အခန်း (၃၈၂-၃၈၄)
Vol. 26 Ch. 382-384
အခန်း(၃၈၂) ရည်မှန်းချက်နှင့် သန္ဓေပြောင်း ရွှေကြာ
ကျောက်စိမ်းယဇ်ပလ္လင်က အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း ယခု ထိုငြိမ်းအေးမှုက ပျောက်ဆုံးသွားလေပြီ။ ပလ္လင်ပေါ်ရှိ ကျောက်ပြားများက အက်ကွဲနေပြီး နေရာပတ်လည်အားလုံး ပျက်စီးနေလေသည်။ အကယ်၍ နှစ်ယောက်လုံးသာ သူတို့တိုက်ပွဲကို ဝေးဝေးမရွေ့လျှင် ကျောက်စိမ်းယဇ်ပလ္လင်တစ်ခုလုံး လုံးဝ ပျက်စီးသွားလိမ့်မည်။
ငရဲဂိုဏ်း၏ တပည့်များက ထိုအရာကို မြင်ကာ စိတ်ငြိမ်ငြိမ်ထားဖို့ အခက်တွေ့နေကြသည်။ သူတို့က ယွီရှန်းရုန်နှင့် မကောင်းဆိုးဝါးကြားမှ တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ကြသော်လည်း အဝေးမှ အသံများပေါ် မူတည်၍ မည်မျှကြောက်ဖို့ကောင်းမှန်း ပြောနိုင်သည်။
ခဏအကြာတွင် ဆူညံသံအားလုံး ငြိမ်ကျသွားသည်။
ငရဲဂိုဏ်း၏ တပည့်များက ကျောက်စိမ်းယဇ်ပလ္လင်မှ ခုန်ဆင်းလိုက်ကြသည်။ ယဇ်ပလ္လင်ကား ရှုပ်ထွေးကာ ဖရိုဖရဲ ဖြစ်နေပြီး မြေပေါ်နေရာအနှံ့ တွင်းများ ဖြစ်နေသည်။ သူတို့က အဝေးတစ်နေရာဆီ ပျံသန်းလိုက်ကြပြီး တိုက်ပွဲခြေရာအတိုင်း လိုက်လာကြသည်။ ခဏအကြာတွင် သူတို့က တိုက်ပွဲ၏ အလယ်ဗဟိုချက်သို့ ရောက်လာကြသည်။ မညီမညာသော မြေပြင်တွင် နက်ရှိင်းသော တွင်းချိုင့်ကြီး ဖြစ်နေတာမှလွဲ၍ ပုရွက်ဆိတ်အလောင်းပင် မမြင်ရပေ။ အသက်ဓာတ်ပြည့်ဝနေခဲ့သည့် သစ်ပင်များ၊ မြက်ပင်များနှင့် ပန်းမန်များပင် ခြောက်သွေ့နေကြသည်။
“ဒီနေရာမှာ ဘာဖြစ်သွားတာလဲ”
အားလုံးက သူတို့ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။
“ဒီမှာ မကောင်းဆိုးဝါးတစ်ကောင်ထက် ပိုရှိမယ်တူတယ်။ လူတစ်ယောက်ကို နောက်လူတစ်ယောက်ကို ကြိုးနဲ့ဆွဲပြီး ပျံသွားတာကို မြင်လိုက်ရတာ။ အဲဒါက ကြည့်ရတာ အလောင်းနဲ့ တူတယ်” ပျို့တက်သံ မကြားလိုက်ရခင် တစ်ယောက်က ပြောလိုက်သည်။
“ ကြည့်ရတာ ရုပ်သေးရုပ်နဲ့ စုန်းအတတ် ပညာ ထင်တယ် … ဒါက ဒုတိယသခင်လေးအတွက် နိမိတ်ဆိုးပဲ .. ငါတော့ စိုးရိမ်မိတယ်”
“မဖြစ်နိုင်တာ … ဒုတိယသခင်လေးရဲ့ ကျင့်ကြံဆင့်က နက်နဲတယ်။ သူ အလွယ်တကူ ရှုံးသွားနိုင်စရာ အကြောင်းအရင်း မရှိဘူး ”
“ဒီလောကမှာ မင်းထက် အားကောင်းတဲ့သူရှိတာ ပုံမှန်ပဲ … ဘာကိုမှ သေချာတွက်ထားလို့ မရဘူး။ ဂိုဏ်းချုပ်က တစ်ခါပြောဖူးတယ်။ တစ်ယောက်ချင်းစီရဲ့ စွမ်းအားက အုပ်စုလိုက်ထက် အမြဲတမ်း နိမ့်ကျနေတာပဲတဲ့”
တပည့်များက ယဇ်ပလ္လင်အထက် မြင်ခဲ့ရသည့် အနက်ရောင် စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ခရမ်းနှင့် အနက်ရောင်လက်တံများကို ပြန်လည်အမှတ်ရသွားသည့်အခါ တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။
တပည့်များက သူတို့ဘာသာ လေ့လာဆန်းစစ်နေတုန်း အနီးအနား ကောင်းကင်မှ ခရမ်းရောင်စက်ဝန်းငယ်တစ်ခု မြင့်တက်လာသည်။ ထိုအရာက စီးတော်သားရဲ ပါဝူပုံသဏ္ဌာန်နှင့် တူသည့် ခရမ်းရောင် မီးခိုးတိမ်တိုက် ဖြစ်၏။ ထိုအရာက မြေခွေးသဏ္ဌာန် ဖြစ်ပေသည်။ ထိုအရာကို မြင်ပြီး တပည့်များက ချက်ချင်း နောက်ဆုတ်လိုက်ကြသည်။
ပါဝူဆီမှ စွမ်းအားများက ပုံပေါ်လာကာ အသံနက်နက်ဖြင့် ပြောလာသည် “ယွီရှန်းရုန် သေရမယ်”
ထို့နောက် စုန်းအတတ်သည် ခရမ်းရောင်စွမ်းအားနှင့်အတူ ပျောက်ကွယ်သွားသည်။
“ပြေးကြ ”
“ ငါတို့အခုဘာလုပ်ကြမလဲ … ကျောက်စိမ်းယဇ်ပလ္လင်ကနေ ဒီအတိုင်း ထွက်သွားကြမှာလား”
“ ငါတို့ ဂိုဏ်းချုပ်ဆီ အရင်သတင်းပို့သင့်တယ်”
………..…
“ တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၂၀၀၀ ရရှိပါတယ်”
လုကျိုးက တစ်ခုခုကို စဉ်းစားနေစဉ် အသိပေးချက် ထွက်ပေါ်လာသောကြောင့် မျက်မှောင်အသာကြုတ်လိုက်သည်။ သူ့ယခင်အတွေ့အကြုံမှ ပွင့်ချပ်ငါးလွှာအဆင့် ကျင့်ကြံသူကို သတ်နိုင်ခြင်းက ကုသိုလ်ရမှတ် တစ်ထောင်နှင့် ညီမျှကြောင်း သိထားသည်။ ပွင့်ချပ်ခြောက်လွှာ သို့မဟုတ် ခုနှစ်လွှာအဆင့်ကို သတ်နိုင်လျှင် ကုသိုလ်ရမှတ် ၁၅၀၀ ဖြစ်၏။
သူက ဘယ်လိုလုပ် အမှတ် နှစ်ထောင် ရလာတာလဲ …
လုကျိုးက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ယွီရှန်းရုန်ကို အမှတ်ရသွားသည်။ ယွီကျန့်ဟိုင်နှင့် စီးဝူယာ့တို့ကို အခုထိ မဖမ်းမိသေးပေ။ သူတို့ မျှော်နန်းဆီ ပြန်ရောက်လာသည်ဟု ယူဆဖို့ စောလွန်းနေသေး၏။ ထို့ကြောင့် သူတို့အပြုအမူများက သူ့အား ဆုလာဘ်ရစေမည် မဟုတ်ပေ။ ထို့အပြင် သူ့လက်ရှိတပည့်များကလည်း ဒီလိုမျို မစွမ်းဆောင်နိုင်ကြပေ။ အဆင့်မြင့် ပစ်မှတ်ကို သတ်နိုင်သည့် တစ်ဦးတည်းသောသူမှာ ယွီရှန်းရုန်သာ ဖြစ်၏။
လုကျိုးက မျက်မှောင်ကြုတ်ကာ ဆက်စဉ်းစားလိုက်သည်။
ပွင့်ချပ်ကိုးလွှာလား …
ထို့နောက် သူက ခေါင်းခါကာ အတွေးများကို ဖယ်ထုတ်လိုက်သည်။ ယွီရှန်းရုန်က အားကောင်းသော်လည်း သူ့အနေနှင့် ပွင့်ချပ်ကိုးလွှာအဆင့်ကို သတ်ဖို့ မဖြစ်နိုင်ပေ။ ထို့အပြင် ယွီရှန်းရုန်က ဘယ်မှာများ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရှာတွေ့မည်နည်း။
တစ်ယောက်ယောက်က ငါ့လိုမျိုး အတူတူကောက်ချက်ချနိုင်ခဲ့တာများလား … ရွှေကြာကို ဖြတ်တောက်ဖို့ တွေးမိသွားတာလား …
လုကျိုးက လန်လော့နှင့် ဖန်လီထန်းတို့နှင့်အတူ ပွင့်ချပ်ကိုးလွှာအကြောင်း ဆွေးနွေးစဉ် ကျန်းအိုက်ကျန့် ပြောခဲ့သည့် အကြောင်းအရာများကို ပြန်လည်အမှတ်ရသွားသည်။ သူ တစ်ယောက်တည်း ပွင့်ချပ်ကိုးလွှာအကြောင်း သဘောပေါက်သွားမှန်း မဟုတ်မှန်း သိထားသည်။ ယွင်ထျန်းလော့ ဖြစ်စေ၊ ကုန်းယွမ်တု ဖြစ်စေ သို့မဟုတ် တာ့ယန်၏ တော်ဝင်မိသားစု ဖြစ်စေ အားလုံးက ပွင့်ချပ်ကိုးလွှာအကြောင်း ဖော်ထုတ်ဖို့ ကြိုးစားနေကြသည်။ ထို့အပြင် တာ့ယန်မှလွဲ၍ လို့လန်၊ ရို့လီ၊ ချီကုန်းနှင့် တခြားတိုင်းပြည်များလည်း ရှိနေသေးသည်။ လောကကြီးထဲ ကျင့်ကြံသူများစွာ ရှိပေသည်။ ထို့ကြောင့် ပွင့်ချပ်ကိုးလွှာအကြောင်း ဖော်ထုတ်ဖို့ သို့မဟုတ် သဘောပေါက်သွားသည့် လူ မရှိခဲ့သည်မှာ မဖြစ်နိုင်ပေ။
လုကျိုးက ရုတ်ခြည်း ပြောလိုက်သည်။ “အပြင်မှာ တစ်ယောက်ယောက် ရှိလား ”
အမျိုးသမီးတပည့်တစ်ဦးက ခန်းမကျယ်ထဲဝင်လာကာ “မျှော်နန်းသခင် ”
“ကျန်းအိုက်ကျန့်ကို ခေါ်လိုက်”
“ဟုတ်ကဲ့”
လတ်တလော ကျန်းအိုက်ကျန့်က မိစ္ဆာဝေဟင်မျှော်နန်းထဲ ပုန်းအောင်းနေလေသည်။ သူ့သေဆုံးမှု သတင်းက ပြန့်နှံ့သွားလေပြီ။ နန်းတော်ထဲ ထိုသတင်းကို မယုံကြည်သူများစွာလည်း ရှိနေသေးသည်။
ကျန်းအိုက်ကျန့်က သတင်းကွန်ရက် ကျယ်ပြန့်သူ ဖြစ်၏။ လုကျိုးက ကျန်းအိုက်ကျန့်အား အသုံးချဖို့ အချိန်ကောင်းရောက်ပြီဟု တွေးလိုက်မိသည်။
လက်ရှိ ကျန်းအိုက်ကျန့်၏ သေဆုံးမှုသတင်းက နေရာတစ်ဝိုက် ပြန့်နေလေသည်။
………………
ကျောက်စိမ်းယဇ်ပလ္လင်၏ မြောက်ဘက် မိုင်တစ်ရာအကွာ တောင်ထိပ်တစ်ခုပေါ်တွင်
နေရောင်က တိမ်တိုက်များကြားမှ တောအုပ်အပေါ် ဖြာကျနေပြီး တောအုပ်အား ရွှေရောင်အလင်းများဖြင့် ဆေးခြယ်ထားသလို ဖြစ်နေသည်။
“အာ့ရှစ်ရှိုးကို ဂါရဝပြုပါတယ်” ယဲ့ထျန်းရှင်းက ယွီရှန်းရုန်ကို လေးလေးစားစား နှုတ်ဆက်လိုက်သည်။
“ လျို့ရှစ်မေ့ လောကဝတ်တွေ မလိုပါဘူး ” ယွီရှန်းရုန်က သူ့အသက်ရှည်ဓားကို သယ်ထားသည်။ သူက လှည့်မကြည့်ပေ။ ထို့အစား သူက နေကိုသာ ကြည့်နေသည်။ ထူးထူးဆန်းဆန်း နေဝင်သွားသည့် မြင်ကွင်းက ယခင်ထက် သူ့အတွက် ပိုဆွဲဆောင်မှုရှိနေသည်။ တာ့ယန်က ဒီလိုစိတ်ချမ်းသာဖွယ် ရှုခင်းမျိုး ဘယ်တော့မှ မရှားပါးပေ။
“အာ့ရှစ်ရှိုး … အဆင်ပြေရဲ့လား” ယဲ့ထျန်းရှင်းက သူမ မြင်ခဲ့သမျှအရာအားလုံးကြောင့် စိတ်ထဲ ရှုပ်ထွေးနေမိဆဲ ဖြစ်၏။
နေရောင်က ယွီရှန်းရုန် ခန္ဓာကိုယ်ပေါ် ဖြာကျနေသည်။ သူက မလှုပ်ဘဲ အသာပြောလိုက်သည်။ “ငါ အဆင်ပြေပါတယ် ”
“ အာ့ရှစ်ရှိုးရဲ့ ဓားရေးက ကျွန်မအမြင်ကို ကျယ်သွားစေပါတယ်” ယဲ့ထျန်းရှင်းက ချီးကျူးလိုက်သည်။
သို့သော်လည်း စောစောလေးက မြင်ကွင်းကို ပြန်လည်အမှတ်ရသွားကာ ယွီရှန်းရုန်က ခေါင်းခါလိုက်ပြီး “ဘာမှမပြောပလောက်ပါဘူး ”
“ အာ့ရှစ်ရှိုး မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ရောက်သွားပြီလို့ ကြားထားတယ်။ အဲဒါ အမှန်ပဲလား” ယဲ့ထျန်းရှင်းက ကျင့်ကြံရေးလောကနှင့် ဆက်သွယ်ခဲသည်။ သူမက တစ်ချိန်လုံး သီးသန့် လေ့ကျင့်လျက်သာ အချိန်ကုန်လေ့ရှိ၏။ သူမက တစ်ခါတစ်ရံမှသာ အပြင်ထွက်လာလေ့ရှိသည်။
သူမက ထိုသတင်းကြားလိုက်သည့်အခါ မယုံနိုင် ဖြစ်မိသွား၏။
ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ ပြုံးကာ “အင်း ”
“အဲဆိုတော့ သတ်ဖြတ်စာရင်းကရော အမှန်ပဲပေါ့” ယဲ့ထျန်းရှင်းက တအံ့တဩ မေးလိုက်သည်။
ထိုစဉ် ယွီရှန်းရုန်က လှည့်ကြည့်လာသည်။
ယွီရှန်းရုန်၏ အကြည့်က ယဲ့ထျန်းရှင်းအား စိတ်လှုပ်ရှားကာ တင်းကျပ်လာစေသည်။ သူမက မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်လာကာ လရောင်ဆွတ်နန်းဆောင် သခင်မဖြစ်လာပြီး ကျောက်စိမ်းမျက်နှာ သူရာ ဟူသော နာမည်တစ်ခုတည်းဖြင့် ကြားမိသူအားလုံးကို ကြောက်လန့်စေကတည်းက ဒီလိုမျိုး စိတ်မလှုပ်ရှားဖူးပေ။
“အင်း” ယွီရှန်းရုန်က ထပ်မံ ခေါင်းညိတ်လိုက်သည်။
ယဲ့ထျန်းရှင်းက အံ့ဩမိသွားသည်။ ထိုစာရင်းက ကျင့်ကြံရေးလောကကြား နာမည်ကျော်နေသည့် အဆင့်မြင့် ကျင့်ကြံသူနာမည်များဖြင့် ပြည့်နေသည်။ သူတို့အားလုံးက အံ့လောက်ဖွယ် လူများ ဖြစ်ကြသော်လည်း အာ့ရှစ်ရှိုး ဓားချက်အောက် သေဆုံးကြရသည်။
သူနဲ့ သူ့ကျင့်စဉ်က ဘယ်လောက်တောင် အားကောင်းနေတာလဲ …
ယွီရှန်းရုန် မျက်နှာအထက် ညင်သာသည့် အပြုံးမျိုး ပေါ်လာကာ မေးလိုက်သည်။ “ လျို့ရှစ်မေ့ … ရှစ်စွင်းက မင်းကို ခွင့်မလွှတ်လိုက်ဘူးလား”
ယဲ့ထျန်းရှင်းက အံ့ဩသွားပြီး ဆွံ့အသွားသည်။ သူမ အမူအရာက သဘာဝမကျ ဖြစ်လာမိ၏။ သူမက ထိုမေးခွန်းကို ဘယ်လိုပြန်ဖြေရမှန်း မသိပေ။
ယွီရှန်းရုန်က အတင်းကျပ် ဖြေခိုင်းဖို့ စိတ်ကူး မရှိပေ။
“ မင်း မဖြေချင်ရင်လည်း မဖြေလို့ ရတယ် ”
အဆုံးသတ်၌ ယဲ့ထျန်းရှင်းက ပြန်ဖြေလိုက်သည်။
“ ကျွန်မ မိစ္ဆာဝေဟင်မျှော်နန်းကို နောက်တစ်ကြိမ် ပြန်မလာနိုင်တော့ဘူး တူတယ်”
ယွီရှန်းရုန်က ပြောလိုက်သည်။ “မင်းဆီမှာ ဘဝအရှည်ကြီးကျန်သေးတာပဲ ….မင်းသဘောအတိုင်းနေပေါ့”
“ အာ့ရှစ်ရှိုး ပြောတာ မှန်တယ်” ယဲ့ထျန်းရှင်းက ခေါင်းညိတ်လိုက်သည်။
“ ဒါပြီးရင် ဘာလုပ်မယ် စိတ်ကူးထားလဲ” ယွီရှန်းရုန်က မေးလိုက်သည်။
ယဲ့ထျန်းရှင်းက ချက်ချင်း ပြန်မဖြေပေ။ ထို့အစား သူမက တောင်စွန်းဆီ သွားကာ တောအုပ်ကို ငုံ့ကြည့်လိုက်သည်။ သူမက သက်ပြင်းအသာချလိုက်ရင်း “ကျွန်မ မသိဘူး … ကျွန်မက ခေါင်းမပါတဲ့ ယင်ကောင်လိုပဲ”
သူမက အများကြီးပြောမိသွားကြောင်း ခံစားလိုက်၍ ရပ်တန့်လိုက်သည်။
ယွီရှန်းရုန်က ပြောလိုက်သည်။
“ တကယ်လို့ အခု မင်းဆီမှာ ရည်မှန်းချက်မရှိရင် အသစ်ရှာကြည့်ပေါ့”
ယဲ့ထျန်းရှင်းက ကြောင်သွားသည်။ သူမအတွေးများက အာ့ရှစ်ရှိုးလောက် မရိုးရှင်းပေ။ သို့သော်လည်း ဘဝကြီးက ရှုပ်ထွေးနေခြင်းတော့ မဟုတ်ပေ။ ပို၍ စိုးရိမ်လေလေ ပို၍ တင်းကျပ်လာလေလေ ဖြစ်၏။ ထို့အပြင် သူမတွင် ရည်မှန်းချက်မရှိတာမျိုးလည်း မဟုတ်ပေ။ သူမက ရည်မှန်းချက်နောက်လိုက်ဖို့ မဆုံးဖြတ်ရသေးရုံသာ ဖြစ်၏။
ခဏအကြာတွင် သူမက မေးလိုက်သည်။ “ အဲဆို အာ့ရှစ်ရှိုးကရော ဒါတွေပြီးသွားရင် မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်မှာလား”
“ဟင့်အင်း” ယွီရှန်းရုန်က ခေါင်းခါလိုက်ကာ “ ဒါတွေပြီးသွားရင် မြောက်ဘက်ကို သွားမယ်”
“ ဘယ်ကိုသွားမှာလဲ ”
“ဆားငန်တောင်”
…
အခန်း (၃၈၃) ကောလာဟလများ ပျံ့နှံ့လာပုံ
ယဲ့ထျန်းရှင်းက ဝေခွဲမရဖြစ်ကာ မေးလိုက်လေ၏။ “ဆားငန်တောင်လား ... အဲ့ဒါဘယ်နေရာမှာလဲ”
သူမသည် ထိုကဲ့သို့သောနေရာမျိုးကို တစ်ခါမှမကြားဘူးပေ။ ထို့ကြောင့် ၎င်းသည် ဝေးကွာသည့် တောင်တန်းရွာတချို့ဖြစ်ရမည်ဟုကောက်ချက်ချလိုက်သည်။
ယွီရှန်းရုန်က ရိုးရိုးသားသားပြန်ဖြေသည်။ “အဲ့တာက ငါ့ရဲ့မွေးရပ်မြေလေ ... အရင်လူရဲ့ အရိပ်တစ်ခုဖြစ်တဲ့နေရာတစ်နေရာပဲ။ ဘာမှမရှိဘူး ... အေးစက်မှုနဲ့ အမှောင်ထုပဲရှိနေတာ”
ယဲ့ထျန်းရှင်းက ပိုတောင် ဇဝေဇဝါဖြစ်သွားလေ၏။ ယွီရှန်းရုန်သည် သူ၏မွေးရပ်မြေကို အေးစက်ပြီးမှောင်မည်းသည်ဟု ဖော်ပြရသည့်အကြောင်းအရင်းကို သိချင်နေလေ၏။ အနည်းဆုံးတော့ သူ့၌ ပြန်စရာမွေးရပ်မြေရှိသည်။ သူမကမူ ပြန်စရာနေရာမရှိ။ ထိုအကြောင်းကို တွေးမိပြီး သူမက သက်ပြင်းချကာမေးလိုက်တော့သည်။ “အာ့ရှစ်ရှိုး ... ညီမကို အပြစ်တင်လား”
“ဖြစ်ခဲ့တာကို ငါ ကြားတယ်” ယွီရှန်းရုန်က ပြောလိုက်၏။
ယဲ့ထျန်းရှင်းသည် သူ၏အဖြေကြောင့်ပျော်ရွှင်သွားလေ၏။ သူ၏ အာ့ရှစ်ရှိုးသည် သူမကို အပြစ်မတင်ပုံရသည်။ သူမ၏ ချိရှစ်တိ စီးဝူယာ့နှင့် အပြန်အလှန်ပြောဆိုခဲ့မှုကို ရုတ်တရက် သတိရသွားပြီးမေးလိုက်၏။ “အာ့ရှစ်ရှိုး ... ဒီကမ္ဘာကြီးမှာ တစ်စုံတစ်ယောက်က နှစ်ပေါင်းနှစ်ထောင်လောက်နေနိုင်မယ်ဆိုတာယုံလား”
ယွီရှန်းရုန်က အနည်းငယ် အံ့ဩထိတ်လန့်သွားသည်။ ထိုမေးခွန်းသည် မဟာနွယ် လူမျိုးတစ်ယောက်အဖို့ တိုက်ရိုက်ထိမှန်သည့် အစွန်းတစ်ခုပဲဖြစ်သည်။ ဆိုရလျှင် မဟာနွယ်လူမျိုးအတွက် အသက်တစ်ထောင်နေနိုင်ခြင်းကပင် ခမ်းနားကြီးကျယ်နေပြီဖြစ်ရာ အသက်နှစ်ထောင်ဆို ပြောရန် မလိုအပ်တော့ချေ။ “ဘာကြောင့်လဲ ... ယုံတယ်လား”
“အာ့ရှစ်ရှိုး ... ညီမ တစ်ချိန်လုံးပစ္စည်းတစ်ခုကို ရှာနေတာ ... ချန်ဟွမ်းလို့ခေါ်တယ်။ ချန်ဟွမ်းကို စီးနင်းတဲ့သူတိုင်းက နှစ်ပေါင်းနှစ်ထောင်နေနိုင်တယ်လို့ပြောကြတယ်။ အဲ့ဒါကို အချိန်အတော်ကြာ ရှာခဲ့ပေမယ့် ညီမရဲ့ရှာဖွေမှုမှာ အကျိုးမဖြစ်ထွန်းလာခဲ့ဘူး” ယဲ့ထျန်းရှင်းက ပြန်ပြောလိုက်၏။
ယဲ့ထျန်းရှင်းက တခြားသူများကို ဤအကြောင်းပြောပြလိုက်လျှင် သူတို့က သူမ၏ အချည်းနှီး ရှာဖွေမှုကို ရပ်တန့်ရန် သူမကို ဖျောင်းဖျကြလိမ့်မည်။ သို့သော် ယွီရှန်းရုန်ကမူ မတူညီပေ။ သူက မသေခင်၌ ပန်းတိုင်သို့ရောက်ရှိရန်လိုအပ်သည်ဟု ခိုင်မြဲစွာယုံကြည်ထားတဲ့သူ ဖြစ်သည်။ သူက ခပ်ဖျော့ဖျော့ပြုံးလျက်ပြန်ပြောလိုက်၏။ “မင်းရဲ့ဆုံးဖြတ်ချက်ကို မဆုံးရှုံးစေနဲ့ ... ဆက်ရှာလိုက်”
“အခွင့်အရေးက နည်း ... နည်းနေရင်ကော”
“ဘာမှမရှိတာထက်ပိုကောင်းတယ်”
ယဲ့ထျန်းရှင်းက ဆွံ့အသွားသည်။ မှန်ပေသည်။ အခွင့်အရေးက ဘာမှမရှိတာထက်ပိုကောင်း၏။ သူမက အရိုအသေပေးလိုက်တော့သည်။ “ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ် အာ့ရှစ်ရှိုး”
ယွီရှန်းရုန်က ခေါင်းညိတ်လိုက်သည်။ “နေဝင်နေပြီ ... ပြန်သင့်နေပြီ ရှစ်မေ့”
“အင်း ... ဂရုစိုက်ပါ ရှစ်ရှိုး” ယဲ့ထျန်းရှင်းက အရိုအသေထပ်ပေးပြီးနောက် လှည့်ထွက်သွားတော့သည်။
တဖြည်းဖြည်းချင်း အမှောင်ထုက ဆင်းသက်လာ၏။
ယွီရှန်းရုန်က မလှုပ်ရှားပေ။ သူက တိတ်တဆိတ် ကြည့်နေလေပြီး တောင်တန်းနား နေဝင်တာကို ကြည့်နေလေ၏။ သူ၏သက်တော်ရှည်ဓားကို တင်းကြပ်စွာဆုပ်ကိုင်လျက် နေရာ၌ ခိုင်မြဲစွာ ရပ်နေ၏။
ဘန်း ...
ကျောက်တုံးပေါ်၌ အက်ကွဲကြောင်းတစ်ခုပေါ်လာ၏။ သက်တော်ရှည်ဓားက ၎င်းတွင်းသို့ ဝင်ရောက်သွားသည်။ ယွီရှန်းရုန်က တင်ပလ္လင်ချိတ်ထိုင်ထားလျက် လက်ဖဝါးနှစ်ဖက်ကို ထပ်ထားလေ၏။
သူ၏ ဒုက္ခရှုကွင်းမိုင်တစ်ရာက ပေါ်လာတော့သည်။ သို့သော် ၎င်း၏အရွယ်အစားက မကြီးမားပေ။ အမှန်တကယ်တွင် သူ့အရပ်အမြင့်၏ တဝက်ခန့်သာ ရှိသည်။ သူက တမင်တကာ စိတ်ဝိညာဉ်သဏ္ဌာန်ကို သေးအောင်လုပ်ထားတာဖြစ်သည်။ လက်ဖဝါးတစ်ဖက်ကို မြှောက်ပြီးလှန်လိုက်လေရာ စိတ်ဝိညာဉ်သဏ္ဌာန်က လက်ဖဝါးပေါ် ပျံဝဲနေလေ၏။ ၎င်းက ရွှေရောင်ကြာပွင့်ရှိ ရွှေရောင်ရုပ်တုတစ်ခုနှင့်ဆင်တူသည်။ သို့သော်ငြား ရွှေရောင်ကြာပွင့်သည် ရွှေစစ်စစ်မဟုတ်တော့ပေ။ ထိုအစားပြန့်ကားသွားပြီး ခရမ်းရောင်အစက်အပျောက်များအဖြစ် ရှိနေလေ၏။ ခရမ်းရောင်အစက်အပျောက်များသည် ရွှေကြာကို ကူးစက်သွားပုံပေါ်၏။
ယွီရှန်းရုန်က သူ၏ကနဦးချီကို လှည့်ပတ်လိုက်သည်။ သူ၏ရွှေကြာက အရှိန်လျင်မြန်စွာ လှည့်ပတ်နေပြီးနောက် တောက်ပနေလေ၏။
ဝှစ် …
တလှည့်ပြီးနောက် ခရမ်းရောင်အစက်များသည် သူ၏ အစွမ်းထက်သောကျင့်ကြံဆင့်ကြောင့်ဖိနှိပ်ခြင်းခံထားရပြီး အရှိန်လျော့သွားပုံ ပေါ်၏။ သူတို့က မပျောက်သွားပေ။
ယွီရှန်းရုန်က မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။ သူ ထိုအောင်မြင်မှုကို အလွယ်တကူရခဲ့တာ မဟုတ်။ အမှန်တကယ်တွင် ကျန်သည့်တိုက်ပွဲများနှင့်ယှဉ်လျှင် အနည်းငယ်ခက်ခဲသည်။ သူသည် ထိုစဉ်က အလင်းခွင်းတိမ်တိုက်တောအုပ်၌ တာ့ရှစ်ရှိုးနှင့် လက်ရည်ချင်း ယှဉ်ချိန်တွင်ကတောင် သူ အားကုန်ထုတ်မသုံးခဲ့ရပေ။ သူ၏အမြင်တွင် ကျန့်ယွမ်ရှန်းက ဒုတိယအဆင့် ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးသာဖြစ်၏။ သူကသေရမှာကိုကြောက်ပြီးခေါင်းမာသည့် သတ္တိကြောင်သည့်သူ တစ်ယောက်သာဖြစ်သည်။ သူသည် ဓားတစ်ချက်မျှဖြင့် ကျန့်ယွမ်ရှန်းကိုဖြေရှင်းနိုင်သင့်လောက် သည်။ ကျန့်ယွမ်ရှန်းက သူ့ကို ထိုမျှခက်ခဲစေလိမ့်မည်ဆိုတာ မည်သူက သိမည်နည်း။
“လို့လန်က မဟာနတ်ဆရာလား” ယွီရှန်းရုန်က သူ့ဖာသာသူရေရွတ်ပြောလိုက်ပြီးနောက် နှာခေါင်းရှုံ့လိုက်၏။
“မင်း ... ငါနဲ့တွေ့တာကံကောင်းတယ် မဟုတ်ရင် ...” သူပြောတာမပြီးသေးခင် စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ခေါ်လိုက်ကာ ခြေထောက်တစ်ချက်တွန်းကန်လိုက်ပြီးနောက် မြောက်အရပ်ဆီသို့ ပျံသန်းသွား၏။
အစိမ်းရောင်ယဇ်ပလ္လင်ရှိတိုက်ပွဲပြီးဆုံးသွားပြီးနောက် ငရဲဂိုဏ်းတပည့်များသည် ယီစီရင်စုတွင် ရှိနေသော သူတို့ဂိုဏ်းချုပ်ယွီကျန့်ဟိုင်ဆီသို့ စာပို့လိုက်သည်။
“တခြားအခွဲတွေကို အကြောင်းကြားလိုက်။ ကျန့်ယွမ်ရှန်းနဲ့တိုက်ခိုက်ပြီးနောက် ဒုတိယသခင်လေးရဲ့ ခန္ဓာကိုယ်ထဲ အဲ့ဒီအရာတွေက ထိခိုက်စေတယ်လို့ပြောလိုက်”
အနည်းဆုံးတော့ ယင်းက သူတို့လေ့လာမှုပေါ် အခြေခံပြီး တွေးထားတာပဲဖြစ်သည်။ သူတို့ စကားများသည် တူညီသည့်အဓိပ္ပာယ်ကို ဆိုလိုနိုင်ရန် မတူညီသည့်နည်းလမ်းများစွာ၌ ပြန်ပြောင်း ပြောနိုင်၏။ ယွီရှန်းရုန်က ထိခိုက်ဒဏ်ရာရသွား၏ ... ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသည် ... ပျောက်ဆုံးသွားသည် ... သေသည် စသဖြင့်ပြန်ပြောင်းပြောရန်နည်းလမ်းများစွာရှိသည်။
ယင်းက ကျင့်ကြံခြင်းလောကထဲ၌ ကောလာဟလအသစ်ပျံ့သွားပုံပဲဖြစ်သည်။
ကျင့်ကြံခြင်းဂိုဏ်းများ၏ အဓိကဂိုဏ်းများက သက်ပြင်းချလိုက်၏။ အများအမြင်ကမူ သတ္တုကို အရည်ပျော်စေရန်လုံ လောက်အောင်အားကောင်းနေပြီးဖြစ်သည်။ ကောလာဟလဖြန့်ရန် လူလုံလောက်သည့်အချိန်၌ အစစ်အမှန်ကို စစ်ဆေးရန် မလိုအပ်တော့ချေ။
အချိန်ကြာလာသည်နှင့်အမျှ ကောလာဟလက ပိုမိုချဲ့ကားလာ၏။ ပုံပြောသူများက သူတို့၏ကိုယ်ပိုင်ဇာတ်အချိုးအကွေ့များကို ထည့်လိုက်လိမ့်မည်။
“ကျောက်စိမ်းယဇ်ပလ္လင်က တိုက်ပွဲမှာ ဓားနတ်ဆိုးက ကျန့်ယွမ်ရှန်းကို အနိုင်မယူနိုင်ခဲ့ဘဲ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်”
“အဲဒီသူရဲဘောကြောင်တဲ့ ကျန့်ယွမ်ရှန်းက ဘာကြောင့် ရုတ်တရက်ကြီး ပြန်တိုက်ခိုက်ရတာလဲ”
“ဓားနတ်ဆိုး ယွီရှန်းရုန်က သူ့ကိုယ်သူအထင်ကြီးလွန်းနေတာပဲ။ အဆုံးကျ သူ ရှုံးနိမ့်ပြီ”
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ခေတ်ကတော့ အဆုံးသတ်တော့မယ်”
ထိုအချိန်မှစပြီး ယွီရှန်းရုန်ပေါ်မလာတော့သောကြောင့် ကောလာဟလက ယုံကြည်စိတ်ချရမှု ဖြစ်လာတော့သည်။
ညအမှောင်ယံအောက် သင်္ချိုင်းတစ်ခုတွင်ဖြစ်သည်။
အနက်ရောင်အရိပ်က လေပေါ်ပျံဝဲနေလေ၏။ ၎င်း၏ခြေထောက်က မြေပြင်အထက် ပေတဝက်ခန့်တွင်ရှိနေသည်။ ၎င်းက သင်္ချိုင်းတဝိုက်ခပ်နိမ့်နိမ့်ပျံသန်းနေပြီး သူ၏ခန္ဓာကိုယ်က သိပ်သည်းသည့် ခရမ်းရောင်ငွေ့များထုတ်ဖော်နေ၏။
မြေဆွေးများပြိုကျသွားသည့်အသံကပေါ်ထွက်လာ၏။
အနက်ရောင်အရိပ်သည် ၎င်း၏စမှတ်ကိုပျံသန်းသွားပြီးနောက် မြေပြင်ပေါ်ဆင်းသက်လာ၏။ သူက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ လက်တစ်ဖက်ဖြင့် ကြိုးနှစ်ချောင်းကိုကိုင်ထား၏။ ကြိုး၏အဆုံးတွင် သင်္ဃန်းဝတ်ဆင်ထားသေးဆဲဖြစ်သည့် ခုံရွမ်ကိုတွေ့လိုက်ရ၏။ တစ်ဖက်တွင်မူ တာအိုဝတ်ရုံကိုဝတ်ဆင်ထားသည့် ကျန့်ယွမ်ရှန်းဖြစ်သည်။
“စုန်းအတတ်ဂါထာက အာနိသင်ပြနေတယ်။ ယွီရှန်းရုန်က ဒီလောကထဲကနေ ပျောက်ကွယ်သွားတော့မယ်။ ပြီးရင် မိစ္ဆာဝေဟင်မျှော်နန်းရဲ့အလှည့်ပဲ။ ရှစ်မေ့ ... မင်းကို တခြားကမ္ဘာဆီ လိုက်ပါပေးဖို့ မိစ္ဆာဝေဟင်မျှော်နန်းတစ်ခုလုံးကို ငါ ဆွဲချပေးမယ်”
ခုနစ်ရက်ခန့် ကြာပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမကျယ်ထဲတွင်ဖြစ်သည်။
လုကျိုးက အချိန်အတော်ကြာ ကောင်းကင်ကျမ်းစာများကို ကျင့်ကြံနေလေ၏။ သူ၏ ထူးကဲစွမ်းအားများက ယခုအပြည့်အဝ ပြန်ရောက်လာပြီဖြစ်သည်။ သူက ပွင့်ချပ်ကိုးလွှာ အဆင့် အကြောင်း စဉ်းစားနေစဉ် မင်ရှစ်ရင်က သူ့လက်ထဲတွင် စာတစ်စောင်ဖြင့် ခန်းမထဲသို့ဝင်လာ၏။
ထိုစဉ်ရှောင်ယွမ်အာက ခန်းမကျယ်ထဲ၌ နိဗာနခါးစည်းကို ထိန်းချုပ်ရန် လေ့ကျင့်နေလေသည်။
“စစ်ရှစ်ရှိုး ကြည့်ပါဦး ... ညီမ နိဗာနခါးစည်းကို အခုပုံသဏ္ဌာန်အမျိုးမျိုးရအောင်လုပ်နိုင်နေပြီ။ ရှစ်စွင်းက ညီမကိုသင်ပေးတာ”
“ကောင်းတယ်” မင်ရှစ်ရင်က ဝေဝါးဝါးသာဖြေပြီးနောက် ခန်းမကျယ်ထဲသို့ လျင်မြန်စွာလျှောက်လာ၏။
“ရှစ်စွင်း ... ကျန်းအိုက်ကျန့်ဆီက စာပါ” သူက စာကိုဖွင့်လျက်ပြောလိုက်သည်။
ကျန်းအိုက်ကျန့်သည် ကြွားလုံးထုတ်ပြီးမျက်နှာချိုသွေးခြင်း၌သာ အရည်အချင်းရှိသည့် မျှော်နန်းဆောင်အိုကြီးမှ အဘိုးကြီးများနှင့်ယှဉ်လျှင် လုပ်ရည်ကိုင်ရည်ရှိသေး၏။ သူသွားတာ ခုနစ်ရက်သာရှိသေးသော်ငြား ရလဒ်တစ်ခုထွက်နေပြီဖြစ်သည်။
မင်ရှစ်ရင်က ဖတ်လိုက်၏။
“လောင်ချန်းပေ့ ... ကျွန်တော့်ကို အပ်ထားတဲ့ကိစ္စကို စစ်ဆေးဖို့မလိုတော့ဘူး။ ကျင့်ကြံခြင်းလောက တစ်ခုလုံးက ဓားနတ်ဆိုးက ကျန့်ယွမ်ရှန်းကို ရှုံးနိမ့်ပြီးနောက် အခြေအနေမလှဘူးလို့ ပြောနေကြတယ်။ ဒါပေမဲ့ ကောလာဟလကိုတော့ အတည်မပြုရသေးဘူး။ တတ်နိုင်သမျှမြန်မြန် ကောလာဟလကို အတည်ပြုဖို့ကြိုးစားမယ်။ နောက်တစ်ခုက ငရဲဂိုဏ်းက ယီစီရင်စုကို သိမ်းပိုက်သွားပြီဆိုတဲ့အကြောင်း သတင်းပို့ချင်လို့ ... ဝေ့ကျိုးယန်ကလည်း အတုအယောင် တစ်ယောက်ပဲလေ။ သူက ယီစီရင်စုက ပုန်ကန်မှုကို နှိမ်နင်းနိုင်တဲ့အာဏာမရှိဘူး။ ထပ်ပြောရမယ်ဆိုရင် ကျွန်တော်ပြေးစရာ နေရာမရှိဘူး။ ကျေးဇူးပြုပြီး စာပြန်ပေးပါ” နောက်ဆုံးအခွန်းကို ဖတ်လိုက်ပြီးနောက် မင်ရှစ်ရင်က မျက်မှောင်ကျုံ့လိုက်၏။
သူ ဘာလှည့်ကွက်တွေသုံးနေတာလဲ။ စာရဲ့နောက်မှာထပ်ရှိသေးတာလား။ ငါ စာကို ဖောက်ဖတ်လိုက်တဲ့အချိန် ဘာမှသတိမပြုမိဘူး။ မည်သည့်နည်းနှင့်မဆို မင်ရှစ်ရင်က စာကို ဆက်ဖတ်လိုက်၏။
“ရွှေနန်းဥယျာဉ်တောင်ရဲ့အရံအတားပျောက်ကွယ်သွားတဲ့ ကောလာဟလနဲ့ ဒုတိယသခင်လေးရဲ့ အမည်မသိအခြေအနေရယ်၊ ဆရာကြီးရဲ့ နီးကပ်လာတဲ့ အသက်အကန့်အသတ်တွေအရ ဖြောင့်မတ်ခြင်းလမ်းစဉ်က မဟာမိတ်အဖွဲ့တစ်ခု ဖွဲ့မှာကို ဂရုစိုက်သင့်တယ်။ လောင်ချန်းပေ့ဆီ စာရေးဖြစ်တာ အတော်ကြာနေပါပြီ။ လျော်ကြေးအနေနဲ့ နောက်ထပ် ဓားကောင်းတစ်လက် ထပ်ရမယ်ဆိုရင် သေချာပေါက် ပိုအားတက်သွားမှာပါ။ ဟား … ဟား … ဟား …”
စာ၏အဆုံးကို ဖတ်သည့်အချိန်၌ မင်ရှစ်ရင်၏အမူအရာက တောင့်တင်းသွားတော့သည်။ စာ၏ ပထမပိုင်းကသာ အသုံးဝင်၏။ သူသည် စာ၏ ဒုတိယပိုင်းကိုတောင် စိတ်အနှောင့်အယှက်ခံပြီး မဖတ်သင့်ဟုခံစားမိသည်။
မင်ရှစ်ရင်က လုကျိုးကိုပြောလိုက်၏။ “ကောလာဟလတွေဆိုတာ ကောလာဟလတွေပါပဲ ... အာ့ရှစ်ရှိုးရဲ့ ကျင့်ကြံဆင့်နဲ့ဆို ကျန့်ယွမ်ရှန်းက ရှစ်ရှိုးရဲ့ဆံချည်တစ်မျှင်ကိုတောင် ထိနိုင်မှာမဟုတ်ဘူး။ ဒါ့အပြင် ကျန့်ယွမ်ရှန်းက သူရဲဘောကြောင်တဲ့သူတစ်ယောက်ပဲလေ”
သို့သော်ငြား မင်ရှစ်ရင်က တူညီသည့်အမြင်ကို မမျှဝေပေ။ သူရရှိသည့် ဆုလာဒ်အရ ကိစ္စက ပိုရှုပ်ထွေးပုံပေါ်သည်။ ကျန့်ယွမ်ရှန်းသေပြီဆိုတာပဲ အတည်ပြုနိုင်၏။ သို့သော် ယွီရှန်းရုန် အထိအခိုက်ရှိမရှိဆိုတာမသေချာပေ။ ဆိုရလျှင် ယခုအချိန်ထိသူ၏တပည့်များက မသေသေးသောကြောင့် စနစ်သည် သူ၏တပည့်သေဆုံးမှုကိုတောင် အကြောင်းကြားမလားဆိုတာ မသေချာပေ။
လုကျိုးက ဖြည်းဖြည်းချင်းထရပ်လျက်မုတ်ဆိတ်သပ်ကာ ပြောလိုက်တော့သည်။ “မင်းရဲ အာ့ရှစ်ရှိုးက တစ်ကိုယ်တည်းဆောင်ရွက်ရတာ နှစ်ခြိုက်တယ်။ သူက စားရေးရတာ မနှစ်သက်ဘူး”
“ဟုတ်ပါတယ် ရှစ်စွင်း ... သူက လူကြီးတစ်ယောက်ပဲ။ သူ အဆင်ပြေတယ်ဆိုတဲ့အကြောင်း သတင်းပို့ရမှာ သူ သိမှာပါ” မင်ရှစ်ရင်က ပြော၏။
“ထားလိုက်တော့” လုကျိုးက ထိုသို့ပြောလိုက်သော်ငြား သူသည် ယွီရှန်းရုန်ကို မထိခိုက်စေချင်ပေ။ ထိုကဲ့သို့ အကူအညီပေးသူကြီးတစ်ယောက်ကိုဆုံးရှုံးရမည်ဆိုပါက ကိစ္စရပ်များကို ဖြေရှင်းရာ၌ ပိုပြီးဒုက္ခများလာလိမ့်မည်။
ခဏအကြာတွင် မင်ရှစ်ရင်က ပွင့်ပွင့်လင်းလင်းမေးလာတော့၏။
“ရှစ်စွင်း ... တာ့ရှစ်ရှိုးအကြောင်း ကျွန်တော်တို့ဘာလုပ်သင့်သလဲ။ သူက အခု ယီစီရင်စုကိုတောင် သိမ်းပိုက်လိုက်ပြီးပြီ သူက တော်ဝင်မိသားစုကို ဆန့်ကျင်နေတာ သိသာနေတာပဲ”
လုကျိုးက မင်ရှစ်ရင်ပြောတာ မဖြေပေ။ ငါလည်း အဲ့ဒီလူလိမ်လူကောက်အကြောင်းမေးပြီး အတိတ်တုန်းက ဖြစ်ခဲ့တာကိုမေးချင်နေတာ ...
ပြဿနာက ကိစ္စရပ်များက မရိုးရှင်းပေ။ ငရဲဂိုဏ်းနှင့်အခွဲများစွာရှိပြီး လျှို့ဝှက်အခြေစိုက် စခန်းများစွာရှိ၏။ အလင်းခွင်းတိမ်တိုက်တောအုပ်အတွင်း သူနှင့် ယွီရှန်းရုန်၏တိုက်ပွဲပြီးနောက် ယွီကျန့်ဟိုင်ပုန်းနေသည့်နေရာကို မည်သူမှမသိပေ။ ယီစီရင်စုက ကြီးမား၏။ ကောက်ရိုးပုံထဲအပ်ရှာနေရသကဲ့သို့ဖြစ်လိမ့်မည်။ ထို့အပြင် ငရဲဂိုဏ်းသည် ၎င်း၏အင်အားစုကို အဖွဲ့ဝင်တစ်သောင်းကနေ တစ်သိန်းအထိ အချိန်တိုအတွင်း ချဲ့ထွင်ခဲ့ပြီးဖြစ်သည်။ သူ့ဖာသာသူ အရည်အချင်းရှိသည့် မဟာကာကွယ်စောင့်ရှောက်သူလေးဦးလည်းရှိ၏။ စီးဝူယာ့ကလည်း ဉာဏ်သုံးပေးနေသည်။
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်သည်။ သူဤနေရာသို့ ကူးပြောင်းချိန်မှစပြီး ယွီကျန့်ဟိုင်ကို တခါမှမတွေ့ဖူးပေ။ သူတို့တွေ့ခါနီးခဲ့သော်ငြား မတွေ့ဖြစ်ခဲ့ပေ။ တမိုးအောက်ရှိ အကြီးမြတ်ဆုံးမိစ္ဆာဂိုဏ်း၏ဂိုဏ်းချုပ်က ပြေးတာပိုမြန်သည်။
“ငါက ဒီလောက်ကြောက်ဖို့ကောင်းနေလို့လား”
“ယီစီရင်စုကို ပိုအရေးစိုက်ဖို့ ကျန်းအိုက်ကျန့်ကိုပြောလိုက်။ အချိန်ရမယ်ဆိုရင် ငါကိုယ်တိုင် ယီစီရင်စုကိုသွားပြီး အဲ့ဒီလူမိုက်ကိုသွားဖမ်းမယ်”
“ဟုတ်ကဲ့ ရှစ်စွင်း” ထိုသို့ပြောပြီးနောက် မင်ရှစ်ရင်၏မျက်ဝန်းများက ဘေးဘယ်ညာကို ကြည့်ပြီးပြောလိုက်၏။ "ရှစ်စွင်း ... ကောလာဟလတွေပျံ့နေပုံအရ ကျွန်တော်တို့ကို လူတွေက လွယ်ကူတယ်လို့ထင်နေပြီ။ တောင်အောက်ဆင်းပြီး အဲ့ဒီလူတွေကို ရိုက်ခွင့်တောင်းပါတယ်”
ထိုစဉ် တွမ့်မူရှန်းက နယ်ရှင်လှံကိုကိုင်ထားပြီး လျှောက်လာ၏။ “မင်းအပြင်မှာ ကစားဖို့ တွေးနေတာမလား ... ဟုတ်တယ်ဟုတ်”
“မဟုတ်ဘူး” မင်ရှစ်ရင်က ဖြေ၏။
မင်ရှစ်ရင်က သူ၏သစ္စာရှိမှုကို ကြွားလုံးထုတ်တော့မည့်အချိန်၌ တစ်စုံတစ်ယောက်က လေထဲကနေ ဒူးထောက်လျက်သားဖြင့် ဆင်းလာ၏။ “နှုတ်ဆက်ပါတယ် ရှစ်စွင်း”
…
အခန်း(၃၈၄) ဘယ်နေရာမှာမှ ရှာမတွေ့နိုင်ဘူး
မင်ရှစ်ရင်က မျက်မှောင်ကြုတ်လိုက်သည်။ သူက လှည့်ကြည့်လိုက်သည့်အခါ ကျူးဟုန်ကုန်းက မြေပေါ် ဒူးထောက်နေလေ၏။
မဖြစ်သေးဘူး … ငါ လောင်ပါ့ကို ကောင်းကောင်းရိုက်နိုင်မဲ့ အချိန်ကို ရှာရမယ် …
“ စစ်ရှစ်ရှိုး၊ စန်းရှစ်ရှိုးကို ဂါရဝပြုပါတယ် .. အာ စစ်ရှစ်ရှိုးက မနေ့ကထက် ပိုခန့်လာတာပဲ”
ကျူးဟုန်ကုန်းက မင်ရှစ်ရင်နှင့် တွမ့်မူရှန်းကို နှုတ်ဆက်ရင်း ပြောလိုက်သည်။
မင်ရှစ်ရင် “ …”
သူက ပြန်မဖြေဘဲ သူ့ဘာသာ တွေးလိုက်သည်။
‘ ဒီတစ်ခါတော့ မင်းကို ခွင့်လွှတ်ပေးလိုက်မယ် ’
ကျူးဟုန်ကုန်းက သူတို့ဆီ လျှောက်လာကာ “ရှစ်စွင်း … ကျွန်တော် တင်ပြစရာလေးရှိလို့ပါ”
“ပြော”
“ သစ္စာဖောက် စီးဝူယာ့ဆီကနေ စာတစ်စောင် ရထားပါတယ်။ သူက ကျွန်တော့်ကို အရင်လို ကြိုးကိုင်ခြယ်လှယ်လို့ ရမယ် ထင်နေတဲ့ပုံပဲ။ ကျွန်တော်က ရှစ်စွင်းရဲ့ သင်ကြားပြသမှုတွေအောက်မှာ ဉာဏ်ထက်လာပြီဆိုတာ သူ မသိဘူး …” ကျူးဟုန်ကုန်းက လုကျိုးကို ချီးမွမ်းဖို့ မမေ့ဘဲ ပြောလိုက်သည်။
“ လိုရင်းကို ပြောစမ်း”တွမ့်မူရှန်းက နယ်ရှင်လှံကို မြောက်ကာ ပြောလိုက်သည်။
ကျူးဟုန်ကုန်းက စာကို ဖွင့်လိုက်ကာ ဖတ်ပြလိုက်သည်။ “ ချစ်လှစွာသော ရှစ်စွင်းကို ဂါရဝပြုနှုတ်ဆက်လိုက်ပါတယ် … ”
တွမ့်မူရှန်းက ကျူးဟုန်ကုန်းဆီ ရောက်လာပြီး အင်္ကျီကနေ ဆွဲမလိုက်ပြီး “တော်သင့်ပြီ”
ကျူးဟုန်ကုန်းက မျက်ရည်များ စီးကျလာကာ “ အဲဒါ စာထဲက ပြောထားတာပါ ”
“…”
“တော်တော့” လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။
တွမ့်မူရှန်းက ကျူးဟုန်ကုန်းကို လွတ်ပေးလိုက်သည်။
နှစ်ယောက်သား ချက်ချင်း ဒူးထောက်လိုက်ကြပြီး ရှစ်စွင်းက ဒေါသများ သူတို့ဆီ ပုံချမည်ကို စိုးရိမ်နေကြသည်။
လုကျိုးက သူတို့နှစ်ယောက်လုံးကို ကြည့်ကာ ဆူပူဖို့ ပျင်းရိနေမိသည်။ သူ့လက်တစ်ချက်အဝေ့တွင် စာက သူ့လက်ထဲ ရောက်လာသည်။
ကျူးဟုန်ကုန်းက ကမ္ဘာပေါ်မှာ အရဲရင့်ဆုံးလူဖြစ်နေလျှင်ပင် ရှစ်စွင်းဆီ ရောက်သွားသည့် စာကို မတားရဲပေ။
လုကျိုးက ပါဝင်အကြောင်းအရာများကို ဖတ်လိုက်သည်။ ဖြစ်ချင်တော့ စာထဲတွင် ယွီရှန်းရုန်နှင့် ကျန့်ယွင်ရှန်းတို့ကြားမှ အဖြစ်အပျက်အကြောင်း ပါဝင်နေသည်။ စီးဝူယာ့က ယွီရှန်းရုန်သည် အဆင့်မြင့် ပစ်မှတ်များ လိုက်သတ်နေသည့် ကိစ္စနှင့် ပတ်သက်သည့် အဖြေအား ရှိထားပုံပေါ်သည်။ သို့သော်လည်း လုကျိုးက စိတ်ပူနေမိသည်။
မင်ရှစ်ရင်က သိချင်စွာ မေးလိုက်သည် “ ရှစ်စွင်း ဘာတဲ့လဲ ”
လုကျိုးက လက်ခါကာ စာကို လွှင့်လိုက်သည်။
မင်ရှစ်ရင်က စာကို ဖမ်းကာ ဖတ်ကြည့်လိုက်၏။ သူက စာဖတ်ရင်း မျက်မှောင်ကြုတ်မိသား ဖြစ်သွားလေသည်။
“ အာ့ရှစ်ရှိုးက ကျန့်ယွင်ရှန်းနဲ့ ကျောက်စိမ်းယစ်ပလ္လင်မှာ တိုက်ခိုက်ခဲ့တာလား။ ကျန့်ယွင်ရှန်းက နတ်ဆရာကြီး ပါမာဆီ စတေးခံထားတယ်တဲ့လား။ ကိစ္စတွေက အာ့ရှစ်ရှိုးအတွက် မကောင်းဘူးမလား။ ပါမာက မော့လီအတွက် လက်စားချေပေးဖို့ မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ရင်ဆိုင်ဖို့ ကြံနေပြီ။ ရှစ်စွင်း အဲဒီသစ္စာဖောက် စီးဝူယာ့ကို ယုံလို့ မဖြစ်ဘူး ”
“ စစ်ရှစ်ရှိုး ပြောတာ မှန်တယ်။ ကျွန်တော်တို့ အဲဒီသစ္စာဖောက် စကားတွေကို မယုံသင့်ဘူး”
လုကျိုးက မတ်တတ်ရပ်လိုက်ပြီး သူတို့သုံးယောက်အား ကြည့်လိုက်သည် “စီးဝူယာ့က အမှန်ပြောနေတာ ဖြစ်နိုင်တယ်”
ပြောရလျှင် စီးဝူယာ့၏ စကားများ သက်သေပြရန် သူ့တွင် ဆုလာဘ် ကုသိုလ်ရမှတ် နှစ်ထောင် ရထားသည် မဟုတ်ပါလော။
မင်ရှစ်ရင်နှင့် ကျူးဟုန်ကုန်းတို့က ထိုကိစ္စကို ထပ်မပြောကြတော့ပေ။ သူတို့ရှစ်စွင်းက ပြောလိုက်ပြီဖြစ်၍ ထပ်တွေးနေစရာ မလိုတော့ပေ။
နှစ်ယောက်လုံး ခေါင်းညိတ်ကာ “ ရှစ်စွင်းက ဉာဏ်ပညာကြီးမားပါပေတယ်”
တွမ့်မူရှန်းက စာကို ကိုင်ထားရင်း ဖတ်ကြည့်လိုက်ပြီး ပြောလိုက်သည် “ ပါမာက လို့လန်ရဲ့ အားအကောင်းဆုံး စုန်းအတတ် ပညာရှင် .. ဒီနှစ်တွေတစ်လျှောက်လုံး လို့လန်ရဲ့ အင်အားက ပါမာကြောင့် သိသိသာသာ တိုးတက်လာခဲ့တာ။ အာ့ရှစ်ရှိုးကို ဘယ်လိုလုပ်ကြမလဲ ”
သုံးယောက်သား စိုးရိမ်နေကြသည်။ ထို့အပြင် ကျန်းအိုက်ကျန့်၏ စာထဲ ကောလဟာလများ ပျံ့နေကြောင်း ပြောထားသေးသည်။
ကျူးဟုန်ကုန်းက ပြောလိုက်သည် “ရှစ်စွင်း … ကျွန်တော် နောက်ထပ် တင်ပြစရာ ရှိပါသေးတယ်”
“ပြော ”
“မနေ့က အဆင့်နိမ့် ကျင့်ကြံသူအများကြီး ရွှေနန်းဥယျာဉ်တောင်ခြေမှာ ရောက်လာကြတယ်။ သူတို့က ရုတ်ရုတ်သည်းသည်း လုပ်နေကြတော့ ကျွန်တော် မောင်းထုတ်လိုက်ပါတယ်” ကျူးဟုန်ကုန်းက အပြုံးဖြင့် ချီးကျူးခံချင်သည့်အလား ပြောလိုက်သည်။
ရုတ်ရုတ်သည်းသည်း လုပ်ချင်နေတယ်တဲ့လား … ဒီကောင်စုတ်က လျှောက်ပြောနေပြန်ပြီ။ ဘယ်သူက ရွှေနန်းဉယျာဉ်တောင်ဆီ လာရှုပ်ရဲမှာလဲ
မင်ရှစ်ရင်က မျက်မှောင်ကြုတ်ကာ “ သူတို့ ဘာလုပ်နေတာလဲ မမေးလိုက်ဘူးလား”
ကျူးဟုန်ကုန်းက ခေါင်းကုတ်ကာ “သူတို့က တစ်ခုခု ထူးထူးဆန်းဆန်း ဖြစ်သွားလို့ အကူအညီလာတောင်းနေတာ။ ဒါပေမဲ့ ကျွန်တော်တို့က ပရဟိတ လုပ်နေတာမှ မဟုတ်တာ ”
မင်ရှစ်ရင်က ကျူးဟုန်ကုန်း၏ ကံဆိုးမှုအား တိတ်တဆိတ် ဝမ်းသာမိသွားသည်။
လောင်ပါ့ လောင်ပါ့ … မင်း ဆရာ့ပုံစံအသစ်အကြောင်း သိထားတယ် မထင်ဘူး …
ဒါပေမဲ့ ရှစ်စွင်းက စိတ်ဆိုးပုံမပေါ်ဘူးပဲ …
လုကျိုးက ရှေ့နောက်လျှောက်နေသည်။ သစ်ပင်များ ညိုးနွမ်းသွားခြင်းက စုန်းအတတ်နှင့် ပတ်သက်နေရမည်။ ပါမာက တစ်ခုခု ထပ်မံ ကြံစည်နေပြန်ပြီ။ သူက စီးဝူယာ့၏ စာအား အမှတ်ရသွားသည့်အခါ ယွီရှန်းရုန်ကို စတင်စိုးရိမ်လာမိ၏။
အကယ်၍ အတိတ်တုန်းကလိုသာ ဖြစ်ပါက သူ့အနေနှင့် ယွီရှန်းရုန်၏ ကျင့်ကြံဆင့်ဖြင့် ယွီရှန်းရုန်ကို စိတ်ပူစရာ မလိုအပ်ပေ။ သို့သော်လည်း ဤတစ်ခါ မတူပေ။ ယွီရှန်းရုန်၏ ဆရာတစ်ယောက်အနေနှင့် သူက ဘာမှမလုပ်ဘဲ ဘယ်လိုလုပ်ထိုင်နေနိုင်မည်နည်း။
မင်ရှစ်ရင်က သူ့ရှစ်စွင်း အတွေးနက်နေကြောင်း မြင်လိုက်သည့်အခါ သူ့ရှစ်စွင်း ဘာတွေးနေသည်ကို သိလိုက်သည်။ သူက ဦးညွှတ်ကာ “ကျွန်တော် ဒီကိစ္စကို စုံစမ်းလိုက်ပါ့မယ် ”
ကျူးဟုန်ကုန်းလည်း ဦးညွှတ်ကာ “ ကျွန်တော်လည်း စစ်ရှစ်ရှိုးနဲ့အတူ တောင်အောက်ဆင်းပြီး ဒီကိစ္စကို သွားစုံစမ်းလိုက်ပါ့မယ်”
လုကျိုးက သူ့တပည့်နှစ်ယောက်လုံးကို ကြည့်လိုက်သည်။ အတိတ်လိုသာ ဖြစ်ပါက သူ့အနေနှင့် သူတို့ကို စေလွှတ်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ သို့သော်လည်း သူက နောက်ကွယ်မှ နတ်ဆရာကြီး ပါမာကို ထည့်စဉ်းစားလိုက်မိသည်။ ယွီရှန်းရုန်ပင် ပါမာနှင့် ရင်ဆိုင်ဖို့ အခက်တွေ့နေလေရာ မင်ရှစ်ရင်နှင့် ကျူးဟုန်ကုန်းကို စေလွှတ်ခြင်းက သူတို့ကို သေတွင်းပို့သလို ဖြစ်နေလိမ့်မည်။
လုကျိုးက သူ့ဘာသာ ရေရွတ်လိုက်ပြီးနောက် “ အလျင်လိုဖို့ မလိုဘူး။ သူက မိစ္ဆာဝေဟင်မျှော်နန်းဆီ လာနေမှတော့ အနှေးနဲ့ အမြန် ရောက်လာမှာပဲ”
တပည့်သုံးယောက်က ထိုအကြောင်းကြားသည့်အခါ တစ်ပြိုင်နက် ပြောလိုက်သည် “ရှစ်စွင်းက ဉာဏ်ပညာကြီးမားပါပေတယ် ”
…………….…
မျက်စိတစ်မှိတ်အတွင်း ဆယ်ရက် ကုန်ဆုံးသွားလေသည်။ ဘာမှထူးထူးခြားခြား ဖြစ်မလာခဲ့ပေ။
၁၁ ရက်မြောက် ညဘက်၌ တောအုပ်ထဲမှ သင်္ချိုင်းတစ်ခုအတွင်း ….
အနက်ရောင် ပုံရိပ် ပျံသန်းလာသောကြောင့် သစ်ပင်များက ယိမ်းနွဲ့သွားလေသည်။
အလောင်းများလည်း သူတို့အုတ်ဂူထဲမှ တွားသွားထွက်လာကြပြီး အဖွဲ့လိုက် ဖြည်းဖြည်းချင်း လှုပ်ရှားလာကြသည်။ အပေါ်မှကြည့်လျှင် သူတို့က ပုရွက်ဆိတ်များနှင့် တူနေသည်။
အနက်ရောင်အလောင်းများနောက်တွင် အနက်ရောင် ရထားလုံးတစ်စင်းက နိမ့်နိမ့်လေး ပျံသန်းလာသည်။ လူနှစ်ယောက်က ရထားလုံးကို ဆွဲလာ၏။
ရထားလုံးထိပ်တွင် တောင့်တောင့်တင်းတင်း ပုံရိပ်တစ်ခု ရှိနေသည်။ သူ့မျက်ဝန်းက အစိမ်းရောင်အလင်း တောက်ပနေပြီး သူ့အဖွဲ့အား ကျေနပ်စွာ ကြည့်နေသည်။ ထိုအရာများက သူ နေ့နေ့ညည စုဆောင်းထားခဲ့ရသည့် အဖွဲ့သားများ ဖြစ်၏။
သူက အသံနက်နက်ကြီးဖြင့် ပြောလိုက်သည် “မိစ္ဆာဝေဟင်မျှော်နန်း ဒီတစ်ခါတော့ ကျေနပ်မှာပါ ”
ဝှစ်
အနက်ရောင် ရထားလုံးက အနက်ရောင်ပုံရိပ်များကို ကျော်ကာ ရှေ့ဆုံးမှ ဦးဆောင်ပျံသန်းလိုက်သည်။
…………….…
ထိုစဉ်
တာ့ယန်၏ အံ့ဖွယ်မြို့တော်မှ အနောက်မြောက်ဘက် မိုင်တစ်သောင်းအကွာရှိ ဝေဟင်ထဲတွင်
အစိမ်းဝတ်ရုံနှင့် အမျိုးသားက နှင်းများဖုံးလွှမ်းနေသည့် တောင်ထိပ်ရှိ ဝေဟင်ထဲ ပျံဝဲနေသည်။ သူက ဘေးပတ်လည်ကို ကြည့်လိုက်သော်လည်း သစ်ပင်များသာ မြင်တွေ့နေရသည်။ လူသားအရိပ်အယောင် မမြင်ရပေ။
လေတိုက်သွားသောကြောင့် ယွီရှန်းရုန်ပေါ် နှင်းချပ်လေးများ ကြွေကျလာသည်။ သူက နှင်းများကို ဖယ်ရှားဖို့ စိတ်ထဲမရှိသောကြောင့် ဝတ်ရုံနှင့် ဆံပင်တို့တွင် နှင်းများ ကပ်ညှိနေသည်။
ယွီရှန်းရုန်က လက်ပိုက်လျက် ရပ်နေသည်။ အသက်ရှည်ဓားကလည်း တစ်ခုခုကို ခံစားမိသည့်အလား အသာတုန်ခါလာသည်။ လေနှင့် နှင်းကို ရင်ဆိုင်၍ သူက အသာပြုံးလိုက်ကာ “ အိမ်ပြန်လာပြီ”
သူက လေထဲ ရှေ့တစ်လှမ်းတိုးလိုက်သည်။ ပေါ့ပါးသွက်လက်သည့် လှုပ်ရှားမှုနှင့်အတူ သူက မီတာရာချီအကွာသို့ ရောက်သွားသည်။ နောက်အခိုက်အတန့်လေး၌ သူက အမြင့်ဆုံး သစ်ပင်အထက် ပြန်ပေါ်ထွက်လာသည်။ သူက တွေးဆဆဖြင့် ရှေ့ကို လှမ်းကြည့်လိုက်သည်။ တောင်များဝန်းရံထားပြီး မိုင်ဒါဇင်ချီ ကျယ်ဝန်းသည့် လွင်ပြင်တစ်ခု ဖြစ်၏။ ယခုအခါ နှင်းများဖုံးလွှမ်းနေလေပြီ။ နှင်းများအောက်တွင် နွယ်ပင်များ၊ သစ်ပင်များနှင့် နံရံအပြိုအပျက်များကို မှုန်ဝါးဝါး မြင်တွေ့နိုင်သည်။
လူများက ပြောင်းလဲသွားစဉ် ပစ္စည်းများက နဂိုအတိုင်း ကျန်ရှိနေသည်။
ယွီရှန်းရုန်က ခြေဖျားထောက်ကာ သွားလိုက်သည်။
ကလစ်
သစ်ပင်ပေါ်မှ နှင်းများ ပြုတ်ကျလာသည်။ နှင်းမရှိတော့သည့် သစ်ပင်များက နှင်းများဖုံးလွှမ်းနေသည့် သစ်ပင်များကြား ထင်းထွက်နေသည်။
ယွီရှန်းရုန်က အရှေ့တည့်တည့် ပျံသန်းသွားလိုက်သည်။ သူ့ဦးတည်ရာ လမ်းတစ်ဝက် ရောက်သည့်အခါ ဝေ့ယမ်းလိုက်သည်။
“ဟမ်” သူက လေထဲတွင် ရပ်လိုက်ပြီး လက်အောက်ချကာ လက်ဝါးချင်း ပူးထားလိုက်သည်။
ဝှစ်
ဒုက္ခမိုင်တစ်ရာရှုကွင်း အသေးစား စိတ်ဝိညာဉ်သဏ္ဌာန်လေး ပေါ်ထွက်လာသည်။ သူက ရွှေရုပ်တုနှင့် တူသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကို သူ့လက်ဝါးအထက် ရွေ့လျားစေလိုက်ပြီး စိတ်ဝိညာဉ်သဏ္ဌာန်အောက်မှ ရွှေကြာကို ကြည့်လိုက်သည်။ ခရမ်းရောင် အစက်အပြောက်များက အရေအတွက် များပြားလာလေပြီ။ ပြောရလျှင် သူ့ကြာ သုံးပုံတစ်ပုံလောက်က ခရမ်းရောင်စွန်းထင်းနေသည်။
“စုန်းအတတ်လား ”