← Chapters

အခန်း (၃၉၁-၃၉၃)

Vol. 27 Ch. 391-393

အခန်း (၃၉၁-၃၉၃)

Vol. 27 Ch. 391-393

အခန်း (၃၉၁) ပေါများလှသော ကောလာဟလများနှင့် သန္ဓေပြောင်းရွှေကြာ

လုကျိုးက ဇဝေဇဝါ ဖြစ်သွား၏။ ဒီဘုန်းကြီးတွေအားလုံး ဒီကို ဘာလာလုပ်တာလဲ။

ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးမှအပ သူ၏တပည့်များနှင့် အဘိုးကြီးများက ဤနေရာတွင် ရှိမနေပေ။

“နှုတ်ခွန်းဆက်ပါတယ်။ ဒကာကြီးကျိ”

ကိုယ်တော်များက တညီတညွှတ်တည်း အရိုအသေပေးလိုက်၏။ လုကျိုးက ဆိတ်ဆိတ်သာ နေလျက် ရွှီကျင့်၏ ရှင်းပြချက်ကို စောင့်ဆိုင်းနေသည်။

ရွှီကျင့်က ပြောသည်။

“ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက တပည့်သစ်နှစ်ထောင်ခေါ်ထားတယ်။ စစ်ကူအတွက် သူတို့ကို ခေါ်လိုက်တာ။ ဒါပေမဲ့ သူတို့ရောက်လာတဲ့အချိန် တိုက်ပွဲက ပြီးသွားပြီးပြီ။ ဒါပေမဲ့ သူတို့တွေက အလောင်းတွေကို ရှင်းလင်းဖို့ အကူအညီပေးဖို့အတွက် အချိန်မီရောက်လာတာပဲ။ ကိုယ်တော်တို့ကို စိတ်ချထားလို့ ရတယ်။ အလုပ်တွေ ပြီးတော့မှာပါ။ တောင်ခြေက အခု ရှင်းသွားပြီ”

လုကျိုးက ထိုစကားကို ကြားသည့်အချိန်၌ ခေါင်းညိတ်လိုက်၏။ သူက စိတ်ကျေနပ်သွားသည်။ ထိုအပိုင်းကို သူတို့ ကူညီပေးတာ ဆိုးရွားသည့်ကိစ္စမဟုတ်ပေ။ သူက ပြန်ပြောလိုက်၏။

“ကျုပ်သိပြီ”

ရွှီကျင့်က အနေခက်နေပုံပေါ်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ တောင်ခြေမှာ သစ်ပင်ပန်းမာန်တွေ တစ်ဝက်နီးပါးလောက် ညှိုးရော်နေပြီ။ ဘေးအန္တရာယ်ကယ်ဆယ်ရေးကို သုံးဖို့ ကြိုးစားခဲ့ပေမဲ့ အကူအညီ မဖြစ်ခဲ့ဘူး”

ညှိုးရော်နေသော သစ်ပင်များသည် လုကျိုး၏ မှန်းဆချက်အတွင်း၌ ရှိပေ၏။ ကံကောင်းသည်မှာ ခရမ်းရောင်မြူသည် လျင်မြန်စွာ လွှင့်ပြယ်သွား၏။ မဟုတ်လျှင် ရွှေနန်းဥယျာဉ်တောင်ပေါ်ရှိ အပင်အားလုံးက ညှိုးရော်ပြီး တောင်ကတုံးဖြစ်သွားပေလိမ့်မည်။ သူက ယခုအချိန်၌ အတွေးနက်နေ၏။ နောက်ဆုံးတွင် သူသည် အရံအတား ပြန်လည်တည်ဆောက်ရန် အခွင့်အရေးရှိပြီဟု ဆုံးဖြတ်ချက် ချလိုက်၏။ အရံအတားမရှိဘဲ ရွှေနန်းဥယျာဉ်တောင်၏ ခုခံမှုက အားနည်းလွန်းနေလိမ့်မည်။

ရွှီကျင့်က ပြောလိုက်သည်။

“ဒကာကျိ ဗုဒ္ဓဆုတောင်းပုတီးက လက်ဆောင်အနေနဲ့ တန်ဖိုးကြီးလွန်းတယ်။ ဘာမှမပေးဘဲ မယူနိုင်ဘူး။ ဒါကို ပြန်ယူထားပေးပါ။ ဒကာကျိ”

သူသည် လည်ပင်းပေါ်က ဗုဒ္ဓပုတီးကို ချွတ်လိုက်ပြီးနောက် လုကျိုးအား လက်နှစ်ဖက်ဖြင့် တရိုတသေ ပြန်ပေးလိုက်သည်။ လုကျိုးက ဗုဒ္ဓပုတီးကို တစ်ချက်ကြည့်လိုက်၏။ သူ့တပည့်တွေထဲမှာ ဘုန်းကြီးတစ်ပါး ဖြစ်လာဖို့ တွေးထားတဲ့သူ ရှိလို့လား။ ဘုန်းကြီးမဟုတ်ရင် ဒါကို ဘယ်သူ့ဆီ ပေးသင့်လဲ။

နောက်ဆုံးတွင် သူက ပြောလိုက်၏။

“ငါက ဘုန်းကြီးရဟန်းတွေကို တစ်ခါမှ သဘောမတွေ့ဘူး။ ဒါပေမဲ့ မင်းရဲ့လုပ်ဆောင်ချက်က ချီးကျူးဖို့ ထိုက်တန်တယ်။ ဗုဒ္ဓပုတီးစေ့ ပေးပြီးပြီ ဆိုတော့ ပြန်ယူမှာ မဟုတ်ဘူး”

ရွှီကျင့်သည် ထိုစကားကြောင့် အနည်းငယ် အံ့အားသင့်သွားလေ၏။ သူသည် မနေ့က ဗုဒ္ဓပုတီးစေ့ကို ရချိန်၌ ရွှေနန်းဥယျာဉ်တောင်သည် သူတို့၏ အကူအညီအတွက် သူတို့ကို ယာယီ ပေးထားခြင်းသာဟု သူ ထင်ခဲ့သည်။ သိမ်းထားဖို့ မရည်ရွယ်ပေ။ လုကျိုး၏ စကားကို ကြားသည့်အချိန်၌ သူ၏မျက်နှာထက်တွင် နောင်တရသည့်အကြည့် ပေါ်လာလေ၏။ သူ၏ဒကာက သူ့ကို စိတ်ရင်းစိတ်မှန်ဖြင့် လက်ဆောင်တစ်ခု ကမ်းလှမ်းခဲ့သည်။ ထိုသို့တိုင် သူက သူ့ဒကာ၏ လှုပ်ရှားမှုများကို မေးခွန်းထုတ်ခဲ့မိသည်။

“ကျုပ်ကိုယ်ကျုပ် အရှက်ရမိပါရဲ့”

ဒါက ပညာဉာဏ်ကြီးမားလှတဲ့ ရဟန်းတစ်ပါးရဲ့ အမူအကျင့်နဲ့ အတွေးတဲ့လား။ ရွှီကျင့်သည် ရှက်လွန်းသောကြောင့် မြေကြီးထဲ တွင်းတူးပြီးသာ ဝင်လိုက်ချင်သည်။ လုကျိုးက ရွှီကျင့်ကို ကြည့်မိချိန်၌ အတော်လေး ဆွံ့အနေသောကြောင့် သူ့အတွေးများကို ဇာချဲ့မနေပေ။ နောက်ဆုံး၌ သူ၏တပည့်များသည် ဖြောင့်မတ်ခြင်းလမ်းစဉ်ကို သဘောမကျရသည့် အကြောင်းအရင်းကို သဘောပေါက်သွားပြီဖြစ်၏။ ဖြောင့်မတ်ခြင်းလမ်းစဉ်ရှိ လူများသည် ယူဆတာများလွန်းပြီး သူတို့ကိုယ်သူတို့ မြင့်မားစွာ တွေးလွန်း၏။

“မင်း ငါ့ကို ကူညီပေးခဲ့တာကြောင့် ငါက မင်းကို ဆုတောင်းပုတီးပေးတာလေ ဒါ့အပြင် ပုတီးစေ့က တန်ဖိုးမှ သိပ်မရှိတာ သူ့အပိုင်ပဲလေ”

ရွှီကျင့်သည် လည်ပင်းပေါ်၌ ပုတီးကုံးကို ပြန်ဝတ်လိုက်၏။ သူက ဝတ်ရုံကို မလျက် အရိုအသေပေးလိုက်၏။

“ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းကိုယ်စား ခင်ဗျားကို ကျေးဇူးတင်ပါတယ်။ ဒကာကျိ”

ရွှီကျင့်၏တပည့်များက သူတို့ဆရာ အရိုအသေပေးနေချိန်၌ သူတို့က ရပ်မနေတာ သဘာဝကျသည်။ သူတို့ကလည်း လုကျိုးကို အရိုအသေပေးလိုက်၏။

“တင်း.. လူပေါင်းတစ်ထောင့်နှစ်ဆယ်မှ စိတ်ရင်းစစ်မှန်စွာ အရိုအသေပေးမှု ရရှိပါတယ်။ ကုသိုလ်မှတ် ၁၀၂၀၀”

ဟမ်.. လုကျိုးသည် ထိုအသိပေးသံကို ကြားသောအခါ အံ့ဩသွားလေ၏။ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်း၌ တပည့်သစ်များစွာ ရှိကြောင်း ရွှီကျင့်ပြောခဲ့ဖူးတာ ရုတ်တရက် မှတ်မိသွားလေသည်။ ထပ်ခါတလဲလဲ အရိုအသေပေးခြင်းက သူ့ကို အမှတ်ပေးနိုင်မှာ မဟုတ်ပေ။ အသစ်ရောက်လာသည့် တပည့်တစ်ထောင့်နှစ်ဆယ်က အံ့ဩဖွယ်ကောင်းလှပေ၏။ လုကျိုးသည် ရွှီကျင့်အား ဗုဒ္ဓပုတီးပေးခဲ့ခြင်းမှာ ကောင်းမွန်သည့် ဆုံးဖြတ်ချက်ဟု ရုတ်တရက် ခံစားမိလိုက်သည်။

သို့သော် ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းသည် မိစ္ဆာဝေဟင်မျှော်နန်း၏ အကူအညီဖြင့် မွေးဖွားလာခဲ့တာ ဖြစ်ပြီး ကျန်သည့်ဂိုဏ်းများနှင့် မတူပေ။ သူက သူတို့ကို တစ်စုံတစ်ခု ပေးသောကြောင့် ကျန်သည့်သူများ သူတို့ကို စိတ်ရင်းစစ်မှန်ဖြင့် ရိုသေကန်တော့ဖို့ မျှော်လင့်ထားရန် မဖြစ်နိုင်ပေ။

နောက်ထပ် နှစ်ပတ်ကြာညောင်းပြီးနောက် ရွှီကျင့်သည် သူ၏ကျေးဇူးတင်မှုကို ဖော်ပြရန် နေနေခဲ့၏။ ရွှေနန်းဥယျာဉ်တောင်ကို ရှင်းလင်းပေးခဲ့သည်။ တောင်ခြေတွင် သူတို့ ဘာမှမလုပ်နိုင်သည့် ညှိုးရော်နေသော အပင်များမှ အပ အရာအားလုံးကို ဘုန်းကြီးများက ရှင်းလင်းပေးသွား၏။ လျှောက်လမ်းများကတောင် သေသပ်လွန်းသည်။

လုကျိုးသည် တစ်ရက်တွင် ကောင်းကင်ကျမ်းစာစာလိပ်ကို ဆင်ခြင်ပြီးသွားပြီဖြစ်သည်။

ထိုစဉ် မင်ရှစ်ရင်က လက်ထဲတွင် စာတစ်စောင် ကိုင်ထားလျက် အရှေ့မျှော်နန်းဆီသို့ ရောက်လာလေ၏။ သူက အရိုအသေပေးကာ ပြောလိုက်တော့၏။

“ရှစ်စွင်း ကျန့်အိုက်ကျန်းဆီက စာပါ”

လုကျိုးက မင်ရှစ်ရင်၏ လေသံထဲ၌ စိတ်ပျက်မှုကို အာရုံခံမိသည်။ သို့သော် သူက စိတ်ထဲ မထားပေ။

“ဖတ်လိုက်”

မင်ရှစ်ရင်က စာကို ဖွင့်ဖတ်လိုက်၏။

“လောင်ချန်ပေ့.. မိစ္ဆာဝေဟင်မျှော်နန်းက စုန်းအတတ် ကျင့်ကြံသူလေးတစ်ယောက်ကြောင့် ယိုင်နဲ့သွားပြီလား။ အခြေအနေက ဘယ်လိုလဲ။ ကျင့်ကြံခြင်းလောကက အဓိကဂိုဏ်းတွေက ရွှေနန်းဥယျာဉ်တောင်တစ်ဝက်က ညတွင်းချင်း ညှိုးခြောက်သွားပုံကို ပြောနေကြပြီ။ ဒါက သတင်းကောင်းမဟုတ်ဘူး”

သူ ဖတ်နေစဉ် မင်ရှစ်ရင်က သူ့ဘာသာသူ ရေရွတ်ပြောလိုက်၏။

“စိတ်မရှိပါနဲ့။ ကျုပ်တို့ သူတို့ကို ချေမှုန်းလိုက်တယ်”

“ဆက်ပြော”

လုကျိုး၏အသံက တည်ငြိမ်နေ၏။ မင်ရှစ်ရင်က အချိန်မဆွဲတော့ပေ။ သူက ကျယ်လောင်စွာ ဆက်ဖတ်လိုက်၏။

“ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ ဂိုဏ်းတွေကြားထဲက မဟာမိတ်ကို သတိထားသင့်တယ်လို့ ကျွန်တော် သတိပေးရမယ်။ ပြီးတော့ အရေးကြီးတဲ့ သတင်းအချက်အလက်တစ်ခု ရှိတယ်။ ပါမာရဲ့သေဆုံးခြင်းက လို့လန်ကို ရောက်သွားပြီ။ လို့လန်တော်ဝင်မိသားစုက ဒေါသထွက်နေကြတယ်။ သူတို့က စစ်ကူအတွက် ရော့လီတိုင်းပြည်ကို ကျင့်ကြံသူရာချီစေလွှတ်လိုက်တယ်။ သူတို့ ဘယ်ကို ဦးတည်နေတယ်လို့ ထင်လဲ”

နောက်တစ်ခေါက် ငါ သူ့ကို တွေ့တဲ့အချိန် ဒီပေရှည်နေတဲ့အကောင်ကို ခုတ်ပစ်မယ်။

မင်ရှစ်ရင်က သူ့ဘာသာသူ တွေးပြီးနောက် စာကို ဆက်ဖတ်လိုက်၏။

“သူတို့တွေ လျန်စီရင်စုကို သွားကြတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ လောင်ချန်ပေ့ရဲ့ ပထမနဲ့ သတ္တမတပည့်က မြောက်ပိုင်းကို ဦးတည်နေတာ။ တာ့ရန်ထဲမှာ စီးဝူယာ့ရဲ့ သတင်းအချက်အလက် ကွန်ရက်က ကျွန်တော့်ထက် ပိုကျယ်တယ်။ ဒါပေမဲ့ တခြားမျိုးနွယ်စုတွေနဲ့ လို့လန်ထဲမှာ ဆိုရင် သူက ကျွန်တော်နဲ့ မယှဉ်နိုင်ဘူး ဟား ဟား.. ဟား..”

ထိုစာကို ဖတ်ပြီးသည်နှင့် မင်ရှစ်ရင်က ပြောလိုက်၏။

“ရှစ်စွင်း ကျွန်တော်တို့ ဒီနေရာဆီ ကျန်းအိုက်ကျန့်ကို ဆင့်ခေါ်သင့်လား။ သူ ရှင်းရှင်းလင်းလင်း လုပ်တတ်တယ် မထင်ဘူး”

“မလိုဘူး”

လုကျိုးက အရှေ့ဘက်မျှော်နန်းကနေ ထွက်လာ၏။ သူက မုတ်ဆိတ်သပ်ကာ အတွေးနစ်နေလေ၏။

တာ့ရန်သည် လို့လန်ကို ကြိမ်ဖန်များစွာ အနိုင်ယူခဲ့သည်။ လတ်တလော ပြောင်းလဲမှုများအတွက် လို့လန်သည် ထိမ်းမြှားမှုမဟာမိတ်အတွက် သူတို့မင်းသမီးများထဲမှ တစ်ပါးကိုတောင် ကမ်းလှမ်းခဲ့သည်။ ထိမ်းမြှားမှုမဟာမိတ်သည် ကိစ္စကောင်းတစ်ရပ်ဖြစ်၏။ သို့သော် မော့လီက အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး ဒုတိယမင်းသားလျိုဟွမ်၏ ကိုယ်လုပ်တောင် ဖြစ်သွားလိမ့်မည်ဟု မည်သူမျှ မထင်ထားပေ။ သူမက တာ့ရန်ကို ဒေါသထွက်စေခဲ့ပြီး အထဲကနေ ပြိုလဲအောင် လုပ်နေ၏။ မော့လီနှင့် ပါမာသေဆုံးပြီ ဖြစ်လေရာ လို့လန်က မည်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။ ထိုစဉ်က ကျိထျန်းတောက်သည် တာ့ရန်နှင့် ကျန်သည့်မျိုးနွယ်များ အငြင်းပွားစဉ်၌ နေထိုင်ခဲ့တာ ဖြစ်သည်။ သို့သော် ထိုအရေးကိစ္စများ၌ ဝင်ပါတာ ရှားသည်။

“ရှစ်စွင်း.. လို့လန်နဲ့ ရော့လီက လျန်စီရင်စုကို ဒီအခွင့်အရေးနဲ့ ကျူးကျော်ဖို့ ကြိုးစားနေတယ်လို့ သံသယဝင်မိတယ်။ ပြောရရင် ကျန့်အိုက်ကျန်းက မင်းသားတစ်ပါးပဲ။ ဒါ သူတို့ကိစ္စလေ”

မင်ရှစ်ရင်က ပြောလိုက်၏။

“လျိုကုက ထီးနန်းပလ္လင်ကို ဆက်ခံပြီးတဲ့နောက် သူက အင်ပါယာတစ်ခုလုံး စီမံခန့်ခွဲဖို့ လျစ်လျူရှုခဲ့တယ်။ ဒုတိယမင်းသား သေပြီးတာတောင် သူ မလှုပ်ရှားခဲ့ဘူး။ ကိစ္စတွေက မင်းတွေးသလို ရိုးရှင်းမယ်လို့ မထင်ဘူး”

လုကျိုးက ပြန်ပြောလိုက်၏။

“ဒီလိုဆိုရင် တာ့ရှစ်ရှိုးက ရန်သူတွေကို နောက်ကျောပေးထားတာ မဟုတ်ဘူးလား”

မင်ရှစ်ရင်က မေးလိုက်၏။

“ဟမ်..”

လုကျိုးက သူ့ကို တစ်ချက် ကြည့်လိုက်တော့သည်။

ထိုစကားကို ကြားသည့်အချိန်၌ မင်ရှစ်ရင်က သူ မှားပြောမိမှန်း သဘောပေါက်သွားလေ၏။ သူက အမြန်ပြောလိုက်သည်။

“ဟုတ်တယ် သူ ခံသင့်တယ်။ သူ ရှုံးနိမ့်သွားရင်လည်း သူတို့ကို ဖမ်းပြီး စစ်မေးဖို့ ပြီးပြည့်စုံနဲ့ အခွင့်အရေးပေါ့”

“မင်းက ငါ့အတွက် ငါ့ကိစ္စတွေကို ဆုံးဖြတ်ပေးဖို့ ကြိုးစားနေတာလား”

လုကျိုးက မေးလိုက်၏။

“ကျွန်တော် မလုပ်ရဲပါဘူး”

လုကျိုးက စကားဆက်မပြောတော့ပေ။ သူက ဤအတိုင်းလွှတ်ထားရန် ဆုံးဖြတ်လိုက်၏။ လျိုကုက လောကကြီး၏အရေးကိစ္စကို ဝင်မစွက်ဖက်တာ တစ်ခုခု လွဲချော်နေပုံရသည်။ ထိုသို့ဆိုလျှင် တော်ဝင်မိသားစုသည် မည်သည်ကို စောင့်ဆိုင်းနေသနည်း။

“ကျန့်အိုက်ကျန်းဆီ သတင်းပို့လိုက်၊ တော်ဝင်မိသားစုက ပွင့်ချပ်ကိုးလွှာအဆင့်အပေါ် သုတေသနပြုလုပ်နေတဲ့အကြောင်း စစ်ဆေးဖို့ပြောလိုက်”

“ဟုတ်ကဲ့ ရှစ်စွင်း”

“သူ ပူးပေါင်းဖို့ ငြင်းမယ်ဆိုရင် နဂါးတေးသံနဲ့ နတ်ဆိုးဓားကို ငါ ပြန်ယူမယ်လို့ သူ့ကို ပြောလိုက်”

“ကောင်းလိုက်တာ.. အား.. ဟုတ်ကဲ့ ရှစ်စွင်း..”

မင်ရှစ်ရင်က အရိုအသေပေးလိုက်၏။ လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်တော့သည်။

“ငါ ဖန်လီထျန်းနဲ့ လန်လော့ကို သွားကြည့်မယ်။ ကျန်တာ မင်းဆီ လွဲထားလိုက်ပြီ။ အရေးကြီးတာ မရှိရင် သတင်းလာမပို့နဲ့”

“ဟုတ်ကဲ့ ရှစ်စွင်း”

မင်ရှစ်ရင်က အရိုအသေထပ်ပေးလိုက်၏။

မြောက်ပိုင်းနယ်စပ်ရှိ နှင်းများ ဖုံးလွှမ်းနေသော ဆားငန်တောင်တွင် ဖြစ်သည်။

အေးစက်သောလေက ဝေ့တိုက်နေ၏။ ထိုသို့တိုင် မုရှီးဂူသင်္ချိုင်းတွင် အရာအားလုံး အေးစိမ့်နေသည်။ လေတိုက်ခတ်မှုကြောင့် သက်ရောက်မှု မရှိပေ။

“ဝှစ်..”

ယွီရှန်းရုန်သည် သူ၏လက်ဖဝါးပေါ် ဒုက္ခရှုခင်းမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်လေးကို ဆင့်ခေါ်လိုက်သည်။ ၎င်းကို ကြည့်ပြီး ခေါင်းခါလိုက်၏။ ယခုဆို ရွှေကြာ သုံးပုံနှစ်ပုံက ခရမ်းရောင်အစက်များ ပြည့်နေပြီဖြစ်၏။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်သည် ၎င်း၏ ခွန်အားတစ်ဝက်ကျော် ဆုံးရှုံးသွားပြီမှန်း အစောတည်းက ခံစားမိသည်။ ထို့အပြင် ခရမ်းရောင်အစက်များက ဆက်လက် ပြန့်ကားနေ၏။

ယွီရှန်းရုန်က သက်ပြင်းချလိုက်သည်။

“ငါက ငါ့ရဲ့ကံကြမ္မာပဲ ငါက မုရှီးနဲ့ စတင်ခဲ့ပြီး မုရှီးနဲ့ အဆုံးသတ်ရပြီ”

…

အခန်း(၃၉၂) နောင်တတရားနှင့် ရွှေကြာကို ဖြတ်တောက်ခြင်း

ဆားငန်တောင်က အမြဲတမ်းလိုလို အမှောင်ထုဖြင့် လွှမ်းခြုံထားလေသည်။ ဘယ်အချိန်က စတင်မှန်း မသိသော်ငြား နှင်းကျခြင်းက ဘယ်တော့မှ မရပ်တန့်တော့ပေ။ နေရောင်မရှိဘဲ နှင်းများဖွေးနေသည့် ကုန်းမြေက အေးစက်မှုသာ ယူဆောင်လာပြီး လူများကို ဆွဲဆောင်ဖို့ ခက်ခဲလှသည်။

လေအေးများက သုသာန်ကြား တိုးဝင်လာသည်။ စစ်ပွဲအခရာ မှုတ်သလိုမျိုး ဖြစ်၏။ တစ်ချိန်တည်းဆိုသလို ရှင်းယွိချောင်း သုသာန်ထဲမှ အရိုးများမှ နောင်တအပြည့်နှင့် သူတို့၏ ကံကြမ္မာကို ဝမ်းနည်းပူဆွေးသလိုမျိုးပုံပေါက်နေသည်။

မဟာနွယ်ရှိ လူတိုင်းက အသက်ရှည်ခြင်းကို တပ်မက်ကြသည်။ သူတို့က ကံကြမ္မာကို ပြောင်းလဲပြီး သူတို့အတားအဆီးများမှ ချိုးဖျက်ဖို့ ကောင်းကင်ဘုံကိုပင် ရင်ဆိုင်လိုကြသည်။ ယခုတွင် အရာအားလုံးက အပြိုအပျက်များသာ ကျန်ရှိခဲ့သည်။

ရံဖန်ရံခါ ယွီရှန်းရုန်က ကောင်းကင်ဘုံသည် သူတို့သည် လူသားများဖြစ်ရက်နှင့် အဘယ်ကြောင့် ခွဲခြားဆက်ဆံမှန်း သိလိုသည်။ သူက ကံကြမ္မာကို ပြောင်းလဲဖို့ ငယ်ငယ်လေးကတည်းက ဒီနေရာမှ ထွက်လာခဲ့သည်။ သူ့သေမျိုးခြေထောက်များဖြင့် ကုန်းမြေအနှံ့ သွားလာကာ အန္တရာယ်အပြည့်ရှိသည့် တောအုပ်များကို ဖြတ်ကျော်ပြီး ကျင့်ကြံခဲ့သည်။ နောက်ဆုံးတွင် သူက လူသားကျင့်ကြံခြင်း၏ ထိပ်ဆုံးသို့ ရောက်လာခဲ့လေပြီ။ သူက နည်းနည်းလေးမှ မမှားဘူးလို့ ပြောလျှင် လိမ်ညာနေခြင်းသာ ဖြစ်ပေမည်။

လေက ပိုပြင်းလာသည်။

ထိုအရာက ယွီရှန်းရုန်ကို အတွေးပြတ်တောက်သွားစေသည်။ သူက ထကာ ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူက သုသာန်မှ ကြံကြံဖန်ဖန် ပုံစံများကိုကြည့်ကာ ခေါင်းယမ်းလိုက်သည်။ ထို့နောက် အသက်ရှည်ခြင်း စာလုံး ရေးထွင်းထားသည့် နံရံကို ကြည့်လိုက်ပြီး စိတ်ထဲ အနည်းငယ် ခံစားမိလာသည်။

ချွမ်

ထိုအသံနှင့်အတူ အက္ခရာများက လှုပ်ရှားလာသည်။

ဆန်းသစ်ကိရိယာလား …

ဘေးဘက် နံရံများဆီမှ ပုံရိပ်များစွာ ထွက်ပေါ်လာသည်။ ယွီရှန်းရုန်က သူ့ကမ္ဘာဦးချီကို အသုံးမပြုနိုင်လိုက်ပေ။ သူက ပုံရိပ်များကို တားဆီးဖို့ ကာကွယ်ရေးစွမ်းအားသာ အသက်သွင်းလိုက်ရသည်။ သူတို့က အားနည်းလှပြီး လူသားလက်ဖြင့် ဖန်တီးထားသည့် မြားခေါင်းများ ဖြစ်ကြသည်။ သူတို့ကို လက်ရာမြောက်မြောက် သန့်စင်ဖန်တီးထားလေသည်။ သူတို့က အနုပညာတစ်ခု ဖြစ်သော်လည်း ကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့်အခါ ဘာမှမလုပ်နိုင်ပေ။

ပုံရိပ်များက မြေပေါ် ပြုတ်ကျသွားကြသည်။

ထို့နောက် နံရံတွင် လျို့ဝှက်ဒေါက်တိုင်တစ်ခု ပေါ်လာသည်။

ယွီရှန်းရုန်က တုံ့ဆိုင်းမနေဘဲ ဖိချလိုက်သည်။

ဒုတိယကျောက်တံခါးချပ်က ဖြည်းဖြည်းချင်း ပွင့်လာပြီး လုံးဝန်းသည့် နေရာတစ်ခု ပေါ်ထွက်လာစေသည်။ ထိုအခန်းရှိ အလင်းက ယခင်တစ်ခုထက် ပိုသာပေသည်။ သို့သော်လည်း လေအော်သံများက ကြားနေရဆဲ ဖြစ်၏။ သူ့နားများက ထိုအသံများဖြင့်် စတင် အသားကျလာလေပြီ။

အခန်းအလယ်တွင် ကျောက်စားပွဲဝိုင်း တစ်ခု ရှိလေသည်။ ထိုစားပွဲပေါ် သေတ္တာတစ်လုံးတင်ထား၏။ သေတ္တာကို ညိုးနွမ်းနေသော ရှင်းယွိချောင်းများဖြင့် ဝန်းရံထားသည်။ အချိန်ကြာလွန်သွား၍လား မသိသော်လည်း ရှင်းယွိချောင်းများက ဝေဝါးဝါးပုံသဏ္ဌာန်သာ ကျန်ရှိတော့သည်။ ရုပ်ပိုင်းဆိုင်ရာ သဏ္ဌာန်ကား ဆွေးမြေ့သွားသည်မှာ ကြာလှလေပြီ။

ယွီရှန်းရုန်က အင်္ကျီလက်ဖျားကို အသာခါလိုက်သည့်အခါ ရှင်းယွိချောင်းနှင့် ဖုန်မှုန့်များက ပြန့်ကျဲသွားသည်။ သူက သေတ္တာကို ကြည့်လိုက်၏။ သေတ္တာအဖုံးတွင် ရှင်းယွိချောင်း ပွင့်ချပ်များဖြင့် အလှဆင်ထားသည်။ သူက များများစားစား မတွေးဘဲ လက်တစ်ချက်ဝေ့လိုက်သည်။

ကလစ်

သေတ္တာက ပွင့်လာပြီး အထဲတွင် စာအုပ်များစွာနှင့် ဆေးလုံးများစွာ ရှိနေသည်။

ယွီရှန်းရုန်က စာအုပ်များကို ကောက်ကြည့်ပြီး လှန်လှောကြည့်လိုက်သည်။ ဘာမှထူးထူးခြားခြား မဟုတ်ပေ။ သူတို့က ဗုဒ္ဓ၊ တာအိုနှင့် ကွန်ဖြူးရှပ်ဂိုဏ်းများ၏ ကျင့်ကြံနည်းများသာ ဖြစ်၏။ သူတို့ကို သာမန်လူများအတွက် ရတနာအဖြစ် မှတ်ယူနိုင်သော်လည်း ယွီရှန်းရုန်အတွက်မူ အသုံးမဝင်သည့် စာရွက်အပုံသာ ဖြစ်၏။ သူက သူတို့ကို နှစ်ခါပြန်မကြည့်ပေ။ သူ့လက်ဝါးတွင် ကမ္ဘာဦးချီ ထွက်လာပြီးနောက် စာအုပ်များက အမှုန့်ဖြစ်သွားလေသည်။

ဆေးလုံးများအတွက်မူ အာနိသင်က ပျက်ပြယ်သွားလေပြီ။ ဆေးလုံးများ၏ ပုံပန်းအရ ထိုဆေးလုံးများသည် အဆင့်နိမ့် အသက်ရှည်ဆေးလုံးများ ဖြစ်လိမ့်မည်။ စာအုပ်လိုမျိုး သူ့အတွက် အသုံးမဝင်ပေ။ ထိုအရာများမှာ အတိတ်တုန်းက Nobleman Country အတွက် အဖိုးတန်ပစ္စည်းများ ဖြစ်ခဲ့သည်။ သူက ရှင်းယွိချောင်း သုသာန်အတွင်း ဒီလိုမျိုး ထားထားလိမ့်မည်ဟု မထင်ထားပေ။

ဘယ်သူကမှ မကျင့်ကြံကြဘူးလား ဒါမှမဟုတ် မသောက်ပစ်ကြဘူးလား …

ယွီရှန်းရုန်က သက်ပြင်းအသာချကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဘန်း

သေတ္တာက မြေပေါ် ပြုတ်ကျသွားသည်။ ရုတ်ခြည်းဆိုသလို သေတ္တာအောက်ခြေမှ ပန်းချီကားလိုမျိုး ထူးထူးဆန်းဆန်း အရာတစ်ခု ထွက်ကျလာသည်။

ယွီရှန်းရုန်က ထိုပန်းချီကားကို ကြည့်လိုက်သည်။ အတိအကျဆိုရလျှင် သင်္ကေတအမျိုးမျိုးနှင့် စာရွက်တစ်ခု ဖြစ်၏။ သူက စာရွက်ကို ကြည့်ကာ ရှစ်စွင်း ပေးထားသည့် တာဝန်ကို သတိရသွားသည်။ စာရွက်ပါ်ရှိ သင်္ကေတများက သူ့ဆီ ပေးခဲ့သော စာရွက်ပေါ်မှ သင်္ကေတများနှင့် ကိုက်ညီနေသည်။

သူက ရှစ်စွင်း ပေးလိုက်သည့် စာရွက်ကိုထုတ်ကာ ယှဉ်ကြည့်လိုက်သည်။ သင်္ကေတအများစုက တူညီနေ၏။ သူ ရှာတွေ့သော စာရွက်တွင် သင်္ကေတများ ပိုများနေသည်။ စာရွက်နှစ်ရွက်ပေါ်က ပါဝင်အကြောင်းအရင်းက ကွဲပြားသော်လည်း ပုံစံတူ ရေးသားထားလေသည်။

“ဒါက ရှစ်စွင်းအပိုင်လား” ယွီရှန်းရုန်က သိချင်လာမိသည်။

ရှစ်စွင်း ပစ္စည်းက ဘယ်လိုလုပ် ဒီရောက်နေရတာလဲ …

သူက အခြားပစ္စည်းများက အဖိုးတန်သည်ဟု မထင်မိသော်လည်း ဒီစာရွက်က အဖိုးတန်ကြောင်း သိလိုက်သည်။

ယွီရှန်းရုန်က စာရွက်ပေါ်မှ သင်္ကေတများကို ကြည့်လိုက်သော်လည်း နားမလည်ပေ။ အဆုံးသတ်၌ သူက လက်လျှော့လိုက်ရသည်။ ထို့နောက် သူက သေချာခေါက်ကာ အိတ်ထောင်ထဲ ထည့်သိမ်းထားလိုက်သည်။ ဒီနှစ်များတစ်လျောက် သေတ္တာထဲ မပျက်မယွင်း ကျန်ရှိနေခြင်းကြောင့် စာရွက်သားက ထူးခြားနေကြောင်း သက်သေပြပြီးသား ဖြစ်သွားသည်။

ထို့နောက် ယွီရှန်းရုန်က ကျောက်တံခါးဆီ လှည့်လိုက်ကာ “ငါ ပြန်သင့်ပြီလား ”

သူက ဒုတိယကျောက်တံခါးမှ ထွက်လာလိုက်သည်။ လေသံများကလည်း ပိုပြင်းထန်လာသည်။

ယွီရှန်းရုန်က တစ်ခုခုလွဲနေကြောင်း ခံစားမိ၍ လက်မြာက်လိုက်သည့်အခါ စိတ်ဝိညာဉ်သဏ္ဌာန်က ထွက်ပေါ်လာသည်။ သူ့ရွှေကြာက ခရမ်းရောင်ကျိန်စာ စွန်းထင်းနေသေး၏။

“ ဘာလို့ မပျက်သေးတာလဲ” ယွီရှန်းရုန်က မျက်မှောင်ကြုတ်လိုက်သည်။

အကယ်၍ သူ့စိတ်ဝိညာဉ်သဏ္ဌာန်သာ အဆင်ပြေလျှင် မိစ္ဆာဝေဟင်မျှော်နန်းကို ခုနှစ်ရက်အတွင်း ပြန်နိုင်လေသည်။ သို့သော်လည်း ယခုတွင် သူ့စိတ်ဝိညာဉ်သဏ္ဌာန်က ခရီးတစ်ဝက်၌ ပြိုပျက်သွားနိုင်သည်။ တောရိုင်းထဲ သားရဲများစွာ ရှိ၍ သူသာ သတိမမူမိလျှင် သူတို့သားကောင် ဖြစ်သွားနိုင်သည်။

သူ့စိတ်ဝိညာဉ်သဏ္ဌာန် မရှိဘဲ သူ့ကျင့်ကြံဆင့်က ခန္ဓာတည်ဖွဲ့ခြင်းအဆင့် ကျင့်ကြံသူ၏ ကိုးဆနှင့် ညီမျှပေသည်။ သူက ခွန်အားစိုက်ရသည်များကို ကိုင်တွယ်နိုင်သော်လည်း အန္တရာယ်များသည့် တောအုပ်များကို ဖြတ်သန်းကာ ခရီးကို အမြန်နှုန်းဖြင့် မသွားနိုင်တော့ပေ။ သူက ငယ်စဉ်တုန်းကလိုမျိုး ကံကောင်းမှုမျိုး ရှိနေသေးလိမ့်မည်ဟု မထင်မိပေ။

ယွီရှန်းရုန်က ထိုအကြောင်း တွေးမိသည့်အခါ ရပ်တန့်သွားသည်။ သူက တံခါးကို ချိုးဖောက်ဖို့ မရည်ရွယ်ထားပေ။ သူက တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူ့ကမ္ဘာဦးချီများကို လှည့်ပတ်ရင်း ခရမ်းရောင်ကျိန်စာ တိုက်စားမှုကို ဖိနှိပ်ထားလိုက်၏။ သူက အသက်ရှုနှုန်းကို ထိန်းညှိကာ တရားထိုင်လိုက်သည်။

…………….

တစ်ရက်တာက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။

အကယ်၍ ရှင်းယွီချောင်း သုသာန်၏ မျက်နှာကြက်မှ အလင်းရောင်ကြောင့်သာ မဟုတ်လျှင် အပြင်ဘက်၌ လင်းနေလား ပြောဖို့ အခက်တွေ့နိုင်သည်။

ယွီရှန်းရုန်က သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို တဖန် ဆင့်ခေါ်လိုက်သည်။ ခရမ်းရောင် အစက်အပြောက်များ ပျံ့နှံ့နှုန်းက လျော့ကျသွားလေသည်။ သို့သော်လည်း ဖိနှိပ်မှုက ထိုအဆိပ်ပျံ့နှံ့နှုန်း လျော့ချပေးထားရုံသာ ဖြစ်၏။ ကုသပေးလိုက်ခြင်း မဟုတ်သေးပေ။

ယွီရှန်းရုန်က တစ်ညလုံး ဒီအရာကို ကျော်ဖြတ်ဖို့ နည်းလမ်း ရှာနေသော်လည်း ကျိန်စာတိုက်စားမှုကို မတားနိုင်ပေ။

ကျင့်ကြံရေးလောကအတွင်း နှစ်များစွာ မရှုံးနိမ့်ဖူးသည့် ဓားနတ်ဆိုး အနေနှင့် ယခုလို ကူကယ်ရာမဲ့သည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။

ယွီရှန်းရုန်က မတ်တတ်ရပ်ကာ ဒုတိယတံခါးကို ဖြတ်ကျော်လာလိုက်သည်။ သူက တစ်ခုခုကြိုးစားဖို့ အသက်ရှုနှုန်းကို ထိန်းညှိကာ တင်ပျဉ််ခွေထိုင်လိုက်သည်။

…………….…

ငါးရက်မြောက်နေ့၌ ယွီရှန်းရုန်က သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်ခေါ်ကြည့်လိုက်သည်။ သူ့ဒုက္ခမိုင်တစ်ရာရှုကွင်း၏ ရွှေကြာက စွန်းထင်းလုနီးပါး ဖြစ်နေလေပြီ။ သူ့ရွှေကြာက ကျိန်စာကို ဖျက်ဆီးပစ်ဖို့ ဖိအားကြောင့်လေလား မသိသော်လည်း ယွီရှန်းရုန်စိတ်ထဲ ကြောက်မက်ဖွယ် အတွေးတစ်ခု ပေါ်ထွက်လာသည်။

ရွှေကြာကို ဖြတ်တောက်ပစ်လိုက် …

သူက ထိုလုပ်ရပ်၏ အကျိုးဆက်ကို သိလေသည်။ အကြောင်းမှာ သူ့အသက်ရှည်ဓားဖြင့် မိစ္ဆာဇင်စိတ်ဝိညာဉ်သဏ္ဌာန်၊ ကွန်ဖြူးရှပ် ကောင်းကင်စွမ်းအား စိတ်ဝိညာဉ်သဏ္ဌာန်၊ ဗုဒ္ဓရွှေန္ဓာ အစရှိသဖြင့် တခြားစိတ်ဝိညာဉ်သဏ္ဌာန်များစွာကို တူညီစွာ လုပ်ဖူးသည့်အတွက် ဖြစ်သည်။

သူတို့ကို ကောင်းကင်အဆင့် လက်နက်ဖြင့် ဖြတ်တောက်လိုက်သည့်အခါ သေလောက်အောင် နာကျင်ရသည်။ သူ့ရွေကြာကို ဖြတ်တောက်လိုက်ခြင်းက ကိုယ်ဘာသာ သတ်သေခြင်းသာ ဖြစ်၏။

ယွီရှန်းရုန်က သူ့လက်ချောင်းများ တုန်ယင်နေသည်ကို သိသည့်အခါ အံ့ဩမိသွားသည်။ သူက အသက်ရှည်ဓားကို တင်းတင်းဆုပ်ထားလိုက်သည်။ ဓားနတ်ဆိုးက သိသိသာသာ စိတ်လှုပ်ရှားနေမိ၏။

…

အခန်း (၃၉၃) တစ်မိုးအောက်မဟာအနှောင့်အယှက်ကြီးနှင့် တပည့်များကို ဖမ်းဆီးရန် အစီအစဉ်

ယွီရှန်းရုန်က မလှုပ်ရှားဘဲ ဤအနေအထားကို ထိန်းသိမ်းထား၏။ အခြားသူတွင်သာ ထိုအတိုင်း ဖြစ်လာခဲ့လျှင် သူတို့က သူတို့ရွေးချယ်မှုကို ဂရုတစိုက် စီစဉ်ထားလိမ့်မည်။ သေနိုင်ချေကို ဘေးချိတ်ထားပြီး အသက်ဆက်ရှင်နိုင်ရန် ခြေတစ်ချောင်းကို ဖြတ်ရမည်ဟု ပြောလျှင်တောင် ထိုသို့ပြုလုပ်ရန် သတ္တိလုံလောက်မည်လော။

ထိုအခိုက် ယွီရှန်းရုန်သည် ဤကဲ့သို့ ရွေးချယ်မှုတစ်ရပ်ကို ရင်ဆိုင်ရသည်။ သူ့ခြေထောက် ဖြတ်ရခြင်းလောက် မပြင်းထန်သော်ငြား ရွှေကြာကို ဖြတ်တောက်ရခြင်းသည် လက်ခံရန် ခက်ခဲသည့်အရာ ဖြစ်၏။ ကျင့်ကြံသူများအဖို့ သူတို့၏ကျင့်ကြံဆင့်က သူတို့၏ဘဝပဲ ဖြစ်သည်။ သူတို့၏ ကျင့်ကြံဆင့်မရှိဘဲ ဘာမှအကျိုးထူးမှာ မဟုတ်ပေ။ သေဆုံးခြင်းနှင့် မခြားပေ။

ညတာ ကျရောက်လာ၏။ မုရှီးဂူသင်္ချိုင်းအတွင်းဘက်၌ အလင်းရောင်မရှိပေ။

ယွီရှန်းရုန်က သူ၏ဓားအိမ်ကို ဆုပ်ကိုင်ထား၏။ ရံဖန်ရံခါ၌ သူ၏လက်မဖြင့် မုရှီးဓားကို ပင့်တင်လိုက်သည်။ သက်တော်ရှည်ဓား၏ ဓားအိမ်နှင့် ထိမိသည့်အသံသည် ကြည်လင်ပြီး ထိုးဖောက်လာတော့သည်။ သားသတ်သမားက ဓားသွေးနေသည့်အသံနှင့် တူညီ၏။

ယင်းက တစ်ညလုံးနီးပါး ကြာသွားသည်။

ဂူသင်္ချိုင်းပေါ်သို့ မှိန်ဖျော့ဖျော့ အလင်းကျရောက်လာချိန် ယွီရှန်းရုန်၏ လက်မက ရှိနေသေးဆဲ ဖြစ်သည်။

အရာအားလုံးကို အဆုံးသတ်ရန် ဆုံးဖြတ်ချက်တစ်ခု ဖြစ်၏။ ထိုအဆုံးသတ်သည် သူငယ်ရွယ်စဉ်၌ ဆားငန်တောင်သို့ ပြန်ရောက်လာသည့်နေထဲက ကျောက်တုံး၌ ထွင်းထုထားတာ ဖြစ်နိုင်သည်။

သေခြင်းတရားက ကြောက်ဖို့ကောင်းလား။ သူ၏ကျင့်ကြံဆင့် မရှိဘဲ မည်သည့်နည်းနှင့်မဆို အနှေးနှင့်အမြန် သေလိမ့်မည်။

ကျီး..

ယွီရှန်းရုန်သည် သက်တော်ရှည်ဓားကို လက်မဖြင့် ပင့်မြှောက်လိုက်၏။ ယခင်ကထက် ပိုများသည့် ဖိအားဖြင့် သက်တော်ရှည်ဓားက လေထဲ ပျံဝဲသွားသည်။ ယွီရှန်းရုန်၏ အမူအရာက ဆုံးဖြတ်ချက် ချထားပြီးပုံပေါ်ကာ ခြေထောက်မြှောက်လျက် သက်တော်ရှည်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထိုစဉ် သူ၏ ဒုက္ခရှုခင်းမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်သည် မုရှီးဂူသင်္ချိုင်းတစ်ခုလုံး၌ ရောင်ခြည်များ ဖြာထွက်နေ၏။ သူက ကြည့်တောင်မကြည့်ဘဲ သက်တော်ရှည်ဓားကို လွှဲယမ်းလိုက်သည်။

ဝှစ်..

တစ်ခါတရံသည် အားပြင်းသော လွှဲယမ်းမှုသည် ရန်သူများကို သတ်ဖြတ်ရန် အသုံးမပြုပေ။

ယွီရှန်းရုန်က ဓားကို လွှဲယမ်းလိုက်ပြီးနောက် သူ၏ဒုက္ခရှုခင်းမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို အေးစက်စက် ကြည့်လိုက်သည်။ စိတ်ဝိညာဉ်သဏ္ဌာန်အထက်မှ ခရမ်းရွှေကြာပွင့်များသည် တစ်ခုပြီးတစ်ခု ပြုတ်သွားသည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က လေထဲ ရှိနေစဉ် ရွှေကြာက ပြုတ်ကျလာသည်။

ထိုကဲ့သို့သော အခြေအနေအောက်၌ ယွီရှန်းရုန်က စုတ်ပြတ်သတ်ပုံ ပေါ်မနေချင်ပေ။ သူက အမြန် သူ၏ခန္ဓာကိုယ်ထဲရှိ ချီသွေးကြောအမှတ်များကို ဖိလိုက်ပြီးနောက် တင်ပျဉ်ခွေချိတ် ထိုင်လိုက်၏။

သူ ထိုင်လိုက်သည်နှင့် သူ၏မျက်နှာက သေလုနီးပါး ဖြူဖျော့နေကာ မျက်နှာထက်၌ ချွေးစေးများ ပျံလာသည်။

မြေပြင်ပေါ် စိတ်ဝိညာဉ်သဏ္ဌာန် ပြုတ်ကျသွားပြီး ပျောက်ကွယ်သွားကာ သူ၏ခန္ဓာကိုယ်အထက်ပိုင်းနှင့် ပေါင်းစည်းသွား၏။

များမကြာမီ၌ သူ၏စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်က ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။ သူ့ခန္ဓာကိုယ်အတွင်း ဆူနာမီတစ်ခု ဖြစ်ပေါ်နေသည့်ပမာ ခံစားလိုက်ရသည်။ လူတစ်ယောက်က မည်မျှ အစွမ်းထက်နိုင်သနည်း။ သူသည် သေခြင်းတရားနှင့် နီးကပ်နေသည့် အချိန်တွင်တောင် တည်ငြိမ်သည့် သဘောထားကို ထိန်းသိမ်းထားနိုင်စွမ်း ရှိသေး၏။ သူ၏အမူအရာက မပြောင်းလဲသွားပေ။ သူက ဆုံးဖြတ်ချက် ချထားပြီး မယိမ်းယိုင်ပေ။ သို့သော် သူက မီးတောင်နှင့် အကင်ခံနေရသည်ဟု ခံစားနေရသည်။ သူ၏ကနဦးချီသည် ၎င်း၏ သွေးကြောကနေ လွှတ်မြောက်အောင် ကြိုးစားနေပုံပေါ်ကာ သူ၏ခန္ဓာကိုယ်အတွင်း တွန်းကန်နေတော့သည်။ သူက တောင်တစ်တောင်ပမာ မလှုပ်မယှက်နေနေပြီး ၎င်းကို ကြံ့ကြံ့ခံနေလေ၏။

အချိန်က ကုန်ဆုံးသွား၏။ အချိန်မည်မျှ ကြာသွားသည်မသိ၊ ယွီရှန်းရုန်သည် သူ၏အသိစိတ်က အကောင်းပကတိ ရှိနေသေးတာကို အာရုံခံမိသည်။ သူမျက်လုံး ရုတ်တရက် ဖွင့်လိုက်သည်။ သူ၏ကျင့်ကြံဆင့်က ယိုယွင်းသွားချေ၏။ ပွင့်ချပ်ရှစ်လွှာအဆင့်ကနေ ပွင့်ချပ်ခုနှစ်လွှာ ပြီးနောက် ပွင့်ချပ်ခြောက်လွှာအဆင့်သို့ ကျသွားသည်။

သူ၏ စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်အတွင်းရှိ ကနဦးချီများက ဖြည်းဖြည်းချင်း ယိုစိမ့်လာသည်။ ပွင့်ချပ်ငါးလွှာ၊ ပွင့်ချပ်သုံးလွှာ၊ ပွင့်ချပ်နှစ်လွှာ.. ပွင့်ချပ်တစ်လွှာ..

သူ့နှုတ်ခမ်းထောင့်စွန်းကနေ သွေး စီးကျလာတော့သည်။

သို့သော် ယွီရှန်းရုန်က စိတ်ပျက်အားငယ်မနေပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏နှုတ်ခမ်းထက်၌ စိတ်ကျေနပ်သည့် အပြုံးတစ်ပွင့် ရှိနေသည်။ သူသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပြီး ပွင့်ချပ်များ ဆုံးရှုံးသွားသော်ငြား အနည်းဆုံးတော့ သူ အသက်ရှင်သေးသည်။ ရွှေကြာမရှိဘဲ သူ့အဖို့ ပွင့်ချပ်များ မရှိတော့တာ သဘာဝကျသည်။ ယင်းက တွေးထင်ထားပြီးသား ဖြစ်၏။

“ဒါ ဘာမှမဟုတ်ဘူး။ ငါက ပွင့်ချပ်တွေ ထပ်ပေါက်အောင် လုပ်ရုံပဲ”

သူ၏လေသံက ယုံကြည်ချက် ရှိပြီး မုရှီးဂူသင်္ချိုင်းအတွင်း၌ အသက်ဝင်နေတော့သည်။

သူ၏အောင်မြင်ကျော်ကြားမှုသည် ယခု သူ၏ မှတ်ဉာဏ်အတွင်းတွင်သာ တည်ရှိတော့သည်။ သို့သော် ဘဝတွင် ကျရှုံးခဲ့ပါက သူတို့အားလုံးက အစကနေ ပြန်စရမည်။

ထိုစဉ် တာ့ယန်၏ လျန်နှင့်ရီစီရင်စုက လျင်မြန်စွာ ပြောင်းလဲမှုများကို ကြုံတွေ့နေရသည်။ မိစ္ဆာဝေဟင်မျှော်နန်းထဲတွင် ဖြစ်သည်။

မင်ရှစ်ရင်သည် ကျန့်အိုက်ကျန်း၏ စာကို ခန်းမကျယ်ထဲ သယ်ဆောင်လာ၏။ ပလ္လင်ပေါ်တွင် ထိုင်နေသော သူ့ရှစ်စွင်းကို ကြည့်ပြီး ပြောလိုက်သည်။

“ရှစ်စွင်း ကျန့််အိုက်ကျန်းက တော်ဝင်မိသားစုက လျန်စီရင်စုဆီ တပ်ဖွဲ့ စေလွှတ်ထားကြောင်း စာထဲ ရေးထားပါတယ်။ တိုင်းပြည်တွေက လို့လန်နဲ့ ရော့လီကလည်း သူတို့ကျင့်ကြံသူတွေကို လွှတ်ထားပါတယ်။ စီးဝူယာ့ရဲ့ဉာဏ်ရည်အရ ဒါကို လွဲချော်ခံမှာ မဟုတ်ဘူး။ အခြေအနေထဲ ပြောင်းလဲမှု ရှိမရှိ စောင့်ဖို့ပဲ ရှိပါတယ်”

လုကျိုးက ဘာမှမပြောပေ။ ထိုအစား သူသည် စနစ်မျက်နှာပြင်ပေါ်ရှိ ကုသိုလ်မှတ်တန်ဖိုးကို ကြည့်လိုက်သည်။ သူတို့ကို သုံးစွဲရန်အတွက် အကောင်းဆုံးနည်းအကြောင်း စဉ်းစားနေ၏။ သူက စီးဝူယာ့နှင့် ယွီကျန့်ဟိုင်ကို ဖမ်းရမည်။ အမှန်တကယ်ပင် သူ စောင့်ကြည့်ရမည်။

ကုသိုလ်မှတ် ၁၇၉၀၀။

သူသည် စနစ်၏ လှည့်ကွက်များကို အသားကျနေသောကြောင့် ဖြစ်ဟန်တူသည်။ လုကျိုးက စိတ်မတိုတော့ပေ။ သူက အတော်တည်ငြိမ်နေ၏။

ကုသိုလ်မှတ် တစ်သိန်းပဲကို ငါ ဖြည်းဖြည်းချင်း သွားတာပေါ့။

သူ၏ရှစ်စွင်း မတုံ့ပြန်တာကို မြင်သောအခါ မင်ရှစ်ရင်က လေးစားသော အပြုအမူဖြင့် ခန်းမထဲကနေ ထွက်သွားတော့သည်။

နောက်တစ်နေ့တွင် မင်ရှစ်ရင်က သူ့လက်ထဲတွင် ကျန့်အိုက်ကျန်း၏ စာကို ကိုင်ထားလျက် ခန်းမထဲသို့ ဝင်လာ၏။ သူ၏ရှစ်စွင်း ပန်းချီဆွဲနေတာကို တွေ့လိုက်ရသည်။ ဆိုလိုသည်က သူ၏ရှစ်စွင်း စိတ်ကောင်းဝင်နေ၏။ သူက ထိုကြောင့် ရဲတင်းသွားသလို ခံစားလိုက်ရသည်။ လုကျိုးရှေ့လျှောက်သွားပြီး တန်းပြောလိုက်သည်။

“ရှစ်စွင်း တော်ဝင်မိသားစုက ရီစီရင်စုကို လက်လျော့ဖို့ ရည်ရွယ်နေကြောင်း ကျန့်အိုက်ကျန်းက သူ့စာထဲမှာ ရေးထားပါတယ်။ လျန်စီရင်စုက ပုန်ကန်မှုကို ဖြေရှင်းဖို့ စတုတ္ထမင်းသား လျိုပင်းကို စေလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ စီးဝူယာ့က ဒါကို ခန့်မှန်းထားပြီးတဲ့ပုံပဲ။ တာ့ရန်ရဲ့ စီရင်စုကိုးခုထဲမှာ ရှိတဲ့ ငရဲဂိုဏ်းရဲ့အခွဲတွေက တမင်တကာ သောင်းကျန်းနေကြတယ်။ လက်ရှိအင်ပါယာက ရှုပ်ထွေးနေပါပြီ”

လုကျိုးက လက်လှုပ်ရှားတာ ရပ်တန့်သွားလျက်၊ ထင်တဲ့အတိုင်းပဲ ဒီငလိမ်ငကောက် နှစ်ယောက်က တစ်မိုးအောက်မှာ ပြဿနာတွေ ဖန်တီးချင်ပြီး အံ့ဖွယ်မြို့တော်ကို သွားဆန့်ကျင်နေတာပဲ။

သူတို့လုပ်နိုင်မှာလား။ ဘယ်သူမှ မသိဘူး။

ယွီကျန့်ဟိုင်တစ်ယောက်တည်းသာ ဆိုလျှင် ယင်းက မဖြစ်နိုင်ပေ။ သို့သော် စီးဝူယာ့၏ အကူအညီဖြင့် ရလဒ်က မသေချာမရေရာ ဖြစ်လာလိမ့်မည်။ စီးဝူယာ့၏ မဟူရာကွန်ရက်က မယုံနိုင်စရာကောင်းလောက်အောင် ကွန်ရက်ကျယ်ပြန့်ပေ၏။ ကျန့်အိုက်ကျန်းတောင် ၎င်းကို သတိထားရသည်။ ပြောရန်မလို လူတိုင်းကလည်း ကြောက်ရွံ့ကြပေ၏။ သူ့ဘာသာသူ ရေရွတ်ပြောပြီးနောက် လုကျိုးက ပြောလိုက်၏။

“ကျန့်အိုက်ကျန်းက ပွင့်ချပ်ကိုးလွှာအဆင့်အပေါ် တော်ဝင်မိသားစုရဲ့ သုတေသနပြုမှုအကြောင်း ထည့်ပြောသေးလား”

“သူ မပြောခဲ့ပါဘူး”

“သူ့ကို သတိပေးလိုက်”

လုကျိုးသည် ရီနှင့်လျန် စီရင်စုရှိ ပုန်ကန်မှုအကြောင်း ဂရုမစိုက်ပေ။ တစ်ကမ္ဘာလုံးက ဖရိုဖရဲ ဖြစ်နေပင်လျှင် ဖြစ်ရပ်နောက်ကွယ်ရှိ ငရဲဂိုဏ်း၏လုပ်ရပ်သာ ဖြစ်သည်။ ရှင်းလင်းသည့် အချက်အလက်မရှိဘဲ သူ အလွယ်တကူ လှုပ်ရှားမှာ မဟုတ်ပေ။

လုကျိုးက စိတ်ရှည်လက်ရှည်နေရန် လိုအပ်ပြီး စိတ်ရှည်မှုက ပိုင်ဆိုင်မှုဖြစ်ပြီး ကျိထျန်းတောက် အချို့တဲ့ဆုံးအရာဖြစ်၏။ မလှုပ်ရှားခင် သူ့အဖို့ ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်း ပိုရှာဖွေဖော်ထုတ်တာက ကောင်းလိမ့်မည်။

တတိယမြောက်နေ့တွင် မင်ရှစ်ရင်က ယခင်ကနှင့် ယှဉ်လျှင် ပိုလောလာတာ သိသာ၏။ သူ့အပြင် ရှောင်ယွမ်အာနှင့် တွမ့်မူရှန်းတို့ကလည်း ခန်းမကျယ်ထဲ ဝင်လာတော့သည်။

“ရှစ်စွင်း ကျန့်အိုက်ကျန်းဆီက စာတစ်စောင်ပါ”

“လိုရင်းပြော”

လုကျိုးက ပြော၏။

“ကျန့်အိုက်ကျန်းက ပြောပါတယ်။ မင်းသမီးယုံနဉ်က စတုတ္ထမင်းသားနဲ့အတူ လျန်စီရင်စုကို ဦးတည်သွားပြီး ငရဲဂိုဏ်းက နှစ်ဖက်လုံးကနေ ရန်သူတွေ ဝိုင်းတာ ခံထားရပါတယ်။ သူတို့ မလွတ်မြောက်တော့မဲ့ပုံပဲ”

စာကို ဖတ်နေစဉ် မင်ရှစ်ရင်၏ လေသံထဲ၌ မယုံနိုင်သည့် အရိပ်အယောင်ပါနေ၏။ လုကျိုးက အနည်းငယ် အံ့အားသင့်သွားလေ၏။ သူ စာရေးတာ ရပ်တန့်လိုက်သည်။ လက်တစ်ချက်အဝေ့ဖြင့် မင်ရှစ်ရင်၏လက်ထဲရှိ စာက သူ့ဆီသို့ ရောက်လာသည်။

လုကျိုးသည် စာပါအကြောင်းအရာများကို ကြည့်ရှုပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။

“စီးဝူယာ့ရဲ့အရည်အချင်းနဲ့ဆိုရင် သူတို့ ဒီလောက် အလွယ်တကူ အဝိုင်းမခံရသင့်ဘူး။ မင်းသမီးယုံနဉ်လား”

“မင်းသမီးယုံနဉ်က အမျိုးသမီးတစ်ယောက်ပဲ လျန်စီရင်စုကို လျိုပင်းနဲ့ ဘာကြောင့်သွားတာလဲ”

မင်ရှစ်ရင်က ဇဝေဇဝါ ဖြစ်သွား၏။ ထိုစဉ် ကျူးဟုန်ကုန်း၏ ကျယ်လောင်သည့်အသံသည် အပြင်ကနေ ပေါ်ထွက်လာ၏။

“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”

မင်ရှစ်ရင်သည် ထိုလူ၏အသံကို ကြားသည့်အချိန်တွင် အချို့သော အကြောင်းပြချက်ကြောင့် စိတ်ပျက်သွား၏။ သူက ခြိမ်းခြောက်သော လေသံဖြင့် ပြောလိုက်သည်။

“ပါ့ရှစ်တိ ပြောစရာရှိတာ မြန်မြန်ပြောလိုက်”

ကျူးဟုန်ကုန်းက ရယ်မောပြီး ပြောလိုက်သည်။

“ရှစ်စွင်း ကျွန်တော် ဒီမင်းသမီး ယုံနဉ်အကြောင်း သိပါတယ်”

“ပြော..”

လုကျိုးက ထိုင်ချလိုက်၏။

“မင်းသမီးယုံနဉ်က ချီရှစ်ရှိုးကို နှစ်သက်နေတာပါ။ ချီရှစ်ရှိုးက သူမအကြောင်းပြောတာ ကျွန်တော် တစ်ခါ ကြားဖူးတယ်။ ကျန်တာ မသိပါဘူး”

ကျူးဟုန်ကုန်းက ပြန်ပြောလိုက်သည်။

“အသိအကျွမ်းဟောင်းလား”

မင်ရှစ်ရင်က မျက်လုံးပြူးသွားတော့သည်။

“ဟန်ယွီရန်ဆီကနေ သူ လွတ်မြောက်နိုင်ခဲ့တာ အံ့ဩစရာ မရှိဘူးပဲ။ နန်းတော်ထဲက အဖြစ်အပျက်တွေအကြောင်း သူ အများကြီးသိနေတာ ဒါကြောင့်ကိုး။ ဒါကြောင့် သူက ကျန့်အိုက်ကျန်းကို မိစ္ဆာဝေဟင်မျှော်နန်းထဲ ခိုလှုံအောင် ဖိအားပေးနိုင်ခဲ့တာ။ သူ့ကို မင်းသမီးတစ်ပါးက တစ်ချိန်လုံး ပံ့ပိုးပေးနေတာပဲ။ ချီရှစ်တိက ဒီလို သားရဲကောင်ကြီး ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး”

“…”

လူတိုင်းက မင်ရှစ်ရင်၏စကားတွင် အားကျနေသံကို ကြားရသည်။ ယင်းက တစ်ကိုယ်တော် ယောက်ျားသားတစ်ယောက်၏ ထိချက်ပြင်းသည့်အသံကဲ့သို့ ဖြစ်နေသည်။

တွမ့်မုရှန်းက မင်ရှစ်ရင်ကို တစ်ချက် ကြည့်လိုက်၏။ သူ၏နယ်ရှင်လှံကို မှုတ်ထုတ်ကာ အင်္ကျီလက်ဖြင့် သုတ်လိုက်တော့၏။

အပြုံးတစ်ပွင့်ဖြင့် ရှောင်ယွမ်အာက ပြောလိုက်တော့သည်။

“အစ်မယုံနဉ်က လှလား”

“ငါ သူ့ကို အရင်က တစ်ခါမှ မတွေ့ဖူးဘူး”

မင်ရှစ်ရင်က ပြောသည်။

“ရှောင်ရှစ်မေ့.. ငါတို့ကို မနှောင့်ယှက်နဲ့ ရှစ်စွင်း ဒါက ထင်ရသလို ရိုးရှင်းပုံမပေါ်ဘူး။ လောင်ချီက လုပ်ထားတဲ့ ထောင်ချောက်တစ်ခု ဖြစ်ရမယ်”

ရှောင်ယွမ်အာကလည်း ကြက်ကလေး အစာကောက်နေသည့်ပမာ ခေါင်းညိတ်လိုက်သည်။

လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်ကာ ထိုအကြောင်းကို တွေးလိုက်သည်။ သူ၌ ချုပ်နှောင်ခြင်းလှောင့်ချိုင့်ကတ် နှစ်ကတ် ရှိပြီး အသေရိုက်ချက်ကတ်ရှိကာ သူ၏ထူးကဲစွမ်းအားက လုံလောက်ပေ၏။ သူက စီးဝူယာ့နှင့် ယွီကျန့်ဟိုင်ကို ဖမ်းဆီးရန် နည်းလမ်းများရှိသည်။ ပြဿနာက သူတို့မည်သည့်နေရာတွင် ပေါ်လာမည်နည်း။ ထိုအကြောင်းကို ခဏစဉ်းစားပြီးနောက် လုကျိုးက ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ သူက မင်ရှစ်ရင်ကို ကြည့်ကာ ပြောလိုက်တော့သည်။

“မင်းသာ စီးဝူယာ့ ဆိုရင် မင်း ဘာလုပ်မလဲ”

All Chapters