အခန်း (၄၁၈-၄၂၀)
Vol. 28 Ch. 418-420
အခန်း (၄၁၈) ရွှေကြာကို ဖြတ်တောက်ခြင်း
ယဲ့ထျန်းရှင်းက တောင်ပိုင်းအထိ ရောက်လာခဲ့သည်။ သူမက တစ်ရက်၊ တစ်ည ပျံသန်းခဲ့ပြီး နှင်းဖုံးလွှမ်းနေသည့် လွင်ပြင်များနှင့် တောင်တန်းများစွာကို ဖြတ်ကျော်ခဲ့ပြီး ပထမဆုံးအချိန် လူနေထိုင်ရာ အရိပ်အယောင် မြင်လိုက်ရခြင်း ဖြစ်၏။ သူမက ရပ်တန့်လိုက်ပြီး ဝေဟင်အထက် ဝဲပျံနေသည်။
သူမ၏ ပိတုန်းရောင် ဆံကေသာက နှင်းများဖြင့် ဖွေးဖွေးလှုပ်နေပြီး ဖြူဆွတ်နေသည့် ဝတ်စုံဖြူကို ဝတ်ဆင်ထားသည်။ အကယ်၍ အာရုံမစိုက်ထားပါက သူမကို မြင်နိုင်မည် မဟုတ်ပေ။ သူမက ဆက်မပျံတော့ပေ။
သူမရှေ့ရှိ မဟူရာကမ္ဘာက ရှိနေပြီး နောက်တွင် အဖြူရောင်ကမ္ဘာ ရှိနေသည်။ အေးစက်စက် နေရာက အမြဲတမ်း မှောင်မည်းနေခြင်း မဟုတ်သလို နွေးထွေးသည့် နေရာကလည်း အမြဲတမ်း ဖြူဆွတ်နေခြင်း မဟုတ်ပေ။
ခဏအကြာ နှင်းရှုခင်းများကို ခံစားပြီးသည့်နောက်တွင် သူမက ခရီးဆက်လိုက်သည်။ သူမက ကမ္ဘာဦးချီစွမ်းအားကို လှည့်ပတ်ကာ လူအရိပ်အယောင် ရှိရာဆီ တဟုန်ထိုး ပျံသန်းသွားလိုက်သည်။
……………
ထိုစဉ် ရွှေကြာကို ဖြတ်တောက်ခြင်းဖြင့် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရရှိနိုင်သည်ဆိုသော သီအိုရီက တာ့ယန် ကျင့်ကြံရေးလောကတစ်ဝှမ်းလုံး ပျံ့နှံ့နေလေပြီ။ ရုန်ရှီနှင့် ရုန်ပေရှိ တခြားမျိုးနွယ်စုများထံတွင်လည်း ပျံ့နှံ့နေပြီ ဖြစ်သည်။
တခြားမျိုးနွယ်စုများက အမြဲတမ်း ခွန်အားကိုသာ အလေးထားသူ ဖြစ်၍ ထိုကျင့်ကြံရေး သီအိုရီအကြောင်း သိသွားသည့်အခါ တိုင်းပြည် ၁၂ ခုမှ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူများ စုဝေးကာ စတင် စမ်းသပ်ကြတော့သည်။
…………….
တာ့ယန်၏ နေရာတစ်ခုတွင်
ကျင့်ကြံသူများစွာသည် သေရည်သောက်ရင်း စကားပြောနေကြသည်။ သုံးခါလောက် သောက်ပြီးသွားသည့်အခါ သူတို့က ပုံမှန်ပြောဆိုနေကြ စကားခေါင်းစဉ်မှ ကွဲထွက်လာသည်။
“ရောင်းရင်း ရွှေကြာကို ဖြတ်တောက်လိုက်တာက ပွင့်ချပ်ကိုးလွှာအဆင့် ရရှိနိုင်တယ်လို့ ပြောနေတာလား။ ဒါပေမဲ့ အဲဒါက ပွင့်ချပ်ကိုးလွှာတစ်ပိုင်းလို့ ပြောနေတာလား။ ဘာကိုပြောချင်နေတာတုံးဗျာ” ကျင့်ကြံသူတစ်ယောက်က ထူးထူးဆန်းဆန်း အဝတ်များ ဝတ်ဆင်ထားသည့် အမျိုးသားအား မေးလိုက်သည်။
“ ပွင့်ချပ်ကိုးလွှာတစ်ပိုင်းအဆင့်အပြင် ဘာရှိဦးမှာလဲ။ စိတ်ဝိညာဉ်သဏ္ဍာန်က ရွှေကြာမပါဘဲ ဘယ်လိုလုပ် စိတ်ဝိညာဉ်သဏ္ဍာန် ဖြစ်ပါ့မလဲ။ ဖြတ်တောက်ပြီးရင် ရွှေကြာ ထပ်မံရနိုင်မလားဆိုတာ ဘယ်သူကများ သိမှာလဲ။ တကယ်လို့ ဖြစ်နိုင်ရင်တော့ အစစ်အမှန် ပွင့်ချပ်ကိုးလွှာအဆင့်လို့ ယူဆနိုင်တာပေါ့လေ” ထူးထူးဆန်းဆန်း အဝတ်များ ဝတ်ဆင်ထားသည့် အမျိုးသားက ပြောလိုက်သည်။
“ ခင်ဗျားပြောတာလည်း ဟုတ်တာပဲ။ ဒါပေမဲ့ ပြဿနာက ရွှေကြာဖြတ်တောက်ပြီးရင် အသက်ရှင်နိုင်လို့လား ”
“ အဲဒါအတွက် နည်းလမ်းတော့ရှိမှာပေါ့။ ဘာဖြစ်ဖြစ် ရွှေကြာဖြတ်တောက်တောက်၊ မတောက်တော်က သေတဲ့သူတွေကတော့ ရှိနေတာပဲလေ။ တကယ်လို့ ခင်ဗျားဆိုရင် စမ်းကြည့်မှာလား ”
“ ခင်ဗျား ပြောတာ အဓိပ္ပါယ်ရှိတယ်” ထိုစဉ် ဘေးမှ လူတစ်ယောက်က လက်နှစ်ဖက်ယှက်ကာ “ခင်ဗျားက ဗဟုသုတကြွယ်ဝတဲ့လူပဲ။ ခင်ဗျားရဲ့ နာမည်ကို သိခွင့်ရမလား ”
“ကျုပ်နာမည်က ဘာမှအရေးမပါပါဘူး။ ကျုပ်မျိုးရိုးနာမည်က ရီပါ … ”
“ရောင်းရင်းရီရဲ့ စကားကို နားထောင်ရတာ ဆယ်စုနှစ် စာဖတ်တာထက်တောင် ပိုကောင်းသေးတယ်”
“ …” မင်ရှစ်ရင်က ခေါင်းခါလိုက်သည်။ သူ့တွင် ချီးကျူးမှုကို လက်ခံရုံမှအပ ရွေးချယ်စရာ မရှိပေ။
သူက ထပ်ပြောလိုက်၏ “ ဒါနဲ့ ဂိုဏ်းကြီးဆယ်ဂိုဏ်းက ပူးပေါင်းပြီးတော့ မိစ္ဆာသုတ်သင်ရေး မဟာမိတ် ဖွဲ့ထားတယ်ဆို … ”
“ ပြောရရင်တော့ ၇ ဂိုဏ်းတည်းပါ။ သမာသမတ်ဂိုဏ်း၊ ကျင့်မင်တာအိုဂိုဏ်းနဲ့ ကောင်းကင်ဓားဂိုဏ်းက မရှိတော့ဘူးလေ” တစ်ယောက်က ပြောလိုက်သည်။
မင်ရှစ်ရင်က သဘောမတူစွာ ပြောလိုက်သည်။ “ အဲခုနှစ်ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို စိန်ခေါ်ပြီး ကိုယ့်သေတွင်းကို တူးနေကြတာ မဟုတ်ဘူးလား”
ထိုသူများက မင်ရှစ်ရင်၏ စကားကို ကြားကာ လှည့်ကြည့်လာကြသည်။ သူတို့က မင်ရှစ်ရင်၏ စကားများကို သဘောမတူပေ။
သူ့အသံ ပျောက်လွင့်သွားခိုက် ….
“ရောင်းရင်းရီ … မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ခေါင်းဆောင်က ကန့်သတ်ချက်ရောက်နေပြီလေ။ အဲဒါကြောင့် ဂိုဏ်းခုနှစ်ဂိုဏ်းက အရင်ကလို မဟုတ်တော့ဘူး”
“အိုး ” မင်ရှစ်ရင်က လိုလိုလားလား နားထောင်ချင်ယောင်ဆောင်လိုက်သည်။
“တွေးကြည့်လိုက်ပါဦး … ဂိုဏ်းကြီးဆယ်ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို အနိုင်ပိုင်းဖို့ ကြိုးစားတိုင်း ကျရှုံးခဲ့တာချည်းပဲ။ သူတို့က နှစ်ခါတောင် ဆိုးဆိုးရွားရွား ရှုံးနိမ့်ထားတာနော်။ ဒီတစ်ခါ သူတို့က သတိကြီးကြီးထားပြီး ကောင်းကောင်းပြင်ဆင်ထားလိမ့်မယ်ဆိုတာ သေချာတယ်”
မင်ရှစ်ရင်က ခေါင်းညိတ်ကာ “ခင်ဗျားပြောတာလည်း ဟုတ်တာပဲ”
“ လွန်ခဲ့တဲ့ နှစ်ရက်လောက်က သွမ့်လင်းအဖွဲ့ခွဲရဲ့ တပည့်တွေက သူတို့ခေါင်းဆောင်ကို သီးသန့်လေ့ကျင့်နေတာကနေ ထွက်လာအောင် ဖိတ်ခေါ်နိုင်ခဲ့တယ်တဲ့”
“ခေါင်းဆောင်လား ”
“ ဓားနတ်ဆိုး ယွီရှန်းရုန်က သူတို့ဂိုဏ်းချုပ် ချန်းကျန့်ကို သတ်ထားတာလေ။ သူတို့ခေါင်းဆောင် ချန်းယန်က ဝင်ပါရုံကလွဲပြီး ရွေးစရာ မရှိတော့ဘူး။ ဒီချန်းပေ့က အသာလေး လွတ်ပေးမှာ မဟုတ်ဘူး .. ပြောရရင် သူရဲ့ ဆက်ခံသူ အသတ်ခံလိုက်ရတာမလား ”
မင်ရှစ်ရင်က ထိုအကြောင်းကို ကြားပြီး ရယ်မောလိုက်သည် “သူက သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေပြီ။ သူက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ဘယ်လိုလုပ် ရင်ဆိုင်မှာလဲ။ ချန်းယန်ရဲ့ ကျင့်ကြံဆင့်က ပျက်ယွင်းလာပြီ မဟုတ်ဘူးလား”
မင်ရှစ်ရင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့်လူက ဘယ်ညာကြည့်လိုက်ပြီး “ အခုမတူတော့ဘူး။ သွမ့်လင်းအဖွဲ့ခွဲမှာ ကာကွယ်ပေးထားတဲ့ အစီအရင်တွေ မရှိပေမဲ့ ဘယ်သူမှ ပြဿနာမရှာရဲတာလဲ သိလား”
“ကောင်းကင်ကျုံးကြောင့် မဟုတ်ဘူးလား ”
“ ကျုံးက ဘာများလုပ်နိုင်မှာလဲ … တကယ်တော့ …” ထိုလူက အသံတိုးလိုက်ကာ “သွမ့်လင်းအဖွဲ့ခွဲမှာ ကမ္ဘာဦးမိစ္ဆာဆေးရည် ပိုင်ဆိုင်ထားတယ်တဲ့လေ ”
“ …” မင်ရှစ်ရင်က မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်ရင်း “ သွမ့်လင်းအဖွဲ့ခွဲက ပင်မအဖွဲ့ မဟုတ်ဘူးလေ။ ဂိုဏ်းကြီးဆယ်ဂိုဏ်းက ဟာသတစ်ခု ဖြစ်မနေဘူးလား။ သူတို့က ဘယ်လိုလုပ် အဲဒီဆေးရည်ကို ရတာလဲ”
“ ကျုပ် မသိပေမဲ့ ကြားထားတာပဲ” ထိုအမျိုးသားက ရယ်မောရင်း ပြောလိုက်သည်။
“ မိစ္ဆာသုတ်သင်ရေး မဟာမိတ်ထဲမှာ တခြားအဖွဲ့ဝင်အကြောင်းရော သိလား” မင်ရှစ်ရင်က မေးလိုက်သည်။
“တခြားဟာတွေက ထည့်ပြောဖို့တောင် မထိုက်တန်တဲ့ ဂိုဏ်းငယ်တွေပါ။ ဂိုဏ်းကြီးတွေကတော့ ရွှေကြာဖြတ်တောက်ခြင်းနဲ့ ပတ်သက်ပြီး လေ့လာရင်း အလုပ်ရှုပ်နေကြတယ် ”
ထိုစဉ် မင်ရှစ်ရင်က ထရပ်လိုက်ကာ “ ကျေးဇူးပါ”
ထိုအမျိုးသားက ပြုံးလိုက်ကာ “ရောင်းရင်းရီ … ကျုပ်တို့အတွက် ငွေရှင်းပေးမှာမလား ”
တခြားလူများကလည်း မင်ရှစ်ရင်အား မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။ သူတို့က ယခင်ရက်ပိုင်းအတွင်း မျိုးရိုး ရီဖြစ်သူနှင့် သတင်းအချက်အလက်များစွ ဝေမျှပေးခဲ့သည်။ သူက မိစ္ဆာကိုးယောက်ကြား စတုတ္ထမြောက် မိစ္ဆာဖြစ်သည့် မင်ရှစ်ရင်နှင့် ပတ်သက်သည့်အကြောင်းကိုပင် အထူးပြောပြခဲ့သေးသည်။ သူ့စကား နားထောင်ရသည်မှာ စိတ်ဝင်စားဖို့ကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် ပျင်းလာခဲ့ကြသည်။ သူက သူတို့ဆီမှ သတင်းအချက်အလက်များစွာ ရရှိသွားသောကြောင့် သူတို့အတွက် ပြေစာရှင်းခိုင်းသည်က အများကြီးတော့ မဟုတ်ပေ။
မင်ရှစ်ရင်က သူတို့အားလုံးကို ကြည့်လိုက်ကာ “ဘာတွေပြောနေတာလဲ။ ကျုပ်က ကျုပ်သေရည်အတွက် ဝယ်မတိုက်ခိုင်းနဲ့တင် ရက်ရောနေပြီကို … ခင်ဗျားတို့အတွက် ကျုပ်ကို ပေးခိုင်းချင်ကြတာလား”
ထို့နောက် သူက စကားအဆုံးတွင် ထိုသူများ၏ ပြန်အဖြေကိုပင် မစောင့်ဘဲ ထွက်လာလိုက်သည်။
တခြားသူများက ကြောင်အမ်းအမ်းဖြင့် ကျန်နေခဲ့ကြသည်။
……………
အံ့ဖွယ်မြို့တော်ရှိ အမြဲစိမ်းနန်းဆောင်
လျိုကုက စာကြည့်ခန်းထဲ ပုံမှန်အတိုင်း စုတ်တံတစ်ချောင်းဖြင့် ရေးနေသည်။ သူ့စုတ်တံတစ်ချက်အဝေ့တွင် “ မျိုးနွယ်စုတစ်သောင်း ပေါင်းစည်းခြင်း” ဆိုသော စာသားကို ရေးသားလိုက်၏။
ထိုစဉ် အစောင့်တစ်ယောက်က စာကြည့်ခန်းထဲ ဝင်လာသည်။ သူက ဒူးထောက်လိုက်ကာ “အရှင်မင်းကြီး ရွှေကြာကို ဖြတ်တောက်ဖို့ ကြိုးစားတဲ့ ပထမအသုတ်ရဲ့ ရလဒ် ထွက်လာပါပြီ ”
“ လျှောက်တင်စေ ”
“ရွှေကြာကို ဖြတ်တောက်လိုက်တဲ့ ကျင့်ကြံသူဆယ်ယောက် ရှိပါတယ်။ ပွင့်ချပ်သုံးလွှာ တစ်ယောက်၊ ပွင့်ချပ်နှစ်လွှာ ငါးယောက်နဲ့ ပွင့်ချပ်တစ်လွှာ လေးယောက်တို့ပါ။ ကိုးယောက်က နာကျင်မှုကြောင့် သေဆုံးသွားကြပြီး တစ်ယောက်ပဲ ရှင်ကျန်ခဲ့ပါတယ်”
အစောင့်က ပြောနေရင်း စိတ်လှုပ်ရှားသည့် အရိပ်အယောင်ကို မြင်တွေ့နိုင်လေသည်။
လျိုကုက စုတ်တံဖြင့် ရေးဆွဲနေဆဲ ဖြစ်ပြီး ထပ်ပြောလိုက်သည်။ “ထပ်လျှောက်စမ်း”
“ ကျင့်ကြံသူဆယ်ယောက် …”
“နောက်ဆုံးအပိုင်းပဲ ပြော ”
“တစ်ယောက် အသက်ရှင်ပါတယ်” အစောင့်က ထပ်တင်ပြလိုက်သည်။
လျိုကု ပါးပြင်ရှိ ကြွက်သားများက သိသိသာသာ တွန့်သွားလေသည်။ သူ့မျက်ဝန်းထဲ စိတ်လှုပ်ရှားသည့် အရိပ်အယောင်ကို မြင်တွေ့နေရ၏။ သူက ရွှေကြာကို ဖြတ်တောက်ပြီးသည့်နောက်တွင် အသက်ရှင်နိုင်ခြေရှိလားဟု ဆုံးဖြတ်နိုင်ရန် စမ်းသပ်မှုပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။ နှစ်များစွာ လေ့လာပြီးသည့်နောက်တွင် ရွှေကြာက စွမ်းအားနှင့် အသက်ဓာတ်ကို စုပ်ယူနိုင်ကြောင်း သိလာခဲ့သည်။ အကယ်၍ ကျင့်ကြံသူကသာ ရွှေကြာကို ဖြတ်တောက်ပြီး အသက်ရှင်နိုင်လျှင် ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားမည်။
လျိုကုက တိုင်းပြည်တစ်ခု၏ ဧကရာဇ်တစ်ပါး ဖြစ်၏။ သူလက်ထဲတွင် တာ့ယန် ရှိလေသည်။ ထိုအကြောင်းကြားလိုက်စဉ်အခါက သူ့ကိုယ်သူ ထိန်းချုပ်ထားဖို့ ခက်လာမိသည်။ ဤနှစ်များတစ်လျှောက်လုံး သူ့ဦးနှောက်ဖောက်ထွက်မတတ် ပွင့်ချပ်ကိုးလွှာအဆင့် ရောက်နိုင်ခြေကို တွေးခဲ့ရသည်။ သူက နည်းလမ်းအမျိုးမျိုးဖြင့် စမ်သပ်ခဲ့ဖူးသော်လည်း မည်သည်မှ မအောင်မြင်ခဲ့ပေ။
သူက တဖြည်းဖြည်း စိတ်ဓာတ်ကျလာမိသည်။ သို့သော်လည်း ယခုတွင် သူ့သုတေသနက ရလဒ် ပေါ်ထွက်လာပြီ ဖြစ်၏။ သူ့အနေနှင့် မည်သို့စိတ်မလှုပ်ရှားဘဲ နေမည်နည်း။
“အရှင်မင်းကြီး ဂုဏ်ပြုပါတယ်” အစောင့်က ပြောလိုက်သည် “အသက်ရှင်ကျန်သူမှာ အားကောင်းတဲ့ တည်ဆောက်ပုံမျိုး ရှိပါတယ်။ သူ့ပါရမီနဲ့ အခြေခံက ကျန်လူတွေထက် ပိုကောင်းတယ်။ အဲဒါကြောင့် သူ အသက်ရှင်ကျန်ခဲ့တာပါ …. ကျွန်တော် သူ့ဆီ တော်ဝင်သမားတော်ကို လွှတ်ထားပြီးပါပြီ”
“ အရမ်းကောင်းတယ်” လျိုကုက ချီးကျူးလိုက်သည်။
အစောင့်ကလည်း ပျော်ရွင်နေမိ၏။
လျိုကုက ထပ်ပြောလိုက်သည်။ “သူ့ကို ဘယ်လိုပဲဖြစ်ဖြစ် အသက်ရှင်အောင်ထား”
“နားလည်ပါပြီ”
“သေဆုံးသွားတဲ့ လူတွေရဲ့ မိသားစုဝင်တွေကို သဘောတူညီချက်အတိုင်း လျော်ကြေးပေးလိုက်”
“ဟုတ်ကဲ့ပါ ”
အံ့ဖွယ်မြို့တော်က အမြဲတမ်း ထိုစမ်းသပ်ချက်များကို လျို့ဝှက်ထားခဲ့သည်။ မည်သူကမှ မသိကြပေ။ ဤတစ်ကြိမ်လည်း ခြွင်းချက် မဟုတ်ပေ။
အစောင့်က စာကြည့်ခန်းထဲမှ သတိကြီးစွာ ထွက်သွားလိုက်ပြီး ဘယ်ကြည့်ညာကြည့်ဖြင့် နေရာတစ်ခုဆီ ဦးတည်လိုက်သည်။
……………..
စာကြည့်ခန်းအတွင်း လျိုကုက ယခင်ထက် ပိုမိုတက်ကြွနေသည်။
“ တကယ်လို့ ရွှေကြာကို ဖြတ်တောက်ပြီး အသက်ရှင်နိုင်မယ်ဆိုရင် ပွင့်ချပ်ကရော ”
သူတို့က နောက်အဆင့်နှင့်ပတ်သက်ပြီး စမ်းသပ်ချက်များ ထပ်လုပ်ရမည် ဖြစ်သည်။ ယခု ရွှေကြာကို ဖြတ်တာက်ခြင်းဖြင့် အသက်ရှင်နိုင်ကြောင်း သက်သေပြခဲ့လေပြီ။ သူတို့က အောင်မြင်နှုန်းကို မြင့်တင်နိုင်လေသည်။ ဆေးလုံးအကူအညီဖြင့် ဖြစ်စေ သို့မဟုတ် တားမြစ် ပညာရပ်များဖြင့် ဖြစ်စေ ကျင့်ကြံသူသာ အသက်ရှင်နေသရွေ့ ပွင့်ချပ် ထပ်မံ ထွက်လာနိုင်သည်။
လျိုကုက သူ ရေးလိုက်သည့် စာလုံးကို ပြန်ကြည့်လိုက်ပြီး သူရဲကောင်းဆန်ဆန် ခံစားမိလိုက်သည် “ငါ ပွင့်ချပ်ကိုးလွှာအဆင့ ရောက်ရင် ငရဲဂိုဏ်း ဆယ်ဂိုဏ်း ဖြစ်နေရင်တောင် ငါ့အတွက် ဘာမှမဟုတ်တော့ဘူး ”
……………
မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဘက် မျှော်နန်းဆောင်အတွင်း
လုကျိုးက ကောင်းကင်ကျမ်းကို ဆင်ခြင်ပြီးသည့်နောက်တွင် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ် စွမ်းအားက ယခုအခါ အပြည့်အဝ ပြန်ဖြစ်သွားလေပြီ။ ထိုစဉ် ကျောင်းယွဲ့၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာ၏။
“ရှစ်စွင်း တောင်ခြေမှာ တစ်ယောက်ယောက်က ရှစ်စွင်းဆီ တစ်ခုခု လာပို့ပါတယ်တဲ့ ”
“ဘာလဲ”
“အထုပ်လေးပါ … ကြည့်ရတာ စာရွက်လိုမျိုးနဲ့ သရေစာလိုမျိုးပဲ ”
သရေစာတဲ့လား …
လုကျိုး၏ သိချင်စိတ်က မြင့်တက်သွားသည်။ ဤနှစ်များတစ်လျှောက်လုံး သူ့တပည့်များက သူ့အား အရသာရှိသည့် အစားအစာမျိုး မပေးဖူးကြပေ။ လရောင်ဆွတ် နန်းဆောင်၏ အမျိုးသမီး ကျင့်ကြံသူများ တောင်ပေါ်တွင် နေသည့်အခါမှသာ အခြေအနေက တိုးတက်လာခဲ့သည်။
“ငါ့ဆီ ယူခဲ့လိုက် ”
“ဟုတ်” ကျောင်းယွဲ့က တံခါးကို သေချာဖွင့်လိုက်သည့်အခါ သူမ၏ ရှစ်စွင်းက ပြတင်းပေါက်ရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူမက စာရွက်နှင့် အစားအစာကို စားပွဲပေါ် တင်ပေးလိုက်သည်။
လုကျိုးက လှည့်ကြည့်လိုက်ပြီး သီးသန့်စာရွက်များကို မြင်လိုက်သည့်အခါ အနည်းငယ် အံ့အားသင့်သွားလေသည်။ ဤသည်က ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်း ဖြစ်နေသည်။
“တင်း … ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်း(အနောက်) ကို ရရှိပါတယ်။ ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းကို ပေါင်းစပ်ချင်ပါသလား ”
…
အခန်း (၄၁၉) စီးဝူယာ့ကို သင်ပြပေးခြင်း
စနစ်အသိပေးသံက လုကျိုးမှန်ကန်ကြောင်း သက်သေပြလိုက်၏။ သူသည် ကောင်းကင်ကျမ်းစာ စာလိပ်များကို ပေါင်းစည်းရန် အလျင်မလိုပေ။ ထိုအစား တစ်ဖက်ရှိသရေစာကိုကြည့်လိုက်၏။
ကျောင်းယွဲ့က ပြုံးလိုက်တော့သည်။ “ကြည့်ရတာ ဒါတွေကို လျှိုရှစ်မေ့ပို့လိုက်တဲ့ပုံပဲ”
ဖုလင်းပင်သည် ယဲ့ထျန်းရှင်းမုန့်လုပ်ရာ၌ အကျွမ်းကျင်ဆုံးအချိုပွဲများထဲမှ တစ်ခုဖြစ်သည်။ ယဲ့ထျန်းရှင်းတောင်ပေါ်တွင် ရှိစဉ်က သူမ၏ရှစ်စွင်းအတွက် ၎င်းတို့ကိုပြုလုပ်ပေးခဲ့ဖူးသည်။ ထို့အပြင် ထိုသို့ပြုလုပ်ပေးခဲ့ခြင်းကြောင်း ယဲ့ထျန်းရှင်းသည် မာယာကျော့ကွင်းကိုရခဲ့တာပဲဖြစ်၏။
ယဲ့ထျန်းရှင်းသည် ထိုအရာကို မှတ်မိနေသေးတာကို လုကျိုးအံ့ဩသွားလေ၏။ လက်ရှိ ကျိထျန်းတောက်ကမူ ယခင်ကျိထျန်းတောက် မဟုတ်တော့ပေ။ သူသည် ဖုလင်းပင်ကို သဘောမကျပေ။ ထို့ကြောင့် သူက လက်ဝေ့ယမ်းလျက် ပြောလိုက်၏။
“မင်းတို့ဖာသာမျှစားလိုက်ကြ”
ကျောင်းယွဲ့က ဇဝေဇဝါပြောလိုက်၏။ "ဟမ် ... ဒါပေမဲ့ လျှိုရှစ်မေ့က ဒါတွေကို ရှစ်စွင်းအတွက် လုပ်ပေးတာလေ။ တပည့်လက်မခံရဲပါဘူး"
“ငါ စားချင်စိတ်မရှိဘူး” လုကျိုးသည် သူ့စိတ်ထဲတွင် ပထမဆုံးရောက်လာသည့်ဆင်ခြေကို သုံးကာပြောလိုက်တော့သည်။
ကျောင်းယွဲ့ကို ထိုစကားကိုကြားချိန်၌ အရိုအသေပေးကာပြောလိုက်တော့သည်။
“ကျေးဇူးပါရှစ်စွင်း” သို့သော် သူမစိတ်ထဲတွင်မူ စိုးရိမ်ပူပန်သွား၏။ ‘ရှစ်စွင်းက စားချင်စိတ် မရှိတော့ဘူး။ ဒါက အသက်ကြီးတဲ့အချိန်မှ ဖြစ်တတ်တာလို့ပြောကြတယ်။ ရှစ်စွင်းရဲ့ မဟာအကန့်အသတ်က တကယ်နီးလာပြီလား’
ကျင့်ကြံခြင်းအပြင်ကျောင်းယွဲ့က အပြင်လောက၏သတင်းများကိုလည်း အမှီလိုက်ထားသည်။ သူမ စိုးရိမ်ပူပန်တာ သဘာဝကျ၏။ ကောလာဟလများက ပေါ်ထွက်လာလေသည်။ သူမတစ်ယောက်တည်းသာ လုကျိုးအကြောင်း စိုးရိမ်ပူပန်နေတာ မဟုတ် ကျန်သည့်တပည့်များနှင့် မျှော်နန်းစောင့်အိုကြီးကလည်း ဖြောင့်မတ်ခြင်းလမ်းစဉ် တံခါးလာခေါက်ချိန်တွင်ပြန်ပြုလုပ်ရမည့် သူတို့အစီအစဉ်အကြောင်းဆွေးနွေးထား၏။
ကျောင်းယွဲ့သည် ဖုလင်းပင်ကို ယူပြီးနောက်ပြောလိုက်သည်။
“စာတစ်စောင်ရှိပါတယ်”
“ငါ သိပြီ” လုကျိုးသည် အထုပ်အတွင်းရှိစာကိုကြည့်လိုက်သည်။
ကျောင်းယွဲ့သည် ကြာကြာမနေရဲတော့ပေ။ သူမက အခန်းထဲကနေ တလေးတစားထွက်သွား၏။
လုကျိုးက စာကိုကောက်ကိုင်ပြီးဖွင့်ကြည့်ကာ စစ်ဆေးကြည့်လိုက်၏။ သူဖတ်လိုက်တော့သည်။
“ချစ်လှစွာသော ရှစ်စွင်း ... ရှစ်စွင်းရဲ့တပည့်ယဲ့ထျန်းရှင်းက အာ့ရှစ်ရှိုးရဲ့တောင်းဆိုချက်အတိုင်း ဒီပစ္စည်းတွေကို မိစ္ဆာဝေဟင်မျှော်နန်းဆီ ပို့ပေးခဲ့တာပါ။ အာ့ရှစ်ရှိုးက ကျိန်စာထိသွားပြီ။ သူ့ရွှေကြာကို ဖြတ်တောက်လိုက်ရပါတယ်။ သူက အခု မုရှီးသင်္ချိုင်းထဲမှာ ပိတ်မိနေပြီး ပြန်လည်ကုစားရင်းနဲ့ ပွင့်ချပ်ပေါက်လာအောင်လုပ်နေပါတယ်။ အာ့ရှစ်ရှိုးက အရာအားလုံး အဆင်ပြေကြောင်း ရှစ်စွင်းကို ပြောပြစေချင်နေပါတယ်။ ကျေးဇူးမသိတတ်တဲ့ ငမိုက်သား ယဲ့ထျန်းရှင်း”
စာကိုဖတ်ရှုပြီးနောက် လုကျိုးက မျက်မှောင်ကျုံ့သွား၏။ သူ့လက်ထဲတွင် ကနဦးချီကို ဝေ့ယမ်းလျက် စာကို မီးရှို့လိုက်တော့သည်။
ဒီတော့ ရွှေကြာကို ဖြတ်တောက်ပြီး အသက်ရှင်ဖို့ဖြစ်နိုင်တာလား။
လုကျိုးက ဖြည်းဖြည်းချင်းထိုင်ချလိုက်သည်။ ဤမတိုင်ခင်က သူကြားခဲ့မိသည့် ကောလာဟလကို မှတ်မိသွားသည်။ သူက ခေါင်းခါပြီးရေရွတ်ပြောလိုက်၏။ “ခေါင်းမာလိုက်တာ” သူ၏ အလျှော့မပေးသော အနေအထားသည် ငယ်ရွယ်သောယွီရှန်းရုန်၏အငွေ့အသက်များပဲ ဖြစ်သည်။ သူက ပြဿနာနှင့်ကြုံတိုင်းသူ့ဖာသာသူ အမြဲတမ်းဖြေရှင်းသည်။
ထိုစဉ် ဖြောင့်မတ်ခြင်းလမ်းစဉ်သည် ရွှေနန်းဥယျာဉ်တောင်ကို တိုက်ခိုက်ရန် မဟာမိတ်ဖွဲ့နေပြီ ဖြစ်၏။ လုကျိုးသည် အစက ရွှေကြာကို ဖြတ်တောက်ရန်အရေးကိစ္စကို ဆွေးနွေးဖို့ မျှော်နန်းစောင့်အိုကြီးကို ဆင့်ခေါ်ချင်ခဲ့သည်။ ပြီးနောက် သတင်းပေါက်ကြားသွားလျှင် မိစ္ဆာဝေဟင်မျှော်နန်းကို ထိခိုက်နစ်နာစေလိမ့်မည်ဟု တွေးခဲ့သည်။ ထို့အပြင် အောင်မြင်နိုင်ချေက နည်းပါးလွန်းပြီး နောက်ဆက်တွဲကပြင်းထန်လွန်း၏။ သီအိုရီကိုဖြန့်ပြီးပြီဖြစ်သောကြောင့် ရလဒ်ကို စောင့်ဆိုင်းရန်သာလိုတော့သည်။
ထိုစဉ် ကျူးဟုန်ကုန်းက မျှော်နန်းအပြင်ဖက်၌ပေါ်လာပြီးအရိုအသေပေးကာပြောလိုက်၏။
“နှုတ်ခွန်းဆက်သပါတယ် ရှစ်စွင်း”
“ဝင်လာခဲ့” လုကျိုးသည်လက်နောက်ပစ်ထားလျက်ရပ်နေကာ ပြတင်းပေါက်ဆီလျှောက်သွားပြီး ကြည့်လိုက်တော့၏။
ကျုးဟုန်ကုန်းက တံခါးဖွင့်ပြီးဝင်လာတော့သည်။ သူကအရိုအသေထပ်ပေးကာ ပြောလိုက်တော့၏။
“ရှစ်စွင်း ကျွန်တော့်မှာ သတင်းကောင်းရှိပါတယ်”
“ပြော”
“ချီရှစ်ရှိုးဆီကနေ မှတ်ဉာဏ်သလင်းအကြောင်း ကျွန်တော်သိခဲ့ရပါတယ်” ကျူးဟုန်ကုန်း၏ လက်ရှိအမူအရာအရ သူသည် ချီးကျူးခံရန်စောင့်နေကြောင်းသိသာသည်။
လုကျိုးက ကျူးဟုန်ကုန်းကိုလှည့်ကြည့်ပြီးထပ်ပြောလိုက်၏။ “နားထောင်နေတယ်”
ကျူးဟုန်ကုန်းသည် ကျားတောင်ရိုးဂိုဏ်းတွင်ရှိစဉ်က စီးဝူယာ့ကို အားအကိုးခဲ့ဆုံးဖြစ်၏။ စီးဝူယာ့သည် ကျူးဟုန်ကုန်းကို တိတ်တဆိတ်ကူညီခဲ့သည်။ သူတို့နှစ်ယောက်လုံးသည် ကျန်သည့်သူများထက် ပိုရင်းနှီး၏။ ကျုးဟုန်ကုန်းအဖို့ သူ့ထံကသတင်းရခဲ့တာပုံမှန်ပဲဖြစ်သည်။
“သူက သလင်းရှိတဲ့နေရာအကြောင်းမသိဘူးလို့ပြောပါတယ်။ ယုံရှီး သို့မဟုတ် ယုံပေ့မှာ ရှိလောက် တယ်။ အဲ့ဒါကို ရှစ်စွင်းကချိတ်ပိတ်ခဲ့တာဆိုတော့ သူသိစရာအကြောင်းမရှိပါဘူး” ကျူးဟုန်ကုန်းက ပြော၏။
လုကျိုးမုတ်ဆိတ်သပ်ကာခေါင်းညိတ်လိုက်၏။ “ဆက်ပြော”
“ကျွန်တော်တို့ တွေးထင်ထားသလိုမဟုတ်တဲ့ ကိစ္စရပ်တွေအများကြီးရှိတယ်လို့သူကပြောတယ်။ သူက အသားကျနေပြီဆိုတော့ အထင်လွဲခံရမှာ ဒါမှမဟုတ် အပြစ်တင်ခံရမှာကို မကြောက်ပါဘူးတဲ့" ကျူးဟုန်ကုန်းက ပြော၏။
“ရှစ်စွင်း ... ချီရှစ်ရှိုးကလေ ကျွန်တော်တို့ကို အရူးတွေလို့သဘောထားတယ်လို့ ကျွန်တော်ဘာကြောင့် ခံစားမိနေတာပါလိမ့်”
လုကျိုးက လက်နောက်ပစ်ထားလျက်ပြောလိုက်သည်။
“သူက သူ့ကိုယ်သူအထင်ကြီးလွန်းနေတာ”
“ဒါ အမှန်ပါပဲ ... သူက တစ်ကမ္ဘာလုံးမှာ ဉာဏ်အကောင်းဆုံးလူလိုမျိုးပြုမူနေပြီး အားလုံးက ငတုံးတွေအတိုင်းပဲ” ကျူးဟုန်ကုန်းကပြောလိုက်၏။
လုကျိုးက လှည့်လာပြီး ကျူးဟုန်ကုန်းကို စိုက်ကြည့်ကာပြောလိုက်တော့သည်။
“တခြားသူနောက်ကွယ်မှာ အတင်းပြောတယ်။ အပြင်သွားပြီး အပြစ်ခံယူလိုက်” သူသည် လောင်ပါ့၌ မျက်နှာနှစ်ဖက်အမူအကျင့်ရှိနေသောကြောင့် လောင်ပါ့ကို သူ သင်ပြပေးရမည်။
ကျူးဟုန်ကုန်းသည် ထိုစကားကိုကြားသောအခါ ချက်ချင်းတုန်ယင်သွားသည်။ အစက ခွင့်လွှတ်ပေးရန် တောင်းဆိုချင်ခဲ့သည်။ သို့သော် သူ၏စစ်ရှစ်ရှိုး သူ့ကိုပြောပြပေးခဲ့တာကို မှတ်မိသွားပြီး အမြန်ပြောလိုက်သည်။
“ကျွန်တော်အမှားလုပ်မိပါတယ်”
“တင်း ... ကျူးဟုန်ကုန်းကို အပြစ်ပေးပြီးပါပြီ။ ဆုလာဒ်ကုသိုလ်မှတ်နှစ်ရာ”
မွန်းတည့်ချိန်တွင် လုကျိုးကရောင်ပြန်ဂူထဲ၌ပေါ်လာ၏။
ဂူအပြင်ဖက်၌ လူအုပ်လေး စုဝေးနေသည်။ မျှော်နန်းဆောင်အိုကြီး၏အကြီးအကဲသုံးဦးနှင့် သူ၏တပည့်များ ရှိနေသည်။
ဖန်လီထန်းက ထရပ်ပြီး စီးဝူယာ့ကိုကြည့်ကာ လက်သီးဆုပ်မိုးလျက်ပြောလိုက်သည်။ “ဒီပွဲ ငါ ရှုံးသွားတယ်။ ငါ့ရဲ့ကျားထိုးစွမ်းရည်က အမြဲတမ်းချို့တဲ့နေတာပဲ”
“ကျုပ်ကို နိုင်ခွင့်ပေးတဲ့အတွက် ကျေးဇူးပါပဲ” စီးဝူယာ့၏အမူအရာက မပြောင်းမလဲရှိနေ၏။
“ကမ္ဘာကြီးရဲ့အရေးအရာတွေက စစ်တုရင်ကစားပွဲလိုပဲ။ ဘဝအတွေ့အကြုံတွေက သာလွန်တဲ့ စစ်တုရင်စွမ်းရည်ဖြင့် မပြောင်းလဲနိုင်တဲ့အချိန်တွေရှိတယ်”
“ကျုပ် အသိဝင်သွားပါရဲ့” အမျိုးသမီးတပည့်များကလည်း အံ့ဩမှုများပြည့်နေ၏။
“သတ္တမသခင်လေး ... သခင်လေးက တကယ်ဉာဏ်ကောင်းတာပဲ။ သခင်လေးက ဂီတ၊ စစ်တုရင်၊ လက်ရေးလက်သား၊ ပန်းချီမှာ ထူးချွန်လှတယ်။ အကြီးအကဲဟွားရှုံးသွားပြီ။ အကြီးအကဲလန်လည်း ရှုံးသွားတယ်။ အကြီးအကဲဖန်တောင်ရှုံးတယ်”
“စစ်တုရင်ကစားပွဲက ပြီးသွားပြီ ... နောက်ထပ်ဘာပွဲရှိလည်းဆက်ကြည့်ချင်သေးတယ်”
“…..” သူသည် အမျိုးသမီးကျင့်ကြံသူများ၏ဆွေးနွေးမှုကို နားထောင်နေစဉ် စီးဝူယာ့က ခေါင်းခါပြီးပြောလိုက်၏။
“မလိုတော့ဘူး”
ကျန်သည့်သူများသည် စီးဝူယာ့ကို ဇဝေဇဝါဖြင့်စိုက်ကြည့်လိုက်၏။
စီးဝူယာ့က တည်ငြိမ်သောအမူအရာဖြင့်ပြောလိုက်သည်။
"အရည်အချင်းရှိတဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ ပြင်းထန်တဲ့တိုက်ပွဲတစ်ပွဲရှိဖို့ဆို လှုပ်ရှားရမဲ့အရာပဲ။ ကျုပ်တို့ရဲ့ ပညာဖလှယ်မှုက နည်းနည်း ပျင်းဖို့ကောင်းတယ်”
ကျန်သည့်သူများက ရှက်သွားကြတော့သည်။ သူတို့သည် စီးဝူယာ့ကို ရင်ဆိုင်ချိန် တစ်ပွဲအနိုင်ရခဲ့ပင်လျှင် သူတို့က စကားကို ပြန်ပက်နိုင်၏။ သို့သော် သူက မိုးလင်းထဲက ယခုချိန်ထိ နိုင်နေ၏။ ကျန်သည့်သူများက ရှုံးနိမ့်နေကြသည်။
အနိုင်ရသူများက အမြဲတမ်းမှန်ကန်ပေ၏။ အရှုံးသမားမည်သို့ပြောစေကာမူ ဆင်ခြေဆင်လက်သာ ဖြစ်နေလိမ့်မည်။
စီးဝူယာ့သည် ပြန်လည်သုံးသပ်ရေးဂူသို့ပြန်သွားတော့မည့်အချိန်တွင် လုကျိုး၏အသံက နားထဲ ရောက်လာ၏။
“မင်းကိုယ်မင်း ကျေနပ်နေတယ်ပေါ့”
ကျန်သည့်သူများက အသံလာရာဖက်ကိုချက်ချင်းလှည့်လိုက်သည်။ “နှုတ်ခွန်းဆက်ပါတယ် မျှော်နန်းသခင်”
“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း” လုကျိုးက လက်နောက်ပစ်ထားလျက် လျှောက်လာသည်။ လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြသည်။
စီးဝူယာ့က သူ၏ရှစ်စွင်းရုတ်တရက်ပေါ်လာလိမ့်မည်ဟု မထင်ထားပေ။ သူ၏ သဘောထားကို တခါတည်း နှိမ့်ချလိုက်သည်။ သူ၏မျက်နှာထက်ရှိ ဂုဏ်ယူဝင့်ကြွားသောအကြည့်တို့က လွင့်ပြယ်သွားကာ အရိုအသေပေးလျက်ပြောလိုက်တော့သည်။
“ရှစ်စွင်း”
လုကျိုးက စီးဝူယာ့ဆီလျှောက်သွားပြီးနောက် စိုက်ကြည့်လိုက်သည်။ သူက သူ့ကိုမေးလိုက်၏။
“မင်း သူတို့ကို နိုင်တာကြောင့် မင်းကိုယ်မင်းဉာဏ်သိပ်ကောင်းတယ်လို့ထင်နေတာလား”
“ကျွန်တော် မထင်ရဲပါဘူး”
လုကျိုးသည် သူ့နားရှိပစ္စည်းများကို ကြည့်လိုက်သည်။ ဟွာရုန်လမ်းနှင့် ဆင်တူသည့် စိတ်ကစားပွဲ တစ်ခုရှိသည်။ လောင်းကစားစားပွဲပေါ်တွင် အံစာတုံးတစ်တုံးကို မြင်လိုက်ရသည်။။ ယင်းက ကော့ဒ်တစ်စုံပဲဖြစ်သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ လူများက ဤကစားပွဲတွင် စီးဝူယာ့ကို မည်ကဲ့သို့အနိုင်ယူနိုင်မည်နည်း။
လုကျိုးသည်သူ့ကို ခေါ်လာခဲ့စဉ် စီးဝူယာ့သည် မျိုးစုံလောင်းကစားတွင်းထဲ၌ ပုံမှန်လူတစ်ယောက် ဖြစ်၏။ သူ့အသက်ဆယ်နှစ်ရောက်ချိန်၌ သူသည် လောင်းကစားပွဲများတွင် ပါရမီထူးသူဖြစ်ပြီး လေးစားခံရသည့်သူဖြစ်လာသည်။ လုကျိုးက စီးဝူယာ့ကိုဆက်ကြည့်နေသည်။
စီးဝူယာ့၏ဂုဏ်ဝင့်မှုက ယွီရှန်းရုန်၏ဂုဏ်ဝင့်မှုနှင့်မတူညီပေ။ ယွီရှန်းရုန်၏ ဂုဏ်ဝင့်မှုက အရိုးထဲထိက လာသည်။ သူ၏ကိုယ်ပိုင်ဓားစွမ်းရည်အတွက် လေးစားမှု ရှိပြီး ယုံကြည်ချက်ဖြင့် မွေးဖွားလာခဲ့သူဖြစ်၏။ တဖက်တွင်မူ စီးဝူယာ့၏ဂုဏ်ဝင့်မှုသည် မိမိကိုယ်ကို အထင်ကြီးမှုပေါ် တည်ဆောက်ထားရုံသာမက တပါးသူများကို မျက်ရည်ကျအောင် ချနင်းထားခြင်းဖြင့်လည်း တည်ဆောက်ထား၏။ ဤတပည့်ကို သွန်သင်ဆုံးမရပေမည်။
လုကျိုးက စီးဝူယာ့ကိုကြည့်ပြီးပြောလိုက်၏။ "မင်းက ပဟေဠိဖြေရှင်းရာမှာကျွမ်းကျင်တာပဲ။ ဒီလိုဆိုမှတော့ မင်းဆီက အကြံဉာဏ်တောင်းစရာကိစ္စတချို့ရှိတယ်”
သူသည် အကြံဉာဏ်တောင်းဟူသည့်စကားကိုကြားချိန်၌ စီးဝူယာ့ကအမြန် ဒူးထောက်လိုက်၏။
“တပည့် အမှားလုပ်မိပါတယ်”
…
အခန်း(၄၂၀) ခက်ခဲသည့် ပြဿနာ
လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီးနောက် ဒူးထောက်နေသည့် စီးဝူယာ့အား ကြည့်လိုက်သည်။
“တကယ်လို့ ဒါကို ဖြေပေးရင် မင်းကို ငါ့ရှစ်စွင်းအဖြစ် အသိအမှတ်ပြုလိုက်မယ်”
“ …” စီးဝူယာ့က တုန်ယင်သွားလေသည်။ သူက ကျောရိုးတစ်လျှောက် ကြက်သီးထလာသလို ခံစားလိုက်မိ၏။ သူ့ရှစ်စွင်းက နဂိုလိုသာဆိုလျှင် လက်သီးချက်များနှင့် ကန်ချက်များ ကျရောက်လာလောက်လေပြီ။ သူ့ရှစ်စွင်းက မေးခွန်းးမေးဖို့ စိတ်ထဲထားနေမည့်သူ မဟုတ်ချေ။ သူက ရှစ်စွင်း ပြောင်းလဲသွားမှုအပေါ် အာရုံစိုက်ထားလိုက်၏။
စောင့်ကြည့်နေကြသည့် အခြားလူများက လုကျိုး၏ စကားများကြောင့် အံ့ဩတုန်လှုပ်သွားကြသည်။ လုကျိုးက ထိုစကားများ စီးဝူယာ့ဆီ ပြောဖို့ ယုံကြည်ချက်ရှိနေတာသာ ဖြစ်ရမည်။
စီးဝူယာ့က ဘာမှပြန်မပြောရဲသလို မော့ပင် မကြည့်ရဲချေ။
လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီးနောက် စဉ်းစားလိုက်သည်။ ကူးပြောင်းလာသူအနေနှင့် သူက ကမ္ဘာအဆင့် သင်္ချာပြဿနာများ သို့မဟုတ် ကျောင်းအမည်များ၏ ယူဆချက်များအကြောင်း မေးနိုင်သော်လည်း အဓိပ္ပာယ်မရှိမည်မှန်း ခံစားမိလေသည်။ စီးဝူယာ့အား သူ့နေရာသူ သိသွားစေရန် အတွေးမှလွဲ၍ စီးဝူယာ့အား သင်ပြပေးဖို့ နည်းလမ်းကောင်း မရှိချေ။ ဤသည်က ကျောင်းသားတစ်ယောက်၏ နားမလည်မှုကို ဖြေရှင်းပေးရမည့် ဆရာတစ်ယောက်၏ ဝတ္တရားတစ်ခု ဖြစ်လေသည်။
သူက ရေရွတ်လိုက်ပြီးသည့်နောက်တွင် “ အာဏာရှိတဲ့လူတွေက အရင်းအမြစ် ဆုံးရှုံးသွားမှာကို မကြောက်ဘဲ မမျှမတ ဝေခြမ်းရေးလုပ်ပေးမိမှာကိုပဲ စိုးရိမ်သင့်တာ။ တကယ်လို့ ငါ့ဆီမှာ လက်နက်ရှစ်ခုပဲ ရှိရင် ငါ့တပည့်တွေကြားမှာ ဘယ်လိုခွဲပေးရမှာလဲ ”
စီးဝူယာ့က အံ့အားသင့်သွားပြီး ထိုမေးခွန်းကို ဘယ်လိုပြန်ဖြေကိုမည်ကို အခက်တွေ့နေသည်။
အခြားလူများကလည်း အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ လက်နက်ရှစ်ခုကို တပည့်ကိုးယောက်ကြား ဘယ်လိုခွဲပေးနိုင်မည်နည်း။ ထိုဝေခြမ်းရေးက ဘယ်လိုလုပ် မျှတမည်နည်း။ လက်နက်ကို ပိုင်းလိုက်ရင် လက်နက် ဖြစ်ပါဦးမလား။
သူ တပည့်တစ်ယောက်ကို သတ်လိုက်ရင်တောင် မျှတမည်လား။
“ပြန်ဖြေလေ” လုကျိုးက စီးဝူယာ့အား ကြည့်ကာ အမိန့်ပေးလိုက်သည်။
လုကျိုးက စီးဝူယာ့က ကျပ်တည်းသည့် အခြေအနေသို့ တွန်းပို့နေဟန် ပေါ်သော်လည်း တခြားလူများက မြင်ရသည့်ထက် ပို၍ အဓိပ္ပာယ်များရှိနေကြောင်း တွေးမိလိုက်ကြသည်။
စီးဝူယာ့က ဖြေရဲလောက်အောင် သတ္တိရှိမှာလား … သူက ပုန်ကန်ပြီးတော့ သူ့ရှစ်စွင်းရဲ့ ရှစ်စွင်း ဖြစ်လာဖို့ ကြိုးစားမှာလား။
“ကမ္ဘာမှာ အရာအားလုံးက ဇာစ်မြစ်ရှိတယ်ဆိုတော့ ကမ္ဘာရဲ့ မူလဇာစ်မြစ်က ဘာလဲ” လုကျိုးက ထပ်မေးလိုက်သည်။
ထိုအရာကို ကြားကာ စီးဝူယာ့က တုန်သွားလေသည်။
လုကျိုးက အသံနက်နက်ဖြင့် ထပ်ပြောလာသည်။ “ငါ့ကို ဖြေစမ်း”
“ …”
ဒီမေးခွန်းတွေက အဖြေရော ရှိလို့လား …
မျှော်နန်းဆောင်အိုကြီးမှ အကြီးအကဲများက ခေါင်းယမ်းလိုက်ကြသည်။ သူတို့ကို မပြောနှင့် စီးဝူယာ့ပင် ထိုမေးခွန်းများကို မဖြေနိုင်ပေ။
လွန်ခဲ့သည့် နှစ်များစွာခန့်က တစ်ယောက်ယောက်သည် ကျင့်ကြံရေးလောကအတွင်း ထိုမေးခွန်းများကို မေးခဲ့ဖူးသည်။ သို့သော်လည်း ရှင်းပြချက်က ကျယ်ပြန့်လွန်းသောကြောင့် ဘယ်လိုအခြေအနေမဆို သက်ရောက်မှု ရှိနေနိုင်သည်။ ဗုဒ္ဓ၊ ကွန်ဖြူးရှပ်နှင့် တာအိုဂိုဏ်းများ၏ ကျင့်ကြံရေး သဘောတရားအသီးသီး ကွဲထွက်နေသောကြောင့် တူညီသည့် ကိစ္စကိုပင် အငြင်းအခုံများ ပြုလုပ်ခဲ့ရသည်။ အကယ်၍ အဖြေတစ်ခုရှိနေလျှင် နားလည်မှု၌ ဤမျှကွာဟနေမည် မဟုတ်ပေ။
“မင်း မဖြေနိုင်ဘူးလား” လုကျိုးက စီးဝူယာ့အား ကြည့်လိုက်သည်။
စီးဝူယာ့က ခေါင်းခါလိုက်သည်။ သူက ပညာရှင်တစ်ယောက်ဟု မပြောရဲသော်လည်း သူ့တွင် မာန်မာနတော့ ရှိနေသည်။ သို့သော် သတ္တိမရှိပေ။
“ တကယ်လို့ တစ်ခုခု ဝေဝါးနေရတယ်ဆိုရင် တခြားလူတွေက ငါ မင်းကို အနိုင်ကျင့်တယ် ထင်နေတော့မှာပဲ ” လုကျိုးက မုတ်ဆိတ်သပ်ကာ တွေးဆဆဖြင့် ပြောလာသည်။
သူက ရွှေကြာဖြတ်တောက်ခြင်း အကြောင်းအရာကို ရုတ်ခြည်း အမှတ်ရသွားသည်။
အားလုံးက ယုံကြည်နေ၍ အမှန်တရားက အသက်ဝင်လာသည်လား။ ဂါလီလီရိုက သံလုံးနှစ်လုံး တစ်ချိန်တည်း ကျရောက်မည့် အကြောင်းကို စမ်းသပ်ခဲ့ပြီး အမှန်တရားကို မေးခွန်းထုတ်ခဲ့သည်။ အတွေးတူနေလျှင် ရွှေကြာက တည်ရှိရမည်လား။
ကြက်ဉက အရင်ဖြစ်လာတာလား ကြက်မက အရင်ဖြစ်လာတာလား …
ထိုအတွေးဖြင့် လုကျိုးက ထပ်မေးလိုက်သည် “ကျင့်ကြံသူတွေက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကို ဝင်ရောက်ဖို့ ရွှေကြာကို ဖွဲ့စည်းနိုင်ပြီး သူတို့ကျင့်ကြံဆင့် ပိုအားကောင်းလာစေဖို့ ပွင့်ချပ်တွေ ထွက်လာတယ်။ မင်းကို မေးပါရစေဦး … ရွှေကြာက အရင်ဖြစ်လာတာလား … ပွင့်ချပ်က အရင်ဖြစ်လာတာလား”
စီးဝူယာ့က အနည်းငယ် အံ့အားသင့်သွားလေသည်။
ဒီမေးခွန်းက ခက်ခဲသည်လား။ ရိုးရှင်းသည့်ဟန် ထင်ရသော်လည်း ကျင့်ကြံသူတစ်ယောက်က ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန် ဖွဲ့စည်းသည့်အခါ ပွင့်ချပ်မထွက်ခင် ရွှေကြာ အရင်ဖွဲ့စည်းရသည်။ သို့သော်လည်း သူက ထိုမေးခွန်းကို စိတ်ထဲမှသာ ထားရဲပြီး ထုတ်မမေးရဲပေ။
အခြားလူများက ထူးဆန်းသည်ဟု ထင်မိကြ၏။
“ ရွှေကြာမရှိဘဲ ပွင့်ချပ် ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ ရွှေကြာက အရင်တည်ရှိတာ သဘာဝပဲလေ” ဟွားဝူတောက်က ပြောလိုက်သည်။
“တကယ်လို့ ရွှေကြာဖြတ်တောက်တဲ့ နည်းလမ်းက အမှန်ဆိုရင် ရွှေကြာမဖြစ်ခင် ပွင့်ချပ်ထွက်လာဖို့ ဖြစ်နိုင်တယ်” ဖန်လီထန်းက ဝင်ပြောလိုက်သည်။
“ပြဿနာက မအောင်မြင်သေးတာပဲ ”
အခြားလူများက စိတ်အားတက်သရော ဆွေးနွေးနေကြသည်။ သူတို့က ရွှေကြာဖြတ်တောက်သည့် အကြောင်းအရာသို့ ရောက်လာသည့်အခါ ထိုနည်းလမ်းက အစကတည်းက မှားနေခဲ့တာလားဟု စဉ်းစားလာကြသည်။
ဤရက်ပိုင်းတွင် မိစ္ဆာဝေဟင်မျှော်နန်းက ပြင်ပလောကမှ သတင်းအချက်အလက်တချို့ ရလိုက်သည်။ ကြားရသလောက် ရွှေကြာဖြတ်တောက်များက သေဆုံးသွားကြ၏။
စီးဝူယာ့က ထိုမေးခွန်းကို ပြန်ဖြေနေဖို့ မလိုပေ။ အကြောင်းမှာ အဖြေက သိသာနေသည် မဟုတ်ပါလော။
လုကျိုးက အားလုံးသည် ထိုအတွေးမျိုး ရှိလိမ့်မည်ဟု မှန်းဆထားပြီးသား ဖြစ်၏။ အကယ်၍ သူ့ဒုတိယတပည့် ယွီရှန်းရုန်သာ သူ့ရွှေကြာကို အောင်အောင်မြင်မြင် မဖြတ်တောက်နိုင်ခဲ့လျှင် ဒီမေးခွန်းမျိုး မေးနေမည် မဟုတ်ပေ။
သူက စီးဝူယာ့ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်၏။ သူ လုပ်ဖို့လိုသည်ကား သူ့ဆီ မေးခွန်းမေးဖို့သာ ဖြစ်သည်။
ယွီရှန်းရုန် ပြန်ရောက်လာသည့်အခါ အဖြေက ရှင်းပြီးသား ဖြစ်သွားလိမ့်မည်။
“မဖြေခင် သေချာစဉ်းစား” လုကျိုးက လှည့်ထွက်ကာ အရှေ့ဘက် မျှော်နန်းဆောင်ဆီ ပြန်တော့မည့်ဆဲဆဲတွင် ကျောင်းယွဲ့က စာတစ်စောင်ဖြင့် ရောက်လာသည်။
“ရှစ်စွင်း …. ကျန်းအိုက်ကျန့်ဆီက စာပါ ”
“ဖတ်လိုက်”
ကျောင်းယွဲ့က စာကို ဖွင့်ဖောက်လိုက်သည်။
“ လောင်ချန်းပေ့ … ရွှေကြာကို ဖြတ်တောက်တဲ့နည်းလမ်းက နန်းတော်ဆီ ရောက်လာပြီ။ နန်းတော်က စမ်းသပ်ဖို့ လူရာချီ စုစည်းထားခဲ့တယ်။ တစ်ရက်ကျ ရွှေကြာဖြတ်တောက်သူ ဆယ်ဦးမှာ တစ်ဦး အသက်ရှင်ကျန်ခဲ့တယ်။ လောင်ချန်းပေ့ … ကျွန်တော်တော့ သမိုင်းကြောင်းကို မျက်မြင်ကိုယ်တွေ့ ကြုံရတော့မယ်လို့ ခံစားချက်ရနေပြီ ဟားဟား … ”
ကျောင်းယွဲ့က စာကို မဖတ်လိုပေ။ သူမက စာနောက်ဆုံးရှိ ဟားဟား ရယ်သံကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသည်။ သူမက မော့ကြည့်လိုက်သည့်အခါ အားလုံးက သူမအား ကြောင်အမ်းအမ်း အမူအရာများဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။
စာအဆုံးသတ်၌ လူတစ်ယောက် အသက်ရှင်ကျန်ကြောင်း ပြောထားလေသည်။
အားလုံးက တိတ်ဆိတ်သွားကြသည်။
နောက်ဆုံးတွင် ဖန်လီထန်းက ထုတ်မေးလာသည်။ “အဲဆိုရင် ရွှေကြာကို ဖြတ်တောက်ပြီးရင် အသက်ရှင်ဖို့ ဖြစ်နိုင်တာပေါ့ ”
“အဲဆို ရွှေကြာမတိုင်ခင် ပွင့်ချပ် ထွက်လာတာလား ”
လူငယ် ကျင့်ကြံသူများက ထိုမေးခွန်းကို နားမလည်ကြသော်လည်း ဖန်လီထန်း၊ လန်လော့နှင့် ဟွားဝူတောက်တို့က ရွှေကြာတွင် ရှိနေသည့် ပြဿနာအား သတိထားမိပြီးသား ဖြစ်ကြသည်။
စီးဝူယာ့က မျက်မှောင်ကြုတ်ကာ ပြောရခက်သည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ လွန်ခဲ့သည့် စက္ကန့်ပိုင်းအထိ သူက အဖြေမှန် ရသည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော်လည်း ယခု သူ့အဖြေက မှားယွင်းကြောင်း သက်သေပြလာပြီဖြစ်ရာ ပါးဖြတ်ရိုက်ခံလိုက်ရသလို ဖြစ်၏။ ဤသည်က သူ့ကို ရုပ်ပိုင်းဆိုင်ရာ ရိုက်နှက်သည်ထက် ပိုနာကျင်ရသည်။
လုကျိုးက စီးဝူယာ့အား ကြည့်ကာ တိတ်ဆိတ်နေပြီး အရှေ့ဘက် မျှော်နန်းဆောင်ဆီသာ ထွက်လာလိုက်တော့သည်။
“ရှစ်စွင်း ကောင်းကောင်းသွားပါ ”
“မျှော်နန်းသခင် ကောင်းကောင်းသွားပါ”
အခြားလူများက တောင်နောက်မှ မထွက်လာခင် စီးဝူယာ့အား တစ်ချက်ကြည့်သွားကြသည်။
ကျူးဟုန်ကုန်း တစ်ယောက်တည်းသာ ကျန်ရှိနေလေ၏။ သူက စီးဝူယာ့ဘေး လျှောက်လာကာ “ ချီရှစ်ရှိုး နောက်ဆုံး ပြန်ရောက်လာပြီလေ။ နည်းနည်းလောက် မာန်လျှော့လို့ မဖြစ်ဘူးလား”
စီးဝူယာ့က သူ့ရှစ်စွင်း ထွက်သွားပြီဖြစ်၍ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ “ငါက ဘယ်လိုမာန်လျှော့ရမှာလဲ”
စီးဝူယာ့က မေးလိုက်သည်။
“အဲဒီလူတွေက အပြင်လူတွေ … မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်တစ်ယောက်အနေနဲ့ ငါ မျှော်နန်းကို ဘယ်တုန်းကမှ အရှက်ရမှုမျိုး မဖြစ်စေဖူးဘူး ”
ကျူးဟုန်ကုန်းက ခေါင်းကုတ်ကာ “ ရှစ်ရှိုး ပြောတာလည်း ဟုတ်ပါတယ် … ဒါနဲ့ ရှစ်စွင်းရဲ့ မေးခွန်းတွေကို တကယ်ကြီး မဖြေနိုင်တာလား”
စီးဝူယာ့က သဘောမတူစွာ ပြောလိုက်သည်။ “ ဒါက အဖြေသေချာမရှိတဲ့ မေးခွန်းမျိုးမလို့ပဲ။ အဖြေ မဖြေနိုင်တာ ပုံမှန်ပဲ ”
“ချီရှစ်ရှိုး ကောင်းကောင်းနားပါ။ ကျွန်တော် သွားတော့မယ် ”
……………….…
လုကျိုးက အရှေ့ဘက်မျှော်နန်းဆောင်ဆီ ပြန်ရောက်လာသည့်အခါ စားပွဲခုံဆီ သွားပြီး သူ့စုတ်တံအား ကောက်ကာ ရွှေကြာပုံ ရေးဆွဲလိုက်သည်။
လုကျိုးက ခဏတာ ကြည့်လိုက်ပြီးနောက် မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်၏။
ရွှေကြာကို ဖြတ်တောက်ဖို့ ဖြစ်နိုင်တယ်ဆိုတော့ နောက်ခြေလှမ်းက အောင်မြင်နှုန်း မြင့်တင်ဖို့ပဲ … မိုးမြေအောက်က လူတွေရဲ့ အသိပညာတွေကို စုဆောင်းပြီး နည်းလမ်းကောင်းရှာတာ အကောင်းဆုံးပဲ …
အဖွဲ့ပေါ် မှီခိုခြင်းက တစ်ယောက်တည်း တိုက်ခိုက်သည်ထက် ပိုကောင်းပေသည်။ သူက ကောင်းကင်ကျမ်းကို ဆင်ခြင်တော့မည့်ဆဲဆဲတွင် အပြင်ဘက်မှ အသံကြားလိုက်ရသည်။
“ ရှစ်စွင်းကို ဂါရဝပြုပါတယ် …ထာဝရ အသက်ရှည်ပါစေ ”
“ဝင်ခဲ့” လုကျိုးက ထိုသူမှာ ကျူးဟုန်ကုန်း ဖြစ်မှန်း သိလိုက်သည်။
ကျူးဟုန်ကုန်းက အခန်းထဲ ဝင်လာပြီး ဒူးထောက်လိုက်ကာ “ရှစ်စွင်း … ချီရှစ်ရှိုးက ရလဒ်ကို လက်ခံနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး မရဘူး”
“သူက မလိုလားဘူးတဲ့လား” လုကျိုးက ကျူးဟုန်ကုန်းအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူကိုယ်တိုင်ပင် အဖြေများ မဖြေနိုင်လေရာ စီးဝူယာ့ကို ထည့်ပြောစရာ မလိုတော့ပေ။
သူက လက်ခံဖို့ ဘာများ မလိုလားရတာလဲ …
“ရှစ်စွင်းရဲ့ မေးခွန်းတွေက အဖြေမရှိဘူးဆိုတော့ သူ မဖြေနိုင်တာ ပုံမှန်ပဲလို့ ပြောပါတယ်”
ကျူးဟုန်ကုန်းက ပြန်ပြောပြလိုက်သည်။
လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။
ထင်ထားသည့်အတိုင်း ငမိုက်သား စီးဝူယာ့က ယွီရှန်းရုန်ထက် ပြောရဆိုရခက်လေသည်။
ငါ ဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့ …
ထို့နောက် သူက သင်္ချာများ လွှမ်းမိုးခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ့မျက်နှာ အရေးအကြောင်းများပင် ကျုံ့သွားလေ၏။
ကမ္ဘာကြီးရဲ့ အခက်ဆုံး သင်္ချာခုနှစ်ပုဒ်အကြောင်း၊ အဆင့်မြင့် နည်းပညာပိုင်းက မေးခွန်းတွေကို ပြောဖို မလိုဘူး …
လုကျိုးလည်း သူ့ဘာသာ မဖြေနိုင်ပေ။
အဆုံးသတ်၌ စီးဝူယာ့ ခေါင်းမာနေဆဲသာ ဖြစ်လိမ့်မည်။
လုကျိုးက လက်ဝှေ့လိုက်သည့်အခါ စာရွက်တစ်ရွက် သူ့ဆီ ရောက်လာသည်။ သူက စုတ်တံဖြင့် ဒီကမ္ဘာ၏ ဘာသာစကားဖြင့် သင်္ချာပုစ္ဆာတစ်ပုဒ် ရေးသားလိုက်၏။ စုတ်တံ ဖြတ်ပြေးသွားသည့်နေရာတွင် စာရွက်က တွန့်သွားလေသည်။ သူက ပြီးဆုံးအောင် ရေးသားပြီးနောက် “ဒါကို သူ့ဆီ ယူသွားပေးလိုက်”
“ဟုတ် ရှစ်စွင်း ”
…