အခန်း (၄၀၃-၄၀၅)
Vol. 27 Ch. 403-405
အခန်း (၄၀၃) အရေးနိမ့်ခြင်း
ရှန်လွမ့်ရှိုးသည် ထိုအရေးကိစ္စများကို တွေးနိုင်သည့် စိတ်အခြေအနေ မဟုတ်ပေ။ သူ၏စိတ်က လက်ရှိတွင် ဤနေရာကနေ ထွက်သွားနိုင်ရန် နည်းလမ်းတစ်ခု ရှာဖို့သာ အာရုံစိုက်ထား၏။ အစွမ်းအထက်ဆုံးအင်အားစုက လျန့်စီရင်စုတွင် စုဝေးနေလေ၏။ တစ်ချိန်တည်းတွင် တိုက်ဆိုင်လွန်းပုံပေါ်သည်။ လျန့်စီရင်စုမြို့က ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။ စိတ်ဝိညာဉ်သဏ္ဌာန်များ ပျောက်ကွယ်သွား၏။ ဝေ့တက်လာသော ကနဦးချီနှင့် စွမ်းအင်တို့ကလည်း ငြိမ်ကျသွားသည်။
လုကျိုးသည် ပြတင်းပေါက်ကနေ လျန့်စီရင်စု၏မြို့အထက် ဝေဟင်ကို ကြည့်လိုက်တော့သည်။
ငရဲဂိုဏ်းကျင့်ကြံသူ တစ်ထောင်နီးပါးက ရထားလုံးပျံကြီးကို ဝန်းရံထားလေ၏။ သူတို့က သုံးဘက်သုံးတန်၌ ကျောချင်းကပ် နေရာယူထားသည်။
အနောက်အရပ်ဆီသို့ စတုရန်းအစီအရင်သည် လို့လန်နှင့် ရို့လီမှ လူနှစ်ထောင်ဖြင့် ဖွဲ့တည်ထား၏။ လို့လန်၏ လူများက သူတို့၏ ခေါင်းထက်တွင် တောက်ပသည့် ငှက်မွှေးများရှိသည့် ဝတ်ရုံရှည်များကို ဝတ်ထားသည်။ ရို့လီ၏ လူများကမူ အရည်အချင်းရှိပြီး အတွေ့အကြုံရှိပုံရ၏။ အနီရောင်၊ အပြာရောင်နှင့် အစိမ်းရောင် အရိပ်အရောင်တို့က သူတို့၏မျက်လုံးထဲတွင် လက်နေသည်။ သူတို့က လျိုပင်း၏ တပ်ကို မြင်သည့်အချိန်၌ ကျန်သည့်မျိုးနွယ်များက သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်နှင့် စုန်းဂါထာများကို ပြန်ရုတ်သိမ်းလိုက်၏။ သူတို့၏ကျူရန်အစီအရင်ဆီ ရွေ့သွားတော့သည်။ ရို့လီ၏လူများက ယခုရှေ့ရောက်နေလေ၏။
မြောက်ဘက်တွင် လက်ရှိတာ့ယန်၏ စတုတ္ထမင်းသားလျိုပင်းနှင့် သူ၏မဟာစစ်သူကြီး၆ဦးရှိနေသည်။ အောက်ဘက်ရှိ သူ၏စစ်သည်များမှအပ လေထဲတွင် ကျင့်ကြံသူ ၂၀၀၀ ထက်မနည်း ရှိသည်။ လျိုပင်းက အနီရောင်စစ်ရထားလုံးထိပ်တွင် ထိုင်နေလေ၏။ သူ၏စူးရှသော မျက်ဝန်းများက ငရဲဂိုဏ်း၏ ရထားလုံးကြီးဆီတွင်သာ ရောက်နေလေ၏။
အရှေ့အရပ်တွင် လီကျင်းရီ ရှိနေသည်။ သူမနောက်တွင် အဝတ်စဖြင့် ကာထားသော ရထားလုံးပျံလေး ရှိနေ၏။ စီးလာသည့်သူသည် ငရဲဂိုဏ်း၏ မဟာကာကွယ်စောင့်ရှောက်သူ လေးဦးကို ဖယ်ရှားနိုင်သောကြောင့် ထိုလူက ဝေ့ကျိုးယန် မဟုတ်တာ သေချာ၏။ နန်းတော်က ပို့လိုက်သည့် တော်ဝင်စစ်သည်များ၏ တပ်မှုးရှစ်ဦးထဲမှ တစ်ဦး ဖြစ်ရမည်။ သို့သော် ထိုလူ၏ မျက်နှာကို မတွေ့ရဘဲ သေချာမှာ မဟုတ်ပေ။
အင်အားစုသုံးစု၏ တပ်ဖွဲ့များက ငရဲဂိုဏ်း၏ ရထားလုံးပျံကို ဝန်းရံထားလေ၏။
ရှန်လွမ့်ရှိုးက အသံနိမ့်ကာ ပြောလိုက်တော့သည်။
“ငရဲဂိုဏ်းက တောင်ဘက်အရပ်ကိုပဲ ပြေးနိုင်တယ်။ အလိုလေး.. အဲဒီမှာက အစီအရင်ထောင်ချောက် အများစု ရှိနေတာပဲ”
“မင်းက ငရဲဂိုဏ်းအဖမ်းခံရတာကို မမြင်ချင်ဘူးလား”
လုကျိုးက ရှန်လွမ့်ရှိုးကို ကြည့်လိုက်လေ၏။
ရှန်လွမ့်ရှိုးက ခေါင်းခါပြီး ပြောလိုက်လေ၏။
“မမြင်ချင်ဘူး။ ဒါပေမဲ့ အခု ဒီနေရာမှာ ယွီကျန့်ဟိုင် မရှိခဲ့ရင် အရေးနိမ့်မှာပဲ”
လုကျိုးသည် လက်နောက်ပစ်ထားလျက် လေထဲရှိ ရထားလုံးပျံကို ကြည့်လိုက်၏။
ရှောင်ယွမ်အာက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“အရေအတွက်ကို အားကိုးပြီး အနိုင်ရဖို့ လုပ်တဲ့ အရှက်မဲ့တဲ့လူတွေပဲ”
သူမ၏ ပြောဆိုမှုလေးကို ကြားပြီးနောက် ရှောင်ယွမ်အာအပေါ် ရှန်လွမ့်ရှိုး၏အမြင်က အနည်းငယ် ပြောင်းလဲသွားသည်။
“ဒီကောင်မလေးက အဲဒီတုန်းက ကြမ်းတမ်းတဲ့ပုံပေါ်ပေမဲ့ အခုကျ ချစ်စရာကောင်းသားပဲ”
လုကျိုးက ပြောလိုက်၏။
“မှတ်ထား ကျင့်ကြံခြင်းလောကမှာ ဒီလို တရားမျှတမှုဆိုတာ မရှိဘူး”
“နားလည်ပါပြီ ရှစ်စွင်း”
ရှောင်ယွမ်အာက လိမ်လိမ်မာမာ ခေါင်းညိတ်လိုက်၏။
ဝေဟင်တွင် ဖြစ်သည်။ စတုတ္ထမင်းသားလျိုပင်းက တိတ်ဆိတ်မှုရှည်ကြီးကို ဖြိုခွင်းလိုက်သည့်သူ ဖြစ်၏။
လျိုပင်းက စစ်ရထားလုံးပေါ်တွင် ရပ်လိုက်၏။ သူက လီကျင်းရီဘက်လှည့်ကာ လက်သီးဆုပ်မိုးလျက် ပြောလိုက်၏။
“ဒီလိုအချိန်ကိုက်မှာ ဘယ်တော်ဝင်အစောင့်အဖွဲ့ တပ်မှုးကများ လာကူတာလဲဆိုတာ သိပါရစေ”
“အံ့ဖွယ်မြို့တော်ရဲ့ အနောက်အရပ်စောင့်ရှောက်သူ ရှန်းလဲ့က စတုတ္ထမင်းသားကို နှုတ်ခွန်းဆက်ပါတယ်”
အသံက နက်ရှိုင်းပြီး အစွမ်းထက်၏။ အနည်းငယ် မာန်ပါသည်။
လူတိုင်းက အံ့ဖွယ်မြို့တော်သည် ငုပ်လျိုးနေသောကျား၊ ပုန်းကွယ်နေသော နဂါးများအတွက် သားရဲတွင်းတစ်တွင်းဟု ဆိုကြသည်။ မှန်နေ၏။ ကမ္ဘာကြီးရှိ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတစ်ဝက်က အံ့ဖွယ်မြို့တော်တွင် ရှိနေသည်ဟု ကောလာဟလတစ်ခုတောင် ရှိနေသည်။ သို့သော် ယင်းက သက်သေမပြရသေးပေ။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ကျင့်ကြံဆင့်က မည်မျှ နက်နဲသိမ်မွေ့စေကာမူ သူတို့က အံ့ဖွယ်မြို့တော်၌ သိုသိုသိပ်သိပ် နေရမည်ဟု နားလည်လာကြသည်။
“နားလည်ပြီ၊ ဦးလေးရှန်းကို ကျုပ် ရိုင်းပျမိပြီ”
လျိုပင်းက ပြောလျက် လက်သီးဆုပ်မိုးလိုက်၏။ ကျန်သည့်မျိုးနွယ်များက အနည်းငယ် ထိတ်လန့်သွားသည်။ တာ့ယန်သည် မျိုးနွယ်စုတစ်သောင်းထက် ပိုအစွမ်းထက်နေတာ အကြောင်းအရင်းတစ်ရပ် ရှိ၏။ သိုင်းပညာရှင်များအပေါ် သူတို့၏ လေးစားမှု တစ်ခုတည်းကပင် ကျန်သည့်မျိုးနွယ်များ သင်ယူနိုင်သည့်အရာဖြစ်၏။
ဟာလော့က ကျယ်လောင်စွာ ရယ်မောလျက် ပြောလိုက်၏။
“တော်တော်ကြာသွားခဲ့ပြီး စတုတ္ထမင်းသား”
လျိုပင်းက နှာခေါင်းရှုံ့လိုက်၏။ ရန်သူတော်ဟောင်းကြီးများအနေဖြင့် သူသည် ဟာလော့ကို အလွန်ကောင်းကောင်းသိသည်။ သူက ပြောလိုက်သည်။
“ဟာလော့ အခုအတွက် ငါတို့ရဲ့ အရင်အငြိုးအတေးတွေကို ဘေးချိတ်ထားလိုက်အုံး.. အခုအချိန်မှာ ငရဲဂိုဏ်းကို ဖြေရှင်းဖို့က ပိုအရေးကြီးတယ်”
“ဒါ အလုပ်မဖြစ်ဘူး”
ဟာလော့က လက်တစ်ဖက်မြောက်လျက် လက်ညှိုးထောင်ကာ ပြောလိုက်တော့သည်။
“မင်းရဲ့အတွင်း ပဋိပက္ခကို ဖြေရှင်းပြီးတဲ့နောက် ငါ့ကို တိုက်ခိုက်ခွင့်ပြုရမယ် ဆိုရင် ဒါက လွန်ရာ မရောက်သွားဘူးလား”
“ရိုင်းလိုက်တာ”
လီကျင်းရီနောက်မှ ရှန်းလဲ့က အော်လိုက်၏။ သူ၏အသံက မိုးခြိမ်းသံပမာ ဟာလော့ဆီသို့ တိုးဝင်သွားသည်။
စတုရန်းအခင်းအကျင်းကြီးထဲ၌ စုန်းအတတ် ကျင့်ကြံသူများ၏ ဝတ်ရုံသည် ခရမ်းရောင်အလင်းဖြင့် တောက်ပနေ၏။ သူတို့က ရောင်ပြန်ဟပ်နေတော့သည်။
ဝှစ်..
သူတို့က အသံလှိုင်းကို လျစ်လျူရှုထား၏။
ထိုသို့တိုင် ဟာလော့၏မျက်နှာထက်တွင် ကြောက်လန့်နေသော အမူအရာပေါ်လာသည်။ သူသည် အသံလှိုင်းကြောင့် တုန်လှုပ်သွားတာ သိသာ၏။ သူက မေးလိုက်တော့သည်။
“စတုတ္ထမင်းသား ဒါက မင်းရဲ့ရိုးသားတယ် ဆိုတဲ့ပုံလား”
“ဦးလေးရှန်ရဲ့ စိတ်နေစိတ်ထားက အမြဲတမ်း ဒီလိုပဲ။ မင်းက ရို့လီကလေ။ လို့လန်က စုန်းအတတ်ကျင့်ကြံသူတွေက မင်းအနောက်မှာ ရှိနေတယ်။ ငါတို့က ကိုယ်စီကိုယ်စီ လိုအပ်တာတွေကိုပဲ ယူရမှာ”
လျိုပင်းက ပြန်ပြောလိုက်၏။
ဟာလော့ နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။
“ငရဲဂိုဏ်းရဲ့ယွီကျန့်ဟိုင်က လို့လန်ကို တစ်ခါဝင်လာခဲ့ပြီး ကျင့်ကြံသူတစ်သောင်းကို သတ်ဖြတ်ခဲ့တာ။ သူက သူ့ရဲ့ခွန်အားကို သုံးပြီး ငါ့လူတွေကို မတရားဆက်ဆံခဲ့တယ်။ ငါ့လူတွေအတွက် လက်စားချေမှာ။ ငါ မအောင်မြင်မချင်း အနားယူမှာ မဟုတ်ဘူး။ ဒီနေ့.. ငါ့ရဲ့ရန်သူအနေနဲ့ မင်းရဲ့ကမ်းလှမ်းမှုကို လက်ခံလိုကမယ်”
လုကျိုးသည် ထိုစကားကို ကြားသောအခါ ခေါင်းခါလိုက်၏။ ယွီကျန့်ဟိုင်သည် မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်သွားချိန်မှစပြီး သူ၏လုပ်ရပ်များက အမြဲတမ်း အငြင်းပွားဖွယ် ဖြစ်လာခဲ့သည်။ လို့လန်သည် တာ့ယန်ကို မနာခံလျှင် လို့လန်ထဲရှိ ကျန်သည့်မျိုးနွယ်များကို သတ်ခြင်းက အရေးကြီးခွင်ကျယ် ဖြစ်သွားလိမ့်မည်။ သို့သော် လို့လန်က ဘဏ္ဍများဆက်သပြီး သူတို့၏မင်းသမီးများကိုတောင် ဆက်သခဲ့၏။ ယင်းက တာ့ယန်အပေါ် ၎င်း၏ သစ္စာခံမှုကို ပြသခဲ့တာပဲ ဖြစ်သည်။ ယွီကျန့်ဟိုင်၏ လုပ်ရပ်က တာ့ယန်နှင့် လို့လန်ကြား ဆက်ဆံရေးကို စွန်းထင်းသွားစေခဲ့သည်။
ရှန်လွမ့်ရှိုးက ဆင်ခြင်တုံတရားရှိရှိ ပြောလိုက်၏။
“ဂိုဏ်းချုပ်ယွီက မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့်ကြီးဆိုပေမဲ့ သူက အကြောင်းအရင်းမရှိဘဲ ပြုမူဆောင်ရွက်တတ်တဲ့သူ မဟုတ်ဘူး။ သူက အကြောင်းပြချက်မရှိဘဲ လို့လန်ရဲ့လူတွေကို တိုက်ခိုက်မှာ မဟုတ်ဘူး”
“အကြောင်းအရင်း တစ်စုံတစ်ရာ မရှိဘဲ မလှုပ်ရှားတတ်တဲ့သူတဲ့လား”
လုကျိုးက မေးပြီး မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။
“သူက ဩဇာတိက္ကမနဲ့ ပြည့်စုံတဲ့သူ မဟုတ်ခဲ့ရင် ဂိုဏ်းသားသိန်းပေါင်းများစွာရှိတဲ့ ဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် အဖြစ် ရပ်တည်နိုင်မှာ မဟုတ်ဘူး။ မဟာကာကွယ်စောင့်ရှောက်သူ လေးဦးရဲ့ မယိမ်းယိုင်တဲ့သစ္စာတရားကို ရမှာ မဟုတ်ဘူး”
ရှန်လွမ့်ရှိုးက ပြော၏။
လက်အောက်ငယ်သားများကို စီမံခန့်ခွဲနိုင်ခြင်းသည်လည်း ပညာရပ်ဖြစ်သည်။
လုကျိုးက ခေါင်းညိတ်လိုက်သည်။ ထိုသို့ဆိုလျှင် သူ၏မူလခန္ဓာ ကျိထျန်းတောက်သည် သူ၏ကိုယ်ပိုင်တပည့် ယွီကျန့်ဟိုင်လောက် အရည်အချင်း မရှိပေ။
ဝေဟင်ထဲတွင် ဖြစ်သည်။
ငရဲဂိုဏ်း၏ ရထားလုံးပျံကနေ အထင်သေးနေသော အသံတစ်သံ ယိုဖိတ်လာလေ၏။
“ငရဲဂိုဏ်းကို ဖြေရှင်းဖို့အကြောင်းပြောတာ စောလွန်းမနေဘူးလား”
မိုးပြာနဂါးခန်းမ၏ ခေါင်းဆောင် ဟွားချုံးရန်က ဝတ်ရုံရှည်များဖြင့် လျှောက်လှမ်းလာသည်။ သူက အနီးအနားကြည့်ပြီးနောက် လီကျင်းရီနောက်ရှိ ရထားလုံးပျံဆီသို့ အကြည့်က ရောက်သွား၏။ မဟာကာကွယ်စောင့်ရှောက်သူ လေးဦး သတိထားသည့်သူက ရှန်းလဲ့သာ ဖြစ်သည်။
လျိုပင်းက ပြောလိုက်သည်။
“ဟွားချုံးရန် ဒီနှစ်တွေမှာ မင်းက တာ့ယန်တစ်ဝိုက် ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ခဲ့တယ်။ တော်ဝင်မိသားစုက ဒါကို ကျင့်ကြံခြင်းလောကရဲ့ အငြင်းပွားမှုအနေနဲ့ အမြဲတမ်း ရှုမြင်ခဲ့ပြီး မျက်ကွယ်ပြုပေးခဲ့တာ။ ဒါပေမဲ့ မင်း လုပ်ချင်တာ လုပ်လို့ ရတယ်လို့ မဆိုလိုဘူး။ ရာရာစစ တော်ဝင်မိသားစုရဲ့ အာဏာကို လုယူရဲတယ်ပေါ့”
“အစွမ်းထက်တဲ့ စည်းမျဉ်းတွေနဲ့ သာမညောင်ည ခစားမှု ဒါက လောကကြီးရဲ့နည်းလမ်း အမြဲတမ်း ဖြစ်ခဲ့တာပဲလေ။ လျိုကု ရာဇပလ္လင်ပေါ် တက်လှမ်းတဲ့အချိန်ကစပြီး လူတွေက ကောင်းကောင်းမွန်မွန် နေရလို့လား”
ဟွားချုံးရန်က မေးလိုက်၏။
ပလ္လင်ကို လုယက်သည့်လူများသည် အမြဲတမ်း လူအများ၏ မျက်နှာသာပေးမှုကို ငြင်းချက်ထုတ်ကြသည်။
လျိုပင်းက ရယ်မောလျက် ပြောလိုက်သည်။
“ဟွားချုံးရန် မင်းက ငါနဲ့စကားပြောဖို့ အဆင့်မမီဘူး မင်းတို့ဂိုဏ်းချုပ်ကို ထွက်လာဖို့ ပြောလိုက်”
“မင်းကိုယ်မင်း ဘယ်သူထင်နေလဲ။ မင်းတွေ့ချင်တာကြောင့်နဲ့ ငါတို့ ဂိုဏ်းချုပ်ကို တွေ့ခွင့်ရမယ်လို့ ထင်နေလား”
လျိုပင်းက ပြော၏။
“စကားနဲ့အနိုင်ယူဖို့ ကြိုးစားတာ အသုံးမဝင်ဘူး။ မင်းမှာ ရွေးချယ်စရာ မရှိဘူး”
သုံးဘက်ရှိ ကျင့်ကြံသူများက အနည်းငယ် ရှေ့တက်လာ၏။ သူတို့က ယခု ငရဲဂိုဏ်းနှင့် မီတာတစ်ရာ ရောက်နေပြီဖြစ်သည်။
လေထုက တင်းမာလာလေ၏။ တိုက်ပွဲကြီးက အချိန်မရွေး ဖြစ်ပွားလာနိုင်သည်။ ဟွားချုံးရန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီတိုက်ပွဲကိုသာ ငါတို့ အလေးထားခဲ့ရင် မင်းက ငရဲဂိုဏ်းအတွက် ယှဉ်နိုင်မှာ မဟုတ်ဘူး။ ရှန်းလဲ့ ငါ့ဂိုဏ်းချုပ်ဆီက သိုင်းကွက်တစ်ကွက်ကို ခံနိုင်ရည် ရှိရလောက်အောင် ခံယူဖို့ သတ္တိရှိလား”
သူက လီကျင်းရီနောက်ရှိ ရထားလုံးပျံဆီသို့ အသံပို့လိုက်သည်။
ရထားလုံးပျံပေါ်တွင် ရှန်းလဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ခုံ၏ သစ်သားလက်တန်းကို လက်သီးဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ၏လက်ဆစ်များက ဖြူရော်လာပြီး အနည်းငယ် တုန်လှုပ်လာ၏။ သို့သော် ဘာမှမပြောခဲ့ပေ။
ဟွားချုံးရန်က ဆက်ပြောလိုက်သည်။
“လျိုပင်း မင်းနောက်က စစ်သူကြီးခြောက်ယောက်က ပိုင်ယွီချင်းနဲ့ ငါ့ကို တိုက်ခိုက်ရဲလား”
ဟွားချုံးရန်နှင့် ပိုင်ယွီချင်း နှစ်ယောက်လုံးသည် ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံသူများဖြစ်၏။ သူတို့သည် စစ်သူကြီး၆ယောက်ကို ဖြေရှင်းနိုင်တာထက် ပိုသည်။ ခြောက်ယောက်အနက် ပွင့်ချပ်လေးလွှာ လေးယောက်၊ ပွင့်ချပ်ခုနှစ်လွှာတစ်ယောက်နှင့် ပွင့်ချပ်၆လွှာ ကျင့်ကြံသူတစ်ယောက် ရှိ၏။ သီအိုရီအရ ဟွားချုံးရန်နှင့် ပိုင်ယွီချင်းက တစ်ပန်းသာသည်။
“ဟာလော့ မင်းက ရန်ရန်နောက် လိုက်နေတာ ဒီလောက်ကြာပြီ။ ရန်ရန်နဲ့ တိချင်းကို မင်း မဖြေရှင်းနိုင်ဘူးလို့ တကယ်တွေးမိလား”
ဟွားချုံးရန်က မေးလိုက်၏။ သူသည် အခြေအနေကို အလိုက်သင့် ဖြေရှင်းနိုင်သည်ဟု ဆိုရမည်။ ဤပုံစံဖြင့် သူတို့ ခွန်အားချင်းကို သူ ယှဉ်လိုက်သောအခါ ငရဲဂိုဏ်းက တစ်ပန်းသာနေပုံပေါ်၏။ ဒီလိုဆိုရင် အင်အားစုသုံးစုကို ရင်ဆိုင်ရရင်ရော ဘာအရေးလဲ။ သူတို့က စိတ်အားထက်သန်ဆုံး တိုက်ခိုက်ခဲ့မယ် ဆိုရင် ရလဒ်က ပြောင်းမှာပဲလေ။
“မင်းရဲ့စိတ်တိုက်ပွဲကို ချွေတာထားလိုက်.. ယွီကျန့်ဟိုင် မင်းသာ ယောက်ျားဆိုရင် ထွက်လာပြီး အခု ငါနဲ့တိုက်ခိုက်”
ဖုန်း..
ရှန်းလဲ့က ထိုင်ခုံလက်တန်းကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး လေထဲသို့ ပျံသန်းလာ၏။ သူက လက်နောက်ပစ်ထားလျက် ငရဲဂိုဏ်း၏ ရထားလုံးပျံကို ငုံ့ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကို စွမ်းအင်အလွှာများဖြင့် ရစ်ပတ်ထား၏။ မျိုးစုံတောက်ပမှု၊ ရွှေရောင်အလင်းတို့ဖြင့် အဆောင်သင်္ကေတက သူ့နားတွင် ပေါ်လာသည်။
ရှန်လွမ့်ရှိုးက ၎င်းကို မြင်သောအခါ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ရှန်းလဲ့က အဇာဋာကျော်အမော်များ ဂိုဏ်းကပဲ”
အဇာဋာအကျော်အမော်များ ဂိုဏ်းသည် တောက်အဆောင်များတွင် အထူးကျွမ်းကျင်သည်။ အမည်အတိုင်းပင် သူတို့က တောက်သင်္ကေတများကို သုံးတာပဲ ဖြစ်သည်။ အဇာဋာအကျော်အမော်များဂိုဏ်းသည် တာအိုအတတ်နှင့် တောက်သင်္ကေတများအပေါ် ကျွမ်းကျင်သည့် အဓိကဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်၏။
“ယွီကျန့်ဟိုင် ထွက်လာခဲ့”
ရှန်းလဲ့က ကောင်းကင်ကနေ ငုံ့ကြည့်လိုက်တော့သည်။
…
အခန်း(၄၀၄) စီးဝူယာ့၏ အားနည်းချက်
ရှန်းလဲ့၏ ဒေါသက တွမ့်မူရှန်းနှင့် အတူတူ ဖြစ်၏။ သူတို့နှစ်ယောက်လုံးက စိတ်မြန်လက်မြန်ရှိပြီး ဒေါသထွက်လွယ်သည့် သဘောထားမျိုး ရှိကြသည်။ သူ့ဘေးနားမှ လူများက သူ့ကနဦးချီမှ ထုတ်လွှင့်လာသော အသံလှိုင်း သက်ရောက်မှုကို မခံနိုင်လျှင်ပင် ဂရုမစိုက်ပေ။ သူ ကြိုက်သလိုသာ ပြုမူ၏။
သူ့အထက်နှင့်အောက်မှ စစ်သည်တော်များက နားများကို အုပ်ထားလိုက်ကြသည်။
အားလုံးက ရထားလုံးပျံကိုသာ အာရုံစိုက်ထားကြသည်။ သူတို့အားလုံးက တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြ၏။ အများစုက ယွီကျန့်ဟိုင် မရှိနေကြောင်း သေချာနေကြသည်။
အကယ်၍ သူသာ ဒီနေရာမှာ ရှိနေလျှင် အဘက်ဘက်မှ အဝိုင်းခံထားရလျှင်ပင် သူ့ကိုယ်သူ အညံ့ခံမည် မဟုတ်ပေ။
ဟွားချုံးယန်က ပြန်ဖြေတော့မည့်ဆဲဆဲတွင် လျိုပင်း၏ စစ်ရထားလုံးထဲမှ ညင်သာစည်းချက်ကျသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
“ဦးလေးရှန်း ”
ရှန်းလဲ့က မျက်မှောင်ကြုတ်လိုက်၏။ သူက လျိုပင်း၏ စစ်ရထားလုံးကို ကြည့်လိုက်သည်။
အားလုံးက ရှန်းလဲ့ဆီမှ စစ်ရထားလုံးဆီ ပြောင်းသွားကြသည်။ ထိုအသံပိုင်ရှင်က မိန်းကလေးမှန်း သိသာလှသည်။ သူတို့က ဆွဲဆောင်မှုရှိသည့် သွင်ပြင်နှင့် မိန်းမလှလေးတစ်ဦးကို မြင်လိုက်ကြသည်။
“ယုံနဉ်လား ”
လှပကြော့ရှင်းသည့် မိန်းကလေးက ရထားလုံးမှ ထွက်ကာ လေထဲ ရောက်လာသည်။ သူမက အနီရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဆံပင်ကို ပုလဲများဖြင့် ဆင်ယင်ထားသည်။ သူမ မျက်ဝန်းများက ကောင်းကင်ယံမှ ကြယ်တာရာများကဲ့သို့ တလက်လက် တောက်ပနေသည်။ ဤသည်မှာ တာ့ယန်၏ ယုံနဉ်မင်းသမီး လျိုဝမ်ကျွင်း ဖြစ်၏။
………….…
လျှို့ဝှက်အဆောက်အဦအတွင်း
ရှောင်ယွမ်အာက ယုံနဉ်မင်းသမီးကို မြင်လိုက်သည့်အခါ ပြုံးလိုက်ပြီး “ရှစ်စွင်း … အစ်မယုံနဉ်က လှလိုက်တာ”
လုကျိုးက လက်ကို ဝေ့လိုက်သည်။ သူတို့ကြား အားနည်းသည့် စွမ်းအားအလွှာတစ်ခု ပေါ်ထွက်လာ၏။ သူက သတိကြီးကြီး ထားသည်က ပိုကောင်းကြောင်း တွေးလိုက်မိသည်။ သူတို့အသံများက ထိုလူများထံ သူတို့တည်ရှိမှုကို ထုတ်ဖော်ပြသလို ဖြစ်သွားနိုင်သည်။
…………….…
ယုံနဉ်မင်းသမီးက ရှန်းလဲ့အား ဂါရဝပြုလိုက်သည်။ သို့သော်လည်း သူမ၏ အပြုအမူက ရှန်းလဲ့အား ထိတ်လန့်သွားစေသည်။ သူက သူမထက် အသက်ကြီးကာ သူမဆီမှ လေးစားခံရသော်လည်း သူ့အနေနှင့် မင်းသမီးအား ဦးညွှတ်ခွင့် မပြုရဲပေ။ သူက တိုင်းပြည်၏ အရာဝတ္ထုတစ်ခုမျှသာ ဖြစ်၏။ သူက လက်ကို မြောက်လိုက်ပြီး စွမ်းအားဖြင့် ရစ်ပတ်ကာ ယုံနဉ်မင်းသမီးအား ထူပေးလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။
“ ကျွန်တော်မျိုးက ဒီလိုမထိုက်တန်ပါဘူး ”
ယုံနဉ်မင်းသမီးက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ သူမက နေရောင်ခြည် လွှမ်းခြုံထားသလိုမျိုး ဖြစ်၏ “ဦးလေးရှန်းက ယီစီရင်စုကို သွားရမှာ မဟုတ်ဘူးလား”
“ ကျွန်တော်မျိုးက ဖြတ်သွားရုံပါ”
ထိုအရာက အကြောင်းပြချက်သပ်သပ်သာ ဖြစ်၏။
လျန့်စီရင်စုက ယီစီရင်စု၏ မြောက်ဘက်တွင် ရှိလေသည်။ သူ ဖြတ်သွားရမည့် နေရာ မဟုတ်ပေ။
“ ဒါ ယုံနဉ်မင်းသမီးကိုး” ရို့လီခေါင်းဆောင် ဟာလော့က ယုံနဉ်ထံ ဦးညွှတ်လိုက်သည်။ သူက ဘယ်ဘက်ပခုံးပေါ် ညာဘက်လက် တင်လိုက်ပြီး ပြုံးလိုက်၏။
ထိုစဉ် လျိုပင်းက ပြောလိုက်သည်။ “ယုံနဉ် … အခုက ပုံမှန်စကားပြောရမဲ့ အချိန် မဟုတ်သေးဘူး ”
ယုံနဉ်မင်းသမီးက မေးလိုက်သည်။ “ကျွန်မတို့ တကယ် တိုက်ကြမှာလား”
ရှန်းလဲ့က မျက်မှောင်ကြုတ်လိုက်ကာ “ယုံနဉ်် … တကယ်လို့ ငရဲဂိုဏ်းအတွက် သက်ညှာပေးဖို့ စီစဉ်နေရင် မေ့လိုက်တာကောင်းမယ်။ ကျေးဇူးပြုပြီး ဘေးဖယ်နေလိုက်ပါ။ တိုက်ပွဲစတာနဲ့ မင်းကို ဘယ်သူမှ စောင့်ရှောက်ပေးနိုင်မှာ မဟုတ်ဘူး ”
လျိုပင်းက ယုံနဉ်ကို ကြည့်လိုက်ကာ “အဖေက မင်းကို ဘာလို့ ဒီခေါ်လာခွင့် ပြုလိုက်လဲ သိလား”
ယုံနဉ်က မည်သို့မသိဘဲ နေမည်နည်း။
သို့သော်လည်း သူမက စိတ်မတိုမိသလို ဒေါသလည်း မထွက်မိပေ။ သူမက တည်တည်ငြိမ်ငြိမ် ပြုံးလိုက်ပြီး “ စိတ်မရှိပါနဲ့”
သူမစကားများက လျိုပင်းနှင့် ရထားလုံးပျံထဲမှ လူများကို ရည်ညွှန်းနေဟန်ပေါ်သည်။
“သူမကို ထိန်းထားကြ” လျိုပင်းက လက်ဝှေ့လိုက်သည့်အခါ စစ်သူကြီးနှစ်ယောက်က ယုံနဉ်အား စစ်ရထားလုံးထဲ ပြန်ခေါ်သွားသည်။
လျိုပင်း အသံ ပျောက်ကွယ်သွားသည်နှင့် ဟွားချုံးယန်က ပထမဆုံး လှုပ်ရှားလိုက်သည်။ ပေ ၈၀ မှ ၉၀ ကြားရှိသည့် စိတ်ဝိညာဉ်သဏ္ဌာန် တစ်ခု ထွက်ပေါ်လာသည်။
“ပိုင်ယွီချင်း အတူတူတိုက်ကြမယ်”
“ကောင်းပြီ” ပိုင်ယွီချင်းကလည်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။ နှစ်ယောက်လုံးက လျိုပင်းဆီ လျှပ်စီးလို အလျှင်ဖြင့် ချီတက်လိုက်ကြသည်။
ရထားလုံးပျံက နောက်ဆုတ်လိုက်၏။ စစ်သူကြီးခြောက်ယောက်လုံး၏ အမူအရာက ထိုအရာကြောင့် မည်းမှောင်သွားလေသည်။
နှစ်ဖက်လုံးက ပြင်းထန်သည့်တိုက်ပွဲကို ချက်ချင်း ဆင်နွှဲကြသည်။ နှစ်ဖက်လုံးမှ စွမ်းအားများက အချင်းချင်း ထိပ်တိုက်တွေ့ကုန်ကြသည်။
အောက်မှ စစ်သားများက နောက်ဆုတ်လိုက်ရ၏။
ဝုန်း ဝုန်း ဝုန်း
စိတ်ဝိညာဉ်သဏ္ဌာန် ထိပ်တိုက်တွေ့သံက အားလုံး၏ နားထဲ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ တိုက်ပွဲက ရင်သပ်ရှုမောဖွယ်အတိ ဖြစ်၏။
ဟာလော့က သူ့ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံ ခေါ်ထုတ်လိုက်သည်။ သူက ရထားလုံးပျံကို ကြည့်လိုက်ရင်း နှာခေါင်းရှုံ့လိုက်၏။
“ဟာလော့ ငါက မင်း ပြိုင်ဘက်ပဲ” ယန်ယန်းနှင့် တိချင်းတို့က ရထားလုံးပျံမှ ခုန်ဆင်းလာကာ တခြားမျိုးနွယ်စုများ၏ လေးထောင် အစီအရင်ဆီ ဦးတည်လိုက်သည်။
ထိုစဉ် ကာကွယ်သူလေးယောက်လုံး ရထားလုံးပျံမှ ထွက်သွားကြလေပြီ။
ငရဲဂိုဏ်း ရထားလုံးပျံအနားရှိ ကျင့်ကြံသူများက စုဝေးကာ သူတို့ကနဦးချီကို လှည့်ပတ်လိုက်ကြသည်။ သူတို့က ရထားလုံးပျံကို လွှမ်းခြုံထားသည့် အကာအရံတစ်ခု ခင်းကျင်းလိုက်သည်။
ရှန်းလဲ့က ရယ်မောလိုက်၏ “ ဒါက ကောင်းကင်ဘုံရဲ့ အလိုဆန္ဒပဲ။ မင်းရဲ့ လက်အောက်ငယ်သား လေးယောက်လုံးက မင်းကို ကာကွယ်မပေးနိုင်တော့ဘူး။ ယွီကျန့်ဟိုင် သေလိုက်တော့”
သူက လက်ကိုမြောက်ကာ လက်ဝါးချက် ရိုက်ထုတ်လိုက်သည်။ ထိုစဉ် ရထားလုံးပျံထံ ဧရာမ အဆောင်စည်းတံဆိပ်တစ်ခု လွှင့်ပျံလာသည်။
ဝုန်း
အဆောင်စည်းတံဆိပ်က ရထားလုံးပျံပေါ် ကျရောက်ကာ ပျောက်ကွယ်သွားလေ၏။
“ဟမ်” ရှန်းလဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ရထားလုံးပျံမှ အစီအရင်သွေးကြောများကို ကြည့်ကာ တအံ့တဩ ရေရွတ်လိုက်သည်။ “ အဇဋာအကျော်အမော်များ ဂိုဏ်းရဲ့ အစီအရင်သွေးကြောလား ”
ထိုစဉ် ယန်ယန်းနှင့် တိချင်းတို့က တခြားမျိုးနွယ်စုများထံ တိုက်ပွဲပြင်းပြင်း ဆင်နွဲနေကြပြီ ဖြစ်၏။ လျန့်စီရင်စုတစ်ခုလုံးကို စိတ်ဝီညာဉ်သဏ္ဌာန်များဖြင့် လွှမ်းခြုံထားသလို ဖြစ်နေသည်။
မြို့ထဲရှိ ကျင့်ကြံသူများက ကောင်းကင်ယံမှ အာရုံဖမ်းစားဖွယ် တိုက်ပွဲအား ကြည့်နေကြသည်။
ကာကွယ်သူလေးယောက်လုံးက အင်အားစုနှစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ သူတို့ဘာသာ ထိန်းထားနိုင်ကြသည်။ သို့သော်လည်း ရထားလုံးပျံနား ကျန်ရှိနေသောသူများက ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူ ရှန်းလဲ့၏ တိုက်ခိုက်မှုကို မည်သို့ကာဆီးနိုင်မည်နည်း။
ရထားလုံးပျံအတွင်း ထူးထူးခြားခြား တိတ်ဆိတ်နေသည်။ ငရဲဂိုဏ်း၏ တပည့်များက ရထားလုံးပျံကို မဆုတ်မနစ် အားထုတ်မှုများဖြင့် ကာကွယ်နေကြသည်။ သူတို့အသက်များ သေဆုံးသွားရလျှင်ပင် ရထားလုံးပျံမှ လူကို ယုံကြည်နေဦးမည်သာ ဖြစ်၏။
ရှန်းလဲ့က ပြောလိုက်သည် “ယွီကျန့်ဟိုင် ငါ မင်းကို လျှော့တွက်မိတာပဲ။ မင်းက တစ်ဘဝလုံး အမြီးကုပ်နေဖို့ ကြံနေတာလား”
ဖြေဆိုသည့် တုံ့ပြန်မှုမျိုး မရှိပေ။
…………….…
အဆောက်အဦအတွင်း
လုကျိုးက ကာကွယ်သူလေးယောက်၏ တိုက်ပွဲကို အာရုံမစိုက်ပေ။ ထို့အစား သူ့အာရုံက ရထားလုံးပျံပေါ်တွင်သာ ဖြစ်၏။ သူက ယွီကျန့်ဟိုင်သည် ရထားလုံးပျံတွင် ရှိနေမလားဟု စဉ်းစားနေမိသည်။ ယွီကျန့်ဟိုင်သည် တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်ပေသည်။
………….…
ရှန်းလဲ့က ရယ်မောလိုက်ပြီးနောက် လက်ဝါးချက် ထပ်မံ ရိုက်လွှင့်လိုက်ပြန်သည်။ ဧရာမ တိုက်ခိုက်ရေး တာအိုအဆောင် စည်းတံဆိပ်တစ်ခုက အလင်းများဖြင့် တောက်ပလာသည်။
ဝုန်း
ရထားလုံးပျံက ယမ်းခါသွားလေသည်။
ဂျွတ် ….
အစီအရင်များက စတင် အက်လာ၏။
“ ဂိုဏ်းချုပ် ကျွန်တော် လာပြီ” နဂါးပြာခန်းမ၏ ဒုတိယခေါင်းဆောင် ယွီဟုန်က ရထားလုံးပျံပေါ် ခုန်တက်လာသည်။
ထိုစဉ် ဟွားချုံးယန်နှင့် ပိုင်ယွီချင်းတို့က တိုက်ပွဲ၌ အရေးသာနေကြသည်။ ဟွားချုံးယန်က ရထားလုံးပျံကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ “ပိုင်ယွီချင်း ရထားလုံးပျံကို သွားကူလိုက် … ငါ ဒါကို ကိုင်တွယ်လိုက်မယ်”
“ကောင်းပြီ” ပိုင်ယွီချင်းက သူ့ကောင်းကင်စွမ်းအားများကို လှည့်ပတ်လိုက်သည်။ လေထဲ သူ့အနေအထားမှ ရှန်းလဲ့ဆီ ပြေးဝင်လာလိုက်၏။
ဟွားချုံးယန်းက ပြိုင်ဘက်ခြောက်ယောက်ကို တစ်ပြိုင်နက် တိုက်ခိုက်နေရ၍ ဖိအားများလာသည်ကို ခံစားမိလိုက်သည်။ သူ့ကို ဝိုင်းထားသည့် စိတ်ဝိညာဉ်သဏ္ဌာန်ခြောက်ခုက “game of Go” လို ဖြစ်နေသည်။
နားကြိမ်းမတတ်အသံများကလည်း ရပ်တန့်သွားမည့် အရိပ်အယောင် မရှိသေးပေ။
ထိုသို့တိုက်ပွဲမျိုး၌ ပြိုင်ဘက်များက မြေပေါ်ရှိ အဆောက်အဦများကို အာရုံမစိုက်နိုင်တော့ပေ။ မြို့အစိတ်အပိုင်း အများစုက ယခုအခါ အပျက်အစီးပုံ ဖြစ်နေလေပြီ။
ပိုင်ယွီချင်းက ရှန်းလဲ့ဆီ ဘေးဘက်မှ ရောက်လာသည်။
ရှန်းလဲ့က နှာခေါင်းရှုံ့လိုက်ပြီး “ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံသူကတော့ ပွင့်ချပ်ခုနှစ်လွှာအဆင့်ပါပဲ ”
သူက လက်ဝါးကို ပူးကပ်လိုက်ပြီး လက်ဟန်များ ထုတ်ဖော်လိုက်သည်။ ထိုစဉ် ပိုင်ယွီချင်းထံ အဆောင်စည်းတံဆိပ်များစွာ ဝင်ရောက်လာသည်။
ပိုင်ယွီချင်းက အထိတ်တလန့် ဖြစ်သွားကာ ကာကွယ်ရေး စွမ်းအားကို အသက်သွင်းလိုက်ရသည်။
ဝုန်း ဝုန်း ဝုန်း
သူတို့အဆင့်ကြား ကွာဟချက် ရှိနေလေရာ ပိုင်ယွီချင်းအနေနှင့် နောက်ဆုတ်ကာ သွေးတစ်ပွက် အန်လိုက်ရသည်။
“ ငရဲဂိုဏ်းရဲ့ ကာကွယ်သူလေးယောက်လုံးကို သတ်ပစ်။ ယွီကျန့်ဟိုင်က ရထားလုံးပျံပေါ်မှာ မရှိဘူး” ရှန်းလဲ့က ပိုမို ယုံကြည်ချက်ရှိလာသည်။ သူက ယွီကျန့်ဟိုင်ကို ကောင်းကောင်း သိထားသည်။ အကယ်၍ ယွီကျန့်ဟိုင်သာ ဒီနေရာမှာ ရှိနေလျှင် တိုက်ပွဲကို ဝင်ပါပြီးလောက်လေပြီ။ ယွီကျန့်ဟိုင်က ရထားလုံးပျံထဲ ပုန်းအောင်းနေမည့် လူစားမျိုး မဟုတ်ပေ။
ရှန်းလဲ့၏ အသံက တိုက်ပွဲကွင်းပြင်တစ်ခုလုံး ဟိန်းထွက်သွားသည်။
ဟာလော့က နှာခေါင်းရှုံ့လိုက်သည်။ သူ့ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်က ပိုကြီးမားလာသည်။
“ယန်ယန်း၊ တိချင်း … အဲဒီပွင့်ချပ်ခြောက်လွှာအဆင့် ကျင့်ကြံသူတွေက တပ်ကို ဦးဆောင်နိုင်မယ် ထင်နေလား”
ဝှစ်
ဝံပုလွေဘုရင် လက်သည်းအောက်မှ ရွှေကြာကလည်း ကြီးလာသည်။ ရွှေကြာအစွန်းတွင် အက်သံများ ထွက်လာပြီးနောက် ပွင့်ချပ်တစ်လွှာ ထွက်လာ၏။ သိပ်မကြာခင် ရွှေကြာပတ်လည်တွင် ပွင့်ချပ်ခုနှစ်လွှာ ထွက်ပေါ်လာခဲ့သည်။
ဟာလော့က လေးထောင့် အစီအရင်ရှိ လူအများကြား ပိုင်စိုးပိုင်နင်းဟန်ပန်ဖြင့် ရပ်နေသည်။
ဝုန်း ဝုန်း ဝုန်း
ယန်ယန်းနှင့် တိချင်းတို့က ဝံပုလွေဘုရင်ကြောင့် ချက်ချင်းဆိုသလို နောက်လွှင့်သွားကြသည်။ သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်များ ပျောက်ကွယ်သွားသည်နှင့် သွေးတစ်ပွက် အန်လိုက်ရသည်။
ဟွားချုံးယန်လည်း ကြာကြာတောင့်ခံမထားနိုင်တော့ကြောင်း သိသာလှသည်။
ရှန်းလဲ့က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီးနောက် ရထားလုံးပျံဆီ ဦးတည်လိုက်သည်။
ဝုန်း
အစီအရင်သွေးကြောများက ပို၍ အက်လာသည်။
ဝုန်း
အစီအရင်က လုံးဝ ပျက်စီးသွားလေပြီ။
ငရဲဂိုဏ်း၏ ကျင့်ကြံသူအယောက် တစ်ထောင်ကျော်က ရှန်းလဲ့၏ တိုက်ကွက်နှစ်ခုအောက် ရှုံးနိမ့်သွားကြသည်။
ရှန်းလဲ့က ရထားလုံးပျံပေါ် ရောက်လာသည်။ သူ့ကနဦးချီကို ထုတ်ဖော်လိုက်၏။ သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်မှ ခြေဖျားအထိ ရောက်သွားကာ ရထားလုံးပျံအထိ စီးဆင်းသွားလေသည်။ ဤနည်းဖြင့် သူက ငရဲဂိုဏ်း၏ ရထားလုံးပျံကို ထိန်းချုပ်လိုက်သည်။
“ထင်ထားတဲ့အတိုင်း ဗလာကြီးပဲ” ရှန်းလဲ့က ဟွားချုံးယန်နှင့် မျက်နှာချင်းဆိုင်တော့မည့်ဆဲဆဲ ကိုယ့်ဘာသာ ဟုတ်လှပြီအထင်နှင့် စိတ်ကြီးဝင်ကာ ပြောလိုက်သည်။
ရုတ်ချည်းဆိုသလို …
ဝှစ်
ရှန်းလဲ့၏ နောက်ကျောဘက်မှ လျှပ်စီးလိုအလျှင်ဖြင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ကျင့်ကြံဆင့် မြင့်မားသည့် ရှန်းလဲ့က နောက်ကျောဘက်မှ အန္တရာယ်ကို ခံစားမိလိုက်ပြီး သူ့ကာကွယ်ရေးစွမ်းအားကို မြန်မြန် အသက်သွင်းလိုက်သည်။
“နောက်ကျသွားပြီ”
ဝုန်း
ရှန်းလဲ့က ရှေ့ကို ယိုင်ထိုးကျသွားသည်။ ထူးဆန်းသည့် စွမ်းအားတစ်ခုက သူ့ကာကွယ်ရေးစွမ်းအားကို အလွယ်တကူ ချိုးဖောက်ပစ်လိုက်သည်။
ဖူး
သူက သွေးတစ်ပွက်အန်လိုက်ရသည်။
“ဦးလေးရှန်း ” သူ့စစ်ရထားလုံးအထက် ပျံဝဲနေသည့် လျိုပင်းက အော်ခေါ်လိုက်သည်။ သူက ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကြောက်ကြောက်လန့်လန့် ဖြစ်သွားလေသည်။ သူက ရထားလုံးပျံထဲမှ လူကို ချက်ချင်း တွေ့သွား၏။
ယွီကျန့်ဟိုင် မဟုတ်ဘူးပဲ …
တကယ်တော့ မိစ္ဆာဝေဟင်မျှော်နန်း၏ ခုနှစ်ယောက်မြောက် တပည့် စီးဝူယာ့ ဖြစ်နေသည်။
စီးဝူယာ့က လက်ဝါးကို ပြန်ရုတ်လိုက်သည်။ သူ့လက်ထဲမှ အဆောင်များက မီးတောက်အဖြစ် ပြောင်းလဲသွားပြီး လေထဲ လွှင့်ပျံသွားလေသည်။
ယွီဟုန်က နာကျင်မှုကို အံတုကာ ရထားလုံးပျံပေါ် ခုန်ဆက်လာပြီး ရထားလုံးပျံကို ထိန်းပေးထားလိုက်သည်။
“သတ္တမသခင်လေး လုပ်နိုင်ခဲ့ပြီ ”
စီးဝူယာ့က တည်တည်ငြိမ်ငြိမ် မျက်နှာထားဖြင့် ရှေ့ကို ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူက ရထားလုံးပျံ ပဲ့ထိန်းဆီ လျှောက်လာကာ ရှန်းလဲ့အား ငုံ့ကြည့်လိုက်သည်။
သူက ခပ်ကျယ်ကျယ် ပြောလိုက်သည်။ “မင်းက ကံဆိုးတာပဲ … ငါက အဇဋာအကျော်အမော်များ ဂိုဏ်းရဲ့ မန္တန်ကို လေ့လာနေတာ အတော်ကြာပြီ။ မင်းအပေါ် သုံးလိုက်ရမယ်လို့ မထင်ထားမိဘူး ”
လောကရှိ အရာများသည် ဖြည့်စွက်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်း ဖြစ်၏။ ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူက အားနည်းချက်မရှိသည့်သူ မဟုတ်ပေ။
စီးဝူယာ့က ရှစ်စွင်း၏ မန္တန်ကို ချိုးဖောက်နိုင်ဖို့အတွက် အဇဋာအကျော်အမော်များ ဂိုဏ်း၏ မန္တန်များကို သေချာဂရုတစိုက် လေ့လာဖြစ်ခဲ့သည်။ ထိုအရာအပြင် သူ့တာ့ရှစ်ရှိုးကလည်း မန္တန်ကို ချိုးဖောက်ဖို့အတွက် အဆောင်များစွာ စီစဉ်ပေးထားခဲ့သေးသည်။ သူက ထိုအဆောင်များကို တိုက်ခိုက်နေတုန်း တစ်ခါတည်းဖြင့် အသုံးပြုလိုက်ရ၏။ သို့သော်လည်း ထိုတိုက်ကွက်က လုံလောက်သည်ထက် ပိုပေသည်။
ဝုန်း
ရှန်းလဲ့က မြေပေါ် ပြုတ်ကျသွားသည်။
စီးဝူယာ့က ရှန်းလဲ့ မသေသေးကြောင်း သိ၏။ သို့သော်လည်း သူက ရှန်းလဲ့ကို ဒဏ်ရာအပြင်းအထန် ပေးလိုက်နိုင်သည့်အတွက် ကျေနပ်မိသည်။
ယန်ယန်း၊ တိချင်းနှင့် ပိုင်ယွီချင်းတို့လည်း ဒဏ်ရာများဖြင့် ပြန်ရောက်လာကြသည်။
ဟွားချုံးယန် တစ်ယောက်တည်းကသာ ဆက်လက် တိုက်ခိုက်နေလေသည်။
စီးဝူယာ့က လျိုပင်းကို ကြည့်လိုက်ကာ “လျိုပင်း … မင်း လျန့်စီရင်စုထဲမှာ ခြေချလိုက်ကတည်းက မင်း ရှုံးနေပြီ”
“ဟမ်”
“ ရှန်းလဲ့က အသေးစား မတော်တဆမှုတစ်ခုပဲ။ ဒါပေမဲ့ မင်း စိတ်ထဲ လျန့်စီရင်စုထဲက အစီအရင်တွေကို အမှန်တကယ် ထိလို့မရဘူးလို့ တွေးကြည့်ဖူးရဲ့လား” စီးဝူယာ့၏ စကားများက လျိုပင်း၏ စစ်သည်တော်များအား အချင်းချင်း အကြည့်များဖလှယ်စေကုန်သည်။
“ မင်း တမင်လုပ်ထားတာလား” လျိုပင်းက မျက်မှောင်ကြုတ်သွားသည်။
“အဲလိုပြောလို့ ရပါတယ်။ ပြီးတော့ အဲဒီတခြားမျိုးနွယ်တွေ … အစကတည်းက နောက်ဆုံးအထိ သူတို့က ငါ့အတွက် ကြမ်းကြုတ်တဲ့ တိရစ္ဆာန်တွေကလွဲရင် ဘာမှမဟုတ်ဘူး”
စီးဝူယာ့၏ စကာများက သူတို့နားထဲ ရောက်လာသည်။
ဟာလော့က ထိုအကြောင်း ကြားသည့်အခါ ဒေါသထွက်လာသည်။ သူ့ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံ အသက်သွင်းလိုက်ပြန်သည်။
သူတို့က စီးဝူယာ့ စကားကြောင့် ဒေါသထွက်သွားသည့်အလား လေးထောင့် အစီအရင်ထဲရှိ စုန်းအတတ် ကျင့်ကြံသူအယောက် နှစ်ထောင်က ကောင်းကင်မှ ပြိုင်တူ ကြည့်လာကာ သူတို့ခန္ဓာကိုယ်မှ ခရမ်းရောင် အခိုးအငွေ့များကို တစ်ပြိုင်နက် ထုတ်လွှင့်လာကြသည်။
ဝံပုလွေဘုရင်က ထိုခရမ်းရောင် အခိုးအငွေ့များကို စုပ်ယူကာ ပိုကြီးမားလာသည်။
ဟာလော့က ကျယ်ကျယ်ပြောလိုက်သည် “ မင်းက အရာအားလုံး ထိုးဖောက်မြင်နိုင်တယ်များ ထင်နေလား ”
ပိုင်ယွီချင်းက စီးဝူယာ့ဘေး အလျင်စလို သွားကာ “သတ္တမသခင်လေး နောက်ဆုတ်လိုက်တာ ကောင်းမယ် တူတယ်။ အစီအစဉ်က အောင်မြင်သွားပြီးပြီ။ တကယ်လို့ အခု ကျုပ်တို့သာ နောက်ဆုတ်လိုက်ရင် ဟာလော့က လျိုပင်းဘက် လှည့်သွားမှာ ကျိန်းသေတယ်”
ယန်ယန်းနှင့် တိချင်းတို့လည်း ခေါင်းညိတ်လိုက်ကြသည်။
စီးဝူယာ့က ဟာလော့သည် ချုပ်ထိန်းထားကြောင်း သိ၏။ ဤနှစ်တွေထဲ သူနှင့် ယွီကျန့်ဟိုင်ကသာ တခြားမျိုးနွယ်များအပေါ် မည်မျှနားလည်မှန်း သိထားသူများ ဖြစ်ကြ၏။
နောက်ဆုတ်ဖို့လား … အစီအစဉ်အတိုင်းလား
လျိုပင်းက ဖမ်းယူလိုက်သည့် လှုပ်ရှားမှုမျိုး လုပ်လိုက်သည့်အခါ ယုံနဉ်မင်းသမီးက လေထဲ ရောက်လာသည်။
သူ့တွင် ရွေးစရာ မရှိတော့ပေ။
“စီးဝူယာ့ မင်း ထွက်ပြေးရဲတယ်လား။ ငါတို့တိုက်ပွဲကနေ မင်းကို အကျိုးမြတ်သိမ်းယူခွင့် မပြုနိုင်ဘူး”
“ယုံနဉ်လား” စီးဝူယာ့က မျက်မှောင်ကြုတ်လိုက်သည်။
ကာကွယ်သူသုံးယောက်လုံးက ဦးညွှတ်ကာ “သတ္တမသခင်လေး ကျေးဇူးပြုပြီး အစီအစဉ်အတိုင်း ဆက်လုပ်ပေးပါ ”
စီးဝူယာ့က လေထဲ မြှောက်ကိုင်ခံထားရသည့် ယုံနဉ်မင်းသမီးကို လှမ်းကြည့်လိုက်သည်။
ယုံနဉ်မင်းသမီး၏ အမူအရာက တည်ငြိမ်နေ၏။ သူမက ထိတ်လန့်နေခြင်းမျိုး မရှိပေ။ သူမက ရထားလုံးပျံပေါ်မှ စီးဝူယာ့ကို ကြည့်ရင်း နွေးထွေးစွာ ပြုံးပြနေသေးသည်။
သူမ အပြုံးထဲ ကျေနပ်သည့် အရိပ်အယောင်ကိုလည်း မြင်တွေ့နိုင်သည်။ သူမအတွက် လုံလောက်နေလေပြီ။ သူမက ညာဘက်လက်ကို အသာမြှောက်လိုက်သည့်အခါ သူမလက်ထဲ ဓားတစ်ချောင်း ထွက်ပေါ်လာသည်။
“ ရှင့်အစီအစဉ်အတိုင်း ဆက်လုပ်လိုက်ပါ …” ထို့နောက် ယုံနဉ်က အားပြင်းပြင်းဖြင့် သူမရင်ဘတ်ထဲ ထိုးစိုက်ချလိုက်သည်။
မသေချာသည့်အခါ ဇဝေဇဝါ ဖြစ်ဖို့ လွယ်ကူလှသည်။ သို့သော် ငရဲ ပွင့်လာသည့်အခါ ရွေးချယ်နိုင်သည့် ရွေးချယ်မှုမျိုးက ရယ်စရာကောင်းလောက်အောင် ရွေးဖို့ ခက်လွန်းလှသည်။
ဓားစွမ်းအား လှုပ်ရှားပုံက စီးဝူယာ့ မျက်ဝန်းထဲ ထင်ဟပ်နေသည်။ သူက သူ့ရင်ဘတ်ထဲ တစ်ခုခု တင်းကျပ်လာသလို ခံစားလိုက်ရ၏။ သူက ခြေဖျားတစ်ချက် ထောက်ကာ ယုံနဉ်ဆီ မြားတစ်စင်းလို ပြေးဝင်သွားလေသည်။
“ တကယ်ကို ခါးသီးတဲ့ ကံတရားပဲ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သတ္တမသခင်လေး … ဒါက မင်းတို့နှစ်ယောက်လုံးနဲ့ သက်ဆိုင်တာပဲ” စုန်းအတတ် အစီအရင်ထဲမှ ဟာလော့က ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်ကို ပွင့်ချပ်ရှစ်လွှာအထိ မြင့်တင်လိုက်သည်။
ပွင့်ချပ်ရှစ်လွှာ ဝံပုလွေဘုရင်က စီးဝူယာ့ဆီ ပျံသန်းလာသည်။
“သတ္တမသခင်လေး” ယုံနဉ်၏ ခန္ဓာကိုယ်ထဲမှ သွေးကြောမျှင်တိုင်းက သူမကို တည်တည်ငြိမ်ငြိမ်နေဖို့ ပြောနေသည်။ သူမက တည်ငြိမ်နေချင်သော်လည်း စီးဝူယာ့ သူမဆီ ပျံသန်းလာသည်ကို မြင်လိုက်ရသည့်အခါ အမူအရာကို မထိန်းချုပ်နိုင်တော့ဘဲ “ဘာကြောင့်လဲ ”
စီးဝူယာ့က ဘယ်အရာကြောင့်နှင့်မှ တုန်လှုပ်မှုမျိုး မရှိသည့် သွေးအေးသည့်သူအဖြစ် သူ့ကိုယ်သူ သတ်မှတ်ထားလေသည်။ သို့သော်လည်း ယုံနဉ် ခန္ဓာကိုယ်ထဲ ဓားစိုက်ဝင်သွားသည်နှင့် သူ့နှလုံးသား ထိုးစိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
နေရာအနှံ့ သွေးများ ပေပွသွားလေသည်။ သူမဝတ်စုံလည်း အနီရောင် စွန်းသွားလေ၏။
စီးဝူယာ့က မြောက်မြားစွာသော လက်ဝါးချက်များကို ထုတ်လွှင့်ကာ လျိုပင်း၏ ရထားလုံးပျံကို လွင့်စဉ်သွားစေလိုက်ပြီး ယုံနဉ်ကို ဖမ်းထားလိုက်သည်။ ကံမကောင်းစွာဖြင့် ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်က လက်သည်းချက်များဖြင့် သူ့နောက်ကျောကို ကုတ်ချလိုက်သည်။
ဝုန်း
စီးဝူယာ့၏ အပေါ်ပိုင်းအဝတ်များက စုတ်ပြဲသွားလေသည်။ သူက ယုံနဉ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး အဆောက်အဦတစ်ခုဆီ ကြိုးပြတ်စွန်တစ်ခုပမာ ပြုတ်ကျလာသည်။
ဟာလော့က ထိုအရာကြောင့် စိတ်ပေါ့ပါးသွား၏။ သူက အားပါးတရ ရယ်မောလိုက်ကာ “ကြည့်ရတာ ဒီနေ့တော့ ငါက အနိုင်ရသူ ဖြစ်မဲ့ပုံပဲ ”
သူက လက်ကို ဝေ့လိုက်သည်။ လေးထောင့် အစီအရင်လည်း ပျောက်ကွယ်သွားသည်။ စုန်းအတတ် ကျင့်ကြံသူများလည်း ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြာကြာ မထိန်းထားနိုင်ပေ။ ရလဒ်က သတ်မှတ်ပြီးလေပြီ။ ကျန်ရှိသည်က ကိစ္စများကို ရှင်းရုံသာ ဖြစ်၏။
စုန်းအတတ် ကျင့်ကြံသူများက မြေပြင်ရှိ ငရဲဂိုဏ်းမှ တပည့်များထံ ပြေးဝင်သွားကြသည်။
ဟွားချုံးယန်က သူတို့ကို မထိန်းထားနိုင်တော့ပေ။ သူလည်း ဖြည်းဖြည်းချင်းဖြင့် စစ်သူကြီးခြောက်ယောက်၏ ဖိအားကို ခံနေရသည်။
အရာအားလုံး အဆုံးသတ်သွားပြီလား …
…………………
အပျက်အစီးပုံကြား စီးဝူယာ့က ယုံနဉ်ကို လက်တစ်ဖက်တည်းဖြင့် ပွေ့ဖက်ထားသည်။ အချိန်အတော်ကြာသည့်အထိ သူက ဆွံ့အနေမိသည်။ သူ့မျက်နှာအထက် ခပ်မှိုင်းမှိုင်း အမူအရာတစ်ခုလည်း ရှိနေသည်။
သူက ဒီပုံစံအတိုင်း ရှိနေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သူ့ခန္ဓာကိုယ်ထဲမှ သွေးအဆီအနှစ်များကို မဖိနှိပ်ထားနိုင်တော့သည့်အချိန် သွေးအန်လိုက်ရသည်။ သူက သူမကို လွှတ်ပေးလိုက်ပြီး သူ့ဘာသာ ပြန်ထိန်းထားလိုက်သည်။
ယုံနဉ်က ပြုတ်ကျတော့မည့်အချိန် စီးဝူယာ့က ပြန်ဖမ်းထားလိုက်သည်။ သူက တိုက်ပွဲကွင်းပြင်ကို ကြည့်လိုက်သည်။
အစီအစဉ် ကျရှုံးသွားတာ သူ့ မဆင်ခြင်မှုကြောင့်ပဲလား …
ငရဲဂိုဏ်း၏ တပည့်တစ်ထောင်ကျော်က ချက်ချင်းဆိုသလို လျိုပင်း၏ အဖွဲ့သားများ၊ လို့လန်နှင့် ရို့လီတို့၏ လူများ ဝိုင်ထားမှုကို ခံလိုက်ရသည်။
ယုံနဉ်က မျက်လုံးကို အသာဖွင့်ကြည့်လာသည်။ သူမက သွေးစွန်းနေသည့် ညာဘက်လက်ကို မြောက်လိုက်ပြီးနောက် စီးဝူယာ့၏ လက်မောင်းကို ကိုင်ကာ အားနည်းဖျော့တော့စွာ မေးလိုက်သည်။
“ဘာလို့လဲ”
စီးဝူယာ့က ခေါင်းခါလိုက်သည်။ သူ့မျက်နှာက ဖြူဖျော့နေလေ၏။ သူက အဖြေကို မသိသလို အဖြေလည်း မလိုချင်ပေ။ သူ သိသည်က သူနှလုံးသားပေါ်မှ အစိုင်အခဲကြီး လျော့ပါးသွားသလို ဖြစ်၏။ သူ့မျက်နှာက စက်ရုပ်လိုမျိုး အမူအရာမရှိ ကျန်ရှိနေဆဲ ဖြစ်သည်။
ဘန်း
ကောင်းကင်ရှိ ရထားလုံးပျံကြီးက ပျက်စီးသွားသည်။
“အခု ပြေးတော့”
“ငါ မလုပ်နိုင်ဘူး …” စီးဝူယာ့က ခေါင်းခါလိုက်သည်။ သူက ကူကယ်ရာမဲ့နေမိသည်။ ရထားလုံးပျံ မရှိဘဲ မည်ကဲ့သို့ ထွက်ပြေးနိုင်မည်နည်း။
ထိုစဉ် သူက အားလုံးကို စိတ်ပျက်စေမိသလို ခံစားလိုက်ရသည်။
ကာကွယ်သူလေးယောက်၊ ငရဲဂိုဏ်းမှ သူ့ညီအစ်ကိုများနှင့် သူ့အတွက် သေပေးလိုတဲ့ ယုံနဉ် …
စီးဝူယာ့က သူ့ဘာသာ အခြေအနေအားလုံးကို ကိုင်တွယ်ဖြေရှင်း တွက်ဆထားနိုင်သည့်အတွက် ဂုဏ်မောက်ခဲ့မိသည်။ သို့သော်လည်း ယခု သူ ရှုံးနိမ့်သွားရ၏၊
ယုံနဉ်၏ သွေးများက သူ့လက်မောင်းတွင် စွန်းထင်းနေသည်။ သူက ပြန်လည်တိုက်ခိုက်ဖို့ နည်းလမ်းကို စဉ်းစားဖို့ အာရုံမစိုက်နိုင်ပေ။
သူက ခံစားနေရုံသာမက စိတ်လည်း တိုမိနေသည်။ သူက အတင်းကျပ် စိတ်ငြိမ်အောင် ထိန်းလိုက်ရသည်။
ငါ ဘာလုပ်ရမလဲ … ဒီမှာထိုင်ပြီး ငါ့ရှေ့ အားလုံး သေသွားတာကို ကြည့်နေရမှာလား …
ထိုစဉ် စီးဝူယာ့နောက်တွင် အိုမင်းကာ စွမ်းအားပြည့်ဝနေသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
စီးဝူယာ့က မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။ သူက တုန်ယင်မိသွားသည်။ သူ့အကြည့်များက မယုံနိုင်မှုများဖြင့် ပြည့်နှက်လာသည်။
လူအိုကြီးက မထူးမခြားစွာ ရှိနေသည်။ သူက လက်တစ်ဖက်ဖြင့် မုတ်ဆိတ်သပ်ကာ ကျန်လက်တစ်ဖက်ကို နောက်ပစ်ထားလေသည်။ ထိုလူအိုကြီးနောက်တွင် စိတ်လှုပ်ရှားနေသည့် လူလတ်အရွယ် အမျိုးသားနှင့် မိန်းမငယ်လေးတစ်ယောက်လည်း ပါရှိ၏။
ထိုစဉ် ကမ္ဘာကြီးက တိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။
အချိန်တချို့ကြာပြီးနောက် စီးဝူယာ့က တုန်တုန်ယင်ယင်ဖြင့် ရေရွတ်လာသည်။ “ရှစ် … ရှစ်စွင်းလား ”
လုကျိုးက ခေါင်းခါကာ “ငမိုက်သား ”
“ ကျွန်တော် … ဒီတပည့် …” စီးဝူယာ့က စကားများပင် မစီနိုင်တော့ပေ။ သူက အသံကြိုးပျောက်သွားဟန်ပေါ်၏။
…
အခန်း (၄၀၅) ဥဒေါင်းကတောင်ပံဖြန့်
ရှန်လွမ့်ရှိုးက စီးဝူယာ့ကို မြင်တွေ့သည့်အချိန်၌ အင်မတန်စိတ်လှုပ်ရှားလာလေ၏။ ဆိုရလျှင် ယင်းက မိစ္ဆာဝေဟင်မျှော်နန်း၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။ ဤမျှနီးကပ်သည့်အကွာအဝေး၌ သူ့ကို နှုတ်ခွန်းဆက်နိုင်မည်ဟုသောအတွေးတချက်ကတင် အတော်လေး စိတ်လှုပ်ရှားစရာကောင်းနေလေ၏။ သို့သော် စီးဝူယာ့က ရှစ်စွင်းဟူသည် မည်သည်ကို ဆိုလိုသနည်း။ သူက ဝေခွဲမရဖြစ်သွားလေ၏။ သူ့ဘေးတွင်ရပ်နေသော အဘိုးအိုကို လှည့်ကြည့်လိုက်မိသည်။
မဟာကာကွယ်စောင့်ရှောက်သူလေးဦးက သူတို့ရန်သူများနှင့် ပြင်းထန်စွာတိုက်ခိုက်နေသည်။ ဝေဟင်ထဲ၌ စွမ်းအင်သင်္ကေတများရစ်ဝဲနေ၏။ တိုက်ပွဲသံများက လူတစ်ယောက်ကို စိတ်တည်ငြိမ်စေရန် ခက်ခဲလှသည်။
လုကျိုးက မျက်နှာလွှာချလျက် သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်လိုက်တော့သည်။ သူက မေးလိုက်တော့၏၏။ “ဒါက မင်းရဲ့ရွေးချယ်မှုလား”
စီးဝူယာ့က မင်းသမီးယုံနဉ်ကို ရှောင်ယွမ်အာဆီသို့ဖြည်းဖြည်းသာသာတွန်းလိုက်၏။
“ရှောင်ရှစ်မေ့”
ရှောင်ယွမ်အာသည် ယုံနဉ်ကို ကူတွဲထားလျက် ဘေးတွင်ရပ်နေသည်။
စီးဝူယာ့က အပေါ်ပိုင်းဗလာကျင်းသွားသည်။ သူက နှုတ်ခမ်းထောင့်ရှိသွေးကို သုတ်လိုက်၏။ သူက လုကျိုးကို တလေးတစားအရိုအသေပေးလိုက်တော့သည်။
“ရှစ်စွင်း ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါ”
ရှန်လွမ့်ရှိုး “...” သူက နောက်ဆုတ်မိသွားပြီး မျက်လုံးအပြူးသားဖြစ်သွားသည်။ နောက်ဆုတ်ချိန် ခလုတ်ထပ်တိုက်မိကာ သူနှင့်ကျန်သည့်သူများကြား အကွာအဝေးခြားသွား၏။ သူက လုကျိုးကို ထပ်ကြည့်မိသွားသည်။ "ဒီအမူအရာ ဒီဟန်ပန် ..."
ရှန်လွမ့်ရှိုးအရိုကျိုးဆုံးအဘိုးအိုက သူ့မျက်စိရှေ့မှောက်တွင်ရှိနေ၏။ ယင်းက ပေနက်လွှာရှိ ပထမဆုံးနာမည် မိစ္ဆာဝေဟင်မျှော်နန်း၏ဂိုဏ်းချုပ်ပဲဖြစ်သည်။ တပည့်ကိုးဦး၏ ဆရာကျိထျန်းတောက် ...
ထပ်
ရှန်လွမ့်ရှိုးက ဖင်ထိုင်လျက်သား ကျသွားသည်။ ရှောင်ယွမ်အာက သူ့ကို လှည့်ကြည့်ပြီး မေးလိုက်တော့၏။
“ရှင် ဘာလုပ်နေတာလဲ”
“ဘာ ... ဘာမှ မလုပ် ... မလုပ်ပါဘူး” ရှန်လွမ့်ရှိုးက ငိုချင်သွားသည်။ ရုတ်တရက်ရှန်အိမ်တော်တွင် သူမ၏ရှစ်စွင်းကို ဒူးထောက်အရိုအသေပေးရန် ရှောင်ယွမ်အာ အမိန့်ပေးခဲ့တာကို သတိရသွား လေ၏။ သူမလိမ်နေတာမဟုတ်မှန်းမည်သူက သိမည်နည်း။
ယခုအချိန်တွင် လုကျိုးက ရှန်လွမ့်ရှိုး၏ခံစားချက်များကိုတွေးမနေပေ။ ထို့အပြင် ရှန်လွမ့်ရှိုးသည် အစတည်းကသိခဲ့ပင်လျှင် ရလဒ်ကပြောင်းသွားမည်မဟုတ်။ သူက စီးဝူယာ့ကိုပြောလိုက်၏။
“ဒါ ငါနဲ့ဘာဆိုင်လို့လဲ”
လုကျိုး၏အမူအရာက အမြဲတမ်းစိတ်မပါလက်မပါဖြစ်နေ၏။ “ဒီကိစ္စကိုမင်းဖာသာမင်းလုပ်တာ။ အခုဒီအခြေအနေရောက်နေပြီ မင်းအတွက် ငါ ဖြေရှင်းပေးမယ်လို့မျှော်လင့်နေသေးတုန်းလား”
ဖုန်း ဖုန်း ဖုန်း
ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်၏ တိုက်ခိုက်မှုအောက်တွင် ငရဲဂိုဏ်း၏ရထားလုံးပျံက မြေပြင်ပေါ်ပြုတ်ကျလာ၏။ ၎င်းသည် များစွာသောအဆောက်အဦများကို ဖျက်ဆီးသွားသည်။
ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်မှာ ပွင့်ချပ်တစ်လွှာပြုတ်ကျသွားသည်။ သို့သော် ၎င်းက ပွင့်ချပ်ခုနစ်လွှာစွမ်းအင်ကိုပိုင်ဆိုင်နေသေးဆဲဖြစ်သည်။
မဟာကာကွယ်သူလေးဦးသည် ဒဏ်ရာရထားသောကြောင့် နောက်ဆုတ်နေသည်။ ထို့အပြင် ငရဲဂိုဏ်းရှိ သေကြေပျက်စီးမှုက အသေးအမွှားမဟုတ်ပေ။
လျှိုပင်းက မလှုပ်ရှား။ သူ၏စစ်သူကြီးခြောက်ယောက်က လေထဲတွင်ပျံဝဲနေလျက် မလှုပ်ရှားခဲ့ပေ။ စစ်မြေပြင်ပေါ်ရှိ အပြောင်းအလဲက ဤအတိုင်းသာ။ သူတို့က ကျန်သည့်မျိုးနွယ်များကို ရင်ဆိုင်နေရချိန်တွင်တောင် မည်သည့်ရန်သူကိုမျှ သတိမလစ်ဟင်းရဲပေ။ သို့သော် ဟာလော့သည် ထိုကဲ့သို့ ရှားပါးသောအခွင့်အရေးကို လက်လွတ်ခံမှာမဟုတ်။
“စတုတ္ထမင်းသား ... ဘာရပ်လုပ်နေသေးတာလဲ။ ငရဲဂိုဏ်းရဲ့မဟာကာကွယ်စောင့်ရှောက်သူ လေးယောက် ကျန်နေသေးတဲ့အချိန် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မှာလား” လျှိုပင်းက မျက်မှောင်ကျုံ့သွား၏။ သူက သူ့ဘေးတွင်ပျော်ရွှင်နေပုံရသော ဟာလော့ကိုကြည့်လိုက်သည်။ ဟာလော့သည် ငရဲဂိုဏ်းကိုဖြေရှင်းပြီးနောက် သူ့ကို အစွယ်တငေါငေါဖြင့်ကြည့်လာလိမ့်မည်ဟု သူကြိုမြင်နိုင်သည်။ သို့သော် မဟာကာကွယ်စောင့်ရှောက်သူလေးယောက်ကို ဆက်လက်တိုက်ခိုက်ရန် သူ့တပည့်များကို အမိန့်ပေးရန်မှတပါး ရွေးချယ်စရာမရှိပေ။
“လီကျင်းယီ ... မင်းက ဝေ့ကျိုးယန်ရဲ့လက်အောက်ငယ်သားပဲ စစ်သူကြီးရှန်းက ဒဏ်ရာရထားတယ်။ မင်းသူ့ကို မတားသင့်ဘူးလား”
စက္ကူထီးဖြင့်လေထဲတွင် ပျံဝဲနေသောလီကျင်းယီက မှင်တက်မိသွားသည်။ အစတည်းက သူမ ယခုချိန်အထိ သူမ တကွက်မှမလှုပ်ရှားရသေးပေ။ သူမသည် ကျန်သည့်သူများ သတိမပြုမိသည့်ထောင့်တွင်သာ ပုန်းနေမိ၏။ သို့သော် လျှိုပင်းက ရှာတွေ့သွားသေးသည်။
စိတ်ဝိညာဉ်သဏ္ဌာန်သုံးခုက စီးဝူယာ့ကဆီပျံသန်းသွား၏။
ထိုစဉ် လက်ဝါးသင်္ကေတများစွာသည် သူတို့ဆီသို့ရွှာသွန်းကျလာ၏။
ဟူး
လက်ဝါးရာများစွာက ပျံသန်းလာလေ၏။
အနားရှိအဆောက်အအုံများ ယိုင်နဲ့လာသည်။ နေရောင်ခြည်က စီးဝူယာ့၊ လုကျိုး၊ ရှောင်ယွမ်အာနှင့် ရှန်လွမ့်ရှိုးပေါ် ကျရောက်သွား၏။
ထိုစဉ် မျက်ဝန်းပေါင်းများစွာက လျှိုပင်းကိုကြည့်နေ၏။
လျှိုပင်းက လှည့်ကြည့်လာသည်။ လီကျင်းယီက လှည့်ကြည့်လာ၏။ မဟာကာကွယ်စောင့်ရှောက်သူ လေးဦးက မှင်တက်သွားတော့သည်။ အဲ့ဒီအဘိုးကြီးကို ဘာကြောင့် ရင်းနှီးပုံ ပေါ်နေတာလဲ။
ထရပ်ရန် ရုန်းကန်နေရသော ဟာလော့နှင့် ရှန်းလဲ့ကလည်း ကြည့်လာကြသည်။
“အဲဒါ ဘယ်သူလဲ”
လျှိုပင်းက အသက်ရှုနှုန်း မြန်လာ၏။ သူ့နှလုံးက သူ့ရင်ဘတ်ထဲကနေ ခုန်ထွက်တော့မည့်အတိုင်း ခံစားနေရသည်။
သူဒီမှာဘာကြောင့်ရှိနေတာလဲ။
ရှန်းလဲ့သည် အံ့ဖွယ်မြို့တော်၌ အချိန်အတော်ကြာနေထိုင်ခဲ့တာဖြစ်သည်။ သူသည် ကျိထျန်းတောက်ကို ယခင်က မတွေ့ခဲ့ဖူးပေ။ သူက စီးဝူယာ့ရှေ့ရှိ အဘိုးအိုကို ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် ကြည့်လိုက်၏။ အဲ့ဒီအဘိုးကြီးက ဘယ်သူလဲ။ စီးဝူယာ့က သူ့ရှေ့မှာ ဘာကြောင့်ဒူးထောက်နေတာလဲ။
လီကျင်းရိက အနှောင့်အယှက်ဖြစ်ပုံမရပေ။ သူမသည် အစောတည်းက တွေးထင်ပြီးသားဖြစ်၏။
“ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံးကို သတ်ရုံပေါ့” ဟာလော့က လက်ဝေ့ယမ်းလိုက်သည်။
သူ့အောက်ရှိ လို့လန်နှင့်လို့လီ၏လူများက စီးဝူယာ့ဆီ ဝံပုလွေရိုင်းတောအုပ်ပမာ တိုးဝင်သွားတော့သည်။
လုကျိုးက သူတို့က တချက်ကြည့်လိုက်၏။ သူ့အဖို့ဤအခြေအနေတွင် သူ့ကိုယ်သူ အခက်အခဲ အတားအဆီးကနေ ရုန်းထွက်ပြီး ဖာသိဖာသာနေဖို့က မဖြစ်နိုင်တော့ပေ။
စီးဝူယာ့က ထပ်ပြောလိုက်၏။ “ရှစ်စွင်းသာ လှုပ်ရှားပေးမယ်ဆိုရင် ကျွန်တော် မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်လာပြီး ဘယ်လိုအပြစ်ပေးမှုကိုမဆို လက်ခံပါမယ်”
ဘန်း
စီးဝူယာ့နဖူးက မြေပြင်ကိုထိသွား၏။
လုကျိးက မုတ်ဆိတ်သပ်လျက် စီးဝူယာ့ကို ကြည့်ပြီးပြောလိုက်သည်။ "ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ရတာပဲ”
သူက လက်ဖဝါးဖြန့်၏။ သူ့လက်ထဲတွင် ဒေါင်းမီးယပ်က ပေါ်လာတော့သည်။
ဒေါင်းမြီးယပ်က ပေးစွမ်းသည့်ကြယ်အစွမ်းက မှိန်ဖျဖျသာ တောက်ပနေလေ၏။
“သွား” လုကျိုးက ဒေါင်းမြီးယပ်ကို ပစ်ပေးလိုက်ရာ စီးဝူယာ့ဆီ ပျံသန်းသွားတော့၏။
စီးဝူယာ့က အပျော်လွန်သွားသည်။ သူက မြေပြင်ကနေ ကုန်းထလျက် ဝေဟင်ထဲ ပျံသန်းသွားသည်။
“သူ့လက်ထဲမှာဘာလဲ” ဟာလော့က ဇဝေဇဝါဖြစ်သွားသည်။ သူမြင်လိုက်ရသည်က လေထဲတွင် ဒေါင်းမြီးယပ်ကို ကိုင်လျက် ဝေ့ယမ်းနေသော စီးဝူယာ့ပဲဖြစ်သည်။
ဒေါင်းမြီးယပ်ကလျင်မြန်စွာလည်ပတ်သွား၏။ ပြီးနောက် နှစ်ခုကွဲကာ ယပ်တောင်ပုံသဏ္ဌာန် ဖွဲ့တည်သွားလေ၏။ ရွှေရောင်တောက်ကနေသောစွမ်းအင်တို့က စီးဝူယာ့နားတဝိုက်တွင် ရစ်ဝဲနေသည်။
ဟူး
ဒေါင်းမြီးယပ်၏အဆက်နှစ်ခုသည် စီးဝူယာ့၏နောက်ကျော၌ ဆက်နွယ်သွား၏။
လုကျိုးက အနည်းငယ်မော့ကြည့်ပြီး ခေါင်းညိတ်လိုက်၏။ “နောက်ဆုံးတော့ ဒေါင်းက အတောင်ပံဖြန့်ပြီ”
“ဆိုးလိုက်တာ ... မကောင်းတော့ဘူး ပြန်လာခဲ့” ဟာလော့က ချက်ချင်းအော်ပြောလိုက်လေ၏။ သူတို့၏ပတ်ဝန်းကျင်ရှိ ကနဦးချီများသည် ဒေါင်းမြီးယပ်တောင် စုပ်ယူတာခံနေရသည်ဟု သူတို့ ခံစားမိသည်။ ဒေါင်းမြီးယပ်တောင်က ကနဦးချီကိုစုပ်ယူပြီးဒေါင်းတောင်ပံကို ဖွဲ့တည်လိုက်၏။ ယင်းက ဒေါင်းမြီးယပ်၏ ဝိသေသနလက္ခဏာပဲဖြစ်သည်။ ဒေါင်းတောင်ပံဖြန့်လိုက်သည့်ပမာ လှပပြီး တောက်ပနေလေ၏။ ထိုသို့တိုင် ထိုထိတ်လန့်ဖွယ်မြင်ကွင်းကြောင့်ဖမ်းစားခံနေရစဉ် အသက်နုတ်ခံရပြီးဖြစ်နေလိမ့်မည်။
စီးဝူယာ့က လေထဲတက်သွား၏။ သူက မျက်နှာသေဖြင့်ဖြစ်နေသေးကာ တောင်ပံများကို တဖျပ်ဖျပ် ခတ်လိုက်သည်။ တောင်ပံခတ်ချက်တိုင်း၌ မရေမတွက်နိုင်သည့် စွမ်းအင်များ ပေါ်ထွက်လာ၏။
ဘန်း ဘန်း ဘန်း
လို့လီနှင့် လော့လန်မှ လူများက စီးဝူယာ့၏ ရုတ်တရက်လှုပ်ရှားမှုကြောင့် ထိတ်လန့်အံ့အားသင့်သွား၏။ သူတို့က လှည့်ပြေးသည့်အချိန်တွင် နောက်ကျသွားပြီဖြစ်သည်။ ကောင်းကင်ပေါ်က စွမ်းအင်အပ်များသည် သူတို့ဆီသို့ တိုးဝင်လာလေ၏။ တိုက်ကွက်များက ဒီရေလှိုင်းပမာ ရွာသွန်းကျလာပြီး သူတို့ရင်ဘတ်ကို ထိုးဖောက်သွား၏။
လို့လီ၏လူများမြေပြင်ပေါ်လဲကျသွားသည်။
“တင်း ... ပစ်မှတ်တစ်ယောက် သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်ဆယ်မှတ်”
“တင်း ... ပစ်မှတ်တစ်ယောက် သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်ဆယ်မှတ်”
လုကျိုးသည် အသိပေးစာကြားရတာကို မအံ့ဩသွားပေ။ ယင်းက အရေအတွက်မျှသာ ဖြစ်ပြီး နည်းပါးသည့်အရေအတွက် ဖြစ်သော်ငြား ဘာမှမရှိတာထက်ကောင်းသေး၏။
လို့လန်၏လူများသည် အစတည်းက စုန်းအတတ်ကျင့်ကြံသူများဖြစ်သည်။ သူတို့၏ခုခံမှုက အားနည်းသည်။ ယခုအချိန်တွင် သူတို့ခန္ဓာကိုယ်ပေါ်ရှိအပ်များက သူတို့ခန္ဓာကိုယ်ကို ဖြူကောင်များနှင့် တူနေစေတော့သည်။
“သတ္တမသခင်လေး” ဟွားချုံးယန်က ဖျတ်လတ်တက်ကြွသွား၏။
“ဒေါင်းတောင်ပံဖြန့်ပြီ ဒါမတွေ့ရတာကြာပြီပဲ” ပိုင်ယွီချင်းက နှုတ်ခမ်းထောင့်မှသွေးကို သုတ်လျက် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“ငါ မှတ်မိသလောက်တော့ နောက်ဆုံးအခေါက်ဒါကိုသုံးတာ ဖင်းတုတောင်ပေါ်က တိုက်ပွဲမှာပဲ။ သတ္တမသခင်လေးနဲ့ ဂိုဏ်းချုပ်က ငရဲဂိုဏ်းအတွက် အုတ်မြစ်ချပေးခဲ့တာ။ ဒါကို ထပ်တွေ့ရမယ်လို့ မထင်ထားဘူး”
ကျန်သည့်မဟာကာကွယ်စောင့်ရှောက်သူသုံးဦးက မိုးကုပ်စက်ဝိုင်းကိုငေးကြည့်နေလေ၏။
စီးဝူယာ့၏တောင်ပံကြီးများက တောက်ပနေသည်။ သူက ကျန်သည့်မျိုးနွယ်များကိုကြည့်လျက် လျှိုပင်း၏တပ်ဖွဲ့ဆီသို့အညှာအတာမဲ့စွာတိုးဝင်သွားသည်။
“နောက်ဆုတ်”
“ပြန်လာ”
လျှိုပင်းက အမောတကော ပြောလိုက်၏။ သူ၏လက်အောက်ငယ်သားများကိုရှင်းပြရန်အချိန်မရှိ။ သူ၏စစ်သူကြီးခြောက်ဦးကတောင် ထိုအခြေအနေကြောင့်ပျာယာခတ်သွားသည်။ သူတို့က ဆက်တိုက်နောက်ဆုတ်နေ၏။
ဟာလော့က မယုံနိုင်ပုံပေါ်နေသည်။ သူ၏မျက်လုံးက အပြူးသားဖြစ်နေ၏။ သူ၏မျက်လုံးထဲ အမုန်းတရားတို့က တောက်လောင်သွား၏။ မျက်လုံးကလည်း သွေးနီရောင်သန်းနေတော့သည်။
“မင်း ဒီနေ့ သေရမယ်”
ဟာလော့က ကောင်းကင်ကို မျက်နှာမူလျက် အူလိုက်၏။ သူ၏ဝံပုလွေဘုရင်သဏ္ဌာန်စိတ်ဝိညာဉ်က ပွင့်ချပ်ခုနစ်လွှာကိုနင်းလျက် အမြင့်သို့ တက်သွားသည်။
ဟူး
သူသည် စီးဝူယာ့ဆီသို့ ကြယ်တံခွန်ပမာ တိုးဝင်သွားသည်။
စီးဝူယာ့က တောင်ပံများကို သူ့ရှေ့ဆွဲယူလိုက်၏။ တောင်ပံများဖြင့် သူ့ကိုယ်သူကာလိုက်သည်။
ဖုန်း
စီးဝူယာ့က နောက်လှိမ့်သွား၏။ ထိုသို့ပြုလုပ်လိုက်ပြီးနောက်တောင်ပံကိုဖြန့်ကာ ခတ်လိုက်တော့ သည်။
ဖုန်း ဖုန်း ဖုန်း
အပ်များက ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်ဆီရောက်သွားသည်။ ဟာလော့သည် လျှပ်ပြက်သည့် အရှိန်ဖြင့် လှုပ်ရှားကာ စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့်သူ၏ပစ်မှတ်ဆီသို့ရောက်သွားသည်။
ပွင့်ချပ်ခြောက်လွှာက ပွင့်ချပ်ခြောက်လွှာပင်။ ဟာလော့က သူ၏ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ပေါင်းစည်းကာ တစ်သားတည်းဖြစ်၏။
စိတ်ဝိညာဉ်သဏ္ဌာန်သည် ဖောက်ထွင်းမြင်နေရသော သွေးကြောများဖြင့် လွှမ်းမိုးနေပုံပေါ်သည်။
ဘန်း ဘန်း ဘန်
ဟာလော့က စွမ်းအင်အပ်များကို ဖယ်ရှားနေလေ၏။ စစ်သူကြီးခြောက်ဦးက စစ်ရထားလုံးဆီ ပျံသန်းသွားသည်။
“အရှင့်သားက ငရဲဂိုဏ်းနဲ့ တခြားမျိုးနွယ်တွေကို တစ်ခါတည်း ဖြေရှင်းဖို့ အခွင့်ကောင်းပါ”
စစ်သူကြီးတစ်ဦးက အရိုအသေပေးလျက် ပြောလိုက်၏။
ဖြန်း
လျှိုပင်းက သူ့ကိုရိုက်ချလိုက်သည်။
စစ်သူကြီးက ထိုအမူအရာကြောင့် ဇဝေဇဝါဖြစ်သွား၏။
လျှိုပင်းက တံတွေးမျိုချပြီးနောက်ပြောလိုက်၏။ “ဖွင့်... ပြေးဖို့ကြည့်”
‘ပြေးရမှာလား ... သူတို့အသာစီးရနေတဲ့အချိန်မှာ ဘာကြောင့်ပြေးရမှာလဲ’
ကျန်သည့် စစ်သူကြီးများကလည်း အံ့ဩသင့်သွား၏။ မည်သည့်ရှုထောင့်မှကြည့်ကြည့် ဤအခြေအနေမှာ သူတို့အကျိုးရနေသည်။
ထိုစဉ် ဟာလော့က သူ၏ ဝံပုလွေသဏ္ဌာန်စိတ်ဝိညာဉ်ဖြင့် စီးဝူယာ့ဆီသို့ ဆက်သွားလိုက်သည်။
စီးဝူယာ့က မျက်မှောင်ကျုံ့သွား၏။ သူက တောင်ပံကို ဆွဲယူကာ လျင်မြန်စွာ နောက်ဆုတ်နေသည်။
“သတ္တမသခင်လေး” ဟွားချုံးယန်၊ ပိုင်ယွီချင်း၊ ယန်ယန်းနှင့် တိချင်းတို့က ထိတ်လန့်သွားလေ၏။
ဝှစ်
ခရမ်းရောင်စွမ်းအင်များက ပေါ်ထွက်လာသည်။ စွမ်းအင်များက သစ်ပင်ပင်စည်ပမာထူလှပေ၏။ စွမ်းအင်များသည် လေထဲတွင် မျောလွင့်နေသောကောင်းကင်ထောက်တိုင်နှင့်တူ၏။ အရွယ်အစားကပင် မမြင်မိဖို့ခက်ခဲလှသည်။
လူတိုင်း၏အာရုံစိုက်မှုက ထိုအရာဆီသို့ရောက်သွားသည်။
စွမ်းအင်မြားကဲ့သို့ ကြယ်တံခွန်ပမာ ဘယ်ကနေညာ ရွေ့လျားသွားပြီး ဝံပုလွေဘုရင်၏နဖူးဆီကို ထိမှန်သွားသည်။
မြားက ကျရောက်သွားချေပြီ။ ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်က ချက်ချင်းတစဆီဖြစ်သွား၏။ လေထဲတွင် ပျံဝဲနေသော ဟာလော့ကလည်း ချက်ချင်းပြုတ်ကျသွားသည်။ သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားလျက် စီးဝူယာ့ကို မယုံနိုင်စွာကြည့်နေ၏။ အဆောက်အဦနှင့် တစ်တန်းတည်း ရပ်နေသောအဘိုးအိုကိုတွေ့လိုက်ရသည်။
လုကျိုးက မုတ်ဆိတ်သပ်လျက်လေးကိုပြန်ယူလိုက်သည်။ လေထဲတွင် လေးကိုင်းက လည်ပတ်နေပြီး အမည်မဲ့အဖြစ် ပြောင်းလဲသွား၏။ ပြီးနောက် သူ၏ဝတ်ရုံထဲရောက်လာကာ ပျောက်ကွယ်သွား၏။
ထိုကြောက်မက်ဖွယ်ကောင်းသောမြားကို အဘိုးအိုက ပစ်လိုက်ပုံပေါ်သည်။ ဟာလော့က အဘိုးအိုကိုကြည့်ပြီး သူ၏နှုတ်ခမ်း၊ မျက်လုံး၊ နှာခေါင်းနှင့် နားရွက်ထောင့်မှ သွေးများစီးကျလာသည်။
တောက်
သွေးစက်ကမြေပြင်ပေါ်ကျသွားသည်။ သွေးစက်ပေါ် နေရောင်က ပက်ဖျန်းထားလျက် တခြားမျိုးနွယ်၏ သွေးက ...
ဟူး ...
မြေပြင်ပေါ်ကျသွားသည်။
“ငါ့ရဲ့တပည့်ကို မင်းလိုလူအနိုင်ကျင့်တာ ဘယ်တော့မှ ခွင့်မပြုဘူး”