← Chapters

အခန်း ၃၉၂

Vol. 27 Ch. 392

အခန်း ၃၉၂

Vol. 27 Ch. 392

အပိုင်း(၃၉၂) ကောင်းကင်ကြည့်ဆောင်မှလက်ဆောင်နှင့် တုံ့ပြန်မည့်ဗျူဟာ

နောက်တစ်နေ့။

မဟာကျင်းတိုင်းပြည်က နတ်ဘုရားများကို အနိုင်ယူခဲ့ခြင်း၊ ဧကရာဇ် ပြန်လည်ရောက်ရှိလာပြီး နတ်ဘုရားရာနှင့်ချီကို ချေမှုန်းလိုက်ခြင်းဆိုသည့် သတင်းများက နယ်မြေနှစ်ခုစလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အိပ်မက်ထဲကနေ ရုတ်တရက် နိုးထလာကြသူများသည် ဤသတင်းကို ကြားလိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

ဧကရာဇ်ပြန်ရောက်လာပြီ၊ ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြနိုင်ခဲ့လေပြီ။ နတ်ဘုရားများကို ချေမှုန်းနိုင်ခဲ့ပြီ။

နတ်ဘုရားတွေကို သင်္ဂြိုဟ်နိုင်တဲ့စွမ်းအား ရှိသွားပြီတဲ့လား။

အိပ်မက်ထဲမှာတင် ထိတ်လန့်တုန်လှုပ်နေခဲ့ရပြီး ကမ္ဘာ့အကြီးအကဲ ဖြစ်နေတာကို မသိလိုက်ကြဘူးပေါ့။

တောရိုင်းမြေအပေါ် အမြင်မကြည်ခဲ့ကြသော ကောင်းကင်ပြည်နယ်မှ ကျင့်ကြံသူများသည်ပင်လျှင် အကြွင်းမဲ့ လက်ခံသွားကြသည်။ မဟာကျင်းဧကရာဇ်က လူသားမျိုးနွယ်ကို ပျက်စီးစေမည့် အကျပ်အတည်းကို အဆုံးသတ်ပေးခဲ့သောကြောင့် သူ၏ကျေးဇူးတရားမှာ လူသားဧကရာဇ်နှင့်ပင် ယှဉ်နိုင်လေသည်။

ပထမဆုံးလူသားဧကရာဇ်သည် လူသားမျိုးနွယ်၏ခေတ်ကောင်းကြီးကို ဖန်တီးခဲ့ပြီး၊ မဟာကျင်း ဧကရာဇ်သည် နတ်ဘုရားများ၏ ဘေးအန္တရာယ်ကို အဆုံးသတ်ပေးခဲ့သည်။ တစ်နည်းအားဖြင့် ပြောရလျှင် မဟာကျင်းဧကရာဇ်၏ ကျေးဇူးတရားမှာ လူသားဧကရာဇ်ထက်ပင် ပိုမိုကြီးမားနေ၏။

တစ်ခဏချင်းမှာပင် ကောင်းကင်ပြည်နယ်မှ ပြည်သူများနှင့် ကျင့်ကြံသူများသည် သဘောထားများ တဖြည်းဖြည်း ပြောင်းလဲလာကြသည်။ မဟာကျင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ရာမှ လေးစားမှုများ ရှိလာပြီး ယခုအခါတွင်မူ များစွာသောသူတို့သည် ဧကရာဇ်ကို ကိုးကွယ်လာကြကာ ဧကရာဇ်နှင့် ဧကရီတို့အတွက် ဗိမာန်များ တည်ဆောက်လာကြသည်။

ထိုနေ့တွင်။

မဖိတ်ခေါ်ဘဲ ဧည့်သည်တစ်ယောက် မဟာကျင်းမြို့တော်သို့ ဆိုက်ရောက်လာ၏။

ကောင်းကင်ကြည့်ဆောင်၏ ဒုတိယမြောက် နန်းဆောင်သခင် ချီကျိပင်။ သူက ရှေးခေတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူဖြူနှင့် ရုပ်ရည်ကြည်လင်ကာ မျက်လုံးများက အလွန်ပင် တောက်ပနေသည်။ မြို့တော်အပြင်ဘက်တွင် ပေါ်လာပြီး လက်နှစ်ဖက်ကို ယှဉ်တွဲလျက် ပြောလိုက်သည်။

"ဝမ်းမြောက်စရာပါပဲ။ အချိန်-နေရာလွတ် ဓားသူတော်စင် ကောင်းကင်နယ်ပယ်ကို သက်သေပြနိုင်ပြီး မဟာတာအိုပြည့်စုံသွားခြင်းအတွက် ဂုဏ်ပြုပါတယ်။"

"ငါက ကောင်းကင်ကြည့်ဆောင်ဂိုဏ်းချုပ်၏အမိန့်အတိုင်း လက်ဆောင်တစ်ခုကို ယူဆောင်လာတာပါ။ ဧကရာဇ်နဲ့ဧကရီတို့ လက်ခံပေးကြဖို့ တောင်းဆိုပါတယ်။"

တစ်နှစ်ကျော်ကြာ ပုန်းကွယ်နေခဲ့သော ကောင်းကင်ကြည့်ဆောင်က ပြန်လည်၍ ထွက်ပေါ်လာပြီး ခရီးရှည်ကြီးကို ခက်ခက်ခဲခဲ ဖြတ်သန်းကာ မြို့တော်သို့ ရောက်လာခြင်းသည် မည်သည့်ရည်ရွယ်ချက်ရှိသည်ကို လူတိုင်းနားလည်ပြီးသား ဖြစ်သည်။

ဧကရာဇ်ပြန်ရောက်လာသည့် ဒုတိယနေ့မှာပင် ကောင်းကင်ကြည့်ဆောင်က အလောတကြီး ထွက်လာပြီး ပထမဆုံးအကြိမ် လက်ဆောင်လာပေးခြင်း ဖြစ်သည်။

ဧကရာဇ်ကို ရည်ရွယ်၍ ရောက်လာခြင်း ဖြစ်သည်မှာ အသေအချာပင်။

ချီကျိသည် သူ၏အင်္ကျီလက်ထဲမှ သစ္စာခံစာတမ်းတစ်စောင်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။

"ဒါက ကောင်းကင်ပြည်နယ်ရှိ အင်အားကြီးအဖွဲ့အစည်းတွေ၊ မိသားစုတွေ၊ ကောင်းကင်မဟာမိတ် အဖွဲ့တို့ရဲ့ သစ္စာခံစာတမ်းပါ။ ဒီနေ့ကစပြီး မဟာကျင်းတိုင်းပြည်ရဲ့လက်အောက်မှာ တည်ရှိပြီး အမိန့်နာခံကာ သေသည်အထိ သစ္စာရှိပါ့မယ်။"

ထိုစကားကို ကြားသောအခါ မြို့တော်အတွင်းရှိ ပြည်သူများမှာ စိတ်လှုပ်ရှားသွားကြ၏။

ဧကရာဇ်၏အရှိန်အဝါကြောင့် ကောင်းကင်ပြည်နယ်က အလိုလို အညံ့ခံလာသည်ဟု ထင်မှတ်ကာ ငြိမ်းချမ်းသောခေတ်ကောင်းကြီး ရောက်လာတော့မည်ဟု မျှော်လင့်နေကြသည်။

ရှေးခေတ် လူသားဧကရာဇ်တုန်းကလည်း လူသားမျိုးနွယ်အားလုံး၏ သစ္စာခံယူမှုကို ရယူခဲ့ပြီးမှသာ ဧကရာဇ်ရာထူးကို တက်လှမ်းခဲ့ခြင်း ဖြစ်သည်။ ယခုအခါ မဟာကျင်းတိုင်းပြည်မှာလည်း လူတို့၏မျှော်လင့်ချက် ဖြစ်နေပြီဖြစ်ရာ ဒုတိယမြောက် လူသားဧကရာဇ် ခေတ်ကောင်းကြီး ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်သည်။

မဟာကျင်း၏ အဓိကအနှစ်သာရဖြစ်သော ပစ္စုပ္ပန်ရွာရှိ ရွာသားများသာလျှင် ချီကျိ၏ လက်ဆောင် နောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်နေကြသည်။

ပစ္စုပ္ပန်ရွာ။

ရွာထိပ် သစ်ပင်အောက်တွင် ပုံပြင်ပြောသူက ပစ္စည်းများကို ခင်းကျင်းထားပြီး လက်ဖက်ရည်ကြမ်းလေး သောက်ကာ ပုံပြင်ပြောနေသည်။ ချီကျိရောက်လာပြီးနောက် သူက ကလေးငယ်များကို အိမ်သို့ ပြန်လွှတ်လိုက်ပြီး မေးစေ့ကိုပွတ်သပ်ရင်း မျက်လုံးများကို စူးရှစွာ ငေးကြည့်လိုက်သည်။

"ကောင်းကင်ပြည်နယ်က အင်အားကြီးအဖွဲ့အစည်းတွေရဲ့ သစ္စာခံစာတမ်းတွေ ပေးတယ်။ အကြံအစည် မကောင်းဘူး။"

"နယ်မြေတစ်ခုရဲ့ ကံကြမ္မာဆိုတာ သက်ရှိတွေအပေါ်မှာပဲ မူတည်တယ်။ သက်ရှိတိုင်းမှာ ကံကြမ္မာတွေ ရှိနေကြပြီး သူတို့တွေ စုစည်းလိုက်တဲ့အခါမှာပဲ ကံကြမ္မာအာဏာစက်ဆိုတာ ဖြစ်လာတာပဲ။"

"တကယ်လို့ ကောင်းကင်ပြည်နယ်က အဖွဲ့အစည်းတွေ သက်ရှိတွေအားလုံးက အညံ့ခံတယ်ဆိုရင် ကောင်းကင်ပြည်နယ်ရဲ့ ကံကြမ္မာက တောရိုင်းမြေရဲ့ကံကြမ္မာနဲ့ အလိုလို ပေါင်းစပ်သွားလိမ့်မယ်။"

"ကောင်းကင်ကြည့်ဆောင်ရဲ့လုပ်ရပ်က အတင်းအကျပ် ဖိအားပေးတာပဲ။ လက်ခံလိုက်ရင် နယ်မြေနှစ်ခု ပေါင်းစပ်သွားမယ်။ ကောင်းကင်တာအိုရဲ့ ရုပ်သေးရုပ်ဖြစ်တဲ့ လူသားဧကရာဇ်က ပေါ်ပေါက်လာလိမ့်မယ်။ လက်မခံရင် တောရိုင်းမြေပြည်သူတွေကို ဘယ်လိုရှင်းပြမလဲ။"

"ဒီကိစ္စတွေကို လူသိရှင်ကြား ပြောလို့မှမရတာ။ အဲဒါဆိုရင် လူတွေ ကြောက်လန့်သွားလိမ့်မယ်။"

"အင်း... ခက်ခဲလိုက်တာ။"

သစ်ပင်ကြီး၏ တစ်ဖက်ခြမ်းရှိခုံပေါ်တွင် လဲလျောင်းနေပြီး တစ်ကိုယ်လုံး ပတ်တီးများဖြင့်ပတ်ထားသော ချင်းဖုန်းဟော်က ညည်းညူလိုက်သည်။

"ကောင်းကင်ကြည့်ဆောင်က ဘာလုပ်ချင်နေတာလဲ။"

"ဧကရာဇ်ကို အရမ်းဂရုစိုက်နေပုံပဲ။ အမြဲတမ်း ဧကရာဇ်ကို ကောင်းကင်တာအိုနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ တွန်းအားပေးနေတာ။ ဒီကောင်တွေ မသေမချင်း ဒီလောကကြီးမှာ ငြိမ်းချမ်းရေးဆိုတာ မရှိနိုင်ဘူး။"

ပစ္စုပ္ပန်ရွာ ရွာသားများသည် ဧကရာဇ် မည်သို့ရွေးချယ်မည်ကို စိုးရိမ်နေကြသည်။

လက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ မဟာကျင်းတိုင်းပြည်အတွက် ကောင်းမွန်သောကိစ္စ မဟုတ်ပေ။

မဟာကျင်းတိုင်းပြည်က လုပ်ချင်သည်မှာ ငြိမ်းချမ်းသော ခေတ်ကောင်းကြီးကို တည်ဆောက်ရန်၊ သက်ရှိအားလုံး လွတ်လပ်မှု ရှိစေရန်၊ မည်သူ့၏ထိန်းချုပ်မှုအောက်တွင်မှ မရှိစေရန် ဖြစ်သည်။

မဟာကျင်းတိုင်းပြည်ကိုယ်တိုင်က ကောင်းကင်တာအို၏ ထိန်းချုပ်မှုအောက်တွင် ရောက်နေမည်ဆိုလျှင် လူသားမျိုးနွယ်ကို မည်သို့ လွတ်လပ်မှုရှိအောင် ဦးဆောင်နိုင်မည်းနည်း။

"မြောင်းထဲကကြွက်စုတ်တွေ။ ခြေထောက်ပေါ် ဖားတက်လာတာလိုမျိုးပဲ၊ ကိုက်မှာတော့ မဟုတ်ပေမယ့် စိတ်ညစ်ဖို့ ကောင်းလိုက်တာ။" ခူကျင်းက ဒေါသတကြီး ဆဲဆိုလိုက်သည်။

"ဒါကမှ တာအိုရဲ့ စိတ်နေသဘောထားပဲ။" လင်းလုက လက်မထောင်ပြလိုက်သည်။

ခူကျင်းက မေးစေ့ကိုပွတ်သပ်ရင်း လင်းလု၏တုံ့ပြန်မှုကို အလွန်ပင် ကျေနပ်နေပုံရကာ မျက်စပစ်ပြလိုက်သည်။ "ဒါပေါ့ တာအိုဘာသာမှာက စိတ်ထဲရှိတာကို တိုက်ရိုက်ပြောဖို့ပဲ။ စိတ်ထဲမှာ အညှိုးအတေးတွေ ထားနေရင် လွတ်လပ်ပေါ့ပါးမှုဆိုတာ ရှိပါ့မလား။ စိတ်ထဲရှိတာ တိုက်ရိုက်ပြောရမှာပေါ့။"

"ငါ့မှာသာ စွမ်းအားလုံလောက်ရင် အခုချက်ချင်းထွက်သွားပြီး ဒီအဘိုးကြီးကို သင်ခန်းစာ ပေးလိုက်မှာ။"

ပစ္စုပ္ပန်ရွာသားများသည် ဤဖိအားပေးမှုကို မည်သို့လှည့်ကွက်ဖြင့် ဖြေရှင်းရမည်ကို တိုင်ပင်နေသည်။ ကောင်းကင်ကြည့်ဆောင်၏လက်ဆောင်ကို ငြင်းပယ်ရင်း တောရိုင်းမြေပြည်သူတွေကိုလည်း မထိခိုက်အောင် လုပ်ရန်မှာ မလွယ်ကူလှပေ။

မည်သို့ လွယ်ကူနိုင်မည်နည်း။

ဧကရာဇ် ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ ရောက်ရှိချိန်ကတည်းက ကောင်းကင်ကြည့်ဆောင်သည် ဖင်ကိုမီးရှို့ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး တောရိုင်းမြေနှင့် ကောင်းကင်ပြည်နယ်ကို ပေါင်းစပ်ရန် အဆက်မပြတ် ဖိအားပေးခဲ့သည်။

ကံကောင်းစွာဖြင့် ဧကရာဇ်က ကောင်းကင်ကြည့်ဆောင်၏ ရည်ရွယ်ချက်ကို ကြိုတင်၍ မြင်ထားခဲ့ပြီး အမြဲတမ်း ရှောင်လွှဲခဲ့သည်။ ယခုတွင် ဧကရာဇ် ကောင်းကင်နယ်ပယ်သို့ ရောက်ရှိသွားပြီကို သိလိုက်ရသောအခါ အလောတကြီးဖြင့် လာရောက်ဖိအားပေးခြင်း ဖြစ်သည်။

ပစ္စုပ္ပန်ရွာသားများ နည်းလမ်း ရှာဖွေနေစဉ်မှာပင်။

ဧကရာဇ်က ဦးစွာ တုံ့ပြန်လိုက်သည်။

မုန့်ချင်ကျိုးက ကိုယ်တိုင် မထွက်ပေါ်လာဘဲ ဟိန်းဟောက်သည့်အသံကြီးက ပဲ့တင်ထပ်သွားသည်။ "လွန်ခဲ့တဲ့တစ်နှစ်က ခင်ဗျားပေးတဲ့ လက်ဖက်ရည်တစ်ခွက်အတွက် အကျိုးကျေးဇူး အများကြီး ရခဲ့တယ်။ လက်ဆောင်ပြန်ပေးရမှာပေါ့၊။ ကျုပ်လည်း ခင်ဗျားအတွက် အခွင့်အရေးတစ်ခု ပေးမယ်"

ချီကျိ၏ အိုမင်းနေသောမျက်လုံးထဲတွင် စိတ်ပျက်မှုတစ်ချက် လင်းလက်သွားသည်။

လွန်ခဲ့တဲ့တစ်နှစ်က ကံကြမ္မာလက်ဖက်ရည်အကြောင်းကို ပြောရလျှင် သူ အလွန်ပင် စိတ်ညစ်လှသည်။ အချိန်-နေရာလွတ် ဓားသူတော်စင်ကို လှည့်စားခံလိုက်ရပြီး သောင်းနှင့်ချီသော ကံကြမ္မာလက်ဖက်ရည်များကို အကုန်သောက်လိုက်မိ၏။ နောက်မှသာ သတိဝင်လာခဲ့လေသည်။

သောင်းနှင့်ချီသော လက်ဖက်ရည်များကို ထိုအတိုင်း ကုန်ဆုံးစေခဲ့ရ၏။

"မလိုပါဘူး။ ဧကရာဇ်ရဲ့စေတနာကို လက်ခံပါတယ်။ ဧကရာဇ်အနေနဲ့ ကောင်းကင်ကြည့်ဆောင်ရဲ့ လက်ဆောင်ကို အမြန်လက်ခံပေးပါ။ ငါလည်း နန်းတော်ကိုပြန်ပြီး အစီရင်ခံစရာ ရှိပါသေးတယ်။" ချီကျိက လက်နှစ်ဖက်ယှက်၍ ပြောလိုက်သည်။

မြို့တော်၏ကောင်းကင်ယံတွင် ဧကရာဇ်၏ပုံရိပ်ကြီး ပေါ်လာသည်။ မျက်လုံးများက နေနှင့်လကဲ့သို့ တောက်ပနေပြီး ခန္ဓာကိုယ်ကြီးက ကောင်းကင်ကို ထောက်ထားသည်။ ချီကျိကို အထက်စီးမှကြည့်နေပြီး အေးစက်စက် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"ဧည့်သည်ဖြစ်တဲ့အတွက် အိမ်ရှင်စကား နားထောင်ရမှာပေါ့။ နောက်တစ်ခါ ထပ်ငြင်းရင်တော့ ကျုပ်ရဲ့ စေတနာကို အထင်သေးတာပဲ။ ခင်ဗျား တကယ်ပဲ ကျုပ်နဲ့ မျက်နှာချင်းဆိုင် ရန်ဖြစ်ချင်နေတာလား။"

ထိုစကားကို ကြားသောအခါ။

ချီကျိ၏မျက်နှာအမူအရာ တောင့်တင်းသွားပြီး အားနာစွာ ပြုံးလိုက်သည်။ "ကောင်းပါပြီ၊ ဒါဆိုရင်လည်း လက်ခံလိုက်ပါ့မယ်။ ဧကရာဇ်ရဲ့စေတနာအတွက် ကျေးဇူးတင်ပါတယ်။"

"ဧကရာဇ်အနေနဲ့ ငါ့ကို ဘာအခွင့်အရေးတွေ ပေးမှာလဲ"

သူက မည်သည့်အခွင့်အရေးဖြစ်မည်ကို မေးလိုက်သည်။

သို့သော် ဧကရာဇ်၏ပုံရိပ်ကြီးက စကားလုံးသုံးလုံးကိုသာ ထွက်ပေါ်လာသည်။

"အချိန်-နေရာလွတ် တာအို။"

ချီကျိ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ ပြောလိုက်သည်။ "ငါ့မှာ ဧကရာဇ်နဲ့ ဘာအငြိုးမှ မရှိဘူး။ ဒီနေ့ ဂုဏ်ပြုဖို့ ရောက်လာတာပါ။ ဘာလို့ ခြိမ်းခြောက်နေရတာလဲ။"

ဧကရာဇ်၏ ပုံရိပ်ကြီးက အေးစက်စွာဖြင့် ပြောလိုက်သည်။ "အချိန်-နေရာလွတ် တာအိုရဲ့ လျှို့ဝှက်ချက်တွေကို သင်ကြားပေးမယ်။ ကျုပ်ရဲ့ တစ်သက်တာအတွေ့အကြုံတွေကို စနစ်တကျနဲ့ ခင်ဗျားကို သင်ပေးမယ်။ ဒါက အခွင့်အရေးတစ်ခု မဟုတ်ဘူးလား။"

အချိန်-နေရာလွတ်တာအို၏ လျှို့ဝှက်ချက်အနှစ်သာရတွေ။

ချီကျိ ထိတ်လန့်သွားပြီး ချက်ချင်းပင် ရုတ်တရက် ရောက်ရှိလာသည့် ပျော်ရွှင်မှုကြောင့် ဦးနှောက် အလုပ်မလုပ်တော့ဘဲ အမြန်ပြောလိုက်သည်။ "တကယ်ပဲလား။"

အချိန်-နေရာလွတ်ဓားသူတော်စင်က အဘယ်ကြောင့် ကျော်ကြားရသနည်း။ ဓားသူတော်စင် ဆိုသည်မှာ နောက်တစ်ဆင့်သာဖြစ်ပြီး အချိန်-နေရာလွတ်တာအိုသာ အဓိကအကြောင်းရင်း ဖြစ်သည်။

ရှေးခေတ်ထိတိုင်အောင် မည်သူမှမကျင့်ကြံဖူးသော တားမြစ်ထားသည့် တာအိုကို လောကကြီးထဲတွင် မည်သူကများ စိတ်မဝင်စားဘဲ နေနိုင်မည်နည်း။

ချီကျိက ဤအထဲတွင် ပရိယာယ်များ ရှိနေကြောင်း တစ်ခုခုကို ဖမ်းဆီးရန် ထောင်ချောက်ဆင်ထားခြင်း ဖြစ်နိုင်ကြောင်း သိသည်။ သို့သော် ဤအခွင့်အရေးနှင့် ရင်ဆိုင်ရချိန်တွင် အနည်းငယ် အန္တရာယ်ရှိနေလျှင်ပင် လက်ခံနိုင်ပေသည်။

"ကျေးဇူးတင်ပါတယ် ဧကရာဇ်။" ချီကျိက စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်လိုက်သည်။

ဧကရာဇ်၏ ပုံရိပ်ကြီးမှာ မထင်မှတ်ထားသောအပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။”

...

All Chapters