← Chapters

အခန်း (၁၃၈-၁၄၀)

Vol. 10 Ch. 138-140

အခန်း (၁၃၈-၁၄၀)

Vol. 10 Ch. 138-140

အပိုင်း(၁၃၈) ကောင်းကင်စစ်သူကြီးနှင့် ဝတ်ရုံနက် နန်းရင်းဝန်

အကြောင်းရင်းကို မသိရသော်လည်း ဧကရီက သူ့ကို မည်မျှပင် စနောက်ကျီစယ်ပါစေ မုန့်ချင်ကျိုးက စက်ဆုပ်ရွံရှာခြင်း မရှိသည့်အပြင် တစ်ခါတစ်ရံတွင် ထိုအခြေအနေထဲ၌ပင် နစ်မျောနေမိသည်။

မုန့်ချင်ကျိုးက ကာမဂုဏ်လိုက်စားသူ မဟုတ်ပေ။ အမှန်စင်စစ် သူက ဧကရီ၏ ရုပ်ရည်ကိုပင် မမြင်ဖူးသဖြင့် လှသည်ဖြစ်စေ၊ ရုပ်ဆိုးသည်ဖြစ်စေ သူ့အတွက် အရေးမကြီးပါ။ သို့သော် ဧကရီနှင့် နီးကပ်ချိန်တိုင်းတွင် ထူးဆန်းသော ရင်းနှီးမှုတစ်ခု၊ အတိအကျပြောရလျှင် အချစ်ဦးနှင့် တွေ့ဆုံရသလို ရင်ခုန်သံမျိုးကို ခံစားနေရသည်။

၎င်းက သူ့ကို ဇဝေဇဝါဖြစ်စေသလို စိတ်လည်း ဒုက္ခရောက်စေသည်။ သူက မိမိ၏ ကိုယ်ကျင့်တရား အပေါ်၌ပင် သံသယဝင်လာမိသည်။

ငါက အိမ်ထောင်ရှိရက်နဲ့ ဖောက်ပြန်ချင်နေတဲ့ လူယုတ်မာတစ်ယောက်လား။

မဖြစ်နိုင်တာ။ ငါက ရှေးဟောင်းနတ်ဘုရားမြိုတော်ဝန်ကိုလည်း စိတ်မဝင်စားဘူး။ ရိုးသားဖြူစင်တဲ့ စုချင်ချိုးကိုလည်း အရေးမလုပ်ဘူး။ ဆွဲဆောင်မှုရှိတဲ့ ဝူတျဲကိုတောင် သတ်ချင်စိတ် အကြိမ်ကြိမ် ပေါက်ခဲ့တာပဲ။ ဒါပေမဲ့ ဘာလို့ ဧကရီနဲ့ကျမှ ငါ ဒီလောက်အထိ အရှုံးကြီး ရှုံးနေရတာလဲ။

လေထဲတွင် သင်းပျံ့လှသော ရနံ့လေးတစ်ခု ဝဲပျံနေ၏။ ၎င်းက ပြင်းရှခြင်းမရှိသော်လည်း စိတ်ကို လန်းဆန်းစေသည်။ တုန်းဖန်လျူလီနှင့် မတူသည်မှာ ဧကရီက မည်သည့်မိတ်ကပ် သို့မဟုတ် ရေမွှေးကိုမျှ သုံးစွဲခြင်းမရှိဘဲ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သဘာဝရနံ့လေးသာ။ တောင်နက်ထဲက ပန်းငုံလေးတစ်ပွင့်၏ ရနံ့နှင့် တူလှသည်။

သူတို့နှစ်ဦးစလုံးမှာ ဆန့်ကျင်ဘက် စရိုက်များ ရှိကြသည်။ တစ်ဦးက သီလရှိပြီး ကြင်နာတတ်ကာ မိသားစုကို ဂရုစိုက်တတ်သည်။ အခြားတစ်ယောက်ကမူ အာဏာပြတတ်ပြီး ပြတ်သားကာ အလုပ်ရော အချစ်ရေးတွင်ပါ အလွန်ပင် ပြင်းထန်လှသည်။

ဒါဆို ငါက ဘာလို့ ဧကရီအပေါ် စိတ်ကစားနေရတာလဲ။ ထူးဆန်းလိုက်တာ...

ရုတ်တရက် ဧကရီ၏ နှုတ်ခမ်းလွှာများ အသာအယာ ဟလာသည်။ "မုန့်လေး... ဘာတွေးနေတာလဲ။ မြန်မြန် ဖက်ထားပေးစမ်းပါ။ နည်းနည်း ချမ်းလာလို့။"

ဧကရီက ထိုင်ခုံပေါ် တင်ပလ္လင်ခွေထိုင်ကာ လက်ဖဝါးနှစ်ဖက်ကို အပေါ်သို့ လှန်ထားသည့် ကျင့်ကြံခြင်း ပုံစံဖြင့် တည်ငြိမ်စွာ ရှိနေသည်။ သူ၏ စကားလုံးများကသာ မြင့်မြတ်လှသော ပုံစံနှင့် လားလားမျှ မသက်ဆိုင်ခြင်း ဖြစ်သည်။

"ခင်ဗျား တကယ်ပြောနေတာလား။" မုန့်ချင်ကျိုး စိတ်ကုန်သွားသည်။

"မဟုတ်ရင် ငါ အအေးမိပြီး သေသွားတာကို ထိုင်ကြည့်နေမလို့လား။ မင်းရဲ့ ကိုယ်ရံတော် တာဝန်ကို မှတ်ထားဦး။ ငါ့ရဲ့ နေ့စဉ်ဘဝ၊ ငါ့ရဲ့ အပူအအေးနဲ့ ငါ့ရဲ့ ဘေးကင်းရေးဟာ မင်းတာဝန်ပဲ။"

"ကျုပ်က စာမတတ်လို့ လာလိမ်နေတာလား။ ဒါက ကိုယ်ရံတော် မဟုတ်ဘူး။ အထိန်းတော် ဖြစ်နေပြီ..."

"အင်း... မင်း အဲဒီလို မြင်ရင်လည်း မမှားပါဘူး။ မြန်မြန်လုပ်... ငါ ခဲပြီး သေတော့မယ်။"

မုန့်ချင်ကျိုး တိတ်ဆိတ်သွားပြီး သူ၏ ပုစဉ်းရင်ကွဲတေးသံဓားနှောင့်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူ၏လက်ချောင်းများက ဓားကို အသာအယာ ပွတ်သပ်နေပြီး နှုတ်ခမ်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ "ခင်ဗျားက ကျုပ်ကို ငတုံးများ ထင်နေတာလား။"

နံနက်ခင်းအလင်းနယ်ပယ် အလယ်အလတ်အဆင့်မှာ ရှိနေတဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်က အအေးဒဏ်ကို ကြောက်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။

"ဘာလဲ။ မင်းက ဓားဆွဲချင်တာလား။ ငါ့ကို ခြိမ်းခြောက်နေတာလား။" ဧကရီက မျက်မှောင်ကြုတ်ကာ ဒေါသထွက်ဟန် ပြလိုက်သည်။

မုန့်ချင်ကျိုး တိတ်ဆိတ်သွားပြီးမှ တစ်ခုခုကို သတိရသွားသည်။

ဝတ္ထုထဲတွင် ဖော်ပြထားသည်မှာ... ဧကရီက ထီးနန်းကို သိမ်းပိုက်ရန်အတွက် နှစ်ပေါင်းသောင်းချီ သက်တမ်းရှိသော ရေခဲကန်ထဲတွင် ကျင့်ကြံခဲ့ရသည်။ ထိုဒဏ်ကြောင့် ခန္ဓာကိုယ်ထဲတွင် ကုမရသော အအေးရောဂါ ကပ်ပါလာခဲ့ပြီး နောက်ဆုံးတွင် ထောင်လွှားလှသော ဇာတ်လိုက်မင်းသားအား ရှုံးနိမ့်ခဲ့ရသည့် အကြောင်းရင်းတစ်ခု ဖြစ်ခဲ့သည်။

မူလဇာတ်လမ်းအရ ဧကရီသည် ခန္ဓာကိုယ်ထဲမှ ချိပ်ပိတ်ထားမှုကို ဖြည်ချလိုက်လျှင် အစွမ်းများ အဆမတန် တိုးလာနိုင်သော်လည်း အအေးရောဂါကြောင့် ထိုသို့ မလုပ်နိုင်ခဲ့ပေ။ ချိပ်ပိတ်ကို ဖြည်လိုက်ခြင်းက ခန္ဓာကိုယ်ကို ပိုမို အားနည်းစေမည်ဖြစ်ရာ ရန်သူက သတ်စရာမလိုဘဲ သူ့အလိုလို ကြွေလွင့်သွားနိုင်သည်။

မုန့်ချင်ကျိုးက ဇနီးအတွက် နေကိုးစင်းလောင်ကျွမ်းနှလုံးသား ကြာပန်းကို သုံးပြီး စွပ်ပြုတ် လုပ်ပေးခဲ့သည်ကို သတိရကာ ဘာကြောင့်မှန်းမသိ ဧကရီအပေါ် အပြစ်ရှိသလို ခံစားလိုက်ရသည်။

"ဘာလုပ်ပေးရမလဲ။"

"ခုတင်ပေါ်တက်ပြီး ငါနဲ့ ပုခုံးချင်းထိအောင် ဖက်ထားပေး။"

"ဒါက မသင့်တော်ပါဘူး။ ကျုပ်မှာ မိသားစု ရှိတယ်လေ။"

"ရှိတော့ ဘာဖြစ်လဲ။ မင်းနဲ့ ငါနဲ့က ဘာမှ မဟုတ်ဘူးလေ။ မင်းက ငါ့ကို ကူညီပေးရုံတင်ပဲ။ ဒါမှမဟုတ် မင်းရဲ့ စိတ်ထဲမှာ မရိုးသားတဲ့ အတွေးတွေ ရှိနေလို့လား။"

"မရှိဘူး။"

"ဒါဆိုရင် ဖက်ထားပေးရုံပဲလေ။"

...

မုန့်ချင်ကျိုး၏ ဦးနှောက်မှာ ခေတ္တမျှ ဗလာဖြစ်သွားသည်။ တစ်စုံတစ်ခုက ပူးကပ်သွားသကဲ့သို့ သူက ခုတင်ပေါ်သို့ တက်ကာ ဧကရီ၏ ပုခုံးကို လက်တစ်ဖက်ဖြင့် ဖက်ထားလိုက်သည်။ သူ၏ ခန္ဓာကိုယ် အတွင်းမှ နွေးထွေးလှသော အရှိန်အဝါများက သူတို့နှစ်ဦးလုံးကို လွှမ်းခြုံသွားတော့သည်။

"အရှင်မ... ကျင့်စဉ်ကိုပဲ အာရုံစိုက်ပါတော့။"

"အင်း..." ဧကရီက ပြုံးလျက် မျက်လုံးကို မှိတ်ကာ သူ၏ ကျယ်ပြန့်သော ပုခုံးပေါ်သို့ ခေါင်းလေး မှီလိုက်သည်။

မုန့်ချင်ကျိုး၏ ရင်ခုန်သံများ မြန်လာသည်။ ၎င်းမှာ အချစ်ကြောင့် မဟုတ်ဘဲ သူ့ဇနီးကို ခိုးပြီး ဖောက်ပြန်နေသလိုမျိုး ခံစားချက်ကြောင့် ထိတ်လန့်နေခြင်း ဖြစ်သည်။ သူ ဘာမှ မလုပ်သော်လည်း သူခိုးတစ်ယောက်လို အပြစ်ရှိသလို ခံစားနေရသည်။

ထိုအချိန်တွင်တော့... တုန်းဖန်လျူလီက အလွန်ပင် စိတ်အေးလက်အေး ရှိနေသည်။

သူက မုန့်ချင်ကျိုး၏ တည်ကြည်မှုကို သဘောကျမိသည်။ ကမ္ဘာပေါ်မှာ အလှဆုံး အမျိုးသမီးရှေ့တွင် ရှိနေသော်လည်း အိမ်မှဇနီးကို လွမ်းနေဆဲ ဖြစ်သည့်အတွက် ဂုဏ်ယူမိသလို တစ်ဖက်မှာလည်း ဧကရီ အဖြစ်နှင့် သူ့ကို မြူဆွယ်နိုင်ခဲ့သည့်အတွက် စိတ်လှုပ်ရှားနေမိသည်။

မုန့်ချင်ကျိုး ဧကရီကို မမုန်းတော့သည့်နေ့က ဧကရီ သူ၏ သရုပ်မှန်ကို ဖွင့်ပြောမည့်နေ့ ဖြစ်ပေလိမ့်မည်။ သူက ဤကဲ့သို့ လျှို့ဝှက်ချက်များ ဖုံးကွယ်ထားရသည့် ဘဝကို ငြီးငွေ့နေပြီ ဖြစ်သည်။

ခဏကြာပြီးနောက်...

"ဟေ့...ထဦး။ ကျင့်ကြံနေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် အိပ်ပျော်သွားတာလဲ။"

ဘုန်း...

ဧကရီက အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ အိုးပုဒ်ဖင်လို မည်းမှောင်နေသော မုန့်ချင်ကျိုး၏ မျက်နှာကို မြင်လိုက်ရသည်။ သူက စိတ်ထဲမှ “သွားပြီ”ဟု ရေရွတ်လိုက်မိသည်။

"ငါ့ရဲ့ ရှင်းပြချက်ကို နားထောင်ပါဦး..."

"ခင်ဗျားက လိမ်ညာမှုတွေနဲ့ ပြည့်နေတာပဲ။ နားမထောင်ဘူး။ ဖယ်တော့။ ကျုပ် ဒီမှာပဲ စောင့်နေမယ်။ ခင်ဗျားဘာသာ ကျင့်ကြံချင်ကျင့်ကြံ၊ အေးခဲပြီး သေချင်သေ..."

...

နောက်တစ်နေ့ နံနက်စောစော၌။

မြို့တော်၏ လမ်းမကြီးများအားလုံးကို ပိတ်ထားလိုက်ပြီး မြို့တံခါးကြီးများကိုလည်း တင်းကြပ်စွာ ပိတ်လိုက်သည်။ နန်းတွင်းကိုယ်ရံတော်များနှင့် စစ်သည်များမှာ မြို့အနှံ့ ကင်းလှည့်နေကြသည်။

နန်းတော်ရှေ့တွင် အရာရှိများအားလုံး စုရုံးနေကြပြီး လေထုမှာ အလွန်ပင် တင်းမာနေသည်။ ထိုစဉ် ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ပေါ်လာသည်။

"သူက... စစ်သူကြီး လီကွမ်ယန်ပဲ... နယ်စပ်မှာ နှစ်ပေါင်း(၃၀) စောင့်ကြပ်ခဲ့ပြီးတော့ ဧကရီရဲ့ အမိန့်မပါဘဲ မြို့တော်ကို ဘယ်တော့မှ ပြန်မလာဘူးလို့ ကတိပေးထားတဲ့သူ..."

သူက နန်းတွင်းထဲသို့ ခါးတွင် ဓားတစ်လက် ချိတ်ကာ အရှိန်အဝါ အပြည့်ဖြင့် ဝင်လာသည်။ ထိုစဉ် ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး ကျောကုန်းကုန်းနှင့် အဘိုးအိုတစ်ဦးက သူ့အနားသို့ လျှောက်လာသည်။

"လီကွမ်ယန်... မင်းက နယ်စပ်ကို စောင့်ကြပ်ရမှာလေ။ မဟာကျင်း ပြိုလဲတော့မယ့် အချိန်ရောက်မှ နောက်ဆုံး မျှော်လင့်ချက်အနေနဲ့ ပြန်လာရမှာ။ အခု ဘာလို့ ပြန်လာတာလ။..." ထိုအဘိုးအိုက အက်ရှရှ အသံဖြင့် မေးလိုက်သည်။

လီကွမ်ယန်က အေးစက်စွာ လှည့်ကြည့်လိုက်ပြီး ပြောသည်။ "ဝမ်ရှန်းကျား... မင်းက သေသွားပြီ မဟုတ်လား။ အသက်ရှင်နေတဲ့ လူသေတစ်ယောက်က ငါ့ကို လာစကားပြောနေတာလား။"

အရာရှိများအားလုံး အံ့အားသင့်သွားကြသည်။ သူက ဧကရာဇ်ဟောင်း လက်ထက်မှ နန်းရင်းဝန် ဖြစ်ခဲ့သူ ဝမ်ရှန်းကျားပင်။

အခြေအနေများက ရှင်းလင်းနေလေပြီ။ စစ်ပွဲကြီး စတင်တော့မည် ဖြစ်သည်။ ဧကရီက မြောက်ဘက် မဟာမိတ်အဖွဲ့ကို တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းပင်...

ထိုစဉ် နန်းတွင်းအပျိုတော်တစ်ဦးက တံခါးကို ဖွင့်ကာ ကြေညာလိုက်သည်။

"အရှင်မက အရာရှိအားလုံးကို နန်းတော်ထဲ ဝင်ခိုင်းလိုက်ပါတယ်..."

…

အပိုင်း(၁၃၉) နောက်ကွယ်မှ ကြိုးကိုင်သူ - ကောင်းကင်ကြည့်ဆောင်

ရွှေရောင်နန်းတော်ကြီးအတွင်း။

အရာရှိအပေါင်းတို့ အစီအရီရပ်ကာ ဧကရီကြွလာမည့်အချိန်ကို စောင့်မျှော်နေကြသည်။

နောက်တစ်ခဏတွင် ဝတ်ရုံနီကို ဝတ်ဆင်ထားသော ချင်းလျူလီက နဂါးပလ္လင်ပေါ်တွင် ပေါ်လာသည်။ သူ၏ ဘေးတွင်မူ မျက်လုံးကို အဝတ်စည်းထားသော ဓားသူတော်စင်က ဓားကိုကိုင်ကာ အေးစက်သော အမူအရာဖြင့် ရပ်နေသည်။

"အရှင်မ... သက်တော်ရာကျော် ရှည်ပါစေကြောင်းနဲ့ လူအပေါင်းရဲ့ ကြည်ညိုလေးစားမှုကို ထာဝရ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်..."

အမတ်များနှင့် အရာရှိအားလုံး ဒူးထောက်ကာ လက်ယာဘက်လက်ကို လက်ဝဲဘက်ရင်အုပ်ပေါ် တင်၍ တညီတညွတ်တည်း ကြွေးကြော်လိုက်ကြသည်။

"ထကြ။" ဧကရီက လက်ကို ဝှေ့ယမ်းလိုက်ပြီး တည်ငြိမ်စွာ ဆိုသည်။

"နန်းရင်းဝန်နဲ့ ငါက တိုင်းပြည်မူဝါဒတွေကို ပူးတွဲချမှတ်ခဲ့ပြီးပြီ။ နန်းရင်းဝန်ကလည်း ဒီကိစ္စမှာ ဦးဆောင်နေပြီ။ ငါ့ရဲ့ရည်ရွယ်ချက်ကတော့ မြောက်ဘက် မဟာမိတ်အဖွဲ့ကို အင်အားကိုသုံးပြီး အမြစ်ပြတ်ချေမှုန်းဖို့ပဲ။ အောင်မြင်ရင် ထီးနန်းခိုင်မြဲမယ်၊ ရှုံးနိမ့်ရင်တော့..."

"ရှုံးနိမ့်ခြင်းဆိုတာ မရှိရဘူး၊ ရှုံးနိမ့်ခွင့်လည်း မရှိဘူး..."

"မင်းတို့ သတိထားမိကြမှာပါ၊ ဒီနေ့ ငါတို့ကြားမှာ သူစိမ်းနှစ်ယောက် ရှိနေတယ်။ သူတို့က ငါတို့ မဟာကျင်းရဲ့ လျှို့ဝှက်လက်နက်တွေထဲက တစ်ခုပဲ။"

"စစ်သူကြီး လီကွမ်ယန်နဲ့ ဝတ်ရုံနက် ဝန်ကြီးချုပ် ဝမ်ရှန်းကျား။ သူတို့နာမည်တွေကိုတော့ လူအတော်များများ မေ့နေကြလောက်ပြီ။"

ဧကရီက ခေတ္တရပ်ကာ အောက်မှ လူနှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။ "ငါ စကားအရှည်ကြီး မပြောတော့ဘူး။ မင်းတို့ဘာသာ မိတ်ဆက်လိုက်ကြ။"

ထိုစကားကို ကြားသောအခါ အားလုံး၏ အကြည့်မှာ လီကွမ်ယန်နှင့် ဝမ်ရှန်းကျားထံသို့ ရောက်သွားသည်။ စစ်သူကြီး လီကွမ်ယန်က ဧကရီကို ဦးညွှတ်လိုက်ပြီး လူအုပ်ဘက်လှည့်ကာ အေးဆေးစွာ ပြောသည်။

"ကျုပ်နာမည်က လီကွမ်ယန်။ ဧကရာဇ်ဟောင်းကိုယ်တိုင် ခန့်အပ်ခဲ့တဲ့ ကောင်းကင်စစ်သူကြီးပါ။ ဧကရာဇ်ဟောင်း နတ်ရွာစံပြီးနောက်မှာလည်း နယ်စပ်ကို ဆက်လက်စောင့်ကြပ်ခဲ့တယ်။ လက်ရှိဧကရီရဲ့ နန်းတက်ပွဲကိုလည်း မတက်ရောက်ခဲ့သလို ဧကရီပေးတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကိုလည်း လက်မခံခဲ့ဘူး။ ဒါကြောင့် ကျုပ်က လက်ရှိ မဟာကျင်းရဲ့ အမတ်တစ်ယောက် မဟုတ်တော့ပါဘူး။"

ထိုစကားကို ကြားသောအခါ အရာရှိများ၏ မျက်နှာများ ချက်ချင်း ပျက်သွားသည်။ ဤသည်မှာ လီကွမ်ယန်၏ စစ်တပ်က ဧကရီ၏ အမိန့်ကို ဖီဆန်နေခြင်း ဖြစ်သည်ဟု ဆိုလိုခြင်းပင်။ သူက ဧကရာဇ်ဟောင်း၏ စစ်သားသာဖြစ်ပြီး ချင်းလျူလီ၏ စစ်သားမဟုတ်ကြောင်း ကြေညာလိုက်ခြင်း ဖြစ်သည်။

ဝတ်ရုံနက် နန်းရင်းဝန်ကလည်း အက်ရှရှရယ်သံဖြင့် ပြောသည်။

"ကျုပ်လည်း တူတူပါပဲ။ ဧကရာဇ်ဟောင်း နတ်ရွာမစံခင်က ကျုပ်ကို သေချင်ယောင်ဆောင်ပြီး ပုန်းနေဖို့၊ လျှို့ဝှက်လုပ်ကြံရေးအဖွဲ့ကို လေ့ကျင့်ပေးဖို့ အမိန့်ပေးခဲ့တယ်။ ကျုပ်ကလည်း ဧကရာဇ်ဟောင်းရဲ့ နောက်ဆုံး ဆန္ဒကိုပဲ နာခံတယ်။"

အမတ်တစ်ဦးမှာ မအောင့်နိုင်တော့ဘဲ ထရပ်ကာ ကြိမ်းမောင်းလိုက်သည်။

"ဧကရာဇ်ဟောင်းက နတ်ရွာစံသွားပြီ။ လက်ရှိ မဟာကျင်းရဲ့ အရှင်သခင်က အရှင်မပဲ။ ခင်ဗျားတို့က အတိအလင်း ပုန်ကန်ချင်နေတာလာ။..."

ဝတ်ရုံနက် နန်းရင်းဝန် ဝမ်ရှန်းကျားက လက်ကို ဝှေ့ယမ်းကာ ပြောသည်။ "မဟုတ်ပါဘူး။ ပုန်ကန်မှုဆိုတဲ့ စွဲချက်ကို ကျုပ်တို့ လက်မခံပါဘူး။ ကျုပ်တို့ မြို့တော်ကို လာတာက ဧကရာဇ်ဟောင်းရဲ့ နောက်ဆုံးမှာမှာကြားချက်အရ လိုအပ်ရင် လက်ရှိအုပ်ချုပ်သူကို တစ်ကြိမ်ပဲ ကူညီပေးဖို့ပါ။"

"အဲဒီနောက်မှာ မဟာကျင်း ကြီးပွားမလား၊ ပျက်စီးမလားဆိုတာ ကျုပ်တို့နဲ့ မဆိုင်တော့ဘူး။"

"ဧကရာဇ်ဟောင်းရဲ့ နောက်ဆုံးဆန္ဒက ဘာလဲ။ တစ်ယောက်ကို နယ်စပ်မှာ စောင့်ခိုင်းပြီး တိုင်းပြည် ပျက်ရင်တောင် မြို့တော်ကို မပြန်လာနဲ့လို့ ပြောခဲ့တယ်။ နောက်တစ်ယောက်ကိုတော့ လျှို့ဝှက် လုပ်ကြံသူတွေ မွေးခိုင်းခဲ့တယ်။ ခင်ဗျားတို့ရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ..." အခြားသော အမတ်တစ်ဦးက မေးခွန်းထုတ်သည်။

ဝမ်ရှန်းကျားက ခေါင်းခါကာ စကားတစ်ခွန်းသာ ပြောသည်။ "ပြောလို့ မရဘူး။"

နန်းတွင်းအမတ်များမှာ အစပိုင်းတွင် အင်အားကြီးသူနှစ်ဦး ရောက်လာသဖြင့် ဝမ်းသာခဲ့သော်လည်း၊ အခုတော့ ဒေါသတကြီးဖြင့် စိုက်ကြည့်နေကြတော့သည်။ လက်ရှိအရှင်သခင်ကို အသိအမှတ်မပြုဘဲ ဧကရာဇ်ဟောင်းကိုသာ နာခံနေခြင်းမှာ ကြားဖူးနားဝပင် မရှိသည့်ကိစ္စ ဖြစ်သည်။

"ငါ သိချင်နေတာ တစ်ခုရှိတယ်။ မင်းတို့ မျက်လုံးထဲမှာ ငါက ဧကရာဇ်ဟောင်းထက် နိမ့်ကျနေလို့လား။ မင်းတို့ရဲ့ သစ္စာခံမှုကို ရယူဖို့ ငါက မထိုက်တန်လို့လား။" ဧကရီက အေးစက်စွာ မေးလိုက်သည်။

လီကွမ်ယန်က မျက်မှောင်ကြုတ်ကာ ဧကရီကို တစ်ချက်ကြည့်ပြီး ပြန်ငြိမ်သွားသည်။ ဝတ်ရုံနက် ဝန်ကြီးချုပ်ကမူ ပြုံးလျက် ဆိုသည်။

"အရှင်မရဲ့ အောင်မြင်မှုတွေက အခုဆိုရင် ဒီဒေသတစ်ခုလုံးမှာ အကြီးအကဲဖြစ်ဖို့ လုံလောက်နေပါပြီ။ ဧကရာဇ်ဟောင်းက တစ်သက်လုံး နေရာကျဉ်းကျဉ်းလေးမှာပဲ နေခဲ့ရပြီး ပြဿနာတွေပဲ ချန်ထားခဲ့တာ။ သဘာဝကျကျ ပြောရရင် သူက အရှင်မကို မယှဉ်နိုင်ပါဘူး။"

ထိုကဲ့သို့သော စော်ကားမော်ကား စကားမျိုးကို ဝမ်ရှန်းကျားက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဝမ်ရှန်းကျား။ နောက်တစ်ခါ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောရင် မင်း သေချင်ယောင်ဆောင်တာကို တကယ်သေအောင် ငါလုပ်လိုက်မယ်။" လီကွမ်ယန်က ကြားဖြတ်ပြောသည်။

မုန့်ချင်ကျိုးက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဤစစ်သူကြီး လီကွမ်ယန်မှာ သစ္စာရှိလွန်းလှသည်။ ဧကရီကို မလေးစားသော်လည်း ဧကရာဇ်ဟောင်းကို စော်ကားလျှင် ချက်ချင်း ကာကွယ် ပြောဆိုတော့သည်။

ထိုစဉ် မုန့်ချင်ကျိုးက သူ၏မှတ်ဉာဏ်ထဲ၌ လီကွမ်ယန်နှင့် ဝမ်ရှန်းကျားတို့၏ ဇာတ်ကောင်ပုံစံများကို ရှာဖွေကြည့်လိုက်သည်။

တစ်ခုခုတော့ လွဲနေပြီ...

မုန့်ချင်ကျိုး လန့်သွား၏။ ဤဇာတ်ကောင်နှစ်ဦးက မူလဝတ္ထု၏ အစပိုင်းနှင့် အလယ်ပိုင်းတွင် လုံးဝ မပါဝင်ခဲ့ပေ။ မဟာကျင်း ပြိုလဲသွားချိန်တွင်ပင် သူတို့ ပေါ်မလာခဲ့။

ကောင်းကင်ကြည့်ဆောင် ပေါ်လာပြီး ဇာတ်လိုက် ကျောက်ကော်ကို ပစ်မှတ်ထားမှသာ ဤလူနှစ်ဦးက အရိပ်ထဲမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

"သူတို့က... ကောင်းကင်ကြည့်ဆောင်ရဲ့ လက်ပါးစေတွေပဲ..."

မုန့်ချင်ကျိုး၏ အသက်ရှူသံများ မြန်လာသည်။ ဇာတ်လမ်း၏ နောက်ဆုံး ဗီလိန်ကြီးရဲ့ နောက်ကွယ်က လူတွေက ဘာလို့ ဒီလောက်စောစော ပေါ်လာရတာလဲ။

မူလဇာတ်လမ်းတွင် ဧကရာဇ်ဟောင်းသည် ဧကရီ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး ထီးနန်းကို ဇာတ်လိုက်၏ သားဖြစ်သူက ဆက်ခံသည်။ သို့သော် ကောင်းကင်ကြည့်ဆောင် ပေါ်လာချိန်တွင်... လီကွမ်ယန်က ပုန်ကန်ပြီး မြို့တော်ကို ဝိုင်းထားခဲ့သည်။ ကလေးဧကရာဇ်မှာလည်း ဝမ်ရှန်းကျား၏ လုပ်ကြံသူများလက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

"ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ ကောင်းကင်ကြည့်ဆောင်က လူတွေ ဒီလောက်စောစောကြီး ပေါ်လာရတာလဲ။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။..."

မုန့်ချင်ကျိုး၏ စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးသွားပြီး လက်ကို မသိမသာ ဆုပ်လိုက်မိသည်။

ဧကရာဇ်ဟောင်း၏ နောက်ဆုံးဆန္ဒဆိုသည်မှာ အကြောင်းပြချက်တစ်ခုသာ ဖြစ်နိုင်သည်။ ဝတ္ထုထဲတွင် ဧကရာဇ်ဟောင်း သေသွားပုံကို "ရုတ်တရက် သေဆုံးသည်" ဟုသာ ရေးထားသည်။

ဒါဆို မဟာကျင်းရဲ့ ဧကရာဇ်ဟောင်းကို ဒီသစ္စာရှိလှပါတယ်ဆိုတဲ့ အမတ်နှစ်ယောက်ကပဲ လုပ်ကြံခဲ့တာလား။

ကောင်းကင်ကြည့်ဆောင်က တစ်လောကလုံးကို စည်းလုံးစေမယ့် ဧကရာဇ်တစ်ပါးကို ဖန်တီးဖို့ ကြိုးစားနေတာ။ သူတို့ရဲ့ အစီအစဉ်ကို ဟန့်တားမယ့်သူမှန်သမျှကို နည်းမျိုးစုံနဲ့ သတ်ဖြတ်မယ့် သူတွေပဲ...

မဟာကျင်းက ဘာလို့ ပစ်မှတ်ထားခံနေရတာလဲ။

သူတို့က တောရိုင်းမြေကို စည်းလုံးအောင် ကူညီဖို့ လာတာလား။ ဒါမှမဟုတ် ဧကရီကို သတ်ပြီး မဟာကျင်းကို ဖျက်ဆီးဖို့ လာတာလား။ သူတို့က မိတ်ဆွေလား၊ ရန်သူလား...

…

အပိုင်း(၁၄၀) အချင်းချင်းတွေပဲလေ

နန်းတွင်းအရာရှိများက လီကွမ်ယန်နှင့် ဝမ်ရှန်းကျားတို့ကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။

ဧကရီလည်း စိတ်ဆိုးသည့်တိုင် လက်ရှိတွင် ဘာမှမတတ်နိုင်ပေ။ ဧကရာဇ်ဟောင်း နတ်ရွာစံပြီး သူ နန်းတက်ချိန်တွင် ကောင်းကင်စစ်သူကြီးကို ဆင့်ခေါ်ခြင်း မပြုခဲ့သလို ဘွဲ့ထူးဂုဏ်ထူးများလည်း မပေးခဲ့ပေ။ ထို့ကြောင့် သူက နန်းတွင်းအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရသူ ဖြစ်သည်။

ထိုစဉ်က ဧကရီသည် ဧကရာဇ်ဟောင်း၏ ဆန္ဒအတိုင်း လီကွမ်ယန်ကို နယ်စပ်တွင်သာ အခြေချ နေထိုင်ခွင့် ပြုခဲ့သည်။ ဝတ်ရုံနက် နန်းရင်းဝန် ဝမ်ရှန်းကျားမှာမူ သေဟန်ဆောင်ပြီး အသက်ရှင်နေဆဲ ဖြစ်သည်ကို သူ လုံးဝ မသိရှိခဲ့ပေ။

ရလဒ်အနေဖြင့် ထိုလူနှစ်ဦးက လက်ရှိ မဟာကျင်း၏ အမတ်များ မဟုတ်ကြသော်လည်း၊ ဧကရာဇ်ဟောင်း၏ မှာကြားချက်အရ တော်ဝင်ဆွေမျိုးများသဖွယ် မဟာကျင်းကို တရားဝင် ကူညီပိုင်ခွင့် ရှိနေကြသည်။

ထို့အပြင် မဟာကျင်းသည် လက်ရှိတွင် အရပ်မျက်နှာအနှံ့ စစ်တိုက်နေရပြီး အထီးကျန်နေသည့် အခြေအနေဖြစ်ရာ လီကွမ်ယန်နှင့် ဝမ်ရှန်းကျားတို့၏ အကူအညီမှာ အချိန်ကိုက် ရောက်လာသည့် မဟာမိတ်များသဖွယ် ဖြစ်နေသဖြင့် မည်သူမျှ ငြင်းပယ်၍ မရပေ။

ဝတ်ရုံနက် နန်းရင်းဝန်၏ ဝတ်ရုံအောက်မှ ကျေနပ်အားရသည့် ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုရယ်သံမှာ "မင်းတို့ ငါ့ကို မတားနိုင်သလို မသတ်နိုင်တာကို မြင်ရတာ အရမ်းပျော်ဖို့ကောင်းတာပဲ" ဟူ၍ ပြောနေသကဲ့သို့ပင်။

အခြေအနေကို ထိန်းသိမ်းရန်အတွက် ဝန်ထမ်းရေးရာဝန်ကြီးက ရှေ့သို့တက်ကာ ပြောသည်။

"လူကြီးမင်းတို့ ခဏလောက် နားထောင်ပေးကြပါ။ ကောင်းကင်စစ်သူကြီးနဲ့ ဝတ်ရုံနက် နန်းရင်းဝန်က လက်ရှိ အမတ်တွေ မဟုတ်ပေမဲ့ ဒီစစ်ပွဲမှာ သူတို့ရဲ့ အင်အားကို ရက်ရက်ရောရော ပေးအပ်လာကြတာပါ။ အချင်းချင်း အရမ်းကြီး တင်းမာမနေကြပါနဲ့။"

ဖျန်ဖြေပေးသူ ရှိလာသဖြင့် လေထုမှာ အနည်းငယ် ပြေလျော့သွားသည်။ အားလုံးကလည်း ၎င်းမှာ ယုတ္တိရှိသည်ဟု ယူဆကာ ဒေါသများ လျော့ကျသွားကြသည်။ လီကွမ်ယန်က ဧကရီကို စိုက်ကြည့်ကာ တည်ငြိမ်စွာ ဆိုသည်။

"စကားအပိုတွေ တော်ပြီ။ အလုပ်အကြောင်း ပြောရအောင်။ ကျုပ်တို့ မြို့တော်ကို လာတာက ကိုယ့်သဘောနဲ့ကိုယ် ကူညီဖို့ လာတာပါ။ အခုဆိုရင် အဆုံးအဖြတ် တိုက်ပွဲက နီးနေပြီဖြစ်တာမို့ အရှင်မအနေနဲ့ သံသယတွေကို ဘေးဖယ်ထားပြီး ဒီစစ်ပွဲရဲ့ အသေးစိတ် အစီအစဉ်တွေကို ပြောပြပေးဖို့ တောင်းဆိုပါတယ်။"

အားလုံး အံ့သြသွားကြသည်။

သူတို့နှစ်ယောက်က ဧကရီခေါ်လို့ လာတာမဟုတ်ဘဲ ကိုယ့်ဘာသာ လာကူညီတာတဲ့လာ။…

အမတ်အချို့မှာ သူတို့ကို အထင်မှားမိသည့်အတွက် အားနာကာ တောင်းပန်စကားပင် ဆိုကြသည်။

ဧကရီက လီကွမ်ယန်ကို စိုက်ကြည့်ကာ စဉ်းစားခန်း ဝင်နေသည်။ အတန်ကြာမှ စကားပြောရန် ပြင်လိုက်စဉ်...

ရုတ်တရက် ဝတ်ရုံနက် ဝတ်ဆင်ထားသော ဓားသမားက ရှေ့သို့ တစ်လှမ်း တက်လာသည်။

မုန့်ချင်ကျိုးက အေးစက်စွာ ပြောလိုက်သည်။

"ဧကရီနဲ့ နန်းရင်းဝန်တို့ ချမှတ်ထားတဲ့ တိုင်းပြည် မူဝါဒတွေက လျှို့ဝှက်ချက်တွေ ဖြစ်ပြီး အလွယ်တကူ ထုတ်ဖော်လို့ မရပါဘူး။ ဒါက မဟာကျင်းရဲ့ ကံကြမ္မာနဲ့ ဆိုင်တဲ့အတွက် သတိထားရပါမယ်။ မမေးသင့်တာကို မမေးပါနဲ့။"

လီကွမ်ယန်က မုန့်ချင်ကျိုးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ "မင်းက ဘယ်သူလဲ။ မင်းမှာ စကားပြောပိုင်ခွင့် ဘာရှိလို့လဲ။"

"အရှင်မရဲ့ ကိုယ်ရံတော်... မုန့်ချင်းပါ။" မုန့်ချင်ကျိုးက ဖြေလိုက်သည်။

"ဪ... မင်းလား။ တစ်လောကလုံးမှာ နာမည်ကြီးနေတဲ့ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်တောင် အရှင်မရဲ့ လက်အောက် ရောက်သွားပြီပေါ့။" လီကွမ်ယန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ "မင်းမှာ စကားပြောပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ငါ့မှာလည်း ရှင်းပြစရာ ရှိတယ်။ ငါ နယ်စပ်က စစ်သည် တစ်သိန်းကို မြို့ပြင်မှာ အသင့်ပြင်ထားပြီးပြီ။ ဝမ်ရှန်းကျားရဲ့ အထူးစစ်သည် ၃၀၀၀လည်း အသင့်ရှိနေတယ်။ ငါတို့က မဟာကျင်းရဲ့ မဟာမိတ်တွေပဲလေ။ အစီအစဉ်ကို သိခွင့်ရှိတာ မဟုတ်ဘူးလား။"

မုန့်ချင်ကျိုးက စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်သည်။

ရှေးယခင်ကတည်းက ကောင်းကင်ကြည့်ရေးဆောင်သည် နောက်ကွယ်မှ ပြဿနာများကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ တောရိုင်းမြေ တစ်ခုလုံး စည်းလုံးညီညွတ်မှု မရှိဘဲ စစ်မီးများ တောက်လောင်နေရခြင်း၏ တရားခံမှာ သူတို့ပင်။

ကောင်းကင်ကြည့်ဆောင်၏ လက်ပါးစေများ မဟာကျင်းတွင် ပေါ်လာခြင်း၏ ရည်ရွယ်ချက်မှာ ရှင်းလှပေသည်။

(၁) ဧကရီ၏ အရည်အချင်းကို အသိအမှတ်ပြုပြီး သူတို့အဖွဲ့ထဲ သိမ်းသွင်းရန်။

(၂) ဧကရီကို နှောင့်ယှက်ဖျက်ဆီးရန် (သူတို့သတ်မှတ်ထားသည့် ဧကရာဇ်စစ်စစ် မဟုတ်ဟု ယူဆလျှင်)။

မုန့်ချင်ကျိုးက ပုံမှန်ဆိုလျှင် ဘေးမှသာ ကြည့်နေမည် ဖြစ်သော်လည်း အခုတော့ သူ့ဇနီးက ဧကရီ၏ နန်းတော်မှာ ခိုလှုံနေရသည် မဟုတ်ပါလား။ ဇနီးသည်အပေါ် ထားရှိသည့် ဧကရီ၏ ကျေးဇူးကို သူက ပြန်ဆပ်ရပေမည်။

ကောင်းကင်ကြည့်ဆောင်၏ ပူးပေါင်းကြံစည်မှုကို ဟန့်တားနိုင်လျှင် ဧကရီဆီမှ ရခဲ့သည့် နန်းတွင်း နတ်ဘုရားရေစင်အတွက် ကျေးဇူးကို ဆပ်ပြီးသား ဖြစ်ပေလိမ့်မည်။

သို့သော် ကောင်းကင်ကြည့်ဆောင်က အလွန်အင်အားကြီးသဖြင့် မုန့်ချင်ကျိုးအနေဖြင့် သူတို့ကို အတိအလင်း ရန်မစချင်ပေ။

သူတို့ကို အတိအလင်း ရန်မစဘဲ ဘယ်လို ဟန့်တားရမလဲ...

"မဟာမိတ်တွေကြားမှာ ရိုးသားဖို့ လိုတာ အမှန်ပါပဲ။ ဒါပေမဲ့ မကြာသေးခင်က မဟာကျင်းဟာ ရန်သူတွေ ဝိုင်းနေတယ်။ တစ်လအတွင်းမှာပဲ တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း တိုင်းပြည်တွေကို တိုက်ခိုက်ခဲ့တာ ခင်ဗျားတို့လည်း သိမှာပါ"

"လူတိုင်းရဲ့ ပစ်မှတ် ဖြစ်နေတဲ့အချိန်မှာ အရှင်မရဲ့ နန်းတော်ထဲမှာ သူလျှိုတွေ ရှိနေနိုင်တယ်။ ခင်ဗျားတို့ ဒီလောက်လူအများကြီး ရှေ့မှာ အစီအစဉ်တစ်ခုလုံးကို ချပြခိုင်းနေတာက..."

မုန့်ချင်ကျိုးက ရှေ့သို့ လျှောက်သွားကာ လီကွမ်ယန်၏ ပုခုံးကို ပုတ်ရင်း ပြုံးလျက် ပြောလိုက်သည်။ "အစ်ကိုကြီး... ခင်ဗျားက အရှင်မကို အကြပ်ရိုက်အောင် လုပ်နေတာပဲ။"

လီကွမ်ယန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။

ထိုခဏ၌ မုန့်ချင်ကျိုး လီကွမ်ယန်၏ ပုခုံးကို ပုတ်လိုက်စဉ် သူ၏ အင်္ကျီလက်ထဲမှ သေးငယ်လှသော ဓာအသိတစ်ခုမှာ အပ်တစ်စင်းကဲ့သို့ လီကွမ်ယန်၏ လက်မောင်းကို ထိုးဖောက်သွားသည်။

ထိုနေရာက... ဆေးမင်ကြောင် ရှိသောနေရာပင်။

ကောင်းကင်ကြည့်ဆောင်၏ အဖွဲ့ဝင်တိုင်းတွင် သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ အထူးမျက်လုံး ကျင့်စဉ်ဖြင့်သာ မြင်နိုင်သည့် ဆေးမင်ကြောင်တစ်ခု ရှိကြသည်။

"မင်း..." လီကွမ်ယန်၏ အမူအရာမှာ အေးစက်သွား၏။

သို့သော် ဤနန်းတွင်းထဲတွင် အတိုးဆုံး အသံပင်လျှင် အားလုံး ကြားနိုင်လောက်အောင် ကျယ်လောင်လှသည်။ အမတ်များအားလုံးမှာ သူတို့ကို ထူးထူးဆန်းဆန်း စိုက်ကြည့်နေကြသည်။

နန်းတွင်းအမတ်များမှာ ဇဝေဇဝါ ဖြစ်နေကြသော်လည်း ဧကရီ၏ မူဝါဒကို သိထားကြသဖြင့် ငြိမ်နေကြသည်။ ဝန်ထမ်းရေးရာဝန်ကြီးကမူ ဧကရီကို လှမ်းကြည့်လိုက်သည်။

ဧကရီက မေးစေ့ကို လက်ဖြင့်ထောက်ကာ ထိုဇာတ်လမ်းကို စိတ်ဝင်တစား ကြည့်နေသည်။ သူက ဝန်ကြီးကို ကြည့်ကာ နှုတ်ခမ်းနီနီလေးကြားတွင် လက်ညှိုးလေးတင်၍ တိုးတိုးနေဟူသည့် အမူအရာ လုပ်ပြလိုက်သည်။

ဝန်ကြီးက ခေါင်းညိတ်ကာ ဘေးနားမှသာ အသာကြည့်နေတော့သည်။ အမတ်အချို့ကလည်း အချင်းချင်း သတိပေးနေကြသည်။ "ဒါက ဓားသူတော်စင်ရဲ့ ဖျော်ဖြေမှုပဲ၊ ဝင်မနှောင့်ယှက်နဲ့…"

"မမေးနဲ့ဦး။ နောက်မှ သီးသန့်စကားပြောကြတာပေါ့…" မုန့်ချင်ကျိုးက လေသံတိုးတိုးဖြင့် လီကွမ်ယန်ကို မျက်မှောင်ကြုတ်ပြလိုက်သည်။ ထိုအမူအရာမှာ “ငါတို့က တစ်ဖက်တည်းသားတွေပဲ”ဟု ပြောနေသကဲ့သို့ပင်။

လီကွမ်ယန်နှင့် ဝမ်ရှန်းကျားတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မုန့်ချင်ကျိုးအပေါ် အမြင်များ ချက်ချင်း ပြောင်းလဲသွားသည်။

အချိန်နဲနေရာလွတ် ဓားသူတော်စင်က ကောင်းကင်ကြည့်ဆောင်ထဲကို အရင်ရောက်နှင့်နေတာလား။

ဝမ်ရှန်းကျားက စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်မိသည်။

ဒါကြောင့်ကိုး။ တောရိုင်းမြေရဲ့ နံပါတ်(၁) ပါရမီရှင်လို့ ခေါ်ခံရတဲ့ ဓာသူတော်စင်က ကောင်းကင်ကြည့်ဆောင် လူကြီးတွေရဲ့ သိမ်းသွင်းမှုကို ခံထားရပြီးသားပဲ ဖြစ်ရမယ်။ သူတို့ခေါ်တာကို ငြင်းရင် သေရမှာလေ။

…

All Chapters