အခန်း (၃၇၉-၃၈၁)
Vol. 26 Ch. 379-381
အခန်း (၃၇၉) ယွီရှန်းရုန်ကိုသတ်
တစ်ကိုယ်လုံးကြေးညှော်များပေနေပြီး ထူးထူးဆန်းဆန်း အနံ့အသက်တို့သည် အနက်ရောင် မြူထဲကနေ ထွက်ပေါ်လာ၏။ သူဖြတ်သန်းသည့်နေရာတိုင်း အပင်များညှိုးရော်ကုန်သည်။ သူက ဓားသင်္ချိုင်း၏အပြင်သို့ရောက်သည့်အချိန်၌ ရပ်တန့်လိုက်တော့သည်။
ဗြဟ္မာ့ပင်လယ်ချီသွေးကြောရှစ်ကြောကျင့်ကြံသူသည် အဝေးကနေပျံသန်းသွားကြ၏။ သူတို့မြေပြင်ပေါ်ဆင်းသက်ချိန် သူတို့က အလိုလိုအရိုအသေပေးလိုက်သည်။
“နှုတ်ခွန်းဆက်ပါတယ် ... ဂိုဏ်းချုပ်။ ဂိုဏ်းချုပ် ဘယ်လိုဖြစ်သွားတာလဲ”
ကျန်ရှိသည့် တပည့်များသည် ကျန့်ယွမ်ရှန်း၏သွင်ပြင်ကို မြင်တွေ့သည့်အချိန်၌ ထိတ်လန့်သွားကြ၏။ သမာသမတ်ဂိုဏ်းသည် သူတို့အသက်ဘေးအတွက် ပြေးလွှားနေရသည်က နေ့စဉ်အမှုဆိုတာ မှန်သော်ငြား ဤပုံအတိုင်းဖြစ်ရန်တော့မလုံလောက်တာသေချာသည်။ အနည်းဆုံးတော့ သူတို့နောက်လိုက်နေသည့် သစ္စာရှိတပည့်တချို့ရှိနေသေး၏။
ကျန့်ယွမ်ရှန်းက ခေါင်းကိုဖြည်းဖြည်းချင်းမော့လိုက်သည်။ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ မျက်ဝန်းများက အေးစက်သွား၏။ သူက ညာလက်ကိုမြှောက်လိုက်သည်။ ခရမ်းရောင် နွယ်ပင်များက သူ့လက်ဝါးထဲကနေပေါ်ထွက်လာပြီး လက်ဝါးစည်းသင်္ကေတနှင့် ဆက်နွယ်သွားပြီးနောက် အရပ်မျက်နှာဆီတကွဲတပြားသွားတော့၏။
“ဂိုဏ်းချုပ်”
တပည့်များက အချိန်မှီမတုံ့ပြန်နိုင်ခဲ့ပေ။ သူတို့၏လည်ပင်းများသည် ထူးဆန်းသော လက်ဝါးစည်းသင်္ကေတဖြင့် လည်ပင်းညှစ်ခံလိုက်ရသည်။ သူတို့က လေပေါ်သို့ မြှောက်တက်သွားကာ ခြေထောက်က လွတ်သွားတော့၏။ သူတို့၏ဂိုဏ်းချုပ် ကျန့်ယွမ်ရှန်းကို ကြောက်လန့်မှုဖြင့် ကြည့်နေသည်။ အားလုံးက ဇဝေဇဝါဖြစ်နေ၏။ အချိန်ကြာလာသည်နှင့်အမျှ သူတို့ အသက်ရှုရ ပိုခက်ခဲလာမှန်းသိလိုက်သည်။ လက်ဝါးစည်းက သူတို့၏ဆုပ်ကိုင်မှုကို တင်းကျပ်လိုက်ပုံရ၏။ မကြာမီ၌ သူတို့က အသက်ရှူပိုမြန်လာတော့သည်။
“ဂိုဏ်းချုပ် မဟုတ်ဘူး ... မဟုတ်ဘူး မလုပ်နဲ့"
ကံဆိုးသည်မှာ ကျန့်ယွမ်ရှန်း၏မျက်နှာ၌ ခံစားချက်များမရှိဘဲ မျက်ဝန်းများက အေးစက်နေ၏။
တပည့်များသည် စွမ်းအင်နွယ်ပင်များကြောင့် လေထဲသို့ ပိုမြန်မြန်အမြှောက်ခံလိုက်ရ၏။ တပည့်များထံမှ လက်ဝါးများသည် ကျန့်ယွမ်ရှန်း၏ခန္ဓာကိုယ်ထဲ စီးဝင်သွားတော့သည်။
နောက်ဆုံးတွင် ကျန့်ယွမ်ရှန်းက နှုတ်ခမ်းဟပြီးနောက် တစ်ခွန်းတည်းပြောလိုက်သည်။ “ကောင်းတယ်”
ဂျွတ် ... ဂျွတ် ... ဂျွတ် ...
လက်ဝါးစည်းသည် ရုတ်တရက်ပိုတောင်ပြင်းပြင်းထန်ထန်ညစ်လိုက်သည်။ တပည့်များ၏ လည်ပင်းများ ကျိုးကုန်ပြီး သူတို့အသက်မရှူနိုင်တော့ပေ။ သူတို့ခန္ဓာကိုယ်မှ အသက်စွမ်းအင်သည် စွမ်းအင်နွယ်ပင်များရုတ်သိမ်းတာခံလိုက်ရ၏။ တပည့်များ၏ခန္ဓာကိုယ်သည် စတင်ညှိုးရော်လာကာ ခဏအကြာတွင် ပျောက်ကွယ်သွား၏။ စွမ်းအင်လက်တံများက ရုတ်သိမ်းသွားသည်နှင့် ညှိုးရော်နေသောအလောင်းများက မြေကြီးပေါ်ပြုတ်ကျသွားတော့သည်။
ထိုစဉ် ကျန့်ယွမ်ရှန်း၏နားထဲ နက်ရှိုင်းသော အသံတစ်သံရောက်လာ၏။ “ဒီပျင်းစရာကောင်းတဲ့ ပစ်မှတ်တွေပေါ်မှာ အချိန်ဖြုန်းမနေနဲ့”
ကျန့်ယွမ်ရှန်းက ခေါင်းငုံ့လျက်ခေါင်းညိတ်လိုက်တော့သည်။
“ဟုတ်ပြီ”
သူက ကြိုးတစ်ချောင်းကို ကိုင်လျက် အလောင်းများနှင့်အတူ ရှေ့သို့ဆက်သွားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သစ်ပင်များအကြား ပျောက်ကွယ်သွားလေ၏။ အချိန်မည်မျှ ကြာသွားသည်မသိ။ ကျန့်ယွမ်ရှန်းသည် ရေအိုင်ဘေးသို့ရောက်ပြီး သူ့နောက်၌ အလောင်း ရှိနေသေးဆဲဖြစ်သည်။ သူက ရပ်တန့်လိုက်ပြီးနောက် အဝေးသို့ငေးကြည့်လိုက်သည်။ သူက ရေရွတ်ပြောလိုက်၏။ “ရွှေ ... နန်း ... ဥ ... ယျာဉ် ... တောင်”
ကျန့်ယွမ်ရှန်း၏နားထဲအမိန့်ပေးသံက ထပ်မံထွက်ပေါ်လာ၏။
“မင်းလမ်းကို ဆက်သွား ရွှေနန်းဥယျာဉ်တောင်က မင်းရဲ့ပစ်မှတ်မဟုတ်ဘူး”
“ဟုတ်ပါပြီ” ကျန့်ယွမ်ရှန်းက အလောင်းကိုဆွဲလျက်ရှေ့ဆက်သွားသည်။ ထူးဆန်းသည်မှာ သူလျှောက်သွားခဲ့သည့်လမ်းတစ်လျှောက်က အားလုံးညှိုးရော်ကုန်တာပဲဖြစ်သည်။ သူတို့က ကြုံရာကျပန်း မဟုတ်။ မျဉ်းတစ်ကြောင်းတည်းဆက်နေပုံပေါ်၏။ နောက်ဆုံးတွင် ရေကန်နား ပျောက်ကွယ်သွား၏။
ထိုစဉ် ရေအိုင်နားတစ်ဝိုက်တောအုပ်အထက်တွင်ဖြစ်သည်။
ဝတ်ရုံဖြူဖြင့် လူတစ်ယောက်သည် ကျန့်ယွမ်ရှန်း ပျောက်ကွယ်သွားသည့်နေရာကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။ "ရုပ်သေးလား”
ယဲ့ထျန်းရှင်းသည် ရေကန်မျက်နှာပြင်ကို ကြည့်ပြီးနောက် ရွှေနန်းဥယျာဉ်တောင် ရှိရာဖက်ဆီသို့ ကြည့်လိုက်၏။ သူမမျက်နှာထက်တွင် တွေဝေမှု တစွန်းတစကို တွေ့လိုက်ရသည်။
နောက်တစ်နေ့တွင် မီးခိုးရောင်တိမ်တိုက်များက စုဝေးနေသည်။ ယနေ့က မိုးအုံ့သည့် နေ့တစ်နေ့ ဖြစ်သည်။
ကျောက်စိမ်းယဇ်ပလ္လင်က တိတ်ဆိတ်ပြီးငြိမ်းချမ်းသည်။ ကျောက်စိမ်းယဇ်ပလ္လင်၏အလယ်၌ လူတစ်ယောက် ရပ်နေ၏။ သူက မျက်လုံးမှိတ်ထားသည်။ သူ့လက်ကို သူ့ရှေ့ရှိဓားရိုးပေါ်တွင် ထားထားသည်။
“ဒုတိယသခင်လေး ... ထပ်မစောင့်သင့်တော့ဘူး။ သမာသမတ်ဂိုဏ်းရဲ့ပိုင်နက်က အခုဆို ငရဲဂိုဏ်းရဲ့ပိုင်နက် ဖြစ်နေတာကြာပြီ။ ကျန့်ယွမ်ရှန်းက သူ့ရဲ့သူရဲဘောကြောင်မှုအတွက် လူသိများတယ်။ သူပေါ်လာစရာအကြောင်းမရှိဘူး” ငရဲဂိုဏ်း၏တပည့်တစ်ယောက်သည် အရိုအသေပေးလျက် ပြောလိုက်သည်။
ယွီရှန်းရုန်က မျက်လုံးမဖွင့်ပေ။ သူက ခပ်ဖျော့ဖျော့ပြုံးလျက်ပြောလိုက်သည်။ "လောစရာမရှိဘူး”
“အမ်း”
“ကြင်နာတဲ့ အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ်” ယွီရှန်းရုန်က ယဉ်ကျေးစွာ ပြောလိုက်သည်။
ထိုစဉ် ကျောက်စိမ်းယဇ်ပလ္လင်နှင့် မိုင်ပေါင်းများစွာအကွာ သစ်ပင်ကြီးများအနက် အနက်ရောင် အစုအဝေးများ စတင်စုဝေးပေါ်ပေါက်လာပုံပေါ်သည်။
“ဒုတိယသခင်လေး ... မိုးရွာတော့မဲ့ပုံပဲ။ ဂိုဏ်းချုပ်က သခင်လေးဒီမှာ သက်သောင့်သက်သာ နားရအောင်လို့ လုပ်ခိုင်းဖို့ မှာထားတယ်” တပည့်သည် ဒဏ္ဍာရီလာဓားနတ်ဆိုးက အတော်လေး ချဉ်းကပ်ရတာ ခက်သည်ဟု ခံစားမိလိုက်သည်။ သူသည် ယွီရှန်းရုန်၏ ကောင်းမွန်သည့်ဖက်ခြမ်းကို ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်၏။ သူတို့ မိတ်ဆွေများအဖြစ်တောင် အဆုံးသတ်သွားလိမ့်မလားဆိုတာ မည်သူက သိမည်နည်း။ ဓားနတ်ဆိုးနှင့် မိတ်ဆွေဖြစ်လျှင် သူ မည်မျှ ဂုဏ်ယူဝင့်ကြွားနေရမည်နည်း။ ကျင့်ကြံခြင်းလောကက သူ့ကိုအားကျနေလိမ့်မည်။
ရုတ်တရက် ယွီရှန်းရုန်က ပြောလိုက်၏။ "နောက်ဆုတ်”
သူက တပည့်ကိုမကြည့်ပေ။ စွမ်းအင်လှိုင်းက ရုတ်တရက် ပေါ်ထွက်လာသည်။
“ဟမ် ... “
ဘန်း
ငရဲဂိုဏ်း၏တပည့်သည် ကျောက်စိမ်းယဇ်ပလ္လင်အပြင်ဖက်သို့လွင့်ထွက်သွား၏။ သူနောက်သို့ လွင့်ထွက်သွားစဉ် သူ့ဂိုဏ်းချုပ် ပြောတာမှန်သည်ဟု သူ နောက်ဆုံးသဘောပေါက်သွားသည်။ ဒုတိယသခင်လေးသည် ကြင်နာသောသွင်ပြင်ဖြင့် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည့်သူတစ်ယောက်ဖြစ်သည်။
ထိုစဉ် ယွီရှန်းရုန်က သူ့ရှေ့ရှိတောအုပ်ကိုကြည့်လိုက်၏။ သူ့လက်ထဲရှိ သက်တော်ရှည်ဓားက အနည်းငယ် တုန်လှုပ်သွားတော့သည်။ သူက စိုးရိမ်တာလည်းမဟုတ် ... ကြောက်ရွံ့ခြင်းလည်းမရှိ။ ထိုအစား မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ပေါ်လာသည်။
“သန်မာတဲ့ ပြိုင်ဖက်တစ်ယောက်လား”
ယွီရှန်းရုန်က စိန်ခေါ်ရခြင်းကိုနှစ်ခြိုက်၏။ သူသည် သန်မာသည့်ရန်သူကို ရင်ဆိုင်ရတာ သဘောကျသည်။ အမည်စာရင်းပေါ်ရှိနာမည်များစွာကို ခြစ်ချပြီးနောက် သူ အနည်းငယ် ပျင်းရိလာပြီ ဖြစ်သည်။ လက်ရွေးစင်ဟုခေါ်သည့် လူအများစုက အလွန်ပျော့ညံ့၏။
ထိုစွမ်းအင်လှိုင်းပေါ်ထွက်လာမှုက သူ၏စိတ်ဝင်စားမှုကို နှိုးဆွသွားတော့သည်။
သစ်ပင်များက ဖြည်းဖြည်းချင်း ညှိုးရော်ပြီး သစ်ရွက်များကြွေကျကုန်၏။
ထိုစဉ် ယွီရှန်းရုန်သည် နောက်ဆုံးတော့ ဆံပင်များရှုပ်ပွပြီး မျက်နှာများ ညစ်ပတ်ပေရေနေကာ ကြိုးတစ်ကြိုးကို ဆွဲထားသည့်ကျန့်ယွမ်ရှန်းကို မြင်လိုက်ရ၏။ သူက အနားသို့ရွေ့လာပြီး ချက်ချင်းပင် သူက ယွီရှန်းရုန်နားရောက်လာ၏။ သူ့အဖို့တောအုပ်ကနေ ကျောက်စိမ်းယဇ်ပလ္လင်သို့ ရောက်ရန် အသက်ရှိုက်စရာအနည်းငယ်ယူခဲ့ရသည်။
ထိုမြင်ကွင်းက ထူးဆန်းလှသည်။ အညစ်အကြေးများဖြင့် ဖုံးလွှမ်းနေသော မကောင်းဆိုးဝါးတစ်ကောင်ကို မြင်နေရပြီး ၎င်းက အလောင်းတစ်လောင်းဆွဲလာ၏။
ယွီရှန်းရုန်က မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။
ထိုစဉ် အလောင်းဆွဲလာသည့်သူက အနည်းငယ်မော့ကြည့်ပြီး ပြောလိုက်တော့၏။ “ယွီ ... ရှန်း ... ရုန် ငါတို့ နောက်ဆုံးတော့တွေ့ကြရပြီ” စွမ်းအင်တစွန်းတစက သူ့စကားထဲပါဝင်နေ၏။
“ကျန့်ယွမ်ရှန်းလား” ယွီရှန်းရုန်က ကျန့်ယွမ်ရှန်း ဤပုံအတိုင်းပြောင်းလဲသွားမည်ဟု မထင်ထားပေ။ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
“မင်း ... ငါ့ကို သတ်ချင်နေတာ”
“ဒီစာရင်းထဲမှာ ပါတဲ့သူဘယ်သူပဲဖြစ်ဖြစ် ကျုပ်ဓားနဲ့အသတ်ခံရမယ်” ယွီရှန်းရုန်သည် ကျန့်ယွမ်ရှန်း၏ သွင်ပြင်ကြောင့် ခြိမ်းခြောက်မခံရပေ။ သူသည် လျစ်လျူရှုသည့် သဘောထားကိုထိန်းသိမ်းထား၏။
“ဟုတ်ပြီ” ကျန့်ယွမ်ရှန်းက ခဲရာခဲဆစ်ပြောလိုက်ပြီးနောက် သူ၏မျက်လုံးများလည်သွားတော့၏။ ပြီးနောက် သူက လှုပ်ရှားမှုမရှိရပ်တန့်နေလျက် လှုပ်ရှားမှုတစ်ခုကိုပြင်ဆင်နေသည်။
ယွီရှန်းရုန်သည် ကျန့်ယွမ်ရှန်းဆီမှာ ထူးဆန်းသော စွမ်းအင်ကို အာရုံခံမိပြီး သူက ခပ်ဖျော့ဖျော့ ပြုံးလျက် ပြောလိုက်၏။ "စိတ်ဝင်စားစရာပဲ” သူသည်ညာလက်ဖြင့် သက်တော်ရှည်ဓားကို မြှောက်ကိုင်ကာ လက်မကို ဆက်ခနဲတွန်းလိုက်၏။
ကျီ ...
သက်တော်ရှည်ဓားက ဓားအိမ်ထဲကနေထွက်လာ၏။ ဓားရာက မကျန်ရစ်ခဲ့ပေ။
ယွီရှန်းရုန်ရှေ့၌ စွမ်းအင်ဓားသွားများစွာဖွဲ့တည်လာ၏။ ၎င်းတို့က စွမ်းအင်များစွာ သက်တော်ရှည်ဓားနား ရစ်ဝဲနေပြီး ပြုတ်ကျလာတော့သည်။ သူသည် ရေကို စမ်းသပ်နေရုံသာရှိ၏။ ဓားစွမ်းရည်က အစွမ်းမထက်သေးပေ။
ဝှစ် ... ဝှစ် ... ဝှစ်
စွမ်းအင်ဓားသွားများက စုဝေးလာပြီး ကျန့်ယွမ်ရှန်းဆီသို့ ဦးတည်သွား၏။
ကျန့်ယွမ်ရှန်းသည် သူ့နေရာက မလှုပ်ရှားပေ။
ဖုန်း ... ဖုန်း ... ဖုန်း
စွမ်းအင်ဓားသွားများသည် ကျန့်ယွမ်ရှန်း၏ ခန္ဓာကိုထိမိသွားပြီး ပျော်ဝင်သွား၏။ သို့သော်ငြား သူ မပြိုလဲသွားပေ။
လက်ရွေးစင်တစ်ယောက်သည် တိုက်ကွက်များတစ်ကွက်ဖြင့် ကိစ္စရပ်များစွာသင်ယူနိုင်၏။
ယွီရှန်းရုန်သည် သူ၏နေရာကနေငုံ့ကြည့်ပြီးနောက် သဘောမတွေ့သောလေသံဖြင့် ပြောလိုက်တော့သည်။ “စုန်းအတတ်လား”
“မင်းက အမြင်စူးရှတာပဲ” ယွီရှန်းရုန်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ကြီးမြတ်သော စွမ်းအားကိုခံစားမိသည်။ သို့သော် ယခုအချိန်ထိ သူမလှုပ်ရှားသေးပေ။ သူ့၌ အခွင့်အရေးနှစ်ခု သုံးခုရှိ၏။ ထို့ကြောင့် ယွီရှန်းရုန်ကို သတ်ဖြတ်ရန် အကောင်းဆုံးအခွင့်အရေးကို ဖမ်းဆုပ်ရမည်။
သက်တော်ရှည်ဓားက ပြန်ရောက်လာပြီး ယွီရှန်းရုန်နား၌ ရစ်ဝဲနေလေ၏။ သူက သက်တော်ရှည်ဓားကို ကြည့်ပြီးပြောလိုက်သည်။
"မင်းက ငါ့ရဲ့ဓားကို ကျေနပ်စေဖို့မျှော်လင့်တယ်" သူက မြေပြင်ပေါ်ကနေ ခပ်သာသာထွက်လျက် ကျောက်စိမ်းယဇ်ပလ္လင်ကနေ ခုန်ဆင်းလိုက်တော့သည်။
…
အခန်း (၃၈၀) အခွင့်အရေးသုံးခု
ဤသည်မှာ သူတိုက်ကွက်ဖြစ်သည့် နှင်းကျတောင်တန်း ဖြစ်ပေသည်။ နာမည်ကို စွမ်းအားဓားသွား နှင်းလိုမျိုး အဆက်မပြတ် ကျဆင်းလာသည်ကို အစွဲပြု၍ ပေးထားခြင်း ဖြစ်၏။ သူတို့က နှင်းပွင့်လေးကဲ့သို့ ပေါ့ပါးသော်လည်း အင်မတန် အေးစက်လေသည်။
ယွီရှန်းရုန်က ငြိမ်သက်စွာ ရပ်နေသည်။ သူက ဓားကို အောက်ချလိုက်သည့်အခါ မီတာဒါဇင်ချီပတ်လည်အတွင်း လေထုက အုတ်အော်သောင်းနင်း ဖြစ်သွားကာ သူ့ပတ်လည် စွမ်းအားဓားများ ပေါ်ထွက်လာသည်။ နှင်းကျတောင်တန်း၏ စွမ်းအားဓားများက အသက်ရှည်ဓားနှင့်အတူ ကျန့်ယွမ်ရှန်းအား ထိုးစိုက်သွားသည်။
ထိုစဉ် ကျန့်ယွမ်ရှန်း ရပ်နေသည့်နေရာမှ အနက်ရောင်စွမ်းအားများ ထွက်ပေါ်လာသည်။ ထိုအရာက မီးခိုးငွေ့များလို လေထဲ ပျံတက်သွားပြီး စွမ်းအားဓားများဖြင့် ပေါင်းစပ်သွားလေသည်။
ယွီရှန်းရုန်၏ အမူအရာက ပြောင်းလဲခြင်း မရှိပေ။ သူက အနက်ရောင်စွမ်းအားအတွင်း စွမ်းအားကို ခံစားမိ၏။ သူက ထိုအရာကြောင့် နည်းနည်း စိတ်ရှုပ်သွားသော်လည်း တွေးမနေတော့ပေ။ ထို့အစား သူက တိုက်ခိုက်မှုကိုသာ အာရုံစိုက်ထားလိုက်သည်။
ဤသည်မှာ ဓားသမားတစ်ယောက်၏ ရပ်တည်မှု ဖြစ်၏။ သူတို့ ငြိမ်သက်နေလျှင် သာမန်လို ဖြစ်နေသော်ငြား လှုပ်ရှားလိုက်သည်နှင့် တုန်လှုပ်စရာကောင်းလာစေလိမ့်မည်။ သူက မီတာရာချီအကွာအဝေးသို့ လျှပ်တစ်ပြက် ရောက်သွားလေသည်။ သူက ဓားဖြင့် ခုတ်ချလိုက်၏။
ဘန်း
ကျန့်ယွမ်ရှန်းက မရှောင်ပေ။
ယွီရှန်းရုန်၏ ဓားသွားက ကျန့်ယွမ်ရှန်း၏ နှလုံးသားကို ထိုးစိုက်သွားသည်။
ယွီရှန်းရုန်၏ စွမ်းအားကြီး ဓားက ကျန့်ယွမ်ရှန်း၏ ချီသွေးကြောရှစ်ခုအတွင်း ဗြောင်းဆန်စေကာ အကုန်ဖျက်ဆီးပစ်လိုက်သည်။ သာမန်ကျင့်ကြံသူတစ်ယောက်က သူတို့အရေးကြီးအင်္ဂါများ ဒဏ်ရာရသွားသည်နှင့် အဆုံးသတ်သွားလိမ့်မည်။ သို့သော်လည်း ကျန့်ယွမ်ရှန်းက သူ့မျက်လုံးကို မှေးလိုက်ကာ လက်ဝါးနှစ်ခုအတူတူ ပူးထားလိုက်သည်။
ထိုစဉ် သူ့ခန္ဓာကိုယ်ထဲမှ ထူးခြားစွမ်းအားလှိုင်းက ဒီရေလှိုင်းလိုမျိုး ထွက်လာသည်။
ဝှစ်
ယွီရှန်းရုန်က ရွှေကြာပေါ် ရပ်နေရင်း ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို အသက်သွင်းလိုက်သည်။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်မရုပ်သိမ်းနိုင်လိုက်ခင် ထူးခြားစွမ်းအားက ရွှေကြာပေါ် ကျရောက်လာသောကြောင့် စိတ်ဝိညာဉ်သဏ္ဌာန်က အလျင်အမြန် ကျုံ့လာလေသည်။
ဘုန်း
ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားသည်။ သူက လေထဲတွင် ဝေ့နေရင်း ကျန့်ယွမ်ရှန်းအား ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။ “စိတ်ဝင်စားစရာပဲ ”
ကျန့်ယွင်ရှနး၏ လက်ဝါးက အနည်းငယ် တုန်ယင်လာသည်။ သူက ဒီတိုက်ကွက်ကို ကျေနပ်ပုံမရပေ။ သူက ဓားနတ်ဆိုး၏ စွမ်းအားကို လျှော့က်မိကြောင်း သဘောပေါက်လိုက်သည်။ သူက အသံဩဩဖြင့် ပြောလိုက်သည်။ “ စိတ် … ဝင်စားစရာတဲ့လား ”
“ ငါ လေးပင်လယ်ကနေ စီရင်စုကိုးခုအထိ ထိပ်တန်းကျင့်ကြံသူအများကြီးကို စိန်ခေါ်ခဲ့ဖူးတယ်။ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းစေတာ အနည်းငယ်ပဲ ရှိတယ်။ မင်းက အခု သူတို့ထဲက တစ်ယောက်ပဲ” ယွီရှန်းရုန်က ဖြစ်ပျက်ခဲ့သမျှကို ပြန်စဉ်းစားရင်း ပြောလိုက်သည်။ သူသာ အတွေ့အကြုံမရှိဘဲ တစ်ဖက်လူကို လျော့တွက်မိလျှင် ထူးခြားစွမ်းအားက သူ့ရင်ဘတ်ဆီ ထိမှန်လာနိုင်သည်။
အားလုံးက ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်သည် ခုခံနိုင်စွမ်း မြင့်မားကြောင်း သိထားကြသည်။ သို့သော်လည်း လူတချို့သာ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်၏ ခုခံမှုက ခန္ဓာကိုယ်တွင် မတည်ရှိဘဲ ရွှေကြာတွင် ရှိကြောင်း သိကြသည်။
ယွီရှန်းရုန်၏ ရွှေကြာက ကျန့်ယွမ်ရှန်း၏ တိုက်ကွက်ကို တားဆီးပေးခဲ့သည်။
ကျန့်ယွမ်ရှန်းက ရင်ဘတ်ကို ရိုက်လိုက်ပြီး အသက်ရှည်ဓားကို ဆွဲနှုတ်လိုက်သည်။ ထို့နောက် သူက လက်ထဲတွင် ဓားကိုင်ပြီး ညာဘက်လက်ဖြင့် ဓားကို ချိုးဖို့ ကြိုးစားလိုက်သည်။
ချွမ်
ကျန့်ယွမ်ရှန်း လက်ထဲမှ အသက်ရှည်ဓားက ယွီရှန်းရုန်ဆီ ပြန်ရောက်သွားသောကြောင့် လေထုထဲ အသံကျယ်ကြီး ထွက်လာလေသည်။
ယွီရှန်းရုန်က ညာဘက်လက်ကို မြောက်လိုက်သည်။ ထိုအရာက အသိရှိနေသည့်အလား အသက်ရှည်ဓားက သူ့လက်ထဲ ချက်ချင်း ပျံသန်းလာသည်။
“ငါ့ဓားကို လက်ဗလာနဲ့ ချိုးဖျက်ဖို့ လုပ်နေတာလား …မင်း အိပ်မက်မက်နေတာပဲ”
အသက်ရှည်ဓားက အကောင်းဆုံး ကောင်းကင်အဆင့် လက်နက်ထဲမှ တစ်ခု ဖြစ်ပေသည်။ ပြောရလျှင် ဟိုးစဉ်ကတည်းက ယွီရှန်းရုန်နှင့် သဟဇာတ ဖြစ်နေပြီးသား ဖြစ်၏။ ထိုအရာက ဘယ်လက်နက်ထက်မှ မနိမ့်ကျပေ။ ထို့ကြောင့် လက်ဗလာဖြင့် ချိုးဖို့ မဖြစ်နိုင်ပေ။
ဝှစ်
ကျန့်ယွမ်ရှန်းဆီမှ အနက်ရောင်စွမ်းအားများ ထပ်မံ ထွက်ပေါ်လာသည်။ အကယ်၍ အနီးကပ်ကြည့်ပါက ထိုအနက်ရောင်စွမ်းအားသည် တကယ်တော့ ခရမ်းရင့်ရောင် ဖြစ်၏။ အရောင်ရင့်လွန်း၍ အနက်ရောင်နှင့် တူနေခြင်း ဖြစ်သည်။
ကျန့်ယွမ်ရှန်းဘေးပတ်လည်မှ အပင်များက စတင်ညှိုးနွမ်းလာသည်။
ယွီရှန်းရုန်က ကျန့်ယွမ်ရှန်း၏ ခန္ဓာကိုယ်သည် လူသားတစ်ယောက် မဟုတ်တော့ကြောင်း သေချာသွားသည်။ မဟုတ်ပါက ကျန့်ယွမ်ရှန်း မသေသေးလျှင်ပင် သူ့နှင်းကျတောင်တန်း နည်းစနစ် သို့မဟုတ် စောစောလေးက အသက်ရှည်ဓားချက်အောက်တွင် ဒဏ်ရာအပြင်းအထန် ရသွားလောက်လေပြီ။ သို့သော်လည်း ကျန့်ယွမ်ရှန်းက သူ့တိုက်ကွက်၏ သက်ရောက်မှုခံရဟန် မပေါ်ပေ။
အနက်ရောင်စွမ်းအားများက မီတာရာချီ လည်ပတ်နေသည့် ဧရာမစက်ဝန်းတစ်ခု ဖြစ်တည်လာသည်။
ကျောက်စိမ်းစင်မြင့်၌ ငရဲဂိုဏ်း၏ တပည့်များက သူတို့သိချင်စိတ်ကို မထိန်းနိုင်ကြပေ။ သူတို့က စင်မြင့်အစွန်းသို့ လျှောက်လာပြီး တိုက်ပွဲကို ကြည့်နေကြ၏။
ပြိုင်ဘက်နှစ်ယောက်က အဝေးမှ မျက်နှာချင်းဆိုင်ထားကြသည်။
ဝှစ်
ယွီရှန်းရုန်က သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို အသက်သွင်းလိုက်သည်။ ပေတစ်ရာအမြင့်ရှိ စိတ်ဝိညာဉ်သဏ္ဌာန်က စင်မြင့်လောက်နီးပါး မြင့်မားလေသည်။
ငရဲဂိုဏ်း၏ တပည့်များက ထိုမြင်ကွင်းကြောင့် တုန်လှုပ်အံ့ဩနေကြသည်။ ရွှေရောင်တောက်ပနေသည့် စိတ်ဝိညာဉ်သဏ္ဌာန်က တကယ်ကို ကြောက်စရာကောင်းနေသည်။
ယွီရှန်းရုန်၏ အသက်ရှည်ဓားက အပြင်းအထန် တုန်ခါလာသည်။ သူက တည်ငြိမ်စွာဖြင့် မိုးကုတ်စက်ဝန်းဆီ ဦးတည်လိုက်က သူ့စိတ်ဝိညာဉ်သဏ္ဌာန်ရှေ့မှောက် ပေါ်လာသည်။
အံ့ဩလောက်ဖွယ် မြင်ကွင်းကား ဖြစ်ပေါ်လာလေသည်။
စိတ်ဝိညာဉ်သဏ္ဌာန်၏ လက်က လှုပ်ရှားလာဟန်ပေါ်သည်။
ငရဲဂိုဏ်း၏ တပည့်များက စိတ်ရှုပ်ထွေးသွားကြပြီး သူတို့က ခန္ဓာကိုယ်အစိတ်အပိုင်း လှုပ်ရှားနိုင်သည့် စိတ်ဝိညာဉ်သဏ္ဌာန်အကြောင်း မမြင်ဖူးသလို မကြားဖူးကြပေ။
အသက်ရှည်ဓားကို အားပြင်းပြင်း စွမ်းအားဖြင့် ရစ်ပတ်ထားသည့်အခါ ဧရာမ စွမ်းအားဓားကြီး ပေါ်လာသည်။ စိတ်ဝိညာဉ်သဏ္ဌာန်က စွမ်းအားဓားကို ကိုင်ဆွဲထား၏။
“ ဒါက ငါ့မူလဓားကျင့်စဉ် … စိတ်ဝိညာဉ်သဏ္ဌာန်နဲ့ ငါ့ဓားကို ပေါင်းစပ်ထားတာပဲ … နာမည်တောင် မစဉ်းစားရသေးဘူး ”
ရွပ်
စိတ်ဝိညာဉ်သဏ္ဌာန်က လှုပ်ရှားလိုက်သည့်အခါ စွမ်းအားဓားကြီးက ကျန့်ယွမ်ရှန်းကို ပိုင်းဖြတ်သွားလေသည်။
အရေးပေါ်အခြေအနေ၌ ကျန့်ယွမ်ရှန်းက လက်ထဲမှ ကြိုးကို ဝေ့ယမ်းကာ အလောင်းကို မြောက်လိုက်သည်။ သူက အလောင်းဖြင့် စွမ်းအားဓားကို တားဆီးလိုက်သည်။
ထို့နောက် ရုတ်ခြည်းဆိုသလို ခြောက်ကပ်နေသည့် အလောင်းက မျက်လုံးပွင့်လာကာ အားကောင်းသည့် စွမ်းအားတစ်ခု ပေါ်ထွက်လာသည်။ ထိုစဉ် အနက်ရောင် စိတ်ဝိညာဉ်သဏ္ဌာန်က စွမ်းအားဓားဖြင့် ထိပ်တိုက်တွေ့လိုက်သည်။
ဝုန်း
ငရဲဂိုဏ်းမှ တပည့်တစ်ယောက်က ရေရွတ်လိုက်၏ “မိစ္ဆာဇင်လား ”
သို့သော်လည်း ထိုအရာက မိစ္ဆာဇင်ထက် ပိုမှန်း သိသာလှသည်။
ယွီရှန်းရုန်က မျက်မှောင်ကြုတ်ရင်း စိတ်ဝိညာဉ်သဏ္ဌာန်နှင့် နောက်ဆုတ်လိုက်သည်။ သူက ရွှေကြာကို အသုံးပြု၍ မည်သို့ခုခံရမည်ကို သိလေသည်။ ကြည့်ရသည်မှာ သူ သတိလက်လွတ်သွားပုံရ၏။
ကျန့်ယွမ်ရှန်းက သူ့လှုပ်ရှားပုံကို အတုခိုးယူခဲ့သည်။ သူ နောက်ဆုတ်လိုက်သည့်အခါ အလောင်းမျက်လုံးက ပွင့်နေဆဲ ဖြစ်ပြီး လက်ဖဝါးချင်း ပူးကပ်လိုက်သည်ကို မြင်လိုက်ရသည်။
“သေစမ်း”ကျန့်ယွမ်ရှန်းက အော်ပြောလိုက်သည်။
ဤသည်မှာ သူ့ဒုတိယ အခွင့်အရေး ဖြစ်၏။
အနက်ရောင် စိတ်ဝိညာဉ်သဏ္ဌာန်က ကြာပန်းနှင့်အတူ ပျံသန်းလာသည်။
မည်သူကမှ ထိုနည်းစနစ်မျိုးကို မမြင်ဖူးကြပေ။ သူတို့က ကြိုးတစ်ဖက်တွင် အလောင်းကို ချည်လျက် လက်နက်အဖြစ် တိုက်ခိုက်နေသည်ကို ဘယ်မှာ မြင်တွေ့ဖူးမည်နည်း။
“ ငါ့ကို လျစ်လျူမရှုနဲ့ ” ကျန့်ယွမ်ရှန်းက ပြောလိုက်ရင်း ခြေဆောင့်လိုက်ပြီး လေထဲ မြားတစ်စင်းလို ခုန်တက်လာလိုက်သည်။ အလောင်းလည်း သူနှင့်အတူတူ ပျံသန်းလိုက်ပါလာသည်။ စိတ်ဝိညာဉ်သဏ္ဌာန်နှင့်အတူ သူတို့က ဒေါင်လိုက်အစီအရင်တစ်ခု ဖြစ်တည်လာသည်။
“ဒုတိယသခင်လေး” ငရဲဂိုဏ်းမှ တပည့်များက စိုးရိမ်စွာ အော်လိုက်ကြသည်။
ယွီရှန်းရုန်က အင်မတန် မြန်ဆန်သော အရှိန်ဖြင့် လွှင့်စင်သွားသည်။ ထိုစဉ် သူ့ပုံရိပ်ကို ကျောက်စိမ်းစင်မြင့်မှ မမြင်ရတော့ပေ။
ကျန့်ယွမ်ရှန်း၏ လက်များက မည်းနက်လာသည်။ အနက်ရောင်စွမ်းအားနှင့် ခုံယွမ်၏ အလောင်းတို့က တိုက်ကွက်တစ်ခုပြီး တစ်ခု ထုတ်ဖော်နေကြသည်။
ကျန့်ယွမ်ရှန်း၏ လည်ချောင်းမှ ဂလူးဂလူး အသံများ ထွက်လာသည်။ သူက …. ရယ်နေပုံပေါ်သည်။
စွမ်းအားအလင်းတန်း သုံးခုဖြင့် ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖျက်ဆီးပစ်လိုက်နိုင်သည်။
ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာသည်။ “ အာ့ရှစ်ရှိုး ”
ထို့နောက် ရေခန္ဓာကိုယ်က ကောင်းကင်မှ ရေတံခွန်လိုမျိုး ဆင်းသက်လာကာ ယွီရှန်းရုန်၏ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ပေါ် ရွာကျလာသည်။
စွမ်းအားအလင်းတန်းက ရေခန္ဓာကိုယ်ပေါ် ကျရောက်လာသည်။ ရေများ စီးကျသွားပြီးနောက် အမျိုးသမီး စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်လာရသည်။ စွမ်းအားထုတ်လွှင့်နေသည့် ရေခဲနတ်ဘုရားမနှင့် တူလေသည်။ ရေခန္ဓာကိုယ်ထဲတွင် ကခုန်နေသည့် မာယာကျော့ကွင်း ရှိနေ၏။
ပေတစ်ထောင်အတွင်း အဆောက်အဦးအကုန် ဖျက်ဆီးခံလိုက်ရသည်။
“လှိုင်းပြာနည်းစနစ်လား … လျို့ရှစ်မေ့လား” ယွီရှန်းရုန်က မော့ကြည့်လိုက်သည်။ သူက သူမကို ကြည့်လိုက်ပြီး ပြောလိုက်သည် “နောက်ဆုတ်နေ”
သူက ဒီတစ်ခါ ခြေငြိမ်သွားလေပြီ။ သူက တစ်ဖက်ဆီ တန်းထွက်သွားသည်။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်လည်း ပျောက်ကွယ်သွား၏။
ကျန့်ယွမ်ရှန်းက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရွံစရာကောင်းစွာ ပြောလိုက်သည် “သော…သောက်ခွေးပဲ ”
အသစ်ရောက်လာသူက ယဲ့ထျန်းရှင်းမှလွဲ၍ တခြားသူ မဟုတ်ပေ။ သူမက ခုံယွမ် အလောင်း၏ တိုက်ခိုက်မှုကို တားဆီးဖို့ အားလုံးလုပ်ခဲ့ရသည်။ သို့သော်လည်း ကျန့်ယွမ်ရှန်းနှင့် ရင်ဆိုင်ရဦးမည် ဖြစ်၏။
ကျန့်ယွမ်ရှန်း၏ လက်မောင်းက ကြီးမားလာကာ ကြွက်သားများလည်း ဖောင်းထွက်လာသည် “ တတိ …တတိယ အခွင့်အရေး … အားလုံး သေရမယ်”
ယဲ့ထျန်းရှင်းက သူမ၏ မာယာကျော့ကွင်းကို ဆင့်ခေါ်လိုက်သည်။ သူမက ယွီရှန်းရုန်၏ အကြံအတိုင်း စိတ်ဝိညာဉ်သဏ္ဌာန်နှင့်အတူ နောက်ဆုတ်လိုက်သည်။
“ အာ့ရှစ်ရှိုး … သူ့ကို ထောက်ပံ့ပေးနေတဲ့ နတ်ဆရာကြီးရှိတယ်။ ပြန်လာဝင်ရောက် ဝိညာဉ်သုံးပါးနဲ့ဆို ဖြေရှင်းနိုင်လောက်တယ်”
ယဲ့ထျန်းရှင်းက ယွီရှန်းရုန်ဆီ အသံပို့ကာ ပြောလိုက်သည့်အချိန် သူမအနား ချည်းကပ်လာသည့် စွမ်းအားကို ခံစားမိလိုက်သည်။ ထိုအခါမှ သူမအနေနှင့် ကျန့်ယွမ်ရှန်း၏ လက်မောင်းက ကြီးလာတာ မဟုတ်ဘဲ လက်တံများ ပေါက်လာကြောင်း သဘောပေါက်သွားခဲ့၏။ လက်တံတချို့က သူမအပေါ် ရောက်နေလေပြီ။
…
အခန်း (၃၈၁) ဓားနတ်ဆိုး
လက်တံများ၏ ရုတ်တရက် ပေါ်ပေါက်လာမှုက ယဲ့ထျန်းရှင်းကို အံ့ဩသွားစေသည်။ သူမသည် စွမ်းအင်လှိုင်းများဖြင့် ဝင်လာသည့် လက်တံများကို ပိတ်ဆို့ရန် ကြိုးစားခဲ့သည်။
ဖုန်း ဖုန်း ဖုန်း..
လက်တံများသည် ယဲ့ထျန်းရှင်း၏ စွမ်းအင်နံရံကို ကြမ်းတမ်းစွာ ရိုက်နေ၏။
ယွီရှန်းရုန်က ယဲ့ထျန်းရှင်းကို သူ့လက်ထဲရှိ ဓားဖြင့် လျှပ်ပြက်သော အရှိန်ကို သုံးလျက် ကာပေးလိုက်သည်။
“မနက်စာအတွက် မိစ္ဆာဇင်ကျင့်ကြံသူတွေကို သတ်ဖြတ်မယ်”
ဘီး..
ယပ်တောင်ပုံသဏ္ဌာန်စွမ်းအင်သည် သက်တော်ရှည်ဓားကနေ ပေါ်ထွက်လာ၏။ ယွီရှန်းရုန်က သက်တော်ရှည်ဓားကို အောက်သို့ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် လွှဲခုတ်လိုက်သည်။ ထိုစဉ် သက်တော်ရှည်ဓား၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် အပြည့်အဝ ပြသလိုက်ပုံပေါ်သည်။ စွမ်းအင်သည် အနက်ရောင်ရွှေကြာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖြတ်တောက်လိုက်ပုံပေါ်၏။
ဘန်း..
စိတ်ဝိညာဉ်သဏ္ဌာန်က အက်ကွဲသွား၏။ ခုံယွမ်၏ မျက်လုံးက ပြူးကျယ်သွားတော့သည်။ သူ၏လက်ဝါးက အနက်ရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကွဲအက်သွားတာကို မြင်ချိန်၌ ပူးကပ်နေသေးဆဲ ဖြစ်သည်။ ထိုတိုက်ကွက်၏ သက်ရောက်မှုက သူ့ကို နောက်သို့ လွင့်သွားစေသည်။ ထိုတစ်ဝိုက် သူ့နားတွင် ချည်ထားသည့် ကြိုးကလည်း အဖျက်ခံလိုက်ရ၏။ သူက နောက်သို့ ဆက်လိုက်လွှင့်နေ၏။
ယွီရှန်းရုန်သည် ခုံယွမ်ကို အကြည့်တစ်ချက်တောင် မပေးပေ။ ခုံယွမ်သည် အလောင်းတစ်ခုမျှသာ ဖြစ်ပြီး ထိန်းချုပ်ခံနေရသော ရုပ်သေးတစ်ရုပ်ဆိုတာ သူသိသည်။ လက်ရှိလက်တံများဖြင့် တိုက်ခိုက်ခံနေရသော ယဲ့ထျန်းရှင်းကို ကြည့်လိုက်သည်။
“ရှစ်မေ့ မင်းရဲ့ရွှေကြာနဲ့ ခုခံလိုက်”
“ဟုတ်..”
ထိုစဉ် ယွီရှန်းရုန်၏ မျက်လုံးများက စိမ်းလက်သွားသည်။ သူက မျက်စိကန်းလောက်သည့် အရှိန်ဖြင့် ကျန့်ယွမ်ရှန်းဆီသို့ စတင်ပျံသန်းသွားတော့သည်။ ထိုစဉ် ယဲ့ထျန်းရှင်း၏ စိတ်ဝိညာဉ်သဏ္ဌာန်က နောက်ဆုတ်သွား၏။ သူမ၏ ရွှေကြာက ဖူးပွင့်လာပြီးနောက် လက်တံများကို ဆက်လက်ဟန့်တားနေသည်။
ကျန့်ယွမ်ရှန်းရှေ့၌ လက်တံများစွာ ရှိသည်။ ၎င်းတို့က လေကို ဆက်တိုက် ညှစ်ပတ်နေသော နွယ်ပင်များနှင့်တူသည်။ လက်တံများက ခရမ်းရောင်စွမ်းအင်များ ရစ်ပတ်ထားလေ၏။
ကျန့်ယွမ်ရှန်းက ခုံယွမ်လွှင့်ထွက်သွားတာကို မြင်ပြီး အလိုလိုပင် ဓားနတ်ဆိုး ယွီရှန်းရုန်ကို မော့ကြည့်လိုက်မိသည်။
ယွီရှန်းရုန်သည် မီးခိုးရောင်ကောင်းကင်ကို နောက်ကျောပေးထားလျက် ၄၅ဒီဂရီထောင့်ကနေ ကျန့်ယွမ်ရှန်းဆီသို့ ဦးတည်တိုက်ခိုက်လာ၏။ သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်း သူ့ခြေထောက်အောက်၌ လှိုင်းကယက်ငယ် ထသွားတော့သည်။ ရွှေရောင်လှိုင်းကယက်များက လေဟာနယ်ကို တွန့်ရှုံ့သွားစေပုံပေါ်၏။ သူ၏ဆက်လက်ရွေ့လျားနေစဉ် သူ၏ခန္ဓာကိုယ်က ဝေဝါးသွားပုံပေါ်သည်။ အမှန်တကယ်တွင် ပတ်ဝန်းကျင်ရှိ အရာအားလုံးက အာရုံစိုက်၍ မရတော့ပေ။ အရာအားလုံးက ရေထဲ ပေါင်းစည်းသွားသည့်ပမာ ပုံရိပ်ယောင်အရည်အသွေးက ပတ်ဝန်းကျင်ဆီ ရောက်လာတော့သည်။
ယင်းက ယွီရှန်းရုန် နာမည်ကျော်ကြားသည့် ဓားစွမ်းရည် ပြန်လာဝင်ရောက် ဝိညာဉ်သုံးပါးပဲ ဖြစ်သည်။ ဝိညာဉ်သုံးပါးသည် ပထမဓားမူလရောင်ခြည်ကို ရည်ညွှန်းကာ မဟာသန့်စင်မှုချီနှင့် နေပဲ ဖြစ်သည်။ ဒုတိယဝိညာဉ်သည် ခမ်းနားသောဝိညာဉ် ယင်ချီ၏အသွင်ပြောင်းလဲမှု ဖြစ်သည်။ တတိယဝိညာဉ်သည် ငရဲအဆီအနှစ် ယင်ချီ၏ မသန့်စင်မှုပဲ ဖြစ်သည်။ ဝိညာဉ်သုံးပါးကို ပိုင်ဆိုင်သူတိုင်း ၎င်းကို ကျင့်ကြံ၏။ မူလရောင်ခြည်သည် အခြေတည်စဂုဏ်သတ္တိပဲ ဖြစ်သည်။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်သည် ၎င်း၏ အမည်ကနေ ခွဲထွက်လာတာပဲ ဖြစ်၏။
ပြန်လာဝင်ရောက် ဝိညာဉ်သုံးပါး၊ ဓားသုံးလက်နှင့် လမ်းကြောင်းသုံးခုသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်တော့၏။ ဓားသုံးလက်က တစ်သားတည်း ပေါင်းစည်းသွားပြီး ဝိညာဉ်သုံးပါးကမူ ပစ်မှတ်၏ ခန္ဓာနှင့် ဝိညာဉ်ကို ခွဲထွက်စေ၏။
ယွီရှန်းရုန်၏ ပုံရိပ်သုံးခုမျှသာ ရှိတာ မဟုတ်ပေ။ သူ၏ကိုယ်ခွဲများက သူတို့၏ ကိုယ်ပိုင်စိတ်ဝိညာဉ်သဏ္ဌာန်ကိုယ်စီ ပိုင်ဆိုင်ထားပုံပေါ်၏။ ရွှေကြာသုံးခုက ကောင်းကင်ကနေ ကျဆင်းလာတော့သည်။ ထိုမြင်ကွင်းက ကျန့်ယွမ်ရှန်း၏ မှန်းဆချက်များထက် ပိုနေသည်။ သူက ကြောက်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွားကာ ကိုယ်ခွဲသုံးခုက တစ်ခုတည်း ပေါင်းစည်းသွားတာကို ကြည့်နေလိုက်ရ၏။
“ပါမာ ကူညီပါ ငါ့ကို..”
ကျန့်ယွမ်ရှန်း၏ နားထဲ၌ လေးနက်သော အသံတစ်သံ ထွက်ပေါ်လာ၏။
“မင်းမှာ အခွင့်အရေးနှစ်ခု သုံးခုပဲ ရှိတယ်လို့ ပြောခဲ့သားပဲ။ တတိယမြောက်အခွင့်အရေးက မင်းအသက်ပေးဆပ်ရမယ်”
“မင်း..”
ထိုစဉ် တိတ်ဆိတ်မှုသည် နေရာတစ်ခုလုံးအပေါ် ကျရောက်လာလေ၏။ ကျန့်ယွမ်ရှန်းက ကြိုးကို ဆွဲလျက် ခုံယွမ်၏အလောင်းဖြင့် သူ့ကိုယ်သူ ခုခံကာကွယ်ချင်သည်။ ကံဆိုးသည်မှာ ခုံယွမ်က မရှိတော့ပေ။ ၎င်းကို ရှာဖွေတွေ့ရှိသွားသည့် အချိန်၌ သူက သူရူးပမာ ရယ်မောလေတော့၏။
“မေ့လိုက်တော့ မေ့လိုက်တော့”
ထိုစဉ် သက်တော်ရှည်ဓားသည် ကျန့်ယွမ်ရှန်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွား၏။ သူ၏ခန္ဓာကိုယ်က တုန်ယင်နေလျက် ရူးသွပ်စွာ ဆက်လက်ရယ်မောနေသည်။ သူ၏စိတ်ဝိညာဉ်ပါ ထိုးဖောက်ခံလိုက်ရသည်ဟု ခံစားမိသည်။ သို့သော် သူက အရယ်မရပ်ပေ။ သူ့ ရယ်မောသံက ကျောက်စိမ်းယဇ်ပလ္လင်တစ်လျှောက် ပျံ့နှံ့သွားလေ၏။
လက်ရှိတွင် ကျောက်စိမ်းယဇ်ပလ္လင်ကနေ တိုက်ပွဲကို မမြင်ရတော့ချေ။ သူတို့ကြားနေရသည်က ရူးသွက်စွာ ရယ်မောနေသံပဲ ဖြစ်၏။ ထိုရယ်သံကို ကြားလိုက်ရစဉ် ငရဲဂိုဏ်း၏ တပည့်များက ကြောက်လန့်မှုကြောင့် တုန်ယင်သွားကြ၏။ ခဏအကြာတွင် သူတို့သည် အဝေးကနေ အော်သံကို ကြားလိုက်ရသည်။
“ငါ့တစ်ဘဝလုံး သူရဲဘောကြောင်တဲ့သူတစ်ယောက် ဖြစ်ခဲ့တာ။ ဒီနေ့ ငါ ကျန့်ယွမ်ရှန်းက မိတ်ဆွေဟောင်းကြီးပမာ သေခြင်းတရားကို ထွေးပွေ့မယ်”
ကျန့်ယွမ်ရှန်းက အလယ်တွင် ရှိနေလျက် သူ၏စွမ်းအားများက ပတ်ဝန်းကျင်သို့ ပျံ့သွား၏။ လက်တံများသည် ပိုတောင် ကြမ်းတမ်းစွာ ရစ်ဝဲလာတော့သည်။ ယင်းက သူ၏အစစ်အမှန် တတိယမြောက် အခွင့်အရေးပဲ ဖြစ်သည်။ နောက်ဆုံးအကွက်က ပါမာ သူ့ထဲ၌ မျိုးစေ့ချထားတာပဲ ဖြစ်သည်။
“စတေးခြင်းကမ်းလှမ်းမှု..”
ကျန့်ယွမ်ရှန်းက အော်ပြောလိုက်သည်။
“ငါသေရမယ် ဆိုရင်တောင် မင်းကို ငါနဲ့အတူ ခေါ်သွားမယ်”
စတေးခြင်းကမ်းလှမ်းမှု ပြီးစီးသွားသည်နှင့် လက်တံက ယွီရှန်းရုန်နှင့် ယဲ့ထျန်းရှင်းဆီသို့ ဦးတည်သွားတော့သည်။ နေရာတစ်ခုလုံးက လက်တံများဖြင့် ပြည့်နေပုံပေါ်၏။
ယဲ့ထျန်းရှင်းသည် လက်တံများကို ဖယ်ရှားပြီး အဝေးသို့ နောက်ဆုတ်ပြီးပြီ ဖြစ်သည်။ ထိုစဉ် ယွီရှန်းရုန်ကမူ တိုက်ခိုက်မှုအလယ်တွင် ရှိနေသေး၏။ အရပ်မျက်နှာအနှံ့ကနေ သူ့ဆီသို့ ဦးတည်လာနေပုံပေါ်သော လက်တံများကို မြင်တွေ့သည့် အချိန်၌ သူ၏ဓားကို ကြမ်းတမ်းစွာ လွဲယမ်းလိုက်၏။ သူ၏ဓားသည် လေပေါ်မှာ လွင့်မျောနေပြီး ဝေဝါးဝါး အရိပ်များသာ ချန်ရစ်ခဲ့လျက် သူ၏ပိုင်းဖြတ်မှုသည် မုန်တိုင်းတစ်ခုပမာ ရွာသွန်းကျနေသည်။ စွမ်းအင်ဓားသွားမရှိ အနီရောင်တောက်ပနေသော ဓားသွားသည် ရှေ့သွားနောက်ဆုတ် ဖြစ်နေတာကို မြင်ရ၏။ စွမ်းအားစက်လုံးတစ်ခုက ထိုစဉ် သူ့နားတစ်ဝိုက်၌ ဖွဲ့တည်လာသည်။
ယွီရှန်းရုန်၏အမူအရာက သုန်မှုန်သွားလေ၏။ အချို့သော အကြောင်းအရင်းကြောင့် သူ၏စိတ်ထဲ၌ သူ၏ရှစ်စွင်းသူ့ကို လေ့ကျင့်ပေးနေသော ဓားစွမ်းရည်များ ပေါ်လာသည်။ ဆောင်းဦးတွင် သစ်ပင်အောက်၌ သူ၏ဓားရေးပြသမှုကို လေ့ကျင့်ရန် ပြောခဲ့ပြီး သူသည် သစ်ရွက်ကြွေများအားလုံးကို ပိုင်းဖြတ်ခဲ့၏။ နွေဦး၌ သူသည် မိုးရိပ်အောက်၌ လေ့ကျင့်ခဲ့ကာ တစ်ကိုယ်လုံး ခြောက်သွားသည်အထိ နေရသည်။ ဆောင်းရာသီတွင် နှင်းအောက်၌ လေ့ကျင့်ရန် ပြောခဲ့ပြီး နှင်းပွင့်များကို ရှောင်ခိုင်းခဲ့သည်။ သူ၏ဖြစ်စဉ်အတောအတွင်း ကျိုးသွားသည့် သစ်သားဓားအရေအတွက်ကို မရေနိုင်ပေ။ ဓားတစ်ချောင်း ကျိုးသွားချိန်၌ သူက အရိုက်ခံရ၏။ သူ၏ရှစ်စွင်းက စစ်မှန်သော ဓားလမ်းစဉ်လက်ရွေးစင် တစ်ဦးသည် သူ၏ဓားကို ချစ်မြတ်နိုးသူ ဖြစ်ပြီး ဓားကို ဘယ်တော့မှ အလွယ်တကူ ဖျက်ဆီးခွင့်မရှိဟု ဆိုသည်။ သူ၏သစ်သားဓားကို အကောင်းပကတိထိန်းထားနိုင်သည့် အချိန်ကျမှ သူ၏ရှစ်စွင်းသည် သူ့ကို သက်တော်ရှည်ဓား ချီးမြှင့်ခဲ့တာပဲ ဖြစ်သည်။
သက်တော်ရှည်ဓားသည် အသက်ရှည်ခြင်း၏ ကောင်းချီးပဲ ဖြစ်သည်။ ယင်းက သက်တမ်းတိုကြသော မဟာနွယ်မျိုးနွယ်သားများအတွက် အကောင်းဆုံးလက်ဆောင်ပဲ ဖြစ်သည်။ ထိုဓားသည် ယွီရှန်းရုန်အတွက် အရာရာ ဖြစ်၏။ သူနှင့်ဓားက တစ်သားတည်း ဖြစ်လာသည်။
“မင်းရဲ့ရန်သူကို သတ်ချင်တယ်ဆိုရင် မင်းရဲ့ဓားကို အားပြင်းပြင်းနဲ့ လွဲလိုက်ရုံပဲ”
လုကျိုး၏ အကြံပြုချက်က ယွီရှန်းရုန်၏ စိတ်ထဲ ပေါ်လာပြီး သူ၏ဓားကို ပိုမြန်သည့် အရှိန်ဖြင့် လွဲယမ်းလိုက်သည်။
သူ့နားသို့ ချဉ်းကပ်လာသော လက်တံများအားလုံး အဖြတ်ခံလိုက်ရပြီး ခရမ်းရောင်စွမ်းအင်သည် ဓားအရိပ်ကြောင့် ဟန့်တားခံလိုက်ရသည်။
အဝေးကနေ ယဲ့ထျန်းရှင်းသည် ထိုမြင်ကွင်းကို မျက်မြင်တွေ့သည့် အချိန်၌ အံ့ဩဆွံ့အသွားလေ၏။ သူ၏အာ့ရှစ်ရှိုး အစွမ်းထက်မှန်း သူမသိသည်။ သို့သော် ထိုမျှအတိုင်းအတာအထိ အင်အားကြီးလိမ့်မည်ဟု သူမ မထင်ထားပေ။ ပြီးနောက် သူမသည် လေထဲ၌ ပျံ့ဝဲနေသော ခရမ်းရောင်စွမ်းအင်များကို ကြည့်လိုက်ပြီး သူမနားတစ်ဝိုက်ရှိ လက်တံများကို မာယာကျော့ကွင်းဖြင့် တိုက်ခိုက်လိုက်၏။ မာယာကျော့ကွင်းသည် လက်တံပင်လယ်ထဲ ဝင်သွားလျက် စွမ်းအင်ပေါက်ကွဲမှုတစ်ရပ်ကို ထုတ်ဖော်လိုက်သည်။
အပြာရောင်လှိုင်းကျင့်စဉ်သည် နွယ်ပင်များဆီသို့ ဖြည်းဖြည်းချင်း ရောက်သွားလေ၏။
ထိုစဉ် ယဲ့ထျန်းရှင်းက အော်ပြောလိုက်သည်။
“အာ့ရှစ်ရှိုး”
ယွီရှန်းရုန်သည် အသိအမှတ်ပြုသည့်အနေဖြင့် အသံတစ်သံ ပြုလိုက်သည်။ သူ၏ပေတစ်ရာမြင့်မားသော စိတ်ဝိညာဉ်သဏ္ဌာန်သည် မိုးကုပ်စက်ဝိုင်းဆီသို့ ဦးတည်သွားလျက် အရွယ်အစားက ကြီးမားလာ၏။ စွမ်းအင်ဓားသွားများသည် လေထဲရှိ ကြာပွင့်၏ပွင့်ချပ်ပမာ ပြန့်သွားတော့၏။
ဖုန်း..
လက်တံများအားလုံးသည် မရေမတွက်နိုင်သော စွမ်းအင်ဓားသွားများကြောင့် ထိခတ်ကုန်၏။ တစ်ချိန်တည်းတွင် ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန်အောက်ရှိ ရွှေကြာသည် ကြာပွင့်သစ်ရွက်များပမာ ဟန့်တားခံလိုက်ရ၏။ အလယ်ရှိရွှေကြာနှင့် သက်တော်ရှည်ဓားသည် ပြန်ထွက်လာပြီး လက်တံကို ဆက်လက်ဖြတ်ချလိုက်သည်။
အကြည့်တစ်ချက်မျှဖြင့် ၎င်းသည် လေပွေတစ်ခု ပေါ်လာပုံပေါ်၏။
လက်တံစွမ်းအင်များက ချက်ချင်းပင် လျော့သွားပုံပေါ်သည်။
ယဲ့ထျန်းရှင်းသည် သူမနားတစ်ဝိုက်ရှိ ဖိအားလျော့သွားတာကို ခံစားမိလိုက်သည်။ သူမ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ခေါ်ကာ လေထဲ၌ ချေမှုန်းလျက် သူမရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ မယုံနိုင်ဖြစ်နေလေ၏။ ဒါက ဓားနတ်ဆိုးလား။
ယွီရှန်းရုန်က ထိန်းချုပ်မထားတော့ဘဲ ဓားကို ကိုင်ဆောင်ကာ လွဲယမ်းလိုက်သည်။ စိတ်ဝိညာဉ်သဏ္ဌာန်က မြန်ဆန်စွာ ချဲ့ထွင်လာပြီး လက်တံများကို ဆက်လက်ဟန့်တားနေသော လေပွေတစ်ခုကို ဖန်တီးနေပုံရသည်။
တဖြည်းဖြည်းချင်းပင် လက်တံများက ဖြတ်ချခံရပြီး အရေအတွက် လျော့သွား၏။
အရာအားလုံးက တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။ ယွီရှန်းရုန်သည် စိတ်ဝိညာဉ်သဏ္ဌာန်အတွင်း ရပ်နေလေ၏။ သူ၏လက်ကို ဆန့်တန်းလျက် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ ဒုက္ခရွှေကွင်းမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်သည် ထိန်းသိမ်းရန် စွမ်းအင်များပြားစွာ လိုအပ်သည်။ ကျင့်ကြံသူတစ်ယောက်အဖို့ ဒုက္ခရွှေကွင်းမိုင်တစ်ရာကို ထိန်းသိမ်းထားနိုင်တာ ရှားပါးလွန်း၏။
ယဲ့ထျန်းရှင်းက ထိတ်လန့်နေသေးသည်။
အချိန်အတော်ကြာပြီးနောက် ခရမ်းရောင်စွမ်းအင်များသည် နောက်ဆုံး၌ ပျောက်ကွယ်သွားတော့သည်။ ကျန့်ယွမ်ရှန်း၏ ခန္ဓာကိုယ်ကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။
ယွီရှန်းရုန်သည် လက်ပြန်ဆုပ်လိုက် လက်သီးကျစ်ကျစ် ဆုပ်လိုက်သည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားတော့၏။ ကြီးမားသည့် ရွှေကြာကလည်း အနည်းငယ် ရပ်တန့်သွားသည်။ ယွီရှန်းရုန်သည် ရွှေရောင်ကြာပွင့်ကို ကြည့်လိုက်၏။ ရွှေရောင်တောက်ပနေသော ကြာပွင့်ရှစ်လွှာက အရှိန်တစ်ပြေးတည်းဖြင့် လည်ပတ်နေ၏။ ကြာပွင့်များ၏ အစွန်း၌ ခရမ်းရောင်ဖျော့ဖျော့ ရှိနေသည်။ စိတ်အနှောင့်အယှက်မရှိသည့် အမူအရာဖြင့် သူက လက်ကို ဝှေ့ယမ်းကာ သူ၏စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ကို ဆော်ဩလိုက်သည်။
“ပိတ်စေ..”
ရွှေရောင်ကြာပွင့် ပျောက်ကွယ်သွားလေ၏။
ယွီရှန်းရုန်က လေထဲ၌ ရစ်ဝဲနေသေးဆဲ ဖြစ်ကာ သူ့အောက်ရှိ မြေပြင်ကို စူးစမ်းလျက် မျက်နှာထက်တွင် တွေးနေသော အမူအရာ ပေါ်လာတော့၏။