အခန်း ၂၇၂
Vol. 19 Ch. 272
အပိုင်း(၂၇၂) စွမ်းအားများ ပေါက်ကွဲထွက်လာခြင်း၊ ကြောက်မက်ဖွယ်ခွန်အား
မိုင်သိန်းပေါင်းများစွာ ကျယ်ပြန့်သော နဂါးငွေ့တန်းကြီးမှာ မှေးမှိန်သွားလေသည်။
ကပ်ဘေးများနှင့် ဘေးဒုက္ခများက မြေပြင်ကို လွှမ်းခြုံထားရာ သက်ရှိအားလုံးသာမက၊ အစစ်အမှန်နှင့် ထင်ယောင်ထင်မှားကြားတွင် တည်ရှိနေသော တာအိုနိယာမလို အရာများအားလုံးပါ တိုက်စားခံရမည်ဖြစ်သည်။
၎င်းက အာဏာ၏ စွမ်းအားပင်။
၎င်းသည် စည်းမျဉ်းများ၏ရုပ်လုံးပေါ်လာမှုနှင့် အဆုံးမရှိ နီးကပ်နေ၏။ စွမ်းအားက လုံလောက်အောင် ကြီးမားနေသရွေ့ မဟာတာအိုကိုပင် ဖိနှိပ်ထားနိုင်သည်။
"မင်း..."
"မင်းက တကယ်တမ်း ဘယ်သူလဲ။"
လီရှစ်က အလင်းရောင်များဖြင့် လွှမ်းခြုံထားပြီး သူ၏ အကာအကွယ်အတားအဆီးမှာ ကပ်ဘေး၏ တိုက်စားနိုင်သောအရှိန်အဝါကို ခုခံရန် ရုန်းကန်နေရကာ အနက်ရောင်ဝတ်လူငယ်ကို အလွန်ထိတ်လန့်စွာ စိုက်ကြည့်နေပြီး အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။
"ဒါက ကျိန်စာတစ်ခုလား ဒါမှမဟုတ် အဆိပ်ပညာတစ်ခုလား။"
"မင်းက နံနက်ခင်းအလင်းနယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ ဒါပေမဲ့ နယ်ပယ်တူမှာရှိတဲ့ လူ(၁၀)ယောက်ကို တစ်ခဏချင်း ဖိနှိပ်ထားနိုင်ခဲ့တယ်။ အဲဒီနံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူ (၁၀)ယောက်ထဲက တစ်ဝက်က အလယ်အလတ်ကနေ နှောင်းပိုင်းအဆင့်မှာ ရှိနေတာ။ သူတို့က လက်အောက်ခံ အင်အားစုတွေက တကိုယ်တည်း ကျင့်ကြံသူတွေ ဖြစ်ပေမယ့် အထင်သေးလို့တော့ မရဘူး။"
"မင်းလိုလူမျိုးက လီတိုင်ယွမ်ဆီမှာ ဘယ်လိုလုပ် လိုလိုလားလား အညံ့ခံနိုင်မှာလဲ။"
မုန့်ချင်ကျိုးက လီရှစ်ထံသို့ လျှောက်သွားပြီး ပြောလိုက်သည်။
"အဲဒါ ငါ့ရွေးချယ်မှုပဲ၊။ မင်းနဲ့ ဘာဆိုင်လို့လဲ။"
"ထပ်ပြောမယ်။"
"မင်း ရူးနေလား။ အခု မင်းရဲ့လူတွေနဲ့အတူ ဒီကနေ ထွက်သွားမလား။ ဒါမှမဟုတ် ငါက မင်းတို့ကို တစ်ယောက်ချင်းစီ ဖမ်းပြီး အပြင်ကို လွှင့်ပစ်ရမလား။"
"ရွေးချယ်လိုက်။"
လီရှစ်၏မျက်နှာ ပြာနှမ်းသွားပြီး အံကြိတ်ကာ ပြောလိုက်သည်။ "ဒါက တော်တော်လေး လွန်သွားပြီ။"
လီယွမ်ခုံးက အေးစက်စွာ ပြောလိုက်သည်။
"လူငယ်လေး... မင်းက လီတိုင်ယွမ်ရဲ့ နောက်လိုက် ဟုတ်ဟုတ် မဟုတ်ဟုတ် ချင်လွမ်ထျန်းနယ်မြေထဲမှာ လီမိသားစုဝင် တစ်ယောက်ယောက်ကို ထိခိုက်နစ်နာအောင် လုပ်ရဲရင် ပြဿနာကြီးကြီး တက်လိမ့်မယ်။"
"နောက်ဆုတ်လိုက်စမ်း။"
"မိသားစုခေါင်းဆောင်ရာထူးအတွက် တိုက်ပွဲဆိုတာက လီမိသားစုရဲ့ နှစ်ထောင်ချီကြာ အစဉ်အလာ တစ်ခုပဲ။ အဲဒါက ဘိုးဘေးတွေရဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီတယ်။ အပြင်လူတွေ ဝင်စွက်ဖက်ဖို့ မဟုတ်ဘူး။"
ထိုမျှပင်။
လီယွမ်ခုံး၏ ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း အရှိန်အဝါမှာ ရှင်းလင်းစွာ ထွက်ပေါ်လာပြီး ကမ်းခြေကို ရိုက်ခတ်လာသော ဒေါသတကြီး လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ရုတ်တရက် ပေါက်ကွဲထွက်လာကာ ကပ်ဘေးများနှင့် ဘေးဒုက္ခများကို နောက်သို့ ဆုတ်သွားစေသည်။
သူ၏စကားဆုံးသွားသည့် အခိုက်အတန့်မှာပင်။
စကြဝဠာ၏ထောင့်ပေါင်းစုံမှ အားကောင်းသော အရှိန်အဝါတစ်ဒါဇင်ကျော်က မြေကြီးထဲမှ ပေါက်ကွဲထွက်လာသော ကြယ်တံခွန်များကဲ့သို့ ထွက်ပေါ်လာပြီး ကြယ်တာရာကောင်းကင်၏ ထိပ်ဆီသို့ အပြေးအလွှားသွားကာ တစ်ခုချင်းစီက သတ်ဖြတ်လိုစိတ်များဖြင့် မုန့်ချင်ကျိုးအပေါ် ပစ်မှတ်ထားလိုက်ကြသည်။
လီတိုင်ယွမ်၏မျက်လုံးများ ထိန်းမနိုင်သိမ်းမရ တုန်ခါသွားပြီး အလျင်စလို အသံပို့လွှတ်လိုက်သည်။
"တော်လိုက်တော့။"
"အခြေအနေကို ပိုဆိုးအောင် မလုပ်ပါနဲ့တော့။ ပြီးတော့ ဘိုးဘေးက လီမိသားစုကို မထိခိုက်ဖို့ ရှင့်ကို အကြိမ်ကြိမ် သတိပေးထားပြီးပြီလေ။ ရှင့်ရဲ့ လုပ်ရပ်တွေကြောင့် ဘိုးဘေးရဲ့ဒေါသကို ရင်ဆိုင်ရမှာကို မကြောက်ဘူးလား။"
အကယ်၍ တိုက်ပွဲ တကယ်ဖြစ်လာလျှင် ပြဿနာ အကြီးအကျယ်တက်မည့်သူက သူကိုယ်တိုင်ပင်။
မည်သို့ဆိုစေ ယွမ်က သူ၏နောက်လိုက်ဖြစ်ပြီး သူက ပြဿနာရှာခဲ့ကြောင်းကို ချင်လွမ်ထျန်းရှိ လူတိုင်းက သိသည်။ အခြားသူများ၏ မျက်စိထဲတွင် သူက လီတိုင်ယွမ်၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ရပေမည်။
နောက်ဆုံးရလဒ်မှာ လီတိုင်ယွမ်နဲ့ လီရှစ်တို့ကြားက ပဋိပက္ခက လုံးဝအရှိန်မြှင့်သွားပြီး အချိန်မတိုင်ခင် ပြဿနာများကို မီးမွှေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
မိသားစု(၅)ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲ မစတင်ခင် သူက အခြားသူများနှင့် ပဋိပက္ခထဲ ရောက်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်ရန် အခွင့်အလမ်များကို တိုးမြှင့်ပေးမည့် ပြဿနာများ ဆက်ပြီးဖန်တီးနေရန် သူ့တွင် အချိန်မရှိပေ။
မုန့်ချင်ကျိုးက သူ့ကို လျစ်လျူရှုထားလိုက်သည်။
လီရွှမ်ကျင်းက လှုပ်ရှားရဲမည် မဟုတ်ကြောင်း သူ ရာနှုန်ပြည့် သေချာသည်။ ထို့ပ်ြင ထိုသတိပေးချက်က သတိပေးချက်သက်သက်သာ ဖြစ်ပေသည်။
မည်သို့ဆိုစေ လီမိသားစုတွင် ကောင်းကင်ကြည့်ဆောင်မှ သူလျှိုနှစ်ယောက်ရှိကြောင်း သူ သိသည်။ အကယ်၍ သူသာ ဤအတုအယောင်ခန္ဓာကိုယ်ကို သတ်ပစ်လိုက်လျှင် အစစ်အမှန်ခန္ဓာကိုယ်က ထိုသတင်းကို ကမ္ဘာအနှံ့ မဖြန့်မည်ကို အာမခံရန် ခက်ခဲပေသည်။
ထိုအချိန်ကျလျှင် လီတိုင်ယွမ် လုပ်ခဲ့သည်ကို ခဏလောက် စဉ်းစားကြည့်ပြီးနောက်တွင် ကျန်သော မိသားစု(၄)ခုက သံသယဝင်လာကြလိမ့်မည်။ ထို့နောက် မိသားစု(၅)ခုကြားမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲက သေချာပေါက် ကျရှုံးသွားပေလိမ့်မည်။
လုံးဝမလိုအပ်ဘဲနှင့် မုန့်ချင်ကျိုးက ကောင်းကင်ကြည့်ဆောင်ကို လုံးဝဒေါသထွက်အောင် မလုပ်ချင်ပေ။ မျိုးနွယ်စု(၅)ခု၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိတ်တဆိတ် ဖျက်ဆီးပစ်ခြင်းက ပိုကောင်းလိမ့်မည်။ ထိုသို့သာ မဟုတ်လျှင် လီမိသားစုမှ သစ္စာဖောက်နှစ်ယောက်အကြောင်း သတင်းဖြန့်ပြီး သူတို့ကို ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ခြင်းက ပိုလုံခြုံလိမ့်မည်။ ရွေးချယ်စရာ နှစ်ခုရှိခြင်းက ပိုပြီး သတိထားရာရောက်ပေသည်။
၎င်းက အကြောင်းရင်း အတိအကျပင်။
မုန့်ချင်ကျိုးသည် အုပ်စုနှစ်စု တိုက်ခိုက်လာစေရန် လီတိုင်ယွမ်၏နောက်လိုက်ဆိုသည့် နာမည်ကို တမင်တကာ အသုံးချကာ ရိုင်းစိုင်းစွာ ပြုမူရဲခဲ့ပြီး လီတိုင်ယွမ်က မိသားစု(၅)ခုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ စီစဉ်ရန်အချိန်ယူခြင်းမှ ကာကွယ်ပေးခဲ့သည်။
၎င်းတင် မကသေးပေ။
"အဆင့်နိမ့်တဲ့ကျေးကျွန်... မင်းက သေချင်နေတာပဲ။"
လီရှစ်က တစ်ဖက်လူ၏ ပြင်းထန်သော တိုက်ခိုက်ရေးခွန်အားကြောင့် အံ့အားသင့်သွားသော်လည်း၊ တစ်ဖက်လူက ပြဿနာတစ်ခုခု ဖန်တီးနိုင်မည်ဟု မထင်ခဲ့ပေ။
"လုပ်လိုက်ကြစို့။"
အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက်။
အားကောင်းသောရောင်ခြည် တစ်ဒါဇင်ကျော်က နဂါးငွေ့တန်းကို ဖြတ်ကျော်ကာ ချက်ချင်း ရောက်ရှိလာပြီး သူတို့၏ ကြီးမားလှသော အင်အားများက မုန့်ချင်ကျိုး၏ ခေါင်းပေါ်သို့ ပြုတ်ကျလာလေသည်။
အရိပ်သဏ္ဌာန် ပုံရိပ်များက ကြယ်တာရာကောင်းကင်ယံတွင် ပြန့်ကျဲနေကြသည်။
သူတို့သည် လီမိသားစုမှ နံနက်ခင်းအလင်းနယ်ပယ် အဖွဲ့ဝင် (၁၅)ဦး ဖြစ်ကြပြီး အားလုံးသည် ချင်လွမ်ဘိုးဘေး၏ တာအိုနိယာမများကို ကျင့်ကြံကြသူများ ဖြစ်သည်။ ကောင်းကင်ပြည်နယ်ရှိ အခြားသော အင်အားစုများမှ နံနက်ခင်းအလင်းနယ်ပယ်များနှင့် နှိုင်းယှဉ်ပါက သူတို့သည် တောက်ပသော လမင်းကြီးနှင့် နှိုင်းယှဉ်သော ပိုးစုန်းကြူးများကဲ့သို့ ဖြစ်နေ၏။
ဤလီမိသားစုဝင် နံနက်ခင်းအလင်းနယ်ပယ်များ ကပ်ဘေးများ သို့မဟုတ် ကံဆိုးမှုများကိုပင် မကြောက်ကြပေ။
အကြောင်းမှာ ၎င်းတို့သည် အလွန်အားနည်းလွန်း၍ပင်၊ ယိုစိမ့်ထွက်လာသော ပမာဏအနည်းငယ်က သူတို့ကို မည်သို့မှ အမှန်တကယ် ထိခိုက်နစ်နာအောင် မလုပ်နိုင်ပေ။
"သူက ပါရမီရှင်တစ်ယောက်ပဲ။ ဒါပေမဲ့ ကောင်းကင်ပြည်နယ်မှာတော့ ပါရမီရှင်တွေ မရှားဘူး။"
"မင်းက အစဉ်အလာကို ဖီဆန်ပြီး မိသားစုကြီး(၅)ခုကို တိုက်ခိုက်ရဲတယ်။ အဲဒီသတ္တိကို ချီးကျူးပါတယ်။ ဒါပေမဲ့ မင်းက ထက်မြက်မှုတော့ မရှိဘူး။"
လီမိသားစုဝင်(၁၅)ဦးက လျှပ်စီးများကဲ့သို့ အေးစက်သောမျက်လုံးများနှင့်အတူ သူတို့၏ဝတ်ရုံများ လေထဲတွင် လွင့်ဝဲနေကြသည်။
သူတို့က ချက်ချင်း လှုပ်ရှားလိုက်ကြသည်။
လျှပ်စီးလိုမြန်ဆန်ပြီး ကြီးမားသော စွမ်းအားများရှိသူများက ကြယ်နှင့်လကိုပင် ဖမ်းယူနိုင်ပြီး ကမ္ဘာကို သန့်စင်ပစ်နိုင်စွမ်း ရှိကြသည်။
[ တာအို - ချင်လွမ်ဓမ္မပုံရိပ် ]
သူတို့၏အနောက်တွင် တူညီသောအမူအရာနှင့် ပုံပန်းသွင်ပြင်ရှိသည့် ဓမ္မပုံရိပ်တစ်ခု ပေါ်လာသည်။
လီမိသားစုဝင်များသည် ငယ်ရွယ်စဉ်ကတည်းက ချင်လွမ်ဘိုးဘေး၏ ပုံရိပ်ကို လေ့လာခဲ့ကြပြီး ထိုမှတစ်ဆင့် ဘိုးဘေး၏စွမ်းအား တစ်စိတ်တစ်ပိုင်းကို တဖြည်းဖြည်း ဖွံ့ဖြိုးလာစေခဲ့သည်။ ထူးချွန်သော ပါရမီရှိသူများက ဘိုးဘေး သက်ရှိထင်ရှားရှိစဉ်က တာအိုအနှစ်သာရအချို့ကိုပင် အတုယူနိုင်ခဲ့ကြသည်။
"ကျွန်မ ရှင့်ကို ဂရုမစိုက်တော့ဘူး။"
"ရှင်က ပြဿနာကို မီးထွန်းပြီးရှာနေတာပဲ။"
လီတိုင်ယွမ်မှာ ဒေါသကြောင့် မျက်စိများ မှုန်ဝါးသွားပြီး အံကြိတ်ကာ ပြောလိုက်သည်။
သူက တစ်ဖက်လူ၏ခြိမ်းခြောက်မှုကို ခံခဲ့ရသော်လည်း ယခု သူ သတိဝင်လာသောအခါ ဤလူသည် ဟောင်ရုံသာဟောင်ပြီး မကိုက်တတ်ကြောင်း သဘောပေါက်သွားသည်။ နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်း ကျင့်ကြံသူတစ်ယောက်က လီမိသားစုမှ နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူ (၁၅)ဦး၏ စုပေါင်းဖိနှိပ်မှုကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။
လီရှစ်နှင့် လီယွမ်ခုံးတို့က အေးစက်သောအပြုံးများဖြင့် စောင့်ကြည့်နေကြသည်။
ယွမ်၏ကံကြမ္မာကို ကြိုမြင်နေရသလိုပင်။
မျိုးနွယ်စု(၅)ခုက ကောင်းကင်ပြည်နယ်ကို နှစ်ထောင်ချီအောင် အဘယ်ကြောင့် အုပ်ချုပ်နိုင်ခဲ့သနည်း။ ကျိမိသားစုအာဏာရလာပြီး ဂိုဏ်း(၁၈)ခုကို ရှင်းလင်းပစ်ပြီးသည့်တိုင်အောင် ကျန်သောမိသားစု(၄)ခုကို မချေမှုန်းနိုင်ခဲ့ပေ။
သူတို့မှီခိုနေသောမြေက ဘိုးဘေး(၄)ဦး ချန်ရစ်ခဲ့သော အမွေအနှစ်တစ်ခုပင်။ မျိုးနွယ်စုရဲ့ လူငယ်မျိုးဆက်များက တင်းကျပ်သောသွန်သင်မှုများကို ရရှိပြီး တခြားသူများ ကျင့်ကြံ၍မရနိုင်သော သူတို့၏ ကိုယ်ပိုင်ထူးခြားသော တာအိုနိယာမမျာရှိသောကြောင့် သူတို့ကို သဘာဝအားသာချက်တစ်ခု ပေးထားသည်။
မိသားစု(၅)ခုသည် မွေးကတည်းက ပြိုင်ဖက်ကင်းများပင်။
ကောင်းကင်ပြည်နယ် သမိုင်းတစ်လျှောက် ခေတ်ရေစီးကြောင်းကို ဖန်တီးခဲ့သူတွေထဲတွင် ၈၀%က မိသားစု(၅)ခုမှလာပြီး ၁၀%က ဂိုဏ်း(၁၈)ခုမှလာကာ၊ ကျန်သော ၁၀%မှာ ကမ္ဘာတစ်ဝန်းလုံးက သမားရိုးကျ မဟုတ်သော ကျင့်ကြံသူများ ဖြစ်ကြပေသည်။
၎င်းက ကောင်းကင်ပြည်နယ်တွင် ရှေးခေတ်ကတည်းကဖွဲ့စည်းထားခဲ့သော ပုံသေအယူအဆ တစ်ခုပင်။
"မဆိုးဘူး။"
"စုစုပေါင်းအဆင့်အတန်းက တောရိုင်းမြေထက် အများကြီးသာလွန်တာ အမှန်ပဲ။ ကွာဟချက်တစ်ခု တကယ်ပဲ ရှိနေတယ်။"
မုန့်ချင်ကျိုး အတော်လေး စိတ်လှုပ်ရှားလျက် တိုးတိုးလေးရေရွတ်လိုက်သော်လည်း သူ၏အမူအရာမှာ တည်ငြိမ်နေဆဲပင်။
သူကက သူ့ထံသို့ ပြေးဝင်လာသော နံနက်ခင်းအလင်းစစ်သည် (၅)ဦးဆီသို့ လက်ဖဝါးကို မြှောက်ကာ ချိန်ရွယ်လိုက်ပြီး စကားလုံးအနည်းငယ်ကို တိုးညင်းစွာ ပြောလိုက်သည်။
"ဘေးဒုက္ခ - ကပ်ဘေးအမွေအနှစ်။"
ထိုအခိုက်အတန့်တွင် အချိန်ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။
ချင်လွမ်ဓမ္မပုံရိပ် (၁၅)ခုက သားကောင်ကိုဖမ်းဆီးမည့် အရှိန်အဝါကို ပြသနေကြသည်။ အချို့က မြစ်များနှင့်ပင်လယ်များကို ဆူပွက်စေနိုင်ပြီး အချို့က လက်သီးများဖြင့် ထာဝရကို ချေမှုန်းနိုင်ကာ အချို့က မျက်ဆံများမှ သေစေနိုင်သောစွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း ရှိကြသည်...
သို့သော်လည်း ထို့နောက် ကပ်ဘေးများနှင့် ဘေးဒုက္ခများမှာ အစိုင်အခဲနီးပါးဖြစ်သွားပြီး၊ ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ကြီးကို လွှမ်းခြုံထားသည့် စိမ့်မြေများအဖြစ် ပြောင်းသွားလေသည်။
အချိန်က ရပ်တန့်မသွားပေ။
သူတို့က လုံးဝ မလှုပ်ရှားနိုင်ခြင်းပင်။
မုန့်ချင်ကျိုးက အေးစက်သောအသံဖြင့် ဆက်လက် ရေရွတ်လိုက်သည်။
"ကပ်ဘေး - ကျိုင်းကောင်နယ်ပယ် ပိုးချည်လမ်းကြောင်း။"
…