သူက ခေါင်းကိုက်စရာပဲ
Vol. 4 Ch. 51
ဤအချိန်တွင် ယုံတင်း ခရိုင် ခရိုင်မြို့နယ်နှင့် မိုင်တစ်ရာကျော်အကွာ၌ မြင်းလှည်းအချို့ ဖြည်းညှင်းစွာ မောင်းနှင်လျှက် ရှိနေကြသည်။ မြင်းလှည်းများ၏ ဘေးပတ်လည်တွင် အစေခံ ဆယ်ယောက်ကျော် ရှိနေခဲ့ကာ သူတို့ အားလုံးသည် လက်ထဲတွင် သစ်သားတုတ်များအား ကိုင်ဆောင် ထားကြလေသည်။ သူတို့၏ ခြေလှမ်းများမှာ တည်ငြိမ်လှကာ မျက်လုံးများမှာလည်း စူးရှထက်မြက်နေကြသည်။ ရှင်းလင်းစွာပင် သူတို့အားလုံးမှာ သိုင်းပညာရှင်များ ဖြစ်ကြလေသည်။
ခဏအကြာတွင် ထိုအဖွဲ့သည် တောအုပ်ထဲ၌ ရပ်နား လိုက်ကြလေသည်။ ဒုတိယမြောက် မြင်းလှည်းပေါ်မှ ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်က မြင်းလှည်းဆီသို့ လျှောက်သွားပြီးနောက် တီးတိုးလေး မေးလိုက်လေသည်။
"သခင်လေး အကြာကြီး ခရီးထွက်လာခဲ့တာ ဆိုတော့ ခရီးပန်းနေရောပေါ့ ဒီမှာ ခဏလောက် နားကြရအောင်"
အတန်ကြာပြီးနောက် ကောင်လေးတစ်ယောက်၏ အသံက မြင်းလှည်းထဲမှ ထွက်ပေါ်လာခဲ့သည်။
"ကောင်းပြီ"
သူတို့ အနားယူနေစဉ် အချိန်တွင် အခြားသော အဖွဲ့တစ်ဖွဲ့ ဖြတ်သွားခဲ့သည်။ အနီရောင် ဝါယာဥ်အား ကာကွယ် စောင့်ရှောက်ပေးနေသည့် အစေခံတစ်စု ဖြစ်လေသည်။
"သခင်မလေး ရှေ့မှာ မြေကွက်လပ် တစ်ခုရှိတယ် ဒါပေမဲ့ လူရှိနေတယ်"
ဝေါယာဥ် ဘေးရှိ အစေခံကောင်မလေးမှ တီးတိုး ပြောလိုက်လေသည်။
"သူတို့ကို ဖယ်ပေးဖို့ ပြောလိုက်ရမလား"
ကောင်မလေးမှ ဝေါယာဉ်ပေါ်ရှိ လိုက်ကာအား မလိုက်ရာ နူးညံ့သိမ်မွေ့သော မျက်နှာလေး ပေါ်ထွက်လာခဲ့သည်။ ရှေ့မှ မြင်ကွင်းအား မြင်လိုက်ရချိန်တွင် သူမ ချက်ချင်း ပျော်ရွှင်သွားခဲ့သည်။ တောနက် အတွင်း၌ ဒုတိယမြောက် ချမ်းသာသည့် မိသားစုတစ်ခုနှင့် တွေ့ဆုံရလိမ့်မည်ဟု သူမ ထင်မထားခဲ့ချေ။
ယခုလို ခမ်းနားထည်ဝါလှသည့် ခြွေရံသင်းပင်းများဖြင့် ဆိုလျှင် သူတို့သည် ချမ်းသာလျှင် ချမ်းသာ မဟုတ်ခဲ့လျှင် ဂုဏ်ရှိန်ကြီးမားသည့် သူများပင် ဖြစ်ရချေမည်။ သူမသည် ဝေါယာဉ်ပေါ်မှ ချက်ချင်း ဆင်းလိုက်နောက် အပြုံးဖြင့် ပြောလိုက်လေသည်။
"အစ်ကိုတို့ ကျွန်မ ခရီးပန်းလာလို့ ဒီမှာ ခဏလောက် နားချင်လို့ပါ ရှင်တို့ရဲ့ မြင်းလှည်းတွေကို နည်းနည်းလောက် ရွှေ့ပေးလို့ ရမလား"
ပုံမှန်အားဖြင့် သူမသည် လူများအား ဤသို့ပြောလိုက်လျှင် မရနိုင်သည့် အရာ ဘာမှမရှိချေ။ မည်သို့ပင် ဆိုစေကာမူ သူမ၏ လက်ရှိမျက်နှာသည် လှပကာ ချစ်စရာကောင်းသည့် အတွက် ဖြစ်သည်။
သူမ၏ မြင့်မြတ်လှသည့် အရှိန်အဝါဖြင့် မည်သူမျှ သူမအား ငြင်းဆန်ရန် မဖြစ်နိုင်ချေ။ သို့သော် ဤတစ်ကြိမ်တွင်မူ မြင်းလှည်းထဲမှလူသည်လည်း ပြန်လည် ပြောကြားခြင်း မရှိသည် သာမက အပြင်ဘက်ရှိ လူများကပါ သူမအား လှည့်၍ပင် မကြည့်ကြချေ။
သူတို့သည် သူမအား လေကဲ့သို့ သဘောထားနေကြခြင်း ဖြစ်သည်။
ဤလူစုသည် မည်သို့ ဖြစ်နေကြလေသနည်း။ သူတို့သည် အလှပဂေးလေးများကိုပင် ဂရုမစိုက်ကြလေသလား။
ကောင်မလေးမှ သူမ၏ စိတ်အတွင်း၌ အံကြိတ်လိုက်မိသည်။ သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ချောင်းဆိုးသံအား ကြားလိုက်ရလေသည်။ ချောင်းဆိုးသံအရ တစ်ဖက်လူသည် အဆုတ်ပါ ထွက်ကျမတတ် ဆိုးနေပုံရလေသည်။
ကောင်မလေး၏ မျက်နှာထားမှာ ပြောင်းလဲသွားခဲ့သည်။
သောက်ကျိုးနည်း သေလိုက်ပါတော့ ဒီချောင်းဆိုးတာက တီဘီရောဂါများ ဖြစ်နေတာလား...
ဆေးပညာ စံချိန်စံညွှန်းများ အလွန်နိမ့်ကျသည့် ဤရှေးခေတ်ကာလများတွင် ကူးစက်ခံရပါမူ သေသွားနိုင်ပေသည်။ ကောင်မလေးမှ ခြေလှမ်း နှစ်လှမ်း နောက်ဆုတ်လိုက်ကာ သူမ၏ ဝေါယာဉ်ပေါ်သို့ အလျင်အမြန် ပြန်တက်သွားလိုက်လေသည်။ သူမသည် တခြားသူများအားလည်း ပြောလိုက်လေသည်။
"မြန်မြန်သွားကြ ဒီနူနာစွဲနေတဲ့ သူတွေကို သွားရန်မစနဲ့"
သူမ စကားဆုံးသည်နှင့် တစ်စုံတစ်ရာသည် လေတိုးသံ တရွှီရွှီနှင့်အတူ ကောင်မလေး၏ ဝေါယာဉ်ဆီသို့ ပျံဝဲလာခဲ့သည်။ ကောင်မလေးမှာ အလွန်ထိတ်လန့်သွားပြီးနောက် သူမ၏ လိပ်ပြာ လွင့်မတတ် ဖြစ်သွားခဲ့သည်။
သူမသည် တုန်တုန်ယင်ယင်နှင့် လှည့်ကြည့်လိုက်လေရာ လက်ချောင်းနှစ်ချောင်းစာ အထူရှိသည့် သစ်သားတုတ်တစ်ချောင်းသည် ဝေါယာဉ်၏ သစ်သားပျဉ်ပြားထဲသို့ စိုက်ဝင်နေသည်အား တွေ့လိုက်ရလေသည်။
ကောင်မလေး - "!!!"
အို ဘုရားရေ
ဒါကြီးက သိပ္ပံနည်းကျရဲ့လား...
ဒါ သောက်ကျိုးနည်း နတ်ဆိုးဂိုဏ်းများ ဖြစ်နေမလား...
သေစမ်း သေစမ်း သေစမ်း
"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကျွန်မတို့ အခုသွားပါတော့မယ် အခုသွားပါတော့မယ်"
ကောင်မလေးမှ အလျင်အမြန် တောင်းပန်လိုက်သည်။ တစ်ဖက်လူမှ ထပ်မံ လှုပ်ရှားခြင်း မရှိတော့သည်အား မြင်လိုက်ရသဖြင့် ကြောက်လန့်နေသည့် ယာဉ်ထမ်းသမားများအား အလျင်အမြန် ထွက်ခွာရန် တိုက်တွန်းလိုက်လေသည်။
"ပြေးကြ"
ယာဉ်ထမ်းသမားများသည်လည်း သစ်သားတုတ်အား မြင်ပြီးနောက် ကြောက်လန့်နေလေသည်။ သူတို့သည် ဝေါယာဉ်အား မလိုက်ကာ နောက်မှ သရဲလိုက်နေသကဲ့သို့ လျင်မြန်စွာ လျှောက်သွားကြလေတော့သည်။
ဝေါယာဉ်ပေါ်ရှိ ကောင်မလေးမှာ လှုပ်ခါမှုကြောင့် မူးဝေနေခဲ့သည်။ သူမသည် ဝေါယာဉ်ထဲတွင် ဟိုဟို ဒီဒီတိုက်မိနေခဲ့ကာ သူမ၏ ဆံပင်များသည်လည်း ရှုပ်ပွလျှက် အဝတ်အစားများပင် တွန့်ကြေကုန်လေတော့သည်။ သူမသည် သနားစရာကောင်းနေသော်လည်း ရပ်ခိုင်းဖို့ မဝံ့ရဲချေ။
ဟာသပင်... သူမ၏ အသက်သည် ပို၍ အရေးကြီးပေသည်။
သူတို့ ထွက်ပြေး လွတ်မြောက်သွားသည်အား မြင်လိုက်ရသဖြင့် လူငယ်လေး၏ ထူးခြားစွာ အေးစက်လှသည့် အသံသည် မြင်းလှည်းထဲမှ ထွက်ပေါ်လာခဲံသည်။ နူးညံ့သော်လည်း အေးစက်နေခဲ့သည်။
"ချပ်ဝတ်နီ ရှင်းပစ်လိုက်"
အရှေ့ဘက်ရှိ အစေခံဝတ်စုံ ဝတ်ထားသည့် လူတစ်ယောက်သည် ရှေ့ထွက်လာပြီဂနောက် ခေါင်းငုံ့ကာ ပြောလိုက်လေသည်။
"အမိန့်အတိုင်းပါ"
ထိုသို့ပြောပြီးနောက် သူသည် လက်ထဲမှ သစ်သားတုတ်အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီးနောက် ခြေဖျားထောက်ကာ ထွက်ပြေးနေသည့် ယာဉ်နောက်သို့ လိုက်ရန် ဟန်ပြင်လိုက်လေသည်။
"နေပါဦး ဒကာလေး လူမသတ်ပါနဲ့ မင်းအမေရဲ့ မှာကြားချက်ကို မမေ့နဲ့ဦး"
တည်ငြိမ်လှသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ အသံသည် အခြားမြင်းလှည်းတစ်ခုမှ ထွက်ပေါ်လာခဲ့သည်။ အတန်ကြာပြီးနောက် လူငယ်လေး၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ပြန်လာခဲ့"
"ဟုတ်ကဲ့ပါ"
ချပ်ဝတ်နီသည် မူလနေရာသို့ ပြန်သွားလိုက်သည်။
"အော်မိတောဖော"
ထိုအဖွဲ့သည် ခရီးဆက်ထွက်ကြလေတော့သည်။ မည်သူမျှ ဤဖြစ်ရပ်အား စိတ်ထဲ မထားကြချေ။ ယုံတင်းခရိုင်တွင် ကျောင်းကျန့်သည် စားပွဲ၌ အချိန်အကြာကြီး မလှုပ်မယှက် ထိုင်နေခဲ့လေသည်။ အစေခံမျာသည် သူ့အား စားသောက်ရန် လာခေါ်သော်လည်း သူ မည်သို့မှ မတုံ့ပြန်ခဲ့ချေ။
လက်ထောက် တရားသူကြီးချောင်သည် အစည်းအဝေးအတွက် ရောက်လာချိန်တွင် ကျောင်းကျန့်၏ မျှော်လင့်ချက်မဲ့နေသည့် ပုံစံအား အမှတ်မထင် တွေ့လိုက်ရသည်။ ထို့ကြောင့် သူသည် မမေးဘဲ မနေနိုင်တော့ချေ။
"အရှင်ကျန်းကို စိတ်ဒုက္ခရောက်စရာ ကိစ္စများ ရှိနေလို့လား"
"စိတ်ပျက်စရာ ကောင်းလိုက်တာ"
ကျောင်းကျန့်သည် ခေါင်းကိုက်လာသလို ခံစားရသဖြင့် နဖူးအား ပွတ်သပ်လိုက်သည်။
"အရှင် ဘာလို့ ဒီငယ်သားကို ပြောမပြတာလဲ ဒိငယ်သား နားထောင်ပေးပါမယ်"
လက်ထောက် တရားသူကြီးချောင်သည် စပ်စုချင်စိတ် မရှိသည့်တိုင် ကျောင်းကျန့်၏ မျက်နှာထားသည် အလွန် ဒုက္ခရောက်နေပုံရလေသည်။ ထို့အတွက် သူသည် လျစ်လျူရှုထား၍ မရနိုင်တော့ပေ။
"ဟူး ကျုပ် အလုပ်မရှုပ်နေဘူးလား အိမ်ကလူတွေက ကျုပ်ကို အားနေတယ်ထင်ပြီး ကလေးတစ်ယောက် ပို့လိုက်ကြတယ်"
လက်ထောက် တရားသူကြီးချောင်မှ မေးမြန်းလိုက်သည်။
"ကလေးတစ်ယောက်လား ကလေးက အသက်ဘယ်လောက်လဲ ဒီငယ်သား တစ်ယောက်ယောက်ကို သွားကြိုခိုင်းလိုက်ရမလား"
...
ကျောင်းကျန့်သည် စာအား ကောက်ကိုင်ပြီးနောက် ထပ်မံ ဖတ်ကြည့်လိုက်လေသည်။ သူ့မျက်ခုံးများသည် ယင်ကောင်တစ်ကောင်ကိုပင် သတ်နိုင်လောက်သည်အထိ တင်းတင်းကျပ်ကျပ် တွန့်ချိုးနေခဲ့သည်။
သူသည် စာအား လက်ခံရရှိချိန်တွင် တစ်ဖက်လူသည် လွန်ခဲ့သော တစ်လကျော်ကတည်းမှ ထွက်ခွာလာခဲ့ပြီး ဖြစ်သည်။ အချိန်အားဖြင့် တွက်ကြည့်လိုက်လျှင် သူတို့သည် ဤရက်ပိုင်းအတွင်း ရောက်လာကြတော့မည် ဖြစ်သည်။
"ထားလိုက်ပါတော့ အဲဒီကလေးက အရမ်း ပြဿနာရှာတာ"
ကျောင်းကျန့်၏ မျက်နှာတွင် ရှုပ်ထွေးသည့် အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် လုံးဝ ထုတ်မပြောချင်ခဲ့ပေ။
"ခင်ဗျား ကိစ္စ ခင်ဗျား သွားလုပ်ပါ ကျုပ်ဘာသာ အချိန်ယူပါရစေ"
ထိုကလေးအကြောင်း တွေးလိုက်တာရုံဖြင့်ပင် သူ ခေါင်းကိုက်လာရလေသည်။ သူ၏ မိသားစုများ မည်သို့ တွေးနေသည် ဆိုသည်အား သူ မသိပေ။ သူသည် ကလေးတစ်ယောက်အား ကောင်းကောင်း စောင့်ရှောက်နိုင်မည့် သူနှင့် တူနေသည်လား။
ထို့အပြင် သူ၏ ပုံစံသည် အလွန် အားယားနေခဲ့ပုံ ပေါက်နေသည်လား။
ဟူး...
ထိုအချိန်တွင် အဖိုးအိုဝမ်၏ မိသားစုသည် ပေါက်စီများအား ပျော်ရွှင်စွာ စားသောက်နေခဲ့ကြသည်။ ဂျုံမှုန့်ဖြူ သုံးပိဿာဖြင့် ပေါက်စီအများကြီး မလုပ်နိုင်သော်လည်း ဤသည်မှာ အိမ်တွင် ရှားပါးလှသည့် အရသာထူး ဖြစ်နေခဲ့သည်။ ဝမ်မိသားစုသည် အနည်းဆုံး လူတစ်ယောက်အား တစ်လုံးစီ ပေးလိုက်ကြသည်။
ဤတစ်ကြိမ်တွင် အဖွားအိုဝမ်သည် အားယွီလေးအတွက် တစ်လုံး ပိုမချန်ထားပေးနိုင်ခဲ့ပေ။ သူမတွင် ကုန်ကြမ်း တကယ် မလုံလောက်တော့သဖြင့် သူမအတွက် အပိုမချန်နိုင်တော့ချေ။
သို့သော် အဖွားအိုဝမ်သည် သူမ၏ ပေါက်စီအား တစ်ဝက်ပိုင်းလိုက်ကာ အများစုအား ချန်ထားလိုက်လေသည်။ သူမသည် လျိုရှီအား ကမ်းပေးလိုက်လေသည်။
"ဒါကို အရင် သိမ်းထားလိုက် ညကျရင် မီးဖိုပေါ်တင်ပြီးတော့ နွှေးလိုက် ညဘက် ကလေး ဗိုက်ဆာရင် အားယွီကို ကျွေးလိုက်"
...
ကျန်သည့် ပေါက်စီတစ်ဝက်၏ အပိုင်းအစလေးအား ကမ်းပေးရင်း သူမ ပြောလိုက်သည်။
"ဒါကိုယူပြီး လှီးလိုက် အိုးထဲထည့်ပြီး ဟို စိတ်ပျက်စရာကောင်းတဲ့ သတ္တဝါလေးတွေကို ကျွေးလိုက်"
လျိုရှီ စကား ပြန်မပြောနိုင်ခင်မှာပင် ဝမ်ချွမ်းမန်သည် သူ့ပေါက်စီအား ပြန်ကမ်းပေးလိုက်လေသည်။
"အားယွီကို ပေးလိုက်ပါ ကျွန်တော် ပေါက်စီ မကြိုက်ဘူး"
အိမ်ထဲရှိ အိပ်ရာပေါ် လဲလျောင်းနေရသည့် ဝမ်ချွမ်းကွေ့သည်လည်း သူ့မိန်းမ အဒေါ်မာအား ပြောလိုက်လေသည်။
"ငါ ဒါကိုစားရင် ဖြုန်းတီးရာ ရောက်တယ် ယူသွားပြီး ကလေးတွေကို ဝေပေးလိုက်ပါ"
အဒေါ်မာက ပြုံးလိုက်လေသည်။
"အမေက ဒါကို ရှင်စားဖို့ ပေးတာပါ စားလိုက်ပါ ကျွန်မဝေစုကို ကလေးတွေကို ပေးလိုက်မယ်"
မြေးများသည် ပေါက်စီအား အမှန်တကယ် စားချင်နေကြခြင်း ဖြစ်သည်။ သူတို့၏ လက်ထဲတွင် ကိုင်ထားကာ ချက်ချင်းပင် အကိုက်ကြီးကြီး ကိုက်လိုက်ကြလေသည်။
အစား အမက်ဆုံးဖြစ်သည့် ဝမ်လျူလန်နှင့် ဝမ်ချီလန်တို့သည် မျက်စိတစ်မှိတ်အတွင်း သူတို့၏ ပေါက်စီများအား စားပြီးသွားကြပြီး ဖြစ်သည်။
ဝမ်ဝူလန်လည်း တစ်ဝက်ကျော် စားပြီးသွားပြီ ဖြစ်သည်။ သူ၏ ဘေးတွင် ပေါက်စီအား ဖြည်းညှင်းစွာ စားနေသော အားယွီလေးကို မြင်လိုက်ရသောအခါ သူ ရုတ်တရက် ရပ်တန့်သွားပြီးနောက် အရင်တုန်းက အားယွီလေး ပေါက်စီစားချင်ခဲ့သည်အား ပြန်သတိရလိုက်လေသည်။
"ညီမလေး အားယွီ ဒါ နင့်အတွက်"
ဝမ်ဝူလန်သည် သူ၏ စိတ်အတွင်းမှ ကြီးမားသော နှမြောတွန့်တိုမှုအား သည်းခံလိုက်ကာ သူ့လက်ထဲမှ ပေါက်စီကို သူမလေးအား ကမ်းပေးလိုက်လေသည်။
“မင်းပေါက်စီက တံတွေးတွေ ဒီလောက်ပေနေတာ ညီမလေးအားယွီ စားလိုက်ရင် ဝမ်းပျက်သွားလောက်တယ်"
ဝမ်စစ်လန် လျှောက်လာပြီးနောက် လက်ထဲမှ တစ်ဝက်ကျိုးနေသည့် ပေါက်စီအား ကမ်းပေးလိုက်လေသည်။
"ကိုကို့ဟာကိုပဲ စားလိုက်ပါ"
သူ၏ ညီများအားလုံး ညီမလေးအတွက် ပေါက်စီ ချန်ပေးချင်နေကြသည်အား မြင်လိုက်ရချိန်တွင် ဝမ်တာလန်မှ ပြုံးပြီး ပြောလိုက်လေသည်။
"မင်းတို့ဘာသာ စားကြပါ ငါက အစ်ကိုကြီးပဲ ငါ့ဟာကို ညီမလေးအတွက် ချန်ပေးလိုက်မယ်"
"တော်ကြစမ်း နင်တို့က သဘောကောင်းလွန်းတဲ့ အစ်ကိုဇာတ်လမ်း လာခင်းနေကြတာလား မြန်မြန်စားစရာရှိတာစား မစားချင်ရင် နောက်ဘယ်တော့မှ မတောင်းနဲ့"
အဖွားအိုဝမ် အော်လိုက်ရာ လူငယ်လေးများမှာ လန့်ဖျပ်သွားပြီးနောက် ပေါက်စီကိုပင် လွတ်ကျလုနီးပါး ဖြစ်သွားကြတော့သည်။ အားယွီလေးမှာ မကြောက်ပေ။ သူမသည် ပေါက်စီကို လက်ထဲတွင် ကိုင်ထားပြီး သူမ၏ မျက်နှာလေးမှာ ပျော်ရွှင်မှုကြောင့် နီရဲနေခဲ့သည်။
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ပေါက်စီက အရမ်း စားကောင်းတာပဲ အစ်ကိုတို့ဟာကို မလိုချင်ပါဘူး အတူတူ စားကြမယ် သမီး ကြီးလာရင် အစ်ကိုတို့ကို နေ့တိုင်း ပေါက်စီ ကျွေးမယ်"
[ကလေးလေး မင်း ဒီထက်မြင့်တဲ့ ရည်မှန်းချက် ထားလို့ရသေးတယ်နော်]
အသားလုံးလေးသည် နေရာလွတ်ထဲမှ မြွေများ ပျောက်ကွယ်သွားပြီးနောက် ဆိတ်ဖြူတစ်အုပ်နှင့် ပေါက်စီပုံကြီးသာ ကျန်ရစ်သည်အား မြင်လိုက်ရလေသည်။
ဘာလို့ ဒီကလေးရဲ့ ဘဝရည်မှန်းချက်က ဒီလောက် နိမ့်ကျနေရတာလဲ.....
သူမသည် ကြက်ဥဟင်းချိုလည်း သောက်ပြီးပြီ ဖြစ်ကာ အသားပေါက်စီ စားပြီးခဲ့လေပြီထို့အပြင် ရစ်ငှက်သားလည်း မြည်းစမ်းပြီးပြီဖြစ်သည်။ အဘယ်ကြောင့်များ ပေါက်စီကိုသာ တွေးနေရသေးသနည်း။
အားယွီလေး၏ မျက်ခုံးမွှေးလေးများ ကွေးညွတ်သွားပြီးနောက် သူမ၏ မျက်နှာထားမှာ အလွန် ကျေနပ်နေပုံရလေသည်။
"နတ်သူငယ်လေး ပေါက်စီက အရမ်း စားကောင်းတယ်"
အားယွီလေးသည် နတ်သူငယ်လေး ပေါက်စီမစားနိုင်၍ ပေါက်စီကို သိပ်မကောင်းဘူးဟု ခံစားနေရခြင်း ဖြစ်မည်ဟု သူမဘာသာ တွေးနေမိခြင်း ဖြစ်သည်။
[...] မင်း ပျော်ရင် ပြီးတာပါပဲ...
အသားလုံးလေးသည် အားယွီအား ပိုမြင့်မားသည့် ရည်မှန်းချက်များ ထားရန် မည်သို့ လုပ်ရမည်နည်း ဟု စဉ်းစားနေစဉ် အထူးစွမ်းအင်တစ်ခု နီးကပ်လာသည်အား ရုတ်တရက် ခံစားလိုက်ရလေသည်။
အယ်..
[အာ ကလေးလေး အထူးတာဝန် တစ်ခု ရှိတယ်]
[မင်းသာ အဲဒါကို ပြီးမြောက်အောင် လုပ်နိုင်ရင် မင်းမိသားစု တကယ်ပဲ နေ့တိုင်း ပေါက်စီ စားနိုင်လိမ့်မယ်]
(မစ်ရှင်လို့ပြောရင် အဆင်မပြေမှာစိုးလို့ တာဝန်လို့ပဲ ရေးလိုက်ပါတယ်နော် )