← Chapters

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း(၃၄၆) အထီးကျန်လရောင်မြို့အတွင်းမှ ဝိညာဉ်ငိုရှိုက်သံ

ကျန်းအိုက်ကျန့်က ရယ်မောကာ “လောင်ချန်းပေ့ကို သတိရနေတာ။ ပစ္စည်းကောင်းလေးတွေတောင် ယူလာသေးတယ်”

သူက ကျောပေါ်မှ အထုပ်ကို ချကာ အထဲမှပစ္စည်းများကို စားပွဲပေါ်တင်ရင်း ဆက်ပြောလိုက်သည်။

“ ဒါတွေက တိုင်းပြည်ကို ဆက်သထားတဲ့ အဆင့်မြင့် လက်ဖက်ရွက်တွေလေ။ ရာထူးမြင့်တဲ့သူတွေတောင် အရသာခံဖို့ အခွင့်အရေးမရကြဘူး။ ဒါတွေက လောင်ချန်းပေ့အတွက် ယူလာတာ”

“တစ်ယောက်ယောက်တော့ မဟုတ်တာကြံစည်ပြီး ထူးထူးဆန်းဆန်းတွေ လာလုပ်နေပြီ ” လုကျိုးက ခနှဲ့ပြောလိုက်သည်။

“ ကျွန်တော် မလုပ်ပါဘူး” ကျန်းအိုက်ကျန့်က လက်ယမ်းလိုက်သည်။

“ပတ်သက်မှုအရဆိုရင် လောင်ချန်းပေ့ရဲ့ ငါးယောက်မြောက် တပည့်က ကျွန်တော့်ညီမလေ … အဲဆိုတော့ ကျွန်တော်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဆွေမျိုးပေါ့။ ဆွေမျိုးအချင်းချင်း လက်ဆောင်ပေးတာ ထူးဆန်းတယ်လို့ မထင်ပါဘူး ”

အခြားလူများက ဆွံ့အနေကြသည်။

ကျောင်းယွဲ့က သက်ပြင်းချကာ “ အရှက်မရှိတဲ့နေရာ ဘယ်သူမှ သူ့ကို မကျော်နိုင်လောက်ဘူး”

အခြားလူများလည်း ခေါင်းညိတ်လိုက်ရင်း မင်ရှစ်ရင်ဆီ အကြည့်ရောက်သွားကြသည်။

မင်ရှစ်ရင်က စိတ်ခုသွားကာ သူ့ဘာသာ စဉ်းစားလိုက်သည်။

ဘာလို့ အားလုံးက ငါ့ကို လာကြည့်နေတာလဲ … ငါ ဘာမှလည်း မပြောဘူး၊ ဘာမှလည်း မလုပ်ဘူးလေ … ဒါက ငါနဲ့ မဆိုင်ဘူး

လုကျိုးက စားပွဲပေါ်မှ ပစ္စည်းများကို ကြည့်လိုက်သည်။ သူက စိတ်ဝင်စားဟန်မပေါ်ပေ။ သူ့အသက်အရွယ်ဖြင့် ပစ္စည်းဥစ္စာများက သူ့ကို စိတ်မလှုပ်ရှားစေတော့ပေ။

“ ဘာလို့ ရောက်လာတာလဲ ”

“ အဲဒါကလေ … ကျွန်တော်က ဒုတိယမင်းသားကို သေသွားအောင် ဓားနဲ့ မတော်တဆ ထိုးလိုက်မိတာလေ။ တော်ဝင်မိသားစုက ကျွန်တော်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ အဲဆိုတော့လေ လောင်ချန်းပေ့က ကျွန်တော်ကို သတ်ပေးဖို့ ဒုက္ခလာပေးလို့ရမလား” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

မင်ရှစ်ရင်က ရယ်လိုက်ကာ “ငါ လုပ်ပေးနိုင်တယ်”

သူ့ခွဲခွာချိတ်ကောက်က အလင်းတန်း တောက်ပလာပြီး သူ့လက်ထဲ ပေါ်ထွက်လာသည်။

ကျောင်းယွဲ့၏ အကြည့်များက အားကျမှုအပြည့်ဖြင့် အလင်းတစ်ချက်လက်သွားသည်။

ကျန်းအိုက်ကျန့်က ဆွံ့အမိသွားသည်။ ထို့နောက် သူက ပြောလိုက်၏။

“ ကျွန်တော် အဲလိုပြောချင်တာ မဟုတ်ဘူးလေ။ တာ့ယန်ရဲ့ တော်ဝင်မိသားစုက ကျွန်တော်ကို တိုင်းပြည်တစ်ခုလုံး လိုက်ရှာနေကြတာ။ ကျွန်တော်ရဲ့ အပေါင်းအပါတွေနဲ့လည်း အဆက်အသွယ်ဖြတ်ထားတော့ ဘာအဆက်အသွယ်မှ မရှိတော့ဘူး။ ကျွန်တော် သွားစရာနေရာ မရှိတော့ဘူး။ အဲကြောင့် အချိန်ယူပြီး စဉ်းစားကြည့်လိုက်တော့ မိစ္ဆာဝေဟင်မျှော်နန်းက အလုံခြုံဆုံးလို့ ခံစားမိလိုက်တယ် ”

“ဆိုတော့ မင်းက ဒီမှာအချိန်တစ်ခုလောက်အထိ နေချင်တယ်ဆိုပါတော့” လုကျိုးက မေးလိုက်သည်။

“လောင်ချန်းပေ့က တကယ်ကို ဉာဏ်ကောင်းတာပဲ ”

လုကျိုးက မုတ်ဆိတ်သပ်ကာ “ မင်းက ငါ့သတင်းအရင်းအမြစ်ဆိုတော့ ကူညီပေးရမှာပေါ့ ”

ကျန်းအိုက်ကျန့်က ရင်ထဲထိသွားလေသည်။ သူက လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်ပြီး “လောင်ချန်းပေ့ကို ကျေးဇူးတင်ပါတယ် ”

လုကျိုးက သူ့အပြုံးကို ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ “ ဆိုတော့ မင်းက ဘာမှမပြောတော့ဘူးလား ”

“ဘာကိုလဲ” ကျန်းအိုက်ကျန့်က နားမလည်နိုင် ဖြစ်သွားသည်။

“မင်းက တတိယမင်းသား … ဒုတိယမင်းသားကို သတ်လိုက်တယ်။ ညီအစ်ကိုသတ်တဲ့ ပြစ်မှုက မင်း ဘယ်သွားသွား ပြောကြမှာပဲ”

အခြားလူများက ခေါင်းညိတ်လိုက်ကြသည်။ သူတို့ရှစ်စွင်းက အချက်အလက်ကျလေသည်။ သူတို့ လာရာလမ်းတစ်လျှောက်အတွင်း ကျန်းအိုက်ကျန့်က ဘာမှမဖြစ်သည့်အလား ပြုံးဖြီးနေခဲ့သည်။ သာမန်လူက ဒီလိုမျိုး တုံ့ပြန်နိုင်မည် မဟုတ်ပေ။ သူ သတ်လိုက်သည့်သူက တာ့ယန်၏ ဒုတိယမင်းသား ဖြစ်နေရုံသာမက သူ့အစ်ကိုလည်း ဖြစ်ပေသည်။

ကျန်းအိုက်ကျန့်က လုကျိုး၏ အမူအရာကို မြင်သည့်အခါ သူ့အပြုံးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ သူက သက်ပြင်းအသာချကာ “ သေတာက သေသွားပြီးပြီဆိုတော့ ကျွန်တော် ဘာမှပြောစရာ မရှိဘူး ”

“ အဲဆိုတော့ ကျင်းဟယ်နန်းဆောင်ကို မီးရှို့ခဲ့တာက လျိုဟွမ်ဆိုတာ အမှန်ပဲလား” လုကျိုးက မေးလိုက်သည်။

“ လောင်ချန်းပေ့ သိထားတယ်လား ”

“ မင်းသားချီ ချင်ကျွင်းက ငါ့လူ” လုကျိုးက ပြန်ဖြေလိုက်သည်။

သူ့ကို မေ့နေတာပဲ …

ကျန်းအိုက်ကျန့်က ခေါင်းညိတ်လိုက်သည်။ သူက လုကျိုးနှင့် မင်ရှစ်ရင်ကို ကြည့်လိုက်ကာ “ အထီးကျန်လရောင်မြို့မှာ မတရားခံလိုက်ရတဲ့ ဝိညာဉ်က ငိုကြေးနေတယ်။ ဒါက လောကရဲ့ ဓမ္မတာပဲလေ … ပြစ်မှုကျူးလွန်သူတိုင်း ပြန်ပေးဆပ်ရမှာပဲ။ အမှန်အတိုင်းပြောရရင် လူတော်တော်များများက ကျွန်တော်ကို အငြိုးကို စွန့်လွှတ်ပြီး တော်ဝင်မိသားစုကို သွားမရှုပ်ဖို့ ဖျောင်းဖျကြတယ်။ ဓားရူးတစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ်နေရတာ ဘယ်လောက်ကောင်းလိုက်မလဲ။ ဒါပေမဲ့ ကျွန်တော် အိပ်ပျော်သွားတိုင်း မီးတောက်တွေကို အမှတ်ရနေတုန်းပဲ။ ကျွန်တော်မျက်စိရှေ့မှာ နီရဲတောက်နေသည့် မီးလျှံတွေ ရှိနေတယ်။ ကျွန်တော် အိပ်ပျော်ဖို့တောင် ခက်တယ်။ ညရောက်လာတိုင်း သူတို့ရဲ့ ငိုကြွေးသံတွေကို ကြားနေပေမဲ့ ကျွန်တော်က ဘာမှမလုပ်နိုင်ဘဲ ကူကယ်ရာမဲ့နေတုန်းပဲ … ”

အခြားလူများက ကျန်းအိုက်ကျန့်ကို ကြည့်လိုက်သည်။

လုကျိုးလည်း သူ့ကို ကြည့်လိုက်သည်။

ကျန်းအိုက်ကျန့်က သက်ပြင်းချကာ “ တကယ်တော့ ကျွန်တော့်ဘာသာ ဖြစ်စေခဲ့တာပါပဲ။ ကျွန်တော် ခင်ဗျားတို့အားလုံးနဲ့ တွေ့ခွင့်ရတာ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။ တကယ်လို့ ကျွန်တော့်ဇာတ်ကြောင်းကြောင့် ရင်ထဲထိသွားရင် ကျွန်တော့်အပေါ် ကောင်းပေးကြပါ။ တကယ်ကို ကျေးဇူးတင်ပါတယ် ”

စောစောလေးက ဇာတ်ကြောင်းက ကောင်းခဲ့သော်လည်း သူ ဆက်ပြောလိုက်သည့်အခါ အတုအယောင်လို့ ခံစားလာရသည်။

ကျောင်းယွဲ့က မျက်လုံးဝေ့ကြည့်လိုက်ပြီးနောက် သူ့ကို စိတ်ထဲ မထားတော့ပေ။ သူမက ရှေ့တိုးလာကာ လုကျိုးအား ဦးညွှတ်လိုက်ရင်း “ ရှစ်စွင်း တပည့် တင်ပြစရာကိစ္စတစ်ခု ရှိပါတယ်”

“‌ ပြော ”

“ မယ်တော်ကြီးက အားနည်းတဲ့ ခန္ဓာကိုယ်ရှိတယ်။ ရွှင်းထျန်းစံအိမ်မှာ ဖြစ်ခဲ့တဲ့ မတော်တဆဖြစ်ရပ်က သူမအပေါ် အတော်လေး သက်ရောက်သွားတယ်တူတယ်။ အဲဒီအချိန်ကတည်းက အခုထိ အိပ်ရာထဲ လဲနေတုန်းပဲ” ကျောင်းယွဲ့က ဒူးထောက်လိုက်သည်။

“ ဒီကို ပြန်မလာခင် အံ့ဖွယ်မြို့တော်မှာ အကြာကြီးနေခဲ့တဲ့အတွက် ခွင့်လွတ်ပေးပါ”

လုကျိုးက လက်ဝေ့ကာ “ သားသမီးဝတ်ကျေပွန်တာ ကောင်းပါတယ် ”

“ ဟုတ် ရှစ်စွင်း” ကျောင်းယွဲ့က ကျန်းအိုက်ကျန့်ကို အဓိပ္ပာယ်ပါပါ အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျန်းအိုက်ကျန့်က နေရခက်စွာ ခေါင်းကုတ်လိုက်သည်။ သူက အရှက်မဲ့စွာ ပြောလိုက်၏။ “လောင်ချန်းပေ့ကို အမှန်အတိုင်းပြောရရင် မယ်တော်ကြီးက အရေးပေါ်အခြေအနေ ဖြစ်နေတာ။ သူမ ဒီဆောင်းတွင်းကျော်ပြီး အသက်မရှင်လောက်တော့ဘူး ”

လုကျိုးက နားလည်သွားလေပြီ။ သူက ပြောလိုက်၏။ “ နန်းတော်ထဲမှာ အဆင့်မြင့် ကျင့်ကြံသူနဲ့ တော်ဝင်သမားတော် အများကြီး ရှိတယ်။ ငါ့ကို ဝင်ပါစေချင်ရင် မင်းက အိပ်မက်မက်နေတာပဲ ဖြစ်ရမယ် ”

ကျောင်းယွဲ့က ပြောလာသည်။ “ ရှစ်စွင်း အဲဒါ စုန်းအတတ်ပါ”

“စုန်းအတတ်လား”

ထိုအရာက လုကျိုးအား အံ့ဩသွားစေသည်။ သူက ရွှင်းထျန်းစံအိမ်မှ ဖြစ်ရပ်များကို ပြန်လည်တွေးတောလိုက်သည်။ ထိုနေရာတွင် မဟာစုန်းအတတ် အစီအရင်လည်း မရှိသလို စုန်းထောင်ချောက်များလည်း မရှိထားပေ။

မယ်တော်ကြီးက ဘယ်လိုလုပ် စုန်းအတတ်မိသွားတာလဲ …

ကျန်းအိုက်ကျန့်က ပြောလိုက်သည်။ “ အဲဒါ လို့လန်က ပါရမီရှင် နတ်ဆရာ ပါမာ လက်ချက်ပဲ ”

“ပါမာလား” လုကျိုးက ထိုနာမည်ကို မသိပေ။

“ လောင်ချန်းပေ့ကို အသေးစိတ်ရှင်းပြမယ်။ အရင်ဦးဆုံး အဲဒီပါမာက မော့လီရဲ့ ဂိုဏ်းတူအစ်ကိုကြီးပေါ့။ သူက လို့လန်က … ဒုတိယတစ်ခုက လောင်ချန်းပေ့ ပါမာနဲ့ တစ်ခါရင်ဆိုင်ဖူးတယ်။ ပဒုမ္မာစင်မြင့်မှာတုန်းက သူ့သားရဲ ပါဝူကို ထိခိုက်အောင် လုပ်နိုင်ခဲ့တယ်လေ။ တတိယတစ်ခုက ရွှင်းထျန်းစံအိမ်မှာ ပါမာက အပြင်ဘက်မှာ စောင့်နေခဲ့တာ။

ပါမာက လောင်ချန်းပေ့ကို အကြိမ်အများကြီး ဆန့်ကျင်ဖူးတယ်။ မော့လီ သေသွားတော့ သူ့ရန်ငြိုးက ပိုကြီးလာတယ်။ အဲဒါနဲ့ သူက မယ်တော်ကြီးအပေါ် စုန်းအတတ် စီရင်ခဲ့တာ … နောက်ပိုင်း သူက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ပါ ဆန့်ကျင်လာနိုင်တယ် ”

လုကျိုးက မုတ်ဆိတ်သပ်ကာ စဉ်းစားလိုက်သည်။

ကျန်းအိုက်ကျန့်က ထပ်ပြောလိုက်သည်။ “လောင်ချန်းပေ့ဆီ နစ်နာကြေး မပေးဘဲ တောင်းဆိုမှု မလုပ်ပါဘူး။ ကျွန်တော်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သစ္စာဖောက် စီးဝူယာ့ကို ဖမ်းနိုင်ဖို့ ကူညီပေးမယ်”

လုကျိုးက ကျန်းအိုက်ကျန့်အား ကြည့်လိုက်ကာ “မင်းက စီးဝူယာ့ကို ဖမ်းနိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်ပေါ့”

“ဟင့်အင်း ” ကျန်းအိုက်ကျန့်က ခပ်တည်တည်သာ ပြောလိုက်သည်။

အခြားလူများက ပို၍ ဆွံ့အသွားကြသည်။

ယုံကြည်ချက်မရှိရင် ဘာလို့ထုတ်ပြောနေသေးတုံး …

လုကျိုးက မုတ်ဆိတ်အသာသပ်ပြီး မတ်တတ်ရပ်လိုက်သည်။ သူက ကျောင်းယွဲ့နှင့် ကျန်းအိုက်ကျန့်တို့ကို ကြည့်ကာ “မင်းဆီမှာ တောင်းဆိုစရာရှိမှတော့ မင်းက ငါ့ဆီ လာသင့်တာပေါ့”

တောင်းဆိုရာတွင် အခြေအနေကို လျစ်လျူရှုပြီး မောက်မာမှုကို ထိန်းထားသည်က မလုပ်သင့်ပေ။

ကျန်းအိုက်ကျန့်က ထိုအရာကို ကြားသည့်အခါ ပျော်သွားလေသည်။ သူက တစ်ဖန်ဦးညွှတ်လိုက်ပြီး “ ဟုတ်တာပေါ့ … လောင်ချန်းပေ့ စကားတွေနဲ့ဆိုရင် ကျွန်‌တော် စိတ်အေးသွားပါပြီ ”

ကျောင်းယွဲ့ကလည်း ဝင်ပြောလိုက်သည်။ “ ရှစ်စွင်း ကျေးဇူးပါ”

ထိုစဉ် အပြင်ဘက်မှ အသံတစ်သံထွက်လာသည်။

“ ရှစ်စွင်း ဂါရဝပြုပါတယ်”

အခြားလူများက လှည့်ကြည့်လိုက်ကြသည်။

ကျူးဟုန်ကုန်းက တံခါးဝတွင် ဒူးထောက်နေသည်။ ထို့နောက် သူက ခန်းမကျယ်ထဲ ဝင်လာသည်။ သူက ခန်းမထဲ ဝင်လာရင်း ဆက်တိုက်ဦးညွှတ်ထားသည်။ “ ရှစ်စွင်းကို ဂါရဝပြုပါတယ် ”

မင်ရှစ်ရင်က လက်ဖြင့် မျက်လုံးအုပ်ထားလိုက်သည်။

ကောင်းပြီလေ မင်းနိုင်တယ် …

ကျူးဟုန်ကုန်းက ထရပ်လိုက်ပြီးနောက် တဖန် ဒူးထောက်လိုက်ပြန်သည်။ သူက ခပ်ကျယ်ကျယ်‌ ပြောလိုက်သည်။ “ ရှစ်စွင်းကို ဂါရဝပြုပါတယ်”

…

အခန်း (၃၄၇) မျက်ရည်စွန်းထင်း လက်ဝှေ့အိတ်

သူ၏ကို့ရို့ကားယား လုပ်ရပ်က ကျန်သည့်သူများကို အံ့ဩဆွံ့အသွားစေ၏။ သူတို့က သူ့ကို လွှတ်ထားလိုက်သည်။ တစ်ဖက်တွင်မူ လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။

သူတို့က ကျူးဟုန်ကုန်း ခန်းမအလယ်သို့ ရောက်လာသည့်အချိန်အထိ စောင့်လိုက်၏။ သူက ထပ်ကန်တော့ပြန်သည်။

“နှုတ်ခွန်းဆက်ပါတယ်.. ရှစ်စွင်း”

မင်ရှစ်ရင်က ကျူးဟုန်ကုန်းကို တစ်ချက် ကြည့်ပြီး ပြောလိုက်၏။

“လောင်ပါး မင်း သောင်းသောင်းဖျဖျ အော်နေတာ ဘာလဲ။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်တစ်ယောက်အနေနဲ့ ဒီလို အကျယ်ကြီး အော်နေတာ မိစ္ဆာဝေဟင်မျှော်နန်းရဲ့နာမည်ကို အရှက်ကွဲစေမှာ မစိုးရိမ်ဘူးလား”

“ကျွန်တော်က စိတ်ရင်းမှန်နဲ့ ရှစ်စွင်းကို အရိုအသေပေး ကန်တော့ချင်လို့.. မိစ္ဆာဝေဟင်မျှော်နန်းကို ကျွန်တော် ပြန်လာတဲ့အချိန်ကစပြီး ရှစ်စွင်းကို သင့်တော်အောင် မကန်တော့ရသေးဘူးလေ။ ကျွန်တော် သုံးကြိမ်ဒူးထောက်ပြီး ကိုးခါဦးညွှတ်တာက ကျွန်တော့်အတွက် သဘာဝပါပဲ”

ကျူးဟုန်ကုန်းက ပြန်ပြောလိုက်၏။

သူပြောတာ ယုတ္တိရှိသည်။ လုကျိုးက ကျူးဟုန်ကုန်းကို ထပ်ကြည့်လိုက်သည်။

အမည်- ကျူးဟုန်ကုန်း။

အထောက်အထား- တာ့ယန်၏လူသား။

နယ်ပယ်- နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်။

သူသည် လတ်တလောမှ ဒုက္ခရွှေကွင်းတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ရလာတာ ဖြစ်သော်ငြား သူသည် နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အတွင်း ရောက်ပြီဟု သတ်မှတ်၍ ရသည်။ ယင်းက နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက် ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

“ထရပ်ပြီး စကားပြော”

လုကျိုးက ပြောလိုက်၏။

ကျူးဟုန်ကုန်းက မတ်တတ်ထရပ်ကာ အားပါးတရပြုံးပြီး စကားပြောလိုက်တော့သည်။

“ကျေးဇူးပါ ရှစ်စွင်း”

“မင်းရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ပြ..”

ယင်းက အရေးကြီးသည့် အခိုက်အတန့် ဖြစ်သည်။ ဒုက္ခရွှေကွင်းတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ချဲ့ထွင်နိုင်သည့် စွမ်းရည်က သာမန်ကျင့်ကြံသူများနှင့် ခမ်းနားသည့် ကျင့်ကြံသူများကြား ကွာဟချက် ရှိသည်။ မရေမတွက်နိုင်သည့် ကျင့်ကြံသူများစွာက ဤအဆင့်၌ ကျဆုံးခဲ့ကြသည်။ ဒုက္ခရွှေကွင်းတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်၏ ပြီးပြည့်စုံမှုနှင့် ခွန်အားက ကျင့်ကြံသူ၏အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မည်။

ရှောင်ယွမ်အာ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဥပမာ ယူနိုင်ပေသည်။ ယင်းက ဝိညာဉ်စွမ်းအင် ဖျတ်လတ်တက်ကြွမှုတို့ဖြင့် ပြည့်နေလေ၏။ သူတို့က ၎င်းအတွက် အနာဂတ်တွင် မျှော်လင့်ချက် မြင့်မြင့်ထားရမည်။

ကျင့်ကြံသူအချို့သည် ဒုက္ခရွှေကွင်းတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ပုံပျက်စေခဲ့ကြသည်။ ထိုကဲ့သို့ စိတ်ဝိညာဉ်သဏ္ဌာန်က ပွင့်ချက်တစ်လွှာထွက်ရန်တောင် ခက်ခဲလှပေ၏။

“ဟုတ်ကဲ့ရှစ်စွင်း..”

ကျူးဟုန်ကုန်းသည် သူ၏ကနဦးချီကို သုံးပြီးနောက် စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။ လူတစ်ယောက်၏ အရပ်အမြင့် တစ်ဝက်ခန့်ရှိသော စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာပြီး ဝဝတုတ်တုတ် ကလေးပိစိလေးနှင့် ဆင်တူလေ၏။ ကျန်သည့်သူများက ၎င်းကို မြင်သောအခါ သူတို့ မရယ်မိရန် ထိန်းထားဖို့က ခက်ခဲနေကြတော့သည်။

စိတ်ဝိညာဉ်သဏ္ဌာန်က ၎င်း၏ပိုင်ရှင်အတိုင်းပဲ ဖြစ်၏။ ဝနေပေသည်။

သို့သော် စိတ်ဝိညာဉ်သဏ္ဌာန်၏ ပြည့်စုံခြင်းက ကျေနပ်ဖွယ်ကောင်းသည်။ ကနဦးချီလည်း ပြည့်နေလေ၏။

တွမ့်ရှင်းက စိတ်ထဲ ထိတ်လန့်သွားတော့သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ အဋ္ဌမတပည့်ကလည်း ထိုမျှ ပါရမီရှိနေသည်။ နောင်ကျ သူမည်မျှ ကြောက်မက်ဖွယ်ကောင်းမည်နည်း။ နဝမတပည့်ကို ထည့်ပြောရန် မလိုအပ်ချေ။ နဝမတပည့် စီယွမ်အာသည် ပိုတောင်ကြောက်မက်ဖွယ် ကောင်းသည့် ပါရမီရှိသည်ဟု ကောလာဟလရှိ၏။ သူမသည် နတ်ဒေဝါဦးတည်နယ်ပယ်သို့ ရောက်တာ ငါးနှစ်မျှသာ ရှိသေးသည်။ နောင်ကျ မည်သူကမျှ ထိုကဲ့သို့ အောင်မြင်မှုမျိုး ရရှိမှာ မဟုတ်ပေ။

ကျူးဟုန်ကုန်းသည် သူ၏ကိုယ်ပိုင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ဝင့်ကြွားစွာ ကြည့်လိုက်၏။ သူက ကျောမတ်လိုက်မိသည်။

ကျောင်းယွဲ့က အားမကျသော်ငြား အနည်းငယ် ရှက်သလို ခံစားရသည်။ ဆိုရလျှင် သူမက သူ့ထက်စောပြီး မျှော်နန်းသို့ ဝင်ခဲ့တာ ဖြစ်သည်။ သူမက ပြောင်မြောက်ခြင်း ကျောက်စိမ်းကျင့်စဉ်ကို အတော်လေး တတ်ကျွမ်းနေပြီဖြစ်သည်။ ထိုသို့တိုင် အဆင့်တက်နိုင်ခြင်း မရှိသေးပေ။ ကျူးဟုန်ကုန်း၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်သောအခါ သူမရင်ထဲ အနည်းငယ် မသက်မသာ မဖြစ်ဘဲ မနေတော့ချေ။

လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်၏။ သူက လက်ဝေ့ယမ်းလိုက်သည်။

ဝှစ်..

ကျူးဟုန်ကုန်းရှေ့၌ ငွေရောင်သေတ္တာတစ်ခု ကျလာတော့သည်။ ကျူးဟုန်ကုန်းက ၎င်းကို မြင်သောအခါ ဇဝေဇဝါ ဖြစ်သွားလေ၏။

“ရှစ်စွင်း အဲဒါဘာလဲ”

လုကျိုးက လက်ကို ထပ်မံဝေ့ယမ်းလိုက်ပြန်၏။ သေတ္တာက နှစ်ခြမ်းကွဲသွားပြီး ယင်းက အ‌တော်လေး ထူးဆန်းသည့် ပုံသဏ္ဌာန်ရှိသည်။

“မင်းကို မျက်ရည်စွန်းထင်း လက်ဝှေ့အိတ်ပေးမယ်။ ဒါကို ကောင်းကောင်းသုံးမယ်လို့ မျှော်လင့်တယ်”

လုကျိုးက ပြောလိုက်၏။ သေတ္တာဖွင့်ပြီးချိန်မှစပြီး လုကျိုးက ၎င်းကို သိမ်းထားခဲ့သည်။ များစွာ တွေးပြီးနောက် ကျူးဟုန်ကုန်း၏ ပျက်သုဉ်းခြင်းကိုးပါး မိုးကြိုးနှင့် ကိုက်ညီသည်ဟု ခံစားမိသည်။ ထို့အပြင် သူ့တပည့်၏ ကျင့်ကြံဆင့်ကို တတ်နိုင်သမျှ မြန်မြန် မြင့်တင်ပေးရန်လည်း လိုအပ်သည်။ ကျူးဟုန်ကုန်းသည် ထိုစကားကို ကြားသောအခါ ငိုချင်သည့်စိတ်များ ပြည့်သွားကာ ချက်ချင်း ဒူးထောက်လျက် လုကျိုးကို ကျေးဇူးတင်စကား ပြောတော့သည်။

“ကျေးဇူးပါ ရှစ်စွင်း.. ကျေးဇူးပါပဲ ရှစ်စွင်း”

တွမ့်ရှင်းက ထိုမြင်ကွင်းကို မြင်ပြီး သွားရေကျသွားတော့သည်။ ကျောင်းယွဲ့သည် ယခု အမှန်တကယ် အားကျသွားပြီဖြစ်သည်။ သူမက ယခုအချိန်တွင် လက်နက်မရှိသည့်တစ်ဦးတည်းသောသူ ဖြစ်၏။ သူမ အားကျတာ သဘာဝကျပေ၏။

လက်နက်သည် ကျူးဟုန်ကုန်းနှင့် ခင်တွယ်မှု မြင့်မားတာ ဖြစ်ဟန်တူသည်။ သူက ၎င်းတို့အပေါ် လက်တင်လိုက်ရုံဖြင့် ကလစ်ဟူသောအသံကို ကြားလိုက်ရသည်။ ပြီးနောက် သူက လက်ဝှေ့အိတ်ကို လွယ်လင့်တကူ ဝတ်လိုက်တော့သည်။

“တင်း.. မျက်ရည်စွမ်းထင်းသေတ္တာကို အသက်သွင်းလိုက်ပါပြီ။ ပိုင်ရှင် ကျူးဟုန်ကုန်း၊ ဆုလာဘ်ကုသိုလ်မှတ် ၁၀၀၀”

“ဂုဏ်ပြုပါတယ်။ အဋ္ဌမသခင်လေး”

တွမ့်ရှင်းက လက်သီးဆုပ်မိုးလိုက်၏။

“ဂုဏ်ပြုပါတယ် လောင်ပါ့”

မင်ရှစ်ရင်က ပြုံးပြီး ကျူးဟုန်ကုန်းဘက်သို့ လျှောက်သွားကာ ပြောလိုက်တော့၏။

“ဒါက မာတဲ့ပုံပဲ။ တာ့ရှစ်ရှိုးရဲ့ နဂါးသွဲ့ကျောက်တောင် ဒါကို မဖျက်နိုင်ဘူး။ မင်းက ချက်ကောင်းမိပြီပဲ”

“ကျွန်တော်လား”

ကျူးဟုန်ကုန်းက ကြက်သေသေနေလေ၏။ ဤပစ္စည်းက ထိုမျှ အံ့ဩဖွယ်ကောင်းလိမ့်မည်ဟု သူ မထင်ထားပေ။

“ဒါပေါ့ ငါက မင်းကို ဘာကြောင့် လိမ်ရမှာလဲ။ ဒါ့အပြင် ရှစ်စွင်းပေးတဲ့ လက်နက်က စုတ်မယ်လို့ မင်း ထင်နေတာလား”

သို့သော် စိတ်ထဲတွင်မူ မင်ရှစ်ရင်က သူ့ဘာသာသူ တွေးလိုက်၏။ ဒီလက်နက်က တကယ်ပဲ မာကြောပါရဲ့။ ဒါပေမဲ့ အကျည်းတန်လွန်းတယ်။ ပိုချီးကျူးမှ ရတော့မယ်။

ကျူးဟုန်ကုန်းက အပျော်လွန်သွား၏။

“ကျွန်တော် ရှစ်စွင်းကို စိတ်မပျက်စေရပါဘူး”

လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်သည်။ သူက ကျူးဟုန်ကုန်း၏ သစ္စာရှိမှု မြင့်တက်သွားကြောင်း သတိပြုမိလိုက်၏။ ယခုက တည်ငြိမ်သွားပြီဖြစ်သည်။ ယင်းက သူ၏မှန်းဆချက် အတွင်း၌လည်း ရှိနေ၏။

ကျူးဟုန်ကုန်းက ဘေးသို့ နောက်ဆုတ်သွားပြီး သူ၏လက်ဝှေ့အိတ်လေးနှင့် ဆော့ကစားနေသည်။

လုကျိုးသည် လုကျိုးသည် ကျူးဟုန်ကုန်းကို ခေါင်းထဲ မထည့်တော့ပေ။ ထိုအစား ကျောင်းယွဲ့ကို ကြည့်လိုက်၏။

“ကျောင်းယွဲ့..”

“ဟုတ်ကဲ့ ရှစ်စွင်း..”

“မင်း နန်းတော်ထဲမှာ ရှိနေတဲ့အချိန် မင်းရဲ့ကျင့်ကြံဆင့်က အခြေအနေ ဆိုးရွားလာတယ်”

လုကျိုးက ပြော၏။

ကျောင်းယွဲ့၏ မျက်နှာက နီမြန်းလာကာ ရှက်လာတော့သည်။

“တပည့်အလုပ်ကြိုးစားပါ့မယ်။ ရှစ်စွင်းကို စိတ်မပျက်စေရပါဘူး”

တွမ့်ရှင်းက ပြုံးပြီး ပြောလိုက်၏။

“လောင်ချန်ပေ့ ချန်ပေ့ရဲ့တပည့်တွေကို ဒီလောက် အားစိုက်ထုတ်ပေးနေတာ တကယ် အထင်ကြီးမိပါရဲ့..”

“တွမ့်ရှင်း မင်းက တိမ်တောက်တောအုပ်ထဲမှာ ကောင်းကောင်း လုပ်ဆောင်ခဲ့တယ်။ မင်းကို မမျှမတ မဆက်ဆံဘူး။ ဒီလိုရင်ရော.. မင်း တစ်ခုလောက် တောင်းဆိုလိုက် ဖြည့်ဆည်းပေးဖို့ အကောင်းဆုံး ကြိုးစားမယ်”

လုကျိုးက ပြော၏။ တွမ့်ရှင်းသည် ထိုစကားကို ကြားသောအခါ ပျော်ရွှင်သွားလေ၏။ သူက အမြန်အရိုအသေပေးပြီး ပြောလိုက်၏။

“ကျွန်တော် မလုပ်ရဲပါဘူး။ ကျွန်တော် လုပ်ခဲ့တဲ့ အားစိုက်ထုတ်မှုအားလုံးက စိတ်ရင်းအမှန်နဲ့ပါ။ အခွင့်ကောင်းမယူရဲပါဘူး”

“သိပ်ကောင်းတယ်”

လုကျိုးက ခေါင်းညိတ်လိုက်၏။

‘နေအုံး မဟုတ်သေးဘူးလေ။ ကျုပ်တို့ နည်းနည်းလောက် စကားစမြည်းပြောရအုံးမှာ မဟုတ်ဘူးလား။ ကျုပ်ရဲ့တောင်းဆိုချက်ကရော ဘာလဲ။ ဒါ ကျုပ်ရဲ့အုတ်ဂူထဲကို သယ်သွားရတော့မှာလား’

တွမ့်ရှင်းက ကြက်သေသေသွားလေ၏။ လုကျိုးက တွမ့်ရှင်းကို ကြည့်ပြီး ပြောလိုက်၏။

“ငရဲဂိုဏ်းက လိမ္မာပါးနပ်ရင် ဒီကိစ္စပြီးတဲ့နောက် မိစ္ဆာဘုရားကျောင်းကို သူတို့ လက်တင်ဖို့ လက်မြှောက်ရဲမှာ မဟုတ်ဘူး”

“ကျေးဇူးပါ လောင်ချန်ပေ့”

ဤအရာဖြင့် အနည်းဆုံးတော့ မိစ္ဆာဘုရားကျောင်း၏ဘေးကင်းမှုကို အာမခံနိုင်ပြီဖြစ်သည်။ သူ၏ကျန်သည့်တောင်းဆိုချက်များအတွက်မူ သူ၏ကံကို မစမ်းရဲတော့ချေ။

“ငါတို့ ဧည့်သည်တွေကို ပို့ပေးလိုက်”

တွမ့်ရှင်းသည် မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်သွားပြီးနောက် လုကျိုးက လက်ဝေ့ယမ်းကာ ပြောလိုက်တော့၏။

“ဘာကိစ္စမှ မရှိတော့ရင် ဒီနေ့ ဒီလောက်ပဲ”

“သွားလိုက်ပါအုံးမယ် ရှစ်စွင်း”

“ဘေးကင်းတဲ့ခရီးဖြစ်ပါစေ လောင်ချန်ပေ့”

လုကျိုးက မတ်တတ်ထရပ်ပြီးနောက် အရှေ့ဘက်မျှော်နန်းသို့ ပြန်သွားသည်။

အံ့ဖွယ်မြို့တော်၏ တော်ဝင်မြို့ ရှို့နင်နန်းဆောင်တွင် ဖြစ်သည်။

“မယ်တော်ကြီး ကျောင်းယွဲ့က မိစ္ဆာဝေဟင်မျှော်နန်းကပါ။ သူ့စကားတွေကို သတိထားရမယ်”

ခုတင်ဘေးနား ရပ်နေသည့်သူက ဆက်ခံသူ လျိုကျီပဲ ဖြစ်သည်။ မယ်တော်ကြီးက မျက်လုံးမှိတ်ထားလျက် လျိုကျီကို မကြည့်ပေ။ တင်းမာခက်ထန်သော လေသံဖြင့် ပြောလိုက်၏။

“မင်းက ငါသေတာ မြင်ချင်နေတာလား”

လျိုကျီက မျက်နှာ မှုန်ကုတ်သွား၏။ သူက ဒူးထောက်ကာ ပြောလိုက်တော့သည်။

“ကျွန်တော် မလုပ်ရဲပါဘူး။ မယ်တော်ကြီး တစ်ခုခု မကောင်းတာ ဖြစ်မှာ စိုးရိမ်လို့ပါ”

“ငါ တစ်ခုခု ဖြစ်လာခဲ့ရင် နွေဦးစံအိမ်တည်းက ဖြစ်ပြီပေါ့ အခုအချိန်အထိ စောင့်နေလို့ လိုလို့လား”

မယ်တော်ကြီးက ဖြည်းဖြည်းချင်း မေးလိုက်၏။ နွေဦးစံအိမ်ရှိအဖြစ်အပျက် ဖြစ်ပွားချိန်မှစပြီး သူမသည် မင်းသားအားလုံးကို သဘောမတွေ့တော့ပေ။

လျိုကျီက ဒူးထောက်ထားလျက် ပြောလိုက်သည်။

“မယ်တော်ကြီး ဒုတိယအစ်ကိုတော်နဲ့ ပတ်သတ်ပြီး စိတ်ကျေနပ်ဖွယ် ရှင်းပြချက်တစ်ခု ပေးမှာပါ ကျေးဇူးပြုပြီး ဒါကြောင့် စိတ်အနှောင့်အယှက် အဖြစ်မခံပါနဲ့”

ထိုစဉ် ဘေးတွင် တစ်ခွန်းမှ မပြောဘဲ အချိန်အတော်ကြာ ရပ်နေသည့် လီယွင်ကျောက်က နောက်ဆုံးတွင် ပြောလာတော့၏။

“အရှင်မင်းသား ကျွန်တော်မျိုးစိတ်ထဲ တစ်ခုခုတော့ ရှိပါတယ်။ ဒါပေမဲ့ ပြောဖို့ သင့်တော်ပါ့မလားမသိဘူး”

“ပြော..”

လီယွင်ကျောက်တွင် မယ်တော်ကြီးဘေးရှိ နာမည်ကျော်ကြားသည့်လူဖြစ်သည်။ လျိုကျီက သူ့ကို အလေးထားရမည်။

“မယ်တော်ကြီးရဲ့ ဖျားနာမှုက ဆက်တောင့်ခံနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အရှင်မင်းကြီးက သဘောတူပြီးပြီ။ ဝတ္တရားကျေပွန်ချင်တယ် ဆိုရင် အရှင်မင်းသား မယ်တော်ကြီးနဲ့ပတ်သတ်ပြီးတော့ တွေးသင့်ပါတယ်.. ပြီးတော့..”

လီယွင်ကျောက်က သူ့နားတစ်ဝိုက်ကို ကြည့်ပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“မယ်တော်ကြီးက ဒုတိယမင်းသားရဲ့သေခြင်းတရားကြောင့် နာကျင်နေသေးတုန်းပဲ။ ကျေးဇူးပြုပြီး ဒီအကြောင်းအရာကို ထပ်မပြောပါနဲ့”

“မောင်မင်းပြောတာ အဓိပ္ပာယ်ရှိတယ် လီကုန်းကုန်း”

လျိုကျီက ထရပ်လိုက်၏။ သူက အရိုအသေပေးကာ ပြောလိုက်တော့သည်။

“အဘွားတော် ကျွန်တော်က ကျင့်ကြံဆင့်နက်နဲတဲ့လူတွေနဲ့ စောင့်ကြပ်ထားပါ့မယ်။ အဘွားတော် သွားမယ်ဆိုရင် သူ့ကို ချန်ထားခဲ့မယ်”

“အဲလိုပဲ လုပ်လိုက်”

မယ်တော်ကြီးက မျက်လုံးမှိတ်ထားသေးဆဲ ဖြစ်ကာ လက်ဝေ့ယမ်းလိုက်၏။

“နှုတ်ဆက်ပါတယ်။ အဘွားတော်”

လျိုကျီက ရှို့နင်နန်းဆောင်ကနေ ဆုတ်ခွာသွား၏။ သူက သူ့ဆီသို့ အစောင့်လာသည့် အချိန် နန်းဆောင်အပြင်ဘက်သို့ ထွက်ကာစ ဖြစ်၏။

လျိုကျီက လက်နောက်ပစ်ထားလျက် ပြောလိုက်တော့သည်။

“ငါ့ရဲ့အဘွားကို မိစ္ဆာဝေဟင်မျှော်နန်းဆီ လိုက်ပါပို့ဆောင်ဖို့ ကျန်းလျန်ကို ပြောလိုက်။ သူ့မိသားစုကို ငါ ဂရုစိုက်မယ်။ သူ ကျန်းအိုက်ကျန့်ရဲ့ခေါင်းကို သယ်လာခဲ့ရင် သူ ဆုတော်ရရှိမယ်”

“နားလည်ပါပြီ”

…

အခန်း(၃၄၈) ယွီရှန်းရုန်၏ လျှို့ဝှက်ချက်

ယခင်တစ်ပတ်ကျော်အတွင်း လုကျိုးသည် ထူးခြားအံ့ဖွယ်စွမ်းအား အပြည့်အဝ ပြန်ပြည့်သွားအောင်အထိ ကောင်းကင်ကျမ်းကိုသာ ဆင်ခြင်လေ့လာနေသည်။ သူ့ထူးခြားအံ့ဖွယ် စွမ်းအား ပြန်လည်ပြည့်ဝသွားပြီးသည့်နောက် ဆက်လက်ဆင်ခြင်နေခြင်းမှ ရရှိလာသည့် အကျိုးကျေးဇူးမှာ အရေအတွက် တိုးလာခြင်း ဖြစ်၏။ သို့သော်လည်း လုကျိုးက ရပ်တန့်ဖို့ ရွေးချယ်လိုက်သည်။

သူက မျက်လုံးဖွင့်လာကာ လက်ကျန်သက်တမ်းအား တစ်ချက်ကြည့်လိုက်သည်။

၆၅၇၄ ရက်

“ ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းတာက လူတစ်ယောက်ရဲ့ သက်တမ်းကို ပျက်စီးစေတယ်ဆိုတော့ ငါ့ဆီမှာသာ အကြောင်းပြန်လှန်ကတ် အလုံအလောက်ရှိထားရင် ဖြတ်ကျော်နိုင်လောက်လား”

လုကျိုးက စဉ်းစားနေမိသည်။ သူ့တွင် အကြောင်းပြန်လှန်ကတ် ၂၂ ကတ် ကျန်ရှိသေး၏။

လုကျိုးက တစ်ကတ်ကို သုံးလိုက်သည်။ ယခင်ကဲ့သို့ အရှေ့ဘက်မျှော်နန်းဝန်းကျင်မှ အသက်ဓာတ်များ သူ့ဆီ စုဝေးလာကြသည်။ ခဏအကြာတွင် ပြီးဆုံးသွားလေသည်။ သူ ထင်ထားသည့်အတိုင်း လက်ကျန်သက်တမ်းက ၆၈၇၄ ရက် ဖြစ်သွားသည်။

ပွင့်ချပ်ကိုးလွှာအဆင့်က သူ့သက်တမ်းနှင့် ပတ်သက်နေလျှင် အကြောင်းပြန်လှန်ကတ်များက ပို၍ အရေးကြီးလာနိုင်သည်။

လုကျိုးက အကြောင်းပြန်လှန်ကတ်၏ ဈေးကို တစ်ချက်ပြန်ကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် ဈေးမတက်သေးပေ။

ထို့နောက် သူက ယွီရှန်းရုန်နှင့် ဆက်နွယ်နေသည့် တာဝန်နှစ်ခုကို ကြည့်လိုက်သည်။ ပထမတစ်ခုက မုရှီး သက်တမ်း ဖြစ်ပြီး ဒုတိယတစ်ခုက ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစာအသစ် ဖြစ်ပေသည်။

တာဝန်နှစ်ခုလုံးကို မပြီးမြောက်သေးကြောင်း စာတန်းပြထားသည်။

သူက မုရှီးသည် ယွီရှန်းရုန်နှင့် အတော်လေး ပတ်သက်နေမည် ဖြစ်ကြောင်း သေချာသိနေ၏။

“သက်တော်ရှည်ဓား …” လုကျိုးက ဓားအကြောင်း တွေးမိသွားသည်။

ထိုစဉ် ပြန်လည်သုံးသပ်ရေးဂူအတွင်း ဖြစ်သည်။

ယွီရှန်းရုန်က တင်ပျဉ်ခွေထိုင်နေသည်။ ထူးခြားနေသည့်အချက်မှာ သက်တော်ရှည်ဓားက တစ်ခုခုကို ခံစားမိသည့်အလား အနီရောင်အလင်း ထွက်နေခြင်း ဖြစ်၏။ ထိုအနီဖျော့ဖျော့ စွမ်းအားက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားလေသည်။

ချွမ်

သက်တော်ရှည်ဓားက အနည်းငယ် တုန်ခါသွားသည်။

ညအခါကျရောက်လာပြီး လရောင်ကလည်း တောက်ပနေသည်။

သက်တော်ရှည်ဓားက ငြိမ်ကျသွားပြီးနောက် မလှုပ်မယှက် ဖြစ်သွားသည်။

ယွီရှန်းရုန်က ရုတ်ချည်းဆိုသလို ငြီးလိုက်သည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။ သူက မျက်လုံးကို ဖွင့်ကာ သက်ပြင်းချလိုက်မိသည်။ သူက ထိုအရာကို အံ့ဩနေဟန်မပေါ်ပေ။

စီးဝူယာ့လိုမျိုး သူက ကျင့်ကြံဆင့် တားဆီးထားသည့် မန္တန်ကို ချိုးဖောက်ဖို့ ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကျရှုံးသွားရ၏။

စီးဝူယာ့က အရင်းအမြစ်ကြွယ်ဝသော်လည်း သူ့အတွက် ချိုးဖောက်ပေးမည့်လူကို မရှာနိုင်ပေ။ သို့သော်လည်း ဤသည်မှာ အမျိုးသားများအတွက် အဖြစ်အများဆုံး အမှားသာ ဖြစ်၏။ တောင်ပိုင်းနံရံကို မထိခင် သူတို့က ဘယ်တော့မှ ပြန်လှည့်မှာ မဟုတ်။

ယွီရှန်းရုန်က သက်တော်ရှည်ဓားကို ကြည့်ကာ ခေါင်းခါလိုက်ပြီး “ငါ သေလို့ မဖြစ်သေးဘူး ”

သူ့မျက်လုံးများက တဖန်ပြန်ပိတ်သွားပြီး ဒဏ်ရာများပေါ် အာရုံစိုက်ထားလိုက်သည်။

“တင်း ယွီရှန်းရုန်ကို အပြစ်ပေးနိုင်ခဲ့တဲ့အတွက် ဆုလာဘ် ကုသိုလ်ရမှတ် သုံးရာ ရရှိပါတယ် ”

“မင်းက မန္တန်ချိုးဖောက်ဖို့ ကြိုးစားနေတာလား “

ယွီရှန်းရုန်က အသံကြောင့် လန့်ဖြတ်သွားလေသည်။

“ ရှစ်စွင်းလား ”

လုကျိုးက လက်နောက်ပစ်လျက် အတားအဆီးထဲ ဖြတ်ဝင်လာသည်။ သူက တင်ပျဉ်ခွေထိုင်နေပြီး နှုတ်ခမ်းထောင့်မှ သွေးစီးရာရှိနေသည့် ယွီရှန်းရုန်ကို မြင်လိုက်ရသည်။

လုကျိုးက စနစ်ဆီမှ အသိပေးချက် ကြားလိုက်ကတည်းက ယွီရှန်းရုန်သည် မန္တန်ကို ချိုးဖောက်ဖို့ ကြိုးစားနေမှန်း သိလိုက်သည်။

“ အချည်းနှီးပဲ” လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်သည်။

“ ဘာမှမလုပ်ဘဲ ထိုင်နေတာထက် ပိုကောင်းတယ်” ယွီရှန်းရုန်က ပြန်ဖြေလိုက်သည်။

လုကျိုးက ကျောက်ထိုင်ခုံပေါ် ဝင်ထိုင်လိုက်ပြီး မျက်နှာချင်းဆိုင် ထိုင်ခုံကို ညွှန်ပြကာ “လာထိုင်လှည့်”

ယွီရှန်းရုန်က အနည်းငယ် အံ့ဩသွားလေသည်။ သူ မိစ္ဆာဝေဟင်မျှော်နန်းတွင် နေခဲ့စဉ်တစ်လျှောက်လုံး ဒီလိုမျိုး မဆက်ဆံခံဖူးပေ။ သူက ယခင်နှင့် ကွဲပြားနေသည့် ရှစ်စွင်းကို ကြည့်လိုက်သည်။ သူက ယုံဖို့ခက်နေမိသည်။ နောက်ဆုံးတွင် သူက ခြေကြွကာ မျက်နှချင်းဆိုင် ထိုင်ခုံဘက် ဝင်ထိုင်လိုက်သည်။

လရောင်က ကျောက်စားပွဲပေါ် ဖြာကျနေသည်။

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ “မင်းက ငါ့ကို ရှစ်စွင်းလို့ ခေါ်မှတော့ ငါ့မေးခွန်းကို အရိုးသားဆုံး ဖြေရမယ် ”

ယွီရှန်းရုန်က မျက်မှောင်အသာကြုတ်လိုက်သည်။ သူ့ရှစ်စွင်း ဘာမေးမည်မှန်း မသိထားပေ။ သူက ကြောက်ရွံ့လာမိ၏။ “ မှတ်ဉာဏ်တွေကလွဲရင် ကျန်တာအားလုံး ဖြေပါ့မယ် ”

လုကျိုးက ထိုအရာကို မျှော်လင့်ထားပြီးသား ဖြစ်၏။ အမှန်တော့ ယွီရှန်းရုန်က မှတ်ဉာဏ်အကြောင်း ပြောမလာလျှင်ပင် သူ့ဘာသာ ကောက်ချက်ချနိုင်သည်။ ထို့ကြောင့် သူ့ကို အတင်းဖိအားပေးစရာ မလိုပေ။

“ မင်း ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ဖို့ ကြိုးစားဖူးလား” လုကျိုးက မေးလိုက်သည်။

“ ဟုတ်ကဲ့ ” ယွီရှန်းရုန်က အရိုးသားဆုံး ဖြေလိုက်သည်။

“ ပွင့်ချပ်ရှစ်လွှာ ထိပ်သီးအဆင့် ကျင့်ကြံသူတစ်ဦးအနေနဲ့ ပွင့်ချပ်ကိုးလွှာအဆင့် တံခါးဝမှာ ရှိနေတာ ကြာပါပြီ။ အဲဒီတံခါးအလွန်ကို ချောင်းကြည့်ချင်စိတ် ဖြစ်လာတာကို တားဆီးနိုင်မဲ့သူ ရှိမှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ အဲဒီတံခါးနောက်ကွယ်မှာ အဆုံးမဲ့ညကလွဲပြီး ဘာမှမရှိဘူး။ အနာဂတ်လည်း မရှိသလို မျှော်လင့်ချက်လည်း မရှိဘူး ”

လုကျိုးက ခေါင်းညိတ်လိုက်သည် “မင်းက မဟာနွယ်မျိုးနွယ်ကဆိုတော့ မင်းဘဝက မုရှီးလိုမျိုးပဲ မတည်တံ့ဘူး”

ယွီရှန်းရုန်က ထိုအကြောင်းကြားသည့်အခါ နှလုံးခုန်မြန်သွားလေသည်။ သို့သော်လည်း သူက မြန်မြန် ထိန်းလိုက်နိုင်သည်။ ဤသည်က သူ ရှက်ရွံ့ရမည့် လျှို့ဝှက်ချက်မျိုး မဟုတ်ပေ။

မုရှီးက မဟာနွယ်မျိုးနွယ်အတွက် အစကတည်းက တမူထူးသည့် အပင်ဖြစ်ခဲ့၏။ နောက်ပိုင်းတွင် အကြိမ်များစွာ ညွှန်းဆိုခံလာရသောကြောင့် မိစ္ဆာဝေဟင်မျှော်နန်းရှိ တစ်ယောက်ယောက် သိသွားသည်မှာ မထူးဆန်းပေ။

“ ပွင့်ချပ်ရှစ်လွှာအဆင့်က မင်းကို သက်တမ်း နှစ်ငါးရာပဲ အများဆုံး ပေးနိုင်မှာ” လုကျိုးက ထပ်ပြောလိုက်သည်။

ယွီရှန်းရုန်က ရုတ်ချည်းဆိုသလို သက်တော်ရှည်ဓားကို ကောက်ကိုင်လိုက်သည်။ သူက ထရပ်တောမည့်ဆဲဆဲတွင် ရှစ်စွင်းက သူ့သက်တော်ရှည်ဓားကို လုယူမည့် စိတ်ကူးမရှိဘဲ ထိုင်နေဆဲ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

လုကျိုးက မုတ်ဆိတ်သပ်လိုက်သည်။ သူက ဒီလိုမျှော်လင့်ထားပြီးသား ဖြစ်ကြောင်း အမူအရာမျိုး ရှိနေသည်။

“ငါ မင်းလက်နက်ကို လိုချင်ရင် ဘယ်သူက တားနိုင်မှာလဲ”

သူက လက်မြောက်လိုက်သည့်အခါ ဂူထဲ စွမ်းအားလေလှိုင်းတစ်ခု ဝင်ရောက်လာသည်။

ယွီရှန်းရုန်က သက်တော်ရှည်ဓားကို တင်းတင်းဆုပ်ထားလိုက်၏။ သူ့ကျင့်ကြံဆင့် စည်းပိတ်ခံထားရသည် ဖြစ်ရာ ရှစ်စွင်းကို မည်သို့ခုခံနိုင်မည်နည်း။

လုကျိုး၏ ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် တာအိုအသွင်ပြောင်းခြင်းအဆင့်သာ ရှိသေးသော်လည်း ကျင့်ကြံဆင့် စည်းပိတ်ခံထားရသည့် ယွီရှန်းရုန်နှင့် ရင်ဆိုင်ဖို့ လုံလောက်ပေသည်။

ဝှစ်

သက်တော်ရှည်ဓားက လုကျိုးလက်ထဲ ရောက်လာသည်။

ယွီရှန်းရုန်က ဓားကို ပြန်ယူဖို့ ကြိုးစားလိုက်ရင်း ရှေ့ကို ဆတ်ခနဲ လှမ်းယူလိုက်သည်။

လုကျိုးက လက်အသာဝေ့လိုက်၏။

စွမ်းအားက ယွီရှန်းရုန်အား ထိန်းထားလေသည်။

လုကျိုးက သက်တော်ရှည်ဓားကို ဆွဲထုတ်လိုက်၏။

ဓားသွားက အနီဖျော့ဖျော့ တောက်ပနေသည်။ ခဏအကြာတွင် လုကျိုးက သက်တော်ရှည်ဓား၏ အသက်ဓာတ်စွမ်းအားကို ခံစားမိလိုက်၍ “ ထာဝရရှင်သန်မှုက လာထိရောက်ပြီးတော့ အသက်ရှည်မှုကို ဆန္ဒပြုတယ်”

လုကျိုးက သက်တော်ရှည်ဓားကို ချီးကျူးလိုက်သည်။

သက်တော်ရှည်ဓားက အသက်တစ်သက် ယူတိုင်း အသက်ဓာတ်စွမ်းအား တချို့ စုပ်ယူသည်ဟု ပြောရမည်။

ယခု လုကျိုးက သေချာသွားလေသည်။ ယွီရှန်းရုန်က သက်တော်ရှည်ဓားကို ဒီလောက်တန်ဖိုးထားနေသည်မှာ မဆန်းတော့ပေ။ သူက အသက်ရှင်ဖို့ ဒီဓားပေါ် မှီခိုနေရ၏။ ဒီဓားက သူ့အသက် ဖြစ်ပေသည်။

“ ရှစ်စွင်း ” ယွီရှန်းရုန်က ဒူးထောက်လိုက်သည်။

လုကျိုးက ခေါင်းခါကာ “ ဒါက အသက်ရှည်ဖို့ မင်းရဲ့ လျှို့ဝှက်ချက်လား ”

သူက ယွီရှန်းရုန်ကို သက်တော်ရှည်ဓား ပေးခဲ့စဉ်အခါက ဒီလောက်အထိ စွမ်းဆောင်နိုင်ရည် ရှိလိမ့်မည်မှန်း မသိခဲ့ပေ။ ဒီနှစ်တစ်လျှောက်လုံး ယွီရှန်းရုန်တစ်ယောက်တည်းသာ ဒီဓားအပေါ် ဘယ်လောက် အားစိုက်ထုတ်ကာ အချိန်ပေးခဲ့ရမှန်း သူသာလျှင် သိပေမည်။

“ မုရှီးက မနက်ခင်းမှာ ပွင့်ပြီးတော့ ညအခါမှာ ညှိုးနွမ်းသွားတယ်။ ကျွန်တော့်မှာ ရွေးစရာ မရှိဘူး” ယွီရှန်းရုန်က ပြောလိုက်သည်။

“ မင်း ဒီဓားနဲ့ အသက်ရှည်ရှည် နေနိုင်မယ် ထင်နေတာလား ”

“သက်တော်ရှည်ဓားက မလုပ်နိုင်ပါဘူး။ သူ လုပ်ပေးတာက ကျွန်တော့်ကို တခြားကျင့်ကြံသူတွေလိုမျိုး သက်တမ်းအတူတူ ရဖို့ ကူညီပေးရုံလောက်ပါ” ယွီရှန်းရုန်က အရိုးသားဆုံး ပြောလိုက်သည်။

နှစ်သန်းချီကို ဒီလိုမျိုး နေဖို့ စဉ်းစားခြင်းမှာ ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူအတွက် ဉာဏ်ရှိသည့် အတွေးအခေါ် ဖြစ်ပေသည်။

ချွမ်

သက်တော်ရှည်ဓားက ဓားအိမ်ထဲ ပြန်လည်ရောက်ရှိသွားသည်။

လုကျိုးက လက်အသာဝေ့လိုက်သည့်အခါ စွမ်းအားနံရံ ပေါ်လာသည်။

လုကျိုးက ယွီရှန်းရုန်ဆီ ဓားပြန်ပေးလိုက်သည်။ သူက သက်ပြင်းချကာ “သက်တော်ရှည်ဓားက နှစ်သန်းချီ ကန့်သတ်ချက်ကို ကျော်လွန်နိုင်မှာ မဟုတ်ဘူး ”

ယွီရှန်းရုန်က သက်တော်ရှည်ဓားကို ဖမ်းကာ သူ့ရှစ်စွင်းအား တအံ့တဩ ကြည့်လိုက်သည်။ သူ့ရှစ်စွင်းသည် ဓားကို ပြန်ပေးလိမ့်မည်ဟု မထင်ထားပေ။ သူက တိတ်ဆိတ်နေမိ၏။

လုကျိုးက ယွီရှန်းရုန်အား လှည့်ကြည့်ကာ “ မင်း ငါ့ကို အထင်သေးနေလား”

“ကျွန်တော် မလုပ်ရဲပါဘူး” ယွီရှန်းရုန်က တုံ့ပြန်လိုက်သည်။

“ယွီရှန်းရုန်” လုကျိုးက သူ့နာမည်ကို ရုတ်ခြည်း ခေါ်လိုက်သည်။

ယွီရှန်းရုန်က နှလုံးခုန်မြန်သွားလေသည်။ သူက သက်တော်ရှည်ဓားကို တင်းတင်း ဆုပ်ထားလိုက်မိသည်။

လုကျိုးက မုတ်ဆိတ်သပ်ကာ “အခု ငါ မင်းကို ပြောပြမယ် …ငါက ပွင့်ချပ်ကိုးလွှာအဆင့် တံခါးကို ဖွင့်ကန်လိုက်တော့မှာ ”

ယွီရှန်းရုန်က ကြောင်သွားလေသည်။ လုကျိုးက အင်္ကျီလက်ဖျားကို ခါရင်း ပြန်လည်သုံးသပ်ရေးဂူထဲမှ ထွက်သွားလေသည်။

ထိုစဉ် သက်တော်ရှည်ဓားက တုန်ခါလာပြီး သူ့စွမ်းအားများကြောင့် ပတ်ဝန်းကျင်ဆီ လှိုင်းထသွားစေသည်။

ယွီရှန်းရုန်က မျက်မှောင်ကြုတ်လိုက်မိ၏။

All Chapters