← Chapters

ဓားရူးနှင့် အစီအရင်ရူး

Vol. 8 Ch. 109

ဓားရူးနှင့် အစီအရင်ရူး

Vol. 8 Ch. 109

သတင်းများက ကျင့်ကြံခြင်းလောကအတွင်း လျင်မြန်စွာ ပျံ့နှံ့သွား၏။ မုန့်ချင်ကျိုး ပေါ်ထွက်လာပြီး ကျူးကျော်လာသော ရန်သူများကို တစ်ကိုယ်တော် ပိတ်ဆို့လိုက်သည့်သတင်းမှာ ရေနက်ပိုင်းတွင် ဗုံးပေါက်ကွဲသကဲ့သို့ ဖြစ်သွားကာ အလွန်ဝေးလံသော နေရာများအထိ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။

ထိုအချိန်တွင် မုန့်ချင်ကျိုးက ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းကာ ပစ္စုပ္ပန်ရွာသို့ ပြန်ရန် ပြင်နေစဉ်မှာပင် ရုတ်တရက် အလွန်ပြင်းထန်သော သတ်ဖြတ်လိုစိတ်များက အပ်တစ်ချောင်းကဲ့သို့ နောက်ကျောကို စိုက်ဝင်လာပြီး ကြီးမားသော အန္တရာယ်ကို သတိပေးလိုက်သည်။

“ရန်သူ ကျန်နေသေးတယ်...”

မုန့်ချင်ကျိုး ချက်ချင်းပင် တုံ့ပြန်လိုက်သည်။ သူက လေထဲတွင် ရပ်တန့်လိုက်ပြီး သူ၏ ဓားအသိ အားလုံးကို ထုတ်လွှတ်လိုက်ရာ မိုင်(၁၀၀) ပတ်လည်အထိ ဖုံးလွှမ်းသွားသည်။ ထိုနယ်ပယ်အတွင်းတွင် မည်သည့်သက်ရှိမျှ သူ၏ရှာဖွေမှုကို မလွတ်မြောက်နိုင်ချေ။

“ရှာမနေနဲ့တော့။ ငါ ပုန်းနေဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး...” ရယ်မောသံပါသော အိုမင်းသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

မုန့်ချင်ကျိုးက ဓားရိုးကို လက်မဖြင့် ပွတ်သပ်လိုက်ရင်း မေးလိုက်သည်။ “ဒီအသံက ရင်းနှီးသလိုပဲ။ ခင်ဗျားက ယင်ယန်အကြီးအကဲ မဟုတ်လား။”

ယင်ယန်အကြီးအကဲက ယင်ယန်အစီအရင်ပြား တစ်ခုကို ကိုင်ဆောင်ထားလျက် ဖုံးကွယ်ထားသော အစီအရင်၏ ထောင့်တစ်နေရာမှ ထွက်ပေါ်လာကာ ဆိုသည်။ “ဟုတ်တယ်။ ဖုလင်ကျိ ငါ့အတွက် အချိန် အတော်လေး ပေးနိုင်ခဲ့တယ်။ သူ သေရတာက လုံးဝ အချည်းနှီးတော့ မဟုတ်ဘူး...”

မုန့်ချင်ကျိုး၏ ရင်ထဲတွင် လေးလံမှုတစ်ခုကို ခံစားလိုက်ရပြီး တစ်လှမ်းချင်း နောက်သို့ဆုတ်ကာ အချိန်မြစ်ကြီးထဲသို့ ပေါင်းစပ်ဝင်ရောက်ပြီး သမိုင်းမှတ်တမ်းတစ်ခုထဲသို့ ရောက်ရှိသွားသည်။

“အသက်တစ်ရှိုက်သုံးပါးသန့်စင်ခြင်း...”

ကိုယ်ပွားသုံးခုက မုန့်ချင်ကျိုးနှင့် ပေါင်းစပ်သွားကာ သူ၏စွမ်းအားကို ခဏတာ ကြီးမားစွာ မြှင့်တင် ပေးလိုက်သည်။

ထိုမျှမက သမိုင်းမှတ်တမ်းအတွင်း ပုန်းကွယ်နေသော မုန့်ချင်ကျိုးက ယင်ယန်အကြီးအကဲကို ဝန်းရံထားသော အချိန်နှင့်နေရာလွတ် ဓားအသိများကို ထုတ်လွှတ်လိုက်ပြီး ထွက်ပေါက်အားလုံးကို ပိတ်ဆို့လိုက်သည်။

ယင်ယန်အကြီးအကဲ တည်ငြိမ်စွာ ပြုံးပြနေသည်။ သူ၏အကြည့်မှာ တည်ငြိမ်နေပြီး သတ်ဖြတ်ခံရရန် စောင့်ဆိုင်းနေသော သိုးငယ်တစ်ကောင်ကို ကြည့်နေသကဲ့သို့ပင်။ သူက မုန့်ချင်ကျိုးကို တားဆီးရန် ဘာမှမလုပ်ဘဲ ဝန်းရံနေသော ဓားအသိများကိုသာ ချီးကျူးသည့်အရိပ်အယောင်ဖြင့် ကြည့်နေသည်။

“အချိန်နဲ့နေရာလွတ် ဓားအသိ။ မင်းက တကယ် ဓားသူတော်စင် မုန့်ချင်းပဲ။ ဇာတ်ရုပ်နှစ်ခုကို သရုပ်ဆောင်ပြီး တစ်လောကလုံးကို လှည့်စားနေတာ။ အထင်ကြီးစရာ ကောင်းသားပဲ။”

ယင်ယန်အကြီးအကဲအဖို့ မုန့်ချင်ကျိုးက နန်းတော်ထဲမှ ဧကရီ၏ကြင်ရာတော်လည်းဖြစ်၊ တော်ဝင်ရုံးမှ ချစ်လှစွာသော ဝန်ကြီးလည်းဖြစ်ကာ လောကကြီးကို တမင်တကာ ကစားနေသူဖြစ်သည်။

သူ၏စကားမှာ သတိပေးချက်တစ်ခုပင်။ ငါ မင်းရဲ့လျှို့ဝှက်ချက်ကို သိတယ်။ မင်း ပါးနပ်ရင် မခုခံနဲ့။ အေးအေးဆေးဆေးပဲ အညံ့ခံလိုက်... မဟုတ်ရင် မင်း ကမ္ဘာ့အဆုံးစွန်းကို ပြေးရင်တောင် ငါတို့ ရှာတွေ့မယ်။

ထိုအချိန်တွင် မြို့တော် ပြင်ပ၌ မုန့်ချင်ကျိုး၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး အနာဂတ်မှ လွင့်ပျံ့လာသော အသံတစ်ခုသာ ကျန်ရစ်ခဲ့သည်။

“အဲဒီလိုလား...”

“ဒါဆိုရင် ခင်ဗျား နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို လျစ်လျူရှုထားမိတာ ဖြစ်နိုင်တယ်။ ဒီနေရာက လူသူကင်းမဲ့တယ်။ ခင်ဗျားကို ကျုပ် သတ်လိုက်ရင် ဘယ်သူသိမှာလဲ။”

အချိန်မြစ်ကြီးထဲရှိ သမိုင်းမှတ်တမ်းတွင် ပုန်းကွယ်နေရင်း မုန့်ချင်ကျိုး သက်ပြင်းချလိုက်သည်။

နောက်ဆုံးတွင် ပစ္စုပ္ပန်ရွာသားများမှာ ပါဝင်ပတ်သက်သွားခဲ့ရသည်။ ထိုအိုမင်းသော လူယုတ်မာကြီးက အပြစ်မဲ့သော ရွာသားများ၏ အသက်ကိုသုံးပြီး သူ့ကို ခြိမ်းခြောက်ရဲသည်လား...

ဇာတ်ရုပ်နှစ်ခုကို သရုပ်ဆောင်ခြင်းမှာ မုန့်ချင်ကျိုးက လူသူကင်းမဲ့သော ရွာတစ်ရွာက တုန်းဖန်မိသားစု၏ အိမ်ပါသမက်လည်းဖြစ်၊ ကျော်ကြားလှသော အချိန်နှင့်နေရာလွတ် ဓားသူတော်စင်လည်း ဖြစ်နေသည်ကို ဆိုလိုခြင်း မဟုတ်ပါလား။

တစ်နည်းအားဖြင့် ပြောရလျှင် သူ ပြေးလျှင် ရွာသားများ ဒုက္ခခံရပေမည်။

အညံ့ခံမည်လား။ တိုက်ခိုက်မည်လား။

သို့သော် သူသာ ပြေးရဲလျှင် ရွာသားများ အသတ်ခံရပေလိမ့်မည်။

၎င်းကို စဉ်းစားမိသော် မုန့်ချင်ကျိုး၏ ဒေါသများ ထွက်လာ၏။

ကောင်းကင်ပြည်နယ်မှ ကျင့်ကြံသူများက တကယ်ကို အရှက်မဲ့လွန်းလှသည်။

သူတို့အားလုံး သေသင့်၏...

“ဘာ... လူသူကင်းမဲ့တယ် ဟုတ်လား။” ယင်ယန်အကြီးအကဲ ကြောင်သွားပြီး စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်သည်။ သူက မြို့တော်ဘက်သို့ ကြည့်လိုက်ရာ မြို့ရိုးများနှင့် တံခါးများမှ ပြည်သူများနှင့် စစ်သည်များ အများအပြား စိတ်ဝင်တစား ကြည့်ရှုနေကြသည်...

ယင်ယန်အကြီးအကဲက မေးလိုက်သည်။ “မင်း တကယ်ကြီး ပြောနေတာလား။”

“ဒါပေါ့... ကောင်းကင်ပြည်နယ်က ကျင့်ကြံသူတွေက အရှက်မဲ့ခြင်းရဲ့ ပြယုဂ်ပဲ။ ဒီနေ့ ခင်ဗျား သေရမယ်။” မုန့်ချင်ကျိုး၏ အသံမှာ လွတ်လပ်သော ဟင်းလင်းပြင်မှ ဟိန်းထွက်လာသည်။

မုန့်ချင်ကျိုးက ယင်ယန်အကြီးအကဲ မိမိကို သတ်နိုင်မလားဟု မေးနေသည်ဟု ထင်လိုက်သည်။

အဖြေမှာ မသေချာပေ။

သူ့ကို သတ်နိုင်မလား၊ မသတ်နိုင်ဘူးလားဆိုသည်ကို အသာထား။ စိတ်ဓာတ်တော့ ကျ၍ မဖြစ်ပေ။

ယင်ယန်အကြီးအကဲက မျက်လုံးများကို ပွတ်သပ်ကာ မဟာကျင်းမြို့တော်ကို ပြန်ကြည့်လိုက်ပြီး သူ မှားနေခြင်း မဟုတ်ကြောင်း အတည်ပြုလိုက်သည်။ သူက ကျောချမ်းသွားပြီး ရေရွတ်မိသည်။ “ငါ သရဲတစ္ဆေ မြင်နေတာလား။”

ထို့နောက် လေထဲတွင် စီးဆင်းနေသော အရောင်မဲ့ပြီး ပုံသဏ္ဍာန်မဲ့သော အချိန်မြစ်ကြီးကို ကြည့်ကာ ယင်ယန်အကြီးအကဲ မိမိဘာသာ ရေရွတ်လိုက်သည်။

“ဒါမှမဟုတ်... မုန့်ချင်ကျိုး ရူးသွားတာလား။”

“လူပေါင်း သောင်းချီရှိနေတာကို လူသူကင်းမဲ့တယ်လို့ ပြောနေတယ်။ မင်း ရူးနေပြီ ထင်တယ်။”

“စိတ်မကောင်းစရာပဲ၊ ဒီလို ပါရမီရှင်တစ်ယောက်...”

မုန့်ချင်ကျိုး ပထမဆုံး စတင်တိုက်ခိုက်ရန် ပြင်နေစဉ် ထိုစကားများကို ကြားလိုက်ရသဖြင့် ရပ်တန့်သွားသည်။

လူပေါင်း သောင်းချီ ဟုတ်လား။

ဒီအဘိုးကြီးက ရူးနေတာလား။ ပစ္စုပ္ပန်ရွာက တောင်တန်းတွေအထဲက နက်ရှိုင်းတဲ့ နေရာမှာ ရှိပြီးတော့ ဝေးလံခေါင်ဖျားတဲ့ နေရာပဲ။ လူပေါင်း သောင်းချီက ဘယ်ကလာမှာလဲ။

“အစီအရင်တွေကို လေ့လာရင်း ဦးနှောက်ပျက်သွားတာ ဖြစ်မယ်။”

သူက ယင်ယန်အကြီးအကဲ၏ စရိုက်နှင့် ဇာတ်ကွက်ကို ပြန်လည်အမှတ်ရရန် ကြိုးစားလိုက်သည်။

“ကောင်းကင်ဘုံကျော်လွန်”၏ ဒုတိယခေါင်းဆောင် ယင်ယန်အကြီးအကဲက နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်းတွင် ရှိပြီး အစီအရင်များကို အထူးပြုလေ့လာကာ ငယ်စဉ်ကတည်းက အစီအရင်ကို ရူးသွပ်သူ ဟူ၍ လူသိများသည်။ အချိန်လုံလောက်စွာရလျှင် သူက နယ်ပယ်တူ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာကို သတ်နိုင်သော အစီအရင်တစ်ခုကို တည်ဆောက်နိုင်သည်။

ကျိဝူရွှမ်ပင် ယင်ယန်အကြီးအကဲအပေါ် သတိထားရမည်ဖြစ်ပြီး အစီအရင် တည်ဆောက်ရန် အချိန် မပေးဘဲ အလျင်အမြန် တိုက်ခိုက်ရန် ကြိုးစားရပေမည်။

သို့သော် မုန့်ချင်ကျိုးနှင့် ဖုလင်ကျိတို့ တိုက်ခိုက်နေစဉ်အတွင်း ယင်ယန်အကြီးအကဲက ကြီးမားသော အစီအရင်တစ်ခုကို တိတ်တဆိတ် တည်ဆောက်နေခဲ့သည်။

ထို့ကြောင့် သူက အလွန်သတိထားနေပြီး သမိုင်းမှတ်တမ်းထဲတွင် ပုန်းကွယ်နေသည်။

“မင်းလို ငယ်ရွယ်တဲ့အရွယ်မှာ မကြုံစဖူးတဲ့ အချိန်နဲ့နေရာလွတ် ဓားသိုင်းပညာကို ဖန်တီးနိုင်တာ အံ့သြဖို့ကောင်းတယ်။ ဒါဆို မင်းက ဓားရူးပေါ့...” ယင်ယန်အကြီးအကဲက သက်ပြင်းချလျက် ပြောလိုက်သည်။

သခင်လေး၏အမိန့်ကြောင့်သာ မဟုတ်ပါက သူတို့ မိတ်ဆွေများ ဖြစ်နိုင်သည်။

ဓားရူးနှင့် အစီအရင်ရူး နှစ်ယောက်သည် သေချာပေါက် ဆွေးနွေးစရာများစွာ ရှိလိမ့်မည်။

စိတ်မကောင်းစရာပင်...

“ငါ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်။ အညံ့ခံလိုက်။ ငါ သခင်လေးကို မင်းအတွက် တောင်းပန်ပေးမယ်။ မင်း ကောင်းကင်ယံအလွန်ထဲကိုတောင် ဝင်နိုင်မယ်...” ယင်ယန်အကြီးအကဲက ရင်းနှီးမှုတစ်ခု ခံစားရလျက် ပြောလိုက်သည်။

သူရရှိလိုက်သော အဖြေမှာ...

“လစ်လိုက်တော့...”

လူယုတ်မာ... အရင်က ငါ့ရဲ့ ဇနီးကို လက်ထပ်ခွင့်တောင်းတယ်။ အခု ရွာသားတွေရဲ့အသက်ကို ခြိမ်းခြောက်တယ်။

ပြီးတော့ အခု ငါ့ကို သိမ်းသွင်းချင်တာလား။

နောက်ကျသွားပြီ...

မုန့်ချင်ကျိုး မဲ့ပြုံးပြုံးလိုက်သည်။ သူ့အဖို့ တုန်းဖန်လျူလီက သာမန်လူတစ်ယောက်သာ ဖြစ်ပြီး ပစ္စုပ္ပန်ရွာသည် သာမန်ရွာတစ်ရွာသာဖြစ်သည်။ ကျိဝူရွှမ်ကို ဆွဲဆောင်နိုင်သော တစ်ခုတည်းသော အရာမှာ အချိန်နှင့်နေရာလွတ် ဓားသူတော်စင် မုန့်ချင်းသာဖြစ်သည်။

သိမ်းသွင်းခြင်းမှာ ဟန်ဆောင်မှုသက်သက်သာဖြစ်ပြီး တကယ့်ရည်ရွယ်ချက်မှာ အချိန်နှင့်နေရာလွတ် တာအိုကို လုယူရန်ပင်...

“ဒါဆိုရင်တော့ မင်းရဲ့ အလောင်းကို သခင်လေးဆီ ပြန်ယူသွားရမှာပေါ့...” ယင်ယန်အကြီးအကဲက ဆိုလိုက်သည်။

ချက်ချင်းပင် သူ၏လက်ဖဝါးထဲမှ ယင်ယန်အစီအရင်ပြားက အလိုလို လည်ပတ်လာပြီး ကွမ်နှင့်ချင်း မျဉ်းခြောက်ခုမှာ ရူးသွပ်စွာ လည်ပတ်နေတော့သည်။

ချက်ချင်းပင် ကောင်းကင်နှင့်မြေကြီး၏ အရောင်များ ပြောင်းလဲသွားပြီး မိုင်ရာပေါင်းများစွာကို ဖုံးလွှမ်းထားသော သတ်ဖြတ်ခြင်းအစီအရင် တစ်ခု ပေါ်ထွက်လာသည်။

“ကံကောင်းတာက မင်း ဖုလင်ကျိနဲ့တိုက်ခိုက်နေစဉ်မှာ အချိန်နဲ့နေရာလွတ် တာအိုလိုမျိုး အရာတစ်ခုကို အနည်းငယ် ခံစားမိလိုက်ပြီး အစီအရင်ကို ကြိုတင်ပြင်ဆင်လိုက်တာပဲ။”

ယင်ယန်အကြီးအကဲ၏ ဝတ်ရုံများမှာ လေထဲတွင် လွင့်ပျံ့နေပြီး၊ သူ၏ရှည်လျားသော ဖြူဖွေးသည့် မုတ်ဆိတ်များမှာ လေမတိုက်ဘဲ လှုပ်ရှားနေသည်။ သတ်ဖြတ်ခြင်းအစီအရင်၏ ဗဟိုတွင် ရပ်တည်ရင်း သူ၏အရှိန်အဝါများမှာ မြင့်တက်လာပြီး ဆရာကြီးတစ်ယောက်၏ အမူအရာကို ပြသနေသည်။ သူက ရယ်မောလျက် ပြောလိုက်သည်။

“အချိန်နှင့်နေရာလွတ်တာအိုက အချိန်နဲ့နေရာတွေ ပါဝင်စေလို့ သာမန်ကျင့်ကြံသူတွေအတွက် တကယ်ပဲ ခက်ခဲစေတယ်။”

“ဒါပေမဲ့ ကံဆိုးတာက မင်း ငါနဲ့တွေ့တာပဲ။ ဒါက သခင်လေးရဲ့ ကြိုမြင်ပြီးတော့ ကြိုတင် ပြင်ဆင်ထားတာ ဖြစ်နိုင်တယ်။”

“ငါ မင်းကို ပြောပြရဦးမယ်၊ ငါက ကံကြမ္မာပိုင်းကို အထူးပြုပြီး၊ အကြောင်းအကျိုး အစီအရင်တွေ ထူးချွန်တယ်။”

“အချိန်နဲ့နေရာလွတ်က ကံကြမ္မာနဲ့ အကြောင်းအကျိုးရဲ့ စွမ်းအားကို မခံနိုင်ဘူး......”

...

All Chapters