← Chapters

အခန်း ၂၇၆

Vol. 19 Ch. 276

အခန်း ၂၇၆

Vol. 19 Ch. 276

အပိုင်း(၂၇၆) သရုပ်မှန်အတည်ပြုခြင်း၊ ပြင်းထန်သော ထိုးနှက်ချက်များ

"ရပ်လိုက်စမ်း။"

"ဒီကနေ့ကစပြီး လီရှစ်က လီတိုင်ယွမ်ကို ကူညီဖို့ သူ့ကိုယ်သူ မြှုပ်နှံရမယ်။ ပြီးတော့ သူ့ရဲ့ မိသားစု ခေါင်းဆောင်ရာထူးကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဘိုးဘေးက အမိန့်ချမှတ်လိုက်ပြီ။ ဒါပေမဲ့ တကယ်လို့ လီရှစ်က ထူးထူးခြားခြားစွမ်းဆောင်နိုင်မယ်ဆိုရင် သူက အကြီးအကဲရာထူးကို ဆက်ခံနိုင်လိမ့်မယ်။"

လီရှောင်က အလယ်အလတ်တန်းစား စကြဝဠာထဲသို့ ဒေါသတကြီး ဝင်ရောက်လာပြီး ကျယ်လောင်စွာ အော်လိုက်သည်။

သူ၏အသံမှာ ဒေါသသံများ ပါဝင်နေသော်လည်း မျက်လုံးများက ဝမ်းသာမှုနှင့် စိတ်လှုပ်ရှားမှုများကို ဖော်ပြနေလေသည်။

ဘိုးဘေးက ဤကိစ္စကို အတည်ပြုလိုက်ပြီဖြစ်ရာ ယခုအချိန်မှစ၍ မိသားစုထဲတွင် မည်သူကမှ လီတိုင်ယွမ်၏ မိသားစုခေါင်းဆောင်ရာထူးကို စိန်ခေါ်နိုင်တော့မည် မဟုတ်ပေ။

လီရှစ်သည် မယုံနိုင်စွာဖြင့် နောက်သို့ လှည့်ကြည့်ပြီး ပြောလိုက်သည်။

"ဘိုးဘေးက ဘာလို့ လီတိုင်ယွမ်ဘက်ကို ဒီလောက်မျက်နှာလိုက်ရတာလဲ။ ကျွန်တော့်ကို အရင် ရန်စခဲ့တာက သူ့ရဲ့နောက်လိုက်လေ၊။ ပြီးတော့ ကျွန်တော်တစ်ယောက်တည်းပဲ အပြစ်ပေးခံရတာလား။။"

မည်သူမှ ပြန်မဖြေကြပေ။

လီရှောင်၏စကားကို ကြားသောအခါ၊ လီမိသားစု၏ ဘေးအကိုင်းအခက် သွေးသားမှ အဖွဲ့ဝင်များနှင့် လက်အောက်ခံ အင်အားစုများမှ ကျင့်ကြံသူများစွာသည် သူတို့၏မျက်လုံးများ တောက်ပသွားပြီး အဘိုးနှင့် မြေးဖြစ်သူတို့ထံမှခွာကာ လီရှောင်နှင့် သူ၏သမီးထံသို့ ပိုမိုနီးကပ်စွာ သွားလိုက်ကြသည်။

ဘိုးဘေးကြီး သွန်သင်ချက်များ၏ တကယ့်တန်ဖိုးကို မည်သူမဆို ပြောပြနိုင်သည်။ အနာဂတ်တွင် လီယွမ်ခုံး၌ နောက်လိုက် မည်မျှရှိပါစေ၊ လီရှစ်၏ပါရမီ မည်မျှပင် ထူးခြားနေပါစေ အလွန်ဆုံး အကြီးအကဲ ရာထူးသာ သူ ရနိုင်သည်။ ၎င်းက မိသားစုခေါင်းဆောင်၏အာဏာနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။

လီယွမ်ခုံးက မျက်လုံးများကို မှေးစင်းကာ သူ၏လက်သီးကို တိတ်တဆိတ် ဆုပ်လိုက်သည်။

ဒါက တကယ် အမှန်ပဲလား။

ဘယ်ကမှန်းမသိ နက်ရှိုင်းပြီးယဉ်ကျေးသိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာ၏။ "အဲဒါ အမှန်ပဲ။"

မုန့်ချင်ကျိုး၏ နားရွက်များ အနည်းငယ် လှုပ်ခတ်သွားသည်။ သူက လီရွှမ်ကျင်း၏ အသံကို မှတ်မိလိုက်သည်။ တစ်ဖက်လူက သူ၏လှုပ်ရှားမှုတိုင်းကို အမှန်တကယ် စောင့်ကြည့်နေခြင်း ဖြစ်သည်။

ယခင်က သူတို့ ဘာမှ မပြောခဲ့ပေ။

လီရှစ်နှင့် လီယွမ်ခုံးတို့က သူ့ကို အနိုင်ယူနိုင်မည်ဟု သူ မျှော်လင့်ခဲ့ပြီး လီရှစ် ရှုံးနိမ့်မည့်လက္ခဏာများ ပြသလာသောအခါမှသာ ကိုယ်တိုင်ဝင်ပါရန် ဘိုးဘေးအမိန့်ကို ကိုယ်တိုင်ပေးပို့ရန်နှင့် ဤအဓိပ္ပာယ်မရှိသော အဖြစ်အပျက်ကို အဆုံးသတ်ရန် သူ ရွေးချယ်ခဲ့သည်ဟု ခန့်မှန်းရသည်။

သံသယဖြစ်စရာ မလိုပေ။

လီရွှမ်ကျင်း၏စကားများက လီရှစ်ကို လုံးဝလက်လျှော့သွားစေပြီး လီတိုင်ယွမ်ကို ဆက်လက်၍ နှောင့်ယှက်ခြင်းမှ ရပ်တန့်သွားစေနိုင်သည်။

"ဟား။"

"ငါ အရင်က ပြောခဲ့ဖူးပါတယ်။ သခင်မလေးတိုင်ယွမ်က ငါတို့ဘိုးဘေးတွေရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်ပဲ။ လီရှစ်... မင်းက ထူးခြားတဲ့ပါရမီတွေရှိပြီး ထူးချွန်တဲ့ ဉာဏ်ပညာတွေ ရှိနေရင်တောင်မှ မင်းရဲ့ ရုန်းကန်မှုတွေနဲ့ ကြိုးစားအားထုတ်မှုတွေ အားလုံးက အဆက်အသွယ်ရှိတဲ့သူတစ်ယောက်ရဲ့ရှေ့မှာ အရမ်းကို ဖျော့တော့ပြီး အားနည်းနေတဲ့ပုံပဲ။"

"အခုကစပြီး မင်း သခင်မလေးတိုင်ယွမ်ကို မြင်တဲ့အခါ ရှောင်သွား။ သူနဲ့ မျက်နှာချင်းဆိုင်ဆုံမိရင် မင်းက ဦးညွှတ်ပြီး နှုတ်ဆက်ရမယ်။ နားလည်လား။"

မုန့်ချင်ကျိုးက သစ္စာရှိပြီး တာဝန်ကျေသော နောက်လိုက်တစ်ယောက်၏အခန်းကဏ္ဍမှ သရုပ်ဆောင်ကာ နှစ်ဖက်အကြား ပဋိပက္ခများကို ပွင့်ပွင့်လင်းလင်းနှင့် တိတ်တဆိတ် မီးမွှေးပေးနေပြီး သူ၏လေသံမှာ လှောင်ပြောင်မှုများနှင့် သရော်မှုများ ပြည့်နှက်နေလေသည်။

အဲဒီမြေခွေးအိုကြီး လီရွှမ်ကျင်းက စကားတစ်ခွန်းတည်းနဲ့ ဒီပြက်လုံးကို အဆုံးသတ်နိုင်ပြီးတော့ လီတိုင်ယွမ်ကို မိသားစု(၅)ခုကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မြှင့်တင်ဖို့ အာရုံစိုက်ခွင့် ပေးနိုင်မယ်လို့ ထင်နေတာ။ သူက တကယ်ကို စိတ်ကူးယဉ်နေတာပဲ။

"ဘာလုပ်နေတာလဲ။"

"နောက်ဆုတ်လိုက်စမ်း။"

လီတိုင်ယွမ်၏အမြင်အာရုံမှာ ထပ်ခါတလဲလဲ အမည်းရောင်များ ဖုံးလွှမ်းသွားပြီး သူက ယခုလေးတင် ချလိုက်သောသက်ပြင်းမှာ ချက်ချင်း ပြန်တက်လာလေသည်။

သူက ယွမ်၏အတွေးများကို သိပ်နားမလည်နိုင်ပေ။

တကယ်လို့ သူက ကောင်းကင်ကြည့်ဆောင်ရဲ့ သခင်လေးဆိုရင် သူက ရန်သူ မလုံလောက်မှာကို ကြောက်နေတဲ့အတိုင်း ဘာလို့ အမြဲတမ်း ပြဿနာရှာနေရတာလဲ။

တကယ်လို့ သူက ကောင်းကင်ကြည့်ဆောင်ရဲ့သခင်လေး မဟုတ်ရင် ဘိုးဘေးက မနေ့ညက ဘာလို့ ဘာအရေးယူမှုမှ မလုပ်ခဲ့ဘဲ ဒီကောင်ပြဿနာရှာတာကို ခွင့်ပြုထားရတာလဲ။

သို့သော်လည်း။

လီတိုင်ယွမ်က မကျေနပ်မှုများ၊ အမုန်းတရားများ၊ မတရားမှုများနှင့် ဒေါသများ ပြည့်နှက်နေသော လီရှစ်၏မျက်လုံးများကို အမှတ်မထင် မြင်လိုက်ရာ သူ့မျက်လုံးများ ထိန်းမနိုင်သိမ်းမရ တုန်ခါသွားလေသည်။

အားလုံးပြီးဆုံးသွားပြီ။

လီရှစ်က စကားအနည်းငယ်နဲ့ နောက်တစ်ကြိမ် ဆွပေးခံလိုက်ရပြန်ပြီ။

"အင်း...."

လီတိုင်ယွမ်က လုံးဝ ပင်ပန်းနွမ်းနယ်နေပြီး စိတ်ပိုင်းဆိုင်ရာ အားအင်ကုန်ခမ်းနေသည်ဟု ခံစားရကာ သက်ပြင်းချလိုက်သည်။

ငါ အရမ်း ပင်ပန်းနေပြီ။ ငါ လုံးဝ လက်လျှော့ပြီးတော့ နုတ်ထွက်ချင်တယ်...

ကောင်းကင်ကြည့်ဆောင်တစ်ခုလုံးမှာ အလုပ်လုပ်တာ အဆင်ပြေနေတဲ့သူဆိုလို့ ငါတစ်ယောက်တည်းပဲ ရှိပြီးတော့ ကျန်တဲ့သူတွေအားလုံးက အသုံးမကျတဲ့ အဖော်တွေပဲလား။ သူတို့ကို ငါ ဘယ်လို ဦးဆောင်နိုင်မှာလဲ။

အဖော်တွေက အမုန်းတရားတွေကို အများကြီး ဆွဲဆောင်နေပြီးတော့ ငါက သူတို့ကိုတောင် မဝေဖန်နိုင်ဘူး။

ပင်ပန်းတယ်။

"ရှစ်အာ... သွားကြရအောင်။"

လီယွမ်ခုံး၏မျက်လုံးများမှာ မှုန်မှိုင်းနေပြီး အေးစက်စွာ နှာမှုတ်ကာ နောက်သို့ လှည့်ထွက်သွား၏။

လီရှစ်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပြုံးပြပြီး လီတိုင်ယွမ်ကို ဝေဝါးသော အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။

မတရားမှုရှိသောနေရာတွင် စည်းမျဉ်းများကို ချိုးဖောက်ပြီး လောကကြီးကို ပြန်လည်ပုံဖော်ရမည်။

လီတိုင်ယွမ် သေဆုံးသွားသည်နှင့် မတရားမှုများ ပျောက်ကွယ်သွားမည်ဖြစ်ပြီး လီမိသားစုမှာလည်း ပုံမှန်အခြေအနေသို့ သေချာပေါက် ပြန်လည်ရောက်ရှိသွားမည် ဖြစ်သည်။

"ရှင်က ကောင်းကင်ကြည့်ဆောင်ရဲ့ သခင်လေးလို့ မပြောခဲ့ဘူးလား။ ရှင်က ဘာလို့ ကျွန်မကို အမြဲတမ်း ပြဿနာရှာနေရတာလဲ။"

လီတိုင်ယွမ်က မထွက်ခွာခင် လီရှစ်၏မျက်လုံးထဲရှိ အဓိပ္ပာယ်ကို နားလည်သွားပြီး အကြိမ်ပေါင်းများစွာ မူးမေ့လဲမတတ် ဖြစ်သွားသည်။ သူက မနေနိုင်ဘဲ မုန့်ချင်ကျိုးကို စိတ်ချင်းဆက်သွယ်ပြီး မေးလိုက်သည်။

"ပြဿနာရှာတာလား။"

"မင်း ဘာတွေပြောနေတာလဲ။ ငါ အရင်က ပြောခဲ့ဖူးပါတယ်။ လီမိသားစုက မင်းကို အညံ့ခံစေချင်တယ်။ အနာဂတ်မှာ မင်း ကောင်းကင်ပြည်နယ်ရဲ့အရှင်သခင် ဖြစ်လာအောင်လည်း ငါ ကူညီပေးမယ်။"

"အခုလောလောဆယ် ငါက ကောင်းကင်ပြည်နယ်ရဲ့အရှင်သခင် ဖြစ်လာဖို့ ရည်မှန်းချက်ကို အောင်မြင်ဖို့ အာရုံစိုက်နေတာပါ။ မင်း ငါ့ကို အထင်မှုလွဲနေပြီ။"

မုန့်ချင်ကျိုးက နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခုဖြင့် တိုးညင်းစွာ ပြောလိုက်သည်။ သူက တကယ့်ကို တာဝန်ကျေသော လက်ထောက်တစ်ယောက်နှင့် တူနေလေသည်။

"အိုး..."

"အရမ်းကို ကျေးဇူးတင်ပါတယ်။"

လီတိုင်ယွမ်က ခါးသီးစွာပြုံးလိုက်ပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ရပါတယ်…" မုန့်ချင်ကျိုးက ပြုံးလျက် ပြန်ဖြေလိုက်သည်။

သို့သော် သူ့စိတ်ထဲတွင်တော့ သရော်နေ၏။

ကောင်းကင်ကြည့်ဆောင်က အမှိုက်တွေ... မင်းတို့ ထိုက်တန်တာကိုရအောင် ငါ သေချာလုပ်ပေးမယ်။

အကြိမ်ကြိမ်စမ်းသပ်ပြီးနောက်။

လီတိုင်ယွမ်၏ခန္ဓာကိုယ်ထဲ ပုန်းနေသော နန်းဆောင်သခင်ဝိညာဉ်က ကပ်ဘေးကို နိုးထစေခဲ့သည့် တရားခံ ဖြစ်နိုင်ချေအများဆုံးဖြစ်ကြောင်း သူ ယခုတွင် သေချာသွားပြီ ဖြစ်သည်။

အကြောင်းမှာ လီတိုင်ယွမ်၏ သုံးပေအတွင်းကို တစ်ယောက်ယောက် ရောက်လာတိုင်း ကပ်ဘေးနတ်ဘုရားမီးပွားက ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်ပေး၍ပင်

ဟောင်တု အနိုင်ယူခံရပြီး တောရိုင်းမြေသို့ ထွက်ပြေးသွားသောအခါ၊ သူသည် အချိန်-နေရာလွတ် ဓားသူတော်စင်ကို မမုန်းတီးခဲ့ပေ။ သူ အနိုင်မယူနိုင်ခြင်းမှာ သူ လုံလောက်အောင် မကျွမ်းကျင်၍ဖြစ်ပြီး သူ့ကိုယ်သူမှလွဲ၍ မည်သူ့ကိုမျှ အပြစ်တင်စရာမရှိပေ။ သို့သော် ကောင်းကင်ကြည့်ဆောင်က သူ့ကို နိုးထစေပြီး သူ့ကို အသုံးချခံရုပ်သေးတစ်ခုအဖြစ် အသုံးပြုကာ တောရိုင်းမြေသို့ သွားစေခဲ့သည်။ နောက်ဆုံးတွင် အကျဉ်းချ ခံခဲ့ရသည်။ သူက ကောင်းကင်ကြည့်ဆောင်နှင့် လူသားဧကရာဇ်၏ ယခင်အဖွဲ့အစည်းကို မုန်းတီးခဲ့သည်။

ကပ်ဘေးနတ်ဘုရားထံမှ ထွက်လာသော သတ်ဖြတ်လိုစိတ်က ပစ်မှတ်ထားပြီး အထူးအားကောင်းကာ၊ သန့်စင်နေလေသည်။

အစပိုင်းတွင် မုန့်ချင်ကျိုးက မသေချာသေးဘဲ မှားယွင်းသော ဆုံးဖြတ်ချက်ချနိုင်သည့် ဖြစ်နိုင်ခြေ ရှိနိုင်သည်ဟု တွေးခဲ့သည်။

သို့သော် မနေ့က လီရွှမ်ကျင်းနှင့် တွေ့ဆုံသောအခါ ဟောင်တု နတ်ဘုရားမီးပွားက သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ပြသခဲ့သော်လည်း ၎င်းမှာ လုံးဝ ကွဲပြားခြားနားနေသည်။ ၎င်းမှာ ရှုပ်ထွေးသော စိတ်ခံစားမှုများ ပါဝင်သည့် ဖျော့တော့ပြီး ပစ်မှတ်မထားသောသတ်ဖြတ်လိုစိတ်ပင်။

ထို့ကြောင့် ကောက်ချက်ချနိုင်သည်မှာ...

လီတိုင်ယွမ်၏ခန္ဓာကိုယ်အတွင်း ပုန်းကွယ်နေသော ကောင်းကင်ကြည့်ဆာင်မှ နန်းဆောင်သခင်၏ ဝိညာဉ်က ကပ်ဘေးကို နိုးထစေခဲ့သူ ဖြစ်ရပေမည်။

ကပ်ဘေးကြီး ဝင်ရောက်လာမှုကြောင့် တောရိုင်းမြေရှိ ကမ်းရိုးတန်းတိုင်းပြည်များရှိလူများ သေဆုံးကာ လုံးဝနီးပါး ပျက်စီးမှုဖြစ်ပွားခဲ့ပြီး မြေကြီးပေါ်ရှိ တကယ့်ငရဲတစ်ခုကို ဖန်တီးခဲ့သည်။ မရေမတွက်နိုင်သော လူများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အဆုံးမဲ့ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသည်။

ထို့ကြောင့်။

မုန့်ချင်ကျိုးက ကောင်းကင်ပြည်နယ်သို့ ရည်ရွယ်ချက်နှစ်ခုဖြင့် လာခဲ့သည်။ ကောင်းကင်ကြည့်ဆောင် ဌာနချုပ်၏တည်နေရာကို ရှာဖွေရန်နှင့် မိသားစု(၅)ခုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖျက်ဆီးရန် ဖြစ်သည်။ ယခု နောက်တစ်ခု ထပ်တိုးလာသည်...

တရားခံများကို သွေးနှင့် ပေးဆပ်ခိုင်းရန်ပင်။။

လီတိုင်ယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ နန်းဆောင်သခင် သေရပေမည်။

"ပြန်သွားပြီး အနားယူရအောင်။" လီတိုင်ယွမ်က ပင်ပန်းနွမ်းနယ်စွာ ပြောလိုက်သည်။

စုချင်ချိုးက ချက်ချင်းပင် သူကို တားဆီးလိုက်ပြီး မိသားစု(၅)ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲ စင်မြင့်ကို တည်ဆောက်ခဲ့သော လက်မှုပညာရှင်များဆီသို့ နှုတ်ခမ်းဖြင့် အချက်ပြလိုက်ရာ သူတို့သည် လီယွမ်ခုံးနှင့် သူ၏အဖွဲ့နောက်သို့ အုပ်စုလိုက် ထွက်ခွာသွားကြသည်။

လူ သုံးပုံတစ်ပုံခန့်သာ တွန့်ဆုတ်စွာ ကျန်ရစ်ခဲ့သည်။

၎င်းတင် မကသေးပေ။

မထွက်ခွာခင်တွင် လီယွမ်ခုံးက သူတို့ တည်ဆောက်ထားသောအရာများကို ဖြိုဖျက်ရန် အမိန့်ပေးခဲ့ပြီး ရှုပ်ပွနေသော အရာများကို ချန်ထားခဲ့သည်။

၎င်းက "ငါ ဗိုက်ဆာရင် မင်းလည်း ဝအောင်စားရမှာ မဟုတ်ဘူး" ဆိုသော ဂန္ထဝင်ဥပမာတစ်ခုပင်။

"ရှင် ထွက်သွားလို့ မရဘူး။"

"မိသားစု(၅)ခုကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲက နီးကပ်နေပြီ။ ဒါက အခုလောလောဆယ်မှာ ကောင်းကင်ပြည်နယ်အတွက် အရေးအကြီးဆုံး ကိစ္စပဲ။ အကယ် ရှင်က လီမိသားစု ခေါင်းဆောင်နေရာကို လုံခြုံစေချင်ရင် ဒီကိစ္စကို သေချာကိုင်တွယ်ရမယ်။ အခု လီယွမ်ခုံးနဲ့သူ့မြေး လီရှစ်တို့က သူတို့ရဲ့တာဝန်တွေကို စွန့်လွှတ်လိုက်ပြီဆိုတော့ ဒီအရေးကြီးတဲ့ တာဝန်ကိုထမ်းဆောင်ဖို့ ရှင့်အလှည့် ရောက်လာပြီ။"

စုချင်ချိုးက တရားမျှတသော ဒေါသဖြင့် ပြောဆိုလိုက်ပြီး သူ၏မျက်လုံးများကို လက်ညှိုးထိုးကာ ခိုင်မာစွာ ပြောလိုက်သည်။ "ကျွန်မ ရှင့်ကို စောင့်ကြည့်နေမယ်။ ဒါက သခင်လေးရဲ့ အမိန့်ပဲ။ တကယ်လို့ ရှင် သေချာမလုပ်ရင် သခင်လေးက ကျွန်မတို့ကို အပြစ်တင်လိမ့်မယ်။ ကျွန်မတို့ထဲက ဘယ်သူမှ ကောင်းတဲ့နေရာမှာ ရှိမှာ မဟုတ်ဘူး။"

လီတိုင်ယွမ်က ဒေါသကြောင့် ယိမ်းယိုင်သွားပြီး ပြုတ်ကျလုမတတ် ဖြစ်သွားကာ တင်းကျပ်စွာ အံကြိတ်ထားလိုက်သည်။

"သူက ငါ့ကို အပြစ်တင်ဖို့ လိုလို့လား။။"

"သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ။"

"ငါ့လမ်းကနေ ဖယ်စမ်း။ ဒါတွေကို ငါ ဂရုမစိုက်ဘူး။"

စုချင်ချိုးက အေးစက်စွာ ပြောလိုက်သည်။ "ရှင့်ကို နှစ်ကြိမ် ပြန်စဉ်းစားဖို့ အကြံပေးမယ်။ အဲဒီလိုမှ မဟုတ်ရင သခင်လေးက ရှင့်ကို ကျောခိုင်းသွားလို့ အပြစ်မတင်နဲ့။ လီရွှမ်ကျင်းက ကောင်းကင်ကြည့်ဆောင်ရဲ့ နန်းဆောင်သခင်ဆိုတဲ့အချက်ကို ကောင်းကင်ပြည်နယ်မှာရှိတဲ့လူတိုင်း သိသွားမှာ မလိုချင်ဘူး မဟုတ်လား။"

လီတိုင်ယွမ် အသက်ရှူမဝတော့ဘဲ နောက်ဆုံးတွင် ကြီးမားသော စိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်ကို မခံနိုင်တော့ပေ။ သူ၏မျက်လုံးများ နောက်သို့လန်သွားပြီး သတိမေ့သွားလေသည်။

သူ သေလုဆဲဆဲအချိန်လေးတွင် သူ၏အသိစိတ်က အံ့သြစရာကောင်းလောက်အောင် သက်သာရာရမှု တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

…

All Chapters