ပါရမီရှင်အဆင့် သားရဲကို အမဲလိုက်ခြင်း
Vol. 5 Ch. 45
သူ၏ သမီးတော်လေးများအတွက် အလတ်ဆတ်ဆုံးနှင့် အရည်အသွေးအမြင့်ဆုံး အသားကို ရလိုစိတ်ကြောင့် လင်းထျန်းလုံသည် တုံ့ဆိုင်းမနေဘဲ ထျန်းပင်းကို ခေါ်ယူရန် ဟိန်းဟောက်လိုက်သည်။
ယခုတစ်ကြိမ်သည် သူ၏ အသည်းကျော် သမီးတော်လေးများမှ အတိအလင်းတောင်းဆိုလာသည့် ပထမဆုံးအကြိမ် ဖြစ်သဖြင့် မဖြစ်မနေဖြည့်ဆည်းပေးရပေမည်။
သူတို့ စားချင်သည်ဆိုမှတော့ အကောင်းဆုံးကိုပဲ စားရပေမည်။ ရေခဲတိုက်ထဲတွင် သိုလှောင်ထားသော အစာများက လတ်လတ်ဆတ်ဆတ် အမဲလိုက်ထားသည့် ပါရမီရှင်အဆင့် မိစ္ဆာသားရဲ၏ အသားကို မည်သို့မျှ ယှဉ်နိုမည်မဟုတ်ပေ။
ထျန်းပင်းသည် သူ၏ အမဲလိုက်အဖွဲ့ကို လျင်မြန်စွာ စုစည်းပြီး လင်းထျန်းလုံနှင့်အတူ ထွက်ခွာရန်ပြင်ဆင်လိုက်သည်။
ထိုစဉ် ရှောင်ယင်းက လင်းထျန်းလုံ၏ ကျယ်ပြန့်သော ကျောပေါ်သို့ ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး သူမ၏ ခေါင်းသေးသေးလေးဖြင့် သူ့လည်ပင်းကို ချစ်စနိုးပွတ်သပ်ကာ အတွေးတစ်ခု ပေးပို့လိုက်သည်။
“ဖေဖေ... ရှောင်ယင်းလည်း အပြင်ထွက်ပြီး ကမ္ဘာကြီးကို ကြည့်ချင်တယ်...”
လင်းထျန်းလုံ၏ ပထမဆုံး စိတ်ကူးမှာ ငြင်းဆန်လိုက်ရန်ပင်။ အပြင်လောကသည် အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး သူသည် သမီးငယ်များကို အနည်းငယ်မျှပင် အထိအခိုက်မခံလိုပေ။
သို့သော် သူ ခေါင်းကိုလှည့်လိုက်ပြီး ရှောင်ယင်းကို ချော့မော့ရန်ပြင်လိုက်စဉ် တစ်ဖက်မှ ရှောင်လန်မှာလည်း ခုန်တက်လာခဲ့သည်။ သူမသည် အနည်းငယ် တည်ငြိမ်သော်လည်း ချွဲနွဲ့မှုအပြည့်ပါသော အတွေးကို ပေးပို့လိုက်သည်။
“ဖေဖေ... ရှောင်လန်ရောပဲ၊ ရှောင်လန်လဲ ဖေဖေနဲ့လိုက်ချင်တယ်...”
ကလေးငယ်နှစ်ဦးသည် မျက်လုံးဝိုင်းကြီးများဖြင့် သူ့ကို စိုက်ကြည့်နေကြပြီး သူတို့၏ ကြည်လင်သော မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသဖြင့် လင်းထျန်းလုံ၏ ခံစစ်စည်းမှာ ချက်ချင်း ပြိုလဲသွားရသည်။
“ဟင်း... သမီးတို့ကိုတော့ တကယ်မနိုင်ဘူး...”
လင်းထျန်းလုံ စိတ်ပျော့သွားလေတော့သည်။ ဧကရီနှစ်ပါးမှာ သူ၏အမွေးအမျှင်များထဲတွင် မျက်နှာကိုအပ်ထားပြီး အလွန်အမင်း ရှက်ရွံ့နေကြသည်ကိုတော့ သူလုံးဝသတိမထားမိလိုက်ပေ။
“ငါတို့လို လူသားဧကရီနဲ့ မိစ္ဆာဧကရီက ဒီအဆင့်ထိ ကျဆင်းသွားရတယ်လို့ဟာ...”
သူတို့ လိုက်ပါရန် အတင်းအကျပ် တောင်းဆိုရခြင်းမှာ အလတ်ဆတ်ဆုံးအသားကို စားချင်သောကြောင့် ပါသော်လည်း ပိုအရေးကြီးသည်မှာ ဤအခွင့်အရေးကို အသုံးချ၍ သူတို့၏ အတိတ်ဘဝ မှတ်ဉာဏ်များနှင့်အညီ ဝံပုလွေဖေဖေ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် အခွင့်အရေး တစ်စုံတစ်ရာကို ရှာဖွေလိုခြင်းကြောင့် ဖြစ်သည်။
နောက်ဆုံးတွင် ချစ်စရာကောင်းမှုက အနိုင်ရရှိသွားခဲ့သည်။ လင်းထျန်းလုံသည် သူ့သမီးလေးများ၏ ဆန္ဒကို လိုက်လျောခဲ့သော်လည်း သတိကိုမူ လုံးဝလက်မလွှတ်လိုက်ပေ။
သူသည် ထျန်းပင်း၏ အမဲလိုက်အဖွဲ့ကိုသာမက ရန့်မြဲ့ဦးဆောင်သော အဆင့်မြင့် တိုက်ခိုက်ရေးဝံပုလွေအုပ်စုကိုပါ ခေါ်ဆောင်သွားပြီး အင်အားကြီးမားသော အစောင့်အရှောက်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်သည်။
ထို့နောက် သူသည် တောတွင်းစူးစမ်းလေ့လာရာတွင် ကျွမ်းကျင်မှုနှင့် သမီးများအပေါ် ထားရှိသော ဂရုစိုက်မှုများကို ပေါင်းစပ်၍ (၁၀)မိနစ်အတွင်း ပျော့ပျောင်းသော သစ်ကိုင်းများဖြင့် ရက်လုပ်ထားပြီး အတွင်းတွင် နွေးထွေးသော သားရေများ ခင်းကျင်းထားကာ လေဒဏ်မိုးဒဏ် ကာကွယ်ရန် အမိုးပါရှိသည့် ဝေါယာဉ်တစ်ခုကို ဖန်တီးလိုက်သည်။
ရှောင်လန်နှင့် ရှောင်ယင်းတို့သည် အလျင်စလို ပြုလုပ်ထားသော်လည်း မေတ္တာအပြည့်ပါသော ဤယာဉ်ငယ်လေးကို ကြောင်ငေးကြည့်နေမိကြသည်။
“ဝံပုလွေဖေဖေက... ငါတို့အတွက် ဒါကို သီးသန့် လုပ်ပေးတာလား...”
သန်မာထွားကြိုင်းဆုံး နှင်းဝံပုလွေလေးကောင်က ဝေါယာဉ်ကို ညီညာစွာ မ လိုက်လေသည်။
အတွင်းတွင် ထိုင်ရသည်မှာ အလွန်ငြိမ့်ညောင်းပြီး တုန်ခါမှုမရှိသလောက်ပင်။
ဝံပုလွေအုပ်စုသည် အမဲလိုက်ကွင်းပြင် အတွင်းပိုင်းသို့ စတင်ဝင်ရောက်လာခဲ့သည်။ ရှောင်လန်နှင့် ရှောင်ယင်းတို့သည် ပြတင်းပေါက်မှတစ်ဆင့် ရင်းနှီးသလိုလိုနှင့် စိမ်းသက်နေသော ဤကမ္ဘာကြီးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေကြသည်။
ဝိညာဉ်စွမ်းအင်သည် အရာအားလုံးအတွက် အာဟာရဖြစ်သည့်နည်းတူ ရက်စက်သော ယှဉ်ပြိုင်မှုများကိုလည်း တစ်ပါတည်း ယူဆောင်လာသည်။ တောအုပ်ထဲတွင် တိုက်ပွဲအစအနများနှင့် အရိုးဖြူများကို နေရာတိုင်းတွင် တွေ့မြင်နိုင်ပြီး တောရိုင်းဥပဒေ၏ တင်းမာသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
ဧကရီနှစ်ပါးလုံး စိတ်များ တဖြည်းဖြည်း လေးလံလာတော့သည်။ သူတို့သည် အဆင့် (၁၀) သို့ ရောက်ရှိလာပြီး အတိတ်ဘဝမှ မှတ်ဉာဏ်များလည်း ရှိနေသဖြင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုအနည်းငယ် ရှိခဲ့သော်လည်း ကိုယ်တိုင် မြင်တွေ့ခံစားလိုက်ရသောအခါမှသာ ဤတောအုပ်ကြီးက မည်မျှ အန္တရာယ်များကြောင်း နားလည်လိုက်သည်။
သူတို့၏ လက်ရှိအင်အားသည် ဤတောအုပ်၏ အစာကွင်းဆက် အောက်ခြေ၌သာ ရှိနေသေးလေသည်။ ဝံပုလွေဖေဖေ၏ ကာကွယ်မှုသာ မရှိပါက...
“ကံကောင်းလို့ပေါ့ ဝံပုလွေဖေဖေ ရှိနေလို့သာ...”
ဤအတွေးသည် သူတို့နှစ်ဦးလုံး၏ စိတ်ထဲတွင် တပြိုင်နက်တည်းပေါ်လာပြီး လင်းထျန်းလုံ အပေါ် မှီခိုမှုနှင့် ကျေးဇူးတင်မှုများမှာလည်း ပိုမိုနက်ရှိုင်းလာခဲ့သည်။
သူတို့ စိတ်လှုပ်ရှားနေစဉ်မှာပင် ဝံပုလွေအဖွဲ့သည် နှင်းဝံပုလွေကျေးရွာ အမဲလိုက်နယ်မြေ၏ အစွန်အဖျားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထျန်းပင်းဦးဆောင်သော အဖွဲ့သည် ရှေ့မှကင်းထောက်နေခဲ့သည်။
ရုတ်တရက် လင်းထျန်းလုံ နှာခေါင်း အနည်းငယ် လှုပ်ရှားသွားသည်။ ထူထဲပြီး ကြမ်းတမ်းကာ စွမ်းအင်ကြွယ်ဝသော သွေးနံ့တစ်ခု လေနှင့်အတူ လွင့်ပါလာခဲ့ခြင်းဖြစ်သည်။
“အရှိန်အဝါက တော်တော်ပြင်းတယ်... သေချာပေါက် အကောင်ကြီးပဲဖြစ်ရမယ်...”
နောက်တစ်စက္ကန့်တွင် နားကွဲလုမတတ် ဟိန်းဟောက်သံကြီးတစ်ခု အဝေးမှထွက်ပေါ်လာပြီး သစ်ပင်များ ကျိုးပဲ့သံပါ ယှဉ်တွဲပါလာသည်။ အအေးဓာတ် ပါဝင်သော ပြင်းထန်သည့် လေစီးကြောင်းတစ်ခု သူတို့ဆီသို့ ရုတ်တရက် တိုးဝင်လာနေခြင်းပင်။
လင်းထျန်းလုံသည် တိုက်ပွဲဝင်အနေအထားသို့ ချက်ချင်းပြောင်းလဲလိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး ကြွက်သားများကို တင်းထားကာ ရေခဲပြာမျက်ဝန်းများဖြင့် အသံနှင့် အနံ့လာရာဘက်သို့ စူးရှစွာ ကြည့်နေခဲ့သည်။
အဝေးရှိသစ်ပင်ကြီး ပြင်းထန်စွာ လှုပ်ခါသွားပြီးနောက် ဧရာမသတ္တဝါကြီးတစ်ကောင် သစ်ပင်များကို ဖြိုခွင်းလျက် ထွက်ပေါ်လာတော့သည်။
၎င်းသည် အလွန်ထွားကျိုင်းခန့်ညားသော ဧရာမဝက်ဝံကြီး တစ်ကောင်ပဲဖြစ်သည်။ အရပ် (၅) မီတာနီးပါး မြင့်မားပြီး မည်းနက်နေသော သံမဏိကဲ့သို့ အမွေးအမျှင်များဖြင့် ဖုံးလွှမ်းနေကာ ကြွက်သားများမှာလည်း ကျောက်တုံးများအလား ဖုထစ်နေလေသည်။
ဧရာမ လက်သည်းကြီးများမှာ မြင်သူတိုင်း နှလုံးခုန်ရပ်နိုင်လောက်သည့် အေးစက်စက်အလင်းရောင်များ လင်းလက်နေခဲ့သည်။
ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများရှိနေပြီး သွေးနံ့သည် ထိုနေရာမှ ထွက်ပေါ်နေခြင်း ဖြစ်သော်လည်း ၎င်းသည် ဝက်ဝံကြီး၏ ရိုင်းစိုင်းမှုကို ပိုမိုလှုံ့ဆော်ပေးနေခဲ့သည်။
[ မျိုးနွယ် ] : တောင်ဖြိုဝက်ဝံရိုင်း(ဗီဇပြောင်း)
[ အဆင့် ] : ၂၀ (ပါရမီရှင်အဆင့် မိစ္ဆာသားရဲ)
[ အခြေအနေ ] : ဒဏ်ရာရထားသည် ၊ ဒေါသထွက်နေသည်
[ ပါရမီများ ] : ဧရာမခွန်အားတိုတမ် (ခရမ်းရောင်) ၊
ခိုင်ခံ့သော အရေပြား (ခရမ်းရောင်) ၊ မြေကြီးစွမ်းအင်နှင့် လိုက်ဖက်ညီမှု (စိမ်းပြာရောင်)
[ စွမ်းရည်များ ] : ကြမ်းတမ်းစွာ ဝင်ဆောင့်ခြင်း (ခရမ်းရောင်)၊ မြေခွဲလက်သည်း (ခရမ်းရောင်) ၊ ဒေါသဟိန်းသံ (စိမ်းပြာရောင်)
[ သုံးသပ်ချက် ] : ကြောက်မက်ဖွယ် ခွန်အားကို ပိုင်ဆိုင်ထားသော ပါရမီရှင်အဆင့် သားရဲဖြစ်သည်။ ဒဏ်ရာရနေချိန်တွင် ပိုမိုအန္တရာယ်များသည်
အဆင့် (၂၀) ပါရမီရှင်အဆင့်တဲ့လား...
လင်းထျန်းလုံမှာ ထိတ်လန့်မသွားသည့်အပြင် ဝမ်းသာအားရပင် ဖြစ်သွားလေသည်။
“ဒါပဲ... ဒီကောင်ကြီးရဲ့အသားက သေချာပေါက် အားရှိမှာပဲ... ကလေးတွေစားဖို့အတွက် ကွက်တိပဲကွ...”
သူသည် မျိုးတူပဲ့တင်ထပ်သံမှတစ်ဆင့် အမိန့်ပေးလိုက်ရာ ဝံပုလွေများ လျင်မြန်စွာ ဖြန့်ကျက်ပြီး ဝိုင်းရံလိုက်ကြသည်။
သို့သော် ရှောင်လန်နှင့် ရှောင်ယင်းတို့သည် ပြတင်းပေါက်မှတဆင့် တောင်ကြီးပမာ ဖိအားပေးနေသော ဧရာမဝက်ဝံကြီးကို မြင်လိုက်ရပြီး ဖုံးကွယ်မထားသော ပါရမီရှင်အဆင့် ဖိအားကိုပါ ခံစားလိုက်ရသောအခါ သူတို့၏ မျက်နှာလေးများမှာ ချက်ချင်းဖြူဖျော့သွားကြသည်။
“ပါ... ပါရမီရှင်အဆင့်...”
ရှောင်ယင်းတစ်ယောက် အတွေးများပင် တုန်ခါသွားသည်။
“ဝံပုလွေဖေဖေ... ဗျူဟာကျကျ ပြန်ဆုတ်ကြမလား...”
ရှောင်လန်သည်လည်း တည်ငြိမ်မှုကို လုံး၀ထိန်းမထားနိုင်တော့ချေ။ “ဒီသားကောင်က... နည်းနည်း လတ်ဆတ်လွန်းပြီး သန်မာလွန်းမနေဘူးလား”