အခန်း ၂၃၈
Vol. 17 Ch. 238
အပိုင်း(၂၃၈) လန်ယသို့ ပြန်ရောက်ခြင်း၊ မဟာကျင်း၏ လက်ရှိအခြေအနေ
နှစ်ပတ်အကြာ။
လန်ယတိုင်းပြည်၏နယ်စပ်။
တောင်ပံခြောက်ဖက်ကောင်းကင်တမန် လျန်ယွဲ့က လန်ယနန်းတော်မှ အရာရှိများနှင့်အတူ ထိုနေရာတွင် စောင့်ဆိုင်းနေသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ တိုင်းပြည်၏ အဓိကထောက်တိုင်ဖြစ်သော ချင်းဖုန်းဟော်နှင့် မဟာကျင်းတိုင်းပြည်မှ အဖွဲ့ဝင်(၂၀)ကျော်တို့လည်း ရောက်ရှိလာကြသည်။
"သွားတုန်းကတော့ ရက်နည်းနည်းငယ်ပဲ ကြာတာ၊။ ဒါပေမဲ့ ပြန်လာတော့ လတစ်ဝက်ကျော်လောက် ကြာနေတယ်နော်။" လျန်ယွဲ့က နားမလည်စွာဖြင့် မေးလိုက်သည်။
ချင်းဖုန်းဟော်က ရယ်လိုက်သည်။
"သတင်းက ကြိုပို့ပြီးသားပဲလေ။ မမြင်ဘူးလား။ အရှင်မက သူတို့နောက်ကနေ တိတ်တဆိတ် လိုက်သွားခဲ့တာပါ။ ခွဲခွာရတဲ့အချိန်က အချစ်တွေ ပိုတိုးပွားစေတယ်မဟုတ်လား၊ သူတို့တွေက လတစ်ဝက်လောက်တောင် အလုပ်များနေခဲ့ကြတာပဲ။ ဗုဒ္ဓတိုင်းပြည်ရဲ့ရှုခင်းတွေကို ခံစားဖို့အတွက် အချိန်လေး မပေးနိုင်ဘူးလား။"
ဝမ်ရှန်ကျားက မျက်လုံးကို လှန်ပြလိုက်သည်။
"ကျယ်ပြောလှတဲ့ကန္တာရကြီးမှာ မိုင်သန်းပေါင်းရာချီပြီး လူသူကင်းမဲ့နေတာနဲ့ ဘုရားကျောင်း နည်းနည်းပဲ ရှိတာကို ဘာကြည့်စရာရှိလို့လဲ။ ရာသီဥတုကလည်း ဆိုးဝါးလိုက်တာ။ စစ်စစ်ပေါက်ပေါက် ဒုက္ခပေးနေတာပဲ။"
ထိုစကားကို ကြားလိုက်ရသောအခါ လီကွမ်ယန်မှာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည်။
"ဓားသူတော်စင် လုပ်တာတွေက မင်းနဲ့ မဆိုင်ဘူး။ ငါတို့က လက်အောက်ငယ်သားတွေအနေနဲ့ ငါတို့ တာဝန်ကိုပဲ လုပ်ကြရအောင်။"
"မင်းကတော့... " ဝမ်ရှန်ကျားမှာ ဒေါသထွက်လွန်း၍ စကားပင် မပြောနိုင်တော့ပေ။
ဒီလူကတော့ တကယ့်ကို ဆေးမိထားသလိုပဲ။ ဒီပြဿနာထဲ သူကိုယ်တိုင် ပါသွားရုံတင်မကဘူး။ ဗုဒ္ဓတိုင်းပြည်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲအပြီးမှာ သူ့ရဲ့သစ္စာရှိမှုက အမြင့်ဆုံးကို ရောက်သွားခဲ့တယ်။ ဒီရက်ပိုင်းမှာဆိုရင် သူက ဘယ်သူ့ကိုမှ မုန့်ချင်ကျိုးနဲ့ပတ်သက်ပြီးတော့ မကောင်းစကားတစ်ခွန်းတောင် ပြောခွင့်မပေးတော့ဘူး။
အထူးသဖြင့် လန်ယတိုင်းပြည်ကို ရောက်ပြီးတဲ့နောက်မှာ ဒီလက္ခဏာက ပိုဆိုးလာတယ်။ လန်ယက ဗုဒ္ဓတိုင်းပြည်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီးတော့ နှစ်ပေါင်းများစွာ ဇန်ဗုဒ္ဓဘာသာရဲ့ သြဇာလွှမ်းမိုးမှု ခံထားရလို့ အချိန်-နေရာလွတ် ဓားသူတော်စင်အပေါ် မကျေနပ်ချက်တွေ အများကြီးရှိနေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီး။ သူတို့က လူမြင်ကွင်းမှာတော့ မပြောရဲကြပေမယ့် နောက်ကွယ်မှာတော့ အမျိုးမျိုး ဆဲဆိုပြောဆိုနေကြတယ်။
ဒီအခြေအနေကိုမြင်တော့ လီကွမ်ယန်က ဒေါသထွက်ပြီး လန်ယက အရာရှိတွေကို လန်ယနယ်မြေ အတွင်းမှာ "ဗုဒ္ဓဘာသာဆန့်ကျင်ရေး" လှုပ်ရှားမှုကြီးကို ချက်ချင်း စတင်ဖို့ အမိန့်ပေးလိုက်တယ်။ ဘုရားကို ရှိခိုးသူမှန်သမျှ အနည်းဆုံး ထောင်ဒဏ်၊ အများဆုံး မိသားစုလိုက် အသိမ်းခံရပြီးတော့ မျိုးတုံးပြစ်ဒဏ်အထိ ရောက်သွားနိုင်တယ်။ ဓားသူတော်စင်ကို နောက်ကွယ်ကနေ မကောင်းပြောသူတိုင်းကိုတော့ ပိုပြီးတော့တောင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်လိမ့်မယ်။
လီကွမ်ယန်က ညသန်းခေါင်ယံမှာ ဘာမှမလုပ်ချင်တာနဲ့ လူငယ်စုံတွဲတစ်တွဲကို ခိုးနားထောင်တယ်လို့ ငါ ကြားခဲ့တယ်။ စုံတွဲက သူတို့ကိစ္စပြီးတာနဲ့ ဓားသူတော်စင်ကို မကောင်းပြောနေတာကို ကြားလိုက်ရတော့ သူက ချက်ချင်း ဝင်စီးပြီးတော့ အဝတ်မပါတဲ့စုံတွဲကို ခရိုင်အစိုးရရုံးဆီ ဆွဲခေါ်သွားပြီးတော့ သူတို့ရဲ့ကံကြမ္မာကို စောင့်စားဖို့ ပို့လိုက်ပါလေရော။
"အရူးကောင်။" ဝမ်ရှန်ကျားက ဒေါသတကြီး ဆဲဆိုလိုက်သည်။
လီကွမ်ယန်က သူ့ကို စိုက်ကြည့်လိုက်သည်။ "မင်း ဘယ်သူ့ကို ဆဲနေတာလဲ။"
"မင်းကို ဆဲတော့ကော ဘာဖြစ်လဲ။" ဝမ်ရှန်ကျားက ပြန်စိုက်ကြည့်လိုက်သည်။
လီကွမ်ယန်၏ ဒေါသများ လျော့ကျသွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အိုး၊ အဲဒါဆိုရင်တော့ ကိစ္စမရှိပါဘူး။"
"ခွေးကောင်။"
"မင်းက အရူးပဲ။ အဲဒီတုန်းက မင်းလို ဝက်တစ်ကောင်နဲ့ ကြံစည်ခဲ့မိတာ ငါ မျက်စိကန်းခဲ့တာပဲ။" ဝမ်ရှန်ကျားမှာ ဒေါသထွက်လွန်း၍ မူးလဲသွားတော့မတတ် ဖြစ်သွားသည်။
ချင်းဖုန်းဟော်က ရယ်လိုက်ပြီး တက်ကြွနေသော လူနှစ်ယောက်ကို လက်ညှိုးထိုးကာ သူတို့ဘေးတွင် ရပ်နေသည့် အသစ်ခန့်အပ်ထားသော ဝန်ထမ်းရေးရာဝန်ကြီး စစ်တုရှီးကို ကြည့်လိုက်သည်။
စစ်တုရှီးက အကူအညီမဲ့စွာ ပြုံးလိုက်သည်။
သူသည် တစ်ချိန်က ဝန်ထမ်းရေးရာဝန်ကြီးဌာနမှ ဒုဝန်ကြီးဖြစ်ပြီး လရောင်ထွန်းလင်းနယ်ပယ် အထွတ်အထိပ် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားသည်။ ဝန်ထမ်းရေးရာဝန်ကြီးက ဂိုဏ်းပေါင်းစုံ မဟာမိတ်စစ်ပွဲတွင် သေဆုံးသွားကတည်းက တောရိုင်းမြေ၏ ကံကြမ္မာအာဟာရနှင့် ရှားပါးအဖိုးတန်ပစ္စည်းများ၏ ပေါများသော ထောက်ပံ့မှုကြောင့် နံနက်ခင်းအလင်းနယ်ပယ်သို့ အောင်မြင်စွာ ဖောက်ထွင်းနိုင်ခဲ့သည်။
သူတင်မကဘဲ လက်ရှိရောက်ရှိနေသူ အများစုမှာလည်း မကြာသေးခင်ကမှ နောက်တစ်ဆင့်သို့ ဖောက်ထွင်းဝင်ရောက်ခဲ့ကြသည်။
"နေမင်းအရှင်သခင် ဘယ်မှာလဲ။ သူ ပါမလာဘူးလား။" စစ်တုရှီးက မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ချင်းဖုန်းဟော်က ခေါင်းခါလိုက်၏။
"သူ မပါလာဘူး။"
"သူက အတော်လေး စိတ်ကောက်နေတယ်။ အရှင်မ၊ စုချင်ချိုး၊ ဝူတျဲနဲ့ ဓားသူတော်စင်တို့အားလုံး ဗုဒ္ဓတိုင်းပြည်ကို သွားကြတယ်ဆိုတာ သိလိုက်ရတော့ သူက စွန့်ပစ်ခံလိုက်ရတယ်လို့ ခံစားသွားရပြီးတော့ အခုထိ စိတ်ကောက်နေတုန်းပဲ။"
ဒါက မိသားစုတစ်ခုလုံး ပြည်ပကို ခရီးသွားကြတာမျိုး။ အငယ်ဆုံး ကလေးကိုတော့ အိမ်မှာထားခဲ့ပြီး သူတို့က တိတ်တဆိတ် လက်မှတ်ဝယ်ပြီး ထွက်သွားတာမျိုးလေ။ အဲဒါတော့ ဒေါသထွက်စရာပေါ့။
စစ်ပွဲကို သွားရင်တောင်မှ သူ့ကို ခေါ်သွားသင့်တယ်။
မိသားစုဆိုတာ အမြဲတမ်း အတူတူပဲ ရှိနေရမှာလေ။
"နေမင်းအရှင်သခင်က ကလေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထား ရှိနေလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မထင်ခဲ့မိဘူး။" စစ်တုရှီးက သက်ပြင်းချလိုက်သည်။
သူ နံနက်ခင်းအလင်းနယ်ပယ်သို့ မရောက်ခင်တုန်းက လုံးဝ မသိခဲ့သည့် အရာအများအပြား ရှိခဲ့သည်။ ဥပမာ - တိုင်းပြည် အစောင့်အရှောက်သားရဲ ရှိနေသာ ပစ္စုပ္ပန်ရွာ၏ တည်ရှိမှနှင့် ဧကရာဇ်က မည်သူနည်း ဆိုသည်တို့ပင်…
သို့သော် နံနက်ခင်းအလင်းသို့ ရောက်ပြီးသည်နှင့် မဟာကျင်းတိုင်းပြည်၏ အဓိကအသိုင်းအဝိုင်းထဲ ဝင်ရောက်သွားသည်နှင့် တူညီပြီးထို လျှို့ဝှက်ချက်များကို သိနိုင်ရန် အရည်အချင်း ပြည့်မီသွားပြီ ဖြစ်သည်။
"ဒါနဲ့ပြောရဦးမယ်။ အခု နေမင်းအရှင်သခင်ရဲ့ အင်အားက ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း အထိ ပြန်လည်ရောက်ရှိသွားပြီပဲ။ ဘာလို့ သူက စကားမပြောနိုင်တာလဲ။"
"သူ မပြောချင်လို့ပါ။ သူက ဒီကန့်သတ်ချက်ကို တမင်တကာ ထိန်းသိမ်းထားတာ။ သူက ရှိနေတဲ့ အတိုင်းပဲ ကောင်းတယ်လို့ ခံစားရတယ်။ ချင်းမိသားစုရဲ့ ချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်အနေနဲ့ ရုတ်တရက် စကားပြောရင် သာမန်မိသားစုတစ်ခုရဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်သလို ဖြစ်သွားမှာမို့လို့လေ။"
"သဘောပေါက်ပြီ။ နေမင်းအရှင်သခင်က တကယ်ကို ဉာဏ်ကောင်းတာပဲ။"
နှစ်ဦးစလုံးက စောင့်ဆိုင်းရသည့် ငြီးငွေ့မှုကို ပြေပျောက်စေရန် အလွတ်သဘော စကားစမြည် ပြောဆိုနေကြသည်။
နေ့လယ်ပိုင်းရောက်သော်။
မိုးကုပ်စက်ဝိုင်းတွင် အနက်ရောင်ဒီရေလှိုင်းတစ်ခုက လှိုင်းထန်လာပြီး ဖြတ်သန်းသွားသည့်နေရာတိုင်းရှိ ဝါကျင်ကျင်သဲများမှ တက်လာသော မုန်တိုင်းများကို ပြိုကွဲစေကာ မီးတောက်များကို ငြိမ်းသတ်လိုက်သည်။
ရှေ့ဆုံးရှိ လူနှစ်ဦးမှာ အသင့်အတင့်အရှိန်ဖြင့် ပခုံးချင်းယှဉ် လျှောက်လာနေသည်ကို မှုန်ဝါးဝါး မြင်တွေ့နိုင်သည်။
"သူတို့ ရောက်လာပြီ။" လျန်ယွဲ့က အော်လိုက်၏။
လူတိုင်း ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။ ခွဲခွာခဲ့ရသည်မှာ လဝက်ခန့် ကြာသွားပြီးနောက် နောက်ဆုံးတော့ ပြန်ဆုံတွေ့ကြလေပြီ။
...
"ရှေ့မှာ စောင့်နေတဲ့သူတွေ ရှိတယ်။ နံနက်ခင်းအလင်း (၂၅)ယောက်လောက်ရှိတယ်။ မဟာကျင်း တိုင်းပြည်ရဲ့ အင်အားကို လျှော့တွက်လို့ မရဘူး။" လန်မြဲ့ချန်က သူ၏လက်ဖြင့် မျက်လုံးကိုကာကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။
လန်ချိုးနန်က ရှေ့မှ အမျိုးသားနှင့်အမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ။ မဟာကျင်းတိုင်းပြည်မှာ ပါရမီရှင်တွေ ဘယ်လောက်ပဲ ပေါ်ထွက်လာပါစေ၊ အချိန်-နေရာလွတ် ဓားသူတော်စင်နဲ့ မယှဉ်နိုင်ဘူး။ မင်းက စိတ်ထဲမှာ အယုံအကြည် ရှိပြီးသားပါ၊ မာနကိုပဲ မစွန့်လွှတ်နိုင်တာ။"
ထိုစကားကို ကြားသောအခါ လန်မြဲ့ချန်က နှုတ်ခမ်းကိုတွန့်ကွေးလိုက်ပြီး မုန့်ချင်ကျိုး၏ ကျောပြင်ကို ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု စီးဝင်သွားသည်။
လွန်ခဲ့တဲ့ လဝက်လောက်က ကောင်းကင်ဘုံတိုက်ပွဲကို သူ ယခုထိတိုင် ကွက်ကွက်ကွင်းကွင်း မြင်ယောင်နေမိဆဲပင်။
အတ္တကင်းမဲ့ဗုဒ္ဓကိုယ်တိုင် ရောက်လာခဲ့သော်လည်း နောက်ဆုံးတွင် အရှက်တကွဲ ထွက်သွားခဲ့သည်။ အတုအယောင် ကောင်းကင်ထောက်တိုင်သုံးပါး ချက်ချင်း အသတ်ခံလိုက်ရခြင်း အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှသည်။
ထို့ပြင် လမ်းတစ်လျှောက် လန်မြဲ့ချန်က တိတ်ဆိတ်စွာ လေ့လာကြည့်ခဲ့သည်။ ရက်အနည်းငယ်တိုင်း အချိန်-နေရာလွတ် ဓားသူတော်စင်က အသွင်ပြောင်းလဲမှုတစ်ခုခု ဖြစ်ပေါ်နေသည်ကို သူ အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။ သူ ရလဒ်ကို မသိနိုင်သော်လည်း တစ်ခုခုတော့ ဖြစ်နေသလို ခံစားချက်မျိုး ရနေသည်။
၎င်းအတွက် ရှင်းပြချက် တစ်ခုသာ ရှိသည်...
မုန့်ချင်ကျိုးက အသွင်ပြောင်းလဲမှု ဖြစ်ပေါ်နေပြီး ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ ရောက်ရှိရန် ဝေးကွာတော့မည် မဟုတ်ပေ။
နံနက်ခင်းအလင်းနယ်ပယ်မှာပင် သူက အတုအယောင် ကောင်းကင်ထောက်တိုင် တစ်ယောက်ကို ချက်ချင်း သတ်််ပစ်နိုင််ပြီး အတ္တကင်းမဲ့ဗုဒ္ဓကိုပင် ရင်ဆိုင်နိုင်နေသည်။ သူသာ အဆင့်တက်သွားလျှင် မည်သို့ မြင်ကွင်းမျိုး ဖြစ်လာနိုင်မည်နည်း။ စိတ်ကူးကြည့်၍ပင် မလွယ်ပေ။
"မြင့်မြတ်အပျိုစင်က မင်းကို အညံ့ခံလာအောင် ပါးနှစ်ချက်ရိုက်လိုက်လို့ပဲ။ အဲဒီလိုမှ မဟုတ်ရင် မင်းသာ ဆက်ပြီးတော့ ဓားသူတော်စင်ကို စော်ကားနေခဲ့ရင် မင်းရဲ့ကံကြမ္မာက ကြေကွဲစရာကောင်းနေမှာ။" လန်ချိုးနန်က ရယ်လိုက်သည်။
လန်မြဲ့ချန်၏မျက်နှာ ညိုမည်းသွားပြီး ဆဲဆိုလိုက်သည်။ "စကားမပြောတတ်ရင် ပါးစပ်ပိတ်ထား။ အဘိုးကြီးလို မလုပ်နေနဲ့။"
လန်ရှင်းစ တိတ်ဆိတ်နေပြီး တုန်းဖန်လျူလီနှင့် မုန့်ချင်ကျိုးတို့နှစ်ဦး စကားပြောရင်း ရယ်နေကြသည်ကို ကြည့်နေလျက် သူ၏အတွေးများကို မည်သူမျှ မသိနိုင်ပေ။
...
"ကျွန်မ လောကကြီးကို လှည့်လည်သွားလာခဲ့တုန်းက မဟာကျင်းတိုင်းပြည်ရဲ့ နယ်မြေတစ်ခွင်မှာပဲ သွားခဲ့ပြီး တခြားနေရာတွေကို မရောက်ခဲ့ဘူး။ တစ်ခါတလေ စစ်ဖြစ်တဲ့အခါကျရင်လည်း တိုက်ပွဲဝင်နေရတာနဲ့ ရှုခင်းကြည့်ဖို့ အချိန်မရှိခဲ့ဘူး။ ဒီတစ်ခါတော့ အဲဒီအတိတ်က နောင်တတွေကို ပြန်ဖြည့်ဆည်းပေးနိုင်မှာပါ။" တုန်းဖန်လျူလီက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။
မုန့်ချင်ကျိုးက နေရာလွတ် နိယာမများကို လိုက်လျောညီထွေဖြစ်စေမည့် တိုးတက်မှုကို အရင်ဦးစွာ စစ်ဆေးလိုက်ရာ ၉၀%ခန့် ရှိနေပြီဖြစ်သည်။
သို့သော် နောက်ဆုံး ၁၀%မှာ မကျော်လွှားနိုင်သော အတားအဆီးတစ်ခုလို ဖြစ်နေသည်။ လွန်ခဲ့သော သုံးရက်ကတည်းက သူ ၉၀%သို့ ရောက်နေခဲ့သော်လည်း ရက်အနည်းငယ်အတွင်းမှာပင် အခက်အခဲပေါင်းစုံ ကြုံတွေ့နေရပြီး တစ်ခုခုက ပိတ်ဆို့ထားသလိုမျိုး မည်သည့်တိုးတက်မှုမှ မရနိုင်တော့သလို ဖြစ်နေသည်။
သူက ခိုင်မာသော သံမဏိလိုအတားအဆီးတစ်ခုကို ရင်ဆိုင်နေရပုံရပြီး ဇွဲရှိရှိနှင့် သေသေချာချာ လုပ်ဆောင်မှသာ ဖြစ်နိုင်လိမ့်မည်။
"ဒါဆိုရင် ကိုယ်တို့တွေ တောရိုင်းမြေထဲက ပရမ်းပတာတွေကို ငြိမ်းချမ်းအောင် လုပ်ကြမယ်။ ပြီးတော့ ကောင်းကင်ပြည်နယ် မပေါင်းစည်းခင်မှာပဲ တောရိုင်းမြေရဲ့ မြေပြင်တွေ၊ မြစ်တွေကို လှည့်လည်ကြည့်ရှုဖို့ အချိန်ယူကြမယ်လေ။" မုန့်ချင်ကျိုးက ပြောလိုက်သည်။
"ရှင် ပြောတာနော်။ စကားကို ပြန်မရုပ်သိမ်းရဘူး။"
"ဒါပေါ့။"
ရုတ်တရက် မုန့်ချင်ကျိုး ရပ်တန့်သွားပြီး ဗုဒ္ဓတိုင်းပြည်၏ နယ်စပ်တွင်ရပ်ကာ အနောက်သို့ လှည့်ကြည့်ပြီး ပြောလိုက်သည်။
"ခင်ဗျားက ဒီတစ်လျှောက်လုံး ကျွန်တော့်ကို စောင့်ကြည့်ပြီး စုံစမ်းနေတာဆိုတော့... ပြောစရာ ဘာမှ မရှိဘူးလား။"
ဘုန်းကြီးအို ပေါ်လာပြီး လက်နှစ်ဖက်ကိုယှက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်
"ဒကာကြီး... ဒီဘုန်းကြီး မင်းနဲ့ အပေးအယူတစ်ခု လုပ်ချင်လို့ပါ။"
...