တစ်နေရာတည်းတွင် ရပ်နေပြီး သာမန်လူများ၏ စိတ်ခံစားမှု ခုနစ်ပါးနှင့် ဆန္ဒ ခြောက်ပါးတွင် နစ်မွန်းနေခြင်းထက် များစွာ ပို၍ပျော်စရာကောင်းသည်။

ထို့အပြင် ချမ်းသာပြီး အာဏာရှိသော မိသားစုများသည် မိသားစု၏ ဆက်လက် တည်တံ့ခိုင်မြဲမှုနှင့် အနာဂတ်ကို ပိုမိုဂရုစိုက်ကြပြီး ရာစုနှစ်တစ်ခုအကြာတွင် မိသားစုကျဆင်းကာ ဖရိုဖရဲမဖြစ်စေရန်အတွက် တားဆီးကြသည်။ ထို့ကြောင့် သူတို့သည် ကြိုတင်ကာကွယ်မှု အစီအမံအမျိုးမျိုးကို ချမှတ်ကြပြီး အကြီးအကဲ ကောင်စီနှင့် ကြီးကြပ်ရေးကော်မတီ ကဲ့သို့သော ကြီးကြပ်ရေးအဖွဲ့အစည်းများကို တည်ထောင်ကြသည်။ ဤအဖွဲ့အစည်းများက နောက်မျိုးဆက်များ၏ အလုံးစုံ အရည်အသွေးကို တင်းကျပ်စွာ စောင့်ကြည့်ကြသည်။

ဥပမာအားဖြင့် ယခုအချိန်တွင် မြင့်မြတ်မိသားစုများမှ ဆက်ခံသူများ၏ အရည်အသွေးများ အပြည့်အဝ ပြသနေသည်။ သူတို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ အသက်အန္တရာယ်ကို ကြောက်ရွံ့ခြင်း မရှိပေ။ အောက်သို့ ဆွဲချခံရသောအခါ သူတို့က ကျိန်ဆဲခြင်း၊ ညည်းညူခြင်းနှင့် ပျင်းရိခြင်းများ မရှိခဲ့ပေ။ ထိုအစား သူတို့အားလုံး ချက်ချင်း တုံ့ပြန်ကြပြီး အမြန်ဆုံးအမြန်နှုန်းဖြင့် မဟာအခင်းအကျင်း တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။ သူတို့၏ မျက်လုံးများမှာ အထူးခိုင်မာနေပြီး သူတို့၏အရှိန်အဝါ အပြည့်အဝကို စုစည်းလိုက်ကြသည်။

လုံမိသားစု၏ မိခင်ကြီးက မျက်မှောင်ကြုတ်ကာ တွန့်ဆုတ်နေပြီးမှ ပြောလိုက်သည်။

"လူကြီးမင်းတို့... ကျွန်မရော လင်းမိသားစုက ကောင်းကင်ထောက်တိုင်နယ်ပယ်ရော ဒီနေရာကို မလာခဲ့ကြဘူး။ ဒီမှာ လုံမိသားစုဝင် (၃)ယောက်ပဲ ရှိပါတယ်။ နံနက်ခင်းအလင်းနယ်ပယ်တွေဖြစ်တဲ့ လင်းမိသားစုဝင် နှစ်ယောက်ပဲ ရှိတယ်။ ဒီတိုက်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်။ ဘေးကနေပဲ ကူညီပေးနိုင်လိမ့်မယ်။"

"အဲဒါဆို လုံလောက်ပါပြီ။ ကျေးဇူးတင်ပါတယ်။"

လီရွှမ်ကျင်းက ခေါင်းမလှည့်ဘဲ ခေါင်းညိတ်လိုက်ပြီး ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလာသော လီတိုင်ယွမ်ကို စူးစိုက်ကြည့်နေလေသည်။

"အဘိုးကြီးလီ... ဒီကောင်က ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့ အလယ်အလတ်အဆင့်မှာ ရှိနေတာ။ ငါတို့နှစ်ယောက်တည်းနဲ့ သူ့ကို နိုင်မယ်လို့ မင်း ထင်လို့လား။" ချူရှီရန်က မျက်မှောင်ကြုတ်ကာ ယုံကြည်မှု အနည်းငယ် ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။ "မင်းမှာ တခြား ဘာလှည့်ကွက်တွေ ရှိသေးလဲ။ တစ်ခါတည်း အကုန်ထုတ်ပြလိုက်။ ငါ့ကို မင်းနဲ့အတူ အောက်ကို ဆွဲချဖို့အတွက် ဒီလောက် အချိန်အကြာကြီး စီစဉ်နေခဲ့တာလို့ ငါ မယုံဘူး။"

လီရွှမ်ကျင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"အရန်အစီအစဉ် တစ်ခုတော့ သေချာပေါက် ရှိပါတယ်။ ဒါပေမဲ့ အဲဒါက ဒီတိုက်ပွဲမှာ ပါဝင်လို့ မရဘူး။ ကောင်းကင်ကြည့်ဆောင်ရဲ့ ဌာနချုပ်က ကောင်းကင်ပြည်နယ်မှာ ရှိတယ်။ သူတို့ရဲ့ နန်းဆောင်သခင်ကို သတ်ဖို့ အခက်ခဲဆုံးအရာက တိုက်ခိုက်ရေးစွမ်းအား ဘယ်လောက် လိုအပ်လဲဆိုတာ မဟုတ်ဘဲ အဲဒီနန်းဆောင်သခင်ရဲ့ စောင့်ကြည့်မှုကနေ ဘယ်လိုရှောင်လွှဲမလဲ ဆိုတာပဲ။"

ချူရှီရန် အနည်းငယ် ရပ်တန့်သွားပြီးနောက် အသာလေး ခေါင်းညိတ်လိုက်သည်။

မှန်ပေသည်။

မိသားစု(၄)ခု၏ ခေါင်းဆောင်များသည် ကောင်းကင်ကြည့်ဆောင် ကြောင်းကို ကောင်းကောင်း သိကြသည်။ ကောင်းကင်စောင့်ကြည့်သူနှင့် ပတ်သက်၍ အကြောက်ဆုံးအရာမှာ အရာအားလုံးကို သိနိုင်ပြီး နေရောင်အောက်ရှိ အရာအားလုံးကို မြင်တွေ့နိုင်သည့် သူ၏စွမ်းရည်ပင်။

ယွမ်ယန်နယ်ပယ်အတွင်းရှိ အခြေအနေကို သူ ရှာဖွေတွေ့ရှိသည်နှင့် သူသည် ဝင်ရောက်စွက်ဖက်ရန်နှင့် နှောင့်ယှက်ရန် သေချာပေါက် ကြိုးစားလိမ့်မည်။

"ဒါဆို မင်းဆိုလိုတာက ဒီလောက်အချိန်အကြာကြီး စဉ်းစားပြီးတဲ့နောက် မင်း တွေးနိုင်ခဲ့တာက ငါ့ကို အပြစ်တင်ခံရသူအနေနဲ့ အသုံးချဖို့ပဲပေါ့…" ချူရှီရန်က အမူအရာမပါဘဲ နောက်သို့လှည့်ကြည့်ကာ မေးလိုက်သည်။

"ဟုတ်တယ်…" လီရွှမ်ကျင်းက ပညာရှင်ဆန်သော အသွင်အပြင်ကို ထုတ်လွှတ်ကာ ကြင်နာစွာ ပြုံးလိုက်သည်။

ချူရှီရန်က ယဉ်ကျေးစွာ ပြုံးလိုက်ပြီး စကားလုံး အနည်းငယ် ပြောလိုက်သည်။

"ငါပြောတနားထောင် လီရွှမ်ကျင်း..."

"ဒါက တကယ့်ကို ကောင်းချီးတစ်ခုပဲ။"

ကြီးမားသော သံတူတစ်လက်ကို ထမ်းထားသော လီယဲ့က သူတို့နှင့် ပခုံးချင်းယှဉ်ကာ ရပ်လိုက်ပြီး ပြောလိုက်သည်။ "ငါလည်း ဒီမှာ ရှိတယ်။"

ဂွပ်...

ဂွပ်။

လီတိုင်ယွမ်က လည်ပင်းကို လိမ်ချိုးလိုက်ရာ အဆစ်များ အက်ကွဲသံ ထွက်ပေါ်လာပြီး သူ၏ မျက်ဆံများက သရဲမီးအိမ်နှစ်လုံးအဖြစ် တောက်လောင်လာကာ မီးတောက်များ တလက်လက် တောက်ပနေပြီး လီရွှမ်ကျင်းကို အေးစက်စွာ စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်း ကောင်းကင်ကြည့်ဆောင်ကို ဘာလို့ သစ္စာဖောက်ခဲ့လဲဆိုတာ ငါ့ကို ပြောပြစမ်း။ မင်း မြန်မြန် သေရအောင် ငါလုပ်ပေးမယ်။"

လီရွှမ်ကျင်းက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ကာ သူ၏ မျက်လုံးများတွင် စိတ်ပျက်မှုများ ပြည့်နှက်နေလေသည်။

"သူ့ကိုယ်စား ကျုပ် ပြောပြပေးမယ်။"

မုန့်ချင်ကျိုးက အေးအေးဆေးဆေး လျှောက်ထွက်လာပြီး ပြုံးလိုက်သည်။

"ခင်ဗျားက ကောင်းကင်ကြည့်ဆောင် နန်းဆောင်သခင် ဆယ်ယောက်ထဲက တစ်ယောက် ဖြစ်ရမယ်။"

"မင်း အခုမှ သိတာလား။ နောက်ကျသွားပြီ။" နဝမမြောက် နန်းဆောင်သခင်က ဒေါသတကြီး ပြောလိုက်သည်။

လီရွှမ်ကျင်းက ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး။ သူ အစကတည်းက သိပြီးသား။ ငါတို့ ပထမဆုံး တွေ့တုန်းက သူက မင်းရဲ့အကြောင်းကိုတောင် ဆွဲထုတ်ပြလိုက်သေးတယ်။"

နဝမမြောက် နန်းဆောင်သခင်၏ အမူအရာမှာ တစ်ခဏမျှ အေးခဲသွားပြီးနောက် ဤအချိန်အတွင်း မုန့်ချင်ကျိုးက သူ့ကို မည်သို့ ညှဉ်းပန်းနှိပ်စက်ပြီး ထိခိုက်နစ်နာအောင် လုပ်ခဲ့သည်ကို ပြန်လည်အမှတ်ရကာ ချက်ချင်း ဒေါသထွက်သွားသည်။

"အချိန်-နေရာလွတ် ဓားသူတော်စင်။ မင်းက ငါ့ရဲ့သရုပ်မှန်ကို အစကတည်းက သိနေခဲ့ပြီး၊ မိသားစု (၅)ခုကြားက ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုဖျက်ဆီးဖို့ ငါ့ကို တမင်တကာ အသုံးချခဲ့တာပေါ။။"

"ချီးပဲ... မင်းက ငါ့ကို လှည့်စားရဲတယ်ပေါ့။"

စကားပြောနေရင်း နဝမမြောက် နန်းဆောင်သခင်က လှုပ်ရှားရန် မစောင့်နိုင်တော့ဘဲ လက်ဗလာဖြင့် သူ၏လက်သီးကို ချိန်ရွယ်လိုက်သည်။

လက်သီးချက်တိုင်းနှင့်အတူ လေများဟိန်းဟောက်နေပြီး နဂါး၏ ဟိန်းဟောက်သံက ရွှေကိုပင် ချေမှုန်းပစ်နိုင်လေသည်။

၎င်းက နေရာလွတ်မငြိမ်သက်မှုကို ဖြစ်ပေါ်စေပြီး နေနှင့်လ နှစ်ခုလုံးကို ငြိမ်းသတ်ပစ်လေသည်။

"ခဏနေပါဦး။"

"လီရွှမ်ကျင်းက ကောင်းကင်ကြည့်ဆောင်ကို ဘာလို့ သစ္စာဖောက်ခဲ့တာလဲဆိုတာ မသိချင်ဘူးလား။" မုန့်ချင်ကျိုးက လက်ကိုမြှောက်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။

သူ၏လက်သီးဆစ်များမှာ ဓားသွားများကဲ့သို့ထိုးထွက်နေပြီး မုန့်ချင်ကျိုး၏ နှာခေါင်းထိပ်မှ သုံးလက်မ အကွာတွင် ရပ်တန့်သွားလေသည်။

နဝမမြောက် နန်းဆောင်သခင်၏ဒေါသများ အနည်းငယ် လျော့ကျသွားသည်၊ အမှန်တကယ်ပင် သူ အလွန် သိချင်နေလေသည်။

ကောင်းကင်ကြည့်ဆောင်၏ ဒသမမြောက်နန်းဆောင်သခင် လီရွှမ်ကျင်းက မည်သည့်အတွက်ကြောင့် သစ္စာဖောက်ရဲသနည်း။ အခြားအရာများအတွက် မကြွားဝါနိုင်သော်လည်း သူ၏ ဦးနှောက်ဆေးစွမ်းရည်မှာ နှစ်သောင်းချီကြာသည်အထိ ပြိုင်ဖက်ကင်း ဖြစ်သည်။

သူ လုံးဝကို နားမလည်နိုင်အောင် ဖြစ်နေလေပြီ။

"ပြောလေ။"

မုန့်ချင်ကျိုးက ခေါင်းညိတ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျုပ်ရဲ့ခန့်မှန်းချက်သာ မှန်ရင် လီရွှမ်ကျင်း ကောင်းကင်ကြည့်ဆောင်ကို ဝင်ရတဲ့ အကြောင်းရင်းက လီမိသားစုကို ကာကွယ်ဖို့ပဲ ဖြစ်ရမယ်။ အနာဂတ်အခြေအနေတွေက မငြိမ်မသက် ဖြစ်လာလိမ့်မယ်၊ ရှေးဟောင်း မိသားစု(၅)ခုတောင်မှ ကင်းလွတ်ခွင့်ရမှာ မဟုတ်ဘူးဆိုတာကို သူ အစောကြီးကတည်းက ကြိုမြင်ခဲ့တယ်။ အဲဒါကြောင့် မျိုးဆက်အဆက်ဆက် မိသားစုအတွက် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု ရှာဖို့အတွက် သူက အခြေအနေထဲကို ကြိုတင်ပြီး ဝင်ရောက်ခဲ့တာ။"

"မှန်ရဲ့လား။"

စကားနည်းသော လီရွှမ်ကျင်းက ပြန်ဖြလိုက်သည်။ "ဟုတ်တယ်… "

မုန့်ချင်ကျိုးက ခေါင်းညိတ်ပြီး ဆက်ပြောသည်။

"ဒါဆိုရင် သစ္စာဖောက်ရတဲ့ အကြောင်းရင်းက ရှင်းပါတယ်။ လီတိုင်ယွမ်က လီရွှမ်ကျင်း ခန့်အပ်ထားတဲ့ မိသားစုခေါင်းဆောင်လောင်းပဲ။ သူက အတော်လေး အရေးကြီးတယ်။ ကောင်းကင်ပြည်နယ် ပေါင်းစည်းရေးကို မြှင့်တင်ဖို့အတွက် ကောင်းကင်ကြည့်ဆောင်က လီရွှမ်ကျင်းကိုတောင် မမေးခဲ့လောက်ဘူး။ သူက လီတိုင်ယွမ်ကို သတ်ပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကို ဝင်ပူးခဲ့တယ်။ အရာအားလုံး ဖြစ်ပျက်သွားတဲ့ အချိန်ကျတော့ လီရွှမ်ကျင်း တားဆီးဖို့ နောက်ကျသွားပြီ။"

"အားလုံးသိတဲ့အတိုင်းပဲ၊ လီရွှမ်ကျင်းက သူ့လူသူ ကာကွယ်တတ်တဲ့သူအဖြစ် နာမည်ကြီးတယ်။ ဒီဇာတ်လမ်းက လက်ဆင့်ကမ်းလာခဲ့တာဆိုတော့ အကြောင်းပြချက်မရှိဘဲ ဖြစ်မှာ မဟုတ်ဘူး။ လီမိသားစုဝင် တစ်ယောက်ကို အကြောင်းပြချက် မရှိဘဲ သတ်လိုက်တာက နဂါးရဲ့ ပြောင်းပြန်အကြေးခွံကို ထိလိုက်သလိုပဲ။"

"ပြီးတော့ လီရွှမ်ကျင်းက သူ့မိသားစုကိုကာကွယ်ဖို့အတွက် ကောင်းကင်ကြည့်ဆောင်ကို ဝင်ခဲ့ပေမယ့် ခင်ဗျားတို့ရဲ့ ကောင်းကင်ကြည့်ဆောင်က လီမိသားစုဝင်တွေရဲ့အသက်ကို အမှိုက်တွေလို သဘောထားတယ်။ အဲဒါက သူ့ကို လုံးဝ စိတ်ပျက်သွားစေတယ်။ သူက ဒီနေ့ လူတစ်ယောက်ကို သတ်နိုင်တယ်ဆိုရင် အနာဂတ်မှာ ပိုကြီးမားတဲ့ ရည်မှန်းချက်တစ်ခုအတွက် လီမိသားစု တစ်ခုလုံးကို စတေးလိမ့်မယ်။"

"ဒါကြောင့် လီတိုင်ယွမ်ရဲ့ သေဆုံးမှုက အဓိကပြဿနာ မဟုတ်ဘူး။ အဓိကပြဿနာက ကောင်းကင်ကြည့်ဆောင်ရဲ့ ဂုဏ်သတင်း လုံးဝပျက်စီးသွားတာပဲ။ လီရွှမ်ကျင်းက ကောင်းကင်ကြည့်ဆောင်ကို မယုံကြည်တော့ဘူး။ ကောင်းကင်ကြည့်ဆောင်နောက်ကိုလိုက်ပြီး ခင်ဗျားတို့ရဲ့ အထက်လူကြီးတွေက လီမိသားစု တစ်ခုလုံးရဲ့ ကံကြမ္မာကို ဆုံးဖြတ်ခွင့် ပေးမယ့်အစား ခွဲထွက်လိုက်တာက ပိုကောင်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်ကြည့်ဆောင်ကို ဆန့်ကျင်ပြီးတော့ မငြိမ်မသက်မှုတွေထဲ ပါဝင်တာနဲ့ မိသားစုကို ကာကွယ်နိုင်ခြေက အခြေခံအားဖြင့် တူတူပဲလေ။"

"မိသားစုခေါင်းဆောင်လီ... ကျွန်တော်ပြောတာမှန်လား။"

လီရွှမ်ကျင်းက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ တိုးညင်းစွာ သက်ပြင်းချလိုက်သည်။

"ဆယ်ပုံမှာ ရှစ်ပုံ၊ ကိုးပုံလောက်တော့ မှန်တယ်။"

"အချိန်-နေရာလွတ် ဓားသူတော်စင်ရဲ့ ဉာဏ်ပညာက တကယ်ကို နက်ရှိုင်းလွန်းပါတယ်။"

စုချင်ချိုးက လေးနက်စွာ သဘောတူညီရင်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်။ ဧကရာဇ်က နားလည်ရခက်လွန်းတယ်။"

…

All Chapters