← Chapters

အခန်း ၄၁၄

Vol. 29 Ch. 414

အခန်း ၄၁၄

Vol. 29 Ch. 414

အပိုင်း(၄၁၄) တာအိုအဆုံးသတ်၊ ရှေးဟောင်းလျှို့ဝှက်ချက်များ

အဆုံးအစမရှိသော ဖြူဖွေးသည့်နှင်းပြင်ကြီးထဲတွင် တုန်းဖန်လျူလီ၏ အကြည့်ထဲတွင် ထိုပုံရိပ်မှာ ပျောက်ကွယ်သွားပြီး သူ၏မျက်နှာမှာ ဖြူရော်သွားကာ ဇာမဏီမျက်လုံးများမှာလည်း အရောင်တောက်ပမှု ကင်းမဲ့သွားကာ တိုးတိုးလေး အော်ဟစ်လိုက်သည်။

"ငါးပိကောင်..."

"ရှင် ဘယ်မှာလဲ။"

ဘုန်း။

တုန်းဖန်လျူလီသည် မည်သည်ကိုနင်းမိကြောင်းမသိဘဲ ယိုင်နဲ့နဲ့ ဖြစ်သွားပြီး ငုံ့ကြည့်လိုက်သည့်အခါ နီရဲနေသောနှုတ်ခမ်းလေးမှာ ချက်ချင်းပင် သွေးရောင်မဲ့သွားတော့သည်။

၎င်းမှာ လက်ဝါးတစ်ဖက်ဖြစ်ပြီး သွေးများနှင့်အသားစများ ရောထွေးနေကာ အောင်း၏ လက်ဝါးလား၊ မုန့်ချင်ကျိုး၏ လက်ဝါးလား ဆိုသည်ကိုပင် ခွဲခြား၍မရတော့ပေ။

"ချင်ကျိုး၊ ကျွန်မကို ကြောက်အောင် မလုပ်ပါနဲ့လား..."

"မြန်မြန် ထွက်လာခဲ့ပါတော့။"

တုန်းဖန်လျူလီက ငိုသံဖြင့် အော်ဟစ်လိုက်သည်။

ရုတ်တရက်။

ကြည်လင်သော ခြေသံတစ်သံ ထွက်ပေါ်လာပြီး စည်းချက်မညီဘဲ ကြားလိုက်ရသည်။

"ရှင်လား။" တုန်းဖန်လျူလီ၏ရင်ထဲတွင် မျှော်လင့်ချက် အနည်းငယ် ပေါ်ပေါက်လာပြီးနောက် စိတ်အားထက်သန်စွာဖြင့် လှမ်းကြည့်လိုက်သည်။

ဖြူဖွေးနေသော နှင်းပြင်ထဲမှ ပိန်လှီနေသော ပုံရိပ်တစ်ခု ထွက်လာလေသည်။ အပေါ်ပိုင်း ခန္ဓာကိုယ် တစ်ဝက်မှာ ပျောက်ကွယ်နေပြီး ဦးခေါင်းမှာလည်း ကွဲအက်ကာ တစ်ဝက်လောက်သာ ကျန်တော့သည်။ သွေးများနှင့် အရည်များ စီးကျနေသဖြင့် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

အောင်း။

သူပဲ။

သူ မသေသေးဘူး။

"ငါ မရှုံးသေးဘူး။"

"နှစ်ပေါင်းသောင်းချီ ကြံစည်ခဲ့ပြီး သေချင်ယောင်ဆောင်ပြီးတော့ ကောင်းကင်တာအိုရဲ့ စုံစမ်းတာကို ရှောင်ရှားခဲ့တယ်။ မျိုးနွယ်စုပေါင်းစုံခေတ်ရဲ့ အထွတ်အထိပ်မှာမှ ပုန်းကွယ်ဖို့ ရွေးချယ်ခဲ့တယ်။ အရာအားလုံးကို စွန့်လွှတ်ခဲ့တာက ဒီအခွင့်အရေးအတွက်ပဲ။ ကန့်သတ်ချက်ကို ချိုးဖောက်ပြီး ဒီလှောင်အိမ်ကြီးကနေ ထွက်ခွာဖို့ အခွင့်အရေးအတွက်ပဲ။"

"ငါက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။ ဘယ်လိုလုပ် ရှုံးလို့ရမှာလဲ။"

"ငါ... ထပ်တိုက်နိုင်သေးတယ်"

အောင်း၏ပါးစပ်တစ်ဝက်မှာ လှုပ်ရှားနေပြီး အသက်မရှိတော့သော ရုပ်ကလာပ်အလား တုန်းဖန်လျူလီ ဆီသို့ တိုးကပ်လာသည်။

ဒီမိန်းမကိုသတ်ပြီး သူ့လက်ထဲက နတ်ဘုရားအနှစ်သာရကို လုယူလိုက်နိုင်ရင် မဟာကျင်းဧကရာဇ် ပြန်လှန်နိုင်မယ့်အခွင့်အရေးကို ဖျက်ဆီးပစ်နိုင်မှာပဲ။

အခွင့်အရေး တစ်စွန်းတစ်စ ရှိနေသရွေ့တော့ လက်မလျှော့နိုင်ဘူး။

"ချင်ကျိုးအတွက် ရှင့်ကို ကျွန်မ အဆုံးသတ်ပေးမယ်" တုန်းဖန်လျူလီသည် မျက်ရည်ကို သုတ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

သူ ဘာမှမလုပ်ဆောင်ရသေးခင်မှာပင်။

အရိပ်တစ်ခုက နောက်ကျောဘက်မှနေ၍ အောင်းကို လွှမ်းခြုံသွားသည်။

"ထွီး။"

ကျိုးပဲ့နေသော ဓားတစ်လက်က အောင်း၏နှလုံးသားကို ဖောက်ထွက်သွားပြီး ဓားအသိများ ဝင်ရောက်ကာ အောာင်း၏ အတွင်းစကြဝဠာကို မွှေနှောက် ဖျက်ဆီးပစ်လိုက်သည်။

"ငါ..."

"နောက်ဆုံးတော့လည်း ရှုံးသွားခဲ့တာပဲ။"

အောင်းက မှင်သက်သွားပြီး အောက်ကိုငုံ့ကြည့်လိုက်ကာ ခါးသီးစွာ ပြုံးလိုက်မိသည်။ ကျန်ရှိနေသော မျက်လုံးတစ်လုံးတွင် ပူဆွေးမှုများ ပြည့်နှက်နေ၏။

"မကျေနပ်ဘူး... တကယ်ကို... မကျေနပ်ဘူး။"

လက်ဝါးတစ်ဖက်က အောင်း၏ဦးခေါင်းးကို ဖိထားလိုက်ပြီး ကျိုးပဲ့နေသောဓားကို အားကုန်ထုတ်ကာ ဆွဲနှုတ်လိုက်သည်။ အောင်း၏အသက်စွမ်းအင်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်ကို လွှတ်ပေးလိုက်ပြီး သူ၏ နောက်ကျောမှ စုတ်ပြဲနေသောနဂါးဝတ်ရုံနှင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

"လျူလီ..."

မုန့်ချင်ကျိုး ရှေ့ကိုတိုးလာချင်သော်လည်း အင်အားကုန်ခန်းနေသဖြင့် လှုပ်ရှားနိုင်စွမ်း မရှိတော့ဘဲ ခန္ဓာကိုယ်မှာ ပျော့ခွေပြီး လဲကျတော့မလို ဖြစ်သွားသည်။

"ချင်ကျိုး။"

တုန်းဖန်လျူလီ၏ ပင်ပန်းနွမ်းနယ်နေသောမျက်လုံးများတွင် တောက်ပသော အလင်းရောင်များ ဖြစ်ပေါ်လာပြီး အရှိန်အဟုန်ဖြင့်ပြေးသွားကာ ရှေ့မှလူကို ဖက်လိုက်ပြီး လဲကျတော့မည့် ခန္ဓာကိုယ်ကို ထိန်းလိုက်ကာ သူ့နားနားကပ်ပြီး ပြောလိုက်သည်။

"ခဏလောက် သည်းခံပေးပါဦး။ အိပ်မပျော်ပါနဲ့။ တောင်းပန်ပါတယ်။ အိပ်မပျော်လိုက်ပါနဲ့။"

တောင်းပန်စကားပြောနေသည့်အလား တုန်ရီနေသောအသံဖြင့် ပြောဆိုနေသည်။

တုန်းဖန်လျူလီသည် ကြည်လင်နေသော နတ်ဘုရားအနှစ်သာရကို မုန့်ချင်ကျိုး၏ အတွင်းစကြဝဠာထဲ ထည့်သွင်းလိုက်ပြီး နောက်ဆုံးကျန်ရှိသော အင်အားဖြင့် ပေါင်းစပ်ပေးလိုက်ကာ အချိန်-နေရာလွတ် မြစ်ထဲသို့ ဝင်ရောက်သွားစေသည်။

အတော်ကြာသောအခါ။

ထျန်းတယ်၏ နတ်ဘုရားအနှစ်သာရမှာ အချိန်-နေရာလွတ် မြစ်ကြောင်းထဲသို့ ပေါင်းစပ်သွားပြီး နတ်ဘုရားတာအို အသစ်တစ်ခု ဖြစ်လာသည်။

ကောင်းကင်နယ်ပယ်နှောင်းပိုင်း အထွတ်အထိပ်နတ်ဘုရား၏ တာအိုကို ပေါင်းစပ်လိုက်ခြင်းသည် စည်းမျဉ်းအဖြစ် မပြောင်းလဲသွားသော်လည်း အကူအညီဖြစ်စေခဲ့သည်။ ကောင်းကင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိရန် ပိတ်ဆို့နေသော နောက်ဆုံးအလွှာလေးကို ညင်သာစွာ ဖောက်ထွက်လိုက်၏။

ဖြူဖွေးနေသောနှင်းပြင်ထဲတွင်။

နှစ်ဦးသား ဖက်ထားကြသည်။

ဤတိတ်ဆိတ်ငြိမ်းချမ်းသောအချိန်လေးတွင် သေလုမျောပါးဖြစ်နေသော လူနှစ်ဦးမှာ တစ်ယောက်၏ ပခုံးပေါ်တစ်ယောက် မှီလျက် တိတ်ဆိတ်စွာနေနေကြသည်။

တုန်းဖန်လျူလီက မျက်လုံးများကို တဖြည်းဖြည်း မှိတ်လိုက်ပြီး မုန့်ချင်ကျိုး၏ အသက်ရှူသံမှာ ပိုမို ပြင်းထန်လာကာ မျက်တောင်များ တုန်ခါရင်း အလင်းရောင်ကင်းမဲ့နေသော မျက်လုံးများကို ဖွင့်လိုက်သည်။

တိတ်ဆိတ် ငြိမ်သက်စွာပင်။

သူက နောက်ဆုံးခြေလှမ်းကို တက်လှမ်းနိုင်ခဲ့လေပြီ။

ကောင်းကင်နယ်ပယ် အထွတ်အထိပ်သို့ တက်လှမ်းနိုင်ပြီး တာအိုအဆုံးသတ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

တာအိုအဆုံးသတ်သို့ ရောက်ရှိသွားသည့်အခါ မုန့်ချင်ကျိုး ရုတ်တရက် သတိဝင်လာသည်။

အတွင်းစကြဝဠာရှိ အချိန်-နေရာလွတ် မြစ်ကြောင်းများ အလျင်အမြန် ကြီးထွားလာပြီး စကြဝဠာ အစွန်းမှာလည်း အဆုံးအစမရှိအောင် ချဲ့ထွင်နေသည်ကို သူက ခံစားမိသည်။ အဆုံးစွန်ထိ ဝေးကွာသွားပြီး အကွာအဝေး ဆိုသည်မှာ မရှိတော့ပေ။

"ငါဟာ အချိန်-နေရာလွတ်ရဲ့ အရှင်သခင်ပဲ။"

"အန္တိမ အချိန်-နေရာလွတ်ကို ငါ အပြည့်အဝ ပိုင်ဆိုင်သွားပြီ"

အန္တိမ အချိန်-နေရာလွတ်ထဲသို့ ရောက်ရှိသွားပြီးနောက် စနစ်၏ ဆုချီးမြှင့်မှုနှစ်ခု ရရှိခဲ့သည်။ တစ်ခုမှာ [နောက်ဆုံးနာရီ] ဖြစ်ပြီး ဒုတိယမှာ [အချိန်-နေရာလွတ်၏အရှင်သခင်] ဖြစ်ကာ အချိန်-နေရာလွတ်ကို အပြည့်အဝ ပိုင်ဆိုင်သွားခြင်း ဖြစ်သည်။

ယခု သူသည် ယခင်ကထက် ပိုမို၍ အဆပေါင်းများစွာသန်မာနေသည်။

"လျူလီ၊ ထတော့။"

မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏နဖူးကို လက်ညိုးဖြင့် ထိလိုက်သည်။ မည်သည့်အရာမှ မလိုအပ်ဘဲ တုန်းဖန်လျူလီ၏အခြေအနေကို ကောင်းကင်နယ်ပယ် တာအိုသက်သေပြပြီးချိန် စွမ်းအားအပြည့်အဝရှိသော အခြေအနေသို့ ပြန်လည်ရောက်ရှိစေလိုက်သည်။

ညည်းတွားသံ တစ်ချက်နှင့်အတူ။

တုန်းဖန်လျူလီက မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ပထမဆုံးအနေဖြင့် တွေဝေသွားပြီး အကြည့်များ ရှင်းလင်းလာသည့်အခါ ဘေးတွင်ရှိနေသူကို မြင်လိုက်ရပြီး အလိုအလျောက် ပို၍တင်းကျပ်စွာ ဖက်တွယ်လိုက်ကာ တုန်ရီစွာဖြင့် ပြောလိုက်သည်။

"ချင်ကျိုး။ ရှင်လား..."

"ကျွန်မ အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်။ ရှင်လည်း ပုံရိပ်ယောင် မဟုတ်ပါဘူးနော်။ ဒီနေရာက... ငရဲပြည်လည်း မဟုတ်ဘူးမလား။"

မုန့်ချင်ကျိုးက နူးညံ့စွာပြုံးလိုက်ပြီး သူ၏ကျောပြင်ကို ဖွဖွလေးပွတ်သပ်ပေးရင်း ပြောလိုက်သည်။

"ကိုယ်ပါ။ ဒီနေ့ကစပြီး မင်း ဘာကိုမှ စိုးရိမ်စရာမလိုတော့ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်က ပြိုင်စံရှား ဖြစ်သွားလို့ပဲ။။"

"ကန့်သတ်ချက်တွေ၊ တာအိုတွေကြားထဲမှာ ကိုယ့်ကို ခြိမ်းခြောက်နိုင်မယ့်သူ ဘယ်သူမှမရှိတော့ဘူး။"

တုန်းဖန်လျူလီသည် မျက်ရည်များဝဲလျက် တုန်ရီစွာ ပြောလိုက်သည်။

"ကျွန်မ အဲဒါတွေကို ဂရုမစိုက်ဘူး။ နောက်ဆို ရှင် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲမထည့်ရဘူးနော်။"

မတတ်သာသည့် အပြုံးဖြင့်။

မုန့်ချင်ကျိုးက ပြောလိုက်သည်။ "မင်းက ဧကရီလေ။ စိတ်ကိုထိန်းပါဦး။ အခက်အခဲတွေ အများကြီးကို ကိုယ်တို့ ကျော်ဖြတ်ခဲ့တာပဲ။ ဒီလောက်လေးနဲ့တော့ မပြီးဆုံးသေးပါဘူး။"

"ခဏလောက် စောင့်ပေးဦး။ ကျန်နေတဲ့ကိစ္စတွေကို ရှင်းလိုက်ဦးမယ်"

ထိုအခါမှသာ တုန်းဖန်လျူလီ သတိပြန်ဝင်လာပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။

ဧကရီတစ်ယောက်အနေဖြင့် အခုလို စိတ်ခံစားချက် ထိန်းမရဖြစ်ခြင်းမှာ သူ၏ တစ်သက်တာတွင် ပထမဆုံးအကြိမ် ဖြစ်သည်။

"အင်းပါ။ သွားတော့။" တုန်းဖန်လျူလီသည် မျက်နှာနီရဲလျက် တိုးတိုးလေး ပြောလိုက်သည်။

...

...

စကြဝဠာအပြင်ဘက်။

စကြဝဠာ အစွန်းအဖျားနေရာတွင်။

ကြီးမားလှသော ပလ္လင်တော်တစ်ခု ရှိနေပြီး အပေါ်တွင် သွေးစွန်းနေသော မျက်လုံးတစ်လုံး ရှိသည်။ အခုအခါတွင်မူ အပိုင်းပိုင်းပြတ်တောက်နေပြီး နောက်ဆုံးကျန်ရှိနေသော ဝိညာဉ်အစအနလေးဖြင့်သာ အသက်ရှင်နေရသည်။

ယခုအခါ သူက အရင်လိုမကြီးမားတော့ဘဲ သာမန်လူသားတစ်ယောက်၏ မျက်လုံးအရွယ်အစားသာ ရှိတော့သည်။

သွေးစွန်းနေသောမျက်လုံးက တိတ်ဆိတ်စွာဖြင့် တောက်ပနေသော ကြယ်များကို ငေးကြည့်နေသည်။

ရုတ်တရက်။

ပုံရိပ်တစ်ခုက ပလ္လင်တော်ဘေးတွင် ပေါ်လာလေသည်။ နဂါးဝတ်ရုံမှာ စုတ်ပြဲနေပြီး အငွေ့အသက်မှာ အေးဆေးတည်ငြိမ်နေသည်။ သူက ပလ္လင်တော်နှင့် ဘေးချင်းယှဉ်ရပ်နေပြီး သွေးစွန်းနေသောမျက်လုံးကို မကြည့်ဘဲ စကြဝဠာကိုသာ ငေးကြည့်နေကာ စကားမပြောပေ။

အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်။

သွေးစွန်းနေသောမျက်လုံးက အရင်ဆုံး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

"မင်း အခုဆိုရင် ကောင်းကင်နယ်ပယ်အထွတ်အထိပ် ဖြစ်နေပြီ။ တာအိုအဆုံးသတ်ကို ရောက်သွားပြီ။ ဘာလို့ ပစ္စည်းတွေကို မသိမ်းဆည်းတာလဲ။ တစ်ခုတည်းသောတည်ရှိမှုကို မင်းပိုင်ဆိုင်အောင် မလုပ်ဘဲနဲ့ ကန့်သတ်ချက်ကို မချိုးဖောက်ဘဲနဲ့ ဘာလို့ ငါ့လိုရှုံးနိမ့်သူကို လာကြည့်နေရတာလဲ။"

လူငယ်က အေးဆေးစွာ ပြောလိုက်သည်။

"စိတ်ပူစရာ နည်းနည်းရှိလို့ပါ။"

ထိုစကားကို ကြားသောအခါ သွေးစွန်းနေသောမျက်လုံးက ရယ်မောသံနှင့်ဆင်တူသော စိတ်အာရုံ လှိုင်းများ ထွက်ပေါ်လာသည်။ "မင်းရဲ့ အခုစွမ်းအားနဲ့ဆိုရင် ကောင်းကင်တာအိုက လွတ်မြောက်ပြီး အစွမ်းကုန် တိုက်ခိုက်ရင်တောင် အရင်ကရော အခုထိပါ မင်းကို ပြိုင်နိုင်မယ့်သူ ဘယ်သူရှိသေးလို့လဲ။"

"အောင်း ပြန်ရှင်လာရင်တောင်၊ ငါ အပြည့်အဝပြန်ကောင်းလာရင်တောင် မင်းကို မယှဉ်နိုင်ပါဘူး။"

လူငယ်က အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြောလိုက်သည်။

"နည်းနည်း ထူးဆန်းတယ်လို့ မထင်ဘူးလား"

"ဘာကိုလဲ။" သွေးစွန်းနေသောမျက်လုံးက နားမလည်စွာဖြင့် အကြည့်ကိုလွှဲပြီး အချိန်-နေရာလွတ်၏ အရှင်သခင်ကို ကြည့်လိုက်သည်။

ထူးဆန်းတယ်။ သူ့ကို ဒီလောက်အထိ စိုးရိမ်စေနိုင်မယ့်သူ ဘယ်သူရှိသေးလို့လဲ။

လူငယ်က အနည်းငယ် ပြုံးလိုက်ပြီး အေးအေးဆေးဆေး ရှင်းပြလိုက်သည်။ "မင်းကို လာရှင်းပစ်မယ်လို့ ငါ တမင် အကြောင်းပြချက်ပေးခဲ့တာ။ ဒါပေမဲ့ မင်းနဲ့ အောင်းကို သေချာပေါက်သတ်နိုင်မယ်ဆိုတာ ငါ သိထားတယ်။ တစ်နည်းမဟုတ်တစ်နည်းတော့ သေမှာပဲ။"

"မင်း အခု သေခြင်းတရားရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီ။ ဒါပေမဲ့ ဒီကိစ္စကို တခြားသူတွေ သိမှာ မဟုတ်ဘူး။"

"ဒါကြောင့် တစ်ခုတည်းသောတည်ရှိမှုက ဒီအတိုင်းပဲ လွတ်လပ်နေပြီးတော့ ဘယ်သူမှ မလုကြဘူး။ ဘယ်သူမှလည်း စောင့်မနေကြဘူး။ ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်လည်း တာအိုအဆုံးသတ်အဆင့် ဖြစ်နေတာပဲ။ သူကရော စိတ်မဝင်စားဘူးလား။"

"ဘာလို့ တစ်ခါမှ မပေါ်လာရတာလဲ။ ငါ တမင်တကာ ထွက်သွားပေးပြီး သူ အခွင့်အရေးရအောင် လုပ်ပေးတာတောင် မပေါ်လာဘူး။ မင်းပြောကြည့်ပါဦး။ ထူးဆန်းတယ် မထင်ဘူးလား။"

သွေးစွန်းနေသောမျက်လုံး မှင်သက်သွား၏။

ဟုတ်တယ်။

သူကိုယ်တိုင်လည်း တာအိုအဆုံးသတ်အဆင့်ဖြစ်ရာ တစ်ခုတည်းသောတည်ရှိမှု၏ ဆွဲဆောင်မှုကို ကောင်းကောင်းသိသည်။ နှစ်ပေါင်းသောင်းချီပုန်းအောင်းပြီး အသက်ကိုစတေးကာ လုယူရန်လုပ်ခဲ့ခြင်းပင်။

အလိမ်အညာရှိမှန်းသိလျှင်ပင် ကောင်းကင်ကြည့်ဆောင်ဂိုဏ်းချုပ်က ဤကဲ့သို့သော အခွင့်အရေးမျိုးကို လက်လွှတ်စရာ အကြောင်းမရှိပေ။

"နောက်ထပ် ထူးဆန်းတဲ့အချက်တစ်ခု ရှိသေးတယ်။ မင်း သတိထားမိလိုက်လားမသိဘူး။" လူငယ်က ပြောလိုက်သည်။

သွေးစွန်းနေသောမျက်လုံးက ပို၍ပင် နားမလည်နိုင် ဖြစ်သွားသည်။

ဘာကျန်သေးလို့လဲ။

ဒီကောင်က ခေါင်းထဲမှာ ဘာတွေတွေးနေတာလဲ။ အမြဲတမ်း သံသယဝင်နေတတ်တာပဲ။ ဒါပေမဲ့ အားလုံးက အထောက်အထားနဲ့ပဲလေ။

"တစ်ခုဖြစ်တယ်လို့ သံသယရှိနေတဲ့ ကောင်းကင်တာအိုကို လူသားဧကရာဇ်က လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းကတည်းက ဖမ်းယူဖို့ စီစဉ်ထားခဲ့တာလေ..."

"အဟက်။"

"ရယ်စရာပဲ။"

သွေးစွန်းနေသောမျက်လုံး၏ မျက်ဆံများ ကျုံ့ဝင်သွားသည်။ အရင်က တစ်ခုတည်းသောတည်ရှိမှု၏ ဆွဲဆောင်မှုကြောင့် ဦးနှောက်ပျက်စီးသွားပြီး မတွေးမိခဲ့ပေ။ ယခု အထောက်အထားပြလိုက်ရာ တကယ်ကို ကျောစိမ့်သွားရ၏။

"မင်း ဆိုလိုတာက... ဒီတစ်ခုတည်းသောတည်ရှိမှုက ထောင်ချောက်လား။" သွေးစွန်းနေသော မျက်လုံး၏ စိတ်ခံစားချက်များ မတည်မငြိမ် ဖြစ်သွားသည်။

ရှုံးနိမ့်ခြင်းကို လက်ခံနိုင်သည်။ ထိပ်တန်းနေရာကိုမရောက်ခင် သေဆုံးခြင်းကိုလည်း လက်ခံနိုင်သည်။ အကြောင်းမှာ ကန့်သတ်ချက်ကိုချိုးဖောက်ရန် ခြေတစ်လှမ်းပဲ လိုတော့၍ပင်။ ရှုံးနိမ့်ခြင်းမှာ ကိုယ်စွမ်းမရှိ၍ ဖြစ်သည်။ မည်သူ့ကိုမှ အပြစ်တင်စရာ မရှိပေ။

ထို့ပြင် သူက တစ်ခုတည်းသောတည်ရှိမှု၏ အရှေ့မှာပင် သေဆုံးရခြင်း အောင်မြင်ရန် ခြေတစ်လှမ်းသာ လိုတော့သည့်နေရာတွင် သေရခြင်းက သူ့အတွက် ဂုဏ်ကျက်သရေပင်။

သေလျှင်ပင် နောင်တမရပေ။

သို့သော်လည်း တစ်ယောက်ယောက်၏ စီစဉ်မှုနှင့် အတုအယောင် တစ်ခုတည်းသောတည်ရှိမှုဖြင့် ငါးစာချခံရလျှင်တော့ သူ သေဆုံးရခြင်းက တကယ့်ကို ရယ်စရာအကောင်းဆုံးပင်။

လူငယ်က ခေါင်းယမ်းလိုက်ပြီး အလင်းရောင်ကင်းမဲ့နေသော မျက်လုံးများဖြင့် အေးဆေးစွာ ပြောလိုက်သည်။

"ငါလည်း မသိဘူး။"

"ဒါပေမဲ့ ဒီကိစ္စက တကယ်ကို မရိုးရှင်းဘူး ဆိုတာတော့ သေချာတယ်။"

"ထပ်ပြောစရာ မလိုတော့ပါဘူး။ ဒီအချက်နှစ်ချက်ကို ထောက်ပြလိုက်တာနဲ့ မင်းကိုယ်တိုင်လည်း အရိပ်အယောင်တွေကို ခံစားမိမှာပါ"

သွေးစွန်းနေသောမျက်လုံးက စကားမပြောတော့ပေ။ မူလကတည်းက အပိုင်းပိုင်း ဖြစ်နေပြီးနောက် သေလုမျောပါးဖြစ်နေတာ အခု မျက်လုံးတွင် အက်ကြောင်းတွေ ပိုများလာပြီး လုံးဝပြိုကွဲတော့မလို ဖြစ်နေသည်။

သူ၏စိတ်ခံစားချက်များကို ထိုမှတစ်ဆင့် သိမြင်နိုင်၏။

"ဒါပေမဲ့ ငါ တိုက်ခိုက်ဖို့ အင်အားမရှိတော့ဘူး။"

"ဒါပေမဲ့ ငါ့မှာ ဒေါသတွေ ရှိသေးတယ်။ မင်းကို နောက်ကွယ်ကကြိုးကိုင်သူကို ဖော်ထုတ်ပေးနိုင်ဖို့ မျှော်လင့်တယ်။ ရိုးသားမှုကို ပြတဲ့အနေနဲ့..."

"ငါ့မှာရှိတဲ့ လျှို့ဝှက်ချက်အချို့ မင်းကို ပြောပြမယ်။”

...

All Chapters