အခန်း (၃၉၇-၃၉၉)
Vol. 27 Ch. 397-399
အခန်း (၃၉၇) လူတစ်ယောက်ကို သတ်ရတာ လွယ်လိုက်တာ။ သူ့ခေါင်းက မြေပေါ်မှာ လိမ့်လို့။
နေဝင်သွားသည်နှင့် ပိုပြီး မှောင်မည်းလာတော့သည်။
ရှောင်ယွမ်အာ၏ ရုတ်ချည်းတိုက်ခိုက်မှုသည် အခန်းအပြင်ဘက်ရှိ ကျင့်ကြံသူများကို ကြက်သေသေသွားစေ၏။ သူတို့က သူတို့ရှေ့ရှိ မိန်းမပျိုလေးကို မယုံနိုင်မှုအပြည့်ဖြင့် စိုက်ငေးကြည့်ကာ မြေပြင်ပေါ်တွင် ရပ်နေလေ၏။ အထူးသဖြင့် အစောတုန်းက သူတို့၏ကျင့်ကြံဆင့်ကို စမ်းသပ်ချင်ခဲ့သည့်သူ အတွက်ပဲ ဖြစ်သည်။ သူက သစ်သားကြက်ရုပ်ပမာ မျက်လုံးအပြူးသားဖြင့် တံခါးနားတွင် ရပ်နေလေ၏။ အိမ်တော်ထိန်းကျိုး၏ ခွန်အားကို သူသိသည်။ အိမ်တော်ထိန်းကျိုးသည် နတ်ဒေဝါဦးတည်နယ်ပယ် အထွတ်အထိပ်တွင် ရှိ၏။ ထိုသို့တိုင် သူသည် မိန်းမပျိုလေးထံမှ ကန်ချက်တစ်ချက်ကြောင့် လွှင့်ထွက်သွားသည်လော။ ယင်းက မည်သို့နည်း။
အခန်းတွင်း အခန်းပြင်ရှိ လူအားလုံးက တိတ်ဆိတ်သွားသည်။ သူတို့ရှေ့ရှိ အမျိုးသမီးလေးကို မျက်လုံးအပြူးသားဖြင့်သာ စိုက်ကြည့်နေကြတော့သည်။ အိမ်တော်ထိန်းကျိုးက ချောင်းဟန့်ပြီးနောက် မြေပြင်ပေါ်ကနေ တွားသွားလာ၏။ သူက ချောင်းဆိုးလိုက်ရာ လတ်လတ်ဆတ်ဆတ် သွေးတစ်ပွက် အန်ထုတ်မိသွားသည်။
“ရှစ်စွင်း သူ မသေသေးဘူး။ သူ့ကို နောက်တစ်ချက် ကန်လို့ရမလား”
“…”
သူမ၏ တောင်းဆိုချက်က အိမ်တော်ထိန်းကျိုးကို နောက်ထပ်သွေးတစ်ပွက် အန်သွားစေသည်။ စာအုပ်တစ်အုပ်ကို ၎င်း၏ အဖုံးဖြင့် မဆုံးဖြတ်သင့်သလို လူတစ်ယောက်ကိုလည်း သွင်ပြင်ဖြင့် အကဲမခတ်သင့်ပေ။ မိန်းမပျိုလေးက အပြစ်ကင်းပြီး သန့်စင်ပုံပေါ်၏။ ထိုသို့တိုင် သူမက ကြောက်မက်ဖွယ်ကောင်းလွန်းနေသည်။
အိမ်တော်ထိန်းကျိုးက လက်တစ်ဖက်မြောက်လျက် သူတို့၏ ကျင့်ကြံဆင့်ကို စမ်းသပ်ခဲ့သည့်သူကို စွပ်စွပ်စွဲစွဲပုံဖြင့် လက်ညှိုးထိုးလိုက်သည်။
ထိုလူက ချက်ချင်း ဒူးထောက်ကာ အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွား၏။
“ကျွန်တော်.. ကျွန်တော်..”
မိန်းကလေး၏ ကျင့်ကြံဆင့်က သူမ၏ဆရာထက် ပိုကောင်းနေမှန်း သူမသိခဲ့မှန်း ပြောချင်နေတာပဲ ဖြစ်သည်။
လုကျိုးသည် မြေပြင်ပေါ်ကနေ တွားသွားလာသော အိမ်တော်ထိန်းကျိုးကို ကြည့်ပြီးနောက် သူ့နားရှိ ကျန်သည့် ကြောက်လန့်နေကြသော ကျင့်ကြံသူများကို ကြည့်လိုက်၏။ သူက ပြောလိုက်တော့သည်။
“မင်းတို့ အသက်ရှင်ချင်တယ် ဆိုရင် ရှန်လွမ့်ရှိုးကို ငါ့ဆီ လာတွေ့ဖို့ ပြောလိုက်”
ထိုစဉ် တံခါးအပြင်ဘက်၌ ပုံရိပ်များစွာ စုဝေးလာ၏။ လုကျိုးသည် လျန့်စီရင်စု၏မြို့လေးထဲ၌ ကျင့်ကြံသူများစွာကို တွေ့လိုက်ရသောအခါ အံ့ဩသွားသည်။
အိမ်တော်ထိန်းကျိုးက ထထိုင်ပြီးနောက် နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။
“အထဲမဝင်လာနဲ့”
သူက အသက်ပြင်းပြင်းရှုပြီးနောက် စိတ်တည်ငြိမ်အောင် ထားလိုက်သည်။ သူ့ရင်ဘတ်ကို ဖိကာ မေးလိုက်တော့၏။
“ဆရာ.. ဆရာကြီး သခင်ကြီးရှန်ကို တကယ်ဆန့်ကျင်တော့မှာလား”
လုကျိုးထံမှ အကြောင်းပြန်မှုကို မစောင့်ဘဲ ရှောင်ယွမ်အာက ပြောလိုက်တော့သည်။
“နင်က စိတ်ပျက်ဖို့ ကောင်းလိုက်တာ.. ငါ့ရှစ်စွင်းက သူတွေ့ချင်တဲ့သူတိုင်းကို တွေ့နိုင်တာပဲ ဘာပြဿနာ ရှိလို့လဲ”
သူမက ပြောပြီးသည်နှင့် လက်သီးကို ဝေ့ယမ်းလိုက်၏။ အိမ်တော်ထိန်းကျိုးက ကြောက်လန့်သွားသည်။ ဤမိန်းကလေးက အကျိုးအကြောင်းသင့် ပြောလို့ရတဲ့ပုံပေါ်ဘူး သူက ထူးမခြားနား ဖြစ်နေပုံပေါ်သည့် လုကျိုးကို ကြည့်လိုက်သည်။ နတ်ဒေဝါဦးတည်နယ်ပယ်ရှိ အဘိုးအိုက တစ်စုံတစ်ခု ပြောလာလိမ့်မည်ဟု သူ မျှော်လင့်နေမိသည်။ သူ ဘာမှမပြောရသေးခင် လုကျိုးက ပြောလိုက်၏။
“မနက်ဖြန် မနက်ကျရင် ရှန်လွမ့်ရှိုးကို တွေ့မယ်။ ငါ ထပ်မပြောဘူး”
အိမ်တော်ထိန်းက မှင်တက်သွားလေ၏။ ထိုစဉ် ရှောင်ယွမ်အာသည် သူမ၏ ဒုက္ခရှုခင်းမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။ ဆယ်ပေခန့်မြင့်သော သူမ၏ စိတ်ဝိညာဉ်သဏ္ဌာန်က ရုတ်တရက် ပေါ်လာ၏။ သူမ ကနဦးချီ၏ ရောင်ပြန်ထွက်မှုသည် ထိုအဝန်းအဝိုင်းရှိ ကျင့်ကြံသူများအားလုံးကို ကြောက်လန့်မှုကြောင့် တုန်ရင်သွားစေသည်။
“ကြော့ရှင်းလိုက်တာ.. နတ်ဒေဝါဦးတည်နယ်ပယ် လက်ရွေးစင်”
“ပွင့်ချပ်တစ်လွှာ ဒါ.. ဒါ.. ဒါက..”
လက်ထဲတွင် ကျောက်မျက်ရိုင်းတုံးကို ကိုင်ထားသေးသည့်သူက ယခုအချိန်တွင် ဖြူဖျော့နေပြီဖြစ်သည်။ ရှောင်ယွမ်အာက ရယ်မောလိုက်သည်။ သူမက ထိုလူကို လက်ညှိုးထိုးလျက် ပြောလိုက်၏။
“ရှင်အခု ကြောက်သွားပြီလား သတ္တိမရှိလိုက်တဲ့ကောင်.. ရှစ်စွင်း.. သူတို့ကို ရှစ်စွင်းရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ပြလိုက်.. သူတို့ကြောက်ပြီး အသက်ထွက်သွားအောင်လို့..”
လုကျိုး “…”
သူက မျက်နှာကျက်ရှိ အပေါက်ကြီးကို မော့ကြည့်လိုက်၏။ သူက ခေါင်းမော့ကာ ရှောင်ယွမ်အာ၏ ခေါင်းကို ညင်သာခေါက်လိုက်လေ၏။ သူက သူမကို ပြောလိုက်လေသည်။
“ထိန်းထိန်းသိမ်းသိမ်းနေ..”
ရှောင်ယွမ်အာက သူမခေါင်းကို အမြန်ကာလျက် မည်သည့်တောင်းဆိုမှုမှ မပြုလုပ်ရဲတော့ပေ။
“ရှစ်စွင်း တပည့်အမှားလုပ်ခဲ့မိပါတယ်”
လုကျိုးသည် လက်နောက်ပစ်ထားလျက် အခန်းထဲကနေ ထွက်သွားသည်။ ယင်းကို ကျင့်ကြံသူတစ်ယောက်က မြင်သည့်အချိန်၌ သူက အဖြစ်အပျက်ကို ချက်ချင်းနားလည်သွားကာ ပြောလိုက်၏။
“ဆရာကြီးအတွက် အခန်းသစ်တစ်ခန်း ပြင်ဆင်ပေးပါမယ်”
ရှောင်ယွမ်အာကလည်း တန်းကို ခုန်ကျော်လိုက်သည်။ သူမသည် ကျောက်မျက်ရိုင်းတုံး ကိုင်ထားသည့်သူကို ကြည့်လိုက်သည်။
“ငါ မေ့တော့မလို့ပဲ။ နင်က ငါ့ရှစ်စွင်းရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်ကို တွေ့ဖို့ မထိုက်တန်ဘူး”
ထိုသို့ပြောပြီးနောက် သူမသည် ကျန်သည့်အခန်းဆီသို့ သူမ၏ရှစ်စွင်းနောက်ကနေ လိုက်သွားသည်။ နှစ်ယောက်သား ထွက်သွားချိန်၌ အိမ်တော်ထိန်းကျိုးနှင့် စမ်းသပ်သူသည် အကြည့်ချင်းဖလှယ်လိုက်၏။ ကျောက်မျက်ရိုင်းတုံးကို ကိုင်ဆောင်ထားသည့်သူက မျက်ရည်များ ကျခါနီးပြီဖြစ်သည်။
“အိမ်တော်ထိန်းကျိုး ကျေး.. ကျေးဇူးပြုပြီး သက်.. သက်ညှာပေးပါ။ အဲ.. အဲဒီအဘိုးကြီးက တကယ်နတ်ဒေဝါဦးတည်နယ်ပယ်ပါ.. ကျွန်တော်.. ကျိန်ရဲပါတယ်။ ကျွန်တော်လိမ်ရင် ဆိုးဆိုးဝါးဝါး သေရပါစေ”
အိမ်တော်ထိန်းကျိုး၏ မျက်လုံးက နီရဲသွားလေ၏။ ရှောင်ယွမ်အာ၏ ကန်ချက်က သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေခဲ့သည်။ လုကျိုးက နတ်ဒေဝါဦးတည်နယ်ပယ် ဟုတ်မဟုတ် သူ့ဘာသာသူ ဆုံးဖြတ်နိုင်၏။ အိမ်တော်ထိန်းကျိုးသည် ခြံဝန်းထဲရှိ ကျင့်ကြံသူများကို ကြည့်ပြီး အမိန့်ပေးလိုက်၏။
“ဆရာရှန်ကို အကြောင်းကြားလိုက်.. သူ့ကို ဒီနေရာဆီ မြန်မြန်လာခိုင်းလိုက်”
ပြီးနောက် ကျောက်မျက်ရိုင်းတုံးဖြင့် လူကို ကြည့်လိုက်သည်။
“မင်းအခု ထွက်သွားလို့ရပြီ”
ရှန်အိမ်တော်ထဲတွင် ထွက်သွားဟူသည့် အဓိပ္ပာယ်သည် သူသည် မျက်စိမမြင်၊ မကြား၊ ဆွံ့အသည့်လူတစ်ယောက်အဖြင့် လျော့ချခံလိုက်ရတာပဲ ဖြစ်သည်။ ဤနေရာ၏ ကိစ္စများကို အပြင်လောကဆီ ပေါက်ကြားခွင့်မပေးပေ။ ထွက်သွားဟူသည်က သွယ်ဝိုက်ပြောလိုက်တာပဲ ဖြစ်သည်။ ထိုလူသည် ဤစကားကို ကြားသည့်အချိန်၌ သူ့မျက်နှာက သွေးဆုတ်ဖြူရောက်ကာ ခေါင်းငုံ့လိုက်တော့သည်။
ညတာ ကျရောက်လာ၏။ လုကျိုးသည် သူ့အခန်းထဲတွင် ကောင်းကင်ကျမ်းစာစာလိပ်ကို ကိုင်လျက် တရားထိုင်နေလေ၏။
ခဏကြာတွင် သူက စနစ်အသိပေးသံကို ရုတ်တရက် ကြားလိုက်ရ၏။
“တင်း.. သင်က ကောင်းကင်ကျမ်းစာစာလိပ်ပါ အကြောင်းအရာများကို အကြိမ်တစ်ရာ ဆင်ခြင်ပြီးပါပြီ။ ဆုလာဘ်က ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာစာလိပ်အလယ်..”
လုကျိုးက မျက်လုံးဖွင့်လိုက်၏။ ထိုအရာကို မြင်သောအခါ သူ အနည်းငယ် အံ့ဩသွားတော့သည်။ အကြိမ်တစ်ရာမြောက် ဆင်ခြင်ရန် အချိန်အတော်ကြာ လိုအပ်ကြောင်း သူ မှတ်မိ၏။ အချိန်အတော်ကြာ ကုန်ဆုံးသွားခဲ့ပုံပေါ်သည်။ သူက ယခုအချိန်၌ ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ စာလိပ်နှစ်လိပ်ရှိနေပြီဖြစ်၏။ ကျန်ရှိသည်က နောက်ပိုင်းစာလိပ်သာ ဖြစ်သည်။ နောက်ဆုံးအပိုင်းအစသည် ဆားငန်တောင်တန်းတွင် ရှိမည်ဟု သူ မှန်းဆမိ၏။ ယင်းက သူ့အား ယွီရှန်းရုန်ကို သတိရသွားမိသည်။ လုကျိုးက သက်ပြင်းချလိုက်သည်။ ယွီရှန်းရုန်သည် ငယ်ရွယ်စဉ်တည်းက မပြောင်းလဲခဲ့ပေ။ မည်သည့်အရာပဲ ဖြစ်ပျက်စေကာမူ သူက အသံတစ်သံမှမထွက် သူ့ကိစ္စများကို သူ့ဘာသာသူ ဖြေရှင်းလိမ့်မည်။ ယွီရှန်းရုန် မလိုလားအပ်တာ မဖြစ်ဖို့ သူ မျှော်လင့်နေမိ၏။ ပြီးနောက် သူက မျက်လုံးမှိတ်လျက် ကောင်းကင်ကျမ်းစာစာလိပ်ကို ဆက်လက်ဆင်ခြင်၏။
သူ သတိမပြုလိုက်မိဘဲ အချိန်က ကုန်ဆုံးသွားသည်။ ကောင်းကင်က နက်မှောင်နေသေးဆဲ ဖြစ်၏။ ခြံဝန်းထဲတွင် မီးတုတ်များက လင်းနေသည်။
မကြာမီ၌ အသံများ ပေါ်ထွက်လာသည်။
တစ်စုံတစ်ယောက်က သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များကိုဆင့်ခေါ်နေသည်။ တိတိကျကျ ဆိုရလျှင် လူပေါင်းများစွာက သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များကိုဆင့်ခေါ်နေရန် ကြိုးစားနေတာပဲ ဖြစ်သည်။
လုကျိုးက မလှုပ်ရှားပေ။ သူက သက်ရောက်မှုမရှိ။ စံအိမ်အထက်တွင် ကျင့်ကြံသူခြောက်ဦးက ပျံသန်းလာ၏။ သူတို့က လူတစ်ယောက်ဝင်ဆန့် အရွယ်အစားခန့် ရှိသော ရထားလုံးပျံလေးတစ်ခုကို ဝန်းရံထားလေ၏။
လုကျိုးသည် အပြင်ဘက်ရှိ ပြင်းထန်သည့် အရှိန်အဝါများကို အာရုံခံမိသည်။ ၎င်းကို သူ မမြင်နိုင်သော်ငြား ဝေ့တက်လာသော အရှိန်အဝါများ၏ လှိုင်းသံက အနည်းဆုံးတော့ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် လက်ရွေးစင် နှစ်ယောက် ရှိသည်ဟု ဆိုလိုတာပဲ ဖြစ်သည်။ အမှန်တကယ်ပင် ရှန်လွမ့်ရှိုး၌ အရည်အချင်းရှိ၏။ ရထားလုံးပျံက ဆင်းသက်လာသည်။ ကျန်သည့်ကျင့်ကြံသူများကလည်း ဆင်းသက်လာ၏။
“ငါ့ရဲ့ရှန်အိမ်တော်မှာ ဘယ်သူက ပြဿနာ ရှာရဲတာလဲ”
အသံက လေးနက်ပြီး အားပါ၏။ သူက ခြိမ်းခြောက်နိုင်ရန်အတွက် တမင်တကာ အသံမြင့်ပြောတာ သိသာသည်။
ရှန်လွမ့်ရှိုးက လက်ရွေးစင်ကျင့်ကြံသူ တစ်ယောက်ပဲလား။ လုကျိုးက သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ တံခါးသည် သူ၏စွမ်းအင်ကြောင့် ပွင့်သွားလေ၏။
စံအိမ်သည် မီးတုတ်များကြောင့် လင်းထိန်နေသည်။ ဗြဟ္မာပင်လယ်နယ်ပယ် ကျင့်ကြံသူများမှအပ ခြံဝန်းထဲ၌ ရထားလုံးပျံနှင့် များစွာသော ကျင့်ကြံသူများက နေရာယူထားသည်။
ရှန်လွမ့်ရှိုးက ရထားလုံးပျံထဲတွင် မတ်မတ် ထိုင်နေလေ၏။
လုကျိုးသည် လက်နောက်ပစ်ထားလျက် အခန်းထဲကနေ ထွက်လာသည်။ သူက ဧရိယာကို တစ်ချက်ကြည့်လိုက်၏။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် လက်ရွေးစင်ဖြစ်သော ရှန်လွမ့်ရှိုးမှအပ သူ့နားရှိ ကျင့်ကြံသူများကလည်း နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ထဲတွင် ရှိကြသည်။ ကျန်သည့်သူများက နတ်ဒေဝါဦးတည်နယ်ပယ်နှင့် ဗြဟ္မာ့ပင်လယ်နယ်ပယ်တို့ ဖြစ်ကြသည်။ သူတို့က ထည့်ပြောရန် သေးသိမ်လွန်းနေ၏။
“မင်းက ရှန်လွမ့်ရှိုးလား”
လုကျိုးက မေးလိုက်၏။
“ရာရာစစ..”
အသံလှိုင်းတစ်ခုက ခြံဝန်းထဲတွင် ပေါ်ထွက်လာသည်။
အိမ်တော်ထိန်းကျိုးက ဖြတ်လပ်တက်ကြွလာ၏။ သူက နာကျင်မှုကို တောင့်ခံလျက် သူ၏မျက်နှာထက်တွင် စိတ်သက်သာရာရသည့် အမူအရာ ပေါ်လာ၏။
ပြောလိုက်သည့်သူက ရှန်လွမ့်ရှိုးလက်အောက်ရှိ အကြီးမြတ်ဆုံး လက်ရွေးစင် ဖုန်းဖျင် ဖြစ်သည်။ ဖုန်းဖျင်က ရှန်လွမ့်ရှိုး၏အမည်ကို လုကျိုးထည့်ပြောတာကို ကြားချိန်၌ သူက ထအော်ပြီး ခုန်ထွက်လိုက်၏။
“လူတစ်ယောက်ကို သတ်တာက မြေပြင်ပေါ် သူ့ခေါင်းလိမ့်သွားအောင် လုပ်တဲ့ကိစ္စတစ်ခုပဲ ခွေးကို မရိုက်ခင်သခင်ကို ကြည့်သင့်တယ်”
ဖုန်းဖျင်က ထွက်လာပြီး လေထဲ၌ လက်ဝါးသင်္ကေတတစ်ဒါဇင်ခန့် ထုတ်ဖော်လိုက်သည်။ လုကျိုးက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။ သူသည် ကောင်းကင်ကျမ်းစာစာလိပ်၏ ထူးကဲစွမ်းအားကို အသုံးပြုတော့မည့် အချိန်တွင် ရှောင်ယွမ်အာက သူမ၏ခုနှစ်စင်ကြယ်တိမ်ယံခြေလှမ်းဖြင့် လှုပ်ရှားလိုက်၏။ သူမ၏နိဗ္ဗာနခါးစည်းကို ဖြေလိုက်သည်။
ဖုန်း ဖုန်း ဖုန်း..
လက်ဝါး သင်္ကေတများ တွန်းကန်ခံလိုက်ရ၏။
ရှောင်ယွမ်အာက လုကျိုးရှေ့၌ ရပ်လိုက်သည်။ သူက လေထဲရှိ ဖုန်းဖျင်ကို လက်ညှိုးညွှန်လျက် ပြောလိုက်သည်။
“ဟေ့ နင်က ငါ့ရှစ်စွင်းနဲ့ တိုက်ခိုက်ဖို့ တန်တယ်များထင်နေလား”
ထိုသို့ ပြောပြီးနောက် ရှောင်ယွမ်အာသည် ခုနှစ်စင်ကြယ် တိမ်ယံခြေလှမ်းကို သုံးလျက် ပုံရိပ်ယောင်များစွာကို ချန်ထားရစ်ခဲ့ကာ ဖုန်းဖျင်ဆီသို့ ဝင်တိုက်တော့သည်။
လုကျိုးက သူမကို မတားခဲ့ပေ။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူက သူမ၏လတ်တလော တိုးတက်မှုများကို မြင်တွေ့ချင်နေသည်။ အချိန်အတိုင်းအတာတစ်ခုအထိ စံအိမ်ထဲ၌ စွမ်းအင်များ ပေါ်ထွက်လာပြီး ရန်သူနှစ်ယောက်က ပြင်းထန်စွာ တိုက်ခိုက်နေတော့သည်။
ရှောင်ယွမ်အာသည် ဘယ်ညာပစ်ခွင်းနေသည့် သူမပုံရိပ်များဖြင့် ကောင်းကင်က ပြည့်နေသည်။ အိမ်တော်ထိန်းကျိုးနှင့် ကျန်သည့်သူများက ထိုအရာကို မြင်သည့်အချိန်၌ သူတို့၏မျက်နှာထက်တွင် ကြောက်လန့်မှုများ ပြည့်နေသည်။
ဒီမိန်းကလေးက အစွမ်းထက်လိုက်တာ။ သူမက ဖုန်းဖျင်နဲ့တောင် လက်ရည်ယှဉ်နိုင်သေးတယ်။ အိမ်တော်ထိန်းကျိုးက ယခုအချိန်တွင် သူ၏လုပ်ရပ်များကို နောင်တရနေပြီဖြစ်သည်။ သူ၏လက်အောက်ငယ်သား ပြုလုပ်ခဲ့သော အဆင့်နိမ့်အမှားတစ်ခုကြောင့် ကြီးမြတ်သူတစ်ဦးကို ရန်စခဲ့မိမှန်း သဘောပေါက်သွား၏။ ပုံမှန်ဆို လက်ရွေးစင်ကျင့်ကြံသူနှင့် ရင်ဆိုင်နေရမှန်း သူတို့သိခဲ့လျှင် သူတို့က ထိုလူများကို ယဉ်ကျေးစွာ ဆက်ဆံပြီး သူတို့ကို ဘယ်တော့မှ အမြတ်ထုတ်မှာ မဟုတ်ပေ။
ဖုန်း ဖုန်း ဖုန်း..
ရှောင်ယွမ်အာက ပိုမိုစိတ်လှုပ်ရှားလာပြီး တိုက်ပွဲရှေ့ဆက်နေသည်နှင့် ဖျတ်လတ်တက်ကြွလာတော့၏။ သူမ၏ရယ်သံများကလည်း စံအိမ်တော်ထဲ ပေါ်ထွက်နေသည်။
ဖုန်းဖျင်သည် ကြာရှည်တိုက်ခိုက်လေ စိတ်တိုလာလေ ဖြစ်၏။ သူက ပွင့်ချပ်လေးလွှာ လက်ရွေးစင်ဖြစ်သည်။ ထိုသို့တိုင် မိန်းမငယ်လေးတစ်ဦး ထိန်းချုပ်ထားတာ ခံနေရသည်။
ဝှစ်..
သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။ နိဗ္ဗာနခါးစည်းက ရှောင်ယွမ်အာနားတစ်ဝိုက် ရစ်ပတ်နေပြီး သူမက ပြောလိုက်၏။
“နိမ့်ကျတဲ့သူ.. ရာရာစစ နင့်ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို မှီခိုရဲတယ်ပေါ့”
နယ်ပယ်များကြား ကွာဟချက်တစ်ခု ရှိချိန်တွင် လူတစ်ယောက်၏စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် တိုက်ခိုက်ခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။
ဖုန်းဖျင်က နှာခေါင်းရှုံ့လိုက်သည်။ သူက လက်ခုပ်တီးလိုက်၏။ များစွာသော စည်းသင်္ကေတများက ရှောင်ယွမ်အာဆီ ကျရောက်လာ၏။
ဖုန်း ဖုန်း ဖုန်း..
သူမသည် နိဗ္ဗာနခါးစည်းဖြင့် ထပ်မံခုခံလိုက်သည်။ လက်ဝါးစည်းသင်္ကေတများသည် နိဗ္ဗာနခါးစည်း၏စွမ်းအင်အောက်၌ ပျောက်ကွယ်သွား၏။
“ကောင်းကင်အဆင့် လက်နက်”
တိမ်ခွင်းရထားလုံးပေါ်၌ ရှန်လွမ့်ရှိုးက မျက်လုံးတောက်ပသွားသည်။ သို့သော် သူ၏အမူအရာကို အမြန်ချိန်ညှိလျက် ဘာမှမဖြစ်သည့်ပမာ ပြုမူကာ ကျယ်လောင်စွာ ပြောလိုက်၏။
“ရပ်..”
ဖုန်းဖျင်က ရွေးချယ်စရာ မရှိတော့ဘဲ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ခေါ်ကာ ရထားလုံးပျံဘေး၌ ရပ်လိုက်သည်။ ရှန်လွမ့်ရှိုးက တံခါးဝ၌ တည်ငြိမ်စွာ ရပ်နေသည့် လုကျိုးကို ကြည့်ပြီး ပြောလိုက်သည်။
“လူကြီးမင်း ပိုက်ဆံရဖို့အတွက် လူတစ်ယောက်ရဲ့အိမ်ကို ဖျက်ဆီးတာက မိဘတွေကို သတ်သဘောက် ပြစ်မှုကြီးပါတယ် ထိုင်ပြီး စကားပြောကြရအောင်လား”
သူက ပြောပြီးနောက် သူ၏အကြည့်တို့က ရှောင်ယွမ်အာ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြက်သွေးရောင် နိဗ္ဗာနခါးစည်းပေါ်တွင်သာ ရောက်နေ၏။
လုကျိုးက မုတ်ဆိတ်သပ်လျက် ပြောလိုက်သည်။
“မင်း အပြစ်ကြွေးချေဖို့အတွက် မင်းကို အခွင့်အရေးတစ်ခု ပေးမယ်”
သူ၏အသံက လေးနက်လျက် ဆက်ပြောလိုက်သည်။
“အရင်ဆုံး မင်းရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးလိုက်၊ ဒုတိယအချက်အနေနဲ့ ငါ့မေးခွန်းကို ရိုးရိုးသားသား ဖြေ၊ တတိယက ငါဒီမှာ ရှိနေသရွေ့.. မင်းတို့အားလုံးကလိုက်နာရမယ်”
…
အခန်း(၃၉၈) မကျေမနပ် အလျှော့ ပေးလိုက်ရခြင်း
လုကျိုးက ကောင်းကင်ကျမ်းကို ဆင်ခြင်နေတုန်း ထိုစကားများကို တွေးမိလေသည်။
ရှန်လွမ့်ရှိုး၏ သဘာဝက မည်သို့ဖြစ်ဖြစ် သူက ပေဖြူလွှာ ထိပ်ဆုံးတွင် ရှိသူဖြစ်ပြီး သူနှင့် မဆိုင်ပေ။ သို့သော်လည်း သူ့အနေနှင့် ထိုအဖြစ်အပျက်ကို မျက်ကွယ်မပြုနိုင်ပေ။ ထိုပြစ်ဒဏ်သုံးမျိုးက အကျိုးအကြောင်းသင့်လှ၏။
ရှန်လွမ့်ရှိုးနှင့် အခြားလူများက ကြားသည့်အခါ မျက်မှောင်ကြုတ်လိုက်ကြသည်။
စံအိမ်ရှိ တခြားကျင့်ကြံသူများကလည်း အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။
ထိုအမျိုးသားက သူတို့ဆရာရှေ့ ရဲရဲတင်းတင်း ပြောဆိုနေရဲလေရာ သူ့ယုံကြည်ချက်က ဘယ်နေရာက ရောက်လာတာလဲ …
အိမ်တော်ထိန်းကျိုး စိတ်ထဲ မကောင်းသည့် စိတ်ခံစားချက်တို့ မြင့်တက်လာသည်။ သူက နောက်နှစ်လှမ်း ဆုတ်လိုက်သည်။ သူက အစကတည်းက ဒဏ်ရာရထားသူ ဖြစ်၍ သူတို့သာ တိုက်ခိုက်ကြလျှင် သူသာ အရေးနိမ့်ရလိမ့်မည်။
ရှန်လွမ့်ရှိုးက စိတ်အနှောင့်အယှက်ဖြစ်မည့်အစား ရယ်လိုက်သည်။ သူက လက်ခုပ်တီးကာ “ ဆရာကြီး ဒီဟာသက မရယ်ရဘူး ”
“ငါ ဘယ်တုန်းကမှ ဟာသ မလုပ်ဘူး” လုကျိုးက ခပ်တည်တည် ပြောလိုက်သည်။
ရှန်လွမ့်ရှိုးက မျက်မှောင်ကြုတ်လိုက်ပြီး “ ဒီကမ္ဘာမှာ ကျုပ်ထက်သာတာ လက်တစ်ဆုပ်စာလောက်ပဲ ရှိတယ်။ ကျုပ် နေထိုင်ခဲ့တဲ့ သက်တမ်းအရ လူနှစ်ယောက်ကိုပဲ အထင်ကြီးဖူးတယ် ”
“အိုး ”
“ပထမက လက်ရှိဧကရာဇ် ယုံချင် …” သူက ထိုအကြောင်းပြောစဉ်က လှုပ်ရှားမှု မရှိပေ။ ထို့နောက် သူက လက်နှစ်ဖက်ယှက်လိုက်ရင်း “ဒုတိယလူက မိစ္ဆာဝေဟင်မျှော်နန်းသခင်ပဲ။ ကျုပ် လေးစားရတဲ့လူပေါ့ ”
“…”
အိမ်တော်ထိန်းကျိုးက ညာနေခြင်း မဟုတ်ပေ။
သူက ငါ့ကို ကိုးကွယ်နေတဲ့သူပဲ …
ပေဖြူလွှာထိပ်ဆုံးရှိ လူက ပေနက်လွှာ ထိပ်ဆုံးမှ လူကို လေးစားခြင်းမှာ အတော်လေး ဆန်းကြယ်လှသည်။
ရှောင်ယွမ်အာက အားပါးတရ ရယ်လိုက်ပြီး “ ဒီလိုဆိုရင်တော့ ရှင် ကျွန်မရှစ်စွင်းရှေ့ ဒူးထောက်သင့်ပြီ”
သူမက အလေးအနက် ပြောလိုက်သည်။
သို့သော်လည်း ထိုအရာက ရှန်လွမ့်ရှိုးအတွက် လှောင်ပြောင်ခံရသလို ဖြစ်နေသည်။
“ဖုန်းဖင် …” ရှန်လွမ့်ရှိုးက လက်ဝေ့ယမ်းလိုက်သည်။
ဖုန်းဖင်တွင် စူးရှရှ မျက်ဝန်းပိုင်ဆိုင်ထားသည်။ သူက သွက်လက်ပေါ့ပါးစွာ လှုပ်ရှားလိုက်ပြီး ပုံရိပ်ပွားများသာ ချန်ထားခဲ့သည်။
ကိုယ်ပျောက်တာအိုနဲ့ ကောင်းကင်စွမ်းအားလား …
အားလုံးက အင်အားအကုန် ထုတ်သုံးလိုက်သည့် ဖုန်းဖင်အား ကြည့်နေကြသည်။
ရှောင်ယွမ်အာက လှုပ်ရှားတော့မည့်ဆဲဆဲတွင် ရှစ်စွင်းက လက်ပြတားဆီးသည်ကို မြင်လိုက်ရသည်။
ရှစ်စွင်းကိုယ်တိုင် လှုပ်ရှားတော့မယ်ဆိုတော့ အရာအားလုံး အဆင်ပြေသွားပြီ …
လုကျိုး လက်ထဲ ခရမ်းရောင် လျှပ်စီးအလင်းရောင် တောက်ပလာသည်။ သူက လက်ကို ကွေးလိုက်ပြီးနောက် ရှေ့ကို ပစ်လွှတ်လိုက်သည်။ ဤသည်က အသေရိုက်ချက်ကတ် မဟုတ်ပေ။ မိုးကြိုးသွား ဖြစ်၏။
ခရမ်းရောင် လျှပ်စီးတလက်လက် တောက်ပနေသည့် လက်ဝါးစည်းတံဆိပ်က ရှေ့ပြေးဝင်လာသည်။
“ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူလား” ဖုန်းဖင်က များများစားစား မတွေးထားပေ။ သူက လုကျိုးကို ဆက်တိုက်ကြည့်နေသည်။ သူက လုကျိုးကို ထိတော့မည့်ဆဲဆဲတွင် ခရမ်းရောင် မိုးကြိုးချက်က သူ့ဆီ ကျရောက်လာသည်။
ဘန်း
သူက ရင်ဘတ်ကို ထိမှန်သွားလေသည်။ သူက ကိုယ်ပျောက်တာအိုကို ထုတ်မသုံးနိုင်ခင် လွှင့်ထွက်သွား၏။ သူ့စိတ်လည်း ဗလာကျင်းသွားသည်။ သူက ကောင်းကင်ကို မျက်နှာချင်းဆိုင်မိသည့်အခါ ကောင်းကင်မှ ခရမ်းရောင်မိုးကြိုး ကျဆင်းလာသည်ကို မြင်လိုက်ရသည်။ သူက ပြောလိုက်သည်။
“မိုးကြိုးသွားလား”
ဝုန်း
မိုးကြိုးသွားက ပစ်မှတ်ကို ထိမှန်သွားလေသည်။
ဖုန်းဖျင်က သွေးတစ်ပွက်အန်လိုက်ရပြီး မြေပေါ် ပြုတ်ကျလာသည်။ သူ့ချီပင်လယ်က တစ်ယောက်ယောက်ဆီမှ တူနှင့် ထုခံလာရသလိုမျိုး ခံစားနေရသည်။ သူက ပြန်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
မိုးကြိုးသွား၏ အသေအပျောက်နှုန်းက နည်းပါး၏။ သို့သော်လည်း ထိချက်ပြင်းပြင်း ထိမှန်စေဖို့ မဆိုးလှပေ။
ခြံဝန်းတစ်ခုလုံး သုသာန်ပြင်အလား ငြိမ်ကျသွား၏။
အိမ်တော်ထိန်းကျိုးက ဒူးများပင် တုန်တုန်ယင်ယင် ဖြစ်လာသည်။ သူက မြေပေါ် လဲကျသွားပြီး မျက်နှာလည်း ယောင်ကိုင်းနေသည်။
ဒါကနတ်ဒေဝါဦးတည်နယ်ပယ်အဆင့်လား …
သောက်ရမ်းနဲ့မှပဲ …. နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်က ပွင့်ချပ်လေးလွှာအဆင့် ကျင့်ကြံသူကို ဘယ်လိုလုပ် ထိခိုက်အောင် လုပ်နိုင်တာလဲ… ငါ့ကို လာနောက်နေတာလား
အိမ်တော်ထိန်းကျိုး တစ်ယောက်တည်း အံ့ဩသွားခြင်း မဟုတ်ပေ။ ရှန်လွမ့်ရှိုးပင် အံ့ဩသွားလေသည်။
ရှန်လွမ်ရှိုး၏ ကျင့်ကြံဆင့်က ဖုန်းဖင်ထက် ပွင့်ချပ်တစ်ခုသာ ပိုမြင့်လေသည်။ သူက ပွင့်ချပ်ငါးလွှာအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ဖုန်းဖင်ကို တစ်ချက်တည်းဖြင့် လွင့်စင်သွားစေသည့် လူအိုကြီးနှင့် ရင်ဆိုင်ဖို့ရာ ယုံကြည်ချက်နည်းပါးလာသည်။ သို့သော် ယခုအခြေအနေရောက်မှတော့ နောက်မဆုတ်နိုင်ပေ။ သူက လက်ဝေ့လိုက်သည်။
တခြားကျင့်ကြံသူများလည်း လေထဲ ပျံတက်လာကြသည်။ သူတို့က လုကျိုးနှင့် ရှောင်ယွမ်အာကို ဝိုင်းထားလိုက်ကြ၏။
“ခေါင်းမာလိုက်တာ“ လုကျိုးက ခေါင်းယမ်းလိုက်သည်။
ရှောင်ယွမ်အာက မျက်လုံးဝေ့ကြည့်လိုက်ပြီး “ရှင်တို့က ငတုံးတွေပဲ။ ရှင်က ကျွန်မရှစ်စွင်းကို အရမ်းလေးစားတယ်ဆိုတော့ အခုအချိန် ခွင့်လွတ်မှုတောင်းခံသင့်တာ မဟုတ်ဘူးလား”
ဟမ် …
ရှန်လွမ့်ရှိုးက နှာခေါင်းရှုံ့ကာ “ကောင်မလေး ငါက ယုံလွယ်တဲ့သူ ထင်နေလား။ ငါက ပေဖြူလွှာထိပ်ဆုံးကလူပါ … သူတို့ကို ဖမ်းကြစမ်း ”
သူ့အမိန့်ဖြင့် ကျင့်ကြံသူများက သူတို့ဆီ ချီတက်လာကြသည်။
ရှန်လွမ့်ရှိုးက သူမကို မယုံသည်မှာ ပုံမှန်သာ ဖြစ်ပေသည်။ သူ့စာကြည့်ခန်းထဲ ကျိထျန်းတောက်၏ ပုံတူ ရှိလေသည်။ သူက နေ့စဉ်ကြည့်နေခဲ့သည့် မျက်နှာတစ်ခုကို မမှတ်မိစရာ အကြောင်း မရှိပေ။ သူ့ရှေ့မှ လူအိုကြီးနှင့် ကျိထျန်းတောက်နှင့် တစ်စက်လေးမှ မတူပေ။
လုကျိုးက ထိုအတွက် အပြစ်မတင်နိုင်ပေ။ ကျိထျန်းတောက်က သူ့သွင်ပြင်ကို ဂရုစိုက်တတ်သူ မဟုတ်ပေ။ ထို့အပြင် သူ့ဆံပင်များက သူ့အသက်အရွယ်ကြောင့် အမြဲတမ်းလိုလို ရှုပ်ပွနေပြီး ဒေါသကလည်း ကြီးသေးသည်။ အချုပ်အားဖြင့် ပညာရှင်ပုံပေါက်နေသည့် ဤလူအိုကြီးနှင့် လုံးဝကွဲပြားနေသည်။
ကျင့်ကြံသူများ ချီတက်လာသည့်အခါ ရှန်လွမ့်ရှိုးလည်း သူ့ရထားလုံးပျံထဲမှ လေထဲ ပျံသန်းလာသည်။
“ပိအန်း”
ဝေါင်း
မည်သူကမှ ထိုဟိန်းသံ ဘယ်နေရာက ထွက်ပေါ်လာကြောင်း မသိကြပေ။
ပိအန်းက အရိပ်များကြားမှ ထွက်ပေါ်လာပြီး ဘေးနားမှ ကျင့်ကြံသူများဆီ ပြေးသွားသည်။
ကျင့်ကြံသူများက ကြောက်လန့်ကုန်ကြ၏။ သူတို့က လင်ပန်းထဲမှ သဲများအလား အစီအစဉ်မကျ ဖြစ်နေသည်။
ပိအန်းက ထိုအဆင့်နိမ့်ကျင့်ကြံသူများကို ဖြေရှင်းဖို့ လုံလောက်ပေသည်။
“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ဆုလာဘ် ကုသိုလ်ရမှတ် ၁၀ မှတ် ရရှိပါတယ် ”
“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ဆုလာဘ် ကုသိုလ်ရမှတ် ၁၀ မှတ် ရရှိပါတယ် ”
လုကျိုးက ကုသိုလ်ရမှတ်များအကြောင်း အရေးမစိုက်ဘဲ လေထဲ မြင့်တက်လာသည့် ရထားလုံးပျံကို ကြည့်လိုက်သည်။
ရှန်လွမ့်ရှိုးက ပြောလိုက်သည်။ “ငါ ဒီအကြွေးကို မှတ်ထားမယ်။ ငါတို့ထပ်တွေ့ကြတာပေါ့ …”
သူက သူ့ရထားလုံးပျံဖြင့် လွတ်မြောက်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေသည်။
လုကျိုး၏ အမူအရာက မပြောင်းလဲပေ။ သူက ညာလက်မမြောက်ခင် ဘယ်လက်မြောက်လိုက်သည်။
သူက ချီများကို စွမ်းအားအဖြစ် စုစည်းလိုက်၏။ မှိန်ဖျဖျ လေးကိုင်းသဏ္ဍာန် ပေါ်ထွက်လာသည်။ သူ့လက်ညိုးနှင့် လက်ခလယ်ကြား အပြာရောင် စွမ်းအားမြားတစ်ခု ဖြစ်ပေါ်လာသည်။
ဗလာမှ အစပြုလာပြီး အရာအားလုံးကို ဖြစ်လာစေသည်။ သံသရာစက်ဝန်းအတွင်း နေထိုင်၍ သင်ယူရမည်။
ထိုမြင်ကွင်းက တိမ်တိုက်ကြား ခွင်းလွတ်ကာ သားရဲပါဝူကို နှိမ်နင်းခဲ့သည့် ဖြစ်ရပ်ကို ပြန်လည်အမှတ်ရလာစေသည်။
ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ်စွမ်းအားက မြားကို ရစ်ပတ်ထားသည်။
ဘန်း
စွမ်းအားမြား ထုတ်လွင့်လိုက်သည်။ ထိုအရာက လေထဲတွင် မီးရှုးမီးပန်းအလား ဖြတ်သန်းသွားသည်။ ထိုအလင်းရောင်က လရောင်ကြောင့် ပိုထင်ပေါ်လာကာ နောက်တွင် အမြီးရှည်တစ်ခု ချန်ထားခဲ့သည်။
ရှန်လွမ့်ရှိုးက သူ့နောက်မှ အသံဆန်းကြီးကို ကြားသည့်အခါ လှည့်ကြည့်လိုက်သည် “ဘာကြီးလဲ။ စွမ်းအားမြားလား”
သူက စိတ်ဝိညာဉ်သဏ္ဍာန်ကို တစ်ခါတည်း အသက်သွင်းလိုက်ပြီး ခန္ဓာကိုယ်ကိုလည်း ကာကွယ်ရေးစွမ်းအား လွှမ်းခြုံထားလိုက်သည်။
စွမ်းအားမြားက ရှန်လွမ့်ရှိုး၏ စိတ်ဝိညာဉ်သဏ္ဍာန်နှင့် ချီပင်လယ်အထိ တို့ဖူးတုံးလေးကို ဖြတ်ကျော်လာသည့်အလား ထိုးဖောက်လာသည်။
အက်သံနှင့်အတူ ရထားလုံးပျံလည်း ကြေမွသွားသည်။
ရှန်လွမ့်ရှိုးက ကောင်းကင်မှ ပြုတ်ကျလာသည်။
ရှောင်ယွမ်အာက ခုန်ကာ လက်ခုပ်တီးလိုက်ပြီး “ရှစ်စွင်း ထိသွားပြီ။ တပည့်လည်း မြားပစ်သင်ချင်တယ် ”
လုကျိုးက ခေါင်းခါလိုက်သည်။ သူက သိပ်မကျေနပ်ပေ။ အကယ်၍ သူသာ အမည်မဲ့ဖြင့် တိုက်ခိုက်လိုက်လျှင် ပွင့်ချပ်ငါးလွှာအဆင့်ကိုပင် သတ်ပစ်နိုင်သည်။ သူက စွမ်းအားပမာဏအတူတူ သုံးလိုက်ရသည်။
ယခင် အမည်မဲ့ကို အသုံးပြုစဉ်က ဓားရူးလော့ချန်ချင်ကို သတ်နိုင်ခဲ့သည်။ သို့သော်လည်း ယခု ပွင့်ချပ်ငါးလွှာအဆင့် ရှန်လွမ့်ရှိုးကို နှေးအောင်သာ ပစ်နိုင်လိုက်၏။ ကောင်းကင်အဆင့်လက်နက် မပါရှိဘဲ သူ့တိုက်ခိုက်နှုန်းက အတော်လေး အားပျော့နေသည်။ သို့သော် မြားက ရှန်လွမ့်ရှိုး၏ ချီပင်လယ်ကို ထိုးဖောက်သွားခဲ့သည်။ ဤသည်မှာ သူ့ကျင့်ကြံဆင့် ပျက်စီးသွားခြင်းနှင့် ညီမျှပေသည်။
ဝုန်း
ရှန်လွမ့်ရှိုးက ခေါင်မိုးနှင့် တိုက်မိကာ လိမ့်ကျလာသည်။ သူ မြေပေါ် ရောက်သည့်အခါ လုကျိုးအား ကြောက်လန့်တကြား ကြည့်လိုက်သည်။
တစ်ချိန်တည်းဆိုသလို ပိအန်းကလည်း ကျင့်ကြံသူများကို ရှင်းပြီးလေပြီ။ စံအိမ်က တစ်ဖန်ပြန်လည် ငြိမ်သက်သွား၏။
လုကျိုးက မုတ်ဆိတ်သပ်လိုက်ရင်း ရှန်လွမ့်ရှိုးအား ကြည့်လိုက်ကာ “မင်းကို အခွင့်အရေး ပေးပြီးပြီ။ မင်းက တန်ဖိုးမထားဘူးပဲ ”
ရှန်လွမ့်ရှိုး၏ အမူအရာက မည်းမှောင်နေသည်။ သူက နာကျင်မှုကို အံတုထားရင်း မေးလိုက်သည် “ခင်ဗျားက လော့ဂိုဏ်းကလား”
ရှောင်ယွမ်အာ “ဖွီး အဲဒီလော့ဂိုဏ်းစုတ် မဟုတ်ဘူး ”
လုကျိုးက စိတ်ထဲ မထားပေ။ သူက အသံဩဩဖြင့် မေးလိုက်သည် “မင်း အခုလက်ခံနိုင်ပြီလား ”
ရှန်လွမ့်ရှိုးက မြေပေါ် လဲနေရင်း “ ကျွန်တော် လက်ခံပါပြီ လက်ခံပါပြီ ”
…
အခန်း (၃၉၉) မျိုးနွယ်စုတစ်သောင်း
ရှန်လွမ့်ရှိုးသည် သူ့စွမ်းအင်ဗဟိုချက်၏ချီပင်လယ်သည် ထိုထူးဆန်းသောမြားကြောင့် ဖျက်ဆီးခံလိုက်ရကြောင်း အာရုံခံမိသည်။ သူက ကြောက်လန့်ပြီး နာကျင်သွားတော့၏။ သူသည် အရှုံးပေးသည်ဟူသော စကားလုံးကို ပြောပြီးနောက် နောက်ထပ်သွေးတစ်ပွက်အန်လိုက်ရ၏။ သူက ရုန်းကန်နေရကာ မြေပြင်ပေါ်တွင် ခဏတာခြေပစ်လက်ပစ်ဖြစ်နေပြီးမှ နောက်ဆုံးတွင် တည်ငြိမ်သွား၏။
လုကျိုးက လက်တစ်ဖက်မြှောက်လျက် စွမ်းအင်ဓားသွားများစွာသည် ရှန်လွမ့်ရှိုးဆီသို့ ဝင်ရောက်သွားလေ၏။
ဘန်း ဘန်း ဘန်း
စွမ်းအင်ဓားသွားများသည် ရှန်လွမ့်ရှိုး၏ချီသွေးကြောများကို ထိမှန်သွားချိန်၌ သူ၏နာကျင်မှုသည် ချက်ချင်းနီးပါး လျော့ကျသွား၏။ သူ့မျက်နှာပေါ်ရှိချွေးများကိုသုတ်လိုက်ပြီး အစောတုန်းက မောက်မာထောင်လွှားမှုနှင့် ဒေါသတို့က အပြည့်အဝပျောက်ကွယ်သွားပြီဖြစ်သည်။
သူ့အရည်အချင်းကို ပြသပြီးသော ပိအန်းသည် ဝေဟင်ထဲ၌ တစ်ပတ်လည်ပြီးနောက် မြေပြင်ပေါ် ဆင်းသက်လာလေ၏။
ရှန်စံအိမ်တော်ထဲ၌ မတ်တတ်ရပ်လျက် ကျန်နေသည့်သူများသည် သေမျိုးများနှင့် အဆင့်နိမ့်ကျင့်ကြံသူများသာ ဖြစ်၏။
လုကျိုးက ပိအန်းကိုတစ်ချက်ကြည့်ပြီး ထိုစီးတော်သားရဲက အတော်လေး စိတ်ဝင်စားစရာ ကောင်း သည်ဟု တွေးလိုက်သည်။ သူ့ကို ကုသိုလ်မှတ်များများ ပေးနိုင်မည့်ပစ်မှတ်များကို ရွေးချယ်သည်အထိ ပါးနပ်ပေ၏။ သူက စနစ်မျက်နှာပြင်ကို စစ်ဆေးကြည့်လိုက်သည်။ သူ စိတ်ပျက်သွားရသည်က သူ ကုသိုလ်မှတ်နှစ်ရာသာ ရခဲ့၏။ နတ်ဒေဝါဦးတည်နယ်ပယ် ပစ်မှတ်များနှင့် နတ်ဒေဝါဦးတည်နယ်ပယ်အောက် ပစ်မှတ်များကို သတ်ဖြတ်ခြင်းဖြင့်ရရှိသော ကုသိုလ်မှတ်လမ်းစဉ်က အင်မတန် နိမ့်သည်။
ထိုစဉ် အိမ်တော်ထိန်းကျိုးနှင့် ဖုန်းဖျင်တို့က မြေပြင်ပေါ်တွင် လှဲနေပြီး မလှုပ်ကြတော့ပေ။ သူတို့က တိုက်ခိုက်နိုင်စွမ်းအပြည့်အဝဆုံးရှုံးသွားပြီဖြစ်သည်။
ရှန်လွမ့်ရှိုးက ထိုင်လိုက်၏။ သူက မျက်လုံးကိုပွတ်လိုက်သည်။ သူက ပိအန်း၏ ကြောက်မက်ဖွယ်ကောင်းသော သွင်ပြင်ကို မြင်တွေ့ချိန်၌ အလိုလိုနောက်ဆုတ်သွားသည်။
လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းခါကာ မေးလိုက်၏။
“ဒီလို စုတ်ပဲ့တဲ့စီးပွားရေးကို ဘယ်အချိန်က စတင်ခဲ့တာလဲ”
ရှန်လွမ့်ရှိုးသည် သူ၏မျက်နှာပေါ်မှ ချွေးများကိုသုတ်ပြီးပြောလိုက်၏။
"ဆ ... ဆရာကြီး ကျွန် ... ကျွန်တော်က ရှင်သန်နေထိုင်ရန်အတွက်ကြိုးစားရုံပါပဲ။ လတ်တလောမှ စတင်တာပါ”
လုကျိုးသည် ထိုအရာကို စိတ်မဝင်စားပေ။ ယင်းက သူနှင့်ဘာမှမသက်ဆိုင်သောကြောင့် ဖြစ်သည်။
“ဒီမြို့ထဲက အခြေအနေကိုပြောပြ”
ရှောင်ယွမ်အာသည် အခန်းထဲမှ ခုံတစ်လုံးကိုရှာပြီးနောက် သိတတ်လိမ္မာသည့်ကလေးပမာ လုကျိုး၏နောက်တွင် ထားပေးလိုက်၏။
လုကျိုးက ထိုင်ပြီး ရှန်လွမ့်ရှိုးကို တည်တည်ငြိမ်ငြိမ်စိုက်ကြည့်လိုက်ကာ သူ့ကို စစ်မေးရန်အသင့်ဖြစ်နေလေ၏။
ရှန်လွမ့်ရှိုးက နာကျင်မနေတော့ပေ။ သို့သော်ငြား အစောတုန်းက ဖြစ်ခဲ့တာကိုပြန်တွေးမိချိန်၌ အကြောက်တရားတို့ လွှမ်းမိုးနေသေးဆဲဖြစ်သည်။ သူက တံတွေးမျိုချပြီးနောက်ပြောလိုက်၏။
“မြို့ထဲက အခြေအနေလား” လုကျိုးက မုတ်ဆိတ်သပ်လျက် ရှန်လွမ့်ရှိုး၏အဖြေကို စောင့်စားနေသည်။
ရှန်လွမ့်ရှိုးက ၎င်းကို ခဏတာစဉ်းစားပြီးနောက်ပြန်ပြောလိုက်၏။ “ပရမ်းပတာ ဖြစ်နေတယ်။ အင်မတန် ပရမ်းပတာ ဖြစ်နေတာ။ ဆရာကြီးရောက်မလာခင် ငရဲဂိုဏ်းသားတွေက မြို့စောင့်တပ်နဲ့ တိုက်ပွဲဖြစ်ကြသေးတယ်။ သေကြေပျက်စီးမှုများတယ်”
“တခြားမျိုးနွယ်တွေကော...” လုကျိုးကမေးလိုက်၏။
ရှန်လွမ့်ရှိုးသည် ကျန်သည့်မျိုးနွယ်များအကြောင်းကို ကြားသည့်အချိန်၌ မျက်မှောင်ကျုံ့လိုက်သည်။
“အနောက်ဖက်ဒေက လို့လန်နဲ့ လို့လီကလူတွေအများကြီးရှိတယ်။ ဒါပေမဲ့ တခြားမျိုးနွယ်တွေ အကြောင်းတော့ ကျွန်တော်မသိဘူး”
ရှန်လွမ့်ရှိုးသည် ထိုအကြောင်းကိုများများစားစားမသိတာ နားလည်နိုင်၏။ မဟုတ်လျှင် သူက တာ့ယန်၏တော်ဝင်မိသားစုက သိမ်းကျုံးဝင်လာပြီးသူတို့ကို မဖြေရှင်းခင် တစ်စုံတစ်ခုပြုလုပ်ရန် အခွင့်အရေးတောင်ရလိုက်မှာမဟုတ်ပေ။
“ဒီမျိုးနွယ်တွေပဲလား” လုကျိုးက အနည်းငယ်ဇဝေဇဝါဖြင့်မေးလိုက်တော့၏။
“ရုန်ရှီးမှာ မျိုးနွယ်ငါးခု၊ ရုန်ပေ့မှာ မျိုးနွယ်ခုနစ်ခု သူတို့က အမြဲတမ်းသူတို့ဖာသာနေနေတာ။ လို့လန် နဲ့လို့လီကလွဲရင် ဒီနေရာမှာ ကျန်တဲ့မျိုးနွယ်တွေရဲ့တည်ရှိမှုအကြောင်း တခါမှမကြားဖူးဘူး” ရှန်လွမ့်ရှိုးက အမှန်အတိုင်းဖြေဆိုလိုက်၏။
လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်သည်။ သူသည် ကျိထျန်းတောက်၏ မှတ်ဉာဏ်များကို စတင်ရှာဖွေနေပြီဖြစ်သည်။
ဧကရာဇ်ယုံရှုသည် ရုန်ပေ့နှင့်ရုန်ရှီးကို အနိုင်ယူခဲ့ချိန်မှစပြီး တာ့ယန်သည် အုပ်စိုးမှုရာထူးကို ထိန်းသိမ်းထားခဲ့၏။ ရုန်ပေ့နှင့်ရုန်ရှီးကျန်သည့်မျိုးနွယ်များက သူတို့ဖာသာပြန်လည်စုစည်းထား၏။ မရေမတွက်နိုင်အောင် တကွဲတပြားဖြစ်နေသော မျိုးနွယ်များကနေ သူတို့သည် ရုန်ရှီး၌ မျိုးနွယ်ငါးခု၊ ရုန်ပေ့၌ မျိုးနွယ်ခုနစ်ခုကိုဖွဲ့တည်ခဲ့သည်။ ထိုလူမျိုးဆယ့်နှစ်ခုသည်တာ့ယန်ပေါ်အမြဲတမ်း ဝပ်တွားခယကာပြုမူနေခဲ့၏။ သူတို့က မဟာမိတ်လက်ထပ်ပွဲအတွက် တံစိုးလက်ဆောင်များပေးပြီး သူတို့၏ မင်းသမီးများကိုကမ်းလှမ်းခဲ့သည်။ လူမျိုးဆယ့်နှစ်မျိုးသည် သူတို့ဘယ်တော့မှ ပုန်ကန်မှုမှာ မဟုတ် သို့သော်ငြား တာ့ယန်၏ နယ်စပ်၌ အသေးအမွှားကိစ္စအများစုက မကြာခဏဖြစ်လေ့ရှိသည်။ အချိန်အများစု၌ စတုတ္ထမင်းသားလျိုပင်းသည် ဟန့်တားရန် နယ်စယ်တွင်နေနေရ၏။ ထိုကြောင့် ယခုကဲ့သို့ငြိမ်းချမ်းမှုအချို့ကို ခံစားနေရတာပဲဖြစ်သည်။
“အခု စတုတ္ထမင်းသားလျိုပင်းဘယ်မှာလဲ” လုကျိုးက မေးလိုက်၏။
ရှန်လွမ့်ရှိုးက ထိတ်လန့်သွားသည်။ သူက လုကျိုးကို စဉ်းစားတွေးခေါ်စွာကြည့်လျက်ပြောလိုက်၏။
“စတုတ္ထမင်းသားက လူသုံးသိန်းပါတဲ့ တပ်ဖွဲ့တစ်ဖွဲ့နဲ့ ကျင့်ကြံသူငါးထောင်ပါတဲ့ တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်သွားတယ်ဆိုတာပဲ ကြားမိတာပါ။ သူ့ရဲ့တပ်ဖွဲ့ကို လျန်စီရင်စုရဲ့မြို့ဆယ်မြို့ကို တိုက်ခိုက်ဖို့ခွဲလိုက်ပါတယ်။ သူလက်ရှိဘယ်မြို့မှာရှိလဲတော့ ကျွန်တော်မသိပါဘူး။ လျန်စီရင်စုရဲ့ မြို့ဆယ်မြို့ထဲမှ ငါးမြို့ကို အစီအရင်တွေနဲ့ကာကွယ်ထားပြီး ငါးမြို့ကတော့ အစီအရင်တွေမရှိပါဘူး။ အရှင်မင်းသားက သူ့ကိုယ်သူထိခိုက်ခံမယ်မထင်ဘူး”
ရှန်လွမ့်ရှိုးက ရိုးသားစွာပြောသည်ဟု လုကျိုးက ခံစားမိသည်။ သူက ဖြည်းဖြည်းချင်း ထရပ်ပြီးနောက် မုတ်ဆိတ်သပ်ကာမေးလိုက်တော့သည်။ “မင်းရဲ့အရင်းအမြစ်တွေနဲ့ အဲ့ဒီအကြောင်းကိုရှာ... ကောင်းကောင်းလုပ်နိုင်ရင် မင်းကိုချမ်းသာပေးမယ်”
ရှန်လွမ့်ရှိုးသည် ထိုစကားကိုကြားသည့်အချိန်၌ အပျော်လွန်သွား၏။ သူက အမြန်အရိုအသေပေးကာပြောလိုက်တော့၏။ “ဆရာကြီး အမိန့်အတိုင်းပါ”
ထိုနေ့ညတွင် ရှန်လွမ့်ရှိုးက စံအိမ်တွင်သာနေလိုက်နိုင်၏။ သူက ဝေးဝေးတွင်မနေခဲ့ပေ။ လုကျိုးဘေးအခန်းထဲတွင်နေလိုက်၏။ သူ့အတွက် ရတက်မအေးနိုင်သော တညတာဖြစ်ခဲ့သည်။ သူ၏ကျင့်ကြံဆင့်ကိုဆုံးရှုံးပြီးနောက် သူ့လက်အောက်ငယ်သားများ သူ့နောက်ကျောဓားနဲ့ထိုးမှာကို စိုးရိမ်ပူပန်နေပြီး နိုးနေခဲ့တာပဲဖြစ်သည်။ လျန်စီရင်စုထဲ၌ သူ့ကို ဝါးမျိုနိုင်သူများရှိနေပြီး ဘာမှချန်ထားခဲ့မှာ မဟုတ်။ ထိုကဲ့သို့ ကိစ္စဖြစ်မလာစရာအကြောင်းမရှိ။
ရှန်လွမ့်ရှိုးသည် သူ၏ကျင့်ကြံဆင့်ဖျက်ဆီးခံရပြီးသည့်တိုင် အသက်ရှင်ချင်ခဲ့၏။ အကြောင်းမှာ သူ၏ ကျင့်ကြံဆင့်ကို ပြန်ရရှိရန်နည်းလမ်းတစ်ခုရှိသောကြောင့်ဖြစ်သည်။ အနည်းငယ် ခက်ခဲသော်ငြား အနည်းဆုံးတော့ သူ့တွင်မျှော်လင့်ချက်ရှိသေး၏။ ဆိုရလျှင်သူက ပေဖြူလွှာ၏ ထိပ်တွင် ရှိသူဖြစ်သည်။ ဘွဲ့အမည်တစ်ခုတည်းကပင် ဟေးမုလျန်တစ်ခုတည်းကပင် သူ၏ဗဟိုချက်၏ ချီပင်လယ်ကို ပြန်လည်စုဆောင်းနိုင်သော နည်းလမ်းရှာရန် အဓိပ္ပာယ်ပေးစွမ်းသည်။ သို့သော် ဘာမှမဖြစ်သေးခင် သူက သူ့ကိုယ်သူ ကာကွယ်ရန် နည်းလမ်းတစ်ခု စဉ်းစားရမည်။ ဘေးအကင်းဆုံးအရာက အဖိုးကြီးဘေးတွင် နေရန်ပဲဖြစ်သည်။
နောက်နေ့နံနက်တွင်ဖြစ်၏။
ရှန်လွမ့်ရှိုးသည် မြို့ဆယ်မြို့မှ သတင်းအချက်အလက်များကို စုဆောင်းရန် သူ့တပည့်များကို ချက်ချင်းလွှတ်လိုက်သည်။ သူသည်ဤတာဝန်၌ အားစိုက်ထုတ်မှုအားလုံး သွန်ထည့်ထားသည်။
နေ့လည်ရောက်လာချိန်တွင် ရှန်လွမ့်ရှိုးက လုကျိုးနားတလေးတစားကပ်လာသည်။
“ဆရာကြီး ကျွန်တော့်ရဲ့လူတွေကို ဒီကိစ္စစုံစမ်းစစ်ဆေးခိုင်းထားပါပြီ။ စတုတ္ထမင်းသားက လျန်စီရင်စုရဲ့မြောက်ပိုင်းက မော့မြို့မှာ ရှိနေလောက်ပါတယ်”
အကြောင်းပြန်မှုမရခင် သူမထွက်သွားရဲချေ။ ခဏတာစောင့်ဆိုင်းပြီးနောက် အခန်းထဲမှ အသံတစ်သံပေါ်ထွက်လာ၏။
“ငရဲဂိုဏ်းက လှုပ်ရှားမှုရှိလား”
“ငရဲဂိုဏ်းက ဂိုဏ်းချုပ် ယွီကျန့်ဟိုင်နဲ့ သူ့ရဲ့မဟာကာကွယ်စောင့်ရှောက်သူလေးဦးက မော့မြို့ကို သွားကြောင်းကြားမိပါတယ်” ရှန်လွမ့်ရှိုးက သက်ပြင်းချလျက်ပြောလိုက်၏။ “ငရဲဂိုဏ်းက တလောကလုံးကို ပရမ်းပတာဖြစ်အောင်လုပ်နေတာ။ ယွီကျန့်ဟိုင်ကလည်း မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်ကြီးပဲ။ သူ့ရဲ့ကျင့်ကြံဆင့်က ကြောက်ဖို့ကောင်းတယ်။ သူကိုယ်တိုင်လှုပ်ရှားမယ်ဆို စတုတ္ထမင်းသားက သူ့မှာအစွမ်းထက်တဲ့စစ်သားတွေရှိနေရင်တောင် ရပ်တည်နိုင်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး”
“ဆက်စုံစမ်းထား”
“နားလည်ပါပြီ”
နောက်ထပ်တစ်ရက်ကုန်ဆုံးသွားသည်။ တတိယမြောက်နေ့တွင် ရှန်လွမ့်ရှိုးက တံခါးတွင်ရပ်လျက် သတင်းပို့လိုက်တော့သည်။
“ဆရာကြီး လျန်စီရင်ရဲ့မြို့ဆယ်မြို့ထဲမှာ ပြောင်းလဲမှုတွေ ဖြစ်နေပါတယ်။ ငရဲဂိုဏ်းက စတုတ္ထမင်းသားနဲ့တိုက်ခိုက်ဖို့စီစဉ်ခဲ့တယ်။ နှစ်ဖက်လုံးက ဆုံးရှုံးမှုများတယ်။ အစီအရင်တွေ ကာကွယ်ပေးခြင်း မခံထားရတဲ့မြို့ငါးမြို့ကို ငရဲဂိုဏ်းက ညတွင်းချင်း သိမ်းပိုက်လိုက်ပါပြီ။ သူတို့မကြာခင် ဒီရောက်လာမှာစိုးရိမ်မိတယ်”
“ထပ်စုံစမ်းထား”
ရှန်လွမ့်ရှိုးက အရိုအသေပေးပြီးထွက်သွားလိုက်သည်။
စတုတ္ထမြောက်နေ့တွင် မိုးမလင်းလာခင် ရှန်းလန်ရှုသည် လုကျိုး၏တံခါးဝသို့ သူ၏ပုံမှန်အပြုအမူနှင့် မတူဘဲ လုကျိုး၏အခန်းတံခါးဝသို့ ရောက်လာ၏။ သူကပြောလိုက်သည်။
“ဆရာကြီး အခုလျန်စီရင်စုရဲ့မြို့ကနေကျေးဇူးပြုပြီးထွက်သွားရမယ်။ လျန်စီရင်စုရဲ့အစီအရင်က သစ္စာဖောက်အောက်ထိန်းချုပ်မှုကျရောက်သွားပြီ။ ငရဲဂိုဏ်းက မြို့တံခါးတွေကိုဖောက်ဝင်ပြီးပြီ”
ရှန်လွမ့်ရှိုးပြောပြီးသည်နှင့် မြို့ထဲတွင် ခွာသံများကြားလာရ၏။ ကောင်းကင်ထဲတွင် ကျင့်ကြံသူများစွာပျံသန်းနေသည်။ မီးခိုးလုံးများ ဖုန်မှုန့်များက တက်လာပြီး သတ်ဖြတ်လိုစိတ်များက လေထုထဲဝင်ရောက်လာ၏။ လျန်စီရင်စု၏မြို့စောင့်တပ်သည်လည်း နောက်ဆုတ်နေရသည်။
သူတို့ရှေ့တက်လာသည်နှင့် လမ်းပေါ်၌ ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်ထွက်လာ၏။ သူတို့သည် ဒုက္ခရှုကွင်းမိုင်တစ်ရာလောက် အစွမ်းမထက်သော်ငြား နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူများကို ရင်ဆိုင်ရာတွင် ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန်သည် လူသတ်လက်နက်ပဲ ဖြစ်သည်။
ငရဲဂိုဏ်း၌ ထိုကဲ့သို့ကျင့်ကြံသူများမပြတ်လတ်ပေ။
ငရဲဂိုဏ်းမှာတိုက်ခိုက်သူများက ခုခံသူများကိုဖမ်းပြီး သတ်ဖြတ်ကြတော့သည်။
ရှန်လွမ့်ရှိုးက သူ့ခေါင်းထက်၌ လေပြင်းများ ဝေ့တိုက်သွားချိန်၌ သူဆီးထွက်ကျတော့မတတ် ဖြစ်သွားသည်။
ဟူး ဝှစ် ဝှစ်
ကျင့်ကြံသူ တစ်ဒါဇင်အထက်က စံအိမ်အထက်တွင်ပေါ်လာသည်။
“ငါက ငရဲဂိုဏ်းရဲ့ မိုးပြာနဂါးခန်းမက ဒုခေါင်းဆောင်ယွီဟုန်ပဲ။ ငါတို့နောက်လိုက်တဲ့သူတွေက ကြွယ်ဝမယ်။ ခုခံသူတွေက ပျောက်ကွယ်သွားရမယ်။ ကျင့်ကြံသူတွေရှေ့တက်ကြ”
ငရဲဂိုဏ်း၏လည်ပတ်သည့်နည်းလမ်းက သူ့၏ကဏ္ဍများကို ရာထူးဂုဏ်သိမ်များနှင့် အဆင့်ဆင့် ထိန်းချုပ်တာဖြစ်သည်။
ငရဲဂိုဏ်းက ဤနေရာသို့မြန်မြန်ဆန်ဆန်ရောက်လာလိမ့်မည်ဟု မထင်ထားပေ။ ယခု သူကျင့်ကြံဆင့် ဆုံးရှုံးသွားလေပြီဖြစ်လေရာ သူ့ကိုယ်သူ ကာကွယ်ရန် နည်းလမ်းမရှိတော့ချေ။ သူက အဆုံးမရှိ စိုးရိမ်ပူပန်နေလေ၏။ လုကျိုး၏ အခန်းကို ကြည့်လိုက်သည်။
ယွီဟုန်က ရှန်လွမ့်ရှိုးကိုကြည့်လိုက်သည်။ “မင်း ထိခိုက်ထားတာလား”
“ဟုတ် ... ဟုတ် ... ဟုတ်ပါတယ်” ရှန်လွမ့်ရှိုးသည် လုကျိုး၏အခန်းကိုလက်ညှိုးထိုးချင်သော်ငြား သူက ထိုမျှမရဲတင်းပေ။
“သူ့ကိုခေါ်သွား” ကျင့်ကြံသူနှစ်ယောက်က ဝေဟင်ကနေ ဆင်းသက်လာပြီး ရှန်လွမ့်ရှိုးကို ထိန်းချုပ်ရန်ပြင်လိုက်၏။
ကျွီ ....
တံခါးပွင့်လာ၏။
လုကျိုးသည် လက်နောက်ပစ်လျက်အခန်းထဲမှထွက်လာသည်။ သူသည် လေထဲတွင်ပျံဝဲနေသည့် မိုးပြာနဂါးခန်းမ၏ဒုခေါင်းဆောင်ယွီဟုန်ကိုကြည့်လိုက်၏။
ယွီဟုန်သည် ထိုအဖိုးအို၏ အရှိန်အဝါများကို စစ်ဆေးကြည့်လိုက်သည်။ သူက ခေါင်းခါပြီး ပြောလိုက်သည်။
“ငရဲဂိုဏ်းကို ဆန့်ကျင်တဲ့ဘယ်လိုလူပဲဖြစ်ဖြစ်ခွင့်မပြုဘူး"
ထိုစဉ်ရှောင်ယွမ်အာက အခန်းထဲကနေပြေးထွက်လာ၏။ သူသည်လေထဲရှိယွီဟုန်ကို လက်ညှိုးထိုးပြီးပြောလိုက်သည်။ “ငါ့ရဲ့ ရှစ်စွင်းနဲ့ စကားပြောနေတဲအချိန် နင့်ရဲ့လေသံကို သတိထားလိုက်”