← Chapters

အခန်း (၁၃၉)

Vol. 14 Ch. 139

အခန်း (၁၃၉)

Vol. 14 Ch. 139

၇၀ ခုနှစ်က မုဆိုးမလေး

အပိုင်း ၁၃၉

အိပ်ဆောင်သို့ ပြန်ရောက်သောအခါ ရှု့ရွှယ်မှာ မျက်နှာသစ်၊ ခြေလက်ဆေးပြီးနေပြီဖြစ်သည်။ သူမက ကျန်းနျန်နှင့် စုနကို နှုတ်ဆက်ခဲ့သည်။ ကျန်းနျန်သည် သူမ၏ ဇလုံကိုယူကာ ရေချိုးခန်းသို့ သွားစဉ် တုန်းရှု့နှင့် တိုးခဲ့သည်။ တုန်းရှု့သည် ကျန်းနျန်ကို အေးစက်စွာ ကြည့်ပြီး ထွက်သွားသည်။

ကျန်းနျန်ကတော့ ဂရုမစိုက်ပါ။

ကိုယ်လက်သန့်စင်ပြီးနောက် သူမ အိပ်ရာဝင်ခဲ့သည်။ ဤနေရာတွင် တစ်ယောက်တစ်ကုတင်စီ ရှိသည်။ ကျန်းနျန်မှာ နေရာသစ်တွင် အိပ်ရသဖြင့် ဟိုလှည့်ဒီလှည့်နှင့် ညဉ့်နက်မှ အိပ်ပျော်သွားတော့သည်။ နောက်တစ်နေ့မနက်တွင် စုနက သူမကို နှိုးခဲ့သည်။ သူမ အမြန်ထကာ ပြင်ဆင်ပြီး ထမင်းစားကာ ပန်းထိုးဆိုင်သို့ သွားခဲ့သည်။ လမ်းတွင် ကောမိန်နှင့်တွေ့ပြီး စကားအနည်းငယ် ပြောဖြစ်ကြသည်။

ကောမိန်မှာ ယနေ့ အလုပ်များနေသည်။ အကြောင်းမှာ နောက်လတွင် မြို့တော်အတွင်းရေးမှူးက ပန်းထိုးဆိုင်နှင့် အထည်စက်ရုံသို့ လာရောက်စစ်ဆေးမည်ဖြစ်သောကြောင့် ဖြစ်သည်။ စက်ရုံအနေဖြင့် အရာရာ ပြီးပြည့်စုံစေရန် သေချာပြင်ဆင်ထားရမည်ဖြစ်သည်။

ကျန်းနျန်သည် ယနေ့တွင် တိတ်တဆိတ် ပန်းထိုးနေသည်။ ကျားယွမ်က ပြဿနာမရှာဘဲ ငြိမ်နေပြီး ရှု့ရွှယ်မှာ ကျန်းနျန်၏ လက်ရာကိုကြည့်ကာ ပို၍ အံ့သြနေမိသည်။ နောက်ဆုံးတွင် သူမက တိုးတိုးလေး မေးခဲ့သည်။ "ဒီဇိုင်းကို ခဏလောက် ကြည့်လို့ရမလား။"

ကျန်းနျန်သည် တစ်နေ့လုံး ဒီဇိုင်းကို မကြည့်ဘဲ လုပ်နေသဖြင့် ရှု့ရွှယ်မှာ သူမ အမှားလုပ်မိမှာကို တကယ် စိုးရိမ်နေခြင်းဖြစ်သည်။

ကျန်းနျန် ပြုံးလိုက်သည်။ "ရတာပေါ့။"

သူမ ဒီဇိုင်းကို ရှု့ရွှယ်ဆီသို့ ပေးလိုက်သည်။ ဖန်ရှန်းကလည်း စပ်စုချင်သဖြင့် လာကြည့်ခဲ့သည်။ သူတို့နှစ်ဦး ဒီဇိုင်းနှင့် ကျန်းနျန်၏ လက်ရာကို နှိုင်းယှဉ်ကြည့်ရာ တစ်ကွက်မှ မလွဲသည်ကို တွေ့လိုက်ရသည်။ အပ်ချက်များနှင့် လက်ရာမှာ ထူးခြားပြောင်မြောက်လှသည်။

ရှု့ရွှယ်မှာ မအောင့်နိုင်တော့ဘဲ ရေရွတ်မိသည်။ "ရှင် တကယ် တော်တာပဲ။"

ကျန်းနျန်သည် ငယ်ရွယ်သူဖြစ်သဖြင့် သူမ၏ ပန်းထိုးအရည်အချင်းမှာ ထိုမျှအထိ ကောင်းလိမ့်မည်မဟုတ်ဟု ဖန်ရှန်းက အစပိုင်းတွင် ထင်ခဲ့မိသည်။ သို့သော် တစ်ရက်တည်းအတွင်းမှာပင် ကျန်းနျန်သည် သူမ၏ လက်ရာကိုသာမက မယုံနိုင်စရာကောင်းသော မှတ်ဉာဏ်ကိုပါ သက်သေပြနိုင်ခဲ့သည်။ သူမသည် မနက်ခင်း၏ အချိန်ဝက်ခန့်ကိုသာ အသုံးပြု၍ ဒီဇိုင်းတစ်ခုလုံးကို အလွတ်မှတ်မိသွားခဲ့ခြင်း ဖြစ်သည်။

ဖန်ရှန်းသည် အရှေ့က ယွီရှနှင့် တုန်းရှု့ကို လှမ်းကြည့်ပြီး ဘာမှမပြောဘဲ ဒီဇိုင်းကို ကျန်းနျန်ထံ ပြန်ပေးလိုက်သည်။

"ခဏလောက် တိတ်တိတ်နေပေးလို့ ရမလား။"

တုန်းရှု့က လှည့်ကြည့်ကာ ရှု့ရွှယ်ကို မကျေမနပ် ဟောက်လိုက်သည်။

ကျားယွမ်ကလည်း လှည့်ကြည့်ကာ ပြောလိုက်သည်။ "ပန်းထိုးတာလေး နည်းနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်တော်တယ် ထင်နေလား။ နင်တို့ လက်ရာက ညံ့နေတာ မထူးဆန်းပါဘူး။ အဲ့ဒီလို စိတ်ဓာတ်နဲ့ ဘာလက်ရာကောင်း ထွက်မှာလဲ။"

ရှု့ရွှယ်၏ မျက်နှာမှာ ဖြူလျော့သွားပြီး ခေါင်းငုံ့ကာ ဘာမှပြန်မပြောတော့ပေ။

ယွီရှက ထုံးစံအတိုင်း လူကောင်းလုပ်ပြန်သည်။ "ကဲပါ... အားလုံး တိတ်တိတ်ဆိတ်ဆိတ်နဲ့ စိတ်အေးအေးထားပြီး အလုပ်လုပ်ကြရအောင်။"

ကျန်းနျန်က ရှု့ရွှယ်ကို လှမ်းကြည့်လိုက်ရာ ရှု့ရွှယ်က သူမကို မော့ကြည့်ပြီး ပြုံးပြခဲ့သည်။ ကျန်းနျန်က ပြန်ပြုံးပြပြီး အလုပ်ကိုသာ ဆက်လုပ်ခဲ့သည်။

နောက်ထပ် သုံးရက်အတွင်း ကျန်းနျန်၏ ပန်းထိုးလက်ရာမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ရှု့ရွှယ်နှင့်လည်း ပို၍ စကားပြောဖြစ်လာပြီး ညဘက် အိပ်ဆောင်တွင်လည်း အကြောင်းအရာများစွာ ပြောဖြစ်ကြသည်။ ရှု့ရွှယ်မှာ သူမနှင့် ရွယ်တူခန့်ရှိပြီး သူမ၏ အဖွားထံမှ ပန်းထိုးနည်း သင်ယူခဲ့ခြင်း ဖြစ်သည်။ သူမ၏ လက်ရာမှာ ထူးခြားခြင်း မရှိသော်လည်း အခြေခံကောင်းသည်။ သို့သော် သူမ၏ လက်ရာများမှာ ဈေးနည်းသော အထည်များသာ ဖြစ်သဖြင့် ဆိုင်၌ တုန်းရှု့တို့အောက်တွင် နေရခြင်း ဖြစ်သည်။

နေ့လယ်စာစားလျှင် ကျန်းနျန်သည် ရှု့ရွှယ်၊ စုနတို့နှင့်အတူ စားလေ့ရှိသည်။ ကျန်းနျန် ရောက်လာကတည်းက ဆိုင်ထဲတွင် အုပ်စု နှစ်စု ကွဲသွားသလို ဖြစ်နေသည်။ ယွီရှ၊ တုန်းရှု့၊ ကျားယွမ်နှင့် ဖန်ရှန်းတို့က တစ်အုပ်စု၊ ကျန်းနျန်၊ ရှု့ရွှယ်နှင့် စုနတို့က တစ်အုပ်စု ဖြစ်သည်။ ကောမိန်သည် ထိုအခြေအနေကို သတိပြုမိသော်လည်း ဘာမှဝင်မပြောဘဲ ကျန်းနျန်၏ လက်ရာအကြောင်းကိုသာ ရံဖန်ရံခါ ပြောလေ့ရှိသည်။

နေ့လယ်စာစားပြီးနောက် ရှု့ရွှယ်က သကြားညိုဝယ်ရန် အပြင်သွားချင်သဖြင့် ကျန်းနျန်ကို အဖော်ခေါ်ခဲ့သည်။ အပြန်လမ်းတွင် စစ်ကားတစ်စီး ဆိုင်ရှေ့မှ အမြန်မောင်းထွက်သွားသည်ကို သူတို့ မြင်လိုက်ရသည်။

ကျန်းနျန် ချက်ချင်း လုယွီကို သတိရသွားသည်။ သူမ ဆိုင်ထဲသို့ အပြေးပြန်ဝင်လာရာ ကျားယွမ်နှင့် ဖန်ရှန်းတို့ ပြတင်းပေါက်မှ ငေါ့ကြည့်နေသည်ကို တွေ့ရသည်။ ဆိုင်ထဲတွင် လုယွီ မရှိပေ။ သူမက စုနကို မေးလိုက်သည်။ "ကျွန်မကို တစ်ယောက်ယောက် လာရှာသေးလား။"

"ဘာလို့ အဲ့ဒီလောက် မြန်မြန် ပြေးသွားတာလဲ" ရှု့ရွှယ်မှာ အနောက်မှ မောဟိုက်ကာ လိုက်လာသည်။

ကျန်းနျန် အပြင်ဘက်ကို ကြည့်သော်လည်း စစ်ကား၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။ စုန ပြောလိုက်သည်။ "လူနှစ်ယောက်က အစ်မကောကို လာရှာတာပါ။"

ကျားယွမ်က ကျန်းနျန်ကို လှောင်ရယ်ကာ ပြောလိုက်သည်။ "နင့်ကို အရာရှိတစ်ယောက်က လာရှာတယ် ထင်လို့လား။ နင်က ဘယ်သူမို့လို့လဲ။ အဲ့ဒီလိုမျိုး ဘယ်လိုတောင် မေးရဲတာလဲ။"

ကျန်းနျန် - .....

ယွီရှ၏ အသံက လိုက်ကာအတွင်းမှ ထွက်လာသည်။ "ကျန်းနျန်ကို လာရှာတာလည်း ဖြစ်နိုင်တာပဲလေ။ သူမချစ်သူက စစ်သားဆိုတော့။ အဲ့ဒီလူက ဗိုလ်မှူးကြီးများလား။"

သူမ၏ လေသံမှာ တည်ငြိမ်နေသော်လည်း လှောင်ပြောင်မှုကို ကျန်းနျန် ကြားနေရသည်။

ကျန်းနျန်သည် သူတို့ကို ဂရုမစိုက်ဘဲ အလုပ်ပြန်လုပ်ခဲ့သည်။ ထိုစစ်ကားထဲတွင် လုယွီ ပါပါ့မလားဟု သူမ တွေးနေမိသည်။

တကယ်လို့ သူသာဆိုရင် ဘာလို့ ဒီလောက်မြန်မြန် ပြန်သွားရတာလဲ။ အရေးကြီးကိစ္စ ရှိလို့လား။

သူမသည် ထိုအကြောင်းကို ခဏတာ စဉ်းစားနေပြီးမှ အလုပ်ထဲသို့ ပြန်လည် အာရုံနှစ်လိုက်သည်။ ရှု့ရွှယ်က ထမင်းစားရန် လာခေါ်မှပင် သူမ အပ်ကို ချလိုက်တော့သည်။ သူမသည် ရှု့ရွှယ်၊ စုနတို့နှင့်အတူ ကန်တင်းသို့ သွားကြပြီး ထောင့်စားပွဲတစ်ခုတွင် နေရာယူလိုက်ကြသည်။ သူတို့ စကားစရုံရှိသေး၊ ရင်းနှီးသော အသံပိုင်ရှင်တစ်ဦး အပါအဝင် လူနှစ်ဦးမှာ သူတို့အနီးရှိ စားပွဲတွင် လာထိုင်ကြသည်။

ကျန်းနျန် မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်ရာ မှင်သက်သွားခဲ့သည်။

၎င်းမှာ တကယ်ပင် စွင်းယင် ဖြစ်နေသည်။

စွင်းယွမ်က သူမအဖေက စွင်းယင်ကို တခြားတစ်နေရာ ပို့လိုက်သည်ဟု ပြောခဲ့ဖူးရာ ၎င်းမှာ အထည်စက်ရုံ ဖြစ်နေသည်။ စွင်းယင်၏ မျက်နှာချင်းဆိုင်တွင် ဝူယိုရှန် ထိုင်နေသည်။ စွင်းယင်သွားရာနောက်သို့ ဝူယိုရှန် လိုက်သွားခဲ့ကြောင်း စွင်းယွမ် ပြောခဲ့သည်မှာ မှန်နေသည်။

သူတို့နှစ်ဦးစလုံးသည် ဆရာဝန်နှင့် သူနာပြုအလုပ်များကို စွန့်လွှတ်ကာ စက်ရုံတွင် အလုပ်လာလုပ်နေကြခြင်း ဖြစ်သည်။

စွင်းယင်မှာ ကျန်းနျန်ကို မြင်သည်နှင့် မျက်နှာ ဖြူလျော့သွားပြီး သူမ၏ ထမင်းဘူးကို ဆွဲကာ ထွက်ပြေးသွားတော့သည်။ ဝူယိုရှန်မှာ ခဏတာ မှင်သက်သွားပြီးမှ ကျန်းနျန်ကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး သူလည်း ထွက်သွားခဲ့သည်။

ကျန်းနျန် - .....

ရှု့ရွှယ်က မေးခဲ့သည်။ "သူတို့ကို သိလား။"

"မသိပါဘူး။"

ကျန်းနျန်သည် ထမင်းကိုသာ ငုံ့စားနေလိုက်သည်။

စွင်းယင်မှာ သူမကို ရန်မစရဲသလို ဝူယိုရှန်မှာလည်း သူမကို ရှောင်ရှားလိမ့်မည်ဖြစ်ကြောင်း သူမ သိသည်။ သူတို့၏ အရှက်ရဖွယ် အတိတ်များကို သူမ ဖွင့်ချလိုက်မည်ကို သူတို့ ကြောက်ရွံ့နေကြသည်။ ၎င်းက စက်ရုံတွင် သူတို့၏ နာမည်ဂုဏ်သတင်းကို ပျက်ပြားစေမည်ဖြစ်သည်။

မင်္ဂလာဆောင်ကာနီး တစ်ရက်အလိုတွင် ဝူယိုရှန်နှင့် အတူအိပ်ခဲ့ပြီး ကိုယ်ဝန်ရခဲ့သော်လည်း စွင်းယင်မှာ ထန်ဇီနှင့် လက်ထပ်ခဲ့သေးသည်။

ကျန်းနျန် - ကျွတ်စ် ကျွတ်စ်

ထမင်းစားပြီး အိပ်ဆောင်သို့ ပြန်လာစဉ် လမ်းတွင် ချန်ယောင်ကို အိပ်ဆောင်အပြင်ဘက်တွင် တွေ့လိုက်ရသည်။ သူသည် စစ်စိမ်းရောင် ယူနီဖောင်းကို ဝတ်ထားပြီး အစားအစာအိတ်တစ်ခုကို သယ်ထားသည်။ ကျန်းနျန်ကို မြင်သောအခါ သူက လက်ဝှေ့ယမ်းပြပြီး ပြုံးပြခဲ့သည်။ ကျန်းနျန်က ရှု့ရွှယ်ကို ပြောလိုက်သည်။ "အရင် သွားနှင့်တော့။"

ထို့နောက် သူမသည် ချန်ယောင်ရှိရာသို့ ပြေးသွားခဲ့သည်။

ထိုအချိန်တွင် အိပ်ဆောင်အပြင်ဘက်၌ အထည်စက်ရုံနှင့် ပန်းထိုးဆိုင်မှ လူများမှာ သွားလာနေကြသည်။ တုန်းရှု့နှင့် ယွီရှတို့မှာ ထမင်းစားဆောင်မှ ပြန်လာစဉ် သစ်ပင်အောက်၌ ချန်ယောင်နှင့် ကျန်းနျန်တို့ကို တွေ့လိုက်ရသည်။ ယွီရှ ပြောလိုက်သည်။ "ဒါ ကျန်းနျန်ရဲ့ ချစ်သူ ထင်တယ်။"

တုန်းရှု့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "အဲ့ဒါက ဘာဖြစ်လို့လဲ။"

"ရှု့ရွှယ် ကျန်းနျန်ရဲ့ ချစ်သူနာမည်က ဘာတဲ့လဲ။

ယွီရှက ရှု့ရွှယ်ကို မေးရာ ရှု့ရွှယ်က ခေါင်းခါပြခဲ့သည်။ "ကျွန်မ မသိဘူး။"

တုန်းရှု့က ကဲ့ရဲ့ပြောဆိုလိုက်သည်။ "မပြောချင်ရင်လည်း နေပါ၊ မသိဘူးလို့ ဟန်ဆောင်မနေနဲ့။ ဘယ်သူက သိချင်နေလို့လဲ။"

ထိုသို့ပြောပြီးနောက် သူမသည် ယွီရှကို ဆွဲခေါ်ကာ ထွက်သွားတော့သည်။

ရှု့ရွှယ် - .....

စုနက အသံတိုးတိုးဖြင့် နှစ်သိမ့်ရှာသည်။ "စိတ်ထဲမထားနဲ့၊ အစ်မတုန်းက အဲ့ဒီလို လူစားမျိုးပဲ။"

သူတို့နှစ်ဦးမှာ အရင်ဆုံး အိပ်ဆောင်သို့ ပြန်သွားကြသည်။ မထွက်ခွာမီ သစ်ပင်အောက်ရှိ ချန်ယောင်နှင့် ကျန်းနျန်တို့ကို တစ်ချက်လှမ်းကြည့်သွားကြသေးသည်။

မှောင်စပြုလာပြီဖြစ်၍ အိပ်ဆောင်အပြင်ဘက်တွင် ဓာတ်မီးကိုင်ထားသည့် လူအချို့ ရှိနေသည်။ ညမှောင်မှောင်တွင် ထိုအလင်းတန်းများမှာ တောက်ပနေသည်။ ချန်ယောင်သည် အစားအစာအိတ်ကို ကျန်းနျန်အား ကမ်းပေးရင်း ပြုံးလျက် ပြောလိုက်သည်။

"မရီး... ဒါက တပ်ရင်းမှူးလု ပေးခိုင်းလိုက်တာပါ။ ဒီရက်ပိုင်း သူ တာဝန်ရှိနေလို့ ခဏလောက် ပြန်မလာနိုင်သေးဘူး။ အဲ့ဒါကြောင့် မရီး အဆင်ပြေရဲ့လားဆိုတာ ကျွန်တော့်ကို လာကြည့်ခိုင်းလိုက်တာ"

ကျန်းနျန်သည် အစားအစာများကို လှမ်းယူပြီး အထဲကို ကြည့်လိုက်ရာ မုန့်မျိုးစုံနှင့် ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော ကြက်ကင်တစ်ကောင်ကို တွေ့လိုက်ရသည်။ မွှေးပျံ့သော အနံ့က နှာခေါင်းထဲသို့ တိုးဝင်လာသည်။ သူမ မျက်တောင် ခတ်ပြီး မေးလိုက်သည်။ "ဘာလို့ ဒီလောက် အများကြီးလဲ။"

ချန်ယောင်က ပြုံး၍ ပြောလိုက်သည်။ "တပ်ရင်းမှူးလုက မရီးကို များများစားစေချင်လို့ပါ။ နောက်ခဏနေရင် သူ ကိုယ်တိုင် လာကြည့်ပါလိမ့်မယ်။"

ကျန်းနျန်သည် နေ့လယ်က စစ်ကားတစ်စီး မြင်ခဲ့သည်ကို သတိရသွားပြီး မေးကြည့်လိုက်သည်။ "ဒီနေ့ လုယွီ မြို့ထဲကို လာသေးလား။"

ချန်ယောင်က ခေါင်းခါပြကာ ပြောလိုက်သည်။ "မလာပါဘူး၊ သူ ဒီသုံးရက်အတွင်း ယွမ်မြို့မှာ မရှိဘူး"

ကျန်းနျန် - .....

ရုတ်တရက်ဆိုသလို နေ့လယ်က သူမဖြစ်ပျက်ခဲ့သည်များမှာ အတော်ပင် ရှက်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

လုယွီအကြောင်း တွေးနေမိသည်မှာ သူမကို ရူးသွပ်စေခဲ့ပြီထင်သည်။

ချန်ယောင်သည် ပစ္စည်းများ ပေးပြီးနောက် ထွက်ခွာသွားခဲ့သည်။ ကျန်းနျန် အိပ်ဆောင်သို့ ပြန်ရောက်သောအခါ ရှု့ရွှယ်က ချက်ချင်း မေးတော့သည်။ "အဲ့ဒါ နင့်ချစ်သူလား။"

စုနလည်း စပ်စုချင်သဖြင့် အနားသို့ ရောက်လာခဲ့သည်။

ကျန်းနျန်က ပြုံးလိုက်သည်။ "မဟုတ်ပါဘူး၊ ကျွန်မချစ်သူက သူ့ကို အစားအသောက်တွေ လာပို့ခိုင်းတာပါ။"

သူမသည် အစားအသောက်များကို ကုတင်ဘေးရှိ ဗီရိုပေါ်တွင် တင်လိုက်ပြီး စုနနှင့် ရှု့ရွှယ်ကို ယုန်ဖြူတံဆိပ် သကြားလုံးနှင့် ချောကလက် တစ်ခုစီ ပေးလိုက်သည်။ ထိုနှစ်ဦးမှာ နှာခေါင်းအလွန်ကောင်းကြသဖြင့် ကြက်ကင်နံ့ကို ရနေကြသည်။ သူတို့က အနံ့ခံကြည့်ရင်း ပြောလိုက်သည်။ "နင့်ချစ်သူက နင့်အပေါ် တကယ်ကောင်းတာပဲ။ ဒီပစ္စည်းတွေက တော်တော်လေး ဈေးကြီးမှာ။"

သကြားလုံး၊ ချောကလက်၊ မုယောနို့မှုန့်နှင့် တန်ဖိုးကြီး သစ်သီးမျိုးစုံကို မပြောနှင့်ဦး၊ ကြက်ကင်နှင့် ကရင်မ်ဘီစကွတ် မုန့်များမှာပင် ဈေးမနည်းပေ။ ရှု့ရွှယ်နှင့် စုနတို့မှာ ကျန်းနျန်၏ ချစ်သူသည် စစ်တပ်တွင် ဘာများလုပ်ကိုင်သဖြင့် ဤမျှ ရက်ရောနေသနည်းဟု တွေးတောမဆုံး ဖြစ်နေကြသည်။

ကြက်ကင်မှာ နွေးနေသေးသည်။ မနက်ဖြန်အထိ ထားလိုက်လျှင် ဆီပြန်ပြီး အရသာ ပျက်သွားပေလိမ့်မည်။

ကျန်းနျန်သည် ကြက်ကင်ကို ထုတ်ယူကာ စုန၊ ရှု့ရွှယ်တို့နှင့်အတူ ဝေမျှစားလိုက်သည်။ မွှေးပျံ့သော ရနံ့မှာ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လွင့်ပျံ့သွားခဲ့သည်။ အသားဟင်း စားခဲလှသော အိပ်ဆောင်ရှိ လူများမှာ ထိုရနံ့ကို ရသောအခါ တံတွေးပင် လည်မိကြသည်။ တုန်းရှု့နှင့် ယွီရှတို့လည်း အသားနံ့ကို ရကြရာ သူတို့၏ ညစာမှာ ကြက်ကင်နံ့နှင့် နှိုင်းယှဉ်လျှင် အရသာမရှိသလို ခံစားလိုက်ရသည်။

နောက်တစ်နေ့မနက် ပန်းထိုးဆိုင်သို့ ရောက်သောအခါ တုန်းရှု့က ကျားယွမ်ကို ပြောပြခဲ့သည်။ "မနေ့ညက အိပ်ဆောင်ထဲမှာ ဘယ်သူတွေ အသားစားနေလဲ မသိဘူး။ အနံ့က တော်တော်မွှေးတာ၊ ငါတို့ အိပ်ဆောင်ထဲအထိ လွင့်လာလို့ ယွီရှနဲ့ ငါတောင် စားချင်စိတ် ပေါက်သွားတယ်။"

ထိုစဉ်မှာပင် အပြင်ဘက်မှ စုန၏ ရယ်သံ ထွက်ပေါ်လာသည်။ "ကျန်းနျန်... မနေ့ညက ကြက်ကင်အတွက် ကျေးဇူးအများကြီး တင်ပါတယ်နော်။"

ရှု့ရွှယ်ကလည်း ပြောလိုက်သည်။ "ငါ အသားမစားရတာ တစ်နှစ်နီးပါး ရှိပြီ။ ကျန်းနျန် ကျေးဇူးနဲ့ မနေ့ညက ဝဝလင်လင် စားလိုက်ရတယ်။ နင့်ချစ်သူက နင့်အပေါ် တကယ်ကောင်းတာပဲ၊ ခရင်မ်ဘီစကွတ်တွေ၊ ချောကလက်တွေ၊ သစ်သီးတွေအပြင် ကြက်ကင်ပါ ပို့ပေးတယ်ဆိုတော့။ ကျန်းနျန် အခွင့်အရေးရရင် နင့်ချစ်သူနဲ့ ငါတို့ကို မိတ်ဆက်ပေးပါဦး။"

ရှု့ရွှယ်မှာ ကျားယွမ်ကို တမင် စိတ်တိုစေရန် ရည်ရွယ်၍ ပြောခြင်းဖြစ်သည်။

ရှု့ရွှယ်၏ စကားများကို လူတိုင်း ကြားလိုက်ကြသည်။ ဆိုင်ထဲသို့ ဝင်လာချိန်တွင် တုန်းရှု့နှင့် ကျန်လူများ၏ မျက်နှာမှာ ပျက်ယွင်းသွားခဲ့သည်။ သူတို့အားလုံး လှည့်ထွက်သွားပြီး ဘာစကားမှမပြောဘဲ ငြိမ်ငြိမ်လေး ထိုင်နေကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းနျန် ပန်းထိုးဆိုင်သို့ ရောက်ရှိနေသည်မှာ နှစ်ပတ်ခန့် ရှိသွားပြီဖြစ်သည်။

ဤအတောအတွင်း လုယွီ ဖုန်းမဆက်ခဲ့ပေ။ သူမ၏ ပန်းထိုးအထည်မှာ သုံးပုံတစ်ပုံခန့် ပြီးစီးနေပြီဖြစ်သည်။ ကြက်ကင်ကိစ္စ ဖြစ်ပြီးကတည်းက တုန်းရှု့မှာ ကျန်းနျန်ကို စကားမပြောတော့ပေ။ ကျားယွမ်ကမူ ရံဖန်ရံခါ ခနဲ့တဲ့တဲ့ ပြောဆိုတတ်သော်လည်း ကျန်းနျန်က အေးအေးဆေးဆေးပင် ပြန်လည်ချေပတတ်သဖြင့် ကျားယွမ်မှာသာ လူရယ်စရာ ဖြစ်နေရသည်။

တစ်နေ့ နေ့လယ်တွင် ကျန်းနျန်သည် ပန်းထိုးရာတွင် အပ်ချက်အနည်းငယ် လက်စသတ်လိုသဖြင့် ရှု့ရွှယ်ကို ထမင်းဘူး ယူသွားပေးရန် အကူအညီတောင်းလိုက်သည်။

ယွီရှနှင့် တုန်းရှု့တို့ ပန်းထိုးဆိုင်တံခါး ဖွင့်လိုက်ချိန်တွင် ဆိုင်ရှေ့၌ ရပ်ထားသော စစ်စိမ်းရောင် ဂျစ်ကားတစ်စီးကို တွေ့လိုက်ရသည်။ ကျားယွမ်နှင့် ဖန်ရှန်းတို့ အပြင်ထွက်လာချိန်တွင် ကားပေါ်မှ ဆင်းလာသော စစ်ဝတ်စုံဝတ် အမျိုးသားနှစ်ဦးကို မြင်လိုက်ရသည်။ သူတို့မှာ ငယ်ရွယ်ချောမောပြီး အရှိန်အဝါရှိပုံ ပေါက်နေကြသည်။

စုန ထမင်းဘူးကိုင်ပြီး ထွက်လာစဉ် ထိုအမျိုးသားနှစ်ဦးကို မြင်သောအခါ မေးလိုက်သည်။ "ဒါရိုက်တာကောကို လာရှာတာလား။" သူမ ဆိုင်ထဲသို့ လှမ်းအော်လိုက်သည်။ "ဒါရိုက်တာကော... တစ်ယောက်ယောက် လာရှာနေတယ်။"

"လာပြီ။"

ကောမိန်သည် သူမ၏ ရေခွက်ကို ချလိုက်ပြီး အပြင်သို့ ထွက်လာရာ လုယွီနှင့် ကုရှစ်ကျိုးတို့ကို တွေ့လိုက်ရကာ သူမ ပြုံးလျက် ပြောလိုက်သည်။ "တပ်ရင်းမှူးလု... ကျန်းနျန်ကို လာရှာတာလား။"

သူမ၏ စကားမှာ အပြုံးများ ပါဝင်နေသည်။

လုယွီသည် ပန်းထိုးဆိုင်အတွင်းရှိ လူများကို တစ်ချက်ကြည့်လိုက်ရာ သူ၏ ခက်ထန်သော မျက်ခုံးတန်းများမှာ ပြေလျော့သွားသည်။ သူက ခေါင်းအသာညိတ်ပြကာ ပြုံး၍ မေးလိုက်သည်။ "သူမ ရှိလား။"

ကောမိန်က ပြုံး၍ ဖြေလိုက်သည်။ "ရှိတာပေါ့။"

ထို့နောက် သူမ ဆိုင်ထဲသို့ လှမ်းခေါ်လိုက်သည်။ "ကျန်းနျန်... တပ်ရင်းမှူးလု ရောက်နေတယ်။"

ချက်ချင်းဆိုသလိုပင် အတွင်းဘက်မှ ခြေသံများ ထွက်ပေါ်လာပြီး ကျန်းနျန် အပြေးလေး ထွက်လာသည်။ ကားဘေးတွင် ရပ်နေသော လုယွီကို မြင်လိုက်ရချိန်တွင် သူမ၏ နှလုံးခုန်သံများမှာ မြန်ဆန်သွားသည်။ အရင်က နေ့တိုင်းအတူရှိခဲ့ကြသော်လည်း အခု နှစ်ပတ်ခန့် မတွေ့ရချိန်တွင် အချိန်အတော်ကြာ ခွဲခွာခဲ့ရသလို ခံစားနေရသည်။

"လုယွီ"

ကျန်းနျန် လမ်းလျှောက်လာရာ သူမ၏ မျက်ဝန်းများမှာ တောက်ပပြီး လှပနေသည်။ သူမသည် လုယွီကို မော့ကြည့်လိုက်ပြီး ဖုံးကွယ်မထားနိုင်သော အပြုံးများ နှုတ်ခမ်းပေါ်တွင် ပေါ်လွင်နေသည်။ လုယွီမှာလည်း ရင်ထဲတွင် နွေးထွေးသွားပြီး သူမ၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်ကာ မေးသည်။ "ဗိုက်ဆာနေပြီလား။"

ကျန်းနျန်က ခေါင်းအသာညိတ်ပြသည်။ လုယွီက ရယ်မောလျက် ပြောလိုက်သည်။ "သွားစားကြရအောင်။"

"အင်း။"

ကျန်းနျန်က တိုးတိုးလေး ပြန်ဖြေလိုက်သည်။ သူတို့ဘေးတွင် ရှိနေသော ကုရှစ်ကျိုးကို မြင်သောအခါ သူမ နှုတ်ဆက်လိုက်သည်။ "နိုင်ငံရေးမှူးကု..."

ကုရှစ်ကျိုးက ခေါင်းညိတ်ပြသည်။

ပန်းထိုးဆိုင်တံခါးဝရှိ လူများမှာ ကျန်းနျန်ကို ကြည့်ကာ မျက်တောင်ပင် မခတ်နိုင်ကြပေ။ အထူးသဖြင့် ယွီရှနှင့် ကျားယွမ်တို့မှာ မျက်လုံးများ ပြူးနေကြသည်။ ကျန်းနျန်၏ ချစ်သူမှာ တကယ်ပင် တပ်ရင်းမှူးတစ်ဦး ဖြစ်နေလိမ့်မည်ဟု ယွီရှ မမျှော်လင့်ထားခဲ့ပေ။ ထိုအမျိုးသားမှာ အရပ်ရှည်ပြီး ချောမောသလို ကျန်းနျန်ကို ရတနာတစ်ခုလို အလွန် ဂရုစိုက်ပုံ ရသည်။

ယွီရှမှာ ရှက်ရွံ့လွန်းသဖြင့် သူမ၏ မျက်နှာတစ်ခုလုံး ပူထူသွားတော့သည်။

All Chapters