အခန်း ၂၀၈
Vol. 15 Ch. 208
အပိုင်း(၂၀၈) အမှန်တရားကို ဖွင့်ချခြင်း၊ တမြို့လုံး တုန်လှုပ်သွားပြီ
လန်ယမြို့တော်သည် အချိန်အတော်ကြာ တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားသည်။ မြို့သူမြို့သားများက လည်ပင်းညှစ်ခံထားရသော ဘဲများကဲ့သို့ ဖြစ်နေပြီး လည်ချောင်းထဲမှ အသံများသာ ထွက်ပေါ်လာကာ စကားတစ်ခွန်းမျှ မပြောနိုင်ဘဲ သူတို့၏မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
အရဟတ္တ သေဆုံးသွားပြီ...
ဗုဒ္ဓတွေက ဘယ်လိုလုပ် သေနိုင်မှာလဲ...
"ဒါ အတုဖြစ်ရမယ်။ အချိန်-နေရာလွတ် ဓားသူတော်စင်က ငါတို့ကို တမင်လှည့်စားဖို့အတွက် လှည့်ကွက်တစ်ခု သုံးနေတာ သေချာတယ်... " တစ်စုံတစ်ယောက်က ခြောက်ကပ်ကပ် ရယ်မောရင်း ပြောလိုက်သည်။
လန်ယတိုင်းပြည်တွင် ပြည်နယ်သုံးခုနှင့် မြို့ပေါင်း (၂၈)မြို့ရှိပြီး စုစုပေါင်း လူဦးရေ (၁၀)သန်းခန့် ရှိသည်။ သူတို့ထဲမှ ၈၀%ကျော်မှာ ဇန်ဗုဒ္ဓဘာသာ ယုံကြည်သူများဖြစ်ရာ ဗုဒ္ဓဘာသာသည် သူတို့၏ နှလုံးသားထဲတွင် မည်မျှ အရေးပါကြောင်းကို ပြသနေ၏။
ယုံကြည်သူများက နတ်ဘုရားများနှင့် ဗုဒ္ဓများသည် သေဆုံးခြင်းမရှိဘဲ ဖျက်ဆီး၍မရနိုင်ဟု အခိုင်အမာ ယုံကြည်ကြသည်။ ကြီးမားသော ကုသိုလ်ကောင်းမှုများကို စုဆောင်းခြင်းဖြင့် ရွှေရောင်ခန္ဓာကိုယ်ကို ရရှိနိုင်ပြီး အခြားတစ်ဖက်ကမ်းသို့ တံတားတစ်စင်း တည်ဆောက်ကာ ဆင်းရဲဒုက္ခပင်လယ်ပြင်မှ သတ္တဝါများအား မြစ်ကို ဖြတ်ကူးရန် လမ်းညွှန်ပေးနိုင်ပြီး နတ်ဘုရားများနှင့် တန်းတူဖြစ်လာကာ လူ့လောကကို ကျော်လွန်၍ သွားနိုင်သည်ဟု ယုံကြည်ကြသည်။
ယနေ့တွင် အရဟတ္တ သတ်ဖြတ်ခံရသည်ကို မျက်မြင်တွေ့ရှိရခြင်းက ယုံကြည်မှုတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်စေခဲ့ပြီး လူများ၏ နှလုံးသားထဲတွင် သွန်းလုပ်ထားသော ရုပ်တုများသည် ယခင်ကလောက် မြင့်မြတ်ပြီး အပြစ်ကင်းစင်မှု မရှိတော့ပေ။
ဗုဒ္ဓတောင် သေနိုင်သေးရင် သတ္တဝါတွေကို လမ်းညွှန်ပေးဖို့ဆိုတာ ဘယ်လိုလုပ် ပြောနိုင်တော့မှာလဲ။
အရဟတ္တတောင်မှ ဆင်းရဲဒုက္ခပင်လယ်ပြင်ကို ဖြတ်ကူးဖို့ ရုန်းကန်နေရပြီးတော့ တစ်ဖက်ကမ်းကို ရောက်ဖို့ ပင်လယ်ကိုဖြတ်ပြီး တံတားတစ်စင်း တည်ဆောက်ဖို့ အချည်းနှီး မျှော်လင့်နေကြတယ်ဆိုတာက သိပ်ပြီးတော့ လက်တွေ့မဆန်ဘူး။
"အရဟတ္တက ဗုဒ္ဓ မဖြစ်သေးဘူး။ စစ်မှန်တဲ့ဗုဒ္ဓက အနောက်ဘက် သုခဝတီဘုံမှာ ရှိတယ်။ အတ္တကင်းမဲ့ဗုဒ္ဓက ကြီးမားတဲ့ ကုသိုလ်တွေရှိတဲ့ဗုဒ္ဓပဲ... " ယုံကြည်သူအချို့က အော်ဟစ်လိုက်ကြသည်။
"ဟုတ်တယ်။ ဓားသူတော်စင်က ယုတ်မာပြီးတော့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကို ပြိုကွဲစေခဲ့တယ်။ မိသားစုတွေနဲ့ တိုင်းပြည်တွေကို မရေမတွက်နိုင်အောင် ဖျက်ဆီးခဲ့တဲ့၊ ခွင့်ပြုချက်မရှိဘဲ စစ်ပွဲစတင်ခဲ့တဲ့ ယုတ်မာတဲ့ ဧကရီကို ကူညီခဲ့တာ။ ဒီနှစ်ယောက် ပူးပေါင်းပြီး ဘေးဒုက္ခတွေ အများကြီး ကျူးလွန်ခဲ့ကြတယ်။ ဗုဒ္ဓတစ်ပါးတည်းကသာ ကျမ်းစာတွေကို လေ့လာပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ နည်းလမ်းရှာနေတာ... "
"ယုတ်မာတဲ့သူတွေကို အပြစ်ပေးဖို့၊ သစ္စာဖောက်တွေကို ရှင်းထုတ်ဖို့၊ ဧကရီကို သတ်ဖြတ်ဖို့၊ ဓားသူတော်စင်ကို နှိမ်နင်းဖို့... ဗုဒ္ဓရဲ့ကုသိုလ်တွေက အတိုင်းမသိပဲ... "
"ဓားသူတော်စင်ရဲ့ စွမ်းအားတွေကို မကြောက်ကြနဲ့။ သေခြင်းတရားက ဘာအရေးပါလို့လဲ။ ငါတို့ ဒီကမ္ဘာပေါ်မှာ အပြစ်တွေကို ဆေးကြောဖို့နဲ့ သန့်ရှင်းပြီးတော့ ပူပင်သောကကင်းတဲ့ နောက်ဘဝကို ရှာဖွေဖို့ မွေးဖွားလာကြတာ။ သေပြီးသွားရင် ငါတို့တွေက သံသရာထဲကို ဝင်ရောက်ပြီး ဇန်ရဲ့အလင်းရောင်နဲ့ ကောင်းချီးပေးခံရမှာမို့လို၊ မိသားစုကောင်းမှာ ပြန်လည်မွေးဖွားလာလိမ့်မယ်။"
…
...
ယုံကြည်သူများမှာ စိတ်အားထက်သန်ပြီး တက်ကြွနေကြစဉ် ဗုဒ္ဓဘာသာ ဇန်ဘုန်းကြီးများက တိတ်တဆိတ် မီးလောင်ရာ လေပင့်ပေးကာ ပြည်သူများ၏ ထင်မြင်ယူဆချက်များကို လမ်းညွှန်ပေးနေကြသည်။
၎င်းမှာ ပြည်သူများ၏ ယုံကြည်မှု ခိုင်မာနေစေရန်အတွက်ပင်။
လန်ယတိုင်းပြည်တွင် တပ်စွဲထားသော တောရိုင်းမြေ တိုင်းပြည်အသီးသီးမှ သံတမန်များက တိတ်ဆိတ်စွာ နေကြပြီး ဗုဒ္ဓဘာသာဝင်များ၏ ရူးသွပ်သော အမူအရာများကိုကြည့်ကာ ဆင်တစ်ကောင်ကို စားသောက်နေသော ပုရွက်ဆိတ်များကဲ့သို့ ကြောက်ရွံ့မှုကို ခံစားနေရသည်။
ထိုစဉ်မှာပင်။
ပုံရိပ်ယောင် ဟင်းလင်းပြင်တွင် အနက်ရောင်ဝတ် လူငယ်လေးက လက်ဖဝါးထဲရှိ ကမ္ဘာငယ်လေးကို အောက်သို့ ချလိုက်ရာ ၎င်းက လေထဲသို့ ပျံတက်သွားပြီး တဖြည်းဖြည်း ကြီးထွားလာကာ ကောင်းကင်နှင့် မြေကြီးကို ဖိသိပ်ထားသကဲ့သို့ ဖြစ်လာသည်။
ကမ္ဘာတစ်ခုက ကြယ်များဆီမှ ဆင်းသက်လာပြီး လန်ယတိုင်းပြည်အပေါ်တွင် ပြောင်းပြန်လှန်ချထားသလိုမျိုးပင်။
လူများက တွေဝေငေးမောစွာဖြင့် အပေါ်ကို မော့ကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးများကို ပွတ်သပ်ပြီး ကြည့်လိုက်ရာ ထိုမ္ဘာငယ်လေးထဲ ပုံရိပ်များစွာ မှုန်ဝါးဝါး ပေါ်နေသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရ၏။
ဇွတ်...
အချိန်-နေရာလွတ် ဓားအလင်းတန်းက ကမ္ဘာငယ်လေးကို ဖြတ်တောက်သွားပြီး အတွင်းမှ အစစ်အမှန် မြင်ကွင်းကို ဖော်ပြလိုက်သည်။
အစပိုင်းတွင် လူများက အကြောင်းရင်းကို နားမလည်ကြဘဲ နားလည်ရခက်သည်ဟုပင် ထင်ခဲ့ကြသည်။
ထိုအရာကို လန်ယတိုင်းပြည်နန်းတော်၏ ကျမ်းစာဆောင်အောက်မှ တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ လူတိုင်း မျက်မြင်တွေ့ခဲ့ရသော်လည်း ကမ္ဘာငယ်လေးထဲ မည်သည့်အရာ ရှိနေကြောင်းကိုတော့ မည်သူမှ မသိခဲ့ကြပေ။
ရုတ်တရက်။
တုန်ယင်ပြီး စိတ်လှုပ်ရှားနေသော အသံတစ်ခု ထွက်ပေါ်လာ၏။ "အဲဒါ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ပျောက်ဆုံးသွားတဲ့ ငါတို့ဂိုဏ်းက မြင့်မြတ်အပျိုစင်ပဲ။ သူက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ... "
ကျောက်ခဲတစ်လုံးက လှိုင်းလုံးထောင်ပေါင်းများစွာကို ဖြစ်ပေါ်စေခဲ့၏။ တောရိုင်းမြေရှိ တိုင်းပြည်အသီးသီးမှ သံတမန်များ စူးစိုက်ကြည့်နေကြပြီး တဖြည်းဖြည်းနှင့် အံ့အားသင့်သော အာမေဍိတ်သံများ တစ်လွှာပြီးတစ်လွှာ ထွက်ပေါ်လာခဲ့သည်။
"ပန်းနတ်သမီး... ကောင်းကင်ဘုံခန္ဓာနဲ့ နတ်ဘုရားဝင်စားတယ်လို့ လူသိများတဲ့ ပျက်စီးသွားတာ ကြာပြီဖြစ်တဲ့ မြင့်မြတ်နယ်မြေက မြင့်မြတ်အပျိုစင်က ဘာလို့ လန်ယတိုင်းပြည်ရဲ့ ကမ္ဘာငယ်လေးထဲ အမြှုပ်ခံထားရတာလဲ။"
"အမေ... အဲဒါ ငါ့အမေပဲ။ သူက နတ်ဘုရားလမ်းစဉ်ကို လိုက်စားဖို့ မိသားစုကို စွန့်ပစ်သွားတယ်လို့ လူတိုင်းက ပြောကြတာ။ သူက ဘယ်လိုလုပ် လန်ယတိုင်းပြည်မှာ ပိတ်မိနေရတာလဲ။"
"သူတို့အားလုံးက သက်ဆိုင်ရာ အင်အားစုအသီးသီးရဲ့ ဂုဏ်ယူဝင့်ကြွားစရာတွေချည်းပဲ။ သူတို့... အားလုံးက စိတ်လွတ်နေသလို တွေဝေငေးမောနေကြတယ်။ ဘာတွေဖြစ်နေတာလဲ..."
"လန်ယတိုင်းပြည်က ငါတို့ကို ရှင်းပြချက်တစ်ခု ပေးရမယ်... "
...
မျက်စိတစ်မှိတ်အတွင်း လန်ယမြို့တော်ကို ကြောက်မက်ဖွယ် လေထုကြီးတစ်ခု ဖုံးလွှမ်းသွားပြီး အင်အားစု အသီးသီးမှ သံတမန်များနှင့် တိုင်းပြည်ခြား ခရီးသွားအချို့ အားလုံး ပေါက်ကွဲသွားကြသည်။
အစပိုင်း သူတို့က ဘေးမှထိုင်ကြည့်နေရန် ရည်ရွယ်ထားသော်လည်း ဇာတ်လမ်းထဲ ကိုယ်တိုင် ပါဝင်ပတ်သက်သူ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ...
ထိုလူများက အစွမ်းထက်သော အင်အားစုအသီးသီးမှ လာကြခြင်းဖြစ်ပြီး အဆင့်မြင့် ရာထူးတွေကို ရယူထားကြသည်။ သူတို့က ဂိုဏ်းတစ်ခု၏ သခင်လေးများ၊ တိုင်းပြည်တစ်ခု၏ သံတမန်များ ဖြစ်ကြသည်။ ထိုရာထူးမျိုးသို့ ရောက်နေသူများက ငတုံးများ လုံးဝ မဟုတ်ကြပေ။ အခြေအနေတစ်ခုကို သူတို့ မှုန်ဝါးဝါး ခန့်မှန်းမိသွားကြပြီး နှလုံးသားထဲတွင် ဒေါသများ ထွက်ပေါ်လာတော့သည်။
အထက်သန်ဆုံး ယုံကြည်သူများပင် ခဏတာမျှ မှင်သက်သွားကြပြီး တဖြည်းဖြည်း တိတ်ဆိတ်သွားကြသည်။
ပုံရိပ်ယောင် အလင်းမျက်နှာပြင်။
မုန့်ချင်ကျိုးက လန်ယဘုရင်ကို အဝေးမှခေါ်ယူကာ ခွေးသေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်သို့ ဆွဲချလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ကိုယ့်ဆန္ဒအလျောက် ဝန်ခံပြီး အမှန်တရားကို ပြောပြရင် မင်းကို အမြန်သေခွင့် ပေးမယ်။ အဲဒီလိုမှမဟုတ်ရင် မင်းရဲ့အပြစ်တွေကြောင့် မင်းကို ဘယ်လိုပဲ ညှဉ်းပန်းနှိပ်စက်ပါစေ ငါ့အတွက် မလုံလောက်ဘူး။ မင်းရဲ့ ဝိညာဉ်ကို ထုတ်ယူမယ်။ မင်းရဲ့ စိတ်ကို သန့်စင်မယ်။ အရိုးတွေကို ချေမွပြီး အကြောတွေကို တင်းကြပ်မယ်။ မင်းကိုယ်ထဲမှာ အဆိပ်တွေ စိုက်ပျိုးမယ်။ ပြီးတော့ မင်းရဲ့ အရေပြားကို ခွာပြီး အသားတွေကို ပုပ်ပွအောင်လုပ်မယ်။ အဲဒါတွေ အားလုံးကို မင်း စမ်းကြည့်ချင်တယ်ဆိုရင်တော့ ပါးစပ်ပိတ်ထားလို့ ရပါတယ်။"
လန်ယဘုရင်က မြေပြင်ပေါ် မှောက်လျက်လဲနေပြီး အဝတ်အစားများ ဖရိုဖရဲဖြစ်နေကာ ဧကရာဇ်ဟန်ပန် အရိပ်အယောင်မျှ မရှိတော့ပေ။ ခန္ဓာကိုယ် တုန်ယင်နေပြီး မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေ၏။
ထိုမတိုင်မီ ဝူတျဲနှင့် စုချင်ချိုးတို့က နန်းတော်တွင် ရုတ်ရုတ်သဲသဲ လုပ်နေချိန်တွင် မုန့်ချင်ကျိုးသည် အချိန်-နေရာလွတ် တာအိုကို အသုံးပြုကာ သူ့ကို အလှည့်ကျ ညှဉ်းပန်းနှိပ်စက်ပြီး ဖြစ်သည်။ အသန်မာဆုံး ယောကျ်ားပင် ကြီးမားလှသော ကြောက်ရွံ့မှုနှင့် ရင်ဆိုင်ရသောအခါ အားနည်းပြီး ကျောရိုးမဲ့သွားတတ်သည်။
"ငါကိုယ်တော်... " လန်ယဘုရင်က စကားထစ်နေပြီး ရှေ့မှလူကို တိုက်ရိုက် မကြည့်ရဲပေ။
ဖြန်း...
ကြည်လင်ပြတ်သားသော ကျယ်လောင်သည့်အသံနှင့်အတူ လန်ယဘုရင်၏ ပါးပြင်ပေါ်တွင် လက်ချောင်းငါ းချောင်းရာ ထင်ကျန်ခဲ့ပြီး သွေးများ အပြင်းအထန် ထွက်လာသည်။
သို့သော် လန်ယဘုရင်က မည်သည့် ဒေါသမျှမပြသဘဲ ဆက်လက် တုန်ယင်နေခဲ့သည်။
"မင်းက ကိုယ့်ကိုယ်ကိုယ် ငါကိုယ်တော်လို့ ခေါ်ရဲသေးတာလား။"
"ဒူးထောက်လိုက်။ လန်ယပြည်သူတွေကို မျက်နှာမူပြီး ဒီနှစ်တွေတစ်လျှောက် မင်းလုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ပြန်ပြောပြစမ်း။" မုန့်ချင်ကျိုး၏ မျက်နှာအမူအရာမှာ တင်းမာနေပြီး လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။
"ဟုတ်... ဟုတ်ကဲ့ပါ... "
လန်ယဘုရင်က မှောက်လျက်အနေအထားမှ ဒူးထောက်သည့် အနေအထားသို့ ပြောင်းလဲလိုက်ပြီး ဒူးများက မြေပြင်နှင့် ထိနေ၏။ တိုင်းပြည်စတင်တည်ထောင်ကတည်းက အနောက်ဘက် ဗုဒ္ဓတိုင်းပြည်၏ အတင်းအကျပ် ခိုင်းစေမှုများကို မည်သို့ခံခဲ့ရကြောင်း၊ တိုင်းပြည်အသီးသီးမှ ဂုဏ်ယူဝင့်ကြွားဖွယ် သမီးပျိုများကို မည်သို့ ဖမ်းဆီးခဲ့ကြောင်းနှင့် ဖမ်းဆီးရမိသည့် အရေအတွက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ဖြည်းဖြည်းချင်း ပြန်လည် ပြောပြခဲ့သည်။
နောက်ဆုံးတွင်တော့...
လန်ယဘုရင်၏ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ပြိုလဲသွားသဖြင့် သူ၏မျက်နှာမှာ တဖြည်းဖြည်း ပုံပျက်လာပြီး အံကြိတ်ကာ ရက်စက်စွာ ဟိန်းဟောက်လိုက်သည်-
"ဗုဒ္ဓတိုင်းပြည်က အဲဒီလာမာတွေက လူ့အရေခွံခြုံထားတဲ့ မိစ္ဆာတွေ သက်သက်ပဲ... "
"ငါ... မဟုတ်ဘူး၊ ငါ့ရဲ့ဧကရီနဲ့ သမီးနှစ်ယောက်စလုံး ကျင့်ကြံရေးခန္ဓာကိုယ်တွေအဖြစ် ပူဇော်ခံခဲ့ရပြီးတော့ တိရစ္ဆာန် တစ်သိုက်ရဲ့ ရက်ရက်စက်စက် အရှက်ခွဲတာကို ဆယ်စုနှစ်ချီပြီး နေ့ရောညပါ ခံခဲ့ရတယ်၊။ အဆုံးမဲ့ သုခချမ်းသာ'ဆိုတဲ့ နည်းလမ်းတွေနဲ့ သေတဲ့အထိ အဆက်မပြတ် စုပ်ယူခံခဲ့ရတယ်... "
"ဒီနှစ်တွေတစ်လျှောက်လုံး၊ ညတိုင်း ငါ ကြောက်လန့်တကြား နိုးလာပြီး မင်းတို့ရဲ့ အသားတွေကို စား၊ မင်းတို့ရဲ့ အရေပြားပေါ်မှာ အိပ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ငါက အားနည်းပြီး ဗုဒ္ဓတိုင်းပြည်ရဲ့ အဆင့်အတန်းကို မလှုပ်ခတ်နိုင်ဘူး... "
"ဒီနှစ်တွေ အများကြီးကို ငါ တော်တော်လေး သည်းခံခဲ့ရတယ်။ ဒါပေမဲ့ ဒီနေ့တော့ ငါ သေဖို့ ကံကြမ္မာ ပါလာပြီ။ ငါ ဆက်ပြီး သည်းမခံနိုင်တော့ဘူး... "
လန်ယဘုရင်က အက်ကွဲသောအသံဖြင့် အော်ဟစ်လိုက်ပြီး၊ ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများတွင် ယုတ်မာသော အစိမ်းရောင် အလင်းတန်းတစ်ခု တောက်ပလာကာ လှောင်ပြောင်လိုက်သည်။
"လန်ယတိုင်းပြည် နယ်နိမိတ်အတွင်း (၁၀)ယောက်မှာ (၈)ယောက်က ဗုဒ္ဓဘာသာဝင်တွေပဲ။ မင်းတို့ရဲ့ မိုက်မဲမှုကို ငါ ရယ်ချင်တယ်။ သူတို့က မင်းတို့ကို ထင်းတွေလို သဘောထားပေမဲ့ မင်းတို့ကတော့ ဒီတိရစ္ဆာန်တွေကို နတ်ဘုရားတွေလို ကိုးကွယ်နေကြတယ်... "
"သေတဲ့အချိန်မှာတောင် မင်းတို့ကို သတ်ခဲ့တဲ့ တရားခံတွေကို ချီးမွမ်းသီချင်း ဆိုနေကြသေးတယ်၊ ဒါကြောင့် မင်းတို့ သေသင့်တယ်... "
"မင်းတို့ရဲ့အသက်က ဘာတန်ဖိုးမှ မရှိဘူး... "
ခဏတာမျှ မြို့တော်တစ်ခုလုံး သေမင်းတမန် တိတ်ဆိတ်မှုထဲသို့ ကျရောက်သွား၏။ လူတိုင်းက မျက်လုံးပြူးကာ စိုက်ကြည့်နေကြပြီး သူတို့၏ နှလုံးသားများတွင် ကမောက်ကမဖြစ်မှုများ ပြည့်နှက်နေသည်။
အင်အားစုအသီးသီးမှ သံတမန်များမှာ ဒေါသထွက်နေသည်။ ပျောက်ဆုံးနေသော အမျိုးသမီး ကျင့်ကြံသူများ အားလုံးကို လန်ယတိုင်းပြည်က ဖမ်းဆီးခဲ့ပြီး ဗုဒ္ဓတိုင်းပြည်သို့ ကျင့်ကြံရေးခန္ဓာကိုယ်များအဖြစ် ပူဇော်ခဲ့ခြင်း ဖြစ်သည်။
အထက်သန်ဆုံး ယုံကြည်သူများမှာမူ သူတို့ ကြားလိုက်ရပြီး မြင်လိုက်ရသည်များကို မယုံကြည်နိုင်ဘဲ လုံးဝ ဆွံ့အသွားကြကာ ခေါင်းမူးလာပြီး အရာအားလုံး အချည်းနှီးဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ယုံကြည်မှုများက မျက်စိတစ်မှိတ်အတွင်း ပြိုကျသွား၏။
အဆင့်နိမ့် ဇန်ကျင့်ကြံသူအချို့က ပုတီးများ လွတ်ကျစသွားကာ ပါးစပ်ဟလျက် အံ့အားသင့်မှုကြောင့် စကားမပြောနိုင် ဖြစ်သွားကြသည်။
အမှန်တရားသည် များသောအားဖြင့် ရက်စက်တတ်သော်လည်း လူများက ဆင်ခြေများ ရှာဖွေရသည်အထိ ယနေ့ကဲ့သို့ ကမ္ဘာမြေကို တုန်လှုပ်စေမည့် အရာမျိုးမှာ နည်းပါးလှ၏။
သို့သော် လန်ယဘုရင်၏ ကြမ်းကြုတ်သောမျက်နှာကို မြင်လိုက်ရသောအခါ ဟန်ဆောင်ခြင်း မဟုတ်သလို အတင်းအကျပ် ခိုင်းစေခံရခြင်း၏ လက္ခဏာလည်း မဟုတ်ကြောင်းကို လူတိုင်း သိလိုက်ကြသည်။
မည်သို့ဆိုစေ သေခါနီးလူ၏စကားက များသောအားဖြင့် မှန်ကန်တတ်သည် မဟုတ်ပါလား...
…