← Chapters

အခန်း (၃၀၃-၃၀၅)

Vol. 21 Ch. 303-305

အခန်း (၃၀၃-၃၀၅)

Vol. 21 Ch. 303-305

အပိုင်း(၃၀၃) ခမ်းနားကြီးကျယ်သော စစ်မြေပြင်၊ တိမ်များမှထွက်ပေါ်လာပြီး နေမင်းကို ဖောက်ထွင်းခြင်း

လက်ရှိတွင် တောရိုင်းမြေ၌ အင်အားစု (၃၀၀)ကျော်သာ ကျန်ရှိတော့သည်။ ၎င်းတို့အနက် နှစ်ရာကျော်က မဟာကျင်းတိုင်းပြည်ထံ အညံ့ခံရန် ရွေးချယ်ခဲ့ကြပြီး ကျန်ရှိသော အင်အားစု(၁၀၀)ခန့်သည် သူတို့၏နယ်မြေအတွင်း ဇန်တပည့် အများအပြား ရှိနေခြင်းကြောင့် ဗုဒ္ဓတိုင်းပြည်နောက်သို့ လိုက်ရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသည်။

ဧကရီသည် ရွှေရောင်ဗုဒ္ဓကို ဓားဖြင့်ချိန်ရွယ်ကာ စစ်ပွဲစတင်ကြောင်း ကြေညာလိုက်ချိန် တောရိုင်းမြေ၏ တိုင်းပြည်အသီးသီးက သူတို့၏အလံများကို လွှင့်ထူလိုက်ကြပြီး နယ်နိမိတ်အတွင်းရှိ ကျင့်ကြံသူများနှင့် ကြီးမားလှသော စစ်တပ်ကြီးများသည် ထွက်ခွာသွားကြကာ ထိုလူစုကွဲနေသော အင်အားစုများသည် အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ကြတော့သည်။

လေပေါ်မှကြည့်လျှင် ပုရွက်ဆိတ်အသိုက် ရာပေါင်းများစွာ ရွှေ့ပြောင်းနေသကဲ့သို့ ဖြစ်နေသည်။ အချို့က မိုးပျံလှေများကို စီးနင်းနေကြသည်။ အချို့က သားရဲများကို စီးနင်းနေကြသည်။ အချို့က မှော်ရတနာများကို စီးနင်းကြပြီး တိုက်ပွဲဝင်စစ်ကြောင်းရာပေါင်း ထောင်ပေါင်းများစွာက တစ်ပြိုင်နက်တည်း လှုပ်ရှားနေကြသည်။

မဟာကျင်းတိုင်းပြည်၏ လက်အောက်ခံ အင်အားစုများက ရွှေရောင်အလင်းတန်း တောက်ပနေသည့် နေရာဆီသို့ အပြေးအလွှားသွားကြပြီး ဗုဒ္ဓတိုင်းပြည်၏ နောက်လိုက်အင်အားစုများက သူတို့၏လမ်းကို ပိတ်ဆို့ထားကြသည်။ နှစ်ဖက်စလုံး ဆုံတွေ့သည်နှင့် တစ်ပြိုင်နက် စကားမများတော့ဘဲ ဓားများမြှောက်ကာ အချင်းချင်း စတင်တိုက်ခိုက်ကြလေသည်။

မျက်စိကျိန်းမတတ် များပြားလှသော ဂါထာမန္တန်များနှင့် သဘာဝလွန်စွမ်းအားများ၊ ရှုပ်ထွေးပြီး သတ်ဖြတ်နေမှုများ၊ တာအိုနိယာမ အမျိုးမျိုး၏ ဟိန်းဟောက်သံများနှင့် နတ်ဘုရားများ၏ ဖရိုဖရဲတိုက်ပွဲများ ဖြစ်ပွားခဲ့သော ရှေးခေတ်ကာလသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ဖြစ်နေသည်။

တောရိုင်းမြေတစ်ခုလုံးကို မီးခိုးရောင်မြူခိုးများက ဖုံးလွှမ်းထားပြီး တိမ်တိုက်များက သွေးများဖြင့် စွန်းထင်းနေလေသည်။ နေရောင်ခြည်သည် သွေးရောင်တိမ်တိုက်များကို ဖြတ်သန်း တောက်ပနေပြီး မြေပြင်ကို သွေးရောင်အလင်းတန်းဖြင့် လင်းလက်သွားစေသည်။ တောင်တန်းကြီးများ အပိုင်းပိုင်းလိုက် ပြိုကျသွားပြီး မြစ်များနှင့်သမုဒ္ဒရာများ ခန်းခြောက်သွားကာ ဧရာမမြို့ကြီးများပင်လျှင် မျက်မိတစ်မှိတ်အတွင်း မြေပြင်နှင့် တစ်ပြေးညီ ဖြစ်သွားလေသည်။

ကမ္ဘာပျက်မည့်နေ့ ရောက်လာသကဲ့သို့ ဤစစ်ပွဲနှင့် မသက်ဆိုင်သူများက အိမ်တွင်နေကာ ဆုတောင်းနေကြသည်။

မဟာကျင်းတိုင်းပြည်ကို ကျန်းစန်းဟိုင်က ကိုယ်တိုင်ကွပ်ကဲပြီး ညွှန်ကြားချက်များကို လက်အောက်ခံ အင်အားစုများနှင့် မဟာကျင်း၏ တရားဝင်စစ်တပ်များထံသို့ လက်ဆင့်ကမ်းပေးပို့ခဲ့သည်။

အရေအတွက်နှင့် တိုက်ခိုက်ရေးအားသာချက်၊ ထို့အပြင် ကျန်းစန်းဟိုင်၏ ထက်မြက်သော စစ်ရေး မဟာဗျူဟာအောက်တွင် သူတို့၏တိုးတက်မှုသည် အလွန်လျင်မြန်လေသည်။ သူတို့သည် အတ္တကင်းမဲ့ဗုဒ္ဓ၏ ရွှေရောင်ရုပ်ပွားတော်ကို ကိုးကွယ်ထားသော ဗိမာန်များကို အဆက်မပြတ်ဖျက်ဆီးပြီးနောက် အမြစ်ပြတ် သုတ်သင်ခဲ့ကြသည်။

အောင်ပွဲ၏ ချိန်ခွင်လျှာက မဟာကျင်းတိုင်းပြည်ဘက်သို့ တဖြည်းဖြည်း ယိမ်းယိုင်လာလေသည်။

တောရိုင်းမြေ၏တစ်ဝက်ကို သိမ်းပိုက်ထားသော ရွှေရောင်ပုံသဏ္ဌာန်ရှိသည့် အတ္တကင်းမဲ့ဗုဒ္ဓသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး စကားလုံး တစ်လုံးကို ရေရွတ်လိုက်သည်-

"ထ…"

တစ်ခဏချင်းမှာပင်။

ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

ဗုဒ္ဓတိုင်းပြည် သိမ်းပိုက်ထားသောနယ်မြေ၏ နက်ရှိုင်းသောနေရာတွင် မရေမတွက်နိုင်သော ဇန်ဗုဒ္ဓဘာသာ ကျင့်ကြံသူများ ထွက်ပေါ်လာသည်ကို မဟာကျင်းက ရုတ်တရက် မြင်တွေ့လိုက်ရသည်။ သူတို့ တစ်ဦးစီတိုင်းတွင် သန်မာသော ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နှင့် ထင်ရှားသောကျင့်ကြံမှု ရှိကြသည်။

၎င်းတင် မကသေးပေ။

အရပ်လေးမျက်နှာတွင် ကြာပလ္လင်(၄)ခု ပေါ်လာပြီး ထိုအပေါ်တွင် ဗောဓိသတ္တများ ထိုင်နေကြကာ မျက်နှာဖုံးစွပ်များ ဝတ်ဆင်ထားပြီး သန့်ရှင်းမြင့်မြတ်မှုကို ထုတ်လွှတ်နေကြသည်။

ဗုဒ္ဓတိုင်းပြည်မှ အရဟတ္တ(၁၅)ပါးသည် ဇန်ကျင့်ကြံသူများကို ဦးဆောင်ကာ အရပ်မျက်နှာ အသီးသီးမှ ကြမ်းကြုတ်သောစွမ်းအင်များဖြင့် တဟုန်ထိုး ပြေးဝင်လာကြသည်။ လက်အောက်ခံ အင်အားစုများမှ စနစ်တကျ မရှိသော စစ်သားများက အကြာကြီးမခုခံနိုင်ဘဲ ဟင်းသီးဟင်းရွက်များကဲ့သို့ အသတ်ခံလိုက်ရလေသည်။

တိုက်ပွဲက နောက်တစ်ကြိမ် မတင်မကျအခြေအနေသို့ ရောက်ရှိသွားပြန်သည်။

မဟာကျင်းက ကြီးမားသောဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။ ဗိမာန်များစွာ ဖျက်ဆီးခံရသော်လည်း ရုတ်တရက် တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် အများအပြား ဆုံးရှုံးခဲ့ရသည်။

နောက်တန်းတွင် တပ်စွဲထားသော ကျန်းစန်းဟိုင်က တောင်တန်းနှင့်မြစ် မြေပုံကို စူးစိုက်ကြည့်နေပြီး သူ၏အမူအရာမှာ တည်ငြိမ်အေးဆေးနေလေသည်။

"ဗုဒ္ဓတိုင်းပြည်ရဲ့ အရဟတ္တတွေနဲ့ ဗောဓိသတ္တတွေအားလုံး အစွမ်းကုန်ထွက်လာကြပြီ။ မင်းတို့အားလုံး သွားပေးဖို့ ငါ အကူအညီတောင်းတယ်။ တကယ်လို့ သူတို့ကို သတ်နိုင်ရင် သတ်ပစ်လိုက်၊ မသတ်နိုင်ရင်တော့ သူတို့ကို တားထားပေးပါ။"

"ဗိမာန်(၃၀၀၀) ဖျက်ဆီးခံရမှုအတွက် တိုက်ပွဲဆုံးရှုံးမှု တစ်စိတ်တစ်ပိုင်းနဲ့ လဲလှယ်ရတာက ကောင်းတဲ့ အပေးအယူပဲ။"

ချင်းဖုန်းဟော်က ဘေးတိုက်ကြည့်လိုက်ပြီး သူ၏အမူအရာမှာ အံ့သြမှုနှင့် မသေချာမှုတို့ ရရောနှောနေလေသည်။

"အဘိုးကြီး... မင်းက ဗုဒ္ဓတိုင်းပြည်ရဲ့ ဝါးမျိုခံရဖို့အတွက် တပ်ဖွဲ့ တစ်စိတ်တစ်ပိုင်းကို တမင်တကာ စတေးလိုက်တာတော့ မဟုတ်ဘူးမလား။"

ကျန်းစန်းဟိုင်၏မျက်လုံးများတွင် ဂရုမစိုက်မှုများ ပြည့်နှက်နေပြီး သူက တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်း တိုက်ပွဲဝင်သင့်ပြီ။ ဒါက မင်းကိစ္စ မဟုတ်ဘူး။"

ထိုစကားကို ကြားသောအခါ ချင်းဖုန်းဟော်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဓားပြားကြီးကို ပခုံးပေါ် တင်ကာ နောက်သို့လှည့်ပြီး တဲထဲမှထွက်သွားရင်း ကျယ်လောင်စွာ ခေါ်လိုက်သည်။

"လင်းလု... ဒီအဘိုးကြီးနားမှာကပ်နေ။ ပြီးရင် ရန်သူကိုသတ်ဖို့ မင်းကို ငါ ဦးဆောင်မယ်။"

သက်တော်စောင့်တပ်မှူး လင်းလုသည် အနီရောင်ပန်းဖွားပါသောလှံကို ကောက်ကိုင်လိုက်ပြီး သူ၏ သံချပ်ကာကို ဝတ်ဆင်ကာ ရုံးသုံးတံဆိပ်တုံးကို ယူပြီးနောက် ပြုံးဖြီးဖြီးဖြင့် အနောက်မှ ကပ်လိုက်လာလေသည်။

သူတို့နှစ်ဦးက မယုံနိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းဖြင့် လှုပ်ရှားသွားကြပြီး မျက်စိတစ်မှိတ်အတွင်း ရှေ့တန်းသို့ ရောက်ရှိသွားကြသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျယ်ပြောသော အဆုံးမဲ့ သားသတ်ရုံကြီးကို မြင်တွေ့နိုင်သည်။ လရောင်ထွန်းလင်းနယ်ပယ်အောက်ရှိ ကျင့်ကြံသူများသည် ဤစစ်မြေပြင်တွင် မိနစ်အနည်းငယ်မျှပင် မခံနိုင်ဘဲ စက္ကန့်တိုင်းတွင် ထိခိုက်သေဆုံးမှုများမှာ အလွန်ပင် များပြားလှသည်။

"ငါက တစ်သက်လုံး စစ်မြေပြင်မှာ တိုက်ပွဲဝင်ခဲ့ပြီးတော့ တိုက်ပွဲနဲ့ အသားကျနေပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ တစ်နေ့နေ့မှာ စစ်မြေပြင်ကြောင့် ကြောက်လန့်သွားလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။"

ချင်းဖုန်းဟော်၏မျက်ဆံများ အနည်းငယ် ကျုံ့သွားပြီ အသက်ရှူကျပ်လုမတတ် ဖြစ်သွားလေသည်။

၎င်းမှာ ကြောက်၍ မဟုတ်ပေ။

ဤစစ်ပွဲက အလွန်ပင် ကြီးကျယ်ခမ်းနားလွန်းပြီး သူ၏နားလည်နိုင်စွမ်း အကန့်အသတ်များကို ကျော်လွန်နေသောကြောင့်ပင်။

ရိုက်ခတ်မှုက တောရိုင်းမြေတစ်ခုလုံးရှိ အင်အားစုရာပေါင်းများစွာကို သက်ရောက်မှုရှိခဲ့ပြီး မည်သူ တစ်ဦးတစ်ယောက်မျှ အထိအခိုက်မရှိဘဲ မနေနိုင်ခဲ့ပေ။

တောရိုင်းမြေက ကျယ်ပြောလှသည်။ တောရိုင်းမြေထဲသို့ ဧရာမကြယ်ကြီးတစ်လုံး ကျဆင်းလာလျှင်ပင် ဂင်္ဂါမြစ်ထဲမှ အရေးမပါသော သဲတစ်ပွင့်ကဲ့သို့ပင် ဖြစ်နေလိမ့်မည်။ ဤမျှကျယ်ပြောလှသော နယ်မြေတွင် တိုက်ပွဲများနှင့် စစ်ပွဲများက ထောင့်စေ့အောင် ပျံ့နှံ့နေလေသည်။

"တိုင်းပြည်မဏ္ဍိုင်.. ကျွန်တော်တို့ ဘယ်လမ်းကနေ ရှေ့ဆက်သွားသင့်လဲ။" လင်းလုက တံတွေးကို အတင်းမျိုချလိုက်ကာ သူ၏လက်နှင့်ခြေများမှာ ရေခဲလိုအေးစက်နေပြီး သူ၏နှလုံးသား ခုန်ပေါက်နေသည်ကို ခံစားလိုက်ရသည်။

ချင်းဖုန်းဟော်က မငြိမ်မသက်ဖြစ်နေသော စိတ်ခံစားမှုများကို ငြိမ်သက်သွားစေရန် အသက်ပြင်းပြင်း အကြိမ်ကြိမ် ရှူလိုက်ပြီး သူ၏တည်ငြိမ်မှုကို မနည်းပြန်လည်ရယူကာ အရဟတ္တများနှင့် ဗောဓိသတ္တများ၏ လှုပ်ရှားမှုများကို နတ်ဘုရားအာရုံဖြင့် ရှာဖွေလိုက်သည်။ ထို့နောက်တွင် သူသည် ဓားကိုကိုင်မြှောက်ကာ ဦးတည်ချက်တစ်ခုကို ချိန်ရွယ်လိုက်သည်။

"ဟိုမှာ။"

"ငါတို့ဖြတ်သွားရင် လမ်းတစ်လျှောက်က ငါတို့လူတွေရဲ့ဖိအားတချို့ကိုလည်း လျှော့ချပေးနိုင်တယ်။"

လင်းလုက လှံရိုးကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းကိုစေ့ကာ ကောင်းကင်ယံတွင် ရောင်ပြန်ဟပ်နေသော မြင်ကွင်းကို မော့ကြည့်လိုက်သည်။

နတ်ဘုရား သို့မဟုတ် နတ်ဆိုးတစ်ပါးကဲ့သို့ ဖြစ်နေသော ဓားကိုင်ဆောင်ထားသည့် အမျိုးသားက တစ်လှမ်းချင်း ရှေ့သို့တိုးလာပြီး နတ်ဘုရားများ၏နှလုံးသားထဲသို့ ကြောက်ရွံ့မှုများ ထိုးသွင်းကာ သူ၏ တားဆီး၍ မရနိုင်သော အရှိန်အဟုန်က သူ့ကို တောရိုင်းမြေဆီသို့ သယ်ဆောင်သွားသည်ကို ကြည့်နေလေသည်။

သူ၏ပုံရိပ်က မယုံနိုင်လောက်အောင် ခမ်းနားကြီးကျယ်နေပြီး ရှေးခေတ်ကာလမှ ပြန်လည်၍ ရောက်ရှိလာကာ ပစ္စုပ္ပန်ကမ္ဘာသို့ အတင်းအကျပ် ဝင်ရောက်လာမည့်အလား ဖြစ်နေလေသည်။

သူ လွှဲယမ်းလိုက်သော ဓားတစ်ချက်စီ၊ သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းက ကောင်းကင်ဘုံအားလုံးရှိ အသက်၏ အဓိကအရင်းအမြစ်ကို ထိုးနှက်နေသကဲ့သို့ ဖြစ်နေပြီး သူ၏တိုက်ကွက်ကြောင့် မရေမတွက်နိုင်သော နယ်မြေများအားလုံး တုန်လှုပ်သွားစေသည်။

လင်းလုက ထိုပုံရိပ်ကို သူ၏စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း မှတ်သားထားလိုက်ရာ သူ၏နှလုံးသားသည် အဆုံးမရှိသောဂုဏ်ယူမှုနှင့်သတ္တိများဖြင့် ပြည့်နှက်လာပြီး ယခင် ရှိခဲ့သော ကြောက်ရွံ့မှုနှင့် မငြိမ်မသက်မှုများကို ဖယ်ရှားပစ်လိုက်လေသည်။

"သွားကြမယ်။"

ချင်းဖုန်းဟော်က ကောင်းကင်ယံတွင် ရောင်ပြန်ဟပ်နေသောပုံရိပ်ကို ကြည့်လိုက်မိသည်။ ထို့နောက် ဓားကိုဆွဲထုတ်ကာ စစ်မြေပြင်ထဲသို့ မဆိုင်းမတွ ပြေးဝင်သွားတော့သည်။

လင်းလုသည်လည်း သူ့အနားတွင် ကပ်နေလေသည်။

[ တိမ်တိုက်များမှ ထွက်ပေါ်လာခြင်း ]

လှံတစ်ချက်တည်းဖြင့် သူက ရှေ့မှ ထူထပ်သောလူအုပ်ကြီးအား မည်းမှောင်နေသော တိမ်တိုက်များကို ခွဲဖြာလိုက်သကဲ့သို့ ဆုတ်ဖြဲလိုက်လေသည်။

လတ်ဆတ်သောသွေးများက အသားနှင့်အရိုးများရောနှောကာ နေရာအနှံ့ ပြန့်ကျဲသွားလေသည်။

အစပိုင်းတွင်တော့။

လင်းလုက အခြေအနေကိုကိုင်တွယ်ရန် အချိန်အလုံအလောက် ရှိသေးသည်ဟု ခံစားခဲ့ရသည်။ အပြင်းထန်ဆုံးနှင့် အရှုပ်ထွေးဆုံး တိုက်ပွဲများက လက်အောက်ခံအင်အားစုများ အကြားတွင် ဖြစ်ပြီး သူတို့၏ စစ်တပ်များနှင့် ကျင့်ကြံသူများ၏ အရည်အသွေးမှာ ကွာခြားမှု ရှိသည်။ သူတို့ကို ကိုင်တွယ်ရလွယ်ကူပြီး သူလုပ်ဆောင်လိုက်သော လှုပ်ရှားမှုတိုင်းက အသက်ထောင်ပေါင်းများစွာကို ယူဆောင်သွားနိုင်သည်။

ထို့အပြင် ချင်းဖုန်းဟော်က ရှေ့တန်းတွင်ရှိနေပြီး ဖိအားအများစုကို မျှဝေခံပေးရာ အခြေအနေက များစွာ ပိုမို၍ လွယ်ကူလေသည်။

သို့သော်…

အချိန်များ ကုန်လွန်လာတာနှင့်အမျှ စက္ကန့်တိုင်းက လက်ချောင်းများကြားမှ လျှောကျသွားသည်။

လင်းလု၏ သွေးဆာပြီးစိတ်အားထက်သန်နေသော မျက်လုံးများက တဖြည်းဖြည်းနှင့် အေးစက်ပြီး တိတ်ဆိတ်လာလေသည်။ သူက "[တိမ်တိုက်များမှထွက်ပေါ်လာခြင်း]"ဟု ထုံထိုင်းစွာ ထပ်ခါတလဲလဲနှင့် ရေရွတ်နေပြီး တစ်ခါတစ်ရံတွင် အလွန်ရိုးရှင်းပြီး အလှဆင်မထားသော လှံအတတ်များကိုအသုံးပြုကာ လူများကိုဖိနှိပ်ပြီး ရန်သူများကို အစွမ်းကုန်ခွန်အားဖြင့် သတ်ဖြတ်လေသည်။

တစ်ခါတစ်ရံတွင် လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံသူများက ရုတ်တရက် ပေါ်လာပြီး သူ့ကို ချုံခိုတိုက်ခိုက်ကာ တစ်ချက်တည်းဖြင့် သတ်ရန် ကြိုးစားကြသည်။

ဝှစ်…

မြားတစ်စင်း လေးကြိုးမှ ပစ်ထွက်သွားချိန်တွင် စူးရှသောလေတိုးသံတစ်ခု ထွက်ပေါ်လာပြီး ၎င်းသည် လေထုကို ဖြတ်တောက်သွားချိန်တွင် စူးရှသော လေချွန်သံတစ်ခု နောက်မှ လိုက်ပါလာလေသည်။

လင်းလု၏နှလုံးသားထဲတွင် သတိပေးချက်တစ်ခု ပေါ်လာသည်။ သူက ရုတ်တရက်ပင် နောက်သို့ လှည့်လိုက်ရာ တိတ်ဆိတ်နေသော မျက်လုံးများ ရုတ်တရက် တောက်ပသွားလေသည်။ ခုခံရန်အတွက် သူ၏ လှံကို မြှောက်လိုက်ချိန်မှာပင် သွေးဆာနေသော အစွန်းတစ်ဖက်ဖြင့် ပြည့်နှက်နေသည့် မြားသွားတစ်ခုသည် သူ၏မျက်ဆံများတွင် ရောင်ပြန်ဟပ်နေပြီ ဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရသည်။

သေမင်းသတိပေးချက်များကို အဆက်မပြတ် ထုတ်ပြန်နေ၏။

ချွမ်း…

ကံကောင်းထောက်မစွာဖြင့် အရေးကြီးသောအချိန်တွင် ချင်းဖုန်းဟော်က ဓားကိုဆွဲထုတ်ကာ ကယ်ဆယ်ရန် အလျင်စလို ပြန်ပြေးလာပြီး မြားကို တစ်ချက်တည်းဖြင့် နှစ်ပိုင်းဖြတ်လိုက်လေသည်။

မြားက ဦးတည်ချက်လွဲသွားပြီး အောက်ဘက်သို့စောင်းသွားကာ လင်းလု၏ ပခုံးရိုးကို ဖောက်သွားပြီး ပန်းကန်လုံးအရွယ်ခန့် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။

"ချီးပဲ။"

လင်းလုက ပခုံးကိုဖိကိုင်ကာ ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။ အဝေးမှ ရွှေရောင်သံချပ်ကာနှင့် တိမ်ပေါ်လျှောက်သည့်ဖိနပ်များကို ဝတ်ဆင်ထားသော ရဲရင့်သည့်လူငယ်တစ်ဦးကို သူ ချက်ချင်းပင် ပစ်မှတ်ထားလိုက်သည်။ ထိုလူငယ်က လေးကို ဆက်လက်ဆွဲထားပြီး လင်းလုကို တည့်တည့် ချိန်ရွယ်၍ ထားလေသည်။

"တိုင်းပြည်မဏ္ဍိုင်... ခဏစောင့်ပါ။ ကျွန်တော် သူ့ကို ကိုင်တွယ်မယ်။" လင်းလု ဒေါသထွက်သွားပြီး သူ့ကို ရင်ဆိုင်ရန် လှံကိုင်လျက် သွားလေသည်။

"သတိထား။ သူက ဗုဒ္ဓတိုင်းပြည်ရဲ့ လက်အောက်ခံအင်အားစုတွေထဲက တစ်ခုဖြစ်တဲ့ ရှူတိုင်းပြည်ရဲ့ အိမ်ရှေ့မင်းသားပဲ။ သူက လရောင်ထွန်းလင်းနယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရှိပြီးတော့ လေးပစ်တာကို အကျွမ်းကျင်ဆုံးပဲ။ သူ့အဆင့်ထက် ပိုမြင့်တဲ့ရန်သူတွေကို သတ်ဖူးတဲ့မှတ်တမ်းတွေ ရှိတယ်။"

ချင်းဖုန်းဟော်က ကျယ်လောင်စွာ သတိပေးလိုက်သည်။

"သိပါတယ်။"

လင်းလု၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလျက် ပြန်ဖြေလိုက်သည်။ ရွှေရောင် သံချပ်ကာဝတ်လူငယ်က နောက်ထပ်မြားတစ်စင်းကို ပစ်လွှတ်လိုက်သောအခါ သူက ရှောင်တိမ်းခြင်း မရှိဘဲ သူ့ဆီသို့ တည့်တည့် ပြေးဝင်သွားလေသည်။

[ တိမ်တိုက်များမှထွက်ပေါ်လာခြင်း ]

လှံပစ်ခတ်မှုက ပွတ်ဆွဲသွားပြီး ပေ(၁၀၀) အကွာအဝေးအတွင်း လမ်းကိုပိတ်ဆို့နေသော ရန်သူများကို သုတ်သင်ရှင်းလင်းလိုက်လေသည်။

[နေကိုဖောက်ထွင်းခြင်း]

လင်းလုက လေထဲခုန်တက်လိုက်ပြီး သူ၏လက်မောင်းကို ခေါင်းပေါ်သို့ အမြင့်ကြီး မြှောက်လိုက်သည်။ သူ၏လက်မောင်းကြွက်သားများနှင့် အရိုးများက မိုးကြိုးကဲ့သို့ တုန်ခါနေပြီး အနီရောင်ပန်းဖွားပါသောလှံ၏ ထိပ်ဖျားက မီးလောင်နေသကဲ့သို့ ဖြစ်နေကာ နေမင်းကဲ့သို့ တောက်ပစွာ လင်းလက်နေလေသည်။

ဝှစ်။

မြန်ဆန်လွန်း၍ မျက်စိဖြင့်မလိုက်နိုင်သော ပုံရိပ်ယောင်တစ်ခုချန်ရစ်ကာ လှံတစ်ချက် ပစ်လွှတ်လိုက်၏။

၎င်း၏ထက်မြက်သောအစွန်းက အရာအားလုံးကို ဖောက်ထွင်းသွားပြီး မြားနှင့် ထိပ်တိုက်ရင်ဆိုင်ကာ ၎င်းကိုဖောက်ထွင်းသွားပြီးနောက် ရွှေရောင်သံချပ်ကာဝတ်လူငယ်ဆီသို့ တည့်တည့် ဦးတည်သွားလေသည်။

ထွီး...

သွေးများက နေရာအနှံ့ ပန်းထွက်သွားလေသည်။

ထိုလှံချက်က နေကို အမှန်တကယ် ဖောက်ဝင်သွားသလိုပင်။

…

အပိုင်း(၃၀၄) ပျက်စီးနေသောကမ်းပါး၊ အံ့မခန်းအလှတရားတစ်ခု၊ လူတိုင်း အသေအလဲ တိုက်ခိုက်နေကြခြင်း

လင်းလုက လှံကို ကိုင်ထားပြီး အသက်ပြင်းပြင်းရှူကာ လှုပ်ရှားမှုတိုင်းကို ထုံထိုင်းစွာဖြင့် ထပ်ခါတလဲလဲ လုပ်ဆောင်နေလေသည်။

ရွှေရောင်သံချပ်ကာဝတ်လူငယ်လေး၏ သေခါနီးအပြုံးပုံရိပ်က သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေပြီး သက်သာရာရမှုနှင့် သက်သောင့်သက်သာရှိမှုတို့ ရောနှောနေသော အပြုံးတစ်ခုက အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသည်။

သူသည် စစ်မြေပြင်တွင် နာရီပေါင်း တစ်ဒါဇင်ကျော်ကြာ ရှိနေခဲ့ပြီး သူ၏သံချပ်ကာသည် သွေးများဖြင့် စိုရွှဲနေကာ နတ်ဘုရားတစ်ပိုင်းအဆင့်လှံက အနည်းငယ်ပဲ့နေသော အစွန်းတစ်ဖက် ရှိလေသည်။

"ဒီလိုစစ်ပွဲမျိုးက တကယ်ပဲ တန်လို့လား။"

လင်းလုက ချင်းဖုန်းဟော်နောက်သို့လိုက်ကာ ရန်သူ့တပ်များကို ချေမှုန်းရင်း စိတ်ထဲတွင် သူ့ကိုယ်သူ အဆက်မပြတ် မေးခွန်းထုတ်နေခဲ့သည်။

တစ်ချိန်တည်းမှာပင်။

တိုင်းပြည်၏မဏ္ဍိုင်ဖြစ်သော ချင်းဖုန်းဟော်က နံနက်ခင်းအလင်းနယ်ပယ်၏ အလယ်အလတ်အဆင့် အရဟတ္တတစ်ပါးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

နာရီပေါင်းများစွာ ပြင်းထန်စွာတိုက်ခိုက်ပြီးနောက် နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်းတွင်သာ ရှိသေးသော ချင်းဖုန်းဟော်သည် ပိုမိုခိုင်မာသော အခြေခံအုတ်မြစ်နှင့် ပိုမိုနက်ရှိုင်းသော နည်းစနစ်များ ရှိသည့် ပြိုင်ဘက်ကို ရုန်းကန်နေရလေသည်။ သူက အိုမင်းသော်လည်း ခွန်အားကြီးမားပြီး တစ်ချိန်က မဟာကျင်း တိုင်းပြည်၏ မဏ္ဍိုင်တစ်ခုအဖြစ် လူသိများခဲ့သော်လည်း ယခုအခါ ခုခံရန် အစွမ်းမရှိသကဲ့သို့ ဖြစ်နေလေသည်။

ဟူး... ဟူး...

လင်းလုက ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများကိုမော့ကာ လရောင်ထွန်းအလင်းနယ်ပယ်နှောင်းပိုင်း ဇန်ကျင့်ကြံသူတစ်ဦးကို နင်းလိုက်ပြီး သူ၏ခေါင်းထဲမှ လှံကို ဆွဲထုတ်လိုက်သည်။ တိုက်ပွဲအော်ဟစ်သံများကို သူ မကြားရတော့ဘဲ အရိုးမှတစ်ဆင့် အသံကူးစက်ကာ သူ၏ခေါင်းထဲတွင် ပဲ့တင်ထပ်နေသော လေးလံသည့် အသက်ရှူသံများကိုသာ ကြားနေရလေသည်။

စစ်မြေပြင်တွင် အချိန်အကြာကြီး တိုက်ပွဲဝင်ခဲ့ပြီးနောက လရောင်ထွန်းလင်းနယ်ပယ် အထွတ်အထိပ် ကျင့်ကြံမှုဖြင့် သူသည် နယ်ပယ်တူကျင့်ကြံသူ တစ်ဒါဇင်ကျော်ကို သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သည်။

သို့သော်လည်း သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ခါးသီးစွာ ရယ်မောလိုက်သည်။

ရန်သူ့စစ်သည်အများအပြားကို သတ်ဖြတ်ခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ လျော့နည်းသွားပုံ မရပေ။ လူအုပ်ကြီးမှာ အလွန်ကြီးမားနေဆဲဖြစ်ပြီး ပင်လယ်လွှမ်းနယ်ပယ်နှင့် လရောင်ထွန်းလင်းနယ်ပယ်တို့မှ လူများအပါအဝင် မရေမတွက်နိုင်သော လူများရှိနေဆဲ ဖြစ်သည်။

သူက ထိုအကြောင်းကိုပင် တွေးနေခဲ့သည်။

အကယ်၍ ဤပင်လယ်လွှမ်းနယ်ပယ်နှင့် လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံများကို တန်းစီပြီး သူ သတ်ဖြတ်ရန် လည်ပင်းများ ဆန့်ထုတ်ပေးခွင့်ပြုမည်ဆိုပါက တိုက်ခိုက်ရန် နေ့ရက်ပေါင်းများစွာ ကြာကောင်း ကြာလိမ့်မည်ဖြစ်သော်လည်း တိုက်ပွဲအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။

လက်အောက်ခံ တိုင်းပြည်ပေါင်း(၃၀၀)ကျော်နှင့် ဒုတိယအင်အားကြီးတိုင်းပြည် နှစ်ခုတို့သည် သူတို့၏ အင်အားအကုန်ကို စုစည်းကာ စုဆောင်းထားသော အရင်းအမြစ်အားလုံးကို ဤတိုက်ပွဲထဲသို့ သွန်းလောင်းခဲ့ကြသည်။

ဒုတိယအင်အားကြီးအဆင့်ရှိ အဓိကအင်အားစုနှစ်ခုကို ဘေးဖယ်ထားလိုက်လျှင်ပင် လက်အောက်ခံ တိုင်းပြည်ပေါင်း (၃၀၀)ကျော်အကြားတွင် အိမ်ထောင်စုတိုင်း၌ ဖုံးကွယ်ထားသော အရင်းအမြစ်များ ရှိကြသည်။ အပေါ်ယံတွင် သူတို့၌ လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံသူ တစ်ဦး သို့မဟုတ် နှစ်ဦးသာ ရှိကောင်း ရှိနိုင်သော်လည်း တကယ်တမ်းတွင် သူတို့သည် တစ်ဒါဇင်ကျော်ကို တိတ်တဆိတ် ဖုံးကွယ်ထားကြသည်။ ၎င်းမှာ အများအားဖြင့် ဖြစ်လေ့ရှိသောကိစ္စ ဖြစ်သည်။ ထို့ကြောင့် စစ်ပွဲစတင်သောအခါ၊ အဆင့်မြင့် ကျင့်ကြံသူ အရေအတွက်မှာ တွက်ချက်၍မရနိုင်အောင်ပင် များပြားလှသည်။

"လူတွေကို ပိုသတ်တာက ဘာအသုံးကျမှာလဲ။"

"ဒါဆို ဘယ်လိုလုပ်မလဲ..."

"နံနက်ခင်းအလင်း ကျင့်ကြံသူတစ်ယောက်ကို သတ်မယ်။"

လင်းလု၏မျက်လုံးများ သွေးရဲနေပြီး ချင်းဖုန်းဟော်နှင့် ပြင်းထန်သော တိုက်ပွဲတွင် ပါဝင်နေသည့် အရဟတ္တများကို ကြည့်လိုက်သည်။ သူက လှံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ သူတို့ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး တဖြည်းဖြည်း အရှိန်တင်လာကာ လေးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ပင် ပြေးထွက်သွားလေသည်။

[တိမ်တိုက်များမှထွက်ပေါ်လာခြင်း]

[နေကို ဖောက်ထွင်းခြင်း]

လျင်မြန်သော လှုပ်ရှားမှုတစ်ခုတည်းဖြင့် လှံသည် နဂါးတစ်ကောင်ကဲ့သို့ ရွေ့လျားသွားပြီး အရှေ့ရှိ ကျယ်ပြောလှသော လူပင်လယ်ကြီးကို ဖြတ်တောက်သွားလေသည်။

သူ လေထဲသို့ ခုန်တက်လိုက်ရာ လေများဟိန်းဟောက်ပြီး ကြိုးကြာငှက်များ အော်မြည်နေလေသည်။

လင်းလုက ရိုင်းစိုင်းစွာ ပြုံးလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများနှင့်ချီ၊ အသက်စွမ်းအင်များကိုပင် လောင်ကျွမ်းစေလိုက်သည်။ သူ၏ လက်ထဲရှိလှံက တဖြည်းဖြည်း ပူပြင်းလာပြီး လုံးဝနီရဲသွားလေသည်။

[အံ့မခန်းအလှတရား]

နံနက်ခင်းအလင်း၏လှံ။

တိုက်ခိုက်ရေးစွမ်းအားအကုန်ကို စတေးပြီး ပေါင်းစပ်လိုက်သောလှံတစ်ချက်။

၎င်းမှာ သူ့ဘဝတွင် လှံတစ်ချောင်းကို အကြိမ်တစ်သန်းလောက် လွှဲယမ်းပြီးနောက် သူရရှိခဲ့သော ထိုးထွင်းသိမြင်မှု အားလုံးပင်။ သူကိုယ်တိုင်ပင် တစ်ခါမှ မမြင်ဖူးခဲ့သော ထိုးထွင်းသိမြင်မှုများ ဖြစ်သည်။

"တိုင်းပြည်မဏ္ဍိုင်... ခင်ဗျားကိုကူညီဖို့ ရောက်လာပြီ။"

လင်းလုက အော်လိုက်ရာ သူ၏ခန္ဓာကိုယ်နှင့်လှံသည် တစ်သားတည်း ဖြစ်သွားသကဲ့သို့ပင် ငန်းတစ်ကောင်ကဲ့သို့ လင်းလက်သွားပြီး ကောင်းကင်နှင့်မြေကြီးကိုခွဲခြမ်းကာ သွေးရောင်စစ်မြေပြင်တွင် ကောင်းကင်ယံ တစ်စိတ်တစ်ပိုင်းကို ဖော်ပြလိုက်လေသည်။

"မိုက်မဲတဲ့ကောင်။"

ချင်းဖုန်းဟော်က အစပိုင်းတွင် လန့်သွားသော်လည်း စဉ်းစားရန် အချိန်မရှိခဲ့ပေ။ ၎င်းကို တားဆီးရန် နောက်ကျသွားလေပြီ။ ဤအံ့သြစရာကောင်းသောလှံချက်ကို အလဟဿ အဖြစ်မခံနိုင်ပေ။

"(၁၆)ပေရွှေရောင်ခန္ဓာကိုယ်။" အရဟတ္တက ထိတ်လန့်သွားပြီး အန္တိမအတတ်ကို အမြန်သုံးလိုက်ရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏အရေပြားပေါ်တွင် ဇန်နှင့်တာအိုသင်္ကေတများ ထွင်းထွင်းထားလေသည်။

ချင်းဖုန်းဟော် အလွန်စိုးရိမ်သွားပြီးနောက် သူ၏မျက်လုံးများ ခိုင်မာသွားကာ အော်လိုက်သည်။

"သူ့ရဲ့ ရင်ဘတ်ကိုချိန်။ မင်းအတွက် အခွင့်အရေးကို ငါ ဖန်တီးပေးမယ်။"

ထိုမျှပင်။

ချင်းဖုန်းဟော်က ခွန်အားအကုန်ကို စုစည်းကာ တာအိုနိယာမများဖြင့် ပဲ့တင်ထပ်စေပြီး အရဟတ္တ ရွှေရောင်ခန္ဓာကိုယ်၏ရင်ဘတ်ကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်ရာ သွေးထွက်နေသော ပြတ်ရှဒဏ်ရာ တစ်ခုကို မနည်းဖန်တီးနိုင်ခဲ့သည်။

ဒဏ်ရာ ပိုမို၍ မပျံ့နှံ့ခင်မှာပင် အရဟတ္တ၏ အားကောင်းသော ရုပ်ပိုင်းဆိုင်ရာခွန်အားက ၎င်းကို စတင် ကုသပေးလေသည်။

အရဟတ္တ၏မျက်နှာ နီရဲသွားပြီး သူ၏မျက်လုံးများတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ဖြတ်သန်းသွားကာ ဒဏ်ရာများကို ပြုပြင်ရန် အစွမ်းကုန် ကြိုးစားလေသည်။

သို့သော် နောက်ကျသွားလေပြီ။

"စုပုံနေတဲ့အရှိန်အဟုန်"

[ပျက်စီးနေသောကမ်းပါး]

လင်းလု၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။ အံ့မခန်းငန်း၏လှံသည် ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဤလှံတစ်ချက်တည်းဖြင့် အရဟတ္တကို သတ်နိုင်လိမ့်မည်ဟု သူ ဘယ်သောအခါမှ မတွေးခဲ့ပေ။

နံနက်ခင်းအလင်း၏လှံထက် ကျော်လွန်ပြီး ပိုအားကောင်းသော အကွက်တစ်ခု ရှိသေးသည်။

[အံ့မခန်းအလှတရား]က အရှိန်အဟုန် တည်ဆောက်ရန် ပထမအဆင့်သာ ဖြစ်ပြီး [ပျက်စီးနေသာကမ်းပါး]က နောက်ဆုံးထိုးနှက်ချက်ပဲ။

ဂွက်။

လင်းလု၏နဖူးတွင် သွေးများ ပန်းထွက်သွားပြီး သူ၏ အသိဉာဏ်ပင်လယ်သည် ပြိုကွဲလုနီးပါး ဖြစ်နေလေသည်။ သူက နောက်ထပ် စတေးမှုတစ်ခုကို ပြုလုပ်လိုက်ပြီး [ပျက်စီးနေသာကမ်းပါး]ကို မနည်း ထုတ်လွှတ်နိုင်ခဲ့သည်။

လှံ၏အမြန်နှုန်းမှာ သိသိသာသာ မြန်ဆန်လာပြီး အရဟတ္တ၏ရင်ဘတ်ကို တည့်တည့် ဖောက်သွားကာ ရွှေရောင်သွေးမြူတိမ်တိုက်တစ်ခုကို ထွက်ပေါ်စေခဲ့သည်။

"ငါ... ဘယ်လိုလုပ် သေနိုင်မှာလဲ..." အရဟတ္တက မျှော်လင့်ချက် ကင်းမဲ့စွာ ရေရွတ်လိုက်ပြီးနောက် နောက်သို့လဲကျသွားလေသည်။

အရဟတ္တ တစ်ပါးတည်း လဲကျသွားခြင်း မဟုတ်ဘဲ ရှေ့သို့ ဆက်လက်ပြေးဝင်နေဆဲ လင်းလုသည်လည်း မြေမှုန့်များထဲသို့ ထိုးကျသွားပြီး သတိလစ်တဝက် မလစ်ဝတက် ဖြစ်နေလေသည်။

လင်းလုက မြေကြီးပေါ်တွင် လဲလျောင်းနေပြီး အမြင်အာရုံများ မှုန်ဝါးလာကာ သူ၏ပါးစပ်ထောင့်မှ သွေးများစီးကျနေသော်လည်း ပြုံးနေဆဲ ဖြစ်သည်-

"နောက်ဆုံးတော့... ငါ့ဘဝတစ်လျှောက်လုံး လေ့ကျင့်ခဲ့တာက အလဟဿ မဖြစ်ခဲ့ဘူး။"

ထို့နောက်။

ထိုလှံချက်ပစ်လွှတ်လိုက်ပြီးနောက် ရှုပ်ထွေးမှုအားလုံးကို ဖြတ်တောက်လိုက်သကဲ့သို့ သူ၏အကြည့်များ ရှင်းလင်းသွားလေသည်။

စစ်မြေပြင်ကို ပထမဆုံး ဝင်လာစဉ်က ခံစားခဲ့ရသော ကိုယ့်ကိုယ်ကိုယ် သံသယဝင်မှုများက အခုတွင် ပျောက်ကွယ်သွားလေပြီ။

"လောကကြီးက ဒီလိုပဲ။ လူတိုင်းက ဖြတ်ကျော်နိုင်ဖို့ ရုန်းကန်နေကြရတယ်။ တကယ်တမ်းတော့ လုံးဝ ဆိုးတဲ့သူ ဒါမှမဟုတ် လုံးဝကောင်းတဲ့သူ ဆိုတာ မရှိဘူး။ လူတွေမှာ မတူညီတဲ့ယုံကြည်ချက်တွေနဲ့ မတူညီတဲ့ ကိုယ်ပိုင်လက္ခဏာတွေ ရှိတယ်။ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် ကယ်တင်ခြင်းလမ်းကြောင်းတွေ ရှိကြတာပါပဲ။"

"မင်းရဲ့ အကြောင်းပြချက်ကို ငါ နားမလည်ဘူး။ ပြီးတော့ မင်းက ငါ့ရဲ့အကြောင်းပြချက်ကို လက်မခံဘူး၊ ဒါကြောင့် စစ်ပွဲ ဖြစ်လာတာပဲ..."

"စစ်ဗိုလ်ချုပ်တွေအနေနဲ့ဖြစ်ဖြစ်၊ စစ်သားတွေအနေနဲ့ဖြစ်ဖြစ်၊ ငါတို့ လုပ်ရမှာက... ငါတို့ရဲ့သခင်အတွက် ဒီတာဝန်ကို ထမ်းဆောင်ဖို့၊ ငါတို့တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို ကာကွယ်စောင့်ရှောက်ဖို့၊ ပြီးတော့ စစ်ပွဲနဲ့ဘေးဒုက္ခရဲ့ အကျိုးဆက်တွေကို ခံယူဖို့ပါပဲ..."

"ငါတို့သာ အောင်မြင်ခဲ့ရင် အနာဂတ်မျိုးဆက်တွေအတွက် စိုးရိမ်စရာ ဘာမှရှိမှာ မဟုတ်ဘူး..."

လင်းလုက နားလည်သွားပြီး သူသတ်ခဲ့သော ရွှေရောင်သံချပ်ကာဝတ်လူငယ်ကဲ့သို့ပင် မျက်နှာပေါ်တွင် ပြေလျော့သော အပြုံးတစ်ခု ပေါ်လာလေသည်။

ရုတ်တရက်။

တစ်စုံတစ်ယောက်က သူ့ကို ကူညီထူမပေးပြီး ကျောပေါ် တင်ပိုးလိုက်ကာ တစ်ချိန်တည်းမှာပင် စူးရှသော အော်ဟစ်သံတစ်ခုက သူ၏နားထဲတွင် ပဲ့တင်ထပ်သွားသည်။

"လင်းကောင်လေး။ ထစမ်း။ ခွေးမသား။ စစ်ပွဲက မပြီးသေးဘူး။ အဲဒါပြီးသွားရင် ငါတို့အားလုံး အတူတူ သေလို့ရတယ်။"

"မင်းရဲ့လှံကို တင်းတင်း ဆုပ်ထား။ မင်းလုပ်ရမှာက ရှေ့ကို ထိုးဖို့ပဲ။ မင်းကို ငါ သယ်ပြီးတော့ ဆက်ပြီး ပြေးဝင်မယ်။"

လင်းလု၏မျက်လုံးများ တုန်ခါသွားပြီးနောက် တင်းကျပ်စွာ မှိတ်ထားလိုက်သည်။ သူက အနည်းငယ် ဖွင့်ကြည့်ပြီး တုံ့ဆိုင်းစွာ ပြောလိုက်သည်။ "ကောင်းပါပြီ..."

ထိုမျှပင်။

အဘိုးအိုတစ်ဦးနှင့် ကောင်လေးတစ်ယောက်သည် လူပင်လယ်ထဲတွင် ရုန်းကန်နေကြလေသည်။ သူတို့တွင် မြင့်မြတ်သောအဆင့်အတန်းနှင့် ထူးခြားသောကျင့်ကြံမှုများ ရှိသော်လည်း ဤစစ်မြေပြင်တွင် အရေးမပါသကဲ့သို့ ဖြစ်နေဆဲပင်။

၎င်းမှာ ကြီးကျယ်ခမ်းနားသော မြစ်ကြီးတစ်စင်းထဲမှ ထင်ရှားသော လှိုင်းလုံးလေး တစ်ခုသာ...

...

...

စစ်သေနာပတိ၏တဲအိမ်၌။

ကျန်းစန်းဟိုင်၏ အနက်ရောင်ဆံပင်များက ချက်ချင်းပင်အဖြူရောင် ပြောင်းလဲသွားပြီး မြင်သာသော အမြန်နှုန်းဖြင့် အိုမင်းလာလေသည်။ သူ၏ စိတ်ဝိညာဉ်ပင်လယ် မြင့်တက်ကာ မငြိမ်မသက် ဖြစ်နေပြီး အမည်းရောင် သေမင်းစွမ်းအင် အမျှင်လေးများက သူ၏နဖူးမှ ထွက်ပေါ်လာလေသည်။

ဤမျှကြီးကျယ်ခမ်းနားသော စစ်ပွဲကြီးသည် စစ်သေနာပတိချုပ်ကို အဆုံးစွန်သော စမ်းသပ်မှုတစ်ခု ပြုလုပ်ပေးသည်မှာ သေချာသည်။

"စုစုပေါင်း ဗိမာန်(၉၉၀၀၀)ထဲမှာ (၃၂၂၃၄)ခုက ဖျက်ဆီးပြီးပြီ။ သေဆုံးဒဏ်ရာရနှုန်းက သိသိသာသာ မြင့်တက်လာနေတယ်။ အရဟတ္တ(၁၅)ပါးထဲက (၄)ပါး ဆုံးရှုံးသွားပြီးတော့ ဗောဓိသတ္တ(၄)ပါးက ဘာဆုံးရှုံးမှုမှ မရှိသေးဘူး..."

"ကျန်ရှိနေတဲ့ ဗိမာန်(၆၀၀၀၀)ထဲမှာ (၅၀၀၀)က အဓိကနေရာတွေပဲ။ အဲဒါတွေကို ထိန်းချုပ်လိုက်ရင် ဆက်တိုက်တုံ့ပြန်မှုတွေ ဖြစ်ပလာပြီးတော့ ပတ်ဝန်းကျင် ဒေသတွေကို သက်ရောက်မှု ရှိနိုင်တယ်..."

"ဗုဒ္ဓတိုင်းပြည်က ဘေးဖက်တွေကနေ တိုက်ခိုက်နေပြီးတော့ ဖျက်ဆီးခဲ့တဲ့ဗိမာန်တွေကို ပြန်လည် တည်ဆောက်နေတယ်။ အဲဒီလူတွေကို ရှာဖို့ လိုတယ်..."

"ပြီးတော့..."

ကျန်းစန်းဟိုင်၏စိတ်က အလျင်အမြန် အလုပ်လုပ်နေပြီး မျက်လုံးများက မြေပုံပေါ်တွင် ကပ်နေကာ ထောက်လှမ်းရေးအရာရှိများ၏ စစ်ပွဲအခြေအနေစစ်တမ်းများမှ အစီရင်ခံစာများက သူ၏နားထဲ (၁၅)မိနစ်ခန့် ဆက်တိုက် မြည်ဟည်းနေလေသည်။ သူက ဤထောက်လှမ်းရေး သတင်းအချက်အလက် အားလုံးကို ပြုစုပြီး စိတ်ထဲတွင် ရူးသွပ်စွာ တွက်ချက်နေလေသည်။

မရေမတွက်နိုင်သော သတင်းအပိုင်းအစများ၊ အသုံးမဝင်ဟုထင်ရသော သတင်းများပင်လျှင် ပိုမိုစူးစမ်းလေ့လာရန်နှင့် အဓိပ္ပာယ်ကောက်ယူရန် တန်ဖို ရှိလေသည်။

ထွီး။

ကျန်းစန်းဟိုင်က အမည်းရောင်သွေးတစ်လုတ် အန်ထုတ်လိုက်ရာ မြေပုံပေါ်သို့ ပန်းကျလုနီးပါး ဖြစ်သွားပြီး ၎င်းက သူ့ကိုလန့်သွားစေကာ ချွေးစေးများ ထွက်လာစေသည်။ ရုတ်တရက် လည်ချောင်းထဲတွင် အရည်များ မြင့်တက်လာသည်ကို သူ ခံစားလိုက်ရသည်။ မဆိုင်းမတွပင် သူက ဓားတစ်လက်ကို ဆွဲထုတ်ကာ ရင်ဘတ်နှင့် လည်ချောင်းအဆက်ထဲသို့ ထိုးသွင်းလိုက်ပြီး အပေါက်ထဲမှ သွေးများကို စီးကျစေလိုက်သည်။ ထို့နောက် သူက ကုသရေး ဆေးလုံးတစ်လုံးကို မျိုချလိုက်၏။

ဤတိုက်ပွဲတွင် လူတိုင်းက အသေအလဲ တိုက်ခိုက်နေကြလေသည်။

…

အပိုင်း(၃၀၅) တောရိုင်းမြေ၏အဆုံးသတ်၊ မဟာကျင်းတိုင်းပြည်၏ ကြီးစိုးခြင်း(၁)

"ကောင်းကင်ပြည်နယ်ရဲ့ နောက်ဆုံးတိုက်ပွဲက အဆုံးသတ်တော့မယ်။ နောက်ထပ် (၁၀)ရက် ဒါမှမဟုတ် လဝက်လောက်ဆိုရင် အာဏာရှင်တစ်ဦး ပေလာလိမ့်မယ်။ တကယ်လို့ တောရိုင်းမြေက ကောင်းကင်ပြည်နယ်ရဲ့ ဖိနှိပ်မှုအောက်မှာ ရှင်သန်ချင်တယ်ဆိုရင် တစ်ခုတည်းသောနည်းလမ်းက အချိန်မီ ပေါင်းစည်းပြီးတော့ ကံကြမ္မာအားလုံးကို စုစည်းပြီး အိမ်ထောင်စုတိုင်းကို ထောက်ပံ့ပေးဖို့ပဲ။ ဒီနည်းလမ်းနဲ့မှ ပိုမိုသန်မာတဲ့သူတွေ ပေါ်ထွက်လာနိုင်လိမ့်မယ်။"

"ဒါကြောင့် မဟာကျင်းဧကရီ... ဒီကစားပွဲကို ဒီတိုက်ပွဲနဲ့ပဲ အဆုံးသတ်လိုက်ကြစို့။"

"အချိန်ဆွဲနေဖို့ မရှိတော့ဘူး။"

အတ္တမဲ့ဗုဒ္ဓက ပြောလိုက်သည်။ သူ၏မျက်လုံးများသည် ရေတွင်းနက်ကြီးတစ်ခုကဲ့သို့ ငြိမ်သက်နေပြီး အနီရောင်ဝတ်ရုံနှင့် ဧကရီကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

တုန်းဖန်လျူလီက အေးအေးဆေးဆေး ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ဒါက စဉ်းစားထားတဲ့အတိုင်းပဲ... "

"ကျွန်မရဲ့ မဟာကျင်းစစ်သည်တွေက ရှင် တောရိုင်းမြေကို ကျူးကျော်မယ့် အစီအစဉ်ကို တားခဲ့ပြီးပြီ။ ပြီးတော့ ကျွန်မက ရှင့်ရဲ့အခြေခံအုတ်မြစ်ကို ဖျက်ဆီးဖို့ လာခဲ့တာပဲ။"

"လာစမ်းပါ... "

ထိုမျှပင်။

တုန်းဖန်လျူလီက ရွှေရောင်ကောင်းကင်စာအုပ်၏ ပထမဆုံးစာမျက်နှာကို လှန်လိုက်ပြီးနောက် သူ၏ သွယ်လျသောကျောက်စိမ်းလက်ချောင်းလေးများဖြင့် မှော်စာလုံးများကိုဆုပ်ကိုင်ကာ အဝေးမှ အတ္တကင်းမဲ့ ရွှေရောင်ဓမ္မရုပ်ပွားတော်ဆီသို့ လက်ညှိုးထိုးလိုက်သည်။

[ ဧကရာဇ်တာအို ဝိညာဉ်ကျမ်း၊ ပထမအမိန့်တော် - ကောင်းကင်အောက်ရှိ မြေပြင်အားလုံးသည် ဧကရာဇ်နှင့် သက်ဆိုင်သည် ]

တောရိုင်းမြေ၏ ကံကြမ္မာသခင်အဖြစ် အသိအမှတ်ပြုခံရပြီးကတည်းက ဧကရာဇ်တာအိုသည် အသွင်ပြောင်းလဲပြီး ပြန်လည်မွေးဖွားလာခဲ့သည်။

ဧကရာဇ်အမိန့်တော်သည် စည်းမျဉ်းများ၏ စွမ်းအားအဖြစ် အမှန်တကယ် ပြောင်းလဲသွားခဲ့သည်။

နယ်မြေက ကျယ်ပြန့်လာပြီး အတ္တမဲ့ဗုဒ္ဓ၏ ရွှေရောင်ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ ဝိညာဉ်စွမ်းအားကို ၄၀%အထိ ချက်ချင်း အားနည်းသွားစေသည်။

"ဧကရာဇ်တာအို... ဒါကို ငါ ကြားဖူးတာ ကြာပါပြီ။"

"နယ်ပယ်တူချင်းဆိုရင်တော့ ငါက မင်းရဲ့ပြိုင်ဘက် မဟုတ်နိုင်လောက်ဘူး။ ဒါပေမဲ့လည်း မင်းက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို မရောက်သေးတော့ ဒီနယ်ပယ်ရဲ့ နက်နဲမှုကို မသိသေးဘူး။"

"ငါနေထိုင်တဲ့ နယ်မြေထဲမှာဆိုရင် ကောင်းကင်ဘုံရဲ့ စည်းမျဉ်းတွေတောင် ငါ့ကို မကန့်သတ်နိုင်ဘူး၊ ဧကရာဇ်တာအိုဆိုတာကို ပြောနေဖို့တောင် လိုသေးလို့လား။"

အတ္တမဲ့ဗုဒ္ဓက ပြုံးလိုက်ပြီး လက်ညှိုးကိုခေါက်လိုက်ရာ မမြင်နိုင်သောလှိုင်းဂယက်တစ်ခု ပြန့်ထွက်သွားပြီး [ဧကရာဇ်အမိန့်တော်]နှင့် ထိပ်တိုက်တွေ့ကာ အချင်းချင်း ချေဖျက်သွားကြသည်။

အဝေးက တောင်တန်းများလို နက်မှောင်နေသော တုန်းဖန်လျူလီ၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားသည်။

သူက ခက်ခဲသော ပြဿနာတစ်ခုကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ [ဧကရာဇ်တာအို ကောင်းကင်စာအုပ်]သည် အခြေခံအားဖြင့် စည်းမျဉ်းများနှင့် ကန့်သတ်ချက်များချည်းသာဖြစ်ပြီး ၎င်းတို့က လောကရှိ ကျင့်ကြံသူအများစုအတွက် သေစေနိုင်လောက်သော အရာများပင်။

သို့သော်လည်း အတ္တမဲ့ဗုဒ္ဓနှင့် ရင်ဆိုင်ရချိန်တွင်တော့ အနည်းငယ် အရှိုက်ရခက်သွားခဲ့သည်။

အတ္တမဲ့ဗုဒ္ဓက ဖန်ဆင်းခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေပြီး ကောင်းကင်တာအိုကိုပင် ကျူးကျော်ရဲကာ ဗုဒ္ဓတိုင်းပြည်အထက် ကောင်းကင်ဘုံရဲ့အလိုဆန္ဒကိုပါ ကျူးကျော်ဝင်ရောက်နေသည်။

ယခုအခါတွင် အတ္တကင်းမဲ့ဗုဒ္ဓက စစ်ပွဲတစ်ရပ်ကို စတင်လိုက်ပြီး ဤဖန်ဆင်းခြင်းလမ်းစဉ်ကို တောရိုင်းမြေ၏ထက်ဝက်အထိ ဖြန့်ကျက်လိုက်ပြီဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် တောရိုင်းမြေ ထက်ဝက်ကို အတ္တကင်းမဲ့ဗုဒ္ဓက ဝါးမျိုသွားခဲ့ပြီဖြစ်သည်။ ရွှေရောင်အလင်းတန်းရောက်ရှိသော နေရာအတွင်း အတ္တကင်းမဲ့ဗုဒ္ဓသည် ကောင်းကင်တာအိုကိုယ်စားလှယ် ဖြစ်နေ၏။ သူ၏ဝိညာဉ်နှင့်အလိုဆန္ဒက ထိုနယ်မြေမှ ထွက်ခွာပြီး မဟာကျင်း၏အဓိကနယ်မြေဆီ လာရန်ဆန္ဒမရှိလျှင် ဘယ်စည်းမျဉ်း ဘယ်ကန့်သတ်ချက်ကမှ သူ့အပေါ် သက်ရောက်မှု ရှိနိုင်မည် မဟုတ်ပေ။

"[ဧကရာဇ်တာအို]ကို တစ်စုံတစ်ယောက်က ထိန်းချုပ်နိုင်လိမ့်မယ်လို့ လုံးဝ မတွေးထားခဲ့ဘူး။"

"အတ္တကင်းမဲ့ဗုဒ္ဓ၊ ရှင်က ဖန်ဆင်းခြင်းလမ်းစဉ်ကို လေ့လာနေတာဆိုတော့ စည်းမျဉ်းတွေရဲ့စွမ်းအားကို ထိန်းချုပ်နိုင်တဲ့ကျင့်ကြံသူတွေကို ပစ်မှတ်ထားနေတာ သေချာတယ်မလား။" တုန်းဖန်လျူလီက တည်ငြိမ်စွာ ပြောလိုက်သည်။

အတ္တမဲ့ဗုဒ္ဓက အလွန်ရိုးသားလှစွာဖြင့် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

"မဟုတ်ဘူး။"

"လူသားတွေရဲ့ သေခြင်းနဲ့ ရှင်ခြင်းကို လုံးဝဂရုမစိုက်တော့တဲ့နဲ့ ကောင်းကင်တာအိုကို တစ်နေ့ကျရင် အစားထိုးဖို့ အိပ်မက်မက်ရင်းနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့အလိုဆန္ဒကို ဝါးမျိုဖို့အတွက် ဖန်ဆင်းခြင်းလမ်းစဉ်ကို ကျင့်ကြံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး။"

"ပြီးတော့... "

အတ္တမဲ့ဗုဒ္ဓက သက်ပြင်းချကာ ခါးသီးစွာဖြင့် ပြုံးလိုက်သည်။ "ငါ့မှာလည်း မင်းကို ရင်ဆိုင်ဖို့အတွက် နည်းလမ်းမရှိပါဘူး။"

"ခန္ဓာကိုယ်ကို ဗုဒ္ဓနယ်မြေတစ်ခုအဖြစ် ပြောင်းလဲလိုက်တာက အားသာချက်ရော အားနည်းချက်ပါ ရှိတယ်။ အားသာချက်တွေက အများကြီးပဲ။ ငါ့ရဲ့ဗိမာန်ထဲကို ဝင်လာတဲ့ ဘယ်ပြိုင်ဘက်မဆို သေလမ်းကို ရှာနေတာပဲ။ သူတို့ရဲ့ကျင့်ကြံမှုအဆင့်က အရမ်းမြင့်မားနေပြီး ဒီဘုန်းကြီးအိုကို အော်ဟစ်လိုက်ရုံနဲ့ အလွယ်တကူ သတ်နိုင်စွမ်းမရှိဘူးဆိုရင်ပေါ့။ အားနည်းချက်တွေက ထင်ရှားပါတယ်။ တကယ်လို့ ရန်သူက တံခါးပေါက်မှာ ရပ်ပြီးတော့ အဝေးကနေ တိုက်ခိုက်မယ်ဆိုရင် ဒီဘုန်းကြီးအိုက ပြန်မတိုက်ခိုက်နိုင်ဘဲနဲ့ ခံစစ်သက်သက်ပဲ ကာကွယ်နိုင်လိမ့်မယ်။"

၎င်းကို ကြားပြီးနောက်...

သေချာတွေးကြည့်လိုက်ရာ တုန်းဖန်လျူလီ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

ဒီလိုကိုး။ ဖန်ဆင်းခြင်းလမ်းစဉ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားတာကလွဲပြီး တခြားမဟုတ်ဘူးပဲ။ နယ်မြေထဲကို ဝင်လာရင်တော့ သူက ပြိုင်ဘက်ကင်းတယ်။ မဝင်လာဘူးဆိုရင်တော့ သူက လိပ်တစ်ကောင်ပဲ ဖြစ်နေရမှာပေါ့။

အတ္တမဲ့ဗုဒ္ဓနယ်မြေဆိုတာ အဲဒီကမ္ဘာတစ်ခုလုံးပဲ ဖြစ်ပြီးတော့ ကိုယ့်ရဲ့ဝိညာဉ်နဲ့အလိုဆန္ဒကို မခွဲထုတ်ဘဲနဲ့ ထွက်သွားလို့ မရနိုင်ဘူး။ ဒါပေမဲ့ သာမန်ဝိညာဉ်နဲ့အလိုဆန္ဒဟာ ထွက်ခွာဖို့အတွက် အားနည်းလွန်းပြီးတော့ အပြင်ကို ထွက်သွားတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ။

ဖြေရှင်းစရာ နည်းလမ်းမရှိပေ။

"အဲဒီလိုသာဆိုရင် ဗုဒ္ဓတိုင်းပြည်ရဲ့နယ်မြေထဲကိုဝင်လာတဲ့ အဲဒီမဟာကျင်းစစ်သည်တွေကို ရှင် ဘာလို့ အမြစ်ပြတ် မချေမှုန်းပစ်ခဲ့တာလဲ။"

တုန်းဖန်လျူလီက အနည်းငယ် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။

အခုအခြေအနေက ယခင်နှင့် မတူတော့ပေ။ သူပြောသော ဗုဒ္ဓနယ်မြေဆိုသည်မှာ တောရိုင်းမြေ၏ ထက်ဝက်ကို ဆိုလိုခြင်းဖြစ်သည်။

ဗိမာန်များ၏ ထက်ဝက်က ဗုဒ္ဓတိုင်းပြည်နှင့် သက်ဆိုင်ပြီး၊ နောက်တစ်ဝက်က မဟာကျင်းတိုင်းပြည်နှင့်င သက်ဆိုင်သည်။ ထိုနှစ်ခုကြားရှိ မျဉ်းကြောင်းက အပြင်းထန်ဆုံး စစ်မြေပြင်ပင်။

မဟာကျင်းတိုင်းပြည်၏ စစ်သည်များသည် ဗုဒ္ဓတိုင်းပြည်၏နယ်မြေကို ဖျက်ဆီးကာ ထိုဗိမာန်များကို အမြစ်ပြတ် ရှင်းလင်းပစ်ချင်ပြီး အတ္တကင်းမဲ့ဗုဒ္ဓ၏ "ကျောက်ဆူးချရာနေရာ"ကို ဖြတ်တောက်ချင်ကြသည်။

အတ္တကင်းမဲ့ဗုဒ္ဓက တောရိုင်းမြေ၏ ထိုထက်ဝက်ကို လုံးဝမသန့်စင်ရသေးတာကြောင့် အမွှေးတိုင်များ ပူဇော်ခြင်းနှင့် ဗိမာန်များမှတစ်ဆင့် နယ်မြေကို အကြမ်းဖျင်းသာ သိမ်းပိုက်ထားနိုင်ပြီး ထိုမြေများကို ထိန်းချုပ်ခွင့်ရစေကာ ထိုမှတစ်ဆင့် မဟာကျင်းကို ဆက်လက်ဝါးမျိုပြီး တောရိုင်းမြေတစ်ခုလုံးကို တဖြည်းဖြည်း မျိုချနိုင်ဖို့ ကြိုးစားနေသည်။ ထိုမှသာ ဖြည်းဖြည်းချင်းသန့်စင်ရန် သူ့တွင် အချိန်ရှိလာမည် ဖြစ်သည်။

သို့သော် အားနည်းချက်တစ်ခု ရှိနေသည်။

အတ္တကင်းမဲ့ဗုဒ္ဓက တိုင်းပြည်၏ထက်ဝက်ကို သိမ်းပိုက်ထားပြီး ဖြစ်တာကြောင့် ထိုအထဲကို ဝင်လာသော မည်သူမဆို သူ၏တိုက်ခိုက်မှု အကွာအဝေးအတွင်းတွင် ရှိနေလိမ့်မည်။

အတ္တကင်းမဲ့ဗုဒ္ဓက သူတို့ကို မည်သည်ကြောင့် မချေမှုန်းခဲ့သနည်း။

သူက အစုလိုက်အပြုံလိုက် သတ်ဖြတ်များကို လုပ်နေသော်လည်း တုန်းဖန်လျူလီက သူ့နေရာထဲကို အလွယ်တကူ လှမ်းဝင်ရန် မဝံ့ရဲခဲ့ပေ။ အတ္တကင်းမဲ့ဗုဒ္ဓ ပြောသလိုပင် သူနှင့် နယ်ပယ်တူသော မည်သူမဆို သူ၏ပိုင်နက်ထဲ ဝင်လာရဲလျှင် သေလမ်းကိုရှာနေခြင်းနှင့် အတူတူပင်။ ကောင်းကင်ထောက်တိုင်နယ်ပယ်ထဲ ခြေတစ်လှမ်းသာ လှမ်းရသေးသော တုန်းဖန်လျူလီအကြောင်းကို ပြောရန်ပင် မလိုတော့ပေ။

"ပြိုင်ဘက်ကို အခွင့်အရေးပေးလိုက်တာပါ။"

အတ္တကင်းမဲ့ဗုဒ္ဓက စကားအနည်းငယ် ဆိုလိုက်ပြီး ပြုံးလျက် ပြောသည်။ "မင်း နတ်ဘုရားမြို့တော်ဝန်ကို လွှတ်လိုက်ပြီးတော့ ကမ်းရိုးတန်းဒေသမှာ နေခိုင်းထားတာ မဟုတ်ဘူးလား။ အဲဒီလိုမဟုတ်ဘဲ နောက်ထပ် ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ယောက်သာ ထပ်ပေါင်းလာမယ်ဆိုရင် ဒီဘုန်းကြီးအိုလည်း တောင့်ခံနိုင်မှာ မဟုတ်ဘူး။"

"ဒါကြောင့် ဒီဘုန်းကြီးအိုက တစ်ကွက်အလျှော့ပေးဖို့ ဆန္ဒရှိပါတယ်။"

တုန်းဖန်လျူလီက တည်ငြိမ်စွာ ပြောလိုက်သည်။ "မတူဘူး။ ကျွန်မက ကောင်းကင်စောင့်ကြည့်သူတွေ ရှေးဟောင်းနတ်ဘုရားတွေကို ဆက်ပြီးတော့ နိုးထစေပြီး အခြေအနေကို အခွင့်ကောင်းယူမှာစိုးလို့ ချုံးမိန်ကို ကမ်းရိုးတန်းမှာ ကာကွယ်ခိုင်းထားတာ။ တမင်သက်သက်လုပ်တာ မဟုတ်ဘူး။"

အတ္တမဲ့ဗုဒ္ဓက အသာလေး ရယ်မောလိုက်သည်။

"ဘာမှ မကွာပါဘူး။"

"မင်းနဲ့ငါက နိယာမတွေအပေါ်မှာ ရုန်းကန်နေရုံပါ။ ကမ္ဘာမကြေရန်သူတွေ မဟုတ်ကြဘူး။ ဒါပေမဲ့ ကောင်းကင်စောင့်ကြည့်သူကတော့ ငါတို့ရဲ့ ဘုံရန်သူပဲ။"

၎င်းကို ကြားသောအခါ တုန်းဖန်လျူလီက လှောင်ပြောင်လိုက်သည်။ "ရှင်က နောက်နေတာပဲ။ ကျွန်မအတွက်တော့ ဒါက တာအိုအတွက် ရုန်းကန်တာ ဖြစ်သလို သေခြင်းနှင့်ရှင်ခြင်းကြားက ကိစ္စလည်း ဟုတ်တယ်။"

"အဓိပ္ပာယ်မရှိတာတွေပြောနေတာ တော်လောက်ပြီ။"

"ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်းက ရှင့်ကို ဘာမှမလုပ်နိုင်ဘူးဆိုရင် ကောင်းကင်ထောက်တိုင် နယ်ပယ်ကို ဝင်ရောက်ပြမယ်... "

စကားသံဆုံးသွားသည့် အခိုက်အတန့်တွင်။

တုန်းဖန်လျူလီ၏ ဇာမဏီမျက်လုံးများက ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ နုနယ်သော ခန္ဓာကိုယ်လေးက မှုန်ဝါးဝါးနှင့် သန့်ရှင်းမြင့်မြတ်သော အလင်းရောင်ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ဝုန်း…

ကောင်းကင်အတိဒုက္ခ မိုးကြိုးတိမ်တိုက်များ စုရုံးလာပြီးနောက် မှောင်မိုက်ကာ ဖိနှိပ်မှုအားအပြည့်ဖြင့် ဖိဆင်းလာသည်။

"ဧကရီ... ဒီဘုန်းကြီးအိုက မင်းကို သတိပေးရလိမ့်မယ်။ ကောင်းကင်တာအိုက မင်းကို ဧကရာဇ်အဖြစ် ရွေးချယ်တာက ကောင်းချီးပေးတာ မဟုတ်ဘူး။ ကပ်ဘေးတစ်ခုဖြစ်ဖို့ အရမ်းများတယ်... "

"တောရိုင်းမြေရဲ့ ကံကြမ္မာကို အတင်းမဝါးမျိုလိုက်ပါနဲ့... "

အတ္တကင်းမဲ့ဗုဒ္ဓ၏အပြုံးက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။ "ကံကြမ္မာကို မင်းရဲ့အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်လိုက်ရင်တော့ ပြန်လှည့်ဖို့ လမ်းမရှိတော့ဘူး... "

"မင်းရဲ့ရှေ့မှာ လမ်းနှစ်သွယ်ပဲ ရှိတော့တယ်။ သူရဲကောင်းတွေရဲ့ တိုက်ခိုက်မှုကြားမှာ သေဆုံးသွားမလား။ ဒါမှမဟုတ် ရန်သူတွေအားလုံးကို သတ်ဖြတ်ပြီးတော့ ကောင်းကင်တာအိုရဲ့ ရုပ်သေးရုပ်အဖြစ် နန်းတက်ပြီးတော့ လူသားဧကရာဇ်ဆိုတဲ့သူ ဖြစ်လာမလား ဆိုတာပဲ... "

တုန်းဖန်လျူလီက လွတ်လပ်ပေါ့ပါးစွာနှင့် မောက်မာစွာဖြင့် ရင်ထဲမှလှိုက်၍ ရယ်မောလိုက်သည်။ သူ၏ အနီရင့်ရောင်ဆံပင်ရှည်ကြီးများက လွင့်ဝဲနေပြီး ဂါဝန်စက လေထဲတွင် ယိမ်းနွဲ့နေစဉ် ပြောလိုက်သည်။

"အဲဒီတော့ ဘာဖြစ်လဲ... "

"ချင်ကျိုးက ကျွန်မကို သင်ခန်းစာတစ်ခု သင်ပေးခဲ့တယ်။ အရမ်းဗိုက်ဆာနေရင် အဆိပ်ဟုတ်မဟုတ် ဆိုတာကို စိတ်မပူနဲ့။ အရင်ဆုံး စားလိုက်တဲ့။ အဆိုးဆုံးအခြေအနေမှာ ဗိုက်ပြည့်သွားနိုင်တယ်။ ပြီးတော့မှ အဆိပ်ဖြေဖို့ နည်းလမ်းရှာပေါ့... "

အတ္တကင်းမဲ့ဗုဒ္ဓပင် သူ့ကို တားမြစ်ချင်ခဲ့သည်။

မိုးကြိုအတိဒုက္ခက မြားမိုးများလို ကျဆင်းလာပြီး သူ၏အသံကို ဖုံးလွှမ်းသွားစေကာ လှပပြီး ပြိုင်ဖက်ကင်းသော ထိုပုံရိပ်လေးက မိုးကြိုးပင်လယ်ကြီးထဲတွင် လုံးဝဝါးမျိုခံလိုက်ရသည်။

ရှေးဟောင်းကောင်းကင်နန်းတော်၏ပုံရိပ်ယောင် ပေါ်ထွက်လာခဲ့သည်။

ကောင်းကင်ဘုံကိုးထပ် နတ်ဘုရားအတိဒုက္ခ...

မိုးကြိုးပင်လယ်ကြီးအလယ်တွင် ဓားတစ်လက်ကို ကိုင်ဆောင်ထားသော ဆွဲဆောင်မှုရှိသည့် အနီရောင် ပုံရိပ်လေးတစ်ခုက ကောင်းကင်သို့ပျံတက်သွားပြီး ကောင်းကင်လှေကားထစ်များကို တစ်ဆင့်ချင်းတက်လှမ်းကာ ရှေးဟောင်းကောင်းကင်နန်းတော်ဆီသို့ ဦးတည်သွားခဲ့သည်။

"ငါက တိုင်းပြည်ကံကြမ္မာကို ဆက်ခံပြီးတော့ လူသန်းပေါင်းရာနဲ့ချီရဲ့ မျှော်လင့်ချက်တွေကို ထမ်းထားတဲ့ မဟာကျင်းတိုင်းပြည်ရဲ့ ဧကရီ တုန်းဖန်လျူလီပဲ။"

"ကောင်းကင်တာအိုတောင် ငါ့ကို မတားဆီးနိုင်ဘူး... "

တောင်ဘက်ကောင်းကင်တံခါးက တစ်ချက်တည်းဖြင့် အပျက်အစီးများအဖြစ် ခွဲခြမ်းခံလိုက်ရ၏။

ကောင်းကင်စစ်သည်တစ်သိန်းနှင့် စစ်သူကြီးများက ခမ်းနားထည်ဝါစွာ ရပ်တည်နေကြပြီး ရှေးဟောင်း နတ်ဘုရားများ၏ ပုံရိပ်ယောင်များ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေကာ ပုရွက်ဆိတ်များကဲ့သို့ အရေးမပါလှသည့် စိန်ခေါ်သူများကို အထက်စီးမှ ငုံ့ကြည့်နေကြသည်။

တုန်းဖန်လျူလီက မျက်လုံးများကိုပင့်ကာ ဤမြင်ကွင်းကို စိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

"ချင်ကျိုး၊ အဲဒီတုန်းက ရှင် ဒီလောက်ကြီးမားတဲ့ ဖိအားတွေအောက်မှာ နံနက်ခင်းအလင်းနယ်ပယ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့တာပေါ့။"

"အခုအချိန်ထိ ရှင့်ရဲ့အကာအကွယ်ကို ရနေခဲ့တော့ ကျွန်မကိုယ်တိုင်က မဟာကျင်းတိုင်းပြည်ရဲ့ ဧကရီ ဖြစ်တယ်ဆိုတာကိုတောင် မေ့လုနီးပါး ဖြစ်နေပြီ။"

"တောရိုင်းမြေရဲ့လွှမ်းမိုးမှုကို တည်ထောင်ဖို့အတွက် ဒီတိုက်ပွဲကို ကိုယ်တိုင်တိုက်ခိုက်ရလိမ့်မယ်။"

"အနာဂတ်မှာ မုန်တိုင်းတွေရှိနေရင်တောင် ရှင်နဲ့အတူရင်ဆိုင်ဖို့အတွက် ကျွန်မမှာ အရည်အချင်းရှိတယ် ဆိုတာကို သက်သေပြမယ်။"

All Chapters