← Chapters

အခန်း (၁၃၅-၁၃၇)

Vol. 9 Ch. 135-137

အခန်း (၁၃၅-၁၃၇)

Vol. 9 Ch. 135-137

အခန်း ၁၃၅

- အပိုင်း ၂၆။ ဇာတ်ဝင်ခန်း ဖျက်ဆီးသူ (၅)

ယူဂျွန်ဟော့ကို အလိုအလျောက်ပင် ကျနော်မေးလိုက်မိ၏။

"ဒီလူတွေကို သိလို့လား"

"တစ်ယောက်ပဲ သိတယ်"

ယူဂျွန်ဟော့က ကယ်တင်ခြင်းအသင်းတော်ကို သိနေတာတဲ့လား။

ဒုတိယမြောက် နောက်ပြန်ဆုတ်ခြင်းတွင် ထိုသူများနှင့် သူသည် ဆုံတွေ့ခဲ့ဖူးခြင်း ဖြစ်ပေလိမ့်မည်။ ကျနော်ကိုယ်တိုင်လည်း ကယ်တင်ခြင်းအသင်းတော်နှင့် ရင်းနှီးပြီးသားပင်။ မူရင်းဝတ္ထုအရ ဆိုလျှင် ကယ်တင်ခြင်းအသင်းတော်သည် 'ကယ်တင်ခြင်း' ဆိုသော စကားလုံး၏ ပုံသေကားချပ် အယူအဆများကို လုံးဝ စွန့်ပယ်ထားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်၏။

「 "သေပြီးနောက်ဘဝမှာ ကယ်တင်ခြင်းဆိုတာ မရှိဘူး" 」

ကယ်တင်ခြင်းအသင်းတော်၏ ပထမဆုံး တရားတော်မှာ ဤစကားနှင့် စတင်ခဲ့သည်။

「 "အရေးကြီးဆုံးအရာက ဇာတ်လမ်းပဲ၊ ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် လုပ်ရမှာက 'ဒီနေ့' ဆိုတဲ့ အရာဆီကပဲ" 」

သူတို့၏ အယူဝါဒမှာ ဒီအတိုင်းကြည့်လျှင် ပြဿနာရှိပုံမရချေ။ အတိတ် သို့မဟုတ် အနာဂတ်ကို မဟုတ်ဘဲ ပစ္စုပ္ပန်ကိုသာ အလေးထားခြင်း ဖြစ်၏။ ဤသည်မှာ ကမ္ဘာပျက်မလာမီကပင် ကျနော် အကြိမ်ကြိမ် ကြားဖူးခဲ့သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။

ကယ်တင်ခြင်းအသင်းတော်သည် ကြီးမားသော အင်အားစုကြီးကို ဦးဆောင်လာရင်း နားလည်ရခက်သော စကားလုံးများကို ရေရွတ်နေကြ၏။ ကြမ်းတမ်းစွာ ဟိန်းဟောက်နေသော ဆင်ကြီးများမှာ သတ္တမအဆင့် သဲကန္တာရဆူးဆင်များ ဖြစ်လေသည်။ ထိုဆင်များကို ယဉ်ပါးအောင် လုပ်နိုင်သည့်သူ တစ်စုံတစ်ယောက် သူတို့တွင် ရှိနေခြင်းပင်။

"အိုး..."

"ကယ်တင်ခြင်းအသင်းတော်ပဲ"

ကိုယ်စားလှယ်များသည် ထိုခမ်းနားထည်ဝါသော ပုံစံကို ကြည့်ကာ အားပေးကြွေးကြော်ကြ၏။ ကျနော် အနည်းငယ် စိုးရိမ်သွားမိသည်။ ကယ်တင်ခြင်းအသင်းတော်က ပေါ်လာနှင့်နေပြီ။ တစ်စုံတစ်ယောက်က ကျနော်သိထားသော အနာဂတ်ထဲကို ဝင်ရောက်စွက်ဖက်နေခြင်းပင်။ ထို့ပြင် ထိုတည်ရှိမှုမှာ အလွန်ပင် အားကောင်းလှသည်။

ရှေ့ဆုံးမှ ဆင်ကြီးပေါ်မှ အသံတစ်သံ ထွက်ပေါ်လာ၏။

"ငယ်ရွယ်တဲ့ ကိုယ်စားလှယ်တို့။ ကယ်တင်ခြင်းအသင်းတော် ရောက်လာပြီ။ ငါတို့တွေ မင်းတို့ကို ဇာတ်ဝင်ခန်းတွေထဲကနေ လွတ်မြောက်အောင် လုပ်ပေးမယ်"

ထိုစကားနှင့်အတူ ကယ်တင်ခြင်းအသင်းဝင်များသည် ကိုယ်စားလှယ်များထံသို့ လက်များကို ဆန့်ထုတ်လိုက်ကြသည်။ ကိုယ်စားလှယ်အချို့ ရှေ့သို့ ထွက်လာကြ၏။

"...ဇာတ်ဝင်ခန်းကနေ လွတ်မြောက်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ"

"ငါ ပြောခဲ့တဲ့အတိုင်းပဲ။ ဇာတ်ဝင်ခန်းတွေဆီကနေ မင်းတို့ကို လွတ်လပ်ခွင့် ပေးမယ်"

ထိုစကားလုံးများမှာ ဝေဝါးနေဆဲ ဖြစ်သော်လည်း ကိုယ်စားလှယ်များကို ဆွဲဆောင်ရန်အတွက်မူ လုံလောက်လှသည်။

လွတ်မြောက်ခြင်း၊ လွတ်လပ်ခြင်း။

ကိုယ်စားလှယ်အချို့မှာ ကြိုတင်ပြင်ဆင်ထားကြသော်လည်း ဤနေရာသို့ အတင်းအကျပ် ခေါ်ဆောင်ခံထားရသော ကိုယ်စားလှယ် အများစုအတွက်မူ ထိုစကားများမှာ အလွန် ချိုမြိန်နေပေလိမ့်မည်။

"ကယ်တင်ခြင်းအသင်းတော်ထဲ ဝင်ရင် ကျနော်တို့ ပိုအားကြီးလာနိုင်မလား"

ကိုယ်စားလှယ်အချို့မှာ ယုံကြည်သွားကြပြီ ဖြစ်သော်လည်း အချို့ကမူ ပို၍ သတိရှိကြသည်။ သူတို့သည် ဝေဝါးလှသော 'ကယ်တင်ခြင်း' ဆိုသည့် စကားများထက် လက်တွေ့ကျသော စွမ်းအားကိုသာ ယုံကြည်ကြ၏။

"ပိုအားကြီးလာဖို့ဟုတ်လား..."

ဆင်ပေါ်ရှိ ဝေါယာဉ်ထက်မှ အရိပ်တစ်ခု လှုပ်ရှားသွားသည်။ ထိုအသံဖြင့် ယောက်ျားအသံလား၊ မိန်းမအသံလားခွဲခြားမရချေ။

"မင်းက စွမ်းအားဆိုတာ ဘာလို့ ထင်နေတာလဲ"

အကြည့်များ အားလုံးက မေးခွန်းကို မေးခဲ့သော အမျိုးသားထံသို့ ရောက်သွားကြပြီး ထိုသူက မျက်နှာနီရဲလျက်နှင့် စကားများ ထစ်ငေါ့နေတော့သည်။

"အဲ... စွမ်းအားဆိုတာ အားကြီးတာလေ... ဒါမှမဟုတ် အားကောင်းတဲ့ စွမ်းရည်တွေ ရှိတာကို ပြောတာ။ အဲ့ဒါကို ဆိုလိုတာ မဟုတ်ဘူးလား"

"ကြီးမားတဲ့ အစွမ်းနဲ့ အားကောင်းတဲ့ စွမ်းရည်တွေ... ဒီလိုမျိုးလား"

မှော်စွမ်းအင်များသည် ဝေါယာဉ်ထက်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် ပုံဖော်လိုက်သည်။ ဤသည်မှာ မှော်စွမ်းအင်ကို ပုံဖော်ခြင်းပင်။ ပြန်လာသူတစ်ဦးသာ အသုံးပြုနိုင်သည့် နည်းစနစ်မျိုးကို ဇာတ်ဝင်ခန်းအတွင်းရှိ သာမန်ကိုယ်စားလှယ်တစ်ဦးက အသုံးပြုပြနေခြင်း ဖြစ်၏။

[‘ရွှေခေါင်းကွင်း၏အကျဉ်းသား’ နက္ခတ်သည် ထို ‘လက်ဝါး’ ကို ရန်လိုနေပါသည်။]

လွှမ်းမိုးထားသော ဧရာမ လက်ဝါးကြီးသည် ကောင်းကင်ယံကို ဖုံးလွှမ်းသွားပြီး ထိုအမျိုးသားထံသို့ ကျဆင်းလာခဲ့သည်။

"ဝိုး"

လူတိုင်းသည် လွှမ်းမိုးထားသော မှော်စွမ်းအင်ကို ကြည့်ပြီး အော်ဟစ်လိုက်ကြ၏။ လက်ဝါးကြီးသည် ကိုယ်စားလှယ်များကို ဖုံးလွှမ်းသွားသော အခိုက်အတန့်တွင် လေအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။ နွေးထွေးပြီး နူးညံ့သော လေစီးကြောင်းတစ်ခုက ထိုကိုယ်စားလှယ်ကို ဝန်းရံသွားခဲ့သည်။

"မင်းက ခဏတာ အရာတွေကိုပဲ လိုက်ရှာနေတာပဲ။ အားကြီးတာနဲ့ အားနည်းတာဆိုတာ အားလုံးက ဇာတ်လမ်းတွေက ဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေကွ"

ဝေါယာဉ်၏ ကန့်လန့်ကာ ပွင့်သွားပြီး တစ်စုံတစ်ခု ထွက်ပေါ်လာသည်။ တောက်ပသော နေမင်းကြီး ထွက်ပေါ်လာသကဲ့သို့ တစ်ကိုယ်လုံးမှ အလင်းတန်းများ ထွက်ပေါ်နေ၏။ ထိုအလင်းတန်းများ မြေပြင်ပေါ်သို့ ကျဆင်းလာပုံမှာ နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။

ထိုအခါမှ ကျနော် တစ်ခုခုကို သဘောပေါက်လိုက်သည်။ ကျနော်သိထားသော 'ကယ်တင်ခြင်းအသင်းတော် ခေါင်းဆောင်'သည် ဤဇာတ်ဝင်ခန်းထဲကို ရောက်နှင့်နေလိမ့်မည်ဟု ကျနော် မထင်ထားခဲ့မိချေ။ စွမ်းအားကို တောင်းဆိုခဲ့သော ကိုယ်စားလှယ်မှာ တွေဝေသွားပြီးမှ စကားပြန်ပြောလိုက်သည်။

"အဲ့ဒါက... အဲ့ဒါက ဘာကို... ကျနော် ခင်ဗျားလက်အောက် ရောက်သွားရင် ပိုအားကြီးလာနိုင်မလား"

ကယ်တင်ခြင်းအသင်းတော်၏ အရှင်သခင်က ကြင်နာသော အပြုံးဖြင့် ပြောလိုက်၏။

"မင်းတောင့်တနေတဲ့ဆန္ဒက ဘာအဓိပ္ပာယ်မှ မရှိဘူး"

"အဓိပ္ပာယ် မရှိဘူး ဟုတ်လား"

"အချိန်တွေ စုပုံနေတဲ့ကြားမှာ ပိတ်မိနေတဲ့ သနားစရာ သက်ရှိလေး။ မင်းက အခု ဇာတ်လမ်းရဲ့ လှည့်စားခြင်းကို ခံနေရတာပဲ"

ကယ်တင်ခြင်းခေါင်းဆောင်၏ လက်သည် ထိုကိုယ်စားလှယ်၏ နဖူးကို ထိတွေ့လိုက်သည်။

"ငါ့ကို ပြောပြပါ။ ဘယ်သူက မင်းကို 'အားကြီး' လာဖို့ တိုက်တွန်းခဲ့တာလဲ။ မင်း ဘာကြောင့် ပိုပြီး အားကြီးချင်နေရတာလဲ"

ထိုကိုယ်စားလှယ်သည် ပြုစားခံထားရသကဲ့သို့ ပြောလိုက်သည်။

"အဲ့ဒါက... အားကြီးမှ... ရှင်သန်နိုင်မှာမလို့ပါ..."

"ရှင်သန်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ"

"ရှင်သန်တယ်ဆိုတာ... ရှင်သန်တာပေါ့။ ပိုပြီး အားကြီးလာအောင်လုပ်ပြီး အသက်ရှင်နေတာပါ..."

ထိုစကားမှာ မိုက်မဲသော သီချင်းတစ်ပုဒ်ကဲ့သို့ ထပ်တလဲလဲ ဖြစ်နေ၏။ သို့သော်လည်း ဤသည်မှာ အမှန်ကန်ဆုံးသော အဖြေလည်း ဖြစ်နိုင်ပေသည်။ ကယ်တင်ခြင်းခေါင်းဆောင်က မေးလိုက်၏။

"အားကြီးဖို့က မင်းရဲ့ ဘဝလား"

"ဘာ... ဘာပြောတာလဲ..."

"မင်းက ပိုပြီး အားကြီးလာဖို့အတွက်ပဲ တစ်နေ့တာလုံး အသက်ရှင်နေမယ်ဆိုရင် မင်းရဲ့ဘဝက ဘယ်မှာလဲ"

မိမိ မသိသင့်သော အရာတစ်ခုကို သတိပြုမိသွားသကဲ့သို့ ထိုကိုယ်စားလှယ်၏ ကိုယ်ခန္ဓာမှာ တုန်လှုပ်သွားတော့သည်။

"ကျနော့်ဘဝက... ဟင်"

ထိုအမျိုးသား၏ မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာ၏။ သူသည် သူ၏မျက်ရည်များ၏ အဓိပ္ပာယ်ကိုပင် နားမလည်ဘဲ ဆက်တိုက် ငိုကြွေးနေခဲ့သည်။

လူသားတို့သည် နားမလည်နိုင်သော ခံစားချက်တစ်ခုနှင့် ရင်ဆိုင်ရသည့်အခါတိုင်း အဖြေတစ်ခုကို အတင်းအဓမ္မ ရရှိရန် ကြိုးစားတတ်ကြ၏။ ထိုမြင်ကွင်းကို ကြည့်နေကြသော လူအားလုံးမှာ စိတ်လှုပ်ရှားမှုတစ်မျိုးကို ခံစားနေကြရသည်။ တစ်စုံတစ်ယောက်က ဤအခြေအနေကို လာရောက် ပြုပြင်ပေးမည်ကို စောင့်မျှော်နေခဲ့ကြသကဲ့သို့ပင်။

ကယ်တင်ခြင်းခေါင်းဆောင်သည် ထိုအမျိုးသား၏ မျက်ရည်များကို သုတ်ပေးလိုက်ရာ အချို့လူများမှာ သက်ပြင်းချလိုက်ကြသည်။

"ဒါဟာ ဇာတ်လမ်းရဲ့ ထောင်ချောက်ပဲ"

ကျနော် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ ဒိုကဲဘီမှာ စိတ်ဝင်တစား နားထောင်နေပုံရ၏။ ကယ်တင်ခြင်းအသင်းတော်၏ ခေါင်းဆောင်က ကြေညာလိုက်သည်။

"အနာဂတ်ရဲ့ ဝါးမြိုခြင်းကို မခံကြနဲ့"

စကားလုံးတိုင်းမှာ ကိုယ်စားလှယ်များ၏ နှလုံးသားထဲသို့ စူးဝင်သွားခဲ့သည်။

"တစ်နေ့နေ့မှာ ရောက်လာမယ့် သေပြီးနောက်ဘဝရဲ့ ကယ်တင်ခြင်းဆိုတာကို အယုံမလွယ်ပါနဲ့"

ဇာတ်ဝင်ခန်းထဲသို့ စတင်ဝင်ရောက်လာကြသည့် ကိုယ်စားလှယ်အားလုံးမှာ မှော်အတတ်ဖြင့် အပြုစားခံထားရသကဲ့သို့ ငေးကြည့်နေကြ၏။ သူတို့ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ထိုစကားလုံးများမှာ လူတိုင်း၏ နှလုံးသားထဲသို့ ပျံ့နှံ့ရောက်ရှိသွားသော အသံများ ဖြစ်လာခဲ့သည်။

ကယ်တင်ခြင်းခေါင်းဆောင်က ဆက်ပြော၏။

"ကယ်တင်ခြင်းဆိုတာ အခု ဒီနေရာမှာ ရှိနေတာမျိုး။ ဒီနေရာဟာ မင်းတို့ ရှိနေသင့်တဲ့ နေရာပဲ"

ရှင်သန်ပါ၊ ပြီးလျှင် ပစ္စုပ္ပန်ကို ကာကွယ်ပါ။ အနာဂတ်၏ ဝါးမြိုခြင်းကို မခံဘဲ လူသားတို့၏ ဂုဏ်သိက္ခာကို ပြန်လည် ရယူပါ။

"ဒီမှာ ရုန်းကန်ကြစမ်း။ ပြီးရင် မင်းတို့ကိုယ်မင်းတို့ ဇာတ်လမ်းအသစ်တစ်ခုနဲ့ ချန်ရစ်ခဲ့ကြ။ ဒါဟာ ဇာတ်ဝင်ခန်းကနေ လွတ်မြောက်နိုင်တဲ့ တစ်ခုထဲသော နည်းလမ်းပဲ"

တကယ်ကို လှပသော စကားများပင်။ ဤစကားကို ပြောနေသူမှာ 'ကယ်တင်ခြင်းအသင်းတော် ခေါင်းဆောင်' မဟုတ်ခဲ့လျှင် စကားများက လှပလှသည်ဟု ကျနော်ပြောမိမည်ပင်။ ကျနော် ယူဂျွန်ဟော့ကို ကြည့်လိုက်၏။

"ယူဂျွန်ဟော့"

ယူဂျွန်ဟော့သည်လည်း ဓါးကို ဆွဲထုတ်နေပြီ ဖြစ်သည်။ သူ၏မျက်နှာတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ရှိနေ၏။

"အဓိပ္ပာယ်မရှိတဲ့ စကားတွေက သေကြောင်းကြံတပ်ဖွဲ့တစ်ခုကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်းပဲ"

ယူဂျွန်ဟော့၏ စကားကြောင့် ကယ်တင်ခြင်းခေါင်းဆောင် လှည့်ကြည့်လာသည်။ သူတို့ အကြည့်ချင်း ဆုံသွားသည့် အခိုက်အတန့်တွင် ယူဂျွန်ဟော့က တောင်းဆိုလိုက်၏။

"မင်း ပါးစပ်ပိတ်ပြီး ထွက်သွားတာ ပိုကောင်းမယ်၊ ကယ်တင်ခြင်းခေါင်းဆောင်"

"မင်းက…"

ကြီးမားသော လေလှိုင်းတစ်ခုမှာ ပတ်ဝန်းကျင်ကို ကျူးကျော်ဝင်ရောက်လာသကဲ့သို့ ခံစားရပြီး ကယ်တင်ခြင်းခေါင်းဆောင်သည် ကျနော်တို့ဘက်သို့ ဖြည်းညှင်းစွာ ပျံသန်းလာတော့သည်။ ဂါဂရာ(ဆာရီဂါဝန်ရှည်) ဝတ်ဆင်ထားပြီး ကောင်းကင်တွင် ပျံသန်းနေသော ထိုသူမှာ နတ်သမီးတစ်ပါးကဲ့သို့ ထူးခြားသော အငွေ့အသက်ကို ပေးစွမ်းနေ၏။ ကယ်တင်ခြင်းအသင်းတော်၏ ခေါင်းဆောင်က ခေါ်လိုက်သည်။

"ယူဂျွန်ဟော့မလား"

အဘယ်ကြောင့်နည်း။ ကယ်တင်ခြင်းခေါင်းဆောင်၏ မျက်နှာတွင် လှပသော အပြုံးတစ်ခု ပျံ့နှံ့သွားသည်။

"ယူဂျွန်ဟော့။ ငါ မင်းကို ဘယ်လောက်ကြာအောင် ရှာနေခဲ့ရလဲ သိလား"

သူသည် ကျနော် ယခင်က ဆုံတွေ့ခဲ့ဖူးသော မည်သည့်ကိုယ်စားလှယ်ထက်မဆို ပို၍ အားကြီး၏။ မူရင်းဝတ္ထုအရ ဆိုလျှင် ဤသူ ပေါ်လာရန်မှာ အချိန်အတော်ကြာ လိုပါသေးသည်။ ထို့ကြောင့် ကျနော် သူ့အတွက် အဆင်သင့် မဖြစ်သေးချေ။

ဇာတ်ကောင်စာရင်းကို တိတ်တဆိတ် ကျနော် အသက်သွင်းလိုက်သည်။

[သီးသန့်စွမ်းရည် ဇာတ်ကောင်စာရင်းကို အသက်သွင်းလိုက်ပါသည်။]

[ဤသူနှင့်ပတ်သက်သော အချက်အလက်များမှာ များပြားလွန်းလှသည်။ ဇာတ်ကောင်စာရင်းကို ဇာတ်ကောင်အကျဉ်းချုပ်အဖြစ် ပြောင်းလဲလိုက်ပါသည်။]

ထို့နောက် ကျနော် ပထမဆုံးအကြိမ် မြင်ဖူးသော မက်ဆေ့ချ်တစ်ခု ပေါ်လာ၏။

[ဤသူနှင့်ပတ်သက်သော သက်ဆိုင်ရာ အချက်အလက်များမှာ များပြားနေဆဲ ဖြစ်သည်။ ဇာတ်ကောင်စာရင်းက ထိုအချက်အလက်များကို ထပ်မံ အကျဉ်းချုံ့ရန် ကြိုးစားနေပါသည်။]

[အချက်အလက် အကျဉ်းချုံ့မှု ကျရှုံးပါသည်။]

[ဤသူ၏ သက်ဆိုင်ရာ အချက်အလက်များကို အကျဉ်းချုံ့၍ မရနိုင်ပါ။]

အဓိပ္ပာယ်မရှိလိုက်တာ။ အချက်အလက်တွေကို အကျဉ်းချုံ့လို့ မရဘူး ဟုတ်လား။

ကျနော် ခေတ္တမျှ စဉ်းစားပြီးနောက် ထိုသူ၏ 'ပထမဆုံး ဝိသေသလက္ခဏာ' တစ်ခုတည်းကိုသာ ပြရန် ဆက်တင်ကို ပြောင်းလဲလိုက်သည်။

[အကျဉ်းချုပ်စာရင်း၏ ဆက်တင်များကို ပြောင်းလဲလိုက်သည်]

[ဇာတ်ကောင်အကျဉ်းချုပ်]

အမည် - နာဗားနား မိုးဘီးယပ်စ်

ဝိသေသလက္ခဏာများ - ပြန်လည်မွေးဖွားသူ (ဒဏ္ဍာရီလာ)

...အချက်အလက်များကို ရရှိလိုက်သည့် အခိုက်အတန့်တွင် ကျနော် ကြက်သီးများ ထသွားတော့သည်။

ချီး။ အမှန်တကယ်ကို သူ ဖြစ်နေတာပဲ။

ပျက်စီးသွားသော ကမ္ဘာကြီးတွင် ရှင်သန်နိုင်မည့် တတိယမြောက် နည်းလမ်း။ ကျနော့်ရှေ့မှ လူသည် တတိယမြောက် နည်းလမ်း ဖြစ်၏။ ပြန်လည်မွေးဖွားသူ၊ နာဗားနား။ လူသားမဟုတ်သော လူသားတစ်ဦးပင်။

"ယူဂျွန်ဟော့"

နာဗားနားမှာ ဝမ်းသာအားရ ဖြစ်နေသော အသံဖြင့်ခေါ်လိုက်သည်။

အနားသို့ ချဉ်းကပ်လာသော ထိုအမျိုးသားကို ကြည့်ရင်း ကျနော့်လက်ဖဝါးများမှာ စိုးရိမ်မှုကြောင့် ချွေးများ စိုလာခဲ့သည်။ ဤသူ၏ စိတ်ဓာတ်မှာ သာမန်လူသားများနှင့် ကွဲပြားလှ၏။ Ways of Survival ကို ကျနော် ဘယ်လောက်ပင် ဖတ်ထားပါစေ၊ သူ့ကို အသုံးချနိုင်သည့် နည်းလမ်းမှာ သိပ်မရှိလှချေ။ ဒါဆို ကျနော် ဘာလုပ်သင့်သနည်း...

နာဗားနားသည် တောက်ပစွာ ပြုံးလိုက်ပြီး သူ၏လက်များကို ဖြန့်လိုက်၏။

"ယူဂျွန်ဟော့။ ငါနဲ့ တစ်သားတည်း ဖြစ်လာစမ်း"

ဤအခိုက်အတန့်တွင် ကျနော် သူ့ကို မည်သို့ အသုံးချရမည်ကို နားလည်သွားခဲ့လေပြီ။

……………………………………………………………………………………………

နာဗားနားသည် ဤ ‘ကမ္ဘာ’ တွင် ပထမဆုံးအကြိမ် နိုးထလာခဲ့သည့် အခိုက်အတန့်ကို ရှင်းလင်းစွာ မှတ်မိနေ၏။ ရယ်စရာကောင်းသည်မှာ ထိုစဉ်က နာဗားနားသည် ရေပိုးကောင်တစ်ကောင် ဖြစ်ခဲ့ခြင်းပင်။

‘...’

မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် နာဗားနားသည် ဖားတစ်ကောင်၏ ဝါးမြိုခြင်းကို ခံခဲ့ရသည်။ နောက်ဘဝတွင်မူ နာဗားနားသည် ဖားတစ်ကောင်အဖြစ် မွေးဖွားလာခဲ့၏။

‘လွယ်ကူတဲ့ ဘဝတစ်ခုတော့ မဟုတ်ခဲ့ဘူး’

ထိုဘဝတွင် သူသည် မြွေဟောက်တစ်ကောင်၏ ဝါးမြိုခြင်းကို ခံရပြီး သေဆုံးခဲ့ရပြန်သည်။ ထို့နောက် နောက်တစ်ဘဝတွင် နာဗားနားသည် မြွေဟောက်တစ်ကောင် ဖြစ်လာခဲ့၏။

‘အနည်းဆုံးတော့ ငါ ဖားတွေကို စားလို့ရတာပေါ့’

ထိုဘဝတွင်မူ နာဗားနားသည် အန်နာကွန်ဒါမြွေကြီးတစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ နောက်တစ်ဘဝတွင် နာဗားနားသည် အန်နာကွန်ဒါမြွေကြီးတစ်ကောင်အဖြစ် မွေးဖွားလာခဲ့ပြန်၏။

‘ငါ မြွေတွေအားလုံးကို စားပစ်မယ်’

ထိုဘဝတွင် နာဗားနားသည် အစွမ်းထက်သော သားရဲတစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့သည်။ ထို့နောက် မကြာမီမှာပင် သူသည် လူသားများ၏ အမဲလိုက်ခြင်းကို ခံရသည့် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရ၏။ ဆုလာဘ်များကို မက်မောသော လူသားများသည် သူ့ကို ရန်ပြုခဲ့ကြသဖြင့် နာဗားနားသည် ပြင်းထန်သော ဒဏ်ရာများကို ရရှိခဲ့သည်။ သေလုနီးပါး အခြေအနေတွင် နာဗားနားသည် မုဆိုးများရန်မှ ကင်းဝေးစေရန် တောအုပ်ထဲတွင် ပုန်းအောင်းနေခဲ့၏။ သို့သော်လည်း လူသားတစ်ဦးက သူ့ကို သတိပြုမိသွားခဲ့သည်။

“...မင်း ဒဏ်ရာရထားတာပဲ”

အဘယ်ကြောင့်နည်း။ ထိုလူသားသည် သူ့ကို ရန်မပြုခဲ့ပေ။ ထိုအမျိုးသားသည် သူ၏ဒဏ်ရာများကို ပြုစုပေးခဲ့ပြီးနောက် တောအုပ်ထဲသို့ ပြန်လွှတ်ပေးခဲ့သည်။ နာဗားနားသည် ကြင်နာမှုကို နားမလည်ခဲ့သော်လည်း ထိုအမျိုးသား၏ လက်ကိုမူ အချိန်အတော်ကြာ မှတ်မိနေခဲ့၏။

ထို့နောက်တွင်တော့ နာဗားနားသည် လူသားတစ်ဦးအဖြစ် မွေးဖွားလာခဲ့သည်။

[‘မန်ဒါးလား၏ အစောင့်အရှောက်’ နက္ခတ်က သင်၏ဘဝကို စောင့်ကြည့်နေပါသည်။]

တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေကြောင်း နာဗားနား သိခဲ့သည်။ ထိုသူမှာ နက္ခတ်ဟု ခေါ်ဝေါ်သော အရာဖြစ်ကြောင်း သူ နောက်ပိုင်းတွင် သိရှိခဲ့၏။ ထိုအချိန်မှစ၍ နာဗားနားသည် လူသားအဖြစ်သာ ဆက်တိုက် မွေးဖွားခဲ့တော့သည်။

သူသည် ထူးချွန်သော လယ်သမားတစ်ဦး ဖြစ်လာခဲ့ပြီးနောက် လယ်သမားများကို ဦးဆောင်သူ ဖြစ်လာခဲ့၏။ စစ်သည်တစ်ဦး ဖြစ်လာခဲ့ပြီးနောက် စစ်သည်များ၏ လေးစားခြင်းကို ခံရသော ဓါးသခင်တစ်ဦး ဖြစ်လာခဲ့သည်။ သူသည် ကျွန်တစ်ဦးလည်း ဖြစ်ခဲ့ဖူးသလို ကျွန်များကို သတ်ဖြတ်သော မှူးမတ်တစ်ဦးလည်း ဖြစ်ခဲ့ဖူး၏။

သူသည် ရေတွက်၍မရနိုင်သော သေဆုံးမှုများကို ကြုံတွေ့ခဲ့ရပြီး ရေတွက်၍မရနိုင်သော ဘဝများကို ရှင်သန်ခဲ့ရသည်။ များစွာသော ဇာတ်ဝင်ခန်းများကို ဖြတ်သန်းခဲ့ရ၏။ ထို့နောက်တွင်တော့ သူသည် ဤစကြဝဠာထဲတွင် တစ်ဦးတည်းသော ‘ထူးခြားသည့်ဖြစ်တည်မှု’ ဖြစ်ကြောင်း သိရှိသွားခဲ့သည်။

‘ငါတစ်ယောက်ထဲပဲ ငါ့ရဲ့ မှတ်ဉာဏ်အားလုံးနဲ့အတူ ပြန်လည်မွေးဖွားလာတာ’

ဤအမှန်တရားသည် သူ့ကို အလွန်အမင်း အထီးကျန်စေခဲ့သည်။ သူသည် အထီးကျန်နေသောကြောင့် ဘဝကို ပို၍ပင် ပျော်ရွှင်အောင် နေခဲ့၏။ သူသည် နောက်တစ်ကြိမ် ထပ်မံရှင်သန်နိုင်တော့မည် မဟုတ်သကဲ့သို့ နေထိုင်ခဲ့သည်။ ‘ဘဝတစ်ခုတည်း’ သာ ရှိသကဲ့သို့ တစ်ကြိမ်သာ နေထိုင်ခဲ့ဖူး၏။ သူ မည်သို့နေထိုင်ခဲ့ကြောင်းကို အခြားသူများကို သင်ကြားပေးခဲ့သည်။ ထို့နောက်တွင်တော့ သူတစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့၏။

တစ်နေ့တွင်မူ သူသည် မက်ဆေ့ချ်တစ်ခုကို လက်ခံရရှိခဲ့သည်။

[သင်သည် ကြီးမားသော အချိန်ဘီးအတွင်း၌ ပိတ်မိနေပါသည်။]

[သင်၏ ပြန်လည်မွေးဖွားခြင်း ပတ်လမ်းသည် အချိန်ဘီး၏ သက်ရောက်မှုကို ခံနေရပါသည်။]

[‘မန်ဒါးလား၏ အစောင့်အရှောက်’ နက္ခတ်က သင်၏ ကံကြမ္မာအတွက် သနားဂရုဏာ ဖြစ်မိနေပါသည်။]

[သင်သည် နေအဖွဲ့အစည်း ၈၆၁၂ ဇာတ်ဝင်ခန်းများတွင် ပါဝင်နေပါသည်။]

နာဗားနားသည် လူတစ်ဦးနှင့် ဆုံတွေ့ခဲ့၏။

‘ယူဂျွန်ဟော့’

ပထမဆုံးအကြိမ်အဖြစ် သူသည် သူ၏ဘဝကို ထပ်ကာတလဲလဲ ရှင်သန်နေသော သူတစ်ဦးကို တွေ့ရှိခဲ့ခြင်းပင်။ ပုံစံချင်း မတူသော်လည်း ထိုသူသည် ထာဝရဘီးဝန်းအတွင်း၌ပင် ချည်နှောင်ခံထားရဆဲ ဖြစ်သည်။

‘မင်းက ငါနဲ့ တူတာပဲ’

ဤအချက်တစ်ခုတည်းနှင့်ပင် နာဗားနားသည် ကြီးမားသော ကယ်တင်ခြင်းကို ရရှိခဲ့၏။ ဤကျယ်ပြောလှသော စကြဝဠာထဲတွင် သူ့ကို နားလည်ပေးနိုင်မည့်သူ ရှိနေခဲ့လေပြီ။

‘ငါ့ရဲ့ အရင်ဘဝမှာတော့ ငါ ကျရှုံးခဲ့တယ်။ ဒီတစ်ခါတော့ ကွဲပြားလိမ့်မယ်’

ကယ်တင်ခြင်းခေါင်းဆောင်သည် ယူဂျွန်ဟော့အနားသို့ ချဉ်းကပ်သွားပြီး အော်ဟစ်လိုက်၏။

“ယူဂျွန်ဟော့”

နာဗားနားသည် ယူဂျွန်ဟော့ကို ကြည့်ရင်း ပို၍ပင် ရယ်မောလိုက်သည်။ နာဗားနားသည် ယူဂျွန်ဟော့၏ ‘အချိန်’ ထဲသို့ ဝင်ရောက်လာကတည်းက ဤနေ့ကို စောင့်မျှော်နေခဲ့ခြင်းပင်။

“ယူဂျွန်ဟော့။ ငါနဲ့ တစ်သားထဲ ဖြစ်လာစမ်း”

“အဓိပ္ပာယ်မရှိတာတွေ တော်လိုက်ပြီး ထွက်သွားစမ်း။ ငါ မင်းကို မသတ်ခင်မှာ ထွက်သွားတော့”

ယူဂျွန်ဟော့၏ ခက်ထန်သော သဘောထားကိုပင် နာဗားနားက ရယ်မောနေခဲ့၏။ ယခုအချိန်တွင် ယူဂျွန်ဟော့၏ ငြိုငြင်မှုများမှာ ချစ်စရာကောင်းနေသကဲ့သို့ ခံစားရသည်။

“မင်းက ငါ့ကို မုန်းသလို ဟန်ဆောင်နေပေမဲ့ တကယ်တော့ မင်းက ငါ့ကို ဘယ်သူ့ထက်မဆို ပိုလိုချင်နေတယ်ဆိုတာ ငါသိပါတယ်။ မင်း ငါ့ရဲ့ စွမ်းအားကို လိုအပ်နေတာ”

ယခင်တစ်ခေါက်က နာဗားနားသည် ယူဂျွန်ဟော့၏ အလုပ်များကို ဖျက်ဆီးခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ ကွဲပြားလိမ့်မည်။ နာဗားနားက ဆက်လက် အော်ဟစ်နေခဲ့၏။

“ငါ မင်းကို ကူညီမယ်။ မင်းရဲ့ နောက်ဆုံး ကျရှုံးမှုကို မေ့သွားပြီလား။ ငါတစ်ယောက်ထဲပဲ မင်းကို ကယ်တင်နိုင်တာ။ မင်းကို ထာဝရဘီးဝန်းတွေထဲကနေ လွတ်မြောက်အောင်လုပ်ပေးမယ်...”

“မင်းလို လူမျိုးကို ငါ့အတွက် မလိုအပ်ဘူး”

“ဘာ”

နာဗားနားက စိတ်ပျက်အားလျော့သော အသံဖြင့် မေးလိုက်ရာ ယူဂျွန်ဟော့သည် သူ၏ ဘေးဘက်သို့ တစ်ချက် ကြည့်လိုက်ပြီးနောက် ထပ်မံ ပြောကြားလိုက်သည်။

“ငါ့မှာ အပေါင်းအဖော် ရှိပြီးသားကွ”

အခန်း ၁၃၆

- အပိုင်း ၂၆ - ဇာတ်ဝင်ခန်းဖျက်ဆီးသူ (၆)

ကျနော် နားကြားမှားသလားဟုပင် သံသယဝင်သွားမိ၏။

ခွေးမသား ယူဂျွန်ဟော့က... ခုနက ဘာပြောလိုက်တာလဲ။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် နောက်ကျမှ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေပါသည်။]

[‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ်သည် ခနဲ့တဲ့တဲ့ ရယ်မောရင်း အခြေအနေကို ရှင်းပြနေပါသည်။]

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် အံ့အားသင့်သွားပါသည်။]

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် ထိုစကားကို နောက်တစ်ကြိမ် ထပ်ပြောရန် အသည်းအသန် ဆုတောင်းနေပါသည်။]

နာဗားနားက မယုံကြည်နိုင်သည့်အလား ထပ်မံမေးမြန်း၏။

"ခုနကဘာပြောလိုက်တာလဲ..."

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် ဤသုံးပွင့်ဆိုင် ဆက်ဆံရေးကို သဘောကျနေပါသည်။]

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က သင့်အား ဒင်္ဂါး ၂,၀၀၀ ထောက်ပံ့လိုက်ပါသည်။]

ဘယ်ကလာတဲ့ သုံးပွင့်ဆိုင် ဆက်ဆံရေးလဲဟ။

နာဗားနား၏ မျက်နှာ ဖြူဖျော့သွားသည်ကို မြင်လိုက်ရသောအခါ အခြေအနေများ လွဲချော်ကုန်ပြီဖြစ်ကြောင်း ကျနော် သိလိုက်ရသည်။

ငါက ကောင်းမွန်တဲ့အစီအစဉ်တစ်ခုကို သေသေချာချာ ဆွဲနေတုန်းရှိသေးတာကိုကွာ။

ကျနော် ပြောလိုက်သည်။

"ဟေ့... အတော်ကိုအဓိပ္ပာယ်မရှိတဲ့ စကားကို ပြောလိုက်တာပဲ။ ငါတို့က အပေါင်းအဖော်တွေ မဟုတ်ဘူးလေ"

ယူဂျွန်ဟော့က မည်သည့်ခံစားချက်မျှမရှိသော မျက်နှာထားဖြင့် ပြန်ဖြေ၏။

"ငါက မင်းကို သီးသန့်ရည်ရွယ်ပြီး ပြောတာ မဟုတ်ဘူး..."

သို့သော် ယူဂျွန်ဟော့၏ ရည်ရွယ်ချက်က မည်သို့ပင်ရှိစေကာမူ အခြေအနေမှာ ဆိုးရွားနေလေပြီ။ နာဗားနားသည် တုန်ရီနေသော နှုတ်ခမ်းများဖြင့် သူ၏ ပြင်းထန်သော ဒေါသကို တုန်ရင်နေသော အသံဖြင့် ထုတ်ဖော်လိုက်သည်။

"အပေါင်းအဖော်က ဘာလို့ငါမဖြစ်ရတာလဲ"

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများ နာဗားနား၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာပြီး သူ၏ နောက်ကျောတွင် ကြီးမားသော မန်ဒါးလားတစ်ခု ပေါ်လာလေသည်။

ကျနော် နောက်သို့ ခြေလှမ်းအနည်းငယ်အလိုလို ဆုတ်လိုက်မိသည်။

ယူဂျွန်ဟော့ ဘေးနားက လူတွေက ဘာဖြစ်လို့ အမြဲတမ်း အပေါင်းအဖော်အဖြစ် အသိအမှတ်ပြုခံရဖို့ ဒီလောက်တောင် အလိုရှိနေကြရတာလဲ။ ဒီလူ့ဂွစာကို သူတို့ဆီ ပေးလိုက်ရလည်း ငါ့အတွက် ဘာမှတောင်ဖြစ်တာမဟုတ်ဘူး။

"ဘယ်လိုလုပ်ပြီး... ဘယ်လိုလုပ်ပြီး ငါမဟုတ်တဲ့ တခြားတစ်ယောက်နဲ့ မင်းက တစ်သားတည်း ဖြစ်နိုင်ရတာလဲ"

နာဗားနား၏ မန်ဒါးလားမှ တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။

ယူဂျွန်ဟော့ဘက်သို့ ကပ်ပြီး ကျနော် တိုးတိုးလေး ပြောလိုက်သည်။

"ဟေ့... မင်းကလည်း သူ့ကို သဘောကျပါတယ်လို့ပဲ ပြောလိုက်စမ်းပါ။ မြန်မြန်ပြောဟ"

"မပြောနိုင်ဘူး"

"ဘာလို့လဲ။ ငါပြောတာိကု နားထောင်စမ်းပါ... မျက်စိမှိတ်ပြီးသာ ပြောလိုက်စမ်းပါကွာ..."

ကျနော်တို့ အချင်းချင်း ခပ်တိုးတိုးပြောနေသည်ကို ကြည့်ပြီး နာဗားနားက ဒေါသတကြီး အော်ဟစ်တော့သည်။

"ငါ့ရှေ့မှာ တိုးတိုးတိတ်တိတ် မပြောနဲ့"

ထိုအခါ ယူဂျွန်ဟော့က ကျယ်လောင်သောအသံဖြင့် ပြောလိုက်၏။

"ငါက ယောကျ်ားတွေကို စိတ်မဝင်စားဘူး"

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် သွေးအန်မတတ် အော်ဟစ်နေပါသည်။]

[ဒင်္ဂါး ၂,၀၀၀ ထောက်ပံ့မှု ရရှိခဲ့ပါသည်။]

နာဗားနားသည်လည်း သွေးအန်တော့မည့် ပုံပေါ်နေသည်။

"ငါက ယောကျ်ား မဟုတ်ဘူး"

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် အံ့အားသင့်သွားပါသည်။]

"အေး... ငါက မိန်းမလည်း မဟုတ်ဘူး"

ဒါကတော့ အစစ်အမှန် ကပ်ဘေးတစ်ခုပင်။ နာဗားနား၏ ပြင်းပြသော စိတ်ဆန္ဒနှင့်အတူ ပိုမိုအားကောင်းလာသော မှော်စွမ်းအင် လှိုင်းလုံးများကို ကြည့်ပြီး ကျနော် စိတ်ပျက်သွားမိသည်။

"မင်း ဘာလုပ်နေတာလဲ။ သူ့ကို သဘောကျတယ်လို့သာ ပြောလိုက်ပါတော့။ သူ့ကို နောက်မှ အသုံးချလို့ ရတာပဲလေ..."

"သူက သိပ်အန္တရာယ်များတယ်"

ချီး... သုံးစားမရတဲ့မာနကိုထားနေတာလား။ နာဗားနား၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ယူဂျွန်ဟော့နှင့် အဆင့်တူလောက်ရှိမည်ဟု ခန့်မှန်းရသည်။ ထို့အပြင် ကယ်တင်ခြင်းအသင်းသားများအားလုံးသာ ပူးပေါင်းလာလျှင် ကျနော်တို့ အောင်ပွဲရဖို့ မသေချာနိုင်တော့ပေ။

"ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦး"

နောက်ဆုံးတွင် ကျနော် ရှေ့သို့ တက်လိုက်ပြီး စကားပြောလိုက်ရသည်။ ပြန်လာသူတစ်ယောက်ဆိုသည်မှာ နောင်အနာဂတ် အခြေအနေများတွင် အသုံးဝင်နိုင်သော ဝှက်ဖဲတစ်ခု ဖြစ်၏။ သူ့ကို ဤနေရာတွင် ရန်သူအဖြစ် တိုက်ခိုက်ရန် မလိုအပ်ပေ။

"နားလည်မှုလွဲနေပုံရတယ်... ဒါကြောင့် စကားပြောကြည့်ရအောင်"

[‘နာဗားနား မိုးဘီးယပ်စ်’ ဇာတ်ကောင်သည် သူ၏ ချင့်ချိန်နိုင်စွမ်းကို ဆုံးရှုံးသွားပါသည်။]

"ငါတို့က ကယ်တင်ခြင်းအသင်းအပေါ် ရန်လိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ သူက သူ့စိတ်ထဲဘယ်လိုရှိလဲဆိုတာကို ဖော်ပြတဲ့နေရာမှာ သိပ်မကျွမ်းကျင်လို့ပါ..."

ကျနော်က ယူဂျွန်ဟော့၏ ပုခုံးကို တမင်တကာ တိုက်ရင်း ဟန်ဆောင်လိုက်သည်။

"တကယ်တော့ ငါတို့လည်း ယုံကြည်ခြင်းအသင်းခေါင်းဆောင်ရဲ့ လက်အောက်ငယ်သားတွေအဖြစ် ပူးပေါင်းဖို့ စဉ်းစားနေတာပါ။ အနာဂတ်ကို စွန့်လွှတ်ပြီး လက်ရှိအတွက်ပဲ ရှင်သန်ကြရအောင်တဲ့လား။ အဲဒါ ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ ဂျွန်ဟော့... မင်းလည်း အဲဒီလိုပဲ ထင်တယ်မလား"

အမှန်တော့ ကျနော်က ထိုအယူဝါဒတွေကို တကယ်တမ်း သဘောတူနေခြင်း မဟုတ်ပေ။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ ကမ္ဘာတွင် အနာဂတ်ကို စွန့်လွှတ်ပြီး လက်ရှိတွင်သာ ရှင်သန်နေမည်ဆိုလျှင် လက်ရှိမှာတင် သေဆုံးသွားရုံသာ ရှိ၏။ ပျော်ရွှင်မှု အနည်းငယ် လျော့နည်းရင်တောင်မှ ကျနော် ပိုပြီး အသက်ရှည်ရှည် နေလိုသည်။ ထို့ကြောင့်မလို့လည်း ကျနော်သည် အရင်းရှင်စနစ်၏ ကျွန်တစ်ယောက် ဖြစ်နေရခြင်းပင်။

"...တကယ်လား။ ဖြေစမ်း... ယူဂျွန်ဟော့"

ကျနော့် သရုပ်ဆောင်မှုကို သူယုံကြည်သွားပုံရသဖြင့် နာဗားနား၏ ပြင်းထန်သော အရှိန်အဝါမှာ တဖြည်းဖြည်း လျော့ကျသွား၏။ သို့သော် ယူဂျွန်ဟော့ကမူ ရေလိုက်ငါးလိုက် လိုက်မပြောပေးချေ။

"အတော်ကို အဓိပ္ပာယ်မရှိတဲ့စကားတွေပဲ"

"မဟုတ်ဘူး... နေဦး"

ကျနော် အော်ပြောလိုက်သော်လည်း နောက်ကျသွားလေပြီ။

နာဗားနားက အံကြိတ်လိုက်ရင်း ပြောသည်။

"တကယ်ကိုစိတ်ထဲမှာရှိတဲ့အတိုင်း ပြောတာပေါ့လေ။ ဒါဆိုရင်တော့ မင်းတို့အားလုံး အတူတူ ငရဲသွားကြပေတော့"

နာဗားနား စတင်လှုပ်ရှားလိုက်သည့် ခဏ၌ပင် ကျနော် ‘စာမှတ်’ စွမ်းရည်ကို အသုံးပြုလိုက်၏။

[‘စာမှတ်’ စွမ်းရည်မှာ လက်ရှိတွင် အဆင့်မြှင့်တင်နေပါသည်။]

[စာမှတ်အဟောင်းများကို စာမှတ်အသစ်များဖြင့် အစားထိုးနေ ပါသည်။]

[စာမှတ်များ အစားထိုးခြင်း ပြီးဆုံးရန် ငါးမိနစ်ခန့် ကျန်ရှိသေးသည်။]

ဘာလဲဟ။ ဘာလို့ အခုမှ ဖြစ်နေရတာလဲ။

ထိုစဉ် နာဗားနားသည် ကျနော့်နှာခေါင်းရှေ့သို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာ၏။ သူ၏ အရှိန်မှာ ‘လေ၏လမ်းစဉ်’ ကို အသုံးပြုထားသကဲ့သို့ အလွန်ပင် လျင်မြန်လှ၏။

...နေဦး။ ဒါက တကယ်ပဲ ‘လေ၏လမ်းစဉ်’ လား။

သူသည် ယခင်ဘဝက ‘အီမြွန်တာ’ တစ်ဦး ဖြစ်ခဲ့ကြောင်းကို ကျနော် သတိရလိုက်မိသည်။

ယူဂျွန်ဟော့က ကျနော့်ရှေ့သို့ ဝင်ခံလိုက်၏။ နာဗားနား၏ မန်ဒါးလားနှင့် ယူဂျွန်ဟော့၏ ‘ကောင်းကင်စွမ်းအားချိုးဖြတ်ခြင်း’ ဓါးတို့ ထိခိုက်မိရာမှ အဆောက်အအုံတစ်ခု ပေါက်ကွဲသွားသကဲ့သို့ အသံကြီး ထွက်ပေါ်လာလေသည်။

နာဗားနားက ပြောသည်။

"ရင်နင့်စရာကောင်းတဲ့ သံယောဇဉ်ပါလား။ မင်းက မင်းရဲ့ အပေါင်းအဖော်ကို အရင်ဦးစားပေးစဉ်းစားတာပေါ့လေ"

"ကင်ဒေါ့ဂျာ... နောက်ဆုတ်နေ။ ဒီလူက..."

"ဒါပေမဲ့ ကံမကောင်းတာ တစ်ခုရှိတယ်"

နာဗားနား၏ စကားသံက ပိုမြန်နေ၏။ စကားတင်မကဘဲ သူ၏ အပြုအမူများကလည်း ပိုမို လျင်မြန်နေလေသည်။

"မင်းရဲ့ အပေါင်းအဖော်ကတော့ သေရလိမ့်မယ်"

နာဗားနားက ဂါထာတစ်ခုကို ရွတ်ဆိုလိုက်ရာ ယူဂျွန်ဟော့၏ ကိုယ်ခန္ဓာမှာ ကျောက်ရုပ်တစ်ခုကဲ့သို့ တောင့်တင်းသွားလေ တော့သည်။

[‘နာဗားနား မိုးဘီးယပ်စ်’ ဇာတ်ကောင်သည် ‘ထာဝရအိပ်မက်ဆိုး’ အဆင့် ၈ အထူးစွမ်းရည်ကို အသုံးပြုလိုက်ပါသည်။]

ကျနော် ဤစွမ်းရည်ကို သိသည်။ ထိုစွမ်းရည်သည် ယူဂျွန်ဟော့အတွက် အန္တရာယ်အရှိဆုံး အရာပင် ဖြစ်၏။ တောင့်တင်းသွားသော ယူဂျွန်ဟော့၏ ကိုယ်ခန္ဓာတစ်ဝိုက်တွင် စွမ်းအင်များ ပွင့်ထွက်နေလေသည်။ ပျက်စီးနေသော စက်ရုပ်တစ်ရုပ်ကဲ့သို့ပင် ယူဂျွန်ဟော့က ကျနော့်ဘက်သို့ လှည့်ကြည့်ရန် ကြိုးစားရင်း သူ၏လည်ပင်းမှာ အေးခဲသွား၏။ သူသည် ကျနော့်ကို ကြည့်နေသော်လည်း သူ၏မျက်လုံးများကမူ တကယ်တမ်း မြင်နေပုံမရပေ။

ထွက်... ပြေး... တော့...

ယူဂျွန်ဟော့သည် လက်ရှိအချိန်တွင် သူ၏ အဆိုးရွားဆုံးသော စိတ်ဒဏ်ရာများရှိရာ အကျဉ်းထောင်ထဲ၌ ပိတ်မိနေလေပြီ။ ထိုအကျဉ်းထောင်မှာ အမှတ်တရတစ်ခုတည်းကိုသာ ထပ်ခါတလဲလဲ မြင်နေရသည့် ကြောက်မက်ဖွယ်ကောင်းသော အကျဉ်းထောင်ပင်။ ထိုစွမ်းရည်သည် ‘စိတ်တစ္ဆေဇာတ်ရုံ’ ၏ အရှင်သခင် အသုံးပြုခဲ့သော စွမ်းရည်ထက် အဆင့်များစွာ ပိုမိုမြင့်မားသည့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တစ်ခု ဖြစ်သည်။

"ဒီဘက်ကို လာခဲ့စမ်း... ပြန်လည်မွေးဖွားလာတဲ့ အရှက်မရှိတဲ့ကောင်"

နာဗားနားတွင် ယူဂျွန်ဟော့၏ အားနည်းချက်ကို ထိုးနှက်နိုင်သော အဆင့်အမြင့်ဆုံး စိတ်ပိုင်းဆိုင်ရာ စွမ်းရည် ရှိနေပေသည်။

ထိုစွမ်းရည်မှာ အံ့မခန်း စွမ်းဆောင်ချက်ပင် ဖြစ်၏။ သို့သော်လည်း ပြန်လာသူတစ်ယောက်သည် ‘ဖြစ်နိုင်စွမ်း’ ၏ သက်ရောက်မှုကို ခံရမြဲ ဖြစ်သည်။ ယခုအချိန်၌ သူ့ထံတွင် ထိုကဲ့သို့ အင်အားမျိုး ရှိနေရန်မှာ မဖြစ်နိုင်ပေ။ နာဗားနား၏ သွယ်လျသော ကြွက်သားများကို ကျနော် စိုက်ကြည့်လိုက်မိသည်။

"ငါ မင်းကို စင်ကြယ်အောင် လုပ်ပေးမယ်"

သူသည် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကိုမလုပ်ဘဲ စိတ်ပိုင်းဆိုင်ရာ နှင့် အရှိန်မြှင့်တင်မှုများထဲသို့သာ အကုန်လုံး ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်လောက်ပေမည်။ ထိုမှသာ ယခုကဲ့သို့အစွမ်းထက်နေသည်က ကျိုးကြောင်းဆီလျော်မှုရှိမည်ဖြစ်သည်။

နာဗားနားသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းသော ယူဂျွန်ဟော့အတွက် တန်ပြန်စွမ်းရည်တစ်ခုကိုသာ အထူးတလည် မြှင့်တင်ထားခြင်း ဖြစ်၏။ အခြားသော တည်ရှိမှုများကို အနိုင်ယူနိုင်၊ မယူနိုင် မသိသော်လည်း ယူဂျွန်ဟော့ကိုတော့ သူ လုံးဝ ရှုံးနိမ့်မည် မဟုတ်ပေ။

ဒါနဲ့... သူက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ကွက်တိကျတဲ့ စွမ်းရည်ကို ရခဲ့တာလဲ။ တခြားတစ်ယောက်ယောက်က သူ့ကို သတင်းအချက်အလက် ပေးထားမှပဲ ဒီလိုမျိုး ကွက်တိကျတဲ့စွမ်းရည်ကို ရယူမိမှာလေ။

"ထွက်ပြေးတော့"

မင်ဂျီဝန်နှင့် ‘ဟွာရန်း’ များက ဝင်ရောက်လာသော နာဗားနားကို တားဆီးလိုက်ကြ၏။ မင်ဂျီဝန်သည် ယူဂျွန်ဟော့ကိုပင် တားဆီးနိုင်သော နာဗားနား၏ ရှေ့မှောက်တွင် နောက်မဆုတ်ခဲ့ပေ။

"မြန်မြန်ပြေးတော့... ရှင်သာ သေသွားရင် ဆိုးလ်မှာ ဘာမျှော်လင့်ချက်မှ ရှိတော့မှာ မဟုတ်ဘူး"

"အလှဘုရင်မ"

နာဗားနားသည် မင်ဂျီဝန်ကို မြင်သောအခါ ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။

"ပြီးခဲ့တဲ့အကြိမ်ကတော့ နင် ကောင်းကောင်း ထွက်ပြေးနိုင်ခဲ့ပေမဲ့ အခုတော့ ငါ့ရဲ့ အတွေးအမြင်တွေက နင့်ကို စေ့ဆော်ပေးလိုက်ပုံရတယ်"

သူတို့နှစ်ဦးသည် ယခင်ကတည်းက တွေ့ဆုံခဲ့ဖူးခြင်း ဖြစ်သည်။

"နင် သေတော့မယ်ဆိုတာကို သိသွားလို့ တစ်ခုခုကို နားလည်သွားတာလား။ လူသားတွေက လက်ရှိအချိန်မှာ ရှင်သန်ရမယ်။ လူသားဆန်မှုဆိုတာ လက်ရှိအခြေအနေပဲ"

မင်ဂျီဝန်က ကျနော့်ကို အော်ပြော၏။

"မြန်မြန်သွားတော့။ ရှင်တစ်ယောက်ထဲနဲ့ ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး။ ရှင်က ယူဆန်းအာနဲ့ ယောင်ဟီဝန်တို့နဲ့ အတူရှိနေမှပဲ…"

‘အလှဘုရင်မ’ စကားမဆုံးခင်မှာပင် နာဗားနားက လှုပ်ရှားလိုက်သည်။ ‘ဟွာရန်း’ ဆယ်ဂဏန်းကျော်က နာဗားနားထံသို့ ဝိုင်းအုံလာကြသော်လည်း သူတို့သည် နာဗားနား၏ ပြိုင်ဘက် မဟုတ်ကြပေ။ နာဗားနားက ‘ဟွာရန်း’ များ၏ နဖူးကို တို့လိုက်ရုံဖြင့် သူတို့မှာ ထိုနေရာ၌ပင် လဲကျသွားကြတော့သည်။ နာဗားနားသည် ‘စိတ်ကူးကူးစက်ခြင်း’ စွမ်းရည်ကို အသုံးပြုလိုက်ခြင်းပင် ဖြစ်၏။

"အ-အား..."

‘ဟွာရန်း’ များမှာ လဲကျသွားပြီး နာကျင်စွာဖြင့် အော်ဟစ်နေကြလေသည်။

"ဘဝဆိုတာ ငရဲပဲ"

ထိုအော်ဟစ်သံများနှင့်အတူ နောက်ဘက်ရှိ ‘ကယ်တင်ခြင်းအသင်း’သားများ၏ ဟိန်းဟောက်သံများလည်း ထွက်ပေါ်လာ၏။

"လက်ရှိအတွက် သေပေးလိုက်ကြစမ်း"

"ဒီနေ့ဆိုတာ ငါတို့ ရှင်သန်နိုင်တဲ့ တစ်ခုတည်းသော နေရာပဲ"

အသင်းသားများသည် ခြိမ်းခြောက်မှုများကို ရွတ်ဆိုရင်း ‘ဟွာရန်း’များထံသို့ ပြေးဝင်သွားကြသည်။ ‘ကယ်တင်ခြင်းအသင်း’သားများကို ကျနော် ကြည့်နေစဉ်မှာပင် နာဗားနားသည် ‘အလှဘုရင်မ’ ၏ နဖူးဆီသို့ လက်လှမ်းလိုက်လေပြီ။

"စိတ်မပူပါနဲ့ ‘အလှဘုရင်မ’ ရယ်။ ငါက လှပတဲ့ တည်ရှိမှုတွေကို သဘောကျပါတယ်"

"အင့်... အူး..."

"ဒါကြောင့် ငါ နင့်ကို မသတ်ဘူး"

[‘နာဗားနား မိုးဘီးယပ်စ်’ ဇာတ်ကောင်သည် ‘စိတ်ကူးကူးစက်ခြင်း’ အဆင့် ၉ ကို အသုံးပြုလိုက်ပါသည်။]

အဖြူရောင် အရှိန်အဝါတစ်ခုမှာ နာဗားနားထံမှ ထွက်ပေါ်လာပြီး မင်ဂျီဝန်၏ ကိုယ်ပေါ်တွင် စတင်တွန့်လိမ်နေလေတော့သည်။ ထိုအရှိန်အဝါ အမျှင်တန်းများမှာ ရေဘဝဲလက်တံများကဲ့သို့ပင် မင်ဂျီဝန်၏ ကိုယ်ခန္ဓာထဲသို့ ထိုးဖောက်သွားလေ၏။

"နင့်ရဲ့ လက်ရှိဘဝကို လက်ခံလိုက်စမ်း"

"ငါ မလိုချင်ဘူး။ ငါ အဲဒါကို မလိုချင်ဘူး..."

ဤအရှိန်အဝါ၏ အစွမ်းကြောင့် ‘အလှဘုရင်မ’ ၏ ဖုံးကွယ်ထားသော ဆန္ဒများမှာ ပွင့်အန်ထွက်လာလေသည်။ နာဗားနားသည် မင်ဂျီဝန်၏ ဆန္ဒများကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်၏။

"နင့်ရဲ့ အပေါင်းအဖော်တွေ သေနေချိန်မှာ နင်က ဇိမ်ခံအလှပြင်ဆိုင်တစ်ခုကို သွားချင်နေတာလား။ မိုက်မဲလိုက်တဲ့ မိန်းမပဲ"

"မ... မဟုတ်ဘူး။ ငါက..."

"နင်က ခမ်းနားတဲ့ ဘဝကိုပဲ ပိုင်ဆိုင်ချင်နေတာ။ နင် သရုပ်ဆောင် ဖြစ်ခဲ့စဉ်က နေ့ရက်တွေကို အခုထိ မမေ့နိုင်သေးဘူး။ ဒါကြောင့်လည်း နင်က ဘုရင်မ တစ်ယောက် ဖြစ်လာခဲ့တာပဲ"

နာဗားနားသည် အလွန်ပင် ပျော်ရွှင်နေပုံရ၏။

"နင့်ရဲ့ ဆန္ဒတွေကို လက်ခံလိုက်စမ်း။ နင့်ရဲ့ အပေါင်းအဖော်တွေ သေဆုံးနေချိန်မှာတောင် နင့်မှာ ဒီလို ရွံရှာဖွယ်ကောင်းတဲ့ အတွေးတွေ ရှိနေတယ်ဆိုတာကို ဝန်ခံလိုက်စမ်း။ အဲဒါက လူသားဆိုတာပဲ။ နင့်ရဲ့ ဆန္ဒတွေကိုသာ နင် ငြင်းပယ်နေမယ်ဆိုရင် နင်က ဘာကောင်မှ မဟုတ်တော့ဘူး"

‘အလှဘုရင်မ’ ၏ မျက်လုံးများမှာ တဖြည်းဖြည်း ဝေဝါးလာလေသည်။ နာဗာနားအသုံးပြုနေသော အစွမ်းမှာ လူတစ်ယောက်အား မိမိကိုယ်ကိုယ် ဆန္ဒများကို အတင်းအကျပ် ယုံကြည်လာစေပြီး သူတို့၏ အချိန်ကာလကို 'လက်ရှိ' ထဲသို့သာ အတင်းအကျပ် ရောက်ရှိသွားစေသည့် စွမ်းရည် ဖြစ်၏။

ဤသည်မှာ ‘ကယ်တင်ခြင်းအသင်း’ သို့ ဝင်ရောက်ရန် လုပ်ဆောင်သည့် ဖြစ်စဉ်ပင်။

ချီး... ‘စာမှတ်’ က အခုထိ...

[‘စာမှတ်’ အဆင့်မြှင့်တင်ခြင်း ပြီးဆုံးသွားပါပြီ။]

ဒါပဲ။

[အဆင့်မြှင့်တင်မှုကြောင့် ‘စာမှတ်’ များ၏ ထိရောက်မှုမှာ ၂၀ ရာခိုင်နှုန်း တိုးတက်လာပါသည်။]

‘စာမှတ်’ ကို ကျနော်အသက်သွင်းလိုက်၏။

[သီးသန့်စွမ်းရည် ‘လေ၏လမ်းစဉ်’ အဆင့် ၉ ကို အသက်သွင်းလိုက်ပါပြီ။]

လေကို နင်းကာ ကောင်းကင်ထက်သို့ ကျနော် ပျံတက်သွားလေသည်။ ‘စာမှတ်’ ၏ ထိရောက်မှု မြင့်မားလာခြင်းက ‘လေ၏လမ်းစဉ်’ အဆင့်ကိုပါ မြင့်တက်စေခဲ့၏။

ကောင်းပြီလေ။ ဒါဆိုရင်တော့ အနိုင်ရဖို့ အခွင့်အရေး ရှိလာပြီ။

စိတ်ရှုပ်ထွေးနေသော နာဗားနားထံသို့ ‘ယုံကြည်မှု’ ဓါးကို ကျနော် ဝှေ့ယမ်းလိုက်သည်။ နာဗားနားသည် ကျနော့်ဓါးကို သီသီလေး ရှောင်တိမ်းသွားနိုင်ခဲ့၏။

မင်ဂျီဝန်ကို ထူပေးလိုက်ပြီး ကျနော် မေးလိုက်သည်။

"အဆင်ပြေရဲ့လား"

"အ... အား..."

နောက်ဆုတ်သွားသော နာဗားနားသည် ကျနော့်ထံသို့ တစ်ဖန် ပြန်လည် ပျံဝင်လာပြန်၏။ မန်ဒါးလားထံမှ အလင်းတန်းများသည် သူ၏ လက်အတွင်းသို့ စီးဝင်သွားလေသည်။

‘ယုံကြည်မှု’ ဓါးကို ကျနော်လွှဲခုတ်လိုက်၏။ မီးပွားများ လွင့်စင်သွားပြီး ကျနော့်လက်များ နာကျင်သွားသော်လည်း ကျနော် မျှော်လင့်ထားသည်ထက် ပိုမို ကြံ့ကြံ့ခံနိုင်ခဲ့သည်။

ယူဂျွန်ဟော့၏ ‘ဆက်ခံမှု’ စွမ်းရည်ကဲ့သို့ပင် ပြန်လာသူတွင်လည်း ဆင်တူသော ‘ဆက်ခံမှု’ စွမ်းရည်တစ်ခု ရှိနေပေသည်။ ၎င်းမှာ သူ၏ ယခင်ဘဝက စွမ်းရည်များကို အမွေဆက်ခံခွင့် ပြုထားခြင်း ဖြစ်၏။ ကျနော် တွေးထားသည့်အတိုင်းပင် နာဗားနားသည် အနီးကပ် တိုက်ခိုက်ခြင်းထက် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များနှင့် အရှိန်အဟုန်ကိုသာ ပိုမို အလေးပေးထား၏။

"မင်းက ဘယ်လိုလုပ်ပြီး ‘လေ၏လမ်းစဉ်’ ကို သုံးနိုင်ရတာလဲ။ ဒါက မဖြစ်နိုင်ဘူးလေ"

နာဗားနားသည် ကျနော့်ဓါးကို တားဆီးရင်း မျက်မှောင်ကြုတ်လိုက်၏။

"မင်းက အဲဒီ ‘ကြားနေ’ တဲ့လူ ပြောတဲ့တစ်ယောက်လား"

"ငါက နည်းနည်းတော့ နာမည်ကြီးတယ် မဟုတ်လား"

"ရိုင်းစိုင်းလိုက်တဲ့ ငမိုက်သား"

နာဗားနားသည် ‘ယုံကြည်မှု’ ဓါးကို တစ်ဖန် ပြန်လည် ရိုက်ခတ်လိုက်ပြန်၏။ ထို့နောက် မန်ဒါးလားထံမှ အဖြူရောင် အရှိန်အဝါတစ်ခု ထွက်ပေါ်လာလေသည်။

[‘နာဗားနား မိုးဘီးယပ်စ်’ ဇာတ်ကောင်သည် ‘စိတ်ကူးကူးစက်ခြင်း’ အဆင့် ၉ ကို အသုံးပြုလိုက်ပါသည်။]

မျှော်လင့်ထားသည့်အတိုင်းပင်။

"အခု သေလိုက်တော့။ မင်းရဲ့ ကံကြမ္မာကို လက်ခံလိုက်စမ်း"

နာဗားနား၏ အဖြူရောင် အရှိန်အဝါမှာ ကျနော့်ထံသို့ ပြေးဝင်လာသော်လည်း ကျနော် ရှောင်တိမ်းခြင်း မပြုခဲ့ပေ။

"လူသားဆိုတာ ဆန္ဒတွေရဲ့ ကျမဟုတ်ဘူး။ ဆန္ဒတွေကို တိုက်ထုတ်နေတဲ့ မိစ္ဆာတွေပဲ"

[သီးသန့်စွမ်းရည် ‘Fourth Wall’ ကို အသက်သွင်းလိုက်ပါပြီ။]

ကျနော့်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသော အဖြူရောင် အရှိန်အဝါမှာ ခဏချင်းအတွင်း အရည်ပျော် ပျောက်ကွယ်သွားလေသည်။

စိတ်မကောင်းပါဘူး။ ဒါပေမဲ့ မင်းရဲ့ အတွေးတွေက ငါ့ကို ဘယ်တော့မှ ဝါးမျိုနိုင်မှာ မဟုတ်ဘူးကွ။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ 'လက်ရှိ' က ဒီနေရာမှာ မရှိလို့ပဲ။

[‘Fourth Wall’ သည် ‘စိတ်ကူးကူးစက်ခြင်း’ ၏ သက်ရောက်မှုများကို အကြွင်းမဲ့ ပျက်ပြယ်စေခဲ့ပါသည်။]

အံ့အားသင့်သွားသော နာဗားနားထံသို့ အရှိန်အဟုန်ဖြင့် ကျနော် ပြေးဝင်သွားလိုက်လေတော့သည်။

အခန်း ၁၃၇

- အပိုင်း ၂၇ - ဖတ်မရနိုင်သော (၁)

နာဗားနားသည် သူ၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမှာ ‘Fourth Wall’ကြောင့် ပြန်ကန်ထွက်သွားသည်ကို ကြည့်ကာ အံ့အားသင့်သွားချေသည်။ ထို့နောက်တွင်တော့ သူသည် ‘အသန့်စင်ဆုံးဓါးစွမ်းအင်’ ၏ အထိအတွေ့ကို ခံလိုက်ရ၏။

"ဒါက ဘာကြီးလဲ..."

"ငါ ဘာမှလုပ်တာမဟုတ်ဘူး။ ဒါက ဇာတ်လမ်းရဲ့ စွမ်းအားပဲ"

"ဘာ"

‘ကယ်တင်ခြင်းအသင်း’ ၏ ဝါဒများကို ကျနော်မယုံကြည်သော်လည်း သဘောတူမိသည့် အချက်တစ်ခုတော့ ရှိပေသည်။

"အင်အားကြီးမားမှုနဲ့ အားနည်းမှုဆိုတာ ဇာတ်လမ်းပေါ်မှာပဲ မူတည်တယ်လို့ မင် ပြောခဲ့တာ မဟုတ်ဘူးလား"

ကျန်းမာရေးကောင်းမွန်သည့် စစ်သည်တစ်ယောက်သည်ပင် မှော်ခုခံနိုင်စွမ်း စွမ်းရည်မရှိပါက မှော်ဆရာတစ်ယောက်အတွက် အစာဖြစ်သွားရုံသာ ရှိပေသည်။ အင်အားကြီးခြင်းနှင့် အားနည်းခြင်းမှာ ဇာတ်ကောင်တို့၏ သမိုင်းကြောင်းပေါ်တွင်သာ မူတည်နေ၏။

"မင်းဟာ ဒီဘဝမှာ အနီးကပ်တိုက်ခိုက်ရေး စွမ်းရည်တွေကို မရယူခဲ့တာက မင်းရဲ့ အမှားပဲ။ မင်းလုပ်ခဲ့တာ အားလုံးက ယူဂျွန်ဟော့ရဲ့ အားနည်းချက်ကိုပဲ ပစ်မှတ်ထားချင်ခဲ့တာမလား"

ပြဿနာတွေက ဒီလိုနည်းနဲ့ ပြေလည်သွားလိမ့်မည်ဟု ကျနော် တစ်ခါမျှ မတွေးခဲ့ဖူးပေ။ တစ်စုံတစ်ရာက နာဗားနား၏ ကြီးထွားမှု လမ်းကြောင်းကို လွှမ်းမိုးခဲ့ပြီး သူသည် ယူဂျွန်ဟော့အတွက် အဆိပ်အတောက် ဖြစ်လာခဲ့၏။ သို့သော်လည်း နာဗားနားသည် ယူဂျွန်ဟော့ကို အနိုင်ရသူ ဖြစ်လာခဲ့သည့်အတွက် ကျနော့်ကိုတော့ မည်သို့မျှ အနိုင်မရနိုင်တော့ပေ။

နာဗားနား၏ မျက်လုံးများမှာ ကျနော့် လေယူလေသိမ်းမှ တစ်စုံတစ်ခုကို သိရှိသွားဟန်ဖြင့် တုန်လှုပ်သွားချေသည်။ သူသည် ကျနော့်ကို တည်ငြိမ်စွာ စိုက်ကြည့်ရင်း ပြောလိုက်၏။

"မင်းရဲ့ နာမည်ကို ငါသိတယ်။ ကင်ဒေါ့ဂျာမလား"

"နာမည်တွေအကြောင်း ပြောနေတာလား။ ကောင်းပြီလေ... နာဗားနား မိုးဘီးယပ်စ်။ မင်းက ငါနဲ့ ရင်ဖွင့်စကား ပြောချင်လို့လား"

မန်ဒါးလား၏ အလင်းတန်းများ ငြိမ်းသတ်သွားလေသည်။ ပြန်လာသူတစ်ယောက် ဖြစ်ရခြင်းမှာ အကြောင်းမဲ့တော့ မဟုတ်ပေ။ ခလုတ်တစ်ခုကို နှိပ်လိုက်သကဲ့သို့ပင် စိတ်လှုပ်ရှားနေသော နာဗားနားမှာ ပျောက်ကွယ်သွားပြီး တည်ငြိမ်မှုကို ပြန်လည် ရရှိသွားသော နာဗားနားမှာ ကျနော့်ရှေ့တွင် ပေါ်လာချေသည်။

"နက်ဗျူလာ အချို့က မင်းကို သတိထားဖို့ ငါ့ကို သတိပေးခဲ့ကြတယ်။ ဟုတ်တာပေါ့... ငါက မင်းဘာကောင်လဲဆိုတာကို မသိခဲ့ဘူး"

နက်ဗျူလာ အချို့တဲ့လား...

ကျနော်ကတော့ သေချာပေါက် အာရုံစိုက်ခံနေရပြီ ဖြစ်၏။

နာဗားနားက ကျနော့်ကို မေးလိုက်သည်။

"မင်းမှာ ဒီလောက် အားကောင်းတဲ့ စိတ်အကာအရံ ဘယ်လိုလုပ်ပြီး ရှိနေတာလဲ။ အခုထိ ငါ့ရဲ့ စိတ်ကူးတွေနဲ့ ကူးစက်ခြင်း မခံရတဲ့ တစ်ဦးတည်းသော လူက အန်နာ ခရော့ဖ် ပဲ ရှိသေးတာလေ"

ရင်းနှီးနေသော နာမည်ကြောင့် ကျနော် ခါးသီးစွာ ပြုံးလိုက်မိ၏။ ထိုအမျိုးသမီးမှာ ပြန်လာသူနှင့် ထိတွေ့မှု ရှိနေနှင့်ပြီ ဖြစ်သည်။ ၎င်းမှာ ထူးဆန်းသည့် ကိစ္စတော့ မဟုတ်ပေ။ အန်နာ ခရော့ဖ်သည် ကမ္ဘာပေါ်ရှိ အင်အားအကြီးဆုံး ကစားသမားများနှင့် စတင် ဆက်သွယ်နေလောက်ပြီ ဖြစ်၏။ ကမ္ဘာကြီးကို ကယ်တင်ရန်အတွက် ထိုအမျိုးသမီးသည် စေတန်နတ်ဆိုးထံသို့ ဝိညာဉ်များကိုပင် ရောင်းချလောက်မည့်လူဖြစ်သည်။

နာဗားနားသည် ကျနော့်အမူအရာကနေ တစ်စုံတစ်ခုကို ရိပ်မိသွားပြီး ပြောလိုက်၏။

"မင်းက... ပရောဟိတ်ကို သိနေတာပဲ။ မင်းက ဘာကောင်လဲ။ မင်းက နောက်ပြန်ဆုတ်သူလား။ ဒါမှမဟုတ်..."

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် ထိုဇာတ်လမ်းကို စိတ်ဝင်စားနေပါသည်။]

[‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ်သည် အခြေအနေကို တည်ငြိမ်စွာဖြင့် ချင့်ချိန်နေပါသည်။]

အချက်အလက် စစ်ထုတ်မှုများမှာ တဖြည်းဖြည်း ဖယ်ရှားခံရတော့မည် ဖြစ်၏။ နောက်ပြန်ဆုတ်သူများနှင့် ပြန်လာသူများ၏ အချက်အလက်များမှာ နက္ခတ်များ၏ နားထဲသို့ စတင် ဝင်ရောက်လာတော့မည် ဖြစ်သည်။ မဟာ နက်ဗျူလာများရှိ နက္ခတ်များမှာတော့ ဤအကြောင်းကို သိရှိပြီးသား ဖြစ်မည်မှာ သေချာပေသည်။

နာဗားနားသည် ကျနော့်ကို ကြည့်ကာ ဆက်ပြောနေ၏။

"ဒါက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ပြန်လည်မွေးဖွားခြင်းပဲ။ ငါ နှစ်ပေါင်း တစ်ရာကျော် ရှင်သန်ခဲ့ပေမဲ့ မင်းအပေါ်ကိုတော့ တကယ်ပဲ စပ်စုချင်စိတ် ဖြစ်မိတယ်..."

"မင်း စကားတွေ အရမ်းများနေပြီ။ စကားများလွန်းရင် ယူဂျွန်ဟော့ရဲ့စိတ်ကို ဖမ်းစားနိုင်မှာမဟုတ်ဘူးနော် "

"ဟားဟား။ မင်းကို ငါ့ရဲ့ နောက်လိုက်တစ်ယောက်အဖြစ် ငါ လက်ခံပေးမယ်"

[ဗုဒ္ဓကျမ်းစာများကို ရွတ်ဖတ်နေသည့် နက္ခတ်တစ်ပါးက သင့်အပေါ် စူးစမ်းလိုစိတ် ဖြစ်နေပါသည်။]

ထိုကမ်းလှမ်းချက်မှာ ယခင်ကဆိုလျှင် ကျနော် အလွယ်တကူ လက်ခံမိမည့် ကမ်းလှမ်းချက်မျိုး ဖြစ်၏။ သို့ပေသိ...

" လေးစားစွာနဲ့ပဲ ငြင်းပယ်ပါရစေ။ ငါ့ကို ထောက်ပံ့ပေးနေတဲ့ သူတွေထဲမှာ မင်းရဲ့ ထောက်ပံ့သူကို မုန်းတဲ့သူ တစ်ယောက် ရှိနေလို့ပါ"

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် ‘နာဗားနား မိုးဘီးယပ်စ်’၏ ထောက်ပံ့သူအပေါ် ရန်လိုမှုကို ပြသလိုက်ပါသည်။]

နာဗားနား၏ ပါးစပ်မှာ အနည်းငယ် ပွင့်သွားသည်။

"မျောက်ဘုရင်လား။ သူက ဘာလို့ မင်းနောက်ကို လိုက်နေတာလဲ"

"ငါလည်း မသိဘူး"

"...ငါ ပိုပြီးတော့တောင် စပ်စုချင်လာပြီ။ ယူဂျွန်ဟော့နဲ့အတူ ငါ့ရဲ့ လက်အောက်ကို လာခဲ့ပါ"

"မလာချင်ဘူး"

" ဒီကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေကို မင်း မသိချင်ဘူးလား။ ကမ္ဘာကြီး ပျက်သုဉ်းသွားရင်တောင် မင်း ရှင်သန်နိုင်ဖို့ ငါ ကူညီပေးနိုင်တယ်။ ရှင်သန်ဖို့က ဇာတ်ဝင်ခန်းတွေ ရှုံးနိမ့်တာနဲ့ ဘာမှမဆိုင်ဘူး"

ထိုစကားများမှာ ဆွဲဆောင်မှု ရှိလှပေသည်။ ကျနော်သာ 'စာဖတ်သူ' တစ်ယောက် မဟုတ်ခဲ့ပါက ထိုစကားကို လက်ခံမိကောင်း လက်ခံမိပေလိမ့်မည်။

"ငါနဲ့ တစ်သားတည်း ဖြစ်ခွင့် ငါပေးမယ်"

နာဗားနား၏ ကျောပြင်နောက်မှ မန်ဒါးလားမှာ တစ်ဖန် ပြန်လည် တောက်ပလာချေသည်။ ဖြည်းညှင်းစွာ လည်ပတ်နေသော မန်ဒါးလားပေါ်တွင် မျက်နှာပေါင်း ရာချီ၍ ပေါ်လာလေသည်။ နာကျင်နေသော မျက်နှာများမှာ အော်ဟစ်နေကြ၏။ သူတို့အားလုံးမှာ နာဗားနားနှင့် 'တစ်သားတည်း' ဖြစ်သွားကြသူများ ဖြစ်သည်။

ကျနော်ကတော့ အော်ပြောလိုက်၏။

"ပါးစပ်ပိတ်ထားစမ်း...နှာဘူးကောင်"

"မင်း သဘောမတူဘူးဆိုရင်တော့ ငါ မင်းကို အတင်းအကျပ် လုပ်ရလိမ့်မယ်"

အခြေအနေက အားသာချက်မရှိသော်လည်း နာဗားနား၏ မျက်နှာမှာ တည်ငြိမ်နေဆဲ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ပြိုင်ဘက်မှာ ပြန်လာသူတစ်ယောက် ဖြစ်၏။ သူသည် မရေမတွက်နိုင်သော ဘဝများစွာတွင် ရှင်သန်ခဲ့ပြီး ကျနော့်ထက် ပိုမိုကောင်းမွန်သော တိုက်ခိုက်ရေး အတွေ့အကြုံများ ရှိလေသည်။ အချိန်ကြာလာသည်နှင့်အမျှ ကျနော့် လှုပ်ရှားမှုများကို သူသည် ထိုးထွင်းသိမြင်လာလိမ့်မည်ဖြစ်ပြီး ကျနော်ကတော့ အားနည်းချက်တွေ ရှိလာပေလိမ့်မည်။

ထို့ကြောင့် ထိုအခြေအနေသို့ မရောက်ခင် အနိုင်တိုက်ဖို့က အဖြေဖြစ်၏။ မန်ဒါးလား၏ ပတ်ဝန်းကျင်တွင် အဖြူရောင် စွမ်းအင်များ ဝေ့ဝဲလာချေသည်။ ကျနော် တုံ့ဆိုင်းမနေဘဲ မန်ဒါးလားဆီသို့ ပြေးဝင်သွားလိုက်၏။

[သီးသန့်စွမ်းရည် ‘သေးငယ်စေခြင်း အဆင့် ၁’ ကို အသုံးပြုလိုက်ပါပြီ။]

[‘သေးငယ်စေခြင်း’ ၏ အကျိုးသက်ရောက်မှုကြောင့် သင်၏ ကိုယ်ခန္ဓာမှာ သေးငယ်သွားပါသည်။]

ကျနော့်ကိုယ်ခန္ဓာမှာ အလွန်သေးငယ်သွားပြီး မန်ဒါးလားမှ လွှတ်လိုက်သော တိုက်ကွက်မှာ လွဲချော်သွားလေသည်။ နာဗားနားသည် ရယ်မောလိုက်၏။

"...ဒါက ဘာလှည့်ကွက်လဲ"

ငါသုံးတာက တကယ်ပဲ လှည့်ကွက်တစ်ခု ဖြစ်နေလို့လား။

[‘သေးငယ်စေခြင်း’ ၏ အကျိုးသက်ရောက်မှုကြောင့် သင်၏ ဝတ်ဆင်ထားသော ပစ္စည်းများအားလုံးမှာ သင်၏ အရွယ်အစားနှင့် ကိုက်ညီအောင် ပြောင်းလဲသွားပါသည်။]

[စွမ်းရည်အဆင့် နိမ့်နေသည့်အတွက် အသုံးပြုနိုင်ချိန်မှာ တိုတောင်းပါသည်။]

[‘သေးငယ်စေခြင်း’ကို အသုံးပြုနိုင်ချိန်မှာ နှစ်မိနစ် ဖြစ်သည်။]

အခြားသော ကောင်းမွန်သည့် စွမ်းရည်များစွာထဲမှ ‘သေးငယ်စေခြင်း’ကို ကျနော်ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ ဤအချက်ကြောင့်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ‘သေးငယ်စေခြင်း’ ကသာ ကျနော် သိရှိထားသော အစွမ်းအထက်ဆုံး လူသားအဖြစ်သို့ ပြောင်းလဲပေးနိုင်သောကြောင့် ဖြစ်လေသည်။

" ပဉ္စမမြောက် စာမှတ်ကို ရွေးချယ်မယ်။ ကိုင်ရီယော့စ် ရော့ဒ်ဂရိမ်"

[သင်၏ လက်ရှိ ကိုယ်ခန္ဓာ ဖွဲ့စည်းပုံမှာ ထိုဇာတ်ကောင်၏ ကိုယ်ခန္ဓာ တည်ဆောက်ပုံနှင့် ဆင်တူပါသည်။]

[ဇာတ်ကောင်၏ အဆင့်မှာ မြင့်မားလွန်းသဖြင့် စွမ်းရည်အဆင့်ကို အပြည့်အဝ ပုံဖော်နိုင်ခြင်း မရှိပါ။]

[အသုံးပြုမည့် စွမ်းရည်အဆင့်ကို အတင်းအကျပ် ညှိယူလိုက်ပါပြီ။]

အဖြူရောင် လျှပ်စီးစွမ်းအင်များမှာ ကျနော့်နှလုံးသားထဲတွင် စုစည်းလာချေသည်။ ထိုစွမ်းအင်မှာ ကောင်းကင်ကို ချိုးဖျက်ပြီး မိုးကြိုးများကို ဖြစ်ပေါ်စေနိုင်သော စွမ်းအား ဖြစ်၏။ အစွမ်းထက်လှသော လျှပ်စီးများ၏ အလွန်တွင် နာဗားနား၏ ဖြူဖျော့နေသော မျက်နှာကို မြင်လိုက်ရသည်။

ကျနော် မေးလိုက်၏။

"ဒါကို လှည့်ကွက်လို့ ထင်နေတုန်းပဲလား"

နာဗားနား မည်မျှပင် သန်မာပါစေ၊ ယခုအချိန်တွင်မူ သူသည် ကိုင်ရီယော့စ်၏ စွမ်းအားကို ကျော်လွန်နိုင်မည် မဟုတ်ပေ။

[သီးသန့်စွမ်းရည် ‘လျှပ်စီးအသွင်ပြောင်းခြင်း အဆင့် ၁၀’ ကို အသုံးပြုလိုက်ပါပြီ။]

ကျနော့်ကိုယ်ခန္ဓာ တစ်ခုလုံးတွင် ပြင်းထန်သော လျှပ်စီးများ ပေါ်ထွက်လာပြီး ကျနော့်လက်သီးများတွင် လျှပ်စီးတိမ်တိုက်များ စုစည်းလာချေသည်။ နာဗာနားဟူသည့် ပြန်လာသူကို ကျနော် အသာစီး မရနိုင်ပါက သူ့ကို ဤနေရာတွင်ပင် အဆုံးသတ်လိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။

လက်သီးကို နာဗားနားဆီသို့ ကျနော်ဆန့်ထုတ်လိုက်၏။

"လူသားတစ်ယောက်အဖြစ် ပြန်လည် မွေးဖွားနိုင်ဖို့ပဲ ဆုတောင်းလိုက်တော့"

လျှပ်စီးမုန်တိုင်းမှာ နာဗားနား၏ အနားတွင် ပေါက်ကွဲသွားချေသည်။ နာဗားနားသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အော်ဟစ်လိုက်ပြီး ကိုယ်စားလှယ်များ၏ အော်ဟစ်သံများကိုလည်း ကျနော် ကြားလိုက်ရ၏။ ‘သေးငယ်စေခြင်း’ အဆင့်မှာ နိမ့်နေသေးသည့်အတွက် အိုရိုချိကို ရင်ဆိုင်ခဲ့စဉ်ကလောက် အစွမ်းမထက်သော်လည်း ထိခိုက်မှုမှာတော့ အလွန်ပင် ပြင်းထန်လှ၏။

ဖုန်မှုန့်များ ထသွားပြီးနောက် နာဗားနားမှာ သူ့ကိုယ်ခန္ဓာ ဘေးဘက်တွင် တွင်းကြီးတစ်ခု ဖြစ်သွားလျက် လွင့်စင်သွားချေသည်။

...သူက အသက်ရှင်နေသေးတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

"ဂါးးး"

သူ့ပါးစပ်မှ သွေးများ စီးကျလာချေသည်။ သွေးများစီးကျသည်အထိ ပြင်းထန်သော ဒဏ်ရာ ရသွားဟန်တူသော်လည်း ကျနော်ကတော့ ကျေနပ်ခြင်း မရှိပေ။ ထူးဆန်းနေသည်။ သူသည် ပြန်လာသူတစ်ယောက် ဖြစ်နေလင့်ကစား ဤတိုက်ခိုက်မှုမှ အသက်မရှင်နိုင်သင့်ပေ။

ထို့နောက်တွင်တော့ သူ့ကိုယ်ခန္ဓာပေါ်တွင် ကြာပန်းပွင့်ချပ်များ ပေါက်လာသည်ကို မြင်လိုက်ရ၏။ ဘာဖြစ်နေသည်ကို ကျနော် သိလိုက်ရပေသည်။ ဤအထူးစွမ်းရည်မှာ ဖြစ်နိုင်စွမ်းကြောင့် မဖြစ်နိုင်ဟု ကျနော် ထင်ခဲ့မိသည်။

ဒီကောင်က...မဟုတ်မှလွဲရော…

"ငါ့ရဲ့ မှတ်ဉာဏ်တွေကို ဒီလိုနေရာမျိုးမှာ သုံးလိုက်ရတာလား..."

ကြောက်မက်ဖွယ်ကောင်းသော အသံကို ကြားလိုက်ရချေသည်။ ကျနော်သည် ပွင့်ချပ်များ၏ ပတ်ဝန်းကျင်မှ လျှပ်စစ်စပတ်များကို ကြည့်ပြီး သူ မည်သို့ အသက်ရှင်ကျန်ရစ်ခဲ့သည်ကို သိလိုက်ရပေသည်။

[ဇာတ်လမ်းဖြင့် ပေးချေမှု]

သူသည် သူ၏ ဇာတ်လမ်းကို အလဲအလှယ်လုပ်ပြီး သူ၏ ထောက်ပံ့သူထံမှ စွမ်းအားကို ချေးယူခဲ့ခြင်း ဖြစ်၏။

"...မင်းနဲ့ ငါ ထပ်တွေ့ကြဦးမှာပါ"

သူ့ကိုယ်ခန္ဓာမှာ ကြာရွက်ကြီးတစ်ခုဖြင့် ဖုံးအုပ်သွားချေသည်။ သူ့ထံသို့ ကျနော်ပြေးဝင်သွားလိုက်၏။ ကျနော့်လက်သီးမှာ သူ့ရင်ဘတ်ကို ထိမှန်သွားသော်လည်း နာဗားနားမှာတော့ ပုံပျက်နေသော မျက်နှာဖြင့် ရယ်မောနေချေသည်။

"မင်းဟာ 'လက်ရှိ' ကို ဆန့်ကျင်ခဲ့တဲ့အတွက် ပြန်ပေးဆပ်ရလိမ့်မယ်။ ပြန်ပေးဆပ်ရပြီဆိုတာနဲ့ တကယ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ နည်းလမ်းကို မင်းရင်ဆိုင်ရလိမ့်မယ်"

ကျနော် ထိုးနှက်လိုက်သော ရင်ဘတ်အလယ်မှ စတင်ကာ သူ့ကိုယ်ခန္ဓာမှာ ကြာရွက်များအဖြစ်သို့ ပြောင်းလဲသွားချေသည်။ ကျနော် လက်ကို ဆန့်ထုတ်ပြီး ပျောက်ကွယ်တော့မည့် နာဗာနား၏ ဘယ်ဘက်လက်မောင်းကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်၏။

"နေဦး"

နောက်တစ်မိနစ်တွင်တော့ နာဗားနားမှာ ပျောက်ကွယ်သွားပြီး ပြတ်ထွက်သွားသော သူ၏ ဘယ်ဘက်လက်မောင်းနှင့် လွင့်ပျံနေသော ကြာရွက်များသာ ကျန်ရစ်တော့ချေသည်။

[ဇာတ်ကောင် ‘နာဗားနား မိုးဘီးယပ်စ်’ သည် အထူးစွမ်းရည် ‘ပိုင်ဆိုင်မှုကင်းမဲ့ခြင်း အဆင့် ၇’ ကို အသုံးပြုလိုက်သည်]

‘ပိုင်ဆိုင်မှုကင်းမဲ့ခြင်း’ ဆိုသည်မှာ အန္တရာယ်မှ လွတ်မြောက်ရန်အတွက် သူ၏ မှတ်ဉာဏ်အချို့ကို စွန့်လွှတ်လိုက်ရသော အထူးစွမ်းရည် ဖြစ်သည်။ သူသည် သူ၏ ပြန်လည်မွေးဖွားခြင်း မှတ်ဉာဏ်များကို အသုံးပြုကာ ပေးချေခဲ့ပြီး ကျနော့်ထံမှ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်လေသည်။

"ခ-ခေါင်းဆောင်"

"ခေါင်းဆောင်ကြီး။ ဘယ်ကို ရောက်သွားတာလဲ"

ကယ်တင်ခြင်းအသင်းဝင်များမှာ ပြိုလဲကုန်ကြချေသည်။ အချို့မှာ ထွက်ပြေးနေကြပြီ ဖြစ်၏။ အခြားသူများမှာမူ သူတို့၏ ခေါင်းဆောင် ကျနော့်လက်တွင် ရှုံးနိမ့်သွားသည်ကို မြင်ပြီးနောက် စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကို ကြီးကြီးမားမားခံနေရ၏။

ဆုတ်ခွာသွားကြသော ကယ်တင်ခြင်းအသင်းဝင်များကို ကြည့်ရင်း ကျနော် သက်ပြင်းချလိုက်မိ၏။ ကျနော့်ကိုယ်ခန္ဓာမှ မီးခိုးများ ထွက်လာပြီး ‘သေးငယ်စေခြင်း’ နှင့် ‘စာမှတ်’ စွမ်းရည်များမှာ တစ်ပြိုင်နက်တည်း ပြယ်လွင့်သွားချေသည်။ အလွန်အမင်း အလုပ်လုပ်ခဲ့ရသော ကျနော့်ကြွက်သားများမှာ နာကျင်မှုကြောင့် ရောင်ယမ်းနေကြပေသည်။ နာဗားနားကို သတ်ရန် ကျနော် မတတ်နိုင်ခဲ့သော်လည်း ရရှိခဲ့သော အကျိုးအမြတ် အချို့တော့ ရှိခဲ့သည်။

['ရွှေခေါင်းကွင်း၏အကျဉ်းသား' နက္ခတ်သည် သင်၏ အောင်ပွဲအတွက် သူ၏ ဝမ်းမြောက်မှုကို မဖုံးကွယ်နိုင်ပဲ ဖြစ်နေပါသည်။]

[ဒင်္ဂါး ၁၀,၀၀၀ ထောက်ပံ့မှုကို လက်ခံရရှိပါသည်။]

ကျနော့် အောင်ပွဲကို မြင်တွေ့လိုက်ရသော ကိုယ်စားလှယ်များမှာ မယုံကြည်နိုင်သလို တစ်ဦးကိုတစ်ဦး ကြည့်နေကြချေသည်။

"ကယ်တင်ခြင်းအသင်း ခေါင်းဆောင် ရှုံးသွားပြီ"

"အဲဒီကိုယ်စားလှယ်က ဘယ်သူလဲ"

"ခဏနေဦး၊ အဲဒီမျက်နှာက... အဲဒါ..."

တစ်စုံတစ်ယောက်က ကျနော့်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။

"အရုပ်ဆိုးဆုံး ဘုရင်ပဲ"

သူတို့ကို ဂရုမစိုက်ဘဲ ယူဂျွန်ဟော့ကို ကျနော်ရှာလိုက်သည်။

ယူဂျွန်ဟော့မှာ အကြောသေနေရာမှ ပြန်လည်သက်သာ လာပြီဖြစ်ကာ ယိမ်းထိုးနေ၏။

ဒီမအေဘေးက အရေးကြီးသည့်အချိန်မှာဆိုရင် အကူအညီကို မရဘူး။

"ဟေ့… မင်း အဆင်ပြေရဲ့လား"

ယူဂျွန်ဟော့သည် ခေါင်းကိုက်နေသည့်အလား သူ၏ခေါင်းကို ကိုင်ထားရင်း မေးလိုက်၏။

"ပြန်လာသူရော ဘယ်ရောက်သွားပြီလဲ"

"ထွက်ပြေးသွားပြီ"

"စိတ်ပျက်စရာကောင်းလိုက်တာ။ မင်းက သူ့ကို ထွက်ပြေးခွင့် ပေးလိုက်တာလား"

"မင်းမှာ အဲဒီလိုစကားမျိုး ပြောပိုင်ခွင့်ရှိလို့လား"

ယူဂျွန်ဟော့၏ အမူအရာမှာ တည်ကြည်သွားချေသည်။

"ငါတို့ သူ့နောက်ကို မြန်မြန် လိုက်ရမယ်။ သူ့ရည်ရွယ်ချက်က ဇာတ်ဝင်ခန်းကို အောင်မြင်ဖို့ မဟုတ်ဘူး"

"ငါ အဲဒါကို သိပါတယ်"

"မင်းသိရင် ဘာလို့ သူ့ကို လွှတ်ပေးလိုက်တာလဲ။ ၁၀ ခုမြောက် ဇာတ်ဝင်ခန်း မပြီးခင် ပြန်လာသူကို ဖမ်းမမိရင် ဆိုးလ်ကတော့..."

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်သည် နောက်ကျမှ သတိပြန်ဝင်လာပါသည်။]

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်သည် အဘယ်ကြောင့် ဤနေရာသို့ လာခဲ့သည်ကို ရှင်းပြလိုနေပါသည်။]

ယူရီအယ်၏ စကားကြောင့် ယူဂျွန်ဟော့နှင့် ကျနော်သည် တစ်ပြိုင်နက်တည်း အပေါ်သို့ မော့ကြည့်လိုက်ကြသည်။

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်သည် သင်၏ အကူအညီကို လိုအပ်နေပါသည်။]

သွယ်ဝိုက်သော မက်ဆေ့ချ်များ၏ ကန့်သတ်ချက်များကြောင့် အခြေအနေအရပ်ရပ်ကို အတိအကျ နားလည်ရန် ခက်ခဲသော်လည်း ဘာဖြစ်ခဲ့သည်ကို ခန့်မှန်းရန်မှာတော့ မခက်ခဲချေ။ ယူရီအယ်မှာ ယောင်ဟီဝန်၏ ထောက်ပံ့သူ ဖြစ်၏။ ယောင်ဟီဝန်နှင့် အတူရှိနေရမည့် ယူရီအယ်မှာ ဤနေရာအထိ ရောက်လာပြီး ယောင်ဟီဝန်နှင့် အဆက်အသွယ် ပြတ်တောက်သွားခြင်းက...

"မင်ဂျီဝန်…. ယောင်ဟီဝန် ဘယ်မှာလဲဆိုတာ သိလား"

သို့သော်လည်း မင်ဂျီဝန်မှာ သတိမေ့မြောနေဆဲ ဖြစ်လေသည်။ ဤအတိုင်းဆိုလျှင် အဆင်မပြေနိုင်ပေ။

"ယူဂျွန်ဟော့။ ငါ့ကို ကာကွယ်ပေးထား"

"ဘာ"

ကျနော် ချက်ချင်းပင် မျက်လုံးများကို ပိတ်ကာ အာရုံစူးစိုက်လိုက်၏။ အိပ်ပျော်နေစဉ် လေ့ကျင့်မှုများစွာ လုပ်ခဲ့ပြီးနောက် ကျနော့်အတွက် ဤခံစားချက်နှင့် တော်တော်လေး ရင်းနှီးနေပြီ ဖြစ်သည်။ ကျနော့်ကိုယ်ခန္ဓာ မြေပြင်သို့ နစ်မြုပ်သွားသလို ခံစားလိုက်ရပြီး နေရာတိုင်းတွင် အမှောင်ထုက ဖုံးလွှမ်းသွားချေသည်။

ကျနော်သည် တစ်ချက်မှေးစက်လိုက်ကာ ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ ကို ချက်ချင်း အသုံးပြုလိုက်၏။ အသံတစ်ခုကို ရှာဖွေရန် လိုအပ်ပေသည်။ အသံတစ်ခုကို ကျနော် ရှာဖွေနေခဲ့ခြင်း ဖြစ်၏။ သို့ပေသိ ထိုအသံမှာ ပျောက်ဆုံးနေချေသည်။ ကျနော် ပို၍ စိုးရိမ်မကင်း ဖြစ်လာသည်။ တစ်ခုခုဖြစ်ခဲ့လျှင် ကျနော့်အကြောင်းကို တွေးရန် သူတို့ကို ပြောခဲ့ဖူး၏။

... ပြဿနာတစ်ခုခု ရှိနေပြီလား။

‘ဒေါ့ဂျာ’

ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်က ကျနော့်ကို ခေါ်လိုက်ချေသည်။ ကျနော့် အမြင်အာရုံများ ဝေဝါးသွားပြီး ‘တဖက်လူ၏ ရှုထောင့်’ မှာ အသက်ဝင်လာပေသည်။ ဖန်သားပြင်ပေါ်တွင် မြင်လိုက်ရသည့်အရာကြောင့် ကျနော် ညည်းတွားလိုက်မိ၏။

「 ဝေါဝေါ 」

ဖန်သားပြင်တစ်ခုလုံးမှာ အဖြူရောင် မီးလျှံများဖြင့် ပြည့်နှက်နေချေသည်။ ၎င်းမှာ ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းကို လောင်ကျွမ်းစေသော တရားစီရင်ခြင်း အထူးစွမ်းရည် ဖြစ်၏။ ကျနော် မေးနေစရာ မလိုတော့ပေ။ ထိုမီးလျှံမှာ သေချာပေါက် ယောင်ဟီဝန်၏ ‘ငရဲမီးလျှံ တောက်လောင်ခြင်း’ ပင် ဖြစ်ချေသည်။

ကံကောင်းလှပေသည်။ ယောင်ဟီဝန် အသက်ရှင်နေဆဲ ဖြစ်၏။ သို့ပေသိ... ထူးဆန်းနေပေသည်။

ဒါက ယောင်ဟီဝန်၏ ရှုထောင့် မဟုတ်ဘူးလား။

ခဏအကြာတွင် မီးလျှံများအတွင်းရှိ ယောင်ဟီဝန်၏ နဖူးပေါ်တွင် ကြာပန်းပုံစံ အမှတ်အသားကို မြင်လိုက်ရသည်။

...ချီး။ နာဗားနားက ယေင်ဟီဝန်ဆီကို ရောက်သွားခဲ့ပြီပဲ။ ယူဂျွန်ဟော့တောင် ခံလိုက်ရတာဆိုတော့ ယောင်ဟီဝန် ထိခိုက်မှု မရှိမှသာ ထူးဆန်းနေဦးမယ်။

သို့သော်လည်း မေးခွန်းတစ်ခု ကျန်ရှိနေသေး၏။

ဘယ်သူက ငါ့ကို ခေါ်ခဲ့တာလဲ။

「 ယောင်ဟီဝန် 」

ထိုအသံမှာ ရိုးသားဖြောင့်မတ်သော စစ်သားတစ်ဦး၏ အသံ ဖြစ်၏။ အသံပိုင်ရှင်မှာ လီဟန်းဆောင်ပင် ဖြစ်ချေသည်။

「 ဝုန်းဝုန်း 」

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ဖန်သားပြင်မှာ တုန်ခါသွားပေသည်။ ပတ်ဝန်းကျင်ရှိ ကိုယ်စားလှယ်များမှာ လွင့်စင်သွားကြ၏။ မီးလျှံများ ထိတွေ့ရာ နေရာတိုင်းမှာ စတင် လောင်ကျွမ်းနေလေသည်။ ထိုနေရာမှာ ကျနော် ချက်ချင်း ကူညီပေးနိုင်သော တည်နေရာ မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ သေချာပေါက် အကျိုးဆက်များ ရှိလာပေလိမ့်မည်။ ယောင်ဟီဝန်မှာ ‘စိတ်ကူးကူးစက်ခြင်း’ ၏ ဒဏ်ကို ခံနေရသဖြင့် တုံ့ဆိုင်းနေမည် မဟုတ်ပေ။ အပြစ်မဲ့သော လီဟန်းဆောင်မှာ ယောင်ဟီဝန်၏ ဓါးသွားရှေ့တွင် ကူကယ်ရာမဲ့စွာ ထိတွေ့နေရချေသည်။

လီး။ ငါ ဘာလုပ်သင့်သလဲ။

"အု"

ရုတ်တရက် အမှောင်ထုမှာ ပေါက်ကွဲသွားပြီး ဖန်သားပြင်မှာ ပျက်စီးသွားချေသည်။ ပြင်းထန်သော ပျို့အန်ချင်စိတ်နှင့်အတူ ကျနော် မျက်လုံးများကို ဖွင့်လိုက်ရာ ယူဂျွန်ဟော့၏ စိတ်ဆိုးနေသော အမူအရာကို မြင်လိုက်ရသည်။

"မင်းက ဘာလို့ အခုမှ အိပ်ပျော်နေရတာလဲ"

ကျနော့်ပါးစပ်မှ သွားရည်များ စီးကျလာပြီး အလွန်အမင်း အန်ချင်သလို ကျနော်ခံစားလိုက်ရ၏။

ဒီမအေဘေးက ငါ့ကို နှိုးဖို့ ရိုက်လိုက်တာလား။

...ခဏနေဦး၊ ရိုက်တယ်ဟုတ်လား။

ရုတ်တရက်ဆိုသလို ကျနော် ဉာဏ်အလင်း ပွင့်သွားချေသည်။ ဟုတ်ပေသည်၊ ဤအရာပင် ဖြစ်၏။ အရိုက်ခံရခြင်းကို ကျနော် မနှစ်သက်သော်လည်း မည်သို့မျှ မတတ်နိုင်တော့ပေ။

ယူဂျွန်ဟော့ကို ကျနော်ပြောလိုက်၏။

"ဟေ့…ငါ့ကို နောက်ထပ် တစ်ချက်လောက် ထပ်ရိုက်ပေး။ တကယ်ကို ပြင်းပြင်းထန်ထန် တစ်ချက်လောက် ရိုက်ပေးစေချင်တယ်"

"...ဘာ"

ကျနော့်စကားများမှာ အထင်အမြင်လွဲမှားစေနိုင်သော စကားလုံးများ ဖြစ်ပေသည်။ ထို့နောက်တွင်တော့ ကျနော် ထပ်မံ ပြောလိုက်ရ၏။

"မဟုတ်ဘူး၊ ငါ့ကို အခုပဲ သတ်လိုက်တော့"

All Chapters