← Chapters

ပေဝက်မြင့်သည့် ပျိုးပင်သစ်များ

Vol. 4 Ch. 53

ပေဝက်မြင့်သည့် ပျိုးပင်သစ်များ

Vol. 4 Ch. 53

နွေဦးကာလတွင် မိုးကြိုးနှင့် လျှပ်စီးတို့သည် သတိပေးချက် မရှိဘဲ ရုတ်တရက် ကျရောက်တတ်ပေသည်။ တစ်ခါတစ်ရံ မိုးခြိမ်းသံ ကြားသည်နှင့် မိုးရွာတတ်သေး၏။

ယနေ့ ရာသီဥတုသည် အနည်းငယ် ထူးခြားနေခဲ့သည်။ ဟူမိသားစု ကျေးရွာ၏ တည်နေရာ မိုးကောင်းကင် အထက်တွင် လျှပ်စီးများ လက်နေသည့် တိုင်အောင် ချက်ချင်း မိုးမရွာသေးချေ။

ရွာသားများသည် ပစ္စည်းများအား အလျှင်အမြန် သိမ်းဆည်းကုန်ကြကာ အိမ်ခေါင်မိုးရှိ အပေါက်များအား ဖာထေးကြလေတော့သည်။ သူတို့ အချိန်မဖြုန်းရဲကြချေ။

ဝမ်ချွမ်းမန်နှင့် သူ့ညီတို့သည် သစ်ပင်မှ သစ်ကိုင်းတစ်ကိုင်း ခုတ်လိုက်ရုံရှိသေးသော်လည်း မိုးခြိမ်းသံ ကြားလိုက်ရသဖြင့် ထိတ်လန့်သွားခဲ့ကာ လက်ထဲမှ ထင်းများ ပြုတ်ကျလုနီးပါး ဖြစ်သွားကြလေသည်။

"မိုးရွာတော့မယ့်ပုံပဲ မြန်မြန်ပြန်ရအောင်"

ဟု ဝမ်ချွမ်းဖူမှ ပြောလိုက်လေသည်။ သူတို့နှစ်ဦးသည် ထင်းရှူးစိမ်းပင်အား ထမ်းလျှက် တောင်အောက်သို့ အလျင်အမြန် ဆင်းလာကြရာဝယ် အဖိုးအိုဝမ်သည် လှေကားထောင်လျှက် ခေါင်မိုးပေါ် တက်နေသည်အား မြင်တွေ့လိုက်ရလေသည်။

အိမ်ခေါင်မိုးတစ်ခုလုံးအား ကောက်ရိုးဖြင့် မိုးထားခြင်း ဖြစ်သည့် အတွက် လေတိုက်သောအခါ ခိုင်ခံ့မှု မရှိသည့် ကောက်ရိုးအချို့သည် လေနှင့်အတူ လွင့်ပါသွားတတ်သည်။ ထို့ကြောင့် နောက်ထပ် ကောက်ရိုးတစ်ထပ် ထပ်တင်ကာ ပိုမိုခိုင်ခံ့အောင် ပြုလုပ်ရမည် ဖြစ်သည်။

"အဖေ မြန်မြန်ဆင်းလာခဲ့ ကျွန်တော်တို့ လုပ်လိုက်မယ်"

ဝမ်ချွမ်းမန် အလျင်အမြန် ရှေ့သို့ သွားလိုက်ကာ အဖိုးအိုဝမ်၏ အလုပ်အား လက်လွှဲယူလိုက်လေသည်။ အဖိုးအိုဝမ်မှ အတင်းလုပ်မနေတော့ပေ။ အောက်သို့ ဆင်းလာပြီးနောက် နောက်ပြန် လှည့်ကြည့်လိုက်ရာ ခြံဝင်းထဲတွင် ထင်းရှူးစိမ်းပင်အား တွေ့လိုက်ရလေသည်။

"မင်းတို့နှစ်ကောင် ဖြုန်းတီးလိုက်တာ ထင်းရှူးစိမ်းပင်ကို ထင်းစိုက်ဖို့ ခုတ်လာရသလားကွ ဒီအပင်က ဒီလောက် အကြီးကြီး ဖြစ်နေပြီ နောက်ထပ် နှစ်နှစ်လောက်ဆိုရင် ငါတို့တွေ ပေါက်ပြား နည်းနည်းလောက် လုပ်လို့ရနေပြီဟာကို"

ထင်းရှူးပင်မျိုးစိတ်သည် လုံးပတ်ကြီးထွားလာရန် အတွက် အလွန်ခက်ခဲသော်လည်း အလွန်ခိုင်ခံ့ကာ ကိရိယာမျိုးစုံ ပြုလုပ်ရန် အလွန်သင့်တော်လှပေသည်။

"ဒါက ဦးလေး လီတယ် ပိုင်တာပါ အားယွီအတွက် ပေါက်ပြား အသေးလေးနဲ့ တံစဉ်လေး လုပ်ပေးဖို့ ခုတ်ခိုင်းလိုက်တာ"

ဟု ဝမ်ချွမ်းမန်မှ ပြန်ဖြေလိုက်သည်။ အဖိုးအိုဝမ် ခဏမျှ တိတ်ဆိတ်သွားလေသည်။ ထို့နောက် ဘေးမှ ထင်းခုတ်ဓားအား ကောက်ယူလိုက်ပြီးနောက် ဖြည်းညှင်းစွာ စတင်ခုတ်ထစ် ပုံဖော်လေတော့သည်။ ထို့အပြင် သူသည် တီးတိုး ရေရွတ်နေ သေး၏။

"မင်းတို့နှစ်ကောင်က လက်မှုပညာ ကောင်းကောင်း မတတ်သေးဘဲနဲ့ ဘာလို့ သူများဆီက လိုက်သင်နေကြတာလဲ နောက်ဆုံးကျ ငါပဲ လုပ်ရတာပဲ"

အဖွားအိုဝမ်သည် ချွေးမများနှင့်အတူ အိမ်တွင် အဝတ်လျှော် နေလေသည်။ ကလေးများလည်း အားမနေကြပေ။ လူကြီးများ နောက်မှလိုက်ကာ ကောက်ရိုးများအား ကောက်ယူကာ ခေါင်မိုးမိုးရန် စုပုံပေးနေကြသည်။

အားယွီလေးသည်လည်း ကောက်ရိုးကောက်ယူရာတွင် ဝင်ကူညီပေးတတ်သည်။ သူမသည် အလွန် အလေးအနက် ထားလျှက် လုပ်ဆောင်နေခဲ့ပြီး မျက်လုံးလေးများသည် ဖားလေး တစ်ကောင်လို ပြူးကျယ်နေခဲ့သည်။

သူမက ဂရုတစိုက် ကြည့်လွန်းနေသဖြင့် ပါးစပ်လေးမှ မသိလိုက်ဘာသာ ဖောင်းပွလာခဲ့သည်။ သူမ၏ ခန္ဓာကိုယ် သေးသေးလေးမှာမူ ကြောင်ကလေး တစ်ကောင်ကဲ့သို့ ဆောင့်ကြောင့် ထိုင်နေလေသည်။ ဝမ်မိသားစုမှ လူကြီးများသည် ဤမြင်ကွင်းအား မြင်သော် မရယ်ဘဲ မနေနိုင်ကြတော့ပေ။

"အိုက်ယား ဒါ စားလို့မရဘူး"

အားယွီလေးသည် ဆိတ်ပေါက်ကလေးအား တွန်းထုတ်လိုက်တော့သည်။ ဆိတ်ပေါက်ကလေးမှာမူ မသွားဘဲ ငြင်းဆန်နေသဖြင့် သူမ၏ လက်သေးသေးလေး နှစ်ဖက်အား ဆန့်ထုတ်လိုက်ကာ တွန်းထုတ်လိုက်လေတော့သည်။

ဆိတ်ပေါက်ကလေးသည် သူမလေးမှ သူနှင့် ကစားနေသည်ဟု ထင်မှတ်သွားခဲ့ကာ ပြန်တွန်းလေသည်။ ထိုအခါ အားယွီလေး နောက်ပြန် လဲကျသွားကာ ဖင်ထိုင်ရက် ကျသွားတော့သည်။

"နင့်ကို ဂရုမစိုက်တော့ဘူး"

အားယွီလေး နှုတ်ခမ်းစူလိုက်မိသည်။ ဆိတ်ပေါက်ကလေးမှ ထပ်ရောက် လာတော့မည့်ပုံ ပေါ်နေသဖြင့် သူမ ရေရွတ်လိုက်တော့သည်။

"နင့်ကို တကယ် ဂရုမစိုက်တော့ဘူး"

ဝမ်ဝူလန်နှင့် တခြားသူများသည် သူတို့၏ ညီမလေးဖြစ်သူမှာ ဆိတ် နှင့် ရန်ဖြစ်နေသည်အား မြင်သဖြင့် တိတ်တဆိတ် ရယ်မောလိုက်ကြကုန်သည်။

"ညီမလေး အားယွီ အစ်ကိုတို့အားလုံး ပင်ပန်းနေပြီ အစ်ကိုတို့ သောက်ဖို့ ရေနည်းနည်းလောက် သွားခပ်ပေးပါလား ရေအရမ်းငတ်နေလို့ပါ"

ဝမ်ရှောင်လန်သည် အဘွားအို သတိမထားမိချိန်တွင် အားယွီလေးအား တိုးတိုးလေး ပြောလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် အားယွီလေး ရေသွားခပ်ပေးနော် ညီမလေး မနိုင်မှာစိုးလို့ အများကြီး ခပ်မလာနဲ့ဦး"

ဝမ်ဝူလန်သည်လည်း သတိဝင်လာခဲ့ကာ ကပျာကယာ ပြောလိုက်လေသည်။ ကျန်တဲ့သူများသည်လည်း မည်သည်ကိုမျှ ဝင်မပြောကြသည့်တိုင် သူတို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက် နေခဲ့လေသည်။ အားယွီလေး လက်ခုပ်တီးလိုက်ကာ မတ်တပ်ရပ်လိုက်လေသည်။ သူမ၏ တင်ပါးလေးမှ ဖုန်များအား ပုတ်ခါလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။

"ဟုတ်ကဲ့"

သူမ အမှန်တကယ်ပင် အိမ်ထဲသို့ဝင်သွားပြီးနောက် ရေခွက်ဖြင့် မနိုင်တစ်နိုင် မ ယူလာပေးလေသည်။ ကောင်လေးများသည် အလုအယက် သောက်လိုက်ကြသည်။ သောက်ပြီးသွားချိန်တွင် သူတို့၏ မျက်နှာများတွင် ဝေခွဲမရဖြစ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ အသေချာ မြည်းစမ်း ကြည့်ပြီးနောက် သူတို့သည် မရေမရာ ပြောလိုက်ကြတော့သည်။

"အရမ်းကြီး မချိုတော့သလိုပဲနော်"

ဝမ်ဝူလန်မှ ပြောလိုက်သည်။

"ငါလည်း အဲ့လိုထင်တယ်၊ ပုံမှန်သောက်နေကျ ရေနဲ့ အတူတူပဲလားလို့"

သူ စကားပြောနေရင်းဖြင့် နောက် လှည့်ကြည့်လိုက်ရာ ဝယ် အားယွီလေး နှုတ်ခမ်းစူနေခဲ့ကာ အနည်းငယ် စိတ်မကောင်းဖြစ်နေသည်အား မြင်တွေ့ လိုက်ရလေသည်။ အားယွီလေးမှ သူ့အား လက်ချောင်း နှစ်ချောင်းဖြင့် ထိုးလိုက်လေသည်။

"သမီး သမီး တောင်းပန်ပါတယ်"

ဝမ်ဝူလန်သည် သူ့ပါးစပ်သူ ပြန်ရိုက်လိုက်ကာ ကပျာကယာ ပြောလိုက်သည်။

"အစ်ကိုငါး မှားသွားပါတယ် တကယ်တော့ အရမ်းအရသာရှိပြီးတော့ အရမ်းကိုချိုတာ အားယွီ ယူလာတဲ့ရေက တကယ်မတူဘူးပဲ"

ကျန်တဲ့သူများလည်း အလျင်အမြန် ပြောလိုက်ကြကုန်သည်။

"ဟုတ်တယ် ဟုတ်တယ် အရမ်း အရသာရှိတယ်"

"ဒီလောက် အရသာရှိတဲ့ရေမျိုး တစ်ခါမှ မသောက်ဖူးဘူး"

"ဟီးဟီး ကျေးဇူးပါပဲ အားယွီရေ"

အစ်ကိုများ၏ မျက်နှာပေါ်မှ ရိုးသားမှုရှီသည့် အပြုံးအား မြင်လိုက်ရသော်အခါမှသာ အားယွီလည်း ပြုံးလိုက်နိုင်လေသည်။ နေရာလွတ်ထဲမှ အသားလုံးလေးသည် သူမ၏အစ်ကိုများမှ စိတ်ဝိဉာဉ်စမ်းရေအား သောက်ချင်နေကြခြင်း ဖြစ်လောက်ကြောင်း အားယွီအား သတိမပေးတော့ချေ။

ယခင်က အားယွီသည် သူတို့ကို စိတ်ဝိဉာဉ်စမ်းရေ အစစ်အမှန်အား တိုက်ခဲ့ဖူးလေသည်။ ကလေးများသည် ပိန်လှီကာ အားနည်းပုံပေါက်သော်လည်း တကယ်တမ်းတွင်မူ အလွန်ကျန်းမာကြလေသည်။ စိတ်ဝိဉာဉ်စမ်းရေသည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အား များစွာ သန်စွမ်းစေခဲ့သည်။

သို့သော် ထိုမျှသာ ဖြစ်သည်။ အများကြီး သောက်လျှင်လည်း ခန္ဓာကိုယ်အား သန်စွမ်းစေရုံသာ ဖြစ်သည်၊ ခန္ဓာကိုယ်မှ အထွတ်အထိပ် အခြေအနေ ရောက်နေခဲ့ကာ ဒဏ်ရာမရရှိထားလျှင်မူ စိတ်ဝိဉာဉ်စမ်းရေသည် အတော်လေး အရသာရှိလှသည့် ဖျော်ရည်တစ်မျိုးသာ ဖြစ်ပေလိမ့်မည်။

ထိုကောင်စုတ်လေးများသည် စိတ်ဝိဉာဉ်စမ်းရေ လုံးဝမလိုအပ်ပါချေ။ တစ်ဖက်တွင်မူ အဖွားအိုဝမ်သည် ချွေးမများနှင့် ပစ္စည်းသိမ်းပြီးခါစ ဖြစ်သည်။ အပြင်ဘက် ကောင်းကင်အား ကြည့်လိုက်ပြီးနောက် လတ်တလော မိုးရွာဦးမည် မဟုတ်ဟု ခံစားရသဖြင့် အပြင်သို့ ထွက်လာလိုက်လေသည်။

"အမေ ဘယ်သွားမလို့လဲ"

ဝမ်ချွမ်းဖူ အပြင်မှ ပြန်ရောက်လာခါစ ဖြစ်သည်။ ပခုံးပေါ်တွင် ခြင်းတောင်းတစ်လုံး ထမ်းထားကာ ထိုခြင်းထဲတွင် ဝါးမျှစ်များ အပြည့်ပါလာခဲ့သည်။ အဖွားအိုဝမ်မှ ပြောလိုက်သည်။

"ပျိုးပင်တွေ ပေါက်မပေါက် လယ်ထဲသွားကြည့်မလို့ မိုးရွာရင် အမိုးအကာ လုပ်ပေးရမယ်လေ"

"ဒါဆို ကျွန်တော် အမေနဲ့ လိုက်ခဲ့မယ်"

ဝမ်ချွမ်းဖူ ပခုံးပေါ်မှ ပစ္စည်းများအား ချလိုက်ပြီးနောက် အဖွားအိုဝမ်နှင့် လိုက်သွားရန် ပြင်လိုက်လေသည်။

"နင်က ဘာလို့ လိုက်မှာလဲ အိမ်မှာ အလုပ်များနေတာ မလုံလောက်သေးလို့လား ဝါးမျှစ်တွေကို မြန်မြန်သွားခွာချေ ခြံဝင်းထဲမှာ မလုပ်နဲ့နော် ဝါးမှာပါတဲ့ အမှုန်တွေ အများကြီးပဲ အားယွီ ယားကုန်ရင် နင့်ကို ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်နေ"

အဖွားအိုဝမ်မှ ဝမ်ချွမ်းဖူအား တားလိုက်လေသည်။ ဝါးမျှစ်သည် စားလျှင် အရသာရှိသော်လည်း အခွံပေါ်မှ အမှုန်များမှာမူ စိတ်ပျက်စရာ ကောင်းလှပေသည်။ အရေပြားနှင့် ကပ်မိသွားလျှင် ဒုက္ခရောက် လောက်အောင် ယားယံတတ်သည်။ အိမ်မှလူများအား မယုံကြည်သဖြင့် အဖွားအိုဝမ်မှ အားယွီလေးအား လှမ်းခေါ်လိုက်လေသည်။

"အားယွီရေ ဘွားဘွားနဲ့ လယ်ထဲလိုက်ခဲ့"

...

သူမသည် စိုက်ပျိုးထားသည့် ပျိုးပင်များအား သွားစစ်ဆေးရအုန်းမည် ဖြစ်သည်။ ထို့အပြင် သူမ စဉ်းစားနေသည်မှာ နှစ်ရက်ရှိပြီဖြစ်သဖြင့် အခြေအနေ မည်သို့ ရှိနေမှန်း မသိရသေးချေ။ အားယွီလေး ချက်ချင်း ခုန်ပေါက်ကာ အပြေးလာခဲ့ပြီး အဖွားအိုဝမ်၏ လက်အား ဆွဲလိုက်လေသည်။ မိုးရွာတော့မည် ဖြစ်သောကြောင့် လူတိုင်း အိမ်ပြန်ပြေးကြသဖြင့် လယ်ထဲတွင် လူမရှိတော့ချေ။

နေပူမည်အား စိုးရိမ်သဖြင့် ဝမ်ချွမ်းမန်နှင့် တခြားသူများသည် ပျိုးပင်များကို ကောက်ရိုး ပါးပါးလေးတစ်လွှာဖြင့် အုပ်ထားပေးခဲ့လေရာ တခြားသူများသည် အထဲတွင် မည်မျှ ကြီးထွားနေသည်အား သဘာဝကျစွာပင် မမြင်ရတော့ချေ။

အဖွားအိုဝမ် လျှောက်သွားလိုက်ကာ ကောက်ရိုးအား မယူလိုက်လေရာ ပေဝက်ခန့် မြင့်နေသည့် ဂျုံပျိုးပင်များအား မြင်လိုက်ရချိန်တွင် သူမ ကြောင်အမ်းသွားခဲ့လေတော့သည်။

‘ဘယ်နှရက်လောက် ရှိပြီမို့လို့လဲ’

‘ဘယ်လိုလုပ် ဒီလောက် အမြင့်ကြီး ကြီးလာရတာလဲ’

အားယွီလေးသည် နားမလည်သော်လည်း စိမ်းလန်းနေသည့် ပျိုးပင်များအား ကြည့်လျှက် စိတ်ဝင်စားစရာ ကောင်းသည်ဟု တွေးထင်နေမိသည်။ အားယွီလေး၏ နောက်လိုက်အနေဖြင့် ဆိတ်ပေါက် ကလေးလည်း သဘာဝကျစွာ ပါလာခဲ့လေသည်။ မြေကြီးထဲမှ ပျိုးပင်များအား တွေ့သွားချိန်တွင် ချက်ချင်း စားချင်သွားခဲ့သည်။ အဖွားအိုဝမ်မှ ဆိတ်ပေါက်ကလေး၏ လည်ပင်းအား ကိုင်လျှက် ဘေးသို့ ရွှေ့လိုက်လေသည်။

"ဒါ နင်စားလို့ရတဲ့အရာ မဟုတ်ဘူး ဟိုဘက်သွားပြီး မြက်သွားစားချေ"

ဆိတ်ပေါက်ကလေးသည် ခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း သုံးပတ်လောက် လည်နေခဲ့ကာ ဒေါသထွက်လွန်းသဖြင့် မြေကြီးပေါ်တွင် အညစ်အကြေးများပင် ပါချမိလေသည်။

...

ပျိုးပင်တွေက အရသာရှိမယ်လို့ သူ ခံစားမိနေတာကို...

ကံမကောင်းစွာဖြင့် ဝမ်မိသားစုဝင်များ ကဲ့သို့ပင် သူသည်လည်း အဖွားအိုဝမ်အား ကြောက်ရလေသည်။ အဖွားအိုဝမ်သည် ထိုစိမ်းလန်းသော ပျိုးပင်များအား မြင်လိုက်ရသောအခါ ချက်ချင်းပင် ကောက်ရိုးဖြင့် ပြန်အုပ်လိုက်ပြီးနောက် အားယွီလေးအား ပွေ့ဖက်ကာ အိမ်သို့ ကပျာကယာ ပြန်ခေါ်လာခဲ့ လိုက်လေသည်။

အိမ်နောက်ဖေးမှ ဖြတ်သွားမိချိန်တွင် ငှက်ပျောပင်များအား တစ်ချက်ကြည့်လိုက်လေရာ လွန်ခဲ့သော ရက်အနည်းငယ်မှ အပွင့်တစ်ပွင့်သာ ရှိသော ငှက်ပျောပင်သည် ယခုအခါ ငှက်ပျောသီး အများအပြား သီးနေသည်ကို မြင်တွေ့လိုက်ရသည်။

‘ဒီနှုန်းအတိုင်းဆိုရင် မနက်ဖြန်လောက်ဆို ထပ်ခူးလို့ရလောက်ပြီ’

"အားယွီ သမီးရဲ့ ရေအကြောင်း ဘယ်သူ့ကိုမှ ပေးမသိရဖူးနော် ဘယ်သူ့ကိုမှ မပြောဘူးလို့ အဘွားကို ကတိပေး"

အဖွားအိုဝမ်၏ ရင်များ တဒိန်းဒိန်း ခုန်နေခဲ့သည်။ သူမသည် အရာများစွာအား မြင်ဖူးသော်လည်း ယခုအခါ လုံးဝ စိတ်တည်ငြိမ်အောင် မထားနိုင်တော့ချေ။ အားယွီကိုယ်ပေါ်ရှိ ရေသည် အတော်လေး အသုံးဝင်လှသည်။ အကယ်၍ မသမာသော ရည်ရွယ်ချက်ရှိသူများ သိသွားလျှင် သူမလေး အန္တရာယ်ရှိနိုင်ပေသည်။ အားယွီလေး ခေါင်းညိတ်ပြလိုက်သည်။

"သမီး ဘယ်သူ့ကိုမှ မပြောပါဘူး"

အဖွားအိုဝမ်သည် ရှေ့ဘက်ခြံဝင်းထဲသို့ ပြန်မခေါ်သွားမီ သူမလေးအား ထပ်ခါတလဲလဲ သတိပေးလိုက်လေသည်။

"အမေ လယ်ထဲက ပျိုးပင်တွေ ဘယ်လိုနေလဲ အပင်ပေါက်ပြီလား"

အဖွားအို ဝမ် ပြန်လာသည်အား မြင်သော် ဝါးမျှစ်များ သိမ်းဆည်းနေသည့် ဝမ်ချွမ်းဖူမှ မေးလိုက်လေသည်။ ထိုအချိန်တွင် အားယွီလေးသည် လျူရှီ ရှိနေသည့် အခန်းထဲသို့ ပြန်ရောက်နေပြီ ဖြစ်သည်။ သူမသည် လျူရှီ၏ အင်္ကျီလက်စအား ဆွဲလိုက်ပြီးနောက် သူမရှေ့ရှိ ရေခွက် အလွတ်ထဲသို့ ရေတစ်ဝက်ခန့် လောင်းထည့်လိုက်လေသည်။

"မေမေ ရေနည်းနည်း သောက်လိုက်ဦး"

‘တခြားလူတွေကို မပြောရဘူးလို့ အဘွားက ပြောတယ် ဒါပေမဲ့ မေမေက တခြားလူမှ မဟုတ်တာ...’

လျူရှီ ထိတ်လန့် အံသြသွားခဲ့လေသည်။

All Chapters