← Chapters

အဆိုးရွားဆုံး မဲစာရွက်

Vol. 4 Ch. 54

အဆိုးရွားဆုံး မဲစာရွက်

Vol. 4 Ch. 54

"ဂျိန်း"

"ဒိုင်း"

လျူရှီ ကြောင်အမ်းနေစဉ် အတွင်းမှာပင် ပြတင်းပေါက်၏ အပြင်ဘက်မှ နောက်ထပ် လျှပ်စီးကြောင်းတစ်ခု ကျရောက်လာခဲ့ကာ တစ်ဆက်တည်း မိုးရွာသံပါ ထွက်ပေါ်လာခဲ့လေသည်။

နွေဦးမိုးသည် ရုတ်တရက် ဝုန်းခနဲဖြင့် ရောက်ရှိလာလေတော့သည်။ ဝမ်မိသားစုသည် ပစ္စည်းများအား ကပျာကယာ သိမ်းဆည်းပြီးနောက် မိုးခိုရန် အိမ်ထဲသို့ ဝင်လာကြလေသည်။

အားယွီလေးသည် လျှပ်စီးကြောင့် လန့်သွားလေရာ လျူရှီသည် မသိစိတ်မှ တုန့်ပြန်လိုက်ကာ ရေခွက်အား ဘေးသို့ တွန်းဖယ်လိုက်ကာ အားယွီလေးအား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်လေသည်။ အားယွီလေးသည် ပြန်လှည့်လာပြီးနောက် လျူရှီ၏ ပခုံးအား ပုတ်လိုက်လေသည်။

"မေမေ သမီး မိုးခြိမ်းတာ မကြောက်ပါဘူး သမီးက အရမ်းသတ္တိရှိတာ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ အမေ့ရဲ့ သမီးလိမ္မာလေး အားယွီက သတ္တိအရှိဆုံးပါ"

သားအမိနှစ်ယောက် အပြန်အလှန် ချော့မော့ပြီးနောက် ရေခွက်ကျန်နေသေးသည်အား လျူရှီ သတိရသွားခဲ့သည်။ သူမ၏ သမီးလေးသည် လေထဲမှ ဖန်တီးယူလိုက်သည့် ရေဖြစ်လေသည်။

"အားယွီ ဒါက ဘာကြီးလဲ"

လျူရှီ၏ အသံများ တုန်ရီနေခဲ့သည် ထိုအချိန်တွင် နေရာလွတ်ထဲမှ အသားလုံးလေးသည်လည်း အထူးတလည် စိတ်လှုပ်ရှားနေခဲ့လေသည်။

‘ဒုက္ခပါပဲ ဒီပေါက်စန အားယွီကို အချိန်မီ မတားလိုက်နိုင်ပြန်ဘူး’

မထင်မှတ်ထားဘဲ အိမ်ထဲသို့ ဝင်ဝင်ချင်းတွင် သူမသည် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ မိမိကိုယ်ကို ဖော်ထုတ်လိုက်မိပြီ ဖြစ်သည်။ တောင်ပေါ်တွင် ကြီးပြင်းလာသည့် ဤလူများသည် ကမ္ဘာလောကအား များများစားစား မမြင်ဖူးကြချေ။ ဤကဲ့သို့ ထူးဆန်းလှသည့် အရာအား မြင်လိုက်ရသောအခါ သူတို့ လန့်ဖျပ် သွားနိုင်လောက်ပေသည်။

‘သူတို့ ကလေးကိုတော့ ကင်မစားကြလောက်ပါဘူးနော်’

ဤကမ္ဘာပေါ်တွင် မီးဖြင့် ယဇ်ပူဇော်သည့် ဓလေ့မျိုး ရှိမှန်း အသားလုံးလေး သတိရသွားခဲ့သည်။

"မေမေ"

အားယွီလေးသည် သူမ ကိုယ်တိုင် မည်သည့်အရာ လုပ်လိုက်မိမှန်း မသိသေးချေ။ အဘွားအားသာလျှင် ပြောပြခဲ့ပြီး အမေ ဖြစ်သူကိုမူ မပြောပြရသေးမှန်း သူမ ရုတ်တရက် သတိရသွားလေသည်။

ဝမ်မိသားစုတစ်ခုလုံးတွင် သူမသည် အမေနှင့် အဘွားကိုသာလျှင် အချစ်ဆုံး ဖြစ်သည်။ ဟုတ်ပေသည်။ လူတိုင်းသည် သူမအပေါ် အရမ်း အရမ်း ကောင်းလွန်းကြသောကြောင့် တခြားသူများကိုလည်း သူမ ချစ်ပါသည်။

လျူရှီသည် သူမ အလွန်အကျွံ တုံ့ပြန်လိုက်မိကာ ကလေးအား ခြောက်လှန့် မိသွားနိုင်မှန်း သတိထားမိ လိုက်သဖြင့် အသက်ပြင်းပြင်း ရှုလိုက်ကာ သူမ၏ စိတ်ခံစားချက်များကိုလည်း ထိန်းညှိလိုက်လေသည်။

လျူရှီသည် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုအား အစွမ်းကုန် ညှစ်ထုတ်လိုက်ပြီးနောက် အားယွီလေး၏ ရှေ့တွင် ဖြည်းညှင်းစွာ ထိုင်ချလိုက်လေသည်။ သူမ၏ ပခုံး သေးသေးလေးများအား လက်နှစ်ဖက်ဖြင့် ကိုင်ထားလိုက်ပြီးနောက် ပြောလိုက်လေသည်

"အားယွီ မေမေ့ကို ပြောပြပါဦး သမီးလေး ဒါကို ဘယ်လိုရခဲ့တာလဲ ဘယ်ကနေ ရခဲ့တာလဲ"

"နတ်သူငယ်လေး ပေးတာလေ ချိုတယ်နော် မေမေ အရင်က သောက်ဖူးတယ်လေ"

အားယွီလေးမှာမူ လျူရှီအား ကြည့်လျှက် ရိုးရိုးသားသားပင် ပြန်ဖြေလိုက်လေသည်။ ထိုအခါမှသာ ဤရေချိုအား အရင်အချိန်တုန်းက သောက်ဖူးမှန်း လျူရှီ သတိရသွားခဲ့သည်။ အရသာသည် သကြားလို နည်းနည်းချိုပေသည်။ သို့သော် ထိုအချိန်တွင် အိမ်၌ သကြား လုံးဝမရှိချေ။ သကြားရည်သည် မည်သို့ ရှိနိုင်မည်နည်း။

"ဒါဆို ဒါက အဲ့ဒီတုန်းက အမေ့ကို ပေးတဲ့ရေလား"

"ဟုတ်တယ် အားလုံး သောက်ဖူးတယ် ဟိုဦးလေးလည်း သောက်ဖူးတယ်"

ထိုအချိန်တုန်းကမူ ရေသောက်ပြီးနောက် ဝမ်းနည်းနည်း လျောသလိုဖြစ်ခဲ့သည်အား လျူရှီ ပြန်တွေးလိုက်မိသည်။ သို့သော် သူမခန္ဓာကိုယ်တွင် မည်သည့်မျှ မဖြစ်ခဲ့ချေ။ ထိုအစား သူမ ပိုပြီး ပေါ့ပါးသွားသလိုပင် ခံစားခဲ့ရသေးသည်။

အထူးသဖြင့် ကိုယ်ဝန်ပျက်ကျ ပြီးနောက်တွင် အမြဲတမ်း နာကျင် ကိုက်ခဲနေခဲ့သည့် ဝမ်းဗိုက်သည် ယခုအခါ ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ ဒဏ္ဍာရီလာ နတ်ရေစင်များ ဖြစ်နေသည်လား။ သမားတော် ပေးသည့် ဆေးများထက်ပင အများကြီး ပိုကောင်းနေသေး၏။

နောက်တစ်ခဏအကြာတွင် တခြားသူများသာ ဤအကြောင်းအား သိသွားကြလျှင် အားယွီလေး အတွက် အန္တရာယ်ရှိလာနိုင်မည်အား လျူရှီ တွေးမိလိုက်မိသည်။ အစောပိုင်းတွင် နှင်းထဲ စွန့်ပစ်ခံရလိုက်ရသည်မှာ ထိုအကြောင်းရင်းကြောင့် ဖြစ်နိုင်သလား ဟုလည်း တွေးလိုက်မိလေသည်။

လူအချို့သည် ဤသို့ အရာမျိုးအား အလွန် ကြောက်တတ်ကြကာ ကြောက်စိတ်ကြောင့် မကောင်းမှုများ လုပ်တတ်ကြသည်ဟု ပြောသံကြားဖူးလေးသည်။

သို့သော် သူမ မကြောက်ပါချေ။ အားယွီသည် သူမသမီးပင် ဖြစ်သည်။ လျူရှီသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာခဲ့သည်။

"အားယွီလေး တခြား ဘယ်သူ့ကို ပြောပြလိုက်သေးလဲ"

"ဘွားဘွား"

အားယွီလေးမှ လိမ္မာစွာ ပြန်ဖြေလိုက်လေသည်။

"ဘွားဘွား သိတယ် ဘယ်သူ့ကိုမှ မပြောရဘူးလို့ ဘွားဘွားက ပြောတယ်"

လျူရှီသည် ယောက္ခမဖြစ်သူ၏ တုံ့ပြန်မှုအား စဉ်းစားပြီးနောက် မရေမရာ ဖြစ်သွားခဲ့သည်

အဘွားက ဖြစ်သူသည် အာဏာပြတတ်သူ ဖြစ်သည့် အတွက် အားယွီလေးအား မကောင်းဆိုးရွားမလေး ဟု ထင်သွားမည်လား သူမ မသိချေ။ အားယွီလေးအား မောင်းထုတ်ချင်လျှင် မည်သို့ လုပ်ရမည်နည်း။

သို့သော် တခြားအခြေအနေတစ်ခု ကြုံလာရပြီးနောက် အားယွီသည် အလွန် အသုံးဝင်သည်ဟု အဘွားဖြစ်သူမှ ခံစားမိကာ ရေအများကြီး ထုတ်ခိုင်းခဲ့လျှင် မည်သို့ လုပ်ကြမည်နည်း။

ယောက္ခမဖြစ်သူ၏ လုပ်ရပ်များသည် အလွန် စိတ်ပျက်စရာကောင်းနေလျှင်မူ သူမသည် အားယွီကိုခေါ်ဆောင်ကာ မည်သူမျှ ရှာမတွေ့နိုင်သည့် တောနက်ထဲ သွားနေမည် ဟုပင် သူမ စဉ်းစားကာ တွေးတောလိုက်မိသည်။

သူမသည် ယောက္ခမများနှင့် သူမ၏ မိသားစုများကိုပင် မလိုချင်တော့ချေ။ သူမသည် အားယွီကိုသာလျှင် လိုချင်တော့သည်။ အားယွီသည် သူမ ဆုံးရှုံးသွားပြီးမှ ပြန်ရလာသည့် ကလေးလဲ ဖြစ်သည်ဟု လျူရှီ အခိုင်အမာ ယုံကြည်ထားခဲ့သည်။ ဤနားလည်မှုသည် သူမ၏ နှလုံးသားထဲတွင် စွဲမြဲစွာ ရေးထိုးထားပြီး ဖြစ်လေသည်။

"၄ယောက်မြောက် ချွေးမ အခန်းထဲမှာ ဘာလုပ်နေတာလဲ လုပ်စရာတွေ အများကြီး ရှိသေးတာကို အပျင်းခိုနေတုန်းလား မြန်မြန် အလုပ်လက်စသတ် ပြီးမှ အိပ်"

အဖွားအိုဝမ်၏အသံသည် အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

"လာပါပြီ"

လျူရှီ ပြန်ဖြေလိုက်ပြီး ရေခွက်အား ကိုင်လျှက် တည်ငြိမ်ချင် ယောင်ဆောင်ပြီးနောက် အပြင်သို့ လျှောက်ထွက်လာခဲ့လေသည်။ တံခါးဝတွင် ဆံပင် ပုံသွင်းထားသည် ဝမ်ချွမ်းမန်နှင့် တွေ့လိုက်ရလေသည်။

ဇနီးဖြစ်သူမှ ရေတစ်ဝက်ပါသော ရေခွက်အား ကိုင်ထားသည်အား ဝမ်ချွမ်းမန် တွေ့လိုက်ရသောအခါ ချက်ချင်း ရယ်မောလိုက်လေသည်။

"ငါ့မိန်းမက ငါ့ကို ဂရုစိုက်သားပဲ ငါ ရေဆာနေမှန်းသိပြီးတော့ ရေတောင် ယူလာပေးသေးတယ် ပေး ကိုယ့်ဘာသာ ကိုင်လိုက်မယ်"

နောက်ဆုံးတွင် လျူရှီသည် ထိတ်လန့်တကြား ရေခွက်အား ရုတ်တရက် ပြန်ဆွဲယူလိုက်လေသည်။ ရေခွက်ထဲမှ ရေများ ဖိတ်လုနီးပါး ဖြစ်သွားခဲ့သည်။ လျူရှီ အလွန် စိတ်လှုပ်ရှားနေခဲ့သည်။

"ရှင် ရေသောက်ချင်ရင် မီးဖိုချောင်သွားပြီး ကိုယ့်ဘာသာ ခပ်သောက်"

လျူရှီမှ သူ့အား စူးစူးဝါးဝါး ကြည့်ပြီးနောက် လှည့်ထွက်သွားခဲ့တော့သည်။

ဝမ်ချွမ်းမန် ကြောင်အသွားခဲ့သည်။

...

လျူရှီနောက်မှ လိုက်လာသည့် အားယွီလေးအား သူ ကြည့်လိုက်ကာ ရေရွတ်လိုက်လေသည်။

"သမီး သမီးအမေ ဆေးမှား သောက်ထား မိတာလား"

‘ဘာလို့ ဒီလောက် နားမလည်နိုင်စရာ ဖြစ်နေရတာလဲ’

အားယွီလေး ပါးစပ်လေးအုပ်ကာ တိတ်တဆိတ် ရယ်မောလိုက်လေသည်။ သူမ မျက်လုံးလေးများ ကွေးသွားသည်အထိ ပြုံးလိုက်သော်လည်း ဝမ်ချွမ်းမန်အား အကြောင်းရင်း မပြောပြခဲ့ချေ။

‘ဟိ ဟိ အဖေ ငတုံးကြီး’

လျူရှီသည် ရေအား ဂရုတစိုက် သယ်ဆောင်သွားလိုက်ကာ သေချာ သိမ်းဆည်းထားရမည်ဟု ခံစားမိသော်လည်း မည်သည့် အရာဖြင့် ထည့်ရမှန်း မသိဖြစ်နေခဲ့သည်။ လမ်းတွင် အဖွားအိုဝမ်နှင့် ဆုံလေသည်။ လျူရှီအား မြင်သောအခါ သူမ ချက်ချင်း နားလည်လိုက်လေသည်။

‘ကောင်းရော အားယွီကတော့ သူ့ကို ပြောပြလိုက်ပြီပဲ..’

"အဲ့ဒါကို ဟိုယမ်းဒီယမ်း မလုပ်နဲ့ ငါ့အခန်းထဲမှာ ဘူးသီးခြောက် ရှိတယ် ဘူးသီးခြောက်ထဲ ထည့်လိုက်"

ထိုသို့ပြောပြီးနောက် အဖွားအိုဝမ်သည် ဘူးသီးခြောက်ယူရန် အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။ ဘူးသီးခြောက်ထဲတွင် အရက်နည်းနည်း ကျန်နေသေး၏။ အဖိုးအိုဝမ်သည် ပွဲလမ်းသဘင်ကြီးများ ရှိမှသာ ရံဖန်ရံခါ သောက်လေ့ရှိသည်။ သူက တစ်နှစ်မှ တစ်ငုံလောက်သာ သောက်ကာ ကျန်သည်အား စုဆောင်းထားပြီးနောက် ပုံမှန်အားဖြင့် အနံ့ခံဖို့လောက်သာ ဖွင့်ကြည့်တတ်ပေသည်။

အဖွားအိုဝမ်သည် တုံ့ဆိုင်းမနေဘဲ အရက်အား အညစ်အကြေးအိုးထဲ လောင်းထည့်လိုက်ကာ မီးဖိုချောင်သို့ သွားလျှက် ဘူးသီးခြောက်အား ရေဖြင့် ဆယ်ကြိမ်ကျော် ဆေးကြောပြီးမှသာ လျူရှီအား ရေလောင်း ထည့်ခိုင်းလိုက်သည်။ ရေလောင်း ထည့်သောအခါ လျူရှီ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။

"အမေ"

...

"ငါက နင့်အမေမှန်း နင်သိသေးတာလား"

အဖွားအိုဝမ်မှ မပြုံးချင် ပြုံးချင်ဖြင့် ပြုံးကာ သူမအား ကြည့်လိုက်လေသည်။

"နင် ဘာတွေတွေးနေလဲ ငါမသိဘူး မထင်နဲ့ နေ့တိုင်း အဲ့လို အဓိပ္ပာယ် မရှိတာတွေ လျှောက်တွေး နေမယ့်အစား အလုပ်များများ လုပ်ပြီး ငါ့ကို ကောင်းကောင်း အနားယူခိုင်း လိုက်ကြပါလား မိသားစုက မကြီးပေမဲ့ ပြဿနာကတော့ များသား နင်တို့ ဝမ်မိသားစုနဲ့ လာပတ်သက်မိတာ ငါ့ကံဆိုးတာပဲ"

လျူရှီသည် ဆွံအသွားမိလေသည်။ အရက်နံ့ ရလိုက်သောအခါ ဇနီးဖြစ်သူအား မည်သည့်အရာများ ဖြစ်နေသည်အား မေးရန် ပြင်နေသော အဖိုးအိုဝမ်ခမျာလည်း ပြောစရာစကား ပျောက်ရှသွားခဲ့ရတော့သည်။ သူ နောက်လှည့်ကာ ထွက်သွားလိုက်တော့သည်။

ဘူးသီးခြောက်ထဲ ရေဖြည့်ပြီးနောက် အဖွားအိုဝမ်မှ လျူရှီအား ကောင်းကောင်း သိမ်းထားခိုင်းလိုက်သည်။ အတွင်းမှရေသည် သီးနှံစိုက်ပျိုးရာတွင် အလွန်ကောင်းမွန်ကြောင်း မှာကြားလိုက်သေးသည်။

ညစာစားနေစဉ်ဝယ် ဂျုံပျိုးပင်များ အလွန်ကောင်းမွန်စွာ ကြီးထွားနေကြောင်း အဖွားအိုဝမ်မှ ပြောပြလေသည်။ ဝမ်မိသားစုဝင်များသည် အနည်းငယ် အံ့သြသွားခဲ့ကြသည်။ ဂျုံပျိုးပင်များသည် ဤမျှလောက် အမြင့်ကြီး ကြီးလာခဲ့ပြီလား...

"ဘာများ ဆန်းကြယ်နေစရာ ရှိလို့လဲ ဒီနှစ် ဂျုံမျိုးစေ့တွေကို နန်းတွင်းက ပေးထားတာလေ ဒီနှစ်က ကပ်ဘေး ဖြစ်တဲ့ နှစ်ပဲ သူတို့သာ မျိုးစေ့ ကောင်းကောင်း မပေးရင် အားလုံး ငတ်သေကုန်မှာပေါ့"

အဖွားအိုဝမ်မှ လူတိုင်း၏ မေးခွန်းများအား တိုက်ရိုက် ပယ်ချလိုက်လေသည်။

ဟုတ်ပေသည်။ သူတို့ ဤမျှလောက်ကောင်းသော မျိုးစေ့မျိုး တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ပုံမှန်ဆိုလျှင် သူတို့ မဝယ်ကြသည့် အတွက် ဖြစ်ပေမည်။ နန်းတွင်းမှာတော့ ၎င်းကဲ့သို့ မျိုးစေ့များ ရှိမည်မှာ သေချာလှပေသည်။

မိုးရွာသော နေ့များတွင် နေထွက်ချိန် အမြဲ နောက်ကျတတ်ပေသည်။ ဤသို့ပြောပြီးနောက် လူတိုင်း ပစ္စည်းသိမ်းဆည်းကာ အိပ်ရာဝင်ကြတော့သည်။

ကံကောင်းစွာဖြင့် သူတို့ ခေါင်မိုးအား အချိန်မီ ပြင်ဆင်လိုက်နိုင်လေသည်။ ညဘက်တွင် ရံဖန်ရံခါ မိုးယိုသည့်နေရာ တစ်ခုနှစ်ခု ရှိသော်လည်း ယေဘုယျ အခြေအနေမှာ မဆိုးလှချေ။

[ကလေးရေ ဝင်ခဲ့တော့]

သန်းခေါင်ယံအချိန်တွင် အားယွီလေးသည် နေရာလွတ်ထဲသို့ ခေါ်ဆောင်ခြင်း ခံလိုက်ရပြန်လေသည်။ လက်ရှိ နေရာလွတ်သည် အစပိုင်းနှင့် ယှဉ်လျှင် အခြေအနေ ကောင်းမွန်နေခဲ့ပြီ ဖြစ်သည်။ စိတ်ဝိဉာဉ်စမ်းရေသည် အသားလုံးလေး တူးထားသော မြောင်းမှ တစ်ဆင့် စီးဆင်းလျှက် ရှိကာ လမ်းတစ်လျှောက်ရှိ အပင်များအား ရေလောင်းပေးသကဲ့သို့ ဖြစ်နေခဲ့သည်။

ငရုတ်သီး ပဲကြီး၊ ပဲစေ့ ကျောက်ဖရုံသီး နှင့် ဂျုံများ အားလုံး စိမ်းလန်းစိုပြည်စွာ ပေါက်ရောက်နေပြီ ဖြစ်သည်။ အပင်များသည် အရမ်း မများသေးသည့် တိုင်အောင် ထွက်လာသည့် ပစ္စည်းများအား မျိုးစေ့အဖြစ် တိုက်ရိုက် အသုံးပြုနိုင်လေသည်။ အထူးသဖြင့် အရည်အသွေးမြင့် မျိုးစေ့များဖြင့် ပြည့်နှက်နေသည့် ရွှေရောင်ဂျုံပင်များ ဖြစ်လေသည်။

"ဝါး"

အားယွီလေး အစားအစာ အများကြီးအား မြင်လိုက်ရချိန်တွင် သူမ၏ ပါးစပ်လေးသည် အကြာကြီး ဟသွားခဲ့သည်။

အများကြီးပဲ...

[မင်း မျိုးစေ့တွေကို အပြင်ထုတ်ပြီး စိုက်ရမယ် ဒီမှာစိုက်ထားတဲ့ အစားအစာတွေကို တိုက်ရိုက်ရောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး တခြားလူတွေ တွေ့ပြီး သတိထားမိသွားဖို့ ပိုလွယ်တယ်]

[ပြီးတော့ နေရာလွတ်ထဲမှာ စိုက်ထားတဲ့ အစားအစာတွေကို ဈေးကြီးကြီးနဲ့ ရောင်းရင်တောင်မှ တာဝန် ပြီးမြောက်တယ်လို့ သတ်မှတ်လို့ မရဘူး]

ကံကောင်းစွာဖြင့် အဖွားအိုဝမ်နှင့် လျူရှီတို့သည် စိတ်ဝိဉာဉ်စမ်းရေအား မနှစ်သက်သည့်ပုံ မပြကြချေ။၊ ဤမျိုးစေ့များအား အပြင်ထုတ် သွားလျှင် သူတို့သည် ကူညီပေး နိုင်လောက်မည် ဖြစ်သည်။ လူကြီးတစ်ယောက်၏ အမှတ်လက္ခဏာသည် ပို၍ အသုံးဝင်သင့်လေသည်။

အားယွီလေး ဇဝေဇဝါ ဖြစ်နေခဲ့ပြန်သည်။ အသားလုံးလေးမှ မည်သည်အား စိတ်ပူနေမှန်း သူမ တစ်ခါမှ ထည့်မတွက်ခဲ့ဖူးချေ။ သူမသည် သူမ၏ ရှေ့မှ အစားအစာတွေအား ကြည့်လျှက် အရမ်း ပျော်နေရုံသာ ဖြစ်သည်။ အစားအစာတွေ ကြီးထွားလာတာနဲ့အမျှ မိသားစုဝင်များ အားလုံး ဗိုက်ဆာတော့မည် မဟုတ်တော့ချေ။

ထိုအချိန်တွင် အမျိုးသား အစောင့်အရှောက် ဘုရားကျောင်း၌ အမွှေးတိုင်ထွန်းနေသည့် တစ်စုံတစ်ယောက်သည် အဆင့်နိမ့် မဲစာရွက်တစ်ရွက်အား နှိုက်မိလိုက်လေသည်။ ၎င်းစာရွက်ပေါ်တွင် "ပန်းစိုက်ချင်သော်လည်း ပန်းမပွင့် ရွှံ့နွံထဲ တုတ်တစ်ချောင်း စိုက်လိုက်သော်လည်း အပင်ပေါက်၍ အရိပ်ရနိုင်သည်" ဟု ရေးသားထားခဲ့သည်။ သူမသည် မဲစာရွက်အား ဆရာတော်အိုကြီး တစ်ဦးထံသို့ ယူသွားပြီးနောက် ဇဝေဇဝါဖြင့် မေးလိုက်လေသည်။

"ကြည့်ရတာ ဒါက အဆိုးရွားဆုံး မဲစာရွက်တော့ မဟုတ်လောက်ပါဘူးနော်"

ဆရာတော်အိုကြီးမှ သူမအား တစ်ချက်သာ ကြည့်ပြီး ပြုံးလျက် ပြောလိုက်လေသည်။

"လူမတူရင် မဲစာရွက် အဓိပ္ပာယ် ကောက်ယူပုံချင်းလည်း မတူကြဘူး ဒကာမလေးအတွက်တော့ ဒါက အဆိုးရွားဆုံး မဲစာရွက်ပဲ ဖြစ်လိမ့်မယ်"

"ဆရာတော် တပည့်တော်ကို စိတ်ထင့်ရအောင်မလုပ်ပါနဲ့ အဲ့လို အကွေ့အကောက်နဲ ပြောတာတွေကို တပည့်တော် မကြိုက်ဘူး"

မိန်းကလေးမှ နှုတ်ခမ်းမဲ့လိုက်လေသည်။ ဤသို့ လှည့်စားကာ အယောင်ဆောင်တတ်သော သူမျာအား သူမ မကြိုက်ချေ။ တစ်နေ့ကုန် လျှို့ဝှက်ဟန် လုပ်နေကြခြင်းသည် ပိုက်ဆံပိုရချင်၍ သာ ဖြစ်နိုင်သည်။

‘ဟွန်း ဒီလှည့်ကွက်တွေကို သူ မသိဘူးများ ထင်နေသလား’

"ဒကာမလေး ဒကာမလေး စိတ်ထဲမှာ မေ့ပျောက်လို့မရတဲ့ ကိစ္စတစ်ခုခု ရှိနေသလား ရှိတယ်ဆိုရင် အဲ့ဒီကိစ္စက ဒကာမလေးရဲ့ အတွေးတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားလိမ့်မယ် ဒကာမလေး အတွေးတစ်ချက်က ကောင်းကင်ဘုံ ဒါမှမဟုတ် ငရဲဘုံနဲ့ ညီမျှတယ်ဆိုတာ သိရဲ့လား အော်မိတောဖော"

ာမိန်းကလေးသည် တစ်စုံတစ်ခုအား တွေးမိလိုက်ပြီးနောက် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားလေတော့သည်။ မကြာသေးမီ အချိန်တွင် သူမ အစိုးရိမ်ဆုံး ဖြစ်ခဲ့ရသည့် ကိစ္စအား ချက်ချင်း တွေးမိလိုက်လေသည်။

‘အဲ့ဒီ အဆိပ်ပြင်းတဲ့ ဇာတ်ပို့ဇာတ်ကောင်က မသေနိုင် သေးတာများလား...’

All Chapters