အခန်း ၄၁၉
Vol. 29 Ch. 419
အပိုင်း(၄၁၉) လှိုင်းမှောက်ခြင်း၊ ပင်လယ်(၄)သွယ်ခမ်းခြောက်ခြင်း
ရှေးယခင်မှ ယနေ့တိုင် သူရဲကောင်းမည်မျှပင် ပေါ်ထွန်းခဲ့ပါစေ အားလုံးသည် ရယ်မောပြောဆိုစရာ ပုံပြင်များအဖြစ်သာ အဆုံးသတ်သွားကြရသည်။
ဧကရာဇ်နန်းတော်၏ မဏ္ဍိုင်လေးခုက လောကတွင် နှစ်သောင်းချီကြာအောင် အသက်ရှင်နေထိုင်ခဲ့ကြပြီး ပါရမီရှင်များ ကြယ်ရောင်များလို ထွန်းလင်းတောက်ပကာ အချိန်တိုအတွင်း ပျောက်ကွယ်သွားခဲ့ကြသည်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ကြရသည်။ သို့သော် အဆုံးသတ်အထိ ရောက်ရှိလာနိုင်ပြီး လမ်းတစ်လျှောက်လုံး ရှုံးနိမ့်ခြင်းမရှိသည့်မှတ်တမ်းကို ထိန်းသိမ်းထားနိုင်သူမှာ အတိတ်မှယနေ့အထိ ဤတစ်ယောက်တည်းသာ။
သမိုင်းတစ်လျှောက် အကြီးမားဆုံးသောအပြောင်းအလဲဆိုသည်မှာ ဤအရာထက် ပိုမိုကြီးမားနိုင်မည် မဟုတ်ပေ။
"ဒီကမ္ဘာကလူ မဟုတ်ဘူး..." ဘိုးဘေးတုန်းမင်၏မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး မေးလိုက်သည်။ "ဒီစကားက ဘာအဓိပ္ပာယ်လဲ။"
မဏ္ဍိုင်လေးခုသည် စိတ်ထဲတွင် တစ်စုံတစ်ခုကို ခန့်မှန်းမိနေကြသော်လည်း ပေါ်ထွက်လာနိုင်သည့် ဖြစ်နိုင်ချေကို တွေးမိလိုက်တိုင်း သူတို့၏အသိဉာဏ်က ၎င်းမှာ လုံးဝမဖြစ်နိုင်ဟု ငြင်းဆန်နေသည်။
မဟာကျင်းဧကရာဇ်က ဤကမ္ဘာလောက၏ မူလနေထိုင်သူ မဟုတ်ဘူးလား။
တိုတောင်းလှသောစကားတစ်ခွန်းက ဧကရာဇ်နန်းတော် မဏ္ဍိုင်လေးခု၏ စိတ်နှလုံးထဲတွင် ကြီးမားလှသော လှိုင်းလုံးကြီးများ ရိုက်ခတ်သွားစေသည်။
"ခင်ဗျားက အချိန်-နေရာလွတ် တာအိုကို ချက်ချင်းသဘောပေါက်သွားပြီး တစ်ဝက်အဆင့်ကို လှမ်းတက်နိုင်ခဲ့တာ မဆန်းဘူး။ ခင်ဗျားရဲ့ဇစ်မြစ်က လောကကိုလွန်မြောက်သူဆီကနေလာတာ မဟုတ်ဘူးပဲ။"
"နယ်ပယ်အပြင်ဘက်က ကောင်းကင်နတ်ဆိုးဆိုတာ ခင်ဗျားအတွက် အကောင်းဆုံး ဖော်ပြချက်ပဲ။" လီကျိရှန်းက တီးတိုးရေရွတ်လိုက်သည်။
ဘိုးဘေးတုန်းမင်က မတ်တတ်ရပ်လိုက်ပြီး မုန့်ချင်ကျိုးဆီသို့ လျှောက်သွားကာ အေးဆေးစွာ ပြောလိုက်သည်။
"ခင်ဗျားက ဘယ်ကပဲလာလာ အနာဂတ်မှာ သံသရာကနေ လွတ်မြောက်နိုင်မလား၊ မနိုင်လားဆိုတာ အသာထား၊ အခုလောလောဆယ်တော့ တစ်ခုကို နားလည်ထားဖို့လိုတယ်။"
"အခု ခင်ဗျား ရင်ဆိုင်ရမှာက လူသားမျိုးနွယ်ရဲ့ မဏ္ဍိုင်လေးခုကိုပဲ။ သံသရာကနေ မလွတ်မြောက် သေးသရွေ့ ကျုပ်တို့လေးယောက် ပေါင်းတိုက်တာကိုခံရရင် သေဖို့အခွင့်အရေး ရှိနေတုန်းပဲ။"
"ကောင်းကင်ဘုံက တစ်ခုတည်းသောတည်ရှိမှုရဲ့ သုံးပုံနှစ်ပုံကို ပိုင်ဆိုင်ထားတာတောင် ဘာဖြစ်သွားလဲ။ လူသားဧကရာဇ်ရဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကို ခံခဲ့ရတာပဲလေ။ အခု ခင်ဗျားက ကျုပ်တို့ကို ဖိနှိပ်မယ်လို့ ပြောနေပေမယ့် အဲဒီလောက် အရည်အချင်း မပြည့်မီသေးပါဘူး။"
ထိုသို့ပြောပြီးနောက်။
ဘိုးဘေးတုန်းမင်၏နှလုံးနေရာမှ ဗုံတီးနေသကဲ့သို့ ပြင်းထန်စွာ ခုန်ပေါက်လာပြီးနောက် ကမ္ဘာမြေ၏ သွေးခုန်နှုန်းနှင့်အတူ စည်းချက်ကျကျ လှုပ်ရှားလာသည်။ သွေးအရှိန်အဝါများက မိုင်တစ်သန်းခန့်ကို ဖုံးလွှမ်းသွားပြီး မျက်ဝန်းများက နေမင်းပမာ တောက်ပလာသည်။
[သေစေနိုင်သောအားနည်းချက်]
သူသည် ဤတာအိုကို ဖန်တီးခဲ့သူဖြစ်ပြီး သံမဏိသွေး ချူမိသားစု၏ မူလဘိုးဘေးလည်း ဖြစ်သည်။
"သေစေနိုင်သောအားနည်းချက်"၏စွမ်းအားကို ထုတ်ဖော်လိုက်ရာ ချူမိသားစုဝင်များထက် အဆပေါင်းများစွာသာလွန်နေပြီး သူ၏တိုက်ခိုက်ရေးစွမ်းအားက အဆရာနှင့်ချီ၍ ထိုးတက်သွားသည်။
တစ်ဝက်အဆင့်သို့ မမီနိုင်သော်လည်း ရိုးရိုးကောင်းကင်နယ်ပယ်အထွတ်အထိပ်များနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
မုန့်ချင်ကျိုးင လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး မီတာအနည်းငယ် အကွာအဝေးမှ ဘိုးဘေးတုန်းမင်၏ ရင်ဘတ်နေရာကို လှမ်း၍ညွှန်ပြလိုက်သည်။
"ငါက အချိန်-နေရာလွတ်ရဲ့ အရှင်သခင် ဖြစ်နေပြီ။"
"လောကရဲ့ကျင့်ကြံခြင်းအတတ်က ငါ့ကို မချုပ်နှောင်နိုင်တော့ဘူးဆိုတာ ငါပြောခဲ့ပြီးပြီပဲ။ ကြည့်ရတာ မင်း သိပ်မယုံသေးဘူးထင်တယ်။"
ဘိုးဘေးတုန်းမင်က ရှေ့သို့ခြေလှမ်းလှမ်းရန်ပြင်လိုက်စဉ် ရုတ်တရက် ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။ မီတာအနည်းငယ် ကွာဝေးနေသော်လည်း သူ၏နှလုံးနေရာတွင် လက်ညှိုးတစ်ချောင်း လာရောက်ထိတွေ့နေကြောင်းကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။
ဒုန်း။
ထိတွေ့လိုက်သည့် တစ်ခဏမှာပင်။
ခေါင်းလောင်းကြီးတစ်ခုကို ထုနှက်လိုက်သကဲ့သို့ မမြင်မရသော လှိုင်းဂယက်များ ပြန့်နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ တောင်တန်းကြီးတစ်သောင်းလုံး အသံတိတ် ပြာကျသွားတော့သည်။
[အချိန်-နေရာလွတ် - ပြုပြင်ပြောင်းလဲခြင်း]
"ဒါက..."
ဘိုးဘေးတုန်းမင် အံ့အားသင့်စွာဖြင့်ဖြင့် ခေါင်းငုံ့ကာ မိမိခန္ဓာကိုယ်အတွင်းသို့ စစ်ဆေးကြည့်လိုက်ရာ မူလက တက်ကြွသော အသက်စွမ်းအင်များထွက်ပေါ်နေသည့် နှလုံးသည် ရုတ်တရက် အနက်ရောင်နှင့် ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
သူက အခြားသူတစ်ဦး၏ အချိန်န-နေရာလွတ် ပြောင်းပြန်လှည့်ခြင်းကို ခံလိုက်ရပြီး အတိတ်သို့ ပြန်ရောက်သွားကာ သူ၏ "သေစေနိုင်သောအားနည်းချက်"အား "အသက်ရှင်ကတ်"မှ "သေခြင်းကတ်"အဖြစ်သို့ ပြန်လည်ပြုပြင်ပြောင်းလဲခြင်းကို ခံလိုက်ရသည်။
"ငါ ကောင်းကင်နယ်ပယ်အထွတ်အထိပ်ကို ကျော်ဖြတ်ပြီးတော့ တာအိုအဆုံးသတ်ကို ရောက်သွားတဲ့ အချိန်ကစလို့ အချိန်-နေရာလွတ် တာအိုက ငါ့အတွက် အကန့်အသတ် မရှိတော့ဘူး။ စိတ်အကြံအစည်လေး တစ်ခုကတင် နတ်ဘုရားစွမ်းအင်တာအိုတစ်ခု ဖြစ်နေပြီ။"
"အချိန်-နေရာလွတ်နဲ့ နည်းနည်းလေးပတ်သက်နေတဲ့ အရာမှန်သမျှကို ငါ အသုံးပြုနိုင်တယ်။ မင်းရဲ့ အဆုံးသတ်ကို ပြုပြင်ပြောင်းလဲတာလည်း ပါဝင်တယ်။"
မုန့်ချင်ကျိုး၏မျက်နှာအမူအရာက အေးစက်နေ၏။ သူ၏ အရပ်ရှည်ရှည် န္ဓာကိုယ်ကို အနက်ရောင် ဝတ်ရုံဖြင့် ရစ်ပတ်ထားပြီး ရေတံခွန်ကဲ့သို့ အနက်ရောင်ဆံပင်များက ဖရိုဖရဲ ကျဆင်းနေလေသည်။ သူ၏ မျက်ဝန်းများက ဟာလာဟင်းလင်းဖြစ်နေသော်လည်း စကြဝဠာတစ်ခုလုံးကို ငုံ့ထားသကဲ့သို့ဖြစ်ပြီး လူ့လောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့် တူနေ၏။
ထည်ဝါပြီး မြင့်မြတ်လှပေသည်။
ခန္ဓာကိုယ်တစ်ဝိုက်တွင်လည်း သံသရာမှမလွတ်မြောက်သေးသူများ အာခံနိုင်စွမ်းမရှိသည့်ဖိအားများ ထွက်ပေါ်နေ၏။
မုန့်ချင်ကျိုးသည် ဖြည်းညင်းစွာ ချဉ်းကပ်လာပြီး အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
"ငါ မင်းတိုု့ကို နောက်တစ်ခါထပ်မေးမယ်。"
"တစ်ဝက်အဆင့်ဆီကနေ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိဖို့ အဆင်သင့်ဖြစ်ပြီလား။"
"လူသားမျိုးနွယ်ရဲ့ မဏ္ဍိုင်တွေဖြစ်ခဲ့တဲ့မျက်နှာကို ထောက်ပြီး ငါ မင်းကို အခွင့်အရေး တစ်ကြိမ်ပေးမယ်။ သေချာစဉ်းစားပါ။ ဒီအခွင့်အရေးကို လက်လွတ်လိုက်ရင် မင်းနဲ့ မင်းရဲ့လူတွေအတွက် ဆုတ်လမ်းမရှိတော့ဘူး။"
ဘိုးဘေးတုန်းမင်သည် သွားကိုတင်းတင်းကြိတ်ထားပြီး ချွေးပေါက်များမှတစ်ဆင့် သွေးစက်လေးများ စိမ့်ထွက်လာသည်။ သူက ပိုမိုကြီးမားသော သံလိုက်စက်ကွင်းနှင့် ရင်ဆိုင်နေရသကဲ့သို့ နောက်သို့ ဆက်တိုက် ဆုတ်ခွာနေရသည်။
ဘယ်လောက်တောင် အားကောင်းတဲ့ ဖိအားကြီးလဲ။
ကောင်းကင်တာအိုကို ရင်ဆိုင်နေရသလိုမျိုးပဲ။
မဏ္ဍိုင်လေးခု၏စိတ်ထဲတွင် ပထမဆုံးအကြိမ် ကောင်းကင်တာအိုကို စစ်ခင်းခဲ့စဉ်က လူသားဧကရာဇ် အနောက်သို့လိုက်ကာ ထိုအဆိုးရွားဆုံးရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရသည်များကို တစ်ပြိုင်နက်တည်း ပြန်လည်၍ သတိရသွားကြသည်။
ဘိုးဘေးတုန်းမင်က ကျန်သုံးဦးကို နောက်လှည့်ကြည့်လိုက်ပြီးနောက် သူတို့၏ မျက်ဝန်းများမှတစ်ဆင့် အဓိပ္ပာယ်ကို နားလည်သွားသောကြောင့် ပြုံးလိုက်မိသည်။ သူက အရှေ့မှ အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးကို လှည့်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"လာစမ်းပါ။"
"ငါတို့က ခေတ်ဟောင်းကအကြွင်းအကျန်တွေမို့ နှောင်းခေတ်နဲ့ ပေါင်းစပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒီလိုဆက်ပြီး အသက်ရှင်နေမယ့်အစား ငါတို့ရဲ့ကျန်ရှိနေတဲ့ခန္ဓာကိုယ်တွေကို မီးရှို့ပြီး နောက်ဆုံးဇာတ်သိမ်းကို ရောက်လာဖို့အတွက် အင်အားတစ်စိတ်တစ်ပိုင်းအဖြစ် ပံ့ပိုးပေးလိုက်မယ်။"
တူညီသောမျိုးနွယ်စုဖြစ်ပြီး တစ်ရပ်လုံးသောလူသားမျိုးနွယ်အတွက် ဖြစ်သော်လည်း။
သူတို့နှင့် မုန့်ချင်ကျိုးက ခေတ်နှစ်ခုမှလူများ ဖြစ်ကြသည်။
ဧကရာဇ်နန်းတော်၏ မဏ္ဍိုင်လေးခုသာမက ပထမဆုံး လူသားဧကရာဇ်ပင်လျှင် စိတ်နှလုံးထဲတွင် အမြဲတမ်းစွဲလမ်းစိုးရိမ်နေသည်မှာ လူသားဧကရာဇ်ခေတ်ပြည်သူများကိုသာဖြစ်ပြီး နှောင်းခေတ်မှလူသားမျိုးနွယ် အပေါ်တွင် မည်သည့်သံယောဇဉ်မျှ မရှိပေ။
အားလုံးက လူသားမျိုးနွယ်အတွက်ဟု ဆိုသော်လည်း မဏ္ဍိုင်လေးခုအတွက်က ရှေးခေတ် လူသားမျိုးနွယ်အတွက်သာဖြစ်ပြီး နှောင်းခေတ်လူသားများအတွက် မဟုတ်ပေ။ မျိုးနွယ်စု(၄)ခုကိုပင် လျစ်လျူရှုနိုင်ပြီး သူတို့ သေရေးရှင်ရေး အကျပ်အတည်းကြုံနေရလျှင်ပင် ဝင်မစွက်ဖက်ဘဲ နေနိုင်ကြသည်။
"ငါ နားလည်ပြီ။"
"ဒါဆိုလည်း မင်းတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။" မုန့်ချင်ကျိုးက ခေါင်းညိတ်လိုက်သည်။
နောက်တစ်ခဏတွင်။
မဏ္ဍိုင်လေးခု တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာပြီး မည်သည့်အရာကိုမျှ ထိန်ချန်မထားတော့ပေ။
[စိတ်ကူးယဉ်တာအို]
ဘိုးဘေးစန်းလန်က ခြေတစ်လှမ်းလှမ်းကာ ဘိုးဘေးတုန်းမင်ရှေ့တွင် ဝင်ပိတ်လိုက်ပြီး သမုဒ္ဒရာတစ်ခုကို စိတ်ကူးပုံဖော်လိုက်ကာ မုန့်ချင်ကျိုးကို ထိုသမုဒ္ဒရာထဲသို့ မြှုပ်နှံလိုက်သည်။
မုန့်ချင်ကျိုး ပင်လယ်ထဲသို့ ပြုတ်ကျသွားသောအခါမှ ဤသည်မှာ သာမန်သမုဒ္ဒရာမဟုတ်ကြောင်း အံ့သြစွာ တွေ့လိုက်ရသည်။
ပင်လယ်ထဲရှိ ရေတစ်စက်တိုင်းက စကြဝဠာတစ်ခု ဖြစ်နေသည်။
စိတ်ကူးယဉ်တာအိုသည် အရာအားလုံးကို စိတ်ကူးယဉ်ကာ ဖန်တီးနိုင်သော်လည်း သေလောက်သည့် အားနည်းချက်တစ်ခု ရှိသည်။ စိတ်ကူးဖြင့်ဖန်တီးထားသော အရာများသည် အရှိမှအမဲ့သို့ ဖြစ်လာရသဖြင့် ဖန်တီးသူသည် သက်ရှိများ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ကြယ်များ၏ဖွဲ့စည်းပုံ အစရှိသည်တို့ကို အသေးစိတ် ရှင်းလင်းစွာ သိထားရန် လိုအပ်သည်။
ဤသို့မသိပါက စိတ်ကူးယဉ်တာအိုသည် မည်သည့်စွမ်းအားမျှ ထုတ်ဖော်နိုင်မည် မဟုတ်ပေ။
ဘိုးဘေးစန်းလန်က စကြဝဠာသမုဒ္ဒရာကြီးတစ်ခုကို စိတ်ကူးဖန်တီးနိုင်ခြင်းကိုကြည့်လျှင် သူ၏ စိတ်စွမ်းအင်က မည်မျှပင် ကြီးမားကျယ်ပြန့်မည်ကို ခန့်မှန်းကြည့်နိုင်သည်။
"စိတ်ကူးယဉ်တာအိုဆိုတာ ထင်ယောင်ထင်မှား စိတ်အာရုံလှည့်စားမှုတစ်ခု မဟုတ်ဘူး။ ပတ်ဝန်းကျင်က အရာအားလုံးဟာ အတုအယောင်တွေဆိုတာ သိနေရင်တောင် အဓိကသော့ချက် သေကွင်းသေကွက်ကို မဖော်ထုတ်နိုင်သရွေ့ အကြမ်းပတမ်းခွန်အားသုံးရုံနဲ့ ဘယ်လိုမှ ထွက်ပြေးလို့မရဘူး။" ဘိုးဘေးစန်းလန်က ရယ်မောလိုက်သည်။
သူက စိတ်ကူးယဉ်တာအိုကို ဖျက်ဆီးမည့်နည်းလမ်းကို ရဲရဲဝံ့ဝံ့ ထုတ်ပြောရဲခြင်းမှာ မည်သူကမျှ ဖော်ထုတ်နိုင်မည်မဟုတ်ဟု မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိနေသောကြောင့်ပင်။
စိတ်ကူးယဉ်တာအိုဖြင့် ရက်လုပ်ဖန်တီးထားသောအရာများသည် ဝင်္ကပါတစ်ခုနှင့် တူသည်။ "ဝင်္ကပါ၏ မျက်လုံး"ကို မရှာဖွေနိုင်ပါက ကောင်းကင်ကိုမှောက်လှန်နိုင်သော စွမ်းအားရှိနေလျှင်ပင် ဂွမ်းပုံကို ထိုးနှက်နေရ သကဲ့သို့ အင်အားမဲ့နေလိမ့်မည်။
ဘိုးဘေးစန်းလန် စိတ်ကူးဖန်တီးထားသော စကြဝဠာသမုဒ္ဒရာကြီးက ကြီးမားလှပေသည်။
ရေတစ်စက်သည် ကမ္ဘာတစ်ခုဖြစ်နေရာ အဓိကသေကွင်းသေကွက်ကို ရှာဖွေလိုပါက အချိန်ယူပြီး ဖြည်းဖြည်းချင်းရှာရုံမှတစ်ပါး အခြားနည်းမရှိပေ။ နှစ်ထောင်ပေါင်းများစွာ အချိန်မပေးရဘဲနှင့် အလွယ်တကူ ထွက်လာနိုင်မည်ဟု မစဉ်းစားနပါနှင့်။
ရုတ်တရက်။
ဆွဲဆောင်မှုရှိပြီး ဩဇာပါသောအသံတစ်သံက ဘိုးဘေးစန်းလန်၏နောက်မှ ထွက်ပေါ်လာသည်။
"မျက်ကန်းယုံကြည်မှုပဲ။"
"စိတ်ကူးယဉ်တာအိုထဲမှာပိတ်မိနေတဲ့လူက ငါပဲလို့ မင်းက ဘယ်လိုများ သိနေရတာလဲ။"
ဘိုးဘေးစန်းလန်၏ မျက်လုံးသူငယ်အိမ်များက ရုတ်တရက် ကျုံ့သွားပြီး ကြောက်လန့်တကြားဖြစ်ကာ ခန္ဓာကိုယ်ကြီး တောင့်တင်းသွားသည်။ စိတ်ကူးယဉ်ကမ္ဘာထဲရှိ အနက်ရောင်ဝတ်ရုံနှင့ လူငယ်လေးက သူ့ကို ပြုံးပြပြီးနောက် ရေပွက်တစ်ခုလို ပျောက်ကွယ်သွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်။
သူက ချက်ချင်း နောက်လှည့်မကြည့်ဘဲ ထပ်မံ၍ စိတ်ကူးယဉ်လိုက်သည်။
တစ်ဖက်လူကို ပြန်လည်ပိတ်လှောင်ရန် ကြိုးပမ်းလိုက်သည်။
[စိတ်ကူးယဉ်တာအို - မက်မွန်ပန်းဥယျာဉ်]
ဤတစ်ကြိမ်တွင်တော့ မက်မွန်ပန်းဥယျာဉ်တစ်ခု ဖြစ်သည်။ ခြံဝင်းထဲတွင် အရောင်အသွေး စုံလင်သော မက်မွန်ပင်များ စိုက်ပျိုးထားပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် အဆုံးအစကို မမြင်နိုင်ပေ။
"တစ်ကြိမ်ရှောင်နိုင်တယ်ဆိုပေမယ့် ဒုတိယအကြိမ်ကော ထပ်ရှောင်နိုင်ဦးမလား။" ထိုအခါမှ ဘိုးဘေး စန်းလန် နောက်လှည့်ကြည့်လိုက်ရာ မက်မွန်ပန်းဥယျာဉ်ထဲတွင် ရပ်နေသောလူရိပ်ကို မြင်တွေ့လိုက်ရသဖြင့် သက်သာရာရသွားသော အပြုံးတစ်ခု ပေါ်လာသည်။
သို့သော်လည်း။
သူက အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးကို လှမ်းကြည့်လိုက်ချိန်တွင် ထိုသူက "စိတ်ကူးယဉ်ကမ္ဘာ"ကို ဖောက်ထွင်း၍ မိမိကို ပြန်လည် လှမ်းကြည့်နေသည်။
"ခင်ဗျားက တကယ်ပဲ ထွက်ပြေးနိုင်သေးတာလား။" ဘိုးဘေးစန်းလန်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
အနက်ရောင်ဝတ်ရုံနှင့်လူငယ်လေးက ခေါင်းခါလျက် ပြောလိုက်သည်။
"ငါ တစ်ခါမှ တမင်သက်သက် မရှောင်တိမ်းခဲ့ပါဘူး။ ပထမအကြိမ် အပါအဝင်ပေါ။ ဒါပေမဲ့လည်ညး ငါ ပြောခဲ့တဲ့စကားကို မင်း မေ့နေတဲ့ပုံပဲ။"
"အချိန်-နေရာလွတ်ရှိနေသမျှ ငါ့ရဲ့စိတ်ရောက်ရှိနေသမျှအရာအားလုံး ငါ့ရဲ့ နတ်ဘုရားစွမ်းအင်တွေပဲ။"
"ငါသာလိုချင်ရင် ဘယ်အချိန် ဘယ်နေရာလွတ်ကမဆို ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ် ဖြစ်နိုင်တယ်။"
စကားအဆုံးတွင်။
ဘိုးဘေးစန်းလန်၏ နားနားကပ်၍ ပြောလိုက်သည့်အလား အသံတစ်သံ ထွက်ပေါ်လာသည်။ "ဥပမာ ပြောရရင် အခုလိုမျိုးပေါ့။"
ဘိုးဘေးစန်းလန်၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး စက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီး နောက်လှည့် ကြည့်လိုက်ရာ ဘေးနားတွင် တိတ်ဆိတ်စွာ မတ်မတ်ရပ်နေသော နတ်ဘုရားတစ်ပါးနှင့်တူသည့် ကြီးမြတ်လှသော အမျိုးသားတစ်ဦးကို မြင်လိုက်ရ၏။
လက်ဖဝါးတစ်ဖက်က ဘိုးဘေးစန်းလန်၏ပခုံးပေါ်သို့ ဖွဖွလေးလာပုတ်ကာ ပြောလိုက်သည်။
"စီနီယာကြီး... လမ်းခရီးဖြောင့်ဖြူးပါစေ။"
လက်ဖဝါးက ပုခုံးပေါ်သို့ ကျရောက်လာချိန်တွင် ဘိုးဘေးစန်းလန်က မိမိ၏ အသက်စွမ်းအင်များ အလျင်အမြန် လျော့နည်းပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
မိုးမျှော်တိုက်ကြီးတစ်ခု၏အုတ်မြစ်ကို ရုတ်တရက်ဆွဲနှုတ်လိုက်သကဲ့သို့ စက္ကန့်အနည်းငယ်အတွင်းမှာပင် တိုက်ကြီး၏တစ်ဝက်ကျော် ပြိုကျသွားသကဲ့သို့ ဖြစ်သည်။
"ဒါက သံသရာကနေလွတ်မြောက်တာလား..."
"သံသရာကနေ မလွတ်မြောက်နိုင်သရွေ့ အဆုံးသတ်မှာတော့ ပုရွက်ဆိတ်တစ်ကောင်လိုပဲ။ နားလည်နိုင်ဖို့တောင် မဖြစ်နိုင်ဘူး။"
မသေဆုံးခင်တွင် ဘိုးဘေးစန်းလန်က ခါးသီးစွာပြုံးလျက် ခေါင်းခါလိုက်သည်။ ရှုံးနိမ့်သွားခြင်းအတွက် နောင်တရခြင်းမရှိဘဲ မိမိကိုယ်ကိုယ် အဆုံးအစမဲ့သောလှောင်ပြောင်မှုများသာ ရှိနေသည်။
ထိုသို့ပြောပြီးနောက်။
ဘိုးဘေးစန်းလန်သည် ခက်ခဲပင်ပန်းစွာ ခြေလှမ်းလှမ်းကာ ဧည့်ခန်းမဆောင်ကြီးထဲသို့ ပြန်သွားပြီး ထိုင်ခုံကြီးတစ်လုံးပေါ်တွင် ထိုင်ချလိုက်သည်။
ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် အသက်စွမ်းအင်များအားလုံးက ငြိမ်းသတ်သွားတော့သည်။ သူ၏ ဦးခေါင်းက တဖြည်းဖြည်းငိုက်ကျသွားပြီး မုန့်ချင်ကျိုးရှိရာအရပ်ဆီသို့မျက်နှာမူကာ အညံ့ခံအရှုံးပေးလိုက်သည့် ပုံစံမျိုး ဖြစ်နေသည်။
"သွေးတာအို..."
ရုတ်တရက်။
မုန့်ချင်ကျိုး တစ်ခုခု မှားယွင်းနေကြောင်းကို သတိထားမိလိုက်သည်။ လည်ပင်းကို လက်ချောင်းဖြင့် စမ်းကြည့်လိုက်ရာ စေးကပ်ကပ်အရည်အချို့ကို စမ်းမိသွားပြီး နှာခေါင်းနားကပ်၍ နမ်းကြည့်လိုက်သည်။
သွေးနံ့များ ရနေ၏။
ကြည့်ရသည်မှာ ဘိုးဘေးစစ်ဟိုင်က လက်စွမ်းပြလိုက်ခြင်း ဖြစ်ပုံရသည်။
[အမှောင်တာအို] နှင့် [သွေးတာအို]ကို ပေါင်းစပ်ထားသော မွေးရာပါ လုပ်ကြံသတ်ဖြတ်သူ။
ခုနက ဘိုးဘေးစန်းလန်၏ အချိန်ဆွဲခြင်းကို (၁၀)စက္ကန့်ခန့်ခံလိုက်ရစဉ် ကျန်ရှိသောမဏ္ဍိုင်သုံးခုက တိတ်တဆိတ် လှုပ်ရှားနေခဲ့ကြသည်။
ယခုအချိန်တွင် မုန့်ချင်ကျိုး၏ခန္ဓာကိုယ်ပေါ်၌ သွေးတာအို၏ ကြီးမားသော နတ်ဘုရားစွမ်းအင်ပေါင်း တစ်သောင်းကျော်ကို နေရာချထားပြီးဖြစ်သည်။
၎င်းတို့ထဲမှ အချို့မှာ အလွန်စွမ်းအားကြီးမားပြီး အရည်အသွေးအားဖြင့် "အန္တိမတစ်ပိုင်းအဆင့်"သို့ ရောက်ရှိနေကာ ဇစ်မြစ်ကို ခြေရာခံနိုင်သည်။ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်နေပါစေ သွေးတာအို၏ ကြီးမားသော နတ်ဘုရားစွမ်းအင်တစ်သောင်းကျော်က ဇစ်မြစ်ကိုခြေရာခံ၍ ပင်မခန္ဓာကို တိုက်ရိုက်မှတ်သားထားနိုင်၏။
"ဘိုးဘေးစစ်ဟိုင်က လူသားဧကရာဇ်ရဲ့ သည်းသည်းလှုပ်ပရိသတ်လေးလို့ ကြားဖူးတယ်။ အစကတော့ မျက်တောင်မခတ်တမ်း လူသတ်တတ်တဲ့ သတ်ဖြတ်သူတစ်ယောက်ပေမယ့် လူသားဧကရာဇ်ရဲ့စိတ်ထဲက သူ့ရဲ့ပုံရိပ်ကို ပြောင်းလဲချင်လို့ သွေးတာအိုကို ကုသရေးဘက်မှာပြောင်းပြီး အသုံးပြုခဲ့တာလို့ ကြားတယ်။"
"မင်းကိုသတ်ရမှာ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်။ တစ်သက်လုံး စောင့်ဆိုင်းခဲ့ရပြီးတော့ လူသားဧကရာဇ်နဲ့ မိဖုရားခေါင်ကြီးတို့ နှစ်ကိုယ်တူသွားလာနေတာကို မျက်စိအောက်မှာ မြင်နေရပေမယ့် အစကနေအဆုံးထိ မင်းကို တစ်ချက်လေးတောင်လှည့်မကြည့်ခဲ့ဘူးလေ။"
"သနားစရာကောင်းတဲ့သူပဲ။"
အမှောင်နယ်မြေထဲတွင် ပုန်းကွယ်နေသော ဘိုးဘေးစစ်ဟိုင်၏ မျက်ဝန်းများက အေးစက်နေပြီး အရှေ့မှလူ၏စကားကို ကြားမနေသကဲ့သို့ လျစ်လျူရှုထားသည်။ သို့သော်လည်း သူ၏ နောက်ကျိနေသော မျက်ဝန်းနက်နက်ထဲတွင်တော့ တုန်လှုပ်မှု တစ်စွန်းတစ်စ ရှိနေခဲ့သည်။
သူ၏စိတ်နှလုံးထဲတွင် အနည်းငယ် ရှုပ်ထွေးသွားသည့် တစ်ခဏမှာပင်။
မုန့်ချင်ကျိုးက ရုတ်တရက် နောက်လှည့်လိုက်ပြီး ဟာလာဟင်းလင်းဖြစ်နေသော မျက်ဝန်းများဖြင့် "အမှောင်နယ်မြေ"ရှိရာအရပ်ကို ချက်ချင်းအသေမှတ်လိုက်ကာ ဘိုးဘေးစစ်ဟိုင်ကိုပါ မှတ်သားထားလိုက်သည်။
"မင်းရဲ့ကံကြမ္မာက သနားစရာကောင်းပေမယ့် မိုးကလင်းတော့မယ်။"
"အဲဒါကြောင့်..."
"မြန်မြန်လေး သွားလိုက်ပါတော့။"
မုန့်ချင်ကျိုးက လေထဲမှနေ၍ ဘိုးဘေးစစ်ဟိုင်ရှိရာအရပ်ဆီသို့ လက်ခါးချောင်းကိုဆန့်တန်းကာ အပြင်းအထန် လက်သီးဆုပ်လိုက်သည်။
"သေစမ်း။"
ဘုန်း။
"အမှောင်နယ်မြေ"သည် ကြီးမားလှသောဖိအားကို ခံလိုက်ရပြီး အလုံးတစ်လုံးလို ကျစ်ကျစ်ပါအောင် ညှစ်ခံလိုက်ရကာ အတွင်းထဲတွင် ပုန်းအောင်းနေသော ဘိုးဘေးစစ်ဟိုင်ကို တိုက်ရိုက် ကြိတ်ချေ သတ်ဖြတ်လိုက်တော့သည်။
နေရာလွတ်ထဲမှသွေးများ စိမ့်ထွက်လာပြီးနောက် ဘိုးဘေးစစ်ဟိုင်သည် ညည်းတွားသံတစ်ချက်သာ ထွက်နိုင်လိုက်ပြီးနောက် ကိုယ်ရောစိတ်ပါ လုံးဝအစအနမကျန် ပျက်စီးသွားတော့သည်။
လီကျိရှန်းက သက်ပြင်းချကာခေါင်းခါလိုက်ပြီး ပျက်စီးသွားသောအမှောင်နယ်မြေဆီသို့သွားကာ ဘိုးဘေးစစ်ဟိုင်၏အလောင်းကို သယ်ယူလိုက်သည်။ ထို့နောက် ကျောပေါ်တွင်ပိုးကာ တီးတိုးရေရွတ်လိုက်၏။
"ညီမလေးက တစ်သက်လုံး ဒုက္ခခံခဲ့ရတာပဲ။ အခုလို ပေါ့ပေါ့ပါးပါးလေး လွတ်မြောက်သွားတာကလည်း အဆုံးသတ်ကောင်းတစ်ခုလို့ ဆိုရမှာပေါ့။"
ထိုသို့ပြောရင်း လီကျိရှန်းသည် ဘိုးဘေးစစ်ဟိုင်၏သွေးများပေကျံကာ အစိတ်စိတ်အမွှာမွှာ ဖြစ်လုနီးပါး ခန္ဓာကိုယ်ကို ထိုင်ခုံကြီးတစ်လုံးပေါ်တွင် တင်ပေးလိုက်ပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ပေးလိုက်သည်။
ထို့နောက်တွင်။
လီကျိရှန်းက မုန့်ချင်ကျိုး လက်ဆောင်ပေးခဲ့ဖူးသော ဓားကို ဆွဲထုတ်လိုက်ပြီးနောက် အေးဆေးစွာ ပြောလိုက်သည်။
"ကျွန်တော့်အလှည့်ရောက်ပါပြီ။ အရှင်မင်းကြီး။"
"အမြဲတမ်းပဲ အရှင်မင်းကြီးဆီကနေ ပညာမသင်ယူခဲ့ရဖူးဘူး။ အရင်တုန်းက မှတ်ဉာဏ်တွေ ဝေဝါးနေချိန်မှာတောင် ကျွန်တော်နဲ့ အစမ်းသပ်ခံပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် အရှင်မင်းကြီး အမြဲပဲ ငြင်းပယ်ခဲ့တယ်။"
"ဒီတစ်ခါတော့ အရှင်မင်းကြီး လုံးဝငြင်းလို့မရတော့ပါဘူး။”
...