← Chapters

တစ္ဆေအရိပ်မုဆိုး၊ ထျန်းပင်းနိုးထခြင်းနှင့် ဝံပုလွေအုပ်စု၏ အကျပ်အတည်း

Vol. 5 Ch. 50

တစ္ဆေအရိပ်မုဆိုး၊ ထျန်းပင်းနိုးထခြင်းနှင့် ဝံပုလွေအုပ်စု၏ အကျပ်အတည်း

Vol. 5 Ch. 50

သစ်ပင်အိမ်အပြင်ဘက်တွင် သမင်သားဟင်းချိုအိုးမှအငွေ့များ လေထဲတွင် ဝဲပျံနေပြီး ထူးခြားသော မွှေးပျံ့သည့်ရနံ့က နှာခေါင်းဝကို တိုးဝှေ့လာသည်။ ရှောင်လန်နှင့် ရှောင်ယင်းတို့သည် အလုပ်ရှုပ်နေသော လင်းထျန်းလုံ၏ ပုံရိပ်ကို ငေးကြည့်ရင်း အသေးစိတ်အချက်အလက်လေးများမှ ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှုများ သူတို့၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ ကိန်းအောင်းသွားသည်။

(၇) ရက်အတွင်း ဝံပုလွေဖေဖေ စဉ်းစားမိသမျှ ချက်ပြုတ်နည်းပေါင်းစုံကို သူတို့မြည်းစမ်းခဲ့ရသည်။ အနပ်တိုင်းသည် ဗိုက်ပြည့်ရုံ သက်သက်မဟုတ်ဘဲ စေ့စပ်သေချာသော ဂရုစိုက်မှုများပါ ပါဝင်နေသည်။

“ဝံပုလွေဖေဖေ... တကယ်တော့ ဖေဖေ ဒီလောက်ဒုက္ခခံစရာ မလိုပါဘူး...”

ရှောင်လန်၏ အတွေးများသည် နူးညံ့သိမ်မွေ့နေပြီး စိတ်ထဲတွင် ဝန်လေးမှု အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။

“ဟင်း... ငါ့ရဲ့ ဗိုက်လေးကတော့ ဝံပုလွေဖေဖေရဲ့ လက်ထဲမှာ လုံးဝကျဆုံးသွားပြီ...”

ရှောင်ယင်းသည် နှုတ်ခမ်းသပ်ရင်း ကျေနပ်အားရစွာ သက်ပြင်းချလိုက်သည်။

“အနာဂတ် မိစ္ဆာဧကရိီကို အနိုင်ယူနိုင်တာက ဘုရားစူး ကျမ်းစာအုပ်တွေ၊ လျှို့ဝှက်သိုင်းကွက်တွေ မဟုတ်ဘဲ... သမင်အသားဟင်းချို တစ်ခွက်ဖြစ်နေမယ်လို့ ဘယ်သူကထင်မှာလဲ...”

ချက်ပြုတ်ခြင်း ပြီးဆုံးလုနီးပါး ဖြစ်လာသောအခါ မီးဖိုကို ယပ်ခတ်ပေးရန် တာဝန်ယူထားသော အစောင့် နှင်းဝံပုလွေအချို့သည် လိမ္မာပါးနပ်စွာ နောက်ဆုတ်သွားကြသည်။

ရန့်မြဲ့သည် ညွှန်ကြားချက် ပေးစရာပင်မလိုဘဲ ရှေ့သို့တိုးလာပြီး နောက်ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်လိုက်ကာ လင်းထျန်းလုံ ကမ်းပေးသော သစ်သားခွက်နှစ်ခုကို ကျယ်ပြန့်ပြီး တည်ငြိမ်သော ဝံပုလွေလက်ဖဝါးများဖြင့် လှမ်းယူလိုက်သည်။

သူသည် ခွန်အားကို ဂရုတစိုက်ထိန်းချုပ်ပြီး အေးခဲဟိန်းသံဖြင့် မှုတ်ထုတ်လိုက်ရာ ပွက်ပွက်ဆူနေသော ဟင်းချိုသည် သောက်သုံးရန် သင့်တော်သော အပူချိန်သို့ ချက်ချင်းရောက်ရှိသွားသညါ။

ထို့နောက် ပန်းကန်များကို ကိုင်လျက် သစ်ပင်အိမ် တံခါးဝဆီသို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် လျှောက်သွားသည်။

သူ၏ တိုးတက်လာသော ဉာဏ်ရည်လေးဖြင့် ဘုရင်မှ ဤပျော့ညံ့သော ကလေးငယ်နှစ်ဦးအပေါ်ထားရှိသော ထူးခြားသည့်မေတ္တာတရားကို အပြည့်အဝ နားမလည်နိုင်သေးသော်လည်း သစ္စာစောင့်သိမှုနှင့် အမိန့်နာခံမှုတို့သည် သူ၏ဗီဇထဲတွင် စွဲထင်နေပြီဖြစ်သည်။

အကြိမ်ကြိမ် ထိတွေ့ဆက်ဆံမှုနှင့် စောင့်ရှောက်ရမှုများကြောင့် သူတို့ကို ကာကွယ်ရခြင်းမှာ သူ၏ မသိစိတ်ထဲတွင် တာဝန်တစ်ရပ် ဖြစ်လာခဲ့သည်။

မွှေးကြိုင်သော အသားဟင်းချိုနှင့် သူတို့ရှေ့ရှိ တိတ်ဆိတ်တည်ငြိမ်စွာ ရပ်နေသော ရန့်မြဲ့ကို တစ်လှည့်စီကြည့်ရင်း ရှောင်လန်နှင့် ရှောင်ယင်းတို့၏ နှလုံးသားထဲတွင် နွေးထွေးသော စီးကြောင်းတစ်ခု ဖြတ်သန်းသွားသည်။

သူတို့သည် မသိစိတ်မှ တွန်းပို့မှုကြောင့် ကြည်လင်ပြတ်သားသော ကလေးအသံလေးများဖြင့် စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် တပြိုင်နက် ခေါ်လိုက်ကြသည်။

“ကျေးဇူးပါ ဖေဖေ...”

“ကျေးဇူးပါ... ဦးလေး...”

“ဦးလေး” ဟူသော စိမ်းသက်သည့်အခေါ်အဝေါ်ကြောင့် ရန့်မြဲ့၏ ရေခဲပြာရောင် မျက်ဝန်းများ ပြင်းထန်စွာ လှုပ်ရှားသွားသည်။ သူသည် အဓိပ္ပာယ်ကို သေချာနားမလည်သော်လည်း ထိုစကားလုံးထဲတွင် ရစ်ပတ်ထားသော ရင်းနှီးမှုနှင့် ကျေးဇူးတင်ရှိမှုတို့ကို ရှင်းလင်းစွာ ခံစားမိလိုက်သည်။

ထူးဆန်းပြီးနွေးထွေးသော ခံစားမှုတစ်ခုသည် သူ၏ အေးစက်သော နှလုံးသားကို တိတ်တဆိတ် ထိတွေ့သွားပြီး သန်မာသော ဝံပုလွေနှလုံးသားကို ရှားရှားပါးပါး မြန်ဆန်စွာ ခုန်လှုပ်သွားစေသည်။

“ဦးလေး” ဟူသော စကားကို ကြားလိုက်ရသောအခါ လင်းထျန်းလုံ၏ အကြည့်များ ပိုမိုနူးညံ့သွားပြီး ဖခင်တစ်ဦး၏ ဂုဏ်ယူဝမ်းမြောက်မှုများ မျက်ဝန်းထဲတွင် ဖြတ်ပြေးသွားသည်။

“ကျေးဇူးတရား သိတတ်လိုက်တာ၊ လိမ္မာတဲ့ ကလေးတွေပဲ...”

ရန့်မြဲ့၏ အနည်းငယ်ပြာယာခတ်သွားသော်လည်း ငြင်းဆန်ခြင်းမရှိသော တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ သူ ပို၍ ပျော်ရွှင်သွားသည်။ ထိုအရာသည် သူမြင်ချင်သော မြင်ကွင်းပင်ဖြစ်သည်

ဝံပုလွေအုပ်စုနှင့် သူ၏ သမီးများ တစ်သားတည်း ဖြစ်လာခြင်းကို မြင်တွေ့ရခြင်းက သူ့ကို အလွန်ပျော်ရွှင်စေခဲ့သည်။

ထိုစဉ် မီးတောက်ကဲ့သို့ ပြင်းထန်သော စနစ်အသိပေးချက်တစ်ခု သူ၏စိတ်ထဲသို့ ဝင်ရောက်လာသည်။

[ စနစ် အသိပေးချက် - နှင်းဝံပုလွေမျိုးနွယ်စုဝင် “ထျန်းပင်း” သည် အမဲလိုက်မှုအတွင်း အားကောင်းသော ရန်သူနှင့် ရင်ဆိုင်ခဲ့ရသည်၊ သူ၏ အလားအလာများ ပေါက်ကွဲထွက်လာပြီး သွေးမျိုးဆက်အတွင်း နက်ရှိုင်းသောနေရာမှ စွမ်းအားများကို နှိုးဆော်လိုက်မိကာ အထူးပါရမီ “ပြင်းထန်သော ရေခဲဝိညာဉ် (ခရမ်းရောင်)” ကို နိုးထလာသည် ]

[ ပြင်းထန်သော ရေခဲဝိညာဉ် (ခရမ်းရောင်) (ဆက်လက်ကြီးထွားနိုင်) - သွေးမျိုးဆက် အမျိုးအစား အထူးပါရမီဖြစ်ပြီး သွေးထဲတွင် ဖုံးကွယ်နေသော ရှေးဟောင်း တိုက်ပွဲဝင်စိတ်ဓာတ်ကို နိုးထစေသည်၊ အဆင့်နှင့် တိုက်ပွဲအတွေ့အကြုံ မြင့်မားလာသည်နှင့်အမျှ ရေခဲတိုက်ပွဲဝင်ဝိညာဉ်သည် ဆက်လက်သန်မာလာမည် ဖြစ်သည်၊ အသက်သွင်းပြီးနောက် ရေခဲတိုက်ပွဲဝင်ဝိညာဉ်၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်နိုင်ပြီး ခဏတာ ရူးသွပ်သော အခြေအနေသို့ ရောက်ရှိသွားကာ တိုက်ခိုက်ရေးစွမ်းအား ၊ အရှိန်နှုန်းနှင့် နာကျင်မှု ခံနိုင်ရည်တို့ကို သိသိသာသာ တိုးမြှင့်ပေးနိုင်သည်၊ သို့သော် ဝိညာဉ်သိစိတ်ကို အတိုင်းအတာ တစ်ခုအထိ ထိခိုက်စေနိုင်သည် ]

[ စနစ် အသိပေးချက် - နှင်းဝံပုလွေမျိုးနွယ်စုဝင် “ထျန်းပင်း” ၏ ပြင်းထန်သော ရေခဲဝိညာဉ်သွေးမျိုးဆက် ကနဦး နိုးထလာသည် မျိုးတူပဲ့တင်ထပ်သံ (ခရမ်းရောင်)၏ အာနိသင် တိုးမြှင့်ခံရသည်၊ လက်ရှိ ချိတ်ဆက်ခြင်း အာနိသင် - နှင်းဝံပုလွေအုပ်စု၏ ဂုဏ်သတ္တိအားလုံး ၃၇% တိုးပွားသည်]

“အို... အဆိုးထဲက အကောင်းပဲ...”

လင်းထျန်းလုံ အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားသည်။

“သူက ကြီးထွားနိုင်တဲ့ ခရမ်းရောင် တိုက်ခိုက်ရေးပါရမီ နိုးထလာတာလား... ဒီကောင်လေးက တကယ့်ကို တိုက်ပွဲပါရမီရှင်ကြီးပဲ...”

ထိုစွမ်းအားက သူ့အား အနည်းငယ် အားကျစေခဲ့သော်လည်း ထိုသည်ထက် ထျန်းပင်းနှင့် ဝံပုလွေအုပ်စု၏ အနာဂတ်အတွက် ပိုမိုစိတ်လှုပ်ရှားနေမိသည်။

ထျန်းပင်းနှင့်ရန့်မြဲ့... တစ်ကောင်က တိုက်စစ် ၊ တစ်ကောင်က ခံစစ်... တစ်ကောင်က ရဲရင့် ၊ တစ်ကောင်က တည်ငြိမ်... ထိုအရာသည် ဝံပုလွေအုပ်စု၏ အသန်မာဆုံး တောင်ပံတစ်စုံပင် ဖြစ်တော့သည်။

သို့သော် ဤပျော်ရွှင်မှုသည် ရေခဲရေဖြင့် လောင်းချလိုက်သကဲ့သို့ ချက်ချင်းငြိမ်းသတ်ခံလိုက်ရသည်။

နောက်တစ်စက္ကန့်တွင် အဝေးမှ စူးရှသော ဝံပုလွေဟိန်းသံနှင့် ဖရိုဖရဲဖြစ်နေသော စွမ်းအင်လှိုင်းများကြောင့် သူ၏တွေးလက်စ အတွေးများ လုံးဝပြတ်တောက်သွားသည်။

တောင်ပေါ်တောအုပ် လမ်းကြောင်းဘက်တွင် သယ်ယူပို့ဆောင်ရေး တာဝန်ယူထားသော အစောင့်အရှောက်ဝံပုလွေသုံးကောင်သည် လေးလံသော သားကောင်အလောင်းများကို ဆွဲလျက် အသက်လုထွက်ပြေးလာကြသည်။

သူတို့ တစ်ကိုယ်လုံးတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သွေးများသည် နှင်းပြင်ပေါ်တွင် ထင်ရှားသော အနီရောင် မျဉ်းကြောင်းများအဖြစ် စီးကျနေသည်။ ပိုမိုဝေးကွာသော နေရာတွင် နှလုံးတုန်စေလောက်သော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် အရိပ်တစ်ခုအလား သူတို့ကို လိုက်လံ အမဲလိုက်နေခဲ့သည်။

“ဝူး... (ဘုရင်ကြီး... အားကောင်းတဲ့ရန်သူ ကျူးကျော်လာပါတယ်...)”

ဘေးတွင် ကြီးမားသော ဒဏ်ရာကြီးနှင့် အသားစုတ်ပြဲနေပြီး ယိုင်နဲ့နေသော အမဲလိုက်ဝံပုလွေတစ်ကောင်သည် ရင်ကွဲလုမတတ် သတိပေးသံကို ထုတ်ဖော် အော်ဟစ်လိုက်သည်။

“ဂါး...”

လင်းထျန်းလုံ၏ တုံ့ပြန်မှုမှာ တောင်နှင့်တောအုပ်ကြီး တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေနိုင်သည့် ဒေါသတကြီး ဟိန်းသံကြီးပင် ဖြစ်သည်။ သူ၏ ငွေရောင်ပုံရိပ်သည် ချက်ချင်းဝေဝါးသွားပြီး အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်းကို အကန့်အသတ်အထိ တွန်းတင်လိုက်ရာ လေထုကို စုတ်ဖြဲသွားသော ငွေရောင်မျဉ်းတစ်ကြောင်းအလား ဖြစ်သွားပြီး ကျေးရွာပြင်ပ ရှေ့တန်းမျက်နှာစာသို့ တည့်မတ်စွာ ဝင်ရောက်သွားသည်။

သူ၏ အကြည့်သည် နောက်မှလိုက်နေသောသူထံသို့ ချက်ချင်း ရောက်ရှိသွားသည်။

နောက်မှ လိုက်လံတိုက်ခိုက်နေသည့်သားရဲမှာ သွယ်လျသွက်လက်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိသည့် ကျားသစ်ပုံစံ မိစ္ဆာသားရဲတစ်ကောင်ပင် ဖြစ်သည်။ အလင်းရောင်များအား စုပ်ယူထားသကဲ့သို့ မွဲခြောက်ခြောက် အမည်းရောင်နှင့် အဝါရောင်ရောစပ်နေသည့် အမွေးအမျှင်များရှိပြီး ခြေဆစ်လက်ဆစ်များတွင် အနက်ရောင်အကွက်များ ရှိလေသည်။

၎င်း၏ ပယင်းရောင်မျက်ဝန်းများထဲတွင် ကစားလိုစိတ် ၊ ရက်စက်မှုနှင့် အေးစက်စက်သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြတ်သန်းနေခဲ့သည်။ ၎င်းသည် ထွက်ပြေးနေသော ဝံပုလွေအုပ်စုကို ကြောင်က ကြွက်ကို ဖမ်းသကဲ့သို့ သားကောင်၏ ကြောက်ရွံ့မှုကိုခံစားရင်း တည်ငြိမ်သော ကိုယ်ဟန်အနေအထားဖြင့် လိုက်ပါလာခဲ့သည်။

နောက်ခြေထောက်ပြတ်လုနီးပါး ဖြစ်နေသည့် အမဲလိုက်ဝံပုလွေတစ်ကောင်သည် နောက်ကျကျန်ရစ်ခဲ့သည်။

အရိပ်ကျားသစ်သည် တိုးညင်းစွာ ဟိန်းဟောက်လိုက်ပြီး ရှေ့လက်သည်းများပေါ်တွင် အရိပ်များ လိမ်ယှက်သွားကာ အစိုင်အခဲများဖြင့် ဖွဲ့စည်းထားသော လက်သည်းနှစ်စုံ ရုတ်တရက် ထွက်ပေါ်လာကာ ဝိညာဉ်ကိုပင် စုတ်ဖြဲပစ်‌နိုင်လောက်သည့် အအေးဓာတ်နှင့်အတူ သားကောင်၏ ဦးခေါင်းဆီသို့ သနားညှာတာမှု ကင်းမဲ့စွာ ကုတ်ခြစ်လိုက်သည်။

“အာဝူး... (အတင့်ရဲလိုက်တာ...)”

လင်းထျန်းလုံ လုံးဝဒေါသထွက်သွားသည်။ သူ၏ နယ်မြေထဲတွင်... သူ၏ မျက်စိရှေ့မှောက်မှာတင်... သူ၏ လူများကို သတ်ဖြတ်ရဲသည်တဲ့လား။

ပါရမီရှင်အဆင့် ငွေရောင်စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ သူသည် အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း၏ အစွမ်း အားလုံးကို ထုတ်ဖော်လိုက်ပြီး စွမ်းအားအကုန်လုံးအား အရှိန်အဟုန်အသွင်းသို့ ထည့်သွင်းလိုက်ရာ အရိပ်ကျားသစ်ရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။

“ဒုန်း... ဘုန်း...”

ဓားလက်သည်းများသည် ထိုအရိပ်လက်သည်းများနှင့် ပြင်းထန်စွာ ထိတ်တိုက်တွေ့သွားတော့သည်။ သတ္တုချင်း ရိုက်ခတ်သံ မထွက်ပေါ်လာဘဲ အထည်စကို အတင်းအဓမ္မ ဆွဲဖြဲလိုက်သကဲ့သို့ စူးရှသော အသံကြီး ထွက်ပေါ်လာခဲ့ပြီးနောက် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းဂယက်တစ်ခုသည် စက်ဝိုင်းပုံစံ ပေါက်ကွဲထွက်သွားပြီး မီတာပေါင်းများစွာ အတွင်းရှိ နှင်းများအားလုံးကို လုံးဝရှင်းလင်းပစ်လိုက်သည်။

ဒဏ်ရာရနေသော အမဲလိုက်ဝံပုလွေသည် လေဖိအားကြောင့် လွင့်စင်သွားပြီး သေဘေးမှ သီသီလေးလွတ်မြောက်သွားကာ သူ့အဖော်များက အုပ်စုထဲသို့ ပြန်လည်ဆွဲခေါ်သွားကြသည်။

လင်းထျန်းလုံသည် ဝံပုလွေအုပ်စု တစ်စုလုံး၏ ရှေ့တွင် မတ်မတ်ရပ်လိုက်သည်။ သူ၏ ငွေရောင်အမွေးအမျှင်များသည် ဒေါသကြောင့် အနည်းငယ်လှုပ်ရှားနေပြီး ရေခဲပြာမျက်ဝန်းများထဲတွင် အစောပိုင်းမှ နွေးထွေးမှု အရိပ်အယောင်များ ပျောက်ဆုံးသွားကာ သူ့ရှေ့မှ ကျူးကျော်သူကို အေးစက်စက် စိုက်ကြည့်နေသည်။ သူသည် ပြိုင်ဘက်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။

[ မျိုးနွယ် ] : အရိပ်ကျားသစ်

[ အဆင့် ] : အဆင့် ၂၀ (ပါရမီရှင်အဆင့် မိစ္ဆာသားရဲ)

[ အခြေအနေ ] : သက်သောင့်သက်သာ ရှိနေသည် ၊ သွေးဆာပြီး လောဘတက်နေသည်

[ ပါရမီများ ] : တစ္ဆေကိုယ်ပျောက်ခြင်း (ခရမ်းရောင်) ၊ အရိပ်နှင့်လိုက်ဖက်ညီမှု (ခရမ်းရောင်)၊ သေမင်းတမန်၏ ကျက်သရေ (စိမ်းပြာရောင်)

[ စွမ်းရည်များ ] : အရိပ်ရိုက်ချက် (ခရမ်းရောင်) ၊ အရိပ်လိုက်ခြင်း (ခရမ်းရောင်) ၊ ဝိညာဉ်ဖြတ်တောက် လက်သည်း (ခရမ်းရောင်)

[ သုံးသပ်ချက် ] : အရိပ်ထဲမှ တိုက်ခိုက်သော ပါရမီရှင်အဆင့် မုဆိုးဖြစ်သည်။ အစွန်းရောက် အရှိန်အဟုန်နှင့် ထူးဆန်းသော တိုက်ခိုက်ရေးနည်းများကို ပိုင်ဆိုင်ထားသည်။ အသေသတ်တိုက်ကွက် ပြုလုပ်ရန် ပတ်ဝန်းကျင်နှင့် အလွယ်တကူပေါင်းစပ်နိုင်ပြီး သဘာဝအရ ရက်စက်ကာ ကောက်ကျစ်သည်။

“အစွန်းရောက် အရှိန်အဟုန် အမျိုးအစား ပြိုင်ဘက်... အရိပ်စွမ်းရည်တွေ...”

လင်းထျန်းလုံ၏ ခေါင်းထဲတွင် သတိပေးခေါင်းလောင်းသံများ မြည်ဟိီးလာသည်။ ထိုအရာသည် တောင််ဖြိုဝက်ဝံရိုင်းနှင့် လုံးဝမတူညီသော အဆင့်တွင်ရှိသည့် အလွန်အန္တရာယ်များသည့်ပြိုင်ဘက် ဖြစ်သည်။

သစ်ပင်အိမ်အတွင်းမှ ရှောင်လန်နှင့် ရှောင်ယင်းတို့သည်လည်း တံခါးကြားမှတစ်ဆင့် ကျားသစ်သားရဲ၏ ပုံပန်းသဏ္ဍာန်နှင့် ထူးဆန်းသော စွမ်းရည်များကို မြင်လိုက်ရသည်။ သူတို့ တပြိုင်နက် အသက်အောင့်ထားမိလိုက်ကြပြီး မျက်ဝန်းများ ရုတ်ချည်းကျဉ်းမြောင်းသွားသည်။

“အရိပ်ကျားသစ်... ဒါ ‘ဝိညာဉ်ခေတ်’ မှတ်တမ်းထဲမှာ ပါတဲ့... သန်မာသူတွေကို အမဲလိုက်ရတာကြိုက်ပြီး အရှိန်နဲ့ ထူးဆန်းမှုမှာ နာမည်ကြီးတဲ့ ‘ညတစ္ဆေအရိပ်’ မလား... ဘာလို့ သူက ဝံပုလွေအုပ်စုကို တက်တက်ကြွကြွ လာတိုက်ခိုက်နေရတာလဲ...”

ရှောင်လန်၏ အတွေးများထဲတွင် ထိတ်လန့်မှု၊ ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။

“ဒီကောင်က အစောပိုင်းနဲ့အလယ်ပိုင်း ကာလတွေမှာ လူသားနိုးထသူတွေနဲ့ မိစ္ဆာသားရဲ သခင်တွေကို တော်တော် ခေါင်းကိုက်စေခဲ့တဲ့ တစ်ကိုယ်တော် မုဆိုးလေ... သူ မျက်စိကျတဲ့ သားကောင်က လွတ်မြောက်ခဲတယ်...”

ရှောင်ယင်းသည်လည်း ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။

“ဝံပုလွေဖေဖေတော့ ဒုက္ခရောက်ပြီ...”

All Chapters