← Chapters

အခန်း ၄၁၂

Vol. 28 Ch. 412

အခန်း ၄၁၂

Vol. 28 Ch. 412

အပိုင်း(၄၁၂) ကိုးကြိမ်ပြန်ရှင်ခြင်း၊ ကံကြမ္မာရောက်လာပြီ

[နောက်ဆုံးနာရီ - အရုဏ်တက်ချိန်]

မရေတွက်နိုင်သော အချိန်-နေရာလွတ်များမှ မရေမတွက်နိုင်သော မုန့်ချင်ကျိုးများ တစ်ပြိုင်နက်တည်း နောက်လှည့်ကာ စကြဝဠာအပြင်ဘက်ရှိမျက်လုံးကြီးနှင့် အောင်းဆီသို့ တိုက်ခိုက်လိုက်ကြသည်။

[အချိန် - ရပ်တန့်ခြင်း]

[နေရာလွတ် - နောက်ပြန်ဆုတ်ခြင်း]

ကြယ်များအောက်တွင် မုန့်ချင်ကျိုးက အရင်ဆုံး စတင်တိုက်ခိုက်လိုက်သည်။

မရေမတွက်နိုင်သော ပုစဉ်းရင်ကွဲတေးသံဓားများက မရေမတွက်နိုင်သော အချိန်-နေရာလွတ်များမှ ပေါက်ကွဲထွက်လာပြီး ဓားပေါင်းသောင်းချီ မြည်ဟည်းကာ ပြိုင်ဘက်ကင်းသော တိုက်ခိုက်ရေးစွမ်းအားများကို ထုတ်ဖော်လိုက်သည်။

စကြဝဠာအပြင်ဘက်ရှိမျက်လုံးကြီးက တုံ့ပြန်ရန် ပြင်လိုက်စဉ်မှာပင် အချိန်က ရုတ်တရက် တန့်သွားပြီး တစ်ခုတည်းသောတည်ရှိမှုက နေရာလွတ်နောက်ပြန်ဆုတ်ခြင်းကြောင့် မုန့်ချင်ကျိုးဆီသို့ မျောပါသွားသည်ကို မျက်စိဖြင့်သာ ကြည့်နေနိုင်တော့သည်။

မဟုတ်ဘူး။

"လူသား။ အတင့်ရဲလိုက်တာ။"

အောင်းက အလွန်ကြီးမားလှသောခန္ဓာကိုယ် စွမ်းအားဖြင့် အချိန်၏အချုပ်အနှောင်ကို အတင်းအကျပ် ရုန်းထွက်လိုက်သည်။ ရပ်တန့်နေသောအချိန်သည် ရေခဲနေသော ရေကန်ကြီးတစ်ခုအလား ဖြစ်နေပြီး သူက ခန္ဓာကိုယ်ဖြင့် လမ်းဖောက်ကာ ရေခဲပြင်ကိုခွဲထုတ်လိုက်ရာ အချိန်အပိုင်းအစများက သူ၏ခန္ဓာကိုယ် ပတ်လည်တွင် ကြွေကျလာသည်။

[နဂါးတောတွင်းတိုက်ပွဲ] မဟာနတ်ဘုရားစွမ်းအား၏ အထောက်အပံ့ဖြင့် အောင်း၏ တိုက်ခိုက်ရေး စွမ်းအားသည် 「တစ်ဝက်」၏အဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေသည်။

"မိုက်မဲလိုက်တာ။" အောာင်းက လူပုံစံသို့ ပြောင်းသွားပြီး အရှေ့ဘက်တွင် [နေရာလွတ် - နောက်ပြန်ဆုတ်ခြင်း] အတားအဆီးကို တွေ့လိုက်ရသည်။ ထိုအခိုက်အတန့်လေးမှာပင် တစ်ခုတည်းသောတည်ရှိမှုက မုန့်ချင်ကျိုး၏လက်ထဲသို့ ရောက်တော့မည့်အခြေအနေကို မြင်လိုက်ရသဖြင့် လုံးဝ ဒေါသထွက်သွားတော့သည်။

"ပြိုကွဲစမ်း။"

အောင်းက လက်နှစ်ဖက်ကို နေရာလွတ် အတားအဆီးထဲသို့ ထိုးသွင်းလိုက်ပြီး သွေးသားအင်အားများ ပေါက်ကွဲထွက်ကာ ကြီးမားလှသောခွန်အားများ ပေါက်ကွဲလာပြီး သူ၏ခန္ဓာကိုယ်ထဲတွင် ကြီးမားလှသော ကမ္ဘာကြီးတစ်ခု လည်ပတ်နေသကဲ့သို့ ဖြစ်သွားသည်။

နားကွဲမတတ် ဆူညံသောအသံကြီးနှင့်အတူ။

အောင်းသည် နေရာလွတ်အတားအဆီးကို ဆွဲဖြဲပြီး ချက်ချင်းဝင်ရောက်သွားကာ မုန့်ချင်ကျိုးဆီသို့ လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်သည်။

"ဒဏ္ဍာရီလာသတ္တဝါဆိုတာနဲ့ တကယ်ကို လိုက်ဖက်ပါပေတယ်။"

မုန့်ချင်ကျိုးက ခေါင်းကို အနည်းငယ်စောင်းလိုက်သည်။ မမြင်နိုင်သော်လည်း လေကိုခွင်းလာသော လက်သီး၏အရှိန်အဟုန်ကို ခံစားသိရှိနိုင်ပြီး ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးကို ဖိနှိပ်ထားသကဲ့သို့ တုန်လှုပ်ဖွယ်ကောင်းလှသည်။

သူ ခေါင်းစောင်းလိုက်သည့် အခိုက်အတန့်တွင် အလင်းရောင်ကင်းမဲ့နေသော မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်တစ်ချက် လင်းလက်သွား၏။

[နောက်ဆုံးနာရီ]

[မွန်းတည့်ချိန်]

နောက်ဆုံးနာရီလက်တံ ထပ်မံ၍ ပေါ်လာပြန်သည်။

ပထမဆုံးအကြိမ်အနေဖြင့် မွန်းတည့်ချိန်သို့ ညွှန်ပြနေ၏။

ဤအချိန်သည် ကောင်းကင်နှင့်မြေကြီးကြားတွင် စွမ်းအင်အားအကောင်းဆုံးအချိန် ဖြစ်ပြီး နေမင်းက တစ်နေ့တာ၏ အပူပြင်းဆုံးအခြေအနေသို့ ရောက်ရှိနေသည်။

အချိန်-နေရာလွတ် မြစ်ကြောင်းများမှာ ရူးသွပ်လာပြီး အဟုန်ပြင်းသောရေစီးကြောင်းများက လူကို ဝါးမျိုတော့မည့်ဘီလူးကြီးများအလား ကမ်းစပ်ကိုရိုက်ခတ်နေကာ မဟာတာအိုများ ကမောက်ကမ ဖြစ်ကုန်၏။

မုန့်ချင်ကျိုး၏ အရှိန်အဝါများ တစ်ခဏချင်းမှာပင် အဆပေါင်းသောင်းချီ မြင့်တက်သွားပြီးနောက်တွင် ထို 「တစ်ဝက်」အဆင့်သို့ ရောက်ရှိသွားသလို ဖြစ်သွားသည်။

"သေစမ်း။"

စကားလုံးတစ်လုံးတည်းသာ ပြောလိုက်ပြီး အချိန်-နေရာလွတ် ဓားအသိများ ချက်ချင်း ရောက်ရှိလာကာ သူ၏ပါးပြင်ကိုပွတ်ဆွဲ၍ လျှပ်စီးလိုအရှိန်ဖြင့် ဖြတ်သန်းသွားပြီး အောင်း၏ရင်ဘတ်ကို တည့်တည့် ထိမှန်သွား၏။

ထွီး။

သွေးများပန်းထွက်လာပြီး အောင်းသည် အချိန်-နေရာလွတ် ဓားအသိ၏ ဖောက်ထွင်းခြင်းကို ခံလိုက်ရကာ အမြောက်ဆံတစ်ခုအလား လွင့်စင်သွားတော့သည်။

တစ်ချိန်တည်းမှာပင်။

စကြဝဠာအပြင်ဘက်ရှိ မျက်လုံးကြီးကလည်း အချိန်၏အချုပ်အနှောင်ကို ရုန်းထွက်နိုင်ခဲ့ပြီးနောက် အလင်းရောင်များ တောက်ပလာကာ မုန့်ချင်ကျိုးကို စိုက်ကြည့်နေသည်။

[မျက်လုံးပညာရပ် - တောင်တန်းမြစ်ချောင်းတွေက ပြောင်းလဲလွယ်ပေမဲ့ လူ့စိတ်တွေက ပိုပြီးတော့ ပြောင်းလဲလွယ်တယ်။ မဟာတာအို မသေသရွေ့ ဘေးဒုက္ခများ ရပ်တန့်မည်မဟုတ်]

ချက်ချင်း အသက်ဝင်သည်ထက် ပို၍လျင်မြန်သည်။

ထုတ်သုံးလိုက်သည်နှင့် အကွာအဝေးမည်မျှပင် ဝေးပါစေ သူ၏အမြင်အာရုံ အဝန်းအဝိုင်းအတွင်းတွင် ရှိနေပါက အသက်ဝင်နိုင်သည်။

ဤအခြေခံအပေါ်တွင် စကြဝဠာအပြင်ဘက်ရှိမျက်လုံးကြီး၌ အလွန်ထူးခြားသော မွေးရာပါ စွမ်းရည် တစ်ခု ရှိသေးသည်။ 「မျက်လုံးဖြင့် အရာရာကိုဖောက်ထွင်းမြင်နိုင်ခြင်း၊ လူတို့၏စိတ်နှလုံးကို သိမြင်နိုင်ခြင်း၊ အကွာအဝေးနှင့်အတားအဆီးများကိုဂရုမစိုက်ခြင်း၊ အရာအားလုံးကို လျစ်လျူရှုနိုင်ခြင်း」တို့ပင်။

ဆိုလိုသည်မှာ သူကြည့်ချင်လျှင် မည်မျှဝေးဝေးပုန်းနေပါစေ မည်သည့်နေရာတွင် ပုန်းနေပါစေ သူက မြင်နိုင်သည်။

တစ်နည်းအားဖြင့် သူသည် ကောင်းကင်တာအို၏နေရာတွင် အစားထိုးဝင်ရောက်နိုင်ပြီး လောကကြီး တစ်ခုလုံးကို အုပ်ချုပ်နိုင်၏။

...

ဝုန်း။

တစ်ခုတည်းသောတည်ရှိမှုက နေရာလွတ်နောက်ပြန်ဆုတ်ခြင်းကြောင့် မုန့်ချင်ကျိုးနှင့် မီတာဝက်မျှသာ ကွာဝေးတော့ပြီး လက်ချောင်းလေးဖြင့် ထိမိလုနီးပါး ဖြစ်နေသည်။

ရုတ်တရက် စကြဝဠာအပြင်ဘက်ရှိ မျက်လုံးကြီးက စိုက်ကြည့်လာသည်။

မုန့်ချင်ကျိုး၏ခန္ဓာကိုယ် အရည်ပျော်ကျသွားသလို ခံစားလိုက်ရပြီး မမြင်ရသော လက်ကြီးတစ်စုံက သူ့ကို ပွတ်နယ်နေသကဲ့သို့ ဖြစ်သွားသည်။

လူတစ်ယောက်က ရွှံ့ကို လိုချင်သောပုံစံမျိုးဖြစ်အောင် ပုံသွင်းနေသလိုပင်။

သူ၏ခန္ဓာကိုယ်ထဲတွင် ထူးဆန်းမှုမျိုးစုံ ပေါ်ပေါက်လာသည်။

အတွင်းစကြဝဠာထဲရှိ မရေမတွက်နိုင်သောဂြိုဟ်များက သွေးစွန်းနေသောမျက်လုံးများအဖြစ် ပြောင်းလဲသွားပြီး အချိန်-နေရာလွတ်မြစ်များမှထွက်ပေါ်လာကာ ကောင်းကင်သို့ ထိုးတက်နေသော သစ်ပင်များ အဖြစ်သို့ ပြောင်းလဲသွားလေသည်။ စကြဝဠာဟင်းလင်းပြင်ထဲရှိ အမှောင်စွမ်းအင်များက ကြည်လင်သော ရေစီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး ချောက်နက်ကြီးများက အစွယ်များ အပြည့်ပါသော ပါးစပ်ကြီးများ အဖြစ် ပြောင်းလဲသွားသည်။

၎င်းတင် မကသေးပေ။

မုန့်ချင်ကျိုးက လက်သီးဆုပ်ရန် ကြိုးစားလိုက်တ်ရာ ခြေလက်များက စေးကပ်နေသော ရေဘဝဲလက်တံများအဖြစ် ပြောင်းသွားပြီး ၎င်းအပေါ်တွင် စုပ်ခွက်များ အပြည့်ပါလာသည်။ ခန္ဓာကိုယ်ကလည်း အကန့်အသတ်မရှိကြီးထွားလာပြီး နွားခန္ဓာကိုယ်အဖြစ် ပြောင်းသွားကာ ခေါင်းကလည်း အရည်ပျော်ကျနေ၏။

"ဘာတွေ ဖြစ်နေတာလဲ။"

အချိန်-နေရာလွတ်တာအိုကိုအသုံးပြုပြီး တုံ့ပြန်ရန် ကြိုးစားသော်လည်း သစ်ပင်ကြီးကို နည်းနည်းလေး လှုပ်ခါလိုက်သလိုပင် သစ်ရွက် နည်းနည်းလေးကျလာရုံသာ ရှိသည်

"သေခြင်းပြောင်းပြန်ဂါထာ။" အောင်းက တားမြစ်ထားသော အစွမ်းကို အသုံးပြုပြီး ဒဏ်ရာများကို ပြန်ကောင်းအောင် လုပ်လိုက်သည်။ မျက်လုံးများက သွေးရောင်လွှမ်းနေပြီး ချက်ချင်း ပြန်ရောက်လာ၏။

စိမ်းပြာရောင် နဂါးဟိန်းသံက တိမ်တွေကို ဖောက်ထွင်းသွားသည်။

နဂါးဟိန်းသံက အရင်ရောက်လာပြီးနောက် ချက်ချင်းပင် လူရောက်ရှိလာသည်။

အစွမ်းကုန်အသုံးပြုထားသော တိုက်ခိုက်မှုပင်။

နည်းနည်းလေး ထိမိရုံနှင့်တင် သေလုမျောပါး ဒဏ်ရာရနိုင်၏။

အောာင်းက လုံးဝဒေါသထွက်သွားပြီဖြစ်ကာ လှုပ်ရှားမှုတိုင်းက အသက်ကိုသာ ပစ်မှတ်ထားနေသည်။

[နောက်ဆုံးနာရီ - အရုဏ်တက်ချိန်]

အရေးကြီးသောအချိန်တွင် မုန့်ချင်ကျိုးက အန္တိမအချိန်-နေရာလွတ် နတ်ဘုရားစွမ်းအားကို အသုံးပြုပြီး အပျက်သဘောဆောင်သော အခြေအနေများကို ဖယ်ရှားပစ်လိုက်ကာ ထူးဆန်းမှုအားလုံး ပျောက်ကွယ်သွားပြီး ပုံမှန်အခြေအနေကို ပြန်ရောက်သွားသည်။

သို့သော်လည်း။

အောင်း၏ ဟိန်းသံကိုရှောင်ရန် အချိန်မမီတော့ပေ။

ဝုန်း။

ထိမှန်ခံလိုက်ရသော အချိန်မှာပင် [လမ်းစဉ်အလုံးစုံအစနှင့်အဆုံး]က အလိုအလျောက် ဆယ်ကြိမ်ကျော် အသက်ဝင်သွား၏။ တစ်နည်းအားဖြင့် ဆယ်ကြိမ်ကျော်လောက်သေပြီးမှ ပြန်ရှင်လာခဲ့ရခြင်းပင်။

မူလက နှစ်နာရီကြာခံနိုင်သော အခြေအနေက ထိုဟိန်းသံကြောင့် အင်အားအများကြီး ကုန်ဆုံးသွားပြီး အတင်းအကျပ် အစောကြီး အဆုံးသတ်သွားရသည်။

"နာရီဝက်လေးပဲ အချိန်ဆွဲထားနိုင်တာတောင် အင်အားက ကန့်သတ်ချက်ကို ကျော်လွန်နေပြီ။ သူတို့ နှစ်ယောက်ရဲ့ အခြေအနေက ဘယ်လိုရှိမလဲ မသိဘူး..." မုန့်ချင်ကျိုးက အလွန်ပင် ပင်ပန်းနေပြီး ကြောက်ရွံ့နေဆဲ ဖြစ်သည်။

ခေတ်အဆက်ဆက်က အရှင်သခင်တွေ ဆိုတဲ့အတိုင်းပဲ။ နည်းနည်းလေးမှ လှည့်စားလို့မရဘူး။

"လျူလီက တာအိုသက်သေပြဖို့အတွက် အနည်းဆုံး တစ်ရက်လောက် အချိန်လိုမယ်။ ပြီးရင် ငါ့ကို နောက်ဆုံး အထွတ်အထိပ်နတ်ဘုရားဖြစ်တဲ့ ထျန်းတယ်ကို ရှာပေးဖို့ အနည်းဆုံး နောက်ထပ်တစ်ရက်ခွဲလောက် အချိန်လိုမယ်။"

"ဆိုလိုတာက ငါ အနည်းဆုံး နောက်ထပ်တစ်ရက်ခွဲလောက် အချိန်ဆွဲထားရမှာပဲ။"

မုန့်ချင်ကျိုးက စိတ်ထဲမှ တွက်ချက်နေသည်။

ထိုအချက်ကို တွေးမိသောအခါတွင် သူက တစ်ခုတည်းသောတည်ရှိမှုကို လုယူမည့် အခွင့်အရေးကို စွန့်လွှတ်လိုက်သည်။ ခုနက သူသည် အချိန်-နေရာလွတ် အမှတ်အသားကို တစ်ခုတည်းသောတည်ရှိမှု၏ ပတ်လည်တွင် မှတ်သားခဲ့ပြီဖြစ်ရာ စိတ်ကူးတစ်ချက်နှင့်တင် ၎င်းကို ယူသွားနိုင်ပြီဖြစ်သည်။

သို့သော်လည်း ထိုသို့လုပ်လိုက်လျှင် အရှင်သခင်နှစ်ပါး၏ အစွမ်းကုန်တိုက်ခိုက်ခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။

သူ မခံနိုင်ပေ။

"ရှေ့ကနေ... ဖယ်ကြစမ်း။" အောင်းက ရူးသွပ်သွားပြီး တိုက်ခိုက်မှုအောင်မြင်သော်လည်း ဆက်ပြီး မတိုက်ခိုက်တော့ဘဲ တစ်ခုတည်းသောတည်ရှိမှုဆီကို တည့်တည့်သွားလိုက်သည်။

စကြဝဠာအပြင်ဘက်မှ မျက်လုံးကြီးက ရက်စက်သောအကြည့်ဖြင့် ကြည့်နေပြီး မျက်လုံးပညာရပ်ဖြင့် တားဆီးလိုက်၏။

မုန့်ချင်ကျိုးက ခဏအနားယူပြီး လက်ပိုက်ကြည့်နေရန် မရည်ရွယ်ပေ။ သေချာပေါက် တိုက်ရပေမည်။ ထိုနှစ်ယောက်က တာအို၏အဆုံးသတ်အဆင့်များ ဖြစ်ကြသည်။ တစ်ခုတည်းသောတည်ရှိမှုနှင့် နည်းနည်းလေး ထိမိရုံနှင့်တင် တိုက်ရိုက်ဝါးမျိုပြီး အချေဖျက်သွားနိုင်လေသည်။

တိုက်ပွဲအခြေအနေက မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွား၏။ အစက စကြဝဠာအပြင်ဘက်မှ မျက်လုံးကြီး ဝိုင်းရိုက်ခံရသည်။ ထို့နောက် မုန့်ချင်ကျိုးအလှည့် ရောက်လာသည်။

ယခုတွင် အောင်းက လုယူရန်ရွေးချယ်လိုက်ရာ ချက်ချင်းပင် စကြဝဠာအပြင်ဘက်မှ မျက်လုံးကြီးနှင့် မုန့်ချင်ကျိုး၏ ဝိုင်းပိတ်တားဆီးခြင်းကို ခံရပြန်သည်။

အဓိက ရည်ရွယ်ချက်မှာ - ငါ မရရင်၊ မင်းလည်း လုံးဝ မရစေရဘူး ဟူ၍ပင်။

"ဒီကောင်စုတ်နှစ်ကောင်။"

အောာင်းက တစ်ကိုယ်လုံး ဒဏ်ရာများအပြည့်ဖြစ်နေပြီး စိတ်ထဲမှ ဒေါသထွက်လာကာ လက်နှစ်ဖက်ကို ကောင်းကင်သို့မြှောက်ပြီး အသံထွက်ရခက်ခဲသော စကားလုံးများကို ရွတ်ဆိုနေသည်။

[ကိုးကြိမ်ပြန်ရှင်ခြင်း]

ဒဏ္ဍာရီလာသတ္တဝါများ၏ မွေးရာပါအသက်သွေးကြောကို လောင်ကျွမ်းပြီး အကောင်းဆုံးအခြေအနေကို ရောက်အောင် လုပ်လိုက်ခြင်းပင်။ တစ်ကိုယ်ရည်စွမ်းအားက အဆပေါင်းရာနှင့်ချီ တိုးတက်လာပြီးနောက် 「တစ်ဝက် 」 နှင့် အကန့်အသတ်မရှိ နီးစပ်သွားလေပြီ။

နောက်ဆက်တွဲ အကျိုးသက်ရောက်မှု အနေဖြင့် သွေးတစ်စက်ရှိလျှင်ပင် ပြန်ရှင်နိုင်လေသည်။၊ အဆက်မပြတ် ရှင်သန်နေမည်၊ အခြေအနေက လုံးဝ မကျဆင်းပေ။ ဘယ်တော့မှ မပင်ပန်းပေ။ စစ်မြေပြင်ထဲ သေသည်အထိပင်။

အသက်စွမ်းအင် လုံးဝကုန်ဆုံးသွားခြင်းဖြစ်စေ အမြဲတမ်း အသက်အပြည့်အခြေအနေနှင့် အမြဲတမ်း ရှိနေခြင်းဖြစ်စေ ဖြစ်နိုင်ပေသည်။

တိုက်ပွဲက ပေါက်ကွဲလာလေပြီ။

အောင်းက တစ်ယောက်တည်းနှင့် နှစ်ယောက်ကိုယှဉ်တိုက်ပြီး အသာစီးရနေ၏။

...

...

အလွန်ဝေးကွာသော နေရာရှိ။

ကောင်းကင်ပြည်နယ် ကောင်းကင်ယံတွင်။

လီတိုင်ယွမ် ပေါ်လာပြီး ကြယ်များအောက်မှ လုယက်ပွဲကြီးကို စိုက်ကြည့်နေသည်။ သူက ကံကြမ္မာ အာဏာစက်ဖြစ်၍ စကြဝဠာအပြင်ဘက်မှ မျက်လုံးကြီး၏ မျက်လုံးပညာရပ်၏ သက်ရောက်မှုကို မခံရပေ။ ကောင်းကင်တာအိုကိုပါ မျက်စိကန်းသွားအောင် မလုပ်နိုင်သရွေ့ လီတိုင်ယွမ်လည်း ထိုအကျိုးသက်ရောက်မှုကို ခံရမည်မဟုတ်ပေ။

ကံကြမ္မာ၏လွှမ်းမိုးမှုခံနေရ၍ လူ့သဘာဝစိတ်ခံစားချက်များ တဖြည်းဖြည်း ပျောက်ကွယ်နေသော်လည်း ထိုအချိန် စိတ်ထဲတွင်တော့ လှိုင်းလုံးကြီးများ လိမ့်တက်နေ၏။

ကောင်းကင်နယ်ပယ်ကို ကောင်းကင်လမ်းဟုခေါ်ပြီး ရှေးစကားအရ ကောင်းကင်ဘုံသို့သွားရာလမ်း ဖြစ်သည်။

ခြေတစ်လှမ်းတိုင်းက ကောင်းကင်တစ်ထပ်ပင်။

အဆင့်ငယ်(၄)ခု၊ အဆင့်ငယ်တစ်ခုစီကြားမှ ကွာဟချက်က ကမ္ဘာကြီး တစ်ခုစာ ဖြစ်သည်။

ပိုဆိုးသည်မျာ ကောင်းကင်နယ်ပယ် အထွတ်အထိပ်အောက် လူများအားလုံးက ပုရွက်ဆိတ်များသာ ဖြစ်သည်ဟူသော စကားပင်။

ထိုစကားက ရိုးရိုးလေး ပြောထားခြင်း မဟုတ်ပေ။

"ကံကြမ္မာရဲ့အထောက်အပံ့ရှိနေလို့ ဘယ်နည်းနဲ့မှ သတ်လို့မရဘူးဆိုရင်တောင် ငါက အဲဒီအထဲမှာ ပါဝင်ပတ်သက်ဖို့ မဖြစ်နိုင်ဘူး။ သူတို့ထဲက ဘယ်သူမဆို ငါ့ကို အကြိမ်ပေါင်းသန်းနဲ့ချီ သေအောင် အလွယ်လေး လုပ်နိုင်တယ်။"

"ငါ့ကို သေခြင်းနဲ့ရှင်ခြင်းကြားမှာ အမြဲတမ်းရှိနေအောင် အမြဲတမ်း သေလိုက်ရှင်လိုက် ဖြစ်နေအောင် လုပ်နိုင်တယ်။"

လီတိုင်ယွမ်က အသက်ပြင်းပြင်းရှူပြီး လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

ထိုအချိန်မှ လီတိုင်ယွမ်သည် မည်သို့ပင်ကြိုးစားကြိုးစား၊ မည်မျှပင် အသက်စွန့်စွန့်၊ သူတို့၏အမြင့်ကို လုံးဝရောက်နိုင်မည် မဟုတ်ကြောင်း နားလည်သွားခဲ့သည်။

ထိုတိုက်ပွဲကို ကြည့်ပြီးမှ။

လီတိုင်ယွမ် ရုတ်တရက် သတိထားမိလိုက်သည်။ သူနှင့် ဧကရာဇ်ကြားကကွာဟချက် မည်မျှလောက် ကြီးမားသလဲ ဆိုသည်ကိုပင်။ တစ်ဖက်လူက အသက်(၁၀၀)ပင် မပြည့်သေးဘဲ ခေတ်အဆက်ဆက် အရှင်သခင်များနှင့် ယှဉ်ပြိုင်နိုင်နေလေပြီ။ သူကတော့ ပါဝင်ရန်ပင် အရည်အချင်း မရှိပေ။

"အဟက်..."

"ပုရွက်ဆိတ်က ပုရွက်ဆိတ်ပါပဲ။ စစ်တုရင်ရုပ်က ဘယ်တော့မှ စစ်တုရင်ကစားသူ ဖြစ်မလာနိုင်ဘူး"

"သူက ဒီကနေ ခုန်ထွက်နိုင်တာဟာ သူကိုယ်တိုင်က ဒီကမ္ဘာကြီးရဲ့ အကြီးမားဆုံးအပြောင်းအလဲ ဖြစ်နေလို့ပဲ။ ငါကတော့..."

"စစ်တုရင်ရုပ်ဖြစ်ဖို့ပဲ အကြောင်းဖန်လာတာ။"

လီတိုင်ယွမ်က ရုတ်တရက် အရာအားလုံးကို နားလည်သွားပြီး စိတ်ထဲတွင်ရှိနေသော ခေါင်းမာမှုအားလုံး ပျောက်ကွယ်သွား၏။

"ပင်ပန်းလိုက်တာ။"

"အနားယူဖို့ အချိန်တန်ပြီ..."

သူ၏မျက်နှာပေါ်မှ ရက်စက်သောအငွေ့အသက်များ ပျောက်ကွယ်သွားပြီး အလွန်တောက်ပကာ လှပသော အပြုံးလေးတစ်ခု ပေါ်လာ၏။ လွန်ခဲ့သောနှစ်အတော်ကြာ လီမိသားစု၏ဆက်ခံသူ ဖြစ်တုန်းကလိုပင်။ အလွန်ပင် တက်ကြွလန်းဆန်းပြီး လူအများ၏လေးစားချစ်ခင်မှုကို ရရှိခဲ့စဉ်က အတိုင်းပင်။

သူက ထိုဝတ်စားဆင်ယင်မှုအတိုင်းသာ ရှိနေသေးသည်။ အပြင်တွင် အဖြူရောင်ဝတ်ရုံ၊ အတွင်းတွင် ငွေရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားပြီး မြင်းမြီးပုံစံဆံပင်ကို မြင့်မြင့်စည်းထားကာ ယောက်ျားလေးများထက် ပို၍ပင် ခန့်ညားသောပုံစံမျိုး ရှိနေသည်။

လီတိုင်ယွမ်က ခြေတစ်လှမ်းတည်းနှင့် ချင်းလွမ်ထျန်းနယ်မြေကို ရောက်သွားပြီးနောက် လီမိသားစု၏ အိမ်ဟောင်းအပျက်အစီးနေရာကို ဝင်သွားကာ စွန့်ပစ်ထားသော လီမိသားစုရွာလေးထဲမှ ပေါင်းပင်များ အပြည့် ပေါက်နေသော သင်္ချိုင်းဂူကို ရောက်သွား၏။

ကျောက်တိုင်တွင် စာတစ်ကြောင်း ရေးထားသည်။ လီမိသားစု၏ (၂၅)ဆက်မြောက် ဘိုးဘေး၊ (၅၆)ဆက်မြောက် မိသားစုခေါင်းဆောင် 「လီရွှမ်ကျင်း」၏ အုတ်ဂူ။

လီတိုင်ယွမ်က ဒူးထောက်လိုက်ပြီး ဘေးတွင်ထပ်ထားသော စက္ကူငွေတစ်ထပ်ကို ကောက်ယူလိုက်၏။

ထို့နောက် မီးရှို့ပြီး ပုံလိုက်သည်။

မီးရောင်က သူ၏မျက်နှာပေါ်တွင် ထင်ဟပ်နေပြီး အနည်းငယ် ဝမ်းနည်းနေပုံ ပေါ်နေသည်။

"ဘိုးဘေး။ ယွမ်အာ ဘိုးဘေးကို တောင်းပန်ပါတယ်။"

"ဒီအချိန်တစ်လျှောက်လုံး ကျွန်မက ဘိုးဘေးကို လိမ်ခဲ့တယ်။ အားလုံးကို လိမ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း လိမ်ခဲ့တယ်။"

"ဘိုးဘေးရဲ့စိတ်ဆန္ဒကိုဆက်ခံပြီး ကြီးမားတဲ့အောင်မြင်မှုတွေရအောင်လုပ်မယ်လို့ ဆင်ခြေပေးခဲ့ပေမယ့် ကျွန်မစိတ်ထဲမှာ အသိဆုံးပါ၊ ဘိုးဘေးက လီမိသားစုရဲ့မျိုးဆက်တွေ ကောင်းကောင်းမွန်မွန် အသက်ရှင်ဖို့ကိုပဲ လိုချင်ခဲ့တာ ဆိုတာကို။"

လီတိုင်ယွမ်က တိုးတိုးလေး ပြုံးလိုက်ပြီး ခေါင်းမော့ကာ ကိုယ့်ဘာသာ ပြောလိုက်သည်။

"ကျွန်မ တစ်ခါမှ လီမိသားစုအတွက်၊ ဒါမှမဟုတ် ဘိုးဘေးရဲ့စိတ်ဆန္ဒအတွက် အသက်ရှင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မက အမြဲတမ်း ကိုယ့်ရဲ့စိတ်ဆန္ဒအတွက်ပဲ အသက်ရှင်ခဲ့တာပါ။"

"ကျွန်မက..."

"လူသားဧကရာဇ်ရာထူးကို တက်လှမ်းချင်ခဲ့တယ်။ ဒါက ချည်နှောင်ထားတဲ့ ထောင်ချောက်တစ်ခုမှန်း သိသိကြီးနဲ့တောင် ကိုယ်တိုင် အဲဒီအထဲကို ဝင်ခဲ့တာ။ အဲဒီလိုလုပ်မှသာ အသုံးမကျတဲ့ ကောင်းကင်တာအိုကို သွားပြီးမေးလို့ရမှာလေ။ ဘာတွေ လုပ်ချင်နေတာလဲ ဆိုပြီးတော့ပေါ့။"

"ဘိုးဘေးရဲ့သေဆုံးမှုက ကျွန်မစိတ်ထဲက အနာတရတစ်ခု ဖြစ်ပေမယ့် ဘိုးဘေးက ကျွန်မလေးစားရတဲ့ သူ မဟုတ်ဘူး။"

"တိုင်ယွမ်ရဲ့စိတ်ထဲမှာ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်ပဲ လေးစားခဲ့တာပါ။"

စကားသံအဆုံးတွင် စက္ကူငွေများလည်း အကုန် လောင်ကျွမ်းသွား၏။

သူက ဖြည်းဖြည်းချင်း မတ်တပ်ရပ်ပြီး နောက်လှည့်ကာ စကြဝဠာအပြင်ဘက်ကို လှမ်းကြည့်လိုက်ရာ ကောင်းကင်အတိဒုက္ခကို ဖြတ်ကျော်ပြီး တာအိုသက်သေပြနေသည့်ဧကရီကို မြင်လိုက်ရ၍ အေးဆေးစွာ ပြုံးလိုက်သည်။

"ကျွန်မရဲ့ကံကြမ္မာက မကြာခင် ရောက်လာတော့မယ်။"

"ဘိုးဘေး၊ တိုင်ယွမ်က နောက်ဆိုရင် ဘိုးဘေးနဲ့စကားပြောဖို့ အခွင့်အရေး မရတော့ဘူးထင်တယ်။"

ရုတ်တရက်။

သင်္ချိုင်းဂူဘေးမှ မိုးမခပင် အကိုင်းအခက်များက လေတိုက်၍လွင့်လာပြီး လီတိုင်ယွမ်၏ခေါင်းပေါ်ကို ကျလာခဲ့သည်။

လူတစ်ယောက်က သူ၏ခေါင်းကို ပွတ်သပ်ပေးနေသလိုပင်။ လေပြေလေးက အလွန်ပင်နူးညံ့ပြီး ထိုလူက နူးညံ့စွာဖြင့် နှစ်သိမ့်ပေးနေသလို ဖြစ်နေသည်။

လီတိုင်ယွမ်က မျက်ရည်များနှင့် ပြုံးလိုက်၏။

"သွားပြီနော်။ နှုတ်ဆက်ခဲ့ပါတယ်။"

...

All Chapters