← Chapters

အခန်း (၃၅၈-၃၆၀)

Vol. 24 Ch. 358-360

အခန်း (၃၅၈-၃၆၀)

Vol. 24 Ch. 358-360

အခန်း (၃၅၈) တစ်ကိုယ်တည်းဖြစ်ဖို့ ကံပါလာပြီးသား

ကျိုးကျစ်ဖုန်းက ဟွားယွဲ့ရှင်း၏ တုံ့ပြန်မှုကို သတိထားမိပြီး သူမကို ကြည့်လိုက်မိသည်။

“ ဘာဖြစ်လို့လဲ ”

ဟွားယွဲ့ရှင်းက ပြောလာသည် “ဘာမှမဟုတ်ပါဘူး … ကျွန်မ …မ အဆင်ပြေပါတယ် ”

ခန်းမကျယ်ထဲ လူများစွာရှိနေသော်လည်း အားလုံး၏ လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။ လုကျိုးအနေနှင့် ဟွားယွဲ့ရှင်း၏ အမူအရာ အပြောင်းအလဲကို သတိမထားမိဘဲ နေဖို့ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။

“ ဒါက မိစ္ဆာဝေဟင်မျှော်နန်းအပေါ် မကောင်းကြံစည်နေကြတဲ့ အမည်စာရင်းပဲ။ ဖြောင့်မတ်ခြင်းလမ်းစဉ်က ဂိုဏ်းတွေအများကြီး ရှိပေမဲ့ သူတို့ပဲ ဘာလို့ သတ်မဲ့စာရင်းပေါ် ရှိနေတာလဲလို့ သိချင်နေတာလား …” လုကျိုးက မေးလိုက်သည်။

အစပိုင်းတွင် သူ့အကြောင်းအရင်းအား ရှင်းပြဖို့ မကြံရွယ်ထားသော်လည်း လက်ရှိ မိစ္ဆာဝေဟင်မျှော်နန်းက ယခင်နှင့် ကွဲပြားသွားလေပြီ။ ထို့အပြင် တခြားဂိုဏ်းမှ ရောက်လာသူများလည်း ရှိနေသေး၏။

လုကျိုးက စတင်မရှင်းပြခင် ဖန်ကျုံးက ဝင်ပြောလိုက်သည်။

“ မျှော်နန်းသခင်နဲ့ ဒုတိယသခင်လေး ရေးထားတဲ့ နာမည်တွေက သေဖို့ ထိုက်တန်ပါတယ်။ သူတို့ မိစ္ဆာဝေဟင်မျှော်နန်းကို တိုက်ခဲ့တုန်းက ဒီလိုနေ့ရက်မျိုး ရောက်လာလိမ့်မယ်ဆိုတာ မျှော်လင့်ထားပြီးသား ဖြစ်သင့်တာ ”

အခြားလူများလည်း ခေါင်းညိတ်လိုက်ကြသည်။

“ ဟွားယွဲ့ရှင်း ” လုကျိုးက ဟွားယွဲ့ရှင်းကို ကြည့်လိုက်သည်။

ဟွားယွဲ့ရှင်းက ချက်ချင်း ဦးညွှတ်ကာ “မျှော်နန်းသခင်”

“ရှန့်ယွင်ကျန်းက လော့ဂိုဏ်းရဲ့ ဒုတိယအကြီးအကဲပဲ …ငါ သူ့ကို သတ်မှာနဲ့ ပတ်သက်ပြီး မင်းမှာ ပြဿနာ ရှိလို့လား” လုကျိုးက မေးလိုက်သည်။ သူက ရှန့်ယွင်ကျန်း နာမည် ထွက်လာစဉ် ဟွားယွဲ့ရှင်း၏ စိတ်အခြေအနေ မကောင်းကြောင်း သတိထားမိလိုက်သည်။

ဟွားယွဲ့ရှင်းက ပြောလိုက်သည်။

“ ဒုတိယသခင်လေး သတ်ဖို့ရည်ရွယ်ထားတဲ့လူအပေါ် ဘာအမြင်မှ မရှိရဲပါဘူး။ ကျွန်မက နည်းနည်းစိတ်ခံစားမှု ပြင်းသွားရုံပါ ”

“ဟမ် ”

“ရှန့်ယွင်ကျန်းက ကျွန်မဆရာပါ … ဒါပေမဲ့ ကျွန်မ ယွင်ဂိုဏ်းက ထွက်လာတော့ သူမနဲ့ အဆက်အသွယ် ဖြတ်ထားပြီးသားပါ ” ဟွားယွဲ့ရှင်းက ရှင်းပြလိုက်သည်။

အခြားလူများက နားလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမက နာမည်ကို ကြားသည့်အခါ ထူးထူးဆန်းဆန်း ပြုမူနေသည်မှာ မဆန်းတော့ပေ။ ပုံမှန်သာ ဖြစ်၏။ သူမက သွေးအေးသွားခဲ့လျှင်ပင် သူမ၏ ဆရာဟောင်းကို ထူးမခြားနား ဆက်ဆံဖို့ ခက်ခဲနေပေဦးမည်။

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ “ရှန့်ယွင်ကျန်း ”

ဟွားယွဲ့ရှင်းက ခေါင်းညိတ်ကာ “ဟုတ်ပါတယ် ”

လုကျိုးက ယွီရှန်းရုန်ကို ကြည့်လိုက်သည်။ ယွီရှန်းရုန်က ထိုနာမည် ထည့်လိုက်သူ ဖြစ်၏။

ယွီရှန်းရုန်က ပြောလိုက်သည်။ “ ဒီလိုဆိုမှတော့ သူမကို နောက်ဆုံးမှ ထားလိုက်ပါ့မယ်။ တကယ်လို့ သူမအချိန်မတိုင်ခင် နောင်တရခဲ့ရင် ခွင့်လွှတ်ပေးလိုက်ပါ့မယ်”

သူ့စကားများက ဟွားယွဲ့ရှင်းကို ရည်ညွှန်းနေသည်။

ဟွားယွဲ့ရှင်းက ပြောလိုက်သည်။ “မျှော်နန်းသခင်နဲ့ ဒုတိယသခင်လေးကို ကျေးဇူးတင်ပါတယ် …”

အဆုံးသတ်၌ သူမဆရာက သူမ သိထားသမျှ အားလုံးကို သင်ပေးခဲ့သူ ဖြစ်၏။ သူမ ဒီအရာကိုလုပ်ပေးခြင်းဖြင့် တပည့်ဝတ္တရား ဖြည့်ဆည်းနေသည်ဟု ယူဆနိုင်လေသည်။

လုကျိုးက ထိုရှန့်ယွင်ကျန်း၏ အကျင့်စရိုက်အပေါ် အမြင်ကောင်းသိပ်မရှိသောကြောင့် ငြင်းပယ်မှု မရှိချေ။ ရွှေနန်းဥယျာဉ်တောင်ကို ကျူးကျော်တုန်းက ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ လူများစွာ ပါဝင်ခဲ့၏။ ထိပ်တန်း ကျင့်ကြံသူဆယ်ယောက်မှလွဲ၍ သူက တခြားနာမည် လက်တစ်ဆုပ်စာလောက်သာ မှတ်မိလေသည်။ သူ့အဆင့်အတန်းဖြင့် ကြုံရာကျပန်းနာမည်များအား လိုက်မှတ်မိဖို့ မဖြစ်နိုင်ပေ။

ယွီရှန်းရုန်က ထပ်မံ မငြင်းတော့ဘဲ စာရင်းကို သိမ်းထားလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။

“ ရှစ်စွင်း ဒုတိယတာဝန်အကြောင်း ပြောပါ ”

လုကျိုးက လက်ဝေ့လိုက်ပြန်သည်။ စားပွဲပေါ်မှ နောက်ထပ် စာရွက်တစ်ရွက် လွှင့်လာသည်။

ယွီရှန်းရုန်က စာရွက်ကို ဖမ်းကာ ကြည့်လိုက်၏။ ထိုအထဲတွင် သင်္ကေတများနှင့် အက္ခရာများစွာ ပြည့်နှက်နေသည်။ သူ နားမလည်နိုင်ပေ။

ရှောင်ယွမ်အာက ခြေဖျားထောက်ကာ စာရွက်ပေါ်ရှိ သင်္ကေတများကို မြင်ရမလားဟု လှမ်းကြည့်လိုက်သည်။ သူမက ဦးနှောက်ခြောက်သွားလေ၏။

လုကျိုးက ပြောလိုက်သည်။

“ဒုတိယတာဝန်အတွက် ဆားငန်တောင်ဆီ သွားပြီး ဒီအက္ခရာတွေနဲ့ စာအုပ်ကို ရှာခဲ့ ”

ယွီရှန်းရုန်က စာရွက်ကို ကြည့်လိုက်ရင်း သူ့စိတ်ထဲ မေးခွန်းပေါ်လာသည်။ ဆားငန်တောင်က သူ့မွေးရပ်မြေ ဖြစ်၏။ သူက ထိုစိတ်ရှုပ်စေသည့် အက္ခရာများက ဘာမှန်း မသိပေ။ သို့သော်လည်း သူ့ရှစ်စွင်းက သူ့ကို ဆားငန်တောင်ဆီ ပို့ဖို့ စိတ်အားထက်သန်နေကြောင်း ပြောနိုင်လေသည်။ ယခု သူက တွေးကြည့်လိုက်သည့်အခါ သူ့မွေးရပ်မြေနှင့် အလှမ်းဝေးနေသည်မှာ အရမ်းကြာမြင့်နေလေပြီ။

မိစ္ဆာဝေဟင်မျှော်နန်း၏ ဒုတိယ သံမဏိစည်းမျဉ်းမှာ မျှော်နန်းဆီ ဝင်ရောက်သူတိုင်း အတိတ်မှ နှောင်ကြိုးအားလုံး ဖြတ်တောက်ရန် ဖြစ်၏။ သူက သူ့ရှစ်စွင်းဆီမှ ဒီလိုကြင်နာမှုမျိုးကို မငြင်းဆန်နိုင်ပေ။ အဆုံးသတ်၌ သူက ပြောလိုက်သည်။

“ ရှစ်စွင်း သဘောပါပဲ။ ဒါပေမဲ့ ဂိုဏ်းကြီးဆယ်ဂိုဏ်းလုံးက လူတွေရဲ့ တည်နေရာကို သိဖို့ မလွယ်ဘူး။ ဒီတာဝန်က အချိန်နည်းနည်းတော့ ကြာလိမ့်မယ် … ”

“ မင်း လုပ်ရမဲ့ဟာကိုပဲ လုပ်လိုက် ” လုကျိုးက ပြောလိုက်သည်။

ယွီရှန်းရုန်က သူတို့ကို လိုက်ရှာရရုံသာမက သူတို့ကိုလည်း သတ်ရမည် ဖြစ်၏။ သေခြင်းတရားကို အင်မတန် ကြောက်ရွံ့နေကြသည့် ကျင့်ကြံသူများက အစီအရင်များ၊ အကာအကွယ်များနောက်တွင် ပုန်းအောင်းနေကြလိမ့်မည်။ ထို့ကြောင့် သူတို့ကို ရှာရန် အတော် အားစိုက်ထုတ်ရလိမ့်မည်။ ထိုအကြောင်းအရင်းကြောင့် ယွီရှန်းရုန်တွင် နက်နဲသော ကျင့်ကြံဆင့် ရှိထားသော်လည်း ညတွင်းချင်း ပြီးမြောက်နိင်သည့် တာဝန်မျိုး မဟုတ်ပေ။

သို့သော် သူက ပြောလိုက်သည်။ “ ဟုတ် ရှစ်စွင်း ”

ထို့နောက် လုကျိုက ယွီရှန်းရုန်အနား ငုံ့ကာ ပြောလိုက်သည်။ “ တကယ်လို့ မင်း အားကောင်းတဲ့ ပြိုင်ဘက်မျိုးနဲ့ တွေ့ရင် သူတို့ကို ရှောင်ခဲ့ပြီး ငါ့ဆီ ထားခဲ့လိုက်”

ကမ္ဘာထဲ အံ့အားသင့်စရာအမျိုးမျိုး ရှိထားကြောင်း သိလေသည်။ လုကျိုးက ယွီရှန်းရုန်သည် ပွင့်ချပ်ရှစ်လွှာအဆင့် ဖြစ်၍ တခြားသူများအပေါ် လျှော့မတွက်သင့်ကြောင်း သိထားသည်။

ယွီရှန်းရုန်က အစပိုင်းတွင် ကြောင်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူက မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမကျယ်ထဲမှ ထွက်လာလိုက်သည်။

အခြားလူများက သူ ထွက်သွားသည်ကို ကြည့်နေကြသည်။ သူတို့က စိတ်ခံစားချက်မျိုးစုံ ဖြစ်နေကြ၏။ ယွီရှန်းရုန်က မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်ရောက်လာခါစ ဖြစ်သော်လည်း အရေးကြီးတာဝန် ပေးခံရလေသည်။

သူ့တာဝန်ကို အမှန်တကယ် အောင်မြင်မည်လား။ ထို့အပြင် လုကျိုးက သူ့အား သင့်တော်သလို ဆောင်ရွက်ဖို့ ခွင့်ပြုပေးထားသည်။

ယွီရှန်းရုန်က ဒီလိုတာဝန်မျိုးကို သဘောကျလေသည်။ သူ တစ်ယောက်တည်းသွားကာ တာဝန်ထမ်းဆောင်ရင်း ကမ္ဘာတစ်လွှားမှ ထိပ်တန်းကျင့်ကြံသူများကို စိန်ခေါ်နိုင်လေပြီ။ ဘယ်လိုဖြစ်ဖြစ် တာဝန်က သူ့နဂိုဘဝပုံစံထဲ ပြန်ထည့်ပေးလိုက်သလိုသာ ဖြစ်ပေသည်။

နှစ်ရက်ကြာမြင့်ပြီးနောက် ယွီရှန်းရုန်က မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်သွားလေသည်။

တာဝန်များကို ယွီရှန်းရုန်ဆီ အပ်နှံ့လိုက်ခြင်းမှာ သူက တာဝန်အတွက် အကောင်းဆုံးလူ ဖြစ်နေ၍ ဖြစ်သည်။ ဤသည်မှာ သူ့စွမ်းဆောင်ရည် ထုတ်ဖော်နိုင်သည့် စစ်ဆေးမှုမျိုးလည်း ဖြစ်၏။

လုကျိုးက ယွီရှန်းရုန်အား စီးဝူယာ့ကို ဖမ်းခိုင်းဖို့ စဉ်းစားခဲ့သေးသည်။ သို့သော် စီးဝူယာ့က ယွီကျန့်ဟိုင်နှင့် ရှိနေဖို့များလေသည်။ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က လက်ရည်တူ ဖြစ်၍ စီးဝူယာ့ကို ပြန်ခေါ်လာနိုင်ဖို့ မဖြစ်နိုင်ပေ။ ထို့အပြင် ငရဲဂိုဏ်းတွင် ဂိုဏ်းခွဲများစွာရှိထား၍ ယွီကျန့်ဟိုင်ကို ရှာဖို့ ခက်ပေမည်။

ထိုစဉ် ကျန်းအိုက်ကျန့်၏ သေဆုံးမှုက ကျင့်ကြံရေးလောကတခွင် ပျံ့နှံ့သွားလေသည်။

တာ့ယန်၏ တော်ဝင်မိသားစုလည်း အံ့ဩနေကြသည်။

မနက်ခင်း ညီလာခံ၌ အမတ်များက ထိုကိစ္စနှင့် ပတ်သက်၍ အပူအပြင်း ဆွေးနွေးနေကြသည်။ သို့သော် ဧကရာဇ်က ရက်များစွာကြာသည့်အထိ ညီလာခံ တက်ရောက်မလာသည့်အခါ ယာယီရပ်ဆိုင်းထားလိုက်ကြသည်။

ခုနှစ်ရက်ကြာမြင့်ပြီးနောက် ယီစီရင်စုထဲ၌ ပုန်ကန်မှု ဖြစ်လာသည်။

တော်ဝင်ညီလာခံနှင့် တော်ဝင်မိသားစုက သူတို့အာရုံကို ယီစီရင်စုအပေါ် ပြောင်းရုံမှအပ ရွေးချယ်စရာ မရှိပေ။ မည်သူကမှ ဒုတိယမင်းသား လျူဟွမ်အကြောင်း ထုတ်မပြောကြတော့ပေ။

ချန်လုနန်းဆောင် စာကြည့်ခန်းအတွင်း …

အစောင့်တစ်ယောက်က စာကြည့်ခန်းထဲ တုန်တုန်ယင်ယင်ဖြင့် ဝင်ရောက်လာသည်။ သူက ဒူးထောက်လိုက်ကာ “အရှင်မင်းမြတ် ယီစီရင်စုက ဖရိုဖရဲ ဖြစ်နေပါတယ်လို့ ရှေ့တန်းကနေ အကြောင်းကြားလာပါတယ် ”

အသက် ၆၀ အရွယ် အမျိုးသားက စားပွဲရှည်ရှေ့တွင် ထိုင်နေသည်။ သူ့တွင် ရှည်လျားသည့် မုတ်ဆိတ်များနှင့် နက်ရှိုင်းသော အကြည့်တို့ကို ပိုင်ဆိုင်ထားလေသည်။ သူက လက်ရှိဧကရာဇ် လျိုကု ဖြစ်၏။ လျိုကုက စုတ်တံဖြင့် လက်ရေးလှရေးသားခြင်းထဲ စိတ်နစ်မျောနေပြီး သူ ရရှိလိုက်သည့် သတင်းကြောင့် စိတ်ခုသွားပုံမပေါ်ပေ။

အချိန်မည်မျှကုန်သွားမှန်း မသိလောက်အောင် ကြာမြင့်ပြီးနောက် လျိုကုက စုတ်တံကို ချလိုက်ကာ “ ဝေ့ကျိုးယန်ဆီ ဒီပုန်ကန်မှုတွေကို နှိမ်နင်းဖို့ ပြောလိုက်”

အစောင့်က ခဏကြာ ကြောင်အမ်းသွားလေသည်။ သူက ဒီလိုအရေးကြီးကိစ္စကို ညီလာခံဆီ ယူဆောင်သွားရမလားဟု မေးမြန်းတော့မည့်ဆဲဆဲတွင် ဧကရာဇ်၏ အမူအရာကို သတိထားမိပြီး မျိုသိပ်ထားလိုက်သည်။

“ဟုတ်ကဲ့ပါ အရှင် ”

“မယ်တော်ကြီးရဲ့ အခြေအနေက ဘယ်လိုလဲ” လျိုကုက လက်နောက်ပစ်ကာ မေးလိုက်သည်။

“ မယ်တော်ကြီးက မိစ္ဆာဝေဟင်မျှော်နန်းကနေ ပြန်လာပြီးတဲ့နောက်ပိုင်း ပြန်သက်သာလာပါပြီ … ဒါပေမဲ့ မယ်တော်ကြီးကို လိုက်လံစောင့်ရှောက်ပေးတဲ့ သက်တော်စောင့်ကျန့်က သေသွားပါပြီ။ ဒုတိယမင်းသားကို သတ်လိုက်တဲ့ ကျန်းအိုက်ကျန့်ကိုလည်း စီရင်ပြီးသွားပါပြီ ”

လျိုကုက ခေါင်းအသာညိတ်ကာ “ ဒါက ငါကိုယ်တော်ရဲ့ အမိန့်မှာတမ်းပဲ … အိမ်ရှေ့စံကို သုံးလတိုင်တိုင် နေအိမ်အကျဉ်းချမယ်။ ပြီး‌တော့ ဟန်ယွိယွမ်အတွက် အစားထိုးကိုလည်း မြန်မြန်တွေ့အောင်ရှာထား … အမတ်တွေကို နာမည်စာရင်းနဲ့အတူတကွ လာပေးဖို့ ပြောလိုက်”

“ ဟုတ်ကဲ့ပါ အရှင်မင်းကြီး ” အစောင့်က စာကြည့်ခန်းထဲမှ ရိုရိုကျိုးကျိူး ထွက်သွားလေသည်။

ယခုအခါ စာကြည့်ခန်းထဲ ပြန်လည်ငြိမ်သက်သွားပြီ ဖြစ်၏။

လျိုကုက ညာဘက်လက်ကို အသာမြှောက်လိုက်သည်။ သူ့လက်ဝါးတွင် အနီရောင်သွေးကြောများ ထင်းထွက်နေ၏။ သူက သူ့ဘာသာ ရေရွတ်လိုက်သည်.

“ ငါ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ရင် စီရင်စုကိုးခုလုံးတင် မကဘူး။ တိုင်းပြည်အားလုံးက ငါ့အပိုင် ဖြစ်လာမှာ”

………….

ခုနှစ်ရက် ကြာမြင့်ပြီးနောက်

မဟာစက်ဝန်းတောင်ပေါ် တွမ့်လင်းအဖွဲ့ခွဲ၏ ဌာနချုပ်၌ …

တွမ့်လင်းအဖွဲ့ခွဲက ကွန်ဖြူးရှပ်ဂိုဏ်းများ၏ အသေးစား အဖွဲ့တစ်ခု ဖြစ်၏။ သူတို့က ရွှေနန်းဥယျာဉ်တောင်ကို ဂိုဏ်းကြီးဆယ်ဂိုဏ်း တိုက်ခိုက်ခဲ့စဉ်အတွင်း ပါဝင်ခဲ့သည်။ သူတို့က အသေးဆုံးဖြစ်သည့်အပြင် အစီအရင်များ၊ အကာအကွယ်များဖြင့် ကာကွယ်မထားသည့် တစ်ခုတည်းသော အဖွဲ့ခွဲ ဖြစ်ပေသည်။

တွမ့်လင်းအဖွဲ့က လူသူပြတ်လပ်သည့် နေရာတွင် တည်ရှိလေသည်။

ခရီးသွားသူတို့ မဟာစက်ဝန်းတောင်ပေါ် ဖြတ်သွားသည့်အခါ သားရဲများနှင့် ငှက်ရိုင်းများ ပြည့်နှက်နေသည့် တောင်ကြားကို ဖြတ်သွားရလိမ့်မည်။ ထို့ကြောင့် ချောက်နက်များနှင့် ကျုံးများက တွမ့်လင်းအဖွဲ့အတွက် သဘာဝအကာအကွယ်လို ဖြစ်နေသည်။

နေမြင့်လာသည့်အခါ တပည့်သားများက ရင်ပြင်ပေါ်တွင် ရွတ်ဖတ်နေကြသည်။

ထိုစဉ် လေထဲ အစိမ်းရောင် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

“ အဲဒီမှာ ဘယ်သူလဲ ” တပည့်များက ချက်ချင်းဆိုသလို မော့ကြည့်လိုက်ကြသည်။ သူတို့က သူစိမ်းကို မစော်ကားရဲကြပေ။ ဒီနေရာကို သူတို့ခွင့်ပြုချက်မရှိဘဲ ရောက်လာနိုင်သူက အနည်းဆုံး နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် ရှိရပေမည်။

အစိမ်းရောင် ပုံရိပ်က ပြုံးလိုက်ကာ “ ကျူးကျော်လာမိတာ အားနာပါတယ်။ ဒါက တွမ့်လင်းအဖွဲ့လား”

“ ဒါက တွမ့်လင်းအဖွဲ့ ဟုတ်ပါတယ်။ ဒီမှာ ဘာကိစ္စများရှိလို့လဲဗျ ” သတ္တိကောင်းသည့် တပည့်တစ်ယောက်က မေးလိုက်သည်။

“ ဂိုဏ်းချုပ် ချန်ကျန့် ရှိလား” အစိမ်းရောင်ပုံရိပ်က မေးခွန်းကို ပြန်ဖြေရမည့်အစား ထပ်မေးလိုက်သည်။

တပည့်များက အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။

ထိုစဉ် တောင်ပေါ်တွင် တည်ရှိသည့် ခန်းမကျယ်ထဲမှ အရှိန်အဝါကောင်းသည့် အသံမျိုး ထွက်ပေါ်လာသည်။ “ဘယ်သူက ငါ့ကို တွေ့ချင်တာလဲ ”

စွမ်းအားအမြောက်အများဖြင့် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူတစ်ဦးက ခန်းမကျယ်အထက် ဝေဟင်ထဲ ပေါ်လာသည်။

“ဂိုဏ်းချုပ်က အဆင့်တက်သွားပြီ ”

“ ကောင်းလိုက်တာ … ဂိုဏ်းချုပ်က အဆင့်တက်သွားပြီပဲ ”

တပည့်များက ပျော်ရွှင်နေကြသည်။ ဆိုလိုသည်မှာ တွမ့်လင်းအဖွဲ့က ပို၍ အားကောင်းလာတော့မည် ဖြစ်၏။ ကျင့်ကြံရေးလောကတွင် နေရာအနေအထားလည်း မြင့်တက်လာလိမ့်မည်။

အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားက ရောက်လာသူကို မြင်လိုက်သည့်အခါ ဘာမှမလှုပ်ရှားတော့ပေ။ သူက အလျင်မလိုပေ။ ထို့အစား သူက အိတ်ထောင်ထဲမှ စာရွက်ကို ထုတ်ကြည့်လိုက်သည်။

ထိုအရာကိုမြင်ပြီး တွမ့်လင်းအဖွဲ့မှ တပည့်များက ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ သူတို့က အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသား ဘာလုပ်နေမှန်း မသိပေ။

အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားက စာရွက်ထဲမှ ချန်ကျန့်နာမည် မတွေ့ခင်အထိ အိတ်ထဲမှ အနက်ရောင်တစ်စုံတစ်ခုကို ထုတ်လိုက်သည်။

တပည့်များက စာရွက်ပါအကြောင်းအရာများအား မမြင်ကြသော်လည်း အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသား၏ လှုပ်ရှားမှုက သူတို့အာရုံကို ဖမ်းစားသွားလေသည်။

ထိုစဉ် ဝေဟင်ထဲမှ ချန်ကျန့်က မဟာနည်းစနစ်တစ်ခု ထုတ်ဖော်လာသည်။ သူ့စွမ်းအားလှိုင်းများက ပတ်ဝန်းကျင်ဆီ ပျံ့နှံ့သွားပြီး သူ အဆင့်တက်လာကြောင်း ပြသနေသည်။ သူက အဆင့်တက်လာသောကြောင့် ခွန်အားအသစ်ကို စမ်းသပ်လိုသည်မှာ ပုံမှန်သာ ဖြစ်၏။

ချန်ကျန့်က အစိမ်းဝတ်ရုံနှင့် အမျိုးသားကို မြင်လိုက်သည့်အခါ လွယ်ကူသည့် ပြိုင်ဘက် မဟုတ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက တစ်ဖက်လူကို လျော့မတွက်တော့ပေ။ သူက လက်နှစ်ဖက်ယှက်ကာ “ ဒီတွမ့်လင်းအဖွဲ့မှာ ဘာကိစ္စများရှိလို့ပါလဲ”

“မင်းက ချန်ကျန့်လား” အစိမ်းဝတ်ရုံနှင့် အမျိုးသားက အပြုံးလေးနှင့် မေးလာသည်။

သူတို့နာမည်အပြည့်အစုံ ခေါ်သည်က ရိုင်းပေသည်။ ထို့အပြင် ချန်ကျန့်က ဂိုဏ်းချုပ်တစ်ယောက် ဖြစ်၏။ သို့သော်လည်း သူက စိတ်ကသိကအောက်ဖြစ်မှုကို လျစ်လျူရှုကာ “ဟုတ်ပါတယ် ”

“အဲဆိုရင်တော့ မှားစရာမရှိတော့ဘူး” အစိမ်းဝတ်ရုံနှင့် အမျိုးသားက စာရွက်ကို အိတ်ထောင်ထဲ ပြန်ထည့်ထားလိုက်သည်။

“ဘာများလဲ ”

“ အားနာပါရဲ့ … ကျုပ်က မှတ်ဉာဏ်ကောင်းကောင်းမရှိတော့ စာရင်းကို သေချာပြန်ကြည့်နေရတယ်”

အစိမ်းဝတ်ရုံနှင့် အမျိုးသားက ယဉ်ကျေးစွာ ဖြေလိုက်သည်။

“နာမည်စာရင်းလား ”

အစိမ်းဝတ်ရုံနှင့် အမျိုးသားက တခြားလူများကို ကြည့်ကာ “ တခြားလူတွေ စိတ်ပူစရာမလိုပါဘူး”

ပြောရလျှင် ထိုသူတစ်ယောက်တည်းကသာ စာရင်းတွင် ရှိလေသည်။

“ …” ချန်ကျန့်က မျက်မှောင်ကြုတ်လိုက်၏။ သူက အစိမ်းဝတ်ရုံနှင့် အမျိုးသားအား ခက်ထန်စွာ ကြည့်လိုက်သည်။ သူက ကောင်းကင်ကို တုန်လှုပ်သွားစေသည့် ဂုဏ်ပုဒ်အား ရုတ်ခြည်း အမှတ်ရသွားလေသည်။ သူက နှလုံးခုန်မြန်လာမိပြီး “ ခင်ဗျားက ကျုပ်ကို သတ်ဖို့ ရောက်လာတာလား ”

“အားနာပါတယ်” အစိမ်းဝတ်ရုံနှင့် အမျိုးသားက ညာဘက်လက်ကို အသာမြှောက်လိုက်သည်။

သက်တော်ရှည်ဓားက သူ့လက်ထဲ ရောက်လာသည်။

“ ခင်ဗျား ဘယ်သူလဲဆိုတာ သိပြီ။ ကျုပ် စကားနည်းနည်း ပြောလို့ ရမလား” ချန်ကျန့်က မျက်မှောင်ကြုတ်လိုက်သည်။ သူ သက်တော်ရှည်ဓားကို မြင်လိုက်သည့်အခါ ယခင် သူ့ယုံကြည်မှုအားလုံး ပျောက်ကွယ်သွားလေသည်။

“ရတာပေါ့ ”

“ ကျုပ် ပွင့်ချပ်ခုနှစ်လွှာ ထိပ်သီးအဆင့်ကို ရောက်ခါစပါ … ကျုပ်ကို သုံးရက်ပဲ အချိန်ပေးပါ။ ကျုပ် အပြစ်ကြွေးအားလုံး ဖြေပါ့မယ် ” ချန်ကျန့်က ပြောလိုက်သည်။

အစိမ်းဝတ်ရုံနှင့် အမျိုးသားက ခပ်ယဲ့ယဲ့ ပြုံးကာ “မရဘူး ”

“ …”

“ချောင်ပိတ်ခံရတဲ့ ခွေးတစ်ကောင်က ပြန်ကိုက်တတ်တယ်” ဟူသော စကားပုံက ချန်ကျန့်နှင့် ကွက်တိ ဖြစ်နေသည်။

“အကြီးအကဲတို့ …” ချန်ကျန့်က အော်ပြောလိုက်သည်။

တောင်ပေါ်မှ ကျင့်ကြံသူများစွာ ခုန်ဆင်းလာကြသည်။ သူတို့အရေအတွက်က တိုးများလာ၏။ ရင်ပြင်ပေါ်ရှိ တပည့်များအပြင် လူတစ်ထောင်နီးပါးလောက် ရှိနေသည်။ သို့သော်လည်း အစိမ်းဝတ်ရုံနှင့် အမျိုးသားက တည်ငြိမ်နေဆဲ ဖြစ်၏။ သူက သက်တော်ရှည်ဓားကိုသာ တင်းတင်းဆုပ်ကိုင်ထားသည်။

သက်တော်ရှည်ဓားက သခင်၏ တိုက်ခိုက်လိုစိတ်ကို အာရုံခံမိသည့်အလား တုန်ခါလာသည်။ သွေးဆာလောင်နေသည့် ဓားတစ်လက်က ယခုအခါ ပိုကြောက်ဖို့ကောင်းလာပြီ ဖြစ်၏။

“ ဒီစာရင်းပေါ်က လူအားလုံး ကျုပ်ဓားလက်ချက်နဲ့ အသက်ပျောက်ရမှာပဲ။ ကျန်လူတွေအားလုံး ဘေးဖယ်နေဖို့ ပြောချင်တယ်။ ကျုပ် ယွီရှန်းရုန်က ကြိုတင်ကျေးဇူးတင်ထားပါ့မယ် ”

ယွီရှန်းရုန် ဟူသော နာမည်က အားလုံးကို အေးခဲသွားစေပြီး နှလုံးသားထဲအထိ အကြောက်တရားများ ဖြစ်လာစေသည်။

ချန်ကျန့် ခေါ်လိုက်သည့် တပ်ကူများလည်း ဘာလုပ်ရမှန်း မသိတော့ဘဲ ယွီရှန်းရုန်ကိုသာ မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။

နောက်ဆုံးတွင် ယွီရှန်းရုန်က လှုပ်ရှားလိုက်သည်။ ပုံရိပ်သုံးခုက ပေါ်ထွက်လာကာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ချန်ကျန့်ဆီ ဥက္ကာပျံတစ်လုံးအလား ပြေးဝင်သွားသည်။

…………

မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမကျယ်အတွင်း

လုကျိုးက ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်း စဉ်းစားနေစဉ် စနစ်မှ အသိပေးချက်ကို ကြားလိုက်ရသည်။

“တင်း … ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ဆုလာဘ် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ် ”

…

အခန်း (၃၅၉) ကောင်းကင်ကြီးကအေးစက်သွား (က)

မဟာလက်စွပ်တောင်တန်းပေါ်ရှိတွမ့်လင်းဂိုဏ်းတွင်ဖြစ်သည်။ တောင်တန်းက ပုံမှန်မဟုတ် တိတ်ဆိတ်လွန်းနေ၏။

ယွီရှန်းရုန်၏ ပြန်လာဝင်ရောက်ဝိညာဉ်သုံးပါးနှင့် သူ၏ခမ်းနားသောကျင့်စဉ်သည် တွမ့်လင်းဂိုဏ်းခွဲ ဂိုဏ်းချုပ်ကို မီတာရာချီလွင့်ထွက်သွားစေ၏။ သူ၏တိုက်ပွဲဝင်ခွန်အားအများစု ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ ယင်းက ယွီရှန်းရုန်ရိုက်နှက်တာသာခံနေရသည့် တဖက်သတ်တိုက်ပွဲဖြစ်၏။

စွမ်းအင်ဓားသွားများသည် တွမ့်လင်းဂိုဏ်းခွဲသခင် ချန်ကျန့်ပေါ်လေးလံသော မိုးများပမာ ရွာသွန်းကျလာ၏။

ယွီရှန်းရုန်သည် သူ၏ခံစားချက်များကို အချိန်အတော်အကြာဖိနှိပ်ထားပြီး နောက်ဆုံး၌ ပေါက်ကွဲပစ်လိုက်တာဖြစ်ဟန်တူသည်။ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ဦးက ပွင့်ချပ်ခုနစ်လွှာ ကျင့်ကြံသူတစ်ဦးကိုရိုက်နှက်နေ၏။ ယင်းက ယုတ္တိမရှိ မမျှတသည့်တိုက်ပွဲဖြစ်ပုံပေါ်သော်ငြား ၎င်းသည် တစ်စုံတစ်ယောက်၏ဓားလမ်းစဉ်က အထွတ်အထိပ်သို့ရောက်သည့်အချိန်တွင် ဖြစ်ပွားသည့်ပုံပဲဖြစ်၏။

စွမ်းအင်ဓားသွားများနောက်ရှိ သီအိုရီသည် ကျင့်ကြံသူအတွက် ကနဦးချီများသွင်းရန်ဖြစ်ပြီး ၎င်းကို စွမ်းအင်အဖြစ်သိပ်သည်းကာ စွမ်းအင်ကိုဓားသွားအဖြစ်ဖွဲ့တည်လိုက်၏။ ကျင့်ကြံသူသည် လက်နက်မရှိလျှင် သူ၏အတွေးများဖြင့် စွမ်းအင်ဓားသွားများကိုဖွဲ့တည်ရန်ကြိုးပမ်းထားပါက ယင်းက ခက်ခဲကြမ်းတမ်းသည့်ဝန်ပိသည့် အလုပ်တစ်ခုဖြစ်လိမ့်မည်။ ကျင့်ကြံသူသည် ၎င်းကို ရရှိရန် စွမ်းအင်များ ပိုမိုသုံးစွဲရမည်ဖြစ်သည်။ ထို့ကြောင့်လက်နက်တစ်ခု ပိုင်ဆိုင်ထားရန်က အရေးပါ၏။ လက်ထဲတွင်လက်နက်တစ်ခုပိုင်ဆိုင်ထားလျှင် ကျင့်ကြံသူက လက်နက်နား၌ သူ၏စွမ်းအင်ကို ရစ်ပတ်ထားကာ စွမ်းအင်ဓားသွားများကို တန်းဖန်တီးနိုင်သည်။ ကျန်သည့် စွမ်းအင်ဓားသွားများက တူညီသည့်ဖြစ်စဉ်ကနေတုပရုံသာလိုအပ်၏။

အဝါရောင်အဆင့်လက်နက်တစ်ခုသည် စွမ်းအင်ဓားသွား၏ခွန်အားနှင့်အရှိန်ကို စွမ်းအင်ဓားသွား ဖွဲ့တည်သည့်အချိန်၌ မြှင့်တင်ပေးနိုင်၏။ အရေအတွက်က သုံးဆယ်ရာခိုင်နှုန်းမြင့်လာသည်။ ဆန်းကြယ်အဆင့်က အဝါရောင်အဆင့်လက်နက်ထက် သုံးဆယ်ရာခိုင်နှုန်းပိုမြန်ဆန်ပြီး ပိုသန်မာ၏။

ကောင်းကင်အဆင့်လက်နက်တစ်ခုအတွက်မူ ယင်းက အရည်အသွေးအရာတွင် တစ်ဆင့်သာပေ၏။ လက်နက်သည် စွမ်းအင်သွင်းရန်အတွက် ထူးကဲသည့်အရာတစ်ခုပိုင်ဆိုင်လိမ့်မည်။ ဓားသွား၏ ခွန်အားအရည်အတွက်နှင့်အရှိန်ကို တိုးမြှင့်ပေးမှုသည် မြေကမ္ဘာအဆင့်လက်နက်များထက် သုံးဆပိုများပြား၏။ ယင်းက ကောင်းကင်အဆင့်လက်နက် ကြောက်မက်ဖွယ်ကောင်းပုံပဲဖြစ်သည်။

ထိုအချက်အလက်များအပြင် ပိုင်ရှ င်နှင့် လက်နက်၏ခင်တွယ်မှုကလည်းရှိသေးသည်။

ယွီရှန်းရုန်သည် သူ၏သက်တော်ရှည်ဓားနှင့် ပြီးပြည့်စုံသည့်နှီးနွယ်မှုအဆင့်သို့ရောက်နေတာ ကြာလှပြီဖြစ်သည်။ မြေကမ္ဘာအဆင့်လက်နက်ထက် သုံးဆပိုသန်မာတာမဟုတ်ဘဲ ငါးဆ သို့မဟုတ် ဆယ်ဆပိုသန်မာ၏။

စွမ်းအင်ဓားသွားများ ရွာသွန်းကျလာပြီး မဟာလက်စွပ်တောင်တန်းရှိ တွမ့်လင်းဂိုဏ်းခွဲ၏ အဆောက်အအုံများကို ဖျက်ဆီးပစ်နေတော့၏။

တွမ့်လင်းဂိုဏ်းခွဲက ယွီရှန်းရုန်ဟူသောအမည်ကိုကြားသည့်အချိန်၌ သူတို့က ပါးစပ်အဟောင်းသား ဖြင့်စိုက်ကြည့်နေကြသည်။ ဓားနတ်ဆိုးမည်မျှအစွမ်းထက်ကြောင်းသူတို့သိကြ၏။ သို့သော်ငြား စွမ်းအင်ဓားသွားများရွာသွန်းကျမှုကို သူတို့မျက်လုံးများဖြင့် မျက်မြင်တွေ့လိုက်ရသောအခါ သူတို့က ကြောက်လန့်အံ့ဩမှုများပြည့်နေသေး၏။

တောင်ပေါ်တွင် တောင်၏တဝက်ထိအောင်ရောက်သော ချောက်နက်ကြီးကိုမြင်နေရသည်။

ယွီရှန်းရုန်နှင့် ချန်ကျန့်ကြားရှိခွန်အားကွာဟချက်က ကြီးမားလွန်းသည်။ ယွီရှန်းရုန်သည် ချန်ကျန့်ကို အလွယ်တကူသတ်ခဲ့၏။

မည်သူကမှ ရှေ့မတိုးရဲ။ ငြင်းလည်းမငြင်းရဲပေ။

ယွီရှန်းရုန်က လက်ကိုဖြန့်လိုက်ရာ သက်တော်ရှည်ဓားသည် ၎င်း၏ဓားအိမ်ထဲသို့ သူ့ဖာသာသူ ပြန်ရောက်လာ၏။ အနီရောင်ဖျော့ဖျော့စွမ်းအင်က ဓားသွားထဲသို့ဝင်ရောက်သွားတော့သည်။

ယွီရှန်းရုန်သည် ဘာမှမဖြစ်ခဲ့သည့်ပမာ ပြုမူလျက် အဖွဲ့ချုပ်အထက်ကနေ ပျံသန်းသွားတော့၏။ သူ၏ပတ်ဝန်းကျင်ကို ခဏတာစစ်ဆေးကြည့်လိုက်၏။

တွမ့်လင်းအခွဲတပည့်များက မလှုပ်ရှားရဲချေ။

“မင်းတို့အားလုံးကို နှောင့်ယှက်မိတာအတွက် တောင်းပန်ပါတယ် ... နှုတ်ဆက်ပါတယ်”

ထိုသို့ပြောပြီးနောက် ယွီရှန်းရုန်က ပျောက်ကွယ်သွား၏။

နောက်တလကြာသွား၏။

ဟုန်ချူးဂိုဏ်းခွဲ၏မဟာအကြီးအကဲကျန်းချင်း သေသွား၏။

ခုနစ်စင်ကြယ်မျှော်စင်၏ ဟူရှန်တောက်သေသွား၏။

အဇတအကျော်အမောဂိုဏ်း၏မဟာအကြီးအကဲကျန်းတောက်လန်သေသွားသည်။

အချိန်အတိုင်းအတာတစ်ခုအတွက် ထိပ်သီးဂိုဏ်းကြီးဆယ်ဂိုဏ်းသည် ထိုဖြစ်ရပ်များကြောင့် ကြောက်လန့်ပြီးသောကပွေနေကြတော့၏။

မိစ္ဆာဝေဟင်မျှော်နန်း၏ သတ်မိန့်စာရင်းကို မကြာမီ၌ လူအများ သိသွားကြတော့ သည်။

မိစ္ဆာဝေဟင်မျှော်နန်းတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သော တပည့်များစွာသည် သူတို့၏ လည်ပင်းကို ကယ်တင်နိုင်ရန်အလို့ငှာ သူတို့၏ဂိုဏ်းအသီးသီးကနေ ထွက်ခွာကုန်၏။

လော့ဂိုဏ်းတောင်ဘက်တာ့ယန်တွင် ဖြစ်သည်။

ယွင်ဂိုဏ်းသည် ထိုစာရင်းတည်ရှိမှုအကြောင်းသိသွားပြီဖြစ်၏။

ယွင်ဂိုဏ်း၏တတိယအကြီးအကဲလုဖင်းသည် သူ၏မျက်နှာထက်၌ စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ခန်းမဆီသို့ ကမန်းကတမ်းသွားလိုက်၏။ လော့ဂိုဏ်း၏အငယ်ဆုံးအကြီးအကဲ တစ်ယောက်အနေဖြင့် သူ့၌ လမ်းကြောင်းရှည်ကြီးတစ်ခု ရှိသေးသည်။

“အကြီးအကဲလု”

“အကြီးအကဲလု”

ခန်းဆောင်အပြင်ဖက်ရှိ အစောင့်များသည် သူ့ကိုမြင်သည့်အချိန်၌ အရိုအသေပေးလိုက်ကြ၏။

“အကြီးအကဲရှန့် အထဲမှာလား”

“အမေးကို အကြောင်းပြန်ပါတယ် အကြီးအကဲလု ... အကြီးအကဲရှန့်က အစည်းအဝေး လုပ်နေတုန်းပါ။”

လုဖင်းက တွေဝေမနေဘဲဝင်သွားလေ၏။ ခန်းဆောင်ထဲ၌ လူဆယ်ယောက်ကျော် ထိုင်နေ၏။

သူတို့သည် လုဖင်းကမန်းကတမ်း ဝင်လာတာကို မြင်သောအခါ ဇဝေဇဝါဖြစ်ပုံပေါ်နေသည်။

“ဘာတွေအလျင်လိုနေတာလဲ အကြီးအကဲလု”

ကျန်သည့်အကြီးအကဲများက လုဖင်းကိုကြည့်လိုက်၏။ လုဖင်းက ကွေ့ဝိုက်ပြောမနေတော့ပေ။

“အကြီးအကဲရှန့် ကိစ္စတွေက မကောင်းတော့ဘူး ကျင့်ကြံခြင်းလောကထဲမှာ ကောလာဟလတစ်ခု ပြန့်နေတယ်။ ဓားနတ်ဆိုးယွီရှန်းရုန်က မိစ္ဆာဝေဟင်မျှော်နန်းကိုပြန်သွားပြီတဲ့” ပြီးနောက် သူက အမောတကောလေသံဖြင့်ပြောလိုက်၏။

“မိစ္ဆာဝေဟင်မျှော်နန်းက လွန်ခဲ့တဲ့နှစ်များစွာတုန်းက တိုက်ခိုက်ခဲ့တဲ့ကျင့်ကြံသူတွေရဲ့နာမည်တွေကို စာရင်းသတ်မှတ်ထားတယ်။ အဲ့ဒီစာရင်းထဲမှာရှိနေတဲလူတွေက ယွီရှန်းရုန်သတ်တာခံရမယ်"

ကျန်သည့်သူများက ထိတ်လန့်သွားကုန်၏။ ကျန်သည့်သူများ၏ခွန်အားက လျှော့တွက်စရာ မဟုတ်ပေ။ ယွင်၊ ထန်၊ လော့ဂိုဏ်းတို့သည် ဂိုဏ်းသုံးဂိုဏ်းဖွဲ့ခဲ့ပြီးဖြစ်၏။ ဂိုဏ်းသုံးဂိုဏ်းတို့သည် မိစ္ဆာဝေဟင်မျှော်နန်းနှင့် အငြင်းပွားခဲသည်။ ထန်ဂိုဏ်းသည် လောကီရေးရာများနှင့် ခွဲထွက်ထားသည်။ ယွင်ဂိုဏ်းသာလျှင် ထိပ်သီးဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် မကြာခဏပြောဆို ဆက်ဆံမှု ရှိပြီးမိစ္ဆာဝေဟင်မျှော်နန်းနှင့် အငြိုးအတေးများစွာ မရှိပေ။ သူတို့၏နောက်ဆုံး အငြင်းပွားမှုက သူရိန်ပြာတောင်တန်းပေါ်၌ မိစ္ဆာကြီးကို တိုက်ခိုက်ရန် နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူတစ်ဒါဇင်ခန့်ကို လွှတ်ရန် ယဲ့ထျန်းရှင်းက ယွင်ဂိုဏ်းကို ဖျောင်းဖျသည့်အချိန်တွင်သာဖြစ်၏။ ထိုကြိုးပမ်းမှုသည် အဆုံးတွင် ကျရှုံးမှုအဖြစ်သာ အဆုံးသတ်သွားလေ၏။

“ယွင်ဂိုဏ်းက ယဲ့ထျန်းရှင်းနဲ့ ပူးပေါင်းခဲ့တာ၊ အကြွေးတိုင်းမှာ အကြွေးရှင်ရှိတာပဲ ဒါက လော့ဂိုဏ်းနဲ့ဘာဆိုင်လို့လဲ” တစ်စုံတစ်ယောက်မေးလိုက်၏။

“လုဖင်း ... ငါတို့ရဲ့ခွန်အားကို အထင်မသေးနဲ့ တစ်ပါးသူရဲ့ခွန်အားကို မချီးကျူးနဲ့ အမည်စာရင်း တစ်ခုပဲလေ အားလုံးပူးပေါင်းဆောင်ရွက်နေဖို့မလိုဘူး” လုဖင်းသည် ထိုစကားကိုကြားသောအခါ မျက်မှောင်ကျုံ့လိုက်၏။ သူက အသံတိုးလျက် တစ်ခွန်းခြင်းကို ရှင်းရှင်းလင်းလင်းပြောလိုက်သည်။

“ခင်ဗျားတို့တွေကောက်ချက်မချခင် ပြီးအောင်ပြောခွင့်ပေးဦး ဟုန်ချူ ဂိုဏ်းခွဲရဲ့မဟာအကြီးအကဲရဲ့ ကျန်းချင်း၊ ခုနစ်စင်ကြယ်မျှော်စင်၏ ဟူရှန်းတောက်၊ အဇဋာအကျော်အမော်ဂိုဏ်းရဲ့ ကျန်းတောက်ယွမ် သူတို့တွေ သေကုန်ပြီ”

ကျန်သည့်သူများက လုဖင်းကိုမယုံမကြည်ကြည့်နေကြပြီး ပင့်သက်ရှိုက်မိသွား၏။

“ဓားနတ်ဆိုးက နာမည်စာရင်းအရ သတ်ရုံပဲရှိတာ ... စာရင်းထဲမှာပါပြီး သူနဲ့တွေ့တဲ့လူတွေအားလုံး သေမှာပဲ၊ လွန်ခဲ့တဲ့တစ်လတုန်းက တွမ့်လင်းဂိုဏ်းခွဲရဲ့သခင် ချန်ကျန့်သေသွားပြီ။ ဓားနတ်ဆိုးရဲ့ နာမည်စာရင်းမှာ ထိပ်ဆုံးပဲလေ တွမ့်လင်းဂိုဏ်းခွဲဆီလူတွေအများကြီး ကျုပ်ရဲ့လူတွေပို့ပြီးသား၊ ဂိုဏ်းချုပ်ချန်က လတ်တလောမှာ ပွင့်ချပ်ခုနစ်လွှာအထွတ်အထိပ်အဆင့်ကိုရောက်ထားတာ၊ ဒါတောင် သူက ဓားနတ်ဆိုးကို ရှုံးနိမ့်သွားသေးတယ်”

အစည်းအဝေးခန်းမသည် ယခုသေလုနီးပါး တိတ်ဆိတ်သွားလေ၏။ သူတို့သည် ယခုမှ ကိစ္စမည်မျှပြင်းထန်ကြောင်းမြင်တွေ့သွားတာဖြစ်သည်။

ရှန့်ယွင်ကျန်းက ခေါင်းမော့လာလျက် သူမ၏အမူအရာကတည်တင်းနေလေ၏။

တစ်စုံတစ်ယောက်ကပြောသည်။

“ရွှေနန်းဥယျာဉ်တောင်ကို အရင်က တိုက်ခိုက်ခဲ့တဲ့သူအားလုံးက နာမည်စာရင်းမှာ ပါနေတယ်လို့ ပြောတာလား”

“ဟုတ်တယ်” ကျန်သည့်သူများက အနည်းငယ်စိတ်အေးသွား၏။ လော့ဂိုဏ်းသည် ဤအရေးကိစ္စနှင့် ဘေးထွက်နေသည့်အတွက် သူတို့ ကျေးဇူးတင်မိသွားသည်။

“အကြီးအကဲရှမ်း” လုဖင်းသည် တစ်ဖက်တွင်ထိုင်နေသော ရှန့်ယွင်ကျန်းကိုကြည့်လိုက်၏။

ရှန့်ယွင်ကျန်းသည် လော့ဂိုဏ်း၏ဒုတိယအကြီးအကဲဖြစ်၏။ သူမသည် လော့ဂိုဏ်း၏ တဦးတည်း သော အမျိုးသမီးအကြီးအကဲလည်းဖြစ်သည်။ သူမသည် လော့ဂိုဏ်း၌ လူတိုင်းအသိအမှတ်ပြုထားသည့်အတော်ဆုံးလေးသည်တော်လည်းဖြစ်သည်။

ရှန့်ယွင်ကျန်းသည် တစ်ခါက အံ့ဖွယ်မြို့တော်၏ နတ်လေးသျှင်ဘွဲ့ရထားသည်ဟု ကောလာဟလ ထွက်ခဲ့၏။ သူမ၏တပည့်ဟွားယွဲ့ရှင်းသည် ကျင့်ကြံခြင်းလောကထဲခမ်းနားသည့် လောကတစ်ခု ဖွဲ့တည်ပေးခဲ့ကာ သူမ၏အံ့ဩဖွယ်ပါရမီများဖြင့် အံ့ဖွယ်မြို့တော်သို့သွားကာ သူမ ဆရာ၏နေရာကို ယူခဲ့သည်။

ကျင့်ကြံခြင်းအရာ၌ ဟွားယွဲ့ရှင်းက ရှန့်ယွင်ကျန်း၏အဆင့်သို့ မရောက်ပေ။ သို့သော်ငြား သူမက မဟာအလားအလာရှိပြီး သူမတွင် တောက်ပသည့်အနာဂတ်ရှိနေ၏။

ကျန်သည့်သူများက ရှန့်ယွင်ကျန်းကိုကြည့်လိုက်ကြ၏။

“မင်းရဲ့နာမည်က စာရင်းထဲမှာရှိနေတယ်”

“…”

ရှန့်ယွင်ကျန်းသည် သူမ၏နှလုံးကို တူဖြင့်အထုခံလိုက်ရသည့်ပမာခံစားလိုက်ရသည်။ သူမသည် တည်တည်ငြိမ်ငြိမ် နေပြီး ငြိမ်းချမ်းသည့် အမူအရာမျိုး ထိန်းသိမ်းထားရန် အကောင်းဆုံး ကြိုးစားထားသော်ငြား သူမရင်ထဲ၌ ကြောက်လန့်မှု တစွန်းတစ ပေါ်လာ၏။

ကျန်သည့်သူများကမူ ဂရုမစိုက်ပုံရသည်။ သူတို့က သူမကို ကရုဏာသက်နေကြ၏။ သို့သော် စာရင်းမပါသည့်အတွက်စိတ်အေးသွားသည်။ အချို့ကဆို သူမကံဆိုးမိုးမှောင်ကျတာကိုတောင် ပျော်ရွှင်နေလေ၏။

အစည်းအဝေးခန်းမသည် အတော်ကြာသည်အထိတိတ်ဆိတ်နေတော့သည်။

ရှန့်ယွင်ကျန်းက နောက်ဆုံးတွင်ပြောလိုက်၏။ "ဂိုဏ်းချုပ်က ဒီအကြောင်းကို သိပြီးပြီလား”

“မသိသေးဘူး”

“ဒါဆို ဒီအကြောင်းကို ငါ မသိသလိုပဲ နေလိုက်မယ်” ရှန့်ယွင်ကျန်းက ပြော၏။

“ဟမ်”

သူဘာကို ဆိုလိုတာလဲ ... မင်းရဲ့နာမည်က နာမည်စာရင်းမှာ ရှိနေတာကို ဘယ်လိုလုပ် လျစ်လျူရှုနိုင်ရတာလဲ။

လုဖင်းက လက်သီးဆုပ်မိုးပြီးပြောလိုက်တော့၏။

“အကြီးအကဲရှန့် ကျုပ်တို့ဂရုစိုက်မှရမယ်။ ဓားနတ်ဆိုးက တံခါးလာခေါက်ရင် နောင်တရလိမ့်မယ်”

“အကြီးအကဲရှန့် ... အကြီးအကဲလုပြောတာ မှန်တယ်လို့ထင်တယ်။ ကျုပ်တို့တွေ ဒီကိစ္စကို အလေးထားဖြေရှင်းရမယ်။ ဒါကိုဖယ်ခွာလိုက်ဖို့မတတ်နိုင်ဘူး” စတုတ္ထအကြီးအကဲက ပြော၏။

ရှန့်ယွင်ကျန်းက ထရပ်လိုက်၏။ သူမပတ်ဝန်းကျင်ကို ကြည့်ကာပြောလိုက်သည်။

“ရှင်တို့အားလုံးကြောက်နေတာလား”

ကျန်သည့်သူများက မထောက်ခံသည့်ပုံဖြင့် ပြုံးလိုက်၏။

“လော့ဂိုဏ်းက ဘာကြောင့်ကြောက်ရမှာလဲ”

“ငါတို့တွေ မကြောက်ဘူး ... ငါတို့လက်ထဲမှာရှိတဲ့ကိစ္စပဲ ဂရုစိုက်မယ် အာရုံမလွှဲရအောင် အကြီးအကဲရှန့် အခုကစပြီး ဘာလုပ်ဖို့စီစဉ်ထားလဲ"

ကျန်သည့်သူမျာက ရှန့်ယွင်ကျန်းကိုထပ်ကြည့်လိုက်၏။ ရှန့်ယွင်ကျန်းက လေသံအတက်အကျမရှိ ပြောလိုက်တော့သည်။

“လော့ဂိုဏ်းမှာ မွန်မြတ်တဲ့မြေ ဆယ်ခုရှိတယ်။ သူတို့တွေက လော့တောင်ထွတ်၊ ခရမ်းတိမ် တောင်ထွတ်နဲ့ တခြားတောင်တွေကို ဖယ်ထားလိုက်အုံး၊ တစ်ဖက်စီမှာ တပည့်တစ်သောင်းစီ ရှိတယ်။ သူတို့တွေအားလုံးးကို အရံအတားတွေ အစီအရင်တွေနဲ့ကာကွယ်ပေးထားတာ အစီအရင် ကျွမ်းကျင်တဲ့သူ တာအိုစည်းသင်္ကေတတွေကျွမ်းကျင်တဲ့သူတွေလည်းရှိတယ်။ ပထမဆုံး မွန်မြတ်တဲ့မြေက ဂိုဏ်းချုပ်တွေရဲ့မျိုးဆက်ဆယ်ခုစာအစီအရင်ကို အမွေဆက်ခံထားတဲ့နေရာလေ။ အကြီးအကဲတွေကလည်း လော့ဂိုဏ်းရဲ့ပင်မအဖွဲ့မှာရှိနေတာပဲ ဓားနတ်ဆိုးကို ကျွန်မတို့အားလုံး အတူပူးပေါင်းပြီး ခုခံသင့်တယ်။ ကျယ်ပြောလှတဲ့ကျင့်ကြံခြင်းလောကမှာ သတ္တိမရှိတဲ့သူက အမြင့်ကိုရောက်နိုင်မှာမဟုတ်ဘူး။ သူတို့ဆန္ဒရှိသလိုလုပ်ခွင့်ပေးလို့မရဘူး”

ရှန့်ယွင်ကျန်းက လေသံအတက်အကျမရှိပြောလိုက်လေ၏။

အစည်းအဝေးခန်းမက တိတ်ဆိတ်သွားတော့သည်။

“ခင်ဗျားပြောတာအဓိကကျတယ် အကြီးအကဲရှန့် ... မိစ္ဆာက မိစ္ဆာပဲ သူတို့အဆင်ပြေအောင်လို့ လောကကြီးရဲ့ဟန်ချက်ကို အစွန်းရောက်အောင်ခွင့်မပြုနိုင်ဘူး လော့ဂိုဏ်းရဲ့အစီအရင်က အံ့ဖွယ် မြို့တော်ရဲ့အဆုံးသတ်ဆယ်ပါးအစီအရင်နဲ့မယှဉ်နိုင်ပေမဲ့ အလွယ်တကူဖျက်ဆီးလို့ရတဲ့အရာ မဟုတ်ဘူး။”

ထိုစဉ် တံခါးနှင့် အဝေးဆုံးတွင်ရှိသော အကြီးအကဲကပြောလိုက်၏။

“ဓားနတ်ဆိုးက အပြင်မှာစောင့်ဖို့ဆုံးဖြတ်နေရင်ဘယ်လိုလုပ်မလဲ ... ပြောရရင် သူက မိစ္ဆာလမ်းကြောင်းကလေ ဆိုရိုးစကားရှိတဲ့အတိုင်း အမှောင်ထဲကနေပစ်လာတဲ့မြားတစ်စင်ကို ခုခံတာထက်မြင်သာထင်သာတဲ့နေရာက လှံတစ်စင်းကိုရှောင်ရတာက ပိုလွယ်ကူတယ်။ ယစ်ပလ္လင် ဆယ်ခုတွေထဲက တစ်ခုဖြစ်တဲ့ ဓားယစ်ပလ္လင်ရဲ့ပထမဆုံးကျောင်းထိုင် ယွင်ဂိုဏ်းရဲ့ လော့ရှစ်စန်းက ဓားနတ်ဆိုးနဲ့မယှဉ်နိုင်ဘူး ဒါကို မျက်မြင်တွေ့ခဲ့တဲ့သူတွေအများကြီးရှိခဲ့တာ”

သူပြောတာ အဓိကကျ၏။ သူခိုးကို စိုးရိမ်ပူပန်နေရခြင်းသည် ကိုယ်တိုင်အခိုးခံရမှာထက် ပိုဆိုး၏။ ဓားနတ်ဆိုးသည် နောက်ကနေမထိုးစိုက်ဟု သူတို့ကို မည်သူက အာမခံမည်နည်း။ ထိုစဉ် တပည့်တစ်ဦးက အစည်းအဝေးခန်းမထဲသို့ အမြန်ဝင်လာ၏။ သူက တံခါးဝ၌ ကျယ်လောင်စွာ ကြေညာလိုက်သည်။

“အကြီးအကဲတို့ စာတစ်စောင်ရောက်နေပါတယ်”

…

အခန်း (၃၅၉) ကောင်းကင်ကြီးကအေးစက်သွား (ခ)

“ဘယ်သူ့ဆီကလဲ”

“ဓားနတ်ဆိုး”

လူတိုင်းသည် ထိုစကားကို ကြားသည့်အချိန်၌ စိတ်လေးသွား၏။ ဖြစ်လာမည့်အရာက ရောက်လာချေပြီ။

ရှန့်ယွင်ကျန်းက မျက်မှောင်ကျုံ့လိုက်သည်။ သူမက လက်ဝှေ့ယမ်းကာ ပြောလိုက်တော့၏။

“ဖတ်လိုက်”

သူမသည် ကျန်သည့်သူများနှင့်အတူနေရမည်မှန်းသိနေ၏။ မဟုတ်လျှင် သူမခွန်အားသက်သက်ဖြင့် ဓားနတ်ဆိုးလိုက်မှာကိုရှောင်တိမ်းဖို့ကမဖြစ်နိုင်ပေ။

တပည့်က စာကိုဖွင့်ပြီး စာပါအကြောင်းအရာများကိုဖတ်လိုက်လေ၏။ သူကအခက်တွေ့နေပုံ ပေါ်၏။

အဆုံးတွင်မူ လည်ချောင်းရှင်းကာ ကျယ်လောင်စွာဖတ်လိုက်တော့၏။

“ကျုပ် ယွီရှန်းရုန်က ယွင်ဂိုဏ်းရဲ့ဒုတိယအကြီးအကဲရှန့်ယွင်ကျန်းကို အကြောင်းကြားပေးဖို့ မင်းကို ဒုက္ခပေးရတော့မှာပဲ။ နာမည်စာရင်းပေါ်မှာ ပါတဲ့လူအားလုံးက ကျုပ်ဓားကြောင့် အသက်နုတ်ခံခဲ့ပြီး ပြီ၊ အထူးတလည်ဂုဏ်သရေကို ပြဖို့ မိစ္ဆာဝေဟင်မျှော်နန်းက အကြီးအကဲရှန့်ကို အပြစ်ကြွေးချေဖို့ အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ ဒီနေ့ကစပြီး မိစ္ဆာဝေဟင်မျှော်နန်းထဲ အကြီးအကဲရှန့် ပေါ်လာတဲ့အချိန်အထိ ခုနစ်ရက်တစ်ကြိမ် နာမည်စာရင်းအသစ်ထပ်တိုးမယ်။ ဒါမှမဟုတ် ထပ်တိုးစရာနာမည်တွေ မရှိတော့တဲ့အထိထားလိုက်တော့မယ်။ ကျုပ်စကားကြမ်းတဲ့အတွက် ခွင့်လွှတ်ပေးပါ။ စာရေးရတာက ကျုပ်ရဲ့အသန်မာဆုံးလမ်းစဉ်မဟုတ်ဘူးလေ”

တပည့်က ထိုအကြောင်းအရာကိုဖတ်ပြီးနောက် သူက ဇဝေဇဝါဖြစ်သွားပုံပေါ်၏။

ဒါက ရူးလောက်တဲ့ဓားနတ်ဆိုးပြောတဲ့လေသံလား ...

ကျန်သည့်အကြီးအကဲများကလည်း ဇဝေဇဝါဖြစ်သွားလေရာ သူဆိုလျှင်ပိုဆိုးပေမည်။

ရှန့်ယွင်ကျန်းသည် မျက်နှာထက်၌ ရှုပ်ထွေးသည့်အမူအရာရှိနေလေ၏။ သူမက အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက်ပြောလိုက်၏။

“အဲဒါသူပဲ”

“သူပဲလား”

“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက တတိယအထွတ်အမြတ်မြေကနေ ကျွန်မသူ့ကိုမြားပစ်ဖို့ ကြိုးစားဖူးတယ်။ ဒါပေမဲ့ သူ့စွမ်းအင်ကသိပ်သည်းလွန်းနေတာ ဒီလောက်ကြာတဲ့အထိ သူတေးထားဦးမယ်လို့ မထင်ထားဘူး” ရှန့်ယွင်ကျန်းက ပြောလိုက်၏။ “အားလုံးပဲ သူ့ကိုကြောက်နေဖို့မလိုဘူး”

ကျန်သည့်သူများက ရှန့်ယွင်ကျန်းကိုကြည့်လိုက်၏။ သူမသာလျှင်ထိုကဲ့သို့နိမ့်ပါးသည့် စကားလုံးများကို မှန်ကန်ဖြောင့်မတ်သည့်ပုံဖြင့်ပြောနိုင်သည့် တစ်ဦးတည်းသောသူဖြစ်လောက်၏။

“ဒါမဟုတ်သေးဘူး” လုဖင်းက လက်တစ်ဖက်မြှောက်လိုက်၏။ "စာထဲမှာပြောထားတာက ခင်ဗျား တောင်းပန်လို့ရတယ်လို့ပြောထားတယ် အကြီးအကဲရှန့် ဆိုလိုတာက မျှော်လင့်ချက်ရှိသေးတယ်။”

“ရှင်ပြောတာမှန်တယ် အကြီးအကဲလု”

“ငါ ထောက်ခံတယ်”

ရှန့်ယွင်ကျန်းက ကြက်သေသေသွားလေ၏။ သူမကိုယ်သူမ ကြည့်လိုက်သည်။ လူတိုင်း၏ သဘောထားနှင့်အကြည့်သည် အစောတုန်းကနှင့်ကွဲပြားသွားကြောင်း သတိပြုမိလိုက်၏။ သူမက မေးလိုက်တော့သည်။

“ဘာကိုဆိုလိုတာလဲ”

“အကြီးအကဲရှန့် ကျေးဇူးပြုပြီး အရေးကြီးတာကိုတွေးပါ ... ခင်ဗျားတောင်းပန်လိုက်သင့်တယ်လို့ ထင်တယ်”

“အဟုတ်ပဲ ... မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လုပ်ထုံးလုပ်နည်းအရဆို သူက ခင်ဗျားကိုသတ်မှာ ဒါပေမဲ့ သူကမ်းလှမ်းလာပြီဆိုတော့ အခွင့်အရေးတစ်ခုရှိသေးတယ်လို့ဆိုလိုတာပဲ”

“အကြီးအကဲရှန့် လော့ဂိုဏ်းက အားမနည်းပေမဲ့ ကျုပ်တို့က မိစ္ဆာဝေဟင်မျှော်နန်းကို ရန်သူလို့သတ်မှတ်ရလောက်တဲ့အထိ မရဲတင်းဘူး ... ကျေးဇူးပြုပြီး အခြေအနေအလုံးစုံကို တွေးပါ”

ပြီးနောက် လူတိုင်းက တညီတညွတ်တည်းပြောလိုက်၏။ “ကျေးဇူးပြုပြီး အခြေအနေတစ်ခုလုံးကိုတွေးပါ"

ရှန့်ယွင်ကျန်းသည် သူတို့၏သဘောထားပြောင်းလဲသွားမည်ဟုမထင်ထားပေ။ သူမက လက်နောက်ပစ်ထားလျက်ရယ်မောကာပြောလိုက်တော့၏။

“အမ်း နာမည်စာရင်းတဲ့လား ... ဟမ်း ကျွန်မငြင်းတော့ကော ဘာအရေးတဲ့လဲ”

လုဖင်းက တင်းမာခက်ထန်စွာပြောလိုက်တော့၏။

“ဒီလိုဆိုရင် ကျုပ်တို့က ခင်ဗျားကို အဲ့ဒီဆီပို့ပေးမယ်” သူက ပို့ပေးဟူသော စကားလုံးဖိပြောလိုက်၏။ သူ၏သဘောထားသည် အစတည်းက ကျန်သည့်အကြီးအကဲများနှင့် မတူတာဘဲဖြစ်၏။ အစတည်းက သေရမည့်တစ်ဦးတည်းသော သူသည် မိစ္ဆာဝေဟင်မျှော်နန်းကို ရန်စခဲ့သည့်သူဖြစ်ကြောင်း ဆုံးဖြတ်ချက်ချထားပြီးသား ဖြစ်၏။ ဆိုရလျှင် ယင်းက ဓားနတ်ဆိုးဖြစ်၏။ ကျန်သည့်လူဆိုးများမဟုတ်ပေ။ ရှန့်ယွင်ကျန်းက ဤကိစ္စကို ယူဆောင်လာသည့်သူဖြစ်ပါလျက် လော့ဂိုဏ်းသည် ဤတာဝန်ကို အဘယ်ကြောင့် ပခုံးထမ်းရမည်နည်း။

“ကောင်းပြီ ... ကျွန်မသွားမယ်” ရှန့်ယွင်ကျန်းက သူမမျက်ဝန်းများကို ဒေါသတကြီး မှေးကျဉ်းလိုက်၏။

လုဖင်းက ပြောလိုက်၏။ “ဒါဆိုပြော ... ငါ့မှာ စီးတော်သားရဲပိုင်တဲ့မိတ်ဆွေတစ်ယောက်ရှိတယ်။ မိစ္ဆာဝေဟင်မျှော်နန်းကို အဲ့ဒီစီးတော်သားရဲစီးပြီး သွားလို့ရတယ် အကြီးအကဲရှန့်”

“သင့်လျော်လိုက်လေခြင်း”

“အဆင်ပြေလိုက်တာ”

ကျန်သည့်အကြီးအကဲများက ခေါင်းညိတ်ပြီး ချီးကျူးကြတော့၏။

ရှန့်ယွင်ကျန်းက ရုတ်တရက်ကြီးရင်ဘတ်ထဲတင်းကြပ်လာ၏။ သူမယခုအချိန်တွင် အသက်ရှူတာ ခက်ခဲလာတော့သည်။

နာမည်စာရင်း၏သတင်းသည် ကျင့်ကြံခြင်းလောကထဲ၌ ပိုပြန့်သွားတော့၏။

ဓားနတ်ဆိုးယွီရှန်းရုန်သည် နာမည်တွင်ပါသည့်သူများကို ခြိမ်းခြောက်ရန်အနေဖြင့် နာမည်များ ထပ်ထည့်လိမ့်မည်ဟု ဆိုရိုးစကားတောင်ပေါ်လာ၏။ ရလဒ်အနေဖြင့် သူက အပြစ်ကင်းသည့် အသက်များစွာကိုဆောင်ယူတော့၏။

အဆုံးတွင်မူ ယွီရှန်းရုန်သည် ပေနတ်လွှာ၌ နံပါတ်နှစ်ဖြစ်သွားတော့၏။ သို့သော်ငြား အမှန်အတိုင်းဆိုရလျှင် ရှန့်ယွင်ကျန်းတစ်ဦးတည်းသာ ထိုကဲ့သို့ဆက်ဆံခံရတာဖြစ်၏။

………………………………………………

သုံးရက်ကြာပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်း၏ခန်းမကျယ်ထဲတွင်ဖြစ်သည်။

လုကျိုးက အင်မတန်သက်တောင့်သက်သာဖြစ်နေလေ၏။ ယွီရှန်းရုန်သည် အမည်စာရင်းပေါ်ရှိ အမည်များကို ဖြေရှင်းသည့်အချိန်မှစကာ သူ၏ကုသိုလ်မှတ်များက လျင်မြန်စွာမြင့်တက်နေ၏။

ကုသိုလ်မှတ်များ ၃၂၂၅၀

ဆိုလိုသည်က သူသည် ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန်ကို ဝယ်နိုင်ပြီပဲဖြစ်၏။ ထိုစိတ်ဝိညာဉ် သဏ္ဌာန်ဖြင့် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်လိမ့်မည်။ သို့သော် သူက ၎င်းကိုဝယ်ယူရန်အလျင်မလိုချေ။

ထိုစဉ် ကျိုးကျစ်ဖုန်းက အထဲသို့ဝင်လာ၏။ သူကအရိုအသေပေးကာပြောလိုက်တော့သည်။

“မျှော်နန်းသခင် … ရှန့်ယွင်ကျန်းက ဒီကိုရောက်လာပါပြီ”

“ဟမ်” လုကျိုးသည် လက်နောက်ပစ်လျက် လှေကားဆင်းလိုက်၏။ ပြီးနောက် သူက မုတ်ဆိတ်သပ်ကာပြောလိုက်တော့သည်။

“ရှန့်ယွင်ကျန်းက မိစ္ဆာဝေဟင်မျှော်နန်းမှာ ပေါ်မလာခင်အချိန်ထိ ဒုတိယသခင်လေးက သူက နေ့စဉ်နေ့တိုင်း နာမည်စာရင်းပေါ်မှာ နာမည်တွေထပ်ထည့်မယ်ဆိုတဲ့အကြောင်း စာတစ်စောင်ပို့ ထားတာက ကျင့်ကြံခြင်းလောကထဲမှာ ကောလာဟလပြန့်နေပါတယ်။” ကျိုးကျစ်ဖုန်းက ရှင်းပြလိုက်၏။

လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။

ယွီရှန်းရုန်သည် လက်ရွေးစင်များကိုစိန်ခေါ်ရတာနှစ်ခြိုက်သော်ငြား အကြောင်းမဲ့သက်သက် သတ်ဖြတ်ရတာကိုနှစ်သက်သည့်သူမဟုတ်ပေ။ သူက အဘယ်ကြောင့် ကြမ်းကြုတ်ရသနည်း။

“ဒီအကြောင်းတွေကို ဘယ်သူပြောတာလဲ” လုကျိုးကမေးလိုက်၏။

“မိစ္ဆာဝေဟငမျှော်နန်းရဲ့တပည့်တစ်ယောက်က ထန်းကျစ်မြို့ကနေ ထောက်ပံ့ရေးပစ္စည်းတွေ ဝယ်လာတဲ့အချိန် သတင်းအဖွဲ့မှာရှိတဲ့ လူတွေဆီကနေ ဒီအကြောင်းကိုကြားတာ” ကျိုးကျစ်ဖုန်းက ပြန်ပြောလိုက်၏။

“အမှန်တရားက တလွဲတချော်ဖြစ်တာတွေ တိုးလာပြီ” လုကျိုးက ခေါင်းခါလိုက်၏။

“ရှန့်ယွင်ကျန်းကို ဒီနေရာခေါ်လာခဲ့”

“နားလည်ပါပြီ”

ကျိုးကျစ်ဖုန်းသည် ခန်းမထဲကထွက်သွားလေ၏။

လုကျိုးက လှေကားပြန်တက်ကာ ဖြည်းဖြည်းချင်းထိုင်လိုက်တော့၏။

သူတို့သည် သတင်းကြားသည့်အချိန်၌ ဟွားယွဲ့ရှင်းနှင့် ကျန်သည့်သူများက အမြန် ရောက်လာကြသည်။ ခဏကြာပြီးနောက် ကျန်သည့်လူလေးယောက်က ကျိုးကျစ်ဖုန်း၏ ဦးဆောင်မှုအောက်၌ မိစ္ဆာဝေဟင်မျှော်နန်း၏ ပင်မခန်းမထဲသို့ဖြည်းဖြည်းချင်းလျှောက်လာလေ၏။

ဤနေရာသို့ သူတို့ပထမဆုံးရောက်လာတာဖြစ်သောကြောင့် ဖြစ်နိုင်၏။ သူတို့က စိတ်လှုပ်ရှားတာ သိသာနေ၏။ သူတို့ကြမ်းပြင်ပေါ်၌ သေတ္တာတစ်လုံးကိုထားကာအရိုအသေပေးလိုက်၏။

“လော့ဂိုဏ်းရဲ့ရှန့်ယွင်ကျန်းက တောင်းပန်ဖို့အတွက် ဒီနေရာကိုရောက်လာတာပါ” ရှန့်ယွင်ကျန်းသည် သူမလက်သီးဆုပ်မိုးလိုက်၏။ မော့ကြည့်လိုက်သည့်အချိန်၌ ပလ္လင်ပေါ်၌ ထိုင်နေသော လုကျိုးကိုမြင်လိုက်ရသည်။ သူမမျက်ဝန်းထောင့်ကနေ ဟွားယွဲ့ရှင်းကို တွေ့လိုက်ရလေ၏။ သူမက ထိတ်လန့်သွားကာ ရင်ထဲ၌ ဒေါသတရားတို့ပေါ်လာလေ၏။ သူမစကားလုံးရွေးချယ်မှုကို ဂရုမစိုက်ဘဲထုတ်ပြောလိုက်သည်။

“လူမိုက် ... ဒီနေရာကိုဘယ်လိုလုပ်ဝင်ရတာလဲ”

ဟွားယွဲ့ရှင်း၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ သူမက အနောက်သို့ခြေလှမ်း သုံးလှမ်းဆုတ်လိုက်မိ၏။

ထိုစဉ်လုကျိုးက လက်တစ်ဖက်မြှောက်လိုက်တော့သည်။

တာအိုလက်ဟန်လေက ပေါ်ထွက်လာတော့၏။

ရှန့်ယွင်ကျန်းက လက်မြှောက်ပြီး သူမကိုယ်သူမ ခုခံကာကွယ်လိုက်သည်။ သူမ၏ အကာအကွယ်စွမ်းအင်ကို ထုတ်ဖော်လျက် ထိုလက်သင်္ကေတကို ကြံ့ကြံ့ခံလိုက်၏။

ဝှစ် ... ဝှစ် ... ဝှစ်

တွမ့်မူရှမ်း၏ နယ်ရှင်လှံသည် ရှန့်ယွင်ကျန်းဆီသို့ရုတ်တရက်ဦးတည်သွားတော့သည်။ သိပ်သည်းလှသော လှံအရိပ်များက တစ်ခုပေါ်တစ်ခုထပ်လျက် လှိုင်းအလွှာတစ်ထောင်အဖြစ် ပြောင်းလဲသွားသည်။

ဖုန်း ... ဖုန်း ... ဖုန်း

ရှန့်ယွင်ကျန်းသည် ပွင့်ချပ်ခြောက်လွှာလက်ရွေးစင်တစ်ဦးဖြစ်သော်ငြား ထိုကဲ့သို့နီးကပ်သည့် အကွာအဝေးကနေ တွမ့်မူရှမ်း သူမကို ဝင်ရောက်တိုက်ခိုက်သောအခါ ထိန်းထားရန် ခက်ခဲနေလေ၏။ ထို့အပြင် တွမ့်မူရှမ်းသည် ပုံမှန်အားဖြင့် ပွင့်ချပ်ခုနစ်လွှာကျင့်ကြံသူ ဟွားဝူတောက်နှင့် လက်ရည်ယှဉ်နေကြဖြစ်၏။ သူ့တိုက်ခိုက်မှု၏နောက်ကွယ်က ခွန်အားက ယခင်ကနှင့် အပြည့်အဝကွဲပြားခြားနားသွားတော့သည်။

ထို့အပြင် ရှန့်ယွင်ကျန်းသည် အစတည်းက လေးသည်တော်တစ်ဦးဖြစ်၏။ သူမ၏ရန်သူက ထိုမျှ နီးကပ်သည့်အကွာအဝေးသို့ရောက်သည်နှင့် သူမ၌ ပွင့်ချပ်သုံးလွှာပိုရှိနေပေလျှင် သူမ၏ စွမ်းရည်များက ထုတ်သုံးဖို့ကခက်ခဲနေမှာပဲဖြစ်သည်။ ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်လိုက်ရ၏။ သူမ၏အကာအကွယ်စွမ်းအင်ကယိုင်နဲ့သွားကာ နောက်ဆုံးတွင် အကာအကွယ်မဲ့သွားတော့၏။

ဘန်း

ရှန့်ယွင်ကျန်းက နောက်သို့လွင့်ထွက်သွားလေ၏။ သူမက ကျွမ်းပစ်ကျကာ နောက်ကျွမ်းပြန်လှန် သွားပြီး မြေပြင်ပေါ်ခြေတစ်ဖက်ဖြင့်ကျလာ၏။ သူမမျက်လုံးအပြူးသားဖြစ်နေကာ နယ်ရှင်လှံကို ကိုင်ဆောင်ထားသော တွမ့်မူရှမ်းကိုစိုက်ကြည့်လိုက်၏။ လှံသွားထိပ်၌ ရွှေရောင်စွမ်းအင်များ ရစ်ဝဲနေပြီး လှံတံပေါ်၌ နဂါးရုပ်ကိုထွင်းထုထားလေ၏။

သူကသန်မာလိုက်တာ မိစ္ဆာဝေဟင်မျှော်နန်းမှာ သန်မာတဲ့လူတွေနဲ့ပြည့်နေတာလား ...

သူမက ထိတ်လန့်သွားလေ၏။

“ရပ်နေ” လုကျိုးကပြောလိုက်၏။

တွမ့်မူရှမ်းက လှည့်လာပြီးနောက် လုကျိုးကို အရိုအသေပေးလိုက်၏။ “ဟုတ်ကဲ့ ရှစ်စွင်း”

လော့ဂိုဏ်းသည် ထိပ်သီးဂိုဏ်းဆယ်ဂိုဏ်း သို့မဟုတ် ယွင်ဂိုဏ်းနှင့်မတူပေ။ လော့ဂိုဏ်းက ထန်ဂိုဏ်းနှင့်ဆင်တူပြီး သူတို့သည်မိစ္ဆာဝေဟင်မျှော်နန်းနှင့် မပတ်သက်ခဲ့ဘူးပေ။ သူမ၏ အမှားတစ်ချက်က ထိုကဲ့သို့အင်အားကြီးသည့်ရန်သူတစ်ယောက်ရှိလာလိမ့်မည်ဟု မထင်ထားပေ။ သူမသည် အနားတွင် ရပ်နေသော ဟွားယွဲ့ရှင်းကိုကြည့်လိုက်တော့၏။ သူမအံ့ဩနေတော့သည်။ ဒီသစ္စာဖောက်က ငါ့ကို စွပ်စွဲခဲ့တာလား ...

သို့သော် သူမကျယ်လောင်စွာထုတ်ပြောစရာအကြောင်းမရှိပေ။ သူမအတွေးများက များနေရုံသာရှိသည်။

လုကျိုးက ဟွားယွဲ့ရှင်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်တော့၏။

“ဟွားယွဲ့ရှင်းက မိစ္ဆာဝေဟင်မျှော်နန်းက ဂိုဏ်းသားတစ်ယောက်ပဲ ... မင်းက သူ့ကို လူမိုက်လို့ခေါ်ရင် ငါ့ကို မလေးမစားပြုတာပဲ”

ရှန့်ယွင်ကျန်းက နှလုံးတစ်ချက်ခုန်သွားလေ၏။

လုကျိုးကဆက်ပြောလေသည်။

“မင်းကို ရိုက်ဖို့အတွက် ငါ သူ့ကို ပြောနိုင်တယ် ဒါပေမဲ့ ...” သူ၏လေသံက နူးညံ့နေကာ ဆက်ပြောလေ၏။

“မင်းက တစ်ခါတုန်းက သူ့ဆရာဖြစ်ခဲ့ဖူးတယ်။ တပည့်တစ်ယောက်က ဆရာတစ်ယောက်ကို ရိုက်တာက လောကကြီးရဲ့အစဉ်အာလာကိုဆန့်ကျင်နေတယ်။ ငါက သူ့ကိုယ်စားရိုက်မှာ”

ရှန့်ယွင်ကျန်းက လက်မြှောက်လိုက်ပြန်၏။ ယခင်ကနှင့်တူသော လက်သင်္ကေတတစ်ခုက သူမဆီသို့ ဦးတည်လာတော့သည်။

ဖွနျးးးးးးးးးးးးးးးး

၎င်းက သူမပါးကိုထိသွား၏။ ရိုက်ချက်က အင်မတန်တိကျ၏။ ယခုအခေါက်တွင် သူမ မရှောင်ရဲတော့ချေ။ ရိုက်ချက်ကိုသာ ခံယူလိုက်တော့သည်။ လေသင်္ကေတရိုက်ချက်က မပေါ့ပေ။ ထိုရိုက်ချက်ကြောင့် သူမ၏ ဘယ်ဖက်ပါးပေါ်၌ လက်ငါးချောင်းအရာကြီးတစ်ခုရှိနေတော့၏။ ထိုလက်ချောင်းရာကိုမြင်သောအခါ ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းက အံ့ဩသွားလေ၏။

“မျှော်နန်းသခင်ရဲ့လက်သင်္ကေတက ငါနဲ့တူတူပဲ .... ဒါပေမဲ့ ငါ့ဟာကို လူတိုင်းပိတ်ဆို့နိုင်တယ်။ မျှော်နန်းသခင်ရဲ့လက်သင်္ကေတကို ပိတ်ဆို့လို့မရဘူး ... ဒါက ငါတို့ ဘယ်လိုကွာဟလဲဆိုတာပဲ”

…

အခန်း(၃၆၀) သောင်းကြမ်းသော စီးတော်သားရဲ

“ မျှော်နန်းသခင်နဲ့ ယှဉ်နိုင်တယ်များ ထင်နေလား ”

“ ကျွန်မ မှားသွားတယ် ”

ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးတို့က ပျော်ရွှင်နေကြသည်။ အစက နှစ်ယောက်သားသည် သူတို့၏ ယခင်ဂိုဏ်းဟောင်းများမှ စွန့်ပစ်ခံများ ဖြစ်ကြလေသည်။ သူတို့အတွက် နေရာမရှိခဲ့ပေ။ သူတို့က သူတို့ကိုယ်ပိုင် ရပ်တည်နိုင်သည့်နေရာ တွေ့လာသည့်အခါ ယုံကြည်စိတ်ချရလားဟု အကဲဖြတ်ခဲ့ကြသည်။ သူတို့ မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ခဲ့စဉ်အခါက သူတို့အနေနှင့် သံသယအနည်းငယ် ရှိခဲ့သည်။ လက်ရှိတွင် သူတို့က ပိုမိုစိတ်အေးလာကာ ယခင်လိုမျိုး စိတ်ခံစားချက် မဟုတ်တော့ပေ။

ရှန့်ယွင်ကျန်းက ရိုင်းရိုင်းစိုင်းစိုင်း ပြော၍ ရိုက်ချက်တစ်ချက်ဖြင့် အပြစ်ပေးခံလိုက်ရသည်။ မိစ္ဆာဝေဟင်မျှော်နန်းက အပြင်လူ စိတ်ကြိုက်ပြုမူနိုင်သည့် နေရာမျိုး မဟုတ်ပေ။

သူတို့က မျှော်နန်းသခင်သည် သူသာ သက်ညှာ၍ စိတ်ပျော့နေလျှင် မိစ္ဆာဝေဟင်မျှော်နန်းသည် ယခုလို မဖြစ်လာနိုင်ကြောင်း ပြောခဲ့ဖူးသည်ကို ရုတ်တရက် အမှတ်ရသွားကြ၏။

ရှန့်ယွင်ကျန်းက ရိုက်ချက်ကို မရှောင်ရဲသလို ရှောင်နိုင်စွမ်းလည်း မရှိပေ။ သူမက အပြစ်ပေးခံရပြီးနောက် ပိုမို နာခံလာသည်။

အပြစ်ပေးပြီးနောက် လုကျိုးက အင်္ကျီလက်ဖျားကို ခါလိုက်ရင်း ထိုင်ချလိုက်သည်။

ရှန့်ယွင်ကျန်းက ဘာမှမပြောရဲပေ။

လုကျိုးက ရှန့်ယွင်ကျန်း၏ အမြင်ကို မမေးပေ။ ထို့အစား သူက ဘေးဘက်ကို ကြည့်လိုက်ကာ “ ဟွားယွဲ့ရှင်း … မင်း ဘာပြောစရာ ရှိသေးလဲ”

ဟွားယွဲ့ရှင်းက မိန်းမပျိုလေးတစ်ယောက် ဖြစ်ပြီး ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံဖူးပေ။ သူမက ရှန့်ယွီကျန်းဆီမှ သင်ယူခဲ့စဉ်အခါက ပြန်အတွန့်တက်ခွင့် မရှိခဲ့ပေ။ ယခုအထိ သူမက ရှန့်ယွင်ကျန်းကို ကြောက်နေသေး၏။ သူမက လုကျိုး၏ စကားများကို ကြားသည့်အခါ တုန်သွားပြီး “ ကျွန်မ ဘာမှမရှိပါဘူး ”

“ မင်းဆီမှာ မရှိဘူးလား” လုကျိုးက မုတ်ဆိတ်သပ်လိုက်သည်။ သူက အတွေးတချို့ တွေးမိကာ “ တကယ်လို့ မင်းဆီမှာ ဘာမှပြောစရာမရှိရင် မင်းကိုယ်စား ငါ ပြောလိုက်မယ် ”

“ ဟုတ် မျှော်နန်းသခင်” ဟွားယွဲ့ရှင်းက ငြင်းစရာ မရှိချေ။

ခန်းမကျယ်ထဲ တိတ်ဆိတ်မှု ကြီးစိုးသွားလေသည်။ အားလုံးကလည်း ရှန့်ယွင်ကျန်းကိုသာ ကြည့်နေကြ၏။

ရှန့်ယွင်ကျန်းက လက်နှစ်ဖက်ယှက်ကာ “ လောင်ချန်းပေ့ကို ဂါရဝပြုပါတယ် …”

“ မင်းကို ဘာလို့ခေါ်လိုက်တာလဲ သိလား” လုကျိုးက မေးလိုက်သည်။

ရှန့်ယွင်ကျန်းက ဟွားယွဲ့ရှင်းကို တစ်ချက်ကြည့်လိုက်သည်။ သူမက ခဏကြာ စဉ်းစားလိုက်ပြီးနောက် “ ဟွားယွဲ့ရှင်းက တစ်ခါတုန်းက ကျွန်မတပည့်ပါ။ ကျွန်မက သူ့ဆရာပါ … အကြောင်းအရင်းအမျိုးမျိုးကြောင့် သူမက ဂိုဏ်းကနေ ထုတ်ပယ်ခံလိုက်ရတယ်။ သူမမှာ မကျေနပ်ချက်တွေ ရှိနေရင် ကျွန်မ တောင်းပန်ချင်ပါတယ် …”

“ မင်းက လူများစွာ လေးစားခံရတဲ့ လော့ဂိုဏ်းရဲ့ ဒုတိယအကြီးအကဲပဲ။ သူမရဲ့ ပါရမီနဲ့ဆိုရင် သူမကို ဘာလို့ထွက်သွားခွင့် ပေးခဲ့တာလဲ” လုကျိုးက မေးလိုက်သည်။ ဟွားယွဲ့ရှင်းလိုမျိုး ပါရမီကောင်းသူကို ပြုစုပျိုးထောင်ဖို့ များစွာအားစိုက်ထုတ်ထားရမည်။ သူမလိုမျိုး တပည့်ဖြင့် ဆရာကိုယ်တိုင်လည်း ဂုဏ်ကျက်သရေ ရရှိလာနိုင်သည်။

ရှန့်ယွင်ကျန်း၏ မျက်နှာအထက် စိတ်ရှုပ်ထွေးဖွယ် အမူအရာများ ပေါ်ထွက်လာသည်။ သူမက စကားထစ်ထစ်အအဖြင့် “ အခု …မှ ရှင်းပြရင် … အဓိပ္ပာယ်မရှိသလို ဖြစ်နေပေမဲ့ ကျွန်မ သူမကို တောင်းပန်ချင်ပါတယ်။ တကယ်လို့ မိစ္ဆာဝေဟင်မျှော်နန်းက လျော်ကြေးတောင်းဆိုရင်လည်း ကျွန်မ ဘာမှအတွန့်မတက်ဘဲ ပေးပါ့မယ် ”

အနည်းဆုံးတော့ သူမက ဘယ်အချိန် လက်လျှော့ရမလဲ သိသားပဲ …

ထိုစဉ် ခန်းမအပြင်ဘက်မှ အသံတစ်သံ ပျံ့လွင့်လာသည်။ “ ရှန့်ယွင်ကျန်း မင်းက လော့ဂိုဏ်းအတွက် လုံးဝ အရှက်ရစရာပဲ”

အခြားလူများက အသံလားရာ ကြည့်လိုက်သည့်အခါ ဟွားဝူတောက်က ရှုံ့မဲ့လျက် ခန်းမကျယ်ထဲ ဝင်လာသည်ကို တွေ့လိုက်ရသည်။

အားလုံးက ဟွားယွဲ့ရှင်းနှင့် ဟွားဝူတောက်တို့မှာ ရင်းနှီးကြောင်း သိထားကြသည်။ သူတို့က မျိုးရိုးတူ ဖြစ်ပြီး တစ်ယောက်က ယွင်ဂိုဏ်းမှ ဖြစ်ကာ တစ်ယောက်က လော့ဂိုဏ်းမှ ဖြစ်ပေသည်။ ပြောရလျှင် သူတို့က တစ်မျိုးရိုးတည်းမှ ဖြစ်ကြောင်း သတ်မှတ်နိုင်လေ၏။ သို့သော်လည်း သူတို့ဆက်ဆံရေးအကြောင်း အတိအကျကိုတော့ မည်သူမှ မသိပေ။

ရှန့်ယွင်ကျန်းက ဟွားဝူတောက်ကို မြင်လိုက်သည့်အခါ မနှစ်မြို့ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး “ ဟွားဝူတောက်လား ”

“ငါ့ကို မှတ်မိလား ”

“ ကျွန်မ သီးသန့်လေ့ကျင့်နေတုန်း ရှင် မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်သွားတယ်လို့ ကြားပေမဲ့ မယုံခဲ့ဘူး။ အခုတော့ ကြည့်ရတာ အမှန်ဖြစ်နေပုံပဲ” ရှန့်ယွင်ကျန်းက ပြောလိုက်သည်။

ဟွားဝူတောက်က လုကျိုးထံ လက်နှစ်ဖက်ယှက်ကာ “ မင်းလိုလူမျိုးက လော့ဂိုဏ်းမှာ ဆက်မကျန်နေသင့်ဘူး။ မင်းက သူမရဲ့ လော့ယွဲ့ လေးကိုင်းကို လိုချင်တာနဲ့ သူမကို နှင်ထုတ်လိုက်တာမလား ”

လော့ယွဲ့ လေးကိုင်းလား …

လက်နက်နာမည်က ထူးခြားလှသည်။

ဟွားဝူတောက်၏ စကားများက ရှန့်ယွင်ကျန်းသည် ဟွားယွဲ့ရှင်းကို အဘယ်ကြောင့် နှင်ထုတ်ခဲ့မှန်း အကြောင်းအရင်းကို ထုတ်ဖော်သလို ဖြစ်သွား၏။

“ အကြီးအကဲဟွား … လော့ယွဲ့ လေးကိုင်းကို ဂိုဏ်းသုံးဂိုဏ်းလုံးရဲ့ ခေါင်းဆောင်က ချီးမြင့်ပေးတာလေ။ အဲဒီဆုက ကျွန်မကို ပေးတယ်ဆိုတာ အသိသာကြီးပဲ။ ဘာလို့ ကျွန်မကို အပုတ်ခတ်နေရတာလဲ ”

“ပါးစပ်ပိတ်ထားစမ်း” ဟွားဝူတောက်၏ ဒေါသက ရှန့်ယွင်ကျန်းကို အံ့ဩသွားစေသည်။ သူမက တိတ်ဆိတ်သွားလေ၏။ သူမက လော့ဂိုဏ်းတွင် မဟုတ်ကြောင်း ရုတ်ခြည်း အမှတ်ရသွားသည်။ ဤသည်က မိစ္ဆာဝေဟင်မျှော်နန်း ဖြစ်၏။

“ ခေါင်းဆောင်က အစတုန်းက ဟွားယွဲ့ရှင်းကို ပေးဖို့ ရည်ရွယ်ထားပြီးသား … မင်း အဲဒါကိုလည်း ငြင်းချင်သေးလား”

ထိုစဉ် အခြေအနေတွေက ရှင်းလင်းသွားလေပြီ။ ဂိုဏ်းအနေနှင့် ပိုင်ဆိုင်ပစ္စည်းကို ဂိုဏ်းသားဆီ ခွဲဝေပေးသည်က ပုံမှန် ဖြစ်၏။ သို့သော် ဟွားယွဲ့ရှင်း ဂိုဏ်းက ထွက်သွားသည်နှင့် သူမအနေနှင့် မည်မျှပါရမီကောင်းစေကာမူ လော့ယွဲ့ လေးကိုင်းကို မရနိုင်တော့ပေ။

လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်သည်။ သူက ဟွားယွဲ့ရှင်းအား ကြည့်ကာ မေးလိုက်သည်။

“အကြီးအကဲဟွား ပြောတာ အမှန်ပဲလား”

ဟွားယွဲ့ရှင်းက ဦးညွှတ်ကာ “ဟုတ်ပါတယ် ”

ရှန့်ယွင်ကျန်း၏ မျက်နှာက ဖြူဖျော့သွားကာ နောက်ဆုတ်လိုက်မိသည်။

လုကျိုးက ရှန့်ယွင်ကျန်းကို ကြည့်လိုက်ပြီး “ လော့ယွဲ့ လေးကိုင်းရဲ့ အဆင့်က ဘာလဲ”

ရှန့်ယွင်ကျန်းက ခေါင်းခါပြီး မဖြေပေ။

ဟွားဝူတောက်က ဝင်ဖြေလိုက်သည်။ “ အလယ်အလတ် ကောင်းကင်အဆင့်ပါ ”

အခြားလူများကလည်း အံ့ဩသွားကြသည်။ သူတို့ထင်ထားသည့်အတိုင်း ကောင်းကင်အဆင့် လက်နက် ဖြစ်နေလေသည်။ အဆင့်နိမ့် ဖြစ်ဖြစ် အလယ်အလတ်ဖြစ်ဖြစ် ကောင်းကင်အဆင့် လက်နက်က ရှားပါး ရတနာ ဖြစ်နေဆဲ ဖြစ်၏။ ရှန့်ယွင်ကျန်းက ဟွားယွဲ့ရှင်းကို လော့ယွဲ့လေးကြောင့် နှင်ထုတ်လိုခဲ့သည်မှာ မဆန်းလှပေ။ ကောင်းကင်အဆင့် လက်နက်က ရှန့်ယွင်ကျန်း၏ အတွေးများကို ပြောင်းလဲပစ်နိုင်သည်မှာ သဘာဝကျလှသည်။ သူမက ဟွားယွဲ့ရှင်းကိုပင် သတ်ပစ်နိုင်လောက်အောင် လှုံ့ဆော်ခံရနိုင်သည်။

လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်သည်။ သူက ခေါင်းအသာညိတ်လိုက်ပြီး “ရှန့်ယွင်ကျန်း … ငါက အမြဲတမ်း အကျိုးအကြောင်းသင့်တဲ့လူ။ ငါ ဇာတ်ကြောင်းကို နှစ်ဖက်လုံးကနေ နားထောင်မယ်။ မင်း အကြီးအကဲဟွားဇာတ်ကြောင်းထဲ ဘာထပ်ပြောစရာ ရှိသေးလဲ”

ရှန့်ယွင်ကျန်းက လက်ခါကာ “ ဒီလက်နက်က ခေါင်းဆောင်ယွင်ထျန်းလော့ ပေးထားတာပါ။ လော့ဂိုဏ်းသားတွေ သက်သေခံပေးနိုင်ပါတယ်။ မျှော်နန်းသခင် ဒီကိစ္စကို သေချာစုံစမ်းပေးပါ ”

“ယွင်ထျန်းလော့က ဂိုဏ်းသုံးဂိုဏ်းကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီးတော့ ကမ္ဘာအရေးကနေ လက်ရှောင်ခဲ့တယ်။ ဂိုဏ်းသုံးဂိုဏ်းလုံးက အဲကတည်းက ကွဲသွားတာပဲ။ သူက မင်းကို ဘာလို့ လက်နက်ဆုချရမှာလဲ” လုကျိုးက တည်ငြိမ်စွာ မေးလိုက်သည်။

“ကျွန်မက ဂိုဏ်းသုံးဂိုဏ်းလုံးထဲ အတော်ဆုံး လေးသမားမလို့ပါ” ရှန့်ယွင်ကျန်းက ယုံကြည်ချက်ရှိရှိ ဖြေလိုက်သည်။

ဟွားဝူတောက်က ကျိန်ဆဲလိုက်သည် “ခွေးစကားတွေ ”

ထိုဒေါသက ရှန့်ယွင်ကျန်းကို ထပ်မံ လန့်သွားစေသည်။

ဟွားဝူတောက်က ရှန့်ယွင်ကျန်းဆီ ရောက်လာကာ “လေးပညာအရ ဟွားယွဲ့ရှင်းရဲ့ ပါရမီက မင်းထက် မနိမ့်ဘူး။ ပြီးတော့ ငါ သိထားသလောက် လော့ယွဲ့လေးမှာ နာမည်ရေးထွင်းထားပြီးသားတဲ့။ ငါတို့ လေကုန်မခံနေတော့ဘဲနဲ့ အားလုံးသိအောင် လက်နက်ကို ထုတ်ပြလိုက်တာ ဘယ်လိုလဲ”

“ရှင် …” ရှန့်ယွင်ကျန်းက မျက်လုံးအပြူးသား ဖြစ်သွားသည်။ သူမတွင် ဟွားဝူတောက် စကားများကို ပြန်လည်ချေပစရာ မရှိချေ။

တွမ့်မူရှန်းက သူ့နယ်ရှင်လှံကို ထိကာ “ကျွန်တော်တို့ လက်နက်မှာ နာမည်ထွင်းလို့ရတယ်ဆိုတော့ ဒီမှာ ထိုးထားရမယ် .. ”

ကျိုးကျစ်ဖုန်းက လက်နှစ်ဖက်ယှက်ကာ “တတိယသခင်လေး မသိသေးတာ ရှိသေးတယ်။ လက်နက်ပေါ် နာမည်ရေးထွင်းလိုက်တာက ထူးခြားတဲ့ အစီအရင်သွေးကြောကို ပျက်စီးသွားစေနိုင်တယ်။ နယ်ရှင်လှံနားက နဂါးသွေးကြောတွေက သိပ်သည်းနေတာ … တစ်ချိန်တည်းမှာ အစစ်အမှန် မီးလျှံနဲ့ ပြန်လည်မွမ်းမံဖို့ လိုလိမ့်မယ်။ အဲကြောင့် နာမည်ရေးထွင်းပြီးရင် ဖယ်ရှားဖို့ မဖြစ်နိုင်သလောက်ပဲ။ တကယ်လို့ ဖယ်ရှားလိုက်ရင်တောင် လက်နက်ကို ပျက်စီးသွားစေနိုင်တယ် … အဲဒါကြောင့် အားကောင်းတဲ့ ကျင့်ကြံသူတွေက တခြားသူ လက်နက် လုယူပြီးတဲ့နောက်ပိုင်း ပြန်လည်မွမ်းမံဖို့ အခက်တွေ့ကြတာပေါ့ … ”

ဖန်ကျုံးက ပြုံးလိုက်ကာ “အဲလိုမှမဟုတ်ရင် ကောင်းကင်အဆင့် လက်နက်တွေက အဲလောက် အဖိုးတန်နေမှာ မဟုတ်တော့ဘူးလေ”

တွမ့်မူရှန်းက ခေါင်းညိတ်ကာ “ငါ သိပြီ ”

ခန်းမကျယ်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

အားလုံးက ရှန့်ယွင်ကျန်းကိုသာ ကြည့်နေကြ၏။

ရှန့်ယွင်ကျန်းက စိတ်လေးလံလာမိကာ နောက်ဆုတ်လိုက်မိသည်။

တွမ့်မူရှန်းက နယ်ရှင်လှံကို အာငွေ့ဟပ်ကာ အင်္ကျီအနားဖြင့် သုတ်လိုက်သည်။ သူက သူ့ဘာသာ ရေရွတ်လိုက်၏။

“နှမြောစရာပဲ … ငါ့နယ်ရှင်လှံလေးက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို သေတဲ့အထိ မထိုးမိသေးဖူးဘူး … အာ အကြီးအကဲရှန့်ကို ပြောနေတာ မဟုတ်ဘူးနော်။ ဆက်လုပ်ပါ ” တွမ့်မူရှန်းက လှံကို ဆက်သုတ်နေလေသည်။ သူက တခြားသူများဆီမှ ထူးထူးဆန်းဆန်း အကြည့်များကိုပင် ခံစားမိ၏။

ရှန့်ယွင်ကျန်းက တောင့်မခံနိုင်တော့ဘဲ ဒူးထောက်ကာ “ မျှော်နန်းသခင် တစ်ခါတော့ ခွင့်လွတ်ပေးပါ။ ကျွန်မ ဒီရောက်နေပြီဆိုတော့ မိစ္ဆာဝေဟင်မျှော်နန်းကို ရန်စဖို စိတ်ကူးမရှိပါဘူး။ ကျွန်မ ဒီလော့ယွဲ့လေးနဲ့ ပတ်သက်ပြီး ပြန်လျော်ပေးပါ့မယ်” သူမက လက်ဝေ့လိုက်သည့်အခါ လက်အောက်ငယ်သား လေးယောက်သား သေတ္တာများ သယ်ဆောင်၍ ရှေ့ထွက်လာကြသည်။

ကလစ် …

သေတ္တာများကို ဖွင့်လိုက်သည့်အခါ ရွှေ၊ ငွေနှင့် ရတနာများစွာ ပြည့်နှက်နေသည်။

ဂိုဏ်းသုံးဂိုဏ်းက အမှန်တကယ် ချမ်းသာလှသည်။

သို့သော်လည်း မိစ္ဆာဝေဟင်မျှော်နန်းက လူများစွာ မရှိ၍ သူတို့၏ နေ့စဉ်အသုံးစရိတ်က မမြင့်မားပေ။ ထိုရတနာများက သူတို့ကို မဆွဲဆောင်နိုင်ပေ။ ထို့အပြင် မိစ္ဆာဝေဟင်မျှော်နန်းက ငွေကြေး မပြတ်လပ်နေပေ။ အကယ်၍ သူတို့က ငွေကြေးလိုအပ်နေလျှင်ပင် အနောက်ဘက် မျှော်နန်းဆောင်မှ အမှိုက်တချို့ကို ရောင်းချလိုက်ရုံ ဖြစ်၏။

လုကျိုးက ရတနာများကို မထူးမခြားနား ကြည့်လိုက်သည်။ သူက လက်နောက်ပစ်လျက် လှေကားမှ ဆင်းလာလိုက်သည်။

“ ဟွားယွဲ့ရှင်းကြောင့်သာ မဟုတ်ရင် မင်း ဒီကို လာဖို့ အခွင့်အရေးတောင် ရလာမှာ မဟုတ်ဘူး … မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးမယ်”

ရှန့်ယွင်ကျန်းက ထိုအရာကိုကြားကာ ပျော်သွားလေသည်။

“မျှော်နန်းသခင် ကျေးဇူးတင်ပါတယ် ”

“ လော့ယွဲ့လေးကို လက်လွှတ်လိုက် … ပြီးခဲ့တာတွေကို သင်ပုန်းချေပေးမယ် ”

ရှန့်ယွင်ကျန်းက ကြောင်အမ်းသွားလေသည်။ သူမက အချိန်အတော်ကြာ ဆွံ့အသွားမိ၏။

“မင်း ဆန္ဒမရှိဘူးလား” လုကျိုးက မေးလိုက်သည်။ သူက သူမကို အချိန်မရွေး အနိုင်ပိုင်းသည့်အလား ဖြစ်၏။

လုကျိုး၏ ဟိတ်ဟန်ကြီးဖွယ် အပြုအမူနှင့် ဖိအားတို့က ရှန့်ယွင်ကျန်းအား ငြင်းဆန်ခွင့် မပေးပေ။

“ ကျွန်မ လက်လွှတ်လိုက်ပါ့မယ် … ”

သူမက ဝန်လေးစွာဖြင့် လက်ရာမြောက်လှသည့် လေးကို ထုတ်လိုက်သည်။

ဤသည်မှာ မဟူရာအရောင် ဖြစ်ပြီး သွယ်လျားပြီး မြင်မြင်ချင်းပင် ဒူးလေးအသေးစားနှင့် ဆင်တူနေသည်။

အခြားလူများက ကြည့်လိုက်ကြသည်။

ဟွားဝူတောက်ပင် အံ့ဩနေမိ၏။

သူတို့က လော့ယွဲ့လေးသည် ဒီလိုမျိုး ဖြစ်လိမ့်မည်ဟု မထင်ထားကြပေ။

ဒီလိုအသေးစား ဒူးလေးက အားပြင်းတဲ့ မြားချက်တွေကို ထုတ်လွှင့်နိုင်တာလား …

အားလုံးက အနည်းငယ် အံ့အားသင့်နေကြသည်။

ရှန့်ယွီကျန်းက လော့ယွဲ့လေးကို ထုတ်ကာ လက်နှစ်ဖက်ဖြင့် ရိုရိုသေ‌သေ ပေးလိုက်သည်။

လုကျိုးက လက်မြောက်ကာ အသာဝေ့လိုက်သည့်အခါ ဒူးလေးက သူ့လက်ထဲ ရောက်လာသည်။ သူက ဒူးလေးကို ကြည့်လိုက်ပြီးနောက် သူ ဘီလုံးမျှော်စင်တွင် မြင်ခဲ့သည့် ကောင်းကင်ဒူးလေးကို အမှတ်ရသွားသည်။ လော့ယွဲ့လေးက ကောင်းကင်ဒူးလေးထက် ပိုသေးလေသည်။

“တင်း … ကောင်းကင်အဆင့် လက်နက် လော့ယွဲ့ဒူးလေးကို ရရှိပါတယ်။ အသုံးမပြုခင် ပြန်လည်မွန်းမံသန့်စင်ဖို့ လိုအပ်ပါတယ် ”

“ဟွားယွဲ့ရှင်း ” လုကျိုးက လော့ယွဲ့လေးပေါ် ထွင်းထားသည့် နာမည်ကို မြင်လိုက်ရသည်။

ရှန့်ယွင်ကျန်းက ခေါင်းငုံ့ကာ ဘာမှမပြောရဲတော့ပေ။ သက်သေက အားလုံးရှေ့မှောက် ပေါ်ထွက်လာပြီဖြစ်ရာ သူမ ပြောနိုင်သည့်အရာ မရှိတော့ပေ။ သူမမျက်နှာကား ရှက်ရွံ့မှုကြောင့် နီရဲနေလေသည်။

လုကျိုးက မထူးမခြားနား ပြောလိုက်သည် “ မင်းလက်နက်ကို ယူလိုက်တာ ဘာပြောစရာ ရှိသေးလဲ”

ရှန့်ယွင်ကျန်းတွင် အခွင့်အရေးရှိမည်လား။

သူမနာမည်က နာမည်စာရင်းပေါ်တွင် ရှိနေသေး၏။ အကယ်၍ သူမ သေဆုံးသွားလျှင် လက်နက်တစ်ခုက မည်မျှကောင်းနေဦးမည်နည်း။ ထို့ကြောင့် သူမက ပြန်ဖြေလိုက်သည် “မရှိတော့ပါဘူး …”

“ကောင်းတယ်” လုကျိုးက အနီးအနားတွင် ရပ်နေသည် ဟွားယွဲ့ရှင်းကို ကြည့်လိုက်သည်။ ထို့နောက် ဟွားဝူတောက်ကိုလည်း ကြည့်လိုက်သည်။ သူက ပြောလိုက်သည်။

“မင်းကို ပရိယာယ်ကြွယ်တဲ့အတွက် ချီးကျူးရမယ်။ မင်းက ဟွားယွဲ့ရှင်းရဲ့ ဆရာ ဖြစ်ဖူးခဲ့တာကို ထောက်ပြီး မင်းအသက်ကို ချမ်းသာပေးလိုက်မယ်”

ရှန့်ယွင်ကျန်းက စိတ်သက်သာရာရသွားလေသည်။ သို့သော်လည်း သူမက လော့ယွဲ့လေးအကြောင်း တွေးလိုက်မိတိုင်း နှလုံးနာကျင်ရသည်။

“မျှော်နန်းသခင် ကျေးဇူးတင်ပါတယ် ”

ရှန့်ယွင်ကျန်းက နောက်ဆုံးတော့ ထွက်သွားနိုင်ပြီဟု ထင်သည့်အချိန် အမျိုးသမီးတစ်ဦး ဝင်လာလေသည်။

သူမက ဦးညွှတ်လိုက်ရင်း “မျှော်နန်းသခင် … လော့ဂိုဏ်းရဲ့ စီးတော်သားရဲက အထိန်းအကွပ်မဲ့နေပါတယ်”

ရှန့်ယွင်ကျန့်က မျက်မှောင်ကြုတ်လိုက်သည်။

ဖန်ကျုံးက ရယ်မောလိုက်ကာ “လော့ဂိုဏ်းက တကယ်ကို ချမ်းသာတာပဲ။ စီးတော်သားရဲတောင် ယူလာနိုင်တယ်ဆိုတော့ …”

ဂီး

နားကွဲလောက်ဖွယ် ဟိန်းဟောက်သံမျိုး အပြင်ဘက်မှ ထွက်ပေါ်လာသည်။

လုကျိုးက သားရဲအော်သံကို ရင်းနှီးနေကြောင်း ခံစားမိလိုက်သည်။ သူက ယခင်က ကြားဖူးသည်ကို မှတ်မိလိုက်၏။ သို့သော် ဘယ်အချိန်ကမှန်း မမှတ်မိပေ။

“ရှစ်စွင်း ကျွန်တော် ဒီစီးတော်သားရဲကို သွားနှိမ်နင်းလိုက်ပါ့မယ်။ ရွှေနန်းဥယျာဉ်တောင်က သူ့ကစားကွင်း မဟုတ်ဘူး ” တွမ့်မူရှန်းက လှံကို မြောက်ကာ ပြောလိုက်သည်။

ရှန့်ယွင်ကျန်းက အလျင်စလို ပြောလိုက်သည်။ “ဒါက နားလည်မှုလွဲတာပါ။ ဒီစီးတော်သားရဲက လော့ဂိုဏ်းက တတိယအကြီးအကဲရဲ့ စီးတော်သားရဲပါ။ ကျွန်မက ဒီကိုလာဖို့ ငှားလာခဲ့ရုံလေးပါ။ အပြည့်အဝ မလွှမ်းမိုးရသေးပါဘူး။ မျှော်နန်းသခင် သက်ညှာပေးပါ … ကျွန်မ သူ့ကို ချက်ချင်း ခေါ်သွားလိုက်ပါ့မယ်”

ဂီး

နောက်ထပ် အမျိုးသမီးတစ်ယောက် ဝင်ရောက်လာကာ ကပျာကယာ အမူအရာဖြင့် ပြောလိုက်သည် “မျှော်နန်းသခင် အခြေအနေပိုဆိုးသွားပါပြီ။ စီးတော်သားရဲက အဆိပ်တွေ ထုတ်လွှင့်နေပါတယ် ”

“အဆိပ်ထုတ်လွှတ်နေတယ်တဲ့လား ”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ရှန့်ယွင်ကျန်းက ပျာယာခတ်သွားသည်။

လုကျိုးက ပြောလိုက်၏ “ အဲဒီအကောင်ဆီ ငါ့ကို ခေါ်သွား ”

ရှန့်ယွင်ကျန်းက ငိုချင်နေလေပြီ။ သူမက လော့ယွဲ့လေးကို လျော်ကြေးအဖြစ် လက်လျှော့ပေးခဲ့လေရာ သူမစီးတော်သားရဲကိုပါ ထားခဲ့ရတော့မည်လား။ စီးတော်သားရဲက လက်နက်ထက် ပိုအဖိုးတန်လေသည်။ သို့သော်လည်း သခင်ကို အသိအမှတ်ပြုပြီးသည့်နောက် နောက်ထပ် ကျင့်ကြံသူအနေနှင့် ထပ်လွှမ်းမိုးဖို့ ခက်လိမ့်မည်။ ထို့ကြောင့် မည်သူကမှ တခြားသူ၏ စီးတော်သားရဲကို မတပ်မက်ကြပေ။

အခြားလူများလည်း လုကျိုးနောက်မှ လိုက်လာကြသည်။

ရှန့်ယွင်ကျန်းက လုံးဝ မတည်မငြိမ် ဖြစ်နေလေပြီ။ သူမက လက်အောက်ငယ်သားလေးယောက်ကို ခေါ်ကာ ထွက်လာခဲ့၏။ သူမက မော့ကြည့်လိုက်သည့်အခါ ဝံပုလွေနှင့် တူသည့် သားရဲက ခန္ဓာကိုယ်မှ ခရမ်းရောင်အငွေ့များ ထုတ်လွှင့်နေကြောင်း မြင်လိုက်ရသည်။ ထိုအကောင်က ဆယ်ပေရှည်လျား၏။

ခရမ်းရောင်အငွေ့ ထုတ်လွှင့်နေသည့် စီးတော်သားရဲအနေနှင့် အငွေ့က မြေပေါ် မကြာခင် ကျရောက်လာသည်။

“တကယ် အဆိပ်ရှိတယ် ”

အားလုံးက သူတို့၏ ကာကွယ်ရေးစွမ်းအားများကို အသက်သွင်းလိုက်ကြသည်။

“အဲဒါ ဘာစီးတော်သားရဲလဲ” ဖန်ကျုံးက သိချင်စွာ မေးလိုက်သည်။

“ အဆိပ် သိပ်သည်းမလာခင် ဆင်းလာဖို့ ပြောလိုက်” ကျိုးကျစ်ဖုန်းက အလောတကြီး ပြောလိုက်သည်။

ရှန့်ယွင်ကျန်းက လေထဲ ပျံသန်းသွားကာ အော်ပြောလိုက်သည် “ တိရစ္ဆာန်ကောင် ဆင်းလာစမ်း ”

ထိုစဉ် စီးတော်သားရဲက ရုတ်ခြည်း ဦးတည်ချက် နေရာပြောင်းသွားလေသည်။ ထိုအရာက မျက်လုံးထဲတွင် အလင်းတစ်ချက် လက်သွားပြီး ရှန့်ယွင်ကျန်းအား လျှပ်စီးလိုအလျှင်ဖြင့် တိုက်ခိုက်လိုက်သည်။

“အကြီးအကဲရှန့် ” ရှန့်ယွင်ကျန်း၏ လက်အောက်ငယ်သားများက ပြိုင်တူ အော်လိုက်ကြသည်။

အားလုံးကလည်း စီးတော်သားရဲ၏ ရုတ်တရက် အပြုအမူကြောင့် ကြောင်အမ်းသွားကြသည်။

ရှန့်ယွင်ကျန်းက အစကတည်းက လေးသမားတစ်ယောက် ဖြစ်ပြီး စီးတော်သားရဲက သူမကို တိုက်ခိုက်လာလိမ့်မည်ဟု မထင်ထားပေ။

ဘန်း

ရှန့်ယွင်ကျန်း ပြုတ်ကျသွားသည်။ သို့သော် သူမ၏ ကာကွယ်ရေးစွမ်းအားက တိုက်ခိုက်မှုအများစုကို ကာဆီးနိုင်လိုက်၏။

ဂီး …

ခရမ်းရောင် ဝံပုလွေလိုမျိုး စီးတော်သားရဲက အရွယ်အစား ကြီးမားလာပြီး ယခုအခါ ပို၍ ကြောက်စရာကောင်းလာသည်။

ဝင်ပါချင်နေသည့် တွမ့်မူရှန်းက ပြောလိုက်သည် “ ရှစ်စွင်း ကျွန်တော် အဲဒီတိရစ္ဆာန်ကောင်ကို နှိမ်နင်းပါရစေ”

လုကျိုးက သူ့အား ကြည့်လိုက်ပြီးနောက် ခေါင်းခါကာ “ ဒါက သာမန်အဆိပ်မျိုး မဟုတ်ဘူး။ စုန်းအတတ် ပါတယ် ”

“စုန်းအတတ်လား”

အခြားလူများလည်း အံ့ဩသွားကြသည်။

စုန်းအတတ်ကို ထုတ်ပြောလိုက်သည့်အခါ အခြားလူများက မော့လီကို ချက်ချင်း တွေးမိသွားကြသည်။

“စီးတော်သားရဲက ဘယ်လိုလုပ် စုန်းအတတ် သိနေရတာလဲ ”

ထိုစဉ် စီးတော်သားရဲက အဆိပ်များစွာ ထုတ်လွှင့်လာသည်။

ရှန့်ယွင်ကျန်းက ချက်ချင်း ဒူးထောက်လိုက်ကာ “ မျှော်နန်းသခင် ဒါက နားလည်မှုလွဲတာပါ။ လော့ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို ရန်သူ ဖြစ်စေဖို့ ရည်ရွယ်ထားရင် ကျွန်မ ဒီကို ရောက်လာမှာ မဟုတ်ပါဘူး။ တစ်ယောက်ယောက်က ကျွန်မတို့ကြား ရန်ငြိုးဖြစ်အောင် လုပ်ဖို့ ကြိုးစားနေတာ ဖြစ်ရမယ် ”

ထိုစဉ် ဟွားယွဲ့ရှင်းက သူမ၏ စွမ်းအင်လေးကို ထုတ်ဖော်လိုက်သည်။ သူမက ရွှေရောင်စွမ်းအင်မြားများဖြင့် ပစ်လွှတ်လိုက်၏။

ဝှစ် ဝှစ် ဝှစ်

စွမ်းအင်မြားသုံးစင်းက ဥက္ကာပျံအလား ကောင်းကင်ကို ဖြတ်သွားကာ လေထဲရှိ ဝံပုလွေလိုမျိုး စီးတော်သားရဲကို ထိမှန်သွားသည်။

ဤသည်က လေးသမားတစ်ဦး၏ အရည်အချင်း ဖြစ်၏။ လေးသမားများက ပစ်မှတ်ကို အမြဲထိမှန်အောင် ပစ်နိုင်သည်။

ရှန့်ယွင်ကျန်းလည်း မတ်မတ်ရပ်လိုက်ပြီး သူမ စွမ်းအင်မြားကို ထုတ်ဖော်လိုက်သည်။ ပွင့်ချပ်ခြောက်လွှာ လေးသမားကား အမှန်တကယ် ထူးခြားလှသည်။ စွမ်းအင်မြားသုံးစင်က ကောင်းကင်တခွင် ဖြတ်ပြေးသွားသည်။

ဝုန်း

သူတို့က မြားကို မတူညီသည့် အချိန် ပစ်လွှတ်လိုက်သော်လည်း စီးတော်သားရဲကို တစ်ချိန်တည်း ထိမှန်သွားကြသည်။

အခြားလူများလည်း အံ့ဩနေကြ၏။

ဟွားယွဲ့ရှင်းက နည်းနည်း မျက်နှာပူသွားဟန်ပေါ်သည်။

ဟွားဝူတောက်က သူမ ပခုံးကို ပုတ်ပေးလိုက်ကာ “ စိတ်မပူနဲ့ … မင်း သူ့ကို နောက်နှစ်နည်းနည်းနေရင် ကျော်သွားလိမ့်မယ်။ မင်းက ပွင့်ချပ်နှစ်လွှာအဆင့်ပဲ ရှိသေးတာလေ။ သူမက ပွင့်ချပ်ခြောက်လွှာအဆင့် ရောက်နေပြီလေ”

“ အားပေးစကားအတွက် ကျေးဇူးတင်ပါတယ် ” ဟွားယွဲ့ရှင်းက ပြောလိုက်သည်။

ရှန့်ယွင်ကျန်းက ထိုအတွက် ဂရုစိုက်နေဖို့ အချိန်မရှိပေ။ သူမအကြည့်များက လင်းယုန်တစ်ကောင်လို စူးရှနေ၏။ လေးသမားတစ်ယောက်အဖြစ် သူမ၏ ထူးခြားသည့် အကျင့်စရိုက်ကို မြင်တွေ့နိုင်လေသည်။ သူမက ဒီတိရစ္ဆာန်ကို မြန်မြန် ထိန်းရမည်။ မဟုတ်ပါက လော့ဂိုဏ်းနှင့် မိစ္ဆာဝေဟင်မျှော်နန်းကြား ရန်ငြိုးက သေချာပေါက် ဖြစ်တည်လာလိမ့်မည်။

ရှန့်ယွင်ကျန်းက ပိုမို အားကောင်းသည့် မြားချက်များ ထုတ်ဖော်နေသည်။ အစပိုင်းတွင် သူမက မြားသုံးစင်းကို တစ်ခါတည်း ပစ်လွှတ်ခဲ့သော်လည်း ယခုအခါ ဆယ်စင်း တစ်ပြိုင်နက် ပစ်ခတ်နေသည်။

သို့သော်လည်း စီးတော်သားရဲက ခုခံနိုင်စွမ်း ကောင်းလှသည်။ ရံဖန်ရံခါ အူသည်မှလွဲ၍ သူ့အပေါ် သက်ရောက်မှုရှိဟန် မပေါ်ပေ။ ထို့အစား သူက အဆိပ်များကို တတ်နိုင်သမျှ မြန်မြန် ထုတ်လွှင့်နေသည်။

စီးတော်သားရဲက ရူးသွပ်သွားသည့်အလား တိမ်တွေကြား လူးလာပျံနေသည်။

ဂီး …

မည်သူကများ သူ့အရှိန်ကို မီနိုင်မည်နည်း။ သူတို့က ထိန်းနိုင်ဖို့ မပြောထားနှင့် မဟာနည်းစနစ်များနှင့်ပင် အမီမလိုက်နိုင်ကြပေ။

All Chapters