အခန်း ၂၈၈
Vol. 20 Ch. 288
အပိုင်း(၂၈၈) စိတ်ပျက်အားငယ်နေခြင်း၊ အရုဏ်ဦးအသစ်
"ကြယ်တွေကိုရွှေ့ပြောင်းပြီး ဖယ်ရှားပစ်။"
လီယဲ့က သံတူကို ကိုင်ဆောင်ကာ ရှေ့သို့ လျှောက်လှမ်းလာပြီး ကြွက်သားများ ဖောင်းကြွနေသော သူ၏ လက်မောင်းကြီးကိုမြှောက်ကာ သံချေးတက်နေသောသံတူကြီးကို လွှဲယမ်းလိုက်ရာ လေထုကို ဖြတ်သွားသည့် စူးရှသော အသံတစ်သံ ထွက်ပေါ်လာလေ၏။
သံတူ၏ နောက်ပိုင်းတွင် အလင်းတန်းများနှင့် အရိပ်များ တွဲခိုနေသည်။ ၎င်း ကျဆင်းလာသောအခါ သံတူထောင်ပေါင်းများစွာက အနောက်မှ ကပ်ပါလာသကဲ့သို့ ဖြစ်နေပြီး နဂါးငွေ့တန်းက သံကြိုးတစ်ချောင်းကဲ့သို့ နှစ်ပိုင်းပြတ်သွားလေသည်။
"တားမြစ်စွမ်းအား။"
[အကျဉ်းချခြင်း - မိမိပတ်လည်တွင် စက်ဝိုင်းတစ်ခု ဆွဲခြင်း]
နဝမမြောက် နန်းဆောင်သခင်က အနည်းငယ် စိုးရိမ်ထိတ်လန့်နေပုံရသည်။ သူသည် လက်ညှိုးဖြင့် လေထဲတွင် ထူးဆန်းသော သင်္ကေတများကို ဆက်တိုက် ရေးဆွဲလိုက်ပြီး လက်ညှိုးတစ်ချက် ထိုးလိုက်သည်နှင့် ရွှေရောင်အဆောင်က လီယဲ့ကို မီတာအနည်းငယ် အကွာအဝေးအတွင်း ချက်ချင်း လှောင်ပိတ်လိုက်လေသည်။
သံတူက ၎င်း၏စွမ်းအားများကို စုစည်းထားပြီးပြီ ဖြစ်သည်။ မြားက လေးကြိုးပေါ်တွင် ရှိနေရာ ပစ်လွှတ်ရတော့မည် ဖြစ်သည်။
ဘုန်း။
မမြင်ရသော အတားအဆီးတစ်ခုအပေါ်သို့ သံတူဖြင့် ထုနှက်လိုက်ခြင်းသည် ဂွမ်းကို လက်သီးဖြင့် ထိုးလိုက်သကဲ့သို့ ဖြစ်နေပြီး အင်အားအားလုံး ချေဖျက်ခံလိုက်ရသည်။
ဂွပ်...
အကျဉ်းချခြင်းစွမ်းအားက ထုနှက်ချက် တစ်ချက်တည်းဖြင့် ချိုးဖျက်ခံလိုက်ရသော်လည်း လီယဲ့၏ အမြန်နှုန်းမှာ အနည်းငယ် နှေးကွေးသွားလေသည်။ ကံကောင်းထောက်မစွာပင် လီရွှမ်ကျင်းသည် သရဲ တစ်ကောင်ကဲ့သို့ လှုပ်ရှားလာပြီး မည်သည့်နှောင့်နှေးမှုမျှ မရှိဘဲ သူ၏တိုက်ခိုက်မှုကို ချက်ချင်း ဆက်လက် လုပ်ဆောင်လိုက်သည်။
ဓားအလင်းတန်းက အိမ်ခြေထောင်ပေါင်းများစွာ၏ အလင်းရောင်များကဲ့သို့ တောက်ပစွာ လင်းလက်လာပြီး သာယာဝပြောကာ ငြိမ်းချမ်းသော ခေတ်တစ်ခု၏ နက်ရှိုင်းသော အမွေအနှစ်ကို ဖော်ပြနေလေသည်။
နဝမမြောက် နန်းဆောင်သခင်က မျက်မှောင်ကြုတ်ကာ အကွာအဝေးတစ်ခုရရှိရန် မိုင်သောင်းချီ၍ နောက်ဆုတ်သွားပြီး အော်လိုက်သည်။
"နတ်ဘုရားတာအို၊ အမှတ်စဉ် (၁၀၂)စွမ်းအား။"
"ဒြပ်ငါးပါး စွမ်းအား၊ သတ္တုဒြပ် - ထက်မြက်ခြင်း။"
"နတ်ဘုရားတာအို၊ အမှတ်စဉ် (၁၀၃)စွမ်းအား။"
"ဒြပ်ငါးပါး စွမ်းအား၊ မြေကြီး - နက်နဲပြီး လေးလံခြင်း။"
"နတ်ဘုရားတာအို၊ အမှတ်စဉ် (၁၀၄)စွမ်းအား။"
"ဒြပ်ငါးပါး စွမ်းအား၊ ရေ - အားနည်းသောရေ။"
"အမှတ်စဉ် ၁၀၅... မီးစွမ်းအား - မိစ္ဆာမီးတောက်။"
"အမှတ်စဉ် ၁၀၆... သစ်သားစွမ်းအား - အသက်စွမ်းအင်။"
တစ်ခဏချင်းမှာပင်။
နဝမမြောက် နန်းဆောင်သခင်၏ အရှိန်အဝါမှာ ရုတ်တရက်ပင် ပြောင်းလဲသွားလေသည်။ သူသည် အလွှာလိုက် ကွဲကြေနေသော ဓားအလင်းတန်းများကို မှောက်လှန်ပစ်နိုင်သည့် လက်သီးတစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ အချို့မှာ လွတ်မြောက်သွားနိုင်သော်လည်း သူ၏ခံစစ်ကို မဖောက်ထွင်းနိုင်ခဲ့ပေ။ သူ့ကို မြေကြီးနှင့်သစ်သားဟူသော ခံစစ်စွမ်းအား နှစ်ခုအပြင် သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို [အလယ်အလတ် ဟုန်းမုန့်ဖန်တီးခြင်းသွေးကြော] နှင့် တန်းတူနီးပါးဖြစ်သော သူတော်စင်ခန္ဓာကိုယ်အဆင့်အထိ မြှင့်တင်ပေးသည့် [အသွေးအသား] နှင့် [စစ်ပွဲ] စွမ်းအားများဖြင့်ပါ စွမ်းအားမြှင့်တင်ထားလေသည်။
ဖွပ်...
"စိတ်ဝင်စားစရာပဲ။"
နဝမမြောက် နန်းဆောင်သခင်က ပါးပြင်ပေါ်ရှိ ပြတ်ရှဒဏ်ရာမှ သွေးစက်ငယ်လေးကို သုတ်လိုက်ပြီး နှုတ်ခမ်းများပေါ်တွင် ဂရုမစိုက်သော အပြုံးတစ်ခု ပေါ်လာလေသည်။
ဝှစ်။
သေနတ်ပစ်သံကဲ့သို့ အသံတစ်ခုက သူ၏နောက်မှ ပဲ့တင်ထပ်လာပြီး၊ မျက်စိတစ်မှိတ်တွင်း သူ့အနားသို့ ရောက်ရှိလာသည်။
လှံထိပ်ဖျားက နဝမမြောက်နန်းဆောင်သခင်၏ခေါင်းကို ထိုးဖောက်တော့မည့် အချိန်တွင်၊ ရယ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဘိုးဘေး(၃)ယောက် ပူးပေါင်းလိုက်တော့ ငါ့ကို တော်တော်လေး ဒုက္ခပေးနိုင်တာပဲ။"
လျှပ်စီးလိုမြန်ဆန်သော လှံက လိပ်တစ်ကောင်တွားသွားသကဲ့သို့ ရုတ်တရက် အလွန် နှေးကွေးသွား၏။
[အမြန်နှုန်းစွမ်းအား - နှေးကွေးခြင်း]။
နဝမမြောက်နန်းဆောင်သခင်သည် နောက်သို့ လှည့်ကာ သူ၏မျက်ဆံမှ တစ်စင်တီမီတာ အောက်သာ ဝေးတော့သော လှံထိပ်ဖျားကို ကြည့်ပြီး လက်ချောင်းဖြင့် ညင်သာစွာ ခေါက်လိုက်သည်။
ပြတ်သားပြီး အက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။
ဉာဏ်အလင်း စစ်နတ်ဘုရားသည် ချူရှီရန်နှင့်အတူ လွင့်ထွက်သွားပြီး စကြဝဠာ၏ အစွန်းသို့ ရောက်သည်အထိ ကြယ်ပေါင်းများစွာကို ချေမှုန်းသွားလေသည်။
"အရမ်း အစွမ်းထက်တာပဲ။"
"လုံးဝ အားနည်းချက်မရှိဘဲ အရာအားလုံးကို စွမ်းဆောင်နိုင်သလိုပဲ။"
လီယဲ့က ရင်ဘတ်ကို ဖိကိုင်ထားကာ မျက်လုံးများတွင် မျှော်လင့်ချက်ကင်းမဲ့မှု အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။
ဒီလိုရန်သူမျိုးကို ငါတို့ ဘယ်လို တိုက်ခိုက်နိုင်မှာလဲ။
အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိဘူး။
"ဟေး။ အဘိုးကြီးလီ... မင်းကတိပေးထားတဲ့ အကူအညီ ဘယ်မှာလဲ။ ငါ ဆက်ပြီးတော့ တောင့်မခံနိုင်တော့ဘူး။"
ချူရှီရန်က ယိုင်နဲ့ယိုင်နဲ့ နောက်သို့လွင့်သွားပြီး သူ၏ခန္ဓာကိုယ်မှာ စုတ်ပြတ်သတ်နေကာ နေရာအနှံ့မှ လေများ ယိုစိမ့်နေပြီး သွေးများက စမ်းချောင်းတစ်ခုလို စီးကျနေလေသည်။
"တောင့်ခံထား..."
လီရွှမ်ကျင်းက မျက်မမြင်ဖြစ်သွားသော်လည်း သူ၏ နတ်ဘုရားအာရုံကို အသုံးပြုနိုင်သေးပြီး သူသည် ဦးတည်ချက်တစ်ခုကိုသာ အာရုံစိုက်နေလေသည်။
သူက အနက်ရောင်ဝတ်လူငယ်ကို စောင့်ကြည့်နေခြင်းပင်။
သူက လှုပ်ရှားရန် ဆန္ဒရှိလျှင် သူတစ်ယောက်တည်းကသာ အခြေအနေကို ပြောင်းပြန်လှန်နိုင်ပေမည်။
လီရွှမ်ကျင်းက အချိန်-နေရာလွတ် ဓားသူတော်စင် သေချာပေါက် လှုပ်ရှားလိမ့်မည်ဟု ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် သူက အရိပ်အမြွက်များ ကြိုတင်ပေးထားခဲ့သောကြောင့်ပင်...
မုန့်ချင်ကျိုး လီမိသားစုရွာသို့ ဝင်ရောက်လာပြီး သူ၏ သရုပ်မှန်ကို သိရှိသွားကတည်းက ပြည့်စုံသော အစီအစဉ်တစ်ခုကို သူ စဉ်းစားခဲ့ပြီးပြီ ဖြစ်သည်၊ ထို့ကြောင့် သူ့ကို အရာအမျိုးမျိုးအတွက် ဆက်တိုက် အရိပ်အမြွက် ပေးနေခဲ့ခြင်း ဖြစ်သည်။
သို့သော် မုန့်ချင်ကျိုး၏ဉာဏ်ရည်မှာ မျှော်လင့်ထားသည်ထက် အနည်းငယ် ပိုများနေ၏။ လီရွှမ်ကျင်းက သတင်းအချက်အလက် ပိုမိုမဖော်ပြနိုင်မီမှာပင် မုန့်ခင်ကျိုးက အများစုကို ခန့်မှန်းပြီးနေပြီ ဖြစ်သည်။
ထို့အပြင်။
သူသည် မုန့်ချင်ကျိုးကို အမြဲတမ်း အလွန်အရေးပါသူအဖြစ် သတ်မှတ်ခဲ့သည်။ ဤအချိန်အတွင်း သူက ချင်လွမ်ဘိုးဘေး၏ အဓိကတာအိုနိယာမများကို အသုံးပြု၍ အကြိမ်ကြိမ် စောင့်ကြည့်ခဲ့သည်။ တစ်ကြိမ်မက တစ်ဖက်လူထံမှ လီတိုင်ယွမ်ကိုပစ်မှတ်ထားသည့် အလွန်ဖျော့တော့သော သတ်ဖြတ်လိုစိတ်ကို အာရုံခံမိခဲ့သည်။
ထို့ကြောင့်…
လီရွှမ်ကျင်းက သူ လှုပ်ရှားလိမ့်မည်ဟု အခိုင်အမာ ယုံကြည်နေလေသည်။ သူသည် နှစ်ဖက်စလုံး သူသေကိုယ်သေ တိုက်ခိုက်နေကြသည်ကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး ဖြစ်နိုင်ပြီး ထိုမှသာ အကျိုးအမြတ်များကို သူ ရိတ်သိမ်းနိုင်မည် ဖြစ်သည်။
သို့သော် ဤအရာတစ်ခုမှ အရေးမကြီးပေ။ နဝမမြောက် နန်းဆောင်သခင်ကို သတ်နိုင်သရွေ့ ကောင်းကင်ကြည့်ဆောင်၏ စုံစမ်းစစ်ဆေးမှုကို ရှောင်ရှားရန်အတွက် ချင်လွမ်ဘိုးဘေး၏ အဓိက တာအိုနိယာမများကို ယွမ်ယန်နယ်ပယ်ထဲသို့ ပေါင်းစပ်ရန် လိုအပ်တော့မည် မဟုတ်ပေ။ ထိုအချိန်ကျလျှင် ချင်လွမ်ဘိုးဘေး၏ အဓိကတာအိုနိယာမများ တာဝန်ယူထားသည့်အတွက် အချိန်-နေရာလွတ် ဓားသူတော်စင်က ရက်ရက်စက်စက် သတ်ဖြတ်မှုများ မလုပ်ရဲလောက်ပေ။
လီရွှမ်ကျင်းသည် လွန်ခဲ့သော (၁၀)ကတည်းက အသေးစိတ် အချက်အလက်များ အားလုံးကို တွေးတောခဲ့ပြီးဖြစ်ကာ မိုးကြိုးပစ်ချသကဲ့သို့ တိုက်ခိုက်မှုတစ်ခု ပေးအပ်ရန် ယနေ့ကိုသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
"ပျော်လို့ဝပြီ။"
"မင်းတို့အားလုံးက ဒီအဆင့်လောက်ပဲ ရှိတာပဲ။ ကဲ၊ သွားကြတော့။"
နဝမမြောက် နန်းဆောင်သခင်က လက်ငါးချောင်းကိုဖြန့်ကာ လီယဲ့ဆီသို့ အဝေးမှဆုပ်ကိုင်လိုက်သည့် ဟန်အမူအရာ ပြုလုပ်ကာ စကားလုံး လေးလုံးကို ရေရွတ်လိုက်သည်။
"အားနည်းသောရေ။"
"မိစ္ဆာမီးတောက်။"
အချင်းချင်း တွန်းကန်နေသော အစွန်းရောက်စွမ်းအား နှစ်ခုသည် လီယဲ့၏ခန္ဓာကိုယ်ကို ရစ်ပတ်သွားပြီး အောက်ဘက်မှတက်လာသော စပါးအုံးမြွေကြီးနှစ်ကောင်ကဲ့သို့ သူ့ကို တဖြည်းဖြည်း လည်ပင်းညှစ်လာသည်။
သူ၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံး မြေမှုန့်အဖြစ် ပြောင်းလဲသွားလေသည်။
လီယဲ့က နာကျင်စွာ ဟိန်းဟောက်လိုက်ပြီး လက်ထဲရှိသံတူသည် ကောင်းကင်မှ ပြုတ်ကျသွားကာ သူ၏ ဒွါရ(၇)ပေါက်မှ သွေးများပန်းထွက်လာပြီး နဖူးတွင် ပုန်းကွယ်နေသော အသိဉာဏ်ပင်လယ်၌ အက်ကြောင်းများ ပေါ်လာလေသည်။
ဤအခြေအနေကို မြင်သောအခါ။
လီမိသားစု၏ လူငယ်မျိုးဆက်များနှင့် အဆင့်မြင့် အဖွဲ့ဝင်အားလုံးက အမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ "ဘိုးဘေး…"
လုံမိသားစု၏မိခင်ကြီးနှင့် အမြွှာညီအစ်မနှစ်ဦးသည်လည်း စိုးရိမ်ပူပန်နေကြပြီး စိုက်ကြည့်နေသည်။ မိသားစု၏ မဏ္ဍိုင်သုံးခုအနက် တစ်ခု ပြုတ်ကျသွားပါက ကျန်နှစ်ခုမှာ ပို၍မြန်မြန် သေဆုံးသွားလိမ့်မည်ဟူသော အခြေခံသဘောတရားကို လူတိုင်း နားလည်ကြသည်။
"အစ်မ... ငါတို့ ဘာလုပ်သင့်လဲ။ ငါ မသေချင်ဘူး။" လုံမြောင်ဟွာ၏ ပုံမှန်ထူးဆန်းပြီး လိမ္မာပါးနပ်သော အသွင်အပြင်မှာ ပျောက်ကွယ်သွားပြီး လုံမြောင်ယင်၏လက်မောင်းကို ဖက်ထားကာ ဖြူရော်သွားလေသည်။
လုံမြောင်ယင်က ညီမဖြစ်သူ၏ကျောကို ပုတ်ပေးလိုက်ပြီး အသံမှာ တုန်ရီနေသော်လည်း တတ်နိုင်သမျှ တည်ငြိမ်အောင် ကြိုးစားကာ တိုးညင်းစွာ ပြောလိုက်သည်။ "မကြောက်ပါနဲ့။ အစ်မ ဒီမှာ ရှိပါတယ်။ ငါ နင့်ကို ကာကွယ်ပေးမှာပါ။"
ရောက်ရှိနေသော မိသားစု(၄)ခုသည် သူတို့၏စိတ်ဓာတ်နှင့် ဂုဏ်ယူမှုများ စုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်နေလေသည်။
ယွမ်ယန်နယ်နယ်ထဲသို့ ဤမျှ အရေးကြီးသောပွဲတစ်ခုတွင် ပါဝင်ရန် ခေါ်ဆောင်လာခံရသူများမှာ အားလုံးက ထူးချွန်သော ပါရမီရှင်များ ဖြစ်ကြသည်။
သူတို့က လမ်းတစ်လျှောက်တွင် ရှုံးနိမ့်မှုများကို တွေ့ကြုံရခဲသည်။
မုန်တိုင်းများစွာကို မြင်ဖူးသော်လည်း ၎င်းတို့မှာ အန္တရာယ် မရှိခဲ့ပေ။ စစ်မှန်သော သေခြင်းရှင်ခြင်း အကျပ်အတည်းတစ်ခုကို တစ်ခါမှ မရင်ဆိုင်ခဲ့ရဖူးပေ။
ယခုအခါတွင် သူတို့လည်း တည်ငြိမ်အောင် မနေနိုင်တော့ဘဲ တစ်ယောက်ချင်းစီတိုင်းက လမ်းကြောင်း ပျောက်ဆုံးသွားသော ပဲ့ကိုင်ရှင်များကဲ့သို့ ရှုပ်ထွေးပြီး ကူကယ်ရာမဲ့ဖြစ်နေကာ ကျယ်ပြောလှသော သမုဒ္ဒရာကို ငေးမောကြည့်နေကြလေသည်။
"နောက်ဆုံးတော့ ဒါက ငါ လွတ်မြောက်လို့မရနိုင်တဲ့ ကံကြမ္မာပဲလား။" လင်းမိသားစုခေါင်းဆောင်က မျက်လုံးများကိုမှိတ်ကာ သက်ပြင်းချလိုက်သည်။
ထိုအချိန်တွင်ပင်။
လီရွှမ်ကျင်းက မတ်တတ်ရပ်ကာ နောက်ဆုံးခွန်အားများကို စုစည်းပြီး ဓားကိုမြှောက်ကာ နဝမမြောက် နန်းဆောင်သခင်ကို ချိန်ရွယ်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။
"အချိန်-နေရာလွတ် ဓားသူတော်စင်... မင်း လှုပ်ရှားရမယ့်အလှည့် ရောက်ပြီ။ ရပ်ကြည့်နေတာ တော်လိုက်တော့။"
လူတိုင်း အံ့အားသင့်သွားကြ၏။
တစ်ချိန်တည်းမှာပင်။
ညင်သာသော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ "ဟား... အချိန်ကိုက်ပဲ။ ပင်မခန္ဓာကိုယ်ဆီကနေ စွမ်းအား နည်းနည်း ငှားလာတယ်။ ကံဆိုးချင်တော့ ဒီအတုအယောင် ခန္ဓာကိုယ်က ဒီစွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်လောက်အောင် အားနည်းလွန်းနေတယ်။ သူ့ကို မြန်မြန်ထိန်းထား။"
"စောင့်ကြည့်နေလိုက်ပါ။ ဒီမကောင်းဆိုးဝါးကို ဓားတစ်ချက်တည်းနဲ့ နှိမ်နင်းပြမယ်။"
…