← Chapters

အဘွားနှင့် အမေကို ပြောပြခြင်း

Vol. 4 Ch. 55

အဘွားနှင့် အမေကို ပြောပြခြင်း

Vol. 4 Ch. 55

အားယွီလေးသည် သူမ၏ နေရာလွတ် အတွင်းမှ နေရာ သေးသေးလေး တစ်ခုတွင်သာ အပင်စိုက်ခဲ့သော်လည်း ယခုအခါ အစားအစာ အမျိုးမျိုးအစုံဖြင့် ပြည့်နှက်နေလေပြီ ဖြစ်သည်။ ထို့အပြင် ထို အစားအစာများအား ရိတ်သိမ်းပြီးသည့် အချိန်တွင် အားလုံးကို မျိုးစေ့များအဖြစ် ပြန်လည် အသုံးပြုနိုင်လေသည်။ သူမ၏ ပထမဆုံးတုံ့ပြန်မှုမှာမူ နေရာလွတ် အတွင်းရှိ အရာအားလုံးအား အဘွားဖြစ်သူ နှင့် အမေဖြစ်သူ အတွက် ထုတ်ပေးရန် ဖြစ်လေသည်။

[ခဏလေး]

အသားလုံးလေးမှာမူ အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်လေသည်။ ဝမ်မိသားစုဝင်များသည် ထို ကောင်စုတ်မလေးအား အလွန် ချစ်ပုံရသော်လည်း တစ်စုံ တစ်ခုဖြစ်သွားခဲ့လျှင်မူ မည်သို့ လုပ်မည်နည်း။

လူသားများ၏ စိတ်နှလုံးများသည် ခန့်မှန်းရခက်လေသည်။ သူမ၏ ဖခင်အရင်း ဖြစ်သူ သည်ပင် သူမအား တောနက်ထဲ စွန့်ပစ်ခဲ့သည် မဟုတ်ပါလော။ ထိုအချိန်တွင် ၎င်းသာ အချိန်မီ နိုးထမလာခဲ့ပါက အားယွီ၏ နှလုံးသားကိုသာ အချိန်မီ မကာကွယ်ပေးနိုင်ခဲ့ပါမူ သူမ သေဆုံးခဲ့ရသည်မှာ ကြာပြီဖြစ်သည်။

၎င်း၏ လုပ်ပိုင်ခွင့်အာဏာသည် ယခုအချိန်တွင် မမြင့်မားသေးသကဲ့သို့ အားယွီလေးအား ကာကွယ် ပေးနိုင်စွမ်းမှာလည်း အကန့်အသတ် ရှိနေလေသည်။ ထို့အတွက် ၎င်းအနေဖြင့် ပိုမိုသတိထားရန်သာ တတ်နိုင်တော့သည်။

"နတ်သူငယ်လေး"

နတ်သူငယ်လေးသည် သူမအား မည်သည့်အတွက်ကြောင့် စောင့်ခိုင်းမှန်း အားယွီလေး မသိရှိသည့် တိုင်အောင် သူမသည် အလွန်လိမ္မာလေသည်။ ဤသို့စောင့်ဆိုင်းခြင်းသည် နာရီပေါင်းများစွာ ကြာမြင့်သွားခဲ့ကာ မိုးလင်းလုနီးပါး ဖြစ်နေချေပြီ။

[မင်းအဘွားရဲ့ မင်းအပေါ် ရင်းနှီးကျွမ်းဝင်မှုက ၉၀% ရှိပြီးတော့ မင်းအမေက ၉၅% ရှိတယ် ဒါကိုကြည့်ရရင် လောလောဆယ် သူတို့ မင်းကိုတော့ ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ]

[မင်း သူတို့ကို တိတ်တဆိတ် ပြောပြလို့ရပြီ]

အသားလုံးလေး၏ အသံမှာ အဝေးကြီးမှ အပြေး ပြန်လာခဲ့ရသကဲ့သို့ အနည်းငယ် မောဟိုက်နေခဲ့သည်။ အားယွီလေးသည် ရင်းနှီးကျွမ်းဝင်မှုဆိုသည်မှာ မည်သည့် အဓိပ္ပာယ်မှန်း သေချာ နားမလည်သကဲ့သို့ သစ္စာဖောက်သည် ဆိုသည်ကိုလည်း အဓိပ္ပာယ်နားမလည်ချေ။ သို့သော် နောက်ဆုံးစာကြောင်းကိုမူ သူမ နားလည်လိုက်လေသည်။

"ယေး ယေး"

နတ်သူငယ်လေးသည်လည်း အဘွားဖြစ်သူ နှင့် အမေဖြစ်သူအား သဘောကျသွားသဖြင့် သူမအား မည်သည့်ကိုမျှ မပြောခိုင်းဘဲ နေခိုင်းခြင်း မရှိသည့် အတွက် အားယွီလေး အလွန်ပျော်ရွှင်သွားခဲ့လေသည်။

[မိုးလင်းတော့မယ် ပြန်သွားပြီး နည်းနည်းလောက် ဆက်အိပ်လိုက်ဦး]

နေရာလွတ်ထဲတွင် အားယွီ၏ စိတ် စွမ်းအားများ ကုန်ခမ်းသွားမည် မဟုတ်ပါ။ ထို့အပြင် အမှန်တကယ်တွင် သူမ ကောင်းကောင်း အနားယူနိုင်သေး၏။ သို့သော် နောင်တွင် အိပ်မပျော်ခြင်းမျိုး မဖြစ်ရလေအောင် အိပ်စက်သည့် အလေ့အကျင့်အား မွေးမြူပေးခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

အားယွီလေး သူမ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက် သွားပြီးနောက် မျက်လုံးလေး တစ်ဖက်အား တိတ်တဆိတ် ဖွင့်ကြည့် လိုက်သေးသည်။ ပတ်ဝန်းကျင် မှောင်နေသေးသည်အား မြင်သောအခါ လျူရှီ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်လေတော့သည်။

လျူရှီသည် မသိစိတ်ဖြင့် သူမလေးအား လက်မောင်းဖြင့် ပွေ့ဖက်လိုက်ပြီးနောက် ပိုမိုသက်သောင့်သက်သာ အိပ်ပျော်စေရန် ပြုလုပ်ပေး လိုက်လေသည်။

မိုးလင်းသောအခါ အပြင်ဘက်တွင်မူ နွေဦးမိုး ရွာသွန်းမှုသည် မရပ်တန့်သေးချေ။ ရွာတစ်ခုလုံး မြူနှင်းများ ဖုံးလွှမ်းနေသော်လည်း လုံ့လဝီရိယရှိသူများမှာမူ အားမနေကြချေ။ သူတို့သည် မိုးရေများ ဖုံးလွှမ်းနေသည့်တိုင် စပါးခင်းထဲတွင် အလုပ်ဆက် လုပ်နေကြလေသည်။

ရွာသူကြီး ဟူသည် ခေါင်မိုးအောက်တွင် ရပ်ပြီးနောက် အဝေးတွင် အလုပ် လုပ်နေကြသည့် ရွာသားများအား ကြည့်နေခဲ့သည်။ သူသည် ဘေးနားရှိ သားဖြစ်သူအား ပြောလိုက်လေတော့သည်။

"မိုးတိတ်သွားရင် မြို့ထဲသွားပြီး မြည်းတစ်ကောင်လောက် သွားဝယ်ချေ ပြီးတော့ နွားတစ်ကောင်လည်း ဝယ်ခဲ့လိုက်ဦး"

ရွာသူကြီး ဟူတွင် ဟူတာလျူနှင့် ဟူရှောင်လျူဟူသော သားနှစ်ယောက် ရှိသည်။ သားကြီး၏ ဇနီးသည်မှ ယောက္ခထီးဖြစ်သူ၏ စကားအား ကြားချိန်တွင် ဘေးနားရှိ သားငယ်၏ ဇနီးသည်အား တီးတိုး မေးမြန်းလိုက်လေသည်။

"ယောက္ခထီးကြီးက ဘာလို့ မြည်းတွေ နွားတွေ ထပ်ဝယ်ရတာလဲ တို့မိသားစုမှာ ပိုက်ဆံကုန်တော့မယ် သူက ဘာလို့ ရွာသားတွေကို အမြဲ ထောက်ပံ့နေရတာလဲ တို့တွေ ဒီလို ဆက်မနေနိုင်တော့ဘူး"

ရှောင်လျူ၏ ဇနီးသည်မှ ပြောလိုက်လေသည်။

"ယောက္ခထီးကြီးက ရွာသူကြီးလေ ပထမဆုံးအနေနဲ့ ရွာသားတွေကို ဂရုစိုက်ရမှာပေါ့ အခု ရွာသားတွေမှာ ပိုက်ဆံ သိပ်မရှိဘူး ဒါကြောင့် တို့တွေပဲ အရင် စိုက်ထုတ်ပေးထားရမှာ နောက်ကျလို့ အားလုံး အစားအစာတွေ ရိတ်သိမ်းပြီးရင် သူတို့ အစားအစာ တချို့တော့ လာပေးကြမှာပါ"

အဘယ်ကြောင့်ဆိုသော် ရွာသားများသည် ရွာသူကြီး၏ ပုံမှန်ကူညီမှုအပေါ် ကျေးဇူးတင်ကြသည့် အတွက်ကြောင့် သူတို့သည် အစားအစာများ ရရှိချိန်တိုင်း အနည်းနှင့်အများ သူ့အား လာပေးလေ့ ရှိကြသည်။

"အဲ့ဒီ အစားအစာ နည်းနည်းလေးက ဘယ်လောက်များ လောက်မှာမို့လဲ မြည်းတွေ နွားတွေက တန်ဖိုးရှိတဲ့ တိရစ္ဆာန်တွေပါ ဟင်း နင့်ကို ညည်းပြနေမိတာပါလေ ဘာပဲဖြစ်ဖြစ် ယောက္ခထီးကြီးရဲ့ ဆုံးဖြတ်ချက်ကို တို့တွေ ပြောင်းလို့မှ မရနိုင်တာ"

တာလျူ၏ ဇနီးသည်သည် စကားအနည်းငယ် ပြောပြီးနောက် အဓိပ္ပာယ်မရှိဟု ခံစားလိုက်ရလေသည်။

"ဒီနှစ် နွေဦးမိုးက စောစော ရွာတယ်နော် ပျော်ရွှင်စရာကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်လေ"

ရှောင်လျူ၏ ဇနီးသည်မှာမူ အပြင်ဘက်ရှိ မိုးရေ အရောင်အား ကြည့်လျှက် လယ်တောထဲရှိ သီးနှံများအား တွေးလိုက်မိလေသည်။ နှင်းထူထပ်စွာ ကျလျှင် လာမည့်နှစ်တွင် သီးနှံအထွက်တိုးလိမ့်မည်ဟု လူကြီးများမှ ပြောကြသည်အား ကြားဖူးခဲ့လေသည်။ ထို့ကြောင့် ယခုနှစ်တွင် အမှန်တကယ်ပင် သီးနှံ အထွက် တိုးပါစေဟု သူတို့ မျှော်လင့် ဆုတောင်းနေကြလေသည်။ ထိုသို့မဟုတ်ပါက သူတို့မိသားစု ဆက်လက် ရပ်တည်နိုင်တော့မည် မဟုတ်ချေ။ ထိုအချိန်ရောက်လျှင် အဖေဖြစ်သူအား ရွာသူကြီး မလုပ်တော့ရန်သာ ဖျောင်းဖျရတော့မည် ဖြစ်သည်။ သူတို့သည် ဤလူနေမှုပုံစံအား မတတ်နိုင်တော့ပါချေ။

ဝမ်မိသားစုသည်လည်း အားမနေကြချေ။ အဖိုးအိုဝမ်မှ သားများအား ခေါင်မိုး ထပ်မံ၍ ပြုပြင်ခိုင်းလေသည်။ အပြင်ဘက် ရွှံ့နံရံများ မိုးရေကြောင့် ပျော်ကျမသွားစေရန် သစ်ရွက်ပါသည့် သစ်သားများအား ရှာဖွေကာ နံရံတွင် မှီထားရန်လည်း ခိုင်းစေလိုက်သည်။

လူတိုင်းသည် အိမ်အား အကြမ်းဖျင်း ပြုပြင်ကြလေသည်။ နွေဦးရာသီတွင် ကောင်းကင်သည် ပြန်ကြည်လင်လာခဲ့ကာ စိုက်ပျိုးရေးကာလ ကုန်ဆုံးချိန်တွင် ရွာသားများသည် အုတ်ခဲများဖြင့် တည်ဆောက်ရန် စီစဉ်ကြလိမ့်မည် ဖြစ်သည်။ ထိုအချိန်ကျမှ အိမ်ရှိ နံရံများအား အားဖြည့်ကြရမည် ဖြစ်သည်။

"မေမေ သမီး မေမေ့အတွက် ပေးစရာ ရှိတယ်"

အားယွီလေးမှ အိပ်ချင်မူးတူးဖြင့် မျက်လုံးများအား ပွတ်သပ်ရင်း လျူရှီအား ပြောလိုက်လေသည်။။ လျူရှီသည် သူမလေးအား အဝတ်အစား ကူဝတ်ပေးနေခြင်း ဖြစ်သည်။ နောက်ဆုံး ကြယ်သီး တပ်ပေး ပြီးနောက် ဆံပင်အား ဖြီးရန် ဘီးအား ကောက်ယူလိုက်လေသည်။ သူမသည် ဆံပင်ဖြီးပေးရင်းဖြင့် မေးလိုက်လေသည်။

"ဟုတ်လား မေမေ့အတွက် ဘာများရှိလို့လဲ"

အားယွီလေးသည် ပတ်ဝန်းကျင်အား ကြည့်လိုက်လေရာ အစားအစာများ ထားရန် အတွက် နေရာ မရှိသည်အား တွေ့လိုက်ရသဖြင့် အရင်ဆုံး စောင့်နေလိုက်ရန် ဆုံးဖြတ်လိုက်လေသည်။

"မေမေ ဆံပင်ဖြီးပေးပြီးရင် ပြောပြမယ်"

လျူရှီမှ အားယွီလေး ပြောသည့်စကားအား သိပ်အာရုံမစိုက်မိချေ။ ကလေးတချို့သည် ကြည့်ကောင်းသည် ဟု ထင်ရသည့် ကစားစရာများ တောပန်းများ မြက်ပင်များလောက် ရှာတွေ့တာသာ ဖြစ်လိမ့်မည် ဟု သူမ ထင်လိုက်မိခြင်း ဖြစ်သည်။

ဆံပင်ဖြီးနေစဉ် အတွင်း အဖွားအိုဝမ်သည်လည်း အိမ်ထဲသို့ ဝင်လာခဲ့လေသည်။ သူမ အဓိက လာရခြင်းမှာ အားယွီ၏ အကြောင်းအား ဘယ်သူ့ကိုမှ မပြောရန် အတွက် လျူရှီအား သတိပေးချင်၍ ဖြစ်ပေသည်။

"ဘွားဘွား သမီး ဘွားဘွားအတွက် ပေးစရာ ရှိတယ်"

အားယွီလေးမှ အဖွားအိုဝမ်အား ကပျာကယာ ပြောလိုက်လေသည်။ လျူရှီကဲ့သို့ပင် အဖွားအိုဝမ်ကလည်း အားယွီလေး ပေးချင်သည့်အရာမှာ သာမန်အရာလေး ဖြစ်မည်ဟု ထင်လိုက်သော်လည်း စိတ်ဝင်စားသည့်ပုံစံဖြင့် အားယွီလေး ပြောပြမည်ကိုသာ စောင့်နေ လိုက်လေတော့သည်။

နောက်ဆုံးတွင် ဆံပင်ဖြီး ပြီးသွားသောအခါ အားယွီလေးသည် ခေါင်းပေါ်ရှိ ကျစ်ဆံမြီးလေ’ နှစ်ဖက်အား ကိုင်ကြည့်ပြီးနောက် ခဏမျှ ကြွားဝါလိုက်ကာ အဖွားအိုဝမ်နှင့် လျူရှီအား အပြင်သို့ ဆွဲခေါ်သွားလေတော့သည်။

အားယွီလေးသည် အရင်ရက်ပိုင်းတွင် ပျိုးပင်များ စိုက်ထားသည့် အနီးအနားတွင် ရှိသော ငှက်ပျောပင်ဆီ သွားချင်မှန်း သိလိုက်ရသဖြင့် အဖွားအိုဝမ်မှ မိုးရွာနေ၍ အပြင်မထွက်သင့်ဟု မပြောတော့ချေ။

‘အားယွီ တစ်ခုခု ထပ်တွေ့ပြန်ပြီ ထင်တယ်’

လျူရှီသည် မူလတွင် ဇဝေဇဝါ ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် တခြားဘယ်သူမှ လိုက်မလာသည်အား မြင်သော် အားယွီလေးမှ လက်ဖြင့် ညွှန်ပြလိုက်ရာ မြေကြီးပေါ်တွင် အလွန် ဖွံ့ဖြိုးလှသည့် ငရုတ်သီးတစ်တောင့် ပေါ်လာလေခဲ့သည်။

သူမ ပါးစပ်ဟလိုက်စဉ်မှာပင် သမီးဖြစ်သူမှ ထပ်မံ ညွှန်ပြလိုက်ရာ ပဲကြီးပင်များနှင့် ပဲစေ့ပင်များ မြေကြီးပေါ်တွင် ပေါ်လာပြန်လေသည်။ မကြာမီ အချိန်အတွင်းမှာပင် မြေကြီးပေါ်တွင် အပုံကြီး ဖြစ်လာလေတော့သည်။ လျူရှီ သည် ရုတ်တရက် ကြောင်အမ်းသွားခဲ့ရလေသည်။ ညပိုင်းတွင် ကောင်းစွာ မအိပ်ခဲ့ရသဖြင့် စိတ်ချောက်ခြားနေသည် ဟုပင် ခံစားမိနေလေသည်။

သူမ ပဲကြီးပင် တစ်ပင်အား ဆွဲယူလိုက်ပြီးနောက် အသီးတစ်တောင့် ခူးကာ အခွံခွာလိုက်လေသည်။ အတွင်းမှ ပဲကြီးစေ့သည် ကြီးမားပြည့်ဖောင်းနေခဲ့ကာ ကောင်းစွာ ဖွံဖြိုးနေခဲ့သည်။ ပါးစပ်ထဲထည့်ကာ ကိုက်ကြည့်လိုက်ချိန်တွင် လျှာဖျားပေါ်တွင် ချိုမြိန်လှသည့် ရနံ့တစ်ခု ပေါက်ကွဲ ထွက်ပေါ် လာခဲ့လေတော့သည်။

"ဒါတွေက တကယ့် ပဲကြီးတွေလား အားယွီ သမီး ဒါတွေကို ဘယ်ကရတာလဲ"

သို့သော် ဤတစ်ကြိမ်တွင်မူ သူမသည် အားယွီလေး ထံမှ ဖြေသည်အား မစောင့်တော့ဘဲ အကူအညီရရန် အတွက် အဖွားအိုဝမ်အား လှမ်းကြည့်လိုက်လေသည်။ အဖွားအိုဝမ်သည် ပဲကြီးများအား မြင်လိုက်ရသည့် အခိုက်တွင် အိမ်ရှိ ပဲပိစပ်များအား သတိရသွားမိလေသည်။ ထိုသည်အား ကြည့်ခြင်းဖြင့် ဤ အရာများ အားလုံးသည် အားယွီလေး ရှာတွေ့ခြင်း မဟုတ်ဘဲ အားယွီလေးမှ ထူးဆန်းလှသည့် နေရာတစ်ခုတွင် စိုက်ပျိုးထားခြင်းသာ ဖြစ်ပေလိမ့်မည်။

...

"အားယွီ ပစ္စည်းတွေကို ပြန်ယူသွားလို့ ရမလား"

အဖွားအိုဝမ် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဤအရာများသည် အလွန် ထင်ရှား ပေါ်လွင်လွန်းသည်ဟု ခံစားလိုက်ရလေသည်။ အရင်ဆုံး ပြန်သိမ်းထားသည်မှာ ပိုကောင်းပေလိမ့်မည်။ သူမ လက်အား ဝှေ့ယမ်းလိုက်သည်နှင့် သူမရှေ့ရှိ အစားအစာများ ပျောက်ကွယ် သွားလေတော့သည်။ လျူရှီ၏ ခြေထောက်များ ပျော့ခွေသွားသည် ဟုပင် ခံစားလိုက်ရလေသည်။

"မေမေ"

အမေဖြစ်သူမှ ထိတ်လန့် ကြောက်ရွံနေပုံရသည်အား အားယွီလေး စူးရှစွာ အာရုံခံ မိလိုက်လေသည်။ အမေဖြစ်သူမှ မည်သည်အား ကြောက်ရွံနေလေသနည်း။ သူမသည် အရမ်း ထူးဆန်းနေလှသဖြင့် သူမ၏ အမေ မလုပ်ချင်တော့သည်လား ဟုပင် တွေးလိုက်မိလေသည်။ အားယွီလေး ကြောက်လန့်သွားလေသည်။ လျူရှီမှ သတိဝင်လာပြီးနောက် ကပျာကယာ ပြောလိုက်လေသည်။

"မေမေ ဘာမှမဖြစ်ပါဘူး မေမေက အရမ်းအံ့သြသွားလို့ပါ မေမေရဲ့ အားယွီက တကယ် အရမ်းတော်တာပဲ"

ထိုအခါမှသာ အားယွီလေး ပြုံးလိုက်လေသည်။ နေရာလွတ်ထဲတွင် ရှိနေသည့် အသားလုံးလေးသည်လည်း သက်ပြင်းချ လိုက်မိလေတော့သည်။ ၎င်းနောက်ဆုံးတွင် လျှောက်ထား အသုံးချကာ တွက်ချက်လိုက်သည့် မျက်နှာသာပေးမှု တွက်ချက်စက်သည် အားယွီပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာသာပေးမှုအား အချိန်မီ ဂဏန်းအဖြစ် ပြောင်းလဲပေးနိုင်ခဲ့လေသည်။

မူလတွင် အသုံးမဝင်သည့် လူသစ်တန်း ကစားစရာများသည် ယခုအခါ အလွန်အသုံးဝင်နေခဲ့လေပြီ ဖြစ်သည်။ အားယွီလေးသည် သူမ၏ လျှို့ဝှက်ချက်အား ဖွင့်ချပြီးနောက် ပျော်ရွှင်စွာဖြင့် အစ်ကိုများနှင့် သွားကစားလေတော့သည်။

...

သို့သော် အဖွားအိုဝမ်သည် လျူရှီ၏ လက်ကောက်ဝတ်အား ဆွဲကိုင်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

"ငါ့နောက်လိုက်ခဲ့"

All Chapters