← Chapters

အခန်း (၃၃၁-၃၃၃)

Vol. 23 Ch. 331-333

အခန်း (၃၃၁-၃၃၃)

Vol. 23 Ch. 331-333

အခန်း (၃၃၁) သူက ဘယ်သူနဲ့ယှဉ်မှာလဲ

စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုပေါ်လာသည်နှင့် တွမ့်ရှင်းက တခွန်းမှမပြောဘဲ လှည့်ထွက်သွား၏။ သူတို့အဖို့ ဝေးဝေးနေတာကပိုကောင်း၏။

မိစ္ဆာဘုရားကျောင်းတပည့်များကလည်း အနည်းငယ်ကြက်သေသေသွားပြီးနောက် တွမ့်ရှင်းနောက် အမြန်လိုက်ကာ နောက်ထပ်တောင်ဆီသို့ပြောင်းလိုက်သည်။

“ဂိုဏ်းချုပ် ... လောင်ချန်းပေ့ကကော”

“မင်းကိုယ်မင်းပဲ ဂရုစိုက် ... လောင်ချန်းပေ့ကို စိုးရိမ်ပူပန်ဖို့အချိန်ရှိတယ်လား၊ ဒီမနက် မင်းခေါင်းကို ကျောက်ခဲနဲ့ရိုက်မိတာလား” တွမ့်ရှင်းက ပြန်ပြောလိုက်၏။

တွမ့်ရှင်းပြောတာမှန်ပေ၏။ လောင်ချန်းပေ့သည် ထိုပြိုင်ဘက်နှစ်ဦး၏ဆရာပဲဖြစ်သည်။ သူတို့က သူတို့အတွက် စိုးရိမ်ပူပန်ဖို့လိုအပ်မည်လော။ တွမ့်ရှင်းက ကျန်သည့်တပည့်များကို တိမ်တောက် တောင်ထိပ်ဆီသို့ ခေါ်သွားလိုက်သည်။

ထိုစဉ် လုကျိုးက စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုကို စိုက်ကြည့်နေ၏။ နောက်ဆုံးတွင် သူက ခေါင်း အနည်းငယ် ညိတ်လိုက်သည်။ သူကြားထားသည့်ကောလဟလများကို ယခုအချိန်တွင် သက်သေပြ လိုက်ပြီးဖြစ်သည်။ သူတို့ခွန်အားနှင့်ကျင့်ကြံဆင့်က အမှန်တကယ်ပင် ကျိထျန်းတောက်လောက် အစွမ်းထက်၏။ ကျိထျန်းတောက်၏ မဟာအကန့်အသတ်က သူ့အပေါ်တွင် မူတည်နေပြီး သူ၏ကျင့်ကြံဆင့်ကလည်း ယိုယွင်းလာလေ၏။ ကျိထျန်းတောက်က တပည့်နှစ်ယောက်ကို တချိန်တည်းတွင် မကြပ်မတ်နိုင်တော့တာသဘာဝကျသည်။

လုကျိုးသည် ပြဿနာတစ်ရပ်ကို ရုတ်တရက် သဘောပေါက်သွားလေ၏။ ငါ့ကိုယ်ငါ ဘယ်လို ကာကွယ်ရမလဲ ... သူ၏နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံဆင့်က အပြည့်အဝမရသေးပေ။ သူက ကောင်းကင်ကျမ်းစာ ထူးကဲစွမ်းအားငါးပုံနှစ်ပုံသာ ပြန်ရသေးသည်။ ထို့အပြင် ထူးကဲစွမ်းအားက တန်ဖိုးရှိလွန်း၏။ တပည့်များ၏တိုက်ပွဲမှ စွမ်းအင်လှိုင်းကိုကာရန် ၎င်းကိုအသုံးပြုလိုက်လျှင် ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။

နားခိုဖို့နေရာရှာသင့်ပြီ ... လုကျိုးက ထွက်သွားတော့မည့်အချိန်၌ စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုက ခရမ်းဖျော့တောင်တန်းဆီသို့ရောက်လာ၏။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်သည် သူတို့၏ဒုက္ခရှုကွင်းတရာစိတ်ဝိညာဉ်သဏ္ဌာန်များဖြင့် တပြိုင်နက်တည်း တိုက်ခိုက်တော့သည်။

“တိမ်တောက်တောင်ထိပ်က နေရာကောင်းတစ်ခုပဲ ... မပျက်စီးစေနဲ့”

“လက်ခံတယ်”

ဓားမော့နှင့် ဓား တိုက်မိသွား၏။ ကျောက်တုံးများ အက်ကွဲကုန်ပြီး ကောင်းကင်က တုန်ယင်လာ၏။

ပွင့်ချပ်ရှစ်လွှာရွှေကြာက ရေဝဲများသဖွယ်စွမ်းအားများစုစည်းနေ၏။

ယွီကျန့်ဟိုင်က လက်ဝါးနှစ်ဖက်ကိုပူးကပ်ပြီး သူ့ရှေ့တွင်ထားလိုက်၏။ နဂါးသွဲ့ကျောက်ဓားမော့သည် သူ့ခေါင်းထက်တွင် ရစ်ဝဲနေသည်။ စိတ်ဝိညာဉ်သဏ္ဌာန်၏ ပံ့ပိုးမှုအောက်တွင် နဂါးသွဲ့ကျောက်သည် စွမ်းအင်ဖြင့်ရစ်ပတ်ခံလိုက်ရကာ ယခုဆို ကြီးမားလာ၏။ “ပိုင်းဖြတ်”

ယွီရှန်းရုန်၏စိတ်ဝိညာဉ်သဏ္ဌာန်က လွင့်ပြယ်သွား၏။ သူက အထက်သို့ပစ်တင်လျက် သူ၏သက်တော်ရှည်ဓားကို မြှင့်တင်လိုက်သည်။ စွမ်းအင်ဓားသွားထောင်ချီက ၎င်းနှင့်ပေါင်းစည်းသွားပြီးနောက် သူသည်နဂါးသွဲ့ကျောက်ဓားမော့၏ စွမ်းအင်ဓားသွားဆီသို့ ဦးတည်တိုက်ခိုက်လိုက်၏။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ပြန်ပေါ်လာချေ၏။

ဖုန်း

ကြီးမားသည့်စွမ်းအင်ဓားသွားက ခရမ်းဖျော့တောင်တန်းကို ထိမိသွားပြီး တောင်ပေါ်၌ ချောက်နက်ကြီး ဖြစ်သွားစေ၏။ တောင်ခြေကနေ မော့ကြည့်မိလျှင် ပြတ်ရာက ချောက်ကမ်းပါးနှင့် တူနေတော့၏။ ထိုပြတ်ရာသည် သိပ်မကြာလိုက်၊ အက်ကွဲသံသည် လေထဲပေါ်ထွက်လာ၏။ ကျောက်စကျောက်နများက ခရမ်းဖျော့တောင်တန်း၏မျက်နှာပြင်ကနေစတင်ကျလာတော့သည်။ ထိုအရာက ၎င်း၏ပံ့ပိုးမှု မရှိတော့ရာ ခရမ်းဖျော့တောင်တန်းသည်လည်း စတင်ပြိုကွဲလာတော့၏။ ကြီးမားသည့်ကျောက်တုံးက တောင်ပေါ်ကနေ လိမ့်ကျလာပြီး သူတို့လမ်းတလျှောက်ရှိ သစ်ပင်များကို တိုက်ဖြတ်သွားတော့သည်။ မြေပေါ်ရှိ သားရဲတိရစ္ဆာန်များကလည်း သူတို့အသက်ဘေးအတွက် ပြေးနေကြလေ၏။

ဟွားချုံးရန်က အပေါ်ကနေ ငုံ့ကြည့်လိုက်၏။ သူက ခရမ်းဖျော့တောင်တန်း ပြိုလဲသွားတာ ကြည့်နေ၏။

“လိုက်ထား”

“နားလည်ပါပြီ” ရထားလုံးပျံသည် အလင်းခွင်းတိမ်တောအုပ်ဆီသို့ဦးတည်သွားလိုက်၏။ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်သည် လမ်းတလျှောက်ကြမ်းတမ်းစွာတိုက်ခိုက်နေသည်။ သူတို့ တိုက်သွားသည့်နေရာတိုင်း သစ်ပင်များလဲပြိုကုန်သည်။ သူတို့နှစ်ယောက်က အလင်းခွင်းတိမ်တိုက်တောအုပ်၏ အနက်ပိုင်းဆီသို့ ဆက်လက်ပျံသန်းသွား၏။

“ဒုက္ခရှုကွင်းတရာက လူတစ်ယောက်ရဲ့ကနဦးချီကို ပံ့ပိုးပေးနိုင်တယ်။ သူတို့ဘယ်လောက်ကြာကြာထိန်းထားနိုင်မလဲ” ဟွားချုံးရန်သည် သူမြင်တွေ့ရတာကို မြင်နိုင်ရန်ခက်ခဲနေလေသည်။

“အစ်ကိုချုံးရန် ... ခင်ဗျားက ပွင့်ချပ်ခုနစ်လွှာကျင့်ကြံဆင့်ရှိတာပဲ။ ခင်ဗျားတောင် မထုတ်ဖော်နိုင်ရင် ကျုပ်တို့သုံးယောက် ဘယ်လိုလုပ်သိမှာတုံး”

ဟွားချုံးရန်က တံတွေးမျိုချလိုက်၏။ သူသည် စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုကြား ရှေ့နောက် ကူးလူးနေသော စွမ်းအင်ဓားသွားကြီးကို ကြည့်လိုက်သည်။ စွမ်းအင်ဓားသွားသည် စတင်ပေါ်ထွက်သည့်အချိန်နှင့် ယှဉ်လျှင် အဆပေါင်းများစွာ ပိုကြီးမားလာပုံပေါ်သည်။

တိုက်ကွက်များ ဆက်တိုက်ဖလှယ်ပြီးနောက် ယွီရှန်းရုန်သည် လျှပ်ပြက်သည့်အရှိန်ဖြင့် စိတ်ဝိညာဉ် သဏ္ဌာန်၏ နဖူးဆီသို့ ရွေ့လျားလိုက်၏။ သက်တော်ရှည်ဓားက သူ၏ဆုပ်ကိုင်မှုထဲ ကျလာ၏။ သူက ဓားရိုးကို ကိုင်ထားလျက် စွမ်းအင်ဓားသွားများက သူ၏လက်ချောင်းများကြားကနေ ပေါ်ထွက်လာ၏။ “ရှစ်ရှိုး ... ဒါကိုယူလိုက်”

ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့အနည်းငယ်ကျုံ့သွား၏။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းကာ မိုးကုပ်စက်ဝိုင်းဆီသို့ ဦးတည်သွားတော့သည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံထုတ်ဖော်ပြီး သူ၏ဓားမော့ကို မြှောက်လိုက်တော့သည်။ သူက ခြောက်ကပ်ကပ် ပြောလိုက်တော့သည်။ “ဟုတ်ပြီလေ”

ဟွားချုံးယန်နှင့် ကျန်သည့်သူများက အသက်အောင့်ထားကြသည်။

ယွီရှန်းရုန်က သူ၏ညာလက်ကိုဝေ့ယမ်းလျက် ကျန်သည့်သူများကို ထိတ်လန့်သွားစေသည်က သူ၏ ဒုက္ခရှုကွင်းမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်သည် ပုံရိပ်ယောင်များစွာကျန်ခဲ့တာပဲဖြစ်သည်။

“ခမ်းနားသောကျင့်စဉ်လား”

“ကွေ့ယမ်ဓားသိုင်း ... ခြေရာခံမရတဲ့ဓား” ခြေရာခံမရသောဓားဟုခေါ်ခြင်းမှာ ၎င်း၏နောက်၌ ခြေရာလက်ရာ မကျန်သောကြောင့်ဖြစ်သည်။ ဓား၏လှုပ်ရှားမှုက မြန်ဆန်လွန်းသောကြောင့် ပကတိမျက်လုံးဖြင့် မမြင်နိုင်တော့ပေ။ ယွီရှန်းရုန်က ယွီကျန့်ဟိုင်ကို ခဏတာလေ့လာလိုက်၏။ ပြီးနောက် စွမ်းအင်ဓားသွားထောင်ချီက ပေါင်းစည်းလာပြီး သူ၏ပြိုင်ဘက်ဆီသို့တိုးဝင်သွား၏။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် သူသည် ယွီကျန့်ဟိုင်အတွက် လမ်းကြောင်းတစ်ခုဖန်တီးကာ သူ၏သက်တော်ရှည်ဓားကိုကိုင်ဆောင်လိုက်လေ၏။

“မဟာအမှောင်ကောင်းကင်ချိပ်ပိတ်မှု” ယွီကျန့်ဟိုင်သည် ယွီရှန်းရုန်ထံမှ ထိုအကွက်ပေါ်ထွက်လာမည်ဟု တွေးထင်ထားပုံပေါ်၏။ သူ၏စွမ်းအင်ဓားသွားများက ကွဲထွက်သွား၏။ အလယ်တွင် နဂါးသွဲ့ကျောက်ဓားမော့ဖြင့် သူက ယခုဆို ခိုင်မာသည့်ခုခံမှုတိုင်းဖြင့် ရစ်ပတ်ခံထားရပြီးဖြစ်သည်။

ဘန်း

အင်အားနှစ်စုတိုက်မိသွား၏။ ပိုလျှံသောစွမ်းအင်များက မီတာတစ်ထောင်အကွာအဝေးဆီ ဖြန့်ကျက်သွားသည်။ မြေပြင်ပေါ်ရှိသစ်ရွက်များသည်လည်း ထိခိုက်ကုန်၏။ အပေါ်ကနေ ကြည့်လျှင် တစ်စုံတစ်ယောက်သည် တွင်းနက်ကြီးတစ်ခုတူးလိုက်သည့်ပမာ ထင်မှတ်ရသည်။

ကြီးမားသော စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုသည် လွင့်ပြယ်သွားလေ၏။ ယွီကျန့်ဟိုင် နောက်ဆုတ် သွားသည်။ ယွီရှန်းရုန်လည်းနောက်ဆုတ်သွားရ၏။ သူတို့ကလေထဲတွင်ပျံဝဲနေစဉ် တစ်ယောက်နှင့်တစ်ယောက်မလှမ်းမကမ်းကနေကြည့်နေ၏။

ယွီကျန့်ဟိုင်၏လက်က နဂါးသွဲ့ကျောက်ဓားမော့ကို ကိုင်ထားသည်။ သူ၏လက်ချောင်းများကိုလည်း တဆက်တည်း ဖြေလျော့လိုက်သည်။ သွေးကြောများက လက်ပေါ်၌ဖောင်းကြွလာ၏။

ယွီကျန့်ဟိုင်၏ လက်ချောင်းလေးက အနည်းငယ်လှုပ်ခါနေသည်။ သူက၎င်းကိုအမြန်ဖိနှိပ်လိုက်၏။

ယွီကျန့်ဟိုင်က တောက်ပပြီး ကြည်လင်သောအသံဖြင့် ပြောလိုက်တော့သည်။ “မင်းက ငါထင်ထားတာထက်ပိုသန်မာတာပဲ”

“ကျုပ်ကို ချီးကျူးရာရောက်နေပါပြီ ရှစ်ရှိုး ... ရှစ်ရှိုးလည်း မဆိုးပါဘူး” ယွီရှန်းရုန်က ပြုံးလိုက်သည်။

“ရှစ်တိ ... မင်းက ငါခွန်အားအကုန်ထုတ်သုံးရအောင်ပြုလုပ်နိုင်တဲ့ ပထမဆုံးသူပဲ” ယွီကျန့်ဟိုင်က တည်ကြည်စွာ ပြောလိုက်သည်။

“ရှစ်ရှိုး ကျေနပ်မယ်လို့မျှော်လင့်ပါတယ်" ယွီကျန့်ဟိုင်က လက်ဖြန့်လိုက်သည်။ သူ၏နဂါးသွဲ့ကျောက်ဓားမော့က လေထဲတွင်ပျံဝဲနေသည်။ တချိန်တည်းတွင် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က ထပ်မံပေါ်ပေါက်လာ၏။

ကောင်းကင်ထဲရှိ ပရမ်းပတာ စီးဆင်းနေသော စွမ်းအင်တစ်ခုက မုန်တိုင်းတစ်ခု ဖန်တီးလိုက်တော့သည်။ မည်သူက မည်သူ့ကိုယှဉ်နိုင်မည်နည်း။

လုကျိုးက ဘေး၌ထိုင်နေသေး၏။ သူက စိတ်ဝိညာဉ်သဏ္ဌာန်များရှိရာဖက်သို့ လှမ်းကြည့်လိုက်၏။ သူသည် ဤနေရာကို ရှောင်တိမ်းသွားလောက်သည်အထိ လိမ္မာပါးနပ်သောနှစ်ယောက်ကိုသူ တိတ်တဆိတ် ချီးကျူးနေမိသည်။

လုကျိုးက ငြိမ်းငြိမ်းချမ်းချမ်းမျက်လုံးမှိတ်ထားလျက် ပြန်ပြီးတရားထိုင်လိုက်တော့သည်။ သူက စိတ်ဝိညာဉ်သဏ္ဌာန်များတိုက်ခိုက်သည့်အသံများကိုလည်းကြားနေရ၏။ တိမ်တောက်တောင်ထွတ် တစ်ခုလုံးတိုက်ခိုက်မှုကြောင့်တုန်လှုပ်နေသည်။

“စီးဝူယာ့” လုကျိုးက နောက်ထပ်လူမိုက်တစ်ယောက်ကို အမှတ်ရသွားသည်။ သူဘယ်မှာလဲ ...

အကွာအဝေးကြောင့် လုကျိုးသည် စီးဝူယာ့ကိုမမြင်နိုင်ပေ။ သို့သော် ယွီရှန်းရုန်နှင့်အတူ ဤနေရာသို့ စီးဝူယာ့လာကြောင်းသူသေချာသည်။ ထိုသို့ဆိုလျှင် သူသည် မည်သည့်နေရာသို့ရောက်နေလောက် သနည်း။ သူ့၌ ချုပ်နှောင်ခြင်းလှောင်ချိုင့်ကတ်သုံးကတ်ရှိနေ၏။ ဤအရာအားလုံးအသင့် ဖြစ်ပြီးသားပင်။ ယခုအချိန်တွင် လိုအပ်နေသည်က အချိန်ပဲဖြစ်၏။

မျက်တောင်တစ်ခတ်အတွင်း အချိန်ကုန်ဆုံးသွားသည်။ နေ့သစ်တစ်နေ့စတင်လာ၏။ မိုးကုပ်စက်ဝိုင်းထဲကနေ နေဖြည်းဖြည်းချင်းထွက်ပေါ်လာသည့်အချိန်၌ လုကျိုးက မိုးခြိမ်းသံများ ကြားနေရ၏။ သူက မျက်လုံးဖွင့်လျက်သစ်ရွက်ရာချီရေအိုင်သို့ကြည့်လိုက်သည်။ ယင်းက ကပ်ဘေးတစ်ခုပဲ ဖြစ်သည်။ သူ၏တပည့်များကို မမြင်ရတော့ချေ။

လုကျိုးက သူ၏အသုံးပစ္စည်းကတ်များ ပြန်လည်အသုံးပြုနိုင်မည့်အချိန်ကို ကြည့်လိုက်တော့၏။ ငါးနာရီ

“လောင်ချန်းပေ့” တွမ့်ရှင်းက ထိုစဉ်ခေါ်လိုက်သည်။ လုကျိုးက အခန်းထဲကနေ လက်နောက်ပစ်ထားလျက် ထွက်လာ၏။ တွမ့်ရှင်းသည် ခြံဝန်းထဲတွင် တလေးတစားရပ်နေတာကို သူမြင်လိုက်ရသည်။ သုံးရက်သုံးညတိုင်တိုင် ကြာခဲ့သည့်တိုက်ပွဲက တွမ့်ရှင်းကို စိတ်အားထက်သန်မှု မဆုံးရှုံးခဲ့ပေ။ အမှန်တကယ်တွင်သူသည် ပိုတောင်ဖျတ်လတ်လာပုံပေါ်၏။ သူက ချီးကျူးပြီးပြောလိုက်တော့၏။ “ကျွန်တော်အမြင်တကယ်ကျယ်သွားတာပဲ ... အမှန်ပဲ”

“ရလဒ်က ဘာလဲ” လုကျိုးက မေးလိုက်တော့သည်။ သူတို့ရဲ့ကျင့်ကြံဆင့်ကိုအခြေခံကာ သူတို့က လက်ရည်ညီနေပြီး တိုက်ပွဲက အချိန်ကြာနေတယ်ဆိုပေမဲ့ တိုက်ပွဲက အနိုင်ရသူနဲ့ ရှုံးနိမ့်သူကို အတွေ့အကြုံပေါ်မူတည်ပြီးဆုံးဖြတ်သွားလိမ့်မယ်။ ထိုအခြင်းအရာအရ ယွီကျန့်ဟိုင်သည် နိုင်နိုင်ခြေရှိသည်။ သို့သော်ငြား သူက သူတို့နှင့်အတူမရှိတာ နှစ်ပေါင်းများစွာကြာပြီးဖြစ်၏။ ယွီရှန်းရုန်သည် နှစ်ပေါင်းများစွာကြာပြီးနောက် ရင့်ကျက်လာတာဖြစ်နိုင်၏။ ယွီကျန့်ဟိုင်အနိုင်ရလောက်မည်ဟုပြောတာက ချဲ့ကားပြောတာဖြစ်လောက်မည်။

“ပြောဖို့ခက်တယ်။ ဒါပေမဲ့ ပြင်းထန်မှုအရတိုက်ပွဲက အရင်နှစ်ရက်လောက် စိတ်လှုပ်ရှားဖို့ မကောင်းဘူး” တွမ့်ရှင်းကပြောသည်။

သူတို့က တိုက်ပွဲ၏နောက်ဆုံးအဆင့်ထဲ ရောက်နေပြီဖြစ်သည်။

လုကျိုးက မုတ်ဆိတ်သပ်လိုက်၏။ သူတို့အခုဆိုပင်ပန်းနေလောက်ပြီ။ ယင်းက ပြေးနေသကဲ့သို့ပင် ပြိုင်ပွဲ၌ ကြာကြာပြေးလေ ပင်ပန်းလေဖြစ်သည်။

ခဏတာစဉ်းစားပြီးနောက် လုကျိုးကပြောလိုက်သည်။ တချက်သွားကြည့်ရအောင် …

“ကောင်းပါပြီ” တွမ့်ရှင်းသည် အနီးကပ်ကြည့်ချင်၏။ သူတို့က သတ္တိလုံလုံလောက်လောက်မရှိပေ။

ယခုတိုက်ပွဲကသိပ်မပြင်းထန်တော့လေရာအဝေးကနေကြည့်ရာ ခက်ခဲနေလေ၏။

သို့သော်ငြား သူတို့အနီးကပ်လွန်းလျှင် ငရဲဂိုဏ်း၏မဟာကာကွယ်စောင့်ရှောက်သူလေးယောက် သူတို့ကို ရှာတွေ့သွားမှာစိုးရိမ်ရသည်။ လောင်ချန်းပေ့က သူတို့ကို ပံ့ပိုးပေးနေလေရာ ကြောက်စရာမရှိတော့ပေ။

“ရထားလုံးပျံပေါ်ကြွပါ ... လောင်ချန်းပေ့” လုကျိုးက သူ့လက်ကိုဆန့်တန်းလိုက်လေ၏။

သူတို့ကရထားလုံးပျံပေါ်မရှိလျှင် မည်ကဲ့သို့အတူတကွသွားနိုင်မည်နည်း။

ကျန်သည့်သူများက ရထားလုံးပေါ်တက်သွားကြ၏။ ထိခိုက်သွားလျှင် ယင်းက အရေးကြီးသည့် အခန်းကဏ္ဍတစ်ခု၌ ဝင်ပါနိုင်လိမ့်မည်။

တွမ့်ရှင်းက ရထားလုံးပျံပေါ် တက်သွားသည်နှင့် ပဲ့ပိုင်းရှိတပည့်ကို သူကန်ထုတ်ကာ ပြောလိုက်တော့သည်။ “လောင်ချန်းပေ့က ငါတို့နဲ့စီးမှာ ငါပဲ ပဲ့ကိုင်ရမှာပေါ့”

လုကျိုးက တွမ့်ရှင်းကိုကြည့်လိုက်၏။ သူကဘာမှမပြောပေ။ တွမ့်ရှင်းသည် ထိုကဲ့သို့ သဘောထားမျိုးဖြင့် အဖွဲ့ငယ်လေး၏ ယာယီခေါင်းဆောင်ဖြစ်ရန်သာ သင့်တော်သည်။ မည်သည့်နည်းနှင့်မဆို ယင်းက သူနှင့်ဘာမှမသက်ဆိုင်ပေ။

ရထားလုံးပျံက တိမ်တောက်တောင်ခြေကနေထွက်ခွာသွားလေ၏။ သစ်ရွက်တစ်ရာရေကန်ဆီသို့ ဦးတည်သွားနေ၏။

“လောင်ချန်းပေ့ ... ဒီအရှိန်ကို သည်းခံပေးပါ” တွမ့်ရှင်းကပြောလိုက်သည်။

လုကျိုးက အရှိန်ကိုကြည့်လိုက်၏။ သူကမုတ်ဆိပ်သပ်ကာ ပြောလိုက်တော့သည်။ “အရှိန်ကို လက်ခံနိုင်စွမ်းသည့် သစ်ပင်များနောက် သူတို့က ဝေ့ဝိုက်သွားနေသည်။

တိမ်ခွင်းရထားလုံးက တိုက်ပွဲနားနီးကပ်လာစဉ် စွမ်းအင်များတိုက်မိသည့်အသံက ပိုကျယ်လောင်လာ၏။

တိမ်ခွင်းရထားလုံးက သစ်ရွက်တရာရေကန်ထက်ပျံဝဲနေသည့်အချိန်၌ မြင်ကွင်းက ပိုကျယ်လာတော့သည်။

အနားရှိသစ်ပင်များ လဲပြိုကျလာ၏။ တွမ့်ရှင်းက ပြုံးပြီး ပြောလိုက်၏။ “အရှိန်တင်တော့မယ်”

“အဲ့လိုလုပ်ဖို့မလိုဘူး” လုကျိုးက လက်တဖက်မြှောက်လျက်မုတ်ဆိပ်သပ်လိုက်သည်။

“ဘာကြောင့်လဲ”

‘သူ့မှာမေးခွန်းတွေဘာကြောင့် အဲ့လောက်များနေရတာလဲ ... တော်တော်ဒုက္ခများတဲ့ နောက်လိုက်ပဲ’

လုကျိုးက မေးလိုက်၏။ “တွမ့်ရှင်း ... တိမ်တောက်တောင်ထွတ်မှာ သူတို့တိုက်ခိုက်ကြမယ်ဆိုတာ မင်းဘယ်လိုလုပ်သိလဲ”

တွမ့်ရှင်းက လုကျိုး၏အမေးကို ခဏတာစဉ်းစားပြီးနောက် သူကရထားလုံးပျံကိုထိန်းလိုက်၏။ ပြီးနောက်သူက သက်ပြင်းချကာပြောလိုက်တော့သည်။ “ဖင်းတုတောင်တန်းကိုသွားတဲ့ အချိန်တုန်းက ဒီသတင်းကိုရှာဖို့ဒုက္ခခံခဲ့ရတာ”

“အဲဒီအကြောင်းကို မင်းရှာတွေ့ရင် ဘယ်သူမဆိုသိကြမှာပဲ” လုကျိုးက ခြောက်ကပ်ကပ် ပြောလိုက်၏။

“လောင်ချန်းပေ့ ဒီမှာတခြားသူတွေရှိနေနိုင်တယ်လို့ပြောတာလား” တွမ့်ရှင်းက ရထားလုံးပျံကို အရှိန်လျှော့လိုက်ပြီး သူက တောအုပ်အတွင်းဖက်ဆီသို့မောင်းလိုက်၏။ လုကျိုးက တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်။ ယင်းက ခန့်မှန်းချက်ဖြစ်သော်ငြား ဖြစ်နိုင်ချေမြင့်မားသည်။

တွမ့်ရှင်းက ဘေးဘယ်ညာကြည့်လိုက်သည်။ ရထားလုံးပျံတောအုပ်ထဲဝင်သွားပြီးနောက် သူတို့၏ ပတ်ဝန်းကျင်က မူမမှန်လောက်အောင် တိတ်ဆိတ်နေသည်။ နောင်တတရားတို့ပေါ်လာသည်။ “လောင်ချန်းပေ့မှန်တယ် ကျွန်တော်က အဆင်အခြင်မဲ့ပြီးရမ်းကားလွန်းတာ ကြွက်တွေက အခုလောက်ဆို ကျွန်တော်တို့ လှုပ်ရှားပြီးမှုကြောင့် သွားလောက်ပြီ”

သို့သော် လုကျိုးက တည်ငြိမ်နေလေ၏။ သူက ဒေါသထွက်ပုံမရပေ။ တွမ့်ရှင်းက စိတ်သက်သာရာ ရပြီး သက်ပြင်းချလိုက်၏။ ရထားလုံးပျံက ခရမ်းဖျော့တောင်တန်းကို ဖြတ်ကျော်သွားရာ တွမ့်ရှင်းနှင့် ကျန်သည့်သူများ ဖြတ်ကျော်သွားလိုက်၏။ စွမ်းအင်ဓားသွားများကြောင့် အပျက်အစီး နယ်မြေသည် သူတို့ကို ထိတ်လန့်သွားစေသည်။ ဤနေရာ၌ လုံးဝရှုပ်ထွေးနေပြီဖြစ်သည်။

ဖုန်း ဖုန်း ဖုန်း

စွမ်းအင်များထိခတ်သည့်အသံက ယခုဆိုပိုနီးကပ်လာသည်။ တွမ့်ရှင်းက ပြောလိုက်သည်။

"အလင်းခွင်းတိမ်တောအုပ်က ရှေ့မှာပဲ”

ရထားလုံးပျံသည် တိုက်ပွဲမှအစအနများကို ရှောင်ရှားရန်အတွက် တမင်တကာ ရှောင်တိမ်းပြီး ငရဲဂိုဏ်း၏ရထားလုံးပျံဆီသို့ ကပ်သွားလေ၏။

သူတို့သည် စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုပျောက်ကွယ်သွားတာကိုတွေ့လိုက်ရသည်။

ကောင်းကင်ထဲတွင် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်နှစ်ယောက်လုံးက တပြိုင်နက်တည်း နောက်ဆုတ်သွား၏။ သူတို့က အကြိမ်ရေအနည်းငယ်ကျွမ်းထိုးလိုက်ပြီးနောက် သူတို့ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းလိုက်သည်။

သူတို့က သုံးရက်သုံးညတိုင်တိုင် တိုက်ခိုက်ပြီး ဒုက္ခရှုကွင်းတရာစိတ်ဝိညာဉ်သဏ္ဌာန်ကို ထိန်းထားရပြီးနောက် သူတို့ကျင့်စဉ် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိသာသွားလေသည်။

တွမ့်ရှင်း၏မျက်နှာထက်၌ စိတ်လှုပ်ရှားသည့်အမူအရာပေါ်လာတော့သည်။

“လောင်ချန်းပေ့ သူတို့အကန့်အသတ်ရောက်တော့မယ်ထင်တယ်”

လုကျိုးက မုတ်ဆိတ်သပ်နေ၏။ အဝေးကနေပြိုင်ဘက်နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင်နေတာကိုကြည့်နေ၏။ “လောဖို့မလိုဘူး” တွမ့်ရှင်းက အမေးမထုတ်ရဲပေ။ လောင်ချန်းပေ့က လောရန် မလိုကြောင်းပြောနေတာကြောင့် တစ်စုံတစ်ခု လွဲချော်နေကြောင်းသိသာနေ၏။

…

အခန်း (၃၃၂) ရလဒ်

ဝေဟင်ထဲ မည်သည့်အခြေအနေမှာမဆို အမြဲတမ်း တည်တည်ငြိမ်ငြိမ် ရှိခဲ့သည့် ယွီရှန်းရုန်ပင် နဖူးမှ ချွေးစို့လာမိသည်။ သူ့အသက်ရှုနှုန်းလည်း ယခင်လို မတည်ငြိမ်တော့ပေ။

ယွီကျန့်ဟိုင်လည်း အတူတူ ဖြစ်၏။ သူ့လက်မောင်းမှ ချွေးများ စီးကျလာသည်။ နေမင်းကြီးက ရေစက်လေးများအပေါ် အလင်းတန်းဖြာကျစေပြီး လင်းလက်နေစေသည်။

ကာကွယ်သူလေးယောက်လည်း သူတို့ မြင်တွေ့ရခဲ့သော မြင်ကွင်းများကြောင့် အတော်လေး အံ့ဩမိနေဆဲ ဖြစ်၏။

နှစ်ယောက်လုံးက ပြိုင်ပွဲအတွင်း အားလုံးထုတ်သုံးပြီးဟန်ပေါ်သော်လည်း အနိုင်အရှုံး မသဲကွဲသေးပေ။

“ မင်းရဲ့ ကွေ့ယွမ်ဓားနည်းပညာက တကယ်အားကောင်းတာပဲ” ယွီကျန့်ဟိုင်က ချီးကျူးလိုက်သည်။

“တာ့ရှစ်ရှိုးရဲ့ မဟာအမှောင်ကောင်းကင်အောက်မေ့ရာလည်း အတူတူပါပဲ ” ယွီရှန်းရုန်က အပြုံးလေးဖြင့် ပြောလာသည်။

ဟွားချုံးယန်က ဆွံ့အစွာ ကြည့်နေမိသည်။ နှစ်ယောက်က သုံးရက်သုံးညတာ တိုက်ပွဲတစ်လျှောက်လုံး အချင်းချင်း ချီးကျူးနေကြလေသည်။ နှစ်ယောက်လုံး အချင်းချင်း ချီးကျူးသွားပြီးနောက် ပြန်တိုက်ခိုက်ကြသည်။ သို့သော်လည်း နှစ်ယောက်သား ယခင်ထက် မောပန်းနေကြဟန်ပေါ်သည်။ ထိုသို့ဆိုလျှင်ပင် တိုက်ပွဲအရှိန်အဟုန်က တခြားကျင့်ကြံသူများ ယှဉ်နိုင်ဖို့ မျှော်လင့်နိုင်သည့်အရာ မဟုတ်ချေ။

ဟွားချုံးယန်က သစ်ရွက်ရာချီကန်တစ်ဝိုက် ကြည့်လိုက်သည်။ မိုင်အတော်အတန် နေရာယူထားသော ရေကန်က ယခုအခါ လုံးဝ ပျက်စီးသွားလေပြီ။ ပေတစ်ရာ မြင့်မားသော ခရမ်းဖျော့တောင်လည်း ကြေမွသွားလေသည်။ အလင်းခွင်းတိမ်တိုက် တောအုပ်အတွင်းရှိ တောင်ဆယ်လုံးလည်း ပြားပြားဝပ်သွားလေပြီ။ စွမ်းအားဓားများ ဖြတ်သွားသည့်နေရာတိုင်း သစ်ပင်များလည်း လဲကျသွားသလို မြေပြင်နှင့် လေထဲရှိ သားရဲများစွာလည်း သတ်ခံထားရသည်။

တောအုပ်နှင့် ခပ်ဆင်ဆင် နေရာလည်း တိုက်ပွဲအပြီးတွင် တိုက်ပွဲကွင်းပြင် ဖြစ်နေလေပြီ။ မျက်စိနှင့် မြင်တွေ့ရသမျှ နေရာတိုင်းတွင် အကောင်းတိုင်း မကျန်တော့ပေ။

ထိုစဉ် စီးဝူယာ့က တိုက်ပွဲကို ကြည့်မနေပေ။ ထို့အစား သူက တောအုပ်ထဲ ထိုင်ရင်း တိုက်ပွဲအဆုံးသတ်ဖို့ စောင့်နေလိုက်သည်။ သူက သူ့ရှစ်ရှိုးများ တိုက်ခိုက်ဖို့ မမျှော်လင့်ပေ။ သို့သော်လည်း ထိုစဉ် သူကိုယ်တိုင် ရလဒ်ကို စောင့်မျှော်နေမိ၏။

ပွင့်ချပ်ရှစ်လွှာအဆင့် ဘယ်သူက ပိုအားကောင်းနေမလဲ။ တာ့ရှစ်ရှိုးလား ဒါမှမဟုတ် အာ့ရှစ်ရှိုးလား …

မျက်စိတစ်မှိတ်အတွင်း လေးနာရီ ကုန်လွန်သွားလေသည်။

စီးဝူယာ့က တောအုပ်ထဲ ဆက်မစောင့်တော့ပေ။ သူက တိုက်ပွဲ၏ အရှိန်အဟုန် လျော့ကျလာသလို ခံစားလိုက်ရ၍ အဆုံးသတ်တော့မည်မှန်း သိလိုက်သည်။ ထို့ကြောင့် တိုက်ပွဲရှိရာဆီ သွားလိုက်သည်။

ထိုစဉ် ငရဲဂိုဏ်း၏ ဧရာမရထားလုံးပျံအောက်တွင် နဂါးသွဲ့ကျောက်ဓားက အထက်သို့ ဦးတည်ကာ ယမ်းနေသည်။ အရွယ်အစားကြီးမားသည့် စွမ်းအားက လေရဟတ်အလား အနီးရှိ သစ်ပင်မြင့်များကို ခုတ်ချပစ်လေသည်။

ယွီရှန်းရုန်လည်း အမြင့်ဆုံး အရှိန်ဖြင့် ဘယ်ဘက်၊ အလယ်, ညာဘက် လှုပ်ရှားလိုက်သည်။

ပုံရိပ်သုံးခုက ဟိုဟိုဒီဒီ ရွေ့လျားနေသည်။ ပွဲကြည့်သူများက ထိုအရာကို မြင်သည့်အခါ အိပ်မက်မက်နေသလို ခံစားလိုက်ရ၏။ သူတို့က ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ယွီကျန့်ဟိုင်က ဤသည်မှာ ယွီရှန်းရုန်၏ နာမည်ကျော် ဓားသိုင်းကွက် ပြန်လာဝင်ရောက်ဝိညာဉ်သုံးပါး ဖြစ်ကြောင်း သိလေသည်။ သူက အော်ပြောလိုက်သည်။

“ချိုးဖောက်စမ်း”

သူ့ဆီမှ စွမ်းအားစက်ကွင်း ထွက်ပေါ်လာသည်။

စွမ်းအားပေါက်ကွဲမှုက ရိုးရှင်းဟန် ပေါ်သော်လည်း မဟာအမှောင်ကောင်းကင်အောက်မေ့ရာ၏ အကြီးမားဆုံးနှင့် အလွှမ်းမိုးနိုင်ဆုံး တိုက်ကွက် ဖြစ်၏။ ပတ်ဝန်းကျင်ဆီ စွမ်းအားလှိုင်းများ ပျံ့နှံ့လာသောကြောင့် အမှောင်ကောင်းကင် ကြယ်တာရာအလင်းဖြင့် ပေါင်းစပ်သွားသည်။ စွမ်းအားဓားသွားက ချက်ချင်း ကြီးမားလာကာ ထွက်ပေါ်လာသည်။ သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ရှိ စွမ်းအားအကုန်ဖြင့် မိုးမြေ၏ ချီစွမ်းအားများကို ထိန်းချုပ်လိုက်သည်။ ထိုသို့ဖြင့် လှိုင်းလုံးကြီး ရုတ်ခြည်း ပေါ်ထွက်လာသည်။

အချုပ်အခြာသက်ဆင်းခြင်း

ဟွားချုံးယန်က အော်ပြောလိုက်သည် “အသက်သွင်းကြ ”

သူ့ပွင့်ချပ်ခုနှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ထွက်လာသည်။

အခြားသုံးယောက်လည်း ဟွားချုံးယန်၏ ဆိုလိုရင်းကို သိကာ စိတ်ဝိညာဉ်သဏ္ဌာန် အသီးသီး အသက်သွင်းလိုက်ကြသည်။

စိတ်ဝိညာဉ်သဏ္ဌာန်လေးခုက ရထားလုံးကို ကာကွယ်ပေးထားသည်။

ဝုန်း

လှိုင်းလုံးကြီးက မြင့်တက်လာပြီးနောက် ကျဆင်းလာသည်။ စွမ်းအားလှိုင်းများကို စိတ်ဝိညာဉ်သဏ္ဌာန်လေးခုဖြင့် ကာကွယ်ထားလိုက်သည်။

တန်ပြန်သက်ရောက်မှုကြောင့် ရထားလုံးပျံပင် လေကြောင့် လွင့်သွားသည့်အလား ရွေ့လျားသွားလေသည်။

ကာကွယ်သူလေးယောက်က မျက်နှာနီရဲလာသည့်အထိ အားစိုက်ထုတ်လိုက်ရသည်။ သူတို့က အံ့ဩနေရုံအပြင် ကြောက်ရွံ့ခြင်းနှင့်အတူ လေးစားနေမိသည်။

လမ်းတစ်ဝက်ရှိ စီးဝူယာ့လည်း တိုက်ပွဲမှ ထွက်ပေါ်လာသည့် စွမ်းအားလှိုင်းကို ခံစားမိသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ “ ကျစ် ”

ဘန်း

စီးဝူယာ့က ရင်ဘတ်ရှေ့ လက်ကြက်ခြေခတ် သဏ္ဌာန်လုပ်ကာ စွမ်းအားထုတ်ကာ ကာကွယ်လိုက်ရသည်။

ဝုန်း ဝုန်း ဝုန်း

စီးဝူယာ့က သူ လဲကျမသွားခင် သစ်ပင်ဆယ်ပင်ကျော်လောက် ဝင်တိုက်မိသွားသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးစီးကျလာ၏။ သူက စိတ်ပူနေဖို့ အချိန်မရှိပေ။ သူက တိုက်ကွက် အဆုံးသတ်ဖြစ်၍ ဝမ်းသာမိသည်။ သူက အားကုန်သုံးကာ ကာကွယ်နိုင်လိုက်၏။ သူ ရရှိလိုက်သည့် ဒဏ်ရာက လက်ခံနိုင်လောက်သည့် အနေအထားအတွင်း ရှိလေသည်။ သူက နှုတ်ခမ်းထောင့်ကို သပ်ကာ ရှေ့ဆက်လျှောက်လာလိုက်သည်။

တစ်ဖက်တွင် တွမ့်ရှင်းက စွမ်းအား လှိုင်းလုံးကြီး သူတို့ဆီ လာနေသည်ကို မြင်လိုက်ရသည်။ သူက စိတ်လှုပ်ရှားစွာ တွေးလိုက်၏။

အခုက ငါ တောက်ပရမဲ့ အချိန်ပဲ …

သူက စိတ်ဝိညာဉ်သဏ္ဌာန် အသက်သွင်းကာ အနက်ရောင် အကာအရံတစ်ခု ဖွဲ့စည်းလိုက်သည်။

ဝုန်း

အစပိုင်းတွင် လုကျိုးက ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ်စွမ်းအားဖြင့် ကာကွယ်ဖို့ လုပ်ခဲ့သော်လည်း တွမ့်ရှင်းက မြန်မြန်ဆန်ဆန် ဝင်တားပေးလိမ့်မည်ဟု မထင်ထားပေ။

အသံကျယ်ကြီးနှင့်အတူ ရထားလုံးပျံက လွင့်စဉ်သွားလေ၏။

ပင်လယ်လှိုင်းလုံးကြီးကြောင့် လွှင့်ထွက်သွားသည့် လှေတစ်စင်းလို ဖြစ်ပေသည်။

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ ကတ်နားချိန်က ကုန်ဆုံးတော့မည် ဖြစ်၏။ သူက တွမ့်ရှင်းတစ်ယောက် ဒီလိုအရေးကြီးသည့် အခိုက်အတန့်၌ မျှော်လင့်ချက်ကို မရိုက်ချိုးပစ်ဖို့သာ ဆုတောင်းမိသည်။

ထိုစဉ် အချုပ်အခြာသက်ဆင်းခြင်းနှင့် မဟာအမှောင် ကြယ်တာရာအလင်းတန်းတို့ဖြင့် တိုက်ခိုက်ခံရသောကြောင့် ယွီရှန်းရုန်၏ ပုံရိပ်သုံးခုက ပျောက်ကွယ်သွားလေသည်။ ပုံရိပ်တစ်ခုတည်းအဖြစ်သာ ကျန်ရှိ၏။ သူ ပြန်ပေါ်လာသည်နှင့် သက်တော်ရှည်ဓားကို ဝေ့ယမ်းလိုက်သည်။

ဝှီး

စွမ်းအားပေါက်ကွဲမှုကို ထုတ်လွှင့်နေသည့် ယွီကျန့်ဟိုင်က သူ့ကိုယ်သူ ကာကွယ်ဖို့ စွမ်းအားကို မချန်ထားပေ။ သူက မျက်လုံးအပြူးသားဖြင့် တစ်ဖက်လှည့်ရှောင်ဖို့ အကောင်းဆုံး ကြိုးစားလိုက်ရသည်။

ဝှီး

သက်တော်ရှည်ဓားက ယွီကျန့်ဟိုင်၏ ပခုံးကို ကျော်ကာ မြေပြင်ထဲ ထိုးစိုက်သွားသည်။

တစ်ချိန်တည်းဆိုသလို နဂါးသွဲ့ကျောက်ဓားကလည်း မြေကြီးထဲ ထိုးစိုက်ဝင်သွားသည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ နှစ်ယောက်လုံး ဆင်းလာကြ၏။

နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

တိုက်ပွဲက ရုတ်ခြည်း အဆုံးသတ်သွားလေပြီ။

အချိန်တစ်ခုကြာသည့်အထိ နှစ်ယောက်သား အကွာအဝေးတစ်ခုမှ မျက်နှာချင်းဆိုင် ရပ်နေကြသည်။ သူတို့က ဆက်မတိုက်တော့ပေ။ သူတို့အရိုးထဲ စွဲနေသည့် မာနက သူတို့အား ချုံးချုံးကျ အခြေအနေထဲ ရောက်နေဖို့ ခွင့်မပြုကြပေ။

ယွီရှန်းရုန် နှုတ်ခမ်းထောင့်တွင် သွေးစများ ရှိနေပြီး ယွီကျန့်ဟိုင် ပခုံးတွင်လည်း အနီရောင်အရာကြီး ရှိနေသည်။

သူတို့က ပြုံးနေသောကြောင့် တိတ်ဆိတ်မှုက ကြီးစိုးနေသည်။ ယွီကျန့်ဟိုင်က တိတ်ဆိတ်မှုကို အရင်ချိုးဖျက်လိုက်သူ ဖြစ်၏။

သူက ရယ်မောကာ “အရှင်းဆုံးပြောရရင် ပြန်ရောက်ဝင်လာဝိညာဉ်သုံးပါးက ငါ မျှော်လင့်ထားသလိုတော့ မဟုတ်ဘူးပဲ ”

ယွီရှန်းရုန်လည်း အပြုံးလေးဖြင့် ပြန်တုံ့ပြန်လိုက်သည်။ “ အချုပ်အခြာသက်ဆင်းခြင်း ကလည်း ဘုရင်တစ်ယောက်ရဲ့ ယုံကြည်ချက်မျိုး ကင်းမဲ့နေတယ် ”

“မင်းဆီမှာ ချီစွမ်းအား မကျန်တော့ဘူးပဲ ”

“ မင်းဆီလည်း မကျန်တော့ပါဘူး ”

ဤသည်က ပြဿနာ ဖြစ်၏။

ဘယ်သူ နိုင်ပြီး ဘယ်သူ ရှုံးသွားတာလဲ …. နေရခက်သည့် အခြေအနေမျိုးတွင် မည်သူကမှ သူတို့က အနိုင်ရသူဟု မပြောနိုင်ပေ။

ကာကွယ်သူလေးယောက်ကလည်း ငရဲဂိုဏ်းမှ ဖြစ်၍ တိုက်ပွဲကို အဆုံးဖြတ်ပေးပိုင်ခွင့် မရှိပေ။ ထိုအလုပ်ကို လုပ်ပေးနိုင်သူ တစ်ဦးတည်းသာ ရှိ၏။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က တူညီသည့်လူကို တွေးမိလိုက်ကြသည်။

စီးဝူယာ့ကလည်း ပြောရင်းဆိုရင်း နတ်ဆိုးအလား ရောက်လာသည်။ စီးဝူယာ့ သူတို့ရှေ့ရောက်လာသည့်အခါ

“ ချီရှစ်တိ အချိန်ကိုက်ပဲ …”ယွီကျန့်ဟိုင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“တာ့ရှစ်ရှိုး မင်္ဂလာပါ ”

“ ချီရှစ်တိ မင်း ရောက်လာတာ ကောင်းတယ်”

“ အာ့ရှစ်ရှိုး မင်္ဂလာပါ”

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“ အခု ငါတို့ထဲ ဘယ်သူက နိုင်သွားတယ် ထင်လဲ။ အာ့ရှစ်တိလား ငါလား ”

စီးဝူယာ့က ဆွံ့အသွားလေသည်။

အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ … ကိုယ့်ဘာသာ ဆုံးဖြတ်ကြပါ့လား …ငါက ရလဒ် လာကြည့်တာလေ

ယွီရှန်းရုန်က ပြောလိုက်သည်။

“ ချီရှစ်တိ အရိုးသားဆုံး ဖြေနော်။ ငါနဲ့ တာ့ရှစ်ရှိုး ဘယ်သူက ပိုအရည်အချင်းရှိလဲ ”

အာ ငါတော့ ကြားထဲက နေရတော့မယ်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က သူ့အဖြေကို မျှော်လင့်စောင့်စားနေကြသည်။

စီးဝူယာ့က ဉာဏ်ကောင်းသူ ဖြစ်၏။ သူက ဘေးပတ်လည်ကို မြန်မြန်ကြည့်လိုက်ပြီး အစ်ကိုကြီးနှစ်ယောက်၏ အခြေအနေကို အကဲခတ်လိုက်ကာ ပြောလိုက်သည်။ “သရေပဲ ”

“သရေလား” ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က မျက်မှောင်ကြုတ်လိုက်ကြသည်။

“ တာ့ရှစ်ရှိုးရဲ့ အချုပ်အခြာသက်ဆင်းခြင်းက အာ့ရှစ်ရှိုကို ဒဏ်ရာရစေခဲ့သလို အာ့ရှစ်ရှိုးရဲ့ တိုက်ကွက်လည်း ဒဏ်ရာပြန်ပေးနိုင်ခဲ့တာဆိုတော့ အဟမ်း … သရေပဲ ” စီးဝူယာ့က ခပ်တည်တည် ပြောလိုက်သည်။ သူက သူ့ဉာဏ်ရှိမှုကို စိတ်ထဲမှ ကျိတ်ကျေနပ်နေမိသည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က စီးဝူယာ့ကို တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။ သူတို့က အဖြေကို ကျေနပ်ဟန်မပေါ်ပေ။

စီးဝူယာ့က မျက်မှောင်ကြုတ်ကာ စိတ်ထဲမှ တိတ်တဆိတ် ငြီးတွားလိုက်၏။

သူက ကြားထဲက သားကောင် ဖြစ်လာတော့မှာပဲ … သူတော့ နှစ်ယောက်လုံးကို မကျေမနပ်ဖြစ်အောင် လုပ်မိပြီ။

ယွီကျန့်ဟိုင်က အနည်းငယ် စိတ်တိုဟန်ဖြင့် ပြောလိုက်သည်။ “ ဒီလိုဆိုမှတော့ နောက်တစ်ရက်ရက်မှ ဆက်တိုက်ကြတာပေါ့”

ယွီရှန်းရုန်ကလည်း ပြောလိုက်သည်။ “ ကျွန်တော်လည်း စောင့်နေမယ်။ တာ့ရှစ်ရှိုး ကျွန်တော်တို့ကြားမှာာ ရလဒ် ရှိကိုရှိရမယ်”

စီးဝူယာ့က ကြားထဲကနေ ဆွံ့အနေသည်။

ယွီကျန့်ဟိုင်က လက်မြောက်လိုက်သည့်အခါ နဂါးသွဲ့ကျောက်ဓားက မြေကြီးမှ ထိုးထွက်လာကာ သူ့လက်ထဲ ပြန်ရောက်လာသည်။ သက်တော်ရှည်ဓားလည်း ယွီရှန်းရုန်နောက်ကျောမှ ဓားအိမ်ထဲ ပြန်ရောက်လာသည်။

မည်သူကမှ အလျှော့မပေးကြပေ။

ယွီကျန့်ဟိုင်က ယွီရှန်းရုန်ကို အေးစက်စက် ကြည့်လိုက်ပြီးနောက် ရထားလုံးပျံဆီ ပြန်သွားလိုက်သည်။

စီးဝူယာ့က တစ်ခုခု လွဲမှားနေသလို ခံစားနေရသော်လည်း သူ ဘာမှမလုပ်နိုင်ပေ။ သူက တာ့ရှစ်ရှိုး ထွက်သွားသည်ကိုသာ ကြည့်နေလိုက်သည်။ ထို့နောက် သူ့အာ့ရှစ်ရှိုးလည်း တစ်ခုခု လွဲမှားနေကြောင်း သိလိုက်ရသည်။

“ အာ့ရှစ်ရှိုး … အဆင်ပြေရဲ့လား ”

…

အခန်း (၃၃၃) ရှိခိုးကောင်က ပုစဉ်းရင်ကွဲကိုချောင်းနေချိန် အနောက်က စာဝါငှက်ကိုသတိမပြုမိ

“ငါအဆင်ပြေတယ်” ယွီရှန်းရုန်က မလှုပ်ရှားပေ။ သူက ခပ်ဖျော့ဖျော့ပြုံးလျက် ကောင်းကင်ထက်ရှိ ငရဲဂိုဏ်း၏ ရထားလုံးပျံကို မော့ကြည့်ပြီးပြောလိုက်တော့သည်။ “ကြည့်ဦး”

စီးဝူယာ့သည် ၎င်းကို ကြည့်လိုက်ရာ မူမမှန်တာ ဘာမှမတွေ့ရပေ။ မျက်နှာထက်၌ ဇဝေဇဝါဖြစ်သည့်အမူအရာ ပေါ်လာ၏။ ယွီရှန်းရုန်၏စကား အဓိပ္ပာယ်ကိုစဉ်းစားနေလေသည်။

ယွီရှန်းရုန်က ဆက်ပြောတော့၏။ “တာ့ရှစ်ရှိုးက ငါ့ကြောင့်ဒဏ်ရာရသွားတယ်။ သူက ထိခိုက်မှုမရှိသလို ဟန်ဆောင်နေတာ ... ဟုတ်ပြီ ငါက သူ့ရဲ့ရှစ်တိပဲလေ ... သူ့ကို မျက်နှာသာပေးသင့်တာပေါ့”

ထိုစကားကို ကြားသောအခါ နောက်ဆုံးတော့ စီးဝူယာ့သည် ယွီရှန်းရုန်ဆိုလိုတာကို နားလည်သွားလေ၏။ ယွီရှန်းရုန်သည် ယွီကျန့်ဟိုင်ကို အမှန်တကယ် ထိခိုက်ဒဏ်ရာရအောင် လုပ်လားဆိုတာ သူ မသိသော်ငြား သူက လက်သီးဆုပ်မိုးပြီး ပြောလိုက်၏။ "ဒါက အာ့ရှစ်ရှိုးက အရည်အချင်း ပိုရှိတယ်လို့ ဆိုလိုတာပဲ"

“ထည့်ပြောဖို့မလိုဘူး” ယွီရှန်းရုန်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

ထိုစဉ် ယွီကျန့်ဟိုင်က သူ၏ရထားလုံးပျံဆီသို့ လှည့်ပျံသွားတော့သည်။

ဟွားချုံးယန်၊ ပိုင်ယွီချင်း၊ ယန်ယန်နှင့် တိချင်းတို့ကလည်းတပြိုင်နက်တည်း အရိုအသေ ပေးလိုက်၏။

“ပြန်လာတာ ကြိုဆိုပါတယ် ... ဂိုဏ်းချုပ်”

ယွီကျန့်ဟိုင်က ဆိတ်ဆိတ်သာနေလေ၏။ သူက သုန်မှုန်သောအမူအရာဖြင့် ရထားလုံးပျံအတွင်းသို့ လျှောက်သွားလိုက်၏။ သူက တင်းမာခက်ထန်သော သွင်ပြင်ဖြင့် ခုံတွင် ထိုင်လိုက်သည်။ ပြီးနောက် သူက နှုတ်ခမ်းထောင့်ကနေ သွေးစီးကျလာတော့သည်။

ယင်းက သိပ်မများပေ။ သို့သော်ငြား အကြီးမြတ်ဆုံး ငရဲဂိုဏ်း၏ ဂိုဏ်းချုပ်ယွီကျန့်ဟိုင်၊ မရေမတွက်နိုင်သည့် ရန်သူများစွာကို အနိုင်ယူခဲ့သူက ဒဏ်ရာရသွားကြောင်း သက်သေပြရန် လုံလောက်ပေ၏။

မဟာကာကွယ်စောင့်ရှောက်သူ လေးယောက်၏ မျက်နှာထက်တွင်လည်း ကြောက်ရွံ့သည့် အမူအရာ ပေါ်လာသည်။

ယွီကျန့်ဟိုင်က ကြုံးဝါး ပြောလိုက်၏။

“ဒီအကြောင်း ဘယ်သူမှ မသိစေနဲ့” ထိုသို့ပြောပြီးနောက် သူက ဘာမှမဖြစ်ခဲ့သလို လက်ဝှေ့ယမ်းပြီး ပြောလိုက်၏။

“သွားကြမယ်”

ရထားလုံးပျံက သူ့ဖာသာသူ ချိန်ညှိလျက် ခရမ်းဖျော့တောင်တန်းဆီသို့ဆက်လက်ပျံသန်းသွား၏။

ဂျွတ် ... ဂျွတ် ... ဂျွတ်

ရထားလုံးပျံက ထူးဆန်းသော ဆူညံသံများ ထွက်ပေါ်လာ၏။

ငရဲဂိုဏ်း၏တပည့်များက သူတို့၏ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ကြ၏။

ဟွားချုံးယန်က အရိုအသေပေးပြီးပြောလိုက်၏။ "ဂိုဏ်းချုပ် ... ရထားလုံးပျံက အစောတုန်းက ရိုက်ခတ်မှုထဲ ပါသွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ပျံနိုင်ပါသေးတယ်” ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်၏။

ရထားလုံးပျံက အရှိန်တင်တော့သည်။

ယွီကျန့်ဟိုင်သည် ရှုခင်းများကိုကြည့်နေလိုက်၏။ ယခုအချိန်တွင် ကောင်းကင်ထဲနေမြင့်နေပြီး ဖြစ်သည်။ မနက်ခင်းရောင်ခြည်က လေလွှာကိုဖောက်ဝင်လာပုံပေါ်သည်။ သူတို့က မသေမျိုးများ၏ မြေထဲ၌ ရှိနေသည့်ပမာ ထင်မှတ်ရစေ၏။

ဟွားချုံးယန်က ရုတ်တရက် ပြောလိုက်တော့သည်။

“ဂိုဏ်းချုပ် ... ကျွန်တော်တို့ တစ်ခုခု ကောက်ရပါတယ်”

“ဟမ်” ကျန်သည့် မဟာကာကွယ်စောင့်ရှောက်သူသုံးဦးက ဟွားချုံးယန်လက်ညှိုးထိုးပြရာဖက်ကသို့ ကြည့်လိုက်လေ၏။

ကြီးမားသည့်သစ်ပင်နှစ်ပင်၏သစ်ကိုင်းများကြားထဲ အနက်ရောင်ရထားလုံးပျံတစ်စင်း ရှိနေ၏။

“အနားမှာလူရှိလား” ပိုင်ယွီချင်းက ဇဝေဇဝါဖြစ်နေတော့သည်။

“ဂိုဏ်းချုပ် ... အဲ့ဒီလူစုတစ်စုက အတင့်ရဲလွန်းပါတယ်။ သူတို့ကို သတ်ခွင့်ပေးဖို့တောင်းဆိုပါတယ်”

တိချင်းက ပြော၏။

ယွီကျန့်ဟိုင်သည် သူ့ဖာသာသူဒေါသထွက်နေသောကြောင့်ပြောလိုက်သည်။ "သွား”

“အမ်း ... အဲဒါဘာလဲ” ပိုင်ယွီချင်းသည် ဆင်းသက်နေသော ရထားလုံးပျံဆီသို့ ချီအစုအဝေး ဦးတည်လာတာကို မြင်လိုက်ရ၏။

ယွီကျန့်ဟိုင်က ၎င်းကို တစ်ချက်ကြည့်ပြီးနောက် ရထားလုံးပျံကို တင်းမာစွာကြည့်လိုက်တော့သည်။

ပုံမှန်ဆို ကျင့်ကြံသူတစ်ယောက်၏ကျင့်စဉ်က ပိုနက်နဲလေ သူတို့၏အမြင်အာရုံက စူးရှလေဖြစ်၏။ ထိုအကြည့်တစ်ချက်ဖြင့် ယွီကျန့်ဟိုင်သည် ရင်းနှီးနေသော သွင်ပြင်ကိုတွေ့လိုက်ရ၏။ သူ၏ ပုံစံက ချက်ချင်း ညှိုးရော်သွားပြီး ချောင်းဆိုးတော့၏။

မဟာကာကွယ်စောင့်ရှောက်သူလေးဦးက မင်္ဂလာချီကို ကြည့်တောင် မကြည့်ပေ။ သူတို့က စိုးရိမ်ပူပန်သော အမူအရာဖြင့် အမြန်လှည့်လာပြီး တညီတညွတ်တည်းပြောလိုက်၏။ "ဂိုဏ်းချုပ်”

“ငါ အဆင်ပြေတယ် ... သွား”

“ဟမ်”

“အရှိန်အပြည့်နဲ့ပြန်လှည့်”

ဟွားချုံးယန်သည် သူတို့ဂိုဏ်းချုပ်၏မျက်နှာက သုန်မှုန်နေတာကိုတွေ့လိုက်ရ၏။ သူက ချောင်းဆိုးတော့သည်။ သူတို့ဂိုဏ်းချုပ်သည် တိုက်ပွဲကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည်ဟု သူတို့ထင်လိုက်၏။ အမြန်အမိန့်ပေးလိုက်တော့သည်။

“အမိန့်အတိုင်းပါ ဂိုဏ်းချုပ် ... အရှိန်အပြည့်နဲ့ပြန်လှည့်”

ရထားလုံးပျံက ချက်ချင်းအရှိန်တင်ပြီးနောက် မိုးကုပ်စက်ဝိုင်းဆီသို့လှည့်သွားတော့၏။

…………………

အလင်းခွင်းတိမ်တိုက်တောအုပ်၏အစွန်အဖျား၌ ဖြစ်သည်။ မိစ္ဆာဘုရားကျောင်း၏ရထားလုံးပျံက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ကြားရှိတိုက်ခိုက်မှုမှ စွမ်းအားများဖြင့် ရိုက်ခတ်ခံရပြီး မိုင်ပေါင်းများစွာ အကွာလွင့်ထွက်သွားတော့သည်။ ပြင်းပြင်းထန်ထန်ထိခိုက်သွားပြီးနောက် ပြိုလဲကျလာ၏။

“ကျွန်တော်အသုံးမကျတာ ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ ... လောင်ချန်းပေ့” တွမ့်ရှင်း၏မျက်နှာက ညှိုးငယ်နေကာ အမြန်အရိုအသေပေးပြီးတောင်းပန်လိုက်၏။

လုကျိုးက သူ့အသုံးပစ္စည်းကတ်၏ စောင့်ဆိုင်းရမည့်ကြာချိန်ကို ကြည့်လိုက်သည်။ ဆယ့်ငါးမိနစ်

မတ်တင်း

အချိန်က ဖြည်းဖြည်းချင်းကုန်ဆုံးနေ၏။ စက္ကန့်တိုင်းက တစ်နှစ်ပမာခံစားရသည်။

တွမ့်ရှင်းက တောင်းပန်နေစဉ် သူ၏လက်အောက်ငယ်သားများထဲမှ တစ်ဦးက ကြီးမားသည့် ရထားလုံးပျံကြီးကို လက်ညှိုးထိုးပြီးပြောလိုက်တော့သည်။

“လောင်ချန်းပေ့ ... ငရဲဂိုဏ်းရဲ့ရထားလုံးပျံပဲ”

လုကျိုးက စနစ်မျက်နှာပြင်ကိုလေ့လာနေတာဖြစ်သည်။ ထိုစကားကိုကြားသောအခါ တစ်ချက် မော့ကြည့်လိုက်၏။ ရထားလုံးပျံကြီးက အဝေးသို့အရှိန်တင်ပြေးသွားနေပြီဖြစ်သည်။ တစ်မိနစ်ကျော်ခန့် ကျန်သေး၏။ ထိုသို့ဆိုလျှင် သူက ကျန်သည့်လူမိုက်များကိုရင်ဆိုင်ရုံသာ တတ်နိုင်တော့မည်။ ထိုနေရာ၌ ယွီရှန်းရုန်နှင့် စီးဝူယာ့ရှိသည်။ သူတို့၌ မဟာကာကွယ်စောင့်ရှောက်သူ လေးဦးမရှိပေ။ သူတို့ ထွက်ပြေးစရာ အကြောင်းမရှိ။

ပြင်းထန်သည့်တိုက်ပွဲပြီးနောက် နှစ်ယောက်လုံးဒဏ်ရာပြင်းပြင်းထန်ထန်ရသည်ဟု လုကျိုး တွေးထင်ထားပြီးသား ဖြစ်၏။ စီးဝူယာ့လည်းသက်ရောက်ခံရမှာသေချာသည်။ စောင့်ဆိုင်းရမည့် ကြာချိန်ကုန်ဆုံးသွားပြီးနောက် ထိုလူမိုက်များကိုဖြေရှင်းရန် သူ့အတွက်အခွင့်အရေးကောင်းကြီး တစ်ခုရလာလိမ့်မည်။

ယွီရှန်းရုန်က စီးဝူယာ့ကို ကြည့်ပြီးပြောလိုက်၏။

”ဒီတိုက်ပွဲကြီးပြီးသွားရင် ငါ ခွဲနေတော့မယ်၊ ရှစ်တိဝူယာ့ ... မင်းသွားသင့်တယ်”

စီးဝူယာ့က ထိုစကားကို နားလည်ရန်ခက်ခဲနေလေ၏။ သူက မေးလိုက်တော့သည်။ “ဒီအကြောင်း တွေးပြီးပြီလား”

ယွီရှန်းရုန်က သက်ပြင်းချကာပြောလိုက်သည်။ “မိုးအောက်မြေပြင်မှာ မင်းတောင် ငါ့အတွေး နားမလည်နိုင်ရင် ချိရှစ်တိ ဘယ်သူကများ နားလည်နိုင်မလဲ။ ငါစိတ်ပြင်ဆင်ပြီးပြီ။ မင်းနားလည်သင့်တယ်”

တိုက်ပွဲပြီးနောက် ယွီရှန်းရုန်သည် အသိအမြင်တချို့ရလိုက်ပုံပေါ်၏။ သူက လောကကြီးနှင့် ချည်နှောင်မှု မရှိတော့ပေ။ “တာ့ရှစ်ရှိုးကို ကျွန်တော်ဘာပြောသင့်လဲ” စီးဝူယာ့က မေးလိုက်၏။

“သူဒဏ်ရာရထားတယ် ... အနိုင်ရသူက ဆုံးဖြတ်ပြီးသွားပြီ။ သူ ငါနဲ့ထပ်ယှဉ်တော့မှာ မဟုတ်ဘူး”

ယွီရှန်းရုန်၏လေသံက အေးစက်နေ၏။

စီးဝူယာ့သည် ယွီရှန်းရုန်၏မျက်နှာပေါ်ရှိအမူအရာကင်းမဲ့မှုကို မြင်သောအခါ ပြောလိုက်၏။

"အာ့ရှစ်ရှိုး တံခါးပိတ်ပြီး ကျင့်ကြံတော့မယ့်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလက်ခံပါတယ်။ ဒါပေမဲ့ အားလုံးကိုဖြတ်တောက်ဖို့ မလိုအပ်ဘူး ဖြစ်နိုင်တာက ...”

သူပြောတာက မပြီးသေးခင်ယွီရှန်းရုန်က အေးစက်စက်ပြောလိုက်၏။

"ထွက်သွား”

စီးဝူယာ့က ကြက်သေသေသွားလေ၏။ နူးညံ့သော ယွီရှန်းရုန်က ထိုစကားများ ပြောလိမ့်မည်ဟု သူ မထင်ထားပေ။ သူ့လျှာဖျားထိပ်သို့ ရောက်ရှိလာသည့် စကားလုံးများကို မျိုချလိုက်သည်။ သူ့အာ့ရှစ်ရှိုးက အမြဲတမ်းသိမ်မွေ့ကာ နှိမ့်ချပြီးယဉ်ကျေးသည်။ ‘ထွက်သွား’ ဟူသည့်စကားလုံးမျိုး အာ့ရှစ်ရှိုးသုံးတာတခါမှမတွေ့ဖူးပေ။

မည်သည့်နည်းနှင့်မဆို ယွီရှန်းရုန် ပြောခဲ့ပြီးဖြစ်၏။ သူ့ထက် ယွီရှန်းရုန်ကို ပိုနားလည်မည့်သူ ရှိမည်လော ... မရှိပေ။ သူယွီရှန်းရုန်ကိုမဖျောင်းဖြနိုင်မှန်းသူသိ၏။ သူကလက်သီးဆုပ်မိုးလျက် တောအုပ်ဆီသို့ လျှောက်သွားတော့သည်။

“ဂရုစိုက်ပါ”

ပတ်ဝန်းကျင်က သေလောက်အောင် တိတ်ဆိတ်နေ၏။

ယွီရှန်းရုန်က မထွက်သွားပေ။ သူ တစ်ကိုယ်တည်း ဖြစ်သွားမှန်း အတည်ပြုပြီးမှ သူက နောက်ဆုတ်လိုက်ကာ သွေးတစ်ပွက်အန်တော့၏။ သူထိန်းထားရန် အကောင်းဆုံး ကြိုးစားသော်ငြား ချီနှင့်သွေးများ ဆန်တက်လာတာကိုမဟန့်တားနိုင်ပေ။ တိုက်ပွဲ၌ ဒဏ်ရာရသွားတာ သိသာ၏။

ယွီရှန်းရုန်က တင်ပျဉ်ခွေချိတ်ထိုင်လျက် လက်တစ်ဖက်ပေါ်တစ်ဖက် ထပ်လိုက်လေ၏။ သူ၏ ကနဦးချီများကို လှည့်ပတ်လိုက်တော့သည်။ သူ၏ဝင်သက်ထွက်သက်ကို ထိန်းချုပ်လျက် ပရမ်းပတာဖြစ်နေသော ချီနှင့်သွေးများကိုတည်ငြိမ်အောင်ထိန်းချုပ်လိုက်တော့၏။ အသက်ရှုစွမ်း အနည်းငယ်ကျသွားပြီးနောက် တည်ငြိမ်လာတော့သည်။

ထိုစဉ်

ထောက် ... ထောက် ... ထောက်

တောအုပ်ထဲကနေ လူတစ်ယောက် ပေါ်ထွက်လာ၏။ သူ့နားဆံပင်ရှည်များရှိပြီး ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ သူ့လက်ထဲ၌ ဓားတစ်လက်ကိုင်ထားကာ ယွီရှန်းရုန်နားချဉ်းကပ်လာသည်။

ယွီရှန်းရုန်က မျက်လုံးဖွင့်လျက် အသံလာရာဖက်လှည့်ကြည့်လိုက်သည်။

သိပ်သည်းသော သစ်ရွက်များက ရောက်လာသူ၏မျက်နှာကို ကာပေးထားသည်။ သို့သော် ထိုပိန်ပါးသော သွင်ပြင်ကနေ ထိုလူက ဓားလမ်းစဉ်လက်ရွေးစင်တစ်ယောက်ဆိုတာ ယွီရှန်းရုန် ပြောနိုင်၏။

“စီနီယာဓားနတ်ဆိုး” ထိုလူက ရှေ့တစ်လှမ်းတိုးလိုက်၏။ တိုက်ပွဲကြောင့် သူရှင်းရှင်းလင်းလင်း သိလိုက်၏။

ယွီရှန်းရုန်၏အကြည့်က ထိုလူဆီရောက်သွားတော့သည်။ သူ့၌ မုတ်ဆိတ်ပါးပါးရှိပြီး ချည်ထိုးပန်းထိုးဝတ်ရုံကို ဝတ်ထားလေ၏။ ညှိုးရော်သောမျက်နှာဖြင့် လူရွယ်တစ်ဦး ဖြစ်သည်။ တစ်ချက်ကြည့်ပြီးနောက် ရောက်လာသူကို လျစ်လျူရှုထားလိုက်၏။

ထိုလူရွယ်သည် ပျော်ရွှင်သည်လည်းမဟုတ် စိတ်ပျက်သွားသည်လည်းမရှိ ထိုအစား လက်သီးဆုပ်မိုးလျက် ယွီရှန်းရုန်ကို အရိုအသေပေးလိုက်သည်။

“ယွင်ဂိုဏ်းရဲ့လော့ချန်ချင်းက စီနီယာဓားနတ်ဆိုးကို နှုတ်ဆက်ပါတယ်”

ရောက်လာသူက ဓားသူတော်စင်လော့ရှစ်စန်း၏ရှစ်တိပဲ ဖြစ်သည်။ သူက ဓားရူးသုံးဦးထဲမှ တစ်ယောက်ဖြစ်သည့် ယွင်ဂိုဏ်း၏လော့ချန်ချင်းပဲ ဖြစ်သည်။ သူသည်လည်း ရှားပါးသော ဓားလမ်းကြောင်းပါရမီရှင်တစ်ဦးဖြစ်၏။ ယွီရှန်းရုန်ကဆက်ပြီး သူ့ကိုလျစ်လျူရှုထားလေ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိဖုန်များကိုခါချကာ ထွက်သွားရန်ပြင်လိုက်၏။

လော့ချန်ချင်းက ပြောလိုက်သည်။ “ကျုပ်ရဲ့ရှစ်ရှိုး ဓားသူတော်စင် လော့ချန်ရှင်းက မင်းနဲ့ တိုက်ခိုက်ချိန်ကစပြီး သူအဲ့ဒီအကြောင်း တစ်ခါမှ မမေ့ဖူးဘူး။ ဒီနေ့ စီနီယာဓားနတ်ဆိုးနဲ့ လက်ရည်ယှဉ်ဖို့ရည်ရွယ်ချက်နဲ့ရောက်လာတာ”

ယွီရှန်းရုန်က ရပ်တန့်လိုက်လေ၏။ “စိတ်မကောင်းပါဘူး မင်းကအားနည်းလွန်းတယ်” ယင်းက မလုံလောက်သေးဟုသူခံစားမိကာ ထပ်ထည့်ပြောလိုက်သည်။ “ပျင်းစရာကောင်းလွန်းတယ်”

သူသည် ဓားသူတော်စင်လော့ရှစ်စန်းကို တူညီသည့်စကားလုံးများပြောခဲ့ဖူးသည်။ လော့ချန်ချင်းကို ထပ်ပြောတာ ဘာမှ မကွာခြားသွားပေ။ သူက အရူးမဟုတ်။ ဤအချိန်မှ ထိုလူပေါ်လာခြင်းသည် သူက လက်ရည်ယှဉ်ရန် စစ်မှန်သည့်ရည်ရွယ်ချက် မရှိပေ။ ရောက်လာသည့်သူက အခြေအနေကို အမြတ်ထုတ်ချင်သည့် သေးနုပ်နုံံ့ဖျင်းသော အရှက်မဲ့သူနှင့်မကွာပေ။

လော့ချန်ချင်းက ဖြောင့်မတ်မှန်ကန်သောပုံဖြင့်ပြောလိုက်လေ၏။

“အားနည်းသူတစ်ယောက်က ကျွမ်းကျင်သူတစ်ယောက်ကို စိန်ခေါ်ရဲတယ်ဆိုရင် အားနည်းသူက အားနည်းတဲ့သူတစ်ယောက် မဟုတ်တော့ဘူး။ ဘာမှမဟုတ်ဘဲ ထွက်ပြေးတဲ့ သိုင်းပညာရှင်တစ်ယောက်ကသာ တကယ် အားနည်းတဲ့သူပဲ”

ယွီရှန်းရုန်က ပြောလိုက်၏။ “ထားလိုက်တော့” သူက ဖြည်းဖြည်းချင်းလှည့်လာပြီး လော့ချန်ချင်းကို ရင်ဆိုင်ကာပြောလိုက်တော့သည်။

“အခုကစပြီး တစ်လနေရင် ယွင်ဂိုဏ်းဓားစင်မြင့်ထက်မှာ မင်းရဲ့ခေါင်းကိုလာယူမယ်”

“စိတ်မကောင်းပါဘူး တစ်လစောင့်ဖို့မလိုဘူး”

ချွင်း ....

လော့ချန်ချင်းက ဓားကိုဆွဲထုတ်ပြီး ၎င်းကိုလက်နှစ်ဖက်ဖြင့်ကိုင်လိုက်သည်။

နှစ်ခု၊ လေးခု၊ ရှစ်ခုကွဲထွက်သွားသည်။ စွမ်းအင်ဓားသွားရာချီက လေထဲပြည့်သွားတော့၏။

“အခု အလင်းခွင်းတိမ်တိုက်တောအုပ်ထဲမှာ ငါ ... လော့ချန်ချင်းက မင်းရဲ့အသက်ကို အဆုံးသတ်ပေးမယ်” လော့ချန်ချင်းက ခြေစောင့်နင်းပြီးလေထဲခုန်တက်သွားသည်။

စွမ်းအင်များပေါ်ထွက်လာပြီး ယွီရှန်းရုန်၏ခေါင်းဆီဦးတည်လာတော့သည်။

ယခင်ကသာဆိုလျှင် ယွီရှန်းရုန်သည် ၎င်းကိုဖြေရှင်းရန် နည်းလမ်းထောင်ချီရှိ၏။ ယခုအခိုက်အတန့်၌ သူသည် လက်တစ်ဖက်ဖြင့်သက်တော်ရှည်ဓားကိုသာဆွဲထုတ်ပြီး သူ့တွင် ကျန်ရှိသည့် ကနဦးချီအားလုံးကို အသုံးပြုလိုက်၏။ ဓားသွားက အနည်းငယ်နီလျက် တဟဲဟဲမြည်ကာ တုန်လှုပ်နေတော့သည်။ သူက ဆုံးဖြတ်ချက်ချပြီးနောက် ဘေးသို့ ဝိုက်ချလိုက်သည်။

ဘန်း

သူတို့၏စွမ်းအင်များတိုက်မိသွားသည်နှင့် လော့ချန်ချင်း၏စွမ်းအင်ဓားသွားကပြိုကွဲသွားတော့၏။

သူတို့လက်နက်များထိမိသွားပြီး ယွီရှန်းရုန်က နောက်သို့သုံးလှမ်းခန့်ဆုတ်သွားသည်။ လော့ချန်ချင်း သည် နောက်သို့ကျွမ်းပစ် သွားပြီးနောက် မြေကြီးပေါ်ကျသွား၏။ လော့ချန်ချင်းသည် ဤတိုက်ကွက် ဖလှယ်မှုကနေ အသာစီးမရသော်ငြား မျှော်လင့်ချက်မြင်လိုက်ရ၏။ ယွီရှန်းရုန်က နောက်သို့သုံးလှမ်း ဆုတ်တာ မြင်လိုက်ရသည်။ ယင်းက အတိတ်တုန်းက မစဉ်းစားနိုင်သော ကိစ္စရပ်တစ်ခုဖြစ်တော့၏။ ထိုသို့တိုင် သူယခုဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။ အပျော်လွန်သွား၏။ သူက ယွီရှန်းရုန်၏အသက်ကို အောင်မြင်စွာနှုတ်ယူနိုင်ခဲ့လျှင် သူ၏အမည်က တာ့ယန်ကိုလှုပ်ခါစေလိမ့်မည်။

“စီနီယာ ဓားနတ်ဆိုး အခုအားနည်းတာ ဘယ်သူလို့ထင်လဲ”

ယွီရှန်းရုန်က သက်တော်ရှည်ဓားကို တင်းကြပ်စွာဆုပ်ကိုင်ထား၏။ ကျန်ရှိသောကနဦးချီများကို သူ့ခန္ဓာကိုယ်ထဲ ထည့်လိုက်သည်။

“ဘာကြောင့် ဘာမှမပြောတာလဲ ... မင်းရဲ့ ပြန်လာဝင်ရောက်ဝိညာဉ်သုံးပါးပြဦးလေ”

လော့ချန်ချင်းက စိတ်လွတ်သွားသည်။ အနိုင်ရမည့်ပျော်ရွှင်မှုက သူ့ကို စိတ်လှုပ်ရှားစေတော့သည်။ ဓားက စွမ်းအားများစုစည်းနေစဉ်တုန်လာတော့၏။

ယွီရှန်းရုန်၏နှုတ်ခမ်းစွန်းက အပြုံးဖျော့ဖျော့ပေါ်လာတော့၏။ ထိုစဉ် မင်္ဂလာချီက ကောင်းကင်ထဲတွင် ပေါ်လာ၏။ နတ်ခြင်္သေ့က သူတို့ရှိရာဆီသို့ခပ်နိမ့်နိမ့်ပျံသန်းလာတော့သည်။

All Chapters