← Chapters

အိမ်ထောင်စုစာရင်းပြဿနာ

Vol. 4 Ch. 46

အိမ်ထောင်စုစာရင်းပြဿနာ

Vol. 4 Ch. 46

လက်ရှိအချိန်တွင် နေရာလွတ်သည် သိပ်မကျယ်ဝန်းလှသေးသည့်အပြင် အမှန်တကယ် အသုံးပြု၍ရနိုင်သည့် နေရာလပ်မှာ ဧကဝက်ခန့်သာ ရှိပါသေးသည်။ အားယွီလေးသည် စိတ်ဝိဉာဉ်စမ်းရေနှင့် နီးစပ်သည့်နေရာ တစ်ဝိုက်တွင် ပဲစေ့အချို့အားလ ကြဲပက်လိုက်လေသည်။ ထိုနေရာရှိ ဝိညာဉ်စွမ်းအင်မှာ အထူးသဖြင့် အားကောင်းလှပေသည်။

မနက်ခင်းနှင့် နေ့လယ်ခင်း တစ်ခုလုံး အချိန်ယူကာ ပြုစုပျိုးထောင် ပြီးနောက်တွင် နေရာလွတ်ထဲရှိ အပင်မျိုးစေ့များသည် အလွန် သိပ်သည်းစွာ ပေါက်ရောက်နေခဲ့ကြပြီ ဖြစ်သည်။ သာမန် ပဲပုပ်စေ့များ ပဲတီစိမ်းများ မုယောစပါးများနှင့် ပဲကြီးစေ့များသည် ပွင့်ဖူးလာသည်အထိ ကြီးထွားလာနေကြပြီ ဖြစ်သည်။ သို့သော် ပဲလုံးပင်များသည်သာ အထူးတလည် ကွဲပြားခြားနားနေခဲ့ခြင်း ဖြစ်သည်။ ပဲလုံးပင်များသည် ပွင့်ဖူးနေကြပြီဖြစ်သော်လည်း ၎င်းတို့ပေါ်တွင် ပဲတီစိမ်းအချို့ သီးနေခဲ့လေသည်။

အံ့အားသင့်စရာ ကောင်းသည်မှာ ဤပဲမျိုးသည် ပုံမှန်အားဖြင့် လူကြီးတစ်ယောက်၏ အရပ်တစ်ဝက်ခန့်သာ မြင့်တက်လေ့ ရှိသော်လည်း ဤအပင်မှာမူ ဆယ်ပေကျော်မျှ ရှည်လျားနေခဲ့ခြင်း ဖြစ်သည်။ ၎င်းတွင် အကိုင်းအခက် အမျိုးမျိုးပင် ခွဲထွက်နေခဲ့ကာ မြေပြင်၏ ဧရိယာအနည်းငယ်ကိုပင် ဖုံးလွှမ်းထားခဲ့လေသည်။

အားယွီလေးသည် ပဲပင်ပေါက် မဆိုထားနှင့် ပဲလုံးကိုပင် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သူမသည် နုနယ်လှသော ပဲပင်ပျိုလေးများနှင့် ၎င်းတို့ပေါ်တွင် တွဲလွဲခိုနေသည့် ပဲလုံးစိမ်းလေးများအား စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်နေလေသည်။ ၎င်းတို့အား ကြည့်ရသည်မှာ အလွန်ပင် ချစ်ဖို့ကောင်းနေခဲ့သည်။

[ကလေး မင်း ဒါတွေကို တိုက်ရိုက် စားလို့မရဘူးနော် အဲဒါတွေက အဆင့်မြှင့်ထားတဲ့ ကောက်ပဲသီးနှံမျိုးစေ့တွေ နေ့လယ်ကျမှ ပြန်လာကြည့်လိုက် အဲဒီအချိန်ကျရင် မှည့်လောက်ပြီ]

အားယွီလေးသည် အကယ်၍ သူမအနေဖြင့် နားမလည်သည့် အရာများအား အခြားသော နားလည်သည့် သူများပြောပြသည်ကို နားထောင်ရမည်ဟု သိနားလည်ထားလေသည်။ ထို့ကြောင့် သူမသည် ပဲများအား ခူးယူခြင်း မပြုတော့ပဲ စိတ်ဝိဉာဉ်စမ်းရေဖြင့် ရေလောင်းပေးလိုက်ကာ ထိုနေရာလွတ်လေးထဲမှ ထွက်လာခဲ့လိုက်လေသည်။

အဖွားအိုဝမ်သည် မနက်စောစော အချိန်ကတည်းမှ စ၍ ဝမ်ချွမ်းမန်အား လိုက်ရှာနေခဲ့သည်။ သူသည် မစင်ပုံးထဲမှ ရေများအား လယ်ကွက်ထဲရှိ ရွှံ့နွံများနှင့် ရောနှောလိုက်ကြောင်း သိလိုက်ရချိန်တွင် သူမ၏ မျက်နှာထားမှာ တိုးတက်ကောင်းမွန်လာခဲ့သည်။ ဝမ်ချွမ်းမန်မှ မေးမြန်းလိုက်သည်။

"အမေ ဘာလို့ ဒါကိုမေးနေတာလဲ အဲ့ပုံးထဲကရေကို သုံးလို့မရလို့လား"

"ယောက်ျားတန်မဲ့ စကားသိပ်မများနဲ့ မြေဆွေးတွေ မြန်မြန်လုပ်စမ်း"

အဖွားအိုဝမ်သည် အလွန် ရွံရှာသွားခဲ့ကာ ဝမ်ချွမ်းမန်၏ မျက်နှာအား တွန်းထုတ် လိုက်လေတော့သည်။ သူမ လှည့်ကြည့်လိုက်သောအခါ အားယွီလေးသည် သမ်းဝေရင်းဖြင့် အိမ်ထဲမှ ထွက်လာသည်အား မြင်တွေ့လိုက်ရသည်။ အဖွားအိုဝမ်သည် ချက်ချင်းပင် အလွန်ကြင်နာလှသည့် အပြုံးတစ်ခုအား ညှစ်ထုတ်လိုက်ကာ အားယွီလေးရှိရာသို့ လျှောက်သွားလိုက်သည်။

"အားယွီ နိုးပြီလား ကောင်းကောင်း မအိပ်ပျော်ဘူးလား လိမ္မာတဲ့ကလေးလေး ပြန်အိပ်လိုက်ဦးလေ"

အဖွားအိုဝမ်မှ ညင်သာစွာဖြင့် ပြောဆိုလိုက်သည်။ အားယွီလေးသည် ခေါင်းခါလိုက်ကာ သမ်းဝေချင်နေသည့်စိတ်အား အစွမ်းကုန် မြိုသိပ်လျှက် ပြန်ပြောလိုက်သည်။

"ဖွားဖွား သမီး မအိပ်ချင်တော့ဘူး"

သူမ ယခုလေးတင်မှ နိုးလာသည် ဖြစ်သည့်အတွက် အနည်းငယ်မျှ အိပ်ချင်နေသေး၏။ အဖွားအိုဝမ်သည် အားယွီလေး၏ လက်အား ဆွဲကိုင်လျှက် မျက်နှာသစ်ပေးရန် ခေါ်ဆောင်သွားလေသည်။ သူမလေးသည် နောက်ပြောင်ကျီစယ်သည့် စကားအချို့ကိုပင် ပြောလိုက်သေးသည်။ အားယွီလေးသည် အလွန် စာနာ နားလည် တတ်သူဖြစ်ကာ နွေဦး ပန်းလေးတစ်ပွင့်ကဲ့သို့ ပြုံးပြလိုက်လေသည်။ ဝမ်ချွမ်းမန်သည် ဘေးမှကြည့်နေလျှက် သူသည် အခြားသူများနှင့် မတူပေ ဟူ၍ ခံစားလိုက်ရလေသည်။

‘ထားလိုက်ပါတော့... သူက သူ့သမီးကိုမှ မယှဉ်နိုင်တာပဲ...’

အဖွားအိုဝမ်သည် လယ်ကွက်များအား ကြည့်ရှုရန် သွားခဲ့လေသည်။ လယ်ကွက်ထဲရှိ ကောက်ပဲသီးနှံမျိုးစေ့ အများစုမှာ အပင်ပေါက်နေခဲ့ကြပြီ ဖြစ်သော်လည်း အနည်းငယ် အက်ကွဲရုံမျှသာ ရှိသေး၏။ အစိမ်းရောင် အရိပ်အယောင်လေးအား အနည်းငယ် ဝိုးတဝါး မြင်နေရပြီ ဖြစ်သည်။

ထိုရေသည် ကောက်ပဲသီးနှံများ၏ ကြီးထွားမှုအား အမှန်တကယ် ထောက်ပံ့ကာ မြှင့်တင်ပေး ပုံရလေသည်။ အာနိသင်သည် မည်မျှ ကြာကြာ ခံနိုင်မည်လိမ့်မည် ဆိုသည်အား သူမ တွေးနေမိလေသည်။ သူမသည် တည်ငြိမ်စွာဖြင့် လယ်ယာအလုပ်အား တာဝန်ယူထားသည့် လူ အနည်းငယ်အား လယ်မြေအား ကြည့်ခွင့်မပြုဘဲ မောင်းထုတ်လိုက်လေတော့သည်။

ပြီးခဲ့သည့်ရက်တွင် အဖိုးအိုဝမ်သည် အားယွီလေးအတွက် ပန်းခြင်းလေးတစ်လုံး ရက်လုပ်ပေးထားလေသည်။ ယနေ့တွင် သူမသည် တောပန်းများခူးရန် အတွက် ထိုပန်းခြင်းလေးအား ယူဆောင်လာခဲ့လေသည်။

ထုံးစံအတိုင်းပင် ဝမ်ဝူလန် ဝမ်လျူလန်နှင့် ဝမ်ချီလန်တို့သည် အားယွီလေးနောက်သို့ လိုက်ပါရန် စီစဉ်ခံလိုက်ရလေတော့သည်။ ဝမ်ဝူလန်သည် ငြိမ်ငြိမ်မနေနိုင်ဘဲ အပြင်ထွက်ကစားရန်သာ အမြဲတွေးနေတတ်သူ ဖြစ်သည်။ ဝမ်လျူလန်နှင့် ဝမ်ချီလန်တို့ကမူ အားယွီလေးနှင့် ကစားရသည်အား ကြိုက်နှစ်သက်သော်လည်း တောရိုင်းသစ်သီး အမျိုးမျိုးအား ရှာဖွေနိုင်ရန် တောင်ပေါ်သို့ သွားချင်နေကြသည်။

ယခုအခါ တောရိုင်းသစ်သီး အမျိုးမျိုး စတင်ကာ ပေါက်ရောက် နေကြပြီဖြစ်ရာ မည်သည့်နေရာတွင် ရှာတွေ့နိုင်မည် ဆိုသည်မှာ အရင်ဆုံး သွားရောက် ကင်းလှည့် ကြည့်ရှုရမည် ဖြစ်သည်။ အသီးများ ရင့်မှည့်လာပြီးနောက်တွင် သူတို့သည် ညီမလေး အားယွီအား ခေါ်လာကာ တိုက်ရိုက် ခူးခိုင်းနိုင်လိမ့်မည် ဖြစ်သည်။

သူတို့သည် ညီမဖြစ်သူ ချော်လဲမည်အား စိုးရိမ်သည့် အတွက် အဝေးကြီးသို့ လျှောက်မသွားရဲကြဘဲ အနီးနားရှိ တောင်ကုန်း တဝိုက်တွင်သာ လှည့်လည် သွားလာနေကြလေသည်။

အားယွီလေးမှာမူ ထိုအကြောင်းအရင်းအား မသိရှာပေ။ သူမသည် အစ်ကိုများနောက်သို့ လိမ္မာစွာ လိုက်ပါသွားခဲ့ကာ ပန်းများအား မြင်လျှင် သူမ၏ ပန်းခြင်းလေးထဲသို့ ထည့်လိုက်လေသည်။

အပြာရောင် ခရမ်းရောင် အဝါရောင် အနီရောင် စသဖြင့် ပန်းစည်းလေး တစ်စည်း ဖြစ်တည်လာခဲ့တော့သည်။ ၎င်းသည် အလွန်ပင် လှပလွန်းပေသည်။

"အားယွီ နင်က ပန်းတွေကို ကြိုက်တာလား"

မုဆိုးမကျိုးသည် မြေကြီးတူးနေစဉ် လိပ်ပြာလေးတစ်ကောင် ပျံဝဲနေသကဲ့သို့ ပြေးလွှားနေသည့် အားယွီလေးအား လှမ်းမြင်လိုက်လေသည်။ အားယွီလေးမှ ခေါင်းညိတ်ပြလိုက်ကာ သူမ၏ ပန်းခြင်းလေးထဲမှ ပန်းတစ်ပွင့်အား ထုတ်ယူလိုက်တော့သည်။ ခေတ္တမျှ စဉ်းစားပြီးသည့် နောက်တွင် သူမသည် ထိုပန်းပွင့်လေးအား ပြန်ထည့်လိုက်ကာ အသစ်တစ်ပွင့်အား ထပ်မံ ထုတ်ယူလိုက်ကာ မုဆိုးမကျိုးအား ကမ်းပေးလိုက်လေသည်။

"ဒေါ်ဒေါ် ဒါ ဒေါ်ဒေါ့်အတွက်ပါ"

မုဆိုးမကျိုးသည် သူမလေးအား စနောက်လိုက်လေသည်။

“အိုး နင်မကြိုက်တဲ့အရာမို့ ငါ့ကိုပေးနေတာလား"

"မဟုတ်ပါဘူး"

အားယွီလေးမှ ခေါင်းအား အလျင်အမြန် ခါပြလိုက်သည်။

"ဒါက သမီးအကြိုက်ဆုံးပါ ဒါက အလှဆုံးပဲ ဒေါ်ဒေါ်ကလည်း အရမ်းလှတယ်လေ"

မုဆိုးမကျိုးသည် အားယွီလေး၏ မြှောက်ပင့် ပြောဆိုမှုကြောင့် အလွန် ပျော်ရွှင်သွားခဲ့ကာ ပျော်ရွှင်သွားလေတော့သည်။ အမှန်တကယ်တွင် သမီးမိန်းကလေးတွေသည်သာ ပို၍ စာနာနားလည်တတ်ကြလေသည်။ ကံမကောင်းစွာဖြင့် သူမ၏ ဘဝတစ်သက်တာတွင် သမီးတစ်ယောက် ရနိုင်တော့မည် မဟုတ်ချေ။

သူမ အိမ်ထောင်ကျပြီး နှစ်ဝက်မပြည့်မီမှာပင် သူမ၏ ခင်ပွန်းသည် စစ်မှုထမ်းခြင်းကြောင့် သေဆုံးသွားခဲ့ရသည်။ သူမသည် မုဆိုးမဖြစ်လာခဲ့ကာ သားသမီး တစ်ယောက်မျှ ကျန်ရစ်မခဲ့ချေ။ မုဆိုးမကျိုး၏ အိမ်ဘေးတွင် မက်မွန်ပင်တစ်ပင် ရှိလေသည်။ ဤမက်မွန်ပင်သည် မက်မွန်သီး သိပ်မသီးသည့် တိုင်အောင် အပွင့်များမှာမူ အထူးလှပလေသည်။

ပုံမှန်အားဖြင့် သူမသည် ရွာသားများအား မက်မွန်ပွင့်များ ခူးခွင့်မပြုချေ။ သူမ မြင်တွေ့ လိုက်ရလျှင်မူ သူတို့နောက်သို့ လိုက်ကာ တစ်နာရီမျှ ကြာအောင် ဆူပူကြိမ်း မောင်းတတ်လေသည်။ ဤတစ်ကြိမ်တွင်မူ သူမသည် အထူးတောက်ပလျှက် ရှိသည့် မက်မွန်ပွင့်များပါသည့် အကိုင်းအခက်ကြီးတစ်ခုအား တိုက်ရိုက် ချိုးယူလိုက်လေသည်။ ပန်းပွင့်များမှာ အလွန်ပင် တောက်ပနေခဲ့လေသည်။

"နင် ငါ့ကို ပန်းပေးရင် ငါလည်း နင့်ကို ပန်းပြန်ပေးမယ်"

အားယွီလေးသည် ပန်းများကို လက်ခံရရှိသောအခါ အလွန်ပင် ဝမ်းသာသွားခဲ့သည်။

[ကလေးလေး မက်မွန်ကိုင်းတွေကို စိုက်ဖို့ ယူသွားလို့ရတယ် ငါနဲ့အတူ စိုက်မယ်ဆိုရင် မင်း မက်မွန်သီးတောင် စားရဦးမှာ]

အားယွီလေးသည် ချက်ချင်း သဘောမတူခဲ့ပေ။ သူမ၏ ဒေါ်ဒေါ်ပေးလိုက်သည့် ဤလက်ဆောင်အား ကောင်းကောင်း ဂရုစိုက်ရမည်ဟုသာ စဉ်းစားနေခဲ့လေသည်။ အားယွီလေး၏ အတွေးအား သိလိုက်ရချိန်တွင် အသားလုံးလေးမှာမူ သွေးအန်လုမတတ် ဖြစ်သွားခဲ့ရသည်။

အတန်ကြာ ဆွဲဆောင်ဖျောင်းဖျပြီးနောက်တွင် အားယွီလေးသည် တစ်ဝက်ချိုးကာ နေရာလွတ်လေး အတွင်း ထည့်ထားရန် သဘောတူလိုက်လေသည်။ အားယွီလေးမှာ အားမသန်ရှာပေ။ သူမသည် အစ်ကိုများ သတိမထားမိချိန်တွင် တိတ်တဆိတ်ပင် နေရာလွတ် အတွင်းသို့ ထည့်လိုက်ကာ ချိုးဖဲ့ပေးရန် အသားလုံးလေးအား အကူအညီတောင်းလိုက်လေသည်။

...

[အဲဒါမှ ဟုတ်တာ]

အသားလုံးလေးမှာ သက်ပြင်းချလိုက်မိသည်။ မလာခင်၌ ကလေးထိန်း လမ်းညွှန်စာအုပ်အား မပြင်ဆင်မိခဲ့သည့်အတွက် နောင်တရနေမိလေသည်။ ယခုအချိန်တွင်မူ သူသည် ပြုသမျှ နုရမည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကလေးမွေးမြူပျိုးထောင်ခြင်းသည် ကံတရားအပေါ် မူတည်နေခဲ့သည်။

ဝမ်လျူလန်နှင့် ဝမ်ချီလန်တို့သည် ပန်းများအား စိတ်မဝင်စားကြပေ။ ခန်းခြောက်စပြုနေသည့် စပါးခင်းတစ်ခုအား တွေ့လိုက်ရချိန်တွင် ငါးရှဉ့်ဖမ်းချင်စိတ်များ ချက်ချင်း ပေါ်ပေါက်လာကြလေသည်။

ဝမ်ဝူလန် ဝမ်စစ်လန်နှင့် အခြားသူများသည် ထိုသည်အား မြင်သောအခါ သူတို့သည်လည်း ငါးရှဉ့်ဖမ်းရန် ရောက်ရှိလာကြသည်။

ကလေးများ ပိုမို၍ များလာခဲ့သည်။ အားယွီလေးသည် ဘေးတွင်ထိုင်ကာ စောင့်နေလိုက်လေသည်။ ထို့ကြောင့် ဟူမိသားစုရွာမှ ရွာသားများသည် ကောင်လေးတစ်သိုက် လယ်ကွင်းထဲတွင် တွင်းတူးနေကြသည်အား မြင်တွေ့လိုက်ကြ ရလေသည်။

အားယွီလေးတစ်ယောက်သာ လည်ပင်းတွင် အိတ်ကလေးတစ်လုံး ဆွဲထားကာ အပေါ်ထပ်အင်္ကျီလေးအား ဝတ်ဆင်ထားလေသည်။ သူမသည် ပန်းအမျိုးစုံနှင့် ပွင့်ဖူးနေသော မက်မွန်ပွင့်များ ပြည့်နေသည့် ပန်းခြင်းလေးအား ကိုင်ထားလေသည်။

တောက်ပလှသည့် နေရောင်ခြည်အောက်တွင် ထိုမိန်းကလေးငယ်သည် တိမ်တိုက်များပေါ်မှ ဆင်းသက်လာသည့် မသေမျိုး နတ်သမီးလေး တစ်ပါးနှင့် တူညီနေခဲ့သည်။ သူမ၏ ဖြူဝင်းလှသည့် မျက်နှာလေး၏ ဘေးနှစ်ဖက်တွင် သဘာဝအတိုင်း ပန်းရောင်သန်းနေသော ပါးမို့လေးနှစ်ခု ရှိနေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှံ့ အများအပြား စင်နေသည်မှာ ထင်ရှားသည့်တိုင်အောင် သူမလေးသည် သန့်ရှင်းသပ်ရပ်လှသည့် ကလေးလေး တစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။

"အဖိုးအိုဝမ်ရဲ့ မြေးမလေးက တကယ်ကို ချစ်ဖို့ကောင်းတာပဲ"

...

"အားယွီလေးက ကောင်းချီးပေးခံထားရတဲ့ ကလေးဆိုတာ ငါတစ်ချက်ကြည့်လိုက်ရုံနဲ့ ပြောနိုင်တယ် အိမ်က ကလေးတွေကို သူ့ကို အနိုင်မကျင့်ဖို့နဲ့ သူနဲ့ ပိုကစားပေးဖို့ ပြောထားလိုက်ကြ ဘယ်သိနိုင်မလဲ သူတို့လည်း ကံကောင်းမှု အချို့ ကူးစက်ပြီး ခံစားရနိုင်တာပေါ့"

"ဒီကလေးလေးက တောပန်းတွေကို ကြိုက်တယ် နင် ထင်းခွေဖို့ တောင်ပေါ်မသွားဘူးလား အဲဒီဖက်မှာ ပန်းတွေ အများကြီး ပွင့်နေလောက်တယ် သူ့အတွက် ပန်းကုံးလေးလုပ်ပြီး ပြန်ယူလာပေးလိုက်ပါလား"

"ပြောမနေနဲ့တော့ အားယွီလေးကို ကြည့်နေရုံနဲ့တင် ငါ့စိတ်ထဲ တကယ် သက်တောင့်သက်သာ ဖြစ်သွားတာပဲ"

လူတိုင်းမှ ပြောဆိုနေခဲ့ကြသည်။ အားယွီလေးသည် ထိုသူတို့အား ဂရုစိုက်ခြင်း မရှိပဲ ငါးရှဉ့်တူးနေကြသည့် သူမ၏ အစ်ကိုများကိုသာ အလေးအနက် စိုက်ကြည့်နေခဲ့သည်။ ရံဖန်ရံခါတွင် သူတို့သည် ရေချိုငါး အချို့အား ဖမ်းမိတတ်ကြသည်။ အားယွီလေးသည် လက်ခုပ်တီးလျှက် အထူးတလည် အားပေးနေခဲ့လေသည်။

"ဝါး အစ်ကိုကြီးက သိပ်တော်တာပဲ"

အကယ်၍ သူတို့ ငါးရှဉ့်တစ်ကောင် (မြွေနှင့်တူသည်) တူးမိလျှင်မူ သူမလေးမှ ပြောတတ်လေသည်။

"မြွေကို မဖမ်းနဲ့နော်"

ဝမ်ဝူလန်မှ ရယ်မောလိုက်ကာ ပြောလိုက်သည်။

"အရူးမလေးရဲ့ ဒါ မြွေမဟုတ်ဘူး ဒါက ငါးရှဉ့် သူတို့ ပုံစံက တူနေရုံပဲ"

အားယွီလေး ထပ်မံ၍ အံ့သြသွားပြန်သည်။

‘ဒါဆို ဒီအကောင်က မြွေမဟုတ်ဘူးပေါ့ ဒါပေမဲ့ သူတို့ ပုံစံက မြွေနဲ့ တော်တော် တူလိုက်တာပဲ..’

‘အိုး.. နေ့လယ်စာအတွက် ငါးရှဉ့်ကို မစားသင့်ဘူးပဲ...’

အကယ်၍ သူတို့သည်သာ မြွေများ၏ ကစားဖော်များ ဖြစ်နေခဲ့လျှင် သူတို့အား စားလိုက်သည်အား မြွေများ သိသွားခဲ့လျှင် သေချာပေါက် ဝမ်းနည်းကြတော့မည် ဖြစ်သည်။

ဝမ်မိသားစုမှ ကောင်လေးများသည် သူတို့ညီမလေး၏ ထူးခြားဆန်းကြယ်လှသည့် စိတ်ကူးယဉ် အတွေးများအား မသိကြချေ။ သူတို့သည် လယ်ကွင်းများတဝိုက် ပြေးလွှားခဲ့ကြကာ ငါးရှဉ့်နှင့် ရေချိုငါး အကောင်ရေ ၂၀ ကျော် ဖမ်းမိခဲ့ကြသည်။

အဖိုးအိုဝမ်၏ မိသားစုသည် နေ့လယ်စာအတွက် အသားဟင်းတစ်ပွဲ ထပ်ရလိုက်ပြန်ပြီ ဖြစ်သည်။ ထိုသည်မှာ ရေချိုငါးနှင့် ငါးရှဉ့်ကင် ဖြစ်ပေသည်။ အားယွီလေးမှာမူ ပေါက်စီကိုသာ စားလေသည်။ သူမသည် ယမန်နေ့မှ ပြုလုပ်ထားသည် ပေါက်စီနှစ်လုံးထဲမှ တစ်လုံးအား စားခဲ့ပြီး ဖြစ်ကာ နောက်တစ်လုံးအား ယနေ့ နေ့လယ်တွင် စားလိုက်ခြင်း ဖြစ်ပေသည်။

ပေါင်းထားသော ပေါက်စီများသည် အခွံပါးကာ အသားအပြည့် ပါဝင်လေသည်။ ပါဝင်ပစ္စည်းများမှာမူ အလွန်ပြည့်စုံလှသဖြင့် သူမသည် အကြိမ်ကြိမ် လေချဉ်တက်နေမိလေသည်။ နေ့လယ်စာ စားပြီးနောက် အဖွားအိုဝမ်သည် အမျိုးသမီးများအား အိမ်တွင် ရှိရှိသမျှ ဂျုံမှုန့်များဖြင့် ပေါက်စီလုပ်ရန် အတွက် ညွှန်ကြားလိုက်ကာ ညစာအတွက် ပေါင်းထားရန် စီစဉ်လိုက်လေသည်။ သို့သော် သူတို့ ပေါက်စီ စမပေါင်းရသေးခင်မှာပင် ရွာသူကြီးဟူသည် သူတို့အား လာရှာရန် အတွက် လူလွှတ်လိုက်လေသည်။

"သမားတော်ဟူက ပြောလိုက်တယ် အားယွီရဲ့ အိမ်ထောင်စုစာရင်းမှာ ပြဿနာရှိနေတယ်တဲ့ ခင်ဗျားတို့ကို လာကြည့်စေချင်နေတယ်"

ထိုစကားအား ကြားလိုက်ချိန်တွင် လျိုရှီသည် ပေါက်စီပေါင်းခြင်းအား ရပ်တန့်လိုက်ကာ ရွာသူကြီး၏ အိမ်သို့ အပြေးအလွှား သွားလေတော့သည်။ အဖွားအိုဝမ်သည်လည်း သဘာဝကျစွာပင် နောက်မှ လိုက်သွားခဲ့လေသည်။

သူမသည် မျက်မှောင်ကြုတ်လိုက်လေသည်။ လမ်းတစ်လျှောက်လုံးတွင် သူမနှင့် ရွာသူကြီးတို့ အိမ်ထောင်စုစာရင်းအား အတူတူ ကိုင်တွယ်ခဲ့ကြသည်အား တွေးနေမိသည်။ မည်သည့် အချိန်တွင်များ မှားယွင်းသွားနိုင်လေသနည်း။ အားယွီ၏ မိသားစုဝင်များ ရောက်လာကြတာသည်များ ဖြစ်နိုင်မည်လား။

All Chapters