← Chapters

အခန်း (၅၀)

Vol. 4 Ch. 50

အခန်း (၅၀)

Vol. 4 Ch. 50

အခန်း (၅၀) - သူမ လုပ်နိုင်ခဲ့ပြီ

ကိစ္စရပ်များသည် ဤအခြေအနေထိ တစ်စတစ်စ ကြီးမားလာလိမ့်မည်ဟု ထိုလူကောင်ကြီးကြီးနှင့် လူနှစ်ယောက်သည် လုံးဝ မျှော်လင့် ထားခဲ့ကြခြင်း မရှိပေ။ သူတို့နှစ်ယောက်လုံး ထိတ်လန့် တုန်လှုပ်လာခဲ့ကာ ဇောချွေးများ စတင်ထွက်ပေါ်လာခဲ့ကြသည်။ တစ်ယောက် နှင့် တစ်ယောက် အပြန်အလှန် ကြည့်လိုက်ပြီးနောက် အချင်းချင်း နားလည်မှု ရသွားခဲ့တော့သည်။ လူအုပ်ကြီး သတိမထားမိသည့် အခွင့်အရေးအား အသုံးချကာ ထွက်ပြေးရန်အတွက် ပြင်ဆင်သည့် အနေဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကြလေသည်။

သူတို့ ထွက်ပြေးရန် ပြင်ဆင်နေစဉ်မှာပင် ဖြူဖျော့ကာ နူးညံ့လှသည့် လက်တစ်စုံသည် သူတို့ ပခုံးတစ်ဖက်စီပေါ်သို့ လာရောက် တင်ထားလိုက်သည်အား ခံစားလိုက်ရသည်။ ထို လက်တစ်စုံသည် သူတို့အား အပေါ်ယံ တင်ထားဟန် မြင်ရသည့် တိုင်အောင် တကယ်တမ်းတွင် မည်မျှ အားပါသည်ကိုမူ ထိုလူဆိုး နှစ်ယောက်သာ သိလေသည်။

"ထွက်ပြေးဖို့ စဉ်းစားနေတာလား အဲ့လောက် မလွယ်ဘူးနော်"

နီယန်သည် ပေါ့ပေါ့ပါးပါး ပြောဟန်ဖြင့် ပြောဆိုလိုက်ကာ ထို လူနှစ်ဦးအား မျက်ခုံးပင့်ပြလိုက်လေသည်။

"သူတို့ကို အလွတ်မပေးနဲ့ ဖမ်းထားလိုက်ကြ"

လူအုပ်ကြီးသည် ထိုလူကောင်ကြီးကြီး နှစ်ဦးအား ချုပ်နှောင်ရန်အတွက် နီယန်ဘက်မှ နေ၍ ချက်ချင်း ကူညီပေးကြလေသည်။ အချို့သည် ထိုလူများအား တုပ်နှောင်ရန် ခါးပတ်များကိုပင် ဖြုတ်ပေးကြလေသည်။

"လူယုတ်မာတွေ မင်းတို့ကြောင့် ငါတို့ ဆိုင်ရှင်လေးကို အထင်လွဲတော့မလို့"

လူအုပ်ကြီးထဲမှ တစ်ယောက်သည် လူကောင်ကြီးကြီး တစ်ယောက်အား အားထည့်ကာ ကန်လိုက်သည်။

"ဒါပေါ့ ကံကောင်းလို့ ငါတို့ သူဌေးလေးက အကင်းပါးပြီး ရိပ်မိလို့"

သူဌေးလေးအား အကွက်ဆင်ခြင်းသည် အရေးမကြီးချေ။ အရေးကြီးသည်မှာ နောင်တွင် ဤမျှ အရသာရှိသည့် ခေါက်ဆွဲများအား သူတို့ စားရတော့မည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။

"ဒီလိုလူမျိုးတွေက ထောင်ထဲမှာပဲ အချိန်ကုန်ပြီး နောင်တရနေသင့်တာ"

"ငါ ရဲခေါ်လိုက်မယ်"

ဤကဲ့သို့ ပြင်းထန်သော နှိမ်နင်းရေး ကာလအတွင်း ထိုကဲ့သို့ တမင်သက်သက် ရန်စသည့် လုပ်ရပ်များအား လူမိုက်ဆန်ကာ ရမ်းကားသည့် အပြုအမူအဖြစ် သတ်မှတ်ကာ ဥပဒေအရ အရေးယူနိုင်လေသည်။

ထို့အပြင် ထိုကဲ့သို့ ပြုလုပ်ခြင်း၏ အရှက်ရဖွယ် အမည်းစက်သည် သူတို၏နောက်သို့ တစ်သက်လုံး လိုက်ပါနေမည်ဖြစ်ကာ သူတို့၏ မိသားစုများကိုပါ တိုက်ရိုက် သက်ရောက်မှု ရှိစေမည် ဖြစ်သည်။

ထိုစကားအား ကြားချိန်တွင် လူကောင်ကြီးနှစ်ဦးသည် ချက်ချင်း ထိတ်လန့်သွားကာ တောင်းပန်ကြလေတော့သည်။

"ရဲမခေါ်ပါနဲ့ ခင်ဗျားတို့ကို တောင်းပန်ပါတယ် ရဲမခေါ်ကြပါနဲ့ နောက်တစ်ခါ မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ် တကယ်ပါ နောက် မလုပ်ရဲတော့ပါဘူး ကျုပ်တို့ကို လူကောင်းဖြစ်ဖို့ ဒုတိယအခွင့်အရေး ပေးကြပါဗျာ"

ထိုလူကောင်ကြီးများသည် အစောပိုင်းမှ ကြမ်းတမ်းခက်ထန်သည့် ပုံစံမျိုးနှင့် လုံးဝ မတူတော့ချေ။ အစောပိုင်းတွင် နီယန်သည် အံကြိတ်ခံရတော့မည်ဟု သူတို့ ထင်ခဲ့ကြခြင်း ဖြစ်သည်။ သူမ ဤမျှလောက် လှပစွာ တန်ပြန် တိုက်စစ်ဆင်နိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြချေ။ ဤဖြစ်ရပ်သည် နူးညံ့သိမ်မွေ့သည့် မိန်းကလေးငယ် တစ်ဦးအပေါ် ဈေးသည်များ၏ အမြင်အား လုံးဝ ပြောင်းလဲသွားစေခဲ့သည်ဟု ဆိုလျှင်လည်း မမှားချေ။

လူကြီးများပင် မလုပ်နိုင်ခဲ့သည့် အရာအား သူမ လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အခြေအနေများသည် ယခုလို ပြောင်းလဲကာ ဖြစ်သွားလိမ့်မည်ဟု ကျူးယုံဟုန် လုံးဝ မမျှော်လင့်ခဲ့ပေ။သူမ၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားကာ ခြေထောက်များ တုန်ယင်လာခဲ့သည်။

အခု ဘယ်လိုလုပ်ကြမလဲ...

အခု ဘယ်လိုလုပ်ကြမလဲ....

ထို အရူးနှစ်ကောင်သည် သူမအား သေချာပေါက် ဖော်ကောင်လုပ်တော့မည် ဖြစ်သည်။

‘နီယန်.. ဒီကောင်မစုတ်လေးက ဘယ်က ရောက်လာတာလဲ ဒါတောင် သူ့ကို ဖြုတ်ချဖို့ မလုံလောက်သေးဘူးလား...’

ထိုအရူးနှစ်ကောင်သည် သူမအကြောင်း ရဲအား မတိုင်ရန်သာ မျှော်လင့်ရမည်ပင်.....

ကျူးယုံဟုန်၏ စိတ်ထဲတွင် ဆုတောင်းနေမိသည်။ သူမ၏ နဖူးနှင့် ကျောရိုးတစ်လျှောက်တွင် ချွေးစေးများ ထွက်ပေါ်လာခဲ့ချေပြီ။

ရဲများသည် လျင်မြန်စွာ ရောက်ရှိလာခဲ့ကာ လူကောင်ကြီးနှစ်ယောက်အား ရဲစခန်းသို့ ခေါ်ဆောင်သွားတော့သည်။ နီယန်နှင့် အခြားသော ဈေးသည်များသည်လည်း နစ်နာသူများနှင့် သက်သေများအဖြစ် လိုက်ပါသွားခဲ့ရသည်။

ကံကောင်းသည်မှာ နီယန်တွင် ရောင်းချရန် အတွက် ခေါက်ဆွဲဟင်းရည် များများစားစား မကျန်တော့ချေ။ သူမ၏ ဆိုင်အား အလျင်အမြန် သိမ်းဆည်းပြီးနောက်တွင် အခြားသူများနှင့်အတူ ရဲစခန်းသို့ လိုက်သွားခဲ့လေသည်။

ရဲစခန်းတွင် ဖြစ်ပျက်ခဲ့သမျှ အလုံးစုံအား ထိုလူကောင်ကြီးနှစ်ယောက်သည် ဝန်ခံခဲ့ကြသည်။ တကယ်တမ်းတွင် ပေါက်စီရောင်းသည့် ကျူးယုံဟုန်သည် အရာအားလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူ ဖြစ်နေခဲ့သည်။ အမှန်တရားအား သိလိုက်ရချိန်တွင် အခြားသော ဈေးသည်များမှာ မနေနိုင်ဘဲ ညည်းတွားလိုက်မိကြသည်။

"ကျူးယုံဟုန်ဆိုတဲ့ ကလေးမက ဒီလို လူစားမျိုး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

"ကျွတ် ကျွတ် ကျွတ်/ ကြည့်ရတာတော့ လူကောင်းလေးလိုလိုနဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ရက်လိုက်တာ"

"အဲ့ဒီ သားအမိကို မြင်ကတည်းက ရိုးရှင်းတဲ့ သူတွေ မဟုတ်ဘူးဆိုတာ ငါ သိပြီးသားပါ"

"ငါတို့လမ်းထဲမှာ ဘယ်လိုလုပ် ဒီလိုလူမျိုးတွေ ရှိနေရတာလဲ"

ယခုအချိန်တွင် အမှန်တရား ပေါ်ပေါက်လာပြီဖြစ်ရာ ကျူးယုံဟုန်သည် သူမ၏ ပြစ်မှုများအတွက် သံတိုင်များနောက်တွင် ပေးဆပ်ရတော့မည် ဖြစ်သည်။

ရဲများ ကျူးမိသားစု၏ အိမ်သို့ ရောက်ရှိချိန်တွင် ကျူးယုံဟုန်သည် ညစာစားနေခဲ့သည်။ သူမ၏ စိတ်အတွင်း၌ မျှော်လင့်ချက် ရောင်ခြည်သန်းလေး တစ်ခုအား ဆုပ်ကိုင်ထားခဲ့သည်။ ရဲများအား မြင်လိုက်ရသည့် အချိန်ခဏတာတွင် သူမသည် အလွန်ကြောက်လန့်သွားခဲ့ကာ တူများ လွတ်ကျသွားလေသည်။

နီယန် ရဲစခန်းမှ ထွက်လာချိန်တွင် မွန်းလွဲ ၁၂ နာရီခွဲနေပြီ ဖြစ်သည်။ အပြင်ဘက်တွင် လေပြေလေညှင်းလေး တိုက်ခတ်နေခဲ့ကာ နေရောင်ခြည်မှာ အနေတော်လေးပင် ဖြစ်သည်။

ထိုသို့ တောက်ပလှသော နေရောင်ခြည်အား မြင်လိုက်ရသဖြင့် နီယန်၏ စိတ်အခြေအနေသည် ကြည်လင်တက်ကြွလာခဲ့သည်။ သူမ၏ လက်ဖြင့် မျက်လုံးများအား ကာလျက် နေရောင်အား မော့ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းဖျားလေးပေါ်တွင် အပြုံးပန်းလေး တစ်ပွင့် လှပစွာ ပွင့်လန်းလာခဲ့သည်။

ငယ်ရွယ်ရတာ အရမ်းကောင်းတဲ့ ခံစားချက်ပဲ....

ဤသို့ဖြင့် နီယန်သည် နေမင်းကြီးကို ငေးကြည့်ရင်း ယခင်အချိန်များတွင် မကြုံဖူးခဲ့သည့် သက်တောင့်သက်သာရှိမှု လှိုင်းလုံးတစ်ခုအား ခံစားနေမိသည်။

ထိုအချိန်တွင် မိုဘိုင်ချွမ်းသည် ရဲစခန်းဝင်းထဲသို့ ခြေချလိုက်သည့် ခဏ၌ သူ့ရှေ့တွင် ရှိသည့် မြင်ကွင်းတစ်ခုကြောင့် ဖမ်းစားခြင်း ခံလိုက်ရသည်။

နေရောင်ခြည်အောက်က သူမသည် ဖျော့တော့စွာ ပြုံးနေခဲ့ကာ ရွှေရောင် အလင်းတန်းများ လွှမ်းခြုံထားသည့် နွေရာသီ ပန်းပွင့်လေး တစ်ပွင့်ကဲ့သို့ တောက်ပနေခဲ့သည်။ လေပြေလေညှင်းလေးများ တိုက်ခတ်လာသဖြင့် သူမ၏ ဆံနွယ်များမှာ လေထဲတွင် ကခုန်နေပြီး ပြီးပြည့်စုံလှသည့် အကွေးအဝိုက်တစ်ခု ဖြစ်ပေါ်နေခဲ့သည်။ ပန်းချီကားတစ်ချပ်ထဲတွင် ရေးဆွဲထားသကဲ့သို့ အမှန်တကယ်ပင် ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းပင် ဖြစ်နေခဲ့သည်။

‘ထိုလူအား ရင်းနှီးနေသလိုပင်..ဖြစ်နေချေသည်။’

မိုဘိုင်ချွမ်းသည် မျက်လုံးအား အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။ သူ၏ နက်ရှိုင်းကာ ဖီးနစ်ငှက် မျက်ဝန်းကဲ့သို့သော မျက်လုံးများထဲတွင် အမှောင်ထုများ ပြည့်နှက်နေခဲ့ကာ နှုတ်ခမ်းများမှာလည်း မျဉ်းဖြောင့် တစ်ကြောင်းကဲ့သို့ ဖြစ်လုနီးပါး စေ့ထားလေသည်။ သူ့ပတ်ဝန်းကျင်ရှိ အော်ရာ အရှိန်အဝါမှာ ချက်ချင်းပင် အေးစက်သွားခဲ့သည်။

သူ မှတ်မိပြီ ဖြစ်သည်။

ဤသူမှာ မုယန် ပင် ဖြစ်သည်။

သူ့အား ကယ်တင်ခဲ့ဖူးကာ သူ၏ နာရီအား အခန့်သင့်သလို ခိုးယူသွားခဲ့သည့် ဟိုတောသူမလေးပင် ဖြစ်သည်။ ဤမျှ ကြည့်ကောင်းလှသည့် မျက်နှာလေးအား သူ မေ့မည် မဟုတ်ချေ။

ထိုကောင်မလေးသည် အလွန်လှပကာ မည်သည့် အတွက်ကြောင့် ခိုးဝှက်သည့် အလုပ်အား လုပ်ရသည် ဆိုသည်အား စဉ်းစားစရာပင် ဖြစ်သည်။

လှပသည့် မျက်နှာလေး ဖြင့် နှမြောစရာပင်...

ထို့အပြင် သူမ သူ့အား မြင်လိုက်လေသလား....

အကယ်၍ သူမ သူ့အား မြင်လိုက်ရလျှင် မည်သည့် အတွက်ကြောင့် ဤမျှ လျစ်လျူရှုသည့်ဟန်ဖြင့် ဟန်ဆောင်နေရသနည်း။

တစ်ဖက်သား စိတ်ဝင်စားလာအောင် လိုက်ရခက်တယ်ဆိုသော နည်းဗျူဟာဖြင့် ကစားချင်နေသည်လား.....

သို့သော် လီရှန်းရှန်း၏ စုံစမ်းစစ်ဆေးချက်များအရ မူယန်သည် အိမ်ထောင်ကျပြီးသူ တစ်ဦး ဖြစ်သည်။ အိမ်ထောင်ကျပြီးသား သူတစ်ဦး ဖြစ်နေပြီးလျှင် မည်သည့်ကိစ္စဖြင့် ခက်ခဲဟန်ဆောင်နေရသနည်း။ သူမ ယခုထက်ပို၍ ဣန္ဒြေရရ နေထိုင်၍ မရနိုင်သည်လား။

ထို့အပြင် မည်သည့်အတွက်ကြောင့် သူ၏ နာရီအား ခိုးခဲ့ရသနည်း။

ခဏအတွင်းမှာပင် မိုဘိုင်ချွမ်း၏ ခေါင်းထဲ၌ အတွေးပေါင်း ရာချီ ဖြတ်သန်းသွားခဲ့သည် ထိုအချိန်မှာပင် သူ၏ လက်ထောက်မှ သူ့အား သတိပေးလိုက်သည်။

"မစ္စတာမို မစ္စတာလင်နဲ့ တွေ့ဆုံဖို့ အချိန်ကျပါပြီ"

"အင်း"

မိုဘိုင်ချွမ်းသည် ခန့်ညားထည်ဝါသည့် အပြုအမူအား ဆက်လက် ထိန်းသိမ်းထားလျှက်ဖြင့် ပြန်ဖြေလိုက်သည်။

"ဝင်သွားကြစို့"

ထိုအချိန်၌ နီယန်သည်လည်း တံခါးပေါက်ဆီသို့ ဦးတည်သွားနေခဲ့သည်။ သူတို့နှစ်ဦးသည် တစ်ယောက်နှင့် တစ်ယောက် ပခုံးချင်း တိုက်လုနီးပါး ဖြတ်ကျော်သွားကြတော့သည်။ လေပြေ လေညှင်းများ ကြားတွင် မိုဘိုင်ချွမ်းသည် အသာအယာ ရှုရှိုက်လိုက်မိသည်။

သူသည် သင်းပျံ့လှသည့် ရနံ့တစ်ခုအား ရရှိလိုက်ပုံရသည်။

ဖျော့တော့သည့် ရနံ့ သင်းသင်းလေး... ဝါးနံ့လိုလိုပင် .....သစ်ခွနံ့ မဟုတ်ချေ။ သို့သော် ဇီးပန်းနံ့ သဲ့သဲ့လေး ပါနေသလိုပင် ဖြစ်သည်။ သူတို့နှစ်ဦး တစ်ယောက်နှင့် တစ်ယောက် ဖြတ်သွားချိန်တွင် နီယန်သည် သူ့အား မှတ်မိလိမ့်မည်ဟု မိုဘိုင်ချွမ်း ထင်မှတ်ခဲ့လေသည်

မည်သို့ပင် ဆိုစေကာမူ သူမ ဒုက္ခရောက်နေချိန်၌ ပေကျင်းသို့ လာကာ သူ့အား ရှာဖွေနိုင်ကြောင်း သူသည် နီယန်အား ကတိပေးခဲ့ဖူးသည် မဟုတ်ပါလော။ ထို့ကြောင့် သူမ ပေကျင်းသို့ လာရသည့် ရည်ရွယ်ချက်သည် သူ့ကြောင့်သာ ဖြစ်ပေမည်။

သို့သော် ကိစ္စရပ်များသည် မိုဘိုင်ချွမ်း မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။ နီယန်သည် သူ့အား မမှတ်မိရုံသာမက သူ့အား အပိုအကြည့်တစ်ချက်ပင် မကြည့်ခဲ့ချေ။

(ငါတို့ မမနီယန် မိုက်လိုက်တာကွာ ဟိုတစ်ယောက်ကလည်း ကွကို အထင်ကြီးနေတယ် နည်းတောင်နည်းသေးတယ်)

အချိန်ကုန်ခြင်းသည် မြန်ဆန်လှပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ နီယန်၏ စီးပွားရေးသည်လည်း ဤသုံးရက်အတွင်း အလွန်ပင် ကောင်းမွန်နေခဲ့သည်။

ယနေ့ မနက်ပိုင်းကတည်းမှ မိုးအဆက်မပြတ် ရွာနေခဲ့သည်။ ခေါက်ဆွဲများ အကုန်ရောင်းပြီးနောက်တွင် နီယန်သည် အိမ်သို့ အလျင်အမြန် ပြန်လာခဲ့လိုက်လေသည်။

မိုးရွာသော နေ့ရက်များတွင် အိမ်မှာ နှပ်နေကာ နေကြာစေ့စားကာ တီဗီကြည့်ရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။ သို့သော် သူမ တီဗီမဝယ်နိုင်သေးသည်အား ထည့်တွက်လိုက်သောအခါ နီယန်သည် ထိုအစီအစဉ်အား ဖျက်လိုက်ရလေတော့သည်။

နီယန် မီးဖိုချောင်သို့ သွားပြီး ဂျုံနယ်လျှက် ခရမ်းချဉ်သီး ပန်းသီးနှင့် ငှက်ပျောသီးအချို့အား လှီးဖြတ်လိုက်ကာ သရေစာအဖြစ် ပေါင်မုန့်နှင့် သစ်သီးခြောက်များ ဖုတ်ရန် မီးဖိုကို မီးမွှေးလိုက်သည်။

သူမ ပြင်ဆင်ပြီးသွားသည်နှင့် ယန်ကွေ့ပေါင်သည် ဂေါ်တန်လေးနှင့် လက်ချင်းချိတ်ကာ အပြင်မှနေ၍ ပြုံးရွှင်စွာ ဝင်လာခဲ့ကြသည်။

"မမ"

"မမ နီယန်"

All Chapters