← Chapters

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း(၄၁၂) ငမိုက်သား၏ အစီအစဉ်

ခဏအကြာတွင် စီးဝူယာ့က လရောင်ဆွတ် နန်းဆောင်မှ အမျိုးသမီး ကျင့်ကြံသူများနှင့်အတူ တောင်မှ ထွက်လာပြီး အရှေ့ဘက် မျှော်နန်းဆောင်ဆီ ဦးတည်လာလိုက်သည်။ ထိုလမ်းခရီးအတွင်း သူက အမျိုးသမီး ကျင့်ကြံသူကို ကြည့်ကာ မေးလိုက်သည်။ “အခု မင်းတို့ နန်းဆောင်သခင်မက ဘယ်မှာလဲ ”

အမျိုးသမီး ကျင့်ကြံသူက အလျှင်စလို ဦးညွှတ်လာပြီး “ သတ္တမသခင်လေး ဒီမိစ္ဆာဝေဟင်မျှော်နန်းဆောင်မှာ နန်းဆောင်သခင်မလည်း မရှိသလို လရောင်ဆွတ်နန်းဆောင်လည်း မရှိပါဘူး။ ဆဋ္ဌမသခင်မလေးကို မျှော်နန်းသခင်က နှင်ထုတ်ထားတာ ကြာလှပါပြီ။ အဲကတည်းက ဘာသတင်းမှ မကြားရတော့ပါဘူး။ ကျွန်မတို့ သူ့သတင်း နောက်ဆုံးကြားရတုန်းက ကြွက်ငါးကောင်ကို သတ်လိုက်ပြီး ဇင်အဝတ်ကို ပြန်ပို့ခဲ့တုန်းကပါ။ အဲဒီနောက် ဘာသတင်းမှ မကြားရတော့ပါဘူး ”

“အဲကတည်းက ဘာသတင်းမှ မကြားရတော့တာလား” စီးဝူယာ့က ရပ်လိုက်သည်။ သူက သတင်းအချက်အလက်များအား ပြန်လည်တွေးလိုက်ရင်း အရှေ့ဘက်မျှော်နန်းဆောင် အပြင်ဘက်သို့ ရောက်ရှိလာကြောင်း တွေ့လိုက်ရသည်။ သူက မိစ္ဆာဝေဟင်မျှော်နန်း၏ လတ်တလော အဖြစ်အပျက်များအား မေးမြန်းလိုသော်လည်း အရှေ့ဘက် မျှော်နန်းဆောင် အပြင်ဘက်သို့ ရောက်နေပြီဖြစ်၍ ချုပ်တည်းထားလိုက်ရသည်။

အမျိုးသမီး ကျင့်ကြံသူလေးက ဦးညွှတ်ကာ “အဲဆို ကျွန်မ သွားလိုက်ပါဦးမယ်ရှင့် ”

စီးဝူယာ့က အရှေ့ဘက် မျှော်နန်းဆောင် ဝန်းကျင်ကို လိုက်လံကြည့်နေသည်။ အချိန်အကြာကြီး ကြာမြင့်သွားသော်လည်း ဘာမှပြောင်းလဲဟန်မပေါ်ပေ။ သူ တစ်ယောက်တည်းသာ ပြောင်းလဲသွားပုံရ၏။ သူက အရွယ်ရောက်လာပြီး ယခင်ကလို ကောင်ငယ်လေး မဟုတ်တော့ပေ။ သူ့ရှစ်စွင်းက ယခင်သိထားခဲ့သည့် ရှစ်စွင်း မဟုတ်တော့ချေ။

စီးဝူယာ့က လုကျိုး အခန်းအပြင်ဘက်ဆီ ရောက်လာကာ ဦးညွှတ်လိုက်သည်။ “ရှစ်စွင်းကို ဂါရဝပြုပါတယ်”

အခန်းအတွင်းမှ ဘာပြန်လည်ဖြေဆိုမှုမှ ထွက်မလာပေ။

ဝှစ်

တံခါးက စွမ်းအားကြောင့် ပွင့်လာလေ၏။

စီးဝူယာ့က ဆိုလိုရင်းကို နားလည်လိုက်သည်။ သူက အခန်းအတွင်း ဝင်လာလိုက်၏။ သူ ဝင်လာလိုက်သည်နှင့် တောင်တန်း ရှုခင်းအပြည့် ရှိနေပြီး သက်တောင့်သက်သာရှိလှသည့် ခန်းမကျယ်တစ်ခုကို မြင်လိုက်ရသည်။ ခန်းမအလယ်တွင် စားပွဲခုံငယ်တစ်ခု ရှိနေသည်။ ထိုစားပွဲပေါ်တွင် အမွေးတိုင်မရှိသည့် အမွေးတိုင်ခွက်သာ ရှိနေလေ၏။ သူက စာအုပ်စင်နှင့် နံရံရှိ လက်ရေးလှတို့ကိုပင် မြင်လိုက်ရသည်။

“ ပင်လယ်အလွန်မှာ လမင်းကြီးက တောက်ပလာတယ်။ မိုင်တွေကွာဝေးနေပေမဲ့ တူညီတဲ့ အခိုက်အတန့်တွေကို မျှဝေနေတုန်းပဲ”

အမည်မသိအကြောင်းအရင်းတချို့ကြောင့် စီးဝူယာ့က ထိုကဗျာကို ဖတ်လိုက်သည်နှင့် နှလုံးခုန်မြန်လာမိသည်။ သူက ဉာဏ်ကောင်းသည့်အတွက် ဆိုလိုရင်းကို တန်းသိလေသည်။ သူက အံ့ဩသွားသော်လည်း ဘာမှမပြောရဲပေ။

သူက လုကျိုး တင်ပျဉ်ခွေထိုင်နေရာဘက်သို့ တံတွေးမျိုချရင်း လှမ်းကြည့်လိုက်သည်။ ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက ခေါ်လိုက်၏ “ရှစ်စွင်း ”

လုကျိုးက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ သူ့အကြည့်က စီးဝူယာ့ဆီ ကျရောက်လာကာ “မင်းက ငါ့ကို ရှစ်စွင်းလို့ ခေါ်တာ မရှက်ဘူးလား”

“ …” စီးဝူယာ့က စိုးရိမ်လာမိသည်။ သူက စိတ်လှုပ်ရှားမိလာ၏။ သူက အတွေးတချို့ တွေးမိပြီးသည့်နောက်တွင် နာနာခံခံ ဒူးထောက်ဖို့သာ ရွေးချယ်လိုက်သည်။

လုကျိုးက စိတ်မပါစွာ မေးလိုက်သည်။ “ မင်း ဘာလို့ မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်သွားခဲ့တာလဲ ”

စီးဝူယာ့က အလေးအနက် ပြန်ဖြေလိုက်သည်။ “ မိစ္ဆာဝေဟင်မျှော်နန်း အပြင်ဘက်မှာပဲ ကျွန်တော်ရဲ့ တကယ့် စွမ်းဆောင်ရည် အလားအလာကို သတိပြုမိနိုင်လို့ပါ”

“ မင်းရဲ့ ဉာဏ်နီဉာဏ်နက်နဲ့လား” လုကျိုးက မေးလိုက်သည်။

“ …” စီးဝူယာ့က ပြန်ဖြေလိုက်၏ “ကျွန်တော် လုပ်နိုင်မယ်လို့ ထင်ပါတယ် ”

“ မင်း ထင်တယ်တဲ့လား ”

စီးဝူယာ့က ပြောလိုက်သည်။ “အခု တာ့ယန်ရဲ့ စီရင်စုကိုးခုလည်း ကမောက်ကမတွေ ဖြစ်နေပါပြီ။ ကျွန်တော်သာ အချိန်ထပ်ရရင် သူတို့အားလုံး ကျရှုံးသွားအောင် လုပ်နိုင်ပါတယ်။ တော်ဝင်မိသားစုလည်း အစီအစဉ်မကျ ဖြစ်သွားလိမ့်မယ်။ အံ့ဖွယ်မြို့တော်ကို ကာကွယ်ပေးထားတဲ့ အဆုံးသတ်ဆယ်ပါး အစီအရင်တောင် အဲဒီအချိန်ကျရင် အသုံးဝင်တော့မှာ မဟုတ်ဘူး။

စီရင်စု ကိုးခုလုံး ဝိုင်းလိုက်ရင် အံ့ဖွယ်မြို့တော်လည်း အကူအညီမရှိဘဲ သီးခြားဖြစ်သွားလိမ့်မယ်။ ကျရှုံးသွားဖို့က အချိန်တစ်ခုပါပဲ … တစ်နှစ်တည်းပါ … ကျွန်တော်အတွက် လိုတာ တစ်နှစ်တည်းပါ ”

ဝှစ်

လုကျိုးက ရုတ်ခြည်းဆိုသလို လက်ဝါးစည်းတံဆိပ်ကို ထုတ်လွှင့်လိုက်သည်။

ဖြောင်း

ထိုအရာက စီးဝူယာ့ မျက်နှာဆီ ကျရောက်လာသည်။

“တင်း … စီးဝူယာ့အား အပြစ်ပေးနိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၂၀၀ ရရှိပါတယ် ”

ဤသည်က ကောင်းကောင်းသင်ကြားပေးသင့်သည့် ငမိုက်သား ဖြစ်၏။

စီးဝူယာ့က ထိုရိုက်ချက်ကြောင့် ကျုံ့သွားလေသည်။

လုကျိုးက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “မင်းက မင်းဘာသာ အထင်ကြီးနေတာပဲ။ ငါ ဧကရာဇ်ယုံရှို့နဲ့ မိတ်ဆွေဖြစ်တုန်းက မင်းက မင်းအမေရဲ့ ဗိုက်ထဲပဲ ရှိသေးတယ်။ ယုံချင်မှာ အံ့ဖွယ်မြို့တော်ပဲ ရှိတယ် ထင်နေလား”

စီးဝူယာ့က လုကျိုး၏ အကြည့်အား ပြန်ကြည့်လာကာ “တာ့ရှစ်ရှိုးနဲ့ဆိုရင် ပွင့်ချပ်ရှစ်လွှာအဆင့်ရဲ့ အားနည်းချက်အားလုံးကို သိထားပါတယ်။ ခေါင်းဆောာင် ရှစ်ယောက် ဖြစ်ဖြစ်၊ တော်ဝင်အစောင့်တပ်ဖြစ်ဖြစ် သူတို့တွေ အံ့ဖွယ်မြို့တော်ကနေ ထွက်မသွားနိုင်ပါဘူး”

“အဲဆိုတော့ မင်းက တော်ဝင်မိသားစုကို နားလည်ပြီ ထင်နေတယ်ပေါ့” လုကျိုးက မေးလိုက်သည်။

စီးဝူယာ့၏ အသံက တိုးလျသွားကာ “ ကျွန်တော် မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်သွားပြီးတော့ နန်းတော်ထဲ ဝင်ရောက်ခဲ့တယ်။ ကျွန်တော် ကံကောင်းထောက်မပြီးတော့ ဆရာတစ်ယောက် ဖြစ်လာခဲ့တယ်။”

လုကျိုးက သနားညှာတာမှုမရှိဘဲ ပြောချလိုက်သည် “ဒါတင် မကသေးဘူး။ မင်းက ယုံနဉ်ဆီမှာ အထင်မြင်ကောင်းချန်ထားနိုင်ခဲ့ပြီးတော့ နန်းတော်ရဲ့ သတင်းတွေကို ရယူခဲ့တယ်ပေါ့လေ ”

“ကျွန်တော် သူမကို အသုံးမချခဲ့ပါဘူး ” စီးဝူယာ့က ပြင်းထန်စွာ ပြောလိုက်သည်။

လုကျိုးက စီးဝူယာ့အား တိတ်တဆိတ် ကောက်ချက်ချလိုက်သည်။

မင်း မလုပ်ဘူးတဲ့လား … မင်းကိုယ်တိုင် အသိဆုံးပဲ

ဒါကိုက ယောက်ျားရဲ့ သဘာဝပဲ … များများပြောလေလေ တစ်ဖက်လူက ငြင်းဆန်လေလေ

နောက်ဆုတ်ပြီးတော့ အဲဒီအကြောင်းကို ထပ်မပြောတာ အကောင်းဆုံးပဲ …

စီးဝူယာ့က တိတ်ဆိတ်သွားလေသည်။

အချိန်တချို့ကြာမြင့်ပြီးနောက် လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်သည် “ယွီရှန်းရုန် ဘာဖြစ်ခဲ့တယ်ဆိုတာ မင်း သိထားပြီးသားဆိုတော့ အသေးစိတ်ပြန်မပြောတော့ဘူး”

စီးဝူယာ့က ထိုနာမည်ကြားလိုက်သည့်အခါ နှလုံးခုန်မြန်သွားလေသည်။

“ငါ့ မှတ်ဉာဏ်သလင်းကျောက်က အခုဘယ်မှာလဲ” လုကျိုးက ဆက်မေးလိုက်သည်။

စီးဝူယာ့က ထိုမေးခွန်းကို မျှော်လင့်ထားပြီးသား ဖြစ်၏။ သူက မျက်လုံးပြူးမျက်ဆံပြူးဖြင့် ခေါင်းခါကာ “ကျွန်တော် မသိဘူး ”

“အဲဆိုတော့ လောင်အာ့က ငါ့ကို ညာခဲ့တာလား ”

“အာ …”

“မင်း ငါ့ကို မပြောဘူးလား” လုကျိုးက ထရပ်လာသည်။ သူက လက်နောက်ပစ်ရင်း စီးဝူယာ့အား ငုံ့ကြည့်လိုက်သည်။

လုကျိုး၏ အရှိန်အဝါက စီးဝူယာ့ဆီ ကျရောက်လာကာ အသက်ရှုခက်စေ၏။ သူက ပြောလိုက်၏။ “ရှစ်စွင်း ကျွန်တော်ကို ယုံပါ။ ရှစ်စွင်းက သလင်းကျောက်ကို စည်းပိတ်ခဲ့တဲ့သူပါ။ ရှစ်စွင်းက ဘယ်သူ့ကိုမှ ရှာမတွေ့စေချင်ခဲ့ဘူးလေ။

ရှစ်စွင်းအကြောင်းကို ကိုယ့်ဘာသာကို မသိချင်ခဲ့ဘူး။ စည်းပိတ်ဖို့ အဲလောက် ဒုက္ခတွေခံပြီး အခုမှ ဘာလို့ထပ်ရှာနေရတာလဲ”

“ငါ စိတ်ပြောင်းသွားပြီ” လုကျိုးက ပြောလိုက်သည်။

“ အဲဒါက ရှစ်စွင်းဆီမှာ မှတ်ဉာဏ်တွေ မရှိထားလို့ … တကယ်လို့ … တကယ်လို့ ရှာတွေ့သွားပြီး မှတ်ဉာဏ်တွေ ပြန်ရသွားခဲ့ရင် ရှစ်စွင်း … ရှစ်စွင်း သေချာပေါက် နောင်တရလိမ့်မယ်။ ပြီးတော့ …”

စီးဝူယာ့က ခဏရပ်လိုက်ပြီးနောက် အံ့ကြိတ်ကာ ဆက်ပြောလိုက်သည် “ပြီးတော့ ရှစ်စွင်း နောက်နှစ်အနည်းငယ်ကို အေးအေးဆေးဆေးနဲ့ တောင်ပေါ်မှာပဲ ကုန်ဆုံးသင့်တယ်။ ကျွန်တော် တပည့်ဝတ္တရားကျေပွန်ဖို့ ကတိပေးပါတယ် …”

ထို့နောက် သူက ဦးညွှတ်ချလိုက်သည်။

“ အဲဆိုတော့ ငါ့အကဲဖြတ်နိုင်စွမ်းက မမှန်ဘူး ဘာဖြစ်ဖြစ် သေမယ်ဆိုတော့ မင်းတို့လုပ်ချင်တာကို လုပ်ခွင့်ပေးလိုက်မယ်လို့ ပြောနေတာလား” လုကျိုးက မေးလိုက်သည်။

စီးဝူယာ့က အံ့အားသင့်သွားသော်လည်း မြန်မြန် တုံ့ပြန်လိုက်သည် “ တကယ်လို့ ကျွန်တော့်စကားကို အဲလိုအဓိပ္ပါယ်ကောက်ချင်ရင်လည်း ထားလိုက်ပါ ”

“ ရိုင်းလိုက်တာ” လုကျိုးက အင်္ကျီလက်ဖျားကို အသာခါလိုက်သည်။

ထိုစဉ် စွမ်းအားစည်းတံဆိပ်က စီးဝူယာ့ဆီ ကျရောက်လာကာ လွှင့်ထွက်သွားပြီး တံခါးအား ထိမှန်သွားလေသည်။

ဝုန်း

စီးဝူယာ့က အရှေ့ဘက်မျှော်နန်းဆောင် ခန်းမကျယ်အတွင်း ကျရောက်သွားသည်။

လုကျိုးက အင်္ကျီလက်ဖျားကို ထပ်မံဝေ့လိုက်သည့်အခါ နောက်ထပ် စည်းတံဆိပ်တစ်ခု ပေါ်ထွက်လာသည်။

ဝုန်း

စီးဝူယာ့က လှေကားမှ ပြုတ်ကျသွားလေသည်။

လုကျိုးက စီးဝူယာ့ကို အပြစ်ပေး၍ စနစ်မှ ဆုလာဘ်များကိုလည်း ကြည့်ဖို့ စိတ်မဝင်စားပေ။ သူ့ခံစားချက်များက ပြင်းထန်နေပြီး ဒေါသထွက်လုနီးပါး ဖြစ်နေလေသည်။ အကြိမ်ရေနည်းနည်းအပြီးတွင် သူက ရပ်တန့်သွားသည်။

သူက ကျိထျန်းတောက်၏ မှတ်ဉာဏ်များသည် သူ့ကို လွှမ်းမိုးသွားသည်လား ဒါမှမဟုတ် သူကိုယ်တိုင် ကျိထျန်းတောက်နှင့် အောင်အောင်မြင်မြင် အံ့ဝင်ခွင်ကျ ဖြစ်သွားပြီလားဟု စဉ်းစားမိလာသည်။

လုကျိုးက လုကျိုး ဖြစ်ဆဲသာ ဖြစ်ပြီး ကျိထျန်းတောက်က ယခင်မှ ကျိထျန်းတောက် မဟုတ်တော့ပေ။

လုကျိုးတွင် ရွေးချယ်စရာ မရှိပေ။ သူက ဒီလိုအနေအထားကို ရောက်နေပြီဖြစ်၍ သူ့ကိုယ်တိုင်အတွက် လမ်းသစ် ဖန်တီးရမည်။

ခဏအကြာတွင် လုကျိုးက လက်နောက်ပစ်လျက် လှေကားအစွန်းသို့ လျှောက်လာသည်။ သူက စီးဝူယာ့အား ငုံ့ကြည့်လိုက်ရင်း “ မင်းက မသိတတ်တဲ့ ငမိုက်သားပဲ ”

စီးဝူယာ့က သွေးတစ်ပွက် အန်လိုက်ရသည်။ သူက သူ့ကိုယ်သူ ကာကွယ်ခြင်း မရှိသလို ဘာမှလည်း ပြန်မပြောပေ။ သူက သူ့ဘာသာ ထရပ်လိုက်ပြီး အနေအထားကို ထိန်းညှိကာ ဒူးထောက်လိုက်သည်။

လုကျိုးက သူ့ရှစ်စွင်းသာ ဖြစ်၏။ အကယ်၍ တရားမျှတသည့် အကြောင်းအရင်းတစ်ချက် ရှိနေလျှင်ပင် ဆရာဖြစ်သူအား ကျိန်ဆဲဖို့ လက်မခံနိုင်သေးပေ။

…

အခန်း (၄၁၃) တစ်ယောက်ထဲမအောင်မြင်နိုင်

စီးဝူယာ့က ဆိတ်ဆိတ်သာနေလေ၏။ သူက ဒေါသမထွက်သွားပေ။ ယင်းကို အသားကျနေပုံပေါ်၏။ သူက အံ့ဩသွားပြီး အမှန်တကယ်ပင် သူ့ဆရာ၏အပြစ်ပေးမှုသည် ယခင်ကနှင့်ယှဉ်လျှင် ပေါ့ပါးသွားသည်ဟု ခံစားမိသည်။ သို့သော် သူ့ရှစ်စွင်း၏စကားများက ယခုအချိန်တွင် ပိုမိုခိုင်မြဲလာလေ၏။ သူမြေပြင်ပေါ်တွင် ဒူးထောက်နေစဉ် သူတို့ရှစ်စွင်း၏ပြောင်းလဲမှုအကြောင်း မင်ရှစ်ရင်နှင့် ကျူးဟုန်ကုန်းပြောခဲ့တာ အမှတ်ရသွားသည်။ ထိုအကြောင်းကို တွေးမိလေလေ သူကပိုပြီးစိတ်ရှုပ်ထွေးမိလာလေဖြစ်၏။ မည်သည့်နည်းနှင့်မဆို ယခုအချိန်တွင် ၎င်းက အရေးမကြီးတော့ပေ။

ရုတ်ရုတ်သဲသဲဖြစ်ရပ်က ကျယ်လောင်လွန်းသောကြောင့်ဖြစ်ဟန်တူသည်။ တွမ့်မူရှန်း၊ မင်ရှစ်ရင်၊ ကျောင်းယွဲ့၊ ရှောင်ယွမ်အာ၊ ဟွားယွဲ့ရှင်းနှင့်ကျန်သည့်သူများသည် အရှေ့ဖက်မျှော်နန်းဆီသို့ ကမန်းကတန်းရောက်လာ၏။

စီးဝူယာ့အကြောင်း စပ်စုချင်နေကြသည့်အမျိုးသမီးကျင့်ကြံသူများစွာလည်းရှိနေသည်။ သူတို့က လှမ်းကြည့်ရန်အဝေးကနေရပ်နေလေ၏။

မည်သူမှ ဘာမှမပြောရသေးခင် လုကျိုး၏အသံက အားလုံး၏နားထဲရောက်လာသည်။

“သူ့အတွက် တောင်းပန်ပေးရဲတဲ့သူတိုင်း ထပ်တူအပြစ်ပေးခံရမယ်”

ခေါင်းမာသော တပည့်ကို သွန်သင်ဆုံးမရာ၌ မည်သူ့ကိုမဆို ကြားဝင်စွက်ဖက်ခွင့်ပေးမှာမဟုတ်ပေ။

မင်ရှစ်ရင်က တံခါးပျက်စီးနေတာကိုမြင်ပြီးပြုံးလျက်ပြော၏။

“ရှစ်စွင်း ကျွန်တော် သူ့အတွက် ဘယ်တော့မှ မတောင်းဆိုပေးဘူး။ တကယ်တော့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရသင့်တယ်လို့ ကျွန်တော်ထင်နေတာ”

“…”

ကျန်သည့်သူများက စကားပြောရန်သတ္တိမရှိကြပေ။

“မင်း စကားများနေတာပဲ” လုကျိုးက လှေကားအောက်သို့ဆင်းလိုက်၏။

မင်ရှစ်ရင်က ပါးစပ် ချက်ချင်း ပိတ်သွားတော့သည်။

မှောင်နေလေပြီ။ အရိပ်များက အရှေ့ဖက်မျှော်နန်းထဲ ထင်ဟပ်နေသည်။

စီးဝူယာ့သည် လူအုပ်ကြီးကြောင့် ရှက်ရွံ့မသွား။ သူ၏ကျောက မတ်မြဲတိုင်းမတ်နေလျက် မြေပြင်ပေါ်တွင် ဒူးထောက်နေသည်။ လှေကားပေါ်မှ ဆင်းလာသည့် သူ၏ရှစ်စွင်းကို ကြည့်လိုက်ရာ သူသည် အကန့်အသတ်နား ရောက်နေသည့်အဘိုးအိုကို မြင်လိုက်ရ၏။

လုကျိုးက စီးဝူယာ့ရှေ့တွင် လက်နောက်ပစ်လျက်ရပ်လိုက်သည်။ ခဏအကြာတွင်စီးဝူယာ့သည် အချိန်ကို နောက်ပြန်ဆုတ်သွားသလို ခံစားလိုက်ရ၏။ ထိုစဉ်က ငယ်ရွယ်သေးသည်။ အမှားများအတွက် အပြစ်ပေးသည့်အနေဖြင့် ဒူးထောက်ခဲ့ရသည်။ ထိုချိန်မှစပြီး နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့၏။ ထိုသို့တိုင် ယခုဤနေရာတွင် သူက တူညီသည့်အနေအထားတွင် ပြန်ရောက်နေပီး တူညီသည့် အခိုက်အတန့်ကိုကြုံတွေ့နေရ၏။

“မင်းက လောကကြီးပရမ်းပတာဖြစ်အောင်အကွက်ချခဲ့တယ်။ ပြီးရင် ဘာလုပ်မှာလဲ” ယခုဆို လုကျိုး၏အသံက ပိုတည်ငြိမ်လာပြီဖြစ်သည်။

စီးဝူယာ့သည် မိစ္ဆာဝေဟင်မျှော်နန်းထဲမှ ထွက်သွားပြီးချိန်မှစပြီး သူ၏ရှစ်စွင်းအကြောင်း သိခဲ့သမျှ အရာအားလုံးသည် တဆင့် သတင်းပေးပို့ချက်များသာ ဖြစ်သည်။ ထို့အပြင် မဟူရာကွန်ယက်၏လက်တံသည် မိစ္ဆာဝေဟင်မျှော်နန်းဆီသို့မရောက်ခဲ့။ မည်သည့်နည်းနှင့်မဆို သူ့ရှစ်စွင်းက အတိတ်တုန်းကလူနှင့် လုံးဝကွဲပြားခြားနားသွားပြီဆိုတာ သူယုံ၏။ သူက ပြောလိုက်သည်။ “တာ့ရှစ်ရှိုးက ကမ္ဘာကြီးကို စိုးမိုးချင်တယ်။ ဒါကြောင့် ကျွန်တော် သူ့ကိုကူညီပေးတာ”

“ယွီကျန့်ဟိုင်ကြောင့်ပဲလား” လုကျိုးက စီးဝူယာ့ကို တွေးတွေးဆဆ စေ့စေ့စပ်စပ်ကြည့်လိုက်၏။ သူ၏လေသံသည် ယွီကျန့်ဟိုင်အကြောင်းထည့်ပြောချိန်၌ ပိုတောင်ထက်နေပုံပေါ်သည်။

စီးဝူယာ့က ပြောလိုက်သည်။ "တာ့ရှစ်ရှိုးက ကမ္ဘာကြီးကို စိုးမိုးတဲ့အချိန်ကျမှ လက်စားချေလို့ရမှာ။ အံ့ဖွယ်မြို့တော်ကို ချေမှုန်းမှပဲ ကျွန်တော်တို့တွေ ...” သူက စကားပြောရပ်တန့်လိုက်၏။

လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်သည်။ “ယွီကျန့်ဟိုင်က လက်စားချေဖို့အတွက် မိစ္ဆာဝေဟင်မျှော်နန်းကနေထွက်သွားတာလား”

“ဟုတ်ပါတယ်” “ငါ့ကို လိမ်ရလွယ်တယ်လို့ထင်နေတာလား” လုကျိုး၏လေသံက ယခုချိန်တွင် တည်ငြိမ်လွန်းနေ၏။ စီးဝူယာ့သည် ယခုအချိန်တွင် သည်းမခံနိုင်သည့်ဖိအားကျရောက်နေသည်ကို ခံစားမိလိုက်သည်။

လက်စားချေရန်အတွက်ဆို သူသည် အံ့ဖွယ်မြို့တော်ကို အဘယ်ကြောင့်ချေမှုန်းရန်လိုမည်နည်း။ ငရဲဂိုဏ်း၏လက်ရှိခွန်အားဖြင့် သူတို့အဖွဲ့ဝင်များသိန်းသောင်းချီကိုရွေ့ပြောင်းချိန်၌ လို့လန်ကို ပြားပြားဝပ်ဝပ်စေဖို့က မဖြစ်နိုင်တာမဟုတ်ပေ။ လို့လန်သည် စုန်းအတတ်ဖြင့်အုပ်စိုးပြီး တိုင်းပြည်တစ်ပြည်သာဖြစ်၏။ သူတို့သာ စစ်ထွက်မည်ဆိုလျှင် တာ့ယန်နောက် နောက်ကောက်ကျန်နေဦးမှာဖြစ်သည်။

“ကျွန်တော်မလုပ်ရဲပါဘူး။ မလိမ်ရဲပါဘူး” စီးဝူယာ့က ပြန်ပြောလိုက်၏။

လုကျိုးက စီးဝူယာ့ကိုစိုက်ကြည့်လိုုက်သည်။ သူသည် လျန်စီရင်စုရှိတိုက်ပွဲအတွင်း စီးဝူယာ့ကို ကူညီလိုက်ခြင်းက စီးဝူယာ့ကို မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ပြန်လာစေရန်အတွက်သာဖြစ်သည်။ စီးဝူယာ့၏ သစ္စာရှိမှုက တက်မလာသလိုပြောင်းလဲသွားခြင်းမရှိပေ။

အမည်။ ။ စီးဝူယာ့

လူသား။ ။ တာ့ယန်

နယ်ပယ်။ ။နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်

စီးဝူယာ့သည် လုကျိုးပျိုးထောင်ပေးခဲ့သည့် လူမိုက်ဖြစ်သည်။ တပည့်တိုင်းက အရင်တပည့်ထက် ပိုမိုခေါင်းမာသည်။

“ယွီရှန်းရုန်က ငါ့ကို မပြောဘူး။ မင်းကလည်း ငါ့ကိုမပြောဘူး။ ယွီရှန်းရုန်က ယွီကျန့်ဟိုင်နဲ့ တခါမှ အတူရှိမှာမဟုတ်ဘူး။ ဘယ်သူမှန်တယ် မှားတယ်လို့ထင်လဲ” လုကျိုးကမေးလိုက်၏။

“နှစ်ယောက်လုံးမမှန်ပါဘူး”

“တာ့ရှစ်ရှိုးက သူ့ရဲ့နည်းလမ်းတွေကပြင်းထန်လွန်းတယ်။ သူ့ရဲ့ပန်းတိုင်ကိုရဖို့အတွက် ဘာကမှ မဟန့်တားနိုင်ဘူး။ အာ့ရှစ်ရှိုးက သိပ်ကိုသံယောဇဉ်ကြီးလွန်းတယ်။ သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သံမဏိစည်းမျဉ်းတွေကို မသွေဘူး။ သူတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက် သဘောမကျပေမဲ့ သူတို့အမြင်တူတာ တစ်ခုတော့ရှိတယ်။ သူတို့တွေက မိစ္ဆာဝေဟင်မျှော်နန်းကို စော်ကားတဲ့သူတွေကို သက်ညှာပေးမှာမဟုတ်ဘူး။

လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့လိုက်၏။ "မင်ရှစ်ရင်”

“ဟုတ်ကဲ့ ရှစ်စွင်း”

“သူ့ပါးစပ်ကို ရိုက်လိုက်”

“အမ်း ...” မင်ရှစ်ရင်က အနည်းငယ်အံ့ဩထိတ်လန့်သွား၏။ သူတွေဝေနေလေသည်။ စီးဝူယာ့၏ပါးစပ်ကို သူ့ကိုရိုက်ခိုင်းရသည့်အကြောင်းအရင်းကို မသိပေ။ သူ့ရှစ်စွင်း၏ စိတ်အပြောင်းအလဲက မြန်လွန်းသည်။

ကျန်သည့်တပည်များကလည်း ဇဝေဇဝါဖြစ်သွားကြ၏။

စီးဝူယာ့ကပြောလိုက်သည်။ "ကျွန်တော့ဖာသာကျွန်တော်ရိုက်မယ်” သူ့ကိုယ်သူရိုက်သည့်အချိန် လေထဲတွင်ကျယ်လောင်သည့်အသံပေါ်လာ၏။

“မင်း မှားတယ်ထင်လား” လုကျိုးက မေး၏။

“မလုပ်ရဲပါဘူး”

“မိစ္ဆာဝေဟင်မျှော်နန်းကို စော်ကားခဲ့တဲ့လူတွေက သက်ညှာမှုမရှိဘူးတဲ့လား” လုကျိုးက ခေါင်းခါပြီး ထူးမခြားနား ပြောလိုက်၏။ "ထိပ်သီးဂိုဏ်းဆယ်ဂိုဏ်းရဲ့လက်ရွေးစင်တွေက ငါ့ကို နှစ်ခါတိုက်ခိုက်ခဲ့တယ်။ အဲ့ဒီတုန်းက မင်းတို့ ဘယ်ရောက်နေကြလဲ”

စီးဝူယာ့က ဆွံ့အသွားတော့၏။ လုကျို၏အသံက ပိုနက်ရှိုင်းလာတော့သည်။

“ငါ့အနားမှာ ရှိနေသရွေ့မင်းတို့ တညလေးတောင် စိတ်အေးလက်အေးမနေနိုင်ဘူးမလား။ နေနိုင်လို့လား”

“ကျွန်တော်မပြောရဲပါဘူး။" စီးဝူယာ့က ချက်ချင်းကြည်လင်သောအသံဖြင့်ပြောလျက် အရိုအသေပေးလိုက်သည်။ “ဆရာကြီးဆယ်ယောက်ရဲ့တိုက်ခိုက်မှုက မှန်းဆလို့မရပါဘူး။ ဒီအဖြစ်အပျက်ပြီးတဲ့နောက် တာ့ရှစ်ရှိုးက ပါဝင်ခဲ့တဲ့ဂိုဏ်းတွေကို တိုက်ခိုက်ခဲ့တယ်။ ရှစ်ကျဲကျောင်းယွဲ့က ယူနန်မြို့ရဲ့အထွတ်အမြတ်ယဇ်ပလ္လင်မှာ ဓားစာခံအဖြစ်ဖမ်းခံခဲ့ရတဲ့အချိန် အာ့ရှစ်ရှိုးက သွားပြီး လက်ရွေးစင်တွေအများကြီး သတ်ဖြတ်ပေးခဲ့တာ”

“မင်းက မိစ္ဆာဝေဟင်မျှော်နန်းအပေါ်သစ္စာရှိမှု မယိမ်းယိုင်ဘူးဆိုမှတော့ သလင်းနဲ့ အံ့ဖွယ်မြို့တော်အကြောင်း အမှန်အတိုင်းပြောပြ” လုကျိုးကပြောလိုက်၏။

စီးဝူယာ့က တိတ်သွားတော့သည်။

လုကျိုးက စီးဝူယာ့ နှုတ်ဆိတ်နေလိမ့်မည်ဟု တွေးထင်ထားပြီးသားဖြစ်သည်။ သူက ပြောလိုက်၏။ ဒီတစ်ယောက်တည်း မအောင်မြင်နိုင်ဘူး။ မင်းလိုလူမိုက်ကို တပည့် တော်ထားရတဲ့အတွက် ညဘက် ငြိမ်းငြိမ်းချမ်းချမ်း အနားမယူနိုင်တာငါပဲ”

ထိုစဉ် မင်ရှစ်ရင်က လျှောက်လာ၏။ သူ မပြောဘဲမနေနိုင်တော့ချေ။

“လောင်ချီ ... မင်း ဘာဖြစ်နေတာလဲ”

တွမ့်မူရှန်းက ပြောလိုက်၏။ "လောင်ချီ ... အခုအချိန်မှာ မင်း ပြောတာ မပြောတာ ဘာကွာလို့လဲ။ ရှစ်စွင်းကို ကျေးဇူးတရားသိတတ်ကြောင်းမင်းအမြဲပြောတယ်။ ဒါပေမဲ့ ဒါက တပည့်တစ်ယောက် ရှိသင့်တဲ့ သဘောထားလား”

ကျန်သည့်သူများက တိတ်နေကြသည်။

“အာ့ရှစ်ရှိုး ဘာပြောခဲ့လည်းဆိုတာ မသိပေမဲ့ ကျွန်တော့် ကိုယ်ပိုင် အကဲဖြတ်မှုကို ယုံကြည်တယ်။ ကျွန်တော့်အကဲခတ်မှုတွေက နောင်ကျ မှားယွင်းကြောင်း သက်သေပြနိုင်မယ်ဆိုရင် ကျွန်တော့်ဘဝနဲ့ တောင်းပန်ဖို့ ဆန္ဒရှိတယ်”

မင်ရှစ်ရင်က စိတ်လေသွား၏။ သူက စီးဝူယာ့ဆီလျှောက်လာပြီးပြောလိုက်၏။ “လောင်ချီ ... ငါ့ကိုကြည့် မင်းရဲ့အကဲဖြတ်မှုတွေအားလုံးမမှားယွင်းပါဘူးလို့ အာမခံနိုင်လောက်အောင် ရဲတင်းတယ်ပေါ့။ မဖြေခင် ဂရုတစိုက်စဉ်းစား”

စီးဝူယာ့က အံ့ဩသွားလေ၏။ ကမ္ဘာမြေကြီးရှိအကြီးမြတ်ဆုံးသူတော်စဉ်ကတောင် သူ၏ အကဲဖြတ်မှုများအားလုံး မမှားယွင်းဟု မဆိုရဲချေ။ သူ၏အကဲဖြတ်မှုများအကြောင်း ယုံကြည်ချက် ရှိပင်လျှင် ထိုအချက်ကို သူနားလည် သဘောပေါက်ထား၏။ ရုတ်တရက် ပဒုမ္မာစင်မြင့်အထက်ရှိ မြင်ကွင်းနှင့် နွေဦးစံအိမ်ရှိမြင်ကွင်းတို့ကို တွေးမိသွားသည်။ ထိုအဖြစ်အပျက်နှစ်ရပ်အတွင်း သူ၏အကဲဖြတ်မှုများ မှားယွင်းသည်ဟုခံစားခဲ့မိ၏။ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီးနောက် သူ ယွီရှန်းရုန်ကို ယခင်က မေးခဲ့သည့်မေးခွန်းတစ်ခုကို မေးလိုက်သည်။ “ရှစ်စွင်း ပွင့်ချပ်ကိုးလွှာကို ရယူနိုင်မဲ့နည်းလမ်းတစ်ခုကိုရှာတွေ့ပြီလား”

ထိုစကားကို ကြားသည့်အချိန်၌ လူတိုင်းက လုကျိုးကိုလှည့်ကြည့်လာပြီး သူ၏အဖြေကို စောင့်နေကြသည်။ အဖြေက အရေးကြီးလွန်း၏။ ကျင့်ကြံခြင်းလောကတစ်ခုလုံး၏ လမ်းစဉ်ကို သက်ရောက်နိုင်စေသည်။

ရှိနေသည့်သူများအနက် မင်ရှစ်ရင် တစ်ဦးတည်းသာ ထိုအကြောင်းအရာကို မျှော်နန်းဆောင်အိုကြီး၏ အဖွဲ့ဝင်များ ဆွေးနွေးနေတာကို ကြားခဲ့တာဖြစ်သည်။ ထို့ကြောင့် သူသည် ကျန်သည့်သူများထက် ပိုတည်ငြိမ်၏။

အရှေ့ဖက်မျှော်နန်းတစ်ခုလုံးသည် သင်္ချိုင်းတစ်ခုပမာတိတ်ဆိတ်သွားတော့သည်။

လုကျိုး၏အမူအရာက မပြောင်းလဲပေ။ သူကလက်တစ်ဖက်ဖြင့် မုတ်ဆိတ်သပ်လျက် လက်တစ်ဖက်က နောက်ပစ်ထားလေသည်။

…

အခန်း(၄၁၄) စစ်ဆေးမှုနှင့် မဟာမိတ်

“အမှန်ပဲ … ငါ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်နိုင်မဲ့ နည်းလမ်းကို တွေ့ထားတယ်” လုကျိုးက ပြန်ဖြေလိုက်သည်။ သူ့စကားများက လှိုင်းထောင်ချီ ဖြစ်ပေါ်လာစေသည့် မဲဆွယ်ဟောပြောသူများလို ဖြစ်၏။

မင်ရှစ်ရင်မှလွဲ၍ အားလုံးက တအံ့တဩ အမူအရာ ဖြစ်သွားကြသည်။

အစပိုင်း ပင်ပန်းနေဟန်ပေါ်သည့် စီးဝူယာ့ပင် အားဆေးထိုးခံလိုက်ရသလိုမျိုး ရုတ်ခြည်း တက်ကြွလာသည်။ သူက လုကျိုးအား မျက်လုံးပြူးမျက်ဆံပြူးကာ ကြည့်လိုက်သည်။ သူ့လက်များပင် မထိန်းနိုင်လောက်အောင် တုန်ယင်လာမိသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ …

မင်ရှစ်ရင်က လက်ဝေ့ကာ “တကယ်လို့ ပွင့်ချပ်ကိုးလွှာ ရောက်နိုင်မဲ့ နည်းလမ်းကို ပြောပြရင်တောင် လိုက်လုပ်ရဲကြမှာလား။ အရင်ဆုံး ရွှေကြာကို ဖြတ်တောက်ပစ်ဖို့ လိုတယ်။ အဲလိုလုပ်ရဲကြလား ”

“ရွှေကြာကို ဖြတ်တောက်ရမှာလား” တခြားလူများက အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။

ဤနည်းလမ်းက ယခုအတွက် မှန်းဆချက်တစ်ခုမျှသာ ရှိသေး၏။ လုကျိုးက သူ မလုပ်ခင် တစ်ယောက်ယောက် ကြိုးစားကြည့်စေချင်မိသည်။ သူ့တွင် အကြောင်းပြန်လှန်ကတ်များစွာ ရှိနေသေး၍ ပွင့်ချပ်ကိုးလွှာအဆင့် မရောက်ဘဲ သက်တမ်းဆွဲဆန့်ထားနိုင်သေးသည်။ သူက သူ့တပည့်များအား ပွင့်ချပ်ကိုးလွှာအဆင့် ရောက်စေလိုသော်လည်း ရွှေကြာကို ဖြတ်တောက်လိုက်ခြင်းက သတ်သေခြင်းနှင့် တူညီနေသည်။

မည်သူကမှ အင်မတန် မရဲရင့်သရွေ့ လုပ်ရဲကြမည် မဟုတ်ပေ။ ထို့အပြင် ထိုအရာက အလုပ်ဖြစ်လိမ့်မည်ဟု အာမခံချက် မရှိပေ။ ကူးပြောင်းသူတစ်ဦးအနေနှင့် သူ့သီအိုရီ မှန်ကန်ကြောင်း သက်သေပြဖို့ စမ်းသပ်ခံကြွက်များ လိုအပ်လေသည်။ ပြဿနာကား မည်သူကများ ထိုစမ်းသပ်ခံကြွက်နေရာကို ဝင်ယူရဲကြမည်နည်း။

မင်ရှစ်ရင်က ဦးညွှတ်လိုက်သည်။ ထို့နောက် သူက စီးဝူယာ့အား ကြည့်ကာ မေးလိုက်၏ “ချီရှစ်တိ မင်း လုပ်ရဲလား”

စီးဝူယာ့က တိတ်ဆိတ်လျက်သာ ရှိနေသည်။ သူက မျက်မှောင်ကြုတ်ကာ စဉ်းစားနေလေ၏။ သူ နန်းတော်ထဲ ရှိတုန်းက တစ်ယောက်ယောက်သည် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ရှိဖို့ လေ့လာခဲ့ဖူးသည်ကို ကြားခဲ့ဖူးကြောင်း ပြန်အမှတ်ရလိုက်သည်။ အကယ်၍ ထိုအရာသာ အမှန်ဖြစ်နေလျှင် အံ့ဖွယ်မြို့တော်က ဝှက်ဖဲကြီး ရှိမနေဘူးလား။

တွမ့်မူရှန်းက မေးလိုက်သည်။ “ ရွှေကြာကို ဖြတ်တောက်ဖို့လား။ အဲဒါ ဘယ်လိုနည်းလမ်းမျိုးလဲ”

“ငါ ဘယ်လိုလုပ်သိမှာလဲ။ ရှစ်စွင်းကို မေးကြည့်” မင်ရှစ်ရင်က မျက်လုံးဝေ့ကြည့်ရင်း ပြောလိုက်သည်။

လုကျိုးက မုတ်ဆိတ်သပ်လိုက်ကာ “ ရွှေကြာကို ဖြတ်တောက်လိုက်တာက ပွင့်ချပ်ကိုးလွှာအဆင့် ရဖို့ နည်းလမ်းတစ်ခုပဲ။ ဒါပေမဲ့ မင်း အသက်ကို ဆုံးရှုံးရနိုင်ခြေလည်း ရှိတယ်။ အဲဒါကြောင့် ဘာကိုမှ ပေါ့ပေါ့တန်တန် မတွေးကြနဲ့ ”

အခြားလူများက ခေါင်းညိတ်လိုက်ကြသည်။

လုကျိုးက စီးဝူယာ့အား ကြည့်ကာ “ငါ့အဖြေကို ကျေနပ်ပြီလား”

ထိုအရာကို ကြားပြီး စီးဝူယာ့က တုန်ယင်သွားကာ ဒူးထောက်လိုက်ရင်း “ကျွန်တော် မလုပ်ရဲပါဘူး”

“တပည့်ရဲ့ မေးခွန်းတွေကို ဖြေပေးရမှာ ဆရာတစ်ယောက်ရဲ့ တာဝန်ပဲ … မင်း မေးချင်တာကို ငါ ဖြေပေးမယ်” လုကျိုးက ပြောလိုက်သည်။

တခြားလူများက ထိုစကားကို ကြားစဉ် လုကျိုးက စိတ်သဘောထားကြီးမားသူဟု ခံစားလိုက်ရသည်။

ဤသည်က ဆရာတစ်ယောက် ပြူမူသင့်သည့် ပုံစံမျိုး ဖြစ်၏။

အချုပ်အားဖြင့် စီးဝူယာ့သည် လုကျိုးက သူ့အား လှောင်နေသလို ခံစားရလေသည်။ သူက အကြောက်တရားဖြင့် တုန်ယင်သွားရုံမှလွဲပြီး မတတ်နိုင်ပေ။ သူ့ရှစ်စွင်းက ရှစ်စွင်းသာ ဖြစ်၏။

ဒါပေမဲ့ သူက အရင်လို တပည့် ဟုတ်သေးရဲ့လား …

လုကျိုးက ထပ်ပြောလိုက်သည် “ဒါနဲ့ ငါ ဘယ်လောက်ကြာကြာနေနိုင်မယ်လို့ ထင်ထားလဲ ”

“အဲဒါက …” စီးဝူယာ့၏ အသံက တဖြည်းဖြည်း တိမ်ဝင်သွားလေသည်။ သူက စိတ်ထဲကအတိုင်း ထုတ်ပြောရမည်ကို ကြောက်နေမိသည်။ သူနှင့် အားလုံးသည် လုကျိုး၏ ကန့်သတ်ချက် ချည်းကပ်လာကြောင်း တွေးထားကြသော်လည်း သူ့အတွေးများကို လုကျိုးရှေ့မှောက် ထုတ်မပြောရဲပေ။

စီးဝူယာ့၏ စကားကို မစောင့်ဘဲ လုကျိုးက လက်ရှိအားလုံးကို ကြည့်ကာ ကျယ်ကျယ်လောင်လောင် မေးလိုက်သည် “မင်းတို့အားလုံး ငါ ဘယ်လောက်ကြာကြာ အသက်ရှည်ဦးမယ် ထင်လဲ ”

ခန်းမတစ်ခုလုံးက သုသာန်တစ်စပြင်အလား တိတ်ဆိတ်သွားလေသည်။

လုကျိုးက ထိုမေးခွန်းကို မေးချင်သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သူက စိတ်ဝင်စားဖို့ကောင်းကြောင်း ထင်မိသည်။

လူသားများက တုံးအလာသည်လား ဒါမှမဟုတ် သူတို့က အတားအဆီးများကို မချိုးဖောက်ရဲဘဲ အသားကျနေကြပြီလား ….

အားလုံးက ဆက်လက်၍ တိတ်နေကြသည်။

လုကျိုး ထင်ထားသည့်အတိုင်း သူတို့က မေးခွန်းကို မဖြေရဲကြပေ။ သူက လက်ဝေ့လိုက်ပြီး ပြောလိုက်သည် “ သူ့ကျင့်ကြံဆင့်ကို စည်းပိတ်ထားပြီး ပြန်လည်သုံးသပ်ရေးဂူအတွင်း ပိတ်ထားလိုက် … ပြီးတော့ သူ့ကို အချက်ငါးဆယ် ရိုက်လိုက် ”

“နားလည်ပါပြီ”

“တင်း စီးဝူယာ့ကို အပြစ်ပေးတဲ့အတွက် ကုသိုလ်ရမှတ် ၆၀၀ ရရှိပါတယ် ”

ကျူးဟုန်ကုန်းက စီးဝူယာ့ဆီ လျှောက်လာလေသည်။ သူက စီးဝူယာ့နှင့် ရင်းနှီးသည့်သူ မဟုတ်ပါလော။ သူ့အနေနှင့် စီးဝူယာ့ကို ခေါ်ဆောင်သွားပေးခြင်းက အသင့်တော်ဆုံး ဖြစ်လိမ့်မည်။

အခြားလူများက စီးဝူယာ့အား ကြည့်ကာ ခေါင်းခါလိုက်ကြသည်။ သူတို့က စီးဝူယာ့သည် လုကျိုးကို ဆန့်ကျင်ဖို့ ဘာလို့ ဒီလောက်တောင် ခေါင်းမာနေလဲ နားမလည်နိုင်ပေ။

သူက ဒီလိုမျိုး သူ့ဘာသာ ဘာကြောင့်လုပ်နေရတာလဲ …

စီးဝူယာ့က ထရပ်ကာ ကျူးဟုန်ကုန်းနောက်မှ လိုက်သွားလေသည်။ ထို့နောက် သူက ခြေနှစ်လှမ်း လှမ်းလိုက်ပြီးနောက် ရုတ်ခြည်း ရပ်တန့်သွားသည်။

သူက ပြန်လှည့်မကြည့်ဘဲ ပြောလိုက်၏။

“ လွန်ခဲ့တဲ့ သုံးရက်တုန်းက မဟူရာကွန်ယက်က ဂိုဏ်းကြီးဆယ်ဂိုဏ်းလုံးက မိစ္ဆာသုတ်သင်ရေးဆိုပြီး မဟာမိတ်ဖွဲ့ခဲ့ကြတယ်။ ကောလာဟလတွေအရတော့ အာ့ရှစ်ရှိုး အသတ်ခံရပြီဆိုပြီး ထွက်နေတယ်။ အခု ဖြောင့်မတ်ခြင်းလမ်းစဉ်က ဂိုဏ်းတွေက ပြန်တိုက်ဖို့ ပြင်နေကြပြီ ”

သူ့စကားအဆုံးတွင် ကျူးဟုန်ကုန်းနှင့်အတူ ထွက်သွားလေသည်။

မင်ရှစ်ရင်က မျက်မှောင်ကြုတ်လိုက်၏။

ရှောင်ယွမ်အာက နှုတ်ခမ်းစူကာ “ရှစ်စွင်း အဲဒီလူတွေက စက်ဆုပ်ဖို့ကောင်းလွန်းတယ်။ တပည့်တို့ သူတို့ကို သင်ခန်းစာကောင်းကောင်း ပေးသင့်တယ်”

“ သူတို့ကို သင်ခန်းစာ ဘယ်လိုပေးမှာလဲ” ရှောင်ယွမ်အာက ခေါင်းကုတ်ကာ စဉ်းစားနေသည်။ သူမက လက်သီးလေးကို ဝေ့ယမ်းကာ “သူတို့ကို ဖမ်းပြီးတော့ ခပ်ကြမ်းကြမ်း ရိုက်နှက်ပစ်မယ် ”

လုကျိုးက သူမ၏ အကြံပြုမှုကို သဘောမတူပေ။ သူက ရှောင်ယွမ်အာ၏ သတ်ဖြတ်လိုစိတ်သည် ယခင်လောက် အားမကောင်းတော့သည်ကို သတိထားမိလိုက်၏။ ခဏအကြာတွင် သူက လက်ဝေ့လိုက်ပြီး “ဒီနေ့တော့ ဒီလောက်ပဲ ”

“ရှစ်စွင်း ကောင်းကောင်းအနားယူပါ”

“ ရှစ်စွင်း တပည့်လည်း သွားလိုက်ပါဦးမယ် ”

“မင်ရှစ်ရင် နေခဲ့” လုကျိုးက ပြောလိုက်သည်။

တခြားလူများက အရှေ့ဘက် မျှော်နန်းဆောင်မှ ထွက်သွားကြလေသည်။

မင်ရှစ်ရင်က ကြမ်းပြင်ရှိ ကြေမွနေသော တံခါးကို ကြည့်လိုက်ကာ ရိုရိုကျိုးကျိုး ပြောလိုက်သည် “ကျွန်တော် ပြင်လိုက်ပါ့မယ် ”

လုကျိုးက ခေါင်းညိတ်ကာ ပြောလာသည်။ “မင်းကို တာဝန်နှစ်ခု ပေးစရာရှိတယ် ”

မင်ရှစ်ရင်က သူ့အား တာဝန်နှစ်ခု ပေးအပ်ခံလိုက်ရ၍ ပျော်ရွင်သွားလေသည်။

“ရှစ်စွင်း ပြောသာပြောလိုက်ပါ။ ကျွန်တော် စွမ်းအားကုန်သုံးပြီး တာဝန်ပြီးမြောက်စေရပါ့မယ်။ ကျွန်တော် မီးပင်လယ်ကို ဖြတ်ပြီး ဓားတောင်ကို ကျော်ရရင်တောင် ပြီးမြောက်စေရပါ့မယ် ”

“ပထမတာဝန်က ရွှေကြာကို ဖြတ်တောက်လိုက်ခြင်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်နိုင်တဲ့ နည်းလမ်းဆိုတာ ဖြန့်ရမယ်” လုကျိုးက ပြောလိုက်သည်။

“ဟင်” မင်ရှစ်ရင်က ကြောင်အမ်းသွားလေသည်။

သူတို့က ယွင်ဂိုဏ်းအထိ သွားကာ ဂိုဏ်းသုံးဂိုဏ်း၏ ဂိုဏ်းချုပ်၏ စစ်တုရင်ခုံပေါ်မှ ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်း သင်ယူခဲ့ရခြင်း ဖြစ်ပြီး ဒုက္ခများစွာ ဖြတ်ကျော်ခဲ့ရသည်။

ဒီကိစ္စကို ဘာကြောင့်များ လွယ်လွယ်ထုတ်ပြောရမှာလဲ …

သူက နည်းနည်းလေးမှ နားမလည်တော့ပေ။

လုကျိုးက ပြောလိုက်သည်။

“ရွှေကြာကို ဖြတ်တောက်လိုက်တာက ကိုယ့်ဘာသာ သတ်သေတာနဲ့ အတူတူပဲ။ ဘယ်သူမှ မကြိုးစားကြည့်ဖူးဘူး။ အနည်းဆုံးတော့ ရွေကြာကို ဖြတ်တောက်လိုက်တာက ကျင့်ကြံရေးကို အစကနေ ပြန်စတင်တာနဲ့ ညီမျှတယ်။

အဲဒါအပြင် ငါတို့တွေ ဒါကိုကြိုးစားတဲ့သူတွေဆီက သတင်းတွေရခဲ့ရင် ငါတို့တွေ အသိပညာတိုးလာလိမ့်မယ်”

ဤသည်က တိုးတက်သည့် အတွေးအခေါ် ဖြစ်လေသည်။

ကျင့်ကြံရေးလောကရှိ ကျင့်ကြံသူများက သူတို့၏ ကျင့်ကြံနည်းနှင့် သဘောတရားများကို ပြိုင်ဘက်ကင်း ရတနာအလား အနီးကပ်စောင့်ရှောက်ခဲ့ကြသည်။ နမူနာအားဖြင့် ယွင်ထျန်းလော့သည် သူ့အသက်ဆုံးရှုံးသွားလျှင်ပင် စစ်တုရင်ခုံအား လက်လျော့မည် မဟုတ်ပေ။

ထိုအပြုအမူကြောင့် ကျင့်ကြံရေးလောက၏ တိုးတက်နှုန်းက သိသိသာသာ ကန့်သတ်ခံထားရသည်။ ဗဟုသုတတွေနှင့် အသိပညာများကို ဝေမျှခြင်းက တစ်ယောက်နှင့် တစ်ယောက် နောက်ကျောဓားနှင့် ထိုးသည့် ဖြစ်စဉ်ထက် အကျိုးရှိလေသည်။

သို့သော်လည်း လုကျိုးက သူ သတင်းအမြောက်အများ ရလျှင်ပင် အခြေခံအုတ်မြစ်အတွက် ပေးဆပ်ရမည့် တန်ကြေးက အရိုးများစွာ ဖြစ်ကြောင်း သိလေသည်။

“ကျွန်တော် နားလည်ပါပြီ” မင်ရှစ်ရင်က ပြောလိုက်သည်။

“ဒုတိယတာဝန်က ဂိုဏ်းကြီးဆယ်ဂိုဏ်းကြားက မဟာမိတ်အကြောင်း စုံစမ်းဖို့ပဲ။ အဲဒီအကြောင်းကို ဆက်တိုက် သတင်းပို့နေ” လုကျိုးက ပြောလိုက်သည်။

“ဟုတ် ရှစ်စွင်း ”

…………..…

ထိုစဉ် အံ့ဖွယ်မြို့တော်ရှိ အမြဲစိမ်းနန်းဆောင်အတွင်းတွင်...

အစောင့်တစ်ဦးက စာကြည့်ခန်းထဲ ဝင်လာကာ ကြမ်းပေါ် ဒူးထောက်လိုက်သည်။ သူက လက်နှစ်ဖက်ဖြင့် အမည်စာရင်းတစ်ခုကို ပေးလိုက်ရင်း “အရှင်မင်းကြီး ဒါက ဒီလအတွင်း သေဆုံးသွားကြတဲ့ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူစာရင်းပါ ”

လျိုကုက စုတ်တံကို စားပွဲပေါ် ချလိုက်ကာ “ငါ မဖတ်တော့ဘူး … မောင်မင်းပဲ ဖတ်ပြတော့ ”

“အမိန့်အတိုင်းပါ” အစောင့်က စာရင်းကို ကြည့်လိုက်ရင်း “ ပွင့်ချပ်သုံးလွှာအဆင့်နဲ့အောက် ကျင့်ကြံသူငါးယောက်က သူတို့ရွှေကြာကို မန္တန်နဲ့ ချည်နှောင်ပြီးတော့ ပွင့်ချပ်ပွင့်လာကြပါတယ်။ သူတို့က စွမ်းအားကို မစုပ်ယူနိုင်ဘဲ စွမ်းအားဗဟိုချက် ပေါက်ကွဲပြီး သေဆုံးသွားကြတာပါ။

ပြီးတော့ ရွှေကြာအသွင်ပြောင်းနည်းကို အသုံးပြုပြီး သေဆုံးသွားတဲ့ ပွင့်ချပ်ငါးလွှာအဆင့် ကျင့်ကြံသူသုံးယောက် ရှိပါတယ်။

အသက်ရှည်ဆေးလုံးကို သောက်ထားတဲ့ သက်တမ်း နှစ်ကိုးထောင်ရှိနေတဲ့ ပွင့်ချပ်ခြောက်လွှာအဆင့် ကျင့်ကြံသူတစ်ဦးက ပွင့်ချပ်တစ်လွှာ အတင်းထွက်ဖို့ ကြိုးစားရင်း သေဆုံးသွားပါတယ်”

သူက ဖတ်ပြီးသည့်နောက်တွင် မြေပေါ် ဝမ်းလျားမှောက်လျက်နေလိုက်သည်။

လျိုကုက ခေါင်းညိတ်ကာ “ သူတို့ကို ခမ်းခမ်းနားနား မြှပ်နှံပေးလိုက် … သူတို့ရဲ့ မိသားစုဝင်တိုင်းကို ရွှေချိန်တစ်သောင်းနဲ့ မြေဧက တစ်ထောင် လျော်ကြေးပေးလိုက်”

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး …. တကယ်လို့ သူတို့ ငြင်းဆန်ရင်ရော” အစောင့်က သတ္တိစုကာ မေးလိုက်သည်။ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်ထဲ ဝင်ရောက်ကြသည့် ကျင့်ကြံသူများက သူတို့မိသားစုများအပါအဝင် လောကီကိစ္စများကို အာရုံမစိုက်ကြပေ။

“ ဒါက ငါကိုယ်တော် ပေးနိုင်တဲ့ အများဆုံးပေးကမ်းမှုပဲ … ကျန်တာ မောင်မင်းဆီ အပ်လိုက်ပြီ ”

“ နားလည်ပါပြီ ”

All Chapters