← Chapters

အခန်း (၅၂)

Vol. 4 Ch. 52

အခန်း (၅၂)

Vol. 4 Ch. 52

အခန်း (၅၂) - ကျေးဇူးပြု၍ ပြန်လာပါ

ညီအစ်ကိုဝမ်းကွဲ နှစ်ယောက်သည် အသက် တစ်နှစ်သာ ကွာခြားကာ ငယ်စဉ်ကတည်းမှ နေ၍ တစ်ယောက်နှင့် တစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်ခင်ခဲ့ကြပြီး အခြား ညီအစ်ကို မောင်နှမ အရင်းများ ထက်ပင် ပိုမို ရင်းနှီးကြခဲ့ကြသည်။

"ကိုကြီးသုံး ဒီတစ်ခေါက် အိမ်မှာ နည်းနည်း ပိုကြာကြာ နေပြီးတော့ အဘွားနဲ့ အချိန် ပိုပေးသွားမလို့လား"

ဆုန်းပေချန်မှ သာမာန်ကာလျှံကာဖြင့် မေးလိုက်လေသည်။ နည်းပြမို၏ မျက်လုံးများသည်လည်း မိုဘိုင်ချွမ်းအား ကြည့်လျှက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ မိုဘိုင်ချွမ်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်လျှက် ပြန်ပြောလိုက်သည်။

"မနေနိုင်လောက်ဘူး ဒီတစ်ခေါက်က တာဝန်နဲ့ လာတာဆိုတော့ သဘက်ခါလောက်ဆို ပြန်သွားရလိမ့်မယ်"

နည်းပြမို ခဏမျှ အံ့သြသွားပြီးနောက် ပြောလိုက်သည်။

(** ‘ နည်းပြမို ‘ ဆိုတာ အဖွားမိုကိုပဲ ပြောတာပါနော် မူရင်းမှာ နည်းပြမိုလို့ သုံးလိုက် အဖွားမိုလို့ သုံးလိုက်မို့ ပါ **)

"ဟယ် မြန်လိုက်တာ"

ထို့နောက် သူမသည် နောင်တရသည့် လေသံဖြင့် ထပ်မံ ပြောဆိုလိုက်သည်။

"မနက်ဖြန်ကျရင် သားကို ကျိုးမိသားစုက သမီးလေးနဲ့ တွေ့ခိုင်းဖို့ စီစဉ်ထားတာကို"

မိုဘိုင်ချွမ်းသည် အသက်အရွယ် အတော်ရနေပြီ ဖြစ်သည့်တိုင်အောင် မိန်းကလေး တစ်ယောက်၏ လက်ကိုပင် မကိုင်ဖူးသေးသဖြင့် နည်းပြမိုမှာ အမှန်တကယ် စိုးရိမ်ပူပန်နေမိခြင်း ဖြစ်သည်။ (** အမလေး ငါတို့မိဘတွေနဲ့များ ကွာပါ့ဟယ် **)

နေ့စဉ်နေ့တိုင်း သူမသည် မိုဘိုင်ချွမ်းအတွက် ဘလိုင်းဒိတ် စီစဉ်ပေးရန် စဉ်းစားနေခဲ့သည့် တိုင်အောင် စိတ်ပျက်စရာ ကောင်းသည်မှာ မိုဘိုင်ချွမ်းသည် အမြဲတမ်း အလုပ်ရှုပ်နေလေ့ရှိသည်။

ထိုစကားအား ကြားသောအခါ လှပသော မျက်နှာလေးတစ်ခု၏ ပုံရိပ်သည် မိုဘိုင်ချွမ်း၏ စိတ်ထဲတွင် ပေါ်လာသည်။ သူ၏ ရှက်ရွံ့နေမှုအား ဖုံးကွယ်ရန် လက်သီးဖြင့် ပါးစပ်ကို ကာလျှက် ချောင်းဟန့်လိုက်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ကျွန်တော် ငယ်ပါသေးတယ် အလျင်လိုစရာ မလိုပါဘူး"

"မင်း အသက် နှစ်ဆယ့်ခြောက်နှစ် ရှိနေပြီလေ ဒါကိုတောင် ငယ်သေးတယ်ဟုတ်လား"

နည်းပြမိုမှ မနေနိုင်စွာဖြင့် စိုးရိမ်တကြီး ပြောလိုက်သည်။

"မင်းအသက်လောက်တုန်းက မင်းအဘွားဆိုရင် မင်းအဒေါ်တောင် ပတ်ပြေးတတ်တဲ့ အရွယ် ရောက်နေပြီ ငါ ဂရုမစိုက်ဘူး မနက်ဖြန် ကျိုးမိသားစုက ကလေးမနဲ့ မင်း မဖြစ်မနေ တွေ့ရမယ် ငါပြောမယ် သူက အလှဘုရင်မလေး ဖြစ်ရုံတင်မကဘူး နိုင်ငံခြားမှာ ပညာသင်ခဲ့တဲ့ ထိပ်တန်းကျောင်းသူ တစ်ယောက်ပဲ ဘာပဲပြောပြော မင်းအဘွားကတော့ သဘောကျတယ်"

နည်းပြမို အမှန်တကယ် သဘောကျသည့်သူမှာ လီရှန်းရှန်း ဖြစ်သည် သို့သော် မိုဘိုင်ချွမ်းသည် လီရှန်းရှန်း အပေါ် လုံးဝ စိတ်ဝင်စားခြင်း မရှိပေ။ အခြားရွေးချယ်စရာ မရှိတော့သဖြင့် နည်းပြမိုသည် အရန်အစီအစဉ် အနေဖြင့် အခြားမိန်းကလေးများကိုသာ မိုဘိုင်ချွမ်းနှင့် မိတ်ဆက်ပေးရလေတော့သည်။

မိုဘိုင်ချွမ်းသည် သူ့အတွက် အကာအကွယ် ယူသည့်အနေဖြင့် ဆုန်းပေချန်အား သူ့ဘေးသို့ ဆွဲခေါ်လိုက်ပြီးနောက် ပြောလိုက်သည်။

"ပေချန်က ကျွန်တော့်ထက် လပိုင်းလောက်ပဲ ငယ်တာ သူကလည်း လူပျိုကြီးပဲ မဟုတ်ဘူးလား"

ဆုန်းပေချန်သည် အကိုဖြစ်သည့် သူ့အား ညှာတာမှုမရှိဘဲ ချက်ချင်း ပြန်ပက်ကာ ပြောလိုက်သည်။

"ကျွန်တော်က ရည်းစားနဲ့ လမ်းခွဲထားတာဖြင့် မကြာသေးဘူးလေ ပြီးတော့ မိန်းကလေးတစ်ယောက်ရဲ့ လက်ကိုတောင် မကိုင်ဖူးတဲ့ ကိုကြီးလို နှစ်ရှည်လများ လူပျိုသိုးကြီး လုပ်နေတဲ့သူနဲ့တော့ အခြေအနေ မတူဘူးနော်"

နည်းပြမိုသည်လည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ပေချန်ပြောတာ မှန်တယ် သူ ရည်းစားမရှိတာက သူ့စိတ်ကြိုက် လူကို မတွေ့သေးတာရယ် သူ့အတွက် မှန်ကန်တဲ့သူ မတွေ့သေးတာတွေကြောင့်ပဲ မင်းရဲ့ အခြေအနေနဲ့ မတူဘူး"

ထိုသို့ ပြောပြီးနောက် နည်းပြမိုသည် မိုဘိုင်ချွမ်းအား ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"ပြောစမ်းပါဦး ရှန်းရှန်းလေးအပေါ် မင်းဘယ်လိုမြင်လဲ"

လီရှန်းရှန်းအကြောင်း ပြောလာချိန်တွင် မိုဘိုင်ချွမ်းသည် သာမာန်ကာလျှံကာဖြင့် ပြန်ပြောလိုက်သည်

"ထူးထူးခြားခြား ဘာမှ မရှိပါဘူး အဘွား အဘိုးကို ပြောလိုက်ပါ ကျွန်တော့်ကို ကြုံရာလူတွေနဲ့ တွဲမပေးပါနဲ့တော့လို့"

ထိုစကားကို ကြားသောအခါ နည်းပြမို၏ မျက်နှာထား ပြောင်းလဲသွားပြီး

"ဟိုလူဒီလူ ဆိုတာ ဘာအဓိပ္ပာယ်လဲ ရှန်းရှန်းက ကြုံရာလူ မဟုတ်ဘူး ငါတို့မိသားစုရဲ့ အသက်သခင် ကျေးဇူးရှင် မင်း သူ့ကို မကြိုက်တာ ကိစ္စမရှိပါဘူး ဒါတွေက အချိန်ယူရမယ့် ကိစ္စတွေပဲလေ..."

"ပြီးတော့ ငါ မင်းအတွက် ကျိုးမိသားစုက သမီးလေးနဲ့ တွေ့ဆုံဖို့ စီစဉ်ပြီးပြီ မနက်ဖြန်မနက် အနောက်လမ်းဆုံက ကော်ဖီဆိုင်မှာ မင်း သူနဲ့ သွားတွေ့ရမယ် သူက နိုင်ငံခြားပြန် ကျောင်းသူဆိုတော့ မင်းသွားတဲ့အခါ ပန်းစည်းလေး တစ်စည်းလောက် ယူသွားတာ အကောင်းဆုံးပဲ"

"ဘာပဲဖြစ်ဖြစ် မင်းက ရှန်းရှန်းကို မကြိုက်သေးဘူးဆိုတော့ တခြားမိန်းကလေးတွေနဲ့ တွေ့လည်း ပြဿနာမရှိပါဘူး..."

မိုဘိုင်ချွမ်း၏ မျက်နှာပေါ်ရှိ အမူအရာ ပြောင်းလဲသွားပြီးနောက် ခေါင်းစဉ်လွှဲရန် ကြိုးစားလိုက်လေတော့သည်။

"ပေချန် ဒီရက်ပိုင်း မင်း အဘွားဆီကို မနက်တိုင်း အရမ်းစားကောင်းတဲ့ ခေါက်ဆွဲ ပို့ခိုင်းနေတယ်ဆို ဟုတ်လား"

ဆုန်းပေချန်သည် သူ၏ အစ်ကိုဝမ်းကွဲ စကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပာယ်အား နားလည်လိုက်သည့်အတွက် အစ်ကိုဖြစ်သူအတွက် ပူးပေါင်းပေးလိုက်သည်။

"ဟုတ်တယ် လွန်ခဲ့တဲ့ ရက်နည်းနည်းက အဘွား ခံတွင်းပျက်နေတာလေ အဲ့ဒီခေါက်ဆွဲကြောင့်ပဲ အဘွား တစ်ခုခု စားနိုင်ခဲ့တာ"

နည်းပြမို မျက်မှောင်ကြုတ်လိုက်ပြီးကာ ပြောလိုက်သည်။

"မိုဘိုင်ချွမ်း စကားလမ်းကြောင်း လွှဲဖို့ မစဉ်းစားလိုက်နဲ့နော်"

သူမ အသက်ကြီးနေပြီ ဖြစ်သည့်အတွက် သူမအား အလွယ်တကူ လှည့်စားလို့ ရမည်များ ထင်နေသလား။ မိုဘိုင်ချွမ်းသည် နည်းပြမို၏ စကားအား အရူးကွက်နင်းလျှက် နားမလည်ယောင်ဆောင်ကာ ဆက်ပြောလိုက်သည်။

"မနက်တိုင်း တစ်ယောက်ယောက်ကို သွားဝယ်ခိုင်းရတာ အလုပ်ရှုပ်လွန်းတယ် ခေါက်ဆွဲလုပ်တဲ့သူကို အိမ်ခေါ်လာပြီး ကိုယ်ပိုင်စားဖိုမှူးအဖြစ် ငှားလိုက်တာ ပို မကောင်းဘူးလား ပြီးတော့ ခေါက်ဆွဲချည်းပဲ စားနေရရင် ငြီးငွေ့စရာကောင်းပြီး အာဟာရလည်း လုံလောက်မှာ မဟုတ်ဘူး တကယ်လို့ စားဖိုမှူးကို အိမ်ခေါ်ထားရင် အဘွားအတွက် လတ်ဆတ်တဲ့ ခေါက်ဆွဲတွေ လုပ်ပေးနိုင်ရုံတင်မကဘူး တခြားဟင်းလျာတွေပါ ချက်ပေးနိုင်မှာ ဒီလောက် စားကောင်းတဲ့ ခေါက်ဆွဲကို လုပ်တတ်မှတော့ သူ့ရဲ့ ချက်ပြုတ်မှု စွမ်းရည်ကလည်း ထိပ်တန်းအဆင့် ရှိမှာ သေချာတယ်"

ထိုစကားအား ကြားလိုက်ရသောအခါ အစောပိုင်းတွင် ဒေါသထွက်နေသည့် နည်းပြမို၏ မျက်နှာမှာ ချက်ချင်း ဝင်းပသွားခဲ့သည်။ သူမသည် ခေါင်းအား အကြိမ်ကြိမ် ညိတ်လိုက်ပြီး ပြောလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ချွမ်းချွမ်းပြောတာ မှန်တယ်"

သူမ ထိုခေါက်ဆွဲအား အမှန်တကယ် နှစ်သက်လေသည်။ အနပ်တိုင်း ထိုခေါက်ဆွဲအား စားချင်မိသည်။ ထို့အပြင် မိုဘိုင်ချွမ်း ပြောသည်မှာလည်း အဓိပ္ပာယ်ရှိပေသည်။ စားဖိုမှူး၏ ခေါက်ဆွဲသည်ပင် ဤမျှလောက် စားကောင်းနေသည် ဆိုလျှင် တခြားဟင်းလျာများသည်လည်း စားကောင်းလိမ့်မည် ဖြစ်သည်။

နည်းပြမိုသည် စားဖိုမှူး ချက်ပြုတ်ပေးမည့် ဟင်းလျာများအား မြည်းစမ်းကြည့်ရန် စိတ်အားထက်သန်နေပြီ ဖြစ်သည်။ မိုဘိုင်ချွမ်းသည် စကားလမ်းကြောင်းအား အလွယ်တကူ လွှဲပြောင်းနိုင်လိုက်ပြီး ဖြစ်ကာ နည်းပြမိုအား ဤမျှ ပျော်ရွှင်အောင် လုပ်နိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ ဆုန်းပေချန်သည်ပင် မိုဘိုင်ချွမ်းအား လေးစားရုံမှတစ်ပါး အခြားမရှိတော့ချေ။ ဆုန်းပေချန်သည် ရယ်မောလိုက်ပြီးနောက် ပြောလိုက်သည်။

"ကောင်းပါပြီ အဘွား မနက်ဖြန် မိုးလင်းတာနဲ့ ရှောင်လီကို သွားပြီး စီစဉ်ခိုင်းလိုက်ပါ့မယ်"

နည်းပြမိုမှ သဘောတူညီစွာ ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။

"ကောင်းပြီ ကောင်းပြီ ကောင်းပြီ ဒါဆို ရှောင်လီကို သေချာ ရှင်းပြခိုင်းလိုက် အဲ့ဒီစားဖိုမှူးရဲ့ လက်ရာက တကယ် ထူးခြားကောင်းမွန်တယ် ငါတို့ သာမန်လစာထက် ပိုပေးလို့ ရတယ်"

"ဟုတ်ကဲ့ပါဗျ"

ဆုန်းပေချန်မှ ပြန်ဖြေလိုက်သည်။ စကားဝိုင်းသည် ဘလိုင်းဒိတ် ကိစ္စဆီသို့ ပြန်လှည့်လာတော့မည်အား မြင်လိုက်သဖြင့် မိုဘိုင်ချွမ်းသည် ဆိုဖာမှ ထရပ်လိုက်ကာ ပြောလိုက်လေသည်။

"ကျွန်တော် အပေါ်ထပ်တက်ပြီး ရှောင်တျယ်ကို သွားကြည့်လိုက်ဦးမယ်"

မိုဟူတျယ် အကြောင်း ပြောလိုက်သဖြင့် နည်းပြမို၏ မျက်နှာပေါ်တွင် ဝမ်းနည်းရိပ်သန်းသွားပြီးနောက် စိတ်မကောင်းစွာဖြင့် ပြေလိုက်သည်။

"ငါလည်း လိုက်ကြည့်ဦးမယ်"

ဆုန်းပေချန်သည်လည်း သူတို့နှင့်အတူ အပေါ်ထပ်သို့ လိုက်သွားခဲ့လေသည်။ အပေါ်ထပ်တွင် မိုဟူတျယ်၏ အခြေအနေမှာ လုံးဝ မကောင်းလှချေ။ သူမ၏ မျက်နှာလေးမှာ စာရွက်တစ်ရွက်လို ဖြူဖျော့နေခဲ့သည်။

တစ်ဆယ့်လေးနှစ်အရွယ် မိန်းကလေးသည် သူမ၏ ရွယ်တူများထက် များစွာ သေးငယ်နေခဲ့သည်။

"ကိုကြီးချွမ်း ကိုကြီးပေချန်..."

ဆုန်းပေချန်နှင့် မိုဘိုင်ချွမ်း ဝင်လာသည်အား မြင်လိုက်ရသဖြင့် မိန်းကလေးငယ်သည် ကုတင်ပေါ်မှ ထရန် ရုန်းကန်နေခဲ့လေသည်။

All Chapters