အခန်း (၄၆)
Vol. 4 Ch. 46
အခန်း (၄၆)
နီယန်သည် ယနေ့တွင် သူမ၏ဆိုင်အား အမှန်တကယ် စောစီးစွာ သိမ်းလိုက်နိုင်သည်။ ၁၀ နာရီခွဲရုံသာ ရှိသေးသော်လည်း ခေါက်ဆွဲများ ရောင်းကုန်သွားပြီ ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ကျူးယုံဟုန်သည် သူမ၏ပေါက်စီများအား ထက်ဝက်မျှပင် မရောင်းရသေးသည့်အပြင် လာရောက်မေးခွန်းထုတ်သည့် ဖောက်သည်များစွာလည်း ရှိနေသေးသည်။
“ဒီနေ့ပေါက်စီတွေက ဘာလို့ မနေ့ကလောက် မကောင်းရတာလဲ”
ကျူးယုံဟုန်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ရှင်းပြနေရသော်လည်း စိတ်ထဲတွင် ကျိန်ဆဲနေမိသည်။ ‘ရွံစရာကောင်းတဲ့ ဆင်းရဲသားကောင်တွေ တစ်ပြားကို ခြောက်လုံးရောင်းတဲ့ ပေါက်စီကိုများ မနေ့ကလောက် အရသာမရှိဘူးလို့ မေးရဲသေးတယ်ပေါ့’
ဤသူများတွ၍် ဦးနှောက်မရှိကြသည်လား။
တစ်ပြားတည်းနဲ့ ဝက်သားစားလို့ ရပါ့မည်လား။ ဝက်သား တစ်ပေါင်ပင် မည်မျှ ပေးရသည် ဆိုသည်အား သူတို့ အဘယ်ကြောင့် မတွက်တတ်ကြလေသနည်း။
ယနေ့ ပေါက်စီထဲတွင် မည်သည့် အသားများ ပါဝင်သည် ဆိုသည်မှာ ကျူးယုံဟုန် တစ်ယောက်တည်းသာ အသိဆုံးဖြစ်ပေလိမ့်မည်။
ဖောက်သည်အများအပြားသည် ကျူးယုံဟုန်၏ ပေါက်စီများအား နောက် တစ်ကြိမ် မည်သည့် အခါမျှ ဝယ်မစားတော့ဘူး ဟု ပြောဆိုကြကာ အချို့ဆိုလျှင် ပေါက်စီများအား ပြန်လာပေးပြီးနောက် ပိုက်ဆံပင် ပြန်အမ်းခိုင်းနေကြလေသည်။
ဖောက်သည်များသည် အရူးများမဟုတ်ကြပေ။ ဝက်သားအစား အခြားအသား တစ်ခုခုနှင့် အစားထိုးလိုက်သည့် အခါတွင် မည်သူမဆို အရသာကွာခြားမှုအား သိရှိနိုင်ကြလေသည်။
‘သေနာမ နီယန် စောက်ကောင်မလေး’
နီယန်သည်သာ သူမ၏ စီးပွားရေးအား ခိုးမယူသွားခဲ့လျှင် သူမ ဤမျှလောက်အဆင့်ထိ နိမ့်ကျခံပြီး လုပ်ခဲ့မည် မဟုတ်ပေ။
ယခုတော့ ရှုပ်ပွနေသည်များအား ကြည့်လိုက်ပါဦး..... ယမန်နေ့တွင် ဆုံးရှုံးမှုတွေအား ပြန်မရခဲ့သည့်အပြင် ငွေကြေးထပ်မံ ဆုံးရှုံးသွားရသေးသည်။ သူမ မောင်လေး၏ နေထိုင်စရိတ်များ ပေးရန် ကျန်နေသေးကာ သူမ အမေဖြစ်သူသည်လည်း သူမအား သေချာပေါက် ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။
ကျူးယုံဟုန်သည် စဉ်းစားလေ ဒေါသထွက်လေ ဖြစ်လာပြီးနောက် နီယန်ကို ဆွဲဖြဲပစ်ချင်လောက်အောင် ဒေါသထွက်နေမိသည်။
သူမသည် နီယန်ထံ လျှောက်သွားလိုက်ပြီး မေးအား မော့ကာ နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမ၏ မျက်လုံးများသည် အဆိပ်သင့်နေပုံ ပေါ်နေခဲ့သည်။ မနာလိုဝန်တိုမှု မီးတောက်များသည် နီယန်အား ပြာကျသွားအောင် လောင်ကျွမ်းတော့မည့်အလား ဖြစ်နေခဲ့ကာ သူမ၏ သွားများအား ကြိတ်လျှက် ပြောလိုက်လေသည်။
“နီယန် နင့်အကြောင်း ငါသိတယ်နော်”
ထိုစကားအား ကြားချိန်တွင် နီယန်သည် လှည့်ကြည့်လိုက်ကာ ကျူးယုံဟုန်အား မဲ့ပြုံးပြုံးပြလျှက် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
“အင်း ငါတော်တယ်ဆိုတာ ငါသိပါတယ် ချီးကျူးတဲ့အတွက် ကျေးဇူးပါပဲ”
“နင်”
ကျူးယုံဟုန်သည် ဝါဂွမ်းကို ထိုးလိုက်မိသလို ခံစားလိုက်ရပြီး ဒေါသထွက်လွန်းသဖြင့် စကားမပြောနိုင် ဖြစ်သွားကာ နီယန်အား လက်ညှိုးထိုးလျှက် ပြောလိုက်လေသည်။
“နင် နင်”
ဤသည်အား မြင်သော် နီယန်၏ အပြုံးသည် ပို၍ ကြီးမားလာခဲ့သည်။ သူမသည် ရှေ့သို့ နှစ်လှမ်းတိုးလိုက် ပြီးနောက် ပညာရှိဆန်သော လေသံဖြင့် ပြောလိုက်သည်။
“ဒေါသက အသည်းကို ထိခိုက်စေတယ် နင်က ငယ်ငယ်လေး ရှိသေးတာ ဘာလို့ ကိုယ့်ခန္ဓာကိုယ်ကို နာကျင်အောင် လုပ်နေတာလဲ နင်လည်း ငယ်တော့တဲ့ အရွယ်မှ မဟုတ်တော့တာ ရိုးသားမှု မရှိတဲ့ အလုပ်တွေကို ရပ်လိုက်ပါတော့ နင် သိသင့်တာက နတ်ဘုရားတွေက နင့်ခေါင်းပေါ်ကနေ စောင့်ကြည့်နေတယ်ဆိုတာပဲ”
နောက်ဆုံးစာကြောင်းကို ပြောလိုက်ချိန်တွင် နီယန်သည် နောက်ထပ် နှစ်လှမ်း ထပ်တိုးလိုက်ပြီးနောက် နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးရိပ်တစ်ခုဖြင့် ကျူးယုံဟုန်အား ငုံ့ကြည့်တော့လိုက်သည်။
ကျူးယုံဟုန်အား ကြည့်နေသော သူမ၏ အကြည့်သည် လူရွှင်တော်တစ်ယောက်အား ကြည့်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
“နင် နင်”
ကျူးယုံဟုန်သည် ဆေးခါးကြီး စားထားသော သူတစ်ယောက်ကဲ့သို့ စကားပြောရ ခက်ခဲနေခဲ့သည်။ နီယန်အား မနာလို ဝန်တိုဖြစ်မိကြောင်း ပေါက်စီထဲမှ ဝက်သားကို အခြားအသားနှင့် လဲလှယ်ခဲ့ကြောင်း ရလဒ်အနေဖြင့် လှည့်ဖျားမှု မအောင်မြင်ဘဲ နီယန်ကိုသာ များစွာ အကျိုးရှိစေခဲ့ကြောင်း သူမ ဝန်ခံရန် မဖြစ်နိုင်ချေ။
နီယန်သည် ကျူးယုံဟုန်အား မည်သည့် စကားမှ ထပ်မံ၍ မပြောဆိုချင်တော့သည့် အတွက် လှည့်ထွက်သွားလိုက်ကာ စက်ဘီးအား တွန်းလျှက် ထွက်ခွာသွားတော့သည်။
ကျူးယုံဟုန်သည် နီယန်၏ ကျောပြင်အား ကြည့်ရင်း လက်သီးအား တင်းတင်းဆုပ်ထားလိုက်မိသည်။
‘စောင့်ကြည့်နေလိုက် မကောင်းတဲ့ ခွေးမ’
သူမ ယခုလို အရှက်တကွဲ ဖြစ်ရသည်အား ဘာမှ မဖြစ်သကဲ့သို့ မျိုသိပ်ထားမည် မဟုတ်ချေ။
**
နီယန်သည် ဟင်းသီးဟင်းရွက်ဈေးတန်းအား တစ်ပတ်ပတ်ပြီးနောက် ပါဝင်ပစ္စည်း အချို့ကို ဝယ်ယူခဲ့ကာ စက်ဘီးစီးပြီး အိမ်သို့ ပြန်လာခဲ့သည်။
ယမန်ညတွင် မိုးရွာထားသည့် အတွက် ရွာသို့ ပြန်သည့်လမ်းမှာ ရွှံ့ဗွက်များထူပြီး သွားလာရ ခက်ခဲနေခဲ့သည်။ ထို့အပြင် နီယန်၌ ပစ္စည်းအပြည့်တင်ထားသော တွန်းလှည်းပါ ပါလာသဖြင့် ခရီးလမ်းအား ပိုမို ခက်ခဲစေခဲ့သည်။ အခြေအနေအရ နီယန်သည် စက်ဘီးအား မစီးနိုင်တော့ဘဲ ဆင်းတွန်းရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ထိုအချိန်တွင် ကလေးတစ်အုပ် အဝေးမှ ပြေးလာခဲ့ကြလေသည်။
“မမနီယန်ဟေ့ မမနီယန်”
“မမနီယန်ပဲ”
ကလေးများက အားပေးအော်ဟစ်လိုက်ကြသည်။ ထိုသို့ အော်ဟစ်အားပေးသံ ကြားချိန်တွင် ရွာသားများကြား၌ သူမ မည်သည့်အချိန်မှ စ၍ ယခုကဲ့သို့ ရေပန်းစားသွားခဲ့သည်အား တွေးရင်း နီယန် အံ့သြသွားခဲ့သည်။
ဂေါ်တန် ဟုခေါ်သော ကလေးမှလွဲ၍ အခြားသော ရွာမှ ကလေးများနှင့် သူမသည် ရင်းနှီးပုံမရပေ။
သို့သော် ဂေါ်တန်သည် ယနေ့ ကျောင်းသို့ သွားလေသည်။
ဒီကလေးတွေ ဘာလုပ်ကြမလို့ပါလိမ့်...
နီယန် မည်သည့် မှတ်ချက်မှ မပေးနိုင်ခင်မှာပင် ကလေးများသည် သူမနားသို့ ဝိုင်းအုံလာကြတော့သည်။
“မမနီယန် မမကို ကူညီဖို့ သားတို့ ရောက်လာပြီ”
သူတို့ထဲမှ အချို့သည် နီယန်အား ပစ္စည်းများ ကူသယ်ပေးကြကာ အချို့သည် တွန်းလှည်းကို ကူတွန်းပေးကြလေသည်။
'အင်အားသည် စည်းလုံးခြင်း၌ တည်သည်' ဟူသော စကားအတိုင်း တွန်းလှည်းအား ရွှံ့ဗွက်အိုင်ထဲမှ လျင်မြန်စွာ တွန်းထုတ်နိုင်ခဲ့သည်။
ကလေးများ ပြန်လည် ထွက်ခွာမသွားမီ နီယန်သည် ကျေးဇူးတင်စကားပင် ပြောချိန်မရလိုက်ပါချေ။
ကောင်းမွန်စွာ ရပ်ထားသော တွန်းလှည်းအား ကြည့်လိုက်ပြီးနောက် ပြေးထွက် သွားကြပြီဖြစ်သော ကလေးများအား ကြည့်ကာ နီယန်မှ လှမ်းအော်လိုက်လေသည်။
“ကလေးတို့ရေ ကျေးဇူးပါပဲကွယ် အခွင့်အရေးရရင် မမ အိမ်ကို လာဆော့ကြနော်”
သူမစကားအား ကြားသောအခါ အနည်းငယ် အသက်ကြီးပုံရသော ကလေးတစ်ယောက် လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။
“ကိစ္စမရှိပါဘူး မမနီယန်”
ပြောပြီးသည်နှင့် သူသည် သူငယ်ချင်းများအား မီအောင် အမြန်ပြေးသွားလေတော့သည်။
ရွာမှ ကလေးများသည် ယခုလိုပင် ဖြစ်သည်။ ဖြူစင်ပြီး ကြင်နာတတ်ကြကာ ကျေးဇူးသိတတ်ကြလေသည်။
နီယန်သည် ထွက်ခွာသွားသော ကလေးများ၏ ကျောပြင်လေးများအား ကြည့်ရင်းဖြင့် နူးညံ့စွာ ပြုံးလိုက်မိသည်။
ဤကလေးများအား ကျေးဇူးတင်ကြောင်း ပြောရန်နှင့် ကြင်နာတတ်တဲ့သူများအား ဘုရားသခင်မှ မျက်နှာလွှဲ မထားဘူးဆိုသည်အား သူတို့ကို သိစေဖို့ရန် အချိန်တစ်ခု ရှာရမည် ဟု သူမ တွေးလိုက်မိသည်။
**
တစ်ချိန်တည်းမှာပင်...
ဝမ်မေဖုန်းသည် မီးဖိုချောင်ထဲတွင် တိုင်းရင်းဆေး ပြုတ်နေခဲ့သည်။ ထိုအချိန်တွင် ဧည့်ခန်းတံခါး ပွင့်သွားခဲ့ပြီး ခြေသံများနှင့်အတူ "အဖွား" ဟု ခေါ်လိုက်သော ယန်ကွေ့ပေါင်၏ အသံ ထွက်ပေါ်လာခဲ့သည်။
ပုံမှန်အားဖြင့် ကျိုးစုဟွာသည် ယန်ကွေ့ပေါင်အား နွေးထွေးစွာ တုံ့ပြန်တတ်သော်လည်း ယနေ့မှာမူ ကွဲပြားနေခဲ့ကာ ကျိုးစုဟွာ တိတ်ဆိတ်နေခဲ့သည်။
“အဖွား”
ယန်ကွေ့ပေါင်သည် ကျိုးစုဟွာနောက်မှ မီးဖိုချောင်သို့ လိုက်သွားလေသည်။ ကျိုးစုဟွာ၏ မျက်နှာထားမှာ မုန်တိုင်းထန်တော့မည့်အလား မည်းမှောင်နေခဲ့သည်။
“အမေ”
ဝမ်မေဖုန်းသည် ပြုတ်ထားသော ဆေးရည်အား ပန်းကန်လုံးထဲသို့ ထည့်လိုက်ကာ ကျိုးစုဟွာအား တွေဝေသည့်ဟန် အမူအရာဖြင့် ကြည့်လိုက်မိသည်။
ကျိုးစုဟွာသည် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
“ငါ နင့်ကို ပြောစရာရှိတယ်”
ထိုသို့ ပြောပြီးသည်နှင့် သူမ လှည့်ထွက်သွားကာ အိပ်ခန်းဘက်သို့ လျှောက်သွားလေသည်။
“ဟုတ်ကဲ့”
ဝမ်မေဖုန်းသည် ဆေးရည်အား မီးဖိုပေါ်တွင် တင်ထားခဲ့ပြီးနောက် ကျိုးစုဟွာ၏ နောက်မှ အိပ်ခန်းထဲသို့ လိုက်သွားလိုက်လေသည်။
“အမေ ဘာကိစ္စ ရှိလို့လဲ”
ဝမ်မေဖုန်းသည် ကျိုးစုဟွာ၏ ကျောပြင်အား ကြည့်ရင်း မေးလိုက်လေသည်။
“ငါ ဒီနေ့ ဒေါက်တာဝမ်ဆီ သွားခဲ့တယ်”
ကျိုးစုဟွာ လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိပေ။ ထို့နောက် သူမ မေးလိုက်လေသည်။
“နင် ဘာလို့ ငါတို့ကို လိမ်ခဲ့တာလဲ”
ဝမ်မေဖုန်း၏ မျက်လုံးများ အရောင် တောက်သွားတော့သည်။
“အမေ အမေ ဘာပြောနေတာလဲဆိုတာ သမီး နားမလည်ဘူး”
ကျိုးစုဟွာမှ တင်းမာစွာ ပြောလိုက်သည်။
“အဲဒီဆေးက ကွေ့ပါင်ရဲ့ ရောဂါကို လုံးဝ မပျောက်ကင်းစေနိုင်ဘူး ရဲဘော် ဝမ်မေဖုန်း နင် ဘာတွေ ကြိုးစားနေတာလဲ”
ဝမ်မေဖုန်း သက်ပြင်းချလိုက်မိသည်။
“သမီး စမ်းကြည့်ချင်ရုံပါ ကွေ့ပါင်ကလည်း စမ်းကြည့်ချင်တယ်တဲ့”
“စမ်းကြည့်မယ် ဟုတ်လား”
ကျိုးစုဟွာ၏ မျက်နှာသည် ဒေါသကြောင့် နီရဲလာသည်။
“နင် ဒီလိုလုပ်တာက ကွေ့ပါင်ကို ထိခိုက်စေတယ်ဆိုတာ နင် သိရဲ့လား ဟူတျယ် ဘာဖြစ်သွားလဲဆိုတာ နင်လည်း သိသားနဲ့ အဲဒီဆေးကို တိုက်နေတာ ချက်ချင်းရပ်လိုက် အဲလို ဘာမှန်းမသိတဲ့ ဆေးတွေကို သူ့ကို ထပ်မတိုက်နဲ့တော့”
ကျိုးစုဟွာသည် မြေးဖြစ်သူ၏ ကျန်းမာရေးအတွက် စိုးရိမ်နေခဲ့သည်။ ဒေါက်တာဝမ်နှင့် တိုင်ပင်ပြီးနောက် နီယန်ပေးသော ဆေးသည် ယန်ကွေ့ပေါင်၏ ရောဂါအခြေအနေအပေါ် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိဘဲ အားဖြည့်ပေးသည့် အာနိသင် အနည်းငယ်သာ ရှိကြောင်း သူမ သိရှိခဲ့ရလေသည်။
ဆေးဝါးအားလုံးတွင် ဘေးထွက်ဆိုးကျိုးများ ရှိသည်။ အထူးသဖြင့် သုံးလကြာ သောက်သုံးရမည့် ဆေးများတွင် ပို၍ ဆိုးပေသည်။ ယန်ကွေ့ပေါင်သည် ကလေးတစ်ယောက်သာ ရှိသေးသည်။ သူ့၏ခန္ဓာကိုယ်ငယ်လေးသည် ဤသည်ကို မည်ကဲ့သို့ ခံနိုင်ရည်ရှိပါမည်နည်း။ ဝမ်မေဖုန်းက သူ့ကို ကူညီနေခြင်း မဟုတ်၊ ဒုက္ခပေးနေခြင်းသာ ဖြစ်သည်။
“သမီးက ကွေ့ပါင်ရဲ့ အမေပါ ကွေ့ပါင်ကို တခြားကလေးတွေလို လွတ်လပ်ပြီး ပျော်ရွှင်တဲ့ ကလေးဘဝမျိုး ရစေချင်တဲ့ဆန္ဒ သမီးမှာ ဘယ်သူ့ထက်မဆို ပိုရှိပါတယ် အမေ သမီး အရာအားလုံးမှာ အမေ့အကြံဉာဏ်ကို လက်ခံပေမယ့် ဒီကိစ္စမှာတော့ မဟုတ်ဘူး”
ဝမ်မေဖုန်းသည် သူမ၏ ဆုံးဖြတ်ချက်အား ခိုင်မာစွာ ချထားလေသည်။ ထို့အပြင် သူမ ထင်ယောင်ထင်မှား ဖြစ်နေခြင်းလား မပြောတတ်သော်လည်း ယန်ကွေ့ပေါင် ဆေးစသောက်ကတည်းက သူ့ခွန်အားများ တိုးတက်လာပုံရလေသည်။ ဆေးသောက်သည်မှာ ငါးရက်သာ ရှိသေးသော်လည်း ဤကာလအတွင်း သူ တစ်ကြိမ်မှ ရောဂါမထခဲ့ပေ။
ချွေးမတစ်ယောက်အနေဖြင့် ဝမ်မေဖုန်းသည် ကျိုးစုဟွာအား မည်သည့် အချိန်တွင်မဆို တစ်ကြိမ် တစ်ခါမှ မဆန့်ကျင်ခဲ့ဖူးပေ။ ယခု ကျိုးစုဟွာ ဒေါသထွက်နေခဲ့ကာ တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။ သူမ တင်းမာစွာ ပြောလိုက်လေသည်။
“ဝမ်မေဖုန်း နင်က ကောလိပ်ထိ တက်ပြီး ပညာသင်ထားတာပဲ ဘာလို့ ဒီလောက် မိုက်မဲရတာလဲ ဒေါက်တာဝမ်က တော်ဝင်သမားတော်ရဲ့ မျိုးဆက်နော် နင်ပြောတဲ့ နီယန်ဆိုတာက လိုင်စင်မရှိတဲ့ တောဘက်က ဆရာဝန်တစ်ယောက်ထက် ဘာမှမပိုဘူး ဒါတောင် နင်က ဒေါက်တာဝမ်ထက် သူ့ကို ပိုယုံနေတာလား နင် ကွေ့ပါင်ရဲ့ အသက်နဲ့ ကစားနေတာပဲ ဒီနေ့ကစပြီး ငါ့မြေးကို အဲ့ဆေး မတိုက်နဲ့တော့”