အခန်း ၂၅၅
Vol. 18 Ch. 255
အပိုင်း(၂၅၅) ကပ်ဘေးစွမ်းအား၊ အတ္တကင်းမဲ့ဗုဒ္ဓ အရှုံးပေးခြင်း
ဓားပိုင်နက်၏ အကြွင်းအကျန်များမှာ သစ်တောတစ်ခုကဲ့သို့ ဆွဲထားလျက် ရှိနေပြီး ကပ်ဘေးနှင့် ဘေးဒုက္ခများမှာ မြူနှင်းများကဲ့သို့ လေထဲတွင် ပျံ့နှံ့နေသည်။ ကောင်းကင်ပြိုကျပြီး မြေကြီးမှာ နစ်ဝင်နေကာ ချောက်ကမ်းပါးများမှာ မိုင်ထောင်ချီ ရှည်လျားစွာ ဆန့်တန်းနေ၏။ သတ်ဖြတ်လိုစိတ်များ မြင့်တက်နေပြီး နတ်ဘုရားများ၏ ကျန်ရစ်နေသော ဒေါသများက ဟိန်းဟောက်နေဆဲပင်။
မုန့်ချင်ကျိုး မတ်တတ်ရပ်လိုက်သည့် အခိုက်အတန့်တွင် နတ်ဘုရားစစ်ပွဲ၏ အကြွင်းအကျန်အားလုံး ပျောက်ကွယ်သွားလေသည်။
သူက အချိန်-နေရာလွတ် ဓားအသိ၊ ကပ်ဘေးများနှင့် ဘေးဒုက္ခများအပေါ် အပြည့်အဝ ထိန်းချုပ်ခွင့် ရှိနေပြီဖြစ်သည်။ သူက အတွေးတစ်ချက်ဖြင့်ပင် တိုက်ပွဲ၏ အကြွင်းအကျန်များကို စုစည်းနိုင်ပြီဖြစ်သည်။
သူ တည်ငြိမ်သွားစေရန် တစ်ခဏမျှ ရပ်တန့်လိုက်သည်။
မုန့်ချင်ကျိုးက မြားတစ်စင်းကဲ့သို့ လေကို မှုတ်ထုတ်လိုက်ပြီး ထိန်းချုပ်မှုမရှိသော စွမ်းအား အနည်းငယ် ထွက်ပေါ်လာကာ ကောင်းကင်ရှိ တိမ်တိုက်များကို ဖျက်ဆီးပစ်လိုက်ရင်း ကျယ်ပြောလှသော ပြာလဲ့လဲ့ ကောင်းကင်ကြီးကို ကြေးမုံပြင်ကဲ့သို့ ကြည်လင်သွားစေသည်။
[ ထိုးထွင်းသိမြင်မှု - ကပ်ဘေးစွမ်းအား။ ကပ်ဘေးအမွေအနှစ် ]
[ နားလည်သဘောပေါက်မှု - ကပ်ဘေးစွမ်းအား။ ကျိုင်းကောင်နယ်ပယ် ပိုးချည်လမ်းကြောင်း ]
[ထိုးထွင်းသိမြင်မှု - ကပ်ဘေးစွမ်းအား။ မိုင်ထောင်ချီမီးလောင်ပြင် ]
စနစ်၏အသိပေးသံမှာ မုန့်ချင်ကျိုး၏စိတ်ထဲတွင် ပေါ်လာသည်။
မုန့်ချင်ကျိုး၏နှုတ်ခမ်းများ တွန့်ကွေးသွား၏။
ဘုရားသခင်။ ဟောင်တုဆီကနေ လုယူလာတဲ့ စွမ်းအားတွေ အားလုံးက ဧရိယာအလိုက်ဖျက်ဆီးနိုင်တဲ့ စွမ်းရည်တွေချည်းပဲ။
၎င်းက သန်းရာချီသော အသက်များကို အလွယ်တကူ သတ်ဖြတ်နိုင်၏။
[ ကပ်ဘေးအမွေအနှစ် ]၏ အာနိသင်မှာ စိမ့်မြေကဲ့သို့သော နယ်ပယ်တစ်ခုကို ဖန်တီးခြင်း ဖြစ်သည်။ ဤနယ်ပယ်အတွင်းရှိ သတ္တဝါအားလုံး၏ အသက်စွမ်းအင်၊ သက်တမ်းနှင့် ကျင့်ကြံမှုတို့ကို စိမ့်မြေမှ စုပ်ယူပြီး အိမ်ရှင်ကို အဟာရဖြစ်စေရန် အသုံးပြုမည် ဖြစ်သည်။
[ ကျိုင်းကောင်နယ်ပယ်ပိုးချည်လမ်းကြောင်း ]သည် နာမည်နှင့် လိုက်ဖက်စွာပင် ကျိုင်းကောင် ကပ်ဘေးနှင့် ဆင်တူသည်။ ၎င်းသည် လမ်းတစ်လျှောက်တွင် မြေရိုင်းမှလွဲ၍ ဘာမျှမချန်ထားခဲ့ဘဲ ရန်သူ၏ တာအိုနိယာမများ၊ အတွင်းစကြာဝဠာနှင့်အခြားအရာများကို အထူးဝါးမျိုပစ်သည်။ ၎င်းက အလွန်ပြင်းထန်သော ဖျက်ဆီးနိုင်စွမ်းရှိသည့် ရှားရှားပါးပါး တစ်ဦးချင်း တိုက်ခိုက်မှုနည်းလမ်းပင်။
[ မိုင်ထောင်ချီမီးလောင်ပြင် ] သည် ကပ်ဘေးနတ်ဆိုး မကြာခဏ အသုံးပြုလေ့ရှိသော နည်းလမ်းဖြစ်ပြီး ကပ်ဘေးနှင့် ဘေးဒုက္ခများကို နေရာအနှံ့သို့ ပျံ့နှံ့စေသည်။ ၎င်းတွင် သတ်ဖြတ်ခြင်းမှလွဲ၍ အခြားရည်ရွယ်ချက် မရှိပေ။ ကပ်ဘေးနှင့် ဘေးဒုက္ခ လွှမ်းခြုံခံရသူတိုင်းက အနည်းဆုံး ဒဏ်ရာရမည်ဖြစ်ပြီး အဆိုးဆုံးဆိုလျှင် ဆိုးရွားစွာ သေဆုံးရမည် ဖြစ်သည်။ ၎င်းသည်လည်း ကြီးမားသော အတိုင်းအတာဖြင့် ခွဲခြားမှုမရှိသော တိုက်ခိုက်မှုနည်းလမ်း ဖြစ်သည်။
ဒါက နည်းနည်းတော့ ကြမ်းလွန်းတယ်။
ဘာအကြောင်းပြချက်မှမရှိဘဲ သတ်ဖို့သက်သက်ပဲလုပ်တာ။
သို့သော်လည်း အသည်းအသန် အခြေအနေနှင့် အသက်အန္တရာယ် မကြုံရသရွေ့ ဤအရာကို ခြွေတာစွာ အသုံးပြုသင့်သည်။ အကြောင်းမှာ ၎င်းသည် သဘာဝတရားနှင့် ဆန့်ကျင်နေသောကြောင့်ပင်။
၎င်းက စက္ကန့်အနည်းငယ် ကြာသော်လည်း တကယ်တမ်းတွင် အချိန်တိုလေးသာ ဖြစ်ခဲ့သည်။
မျက်မိတစ်မှိတ်အတွင်းမှာပင် စုချင်ချိုးနှင့်အဖွဲ့က အရှေ့သို့ ပြေးလာပြီး သူ့ကို စူးစမ်းလိုစိတ်ဖြင့် အပေါ်အောက် ကြည့်လိုက်ကြသည်။
"သခင်လေး... ကျွန်မ မောင်လေးက သခင်လေးဆီကနေ ဓားပညာ သင်ချင်နေတယ်။ သခင်လေး အရင်တုန်းက သူ့ကို ကတိပေးခဲ့တယ်လေ။ အဲဒါ အမှန်ပဲလား။" စုချင်ချိုးက မေးလိုက်သည်။
မုန့်ချင်ကျိုးက ရယ်လိုက်ပြီးသည်။ "မင်းက ဘယ်ကနေ မောင်လေးရလာတာလဲ။"
ထိုစကားကို ကြားသောအခါ စုချင်ချိုးက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ဝူတျဲကို တံတောင်ဖြင့် တွတ်ကာ သတိပေးရန် ညင်သာစွာ ချောင်းဟန့်လိုက်သည်။
ဝူတျဲက ပေါ့ပေါ့ပါးပါးဖြင့် မှတ်ချက်ချလိုက်သည်။
"သခင်လေးရဲ့နောက်ကို လိုက်ဖို့အတွက် ကျွန်မ ရွေးချယ်ခဲ့တဲ့အချိန်ကို မှတ်မိပါသေးတယ်။ အဲဒါ လျန်ချင်းတောင်မှာ ဖြစ်မယ်ထင်တယ်။ ဟုတ်တယ်မလာား။"
"ချင်းလျန်တောင် မဟုတ်ဘူးလား။" မုန့်ချင်ကျိုးက နားမလည်စွာဖြင့် မေးလိုက်သည်။
ဝူတျဲက ခေါင်းညိတ်ပြီး အောင်မြင်သွားကြောင်း ပြသရန် လက်မထောင်ပြလိုက်၏။
ပြဇာတ်တစ်ခု ပြီးဆုံးသွားသည်နှင့် နောက်တစ်ခု စတင်ပြန်သည်။ ချုံးမိန်က ယုံကြည်မှု အပြည့်ဖြင့် ကြေညာလိုက်သည်။ "ဆရာ... ကျွန်မ အချိန်တာအိုနဲ့ ပတ်သက်ပြီး ဆရာ့နဲ့ ယှဉ်ပြိုင်ချင်တယ်။ အချိန်ရဲ့ အရှင်သခင်အစစ်က ဘယ်သူလဲဆိုတာ ကြည့်ရအောင်။"
မုန့်ချင်ကျိုး လုံးဝကို အံ့အားသင့်သွားပြီး မေးလိုက်သည်။ "မင်းက နေရာလွတ် နိယာမတွေကို ကျင့်ကြံနေတာ မဟုတ်ဘူးလား။ ဘယ်တုန်းကများ အချိန်ကို ပြောင်းပြီးကျင့်ကြံသွားတာလဲ။"
ချုံးမိန်က အနေခက်စွာ ပြုံးလိုက်သည်။ "အဟီး၊ ကျွန်မ အမှတ်မှားသွားတယ်။"
အမျိုးသမီးသုံးဦးက အလှည့်ကျ စကားပြောပြီးနောက်တွင် အားလုံးသည် တုန်းဖန်လျူလီကို ကြည့်လိုက်ကြသည်။ သူက နားလည်သွားပြီး ပြောလိုက်သည်။
"ချင်ကျိုး… ကျွန်မတို့ ပထမဆုံး တွေ့ခဲ့တဲ့အချိန်ကို ရှင် မှတ်မိသေးလား။ အခုလိုပဲ နေသာနေတဲ့ အချိန်လေးပေါ့..."
မုန့်ချင်ကျိုး၏နဖူးတွင် အမည်းရောင် မျဉ်းကြောင်းသုံးကြောင်း ပေါ်လာ၏။ "မိုးရွာနေတဲ့ ညတစ်ညက တောင်ပေါ် ဘုရားကျောင်းမှာ မဟုတ်ဘူးလား။"
"ဟုတ်ပါပြီ။ ငါ့ကို စမ်းသပ်တာ ရပ်လိုက်တော့။ ငါက မိစ္ဆာဝိညာဉ် ဝင်ပူးခံထားရရင်တောင် မင်းတို့ရဲ့ စမ်းသပ်နည်းတွေက အလုပ်ဖြစ်မှာ မဟုတ်ဘူး။"
တုန်းဖန်လျူလီက အကြံဆိုးများ ပေးခဲ့သောကြောင့် တိတ်တဆိတ် ပြုံးနေသော စုချင်ချိုးကို စူးရဲစွာ ကြည့်လိုက်သည်။
ထိုအချိန်တွင်ပင်။
အနောက်ဘက်ရှိနေနှစ်လုံးမှာ ဗုဒ္ဓအလင်းများ ဖြာထွက်လာပြီး ကြီးမားသော ခေါင်းလောင်းသံလို ဟိန်းဟောက်သံကြီးတစ်ခု ပဲ့တင်ထပ်လာသည်။
"အချိန်-နေရာလွတ် ဓားသူတော်စင်... ဟောင်တု ဘယ်မှာလဲ။"
အတ္တကင်းမဲ့ဗုဒ္ဓသည် တိုက်ပွဲကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ ကပ်ဘေးက မုန့်ချင်ကျိုး၏ အတွင်းစကြာဝဠာသို့ ကျူးကျော်ဝင်ရောက်သွားချိန်တွင် အရှုံးသေချာနေပြီဟု သူ ထင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် မုန့်ချင်ကျိုးသာ နိုးထလာခဲ့ခြင်းမှာ သူ၏မျှော်လင့်ချက်များထက် များစွာကျော်လွန်နေခဲ့သည်။
မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြုံးလိုက်သည်။
"သူ့ကို သတ်လိုက်ပြီ။"
"ပေါ့ပါးလွန်းတဲ့"စကားလုံး နှစ်လုံးက အနောက်ဘက်ရှိ နေနှစ်လုံးကို ရုတ်တရက် မီးတောက်များအဖြစ် ပေါက်ကွဲထွက်သွားစေပြီး ကောင်းကင်နှင့်မြေကြီးကို လင်းထိန်သွားစေကာ နေ့ခင်းဘက်ကို မျက်စိကျိန်းလောက်အောင် တောက်ပသွားစေ၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ကိုဖီဆန်ပြီး အဆင့်မြင့်နတ်ဘုရား တစ်ပါးကို သတ်နိုင်တယ်ပေါ့။
သမိုင်းတစ်လျှောက်လုံးတွင် သူရဲကောင်းများစွာ ပေါ်ထွက်ခဲ့သော်လည် ပထမဆုံးဧကရာဇ်ပင်လျှင် ဤအရာကို မအောင်မြင်ခဲ့ပေ။
မုန့်ချင်ကျိုးက ဘာတွေများ ထူးခြားနေလို့လဲ။
ထို့အပြင်...
အကယ်၍ မုန့်ချင်ကျိုးက ဟောင်တုကို သတ်နိုင်လျှင် သူ့ကိုလည်း သတ်နိုင်သည်ဟု ဆိုလို၏။
အတ္တကင်းမဲ့ဗုဒ္ဓက ဂနာမငြိမ် ဖြစ်လာသည်။
"ဒါမှမဟုတ် တခြား ဒုတိယဖြစ်နိုင်ခြေ ရှိသေးလို့လား။"
"သူက ခဏနေရင် ပြန်ကောင်းလာပြီးတော့ ပုံမှန် ပြန်ဖြစ်သွားမှာပါ။ အဲဒီအချိန်ကျရင် ခင်ဗျားကိုယ်တိုင် သွားမေးလို့ ရပါတယ်။" မုန့်ချင်ကျိုးက ပြောလိုက်သည်။
အတ္တကင်းမဲ့ဗုဒ္ဓက အချိန်အတော်ကြာ တိတ်ဆိတ်သွားလေသည်။
အချိန်အတော်ကြာပြီးနောက်။
အနည်းငယ် လေးနက်သော အသံတစ်ခု နောက်မှ ထွက်ပေါ်လာသည်-
"ငါတို့ ကောင်းကင်စောင့်ကြည့်သူနဲ့ ကောင်းကင်ပြည်နယ်ရဲ့ အရှင်သခင်ကို တန်ပြန်တိုက်ခိုက်ဖို့ ပူးပေါင်းသင့်တယ်လို့ ထင်တယ်။ စည်းကမ်းချက်တွေကို ပြောင်းလဲလို့ရပါတယ်။ တောရိုင်းမြေရဲ့ ကံကြမ္မာက မဟာကျင်းတိုင်းပြည်အတွက်ဖြစ်ပြီးတော့ ဗုဒ္ဓတိုင်းပြည်က နယ်မြေတစ်ဝက်ပဲ ယူပါ့မယ်။"
မုန့်ချင်ကျိုးက သူ့ဘာသာ ရယ်လိုက်သည်။
ဒီမြေခွေးအိုကြီးက "လိုက်လျာညီထွေအရှိဆုံးသူသာရှင်သန်နိုင်မည်"ဆိုတဲ့ အဓိပ္ပာယ်ကို အပြည့်အဝ ပုံဖော်ပြသနိုင်တယ်။ သူက အားနည်းသူကို ရင်ဆိုင်ရရင် အားကောင်းပြီးတော့ အားကောင်းသူကို ရင်ဆိုင်ရရင် အားနည်းပြီး အမြဲတမ်း ကောင်းမွန်တဲ့ကံကြမ္မာကို ရှာဖွေရင်းနဲ့ ဘေးဒုက္ခကို ရှောင်ရှားတတ်တယ်။ သူက ရှင်သန်ခြင်းအနုပညာမှာ ဆရာတစ်ဆူပဲ။
တကယ်တမ်းတွင် ကျင့်ကြံမှုအဆင့် ပိုမြင့်လေလေ ပိုမြင့်သောနေရာတွင် ရပ်တည်နိုင်လေလေ ပိုပြီး တည်ငြိမ်မှု ရှိလေလေပင်။
"စိတ်မပူပါနဲ့။ လောလောဆယ် ခင်ဗျားကို ကျုပ် ဘာပြဿနာမှ မပေးပါဘူး။"
"ကောင်းကင်ကြည့်ဆောင်ရဲ့ အာရုံကိုလွှဲဖို့ ခင်ဗျားကို ကျုပ် လိုအပ်တယ်။ ဒါပေမဲ့လည်း ခင်ဗျား အသက်ရှင်နေဖို့ လိုအပ်တယ်။ တကယ်လို့ ကျုပ်က ဒေါသတကြီးနဲ့ ခင်ဗျားကို သတ်လိုက်မယ်ဆိုရင် ကောင်းကင်ကြည့်ဆောင်က အသည်းအသန် ဖြစ်သွားပြီးတော့ မိုက်မဲတဲ့အရာတစ်ခုခု လုပ်သွားလိမ့်မယ်။ အချိန်မတိုင်ခင် ပြဿနာတွေကို မစချင်သေးဘူး။" မုန့်ချင်ကျိုးက ပြုံးလျက် ပြောလိုက်သည်။
ဗုဒ္ဓတိုင်းပြည်နှင့် မဟာကျင်းတိုင်းပြည် နှစ်ခုစလုံးက အသက်ရှင်ကျန်ရစ်ရမည်။ မည်သည့်ဘက်က ရှုံးနိမ့်သည်ဖြစ်စေ မျှခြေပျက်ပြားသွားမည်ဖြစ်ကာ ကောင်းကင်စောင့်ကြည့်သူ၏ နှစ်ထောင်ချီကြာ အစီအစဉ်ကို ထိခိုက်စေနိုင်၏။
ထိုအချိန်ကျလျှင် ကောင်းကင်ကြည့်ဆောင်က ထိတ်လန့်သွားပြီး နတ်ဘုရားအားလုံးကို တိုက်ရိုက် ပြန်လည်ရှင်သန်အောင် ပြုလုပ်လိမ့်မည်။ တောရိုင်းမြေ၏ လက်ရှိအင်အားနှင့်ဆိုလျှင် သတ္တဝါအားလုံး ချက်ချင်းပင် ပျက်စီးသွားလိမ့်မည်။
"ဒကာကြီးမုန့်က ဉာဏ်ပညာ ကြီးမားပါပေတယ်။ ဒါ ကောင်းပါတယ်။" အတ္တကင်းမဲ့ဗုဒ္ဓက ကျေနပ်စွာ ပြုံးလိုက်သည်။
မုန့်ချင်ကျိုး၏အပြုံး ပျောက်ကွယ်သွားပြီး ရုတ်တရက် အေးစက်သော အသံဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ စည်းကမ်းချက်တစ်ခု ရှိတယ်။ တောရိုင်းမြေမှာ နောက်ထပ် ကပ်ဘေးတစ်ခု ကြုံရရင် ခင်ဗျား လက်ပိုက်ကြည့်နေလို့ မရဘူး။ အဲဒီလိုမှမဟုတ်ရင် ခင်ဗျားကို မသတ်ရင်တောင်မှ တစ်ခါတလေ လာပြီးတော့ ခင်ဗျားကို ကောင်းကောင်း အရိုက်နှက်ခံရအောင် လုပ်ဖို့က မခက်ပါဘူး။"
"ဥပမာပြောရရင် လက်တွေ ခြေထောက်တွေ ဖြတ်ပစ်တာ၊ ဇန်ဗုဒ္ဓဘာသာ ကျင့်ကြံသူတွေ အားလုံးကို သတ်ပစ်တာမျိုးပေါ့။ သဘောတူတယ် မဟုတ်လား။"
အတ္တကင်းမဲ့ဗုဒ္ဓက အချိန်အတော်ကြာ စကားမပြောနိုင်ဖြစ်သွားပြီးမှ ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ဒါပေါ့ ဒကာကြီးမုန့်။ စိတ်ချပါ။"
"သွားတော့။ ပြီးတော့ ခိုးကြည့်နေတာကိုလည်း တော်လိုက်တော့။" မုန့်ချင်ကျိုးက လက်ကို ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် အနောက်ဘက်ရှိ နေနှစ်လုံးမှာ ငြိမ်းသွားပြီး ပြုတ်ကျသွားလေ၏။
စုချင်ချိုးက အနည်းငယ် အံ့အားသင့်သွားသည်။ "အဲဒီကတုံးဘုန်းကြီးက ဘယ်တုန်းက ဒီလောက် လိမ္မာသွားတာလဲ။"
ဝူတျဲက ရှေ့မှလူ၏ခေါင်းကို ပွတ်သပ်ကာ လေးနက်စွာ ပြောလိုက်သည်။ "သူက အခြေအနေကို သဘောပေါက်သွားပြီး တခြား ရွေးချယ်စရာ မရှိတော့လို့ပါ။"
"အိမ်ပြန်ကြမယ်။"
မုန့်ချင်ကျိုးက ခေါ်လိုက်သည်။
နေမင်းအရှင်သခင်က ချက်ချင်း သူ၏ခန္ဓာကိုယ်ကို ကျုံ့လိုက်ပြီး စိတ်အားထက်သန်စွာဖြင့် နောက်မှ လိုက်ပါလာကာ လျှာထုတ်လျက် ချစ်စရာကောင်းအောင် လုပ်ပြနေသည်။
ခွေးစာ... ခွေးစာ။
ဒီအရှင်သခင်က ကြီးမားတဲ့အလုပ်တစ်ခုကို လုပ်ခဲ့တာဆိုတော့ ခွေးစာတွေ အများကြီး ရရမယ်။
"ကျွန်မ ရှေးဟောင်း နတ်ဘုရားမြို့တော်ကို မဟာကျင်း အနီးတစ်ဝိုက်ကို ရွှေ့ပြောင်းပြီးပြီ။ အင်း..." ချုံးမိန်က လိုက်သွားသင့် မလိုက်သွားသင့် တွန့်ဆုတ်နေသည်။ မုန့်ချင်ကျိုး၏ ယခင်က သူ့အပေါ် ထားရှိသည့် သဘောထားကို ပြန်လည်သတိရမိပြီး အနည်းငယ် အားငယ်သွားကာ မုန်းတီးခံရမည်ကို ကြောက်ရွံ့သဖြင့် သူ့ကို တိတ်တဆိတ် အရိပ်အမြွက် ပေးလိုက်သည်။
မုန့်ချင်ကျိုး မဖြေကြားခင် တုန်းဖန်လျူလီက အရင်ဆုံးပြုံးလျက် ပြောလိုက်သည်။
"အတူတူ အိမ်ပြန်ကြတာပေါ့။ အခုကစပြီး နင်က ပစ္စုပ္ပန်ရွာ ဒါမှမဟုတ် နန်းတော်မှာ နေလို့ရတယ်။ နင့်သဘောပဲ။"
မုန့်ချင်ကျိုးကလည်း ခေါင်းညိတ်လိုက်သည်။ "သွားကြရအောင်။ အတူတူပေါ့။"
ထိုစကားကို ကြားသောအခါ ချုံးမိန်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး အခြားသူများနောက်သို့ ရွှင်လန်းသော ခြေလှမ်းများဖြင့် လိုက်ပါသွားတော့သည်။
...
...
တစ်ချိန်တည်းမှာပင်။
ဝေးလံခေါင်ဖျားသော ပင်လယ်ပြင်ရှိ ကျွန်းတစ်ကျွန်းပေါ်တွင် အနက်ရောင်ဝတ်ဆင်ထားပြီး ဝါးဦးထုတ် ဆောင်းထားသော အမျိုးသားတစ်ဦးက ဝါးကုတင်တစ်ခုပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေသည်။ အခိုက်အတန့် တစ်ခုတွင် သူက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။
"ကပ်ဘေးရဲ့အရှိန်အဝါကို ငါ မခံစားမိတော့ဘူး။ တောရိုင်းမြေက ဘေးဒုက္ခတွေ ငြိမ်သက်သွားပြီ။ ဧကန္တ..."
"သေသွားပြီလား။”
…